အခန်း (၈၅၆-၈၅၈)
Vol. 58 Ch. 856-858
အပိုင်း ( ၈၅၆ ) မရင်းနှီးသော မြေပြင်အနေအထား
ပထမကယ်ဆယ်ရေးတပ်မတော်မှာ သူတော်စင် သုံးပါး လိုက်ပါလာခဲ့တယ်..။ တစ်ယောက်က အစိုးရအပေါ် သစ္စာရှိသူဖြစ်ပြီး ကျန်တဲ့နှစ်ယောက်ကတော့.. ကျန်တဲ့နှစ်ယောက်က
ကြီးမြတ်တဲ့ ကလန် တွေက လွှတ်လိုက်တဲ့သူတွေပါ..။
ပုံမှန်အမြင်အရတော့ ဗာလာ နဲ့ ဆောင် ကလန်တို့ဟာ တောင်ပိုင်းစတုတ္ထနယ်မြေ စစ်ဆင်ရေးမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့ကြပါတယ်..။ သို့ပေမဲ့ တရားဝင်အနေနဲ့တော့ သူတို့ဟာ ဟန်ချက်ညီဖို့ ထိန်းထားရဆဲပါပဲ..။ ဒီအကြောင်းပြချက်ကြောင့်ပဲ ကလန်တစ်ခုချင်းစီက ကယ်ဆယ်ရေးလုပ်ငန်းစဉ်ကို ထောက်ပံ့ဖို့အတွက် အင်အားအနည်းငယ်စီ ပေးထားခဲ့ပြီး.. အခုပြောတဲ့ သူတော်စင် နှစ်ယောက်က အဲဒီအင်အားစုတွေကို ဦးဆောင်ရတာပါ..။
ဆန်နီ ဟာ ဒီ အထွတ်အထိပ်အဆင့် တွေက ဘယ်သူတွေလဲဆိုတာ မသိခဲ့ပါဘူး..။ သူသိတာကတော့ အစိုးရဟာ ပညာရှိစွာနဲ့ပဲ သူတို့ကို တစ်နေရာတည်းမှာ မထားဘဲ ခွဲထုတ်ထားလိုက်တယ် ဆိုတာပါပဲ..။ တစ်ယောက်ကို အရှေ့အန္တာတိကဆီ ပို့လိုက်ပြီး နောက်တစ်ယောက်ကတော့ အန္တာတိက အလယ်ပိုင်းကို ရောက်လာခဲ့တာပါ..။
အခုတော့ အဲဒီနောက်ဆုံးတစ်ယောက်ကအားကောင်းတဲ့ ပျက်ပြားခြင်းအဆင့် သတ္တဝါ ကို သုတ်သင်ရာမှာ အထူး တပ်ဖွဲ့ကို ကူညီဖို့ အတွက် လာနေပြီလို့ သိရပါတယ်..။ ဒီအပေါ်မှာ သူ ဘယ်လိုခံစားရမလဲဆိုတာ သေချာ မသိတော့ပါဘူး..။
တစ်ဖက်မှာလည်း သူတော်စင် တစ်ပါးရဲ့ အကူအညီက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမဲ့အရာပါ..။ ဒါပေမဲ့ တစ်ဖက်မှာတော့.. သူ အန္တာတိက စစ်ဆင်ရေးမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းရင်းတွေထဲကတစ်ခုက ကလန်ကြီးတွေနဲ့ ဝေးရာကို ထွက်ပြေးဖို့ပဲလေ..။
အခုတော့ အုပ်စိုးသူတွေ ၊ သူတို့ရဲ့ အင်အားစုတွေနဲ့ ထိတွေ့ရမှာကို သူ ဘယ်လိုမှ ရှောင်လွှဲလို့ မရနိုင်တော့တဲ့ပုံပါပဲ..။
' ချီးတဲ့မှပဲ ..'
ဆန်နီ သက်ပြင်းချလိုက်ပြီး လူစတာ ဆီကို ဆုံရပ်ရဲ့ ကိုဩဒိနိတ်တွေကို ပို့ပေးလိုက်တယ်။ပြီးတာနဲ့ မောင်းနှင်သူရဲ့ အခန်းဆီ လျှောက်သွားလိုက်ပါတယ်..။
"ငါတို့မှာ အမိန့်အသစ် ရှိတယ်..။ ဒီနေရာကို အမြန်ဆုံးရောက်အောင် မောင်းလိုက်တော့.."
လူငယ်လေးက သမ်းဝေလိုက်ပြီး ကိုဩဒိနိတ်တွေကို ခနလောက် လေ့လာကာ ခေါင်းညိတ်ပြပါတယ်..။
"ဟုတ်ကဲ့ပါ ဆျာ.."
သူက ခနလောက် တုံ့ဆိုင်းနေပြီးမှ..
"ဟို.. ဒါနဲ့ အဲဒီမှာ ဘာရှိလို့လဲ.."
ဆန်နီ ဂရုမစိုက်တဲ့ ပုံစံနဲ့ ပုခုံးတွန့်ပြလိုက်တယ်..။
"ပျက်ပြားခြင်းအဆင့် တိုင်းရန့် လား..။ အဲ့လိုမျိုး တစ်ခုခုပဲ.."
လူစတာ မျက်နှာ ဖြူလျော့သွားပြီး သူ့ကို မျက်လုံးအပြူးသားနဲ့ စိုက်ကြည့်ကာ ရုတ်တရက် ငြိမ်သက်သွားခဲ့တယ်..။
ရိုင်နို ဟာ တပ်မဟာရဲ့ ချီတက်စစ်ကြောင်းထဲကနေ ခွဲထွက်ပြီး ရှေ့ကို အရှိန်မြှင့် ထွက်ခွာခဲ့ပါတယ်..။ နှေးကွေးတဲ့ ယာဉ်တွေကို အမြန်ကျော်တက်သွားခဲ့တယ်..။ ယင်းနောက်မှာတော့ လမ်းမကြီးပေါ်ကနေ ရုတ်တရက် ကွေ့ချလိုက်ပြီး မညီမညာဖြစ်နေတဲ့ မြေပြင်ထဲကို ဝင်ရောက်သွားခဲ့ပါတယ်..။ သူ့ရဲ့ ကြီးမားတဲ့ ဘီးတွေက ရွှံ့တွေနဲ့ ကျောက်တုံးတွေကို အလွယ်တကူ ကျော်ဖြတ်သွားနိုင်ခဲ့တယ်..။
အဆင့်မြင့် ဆိုင်းထိန်းစနစ်ကြောင့် အဖွဲ့သားတွေက လှုပ်ခါမှုကို သိပ်မခံစားရပါဘူး..။
နောက်ထပ် နာရီအနည်းငယ်အတွင်းမှာတော့ သံချပ်ကာယာဉ်ဟာ အန္တာတိက အလယ်ပိုင်းရဲ့ တောရိုင်းမြေပြင်ကို အရှိန်အဟုန်နဲ့ ဖြတ်ကျော်သွားခဲ့ပါတယ်..။ ရိုင်နို ရဲ့ အမိုးပေါ်မှာ တပ်ဆင်ထားတဲ့ အစွမ်းထက် မီးမောင်းကြီးတွေက ရှေ့က မြင်ကွင်းကို စူးရှတဲ့ အလင်းတန်းကြီးတွေနဲ့ ဖြာကျစေပြီး အမှောင်ထုကို ပိုင်းဖြတ်သွားခဲ့တယ်..။ အာရုံခံကိရိယာ အမျိုးမျိုးကလည်း ယာဉ်မောင်းနှင်ရတာ ပိုလွယ်ကူစေဖို့
လူစတာ ကို အချက်အလက်တွေ ထောက်ပံ့ပေးနေခဲ့ပါတယ်..။
အန္တာတိက အလယ်ပိုင်းဟာ.. ဆန်နီ ရထားစီးတုန်းက ခနတာ မြင်ခဲ့ရတဲ့ အာရှတိုက်ရဲ့ တောရိုင်းမြေပြင်နဲ့ အတော်လေး ကွဲပြားနေခဲ့တယ်..။ အသက်မဲ့နေတာကတော့ အတူတူပဲ ဆိုပေမဲ့ ပုံစံချင်းတော့ မတူပါဘူး..။ ဒီနေရာမှာ အရင်က စစ်ပွဲတွေနဲ့ ဘေးအန္တရာယ်တွေရဲ့ အမှတ်အသားတွေ နည်းပေမဲ့ တစ်ဖက်မှာတော့ မြေပြင်က ပိုပြီးတော့တောင် လူသူကင်းမဲ့နေသလို ခံစားရပါတယ်..။
မြေပြင်အနေအထားကလည်း ပိုပြီး မညီမညာဖြစ်နေသလို တောင်ထူထပ်နေခဲ့တယ်..။ အဓိကအားဖြင့် မြေထုအများစုက ကြီးမားတဲ့ တောင်တန်းကြီးတွေနဲ့ ဖုံးလွှမ်းနေတာပါ..။ ဒါကြောင့် အဝေးကို လှမ်းမြင်ရဖို့ ခက်ခဲနေတတ်ပြီး အနားကို ချဉ်းကပ်လာတဲ့ ခြိမ်းခြောက်မှုတွေကို သတိပြုမိဖို့ မလွယ်ကူပါဘူး..။ ထပ်ပြောရရင် မြေပြင်ပုံသဏ္ဌာန် ကိုယ်တိုင်က ထူးဆန်းပြီး ဂြိုဟ်သားတွေရဲ့ နယ်မြေလို ဖြစ်နေခဲ့တယ်..။
ဒါကလည်း အံ့သြစရာတော့ မဟုတ်ပါဘူး..။ ဘာပဲဖြစ်ဖြစ် အန္တာတိကဟာ နှစ်သန်းပေါင်းများစွာကြာအောင် ရေခဲတွေအောက်မှာ ဖုံးလွှမ်းနေခဲ့တာဖြစ်ပြီး.. မကြာသေးခင်ကမှ ဒီလေးလံတဲ့ အကာအကွယ်ကြီးကို ဖယ်ရှားပစ်ခဲ့တာပါ.။ ကြီးမားတဲ့ ရေခဲမြစ်တွေရဲ့ ရွှေ့လျားမှုက ထူးဆန်းတဲ့ အရာများစွာကို ချန်ထားခဲ့တာ အမှန်ပါပဲ။
ရိုင်နို ကတော့ ခက်ခဲတဲ့ မြေပြင်အနေအထားကို ကျော်ဖြတ်ရာမှာ အံ့ဩစရာကောင်းတဲ့ အလုပ်ကို လုပ်ဆောင်နေခဲ့တယ်..။ သူက ဆုံရပ်ဆီကို လုံလောက်တဲ့ အရှိန်နဲ့ ဦးတည်နေပြီး.. တစ်ခါတစ်ရံမှာ ရှိပြီးသား လမ်းတွေကို အသုံးချသလို.. တစ်ခါတစ်ရံမှာတော့ လူသူမသုံးရသေးတဲ့ တောရိုင်းမြေပြင်ကို ဖြတ်ကျော်သွားလေ့ ရှိပါတယ်..။သူက မြင့်မားတဲ့ တောင်ကုန်းတွေနဲ့ တောင်စွန်းတွေကို တက်လိုက်ဆင်းလိုက် လုပ်ရင်း.. အေးခဲနေတဲ့ စိမ့်မြေတွေကို ဖြတ်ကျော်နေခဲ့တယ်။လူစတာ ရဲ့ ထိန်းချုပ်မူအောက်မှာပဲ.. ကြီးမားတဲ့ ကျောက်ဆောင် ဝင်္ကပါတွေကို အလွယ်တကူ ကျော်ဖြတ်နေခဲ့ပါတယ်..။
ဆန်နီ့ကို တင်းမာမှု ဖြစ်စေတဲ့ အချက်တစ်ခုရှိရင် အဲ့ဒါက အဝေးကို ကြိုတင်လှမ်းမြင်ဖို့ သိပ်မဖြစ်နိုင်တာပါပဲ..။ ဒီရက်ပိုင်းမှာ တောင်ပိုင်းစတုတ္ထနယ်မြေ က အရင်လို အသက်မဲ့မနေတော့ပေ..။ ဒါပေမဲ့ ဒီနယ်မြေထဲမှာ ပျံ့နှံ့နေတဲ့ သက်ရှိတွေကတော့ နိုးထခြင်း ကမ္ဘာက ဘယ်သူကမှ မကြိုဆိုချင်တဲ့ သားရဲအမျိုးအစားတွေ ဖြစ်နေခဲ့ပါတယ်။
နောက်ဆုံးမှာတော့ သူ သက်ပြင်းချလိုက်ပြီး အပေါ်ဘက် တံခါးတစ်ခုကနေတစ်ဆင့် ရိုင်နို ရဲ့ အမိုးပေါ်ကို တက်လိုက်ပါတယ်..။ ဆမ်မာရာ က အိပ်မက်နယ်မြေထဲကနေ ပြန်မလာသေးတာကြောင့်.. ဆန်နီ ဟာ အဝေးပစ် တိုက်ခိုက်မှု လုပ်နိုင်တဲ့ တစ်ဦးတည်းသော အဖွဲ့ဝင် ဖြစ်နေခဲ့တယ်..။ဆန်နီဟာ တံခါးအဖုံးကို သုံးပြီး အေးစက်တဲ့ လေပြင်းတွေဒဏ်ကနေ ကာကွယ်ရင်း..မော်ဂန်ရဲ့ စစ်ပွဲလေး ကို ဆင့်ခေါ်လိုက်ပါတယ်။ပြီးတာနဲ့ ရွေ့လျားနေတဲ့ ယာဉ်ရဲ့ ပတ်ဝန်းကျင် အမှောင်ထုထဲကို စူးစမ်းကြည့်လိုက်တယ်..။
နောက်ထပ် နာရီအနည်းငယ်အတွင်းမှာတင် သူက လေးကို သုံးကြိမ်လောက် အသုံးပြုခဲ့ရပါတယ်..။ လမ်းလွဲနေတဲ့ သားရဲအချို့က ရိုင်နို ရဲ့ လမ်းကြောင်းပေါ် ရောက်လာခဲ့ပေမဲ့.. အနားမကပ်နိုင်ခင်မှာပဲ လျင်မြန်တဲ့ အနက်ရောင် မြှားတစ်စင်းရဲ့ သတ်ဖြတ်မှုကို ခံလိုက်ကြရတယ်..။ ကံကောင်းတာက သူတို့ထဲမှာ ဘယ်သူမှ အရမ်း အစွမ်းမထက်သလို အန္တရာယ်ရှိတဲ့ ချုံခိုတိုက်ခိုက်မှုမျိုးလည်း မလုပ်နိုင်ခဲ့ကြပါဘူး..။
'အခုချိန်ထိပေါ့..'
မွန်းတည့်ချိန် ရောက်တဲ့အခါမှာလည်း.. မနက်.. ညနေ.. ည တွေနဲ့ အတူတူပါပဲ..။မကြာခင်မှာတော့ ရိုင်နို ဟာ သေးငယ်တဲ့ ကင်းစခန်းပျက်တစ်ခုဆီကို ရောက်ရှိသွားခဲ့ပါတယ်..။ကျိုးပဲ့နေတဲ့ တံတိုင်းတစ်ခုရဲ့ အရိပ်အောက်မှာ ရိုင်နို နဲ့ ဆင်တူတဲ့ ယာဉ်နှစ်စီး ရပ်ထားတာကို တွေ့လိုက်ရတယ်..။ မီးပုံတစ်ခုရဲ့ ဘေးမှာတော့ လူအနည်းငယ် စုရုံးပြီး အေးအေးဆေးဆေး စားသောက်နေကြတာကို မြင်နိုင်ပါတယ်..။
လူစတာ က ယာဉ်ကို ရပ်လိုက်တာနဲ့ ဆန်နီ ဟာ အမိုးပေါ်ကနေ ခုန်ဆင်းပြီး မီးပုံဆီ လျှောက်သွားလိုက်တယ်..။မီးတောက်ရဲ့ လိမ္မော်ရောင် အလင်းရောင်တွေက သူ့ရဲ့ သံချပ်ကာ သတ္တုပေါ်မှာ ဟပ်နေခဲ့ပါတယ်..။
"ဘာတွေ စားသောက်နေကြတာလဲ.."
ဘုရင်မ နဲ့ ဝိဥာဥ် ရိတ်သိမ်းသူ တို့ အဖွဲ့သားတွေက သူ့ကို သနားစာ အမူအရာတွေနဲ့ ကြည့်လိုက်ကြတယ်..။
"ဒါက.. ရေနွေးပါပဲ ဆျာ..။ ကျွန်တော်တို့ ယာဉ်တွေရဲ့ ကုန်တင်နိုင်စွမ်းက ကန့်သတ်ချက် ရှိနေလို့ ဒီထက်ကောင်းတာတွေ မသယ်လာနိုင်လို့ပါ.."
သူ ခေါင်းခါလိုက်ပြီး တပ်မက်ခြင်းသေတ္တာ ကို ဆင့်ခေါ်လိုက်ပါတယ်..။ ကြီးမားတဲ့ သေတ္တာကြီးက လက်တွေ့ကမ္ဘာမှာ ပေါ်လာပြီး သူ့ရဲ့ သွားတွေပါတဲ့ ပါးစပ်ကြီးကို ဖွင့်လိုက်တယ်။.. ဆန်နီ အထဲကို လက်နှိုက်လိုက်ပြီး.. အသင့်ဖျော် ကော်ဖီဘူးတစ်ဘူး နဲ့ စျေးကြီးတဲ့ ချောကလက်တုံး တစ်တုံးကို အံ့အားသင့်နေတဲ့ နိုးထသူ တွေဆီ လှမ်းပစ်ပေးလိုက်တယ်..။
"အိုး..ဆျာ..။ ကျေးဇူးတင်ပါတယ် ဆျာ.."
ဒီ အထူးအဖွဲ့သားတွေကို ကြည့်ရတာ ပျက်ပြားခြင်းအဆင့် သတ္တဝါ တစ်ကောင်နဲ့ တိုက်ခိုက်တော့မဲ့ လူတွေနဲ့ မတူပါဘူး..။ သူတို့က ဒီကိစ္စအပေါ်မှာ အေးအေးဆေးဆေး ဖြစ်နေကြပြီး.. ကော်ဖီဘူးကိုသာ ပိုပြီး အာရုံစိုက်နေကြပါတယ်..။
အဆင့် ၃ ဂိတ်ပေါက် က အဲဒီတောင်ထိပ်ပေါ်မှာ ရှိနေတာပါ..။
ကျေးဇူးတင်နေတဲ့ နိုးထသူ တွေက သူတို့ကိုယ်တိုင်အတွက်ရော.. ရိုင်နို ပေါ်ကနေ ဆင်းလာပြီး သူတို့နဲ့ ပူးပေါင်းလိုက်တဲ့ ဆန်နီ ရဲ့ စစ်သားတွေအတွက်ပါ ကော်ဖီဖျော်နေကြစဉ်မှာပဲ.. ဆန်နီဟာ ပတ်ဝန်းကျင်ကို အနီးနားမှာ ရှိနေတဲ့ မာစတာ ဂျက် နဲ့ ဝင်းတား တို့ကို တွေ့လိုက်ရတယ်..။ သူတို့နှစ်ယောက်က ခပ်လှမ်းလှမ်းမှာ ရပ်ပြီး တစ်ခုခုကို လေသံတိုးတိုးနဲ့ ဆွေးနွေးနေကြပါတယ်..။
ဆန်နီ သူတို့ဆီကို ဦးတည်သွားလိုက်တဲ့ အချိန်မှာတော့ သူတို့ စကားပြောနေတာရဲ့ အဆုံးပိုင်းကို ကြားလိုက်ရတယ်..။
"…သေချာပေါက် မိန်းကလေးပဲဟ..။ လှလည်း တကယ်လှတယ်.."
"ငါ ပြောနေတယ်လေ ငတုံးမရဲ့.. ငါ အဲ့ဒီ
မွန်ဂရယ် ဆိုတဲ့ ကောင်ကို တစ်ခါ မြင်ဖူးတယ်..။ သူက သေချာပေါက် ယောက်ျားလေးပါ..."
"ဒီလိုကိစ္စတွေမှာဆိုရင် နင်က မျက်စိနှစ်ဖက်လုံး ကန်းနေတယ်ဆိုတာ လူတိုင်း သိတယ်နော်..။ ငါဆိုလိုတာက.. ဟိုတစ်ခါတုန်းက ချောမောတဲ့ သူတော်စင် တစ်ယောက်က နင့်ကို လာပိုးပန်းတာကို မှတ်မိသေးလား.."
"နင် ဘာတွေ ပြောနေတာလဲ..။ သူက ငါတို့နဲ့ ပူးပေါင်းပြီး ခံတပ် အသစ်တစ်ခု သိမ်းပိုက်ဖို့ ကြိုးစားနေတာပဲလေ.."
"သောက်ကျိုးနဲ.. နင်ကတော့ တကယ်ကို မျှော်လင့်ချက် မရှိတော့ဘူးပဲ..။ ယောက်ျားတွေ အားလုံးက.."
အဲ့အချိန်မှာပဲ ဆန်နီ က သူတို့အနားကို ရောက်သွားခဲ့ပြီး မာစတာ ဂျက် ကို တစ်ချက်ကြည့်ကာ ချောင်းဟန့်လိုက်ပါတယ်..။ ဝင်းတား က သူ့ကို ခနလောက် စိုက်ကြည့်နေခဲ့တယ်..။
"တွေ့လား.. အခုလည်း ကြည့်ဦးလေ.."
'ဒါက ဘာကို ဆိုလိုတာလဲ..'
သူမ ဘာကို ပြောချင်မှန်း ဆန်နီ စဉ်းစားနေတုန်းမှာပဲ မာစတာ ဂျက် က သူ့ကို ပြုံးပြီး လက်လှမ်းပြလိုက်တယ်..။
"အာ.. ဆန်နီ.. မင်းက အချိန်ကိုက် ရောက်လာတာပဲ..။ သူတော်စင် ကလည်း မကြာခင်ရောက်လာတော့မှာ.."
သူ မျက်မှောင်မကျုတ်ပဲ မနေနိုင်တော့ပါဘူး..။
"အတိအကျ ပြောရရင် ဘယ်သူများလဲ..."
အဲ့အချိန်မှာပဲ.. အနည်းငယ် ရင်းနှီးနေတဲ့ ခံစားချက်တစ်ခုက သူ့ကို ရုတ်တရက် လွှမ်းမိုးသွားခဲ့တယ်..။ ပျက်စီးနေတဲ့ ကင်းစခန်းကို ကြီးမားတဲ့ အရိပ်တစ်ခု ဖုံးလွှမ်းသွားတာကို ဆန်နီ ခံစားလိုက်ရပြီး.. ယင်းနောက်မှာတော့ တောင်ပံတွေ ခတ်လိုက်တဲ့ အသံမျိုးနဲ့ ဆင်တူတဲ့ အသံကို ကြားလိုက်ရပါတယ်..။
ရုတ်တရက်.. သူတို့ကြားမှာ စတုတ္ထမြောက်
ပုံရိပ်တစ်ခု ရပ်နေခဲ့ပါပြီ..။
ဆန်နီ အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်မိပြီး ခနလောက် စကားမပြောနိုင် ဖြစ်သွားခဲ့တယ်..။
"သူတော်.. သူတော်စင် တိုင်းရစ်..။အရှင်မက ဒီမှာ ဘာလုပ်နေတာလဲ.."
သူ့ရှေ့မှာ ရပ်နေတာကတော့ အဖြူရောင်အတောင်ပံအနွယ် ရဲ့ ကောင်းကင်ဒီရေ ကလွဲလို့ တစ်ခြားသူ မဖြစ်နိုင်တော့ပါဘူး။
အပိုင်း ( ၈၅၆ ) ပြီး၏။
အပိုင်း ( ၈၅၇ ) ကျောက်စိမ်းပိုးကောင်
ဆန်နီ ရဲ့ ရှေ့မှာ ရပ်နေတဲ့ အမျိုးသမီးက အရပ်ရှည်ပြီး သွယ်လျပါတယ်..။ ဖျော့တော့တဲ့ ရွှေရောင်ဆံနွယ်တွေက သူမရဲ့ ကျောပြင်ပေါ်မှာ လှပစွာ စီးကျနေခဲ့တယ်..။ သူမရဲ့ ကိုယ်ဟန်အနေအထားက တစ်ဖြောင့်တည်း ရှိနေခဲ့ပြီး.. အေးစက်တဲ့ မျက်နှာကလည်း စူးရှစွာ လှပနေခဲ့ပါတယ်..။
ကောင်းကင်ဒီရေ ဟာ သံမဏိချပ်ဝတ် အပျော့ကို ဝတ်ဆင်ထားပြီး.. ပခုံးအုပ်နဲ့ ခြေစွပ်တွေမှာတော့ ငှက်မွေးပုံသဏ္ဌာန်တွေနဲ့ အလှဆင်ထားပါတယ်..။ သူမရဲ့ ပယင်းရောင် မျက်လုံးတွေက ထိုးဖောက်နိုင်စွမ်းရှိပြီး လေးလံနေသလိုပါပဲ..။ သူမရဲ့ ထူးဆန်းတဲ့ ဒေါင်လိုက်မျက်လုံးအိမ်
တွေက သားရဲငှက်တစ်ကောင်နဲ့တောင် ဆင်တူနေခဲ့ပါတယ်..။
နှင်းပွင့်လေးတွေက လေထဲမှာ ဝဲလည်ကခုန်နေကြပြီး.. သူမအနားကို ပိုတိုးကပ်ဖို့ ကြိုးစားနေကြသလိုပါပဲ..။
ရင်းနှီးနေတဲ့ အထွတ်အထိပ်အဆင့် ကို တွေ့လိုက်ရတာကြောင့် ဆန်နီ အတော်လေး အံ့ဩသွားခဲ့တယ်..။
"သူတော်စင် တိုင်းရစ်..။ အရှင်.. အရှင်မက ဒီမှာ ဘာလုပ်နေတာလဲ.."
ကောင်းကင်ဒီရေ က သူ့ကို တစ်ချက် ကြည့်လိုက်ပါတယ်..။
"မာစတာ ဆန်းလပ်စ်..။ မင်း နဲ့ ပြန်တွေ့ရတာ ဝမ်းသာပါတယ်..။ မင်း ကျန်းကျန်းမာမာ ရှိနေတာကို တွေ့ရလို့လည်း ဝမ်းသာတယ်..။ ငါ
ဘာလို့ ဒီကို ရောက်နေသလဲဆိုတာကတော့ သိသာနေတာပဲ မဟုတ်ဘူးလား..။ သားရဲကို အမဲလိုက်ဖို့ လာခဲ့တာပေါ့.."
သူ အနေရခက်စွာနဲ့ပဲ ဟိုဟိုဒီဒီ ကြည့်လိုက်မိတယ်..။
"မဟုတ်ပါဘူး.. ဟို.. ကျွန်တော် ဆိုလိုတာက အရှင်မက ဘာလို့ ဒီမှာ.. အန္တာတိက ကို ရောက်နေတာလဲလို့ပါ.."
သူမက သူ့ကို ဘာအမူအရာမှ မပြဘဲ စိုက်ကြည့်နေခဲ့တယ်..။
"အဖြူရောင် တောင်ပံကလန် က တောင်ပိုင်းစတုတ္ထနယ်မြေ ရဲ့ ရွှေ့ပြောင်းရေး လုပ်ငန်းစဉ်တွေကို ကူညီဖို့ တာဝန်ပေးအပ်ခြင်း ခံထားရတယ်.."
အော်...
ရုတ်တရက် အချို့အချက်အလက်တွေက ဆက်စပ်သွားခဲ့ပါတယ်..။ အရင်တုန်းက ဆန်နီ နဲ့ ကတ်စီ ကို ကာကွယ်ဖို့အတွက် ကောင်းကင်ဒီရေ ဟာ သူတော်စင် ကောမတ် ကို သတ်ခဲ့ရတာပါ..။ဒီအတွက်.. သူမဟာ ကြီးမြတ်တဲ့
ဗာလာ ကလန် ရဲ့ အပြစ်ပေးမှုကို ခံရတော့မယ်လို့ ပြောခဲ့ဖူးပါတယ်..။ ဒါပေမဲ့ သူမကို ပြင်းပြင်းထန်ထန် အပြစ်ပေးမှာတော့ မဟုတ်ဘူးလို့လည်း ပြောခဲ့ပါသေးတယ်..။
ဒီ ခေါင်းမာတဲ့ သူတော်စင် ဆီကနေ ချိန်းကျွန်းစု ကို သိမ်းယူလိုက်ရုံနဲ့တင် ဗာလာကလန် က မကျေနပ်ခဲ့တဲ့ပုံပါပဲ..။ ဗာလာ ကလန် အနေနဲ့ အန္တာတိက ကို အင်အားအချို့ ဟန်ပြ စေလွှတ်ဖို့ လိုအပ်နေတာကြောင့်.. အဖြူရောင် တောင်ပံ ကလန် က မဲပေါက်သွားခဲ့တာ ဖြစ်နိုင်ပါတယ်..။ သူတို့ရဲ့ သာယာလှပတဲ့ နယ်မြေကို ဆုံးရှုံးခဲ့ရပြီး.. အခုတော့ စစ်မီးတောက်နေတဲ့ ဒီအေးစက်တဲ့ တိုက်ကြီးဆီကို ခနတာ ပြည်နှင်ဒဏ် အပေးခံလိုက်ရတာပါပဲ..။
ဆန်နီ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး စိတ်မကောင်းစွာနဲ့ သက်ပြင်းချမိလိုက်တယ်..။ သူတို့ ပတ်ပတ်လည်က မှောင်မည်းပြီး နေထိုင်ဖို့ မကောင်းတဲ့ ဒီမြေပြင်ဟာ နိုတစ် ရဲ့ မြင့်မြတ် နယ်မြေရဲ့ လှပမှုနဲ့ ယှဉ်ရင် အဝေးကြီးပါပဲ..။ ဒီကိစ္စတွေ အားလုံးအတွက် သူ နည်းနည်းတော့ အားနာသလို ခံစားလိုက်ရပါတယ်..။
ဒါပေမဲ့ ကောင်းကင်ဒီရေ ကတော့ ဂရုစိုက်ပုံ မရပေ..။ အနည်းဆုံးတော့ သူမက မကျေနပ်မှုတွေကို သေချာ ဖုံးကွယ်ထားတာ ဖြစ်နိုင်ပါတယ်..။
တစ်ဖက်မှာတော့ မာစတာ ဂျက် က သူတို့ကို
စပ်စုတဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့တယ်..။
"အာ.. မင်းတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် သိနေကြတာကို ငါ မေ့သွားတယ်..။ ဘာပဲဖြစ်ဖြစ် အရှင်မရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် သူတော်စင် တိုင်းရစ်.."
ကောင်းကင်ဒီရေ က ခေါင်းညိတ်ရုံသာ ညိမ့်ပြလိုက်တယ်..။ မကြာခင်မှာပဲ သူမရဲ့ စူးရှတဲ့ ပယင်းရောင် မျက်လုံးတွေက ကင်းစခန်းပျက်ကြီးရဲ့ အပေါ်က မြင့်မားတဲ့ တောင်ကြီးဆီကို ရောက်သွားခဲ့ပါတယ်..။
"ရန်သူ့အကြောင်း ဘာတွေ သိထားလဲ.."
ဝိဥာဥ် ရိတ်သိမ်းသူ က အနည်းငယ် ခေါင်းခါယမ်းလိုက်တယ်..။
"မသိရသေးဘူး.."
ယင်းနောက် သူမက ပြုံးလိုက်ပြီး အဖွဲ့ထဲမှာ အငယ်ဆုံးဖြစ်တဲ့ လူကို ကြည့်လိုက်ပါတယ်..။
"…ဒါပေမဲ့ ဆန်နီ ရှိတယ်လေ.. မင်းရဲ့ အလုပ်ကို စလိုက်တော့.."
မင်းရဲ့ အလုပ်ကို စလိုက်တော့ တဲ့လား..။ ဒါက ဘာလို တောင်းဆိုမူမျိုးလဲ..။
ဆန်နီ စိတ်ထဲကနေ ညည်းညူနေစဉ်မှာပဲ.. သူ့ရဲ့ အရိပ်တွေက တောင်စောင်းတွေပေါ်ကို လျင်မြန်စွာ တက်သွားခဲ့ပါတယ်..။ အခုဆိုရင် အရိပ်ထိန်းချုပ်မူ ရဲ့ အကွာအဝေးက ကီလိုမီတာ တစ်ဒါဇင်ကျော်နေပြီ ဖြစ်တာကြောင့်.. တောင်ထိပ်ကို ရောက်ဖို့ဆိုတာ သူတို့အတွက် မဖြစ်နိုင်တာ မဟုတ်ပါဘူး..။
ပျက်ပြားခြင်းအဆင့် သတ္တဝါ ကို ချောင်းမြောင်းကြည့်ဖို့ ဆန်နီ ထက် ပိုသင့်တော်တဲ့သူ မရှိပေ..။ ဒါပေမဲ့လည်း..
အိပ်မက်ဆိုး ရဲ့ ခေါ်သံတွေက သူ့ရဲ့ စိတ်ကို တိုက်ခိုက်လာတာကြောင့် ဆန်နီ မျက်နှာ ပျက်သွားခဲ့တယ်..။ အခုချိန်မှာ သူက အဆင့် ၃ ဂိတ်ပေါက် ကို အနီးကပ် စောင့်ကြည့်နေတာ ဖြစ်တာကြောင့်.. သူ့ရဲ့ သိမ်မွေ့တဲ့ လွှမ်းမိုးမှုတွေက ပိုပြီး ပြင်းထန်လာသလို လျစ်လျူရှုဖို့လည်း ခက်ခဲလာပါတယ်..။
တောင်ထိပ်မှာတော့ နှစ်ခြမ်းခွဲလုနီးပါး ဖြစ်နေတဲ့ ကျယ်ပြန့်တဲ့ အက်ကြောင်းကြီးတစ်ခု ရှိနေခဲ့တယ်..။
ဂိတ်ပေါက် ရဲ့ နက်မှောင်နေတဲ့ အက်ကွဲကြောင်းကြီးက လှုပ်နေပြီး.. သူ့ပတ်ဝန်းကျင်မှာတော့ ကျောက်တုံး အကျိုးအပဲ့တွေ ပျံ့ကြဲနေပါတယ်..။ အစအန အများအပြားက မတ်စောက်တဲ့ တောင်စောင်းတွေပေါ်ကနေ လိမ့်ဆင်းသွားခဲ့ကြပြီး.. ကြီးမားတဲ့ ကျောက်ဆောင် အချို့ဆိုရင် အထူး တပ်ဖွဲ့ဝင်တွေ ပုန်းအောင်းနေတဲ့ ကင်းစခန်းကိုတောင် လာမှန်ထားပါသေးတယ်..။ လမ်းတွေကိုလည်း ဖျက်ဆီးထားခဲ့ကြတယ်..။
ထူးဆန်းတာကတော့.. အိပ်မက်ဆိုး သတ္တဝါ တွေကို သူ ချက်ချင်း မတွေ့လိုက်ရတာပါပဲ..။
ကြောက်စရာကောင်းတဲ့ အရိပ်က နာမည်နဲ့အညီ အနားကို တိုးကပ်သွားတဲ့ အချိန်ကျမှသာ ဆန်နီရဲ့ ခန္ဓာကိုယ်ထဲမှာ တုန်ရီမှုတစ်ခု ဖြတ်ပြေးသွားခဲ့တာပါ..။ ကျောက်ဆောင်တွေကြားမှာ နားခိုနေတဲ့ ပုံရိပ်ပေါင်း ရာနဲ့ချီ ရှိနေတာကို ဆန်နီ သတိပြုမိလိုက်တယ်..။
သားရဲတွေရဲ့ ကြေးခွံတွေက တောင်ထိပ်ကို ဖုံးလွှမ်းထားတဲ့ နှင်းတွေလို ဖြူဖွေးနေပြီး ကျောက်တုံးတွေနဲ့ ဆင်တူနေတာကြောင့် သူတို့ကို သတိမထားမိလိုက်ဖို့ အရမ်းလွယ်ကူပါတယ်..။ သူတို့က လူတစ်ယောက်စာလောက် ကြီးမားတဲ့ ပိုးကောင်ကြီးတွေနဲ့ တူနေခဲ့တယ်..။ အချို့က နိုးထမူ အဆင့်တွေဖြစ်ပြီး.. အချို့က တော့ ကျရှုံးမူအဆင့် တွေပါ..။ ပိုကြီးတဲ့ အချို့ကတော့ ပျက်ပြားခြင်းအဆင့် တွေတောင် ဖြစ်နေခဲ့ပါသေးတယ်..။
ဒါပေမဲ့ ဘယ်သားရဲမှ ပျက်စီးနေတဲ့ တောင်ထိပ်ရဲ့ အရိပ်ထဲမှာ ပုန်းအောင်းနေတဲ့ ဧရာမ သတ္တဝါကြီးကိုတော့ မယှဉ်နိုင်ပါဘူး..။ သူ့ရဲ့ ချောမွေ့နေတဲ့ နို့နှစ်ရောင် ကြေးခွံတွေ နဲ့ ငြိမ်သက်နေတဲ့အနက်ရောင် မျက်လုံးတွေကြောင့်.. ဒီ ကျောက်စိမ်း သတ္တဝါကြီးဟာ အလွန် ကြီးမားပြီး ရွံစရာကောင်းတဲ့ ပိုးတောင်ပံကြီးတစ်ကောင်နဲ့ တူနေခဲ့တယ်..။ သူက ရိုင်နို ထက် သုံးဆလောက် ပိုကြီးပြီး.. အားကောင်းတဲ့ ခြေထောက် ၆ ချောင်းနဲ့.. သံချပ်ကာ စစ်ရုပ် တွေကိုတောင် ချေမှုန်းနိုင်လောက်တဲ့ ကြောက်စရာ အာရုံခံ အသွားတွေ ပါရှိနေပါတယ်..။
လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေတဲ့ သတ္တဝါကြီးကို ကြည့်ရင်း.. ဆန်နီ ရဲ့ စိတ်ထဲမှာ နိမိတ်မကောင်းမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရတယ်..။
သူက သုန်မုန်တဲ့ အမူအရာနဲ့ သူတော်စင် တိုင်ရစ်.. မာစတာ ဂျက် နဲ့ ဝင်းတား တို့ကို ကြည့်လိုက်ပါတယ်..။
"…သေချာပေါက် တိုင်းရန့် ပဲ..။အရမ်း ကြီးမားပြီး မာကျောတဲ့ အကာအကွယ်တွေ ရှိတယ်..။ ပိုးကောင် နဲ့ တူတယ်..။ သူ့ရဲ့ အောက်မှာ လက်ပါးစေ ငါးရာလောက် ရှိပြီး အများစုက ကျရှုံးမူအဆင့် တွေပဲ..။ ပျက်ပြားခြင်းအဆင့် လက်ထောက် အကောင် ၂၀ ကျော်လောက်ကိုလည်း သတိထားမိတယ်.."
သူ ခနလောက် တုံ့ဆိုင်းနေပြီးမှ အော်ခေါ်လိုက်ပါတယ်..။
"ကင်မ်မီ.."
သူ့အဖွဲ့ထဲက ကြည့်ရူသူဟာ သူမရဲ့ စွမ်းရည်ကို အသက်သွင်းလိုက်တာကြောင့်.. ဆန်နီ အနေနဲ့ ကျောက်တုံးပိုးကောင် အုပ်စုကို အမြင်သစ်
တစ်ခုနဲ့ မြင်နိုင်သွားခဲ့ပါတယ်..။
သူတို့ရဲ့ မာကျောတဲ့ ကြေးခွံတွေကို လေ့လာရင်း.. ဆန်နီ က အားနည်းချက် အချို့ကို ဖြည်းဖြည်းချင်း စာရင်းပြုစုလိုက်တယ်..။ ယင်းနောက်မှာတော့ သူ့ရဲ့ အမြင်အာရုံကို တိုင်းရန့် ဆီ ရွှေ့လိုက်ပါတယ်..။
သူ့ရဲ့ လက်ပါးစေတွေနဲ့ မတူတာကတော့.. အဖြူရောင် ပိုးတောင်ပံကြီးမှာ သိသာတဲ့ အားနည်းချက် မရှိတာပါပဲ..။ ဒီအစွမ်းထက်တဲ့ သတ္တဝါရဲ့ သံချပ်ကာက ဒီလောက်တောင် ကောင်းနေတာလား.. ဒါမှမဟုတ် ကင်မ် ရဲ့ စွမ်းရည်ကပဲ သူမထက် အဆင့် အများကြီး မြင့်နေတဲ့ ရန်သူကို မဖောက်ထွင်းနိုင်တာလား ဆိုတာတော့ ဆန်နီ မသိပါဘူး..။ ဒါပေမဲ့ ရလဒ်ကတော့ အတူတူပါပဲ..။
ဒီ တိုင်းရန့် ကို သတ်ဖို့ဆိုတာ လွယ်မှာ မဟုတ်ပေ..။
သူ စုဆောင်းထားနိုင်တဲ့ သတင်းအချက်အလက် အနည်းငယ်ကို မျှဝေလိုက်ပြီး တခြား အရာရှိတွေကို သံသယစိတ်နဲ့ ကြည့်လိုက်ပါတယ်..။
"ကဲ.. အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ.."
သူတော်စင် တိုင်ရစ် က တိတ်ဆိတ်နေဆဲပါပဲ..။ ဒါပေမဲ့ မာစတာ ဂျက် ကတော့ ပြုံးလိုက်တယ်..။
သူမရဲ့ အပြုံးကတော့ နက်မှောင်နေခဲ့ပါတယ်..။
"ဘာလုပ်ရမှာလဲ.. သတ်မှာပေါ့.."
ဆန်နီ မျက်တောင်ခတ်လိုက်မိတယ်..။
"ဘယ်လိုမျိုးလဲ.."
ဝိဥာဥ် ရိတ်သိမ်းသူ က ခနလောက် စောင့်ဆိုင်းနေပြီးမှ ကောင်းကင်ဒီရေ ကို ကြည့်လိုက်ပါတယ်..။
အထွတ်အထိပ်အဆင့် က သူမရဲ့ လက်မောင်းတွေကို ပိုက်လိုက်ပြီး..
"တိုင်းရန့် ကို ငါ ကိုင်တွယ်လိုက်မယ်..။ သူ မြေပြင်ပေါ်မှာ ရှိနေသရွေ့တော့.. ငါ အဲ့ဒီ သတ္တဝါကို အနှောင့်အယှက်မရှိ တိုက်ခိုက်နိုင်တယ်..။ တကယ်လို့ တိုက်ခိုက်မှု တစ်ခုက သူ့ကြေးခွံကို မခွဲနိုင်ရင် ၁၀ ကြိမ်ပေါ့..။ ၁၀ ကြိမ်က မအောင်မြင်ရင် အကြိမ် ၁၀၀ ပေါ့.."
သူမက အထူးတပ်ဖွဲ့ တွေကို ကြည့်ပြီး မျက်မှောင်ကျုတ်လိုက်ပါတယ်..။
"ဒါပေမဲ့ မင်းတို့ကတော့ သူ့ရဲ့ နောက်လိုက်အုပ်စုကို ကိုင်တွယ်ပေးရလိမ့်မယ်..။ အဲဒီ တာဝန်ကတော့.. လွယ်မှာ မဟုတ်ဘူး.."
ဝင်းတား က နှာခေါင်းရှုံ့လိုက်ပြီးမှ ရုတ်တရက် ရယ်မောလိုက်တယ်..။
"လွယ်တယ် ဟုတ်လား.. အဲဒါက ဘာကြီးလဲ.."
အပိုင်း ( ၈၅၇ ) ပြီး၏။
အပိုင်း ( ၈၅၈ ) ကောင်းကင်ထက်က အသာစီးရမူ
သူတို့တွေ အသေးစိတ်ကျတဲ့ အစီအစဉ်ဆွဲဖို့ အချိန်အများကြီး မပေးခဲ့ကြပါဘူး..။ ပထမအချက်က အိပ်မက်ဆိုး သတ္တဝါ တွေက အထူး တပ်ဖွဲ့ကို အချိန်မရွေး ရှာဖွေတွေ့ရှိသွားနိုင်လို့ပါ..။ ဒုတိယအချက်ကတော့ သူတို့ ဘယ်လိုအစီအစဉ်ပဲ ဆွဲဆွဲ စိတ်ချရမှာ မဟုတ်လို့ပါပဲ..။
သူတို့လက်ထဲမှာ ရှိနေတဲ့ သတင်းအချက်အလက်က နည်းလွန်းနေခဲ့တယ်..။
တိုင်းရန့် အပါအဝင်.. သူ့ကို ခစားနေတဲ့ နတ်ဆိုး အနည်းငယ်နဲ့ နောက်လိုက် သားရဲတွေ ဘာလုပ်နိုင်သလဲဆိုတာ မသိဘဲနဲ့ မဟာဗျူဟာတွေ ချမှတ်နေလို့လည်း ဘာမှ ထူးမှာမဟုတ်ပါဘူး..။
ရှေ့မှာရှိနေတဲ့ တိုက်ပွဲကတော့ ခွန်အား.. ပြတ်သားတဲ့ စိတ်ဓာတ်.. ပြီးတော့ ပြောင်းလဲလာတဲ့ အခြေအနေတွေအပေါ် လျင်မြန်စွာ လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်စွမ်းတွေအပေါ်မှာပဲ မူတည်ပြီး အဆုံးအဖြတ်ပေးသွားမှာပါ..။
ကံကောင်းတာကတော့ အထူး တပ်ဖွဲ့မှာ အသုံးပြုနိုင်တဲ့ အင်အားက လုံလောက်တာထက်တောင် ပိုနေခဲ့ပါတယ်..။ ထိပ်တန်း မာစတာ သုံးယောက်နဲ့ သူတော်စင် တစ်ပါးက ဦးဆောင်နေတာဆိုတော့ အန္တာတိက အလယ်ပိုင်းမှာ ဒီထက်ပိုကြောက်စရာကောင်းတဲ့ လူသားအင်အားစု ရှိဖို့ ခဲယဉ်းပါတယ်..။
ဒါပေမဲ့ ဒီအင်အားကရော လုံလောက်ပါ့မလား..။
ဒါကိုတော့ မကြာခင် သိကြရတော့မှာပါ..။
' ငါ ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ..'
ဆန်နီဟာ စိတ်ပျက်လက်ပျက် နဲ့ တောင်ပေါ်ကို တက်ရင်း ချမ်းသာကြွယ်ဝပြီး ပျော်ပါးနေတဲ့ ဆိုင်ရှင် ငကြောက်လေး ဘဝကို ခါးသီးစွာ သတိရနေမိတယ်..။ အိပ်မက်ဆိုး ဂိတ်ပေါက် တွေနဲ့ နစ်မွန်းနေတဲ့ တိုက်ကြီးပေါ်မှာ.. ပျက်ပြားခြင်းအဆင့် တိုင်းရန့် နဲ့ သားရဲအုပ်ကြီး ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ သူ့ကိုယ်သူ ဘာလုပ်နေတာလဲလို့ ပြန်မေးနေခဲ့တာပါ..။
အခုချိန်မှာ သူက လှပတဲ့ အမျိုးသမီးတွေ အများကြီးနဲ့အတူ ရေပူစမ်းမှာ အနားယူနေသင့်တာ မဟုတ်ဘူးလား..။ ဒါက ချမ်းသာတဲ့သူတွေ လုပ်လေ့ရှိတဲ့ အရာတစ်ခုပါ..။
အဲဒီအစား ဆန်နီ ကတော့ ကြီးမားတဲ့ ကျောက်ဆောင်တစ်ခုရဲ့ နောက်မှာ ပုန်းအောင်းရင်း.. အအေးဒဏ်ကြောင့် တုန်ရီနေကာ..ကျောက်တုံးတွေကို မှီထားတဲ့ လူတစ်စုကို ကြည့်နေခဲ့တယ်..။ ဟုတ်ပါတယ်.. သူတို့ထဲမှာလည်း မိန်းမလှလေး တွေ အများကြီး ပါတာပါပဲ..။ အာ.. ဒါပေမဲ့ ဒါက တူမှ မတူတာ..။
တကယ်ကို တစ်ခြားစီပဲ..။
'…သောက်ကျိုးနဲ '
တောင်ထိပ်ကို ရောက်ဖို့ က အတော်လေး ကျန်ပါသေးတယ်..။ ဒီလောက် မြင့်တဲ့ နေရာမှာ အောက်ဆီဂျင် ပြတ်လပ်သွားတာမျိုး မဖြစ်သေးပေမဲ့ လေထုကတော့ သိသိသာသာ ကွဲပြားနေခဲ့တယ်..။ နိုးထသူ တွေက အောက်ဆီဂျင် နည်းပါးတဲ့ ဒဏ်ကို ခံစားရတာ ဒါမှမဟုတ် အမြင့်ကြောက်တာမျိုးတွေ ဖြစ်မှာ မဟုတ်ပေမဲ့.. အသားကျဖို့တော့ အချိန်အနည်းငယ် လိုအပ်နေခဲ့ပါတယ်..။
ဆန်နီ သက်ပြင်းချလိုက်ပြီး ရှေ့ကို အေးအေးဆေးဆေး လျှောက်သွားနေတဲ့ သူတော်စင် တိုင်းရစ်ကို ကြည့်နေမိတယ်..။ သူမရဲ့ လက်ပတ်ဝန်းကျင်မှာ အလင်းစက်လေးတွေဝိုင်းရံသွားပြီး လှံရှည်တစ်စင်းအဖြစ် ပေါင်းစည်းသွားခဲ့ပါတယ်..။ တစ်ချိန်တည်းမှာပဲ ဝင်းတား က ထူးဆန်းတဲ့ ငွေရောင်လေးတစ်လက်နဲ့ မြှားနှစ်စင်းကို ဆင့်ခေါ်လိုက်တယ်..။ သူမက မြှားတစ်စင်းကို လေးကြိုးမှာ တင်ပြီး စောင့်ဆိုင်းနေခဲ့ပါတယ်..။
တောင်ထိပ်မှာ ပုန်းအောင်းနေတဲ့ အရိပ်က
ရုပ်ဆိုးတဲ့ သားရဲတစ်ကောင်ဟာ ကျောက်ဆောင်စွန်းဆီ လမ်းလွဲလာပြီး.. သူ့ရဲ့ ရှည်လျားတဲ့ အာရုံခံ အသွားတွေ လေထဲမှာ လှုပ်ခတ်ရင်း ငြိမ်သက်သွားတာကို ကြည့်နေခဲ့တယ်..။
ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး..
"ကျွန်တော်တို့ကို သူတို့ သတိထားမိသွားပြီ ထင်တယ်.."
သူ ဘယ်သူ့ကိုမှ သတိမပေးနိုင်ခင်မှာပဲ ကောင်းကင်ဒီရေ က နောက်ဆုံးခြေလှမ်းကို လှမ်းလိုက်ပြီး သူမရဲ့ လှံကို မြှောက်ကာ.. မှောင်မည်းနေတဲ့ ကောင်းကင်ယံထဲကို တိတ်တဆိတ် ပစ်လွှတ်လိုက်ပါတယ်..။
သူမရဲ့ ပစ်လွှတ်ချက်က ပြင်းထန်လွန်းတာကြောင့် သူတော်စင် တိုင်ရစ် ပတ်ဝန်းကျင်က နှင်းတွေဟာ ပြင်းထန်တဲ့ လေတိုးသံနဲ့အတူ လွင့်စင် သွားခဲ့တယ်..။ သူမ ခြေထောက်အောက်က ကျောက်တုံးတွေတောင် အက်ကွဲကုန်ပါတယ်..။
ခနအကြာမှာတော့ လှံက တောင်ထိပ်ဆီကို ကြောက်စရာကောင်းတဲ့ အရှိန်နဲ့ ပြေးဝင်သွားတဲ့အတွက် အသံထက်မြန်တဲ့ ပေါက်ကွဲသံကြီးက တောင်တန်းတစ်လျှောက် ဟိန်းထွက်သွားခဲ့တယ်..။ဒီလှံက တောက်ပတဲ့ ကြယ်တစ်စင်းလို ကောင်းကင်ကို ဖြတ်သန်းသွားပြီး တိုင်းရန့် ရဲ့ ကြေးခွံကို ဖျက်ဆီးအား ပြင်းပြင်းနဲ့ ထိမှန် သွားခဲ့ပါတယ်..။
နို့နှစ်ရောင် ကြေးခွံတွေကတော့ ကွဲအက်မသွားခဲ့ပါဘူး..။
အဲဒီအစား လှံကသာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားခဲ့ပါတယ်..။
သူတော်စင် တိုင်ရစ် က ခေါင်းကို အနည်းငယ် စောင်းလိုက်တဲ့အချိန်မှာ ဝင်းတား က မြှားတစ်စင်းကို အပေါ်တည့်တည့်ဆီ ပစ်လိုက်ပါတယ်..။ မြှားက ကောင်းကင်ထဲကို ပျံတက်သွားပြီး တောက်ပတဲ့ အလင်းတန်းအဖြစ် ပေါက်ကွဲသွားကာ.. မှောင်မှိုင်းနေတဲ့ တောင်စောင်းကို လင်းထိန်သွားစေခဲ့တယ်..။
ဒီအလင်းအောက်မှာပဲ ကျောက်ဆောင်တွေနောက်မှာ ပုန်းနေတဲ့ အိပ်မက်ဆိုး သတ္တဝါ တွေ လှုပ်ရှားလာကြပါတယ်..။
သူတို့က အံ့ဩစရာကောင်းတဲ့ ဖျတ်လတ်မှုနဲ့ ရှေ့ကို ပြေးလာကြပြီးမှ ခုန်တက်လိုက်ကာ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို တင်းကျပ်တဲ့ အလုံးအဝိုင်းတွေအဖြစ် ပြောင်းလိုက်ကြတယ်..။ယင်းနောက်မှာတော့ ရာနဲ့ချီတဲ့ အလုံးတွေက တောင်ပေါ်ကနေ လိမ့်ဆင်းလာပြီး ပုန်းနေတဲ့ အထူး တပ်ဖွဲ့ဝင်တွေဆီကို ကြောက်စရာကောင်းတဲ့ အရှိန်နဲ့ ချဉ်းကပ်လာခဲ့ကြပါတယ်..။
ဆန်နီ ရဲ့ ရင်ထဲမှာ လေးလံသွားခဲ့တယ်..။
ကျောက်တုံး သားရဲတွေရဲ့ ကြေးခွံတွေက ကျောက်တုံးစစ်စစ်တွေနဲ့ ဆင်တူနေတာကြောင့်.. တောင်ကြီးတစ်ခုလုံး သူတို့အပေါ် ပြိုကျလာသလိုမျိုး ခံစားနေခဲ့ရပါတယ်..။
ဒါတင် မကသေးပါဘူး..။
တိုင်းရန့် က ရှေ့ကို တိုးလာပြီး သူ့ရဲ့ ပါးစပ်ကြီးကို ဖွင့်ကာ အမှောင်ထု တိမ်တိုက်ကြီးတစ်ခုကို အန်ထုတ်လိုက်တယ်..။ ဒီတိမ်တိုက်က မီးတောင်ပြာတွေ ပြိုကျလာသလိုမျိုး အရှိန်နဲ့ စီးဆင်းလာပြီး.. လိမ့်ဆင်းလာတဲ့ သားရဲတွေကို ကျော်တက်ကာ သူတို့ကို ဝါးမျိုသွားခဲ့ပါတယ်..။
"မကောင်းတော့ဘူး"
ဒီ အနက်ရောင် ပြာလှိုင်းကြီးတွေထဲမှာ ဘာတွေ ပါဝင်နေသလဲဆိုတာ ဆန်နီ မသိပါဘူး..။ ဒါပေမဲ့ အနက်ရောင်ပြာတွေကို ရှူမိတာ ဒါမှမဟုတ် ထိတွေ့မိတာကတင် လူတွေအတွက် သေစေနိုင်တယ်လို့ သူ့ရဲ့ အလိုလိုသိစိတ်က အော်ဟစ်နေခဲ့ပါတယ်..။
အဲ့အချိန်မှာပဲ ကောင်းကင်ဒီရေ က ရုတ်တရက် ပျောက်ကွယ်သွားပြီး.. ဧရာမ ပုံရိပ်ကြီးတစ်ခု အဖြစ် ရှေ့ကို ပျံထွက်သွားခဲ့ပါတယ်..။ ဖြူစင်ရောင် တောင်ပံတွေ နဲ့ တောက်ပတဲ့ သံမဏိခြေသည်းတွေ ပါရှိတဲ့ ဧရာမ သားရဲငှက်ကြီးတစ်ကောင်က တောင်ပေါ်မှာ ပေါ်လာပြီး.. ကောင်းကင်ထဲကို အရှိန်နဲ့ ပျံတက်သွားခဲ့တယ်..။ သူမရဲ့ ခန္ဓာကိုယ်ကိုတော့ ကခုန်နေတဲ့ မိုးကြိုးလျှပ်စီး အလင်းတန်းတွေနဲ့ ဖုံးလွှမ်းထားခဲ့ပါတယ်..။
သူတော်စင် တိုင်ရစ် က သူမရဲ့ ဧရာမ တောင်ပံကြီးတွေကို ခတ်လိုက်တဲ့အချိန်မှာပဲ.. အနက်ရောင်ပြာ တိမ်တိုက်ကြီးဟာ ပြင်းထန်တဲ့ လေမုန်တိုင်းကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြီး အထူး တပ်ဖွဲ့တွေဆီ မရောက်ခင်မှာပဲ ပျောက်ကွယ်သွားခဲ့တယ်..။ သူမက
မှောင်မှိုင်းနေတဲ့ ကောင်းကင်ယံထဲကို မြင့်မားစွာ ပျံတက်သွားပြီးမှ.. ကျောက်စိမ်းပိုးကောင်ကြီးကို သူမရဲ့ ကြောက်စရာကောင်းတဲ့ နှုတ်သီးနဲ့ ဆွဲဖြဲဖို့ အောက်ကို ငုပ်လျှိုးဆင်းလာခဲ့ပါတယ်..။
ဧရာမ သတ္တဝါကြီး နှစ်ကောင် တိုက်မိသွားကြပြီး တိုင်းရန့် က နားကွဲမတတ် စူးရှတဲ့ အော်ဟစ်သံနဲ့အတူ နောက်ကို ခုန်ဆုတ်သွားခဲ့တယ်..။ သူ့ရဲ့ ပါးစပ်ထဲကနေ အမှောင်ထု အလင်းတန်းတစ်ခု ထွက်ပေါ်လာပေမဲ့.. ကောင်းကင်ဒီရေ ကတော့ နောက်ထပ် ပြင်းထန်တဲ့ တိုက်ခိုက်မှုတစ်ခု ပေးဖို့အတွက် ကောင်းကင်ထဲကို ဝဲပျံတက်သွားခဲ့ပါပြီ..။ သူမ ခန္ဓာကိုယ်ပေါ်က မိုးကြိုးတွေ စုစည်းသွားပြီး ရှေ့ကို ပစ်လွှတ်လိုက်တဲ့အခါမှာ အမှောင်ထု အလင်းတန်းနဲ့ သွားတိုက်မိသွားခဲ့ပါတယ်..။ အဲဒါက သိသိသာသာ အားနည်းသွားပြီး လျင်မြန်တဲ့ သူတော်စင် ကို လွဲချော်သွားကာ အေးစက်တဲ့ ကောင်းကင်ယံထဲ ပျောက်ကွယ်သွားခဲ့တယ်..။
အပေါ်ကနေ မိုးကြိုးကွန်ရက်တစ်ခု ဆင်းသက်လာပြီး တိုင်းရန့် ရဲ့ နို့နှစ်ရောင် ကျောက်စိမ်းအခွံတွေကို ရိုက်ခတ်လိုက်ပါတယ်..။ ပြင်းထန်တဲ့ မိုးခြိမ်းသံကြီးကို ကြားလိုက်ရတာက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတစ်ခုကို ခံစားလိုက်ရ သလိုပါပဲ..။ တိုင်ရစ် က သူမရဲ့ တောင်ပံတွေကို ရုပ်သိမ်းပြီး နောက်တစ်ကြိမ် ငုပ်ဆင်းလာကာ သူမရဲ့ ခြေသည်းတွေနဲ့ ရန်သူ့ရဲ့ ချပ်ဝတ်ပေါ်မှာ နက်ရှိုင်းတဲ့ အစင်းကြောင်းတွေ ထင်ကျန်ရစ်စေခဲ့တယ်..။ သူတို့ရဲ့ ပြင်းထန်တဲ့ ထိပ်တိုက်တွေ့မှုကြောင့် တောင်တစ်ခုလုံး တုန်ခါနေခဲ့ပါပြီ။
ကျောက်စိမ်းပိုးကောင်ကြီးဟာ ဒဏ်ရာ သိပ်မရသေးပေမဲ့ ပျံသန်းနိုင်တဲ့ ရန်သူကို လုံးဝ မယှဉ်နိုင်တာကြောင့် .. နာကျည်းနေပုံ ရပါတယ်..။
သူ့ရဲ့ အနက်ရောင် မျက်လုံးတွေက ဖော်ပြလို့မရတဲ့ ခံစားချက်မျိုးနဲ့ ဧရာမ ငှက်ကြီးရဲ့ ပုံရိပ်ကို စိုက်ကြည့်နေခဲ့တယ်..။
ယင်းနောက်မှာတော့ တိုင်းရန့် က ကိုယ်ကို မတ်လိုက်ပါတယ်..။ သူ့ရဲ့ ကြေးခွံတွေက ရုတ်တရက် အလယ်ကနေ ကွဲထွက်သွားပြီး ဧရာမ တံခါးကြီးတစ်ခုလို ဘေးကို ဖယ်ပေးလိုက်ကြတယ်။
အဲဒီအောက်ကနေ ရှည်လျားပြီး ကြည်လင်နေတဲ့ တောင်ပံလေးခု ထွက်ပေါ်လာကာ တုန်ခါသွားပြီး.. ဧရာမ သတ္တဝါကြီးကို လေထဲကို မြောက်တက်သွားစေခဲ့ပါတယ်..။
အခြေအနေတွေက ကြောက်စရာကောင်းမနေဘူးဆိုရင်တော့..ဒီအရာက ထူးဆန်းစွာ လှပနေတဲ့ မြင်ကွင်းတစ်ခု ဖြစ်နေမှာ အသေအချာပါပဲ..။
အောက်ကနေ ကြည့်နေတဲ့ ဆန်နီ ကတော့ အံကိုကြိတ်ထားခဲ့တယ်။
"ကောင်းပြီလေ..ချီးပဲပေါ့"