အိမ်ပြန်ခြင်း ၂
Vol. 109 Ch. 1086
ရှန်းယီ ဤဟင်းလင်းပြင်ရတနာဆေးလုံးများကို စားရခြင်းမှာ အကြောင်းပြချက် တစ်ခုတည်းကိုသာ သက်သေပြရန်မှာ သူ၏ထိုက်ရွှီရွှေရောင်ဆေးလုံးက ပြီးပြည့်စုံမှုနှင့်အလွန်ဝေးကွာနေပြီး တိုးတက်ရန်နေရာများစွာ ရှိနေသေးကြောင်းပင်။
ယခု စားသုံးလိုက်ခြင်းက မမှည့်သေးသော သစ်သီးတစ်လုံးကို အတင်းအကျပ်စားသုံးလိုက်ခြင်းနှင့် တူပြီး လတ်တလောရေငတ်ပြေသွားနိုင်သော်လည်း လုံလောက်စွာချိုမြိန်မှုတော့ မရှိချေ။
ယခုပင် ၎င်းက အလွန်ဆွဲဆောင်မှု ရှိနေပြီ ဖြစ်ပေ၏။
အပြည့်အဝရင့်မှဲ့ပြီးနောက်တွင် မည်ကဲ့သို့သော ကြွယ်ဝပြီးအရသာရှိသော အရသာမျိုးရှိလာမည်နည်း။
မီးခိုးရောင်မြူခိုးများက ပိုမိုလှုပ်ရှားလာပြီး ထိုမျက်လုံးများက တဖြည်းဖြည်းကြည်လင်လာကာ ထိုအချိန်မှာပင် ရှုပ်ထွေးလှသော သင်္ကေတ လေးဆယ့်ကိုးခုပုံစံဖြင့် ကပ်ဘေးစွမ်းအား ရွှေရောင် ကြိုးမျှင်များက မြူခိုးများထဲမှ ထွက်ပေါ်လာခဲ့၏။
ရှန်းယီ နှင့် သဏ္ဍာန်မဲ့ချိတ်ဆက်ထားသော ထိုက်ရွှီရွှေရောင်ဆေးလုံးက သူ၏နတ်ဝိညာဉ်၊ ခြေလက်များ၊ အတွင်းကလီစာများနှင့် အူများကိုပါ လွှမ်းခြုံထား၏။
စုစုပေါင်းဆယ့်ခြောက်ခုရှိသော ကပ်ဘေးစွမ်းအား ရွှေရောင်သင်္ကတဆယ့်ခြောက်ခုဖြစ်ကာ တစ်ခုစီတွင် ကပ်ဘေးစွမ်းအင် လေးဆယ့်ကိုးခုပါဝင်ပြီး စုစုပေါင်း ကပ်ဘေးစွမ်းအင် ၇၁၄ခု အထိ ရှိသည်။
ဤအခိုက်အတန့်တွင် ဤကပ်ဘေးစွမ်းအင်များအားလုံးက ထိုက်ရွှီရွှေရောင်ဆေးလုံးအတွင်းသို့ ပေါင်းစပ်သွားပြီး ယခင်က စားသုံးခဲ့သော ဟင်းလင်းပြင်ရတနာဆေးလုံး ခုနစ်လုံးအပေါ်သို့ ပေါင်းထည့်လိုက်၏။
ရှန်းယီ၏ထိုက်ရွှီရွှေရောင်ဆေးလုံးက ကပ်ဘေး ၁၇၇၄ခုသို့ ရုတ်တရက်မြင့်တက်သွားပြီး သူ၏ ကျင့်ကြံခြင်းမှာ နှစ်ဆနီးပါး တိုးလာခဲ့သည်။
သို့တိုင်အောင် သူ၏မျက်နှာပေါ်တွင် ဝမ်းမြောက်မှု အရိပ်အယောင်မျှ မရှိခဲ့ချေ။
ဤရုတ်တရက် ကျင့်ကြံခြင်းတိုးလာခြင်းက အမှတ်အသားတစ်ခုသာ ဖြစ်ပေ၏။
ထိုက်ရွှီဆိုသည်မှာ ကျယ်ပြန့်သော သမုဒ္ဒရာကြီးတစ်ခုနှင့်တူပြီး မိမိကိုယ်တိုင်မှာမူ ၎င်းအပေါ်ရှိ လှေငယ်လေးတစ်စင်းနှင့်တူသည်။
အားထားစရာကမ်းခြေမရှိဘဲ သမုဒ္ဒရာထဲတွင် ရွက်လွှင့်ရခြင်းက တစ်နေ့နေ့တွင် နစ်မြုပ်သွားနိုင်သော်လည်း ထိုက်ရွှီရွှေရောင်ဆေးလုံးက ရှန်းယီကို လောကကြီးသို့ပြန်လည်ရောက်ရှိနိုင်စေရန် သေချာစေသောကျောက်ဆူးတစ်ခု ဖြစ်၏။
လက်ရှိအချိန်မှာတော့ ထိုကျောက်ဆူးကို ရှန်းရွှီဘိုးဘေး က သိမ်းပိုက်လိုက်ချေပြီ။
ထျန်းယန် လေးဆယ့်ကိုး၊ ပုန်းအောင်းစရာ နေရာမရှိတော့ချေ။
ဘိုးဘေးက ရှန်းယီ၏ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ပြီး သူ့ကို အမှတ်အသားပြုလိုက်ကာ သူ၏သားကောင်က ခူးဆွတ်စားသုံးရန် လုံလောက်စွာဆူဖြိုးလာမည့် အချိန်အထိ အိပ်ကာဆက်လက်စောင့်မည့်ဟန်ဖြစ်လေ၏။
"ဒါက..." ယဲ့လန် သူတို့နှစ်ဦးကြားရှိများပြားလှသောအတွေးများကို မသိရှိခဲ့ဘဲ သူမ၏မျက်လုံးထဲတွင် ရှန်းယီ က ဘိုးဘေး၏ဆေးလုံးကို အကြောင်းပြချက်မရှိဘဲဝါးမျိုလိုက်ခြင်းဖြစ်ပြီး ဘိုးဘေးက ဒေါသမထွက်သည့်အပြင် သူ၏ကပ်ဘေးစွမ်းအားဖြင့် ရှန်းယီ၏ကျင့်ကြံခြင်းကိုပင် တိုးမြှင့်ပေးခဲ့သည်ဟုသာ မြင်တွေ့ခဲ့ရချေသည်။
ထူးဆန်းတယ် အဓိပ္ပါယ်မရှိဘူး
သို့သော် ထွက်ပေါ်လာသော နောက်ထပ် အသံတစ်ခုက သူမ၏နားလည်မှုကို ချိုးဖျက်သွားခဲ့၏။
"ဒီအရှင်က ဒီလူငယ်လေးကို တပည့်အဖြစ်လက်ခံချင်တယ်၊သူ့ကို ကောင်းကင်ဆေးလုံးဆိုတဲ့ ဘွဲ့ကို ပေးအပ်မယ်၊မင်းတို့အားလုံး သူ့ကို သေချာ ဂရုစိုက်ရမယ်၊ပြီးတော့ ဘယ်အပြင်လူကိုမှ သူ့ကို အန္တရာယ်ပြုခွင့် မပေးရဘူး"
မိုးကြိုးသံကဲ့သို့ အက်ကွဲနေသော အသံက ရှန်းရွှီတောင်မှ ပဲ့တင်ထပ်သွားပြီး တောင်ထွတ်ရှစ်ခု ကို ဖြတ်ကျော်ကာနောက်ဆုံးတွင်ပဲ့တင်ထပ်သွားခဲ့ချေသည်။
"..."
တာအိုသခင်ကျင်းလဲ့၏အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး အခြားသော အထွတ်အထိပ်သခင်ငါးဦးကလည်း အံ့အားသင့်သွားကြ၏။
သူတို့အားလုံးက ရှန်းရွှီတောင် အတွင်း၌ဆေးလုံး၏တောက်ပမှုများ စုစည်းနေသည်ကို မြင်တွေ့ခဲ့ရပြီး အချို့က မြှောက်ပင့်သောစကားများကိုပင် ပြောဆိုခဲ့ကြသော်လည်း မည်သူကမျှ ရှန်းယီ သူ၏ဆေးဖော်စပ်ခြင်း ကျွမ်းကျင်မှုမှတစ်ဆင့် သခင်၏မျက်နှာသာပေးမှုကို ရရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြချေ။
တတိယမျိုးဆက် တပည့်များမှနေ၍ ဒုတိယမျိုးဆက်တပည့်တစ်ဦးအဖြစ်သို့ တိုက်ရိုက် အဆင့်တက်သွားပြီး သူတို့နှင့် တန်းတူ ဖြစ်လာခဲ့၏။
"ဒါ..အခုကစပြီး ငါ သူ့ကို ဂျူနီယာမောင်လေးလေးလို့ ခေါ်ရတော့မှာလား" တာအိုသခင်ကျင်းယွဲ့က သူ့နှုတ်ခမ်းထောင့်များကိုမဲ့ကာ တိုးညှင်းစွာ ရေရွတ်လိုက်ချေသည်။
"လန်အာက အခု သူ့ကို သိုင်းဦးလေးလို့ ခေါ်ဖို့ လိုသွားပြီပေါ့"
"..."
တာအိုသခင်ချန်းဖုန်းက မျက်မှောင်ကြုတ်လိုက်၏။
သူ၏အာရုံစိုက်က အခြားသူများနှင့် ကွာခြားပေသည်။ မသေမျိုးဂိုဏ်း၏အစဉ်အလာအရ တပည့်များ၏ဘွဲ့အမည်များကများသောအားဖြင့် ခြေရာခံ၍ ရနိုင်ချေသည်။
ဥပမာ ကျောက်စိမ်းရေကန်မသေမျိုးဂိုဏ်း၏ ဟုန်ကျင်း ၊ချင်းမိန်တို့ ၎င်းတို့က မိုးမြေရတနာများကို အစွဲပြု၍မှည့်ခေါ်ထားခြင်းဖြစ်ပေ၏။
ထို့နောက် သူတို့၏ရှန်းရွှီတောင်မှ ကျင်းလဲ့၊ မုယန် ၊ ကျင်းယွဲ့.. ဤအရာများက သဘာဝ ဖြစ်စဉ်များ၏ပုံစံနောက်လိုက်ထားကြချေသည်။
ဤသို့ဆိုလျှင် ရှန်းယီ၏ဘွဲ့အမည်က အဘယ်ကြောင့် ဆေးလုံးများနှင့်ဆက်စပ်နေရသနည်း။
ကောင်းကင်ဆေးလုံး၊ ၎င်းက မည်သည့်အရာကို ရည်ညွှန်းသနည်း။
"..."
ရှန်းရွှီတောင်၏ကျောက်ခန်းမအတွင်း၌
ရှန်းယီ မျက်လုံးများကိုဖြည်းညှင်းစွာ ပင့်ကာ ကြေးတံခါးပေါ်ရှိ မျက်လုံးများနှင့် အကြည့်ချင်း ဆုံလိုက်ပြီး အချိန်အတော်ကြာပြီးနောက် သက်ပြင်းချကာကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။
ဤသည်မှာ ကပ်ဘေးမှ အသက်ရှင်လွတ်မြောက်လာခြင်းအတွက် သက်သာရာရသော ရယ်မောခြင်း မဟုတ်ဘဲ မရေမတွက်နိုင်သောခံစားချက်များ ပြည့်နှက်နေသောရယ်မောခြင်းသာဖြစ်ပေ၏။
ကောင်းကင်ဆေးလုံး ၊ ကောင်းကင်ဘုံက ပေးသနားထားသော မသေမျိုးဆေးလုံး ။
အရမ်း သိသာလွန်းတယ်၊လုံးဝ အရှက်အကြောက်မရှိပါလား။
ထိုသူက သင်္ကေတလေးဆယ့်ကိုးခုကို အသုံးပြု၍ချထားခဲ့သော အမှတ်အသားက မိမိကိုယ်ကိုကောင်းကင်ဘုံအဖြစ်၊ မဟာတာအိုအဖြစ် ကြေညာခြင်းနှင့် တူညီ၏။
ဤရှန်းရွှီဘိုးဘေးက သူ၏လောဘကို ထိန်းချုပ်ရန်ဘယ်သောအခါကမျှ မစဉ်းစားခဲ့သလို ရှန်းယီ က ၎င်းကိုသိရှိသွားမည်ကိုလည်း စိုးရိမ်ခဲ့ခြင်း မရှိချေ။
အဘယ်ကြောင့်ဆိုသော် မဟာတာအို၏အောက်တွင် ထွက်ပြေးစရာနေရာမရှိသောကြောင့်ပင်။
ခွန်အားရှိနေခြင်းက မည်မျှပင်ကောင်းလိုက်သနည်း။
"မင်း ကောင်းကောင်း အသက်ရှင်ဖို့ လိုတယ်"
မီးခိုးရောင်မြူခိုးများ လွင့်စင်သွားပြီး ခန်းမကြီးထဲတွင် ဘိုးဘေး၏ဆုံးမစကားသာ ကျန်ရစ်ခဲ့ချေ၏။
ရှန်းယီ အပြုံးကို ရုပ်သိမ်းလိုက်ပြီး ကြေးတံခါးကို လေးနက်စွာ စိုက်ကြည့်လိုက်ပါသည်။ "စိတ်ချပါ၊ ကျွန်တော် ရှင်သန်မှာပါ"
ထိုသို့ပြောပြီးနောက် သူလှည့်ကာ ကျောက်ခန်းမထဲမှ ထွက်သွားခဲ့ခ၏။
ယဲ့လန် တွေဝေစွာရပ်နေခဲ့ပြီးမှ သတိပြန်ဝင်လာကာ လူငယ်လေး၏အနောက်မှ ကပ်၍ အလျင်အမြန် လိုက်ပါသွားခဲ့ပေ၏။ "ရှန်းယီ၊ နင်..."
ဤအံ့သြဖွယ်ကောင်းသော မြင်ကွင်းကို မျက်မြင်တွေ့ရှိခဲ့ရသော်လည်း သူမ၏အတွေးများကို စုစည်းလိုက်သည်နှင့် အရာများစွာကိုလျင်မြန်စွာ နားလည်သဘောပေါက်သွားခဲ့ချေသည်။
ယဲ့လန်က တစ်ကိုယ်ကောင်းဆန်သူ မဟုတ်သကဲ့သို့ သူမ၏ကလဲ့စားချေမှုများကို အခြားသူများအပေါ်တွင်ထားရန်လည်း မစဉ်းစားခဲ့ဖူးချေ။
သူမက ရှန်းရွှီဘိုးဘေးအပေါ် အလွန်အမင်းမုန်းတီးနေပြီး တစ်နေ့တွင် သူ့ကို ဓားဖြင့်သေချာပေါက် ရင်ဆိုင်မည်ဖြစ်သော်လည်း ရှန်းယီ ဤမျက်နှာသာပေးမှုကိုလက်ခံခြင်းမှ သူမ တားဆီးမည်မဟုတ်ဘဲ သူမနှင့်အတူ ရပ်တည်ရန် အတင်းအကျပ် တောင်းဆိုမည် မဟုတ်ပေ။
သူမ စိုးရိမ်နေသောအရာမှာ ဤမျက်နှာသာပေးမှုဟု ခေါ်ဆိုသောအရာက အလွန်တရာ အန္တရာယ်များနှင့်ပြည့်နှက်နေခြင်းကိုပင်။
"ကျွန်တော့်ကို ဘယ်လို ခေါ်သင့်လဲ" ရှန်းယီ တည်ငြိမ်သောအမူအရာဖြင့် နောက်သို့ လှည့်ကြည့်လိုက်၏။
"ငါ..." ယဲ့လန် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် တစ်ဖက်လူ၏အနည်းငယ် ပင့်တက်သွားသော မျက်ခုံးကိုတွေ့လိုက်ရာ သူမ မပြုံးဘဲ မနေနိုင်တော့ဘဲ ရှန်းယီ၏ပခုံးကို နောက်ပြောင်ကာ တစ်ချက်ထိုးလိုက်ပြီး အော်ဟစ်လိုက်၏။
"သိုင်းဦးလေး"
ယခုလိုအချိန်မျိုးမှာပင် သူက နောက်ပြောင်ချင်နေသေး၏။
မသေမျိုးခုံရုံးတွင် အဖမ်းမခံရဘဲ လှည့်လည်သွားလာနိုင်သူများနှင့် အမှန်တကယ်ပင် ထိုက်တန်လှ၏။ ဤကဲ့သို့သော စိတ်နေသဘောထားမျိုးသည် သာမန်လူများနှင့် နှိုင်းယှဉ်၍မရနိုင်သောအရာဖြစ်ခသည်။
သို့သော် အဘယ်ကြောင့်မှန်းမသိပေ။
ထိုနောက်ပြောင်သော စကားများအပြီးတွင် ယဲ့လန် သူမ၏နှလုံးသား အနည်းငယ် ပေါ့ပါးသွားသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။
"ငါတို့လာဖို့ ရွေးချယ်ပြီးပြီဆိုမှတော့ ငါတို့ရဲ့ ရွေးချယ်မှုအပေါ်မှာ ငါတို့ယုံကြည်နေရမယ်" ရှန်းယီ ပြုံးကာအကြည့်ကို ရုပ်သိမ်းလိုက်ပြီး သူ၏ အသံမှာ ကြည်လင်နေဆဲပင်။
ဤကိစ္စက အမှန်တကယ်ပင် ဒုက္ခများလှသော်လည်း သူက ဤကဲ့သို့သော အသက်အန္တရာယ်နှင့် ရင်ဆိုင်ရသည့် အကျပ်အတည်းမျိုးကို တစ်ကြိမ်နှစ်ကြိမ်ထက်မက ကြုံတွေ့ခဲ့ဖူးသည် မဟုတ်လော။
မြင့်မားပြီး ကြီးမြတ်လှသော တာ့လော်မသေမျိုးအရှင်မြတ် နှင့် သူ၏အသက်ကို တစ်ချိန်က ရန်ရှာခဲ့ဖူးသော ချီသန့်စင်ခြင်းနယ်ပယ်မှ ထိုနတ်ဆိုးငယ်လေးများက မည်သို့မျှမကွာခြားလှချေ။
သူတို့အားလုံး လိုချင်သောအရာမှာ သူရှန်းယီ၏ အသက်သာဖြစ်၏။
ဒီတစ်ခါ ပြဿနာကတော့...
ရှန်းယီ သူ၏ရွှေရောင်ဆေးလုံးတွင် တိုးတက်ရန် နေရာရှိသေးကြောင်း သက်သေပြကာ သူ့ကိုယ်သူ အမြဲတစေတိုးတက်နေရန်လိုအပ်ပေ၏။ သို့သော် သူ၏အသက်ကို ကယ်တင်ရန် နည်းလမ်းတစ်ခု မရှာတွေ့မီအထိ ရှန်းရွှီဘိုးဘေးကို ခြိမ်းခြောက်နိုင်လောက်သည့်အနေအထားအထိမရောက်ခင် သူ အမှန်တကယ်ကြီးထွားလာ၍ မရနိုင်ချေ။
မဟုတ်လျှင် မိစ္ဆာအိုကြီးကို သူ၏သီးသန့်နေထိုင်ရာမှထွက်လာစေပြီး ဤရွှေရောင်ဆေးလုံးကိုဝါးမျိုရန်ထွက်လာစေလိမ့်မည်။
"ငါ့ဆီမှာ ရွှေရောင်ဆေးလုံးတွေ ရှိတယ်"
သူမ၏နှုတ်ခမ်းကို ကိုက်ကာ ယဲ့လန် အနီးသို့ ချဉ်းကပ်လာပြီး ဧကရာဇ်ချီ ရွှေရောင်ဆေးလုံး အများအပြားကို ရှန်းယီ၏လက်ဖဝါးထဲသို့ တိတ်တဆိတ် ထည့်ပေးလိုက်ခ၏။
"ရှေ့ဆက်ရမယ့်လမ်းခရီးက မသေချာသေးလို့ လောလောဆယ် ငါ့အတွက် အသုံးမလိုသေးဘူး၊ အရေးပေါ် အခြေအနေတွေအတွက် ဒါတွေကို ယူထားလိုက်ပါ"
နတ်ဆိုးသုတ်သင်ရေးဌာန၏အမည်ခံစစ်သူကြီး တစ်ဦးအနေဖြင့် သူမကနှစ်များစွာတစ်လျှောက် စုဆောင်းထားမှုကနည်းပါးမည်တော့ မဟုတ်ပေ။
ယဲ့လန်၏ကျင့်ကြံခြင်းက လွန်စွာမမြင့်မားသေးသော်လည်း မိုးမြေ၏အစစ်အမှန်ပုံသဏ္ဍာန်ကို မမြင်ရသည်တော့မဟုတ်ပေ။
လောကတွင် မဟာကပ်ဘေးတစ်ခုကျရောက်တော့မည့် လက္ခဏာများက အလွန်ထင်ရှားနေပြီဖြစ်၏။
ထို့အတူ သူမရှေ့ရှိ ဤလူငယ်လေးက သူကြုံတွေ့ခဲ့ရသော လတ်တလောဖြစ်ရပ်များကို အကဲဖြတ်ကြည့်မည်ဆိုလျှင် အမှောင်ထုထဲမှတစ်ဆင့် ကပ်ဘေးထဲသို့ဝင်ရောက်သွားခဲ့ပြီဖြစ်ကြောင်း သေချာလှသည်။
၎င်းကိုမြင်လိုက်ရသောအခါ ရှန်းယီက တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့၏။
သူမိန်းကလေးကို တစ်ချက်ကြည့်ကာ တိုးညှင်းစွာ ပြောလိုက်သည်။ "ဒါတွေကို ကျွန်တော် ပြန်ပေးမှာ မဟုတ်ဘူးနော်"
"အင်း"
ယဲ့လန် တစ်ခဏမျှဆွံ့အသွားပြီး သူမ၏အမူအရာမှာ သူမ၏ညီမနှင့် အနည်းငယ်တူညီသွားခဲ့၏။
သူမက ရှန်းယီပြန်လည်ပေးဆပ်မည်ဟု ဘယ်သောအခါကမျှ မမျှော်လင့်ခဲ့သော်လည်း သူ၏တိုက်ရိုက်ပြောဆိုမှုက သူမကိုအံ့အားသင့်သွားစေဆဲပင်။
"အနာဂတ်မှာအခွင့်အရေးရှိရင် ဒီအကြွေးကိုပြန်ဆပ်ဖို့အတွက် ခင်ဗျားအတွက်လူတစ်ယောက်လောက်ကို ကျွန်တော်သတ်ပေးပါ့မယ်" ရှန်းယီက ထိုဆေးလုံးဆယ်လုံးကို သူ၏လက်စွပ်ထဲသို့ ထည့်လိုက်ပြီး ဆေးလုံးတောင်ထိပ်သို့ ဆင်းသက်ကာ ဆေးဖော်စပ်ရေးခန်းမအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ရိုးရှင်းသော စကားတစ်ခွန်းဖြစ်သော်လည်း ၎င်းက ယဲ့လန်ကို တွေဝေသွားစေပြီး ထိုနေရာတွင် ရပ်နေစေခဲ့၏။
ရှန်းယီ၏အကူအညီဖြင့် သတ်ဖြတ်ရန် လိုအပ်သောရန်သူများ သူမတွင် မည်သည့်နေရာ၌ ရှိနေသနည်း။
အကယ်၍ ထိုတစ်ယောက်ကိုပါ ထည့်သွင်းစဉ်းစားမည်ဆိုလျှင်... ကပ်ဘေးတစ်ထောင် ဧကရာဇ်ချီ ရွှေရောင်ဆေးလုံးများက အလွန်ဈေးပေါလွန်းနေမည် မဟုတ်လော။
သူတို့နှစ်ဦး၏ပေါ့ပေါ့ပါးပါး စကားပြောဆိုနေချိန်ထဲက တောင်ထိပ်သခင်များ အသီးသီးက သံသယများဖြင့် ရှန်းရွှီတောင်အတွင်းသို့ ဝင်ရောက်လာကြပြီး သူတို့၏ဆရာသခင်ထံမှ လမ်းညွှန်မှုရယူရန် ကြိုးစားနေကြပြီ ဖြစ်ချေသည်။
တူညီသောမျိုးဆက်မှ မျိုးဆက်သစ်တစ်ဦး ပေါ်ထွက်လာခြင်းကြောင့် သူတို့အံ့အားသင့်ခဲ့ကြပြီး ဆေးလုံးတောင်ထိပ်တွင် အဆက်မပြတ် ပွင့်လန်းနေသော ဆေးလုံးပန်းပွင့်များကို သူတို့ ဂရုမစိုက်ခဲ့ကြချေ။
ရှန်းယီတောင်ပေါ်သို့ ဝင်ရောက်လာကတည်းက ထို အပြစ်အနာအဆာကင်းသော မသေမျိုးဆေးလုံး က ပုံမှန်ဖြစ်လာခဲ့ပုံရ၏။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် နိုးထလာပြီးနောက် ဆရာသခင်၏အပြုအမူက ပို၍ပင် နားလည်ရခက်လှချေသည်။
တာ့လော် မသေမျိုးအရှင်မြတ်၏တပည့်များအနေဖြင့် သူတို့က လက်ရှိ အခြေအနေကို ဝိုးတဝါး နားလည်ထားကြ၏။
ဆရာသခင်က ရှန်းယီကို သေချာ ဂရုစိုက်ရန် သူတို့ကို အမိန့်ပေးခဲ့ခြင်းမှာ ကောင်းကင်ဆေးလုံး ဟူသော နာမည်ကို အသုံးပြု၍ ရှန်းရွှီတောင်ကိုကိုယ်စားပြုကာ မဟာကပ်ဘေးတွင် ပါဝင်ဆင်နွှဲရန် ရည်ရွယ်ထားခြင်း ဖြစ်နိုင်သည်လောဟု တွေးတောစရာပင်။
...
[လက်ကျန် နတ်ဆိုးသက်တမ်း - ကပ်ဘေး ၄၃၂ခု]
ချင်းဟွာ ထံမှ ရရှိသော နတ်ဆိုးသက်တမ်းကလည်း သိသာထင်ရှားသောဝင်ငွေတစ်ခု ဖြစ်၏။ ယခင်က ကျန်ရှိနေသော ရွှေရောင်ဆေးလုံးများ နှင့် ယဲ့လန်ပေးသော ဆေးလုံးများကို ပေါင်းစပ်လိုက်သောအခါ စုစုပေါင်း ကပ်ဘေး ၁၂၀၀အထိ ရှိလာခဲ့ချေသည်။
ရှန်းယီက အချိန်မဖြုန်းဘဲ ဤအမြတ်အစွန်းများကို ပေါင်းစပ်ရန် ဆေးလုံးတောင်ထိပ်၏အခြေခံအုတ်မြစ်ကို အသုံးပြုခဲ့၏။
အချိန်များဖြည်းညှင်းစွာ ကုန်ဆုံးသွားသည်နှင့်အမျှ..
အရာအားလုံးကို အသုံးပြုလိုက်ခြင်းဖြင့် နောက်ထပ် ကပ်ဘေးစွမ်းအား တစ်ထောင့်တစ်ရာက ဤထိုက်ရွှီရွှေရောင်ဆေးလုံးထဲသို့ ပေါင်းထည့်သွားခဲ့၏။
စုစုပေါင်း နှစ်ထောင့်ကိုးရာကျော်ရှိလာပြီး ကျားနဂါးဖိနှိပ်ခြင်း မဟာအသီးအပွင့်ကို တိတ်တဆိတ် အမီလိုက်နေပြီဖြစ်ပေသည်။
"ဟူး" ရှန်းယီ ဆေးဖော်စပ်ခြင်းခန်းမထဲမှ ဖြည်းညှင်းစွာထွက်လာခဲ့ရာ အပြင်ဘက်တွင် တိတ်ဆိတ်စွာစောင့်နေသော ယဲ့လန် ကို တွေ့လိုက်ရ၏။
"နင့်ရဲ့မျက်နှာက သိပ်ပြီးကောင်းပုံ မရဘူးနော်" ယဲ့လန်က ရှန်းယီ ကို သူ၏ကျင့်ကြံခြင်း တိုးတက်မှုအတွက်ဂုဏ်ပြုတော့မည့်ဆဲဆဲတွင် သေချာစွာ ကြည့်လိုက်သောအခါ ရှန်းရွှီဘိုးဘေး၏ရှေ့တွင် ခံစားချက်ကင်းမဲ့စွာ နေနိုင်ခဲ့သော သိုင်းဦးလေး၏ ဖြူဖျော့ပြီးချောမောသော မျက်နှာပေါ်တွင် ယခုအခါ အေးစက်မှုတစ်ခုလွှမ်းခြုံနေကြောင်း တွေ့ရှိလိုက်ရ၏။
"ကျွန်တော် ပြန်သွားဖို့ လိုတယ်" ရှန်းယီမိုးကုပ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်သော်လည်း သူ၏အကြည့်က ကျန်းယန်စီရင်စု ရှိရာဘက်သို့ ဦးတည်မနေခဲ့ချေ။
ဝင်ရိုးစွန်းရှစ်ပါးချိုင့်ဝှမ်းတွင် ချင်းဟွာက နတ်ဆိုးအသက်တမ်းကို အချိန်အတော်ကြာ မပို့ပေးခဲ့ဘဲ သတင်းစကားတစ်ခုသာ ပို့ပေးခဲ့၏။
၎င်းမှာ သူ့ကိုအချိန်အတော်ကြာ ဒုက္ခပေးနေခဲ့သောပြဿနာတစ်ခုအကြောင်း ဖြစ်ချေသည်။
ထို့ပြင် ရှန်းယီ သူ၏မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ထားရပြီး သူ၏ဇာစ်မြစ်ကို မထုတ်ဖော်ရဲခြင်း၏အကြောင်းရင်းလည်းဖြစ်၏။
"ပြန်သွားမယ် ဘယ်ကိုလဲ" ယဲ့လန် လူငယ်လေး၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သော်လည်း ထိုအရပ်မျက်နှာနှင့် ပတ်သက်၍ အတော်လေး စိမ်းသက်နေခဲ့ချေသည်။
ရှန်းယီက လေဟာနယ်ထဲသို့ ခြေလှမ်းလိုက်ပြီး ပြတ်သားပြတ်သားသော စကားလုံးနှစ်လုံးကို ချန်ထားရစ်ခဲ့၏။
"ဟုန်ကျယ် "