အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
အခန်း (၄၅) - လူကြားထဲ လုယက်ခြင်းလား
“သေစမ်း... အဘိုးကြီး၊ ခင်ဗျားက တကယ့်ကို ရွံဖို့ကောင်းတာပဲ”
“အနံ့က ဘာလို့ဒီလောက်တောင် ပြင်းနေရတာလဲ”
ရှီလုံရန်က ကံစမ်းမဲ လက်မှတ်ကို ထုတ်ပြလိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ
သူများမှာ အလုအယက် နောက်သို့ ဆုတ်သွားကြသည်။ မီယာအင်းနတ်သမီးနှင့် အခြားသော
အမျိုးသမီး ကျင့်ကြံသူများမှာ နှာခေါင်းကို ပိတ်ကာ ချက်ချင်းပင်
ထွက်ခွာသွားကြသည်။ ဒီနံပါတ် (၈) လက်မှတ်ဆိုတာ မကြည့်တာ
အကောင်းဆုံးပင် ဖြစ်၏။
“ဟေ့... ဘာအနံ့လဲ၊ ခင်ဗျားတို့က မနာလိုလို့ ပြောနေကြတာ မဟုတ်လား”
ရှီလုံရန်မှာ မကျေမနပ်ဖြစ်ကာ ရပ်တည်နေသည်။ လူအများမှာ လက်မှတ်၏ စစ်မှန်မှုကို
အတည်ပြုပြီးနောက် စိတ်ပျက်စွာဖြင့် ထွက်သွားကြသည်။ ယခုအခါတွင် နံပါတ်
(၈) လက်မှတ် တကယ်ရှိကြောင်း သိလိုက်ရသဖြင့် ဆိုင်အတွင်းရှိ ဖောက်သည်များ၏
စိတ်အားထက်သန်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ထိုစဉ် ဖုန်းထျန်းချန်းနှင့် လျန်းယွမ်တို့ ရောက်ရှိလာသည်။ သူတို့သည် မနေ့ညက
နတ်ဆိုးတိရစ္ဆာန်များကို တိုက်ခိုက်ပြီးနောက် ယနေ့တွင် ဝမ်ယန်ယီ၏
အလောင်းကို ဘိုယန်မြို့သို့ ပို့ဆောင်ရန် ပြင်ဆင်နေကြသည်။ လျန်းယွမ်သည်
လီယွဲ့၏ အစွမ်းကို မြင်ဖူးပြီးဖြစ်ရာ သူ့အား အလေးအမြတ် ထားနေသည်။
“ဘာ... နံပါတ် (၈) လက်မှတ် ပေါက်သွားပြီတဲ့လား” လူအုပ်စု၏ ဆူညံသံကို ကြားသဖြင့်
ဖုန်းထျန်းချန်းမှာ စိတ်လှုပ်ရှားသွားသည်။
သူသည် ရှီလုံရန်ထံသို့ အပြေးသွားကာ “အဲ့ဒီ လက်မှတ်ကို ရောင်းမလား” ဟု မေးသည်။
ရှီလုံရန်မှာ ထိတ်လန့်သွားသည်။ သူ၏ ရှေ့တွင် ရပ်နေသူမှာ မနေ့ညက
နတ်ဆိုးမျိုးနွယ်စုကို ရင်ဆိုင်ခဲ့သည့် အဆင့်မြင့် ကျင့်ကြံသူ
ဖြစ်မှန်း သိလိုက်ရသည်။
“သခင်ကြီး... ကျွန်တော်... ကျွန်တော် မရောင်းချင်ပါဘူး”
ဖုန်းထျန်းချန်းက အလျှော့မပေးဘဲ - “ဝါဒအဆင့် မှော်လက်နက် နှစ်ခု... မဟုတ်ဘူး
သုံးခုပေးမယ်၊ ပြီးတော့ ရွှေဒင်္ဂါး ငါးသန်း။ ဒါမှ မလောက်သေးရင်
မြေကြီးအဆင့် မှော်လက်နက် တစ်ခု ပေးမယ်၊ ဘယ်လိုလဲ”
အသက်ရှည်ဆေးရည်မှာ ဖုန်းထျန်းချန်းအတွက် အသက်သဖွယ် ဖြစ်နေသည်။ သို့သော်
ရှီလုံရန်မှာ မရွေ့လျော့ပေ။ သူသည် ဤလက်မှတ်ကို
မိမိ၏သားဖြစ်သူ ရှီပင်းအန်းအတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။
“သခင်ကြီး... ကျွန်တော် တကယ် မရောင်းပါဘူး”
“ဘာ...” ဖုန်းထျန်းချန်းမှာ စိတ်မရှည်တော့ပေ။ “မင်းအသက်အရွယ်နဲ့ ဒီဆေးရည်ကို
သုံးလိုက်ရင်တောင် အူတိုင်ဖွဲ့စည်းခြင်း အဆင့်ကို မရောက်နိုင်ဘူး။
ဒါဟာ အလကား အချိန်ဖြုန်းတာပဲ မဟုတ်လား”
ဖုန်းထျန်းချန်း၏ စကားကြောင့် ရှီလုံရန်မှာ စိတ်အနှောင့်အယှက် ဖြစ်သွားသည်။
အမှန်တရားမှာ ခါးသီးလွန်းလှသည်။ ထိုအခိုက် ဖုန်းထျန်းချန်းသည်
စိတ်မထိန်းနိုင်ဘဲ အရှိန်အဝါ အကြီးကြီးကို ထုတ်လွှတ်လိုက်မိသည်။
ရှီလုံရန်မှာ ထိတ်လန့်သွားပြီး -
“သေစမ်း... ဒီအဘိုးကြီးက လူကြားထဲမှာ အတင်းအဓမ္မ လုယူတော့မလို့လား”
ပတ်ဝန်းကျင်ရှိသူများမှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ အံ့ဩနေကြသည်။ ဒီလူကြီး
ရူးနေတာလား။ ဘော့စ်ရဲ့ ဆိုင်မှာတောင် အနိုင်ကျင့်ရဲတယ်ပေါ့လေ။
***
ကံတရားကိုရောင်းစားမယ်
အခန်း (၄၆) - စီမံကိန်းအသစ်
ဖုန်းထျန်းချန်းမှာ လောဘဇောကြောင့် သတိလွတ်သွားပုံရသည်။ သူသည် ပတ်ဝန်းကျင်၏
အကြည့်များကို အမှုမထားဘဲ ရှီလုံရန်ကို အတင်းဖမ်းဆုပ်ထားသည်။
“မင်း ငါ့ကို အခွင့်အရေး မပေးတာ မဟုတ်လား”
ရှီလုံရန်မှာ တံတွေးကို အနိုင်နိုင် မြိုချလိုက်ပြီး အပေါ်ထပ်ကို ကြောက်လန့်စွာ
ငေးကြည့်လိုက်သည်။
“သခင်ကြီး... ကျွန်တော် တကယ်မရောင်းပါဘူး”
ဖုန်းထျန်းချန်း၏ မျက်လုံးများမှာ နီရဲလာပြီး သူ၏ ကြောက်မက်ဖွယ် အရှိန်အဝါများမှာ
ဆိုင်ဝင်းတစ်ခုလုံးကို လေပြင်းမုန်တိုင်းကဲ့သို့ ရိုက်ခတ်သွားသည်။ ထောင့်ရှိ
မက်မွန်ပင်မှာ ပြင်းထန်စွာ ယိမ်းထိုးသွားပြီး အထဲတွင် တရားကျင့်နေသော စီယွီ
မှာပင် လန့်ဖျပ်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားရသည်။
ရုတ်တရက်... အပေါ်ထပ်မှ အတိုင်းအဆမရှိသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာပြီး
ဖုန်းထျန်းချန်းကို ဖိနှိပ်လိုက်သည်။ သူ၏ ဝိညာဉ်နှင့်
ခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်မတတ် နာကျင်မှုကြောင့် ဒူးထောက်ကျသွားကာ
တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။
“ဘော့စ်... ခွင့်လွှတ်ပေးပါ...”
လျန်းယွမ်မှာ ထိတ်လန့်တုန်လှုပ်နေသည်။ လီယွဲ့၏ အကြည့်မှာ အလွန်ပင် ထိတ်လန့်စရာ
ကောင်းလှသည်။ ဖုန်းထျန်းချန်းမှာ နာကျင်စွာ အော်ဟစ်တောင်းပန်နေရသည်။
“ဘော့စ်... သူက စိတ်လှုပ်ရှားပြီး မှားသွားတာပါ။ ခွင့်လွှတ်ပေးပါ”
ရှီလုံရန်ကအလျင်အမြန်ပင် ဒူးထောက်၍ ဝင်ရောက် တောင်းပန်ပေးသည်။
လီယွဲ့မှာ ရှီလုံရန်၏ အကြံအစည်ကို သိရှိသော်လည်း ဂရုမစိုက်ပေ။
“မင်းတို့ တစ်ဦးနဲ့တစ်ဦး သဘောတူရင်တော့ ငါ မကန့်ကွက်ဘူး။ ဒါပေမဲ့ ငါ့ဆိုင်ထဲမှာတော့
ပြဿနာ မရှာနဲ့။ ဒါက စည်းကမ်းပဲ”
ဖုန်းထျန်းချန်းမှာ အရှိန်အဝါများ ပျောက်ကွယ်သွားပြီးနောက် မြေပြင်ပေါ်သို့
လဲကျသွားသည်။ ရှီလုံရန်မှာ သူ့အား ထူမပေးကာ
“သခင်ကြီး...စိတ်မပူပါနဲ့။ ကျွန်တော် နောက်ထပ် နံပါတ် (၈) ရရင် အရင်ဆုံး
ခင်ဗျားကိုပဲ ရောင်းပေးပါ့မယ်”
ဟု ချော့မော့ပြောဆိုသည်။ ဖုန်းထျန်းချန်းသည်
ခေါင်းငိုက်စိုက်ကျလျက် ဆိုင်ဝင်းထဲမှ ထွက်ခွာသွားတော့သည်။
ရုရီသည် သစ်သားပြားလေးတစ်ခုကို ကိုင်ဆောင်ကာ အပြင်သို့ ထွက်လာသည်။ ၎င်းမှာ
“ထီပေါက်ခြင်း’’အကြောင်းကို ရေးသားထားခြင်း
ဖြစ်သည်။ သို့သော် ဖောက်သည်များမှာ အဆင့်မြင့် လက်နက်များနှင့်
ဆေးလုံးများကိုသာ မျှော်လင့်နေကြသဖြင့် ဤကစားနည်းကို ကြည့်ပြီး အနည်းငယ်
စိတ်ပျက်သွားကြသည်။
“ဆုက ရွှေဒင်္ဂါးပဲလား...”
သူတို့မှာ အဆင့်မြင့် ပစ္စည်းများကိုသာ မြင်ဖူးနေကြသဖြင့် ဤရွှေဒင်္ဂါးဆုကို
သေးနုပ်သည်ဟု ထင်မြင်နေကြလေပြီ။