အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
အခန်း (၄၃) - အသေးစား ထိုင်ခုံများနှင့် ကျွမ်းကျင်သော သရုပ်ဆောင်များ
ကူဟယ်သည် ပြေးလွှားရင်း ပင်ပန်းလွန်းသဖြင့် မြေပြင်ပေါ်သို့ ပစ်လဲကျသွားသည်။ ထိုစဉ်
သူ့အောက်ဘက်မှ အဖြူရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ထူးဆန်းသော လှိုင်းတစ်ခု
ဖြတ်သန်းသွားသည်။
“ဒါ ဘာကြီးလဲ”
သူထိတ်လန့်သွားသည်။ အမိုလိုလည်း အံ့ဩသွားပြီး အပေါ်သို့ မော့ကြည့်သည်။
လျန်းယွမ်သည်လည်း တိုက်ခိုက်နေရင်း ရပ်တန့်ကာ
“မသေချင်ရင် ငါပြောတာ နားထောင်”
လို့ လှမ်းအော်သည်။ အကြောင်းမှာ ရှေ့တွင် အဆင့်မြင့်
ကျင့်ကြံသူတစ်ဦး စီစဉ်ထားသော အကာအကွယ် စက်ကွင်း
ရှိနေသောကြောင့် ဖြစ်သည်။ အထဲသို့ ဝင်မိပါက ပြာအဖြစ် ပြောင်းလဲသွားမည်။
တစ်ဖက်တွင်မူ တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွားနေသည်။ နတ်ဆိုးတိရစ္ဆာန် တစ်ကောင်မှာ
အတားအဆီးကို ကျော်ဖြတ်မိသွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
“ဘော့စ်ပဲ... ဘော့စ်ပဲ ဖြစ်ရမယ်”
ကူဟယ်၏ မျက်လုံးများမှာ ဝမ်းသာလွန်း၍ အရောင်တောက်ပလာသည်။ သူ အနည်းငယ်
လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းမှာ တကယ်ကို အံ့ဩစရာပင်။ မူရုံယီသည် အသေးစား ထိုင်ခုံလေးပေါ်တွင် ထိုင်ကာ ဖရဲစေ့များကို စားရင်း တိုက်ပွဲကို အေးဆေးပင် ကြည့်ရှုနေသည်။ သူ့ဘေးတွင်လည်း အခြားသော လူကြီးလူကောင်းများမှာ ထိုင်ခုံငယ်လေးများဖြင့် စနစ်တကျ
ရှိနေကြသည်။
“လူတွေကတော့ အသေးစား ထိုင်ခုံလေးတွေနဲ့... တကယ့် ကျွမ်းကျင်တဲ့ သရုပ်ဆောင်တွေပါပဲ”
လီယွဲ့မှာမူ ဘေးတွင် ထိုင်နေသည်။ သူသည် တိုက်ပွဲကို သဘောကျနေဟန် ရှိသည်။ ဤအဆင့် (၃)
ပုဂ္ဂိုလ်ကြီးများ၏ တိုက်ပွဲမှာ ဖျော်ဖြေပွဲတစ်ခုလိုပင်။ သူတို့သည် ညဉ့်လုံးပေါက်
တိုက်ခိုက်ကြသည်။ စွမ်းအားများ ကုန်ခမ်းသွားသောအခါ လီယွဲ့က အသက်စွမ်းအင်ကို
သုံးကာ သူတို့နှစ်ဦးကို ပြန်လည် ကုသပေးလိုက်သည်။ ၎င်းတို့မှာ
အံ့ဩရမည့်အပြင် ဘာဖြစ်နေမှန်းပင် မသိတော့ပေ။
“ငါတို့တွေ ဘာလို့ ဒီလို ဖြစ်နေရတာလဲ... ဒါ ဘယ်သူ့လက်ချက်လဲ”
မနက်ခင်းတွင် ဖုန်းထျန်းချန်း ရောက်လာသည်။ သူသည် ဝမ်ယန်ယီကို ဖမ်းဆီးလာခြင်း
ဖြစ်သည်။ သူသည် လျန်းယွမ်တို့ တိုက်ခိုက်နေသည်ကို မြင်သောအခါ ကူညီရန်
အပြင်သို့ ပြေးထွက်လာသည်။
“မလာနဲ့... ဒီနေရာက ထူးဆန်းတယ်” လျန်းယွမ်က လှမ်းအော်သော်လည်း ဖုန်းထျန်းချန်းမှာ
နားမထောင်ဘဲ ပြေးဝင်လာသည်။ ချက်ချင်းပင် သူ၏ ကိုယ်ခန္ဓာမှာ ရေခဲရုပ်တုကဲ့သို့
လေထဲတွင် ရပ်တန့်သွားတော့သည်။
“ငါ မလာနဲ့လို့ ပြောသားပဲ... မင်းက တကယ့်ကို လူမိုက်ပဲ” လျန်းယွမ်က ဒေါသတကြီး
အော်ပြောလိုက်သည်။
***
ကံတရားကိုရောင်းစားမယ်
အခန်း (၄၄) - နံပါတ် (၈) ကံစမ်းမဲ လက်မှတ်
ဖုန်းထျန်းချန်း၏ စိတ်အခြေအနေမှာ အံ့ဩခြင်းမှ ကြောက်ရွံ့ခြင်းသို့၊ ထို့နောက်တွင်မူ
ဘာမှမဖြစ်တော့ကြောင်း သိရှိပြီးနောက် အလွန်အမင်း ဝေခွဲမရသည့် အခြေအနေသို့
ရောက်ရှိသွားသည်။ လျန်းယွမ်ကမူ သူ့ကို “ဒီအတိုင်းပဲ
ငြိမ်နေလိုက်စမ်းပါ” ဆိုသည့် ပုံစံဖြင့် ကြည့်နေသည်။
ဖုန်းထျန်းချန်း အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ လူအများအပြားမှာ တိုက်ပွဲကို
ပွဲကြည့်ပွဲကဲ့သို့ ထိုင်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ အထူးသဖြင့်
ဘော့စ်ဆိုသူမှာ အေးဆေးပင် ဖြစ်သည်။ လီယွဲ့သည်လည်း အချိန်အတော်ကြာ
ကြည့်ရှုပြီးနောက် ပင်ပန်းလာသဖြင့် အပေါ်ထပ်သို့
ပြန်တက်ရန် ပြင်သည်။
“ဘော့စ်... ပွဲကြည့်ရတာ ဝပြီလား” ရှီလုံရန်က အပိုလို လုပ်ကာ မေးလိုက်သည်။
လီယွဲ့ ပြုံးလိုက်သည်။ “ငါ အိပ်တော့မယ်။ နေ့လည်မှပဲ ဆိုင်ပြန်ဖွင့်မယ်၊
အရမ်းစောစောကြီး မလာကြနဲ့ဦးနော်”
သူ ထွက်ခွာသွားသည်နှင့် လေဟာနယ် အကာအကွယ်မှာ ပျောက်ကွယ်သွားသည်။
ဖုန်းထျန်းချန်းတို့မှာ လွတ်မြောက်သွားပြီး
နတ်ဆိုးတိရစ္ဆာန်များကို အပြတ်ရှင်းလိုက်သည်။
နံနက်ခင်းတွင် လီယွဲ့ နိုးထလာသောအခါ ရာသီဥတုမှာ သာယာနေပြီဖြစ်သည်။
ဆိုင်အပြင်ဘက်တွင်မူ အဆောက်အဦး ဆောက်လုပ်ရေး
လုပ်ငန်းခွင်များကဲ့သို့ပင် ဆူညံနေသည်။ ရှီမိသားစုနှင့် လျူမိသားစုတို့မှာ
ဆိုင်အနီးတွင် တည်းခိုခန်းများ ဆောက်လုပ်ရန် သဘောတူညီချက် ရရှိထားကြသည်။
“ဘော့စ်... ကျွန်တော်တို့ မိသားစုတစ်ခုလုံး ဒီနားကို ပြောင်းလာတော့မှာ။
အိမ်နီးချင်းတွေ ဖြစ်သွားပြီပေါ့” ရှီပင်းယန်က ပြောသည်။
လီယွဲ့မှာ ဤနေရာတွင် စီးပွားရေးလမ်းမကြီး တစ်ခု ဖြစ်လာတော့မည်ကို ကြိုတင်
မြင်ယောင်မိပြီး စိတ်လှုပ်ရှားနေမိသည်။ ရုရီသည်လည်း ကျန်းမာရေး
ပိုမို ကောင်းမွန်လာပြီး အလုပ်ခွင်သို့ ရောက်လာသည်။
ဆိုင်အတွင်း၌ ဖောက်သည်များမှာ နံပါတ် (၈) ကံစမ်းမဲ လက်မှတ်ကို ရှာမတွေ့၍
စိတ်ပျက်နေကြသည်။ ကူဟယ်နှင့် မူရုံယီတို့မှာလည်း
မိုဂျန့်ရွှဲ့အကြောင်း စကားပြောဖြစ်ကြသည်။
ထိုစဉ် ဆိုင်ဝင်းအတွင်းမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
“အဖေ... ကံကောင်းပြီ၊ နံပါတ် (၈) ရပြီ”
ရှီလုံရန်မှာ ထိုင်ရာမှ ဝုန်းခနဲ ထရပ်လိုက်ကာ ကောင်းကင်ကို မော့၍ ရယ်မောလိုက်သည်။
“ငါတို့ ရှီမိသားစုရဲ့ ဘိုးဘွားပိုင်မြေကနေ မီးခိုးတွေ ထွက်လာပြီ”
ထိုမြင်ကွင်းကြောင့် ဂျီလင်လုံ၊ မီယာအင်းနတ်သမီး အပါအဝင် အားလုံးမှာ
ရှီလုံရန်ဆီသို့ အပြေးသွားကြသည်။ ရှီလုံရန်မှာ
ဂုဏ်ယူဝံ့ကြွားစွာဖြင့် သူ၏ ကံစမ်းမဲ လက်မှတ်ကို ထုတ်ပြရန် ပြင်သည်။
သူသည် လက်မှတ်ကို သူ၏ အတွင်းခံအဝတ်အစားထဲမှ ဆွဲထုတ်လိုက်ပြီး လူတိုင်းကို
ဝှေ့ယမ်းပြလိုက်သည်။
“ကြည့်ကြစမ်း... ဒါ နံပါတ် (၈) ပဲ”
လူတိုင်းမှာ အနံ့ဆိုးကြောင့် ချက်ချင်းပင် နှာခေါင်းကို ပိတ်ကာ နောက်သို့
ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြသည်။
“ဘယ်လောက်တောင် ပုပ်နေတာလဲ”
“အဖေ... ကျွန်တော်တို့ကို နီးနီးကပ်ကပ်ကြီး
မပြပါနဲ့တော့”
သူ၏ သားဖြစ်သူများပင်လျှင် ရွံရှာစွာဖြင့် ရှောင်ထွက်သွားကြသည်။ ရှီလုံရန်မှာမူ
ဘာမှန်းမသိဘဲ ဂုဏ်ယူနေဆဲပင် ဖြစ်သည်။
***