← Chapters

အခန်း (၁၁၁၁-၁၁၁၂)

Vol. 95 Ch. 1111-1112

အခန်း (၁၁၁၁-၁၁၁၂)

Vol. 95 Ch. 1111-1112

အခန်း ၁၁၁၁ - လေဟာနယ်တံခါးကို ရှာဖွေတွေ့ရှိခြင်း၊ တစ်ဖက်ခြမ်းမှာ ဘယ်သူရှိနေတာလဲ

၁၀ ကီလိုမီတာအထိ ပြန်လည်ဆုတ်ခွာသွားရသော မသေမျိုးမျိုးနွယ်စုကို ကြည့်ရင်း မသေမျိုးမျိုးနွယ်စုကို အနိုင်ယူရခြင်းမှာ ဤမျှလောက်အထိ လွယ်ကူနိုင်လိမ့်မည်ဟု ဆန်တေး တစ်ခါမျှ မတွေးခဲ့ဖူးချေ။

အကယ်၍သာ နဂါးလူသားမျိုးနွယ်စု၏ ပံ့ပိုးကူညီမှုနှင့် ထို အပြင်လူ၏ စနိုက်ပါရိုင်ဖယ်က ဝတ်ရုံနက်ဝတ်ဆင်ထားသူကို အသေပစ်ခတ်နိုင်ခြင်း မရှိခဲ့ပါက ဤတိုက်ပွဲသည် ဧကန်မလွဲ ခါးသီးပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မည်ကို သူကောင်းကောင်းသိပေသည်။

“မျိုးနွယ်စုခေါင်းဆောင် ထျန်းဝူ နဲ့ ကျွန်းပိုင်ရှင်ရှောင်းတို့ ကူညီပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ကျုပ်တို့ ဒီခံစစ်လိုင်းကို ထိန်းထားနိုင်မှာ မဟုတ်ဘူး။”

ဆန်တေးက အသံဩဩဖြင့် ပြောလိုက်သည်။

“မလိုပါဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ကျုပ်တို့က မဟာမိတ်တွေပဲ။ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ရမှာပေါ့...”

“ကျွန်းပိုင်ရှင်... မြန်မြန်လာပါဦး။ ဒီမှာ ထူးခြားတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခု ရှိတယ်။”

ကျန်းယွင်ထျန်း၏ အော်ဟစ်သံက ရှောင်းယီ၏စကားကို တိုက်ရိုက်ဖြတ်တောက်လိုက်သည်။

“သွားကြစို့။ ဘာတွေဖြစ်နေလဲ သွားကြည့်ရအောင်။”

ရှောင်းယီက ပခုံးတွန့်ပြကာ ပြန်ပြောလိုက်သည်။

ရှောင်းယီသည် ကျန်းယွင်ထျန်း၏ အသံထွက်ပေါ်လာရာဘက်သို့ ဦးဆောင်ကာ လျှောက်သွားလိုက်သည်။ အဝေးမှကြည့်လျှင်ပင် လေဟာနယ်တံခါးတစ်ခုကို ရှောင်းယီ မြင်လိုက်ရလေသည်။

ထိုအချိန်တွင် လေဟာနယ်တံခါးတွင်း၏ အခြားတစ်ဖက်ခြမ်း၌ ရှားနိုင်ငံ တိလင်းထျန်းရှားမဟာမိတ်အဖွဲ့ ရှိနေသည်။

“မဟာမိတ်ခေါင်းဆောင်... အခုလေးတင် အစီရင်ခံစာ ရထားပါတယ်။ ကျုပ်တို့ကျွန်းပေါ်မှာ ပေါ်လာတဲ့ မသေမျိုးမျိုးနွယ်စု လေဟာနယ်တံခါးတွေထဲက တစ်ခုကနေ မသေမျိုးတွေ ထွက်မလာတော့ဘူးလို့ သိရပါတယ်။”

ချင်ချင်းလုံက ဤထူးခြားဖြစ်စဉ်ကို မဟာမိတ်ခေါင်းဆောင် တိလင်ထျန်းရှား ထံ ချက်ချင်းအစီရင်ခံလိုက်သည်။

တိလင်ထျန်းရှားတစ်ယောက် ထိုသတင်းကိုကြားသော် မှင်တက်သွားခဲ့သည်။

“ဘာလဲ...ညတောင်မှောင်တော့မယ်။ ဒါတောင် မသေမျိုးတွေ ထွက်မလာဘူးလား။”

တစ်ခုခုတော့ မှားနေပြီဟု တိလင်ထျန်းရှား ခံစားလိုက်ရသည်။

“ကားပြင်ထား။ ငါကိုယ်တိုင် သွားကြည့်မယ်။”

“အာ... ဒါ နည်းနည်း အန္တရာယ်မများဘူးလား။”

ချင်ချင်းလုံက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“မဟာမိတ်အဖွဲ့ထဲမှာ စုပြုံပြီး ပုန်းအောင်းနေရင်ရော အန္တရာယ်မရှိဘူးလား။”

တိလင်ထျန်းရှားက ပြန်ပက်လိုက်သည်။

ချင်ချင်းလုံတစ်ယောက် အနည်းငယ် ဆွံ့အသွားပြီးနောက် ခေါင်းညိတ်လိုက်လေသည်။

“ကျုပ် အခုချက်ချင်း ကားသွားပြင်လိုက်ပါ့မယ်။”

မကြာမီ သူတို့သည် လေဟာနယ်တံခါး တည်ရှိရာနေရာသို့ ရောက်ရှိလာကြသည်။ ဤနေရာသည် တိလင်ထျန်းရှား စမ်းသပ်မှုများ ပြုလုပ်နေသည့် နေရာအတိအကျပင် ဖြစ်သည်။

ထိုစဉ်က မသေမျိုးမျိုးနွယ်စု လေဟာနယ်တံခါးများ၏ ဖြစ်ပေါ်မှုပုံစံကို သိရှိနိုင်ရန်အတွက် သူသည် ရှောင်းယီနှင့် ဆက်သွယ်ကာ ဤနေရာ၌ ကျွန်းအလွတ်တစ်ခုကို ချဲ့ထွင်ခဲ့ခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် မသေမျိုးမျိုးနွယ်စု လေဟာနယ်တံခါးမှာ ဤနေရာ၌ တကယ်ပင် ပေါ်လာခဲ့လေသည်။

တိလင်ထျန်းရှား မြို့ရိုးပေါ်သို့ တက်ကြည့်လိုက်ရာ တံတိုင်းများဖြင့် ဝန်းရံထားသော လေဟာနယ်တံခါးထဲမှ မသေမျိုးမျိုးနွယ်စုဝင် တစ်ကောင်တစ်လေမျှပင် ထွက်ပေါ်လာခြင်း မရှိသည်ကို တွေ့လိုက်ရတော့သည်။

“အဆင်သင့်လုပ်ထား။ ငါတို့ အောက်ဆင်းပြီး သွားကြည့်မယ်။”

တိလင်ထျန်းရှားက အနည်းငယ် စဉ်းစားပြီးနောက် ချက်ချင်း အမိန့်ပေးလိုက်သည်။

“ဒါပေမဲ့...”

ချင်ချင်းလုံက တစ်ခုခု ပြောချင်သေးသည်။ သို့သော် တိလင်ထျန်းရှားက ဖြတ်ပြောလိုက်သည်။

“အမိန့်အတိုင်း လုပ်စမ်း။”

“ဟုတ်ကဲ့ပါ။”

မကြာမီ လက်ရွေးစင်တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်ပြီး တိလင်ထျန်းရှားကိုယ်တိုင် သူတို့ကို ဦးဆောင်ကာ ဆင်းသွားခဲ့လေသည်။

တံတိုင်းအတွင်း၌ အရိုးစအမြောက်အမြား ထူထပ်စွာ ရှိနေပြီး နင်းလိုက်တိုင်း တဂျွတ်ဂျွတ်နှင့် အသံမြည်နေခဲ့သည်။

ထိုစစ်သားများမှာ အလွန်ပင် ထိတ်လန့်နေကြ၏။ ကာဘိုင်ရိုင်ဖယ်များကို ကိုင်ထားသော သူတို့၏ လက်ဖဝါးများတွင် ချွေးများပင် စိမ့်ထွက်နေခဲ့သည်။

သူတို့၏ ပစ်ခတ်အားမှာ အကန့်အသတ်ရှိပေသည်။ အကယ်၍ လေဟာနယ်တံခါးထဲမှ မသေမျိုးများ အုပ်စုလိုက် ရုတ်တရက် ထွက်လာပါက တံတိုင်း၏ အကာအကွယ်မရှိဘဲ သူတို့ ခုခံနိုင်မည် မဟုတ်ချေ။

လူတိုင်းသည် လေဟာနယ်တံခါးအနီးသို့ သတိကြီးစွာဖြင့် ချဉ်းကပ်သွားကြသည်။ တွင်းဝသို့ ရောက်သည့်တိုင်အောင် အတွင်းပိုင်းမှ မည်သည့်တုံ့ပြန်မှုမျှ မရှိသေးပေ။

ချင်ချင်းလုံက တိလင်ထျန်းရှားကို နောက်သို့ဆွဲလိုက်ပြီး ပြောလိုက်သည်။

“မင်းတို့ ဘာတွေဖြစ်နေလဲဆိုတာ အထဲဝင်ကြည့်စမ်း...။ ကိုယ့်ဘေးကင်းလုံခြုံရေးကိုယ် ဂရုစိုက်ကြ။”

ထိုလက်ရွေးစင် စစ်သားများမှာမူ ချင်ချင်းလုံကို သူတို့၏ စိတ်ထဲမှနေ၍ အသေအလဲ ဆဲရေးကြတော့သည်။

“ငါတို့ကို အရှေ့က အသေခံလွှတ်ပြီးမှ ‘ဘေးကင်းအောင် နေကြ’ ဆိုပြီး ဟန်ဆောင်နေတာလား။ ယီးကို ဘေးကင်းရမှာလား။”

ထိုစစ်သားများသည် ၎င်းတို့၏ လက်ချောင်းများကို ကာဘိုင်ရိုင်ဖယ်များ၏ မောင်းတံပေါ်တွင် အသင့်တင်ထားလိုက်ကြ၏။ မည်သူနှင့်မဆို ရင်ဆိုင်ရသည်နှင့်တစ်ပြိုင်နက် တွေဝေမနေဘဲ မောင်းခလုတ်ကို ဆွဲရန် အသင့်ဖြစ်နေခဲ့ကြသည်။

လေဟာနယ်တံခါးထဲသို့ လျှောက်ဝင်သွားပြီးနောက်တွင်မူ ထိုတွင်းကြီးမှာ အဆက်မပြတ် လည်ပတ်နေသော ဥမင်လိုဏ်ခေါင်းတစ်ခုကဲ့သို့ ဖြစ်နေသည်ကို သူတို့ တွေ့လိုက်ရလေသည်။ ဥမင်နံရံများကို စိုက်ကြည့်နေပါက ခေါင်းကို အနည်းငယ် မူးနောက်နောက်ဖြစ်စေသည်။

ထို့ကြောင့် သူတို့သည် လေဟာနယ်တံခါး၏နံရံများကို မကြည့်တော့ဘဲ ရေခဲပါးပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ အလွန်ပင် နှေးကွေးစွာဖြင့် ရှေ့သို့ ဆက်လက်တိုးဝင်ခဲ့ကြသည်။

“ဘာအသံမှ မကြားရသလိုပဲနော်။”

“အင်း... မသေမျိုးတွေရဲ့ လှုပ်ရှားမှုက အသံထွက်ရမှာလေ။ မာကျောတဲ့ အရိုးတွေနဲ့ မြေကြီးနဲ့ ထိတိုက်မိရင် အသံကတော့ ထွက်မှာပဲ။”

“အခုလို တိတ်ဆိတ်နေတာက ရှေ့မှာ မသေမျိုးတွေ မရှိတော့ဘူးလို့ ဆိုလိုတာလား။”

“အဲ့ဒါတော့ မသေချာဘူး။ ဒီလေဟာနယ်တံခါးထဲမှာ အသံက အဝေးကြီးကို မရောက်နိုင်တာမျိုးလည်း ဖြစ်နိုင်တယ်။”

အတိအကျပင် ထိုအချိန်၌ ရှေ့ဘက်မှ ခြေသံများ ရုတ်တရက် ထွက်ပေါ်လာရာ လူတိုင်း ချက်ချင်းပင် စိတ်လှုပ်ရှား တင်းမာသွားကြသည်။

လူရိပ်တစ်ခု ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူတို့သည် မည်သည့်တွေဝေမှုမျှ မရှိဘဲ ထိုလူရိပ်ထံသို့ စတင်ပစ်ခတ်ကြတော့သည်။

“ရပ်ကြစမ်း။”

တစ်ဖက်လူက အော်ဟစ်ရင်း ဘေးဘက်သို့ ချက်ချင်းခုန်ရှောင်ကာ မြေကြီးပေါ်တွင် အကြိမ်အနည်းငယ် လိမ့်သွားခဲ့သည်။

သူတို့ ပစ်ခတ်လိုက်သော ကျည်ဆန်များမှာ ထိုသူ၏ နောက်ကျောဘက်သို့သာ ကျရောက်သွားခဲ့သည်။

စစ်မှန်သော ရှားနိုင်ငံ စကားသံကို ကြားလိုက်ရသည့်အတွက် သူတို့ ချက်ချင်းပင် ပစ်ခတ်မှုကို ရပ်တန့်လိုက်ကြသည်။

ပစ်ခတ်မှု ရပ်သွားသောအခါ တစ်ဖက်လူက မတ်တပ်ရပ်လိုက်ပြီး ညည်းတွားပြောဆိုဝော့သည်။

“မင်းတို့ကောင်တွေ ပစ်မယ့်ပစ်တော့လည်း ရန်သူလား မိတ်ဆွေလားဆိုတာ သေသေချာချာ ကြည့်ကြပါဦးလားကွ။”

“နည်းပြ ကျန်းလား။”

သူတို့ထဲမှ တစ်ဦးက တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။

“နည်းပြက ဘာလို့ ဒီကို ရောက်နေတာလဲ။”

ထိုသူမှာ တိလင်ထျန်းရှားမဟာမိတ်အဖွဲ့မှ ယီရန်ပင်း မဟာမိတ်အဖွဲ့ထံသို့ စစ်ပညာသင်ယူရန် စေလွှတ်ခြင်းခံထားရသူတစ်ဦးဖြစ်ပြီး ကျန်းယွင်ထျန်း၏ တပည့်တစ်ဦးဟုပင် ဆိုနိုင်သည်။

ကျန်းယွင်ထျန်းသည်လည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“မင်းတို့က တိလင်ထျန်းရှားမဟာမိတ်အဖွဲ့ကလား။”

“ဟုတ်ပါတယ်။”

ထိုသူသည် လက်ထဲမှ ကာဘိုင်ရိုင်ဖယ်ကို ချက်ချင်းနှိမ့်ချလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“တိလင်ထျန်းရှားကို လာခဲ့ခိုင်းလိုက်။ ငါတို့ ကျွန်းပိုင်ရှင်က ဒီမှာ ရှိတယ်။”

ကျန်းယွင်ထျန်းက ထိုသို့ပြောပြီးနောက် လှည့်ထွက်သွားခဲ့သည်။

၎င်းသည် တိလင်ထျန်းရှားမဟာမိတ်အဖွဲ့ဖြစ်ကြောင်း အတည်ပြုနိုင်ပြီဖြစ်ရာ ဟိုဘက်အထိ သွားနေစရာ မလိုတော့ပေ။ ဤလေဟာနယ်တံခါးမှတစ်ဆင့် တိလင်ထျန်းရှား၏ ကျွန်းသို့ တိုက်ရိုက်ရောက်ရှိနိုင်ပေသည်။ အခြားမဟာမိတ်အဖွဲ့မှ လူတစ်ယောက်အနေဖြင့် တိလင်ထျန်းရှားမဟာမိတ်တို့၏ ကျွန်းပေါ်သို့ သွားရောက်ခြင်းမှာ သိပ်တော့ မသင့်တော်လှချေ။

တိလင်ထျန်းရှားမဟာမိတ်အဖွဲ့မှ စစ်သားများသည် နောက်သို့ ချက်ချင်းပြေးပြန်လာခဲ့လိုက်ကြသည်။

တိလင်ထျန်းရှားနှင့် ချင်ချင်းလုံတို့သည် လေဟာနယ်တံခါးအတွင်းမှ သဲ့သဲ့မျှကြားရသော သေနတ်သံကို ကြားလိုက်ရပြီးနောက် ခြေသံများ အနီးကပ်လာသည်ကို ကြားလိုက်ရသည်။

ချင်ချင်းလုံက တိလင်ထျန်းရှားကို ဆွဲကာ နောက်သို့ ခုန်ဆုတ်လိုက်၏။

အကယ်၍သာ မသေမျိုးမျိုးနွယ်စုဝင်များ တိုက်ခိုက်လာပါက အကွာအဝေးတစ်ခု ခြားထားမှသာ မြို့ရိုးပေါ်သို့ ပြန်လည်ဆုတ်ခွာရန် လွယ်ကူလိမ့်မည်ဟု သူစိုးရိမ်သောကြောင့်ပင်။

“မဟာမိတ်ခေါင်းဆောင်...သတင်းကောင်းပါလာတယ်။”

စစ်သားတစ်ဦး ပြေးထွက်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

စစ်သားများအားလုံး ဘေးကင်းသည်ကို မြင်လိုက်ရသဖြင့် ချင်ချင်းလုံတစ်ယောက် စိတ်အေးသွားခဲ့သည်။

“လေဟာနယ်တံခါးရဲ့ ဟိုဘက်ခြမ်းမှာ အခြေအနေ ဘယ်လိုရှိလဲ။”

“ယီရန်ဖင်မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ရှောင်းယီက ဟိုဘက်ခြမ်းမှာရှိနေတယ်။ သူက ခေါင်းဆောင်နဲ့ တွေ့ချင်တယ်လို့ ပြောပါတယ်။”

စစ်သားက ပြန်ဖြေလိုက်သည်။

“ရှောင်းယီက မသေမျိုး လေဟာနယ်တံခါးရဲ့ ဟိုဘက်ခြမ်းမှာ ရောက်နေတယ် ဟုတ်လား။”

ချင်ချင်းလုံနှင့် တိလင်းထျန်းရှားတို့ လုံးဝ မှင်တက်သွားကြတော့သည်။

စစ်သားက လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။

“ကျုပ်တို့ အခုလေးတင် လေဟာနယ်တံခါးထဲမှာ နည်းပြကျန်းယွင်ထျန်းနဲ့ တွေ့ခဲ့ပါတယ်။ သူကပဲ ကျုပ်တို့ကို ပြောလိုက်တာပါ။”

“မင်းတို့ မှားကြည့်မိတာတော့ မဟုတ်ဘူးမလား။”

ချင်ချင်းလုံက သံသယမကင်းသေးချေ။

“မသေမျိုးတွေက ရုပ်ဖျက်ထားတာမျိုးရော မဖြစ်နိုင်ဘူးလား။”

“သခင်ကြီးချင်...ကျုပ်တို့ လုံးဝ မမှားနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ နည်းပြကျန်းကလွဲရင် ကျန်တဲ့သူတွေက ကျုပ်တို့ရဲ့ ပစ်ခတ်မှုကို ရှောင်နိုင်မှာ မဟုတ်လို့ပဲ။”

ထိုစစ်သားက ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။

“စောစောက လေဟာနယ်တံခါးထဲက သေနတ်သံက မင်းတို့ ပစ်လိုက်တာလား။”

တိလင်းထျန်းရှားက မေးလိုက်သည်။

“ဟုတ်ပါတယ်။ ကျုပ်တို့ သတိမထားမိဘဲ မသေမျိုးတွေထင်ပြီး ပစ်လိုက်မိတာပါ။ ကံကောင်းလို့ နည်းပြကျန်း ဖြစ်နေလို့ပေါ့။ တခြားသူသာဆိုရင်တော့ မှားပြီး အသတ်ခံလိုက်ရလောက်ပြီ။”

ထိုစစ်သားက ပြန်ဖြေလိုက်သည်။ စစ်သား၏ အဖြေကို ကြားလိုက်ရသောအခါ တိလင်းထျန်းရှားက ခေါင်းညိတ်ပြပြီး လေဟာနယ်တံခါးထဲသို့ လျှောက်ဝင်သွားတော့သည်။

“မဟာမိတ်ခေါင်းဆောင် ခဏစောင့်ပါဦး။”

ချင်ချင်းလုံက ချက်ချင်းအော်ပြောလိုက်ပြီး အခြားစစ်သားများကိုပါ လှမ်းခေါ်လိုက်သည်။

“မင်းတို့က ဘာရပ်ကြည့်နေတာလဲ။ မြန်မြန်နောက်ကလိုက်ကြလေ။ မဟာမိတ်ခေါင်းဆောင် တစ်ခုခုဖြစ်သွားရင် မင်းတို့အားလုံး အသေပဲ။”

အခန်း ၁၁၁၂ - တိလင်းထျန်းရှားထံ လွှဲပြောင်းပေးခြင်း၊ နောက်ထပ်တစ်နေရာကို ကူညီခြင်းနှင့် ညစာ

ထိုစစ်သားများသည် သေနတ်များကို အသင့်အနေအထားဖြင့် မြှောက်ကိုင်ထားရင်း တိလင်းထျန်းရှား၏ နောက်မှ ကပ်လျက် အပြေးအလွှား လိုက်ပါသွားကြသည်။

ချင်ချင်းလုံသည်လည်း အနည်းငယ် တွေဝေသွားပြီးနောက် သူပါ လိုက်ပါသွားခဲ့သည်။

တိလင်းထျန်းရှားသည် တည်ငြိမ်သော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာခဲ့၏။

ထိုအချိန်တွင် ကျန်းယွင်ထျန်းမှာ ရှောင်းယီ၏ အနားသို့ ပြန်ရောက်နေပြီဖြစ်သည်။

“ကျွန်းပိုင်ရှင်... ဒီလေဟာနယ်တံခါးရဲ့ ဟိုဘက်ခြမ်းမှာရှိနေတာက အသိဟောင်းကြီးတစ်ယောက်ပဲ။”

“ဘယ်သူလဲ...။”

ရှောင်းယီက နားမလည်နိုင်စွာ မေးလိုက်သည်။

“တိလင်းထျန်းရှားလေ။”

ကျန်းယွင်ထျန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။

“တကယ်ပဲ တိလင်းထျန်းရှား မဟာမိတ်အဖွဲ့ဘက် ဖြစ်နေတာလား။”

ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားခဲ့လေသည်။

“မင်း ဟိုဘက်ကို လျှောက်မသွားခဲ့ဘူးလား။”

“ပြီးခဲ့တဲ့တစ်ခေါက်က လေ့ကျင့်ရေးဆင်းဖို့ ငါတို့ဆီ လာထားတဲ့ တိလင်းမဟာမိတ်အဖွဲ့က စစ်သားတွေနဲ့ လေဟာနယ်တံခါးထဲမှာ တည့်တည့်တိုးခဲ့တယ်လေ။”

ကျန်းယွင်ထျန်းက ရှင်းပြလိုက်သည်။

“ဟိုဘက်ကကျွန်းက တိလင်းထျန်းရှားရဲ့ ကျွန်းမှန်း သိလိုက်ရလို့ ငါလည်း ဆက်မသွားတော့တာ။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။ ထိုစဉ် လေဟာနယ်တံခါးအတွင်းမှ ခြေသံများ ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် တိလင်းထျန်းရှားကို အလယ်မှ ဝန်းရံကာကွယ်ထားသော အဖွဲ့တစ်ဖွဲ့ ထွက်လာသည်ကို တွေ့လိုက်ရတော့သည်။

ရှောင်းယီကို မြင်လိုက်ရသောအခါ တိလင်းထျန်းရှားတစ်ယောက် တကယ်ပင် အံ့ဩသွားခဲ့သည်။ ရှောင်းယီကဲ့သို့ မဟာမိတ်ခေါင်းဆောင်တစ်ဦးက သူတို့၏ လေဟာနယ်တံခါး တစ်ဖက်ခြမ်းတွင် ပေါ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။

ရှောင်းယီ ယခင်က ထုတ်ဖော်ခဲ့သော သတင်းအချက်အလက်များအရ လေဟာနယ်တံခါး၏ အခြားတစ်ဖက်ခြမ်းမှာ ဤကမ္ဘာက မသေမျိုးမျိုးနွယ်စုကို တိုက်ခိုက်နေသည့် ရှေ့တန်းစစ်မျက်နှာ ဖြစ်ရပေမည်။

မဟာမိတ်ခေါင်းဆောင်တစ်ဦးအနေဖြင့် နောက်တန်းမှာ မနေဘဲ ရှေ့တန်းအထိ ပြေးလာခြင်းမှာ ‘ပညာရှိသော် အားကိုးရာရသည်’ ဆိုသည့်အတိုင်း အရည်အချင်းရှိလွန်း၍ သတ္တိရှိနေခြင်းလား သို့မဟုတ် မဆင်မခြင် စိတ်လိုက်မာန်ပါ လုပ်ဆောင်ခြင်းလားဆိုသည်ကို သူ တကယ်ပင် မဝေခွဲနိုင်တော့ချေ။

“မဟာမိတ်ခေါင်းဆောင်ရှောင်း ခင်ဗျားကို ဒီမှာတွေ့ရလိမ့်မယ်လို့ ကျုပ် လုံးဝ မမျှော်လင့်ထားဘူး။”

တိလင်းထျန်းရှားက လက်ယှက် နှုတ်ဆက်ရင်း ပြောလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။

“ကျုပ်လည်း မမျှော်လင့်ထားပါဘူး။ မသေမျိုးတွေကို ၁၀ ကီလိုမီတာလောက် ပြန်ဆုတ်ခွာအောင် တွန်းထုတ်ပြီးတဲ့အချိန်မှာ သူတို့အရင်ရှိခဲ့တဲ့ နေရာမှာ ဒီလေဟာနယ်တံခါးကို ရှာတွေ့ခဲ့တာ။ ကျုပ်က အခြားနိုင်ငံက အသက်ရှင်ကျန်ရစ်သူတွေရဲ့ ကျွန်းနဲ့ ဆက်နေတာ ဖြစ်မယ်လို့ပဲ ထင်နေခဲ့တာလေ။”

“ဟုတ်တယ်။ ကျုပ်တို့လည်း ဒီလေဟာနယ်တံခါးထဲကနေ မသေမျိုးတွေ ထွက်မလာတော့တာကို ရုတ်တရက် သတိထားမိလို့ ဝင်စစ်ကြည့်တာပါ။”

တိလင်းထျန်းရှားက ပြန်ဖြေလိုက်သည်။

ချင်ချင်းလုံသည်လည်း နောက်မှ လိုက်ထွက်လာခဲ့ပြီး ရှောင်းယီကို ဤနေရာ၌ တကယ်တွေ့လိုက်ရသောအခါ အလွန်အမင်း အံ့ဩသွားခဲ့သည်။

ထို့အပြင် လူတစ်ပိုင်း မြင်းတစ်ပိုင်း မျိုးနွယ်နှင့် နဂါးလူသားများကိုပါ မြင်လိုက်ရသောအခါ သူ၏ မျက်နှာပေါ်မှ တုန်လှုပ်မှုကို ဖုံးကွယ်ရန် ပို၍ပင် ခက်ခဲသွားတော့သည်။

“မိတ်ဆက်ပေးပါရစေ။ ဒါက လူဆန်တောမျိုးနွယ်စုရဲ့ ခေါင်းဆောင် ဆန်တေး ပါ။”

“ဒါကတော့ နဂါးလူသားမျိုးနွယ်စုရဲ့ ခေါင်းဆောင် ထျန်းဝူ ဖြစ်ပဲ။ ဒါကတော့ နဂါးလူသားမျိုးနွယ်စုရဲ့ နောက်ထပ် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရွှမ်းချီ။”

“ပြီးတော့ ဒါကတော့ နတ်သူငယ်မျိုးနွယ်စုရဲ့ ခေါင်းဆောင် ဖီးလစ်ပါ။”

ရှောင်းယီက ထိုနေရာတွင်ရှိနေသော မျိုးနွယ်စုခြား ခေါင်းဆောင်အားလုံးနှင့် မိတ်ဆက်ပေးလိုက်သည်။

ထိုခေါင်းဆောင်များက တိလင်းထျန်းရှားကို ခေါင်းအသာအယာ ညိတ်ပြလိုက်ကြသည်။

တိလင်းထျန်းရှားက လက်ယှက် ပြန်နှုတ်ဆက်လိုက်သည်။

“ကျုပ်က တိလင်း မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် တိလင်းထျန်းရှားပါ။”

“ဒီလေဟာနယ်တံခါးက ခင်ဗျားတို့ မဟာမိတ်အဖွဲ့နဲ့ ချိတ်ဆက်နေတာဆိုတော့ အချင်းချင်း ကောင်းကောင်း ဆက်သွယ်ထားကြပေါ့။ အနာဂတ်မှာ မသေမျိုးတွေကို တိုက်ထုတ်ဖို့ လက်တွဲလုပ်ဆောင်ရမှာပဲလေ။”

ရှောင်းယီက ပြောလိုက်သည်။ ဆန်တေးက ခေါင်းညိတ်ပြလိုက်သည်။

“ကျုပ်က ဒီကဏ္ဍကို ခုခံကာကွယ်ဖို့ တာဝန်ယူထားတဲ့ ဆန်တောမျိုးနွယ်စုခေါင်းဆောင် ဆန်တေးပါ။ အနာဂတ်မှာ ကျုပ်ကို လမ်းညွှန်ပြသပေးပါဦး။”

တိလင်းထျန်းရှားမှာမူ ကြောင်တောင်တောင် ဖြစ်သွားခဲ့လေသည်။ သူသည် ရှောင်းယီ မဟုတ်သလို တယ်လီပသီစွမ်းရည်လည်း မရှိရာ တစ်ဖက်လူ ဘာပြောနေသည်ကို သူ နားမလည်နိုင်ပေ။

ထို့ကြောင့် ရှောင်းယီမှာ အသံထွက်၍ ဘာသာပြန်ပေးလိုက်ရတော့သည်။

တိလင်းထျန်းရှားက ဆန်တေးကို တစ်ဖန် လက်ယှက်နှုတ်ဆက်ပြီး ပြောလိုက်သည်။

“ကျုပ်က လမ်းညွှန်ပေးရမယ့်အထိတော့ မဟုတ်ပါဘူး။ အချင်းချင်း ပိုပြီး ဆက်သွယ်ကြတာပေါ့။”

ထိုစကားစုကို ဘာသာပြန်ပေးပြီးနောက် ရှောင်းယီက အကြံပေးလိုက်သည်။

“မဟာမိတ်ခေါင်းဆောင် တိလင်း ခင်ဗျားတို့အနေနဲ့ ဆန်တောမျိုးနွယ်စုရဲ့ ပံ့ပိုးမှုရထားတဲ့ အခြားမဟာမိတ်အဖွဲ့တစ်ခုကို ရှာပြီး စကားပြန်အဖြစ် လုပ်ပေးဖို့ လူတစ်ယောက် လွှတ်ပေးဖို့ တောင်းဆိုထားသင့်တယ်။”

“ကောင်းပါပြီ။ ကျုပ် ပြန်ရောက်တာနဲ့ ချက်ချင်း ရှာလိုက်ပါ့မယ်။”

တိလင်းထျန်းရှားက ပြောလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်ပြလိုက်၏။

“ဒီဘက်ခြမ်းကို ခင်ဗျားတို့ဆီပဲ လွှဲထားခဲ့မယ်။ ဆန်တော မျိုးနွယ်စုနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ ခင်ဗျားတို့ ဒီနေရာကို ခုခံကာကွယ်နိုင်မှာပါ။”

“ဟုတ်ကဲ့။ ပြဿနာမရှိပါဘူး။”

တိလင်းထျန်းရှားက ပြန်ဖြေလိုက်သည်။

ထို့နောက် ရှောင်းယီသည် နဂါးလူသားမျိုးနွယ်နှင့် နတ်သူငယ်မျိုးနွယ်စုဝင်များကို လှမ်းခေါ်လိုက်တော့သည်။

“သွားကြစို့။ နောက်ထပ် ကူညီပံ့ပိုးပေးဖို့ လိုအပ်နေတဲ့နေရာက ဘယ်မှာလဲဆိုတာ သွားကြည့်ရအောင်။”

“ဟုတ်ကဲ့...။”

ထျန်းဝူနှင့် အခြားသူများက တုံ့ပြန်လိုက်ကြသည်။

ရှေ့တန်းစစ်မျက်နှာသို့ ရောက်ရှိနေကြသော ထျန်းဝူကဲ့သို့ နဂါးလူသားများသည် ရှောင်းယီကို အလွန်ပင် ကျေးဇူးတင်နေကြလေသည်။ သူတို့ကို ကာကွယ်ရေးဝတ်စုံ အမြောက်အမြား အခမဲ့ပေးအပ်ခဲ့သည့်အတွက် ဤအပြင်လူမှာ အမှန်တကယ်း ယုံကြည်ထိုက်သူဖြစ်ကြောင်း သူတို့ အသိအမှတ်ပြုနေကြပြီဖြစ်သည်။

ယာဉ်တန်းမှာ ရှေ့သို့ ဆက်လက်ထွက်ခွာလာခဲ့သည်။ ရှောင်းယီနှင့် အခြားသူများသည် စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်ပေါ်တွင် နေရာမရှုပ်စေရန်အတွက် မြို့ပြန်ကျောက်ကို အသုံးပြုကာ မဟာမိတ်အဖွဲ့ထံသို့ ပြန်သွားခဲ့ကြသည်။ သူတို့ကို အချိန်မရွေး ဆက်သွယ်နိုင်ပြီး နောက်ထပ်နေရာသို့ ရောက်ရှိ၍ သူတို့အကူအညီလိုအပ်ပါက ချက်ချင်း ပြန်လာနိုင်ပေသည်။

ထျန်းဝူ၏ ပြောပြချက်အရ နောက်ထပ် ကူညီပံ့ပိုးရန် လိုအပ်သောနေရာမှာ ကီလိုမီတာ တစ်ထောင်ခန့် ဝေးပြီး အရှိန်ပြင်းပြင်း မောင်းနှင်လျှင်ပင် အနည်းဆုံး ငါးနာရီခန့် ကြာမြင့်မည် ဖြစ်သည်။ ထို့ကြောင့် ရှောင်းယီတို့အဖွဲ့အနေဖြင့် ကားပေါ်တွင် ငါးနာရီကြာ အချိန်ဖြုန်းနေရန် မလိုတော့ချေ။

မဟာမိတ်အဖွဲ့ထံ ပြန်ရောက်ပြီးနောက် ရှောင်းယီသည် စားဖိုဆောင် ဝန်ထမ်းများကို အဆင့်မြင့်အစားအစာများဖြင့် ထမင်းဘူးများ အမြောက်အမြား ပြင်ဆင်ခိုင်းလိုက်ပြီး လမ်းခရီးတွင်ရှိနေသော ထျန်းဝူနှင့် အခြားသူများထံသို့ ကုန်သွယ်မှုစနစ်မှတစ်ဆင့် ပေးပို့လိုက်လေသည်။

ယာဉ်တန်းခေါင်းဆောင်သည် ထိုကုန်သွယ်မှုကို လက်ခံရရှိပြီးနောက် ယာဉ်တန်းကို ချက်ချင်းရပ်နားရန် အမိန့်ပေးလိုက်သည်။

“ဘာလို့ ရပ်လိုက်တာလဲ။”

ထျန်းဝူက လျှောက်လာပြီး မေးလိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင် ထျန်းဝူ... ကျွန်းပိုင်ရှင်က ကျုပ်တို့အတွက် ညစာ ပြင်ပေးလိုက်လို့ပါ။ အားလုံးပဲ မိနစ်အနည်းငယ်လောက် အချိန်ယူပြီး စားကြရအောင်။ ပြီးမှ ခရီးဆက်ကြတာပေါ့။”

ယာဉ်တန်းခေါင်းဆောင်က ပြုံးကာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ထျန်းဝူ မှင်တက်သွားခဲ့သည်။ ယခင်က သူတို့သည် ခရီးသွားနေစဉ်တွင် တစ်နေ့လျှင် တစ်နပ်သာ စားလေ့ရှိသည်။ ထျန်းဝူသည် ယနေ့ညစာကို ရှေ့တန်းသို့ရောက်မှသာ စားရမည်ဟု ထင်ထားခဲ့သော်လည်း ယခုကဲ့သို့ စားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အစားအသောက်အကြောင်း မပြောခင်က အကောင်းဖြစ်သော်လည်း ညစာအကြောင်း ကြားလိုက်ရသည်နှင့် ထျန်းဝူ၏ ဗိုက်ထဲမှ တဂူးဂူးနှင့် အသံများ မြည်လာတော့သည်။

သူက ယာဉ်တန်းခေါင်းဆောင်ကို အားနာဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“တကယ် အားနာပါတယ်။”

“အားနာနေစရာ မလိုပါဘူး။ ကားတစ်စီးချင်းစီက လူတစ်ယောက်စီလာပြီး အစားအသောက်တွေ ယူသွားကြပါ။ မဝသေးရင် ထပ်လာယူလို့ ရပါတယ်။”

ယာဉ်တန်းခေါင်းဆောင်က ထျန်းဝူထံသို့ ထမင်းဘူး ငါးဘူး ကမ်းပေးလိုက်သည်။

“ကောင်းပါပြီ။”

ထျန်းဝူ ခေါင်းညိတ်ကာ ပြန်သွားပြီး အမိန့်ကို လက်ဆင့်ကမ်းလိုက်သည်။

“အခု စားရတော့မှာလား။ ဒါ တကယ် အံ့ဩဖို့ကောင်းတာပဲ။”

“ဟုတ်တယ်။ အရင်ကဆိုရင် ငါတို့ ထောက်ပံ့ရေးအဖွဲ့တွေက ဒီလောက်မြန်မြန် ပစ္စည်းရောက်အောင် မပို့နိုင်ခဲ့ဘူး။”

“ကျွန်းပိုင်ရှင်ရှောင်းကတော့ တကယ့်ကို အံ့မခန်းပါပဲ။ သူတို့ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က တကယ် အသုံးဝင်တယ်။ အဖွဲ့နဲ့အတူ တစ်ခုပါလာတာကတင် အများကြီး ပိုပြီး အဆင်ပြေသွားပြီ။”

စကားပြောနေကြရင်း လူတိုင်း ထမင်းဘူး တစ်ဘူးစီ ရရှိသွားကြသည်။ ဘူးကို ဖွင့်ကြည့်လိုက်သောအခါ အားလုံး မှင်တက်သွားကြရပြန်သည်။

“အရမ်း မွှေးတာပဲ။”

“ဒါနဲ့ ယှဉ်လိုက်ရင် အရင်က ငါတို့စားခဲ့တဲ့ အစာတွေက ဝက်စာတွေကျနေတာပဲ။”

“အမ်... မင်းတို့ကလည်း ဘာတွေ ပြောနေတာလဲ။ မြန်မြန်စားကြစမ်းပါ။ ဒါတွေက အဆင့်မြင့်အစားအစာတွေပဲ ဖြစ်မယ်။”

“မဖြစ်နိုင်တာ...။ ငါတော့ ဒီတစ်ဘူးကုန်ရင် နောက်တစ်ဘူး ထပ်စားပစ်ဦးမယ်။”

“ခေါင်းဆောင်က ၁၀ မိနစ်ပဲ အချိန်ပေးထားတာနော်။ ဘယ်နှစ်ဘူးစားစား ကန့်သတ်မထားဘူး။ ဒါပေမဲ့ ၁၀ မိနစ်ပြည့်တာနဲ့ ချက်ချင်း ထွက်ခွာရမယ်။”

“ဒါဆို ငါ တကယ် မြန်မြန်စားရတော့မယ်။ မဟုတ်ရင် ၅ ဘူးပဲ စားနိုင်လိမ့်မယ်။”

“မင်းက ဘယ်နှစ်ဘူးတောင် စားချင်နေတာလဲ။ ဗိုက်ကို အရမ်းကြီး ကားအောင် မစားနဲ့ဦး။ ခဏနေရင် တိုက်ပွဲရှိသေးတယ်။”

လူတိုင်း စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး ငတ်မွတ်နေကြသူများကဲ့သို့ ခေါင်းငုံ့ကာ အငန်းမရ စားသောက်ကြတော့သည်။ အများစုမှာ သုံးဘူးခန့် စားကြပြီး အချို့မှာ ငါးဘူးထက်ပင် ပို၍ စားခဲ့ကြသည်။

“အချိန်ပြည့်ပြီ။ ထမင်းဘူးခွံတွေကို အကုန်သိမ်းပြီး ယာဉ်တန်းခေါင်းဆောင်ဆီ ပို့လိုက်ကြ။”

ထျန်းဝူက အမိန့်ပေးလိုက်သည်။

ငတ်မွတ်နေသော သရဲတစ္ဆေများကဲ့သို့ စားသောက်နေကြသည့် ထျန်းဝူတို့အဖွဲ့နှင့် နှိုင်းယှဉ်လျှင် ရွှမ်းချီနှင့် ဖီးလစ်တို့၏ မျိုးနွယ်စုများမှာ ပို၍ ယဉ်ကျေးသိမ်မွေ့စွာ စားသောက်ခဲ့ကြ၏။ ရှောင်းယီသည် သူတို့ကို ဗိုက်ဆာအောင် ထားမည်မဟုတ်ကြောင်း သူတို့ သိထားပေသည်။ ထို့ပြင် ပေးအပ်သော အစားအစာအားလုံးမှာလည်း အဆင့်မြင့်အစားအစာများပင် ဖြစ်သည်။

ညစာ စားသောက်ပြီးနောက် ယာဉ်တန်းမှာ ခရီးကို တစ်ဖန် ပြန်လည်စတင်ခဲ့ကြသည်။

ထိုထမင်းဘူးခွံများကို ဆေးကြောနေရန် မလိုဘဲ စူပါအစိတ်အပိုင်းဖြုတ်စက်ကို အသုံးပြုကာ အခြေခံကုန်ကြမ်းပစ္စည်းများအဖြစ် တိုက်ရိုက် ပြန်လည်ဖြိုခွဲလိုက်သည်။

ယနေ့ တွေ့ရှိခဲ့သော တိလင်းမဟာမိတ်အဖွဲ့နှင့် ဆက်သွယ်ထားသည့် လေဟာနယ်တံခါးက ရှောင်းယီအား မသေမျိုးမျိုးနွယ်စုကို ခုခံတွန်းလှန်ရာတွင် အကြံဉာဏ်သစ်များ ပေးစွမ်းခဲ့ပေသည်။

All Chapters