အခန်း (၈၆၅-၈၆၇)
Vol. 58 Ch. 865-867
အပိုင်း ( ၈၆၅ ) ကံကောင်းသော ပစ်ခတ်မူ
ဆန်နီ က ပျက်ပြားခြင်းအဆင့် တိုင်းရန့် တစ်ကောင်ကို အေးအေးဆေးဆေး သတ်နိုင်လောက်တဲ့အထိ မသန်မာသေးပါဘူး..။ဒီလို သတ္တဝါမျိုးကို အနိုင်ယူဖို့ဆိုတာက သူ မလုပ်နိုင်တဲ့ အရာမျိုး မဟုတ်တော့ပေမဲ့.. ဒီလိုလုပ်ဖို့ကစနစ်တကျ လေ့လာမှုနဲ့ ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လိုအပ်ပါတယ်..။ ဒီလို ပြင်ဆင်ထားရင်တောင်မှ ဒီလောက်အထိ အစွမ်းထက်တဲ့ အိပ်မက်ဆိုး သတ္တဝါကို စိန်ခေါ်တာက အတော်လေး အန္တရာယ် အလွန်များလှပါတာပါ..။
သို့ပေမဲ့ ဆန်နီ က ကျောက်စိမ်းပိုးကောင်ကို အမှန်တကယ် သတ်ဖို့ မလိုအပ်ပေ..။
သူ လုပ်ဖို့ လိုတာကတော့ ဧရာမ တိုင်းရန့် နဲ့ ကောင်းကင်ဒီရေ တို့ကြားက အင်အား ဟန်ချက်ကို ဖျက်ဆီးပစ်ဖို့ပဲ ဖြစ်ပါတယ်..။
ဒီလို အရာမျိုးက ပြောသလောက် မလွယ်ကူပေမဲ့.. ဆန်နီ မှာတော့ လူအနည်းငယ်မှာပဲ ရှိတဲ့ အားသာချက်တွေ ရှိနေခဲ့တယ်..။ သူ့မှာ ဗာလာ ကလန် ရဲ့ အကောင်းဆုံး လက်နက်ပညာရှင်တွေ.. ဒါမှမဟုတ် အန်ဗီ ကိုယ်တိုင် ဖန်တီးထားနိုင်တဲ့ လေးတစ်လက် ရှိနေပါတယ်..။ဒီလေးက ဆွဲဖို့အတွက် အင်အားအများကြီး လိုအပ်ပေမဲ့.. မြှားတွေကို အဝေးကြီး ရောက်အောင် ပစ်လွှတ်နိုင်သလို.. ပိုပြီး ပြင်းထန်တဲ့ အရှိန်ကိုလည်း ပေးနိုင်စွမ်း ရှိပါတယ်..။
သူ့မှာ [သေခြင်းတရား ပေးဝေသူ] ဆိုတဲ့ တိုးမြှင့်မူ ရှိနေခဲ့သေးတယ်..။သူက ဖျက်ဆီးအား ပြင်းထန်တဲ့ ဝိဥာဉ်မြှားတွေ အဖြစ် ပြောင်းလဲပေးနိုင်တဲ့ ရှားပါး နတ်ဘုရား အပိုင်းအစ တစ်ခုပါပဲ..။ ပြီးတော့ အန္တာတိကရဲ့ အေးစက်တဲ့ ကောင်းကင်ယံကို ဝါးမြိုနေတဲ့ အမှောင်ထုထဲမှာလည်း သူ မြင်နိုင်စွမ်း ရှိနေပါတယ်..။
အရေးအကြီးဆုံးကတော့.. ကောင်းမွန်တဲ့ ပစ်ချက်တစ်ခု ရဖို့အတွက် အချိန်တစ်ခု ဖန်တီးနိုင်တဲ့ စွမ်းအားနဲ့ အရည်အချင်း သူ့မှာ ရှိနေတာပါပဲ..။
ရလဒ်အနေနဲ့ သူ ပစ်လွှတ်လိုက်တဲ့ နတ်ဘုရားမြှားဟာ တိုင်းရန့် ရဲ့ အတောင်ပံ တစ်ဖက်ကို ဆွဲဖြဲသွားခဲ့ပြီး.. နောက်တစ်ဖက်ကိုလည်း အနည်းငယ် ထိခိုက်စေခဲ့ပါတယ်..။ အဲဒီလိုနဲ့ ကျောက်စိမ်းပိုးကောင်ရဲ့ အတောင်ပံ လေးဖက်ထဲက နှစ်ဖက်က ဒဏ်ရာ ရသွားခဲ့တယ်..။
ဒါတစ်ခုတည်းနဲ့တော့ သူ့ရဲ့ ပျံသန်းနိုင်စွမ်းကို မတားဆီးနိုင်လောက်ပေမဲ့.. [ငြိမ်းချမ်းရေး ဖိအား] ရဲ့ အလေးချိန်နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ သတ္တဝါရဲ့ လေထဲမှာ လှုပ်ရှားနိုင်စွမ်းကို သိသိသာသာ လျော့ကျသွားစေခဲ့တယ်..။ ဝမ်းနည်းစရာ ကောင်းတာက ဆန်နီ မျှော်လင့်ထားသလို မြေပြင်ပေါ်ကိုတော့ တန်းပြီး ပြုတ်မကျသွားခဲ့ပါဘူး..။
ဒါပေမဲ့ ဒါက သူတော်စင် တိုင်းရစ် အတွက် အဆုံးအဖြတ်ပေးမဲ့ အသာစီးရမှုကို ပေးလိုက်ဖို့ လုံလောက်ပါတယ်..။
ဆန်နီ ရဲ့ မြှားကြောင့် ပေါ်ထွက်လာတဲ့ အခွင့်အရေးကို အသုံးချပြီး.. သူမက တစ်စက္ကန့်တောင် အမဖြုန်းဘဲ အစွမ်းကုန် တိုက်ခိုက်လိုက်တယ်..။ သူမရဲ့ သံမဏိခြေသည်းတွေနဲ့ ကျောက်စိမ်းပိုးကောင်ရဲ့ ဒဏ်ရာမရသေးတဲ့ ကျန်အတောင်ပံ နှစ်ဖက်ကို ရိုက်ချလိုက်ပါတယ်။နောက်ဆုံးမှာတော့..ကောင်းကင်ဒီရေက အဲဒါတွေကို ချိုးဖျက်ပစ်နိုင်ခဲ့ပါတယ်..။
ယင်းနောက် သူမက သူမရဲ့ နှုတ်သီးနဲ့ ပြင်းထန်တဲ့ ထိုးချက်တစ်ခုကို ပေးလိုက်ပြီး.. သားရဲကြီးကို အောက်ကို ရိုက်ချလိုက်တယ်..။
ဒဏ်ရာတွေ နဲ့ အလေးချိန်ကို မထိန်းနိုင်တော့တဲ့ ပျက်ပြားခြင်းအဆင့် တိုင်းရန့် ဟာ အန္တရာယ်များလှတဲ့ ပြုတ်ကျမှုထဲကို ရက်ရက်စက်စက် အပို့ခံလိုက်ရပါတယ်..။ ကျောက်စိမ်းပိုးကောင်က ပြုတ်ကျတဲ့ အရှိန်ကို လျှော့ချဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး..။ ခနအကြာမှာတော့ ဧရာမ ခန္ဓာကိုယ်ကြီးဟာ နားကွဲမတတ် မြည်ဟီးသံကြီးနဲ့အတူ တောင်စောင်းပေါ်ကို ပြုတ်ကျသွားခဲ့ပါတယ်..။
သို့ပေမဲ့ ဆန်နီ ကတော့ ဒါတွေကို မကြည့်နိုင်သေးပါဘူး။
ဘာလို့လဲဆိုတော့ သူ့ရဲ့ မြှားက ကောင်းကင်ထက်က တိုက်ပွဲကို ပြောင်းလဲပေးနိုင်ခဲ့ပေမဲ့…
သူကတော့ ဒီ အောင်မြင်မှုရဲ့ နောက်ဆက်တွဲ ရလဒ်တွေကနေ အသက်ရှင်အောင် ကြိုးစားနေရခဲ့ရပါတယ်..။
ဆန်နီ ဟာ ပျက်ပြားခြင်းအဆင့် တိုင်းရန့် ကို ဒဏ်ရာအပြင်းအထန် ပေးနိုင်ဖို့အတွက် အဆီအနှစ် အများကြီးကို အသုံးပြုခဲ့ရတာကြောင့်.. အခုဆိုရင် သူ့ရဲ့ စွမ်းအင်တွေက ကုန်ခမ်းလုနီးပါး ဖြစ်နေပါပြီ..။ သူက မော်ဂန်ရဲ့ စစ်ပွဲလေး ကို ဆင့်ခေါ်ဖို့နဲ့ အရိပ်လှောင်အိမ် ဖန်တီး နိုင်ဖို့အတွက် ရက်စက်သော မြင်ကွင်း ကို ရုတ်သိမ်းခဲ့တာကြောင့်.. အခုတော့ အိပ်မက်ဆိုး သတ္တဝါ အုပ်ကြီး ရှေ့မှာ သူက လက်နက်မဲ့သလို ဖြစ်နေခဲ့တယ်..။
သူက ဝိဥာဉ်မြှားထဲမှာ သူ့ရဲ့ အရိပ်လေးခုထဲက သုံးခုကို ထည့်သွင်းထားခဲ့တာကြောင့်.. အဲဒီအရိပ်တွေ ပြန်ရောက်လာဖို့ အချိန်လိုအပ်နေပါသေးတယ်..။ ပိုဆိုးတာကတော့ ဒီ အဆုံးအဖြတ်ပေးမဲ့ ပစ်ချက်ကို ပစ်လိုက်တာက သူ့ကို ဟာကွက်ဖြစ်သွားစေခဲ့တာပါပဲ..။
ကောင်းကင်ဒီရေ က ပြင်းထန်တဲ့ တိုက်ကွက်ကို မထုတ်ဖော်ခင်ကတည်းက ဆန်နီ ဟာ သူ့ရဲ့ လုပ်ရပ်အတွက် နောင်တအကြီးအကျယ် ရနေခဲ့ပါပြီ..။
သူက စစ်ပွဲလေး နဲ့ အဝေးက ရက်စက်သော မြင်ကွင်း တို့ကို ရုတ်သိမ်းလိုက်ပြီး.. နောက်တစ်ခုကို ပြန်ဆင့်ခေါ်လိုက်ပါတယ်..။ သို့ပေမဲ့ အဲဒီလှံက ပေါ်လာဖို့အတွက် တန်ဖိုးရှိလှတဲ့ စက္ကန့်အနည်းငယ် ကြာဦးမှာပါ..။ ဒါကြောင့် သူ့မှာ လက်ဗလာနဲ့ပဲ ဖြစ်ဖြစ်.. ဒါမှမဟုတ် အလွန်ဆုံးရှိမှ လအမြုတေ ရဲ့ တိုတောင်းလှတဲ့ ဓားမြှောင်နဲ့ပဲ ဖြစ်ဖြစ်.. ဒီ လှိုင်းလုံးကြီးကို ရင်ဆိုင်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပါဘူး..။
ဒါပေမဲ့ သူက ဓားမြှောင်ကို အသုံးမပြုဘဲ.. သူ့ပတ်ပတ်လည်မှာ ရှိနေတဲ့ အရိပ်တွေထဲက တစ်ခုကို သူ့လက်ထဲ စီးဝင်စေပြီး အနက်ရောင် အိုဒါချီ ဓားတစ်လက် အဖြစ် ပြောင်းလဲဖို့ အမိန့်ပေးလိုက်ပါတယ်..။
အရိပ်တွေရဲ့ ပုံသဏ္ဌာန်ကို ပြောင်းလဲဖို့ဆိုတာ လွယ်ကူတဲ့ အလုပ် မဟုတ်ပါဘူး..။ သာမန် လက်တံတစ်ခု ဖန်တီးတာက အလွယ်ဆုံးပါပဲ.. ဘာလို့လဲဆိုတော့ ဒါက အရိပ်တွေရဲ့ သဘာဝ ပုံစံနဲ့ သိပ်မကွာလို့ပါပဲ..။ သို့ပေမဲ့ ပုံသဏ္ဌာန်က ပိုပြီး တိကျလေ ၊ သတ်သတ်မှတ်မှတ် ရှိလေ ၊ ပိုပြီး ဖိသိပ်ထားလေ.. အဲဒါကို ဖြစ်မြောက်ဖို့အတွက် အာရုံစိုက်မှုနဲ့ အဆီအနှစ် ပိုပြီး လိုအပ်လေပါပဲ..။
တိုက်ပွဲရဲ့ ပြင်းထန်မှုကို ခံနိုင်ရည်ရှိအောင် မာကျောပြီး.. ရန်သူတွေရဲ့ အသားကို လှီးဖြတ်နိုင်အောင် ချွန်ထက်တဲ့ ဓားတစ်လက်ကို ဖန်တီးဖို့ဆိုတာ မလွယ်ပါဘူး..။ ပုံမှန်ဆိုရင် ပုံသဏ္ဌာန်မရှိတဲ့ အရိပ်တစ်ခုကနေ ဓားတစ်လက် ဖန်တီးဖို့ဆိုတာ အချိန်တစ်ခုပေးရသလို.. စိတ်စွမ်းအားလည်း အများကြီး သုံးရပါတယ်..။
သို့ပေမဲ့ အခု အနက်ရောင် အိုဒါချီ ဟာ သူ့လက်ထဲမှာ ချက်ချင်းဆိုသလို ပေါ်လာခဲ့တယ်..။
ဒါကတော့ ဆန်နီ ဟာ ဒုတိယ အိပ်မက်ဆိုး ပြီးနောက် ငြိမ်သက်ခဲ့တဲ့ ခြောက်လအတွင်းမှာ အရိပ်ရုပ်သွင်ဖော်ခြင်း ရဲ့ နည်းလမ်းအမျိုးမျိုးကို စနစ်တကျ လေ့ကျင့်ထားခဲ့လို့ပါပဲ..။ သူက တိုက်ပွဲအတွင်းက အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မဲ့ ပုံသဏ္ဌာန် အနည်းငယ်ကို ကြိုတင် စဉ်းစားထားခဲ့တယ်..။ ဥပမာအားဖြင့် အကာအကွယ် ၊ ဆူးချွန် ၊ ချိန်းကြိုး နဲ့ ဓား တို့ပါပဲ..။ အဲဒါတွေကို နေ့တိုင်း နေ့တိုင်း ထပ်ခါထပ်ခါ ဖန်တီးခဲ့တာကြောင့် အခုဆိုရင် အဲဒါတွေကို ဖော်ထုတ်ဖို့ဆိုတာ သူ့အတွက် အလိုအလျောက် ဖြစ်နေပါပြီ..။
ဒါကြောင့်ပဲ သူ လိုအပ်တဲ့ အချိန်မှာ အရိပ်ဓားက တစ်ခနချင်းအတွင်း ပေါ်လာခဲ့တာပါ..။
…ဒါက တက်ရောက်သူ အဆီအနှစ်နဲ့ ဖန်တီးထားတဲ့ ဓားဖြစ်တာကြောင့်.. သူ့ရဲ့ ချွန်ထက်မှုနဲ့ သေစေနိုင်စွမ်းက တက်ရောက်မူ အဆင့် လက်နက်တစ်ခုနဲ့ နှိုင်းယှဉ်လို့ ရပါတယ်..။
ဆန်နီ မသေချာတာကတော့ ဒီ အနက်ရောင် အိုဒါချီ ကို ဘယ်လောက်အထိ ထိန်းထားနိုင်မလဲ ဆိုတာပါပဲ..။ ဒါကို ကိုင်တွယ်နိုင်အောင် ထိန်းထားရတာက သူ့ဆီမှာ ကျန်ရှိနေတဲ့ အနည်းငယ်သော အဆီအနှစ်တွေကို တစိမ့်စိမ့် ဝါးမြိုနေသလို ခံစားရပါတ်ယ်..။
' ချီးပဲ '
သူက ပထမဆုံး ရောက်လာတဲ့ ရန်သူကို ဓားချက်တစ်ချက်နဲ့ ကြိုဆိုလိုက်ပြီး.. ဒီကောင်ရဲ့ ခန္ဓာကိုယ်ကို နှစ်ပိုင်း ပိုင်းပစ်လိုက်ပါတယ်..။ ဆန်နီ ဟာ လှံကို သုံးရတာ အသားကျနေပြီ ဖြစ်ပေမဲ့.. ဓားကို ကိုင်ရတာကတော့ သူ့အတွက် အရင်းနှီးဆုံး ခံစားချက်ပါပဲ..။ အိုဒါချီ နဲ့ ပြန်တိုက်ခိုက်ရတာက သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ ပြန်ဆုံရသလို ခံစားရစေပါတယ်..။
သူ့ဆီကို သားရဲ လှိုင်းလုံးကြီး ရောက်မလာနေဘူးဆိုရင်တော့ သူ ပြုံးမိမှာပါ..။
ချွန်ထက်တဲ့ ကြေးခွံဓားတွေက မြေအောက်ကမ္ဘာ ဝတ်ရုံတော် ကို ရိုက်ခတ်လိုက်တာကြောင့် ဆန်နီ ဟန်ချက် ပျက်သွားခဲ့ပါတယ်..။ အရင် တိုက်ကွက်ကနေ ကျန်ရှိနေတဲ့ အရှိန်ကို အသုံးချပြီး.. အိုဒါချီ နဲ့ ခုတ်ကာ သူ့ကို တိုက်ခိုက်နေတဲ့ ကျရှုံးမူအဆင့် သားရဲတစ်ကောင်ရဲ့ ခြေထောက်တွေကို ဖြတ်ပစ်လိုက်တယ်..။ ယင်းနောက် ဓားနဲ့ ရှေ့ကို ထိုးလိုက်ပြီး နောက်တစ်ကောင်ရဲ့ ခေါင်းကို ဖောက်ထွက်သွားစေခဲ့ပါတယ်..။
တစ်ခုခုက သူ့ကို ဘေးကနေ ဝင်တိုက်လိုက်တာကြောင့် ဆန်နီ လဲကျသွားခဲ့တယ်..။
' မကောင်းတော့ဘူး…'
ခနအကြာမှာပဲ သူ လဲကျသွားတာကြောင့် သားရဲတွေရဲ့ အောက်မှာ မြုပ်သွားတော့မယ်ဆိုတာကို သိလိုက်ရတဲ့အခါ ဆန်နီ မျက်နှာ ပျက်သွားခဲ့ပါတယ်..။
ကံကောင်းတာကတော့ အဲ့အချိန်မှာပဲ.. ဧရာမကြီးမားပြီး ကြောက်စရာကောင်းအောင် လေးလံတဲ့ အရာတစ်ခုက တောင်ပေါ်ကို ကြောက်မက်ဖွယ် အရှိန်နဲ့ ပြုတ်ကျလာခဲ့တယ်..။
ဒီ ရိုက်ခတ်မှုကြောင့် ပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားသလိုမျိုး တောင်စောင်းတစ်ခုလုံး တုန်ခါသွားခဲ့ပါတယ်..။
ရလဒ်အနေနဲ့ ဆန်နီ တင်မကဘဲ.. တခြား အထူးတပ်ဖွဲ့ဝင်တွေနဲ့ ကျောက်တုံး သားရဲ အားလုံး
ဟာလည်း မြေပြင်ပေါ်ကို ရုတ်တရက် လွင့်စင်ကာ လဲကျကုန်ကြပါတော့တယ်..။
အပိုင်း ( ၈၆၅ ) ပြီး၏။
အပိုင်း ( ၈၆၆ ) အဖြူရောင် ကျောက်တုံး
နှင်းမှုန်တွေနဲ့ ကျောက်တုံး အကျိုးအပဲ့ တိမ်တိုက်ကြီးတစ်ခုက လေထဲကို မြင့်တက်လာခဲ့တယ်..။အသံတစ်ချို့နဲ့အတူပဲ မြေပြင်ပေါ်ကို ကျဆင်းသွားတဲ့ ဆန်နီ ဟာ လူးလိမ့်လိုက်ပြီး သူ့ရဲ့ အိုဒါချီ ဓား ကို ပုံမပျက်အောင် ထိန်းထားဖို့ ကြိုးစားလိုက်ပါတယ်..။ ကံကောင်းတာက သူ့ရဲ့ လေ့ကျင့်မှုတွေက အလဟဿ မဖြစ်ခဲ့ပါဘူး..။ တိုင်းရန့် ရဲ့ ပြုတ်ကျလာမှုကြောင့် လန့်သွားခဲ့သလို.. တောင်စောင်းနဲ့ ရုတ်တရက် ရိုက်မိတာကြောင့် တုန်ခါသွားခဲ့ပေမဲ့..သူက အရိပ်ဓားကိုတော့ ပြိုကွဲမသွားအောင် ထိန်းထားနိုင်ခဲ့ပါတယ်..။
' အား… ချီးတဲ့မှပဲ…'
အနည်းငယ် တွေဝေသွားတဲ့ ဆန်နီ ဟာ ထထိုင်လိုက်ပြီး သူ့ကို အဆုံးသတ်ဖို့ ပြေးဝင်လာကြ
မယ့် မွန်းစတား ပိုးကောင်တွေကို မြင်ရဖို့ မျှော်လင့်ရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါတယ်..။ သူ စိတ်အေးသွားရတာကတော့ ကျောက်တုံး စစ်သားတွေဟာလည်း သူ့လို ဖြစ်နေကြတာပါပဲ..။ ခြေထောက် ခြောက်ချောင်း ရှိပြီး သူတို့ရဲ့ အရပ်နဲ့ ယှဉ်ရင် မြေဆွဲအား လျော့နည်းနေတာတောင်မှ.. သူတို့အားလုံးဟာ အေးစက်တဲ့ ကျောက်တုံးတွေပေါ်မှာ ပြန့်ကျဲနေပြီး ပြန်ထဖို့ ရုန်းကန်နေကြရပါတယ်..။
အမှန်တော့ သူ့ပတ်လည်မှာ သားရဲတွေက ထူးခြားစွာပဲ နည်းပါးနေခဲ့ပါတယ်..။ အသက်ရှင်နေသေးတဲ့ အကောင်တွေပေါ့…။ဖိကြိတ်ခြင်းခံထားရတဲ့ အလောင်းတွေက ဒီတောင်စောင်းတစ်လျှောက်မှာ ပြန့်ကျဲနေခဲ့တယ်။သူတို့က.. ဘယ်လောက်တောင် ပြားချပ်နေသလဲဆိုရင် ကြေးခွံ သားရဲတွေရဲ့ ပုံသဏ္ဌာန် အဖြစ်တောင် မှတ်မိဖို့ ခက်ခဲနေခဲ့ပါပြီ။
ဆန်နီ ဟာ သူ့ရဲ့ အသိဥာဏ်တွေကို ပြန်စုစည်းဖို့ ကြိုးစားရင်း မျက်မှောင်ကျုတ်လိုက်တယ်..။
' …သူတို့ကို ငါ သတ်လိုက်တာလား '
ဒီလောက်အထိ ပြင်းထန်တဲ့ ပျက်စီးမှုက ဆန်နီ ဒါမှမဟုတ် သူ့ရဲ့ အရိပ်လက်တံတွေ လုပ်နိုင်တာထက် ပိုလွန်နေပုံရပါတယ်..။ ဖြူဖွေးတဲ့ ကျောက်နံရံကြီးက သူ့ရဲ့ မြင်ကွင်းကို ပိတ်ဆို့ထားတာကြောင့် အဝေးကိုလည်း မမြင်ရပါဘူး..။
' ဘယ်ကနေ… ဒီ ကျောက်တောင်ကြီး ရောက်လာတာလဲ '
ဆန်နီ မှတ်မိသလောက်ဆိုရင် သူ တိုက်ခိုက်နေတဲ့ နေရာအနီးမှာ ကျောက်တုံးကြီးတွေ ဒါမှမဟုတ် မြင့်မားတဲ့ ကျောက်ဆောင်တွေ မရှိပါဘူး..။ သူ တောင်စောင်းအောက်ကို ဒီလောက်အထိ အဝေးကြီး လိမ့်ဆင်းသွားခဲ့မိလို့လား..။
ဆန်နီ ဟာ သူ့ရှေ့မှာ ကျောက်နံရံကြီးတစ်ခု ဘာကြောင့် ရုတ်တရက် ပေါ်လာရသလဲဆိုတာကို နားလည်ဖို့ ကြိုးစားနေတုန်းမှာပဲ.. ချောမွေ့တဲ့ အဖြူရောင် မျက်နှာပြင်ပေါ်ကနေ မင်ရည်လို မည်းနက်နေတဲ့ အရည်တွေ စီးကျလာခဲ့ပါတယ်..။
ယင်းနောက် ကျောက်နံရံကြီးက အနည်းငယ် လှုပ်ရှားသွားခဲ့တယ်..။
…သူ့မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပါပြီ..။
' အာ… ချီးပဲ…'
ဆန်နီ က ခေါင်းကို မော့လိုက်ပြီး သူ ကျောက်ဆောင်လို့ ထင်ထားတဲ့ အရာကို သေချာ ကြည့်လိုက်တယ်..။ ဒါပေါ့.. ဒါက ကျောက်ဆောင် တစ်ခု မဟုတ်ပါဘူး..။
ဒီအရာကြီးက ကောင်းကင်ဒီရေ ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုကြောင့် တောင်ပေါ်ကို လွင့်စင်ကျလာတဲ့ ပျက်ပြားခြင်းအဆင့် တိုင်းရန့် ရဲ့ ကြေးခွံကြီး ဖြစ်နေခဲ့တာပါ..။ သတ္တဝါဟာက အတော်လေး ဗရမ်းဗတာ ဖြစ်နေပုံရပြီး.. နို့နှစ်ရောင် ကြေးခွံတွေက နေရာအတော်များများမှာ အက်ကွဲနေခဲ့တယ်။သူ့ ခန္တာကိုယ်ကနေ ပျစ်ခဲနေတဲ့ အနက်ရောင် သွေးတွေလည်း ထွက်နေခဲ့ပါတယ်..။ ဒါပေမဲ့ သူက အသက်ရှင်နေတုန်းပါပဲ..။
အမှန်တော့ ဆန်နီ ဒီသားရဲကို မော့ကြည့်လိုက်တဲ့ အချိန်မှာပဲ.. ကျောက်စိမ်းပိုးကောင်ရဲ့ ခံစားချက်မဲ့တဲ့ အနက်ရောင် မျက်လုံးကြီးက ရွေ့လျားလာပြီး သူ့ကို တည့်တည့် စိုက်ကြည့်လာခဲ့ပါတယ်..။ သူ့ရဲ့ ကြောက်စရာကောင်းတဲ့ မေးရိုးတွေက အနည်းငယ် လှုပ်ရှားသွားခဲ့တယ်..။
' အာ.. ချီးတဲ့မှပဲ '
တိုင်းရန့် ရဲ့ ခြေထောက်တစ်ဖက်က ရုတ်တရက်ကျဆင်းလာပြီး တောင်စောင်းကို အက်ကွဲသွားစေကာ နောက်ထပ် တုန်ခါမှုတစ်ခု ဖြစ်ပေါ်စေတဲ့ အချိန်မှာပဲ ဆန်နီ ဟာ အနောက်ကို ခုန်ဆုတ်လိုက်တယ်..။သူ့ရဲ့ မြန်ဆန်တဲ့ တုံ့ပြန်မှုနဲ့ ကံကောင်းမှု အနည်းငယ်ကြောင့်သာ အသက်ဘေးက လွတ်နိုင်ခဲ့တာပါ..။
အရိပ်အိုဒါချီက လေထဲကို တိုးဝင်သွားပြီး အဖြူရောင် ကြေးခွံကို တိုက်ခိုက်လိုက်ပေမဲ့.. ဘာဒဏ်ရာမှ မပေးနိုင်ပဲ လွင့်စင်ထွက်သွားခဲ့ပါတယ်..။ ကျောက်စိမ်းပိုးကောင်က သူ့ကို နားမလည်နိုင်တဲ့ အနက်ရောင် မျက်လုံးကြီးတွေနဲ့ စိုက်ကြည့်ရင်း ဖြည်းဖြည်းချင်း ထလာခဲ့တယ်..။ သူက ပါးစပ်ကို ဟလိုက်တဲ့အချိန်မှာတော့.. အနက်ရောင် ပြာတိမ်တိုက်တစ်ခုက အပြင်ကို ထွေးထုတ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ..။
ဒီပြာတွေသာ သူ့ကို လွှမ်းခြုံသွားရင် တစ်ခုခုတော့ အကြီးအကျယ် ဖြစ်တော့မယ်ဆိုတာ
ဆန်နီ သိနေခဲ့ပါတယ်..။
သူက တစ်ခနလောက် ကြောက်စိတ်ကြောင့် ကိုယ်လက်တွေ တောင့်တင်းသွားခဲ့တယ်..။
ယင်းနောက် ရက်စက်သော မြင်ကွင်း ရဲ့ ရင်းနှီးတဲ့ အလေးချိန်က ဆန်နီ ကို စိတ်အေးသွားစေခဲ့ပါတယ်..။ လှံက နောက်ဆုံးမှာ လက်တွေ့လောကထဲကို အပြီးသတ် ပေါ်ထွက်လာခဲ့ပြီ ဖြစ်တာကြောင့်.. သူက အရိပ်အိုဒါချီ ရဲ့ ဓားရိုးကို လွှတ်လိုက်ပြီး လှံကို ဖမ်းကိုင်ထားလိုက်တယ်..။
' သိပ်တော့လည်း မကွာခြားပါဘူး '
ဆန်နီ ဟာ လွှမ်းမိုးထားတဲ့ တိုင်းရန့် ကို ထိတ်လန့်တကြား ကြည့်လိုက်ပြီး.. သူ စဉ်းစားလို့ရတဲ့ တစ်ခုတည်းသော အရာကို လုပ်လိုက်ပါတယ်..။ သူ့ရဲ့ နောက်ဆုံး ကျန်ရှိနေတဲ့ အဆီအနှစ် အနည်းငယ်ကို ရက်စက်သော မြင်ကွင်း ထဲ ထည့်သွင်းလိုက်ပြီး.. သိုလှောင်ထားတဲ့ စွမ်းအား တစ်ခုကို အသက်သွင်းကာ လှံကို ပစ်လွှတ်လိုက်ပါတယ်..။လှံက သူနဲ့ ဆုံဆည်းပြီး မကြာခင်မှာပဲ ထပ်မံထွက်သွားရပါပြီ။
ဒါပေမဲ့ ဘယ်လို စွမ်းအား မျိုးကို ရွေးချယ်ရမလဲဆိုတာကိုတော့ သူ သေချာ စဉ်းစားလိုက်ပါသေးတယ်..။ နတ်ဘုရား မီးတောက် ဒါမှမဟုတ် ဝိဥာဉ် ပျက်စီးမှုက ဒီအခြေအနေမှာ သိပ်ပြီး အလုပ်ဖြစ်မှာ မဟုတ်ပါဘူး.. ။ဒါကြောင့်…
' အာ.. ဒါက အလုပ်ဖြစ်မယ်လို့.. ငါ ထင်တာပဲ '
အရောင်ဖျော့နေတဲ့ လှံဟာ သတ္တဝါရဲ့ ပါးစပ်ထဲမှာ ရစ်ဝဲနေတဲ့ အမှောင်ထု တိမ်တိုက်ထဲကို တိုးဝင် ပျောက်ကွယ်သွားခဲ့ပါတယ်..။ ခနအကြာမှာတော့ တိုင်းရန့် ဟာ ရုတ်တရက် တုန်ခါသွားပြီး စူးရှကာ နားကွဲမတတ် အော်ဟစ်သံကြီးကို ထုတ်ဖော်လိုက်တယ်..။ ဒီ သတ္တဝါရဲ့ လှုပ်ရှားမှုတွေက တစ်စက္ကန့် ဒါမှမဟုတ် နှစ်စက္ကန့်လောက် နှေးကွေးသွားခဲ့ပါတယ်..။
…ဒါက ဆန်နီ ထွက်ပြေးဖို့ အတွက် လုံလောက်တဲ့ အချိန်ပါပဲ..။ သူ လှည့်လိုက်ပြီး တောင်စောင်းပေါ်ကို ရှိသမျှ အရှိန်နဲ့ ပြေးတက်လိုက်ပါတယ်..။ ပြာတိမ်တိုက်က သူ့နောက်ကို လိုက်ဖို့ ကြိုးစားပေမဲ့.. ကျောက်စိမ်းပိုးကောင် ဟာ ပြင်းထန်တဲ့ နာကျင်မှုကြောင့် အာရုံပျံ့လွင့်သွားတာကြောင့် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့တယ်..။
ဆန်နီ ရွေးချယ်လိုက်တဲ့ ဒြပ်စင် စွမ်းအား က ဖျက်ဆီးအား အပြင်းဆုံး မဟုတ်ပေမဲ့.. အတော် စိမ့်ဝင်လွယ်ပြီး.. ခိုင်မာကာ နာကျင်စေပါတယ်..။ ဒီ အရာကတော့ တိုက်စားခြင်း ပါပဲ..။
ပိုပြီး တိကျအောင် ပြောရရင်.. ဆန်နီ ဟာ သင်္ဘောပျက်ကျွန်းပေါ်မှာ နွယ်ပိုးကောင် ရဲ့ အဆိပ်ငွေ့တွေကို ရှူရှိုက်မိပြီးနောက် [အနက်ရောင် မှန်] က မှတ်သားထားခဲ့တာပါ။
ဝီဗာသွေး က ဒါကို ဘာပြဿနာမှ မရှိဘဲ ကျော်လွှားနိုင်ခဲ့တာကြောင့် တိုင်းရန့် ကို အများကြီး ထိခိုက်စေမယ်လို့ သူ မမျှော်လင့်ထားခဲ့ပါဘူး..။ ဒါပေမဲ့ ဒီအရာကို ရင်ဆိုင်ရတာက ငရဲလို နာကျင်တာကြောင့်.. ဒီကျိန်စာသင့် သားရဲကြီးစက္ကန့်အနည်းငယ်လောက် အာရုံလွဲသွားပြီး သူ ဆုတ်ခွာဖို့ အခွင့်အရေး ပေးလိမ့်မယ်လို့ ဆန်နီ မျှော်လင့်ထားတာပါ..။
' ဟုတ်တယ်… သိက္ခာရှိရှိ ဆုတ်ခွာခဲ့တာပဲ..။ ကြောက်လန့်တကြားနဲ့ ထွက်ပြေးလာတာ မဟုတ်ဘူး '
သူ အမြန် ဆုတ်ခွာနေတုန်းမှာပဲ.. ဆန်နီ ရဲ့ ကျောရိုးတစ်လျှောက်မှာ အေးစက်တဲ့ ခံစားချက်တစ်ခု စီးဆင်းသွားခဲ့ပါတယ်..။ ကျောက်စိမ်းပိုးကောင်က နောက်ထပ် တိုက်ခိုက်မှုတစ်ခု ပြင်ဆင်နေတဲ့ပုံပါပဲ..။
အဲ့အချိန်မှာပဲ ကောင်းကင်ယံကနေ အရိပ်တစ်ခု ကျဆင်းလာခဲ့တယ်..။ သူတော်စင် တိုင်းရစ် ဟာ သူမရဲ့ လူသားပုံစံ နဲ့ ရှိနေပြီး.. ကမ္ဘာကြီးကို ဖြတ်တောက်ပစ်နိုင်လောက်အောင် ချွန်ထက်ပုံရတဲ့ ဓားကို ကိုင်ဆောင်ထားခဲ့တယ်။သူမက. လေထဲကနေ ပျံသန်းလာပြီး နောက်ဘက် တစ်နေရာမှာ ရှိတဲ့ ပျက်ပြားခြင်းအဆင့် တိုင်းရန့် နဲ့ ထိပ်တိုက်တွေ့လိုက်ပါတယ်..။
ဆန်နီ ကတော့ ကျောက်စိမ်းပိုးကောင် ပြုတ်ကျမှုကြောင့် ဖြစ်ပေါ်လာတဲ့ နှင်းတိမ်တိုက်တွေကြားကနေ တိုက်ပွဲနယ်မြေကို နောက်ဆုံးမှာ မြင်လိုက်ရတယ်..။
အထူးတပ်ဖွဲ့ဝင်တွေက ဖြည်းဖြည်းချင်း ပြန်ထလာကြသလို.. ကျောက်တုံး စစ်သည်တွေကလည်း ထလာကြပါတယ်..။ ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိပြီး ဖြစ်ပေါ်လာတဲ့ ထိတ်လန့်မှုကို သူမရဲ့ အားသာချက်အဖြစ် အသုံးချနိုင်ခဲ့တဲ့ ပုံရိပ်တစ်ခုသာ ရှိနေခဲ့တယ်..။
အဝေးတစ်နေရာမှာတော့.. မာစတာ ဂျက် ဟာ နောက်ဆုံး ကျန်ရှိနေတဲ့ ပျက်ပြားခြင်းအဆင့် သားရဲ ရဲ့ ယိုင်နဲ့နေတဲ့ ခန္ဓာကိုယ်ပေါ်ကို ခုန်တက်လိုက်ပြီး သူမရဲ့ လှံကို အသားထဲ နက်နက်ရှိုင်းရှိုင်း ထိုးသွင်းလိုက်ပါတယ်..။ သတ္တဝါက တုန်ခါပြီး လဲကျသွားတဲ့ အချိန်မှာတော့ သူမရဲ့ မျက်နှာပေါ်မှာ ရက်စက်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။
နိုးထသူ စစ်သည်တွေရဲ့ တိုက်ပွဲစစ်ကြောင်းက ပျက်စီးသွားပေမဲ့.. ဝိဥာဥ် ရိတ်သိမ်းသူ ကတော့ သူမရဲ့ ကြောက်စရာကောင်းတဲ့ တာဝန်ကို နောက်ဆုံးမှာ အပြီးသတ်နိုင်ခဲ့ပါပြီ..။ ပျက်ပြားခြင်းအဆင့် သားရဲတွေ ၊ မွန်းစတားတွေနဲ့ နတ်ဆိုး အချို့ကို သတ်ဖြတ်ဖို့ သူမ ဘယ်လောက်ပဲ အားစိုက်ခဲ့ရပါစေ.. သူမက အဆီအနှစ်တွေနဲ့ ပြည့်လျှံနေတုန်းပါပဲ..။ မာစတာ ဂျက် ဟာ ပထမအထူးတပ်ဖွဲ့ရဲ့ ပင်မစစ်ကြောင်းမှာ မကြာခင် ပူးပေါင်းနိုင်တော့မှာ ဖြစ်ပါတယ်..။
ဆန်နီ တားဆီးထားခဲ့တဲ့ နောက်ဘက် စစ်ကြောင်းကတော့.. သူ့ရဲ့ ကြိုးစားမှုတွေနဲ့ တိုင်းရန့် ရဲ့ ပြင်းထန်တဲ့ ပြုတ်ကျမှုကြောင့် အားလုံးနီးပါး ပျက်စီးသွားပုံရပါတယ်..။ ဒီထဲမှာ ကျန်ရှိနေတဲ့ သားရဲ အနည်းငယ်ကလည်း ကျောက်စိမ်းပိုးကောင်နဲ့ ကောင်းကင်ဒီရေ တို့ရဲ့ ပြင်းထန်တဲ့ တိုက်ပွဲကြားမှာ အပိုင်းပိုင်း ပြတ်နေခဲ့ပါပြီ..။
…ခြုံပြောရရင် အခြေအနေက သိပ်မဆိုးလှပါဘူး..။ အခုဆိုရင် အသာစီးရမှုက လူသားတွေဘက်ကို သေချာပေါက် ယိမ်းနေပါပြီ..။
သူတို့က ဒီအားသာချက်ကို အသုံးချဖို့ပဲ လိုပါတော့တယ်..။
အဆီအနှစ်တွေ အတော်လေး နည်းပါးကာ.. ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်တဲ့ ဆန်နီ ဟာ တိတ်တဆိတ် ညည်းတွားလိုက်တယ်..။
' ချီးပဲ..ချီးတဲ့မှပဲ… ဒါက ဒုတိယမြောက်နေ့ပဲ ရှိသေးတယ်… '
အပိုင်း ( ၈၆၆ ) ပြီး၏။
အပိုင်း ( ၈၆၇ ) အသည်းအသန် တိုက်ပွဲ
တိုက်ပွဲရဲ့ အလားအလာက ပြောင်းလဲသွားခဲ့ပါပြီ..။
ကျောက်တုံးသားရဲ တွေရဲ့ တိုင်းရန့် နဲ့ အဖြူရောင်တောင်ပံ ကလန်ရဲ့ ကောင်းကင်ဒီရေ တို့ကြားက ကြောက်မက်ဖွယ် ထိပ်တိုက်တွေ့မှုက ဆက်ရှိနေတုန်းဖြစ်ပေမဲ့.. အခုတော့ လှပတဲ့ ကျောက်စိမ်းပိုးကောင်က သိသိသာသာ ရှုံးနိမ့်နေခဲ့ပါတယ်..။
တိုက်ပွဲနယ်မြေမှာလည်း အထူးတပ်ဖွဲ့ကို နောက်ဘက်ကနေ တိုက်ခိုက်ဖို့ ကြိုးစားနေတဲ့ သားရဲ အုပ်ကြီးဟာ သဘာဝမဟုတ်တဲ့ အမှောင်ထုအောက်မှာ အသတ်ခံလိုက်ကြရပါပြီ..။ အဓိက စစ်ကြောင်းကို ဦးဆောင်နေတဲ့ ပျက်ပြားခြင်းအဆင့် လက်ထောက်တွေကိုလည်း ဝိဥာဥ် ရိတ်သိမ်းသူ က ရှင်းလင်းလိုက်နိုင်ခဲ့တယ်..။ လွန်ခဲ့တဲ့ မိနစ်အနည်းငယ်ကပဲ စိတ်ပျက်အားငယ်မှုတွေကို ခံစားနေရတဲ့ လူသားစစ်သည်တွေဟာ အခုချိန်မှာတော့ အားအင်သစ်တွေနဲ့ ပြန်လည် ပြည့်နှက်လာခဲ့ကြတယ်..။
" တိုက်ကြ.. ငါတို့ လုပ်နိုင်တယ် "
" ဒီပိုးကောင်တွေကို ချေမှုန်းပစ်ကြ "
မျှော်လင့်ချက်တွေ ဝေးကွာရာကနေ လင်းလက်လာတဲ့ အချိန်ဟာ အန္တရာယ်အရှိဆုံး အချိန်ဖြစ်တယ်ဆိုတာကို အထူးတပ်ဖွဲ့ဝင်တွေ သိထားကြပြီးသားပါ။ဒါကြောင့်.. သူတို့က စိတ်မလျှော့ဘဲ ပြင်းထန်တဲ့ စိတ်ဓာတ်နဲ့ ဆက်လက် တိုက်ခိုက်နေကြပါတယ်..။
ယင်းနောက်မှာတော့ ထူးဆန်းတဲ့ အရာတစ်ခု ဖြစ်ပျက်သွားခဲ့တယ်..။ တောင်စောင်းအောက်ပိုင်းကို ဖုံးလွှမ်းထားတဲ့ အမှောင်ထုက ရုတ်တရက် ရှေ့ကို စီးဝင်လာခဲ့ပြီး သူတို့ကို တိုက်ခိုက်နေတဲ့ အိပ်မက်ဆိုး သတ္တဝါ အမြောက်အမြားကို ဝါးမြိုလိုက်ပါတယ်..။
ချက်ချင်းဆိုသလိုပဲ အမှောင်ထုထဲကနေ သားရဲတွေရဲ့ ရူးသွပ်စွာ အော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့တယ်။သူတို့က.. ကြေးခွံတွေ ကွဲအက်သွားတဲ့ အသံတွေနဲ့အတူ ရုတ်တရက် ငြိမ်သက်သွားခဲ့ပါတယ်..။
တစ်ချိန်တည်းမှာပဲ ဝိဥာဥ် ရိတ်သိမ်းသူ ဂျက် က အုံလိုက်ကျင်းလိုက် ရှိနေတဲ့ သားရဲတွေကြားကနေ ဖောက်ထွက်လာပြီး လခြမ်းပုံစံ တိုက်ပွဲစစ်ကြောင်းမှာ လာရောက် ပူးပေါင်းနိုင်ခဲ့ပါပြီ။
ဒါကို မြင်လိုက်ရတဲ့ လူသားတွေဟာ စိတ်ချသွားပြီး ပိုမို ပြင်းထန်စွာ တိုက်ခိုက်ကြပါတော့တယ်..။
ဒီအကျိုးသက်ရောက်မှုက ကင်မ် ရဲ့ ထူးခြားတဲ့ စွမ်းရည်ကြောင့် အမှောင်ထုထဲမှာ မြင်နိုင်စွမ်းရှိတဲ့ ဆန်နီရဲ့ အဖွဲ့သားတွေအတွက် ပိုပြီး သိသာနေခဲ့တယ်..။
လူစတာဟာ သူ့ရဲ့ လှံရှည်နဲ့ မနှစ်မြို့ဖွယ် ပိုးကောင် သားရဲ တွေကို ဘယ်နှကောင် သတ်ပြီး ၊ ဒဏ်ရာတွေ ပေးလိုက်မှန်းတောင် မသိတော့ပါဘူး။သူက စစ်ကြောင်းရဲ့ ဘေးဘက်ကို ခနလေး လှမ်းကြည့်လိုက်တဲ့ အချိန်မှာ ချော်လဲမတတ်တောင် ဖြစ်သွားခဲ့ပါတယ်..။
" ဘာ.. ဘာလဲ "
အမှောင်ထုထဲမှာတော့ သူတို့ရဲ့ ကပ္ပတိန်ဟာ သားရဲတွေကြားမှာ ကခုန်နေပြီး.. ရှည်လျားတည်ကြည်တဲ့ ဓားချက်တွေနဲ့ တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်နေခဲ့ပါတယ်..။ သူ့ရဲ့ ဓားပညာက ကျော့ရှင်းပြီး ပြောင်မြောက်နေခဲ့တယ်..။ ဒါပေမဲ့ လူငယ်လေးကို အမှန်တကယ်အံ့အားသင့်သွားစေတာက သူတို့ ခေါင်းဆောင်ရဲ့ တိုက်ခိုက်ရေး စွမ်းရည် မဟုတ်ဘဲ.. ကပ္ပတိန် ဆန်းလပ်စ် ဝတ်ဆင်ထားတဲ့ ဝတ်စုံနဲ့ သူ့ရဲ့
အိုဒါချီဓား ပုံသဏ္ဌာန်ကြောင့်ပါ ..။
' ဒါ.. ဒါက မွန်ဂရယ် ရဲ့ ဝတ်စုံနဲ့ ဓားပဲ '
လူစတာ ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်..။
' ငါ့ကို မပြောလိုက်နဲ့…'
ရုတ်တရက်ဆိုသလို အရာအားလုံးက အဓိပ္ပာယ်ရှိသွားခဲ့ပါတယ်..။
ဆန်နီ တိုက်ခိုက်တာကို မြင်တွေ့ရသူတွေက [သေဆုံးခြင်း ဆန္ဒ] တိုးမြှင့်မူ ရဲ့ လွှမ်းမိုးမှုကို ရရှိကြတာကြောင့် လူစတာ ရဲ့ နှလုံးသားထဲမှာ ပြင်းထန်တဲ့ မီးတောက်တစ်ခု လောင်ကျွမ်းလာခဲ့တယ်..။ သူ့မျက်လုံးတွေ တောက်ပလာပြီး တောက်လောင်နေတဲ့ ဆုံးဖြတ်ချက်တွေနဲ့ တိုက်ပွဲထဲကို ခုန်ဝင်သွားပါတော့တယ်..။
' ပိုပြီးတော့.. ပိုပြီးတော့.. ငါ ပိုသတ်ဖို့ လိုတယ် '
သူတို့ ကပ္ပတိန်ရဲ့ တကယ့် အမှတ်အသားကို သိလိုက်ရပြီးနောက် လူစတာ ဟာ အလွန် စိတ်အားတက်ကြွသွားခဲ့တယ်..။ ကျောက်တုံး သားရဲတွေ နဲ့ ထိပ်တိုက်တွေ့စဥ်က သူ မဖြစ်နိုင်ဘူးလို့ ထင်ပြီး လက်လျှော့ခဲ့တဲ့ ပန်းတိုင်က အခုတော့ မဖြစ်နိုင်တာမျိုး မဟုတ်တော့ပါဘူး..။
' ဒီ ရွံစရာကောင်းတဲ့ ပိုးကောင်တွေကို ငါ ချေမှုန်းရမယ်..။ ငါသာ အလုံအလောက် သတ်နိုင်ရင်.. မာစတာ ဝင်းတား က ငါ့ကို ဖက်ထားပေးမှာပဲ..။ အိုး.. ငါ မစောင့်နိုင်တော့ဘူး '
အလားတူပဲ..တခြား အဖွဲ့ဝင်တွေလည်း သေဆုံးခြင်း ဆန္ဒ ရဲ့ အားပေးမှုကို ခံစားနေရပါတယ်..။ သူတို့ အားလုံးဟာ နတ်ဆိုးတွေလို တိုက်ခိုက်နေကြပြီး အထူးတပ်ဖွဲ့ဝင်တွေကြားမှာ ကြောက်စရာကောင်းတဲ့ ဂုဏ်သတင်းကို ရရှိနေကြတယ်..။
ဒါတွေအားလုံး ဖြစ်လာအောင် လုပ်ဆောင်ပေးခဲ့တဲ့ လူသားကတော့…
လောလောဆယ်မှာ သူ့ရဲ့ ကံကြမ္မာကို ကျိန်ဆဲနေခဲ့ပါတယ်..။
' ချီးပဲ..ခွေးသားတွေ အားလုံး ချီးပဲ '
အိပ်မက်ဆိုး သတ္တဝါ အုပ်ကြီးရဲ့ ဝိုင်းရံမှုကို ခံထားရတဲ့ ဆန်နီ ဟာ အတော်လေး ခံရခက်တဲ့ ခံစားချက်နဲ့ တိုက်ခိုက်နေခဲ့ပါတယ်..။ သူ့အတွက် အခြေအနေတွေက သိပ်မကောင်းလှပါဘူး..။ သူက အတော် ပင်ပန်း နေခဲ့တယ်။အဆိုးဆုံးကတော့ သူ့ရဲ့ အဆီအနှစ်တွေ ခမ်းခြောက်နေတာပါပဲ..။
အရိပ်ဓားကို ပုံဖော်ထားရတာက သူ့မှာ ကျန်ရှိနေတဲ့ အနည်းငယ်သော အဆီအနှစ်တွေကို ကြောက်စရာကောင်းတဲ့ အရှိန်နဲ့ ဝါးမြိုနေပါတယ်..။ သို့ပေမဲ့ အဆိုးဆုံး တရားခံကတော့ အရိပ်မီးအိမ် ပါပဲ..။ နတ်ဘုရား မှတ်သားမူ တစ်ခုက ထင်ထားတဲ့အတိုင်းပဲ အဆီအနှစ် အများကြီး ကုန်ဆုံးစေပါတယ်..။ဒီအပေါ်မှာ သေဆုံးခြင်း ဆန္ဒ နဲ့ မြေအောက်ကမ္ဘာ ဝတ်ရုံတော် တို့ကလည်း ရှိနေပါသေးတယ်..။
မကြာခင်မှာပဲ သူ့ အဆီအနှစ်တွေက လုံးဝ ခမ်းခြောက်သွားတော့မှာပါ..။
ဝမ်းနည်းစရာကတော့ သူက အရိပ် ကမ္ဘာကြီးကို ဖျက်သိမ်းလို့ မရပါဘူး..။ ဘာလို့လဲဆိုတော့ ဒီလို လုပ်လိုက်ရင် သူက မွန်ဂရယ် ဖြစ်ကြောင်း လူတွေ အများကြီး ရှေ့မှာ ပေါ်သွားမှာမို့လို့ပါ..။ သူ့အဖွဲ့ဝင်တွေကတော့ အလုံအလောက် မြင်သွားလောက်ပြီ ဖြစ်ပေမဲ့.. သူတို့ကတော့ လျှို့ဝှက်ချက် ထိန်းသိမ်းပေးမယ်လို့ အနည်းငယ် ယုံကြည်ပါတယ်..။ ဆန်နီ က သူတို့ကို တိုက်ပွဲတွေကြားကနေ အသက်ရှင်အောင် ကယ်တင်ပေးခဲ့တာကြောင့် ဒီ စစ်သား ခြောက်ယောက်နဲ့ သူတို့ ကပ္ပတိန်ကြားမှာ သစ္စာရှိမှု အနှောင်အဖွဲ့တွေက စတင် ဖြစ်ပေါ်နေပါပြီ..။
ဒါပေမဲ့ သူ တစ်ခုခုကိုတော့ ရုတ်သိမ်းရပါမယ်..။
ပထမဆုံး ဖျက်သိမ်းလိုက်တာက သေဆုံးခြင်း ဆန္ဒ ပါပဲ..။ ဒါက သူ့စစ်သားတွေအတွက်နဲ့ အထူးတပ်ဖွဲ့ဝင်တွေအတွက် အကျိုးရှိပေမဲ့.. [သေဆုံးခြင်း ဆန္ဒ] နဲ့ [မြေအောက်ကမ္ဘာ လက်နက် ] နှစ်ခုလုံးက တောင်းဆိုထားတဲ့ အဆီအနှစ် သုံးစွဲမှုကို သူ မတတ်နိုင်တော့ပါဘူး..။
နောက်ထပ် ဖျက်သိမ်းလိုက်တဲ့ မှတ်သားမူ ကတော့.. မြေအောက်ကမ္ဘာ ဝတ်ရုံတော် ကိုယ်တိုင်ပါပဲ..။ ဆန်နီ ဟာ ချပ်ဝတ်တန်ဆာ မပါဘဲ တိုက်ပွဲကို ဆက်လက် ဆင်နွှဲဖို့ တွန့်ဆုတ်နေသလို အတော်လေးလည်း ကြောက်နေခဲ့တယ်..။ ဒါပေမဲ့ သူ လုပ်နိုင်တာ သိပ်မရှိပါဘူး..။ [သက်ရှိကျောက်တုံး] ကို ကျွေးဖို့ အဆီအနှစ် မလုံလောက်တော့တာကြောင့် ဝတ်ရုံတော်ရဲ့ အနက်ရောင် မျက်နှာပြင်ပေါ်မှာ အက်ကြောင်းတွေ အများကြီး ပေါ်လာခဲ့တယ်..။ ဒါက ကာကွယ်နိုင်စွမ်း လျော့ကျသွားရုံတင်မကဘဲ.. ရှေးဟောင်း ချပ်ဝတ်တန်ဆာကြီးက ဒဏ်ရာတွေ အများကြီး ရသွားပြီး လုံးဝ ပျက်စီးသွားမဲ့ အန္တရာယ်လည်း ရှိနေပါတယ်..။
[အမှန်တရား တောင်ပံ ] တိုးမြှင့်မူ ရဲ့ အကျိုးသက်ရောက်မှု မရှိတော့တာကြောင့် ချပ်ဝတ်
အက်ျီက ပိုပြီးတော့ လေးလံလာနေခဲ့တာပါ..။
အခုကစပြီး သူက ဂရုတစိုက် တိုက်ခိုက်ရမှာ ဖြစ်သလို.. ရန်သူ့တိုက်ခိုက်မှုတွေကို ရှောင်တိမ်းဖို့ပဲ အာရုံစိုက်ရပါတော့မယ်..။ သူ အမှား တစ်ခု ၊ နှစ်ခု လုပ်မိရင်တောင်မှ ဒဏ်ရာ အနည်းငယ်နဲ့တော့ သေမှာ မဟုတ်ပါဘူး..။ ကံကောင်းတာက တိုက်ပွဲအစကလောက် သူ့ပတ်ပတ်လည်မှာ ရန်သူတွေ မကျန်တော့တာပါပဲ..။
သက်သေ အထောက်အထားတွေ အကုန် ပျောက်ကွယ်သွားပြီ ဖြစ်တာကြောင့်.. ဆန်နီဟာ အရိပ်မီးအိမ် ကို ဆက်ပြီး ဖွင့်ထားဖို့ မလိုတော့ပါဘူး..။ ဒါကြောင့် မီးအိမ် ကိုလည်း သူ ရုတ်သိမ်းလိုက်ပါတယ်..။
အဆီအနှစ် ပေးရမဲ့ တိုးမြှင့်မူ တွေ မရှိတော့တာရယ်.. မှတ်သားမူ တွေကို ဖျက်သိမ်းလိုက်လို့ ပြန်ရလာတဲ့ အဆီအနှစ် အနည်းငယ်ရယ်ကြောင့်.. သူက အရိပ် ဓားပုံသဏ္ဌာန်ကို ခနလောက် ထပ်ပြီး ထိန်းထားနိုင်ခဲ့တယ်..။
ဆန်နီ က ရန်သူ အနည်းငယ်ကို ထပ်သတ်လိုက်ပြီး.. မွန်းစတား ပိုးကောင်တစ်ကောင် ထွေးထုတ်လိုက်တဲ့ အက်ဆစ်တွေကို သီသီလေး ရှောင်လိုက်ပါတယ်..။ ယင်းနောက် အဲဒီကောင်ရဲ့ ခန္ဓာကိုယ်ကို နှစ်ပိုင်း ပိုင်းဖြတ်ပြီး တုံ့ပြန်လိုက်တယ်..။
' ဒါက ဘယ်တော့မှ ပြီးမှာလဲ.. ချီးပဲ '
စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့ သူ့ရဲ့ အိုဒါချီဓားက ဝေဝါးသွားပြီး အရိပ်အဖြစ် ပြိုကွဲသွားခဲ့ပါပြီ..။ ဆန်နီ ဟာ သူ့ရဲ့ အကန့်အသတ်ကို ရောက်သွားပြီဆိုတာ နားလည်လိုက်တယ်..။
' နတ်ဘုရားတွေ.. ကျေးဇူးပြုပြီး ဒါကို ရပ်တန့်ပေးပါ..။ရပ်တန့်ပေးပါ.. ရပ်တန့်ပေးပါ.. အား.. ချီးတဲ့မှပဲ.. ဒါက တကယ့် အမှိုက်ပဲ.. ဘာကြီးလဲ.. ဒါက ဘယ်လိုမျိုး ကျိန်စာသင့်နေတဲ့ အခြေအနေကြီးလဲ '
ဘာမှ လုပ်စရာ မရှိတော့တာကြောင့် သူက သားရဲ တစ်ကောင်ရဲ့ ဖြတ်တောက်ခံထားရတဲ့ ကြေးခွံဓားသွား တစ်ခုကို ကောက်ကိုင်လိုက်ပြီး လက်လုပ်ဓားအဖြစ် အသုံးပြုလိုက်ပါတယ်..။
အဲ့အချိန်မှာပဲ အရိပ်မီးအိမ် ကြောင့် ဖြစ်ပေါ်နေတဲ့ အရိပ်တွေက နောက်ဆုံးမှာ ပျောက်ကွယ်သွားခဲ့တယ်..။ အထူးတပ်ဖွဲ့ဝင်တွေဟာ ချက်ချင်းဆိုသလို့ပဲ အံ့ဩစရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရပါတယ်..။
ချပ်ဝတ်တန်ဆာ မပါဘဲ စုတ်ပြဲနေတဲ့ အနက်ရောင် ဝတ်စုံကိုသာ ဝတ်ဆင်ထားတဲ့ ကပ္ပတိန် ဆန်းလပ်စ် ဟာ ရန်သူ့ရဲ့ ဖြတ်တောက်ထားတဲ့ ခြေတံတစ်ခု နဲ့ ကျရှုံးမူအဆင့် သားရဲတစ်ကောင်ရဲ့ ကြေးခွံထဲကို ရိုက်ထည့်နေခဲ့တာပါ..။ အဖြူရောင် ကြေးခွံက ကွဲအက်သွားပြီး သတ္တဝါဟာ နာကျင်စွာ အော်ဟစ်လိုက်တယ်..။လူငယ်မာစတာလေးဟာ ဖော်ပြလို့မရတဲ့ ဒေါသတွေ
မကျေနပ်မှုတွေ တောက်လောင်နေရင်း..အံကိုကြိတ်ထားပြီး လက်ဗလာနဲ့ သားရဲ ခေါင်းကို ချေမှုန်းပစ်လိုက်ပါတော့တယ်..။
ဝါရင့် စစ်သားတွေဟာ တုန်လှုပ်သွားခဲ့ကြတယ်..။
' ဘယ်လောက်တောင် ပြင်းထန်တဲ့ ဒေါသလဲ… မာစတာ ဆန်းလပ်စ် က အိပ်မက်ဆိုး သတ္တဝါတွေကို တကယ် မုန်းတာပဲ ဖြစ်ရမယ်..ဟူး '
တစ်ဖက်မှာတော့ ဆန်နီ က ကျရှုံးမူအဆင့် သားရဲကို ကန်ထုတ်လိုက်ပြီး တုန်ရင်နေတဲ့ အသက်ရှူသံကို ထုတ်ဖော်လိုက်ပါတယ်..။
' ဟူး…ကပ်သီးလေးပဲ.. နောက်ဆုံး တိုက်ခိုက်မှုကို ငါ ဘယ်လိုတောင် အသက်ရှင်ခဲ့တာလဲ '
အဲ့အချိန်မှာပဲ တိုက်ပွဲနယ်မြေမှာ သိမသာတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်သွားခဲ့တယ်..။
အရင်က စနစ်တကျ ရှိပြီး လိမ္မာပါးနပ်တဲ့ ကျောက်တုံး သားရဲတွေဟာ ရုတ်တရက်ဆိုသလို သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပျောက်ဆုံးသွားပုံရပါတယ်..။
တစ်ချိန်တည်းမှာပဲ အခိုက်အတန့် က ဆန်နီရဲ့ နားထဲကို ရုတ်တရက် တီးတိုး ပြောလိုက်တယ်..။
[ သင်သည် ကျောက်စိမ်းဘုရင်မရဲ့ အကြွင်းအကျန် ဖြစ်သော ပျက်ပြားခြင်းအဆင့် တိုင်းရန့် တစ်ကောင်ကို သတ်ဖြတ်လိုက်ပါပြီ ]
[ သင့်ရဲ့ အရိပ်က ပိုမို သန်မာလာခဲ့သည် ]
[ သင်သည် မှတ်သားမူ တစ်ခုကို ရရှိခဲ့သည် ]
သူ မျက်တောင်ခတ်လိုက်တယ်..။
' ..ဘာလဲဟ '
ဘာဖြစ်သွားတာလဲ..။
ကြည့်ရတာတော့… ကြည့်ရတာတော့ နွယ်ပိုးကောင် ရဲ့ အဆိပ်ငွေ့တွေကြောင့် ရက်စက်သော မြင်ကွင်း ရဲ့ တိုက်စားခြင်းဟာ ဆန်နီ ထင်ထားတာထက် ပိုပြီး အစွမ်းထက်နေတဲ့ ပုံပါပဲ..။ ဒါပေမဲ့ ဖြစ်နိုင်ခြေ ပိုများတာကတော့
ဒီ အစွမ်းထက်တဲ့ သတ္တဝါကြီးဟာ ကောင်းကင်ဒီရေ ကြောင့် သေလုမျောပါး ဖြစ်နေချိန်မှာ.. တိုက်စားခြင်းက အဆုံးသတ်ပေးလိုက်တာ ဖြစ်နိုင်ပါတယ်..။သူမက အဆုံးသတ် တိုက်ခိုက်မူကို မလုပ်လိုက်ရတဲ့ပုံပါပဲ။
ဒီလို ဖြစ်လာဖို့ အခွင့်အရေးက ဘယ်လောက်တောင် ရှိပါ့မလဲ..။ တစ်သန်းမှာ တစ်ကြိမ်လောက်လား..။
သေဆုံးနေတဲ့ ကျရှုံးမူအဆင့် သားရဲပေါ်မှာ ရပ်နေရင်း ဆန်နီ ပြုံးလိုက်မိတယ်..။
' ငါ ဒီနေ့ ကံကောင်းနေတယ် ထင်တယ်….. '