အခန်း (၈၆၂-၈၆၄)
Vol. 58 Ch. 862-864
အပိုင်း ( ၈၆၂ ) ဝိဥာဉ် ရိတ်သိမ်းသူ
[သေဆုံးခြင်း စိတ်ဆန္ဒ] စွမ်းရည် တိုးမြှင့်မူ က အလုပ်ဖြစ်သွားခဲ့ပါတယ်..။
…အမှန်တော့ ဒါက အစွမ်းထက်လွန်းတာကြောင့် အခြေအနေက နည်းနည်းတောင် လက်လွန်သွားခဲ့တယ်..။
' ချီးပဲ .. ချီးပဲ.. ချီးပဲ..'
ဆန်နီ ဟာ အိပ်မက်ဆိုး သတ္တဝါတွေရဲ့ ဒီရေလှိုင်းကြားမှာ နစ်မြုပ်နေခဲ့တယ်..။ သူ ဘယ်လောက်ပဲ သန်မာပါစေ.. ဘယ်လောက်ပဲ လျှင်မြန်ပါစေ.. ကျောက်တုံး စစ်သည်တွေရဲ့ တိုက်ခိုက်မှု ပုံစံတွေကို ဘယ်လောက်ပဲ နားလည်နေပါစေ.. သူတို့ရဲ့ အရေအတွက်က ကိုင်တွယ်ဖြေရှင်းဖို့အတွက် အရမ်း များလွန်းနေခဲ့ပါတယ်..။
မြေအောက်ကမ္ဘာ ရဲ့ ဝတ်ရုံတော် ဟာ တိုက်ခိုက်မှုတွေကို တစ်ခုပြီးတစ်ခု ခံယူနေရတယ်..။မဟူရာ ချပ်ဝတ်က လောလောဆယ်မှာ အတော်အတန် ခံနိုင်ရည်ရှိနေသေးပြီး.. ရရှိသမျှ အနည်းငယ်သော ပျက်စီးမှုတွေကိုလည်း [သက်ရှိကျောက်တုံး] တိုးမြှင့်မူ ကနေ အလျင်အမြန် ပြန်လည်ပြုပြင်ပေးနေခဲ့ပါတယ်..။ ဒါပေမဲ့ ချပ်ဝတ်အောက်က သူ့ရဲ့ ခန္ဓာကိုယ်ကတော့ နာကျင်နေခဲ့ပါပြီ..။ သူ့ဆီမှာ ဒဏ်ရာတွေ မရသေးတာ မှန်ပေမဲ့.. ဒါက အချိန်တစ်ခုပဲ လိုတော့တာပါ..။
ဒီအခြေအနေမှာ ကောင်းကွက်တစ်ခု ရှိတယ်ဆိုရင်တော့ အထူးတပ်ဖွဲ့ဝင်တွေဟာ အနောက်ဘက်ကနေ တိုက်ခိုက်ခံရမဲ့ အန္တရာယ်ကနေ
လုံးဝ ကင်းဝေးသွားတာပါပဲ..။ ဆန်နီ ဟာ အနောက်ဘက်ကနေ တိုးဝင်လာတဲ့ သားရဲအုပ်ကြီးကို တစ်ယောက်တည်း ခုခံထားပြီး.. အသက်ရှင်ဖို့ အသည်းအသန် ကြိုးစားရင်း သူတို့ကို ပိုပိုပြီး သတ်ဖြတ်နေခဲ့တယ်..။
အခုဆိုရင် သူ့ပတ်ဝန်းကျင်က နှင်းတွေ အားလုံးက အရည်ပျော်ကုန်ကြပြီး.. ကျောက်တုံးတွေဟာ စေးကပ်တဲ့ အပြာရောင် သွေးတွေနဲ့သာ ဖုံးလွှမ်းနေခဲ့ပါတယ်..။ အိပ်မက်ဆိုး သတ္တဝါတွေရဲ့ ကြေမွနေတဲ့ အလောင်းတွေက မြေပြင်ပေါ်မှာ ပြန့်ကျဲနေခဲ့ပြီး.. အရိပ်လက်တံ သုံးခုကတော့ ကျန်ရှိနေတဲ့ သားရဲတွေကြားမှာ သောင်းကျန်းနေခဲ့တယ်..။
စတုတ္ထမြောက် လက်တံကတော့ ကျရှုံးမူအဆင့် သတ္တဝါတစ်ကောင်ရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရတာကြောင့်.. ဆန်နီဟာ အဲဒီကောင်ကို ရက်စက်သော မြင်ကွင်း ရဲ့ လှံသွားနဲ့ အဆုံးသတ်ပေးလိုက်ပါတယ်..။
တောင်ထိပ်ကို လွှမ်းခြုံထားတဲ့ ဆည်းဆာအလင်းရောင်က ပျောက်ကွယ်သွားတာ ကြာပါပြီ..။ ကောင်းကင်ယံမှာတော့ အေးစက်တဲ့ လေထုထဲက အမှောင်ထုကို လျှပ်စီးတန်းတွေက အဆက်မပြတ် တိုးဝင်နေခဲ့ကြတယ်..။ တောင်စောင်းပေါ်မှာတော့ ဝင်းတား နဲ့ ကျောက်တုံး သားရဲတွေကြားက သွေးချောင်းစီး တိုက်ပွဲကနေ ထွက်ပေါ်လာတဲ့ ဖရိုဖရဲ အလင်းတန်းတွေက ထူးဆန်းပြီး လှပတဲ့ အလင်းရောင်တစ်ခုကို ဖန်တီးနေခဲ့ကြပါတယ်..။
သို့ပေမဲ့ ဆန်နီ ရဲ့ပတ်ဝန်းကျင်မှာတော့ အမှောင်ထုကလွဲလို့ ဘာမှမရှိပါဘူး..။ ဘာလို့လဲဆိုတော့ အရိပ်မီးအိမ် က သူ့ဆီကို ရောက်လာတဲ့ အလင်းမှန်သမျှကို ဝါးမြိုပစ်နေလို့ပါပဲ..။
' ငါ ဒီအတိုင်း ဆက်ပြီး အကြာကြီး မတောင့်ခံနိုင်တော့ဘူး…'
ကံကောင်းတာက သူ ဒီလိုမျိုး အကြာကြီး လုပ်နေဖို့ မလိုတာပါပဲ..။ မကြာခင်မှာ အကူအညီ ရောက်လာတော့မှာပါ..။ ဆန်နီ အနေနဲ့ မာစတာ ဂျက် က ပျက်ပြားခြင်းအဆင့် လက်ထောက်တွေကို အပြတ်ရှင်းပြီး သာမန် သားရဲတွေရဲ့ တိုက်ပွဲထဲကို ပူးပေါင်းလာတဲ့အထိ တောင့်ခံထားဖို့ပဲ လိုအပ်တာပါ..။
ပျက်ပြားခြင်းအဆင့် သတ္တဝါ အကောင်နှစ်ဆယ်လောက်ကို သတ်ဖြတ်ဖို့ဆိုတာ တက်ရောက်သူ တစ်ယောက် မလုပ်နိုင်တဲ့ အရာမျိုးပါပဲ..။ ဒါပေမဲ့ သူကတော့ ဝိဥာဥ် ရိတ်သိမ်းသူ ရဲ့ စွမ်းဆောင်ရည်ကို ယုံကြည်ပါတယ်..။ ဘယ်လိုပဲဖြစ်ဖြစ် သူတော်စင်တွေတောင်မှ သူမနဲ့ တိုက်ခိုက်ဖို့ကို သတိထားကြတာလေ..။
ကာနယ် ဂျက် အကြောင်း ပြောရရင်တော့…
ဆန်နီဟာ ရူးသွပ်နေတဲ့ ကျရှုံးမူအဆင့် သားရဲတစ်ကောင်ကို ရက်စက်သော မြင်ကွင်း ရဲ့ ပြင်းထန်တဲ့ ခုတ်ချက်နဲ့ သတ်လိုက်ပြီး.. တစ်ချိန်တည်းမှာပဲ နိုးထမူအဆင့် သားရဲတစ်ကောင်ရဲ့ ခေါင်းကို လအမြုတေ ရဲ့ လှံသွားနဲ့ ထိုးဖောက်လိုက်ပါတယ်။..ပြီးတာနဲ့ သူက သေဆုံးသွားတဲ့ သတ္တဝါတွေရဲ့ အလောင်းတွေကို အကာအကွယ်ယူကာ ခနလောက် အနားယူလိုက်တယ်..။ ယင်းနောက် တောင်စောင်းရဲ့ အပေါ်ဘက်ကို လှမ်းကြည့်လိုက်တဲ့အခါမှာ ဝိဥာဥ် ရိတ်သိမ်းသူ ဟာလည်း သူ့လို အခြေအနေမျိုးထဲ ရောက်နေတာကို တွေ့လိုက်ရပါတယ်..။ သူမက အသန်မာဆုံး သားရဲတွေ သူမကို မသတ်ခင်မှာ သူတို့ကို အရင်သတ်ဖြတ်ဖို့ ကြိုးစားရင်း သားရဲတွေကြားမှာ နစ်မြုပ်နေခဲ့တာပါ..။
မာစတာ ဂျက် ဟာ လူသတ်လိုတဲ့ ရည်ရွယ်ချက်နဲ့ ထိတ်လန့်စရာကောင်းတဲ့ အရှိန်ကို သုံးပြီး လှုပ်ရှားနေခဲ့ပါတယ်..။ သူမက တိုက်ခိုက်မှု မုန်တိုင်းတွေကို ရှောင်တိမ်းရင်း ပျက်ပြားခြင်းအဆင့် သားရဲတွေကို တစ်ကောင်ပြီး တစ်ကောင် စီးနင်းတိုက်ခိုက်နေခဲ့တယ်..။ သူမရဲ့
လှံသွားက ဘယ်လို ရုပ်ပိုင်းဆိုင်ရာ ချပ်ဝတ်ကိုမဆို လျစ်လျူရှုပြီး အမှောင်ထု ဖုံးလွှမ်းနေတဲ့
ဝိဥာဉ် အမြုတေတွေကို တိုက်ရိုက် စိုက်ဝင်သွားနိုင်စွမ်း ရှိနေတာပါ..။
ဒါတွေ အားလုံးက အရမ်းကို ထူးဆန်းနေသလို.. ဝိဥာဥ် ရိတ်သိမ်းသူ ကို တခြား နိုးထသူတွေက ဘာကြောင့် ဒီလောက်အထိ ကြောက်ကြသလဲဆိုတာကိုလည်း သူ ပိုပြီး နားလည်လာစေပါတယ်..။
လူအနည်းငယ်လောက်မှာပဲ ဝိဥာဉ် တိုက်ခိုက်မှုတွေကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ အစွမ်းထက်တဲ့ နည်းလမ်းတွေ ရှိကြတာပါ..။ ဒါပေမဲ့ သူမက ဝိဥာဉ် ပျက်စီးမှုကို ဖြစ်စေနိုင်တဲ့ တိုက်ခိုက်မှုမျိုးကိုတောင် လုပ်နေတာ မဟုတ်ပါဘူး..။ အဲဒီအစား သူမရဲ့ လှံတံက ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုကို ရန်သူတွေရဲ့ ဝိဥာဉ်ထဲကို တိုက်ရိုက် ပို့ဆောင်ပေးနိုင်နေတာပါ..။ ပိုဆိုးတာကတော့ အဲဒါက ဘယ်လို ချပ်ဝတ်မျိုးကိုမဆို ကျော်ဖြတ်ပြီး အားနည်းတဲ့ အမြုတေတွေကို တိုက်ခိုက်နိုင်တာပါပဲ..။
' ကြောက်စရာပဲ…'
ဒါပေမဲ့ မာစတာ ဂျက် ရဲ့ တိုက်ခိုက်ပုံမှာ တခြား ထူးဆန်းတာတွေလည်း ရှိနေပါသေးတယ်..။ သူမက အရမ်း မြန်လွန်းတယ်.. အရမ်း သန်မာလွန်းတယ်.. ပြီးတော့ အရမ်း သေစေနိုင်လောက်အောင် ပြင်းထန်လွန်းပါတယ်..။ သူမရဲ့ အဖွဲ့သားတွေကို သူမအတွက် တိုက်ခိုက်ရေး စွမ်းရည် မြှင့်တင်ပေးနိုင်တဲ့ အပေါ် မူတည်ပြီး ရွေးချယ်ထားတာလို့ သိထားပေမဲ့.. ဝိဥာဥ် ရိတ်သိမ်းသူ က ဘာကြောင့် ဒီလောက်အထိ ထိတ်လန့်စရာကောင်းအောင် သန်မာနေရသလဲဆိုတာကိုတော့ ဆန်နီ ရှင်းမပြနိုင်ခဲ့ပါဘူး..။
သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားသက်သက်နဲ့တင် သူ့ရဲ့ စွမ်းအားနီးပါးလောက် ရှိနေခဲ့တာပါ..။ ဒါက မဖြစ်နိုင်တဲ့ အရာပါပဲ..။ ဆန်နီ မှာက အမြုတေတွေ ပိုများနေတဲ့အပြင် အရိပ်တွေရဲ့ မြှင့်တင်မှုကိုလည်း ရရှိထားတာလေ..။ ဒါတောင်မှ သူ မြင်နေရတာကို မငြင်းနိုင်ခဲ့ပါဘူး..။
တစ်ဖက်မှာလည်း သူမရဲ့ တိုက်ခိုက်ရေး စတိုင်က ကြမ်းတမ်းပြီး လွှမ်းမိုးမှု ရှိနေခဲ့တယ်..။ ရန်သူတွေကို လျင်မြန်စွာ သေဆုံးစေဖို့ နဲ့ လုံးဝ ခြေမှုန်းပစ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် တစ်ခုတည်းအတွက်ပဲ အပြည့်အဝ အာရုံစိုက်ထားသလိုပါပဲ..။ အလှအပနဲ့ သိမ်မွေ့မှုတွေ ကင်းမဲ့နေပေမဲ့.. ဝိဥာဥ် ရိတ်သိမ်းသူ တိုက်ခိုက်တာကို ကြည့်နေရင်း ဆန်နီ့ မှာ တစ်ခါမှ မခံစားဖူးတဲ့ ခံစားချက်မျိုး ခံစားလိုက်ရတယ်..။
ဒါကတော့ ထောင်ပေါင်းများစွာသော သေခြင်းရှင်ခြင်း တိုက်ပွဲတွေဆီက ရလာတဲ့ သေစေနိုင်တဲ့ အရှိန်အဝါပါပဲ..။ ဒီလောက်အထိ တိုက်ပွဲ အတွေ့အကြုံတွေ အများကြီး ရှိပုံရတဲ့ လူသား စစ်သည်တော်မျိုးကို သူ တစ်ခါမှ မတွေ့ဖူးခဲ့ပါဘူး..။ သူမရဲ့ နည်းစနစ်မှာ တခြား ဘယ်သူ့ဆီမှာမှ မတွေ့ဖူးတဲ့ မှောင်မိုက်တဲ့ အနက်အဓိပ္ပာယ်တွေ ရှိနေခဲ့ပါတယ်..။
ဗာလာ ရဲ့ အဆင့်မြင့် သူရဲကောင်း နှစ်ယောက်ဖြစ်တဲ့ ပီးယားစ် နဲ့ ဝဲလ်သီ တို့တောင်မှ ဝိဥာဥ် ရိတ်သိမ်းသူ ဂျက် နဲ့ မယှဉ်နိုင်ပါဘူး..။ သူ တွေ့ဖူးသမျှ သူတော်စင်တွေတောင်မှ မယှဉ်နိုင်ကြပေ..။
အခု သေချာစဉ်းစားကြည့်လိုက်တော့မှ အဓိပ္ပာယ် ရှိသွားပါပြီ..။ အင်အားကြီး ကလန်တွေမှာ အမှုထမ်းနေတဲ့ သူတော်စင်တွေက ပိုပြီး သန်မာချင် သန်မာနေလိမ့်မယ်.. ဒါပေမဲ့ သူတို့က မာစတာ ဂျက် လို လူမျိုးနဲ့ မတူတဲ့ ဘဝမျိုးကို ဖြတ်သန်းနေကြတာပါ..။ အစိုးရက အမြဲတမ်း လူအင်အားနဲ့ အရင်းအမြစ်တွေ ရှားပါးနေတာကြောင့် သူတို့ဆီမှာ အမှုထမ်းနေတဲ့ တော်တဲ့ စစ်သည်တိုင်းက ပိုပြီး အလုပ်လုပ်ကြရပါတယ်..။
ဝိဥာဥ် ရိတ်သိမ်းသူ ဟာ သူတို့ထဲမှာ အရည်အချင်း အရှိဆုံး ဖြစ်နိုင်တာကြောင့် သူမဟာ အစိုးရရဲ့ အလုပ်အရှုပ်ဆုံး အေးဂျင့်တွေထဲက တစ်ယောက် ဖြစ်နေမှာပါ..။ ဒါက ဘာကို ဆိုလိုတာလဲဆိုတော့ အင်အားကြီး မျိုးနွယ်စုတွေက မာစတာတွေနဲ့ သူတော်စင်တွေဟာ အရေးကြီးဆုံး တိုက်ပွဲတွေကိုပဲ တိုက်ခိုက်ကြပြီး တိုက်ပွဲတစ်ခုနဲ့တစ်ခုကြားမှာ လုံလောက်တဲ့ အနားယူချိန် ရကြပေမဲ့.. သူမကတော့ ပေါ်ထွက်လာတဲ့ ဂိတ်တွေ.. သောင်းကျန်းနေတဲ့ အိပ်မက်ဆိုး သတ္တဝါတွေ.. နိုးထသူ ရာဇဝတ်ကောင်တွေနဲ့ တခြား အန္တရာယ်ရှိတဲ့ ကိစ္စတွေကို နေ့တိုင်းနီးပါး ကိုင်တွယ်ဖြေရှင်းနေရတာပါပဲ..။
မာစတာ ဂျက် က ဘာကြောင့် အမြဲတမ်း အိပ်ရေးပျက်နေတဲ့ ပုံစံ ပေါက်နေရသလဲဆိုတာ အံ့ဩစရာ မဟုတ်တော့ပေ..။
တိုက်ပွဲပြီး တိုက်ပွဲ.. တစ်ရက်ပြီး တစ်ရက်..။ သူမ အစိုးရ အမှုထမ်းထဲကို ဝင်ရောက်ခဲ့တာ ဆယ်စုနှစ်တစ်ခုမက ရှိနေပြီဖြစ်တာကို ထည့်တွက်ရင် ဝိဥာဥ် ရိတ်သိမ်းသူ ဟာ ဆန်နီ တွေ့ဖူးသမျှ လူသားစစ်သည်တွေထဲမှာ အတွေ့အကြုံ အရှိဆုံး ဖြစ်နေပါလိမ့်မယ်..။ အနည်းဆုံးတော့ တိုက်ပွဲ အရေအတွက်နဲ့ အတည်ပြုထားတဲ့ သတ်ဖြတ်မှု အရေအတွက်အရပေါ့..။
ထူးဆန်းတာကတော့ တခြား အထူးတပ်ဖွဲ့ ကပ္ပတိန်တွေက ဂျက် ထက် အသက်ကြီးကြပေမဲ့.. တိုက်ပွဲနဲ့ သတ်ဖြတ်မှုတွေမှာ သူမလောက် စွမ်းဆောင်နိုင်ပုံ မပေါ်တာပါပဲ..။
ရုတ်တရက် သူ့ဆီမှာ ပြင်းပြတဲ့ သိချင်စိတ်တစ်ခု ပေါ်လာခဲ့ပါတယ်..။
' ငါ သူမရဲ့ တိုက်ခိုက်ရေး နည်းစနစ်ကို လိုက်ပြီး သုံးလို့ ရမလား မသိဘူး…'
မာစတာ အဆင့်မှာတော့ တိုက်ခိုက်ရေး စတိုင်ဆိုတာ လှုပ်ရှားမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပုံစံတွေကို ပေါင်းစပ်ထားတာထက် ပိုပါတယ်..။ သူတို့ရဲ့ အဆီအနှစ် ထိန်းချုပ်မှုက အလွန် သိမ်မွေ့တာကြောင့် စတိုင်တစ်ခုမှာ ထူးခြားတဲ့ အဆီအနှစ် မြှင့်တင်မှု ပုံစံတွေလည်း ပါဝင်နေတာပါ..။
သူ့ရဲ့ ကိုယ်ပိုင် တိုက်ပွဲ ဆက်မဖြစ်ခင်မှာ စက္ကန့်ပိုင်းလောက်ပဲ အချိန်ရမယ်ဆိုတာ သိထားတာကြောင့် ဆန်နီ ဟာ မျက်လုံးတွေကို အားစိုက်ပြီး မာစတာ ဂျက် ရဲ့ ခန္ဓာကိုယ်အောက်က အစိတ်အပိုင်းတွေကို စူးစိုက်ကြည့်လိုက်ပါတယ်..။
အရိပ်ကခုန်မူ ရဲ့ တတိယအဆင့်ကို ရောက်ပြီးနောက်မှာ အဆီအနှစ်တွေရဲ့ စီးဆင်းမှုကို နားလည်နိုင်တဲ့ သူ့ရဲ့ စွမ်းရည်က အတော်လေး တိုးတက်လာခဲ့ပါတယ်..။ဒီတော့…
သို့ပေမဲ့ သူ မြင်လိုက်ရတဲ့ အရာက သူ့ကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့ပါတယ်..။
အပိုင်း ( ၈၆၂ ) ပြီး၏။
အပိုင်း ( ၈၆၃ ) အစိတ်စိတ်အမွှာမွှာ
ဆန်နီ ဟာ တောက်ပပြီး အလင်းတွေနဲ့ ပြည့်နှက်နေတဲ့ ဝိဥာဉ်တွေကို မြင်ဖူးသလို.. ပျံ့နှံ့လာတဲ့ ပျက်စီးခြင်းတွေရဲ့ ဝါးမြိုမှုကို ခံနေရတဲ့ ဝိဥာဉ်တွေကိုလည်း မြင်ဖူးပါတယ်..။
သို့ပေမဲ့ သူက ဂျက် ရဲ့ ဝိဥာဉ်လိုမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပေ..။
ဒါက သူ့ရဲ့ ဝိဥာဉ်လိုပဲ အလင်းရောင် ကင်းမဲ့နေပြီး အမှောင်ထု ဖုံးလွှမ်းနေခဲ့ပါတယ်..။ သူမရဲ့ နှလုံးသားနဲ့ ထပ်တူကျနေတဲ့ အနက်ရှိုင်းဆုံးနေရာမှာတော့ အားကောင်းတဲ့ အမြုတေတစ်ခုက လောင်ကျွမ်းနေခဲ့တယ်..။ ဒီ အမြုတေကိုယ်တိုင်ကလည်း ထူးဆန်းပြီး ဆန်းကြယ်လှတာကြောင့် သူ့ကို မသက်မသာ ခံစားရစေပါတယ်။
အဲဒီ နတ်ဘုရားဆန်တဲ့ အရာဟာ ပုံသဏ္ဌာန်မမှန်သလို..သူတွေ့မြင်ဖူးတဲ့ တခြား တက်ရောက်သူ တွေရဲ့ အမြုတေတွေထက် အများကြီး ပိုကြီးနေခဲ့ပါတယ်..။ အဲဒီအပေါ်မှာလည်း နက်ရှိုင်းပြီး ကွေ့ကောက်နေတဲ့ အက်ကြောင်းတွေနဲ့ ဖုံးလွှမ်းနေပါသေးတယ်..။ မဟုတ်ဘူး.. ဒါက အမြုတေတစ်ခုလုံးကို အပိုင်းအစပေါင်းများစွာနဲ့ ပြန်ဆက်ထားသလိုမျိုးပါပဲ..။ တစ်ခါက အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားခဲ့ပြီးမှ
မညီညာတဲ့ အလုံးတစ်ခုအဖြစ် ကြမ်းတမ်းစွာ ပြန်လည် စုစည်းထားသလိုပါပဲ..။
အချို့ အပိုင်းအစတွေက တစ်ခုနဲ့တစ်ခု ကိုက်ညီနေပုံရပေမဲ့.. တချို့ကတော့ အံမဝင်ကြပေ..။ အဲဒါက ဝိဥာဥ် ရိတ်သိမ်းသူ ရဲ့ အက်ကွဲနေတဲ့ အမြုတေကို ဖရိုဖရဲဖြစ်နေစေခဲ့ပါတယ်..။ ဒါပေမဲ့ အဲဒီ ရုပ်ဆိုးလှတဲ့ မညီညွတ်မှုတွေကြားမှာလည်း အစီအစဉ်တကျ ရှိနေတဲ့ အလှတရားတစ်ခု ရှိနေခဲ့ပါတယ်..။
ကွဲအက်နေတဲ့ အပိုင်းအစတွေကို ဖာထေးထားတဲ့ အလုံးဝန်းဟာ ပြင်းထန်ပြီး တောက်ပတဲ့ အလင်းတွေနဲ့ လင်းလက်နေခဲ့တယ်..။ အဲဒါက တက်ရောက်သူ တစ်ယောက်မှာ ရှိသင့်တာထက် အများကြီး ပိုများတဲ့ ဝိဥာဉ် အဆီအနှစ်တွေနဲ့ ပြည့်လျှံနေခဲ့တာပါ..။ သို့ပေမဲ့ တခြား အမြုတေတွေနဲ့ မတူတာက သူ့ရဲ့ တောက်ပမှုက ညီညာမှု မရှိပါဘူး..။ အလင်းအများစုက အနက်ရှိုင်းဆုံး နေရာမှာပဲ စုစည်းနေပြီး.. အပြင်ဘက် အနားသတ်တွေကတော့ မှောင်မိုက်ကာ အရောင်မှိန်နေခဲ့တယ်..။
ပိုဆိုးတာကတော့ အက်ကွဲနေတဲ့ အမြုတေရဲ့ ကြားထဲကနေ သေးသွယ်တဲ့ အလင်းတန်းလေးတွေက အမြဲတမ်း စီးထွက်နေပြီး ဘာမှမဟုတ်တဲ့ အရာအဖြစ် ပျောက်ကွယ်သွားနေတာပါပဲ..။ ဒါက အက်ကွဲနေတဲ့ အိုးတစ်လုံးထဲကနေ ရေတွေ တစိမ့်စိမ့် စီးထွက်နေသလိုမျိုးနဲ့တောင် တူနေပါသေးတယ်။
ဒါတောင်မှ မာစတာ ဂျက် ရဲ့ အဆီအနှစ်တွေက လျော့နည်းသွားပုံ မရပေ..။ အဲဒီအစား ဆန်နီ ကြည့်နေတုန်းမှာပဲ ဒီ ထူးဆန်းတဲ့ ဝိဥာဉ် အမြုတေဟာ ပိုပြီး တောက်ပလာခဲ့တယ်..။
' ဒါက ဘာကြီးလဲ…'
အဲ့အချိန်မှာပဲ ဝိဥာဥ် ရိတ်သိမ်းသူ ဟာ နောက်ထပ် ပျက်ပြားခြင်းအဆင့် သားရဲတစ်ကောင်ကို သတ်ဖြတ်လိုက်ပါပြီ..။ ဒီတစ်ကောင်က မွန်းစတား တစ်ကောင် ဖြစ်နေတာကြောင့် အမြုတေ နှစ်ခု ရှိနေခဲ့တယ်..။ ဒါကြောင့် သူမက သတ်ဖို့ အချိန်ပိုပြီး ပေးလိုက်ရတာပါ..။အမြုတေ တစ်ခုချင်းစီကို တိုက်ခိုက်မှု တစ်ခုစီနဲ့ ဖျက်ဆီးပစ်ခဲ့ရပါတယ်..။
သားရဲ သေဆုံးသွားတာနဲ့ တစ်ပြိုင်နက် ထူးဆန်းတာတစ်ခု ဖြစ်ပျက်လာခဲ့တယ်..။
ဒီ ပျက်ပြားခြင်းအဆင့် ပိုးကောင် သေဆုံးသွားတဲ့အခါမှာ ညစ်ညမ်းနေတဲ့ အဆီအနှစ်တွေက မာစတာ ဂျက် ရဲ့ အက်ကွဲနေတဲ့ အမြုတေထဲကို အလုံးအရင်းနဲ့ စီးဝင်သွားကို ခံစားလိုက်ရပါတယ်..။ အဲဒီထဲမှာ ရှိနေတဲ့ ပုပ်စော်နံနေတဲ့ အမှောင်ထု အကြွင်းအကျန်တွေက ပြင်းထန်တဲ့ အလင်းတွေရဲ့ လောင်ကျွမ်းပစ်ခြင်းကို ခံလိုက်ရပြီး.. မကြာခင်မှာပဲ စင်ကြယ်တဲ့ အလင်းတန်းတစ်ခုအဖြစ် စက်လုံးရဲ့ ဗဟိုချက်ဆီကို စီးဝင်သွားခဲ့ပါတယ်..။
ဆန်နီ ဟာ သူ မြင်လိုက်ရတဲ့ အရာကြောင့် အရမ်း ဇဝေဇဝါ ဖြစ်သွားခဲ့သလို.. နည်းနည်းလည်း စဥ်းစားရကြပ် သွားခဲ့တယ်..။
'တကယ်ပဲ ထူးဆန်းတဲ့ စွမ်းရည်တွေ အမျိုးမျိုး ရှိတာပဲ…'
သူကိုယ်တိုင်လည်း ဥပမာပါပဲ..။ သူ့ရဲ့ ဝိဥာဉ်ကလည်း ပုံမှန် လူသားတစ်ယောက်ရဲ့ ပုံစံမျိုး မဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် မာစတာ ဂျက် ရဲ့ ဝိဥာဉ် အမြုတေကို စိတ်ဝင်တစား ကြည့်နေမိတာကြောင့် ဆန်နီ အနေနဲ့ သူမရဲ့ တိုက်ခိုက်ရေး နည်းစနစ်ကို လေ့လာဖို့ အခွင့်အရေး လက်လွတ်သွားခဲ့တယ်..။ သူ သတိထားမိလိုက်တာကတော့ သူမရဲ့ ခန္ဓာကိုယ်ထဲမှာ ပုံမှန်ထက် အများကြီး ပိုများတဲ့ အဆီအနှစ်တွေ ပြည့်နှက်နေတာပါပဲ..။ တခြား နိုးထသူတွေနဲ့ မတူတာက ဝိဥာဥ် ရိတ်သိမ်းသူ ရဲ့ အဆီအနှစ်နဲ့ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်နိုင်စွမ်းဟာ လူသားခန္ဓာကိုယ် တစ်ခုရဲ့ ကန့်သတ်ချက်အောက်မှာ ရှိမနေတာမျိုး ဒါမှမဟုတ် အဲဒီ ကန့်သတ်ချက်က တခြားသူတွေထက် အများကြီး ပိုမြင့်နေတာမျိုး ဖြစ်နိုင်ပါတယ်..။
ဒါက သူမမှာ အမြုတေ တစ်ခုတည်း ရှိတာတောင် ဘာကြောင့် ဒီလောက် သန်မာပြီး မြန်ဆန် နေရသလဲဆိုတာကို တစ်စိတ်တစ်ပိုင်း ရှင်းပြပေးနိုင်ခဲ့ပါတယ်..။ အမြုတေတွေ အများကြီး ရှိတာနဲ့ပဲ လုံးဝကြီး အသာစီးရသွားတာ မဟုတ်ဘူးဆိုတာကို ဒါက သက်သေပြနေပါတယ်..။စိတ်ကူးကြည့်လို့တောင် မရတဲ့ ထူးဆန်းတဲ့ စွမ်းအားတွေ အများကြီး ရှိနေပြီး.. အဲဒီထဲက အများစုက မတူညီတဲ့ နည်းလမ်းတွေနဲ့ အစွမ်းထက်တဲ့ ရလဒ်မျိုးကို ရယူနိုင်ကြတာပါ..။
ဒါပေမဲ့ သူတို့ကတော့ သူ့လောက် စွမ်းဆောင်ရည် စုံလင်မှာ မဟုတ်ပေ..။
' ငါသာ သူမနဲ့ တိုက်ရရင် နိုင်ပါ့မလား…'
ဆန်နီ သေချာ မပြောနိုင်ပါဘူး..။ သူက ကိုယ့်အရည်အချင်းကိုယ် ယုံကြည်မှု ရှိပေမဲ့.. တစ်ဖက်လူကို အထင်သေးမိလို့ ရှုံးနိမ့်သွားတဲ့သူတွေလိုတော့ ထောင်ခြောက်ထဲ အရောက်မခံနိုင်ပေ..။
သူ နိုင်ခဲ့ရင်တောင် ဘယ်လောက်အထိ ပေးဆပ်ရနိုင်မလဲ..။ အမြုတေ တစ်ခု ဒါမှမဟုတ် နှစ်ခုလောက် ဆုံးရှုံးသွားတာက သူ့ကို သေစေမှာ မဟုတ်ပေမဲ့.. ချို့ယွင်းသွားတဲ့ ဝိဥာဉ်နဲ့ အနိုင်ရတာကတော့ သိပ်ပြီး ပျော်စရာမကောင်းပါဘူး။
ဒါကြောင့်လည်း သူတော်စင်တွေက ဝိဥာဥ် ရိတ်သိမ်းသူ ထက် အများကြီး သန်မာကြပေမဲ့ သူမနဲ့ တိုက်ခိုက်ဖို့ ဝန်လေးနေကြတာ ဖြစ်နိုင်ပါတယ်..။ လူအများစုက သူမကို ကြောက်ရွံ့ပြီး မုန်းတီးနေကြတာလည်း ဒါကြောင့်ပဲ ဖြစ်နိုင်ပါတယ်။
ဆန်နီ အနေနဲ့ ဒီကိစ္စတွေကို ဆက်ပြီး စဉ်းစားချင်ပေမဲ့ ဝမ်းနည်းစရာကတော့ သူ့အတွက် အချိန်ကုန်သွားပါပြီ..။
ကျောက်တုံး စစ်သားတွေက သူ ပုန်းကွယ်ဖို့ အသုံးပြုထားတဲ့ အလောင်းတွေကို ကျော်တက်လာခဲ့ကြတယ်။.. သူတို့ရဲ့ ရူးသွပ်မှုတွေကတော့ အရင်အတိုင်း လူသတ်ချင်စိတ်တွေ ပြင်းထန်နေတုန်းပါပဲ..။
သူက ရက်စက်သော မြင်ကွင်း ကို တင်းတင်းဆုပ်ကိုင်ရင်း ရှေ့ကို ပြေးထွက်လိုက်ပြီး နောက်ထပ် ရန်သူတစ်ကောင်ရဲ့ မာကျောတဲ့ အခွံထဲကို ထိုးသွင်းလိုက်ပါတယ်..။
အိပ်မက်ဆိုး သတ္တဝါ ရာပေါင်းများစွာက အထူးတပ်ဖွဲ့ သုံးဖွဲ့ပေါ်ကို ကျရောက်လာခဲ့တယ်..။
ဝိဥာဥ် ရိတ်သိမ်းသူ က အန္တရာယ်အရှိဆုံး ရန်သူတွေကို အမဲလိုက်ဖို့ သားရဲလှိုင်းကြီးထဲကို တစ်ယောက်တည်း တိုးဝင်သွားခဲ့တာကြောင့်.. အစောပိုင်း ထိပ်တိုက်တွေ့မှုက ဖြစ်သင့်သလောက် မပြင်းထန်ခဲ့ပါဘူး..။ ဘုရင်မ နဲ့ သူမရဲ့ လက်ဖြောင့်တပ်သားတွေရဲ့ ကူညီမှုကြောင့် ရှေ့တန်း တိုက်ခိုက်ရေးသမားတွေက တောင့်ခံထားနိုင်ပေမဲ့ ချက်ချင်းပဲ ဝိုင်းရံခံလိုက်ကြရပါတယ်..။
သူတို့ရဲ့ အနောက်မှာတော့ ပထမအထူးတပ်ဖွဲ့ရဲ့ အငယ်ဆုံး ကပ္ပတိန် ဖြစ်တဲ့ မာစတာ ဆန်းလပ်စ် က ရန်သူ့ရဲ့ ဘေးတိုက် စစ်ကြောင်းတစ်ခုလုံးကို တစ်ယောက်တည်း ခုခံနေခဲ့ရတယ်..။ အထူးတပ်ဖွဲ့ဝင်တွေ အနောက်ကို လှည့်ကြည့်ဖို့ အချိန်ရခဲ့ရင်တောင်.. တိုက်ပွဲကနေ ထွက်ပေါ်လာတဲ့ တောက်ပတဲ့ အလင်းတန်းတွေ ကြားမှာတောင် တည်ရှိနေနိုင်တဲ့ ထူးဆန်းတဲ့ အမှောင်ထုကလွဲလို့ ဘာမှ မြင်ရမှာ မဟုတ်ပါဘူး..။
သူတို့ သိနိုင်တာကတော့ အမှောင်ထုထဲကနေ ထွက်ပေါ်လာတဲ့ သေခါနီး အိပ်မက်ဆိုး သတ္တဝါတွေရဲ့ နားကွဲမတတ် အော်ဟစ်သံတွေ ၊ အခွံတွေ ကွဲအက်သွားတဲ့ အသံတွေနဲ့.. လောင်ကျွမ်းနေတဲ့ အသားတွေရဲ့ ပုပ်စော်နံတဲ့ အနံ့အသက်တွေပဲ ဖြစ်ပါတယ်..။
စစ်သားတစ်ယောက်က ပိုးကောင်တစ်ကောင်ကို သတ်ပြီးနောက် နောက်ကို ယိုင်လဲသွားရင်း ခနလောက် လှည့်ကြည့်လိုက်မိတယ်..။ အဲ့အချိန်မှာပဲ ပုံပျက်ပန်းပျက် ဖြစ်နေတဲ့ ဧရာမ ကျရှုံးမူအဆင့် သားရဲကြီးရဲ့ အလောင်းက အမှောင်ထုထဲကနေ အပြင်ကို လွင့်ထွက်လာပြီး ကျောက်တုံးတွေပေါ်ကို ကျဆင်းသွားခဲ့ပါတယ်..။ ပုပ်စော်နံတဲ့ အပြာရောင် သွေးတွေက တောင်စောင်းတစ်ခုလုံးကို ပန်းထွက်သွားခဲ့တယ်..။
ဒီကောင်က နှစ်ပိုင်း ပြတ်လုနီးပါး ဖြစ်နေခဲ့ပါပြီ။
ဒါက ဓားနဲ့ ခုတ်ထားတာ မဟုတ်ဘဲ ဆွဲဖြဲထားခဲ့တာပါ..။
စစ်သားက တုန်ရီသွားခဲ့တယ်..။
'ဘုရားသခင်တို့.. ဒီ ကောင်လေးက ဘယ်လိုမျိုး မွန်းစတားမျိုးလဲ…'
ရုတ်တရက် တောက်ပလှတဲ့ အလင်းတန်းတစ်ခုက ကမ္ဘာကြီးကို ခနလောက် ဖြူဖွေးသွားစေခဲ့တယ်..။ သူတို့ရဲ့ အထက် ကောင်းကင်ယံမှာ ဧရာမ ပုံရိပ်ကြီး နှစ်ခုက ပြင်းထန်စွာ ထိပ်တိုက်တွေ့လိုက်တာကြောင့် နားကွဲမတတ် မိုးခြိမ်းသံကြီး ထွက်ပေါ်လာခဲ့ပါတယ်..။ သူတို့ ရဲ့ ရိုက်ခတ်မှု ပြင်းအားကြောင့် တောင်တစ်ခုလုံး တောင် တုန်ခါသွားခဲ့တယ်..။
ကိုယ့်ကံကြမ္မာကိုယ် ကျိန်ဆဲရင်း အထူးတပ်ဖွဲ့ဝင်တွေဟာ မလိုအပ်တဲ့ အတွေးတွေကို ခေါင်းထဲက ထုတ်ပစ်လိုက်ပြီး.. သေစေနိုင်တဲ့ တိုက်ပွဲထဲကို ပြန်တိုးဝင်သွားခဲ့ကြပါတယ်..။ သူတို့ သတ်ရဦးမဲ့ သောက်ကျိုးနဲ ပိုးကောင်တွေ ရာနဲ့ချီပြီး ကျန်နေပါသေးတယ်..။
သူ့ရဲ့ ဘေးနားမှာလည်း ပထမအထူးတပ်ဖွဲ့ဝင်တွေက အသက်အတွက် တိုက်ပွဲဝင်နေကြတယ်..။ ဘယ်သူမှ နောက်မဆုတ်ကြသလို.. ဘယ်သူမှလည်း စိတ်ဓာတ်မကျခဲ့ကြပါဘူး..။ တစ်ယောက်ချင်းစီက အစိုးရရဲ့ အကောင်းဆုံး စစ်သည်တွေနဲ့ ထိုက်တန်တဲ့ ပြတ်သားမှုတွေ၊ စိတ်ဓာတ်တွေနဲ့ အစွမ်းကုန် ကြိုးစားနေကြပါတယ်..။
ဒါတောင်မှ အခြေအနေက သိပ်မကောင်းလှပေ..။ ရန်သူက အရမ်း များလွန်းသလို.. ရက်စက်ပြီး လွှမ်းမိုးထားနိုင်လောက်တဲ့ အင်အားလည်း ရှိနေခဲ့ပါတယ်..။
ပိုဆိုးတာကတော့ ဒီ ကျိန်စာသင့် ပိုးကောင်တွေက အရမ်းကို ပါးနပ်ပြီး စနစ်တကျ ရှိနေကြတာပါ..။
မကြာခင်မှာ တစ်ခုခု ပြောင်းလဲအောင် လုပ်မှရပါတော့မယ်……
အပိုင်း ( ၈၆၃ ) ပြီး၏။
အပိုင်း ( ၈၆၄ ) ဟန်ချက်ပျက်သွားခြင်း
မပြီးဆုံးနိုင်တဲ့ သတ်ဖြတ်မှုတွေကြားမှာ ပိတ်မိနေပြီး.. မနည်းတောင့်ခံထားခဲ့ရတယ်။.. သူ့ရဲ့ ကြွက်သားတွေထဲကို ပင်ပန်းနွမ်းနယ်မှု အငွေ့အသက်တွေ စိမ့်ဝင်လာတာ ခံစားမိတာကြောင့်.. တိုက်ပွဲဟာ အဆုံးအဖြတ်ပေးမဲ့ အဆင့်ကို ရောက်ရှိလာပြီဆိုတာ ဆန်နီ သိလိုက်ပါတယ်..။
လောလောဆယ်မှာတော့ အခြေအနေဟာ
မရေရာတဲ့ ဟန်ချက်တစ်ခုမှာ ရှိနေပုံရတယ်..။ ကျောက်စိမ်းပိုးကောင်နဲ့ သူတော်စင် တိုင်းရစ် တို့ဟာ အထက်ကောင်းကင်ယံ တစ်နေရာမှာ ထိပ်တိုက်တွေ့နေကြပြီး.. ဘယ်သူကမှ တစ်ဖက်ရန်သူကို အလဲထိုးနိုင်ခြင်း မရှိသေးပါဘူး..။ မြေပြင်ပေါ်မှာတော့ မာစတာ ဂျက် က အိပ်မက်ဆိုး သတ္တဝါတွေရဲ့ ဒီရေလှိုင်းကြားမှာ တစ်ယောက်တည်း တိုက်ပွဲဝင်ရင်း အသန်မာဆုံး ရန်သူတွေကို ရှာဖွေနေခဲ့တယ်..။ သူမဟာ အကောင်အများကြီးကို သတ်ဖြတ်ပြီးပြီ ဖြစ်ပေမဲ့.. သူမရဲ့ တာဝန်က ပြီးမြောက်ဖို့ အဝေးကြီး လိုပါသေးတယ်..။
အထူးတပ်ဖွဲ့ဝင်တွေကလည်း ကျောက်တုံးသားရဲတွေ ရဲ့ ပြင်းထန်တဲ့ ထိုးစစ်ကို တွန်းလှန်ရင်း တောင့်ခံထားကြပါတယ်..။ သူတို့ဟာ ဝါးမြိုခံရမဲ့ အခြေအနေကနေ ရှောင်ရှားနိုင်ခဲ့ပေမဲ့.. ရန်သူ အနောက်ကို ပြန်ဆုတ်သွားအောင် တိုက်ထုတ်ပြီး ထိုးစစ်ဆင်နိုင်ခြင်းတော့ မရှိသေးပါဘူး..။ ဝင်းတား နဲ့ သူမရဲ့ လက်ဖြောင့်တပ်သားတွေက အန္တရာယ်အရှိဆုံး ကျရှုံးမူအဆင့် သားရဲတွေကို ရှင်းလင်းပေးနေတာတောင်မှ.. အခြေအနေက အတော်လေးကို စိုးရိမ်စရာ ကောင်းနေခဲ့တယ်..။
နောက်ဆုံးအနေနဲ့ ဆန်နီ ကတော့ စစ်ကြောင်းရဲ့ အနောက်ဘက်ကို ကာကွယ်ပေးနေပါတယ်..။ သူ ကိုယ်တိုင်လည်း သူ့ဘက်က အိပ်မက်ဆိုး သတ္တဝါတွေကို ထိန်းချုပ်ထားပေမဲ့.. သူတို့ကို အနိုင်ယူနိုင်ဖို့ကတော့ အဝေးကြီး လိုပါသေးတယ်..။ သူက သားရဲ တစ်ကောင်ကို သတ်တိုင်း.. နောက်ထပ် နှစ်ကောင်က ချက်ချင်း နေရာဝင်ယူနေခဲ့တာပါ..။
ဘယ်ဘက်ကမှ တစ်ဖက်ကို အမြစ်ပြတ် မချေမှုန်းနိုင်ကြပေ..။ သို့ပေမဲ့ ဒီဟန်ချက်က ဘယ်အချိန်မဆို ပျက်စီးသွားနိုင်ပါတယ်..။
သူတို့ရဲ့ ဝိဥာဉ် အဆီအနှစ်နဲ့ ခံနိုင်ရည်က အကန့်အသတ် ရှိတာကြောင့်.. အချိန်ကြာလာတာနဲ့အမျှ အထူးတပ်ဖွဲ့ဝင်တွေအတွက် အခြေအနေက ပိုဆိုးလာခဲ့တယ်..။ စစ်သားတွေအနေနဲ့ ဒီပြင်းထန်တဲ့ တိုက်ပွဲရဲ့ ရက်စက်လှတဲ့ အရှိန်အဟုန်ကို နောက်ထပ် အကြာကြီး လိုက်မမှီနိုင်တော့ပါဘူး..။
သူတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ကတော့ ဝိဥာဥ် ရိတ်သိမ်းသူ က ကျန်နေတဲ့ ပျက်ပြားခြင်းအဆင့် သားရဲတွေကို အမြန်ရှင်းပြီး.. သာမန် သားရဲတွေကို တိုက်ခိုက်ရာမှာ မကြာခင် ပူးပေါင်းလာဖို့ပါပဲ..။ ဒါပေမဲ့ ဆန်နီ လှမ်းမြင်လိုက်ရသလောက်တော့.. ပထမအထူးတပ်ဖွဲ့ ကပ္ပတိန်အတွက်လည်း အခြေအနေက သိပ်မကောင်းလှပေ..။
မာစတာ ဂျက် က အားနည်းတဲ့ ပျက်ပြားခြင်းအဆင့်တွေကို မြန်မြန်ဆန်ဆန် ကိုင်တွယ်နိုင်ခဲ့ပေမဲ့.. အခုတော့ အသန်မာဆုံးအကောင်တွေပဲ ကျန်ပါတော့တယ်..။ ပိုဆိုးတာက ကျောက်တုံးသားရဲတွေ ဟာ ဒီလူသား တစ်ယောက်တည်းက ဘယ်လောက်အထိ ခြိမ်းခြောက်မှု ဖြစ်စေသလဲဆိုတာကို နားလည်သွားပုံရတာပါပဲ..။ စက္ကန့်တိုင်းမှာ ဝိဥာဥ် ရိတ်သိမ်းသူ အတွက် လှုပ်ရှားဖို့နဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့က ပိုပိုပြီး ခက်ခဲလာခဲ့တယ်..။
သူမက နောက်ဆုံးမှာ သူတို့အားလုံးကို သတ်နိုင်ကောင်း သတ်နိုင်လိမ့်မယ်..ဆိုပေမဲ့ ဒါက လုံလောက်အောင် မြန်ပါ့မလား..။
လောလောဆယ်တော့ ဆန်နီ မသေချာပါဘူး..။
' ငါ တစ်ခုခု လုပ်မှဖြစ်မယ်…'
သူက အဆီအနှစ်ကို ချွေတာဖို့အတွက် ရက်စက်သော မြင်ကွင်း ရဲ့ လှံသွားထဲမှာ လောင်ကျွမ်းနေတဲ့ နတ်ဘုရား မီးတောက်တွေကို ငြှိမ်းသတ်လိုက်တယ်။.. အခုတော့ ရူးသွပ်နေတဲ့ သားရဲတွေကို သာမန် ငွေရောင်သံမဏိ လှံ နဲ့ပဲ တိုက်ခိုက်နေခဲ့ပါတယ်..။ အလောင်းပုံကြီးတွေက သူ့ကို ဝန်းရံထားပြီး.. စက္ကန့်တိုင်းမှာ နောက်ထပ် သတ္တဝါတွေက သူတို့ရဲ့ ကျရှုံးသွားတဲ့ အဖော်တွေကို ကျော်ဖြတ်ကာ ဒီမုန်းတီးစရာ လူသားကို တိုက်ခိုက်ဖို့ ခုန်အုပ်လာကြတယ်..။
' ဒါပေမဲ့ ငါ ဘာလုပ်နိုင်မှာလဲ '
လူသားစစ်တပ်ဘက်က အသာစီးရအောင် တိုက်ပွဲရဲ့ ဟန်ချက်ကို သူ ဘယ်လိုမျိုး ဖျက်ဆီးရမှာလဲ..။
ဆန်နီက သူ့ရဲ့ ကိုယ်ပိုင် တိုက်ပွဲနယ်မြေမှာ အသာစီးရဖို့ အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီ..ဖြစ်ပေမဲ့ ရှုံးနိမ့်ခဲ့ပါတယ်..။ ကျောက်တုံး သားရဲတွေ အထူးတပ်ဖွဲ့ဝင်တွေဆီကို တိုးမလာအောင် တားဆီးထားနိုင်တာက သူ လုပ်နိုင်သမျှ အကုန်ပါပဲ..။
ပင်မရှေ့တန်း စစ်ကြောင်းရဲ့ အခြေအနေကို ပြောင်းလဲဖို့ကလည်း သူ့အရည်အချင်းနဲ့ မဖြစ်နိုင်ပေ..။ ဆန်နီ သာ နိုးထသူ စစ်သည်တွေနဲ့ ပူးပေါင်းဖို့ ရွေးချယ်လိုက်ရင်.. သေဆုံးခြင်း ဆန္ဒ ကြောင့် အဖွဲ့သားတွေက စိတ်ဓာတ်တက်ကြွမှု အားကောင်းလာနိုင်ပေမဲ့.. တစ်ဖက်မှာလည်း သူတို့ရဲ့ အာရုံကို ခွဲပြီး လမ်းကြောင်းနှစ်ခုက တိုက်ခိုက်မှုတွေကို ကာကွယ်ရတော့မှာပါ..။ သူ ယူဆောင်လာနိုင်မဲ့ ဘယ်လို အကျိုးကျေးဇူးမဆို တိုးလာမဲ့ ဖိအားတွေကြောင့် အရာမထင် ဖြစ်သွားပါလိမ့်မယ်..။
မာစတာ ဂျက် ကို ကူညီဖို့ဆိုတာကလည်း မဖြစ်နိုင်ပါဘူး..။ ဆန်နီ အနေနဲ့ ပျက်ပြားခြင်းအဆင့် တစ်ကောင် ဒါမှမဟုတ် အကောင်အချို့ကို သတ်နိုင်စွမ်း ရှိနေတာတောင်မှ..ဒါက အချိန်တစ်ခု ယူရဦးမှာပါ..။ရလဒ်ကောင်းတွေ ရဖို့အတွက် သူက အထူးတပ်ဖွဲ့ဝင်တွေရဲ့ အနောက်က သူ့ရဲ့ တည်နေရာကို စွန့်ခွာရမှာကိုတော့ ပြောနေစရာတောင် မလိုပါဘူး။
ဒါဆိုရင်တော့… တိုက်ပွဲရဲ့ အစိတ်အပိုင်း တစ်ခုပဲ ကျန်ပါတော့တယ်..။
သွေးဆာနေတဲ့ ပိုးကောင်တစ်ကောင်ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ရင်း.. သူက အရိပ်လက်တံ တစ်ခုကို သုံးကာ တိုးဝင်လာတဲ့ ရန်သူတွေဆီကို ရုတ်တရက် ဆွဲပစ်လိုက်ပါတယ်..။ ယင်းနောက် မီတာ ဒါဇင်ဝက်လောက် အကွာမှာ ရှိနေတဲ့ ဖြစ်သွားတဲ့ သားရဲတစ်ကောင်ရဲ့ ခန္ဓာကိုယ်ကို ထိုးဖောက်လိုက်တယ်..။
ပြီးတာနဲ့ သူ ခနလောက် အပေါ်ကို မော့ကြည့်လိုက်ပါတယ်..။
မှောင်မိုက်တဲ့ ကောင်းကင်ယံမှာ ဧရာမ ပုံရိပ်ကြီး နှစ်ခုက တစ်ခုနဲ့တစ်ခု ရစ်ပတ်နေကြတယ်..။ လျှပ်စီးတန်းတွေက သူတို့ကြားမှာ ကခုန်နေပြီး.. အဆိပ်သင့်စေတဲ့ အနက်ရောင် ပြာမှုန့် မြစ်ကြီးတွေက တိမ်တိုက်တွေလိုပဲ လေထဲမှာ စီးဆင်းနေခဲ့ပါတယ်..။
သူ့မျက်နှာက တည်ကြည်သွားခဲ့တယ်..။
' ဒါက အရမ်း သန်မာလွန်းတယ်.. ငါ မသတ်နိုင်ဘူး.. အမြန် မသတ်နိုင်လောက်ဘူး…'
ဒါပေမဲ့ ပြန်စဉ်းစားကြည့်ရင်… သူက သတ်ဖို့ လိုလို့လား..။
ဆန်နီ တစ်ခုခုကို ဆုံးဖြတ်လိုက်ပြီး. သက်ပြင်းချကာ ရက်စက်သော မြင်ကွင်း ကို ခုန်အုပ်လာတဲ့ သားရဲတစ်ကောင်ရဲ့ ပါးစပ်ထဲ ထိုးထည့်လိုက်ပါတယ်..။ယင်းနောက် သူ မျက်လုံးကို မှိတ်လိုက်ပြီး.. သူ့ကို အပိုင်းပိုင်း ဆွဲဖြဲချင်နေတဲ့ အိပ်မက်ဆိုး သတ္တဝါတွေ ဝန်းရံထားတယ်ဆိုတဲ့ အမှန်တရားကို မေ့ပစ်ဖို့ ကြိုးစားလိုက်တယ်..။
သူ့ခါးမှာ ချည်ထားတဲ့ မီးအိမ်လေးထဲကနေ ထွက်ပေါ်လာတဲ့ အရိပ်တွေက ရုတ်တရက် ရှေ့ကို တိုးထွက်လာပြီး သူ့ပတ်ပတ်လည်မှာ အကာအကွယ် တစ်ခု ဖန်တီးလိုက်ပါတယ်..။ ကျောက်တုံး စစ်သားတွေကို သတ်ဖြတ်နေတဲ့ လက်တံတွေတောင်မှ ပျောက်ကွယ်သွားပြီး အဲဒီ မှောင်မိုက်တဲ့ နံရံတွေထဲမှာ ပေါင်းစပ်သွားခဲ့တာပါ။
ဒီ အကာအကွယ်ထဲမှာတော့ ဆန်နီ ဟာ မော်ဂန်ရဲ့ စစ်ပွဲလေး ကို ဆင့်ခေါ်လိုက်ပါတယ်..။
လေထုထဲမှာ အနီရောင် မီးပွားလေးတွေ ပေါ်လာတာနဲ့အမျှ.. လေးလံတဲ့ တိုက်ခိုက်မှုတစ်ခုက သူ တည်ဆောက်ထားတဲ့ အရိပ်လှောင်အိမ်ကို တုန်ခါသွားစေခဲ့တယ်..။ ပြီးနောက် နောက်ထပ် တစ်ခု.. နောက်တစ်ခု.. နောက်တစ်ခု..။ မကြာခင်မှာပဲ မရေမတွက်နိုင်တဲ့ တိုက်ခိုက်မှုတွေက အဲဒီအပေါ်ကို ကျရောက်လာပြီး.. အကာအကွယ်ရဲ့ မျက်နှာပြင်ကို တုန်ခါစေကာ အက်ကြောင်းတွေ ဖြစ်ပေါ်စေခဲ့ပါတယ်..။
ဆန်နီ က လှောင်အိမ်ကို တတ်နိုင်သမျှ ခိုင်ခံ့အောင် လုပ်ထားတာပါ..။ သူ့ရဲ့ တက်ရောက်သူ အဆီအနှစ်တွေ ထည့်သွင်းထားတာကြောင့်..ဒါက သူ တစ်ခါက ကာကွယ်ပေးခဲ့ဖူးတဲ့ အားကောင်းတဲ့ စစ်သင်္ဘောကြီးရဲ့ သံချပ်ကာထက်တောင် အများကြီး ပိုပြီး ခံနိုင်ရည် ရှိနေခဲ့တယ်..။
ဒါတောင်မှ.. အသက်ရှူသံ အနည်းငယ်အကြာမှာပဲ ဒါက စတင် ပျက်စီးလာခဲ့တယ်..။ ကျယ်ပြန့်တဲ့ အက်ကြောင်းတွေက မျက်နှာပြင်ပေါ်မှာ ပေါ်လာခဲ့ပါတယ်။.. ယင်းနောက် ချွန်ထက်တဲ့ အခွံဓားတစ်လက်က အက်ကြောင်းတစ်ခုထဲကနေ တိုးဝင်လာကာ မြေအောက်ကမ္ဘာ ဝတ်ရုံတော် ရဲ့ မဟူရာ မျက်နှာပြင်ကို ကုတ်ခြစ်ပြီး ဆန်နီ ကို အနောက်ကို လွင့်ထွက်သွားစေခဲ့တယ်..။
သို့ပေမဲ့ ဒါကပဲ လုံလောက်ပါပြီ..။
သူ့လက်ထဲမှာ အနက်ရောင်လေး ပေါ်လာတာနဲ့အမျှ.. ဆန်နီ က အရိပ်လှောင်အိမ်ကို ပုံစံပြောင်းဖို့ အမိန့်ပေးလိုက်ပါတယ်..။ ချက်ချင်းဆိုသလိုပဲ လှောင်အိမ်က မာကျောမှုနဲ့ ပုံသဏ္ဌာန်တွေ ပျောက်ကွယ်သွားပြီး.. အဲဒီအစား ရှည်လျား ချွန်ထက်တဲ့ ဆူးချွန်ကြီးတွေ အဖြစ် အရပ်မျက်နှာ အနှံ့ကို ထိုးထွက်သွားခဲ့ပါတယ်..။
သားရဲအချို့က ဒီဆူးတွေနဲ့ အထိုးခံလိုက်ရပေမဲ့.. အများစုကတော့ သူတို့ရဲ့ အခွံတွေပေါ်မှာ နက်ရှိုင်းတဲ့ ကုတ်ခြစ်ရာတွေ ပေါ်လာတာကြောင့် ခနလောက် တုံ့ဆိုင်းသွားကြရုံပါပဲ..။
ဆန်နီ သူတို့ကို ဂရုမစိုက်ဘဲ အပေါ်ကို မော့ကြည့်ကာ သူ့ရဲ့လေးကို တင်လိုက်ပါတယ်..။
[ဝိဥာဉ်မြှား]
[သေခြင်းတရား ပေးဝေသူ]
ဒီတစ်ခါမှာတော့ ရွှေရောင်နဲ့ လုပ်ထားပုံရတဲ့ တောက်ပတဲ့ မြှားတစ်စင်းက လေးကြိုးပေါ်မှာ ပေါ်လာခဲ့တယ်..။ အသားတွေကို ထိုးဖောက်ပြီး ပြင်းထန်တဲ့ ဒဏ်ရာတွေ ပေးနိုင်ဖို့အတွက် ပြီးပြည့်စုံတဲ့ မြှားဦးက နူးညံ့တဲ့ ရွှေရောင် အလင်းတန်းတွေကို ထုတ်လွှတ်နေခဲ့ပါတယ်..။
အချိန်တွေ နှေးကွေးသွားသလို ခံစားရတဲ့ အခိုက်အတန့်မှာပဲ ဆန်နီ ဟာ ပစ်မှတ်ကို ချိန်ရွယ်လိုက်တယ်။.. သူ့က အရိပ်တွေကို မြှားပတ်ပတ်လည်မှာ ရစ်ပတ်လိုက်ကာ ကောင်းကင်ယံဆီကို လွှတ်တင်လိုက်ပါတယ်..။
မြားက အမှောင်ထုထဲကို ပျံသန်းသွားရင်း.. သူ့ရဲ့ ပစ်မှတ်ဆီကို ချက်ချင်း ရောက်ရှိသွားခဲ့တယ်..။
ပစ်မှတ်ကတော့ အခြားမဟုတ်ဘဲ ပျက်ပြားခြင်းအဆင့် တိုင်းရန့် ပါပဲ..။
သို့ပေမဲ့ ဆန်နီ က ဒါကို သတ်ဖို့ ချိန်ရွယ်ခဲ့တာ မဟုတ်ပေ..။ သူ ဘယ်လောက်ပဲ အဆီအနှစ်တွေ ထည့်သွင်းပါစေ.. ဒီလို သတ္တဝါမျိုးက တိုက်ခိုက်မှု တစ်ခုတည်းနဲ့ ပျက်စီးသွားမှာ မဟုတ်ဘူးဆိုတာ သူ ကောင်းကောင်း သိပါတယ်..။
ရွှေရောင်မြှားက သားရဲရဲ့ ကြေးခွံကို ထိမှန်တာမျိုး ဒါမှမဟုတ် မျက်လုံးကို ထိုးဖောက်တာမျိုး မလုပ်ခဲ့ပါဘူး..။
အဲဒီအစား ဒါက ဖောက်ထွင်းမြင်နေရတဲ့ အတောင်ပံ တစ်ဖက်ကို ထိမှန်ပြီး..ဆွဲဖြဲကာ နောက်ထပ် အတောင်ပံ တစ်ဖက်ရဲ့ အောက်ခြေမှာ နက်နက်ရှိုင်းရှိုင်း စိုက်ဝင်သွားခဲ့ပါတယ်..။
တစ်ချိန်တည်းမှာပဲ ဆန်နီ က တတိယမြောက် တိုးမြှင့်မူ ကို အသက်သွင်းလိုက်တယ်..။
[ငြိမ်းချမ်းရေး ဖိအား ] စွမ်းရည် တိုးမြှင့်မူ ဖော်ပြချက် - "ဝိဥာဉ်မြှားတွေက ရန်သူရဲ့ အသားထဲကို ထိုးဖောက်ဝင်ရောက်ပြီးနောက်.. သူတို့ရဲ့ အလေးချိန်ကို သိသိသာသာ တိုးမြှင့်နိုင်သည်.."
ကျောက်စိမ်းပိုးကောင်ရဲ့ အသားထဲမှာ နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေတဲ့ ရွှေရောင်မြှားက ရုတ်တရက် ဆိုသလိုပဲ သင်္ဘောကျောက်ဆူးတစ်ခုလို လေးလံသွားခဲ့ပါတယ်..။
တိုင်းရန့် နဲ့ဝေးတဲ့ အောက်ဘက်မှာတော့.. ဆန်နီ က ကျေနပ်စွာ ပြုံးလိုက်တယ်။
"အခု ကြိုးစားပြီး ပျံသန်းကြည့်ပါဦး.. ခွေးသားလေး….."