မင်းလက်သီးဘယ်လောက်ပဲ ကြီးကြီး ဒီရှန်းရဲ့ လက်သီးထက် ကြီးလို့လား ၂
Vol. 109 Ch. 1090
"သေမျိုးလောကက နတ်ဆိုးတွေတောင် ဒီလောက် နားလည်နေမှတော့ ချင်းလွမ်မင်းလည်း နည်းနည်းတော့ရှက်တတ်ပါဦး" ချီဖုန်းကြယ်တာရာကမျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်ပြီး ရှက်ရွံ့သလို ခံစားလိုက်ရ၏။
ထိုအခိုက်အတန့်တွင် ခေါင်းငုံ့ထားသော ချင်းလွမ် ကလည်း ရုတ်တရက် ပြုံးလိုက်ချေသည်။
"ဒီလိုဆိုရင်တောင် ဘာဖြစ်မလဲ"
သူက ခေါင်းမော့လိုက်ပြီး သူ၏အကြည့်ကိုခန်းမကြီးအတွင်းရှိ ပုံရိပ်တိုင်းကိုဖြည်းညှင်းစွာ ဝေ့ကြည့်လိုက်၏။ "ငါက ကောင်းကင်ဘုံဥပဒေကို အနည်းငယ်လေးတောင် မကျော်လွန်ဘဲ အသက်ဝင်အောင် လုပ်ဆောင်ခဲ့တယ်။ ဘယ်သူကများ ငါ့အပေါ်မှာကောင်းကင်ဘုံဥပဒေကို အသက်ဝင်အောင် လုပ်ဆောင်ခဲ့လို့လဲ"
"ငါ့ရဲ့အဖော်၊တခြားသူတွေက သူမကို သတ်ချင်တယ်၊ဘယ်လုပ်ထုံးလုပ်နည်းကိုမှ မလိုက်နာဘဲ ကြိုက်သလို သတ်ခဲ့တယ်၊ပြီးတော့ အခုအချိန်မှာ ငါ့အတွက် တရားစီရင်ချက်ခံယူဖို့ အခွင့်အရေးလေးတောင် မရှိခဲ့ဘူး"
"ငါ့ရဲ့တစ်သက်တာလုံး အောင်မြင်မှုတွေက သူမရဲ့အသက်လေးတစ်ချောင်းနဲ့တောင် မလဲလှယ်နိုင်ဘူးလား"
ချင်းလွမ် သူ၏လက်ကို ချပ်ဝတ်တန်ဆာပေါ်တွင် တင်လိုက်ရာ သူ၏အမူအရာမှာ တဖြည်းဖြည်း ကြမ်းတမ်းလာခဲ့ချေသည်။ "လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူတို့ငါ့ကိုပြောခဲ့တယ်၊ နတ်ဘုရားမင်းဆက်မှာ ပုန်ကန်ချင်တဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်၊ မဟာကပ်ဘေးကြီးတစ်ခု ပေါ်ပေါက်လာလိမ့်မယ်၊ပြီးတော့ အနာဂတ်မှာ လုပ်ငန်းတာဝန်တွေ အဆင်ပြေစေဖို့ ကိုယ့်ကိုယ်ကိုယ် တင်းကြပ်စွာစည်းကမ်းသတ်မှတ်ထားဖို့၊ အပြစ်အနာအဆာကင်းတဲ့နာမည်ကောင်းကို ထိန်းသိမ်းထားဖို့ အမိန့်ပေးခဲ့တယ်"
"အဲဒါတွေက အရေးမကြီးပါဘူး"
"ငါက ဆန္ဒကင်းမဲ့တဲ့သူတစ်ယောက်ပါ၊ နာမည်ကျော်ကြားမှု၊ အကျိုးအမြတ်၊ မသေမျိုးရတနာ တွေ၊ နတ်ဘုရားဆေးလုံးတွေကို ဂရုမစိုက်ပါဘူး"
"ဒါပေမယ့် အခု ငါလိုချင်တာက လက်ဖက်ရည်ကြမ်းနဲ့ ရေလောင်းပေးမယ့်သူ တစ်ယောက်တည်းပါ၊ ဒါတောင်မှ သူမရဲ့ အသက်ကို ငါ မကယ်တင်နိုင်ခဲ့ဘူး"
"အခု ကောင်းကင်ဘုံတာအိုရဲ့စည်းမျဉ်းကို ကိုယ်စားပြုတဲ့ မင်းတောင်မှ ဒီလိုအဓိပ္ပါယ်မရှိတဲ့ နားလည်မှု စကားတွေကို ပြောနိုင်နေပြီဆိုတော့ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ ငါတစ်ယောက်တည်းကပဲ ပျက်စီးနေတဲ့ ကောင်းကင်ဘုံဥပဒေ ကို လိုက်နာနေရသလို ဖြစ်နေပြီ"
"ဒီလိုဆိုရင်လည်း"
ချင်းလွမ် သူ၏ခန္ဓာကိုယ်မှ မသေမျိုးချပ်ဝတ် ကို ပြင်းထန်စွာဆုတ်ဖြဲလိုက်ပြီး အဝတ်စုတ်တစ်ခုကဲ့သို့ မြေကြီးပေါ်သို့ပစ်ချလိုက်ကာ အေးစက်စွာ လှောင်ပြောင်လိုက်သည်။ "လက်သီးနဲ့ မဟုတ်ရင် ငါတို့ ဘာအကြောင်းပြောကြမလဲ"
ဤရိုးရှင်းသော လုပ်ရပ်တွင် ချီဖုန်းကြယ်တာရာ ကိုပင် ရပ်တန့်သွားစေသည့် အဓိပ္ပါယ်တစ်ခု ပါဝင်နေခဲ့၏။
ဤမသေမျိုးချပ်ဝတ်ကို စွန့်လွှတ်လိုက်ခြင်းဖြင့် သူက မသေမျိုးခုံရုံး ကို ဆက်လက်ကိုယ်စားပြုခြင်း မရှိတော့ချေ။
နှစ်ပေါင်းများစွာအောင်မြင်မှုများ၊ မသေမျိုးဂိုဏ်း မှပြုစုပျိုးထောင်ပေးခဲ့သော ကျင့်ကြံခြင်းများနှင့် တစ်သက်တာလုံး ဂုဏ်သိက္ခာကိုအလဲအလှယ်လုပ်ကာ...
သူကပုဂ္ဂိုလ်ရေးကလဲ့စားချေဖို့ ရောက်လာခဲ့သည်။
ယခုအခါ ချီဖုန်းပင်လျှင် ဤအခြေအနေက အတော်လေး ခက်ခဲကြောင်းတွေ့ရှိလိုက်ရ၏။
သူက ချင်းလွမ်ကို အနိုင်မယူနိုင်၍ မဟုတ်ပေ။ လူငယ်လေးက ထူးခြားသော ပါရမီနှင့် နက်နဲသော အခြေခံအုတ်မြစ်ရှိလျှင်ပင်မှ တတိယအဆင့်အောက် နတ်ဘုရားစစ်သူကြီးဖြစ်သော သူ့ကိုတော့ ယှဉ်နိုင်ဦးမည်မဟုတ်ချေ။
သို့သော် မသေမျိုးသုံးပါးဂိုဏ်း၏အထက်တန်းလွှာ တစ်ဦးအနေဖြင့် မိတ်ဆွေဟောင်းတစ်ဦးအတွက် ကလဲ့စားချေရန်ကြိုးပမ်းခြင်းကို ယနေ့ သူ့ကို တားဆီးနိုင်လျှင်ပင် တစ်သက်လုံးတားဆီးနိုင်မည်လောဟု တွေးတောစရာပင်။
ဘုန်း
မျက်စိတစ်မှိတ်အတွင်း စတုတ္ထအဆင့် ထိုက်ယီအစစ်အမှန်မသေမျိုးဖြစ်သော ချင်းလွမ်၏အရှိန်အဝါက ရူးသွပ်စွာပျံ့နှံ့သွားပြီး ဤကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ၏ရှေ့မှောက်တွင် ဟုန်ကျယ်တစ်ခုလုံးကို လှုပ်ခါသွားစေခဲ့သည်။
"ငါတို့က လက်သီးနဲ့စကားမပြောဘူးဆိုရင် ငါတို့ရဲ့ တစ်သက်တာလုံးပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့ရတာဘာအဓိပ္ပါယ်ရှိတော့မှာလဲ" သူ၏လက်ဖဝါးကို ဖြန့်ကာ သေချာစွာစစ်ဆေးလိုက်၏။
အပစ်ပေးရန် မသေမျိုးစစ်သူကြီးဆိုသောနာမည်ကို အားကိုးရမည်ဟု ဘယ်သူပြောသနည်း။ မသေမျိုးတံဆိပ်မရှိလျှင်ပင် သူက မသေမျိုးသုံးပါးဂိုဏ်း၏တောင်ထိပ်သခင် ချင်းလွမ်ဖြစ်နေဆဲပင်။
သူ၏လက်ချောင်းများ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သောအခါ တောင်တန်းကြီးတစ်ခုလုံး ရုတ်တရက် ကြေမွသွားခဲ့ချေသည်။
ဝိညာဉ်စွမ်းအင်လှိုင်းလုံးများက လျင်မြန်စွာကွဲကွာသွားပြီး ဟုန်လေးခုကို မြစ်များနှင့် ပင်လယ်များ မှောက်လှန်တော့မည့်အလား လှိုင်းထန်စေကာ ဤမိုးကောင်းကင်ကြီးကို နစ်မွန်းသွားစေသည်။
ချင်းဟွာ လူတိုင်းကိုပြတ်သားစွာ ကာကွယ်ပေးပြီး နောက်ဆုတ်သွားရာ သူမ၏ပဉ္စမအဆင့်အောက် မသေမျိုးတံဆိပ်က ချက်ချင်း မှေးမှိန်သွားပြီး အလင်းရောင် ကင်းမဲ့သွားခဲ့ချေသည်။
"..."
အရှေ့ဘက်နဂါးဘုရင် အပါအဝင် ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူအချို့က ထိုပုံရိပ်ကို ဒေါသနှင့် မျှော်လင့်ချက်မဲ့မှုတို့ဖြင့် စိုက်ကြည့်နေခဲ့ကြ၏။
ဟုန်ကျယ်၏အစွမ်းအထက်ဆုံး ကျင့်ကြံသူများက ယခုအခါ ဖရိုဖရဲလူစုကွဲသွားကြချေပြီ။
ဤမျှကြီးမားသော စွမ်းအားအောက်တွင် သက်ရှိများအားလုံးက ဟာသတစ်ခုကဲ့သို့ ဖြစ်နေ၏။
ကောင်းကင်ကန့်လန့်ကာက လှိုင်းများထလာပြီး အဖြူရောင်တိမ်တိုက်များနှင့် တောက်ပသော နေမင်းကြီးပင်လျှင် တွန့်လိမ်ကာ ပုံပျက်သွားသည့်အလားဖြစ်လာပြီးနောက် ထို့အချိန်တွင်ပင် ကမ္ဘာကြီးတစ်ခုလုံးက မျက်မြင်မရသောလက်တစ်ဖက်ဖြင့် ပြန်လည်ထိန်းချုပ်ခံလိုက်ရလေ၏။
ကြည်လင်သော အသံတစ်ခု ပဲ့တင်ထပ်လာခဲ့သည်။
"ဒီလိုဆိုရင်လည်း ပြီးတာပါပဲ" လွင့်ခါနေသော အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးတစ်ဦးက တွန့်လိမ်နေသော ကောင်းကင်ယံမှ ထွက်ပေါ်လာခဲ့၏။
သူ၏ခြေလှမ်းများအား နေနှင့် လကြားတွင် နင်းလျှောက်နေပြီး သူ၏မျက်လုံးများက ကြယ်တာရာများကဲ့သို့ တောက်ပနေကာ အောက်ဘက်ရှိ ချင်းလွမ်ကို ငုံ့ကြည့်လိုက်ရာ သူ၏အမူအရာမှာ ချင်းလွမ်ယခင်က ပြသခဲ့သကဲ့သို့ပင် တည်ငြိမ်နေခဲ့ချေသည်။
"မင်းရဲ့လက်သီးတွေက တကယ်ပဲ အားကောင်းပါစေလို့ မျှော်လင့်ပါတယ်"
ရှန်းယီက စကားပြောရာတွင် ညံ့ဖျင်းပြီး အကြောင်းပြချက်ပေးရာတွင် သိပ်မတော်သကဲ့သို့ နက်ရှိုင်းသောထိုးထွင်းသိမြင်မှုများလည်း မရှိဘဲ ရှုပ်ထွေးလှသော ကောင်းကင်ဘုံနိယာမကိုလည်း မသိပေ။
သူအတော်ဆုံးအရာက လှုပ်ရှားခြင်းပင်။
ကောင်းကင်နှင့် ထိုက်ရွှီနယ်ပယ် ပေါင်းစပ်သွားပြီး နေနှင့် လ၏အလင်းရောင်များက မြွေများကဲ့သို့ ရစ်ပတ်သွားသောအခါ ဟုန်လေးခုက ငြိမ်သက်သွားပြီးကျယ်ပြန့်သော ဝိညာဉ်စွမ်းအင်၏ အနှောင့်အယှက်ကို မခံရတော့ချေ။
လူတိုင်းသည် အနက်ရောင်ဝတ်စုံနှင့် ပုံရိပ်ကို မော့ကြည့်လိုက်ကြပြီး သူတို့၏အကြည့်များက လူငယ်လေး၏ဖြူဖျော့သော မျက်နှာပေါ်သို့ စုစည်းသွားခဲ့ကြ၏။
ဟုန်ကျယ်၏အရှင်သခင် ပြန်လည်ရောက်ရှိလာသောအခါ မိုးနှင့်မြေကို ပြောင်းလဲရမည့် အချိန်ရောက်လာပြီဖြစ်ချေသည်။
"ဟမ့် " ချင်းလွမ် ၎င်းကို မျှော်လင့်ထားပုံရ၏။ မည်သို့ပင်ဆိုစေ ဤသာမန်လူများက ရှီယန်ကို ခုတ်ထစ်ရန် သို့မဟုတ် ကျစ်လင်ကို သတ်ဖြတ်ရန် မည်သို့လုပ်၍ စွမ်းဆောင်နိုင်မည်နည်း။
ထို့ပြင် ချန်ချင်းပြဿနာကြုံတွေ့ရတိုင်း ဤလူသည် အချိန်မီအမြဲတမ်း ပေါ်လာခဲ့သည် မဟုတ်ပါလော။
"ငါ မင်းကို ဘယ်လိုခေါ်ရမလဲ၊ ရှန်းရွှီတောင်က တောင်ထိပ်သခင် ရှန်း လို့ ခေါ်ရမလား။ ဒါမှမဟုတ် ဟုန်ကျယ်သူပုန်တွေရဲ့ ခေါင်းဆောင်လို့ ခေါ်ရမလား"
"မင်း ကြိုက်သလိုခေါ်နိုင်ပါတယ်၊ မင်း သဘောကျရင် အဖေလို့တောင်ခေါ်လို့ရတယ်"
ရှန်းယီက သူ၏လက်များကိုအောက်ချကာ ရပ်နေရုံသာဖြစ်သော်လည်း ကောင်းကင်စစ်သည်များနှင့် စစ်သူကြီးများ၏အမြင်တွင် သူက မောက်မာမှုများ၏ပြယုဂ်တစ်ခုကဲ့သို့ ဖြစ်နေချေသည်။
ယနေ့တိုင်အောင် လူငယ်မျိုးဆက်များထဲတွင် လမ်းစဉ်သုံးသွယ်မှဖြစ်စေ သို့မဟုတ် မသေမျိုးခုံရုံးမှဖြစ်စေ အရှင်ချင်းလွမ်ကို ဤကဲ့သို့ မလေးမစားလုပ်ရဲသူ မည်သူ့ကိုမျှ သူတို့မမြင်တွေ့ခဲ့ဖူးချေ။
"..."
ချီဖုန်းကြယ်တာရာက ရူးသွပ်လုနီးပါးဖြစ်နေသော ချင်းလွမ်ကို ဖမ်းဆီးပြီး သင့်လျော်သော သင်ခန်းစာပေးရန် သူ၏အကြီးအကဲများထံ ပြန်ပို့ရန် ပြင်ဆင်နေပြီး သူ၏လက်ချောင်းများကို ဖြန့်ထားပြီးဖြစ်၏။
အပြစ်များကို အပြည့်အဝသက်သေမပြနိုင်သေးသော်လည်း ဤကဲ့သို့သောလုပ်ရပ်မျိုးကို လုပ်ဆောင်နိုင်သည့် မည်ကဲ့သို့သော တပည့်မျိုးကို သူတို့ပြုစုပျိုးထောင်ခဲ့သနည်းဟု တွေးတောစရာပင်။
ရှန်းယီကို မြင်လိုက်ရသောကြောင့် သူက သူ၏ လက်ဖဝါးကို ပြန်လည်ချထားလိုက်ချေသည်။
အကြောင်းပြချက်မှာ ရိုးရှင်းလှ၏။
အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေး ပေါ်မလာမီ ချင်းလွမ် သူ၏မသေမျိုးချပ်ဝတ်ကို ချွတ်ချလိုက်ကတည်းက ကိစ္စရပ်တစ်ခုလုံး၏သဘာဝက ပြောင်းလဲသွားခဲ့ချေပြီ။
၎င်းက မသေမျိုးသုံးပါးဂိုဏ်း၏အတွင်းရေး ပဋိပက္ခတစ်ခုဖြစ်လာခဲ့ပြီ ဖြစ်ပေ၏။
တစ်ဖက်တွင် ရှန်းရွှီမသေမျိုးဂိုဏ်းရှိနေပြီး အခြားတစ်ဖက်တွင် ထျန်းဝူမသေမျိုးဂိုဏ်းရှိကာ နှစ်ခုစလုံးက မသေမျိုးသုံးပါးဂိုဏ်းအတွင်းရှိ ဦးဆောင်သူမျိုးဆက်များ ဖြစ်ကြချေသည်။ အပြစ်ကင်းစင်သူများပါဝင်ပတ်သက်ခြင်းမရှိသရွေ့ ဤသည်မှာ မသေမျိုးခုံရုံးနှင့် များစွာ သက်ဆိုင်ခြင်း မရှိပေ။
"..."
ချင်းလွမ်က ကောင်းကင်ယံရှိရှန်းယီ ကို စူးစိုက်ကြည့်နေပြီး သူ၏မျက်နှာက တဖြည်းဖြည်းဖြူရော်သွားခဲ့ချေသည်။
သူက သူ၏ညာဘက်လက်ဖဝါးကို ဆန့်ထုတ်လိုက်ရာ အကိုင်းအခက်များနှင့် သစ်ရွက်ကြိုးမျှင်များက လေထဲမှထွက်ပေါ်လာပြီး သူ၏လက်ဖဝါး အလယ်တွင်ရစ်ပတ်သွားကာ ဆယ့်ရှစ်ပေရှည်သောလှံတစ်ချောင်းအဖြစ်သို့ တဖြည်းဖြည်း ပုံဖော်သွားခဲ့၏။
ပထမဆုံး ထျန်းဝူတာအိုအသီးအပွင့် ထွက်ပေါ်လာပြီးနောက် နတ်ဘုရားဖီးနစ်က အသိုက်ဖွဲ့ကာ ထို့နောက်ငှက်အုပ်စုကြီးက အုံလိုက်ကျင်းလိုက် ရောက်ရှိလာကြချေသည်။
လူတိုင်း၏စောင့်ကြည့်နေသော မျက်လုံးများရှေ့တွင် သူက လှံရိုးကိုရုတ်တရက် ဆုပ်ကိုင်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းစူးရှသော ငှက်အော်သံတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့၏။
ဂီး..
ချင်းလွမ်က လှံထိပ်ကိုမြှောက်လိုက်ရာ သူ၏ပုံရိပ်က လေထဲသို့ ရုတ်တရက်မြင့်တက်သွားခဲ့ချေသည်။
မျက်လုံးတဆုံး ကျယ်ပြန့်သော ရေနယ်မြေ၏အလယ်တွင် အစိမ်းရောင်စွမ်းအင်တစ်ခုက သူနှင့်အတူမြင့်တက်လာပြီး ကောင်းကင်ယံတွင် မရေမတွက်နိုင်သော ငှက်အရိပ်များအဖြစ်သို့ ပြောင်းလဲသွားကာ တစ်ပြိုင်နက်တည်း အတောင်ပံများ ခတ်လိုက်ကြ၏။
ကပ်ဘေးစွမ်းအား နှစ်ထောင့်ခုနစ်ရာက အခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော လှံတစ်ချောင်းအဖြစ်သို့ ပုံဖော်သွားခဲ့၏။
ဤစတုတ္ထအဆင့် မသေမျိုးဝူထုန်ဝိညာဉ်ငှက် တာအိုအသီးအပွင့်ဖြင့် သူက သူ၏တစ်သက်တာလုံး ကျော်ကြားခဲ့သောအမည်ကို ဖန်တီးခဲ့ခြင်းဖြစ်။၏
ငှက်အရိပ်များအားလုံး ကောင်းကင်သို့ ပျံတက်သွားပြီးတွန့်လိမ်နေသော ကောင်းကင်ယံကို ရင်ဆိုင်ကာ ၎င်းကိုဆုတ်ဖြဲပစ်ရန် ရည်ရွယ်ချက်ဖြင့် အဆုံးအစမဲ့သောစွမ်းအားများကို သယ်ဆောင်လာကြချေသည်။
သူ၏မသေမျိုးချပ်ဝတ် မရှိလျှင်ပင် ချင်းလွမ် လှုပ်ရှားလာသောအခါ သူက ထိုနာမည်ကြီးပြီး ကြောက်မက်ဖွယ်ကောင်းသော စစ်သူကြီးဖြစ်နေဆဲပင်။
ဆန့်ကျင်ဘက်အားဖြင့် ရှန်းယီ ဤအခိုက်အတန့်အထိ မည်သည့်လှုပ်ရှားမှုမျှမလုပ်ရသေးချေ။
တွန့်လိမ်နေသော ကောင်းကင်ကန့်လန့်ကာ အတွင်း သူ၏အဝတ်အစားများက အဆက်မပြတ်လွင့်ခါနေပြီး ဖရိုဖရဲဖြစ်နေသောသေမျိုးလောကမှ ထိုလမ်းလွဲနေသော မိစ္တာမသေမျိုးများနှင့် အလွန်တူနေ၏။
"ရှီး"
ထိုက်ရွှီနယ်ပယ်အတွင်း နောက်ကျမှ ရောက်ရှိလာသော ယဲ့လန်က အပြင်သို့ လှမ်းထွက်လိုက်သည်နှင့် သူမ၏သူငယ်အိမ်များ ချက်ချင်း ကျုံ့သွားကာ သူမ၏အမြင်အာရုံကို ဧရာမအစိမ်းရောင်ငှက်များစွာက ပိတ်ဆို့ထားပြီး တစ်ကောင်ချင်းစီနီးပါးက သူမ၏ဝိညာဉ်နှင့် စိတ်ကိုဖရိုဖရဲဖြစ်သွားစေနိုင်သော ဖျက်ဆီးခြင်းအရှိန်အဝါတစ်ခုကို သယ်ဆောင်ထားကြချေသည်။
မဟုတ်ဘူး..
ဤမြင်ကွင်းကို ကြည့်ရုံဖြင့် သူမက လှုပ်ရှားခဲ့သူ၏မည်သူမည်ဝါဖြစ်ကြောင်းကို ချက်ချင်း သိရှိလိုက်၏။
ထျန်းဝူချင်းလွမ်
ဤမျှကျယ်ပြန့်သော ကပ်ဘေးစွမ်းအားက ရှန်းရွှီတောင်ရှိ သူ၏မျိုးဆက်တူများကြားတွင်ပင် တာအိုသခင်ကျင်းလဲ့သာလျှင် သူ့ကိုယှဉ်နိုင်လိမ့်မည်။
သူကောင်းကင်ဘုံမှာ မဟာမသေမျိုးစစ်သူကြီးဖြစ်လာခြင်းကိုပင် ထည့်မတွက်ထားသေးပေ။
သူမ၏သိုင်းဦးလေးရှန်းက ချင်းလွမ်ကို ဆန့်ကျင်ရန် ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ လမ်းတစ်လျှောက်အလျင်စလို ရောက်လာခဲ့ခြင်းလော။
လူအများ၏စောင့်ကြည့်နေသော မျက်လုံးများအောက်တွင်..
ငှက်များစွာက အရာအားလုံးကို လွှမ်းမိုးသွားပြီး အရာအားလုံးကိုနစ်မြုပ်သွားစေခဲ့သည်။
ရှန်းယီ အနီးသို့ ရောက်ရှိလာချိန်တွင် သူတို့ကြား၌သဏ္ဍာန်မဲ့နေသော ကျယ်ပြန့်သည့် မှန်တစ်ချပ်ရုတ်တရက်ပေါ်လာသည့်အလား ဖြစ်သွား၏။
ငှက်များက ၎င်းအားအဆက်မပြတ် ဝင်တိုက်နေပြီး ရေပေါ်ရှိ တံလျှက်အလင်းပြန်မှုများကဲ့သို့ ပြန်လည်ပျောက်ကွယ်သွားခဲ့ကြသည်။
ယခင်အရာအားလုံးမှာ ထင်ယောင်ထင်မှားတစ်ခုသာဖြစ်ခဲ့သည့်အလားပင်။
လူတိုင်း၏အံ့အားသင့်မှုနှင့် နှိုင်းယှဉ်ပါက ချီဖုန်းက မျက်ခုံးတစ်ဖက်ကို အနည်းငယ်ပင့်လိုက်သည်။
"..."
သာမန်လူက စိတ်လှုပ်ရှားမှုဖြင့်ကြည့်ပြီး ကျွမ်းကျင်သူက နည်းစနစ်ကိုကြည့်၏။
ဤအစစ်အမှန်နတ်ဘုရား၏ကျင့်ကြံခြင်းက တိုက်ခိုက်သူနှစ်ဦးထက်များစွာ သာလွန်နေပြီး အခြေအနေကိုတစ်ချက်ကြည့်ရုံဖြင့် သူ ပိုင်းခြားသိမြင်နိုင်ခဲ့သည်။
တစ်ဦးမှာ ကပ်ဘေး ၂၇၀၀ အဆင့် မဟာတာအိုအသီးအပွင့်ဖြင့်လောကတွင် နာမည်ကြီးနေသူ ဖြစ်၏။
အမှန်တကယ်ပင် သူ၏ရွယ်တူများကို ကျော်လွန်နေချေသည်။
သို့သော် နောက်ကျမှထွက်ပေါ်လာခဲ့သော ဤအနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးကလည်း မညံ့ဖျင်းရုံသာမကပို၍ပင် သာလွန်နေသေး၏။
"ကျစ်...ကပ်ဘေး ၂၉၀၀"
လောကကြီးနှင့် ကင်းကွာကာ အချိန်အကြာကြီး ပုန်းကွယ်နေခဲ့ပြီး ယှဉ်ပြိုင်လိုစိတ်မရှိသကဲ့သို့ စိတ်လှုပ်ရှားမှုလည်းကင်းမဲ့နေပုံရသော ရှန်းရွှီတောင်မှထိုလူအိုကြီးက တကယ်တမ်းတွင်မူ ကပ်ဘေးများကိုဖြတ်ကျော်မည့်သူတစ်ဦးကို တိတ်တဆိတ်ပြုစုပျိုးထောင်နေခဲ့ခြင်းဖြစ်သည်။
ဤသို့တွေးမိသဖြင့် ချီဖုန်း သူ၏လက်ကောက်ဝတ်ကို ပွတ်သပ်လိုက်ပြီးဆက်လက်ကြည့်ရှုရန် စိတ်ဝင်စားမှု ဆုံးရှုံးသွားခဲ့ချေသည်။
ထျန်းဝူ နှင့် ရှန်းရွှီးတို့က ရန်သူဟောင်းများဖြစ်ကြပြီး တူညီသောကျင့်ကြံခြင်းများဖြင့်ဆိုလျှင် သူတို့ မည်မျှပင်ပင်ပန်းနွမ်းနယ်နေပါစေ အဖြေတစ်ခုရရှိနိုင်မည် မဟုတ်ချေ။
တစ်ခုက စကြာဝဠာ၏မူလဖြစ်သောအသက်ရှင်သန်မှုကိုကိုယ်စားပြုပြီး ကပ်ဘေးပေါင်းများစွာဖြင့် ဖျက်ဆီး၍မရနိုင်သောအမြင့်မားဆုံးနှင့် အခိုင်မာဆုံးသော အရာ၏စွမ်းအားတစ်ခု ဖြစ်၏။
ထိုက်ရွှီတာအိုအသီးအပွင့်ကတော့ ဤစကြာဝဠာမှတိုက်ရိုက်ခွဲထွက်သွားပြီး မင်း ဘယ်လောက်ပဲ အားကောင်းနေပါစေ ငါနဲ့ ဘာမှမဆိုင်ဘူး ဆိုသည့်သဘောဖြစ်နေချေသည်။
ဆန့်ကျင်ဘက်အားဖြင့် စကြာဝဠာအတွင်း၌ဖြစ်စေ၊ဟင်းလင်းပြင်အတွင်း၌ဖြစ်စေ ရှန်းရွှီတောင် ကျင့်ကြံသူများက ထျန်းဝူတောင်မှ ကျင့်ကြံသူများကို ထိခိုက်စေရန်လည်း ခက်ခဲလှ၏။
ချီဖုန်း သူ၏အကြည့်ကို ရုပ်သိမ်းကာ သူတို့နှစ်ဦး စွမ်းအင်ကုန်ခမ်းသွားပြီး သက်ဆိုင်ရာဂိုဏ်းများသို့ ပြန်လည်ပို့ဆောင်ခံရမည့်အချိန်ကို စောင့်ဆိုင်းနေတော့မည့်ဆဲဆဲတွင် ရုတ်တရက် သူ၏အမူအရာမှာ သိမ်မွေ့စွာပြောင်းလဲသွားပြီး ကောင်းကင်ယံသို့ အလိုအလျောက် လှမ်းကြည့်လိုက်၏။
များပြားလှသော ငှက်အရိပ်များ ပျောက်ကွယ်သွားခြင်းနှင့်အတူ လက်မောင်းများကို အောက်ချကာ ရပ်နေသော ထိုအနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်ကလည်း ပျောက်ကွယ်သွားသည်ကိုသာ သူ တွေ့လိုက်ရ၏။
နောက်တစ်ခဏတွင် လှံကိုင်ဆောင်ထားသော ချင်းလွမ်၏တစ်ကိုယ်လုံးက လေထဲတွင် ရပ်တန့်သွားခဲ့သည်။
ရွှေရောင်အလင်းတန်း သဲ့သဲ့ထွက်ပေါ်နေသော ဖြူဝင်းသည့် လက်တစ်ဖက်က လက်ချောင်းများကိုအနည်းငယ်ဖြန့်ကာလေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး သူ၏မေးရိုးအောက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားလိုက်၏။
ရှန်းယီ၏ပုံရိပ်က အနောက်မှလိုက်ပါ ထွက်ပေါ်လာပြီး ကောင်းကင်ယံတွင်ခိုင်မာစွာ ရပ်တည်နေခဲ့သည်။
"ဒါကို မင်းက လက်သီးလို့ ခေါ်တာလား" သူက ချင်းလွမ်ကိုဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ဒေါသထွက်နေသောမျက်နှာတစ်ခု ရောင်ပြန်ဟပ်နေသည့် သူ၏ကြည်လင်သော သူငယ်အိမ်များဖြင့် ချင်းလွမ်ကို ဘေးတိုက် တစ်ချက်ကြည့်လိုက်ကာ ပြောလိုက်၏။
"နည်းနည်းတော့ ရယ်စရာကောင်းသားပဲ"