အခန်း (၈၆၈-၈၇၀)
Vol. 58 Ch. 868-870
အပိုင်း ( ၈၆၈ ) ဂုဏ်သတင်း
တိုင်းရန့် သေဆုံးသွားပြီးနောက်မှာတော့ တိုက်ပွဲက အကြာကြီး ဆက်မဖြစ်တော့ပါဘူး..။
ကျောက်တုံး သားရဲတွေ ဟာ စစ်သည်အမြောက်အမြားနဲ့အတူ သူတို့ရဲ့ အစွမ်းအထက်ဆုံး ချန်ပီယံတွေကိုပါ ဆုံးရှုံးလိုက်ရပါပြီ..။ သူတို့ အုပ်စိုးသူရဲ့ လမ်းညွှန်မှု မရှိတော့တဲ့အခါမှာတော့ အောက်ခြေ သတ္တဝါတွေဟာ ဉာဏ်ရည်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ကင်းမဲ့သွားပုံရပါတယ်..။ ဒီအားနည်းချက်ကို သတိပြုမိသွားတဲ့ အထူးတပ်ဖွဲ့ဝင်တွေကတော့ ရှေ့ကို တိုးဝင်ပြီး တွေဝေမနေဘဲ သတ်ဖြတ်လိုက်ကြပါတော့တယ်..။
ဝိဥာဥ် ရိတ်သိမ်းသူ က စစ်ကြောင်းရဲ့ ရှေ့ဆုံးကနေ သောင်းကျန်းနေတာကြောင့် မွန်းစတား ပိုးကောင်တွေရဲ့ အရေအတွက်က လျင်မြန်စွာ လျော့နည်းသွားခဲ့တယ်..။ ယင်းနောက်မှာတော့ သူတော်စင် တိုင်းရစ် က တိုက်ပွဲထဲမှာ ပါဝင်လာပြီး ကျန်ရှိနေတဲ့ သားရဲတွေကို တစ်ယောက်တည်းနဲ့ အပြတ်ရှင်းလိုက်ပါတယ်..။
ကောင်းကင်ဒီရေ ဟာ ကျောက်စိမ်းဘုရင်မရဲ့ အကြွင်းအကျန်နဲ့ တိုက်ခိုက်ရင်း ဒဏ်ရာအချို့ ရရှိခဲ့ပုံရပေမဲ့.. ဒါက သူမကို သိပ်ပြီး နှေးကွေးမသွားစေပါဘူး..။ ပိုးကောင်ကြီးတွေကြားမှာ လေလိုမျိုး လျင်မြန်စွာ လှုပ်ရှားရင်း.. သာမန်မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အရှိန်နဲ့ ကျန်ရှိနေတဲ့ အိပ်မက်ဆိုး သတ္တဝါ အားလုံးကို စက္ကန့်ပိုင်းအတွင်းမှာပဲ ရှင်းလင်းလိုက်ပါတယ်..။ သူမရဲ့ ဓားသွားက သတ္တဝါတွေရဲ့ ခိုင်မာလှတဲ့ အဖြူရောင် ကြေးခွံတွေကို ရေလိုမျိုး အလွယ်တကူ ဖြတ်တောက်ပစ်လိုက်တာပါ..။
အဲဒီလိုနဲ့ပဲ.. ရုတ်တရက်ဆိုသလို တောင်ထိပ်ပေါ်မှာ တိတ်ဆိတ်မှုက လွှမ်းမိုးသွားခဲ့တယ်..။
စစ်သည်တွေဟာ အချင်းချင်း ဝေခွဲမရစွာ ကြည့်နေကြပြီး.. ဒီလောက် ပြင်းထန်တဲ့ တိုက်ပွဲကြီးက ဒီလောက် မြန်မြန်ဆန်ဆန် ပြီးဆုံးသွားတာကို မယုံနိုင်အောင် ဖြစ်နေကြပါတယ်..။ ယင်းနောက်မှာတော့ အောင်ပွဲရဲ့ အရသာကို နားလည်သွားကြတဲ့ အထူးတပ်ဖွဲ့ဝင်တွေဟာ သက်ပြင်းချရင်း.. ရှိသမျှ အားအင်တွေ ကုန်ခမ်းကာ မြေပြင်ပေါ်ကို ပုံရက်သား လဲကျကုန်ကြတယ်..။
လူတိုင်းဟာ မလှုပ်နိုင်လောက်အောင် ပင်ပန်းနေကြပြီး.. အနားယူဖို့နဲ့ သူတို့ရဲ့ အတွေးတွေကို ပြန်စုစည်းဖို့ မိနစ်အနည်းငယ်လောက် လိုအပ်နေခဲ့ပါတယ်..။ သူတို့ရဲ့ မျက်နှာပေါ်မှာ ပင်ပန်းနွမ်းနယ်တဲ့ အပြုံးတွေ ပေါ်လာခဲ့ကြတယ်..။
ဆန်နီ ဟာလည်း နံစော်နေတဲ့ အပြာရောင် သွေးတွေ မရှိတဲ့ ကျောက်တုံးနေရာလေးတစ်ခုကို ရှာတွေ့လိုက်ပြီး.. အဲဒီအပေါ်မှာ ထိုင်ချလိုက်ပါတယ်..။ သူ လုံးဝကို ပင်ပန်းနေပါပြီ..။ တိုက်ပွဲရဲ့ စိတ်လှုပ်ရှားမှုတွေ ငြိမ်သက်သွားတာနဲ့အမျှ သူ့ရဲ့ အတွေးတွေကလည်း နှေးကွေးပြီး ပျင်းရိလာခဲ့တယ်..။
' အာ.. ငါ့ တစ်ကိုယ်လုံး ဒဏ်ရာတွေချည်းပဲ…'
သူကတော့ ကျေနပ်မှုကို ခံစားနေရပါတယ်..။ ခက်ခဲတဲ့ တိုက်ပွဲကို အနိုင်ရခဲ့ရုံတင်မကဘဲ.. အရိပ်အပိုင်းအစ အတော်များများကိုလည်း ရရှိခဲ့တာကြောင့်ပါ..။ ပိုကောင်းတာကတော့.. သူ
မကြည့်ရသေးတဲ့ အဆင့်ငါး အထွတ်အထိပ်အဆင့် မှတ်သားမူ တစ်ခုကိုလည်း ရထားပါသေးတယ်..။
သူက ခနလောက်တော့ ရူးစ် တွေကို ချက်ချင်း ခေါ်ကြည့်ချင်ပေမဲ့.. အဲဒီစိတ်ကို ပြန်ထိန်းလိုက်ပါတယ်..။ အခုချိန်မှာ သူက သေချာ မစဉ်းစားနိုင်လောက်အောင် အရမ်း ပင်ပန်းနေခဲ့တာပါ..။ ဒီ မှတ်သားမူ ကိုတော့ အဖွဲ့သားတွေအားလုံး ရိုင်နို ပေါ်ကို ဘေးကင်းကင်းနဲ့ ပြန်ရောက်မှပဲ ကြည့်ပါတော့မယ်..။
လောလောဆယ်မှာတော့ ဆန်နီ ဟာ မြေပြင်ပေါ်မှာ ထိုင်ပြီး အနားယူနေရတာနဲ့တင် ကျေနပ်နေခဲ့ပါတယ်..။
သူ အနားယူနေတုန်းမှာပဲ သူ့ရဲ့ အရိပ်က ပတ်ဝန်းကျင်ကို သဘာဝအတိုင်း ဝေ့ကြည့်လိုက်တယ်..။
တောင်ထိပ်ကြီးက လုံးဝ ပြောင်းလဲသွားခဲ့ပါပြီ..။ နှင်းတွေက အရည်ပျော်ကုန်သလို.. အပြာရောင် သွေးတွေနဲ့ ရောနှောပြီး ရွှံ့နွံတွေ ဖြစ်နေခဲ့တယ်..။ တောင်စောင်းတစ်လျှောက်မှာတော့ သေဆုံးနေတဲ့ အိပ်မက်ဆိုး သတ္တဝါ ရာပေါင်းများစွာနဲ့ နက်ရှိုင်းတဲ့ အက်ကြောင်းတွေ ပြည့်နှက်နေခဲ့ပါတယ်..။ ထွက်ပေါက် ကတော့ တောင်ထိပ်မှာ အမှောင်ထုနဲ့အတူ ခုန်လှုပ်နေတုန်းပဲ ဖြစ်ပေမဲ့..သူ့ကို ဖုံးအုပ်ထားတဲ့ ချောက်နက်ကြီးရဲ့ တစ်ဖက်ခြမ်းကတော့ ပြိုကျပျက်စီးသွားခဲ့ပါပြီ..။
တောင်စောင်းရဲ့ အောက်ဘက် အဝေးတစ်နေရာမှာတော့ ကျောက်စိမ်းပိုးကောင်ရဲ့ ကြီးမားတဲ့ အလောင်းကြီးက အေးစက်တဲ့ ကျောက်တုံးတွေပေါ်မှာ လဲလျောင်းနေခဲ့တယ်..။ သူတော်စင် တိုင်းရစ် နဲ့ ဖြစ်ခဲ့တဲ့ နောက်ဆုံး တိုက်ပွဲက သူတို့ကို တိုက်ပွဲနယ်မြေရဲ့ အဝေးဆီ ခေါ်ဆောင်သွားခဲ့တဲ့ ပုံပါပဲ..။
ရလဒ်အနေနဲ့ ဒီနေရာက ဆန်နီ တိုက်ခိုက်ခဲ့တဲ့ ဘေးဘက် စစ်ကြောင်းနေရာနဲ့ အတော်လေး ဝေးကွာနေခဲ့ပါတယ်..။ အဲဒီနေရာမှာတော့ နိုးထမူ အဆင့် နဲ့ ကျရှုံးမူအဆင့် သတ္တဝါတွေရဲ့ အလောင်းတွေပဲ ကျန်ရှိနေခဲ့တယ်..။ အချို့က အပိုင်းပိုင်း ပိုင်းဖြတ်ခံထားရသလို.. အချို့ကတော့ အရိပ်လက်တံတွေရဲ့ ဆွဲဖြဲခြင်းကို ခံထားရပါတယ်..။ အများစုကတော့ သူတို့ အုပ်စိုးသူရဲ့ ပြုတ်ကျမှုကြောင့် လုံးဝ ပြားချပ်သွားခဲ့ကြတာပါ..။
ဒါပေါ့.. အထူးတပ်ဖွဲ့ဝင်တွေကတော့ ဒါကို မသိကြပါဘူး..။ ဘာလို့လဲဆိုတော့ အဲဒီနေရာတစ်ခုလုံးကို အရိပ်မီးအိမ် က ခေါ်ဆောင်လာတဲ့ အမှောင်ထုက ဖုံးလွှမ်းထားခဲ့လို့ပါပဲ..။ သူတို့အတွက်ကတော့ ဒါတွေအားလုံးက ဆန်နီ လုပ်ခဲ့တာလို့ပဲ ထင်နေကြတာပါ..။
သူတို့ရဲ့ တီးတိုးပြောဆိုသံတွေက သူ့နားထဲကို ဝင်လာခဲ့တယ်..။
"ဘုရားသခင်တို့.. ဟိုဘက်ကို ကြည့်လိုက်ဦး.. မာစတာ ဆန်းလပ်စ် တိုက်ခိုက်ခဲ့တဲ့ နေရာ မဟုတ်လား "
" သေနေတဲ့ သားရဲတွေ အများကြီးပဲ.. နေဦး.. ဒါက ဘာကြီးလဲ.. ဘာလို့ အလောင်းတွေက ဒီလောက်တောင် ကြေမွနေရတာလဲ.. အသားကြိတ်စက်ထဲ ထည့်ထားသလိုပဲ "
" ငါပြောချင်တာက ဒါက ဓားနဲ့ အပိုင်းပိုင်း ဖြတ်ထားတာနဲ့တောင် မတူဘူး.. ။သူက လက်ဗလာနဲ့များ ဆွဲဖြဲပြီး ချေမှုန်းပစ်လိုက်တာလား "
" သူ အဲလို လုပ်ခဲ့တာလေ..နောက်ဆုံးမှာ သူ့ကို မမြင်လိုက်ဘူးလား..။သူ့လက်နက်နဲ့ ချပ်ဝတ်တန်ဆာက တိုက်ပွဲမှာ ပျက်စီးသွားပုံရတယ်.. ။ဒါကြောင့် ကျရှုံးမူအဆင့် သတ္တဝါရဲ့ ခြေထောက်တစ်ဖက်ကို ဆွဲဖြုတ်ပြီး အဲဒီကောင်ကို သေအောင် ပြန်ထုသတ်ပစ်လိုက်တာ..။ပြီးတော့.. ငါ နတ်ဘုရားတွေကို တိုင်တည်ပြီး ပြောရဲတယ်.. ငါကိုယ်တိုင် မြင်ခဲ့တာပဲ.. သူက အဲဒီမှာ ရပ်ပြီး ပြုံးနေခဲ့တာနော်..။တစ်စုံတစ်ယောက်က သူ့ကို ကမ္ဘာပေါ်မှာ အကောင်းဆုံး လက်ဆောင် ပေးလိုက်သလိုမျိုးပဲ "
" ငါထင်တာတော့ သူ အိပ်မက်ဆိုး သတ္တဝါတွေကို တကယ် မုန်းနေတာ ဖြစ်မယ်.. ။စောစောက သူ့ရဲ့ အမူအရာက.. အရမ်း ဒေါသထွက်ပြီး မကျေမနပ် ဖြစ်နေတာလေ..။ ဒါက တစ်ကိုယ်ရည် နာကျည်းချက် တစ်ခုခုများ ရှိနေတာလား မသိဘူး.. ဝမ်းနည်းစရာ ဇာတ်လမ်းလေးများ ရှိနေမလား "
" ဝိဥာဥ် ရိတ်သိမ်းသူ က သူ့ကို ဘာလို့ ကိုယ်တိုင်ကိုယ်ကျ လာခေါ်ခဲ့သလဲဆိုတာ မဆန်းတော့ပါဘူး "
" ...ဒီ ကောင်လေးက ဘယ်လိုမျိုး နတ်ဆိုးမျိုးလဲ "
ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။
သူ တကယ်ပဲ ပြုံးခဲ့မိလို့လား..။ အိုး.. အဲဒါက သူ အထွတ်အထိပ်အဆင့် မှတ်သားမူ ကို ရလိုက်တဲ့ အချိန် ဖြစ်မှာပါ..။ သူ တကယ်ပဲ စိတ် မထိန်းနိုင်ဘဲ ခနလောက်တော့ ငတုံး တစ်ယောက်လို ပြုံးမိသွားခဲ့တာ ဖြစ်နိုင်ပါတယ်..။
ဘာပဲဖြစ်ဖြစ်.. ဒီစစ်သားတွေထဲက ဘယ်သူမှ သူ့ကို မွန်ဂရယ် နဲ့ ဆက်စပ်ပြီး မတွေးမိကြပါဘူး..။ သူတို့က ဆန်နီ ဟာ အိပ်မက်ဆိုး သတ္တဝါတွေအပေါ် နာကျည်းချက်ရှိနေတဲ့ မွန်းစတား တစ်ကောင်လိုပဲ ထင်နေကြပါတယ်..။ တစ်ဖက်မှာ သူ့ရဲ့ အဖွဲ့သားတွေကတော့…
ဆန်နီ အနည်းငယ် လှည့်ကြည့်လိုက်တဲ့အခါ သူ့ကို စိုက်ကြည့်နေတဲ့ လူစတာ ကို မြင်လိုက်ရတယ်..။ ဒီလူငယ်လေးရဲ့ မျက်လုံးတွေက တစ်စုံတစ်ရာကြောင့် အတော်လေး ခါးသီးနေပုံရပါတယ်..။
' ဒီ လူပြက်က ဘာဖြစ်နေတာလဲ '
အဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က သူ့အနားကို ချဉ်းကပ်လာပြီး ဘေးမှာ ထိုင်ချလိုက်တယ်..။ ဆန်နီ လှည့်ကြည့်လိုက်တဲ့အခါ သူ့ကို အမူအရာမရှိဘဲ စိုက်ကြည့်နေတဲ့ ဝင်းတား ကို တွေ့လိုက်ရပါတယ်..။
" ဘာများ… "
သူ စကားမဆုံးခင်မှာပဲ သူမက ရုတ်တရက် ပြုံးလိုက်ပြီး သူ့ကို အတင်းအကျပ် ဖက်ထားလိုက်တယ်..။
" မင်း တကယ် တော်တယ်.. နတ်ဆိုးလေး.. ငါတို့ သူငယ်ချင်းတွေ လုပ်ရအောင် "
မကြာခင်မှာပဲ အထူးတပ်ဖွဲ့ဝင်တွေဟာ အသက်ရှူပြန်မှန်လာကြပြီး စတင် လှုပ်ရှားလာကြတယ်..။ သူတော်စင် တိုင်းရစ် ဟာ ဆန်နီ ဆီကို ချဉ်းကပ်လာပြီး တိုင်းရန့် ကို သတ်ဖြတ်ရာမှာ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်စကား ပြောကာ ထွက်ခွာသွားခဲ့ပါတယ်..။ သူမရဲ့ အသံက ပုံမှန်အတိုင်း ယဉ်ကျေးပြီး တည်ငြိမ်ပေမဲ့.. ဒီတစ်ကြိမ်မှာတော့ အနည်းငယ်.. ရင်းနှီးတဲ့ ပုံစံမျိုး ပေါက်နေခဲ့တာပါ..။
ကျောက်တုံး သားရဲတွေ ရဲ့ ခြိမ်းခြောက်မှု ပျောက်ကွယ်သွားတာကြောင့် လမ်းကြောင်း ရှင်းလင်းသွားပြီဖြစ်ကြောင်း ပထမစစ်တပ်ကို အချက်ပြလိုက်ပါတယ်..။ မကြာခင်မှာပဲ တောင်တစ်ဖက်ခြမ်း အောက်ဘက်မှာ ရှည်လျားတဲ့ ယာဉ်တန်းကြီး ပေါ်လာခဲ့တယ်..။ စစ်တပ်ရဲ့ တပ်မတစ်ခုဟာ သူတို့ရဲ့ နောက်ထပ် ဦးတည်ရာဆီကို အလျင်အမြန် ချီတက်နေကြပါပြီ..။
အထူးတပ်ဖွဲ့ဝင်တွေကတော့ သေဆုံးသွားတဲ့ သားရဲတွေဆီကနေ ဝိဥာဥ် အစိတ်အပိုင်းတွေကို သိမ်းဆည်းရင်း အလုပ်ရှုပ်နေခဲ့ကြတယ်..။ ကျောက်စိမ်းဘုရင်မရဲ့ အကြွင်းအကျန် အလောင်းကြီးကို သယ်ထုတ်ဖို့အတွက် အကြီးစား သယ်ယူပို့ဆောင်ရေးယာဉ် တစ်ဒါဇင်လောက် ရောက်ရှိလာခဲ့ပါတယ်..။ သေဆုံးသွားရင်တောင်မှ ပျက်ပြားခြင်းအဆင့် တိုင်းရန့် တစ်ကောင်က အတော် တန်ဖိုးရှိတာ အမှန်ပါပဲ..။ သူမရဲ့ ခိုင်မာတဲ့ ကြေးခွံတွေနဲ့ တခြား အစိတ်အပိုင်းတွေကို အဆင့်မြင့် စွမ်းအင် နည်းပညာတွေမှာ အသုံးချလို့ ရတာကြောင့်ပါ..။
ဒီ ကျောက်စိမ်းပိုးကောင်ရဲ့ အစိတ်အပိုင်းအချို့ကို ခံတပ်မြို့ကြီးတွေထဲက တစ်ခုခုမှာ..အသုံးပြုတာ... ဖြစ်နိုင်ရင် ဖယ်လ်ကွန်စကော့ ရဲ့ ကာကွယ်ရေးကို မြှင့်တင်ဖို့ အသုံးပြုမယ်ဆိုရင်တောင် ဆန်နီ အံ့ဩမိမှာ မဟုတ်ပါဘူး..။
အချိန်အနည်းငယ် ကြာပြီးနောက်မှာတော့ မာစတာ ဂျက် ဟာ စစ်ဌာနချုပ်ကို ဆက်သွယ်ဖို့အတွက် ယာဉ်တွေ ရပ်နားထားတဲ့ အခြေစိုက်စခန်းဆီကို ထွက်ခွာသွားခဲ့ပါတယ်..။ ဆန်နီ ကိုယ်တိုင်လည်း တောင်ထိပ်မှာ လုပ်စရာ မရှိတော့တာကြောင့် သူမနောက်ကို လိုက်သွားခဲ့ပြီး အနားယူဖို့အတွက် ရိုင်နို ပေါ်ကို တက်လိုက်ပါတယ်..။
သူ့ရဲ့ သက်တောင့်သက်သာရှိတဲ့ အိပ်ရာပေါ်ရောက်တဲ့အချိန်မှာတော့ ဆန်နီ ဟာ နောက်ဆုံးမှာ ရူးစ် တွေကို ထုတ်ဖော်လိုက်ပါတယ်..။
' အထွတ်အထိပ်အဆင့် မှတ်သားမူ တစ်ခု…. အာ.. ကြည့်ရအောင်… '
မကြာခင်မှာပဲ သူ့ရဲ့ မျက်လုံးတွေက တောက်ပသွားခဲ့တယ်။
အပိုင်း ( ၈၆၈ ) ပြီး၏။
အပိုင်း ( ၈၆၉ ) နှစ်သိမ့်ခြင်း ပြစ်ဒဏ်
ရူးစ် တွေက လေထဲမှာ တောက်ပလာခဲ့တယ်..။
မှတ်သားမူ — [နှစ်သိမ့်ခြင်း ပြစ်ဒဏ် ]
မှတ်သားမူ အဆင့် — အထွတ်အထိပ်အဆင့်
မှတ်သားမူ သတ်မှတ်ချက် — ၅
မှတ်သားမူ အမျိုးအစား — လက်နက်
မှော်ဆန်တဲ့ သင်္ကေတတွေရဲ့ ရက်လုပ်မှုကို ကြည့်ရင်း ဆန်နီ ဟာ ကျောရိုးတစ်လျောက် အေးစိမ့်သွားသလို ခံစားလိုက်ရတယ်။
' လက်နက်တစ်ခုပဲ… '
[နှစ်သိမ့်ခြင်း ပြစ်ဒဏ်] ဟာ သူရရှိခဲ့တဲ့ တတိယမြောက် အထွတ်အထိပ်အဆင့် မှတ်သားမူ ပါပဲ..။ ဒါပေမဲ့ ဒါက ထာဝရချိန်း နဲ့ သေဆုံးခြင်း ဆန္ဒ နှစ်ခုပေါင်းထက်တောင် ပိုပြီး မြင့်မားတဲ့ သတ်မှတ်ချက် အဆင့်မှာ ရှိနေခဲ့တယ်..။ ပိုပြီး အရေးကြီးတာက.. ဒါက လက်နက်တစ်ခု ဖြစ်နေတာပါပဲ..။ ချပ်ဝတ်တန်ဆာ ဒါမှမဟုတ် အဆောင်လက်ဖွဲ့တွေထက် သူ့ရဲ့ စွမ်းအားကို ပိုပြီး တိုက်ရိုက် ပြသနိုင်တဲ့ အရာမျိုးပါ..။
အန္တာတိကရဲ့ အေးစက်လှတဲ့ နယ်မြေမှာ သူ အသည်းအသန် လိုအပ်နေတဲ့ အရဆိုလည်း ဟုတ်ပါတယ်..။
ပျက်ပြားခြင်းအဆင့် တိုင်းရန့် တစ်ကောင်ကို သတ်ဖြတ်လို့ ရရှိလာတဲ့ လက်နက်ဆိုတာ
တကယ်ကို အစွမ်းထက်မှာ အသေအချာပါပဲ..။
သူ အသက်ကို အောင့်ထားရင်း ရူးစ် တွေကို ဆက်ပြီး လေ့လာလိုက်ပါတယ်..။
မှတ်သားမူ ဖော်ပြချက် — [ဒီဓားသွားဟာ လှပတဲ့ မွန်းစတားတစ်ကောင်ကို ဘုရင်မအဖြစ် ပြောင်းလဲပေးခဲ့ပြီး သူမကို တားမြစ်ထားတဲ့ အသိပညာတွေ လက်ဆောင်ပေးခဲ့တဲ့ ကြောက်ရွံ့ခြင်း နတ်ဆိုး အေရီရယ် ရဲ့ တီးတိုးပြောသံ တစ်ခု ဖြစ်သည်..]
ဆန်နီ ဟာ ခေါင်းကို စောင်းလိုက်ပြီး ရုတ်တရက် စိတ်လှုပ်ရှားသွားခဲ့တယ်..။
' ကြောက်ရွံ့ခြင်း နတ်ဆိုး… နောက်ထပ် ဒဲလ်မွန် တစ်ပါးလား..။ အခုဆိုရင် ငါ သိထားတဲ့ ဒဲလ်မွန် အရေးအတွက်က ငါးပါး ရှိသွားပြီ '
ကံကြမ္မာ နတ်ဆိုး ၊ မျှော်လင့်ချက် နတ်ဆိုး ၊ ရွေးချယ်ခြင်း နတ်ဆိုး ၊ ကြောက်ရွံ့ခြင်း နတ်ဆိုး…
' နေဦး.. ငါးယောက်မြောက် က ဘယ်သူပါလိမ့် '
သူ့ရဲ့ ခနလောက် အတင်းအကြပ် စဉ်းစားလိုက်ပြီးနောက်မှာတော့ ခေါင်းနောက်ဘက်ကို ကုတ်လိုက်မိတယ်..။
' အိုး.. ဟုတ်သားပဲ.. မေ့လျော့ခြင်း နတ်ဆိုး ပါလား..။ ငါ ဘယ်လိုဖြစ်ပြီး မေ့သွားရတာလဲ '
မေ့လျော့ခြင်း နတ်ဆိုး က ဘာလို့ ဒီလောက်တောင် မေ့ရလွယ်နေတာလဲ ဆိုတဲ့ အချက်ကို ဆန်နီ ခနလောက် တွေးနေခဲ့ပါတယ်..။ ယင်းနောက်မှာတော့ ခေါင်းကို အနည်းငယ် ခါယမ်းလိုက်တယ်..။
ဘာပဲဖြစ်ဖြစ်.. ဒီ မှတ်သားမူ က ဒဲလ်မွန် တစ်ပါးနဲ့ ဆက်နွယ်နေတယ်ဆိုရင် ဒါဟာ အတိုင်းအဆမရှိ အစွမ်းထက်မှာ အမှန်ပါပဲ..။
သူ့နှလုံးခုန်သံက ပိုပြီး မြန်ဆန်လာခဲ့တယ်..။
မှတ်သားမူ တိုးမြှင့်ချက် များ — [နိမိတ်မကောင်းသော တီးတိုးသံ] ၊ [ပြီးပြည့်စုံသော ကျောက်စိမ်း] ၊ [ကြောက်ရွံ့ခြင်း နိမိတ်] ၊ [အကျည်းတန်သော အမှန်တရား] ၊ [ကျိန်စာသင့်ခြင်း]
ဆန်နီ မျက်တောင်ခတ်လိုက်မိတယ်..။
' နေဦး… ဘာလဲ.. ကျိန်စာသင့်ခြင်း တဲ့လား '
ကျိန်စာသင့်ခြင်း ဆိုတာက ဘာကို ဆိုလိုတာလဲ..။
သူ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားတာကြောင့် နောက်ဆုံး တိုးမြှင့်မူ ရဲ့ ဖော်ပြချက်ကို အရင်ဆုံး ဖတ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..။ မကြာခင်မှာပဲ သူ့မျက်နှာပေါ်မှာ ကြည့်ရဆိုးတဲ့ အမူအရာတစ်ခု ပေါ်လာခဲ့တယ်..။
[ကျိန်စာသင့်ခြင်း] တိုးမြှင့်မူ ဖော်ပြချက် — "ဒီဓားသွားဟာ သူ့ကို ကိုင်ဆောင်သူကို တဖြည်းဖြည်း ရူးသွပ်သွားအောင် လုပ်ဆောင်နိုင်သည်.."
' ဘာတွေလဲဟ… '
သူ့ရဲ့ အသစ်စက်စက် အထွတ်အထိပ်အဆင့် လက်နက်က.. ဘေးထွက်ဆိုးကျိုးတွေ ရှိနေတာလား..။
' ဒါက ဘယ်လို အမှိုက်မျိုးလဲ..။ မှတ်သားမူ တွေမှာ ဘယ်တုန်းက အားနည်းချက် တွေ ပါလာလို့လဲ..။ ရူးသွပ်တာ… ဒါက ငါ့ကို ရူးသွားအောင် လုပ်ချင်နေတာလား..။ ဘယ်သူ အရင်ရူးမလဲ ကြည့်ကြသေးတာပေါ့.. ချီးပဲ… '
ဆန်နီဟာ ရူးစ် တွေကို မကျေမနပ် ကြည့်ရင်း တစ်ခုခုကို မဆုံးဖြတ်ခင်မှာ တခြား တိုးမြှင့်မူ တွေကိုပါ လေ့လာဖို့ ဆုံးဖြတ်လိုက်ပါတယ်..။
[နိမိတ်မကောင်းသော တီးတိုးသံ] တိုးမြှင့်မူ ဖော်ပြချက် - "ဒီဓားသွားဟာ သူ ဖြတ်တောက်လိုက်တဲ့ သူတွေကို ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာကိုပါ ပေးနိုင်သည်..။ သူတို့ရဲ့ ခန္ဓာကိုယ်တင်မကဘဲ စိတ်ဝိဥာဥ်ကိုပါ ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်..။ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာက တစ်ချက်တည်း ဖြတ်တောက်ခံရရင်တောင် ကျိန်စာတစ်ခုလို စွဲကျန်နေမှာ ဖြစ်သည်..။"
သူ ရေရွတ်လိုက်မိတယ်..။
' တကယ့်ကို ယုတ်မာတာပဲ… '
စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေက ဝိဥာဥ် တိုက်ခိုက်မှုတွေလိုပဲ အတော်လေး ရှားပါးသလို.. ကာကွယ်ဖို့လည်း ခက်ခဲပါတယ်..။ ဒီ တိုက်ခိုက်မှုတွေမှာ ကြောက်စရာကောင်းတဲ့ အချက်တစ်ခု ရှိနေသေးတယ်..။ အထူးသဖြင့် သတ်ရခက်တဲ့ သတ္တဝါတွေ ဒါမှမဟုတ် အင်မော်တယ် နီးပါး ဖြစ်နေတဲ့ သူတွေအတွက်တော့
ကပ်ဆိုးပါပဲ။
ဘာပဲဖြစ်ဖြစ်.. တစ်စုံတစ်ယောက်ရဲ့ စိတ်ဓာတ်က ပျက်စီးသွားပြီဆိုရင် အသက်ရှင်နေတာက ဘာအဓိပ္ပာယ် ရှိဦးမှာလဲ..။ ဒီလို ဓားမျိုး က.. မျှော်လင့်ချက် ဘုရင့်နိုင်ငံက ချိန်းအရှင်သခင် တွေ လို လူမျိုးတွေအတွက် တကယ့်ကို အန္တရာယ်ရှိတဲ့ လက်နက် ဖြစ်လာမှာပါ..။
…တကယ်လို့ ဒီ ကျိန်စာသင့်နေတဲ့ မှတ်သားမူ က ကိုင်ဆောင်သူကိုပါ ဒီလို စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာမျိုး ပြန်မပေးဘူးဆိုရင်ပေါ့..။
ဆန်နီ မျက်နှာပျက်သွားပြီး ရူးစ် တွေကို ဆက်ဖတ်လိုက်ပါတယ်..။
[ပြီးပြည့်စုံသော ကျောက်စိမ်း] တိုးမြှင့်မူ ဖော်ပြချက် - "ဒီဓားသွားကို အထူးမွန်မြတ်တဲ့ ကျောက်စိမ်းတစ်တုံးကနေ ထုဆစ်ထားခြင်း ဖြစ်သည်..။ ဒါကြောင့် သဘာဝတရားများကို ကျော်လွန်သော ထက်မြက်မူ နှင့် ခိုင်ခံ့မူများ ရှိသည်..။"
' ဒါကတော့ တည့်တည့်ပဲ… '
[ကြောက်ရွံ့ခြင်း နိမိတ်] တိုးမြှင့်မူ ဖော်ပြချက် - "အေရီရယ် ရဲ့ တည်ရှိမှု အကြွင်းအကျန် အနည်းငယ်က ဒီဓားသွားပေါ်မှာ ရှိနေပြီး သတ္တဝါအားလုံးရဲ့ နှလုံးသားထဲကို ထိတ်လန့်တုန်လှုပ်မှုတွေ ပေးစွမ်းနိုင်သည်.."
ဆန်နီ မျက်မှောင်ကျုတ်လိုက်မိတယ်..။
' နောက်ထပ် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု တစ်ခုပဲ.. ဒါပေမဲ့ ဒါကတော့ အနားမှာ ရှိနေတာနဲ့ အလိုအလျောက် သက်ရောက်မှာ ဖြစ်သလို ဧရိယာတစ်ခုလုံးကိုပါ လွှမ်းမိုးနိုင်လိမ့်မယ်..။ မဆိုးပါဘူး… အိပ်မက်ဆိုး အနားမှာ ရှိနေတဲ့အချိန်ဆိုလည်း အံ့ဩစရာ ကောင်းလောက်အောင် အသုံးဝင်မှာပဲ… '
နောက်ဆုံး တစ်ခုကတော့ သူ့ကို ပိုပြီး မျက်မှောင်ကျုတ်သွားစေပါတယ်..။
[နာကျည်စရာ အမှန်တရား] တိုးမြှင့်မူ ဖော်ပြချက် — "ကိုင်ဆောင်သူရဲ့ စိတ်ဓာတ်က ပိုပြီး ပျက်စီးလေလေ.. ဒီဓားသွားက ပိုပြီး အစွမ်းထက်လာလေလေ ဖြစ်သည်..။ ဓားရဲ့ ဆန္ဒအတိုင်း လိုက်ပါတဲ့ သူတွေကို ရူးသွပ်ခြင်းရဲ့ ဗျာဒိတ်တော်တွေကို ပေးအပ်လိမ့်မည်"
ဆန်နီ သက်ပြင်းချလိုက်တယ်..။
' ချီးတဲ့မှပဲ… '
အခြေခံအားဖြင့်တော့.. ဒီ လက်နက်က အတော်လေး ကြောက်စရာကောင်းနေပြီးသား ဖြစ်ပေမဲ့.. ကိုင်ဆောင်သူက လုံးဝ ရူးသွပ်သွားမှသာ သူမတူတဲ့ စွမ်းအားတွေကို ထပ်ပြီး ရရှိနိုင်မှာပါ..။ အဆင်ပြေသွားတာတစ်ခုကတော့..
နှစ်သိမ့်ခြင်း ပြစ်ဒဏ် က ကိုင်ဆောင်သူကို ရူးသွပ်သွားအောင် လုပ်ဆောင်ဦးမှာ ဖြစ်တာကြောင့် [နာကျည်းစရာ အမှန်တရား] ရဲ့ စွမ်းအားတွေကို ထုတ်ဖော်ဖို့ လွယ်ကူတဲ့ နည်းလမ်းကို ပေးထားသလိုပါပဲ..။
' ငါ ဒါနဲ့ ဘာလုပ်ရမှာလဲ..။ ပြီးတော့ ဓားရဲ့ ဆန္ဒအတိုင်း လိုက်ပါရမယ်ဆိုတာကရော ဘာကို ဆိုလိုတာလဲ..။ ဒီ ကျိန်စာသင့်ဓားက သူ့အလိုအလျောက် ဆန္ဒရှိနေတာလား '
ဆန်နီ က သူကိုယ်တိုင် အနည်းငယ် ရူးနေတယ်လို့ နောက်ပြောင်လေ့ရှိပေမဲ့.. တကယ့် အရူးတစ်ယောက်တော့ သူလည်း မဖြစ်ချင်ပါဘူး..။
သူ မိနစ်အနည်းငယ်လောက် တွန့်ဆုတ်နေခဲ့ပြီးနောက်.. အသက်ကို ပြင်းပြင်းရှူကာ သူ့ရဲ့ မှတ်သားမူ အသစ်ကို လက်တွေ့ကမ္ဘာထဲကို ခေါ်ယူလိုက်ပါတယ်..။
မကြာခင်မှာပဲ လှပတဲ့ ဓားတစ်လက်က သူ့လက်ထဲမှာ ပေါ်လာခဲ့တယ်..။ ဒါဟာ ဖြောင့်စင်းပြီး ပါးလွှာတဲ့ နှစ်ဖက်သွား ဓားရှည် တစ်လက်ပါပဲ..။ ကျဉ်းမြောင်းတဲ့ လက်ကာ ပါရှိပြီး.. ဓားသွားက လှပစွာပဲ ထိပ်ဖျားဆီကို တဖြည်းဖြည်း ချွန်ထွက်သွားပါတယ်..။နှစ်သိမ့်ခြင်း ပြစ်ဒဏ် က ဆန်နီရဲ့ အရပ်နီးပါးလောက် ရှည်လျားပေမဲ့.. ထင်ထားတာထက် အများကြီး ပေါ့ပါးနေခဲ့ပါတယ်..။ အမှန်အတိုင်းပြောရရင် ငှက်မွှေးတစ်ခုလို ပေါ့ပါးနေခဲ့တာပါ..။
ဓားရိုးကို အနက်ရောင် မီးတောင်ကျောက်နဲ့ ထုဆစ်ထားပြီး.. ဓားသွားကိုယ်တိုင်ကတော့ အဖြူရောင် စစ်စစ် ဖြစ်နေကာ လှပတဲ့ ပုံစံတွေ ထွင်းထုထားပါတယ်..။ [ပြီးပြည့်စုံသော ကျောက်စိမ်း] တိုးမြှင့်မူ ရဲ့ ဖော်ပြချက် ရှိနေပေမဲ့လည်း ဒါဟာ ကျောက်တုံးလိုမျိုး တောင့်တင်းမနေခဲ့ပါဘူး..။ အဲဒီအစား ခိုင်ခံ့မှုနဲ့ ပျော့ပြောင်းမှုက အချိုးအစား ကျနစွာပေါင်းစပ်ထားပါတယ်..။
ဒီလို ဓားမျိုးက လျင်မြန်ဖြတ်လတ်သလို.. ကြောက်မက်ဖွယ်ကောင်းတဲ့ ဒဏ်ရာတွေကိုလည်း ပေးစွမ်းနိုင်မှာပါ..။
ဒီလောက် ရင်သပ်ရှုမောလောက်အောင် လှပနေပေမဲ့လည်း…
ဆန်နီ က အေးစက်တဲ့ ဓားရိုးကို ထိလိုက်တာနဲ့ တစ်ပြိုင်နက်.. တစ်စုံတစ်ယောက်က သူ့နားထဲကို တီးတိုး ပြောလိုက်သလို ခံစားလိုက်ရတယ်..။ သူ တုန်လှုပ်သွားပြီး နောက်ကို လှည့်ကြည့်လိုက်ပေမဲ့ ဘယ်သူမှ ရှိမနေပါဘူး..။
ဒါပေမဲ့ ဒီ တီးတိုးပြောသံက ပျောက်ကွယ်မသွားခဲ့ပေ..။အသံတွေက လက်လှမ်းမမီတဲ့ တစ်နေရာကနေ ဆက်ပြီး စီးဆင်းနေခဲ့တယ်..။ လောလောဆယ်မှာတော့ စကားလုံးတွေကို ခွဲခြားလို့ မရလောက်အောင် တိုးညင်းနေတုန်းပါပဲ..။ ဆန်နီ သာ အာရုံစိုက်လိုက်မယ်ဆိုရင် ဒီ တီးတိုးသံတွေက ဘာပြောနေလဲဆိုတာကို သူ နားလည်နိုင်လိမ့်မယ်လို့ ခံစားနေရပါတယ်..။
ပြီးတော့ အဲဒါကို နားလည်ဖို့က အရမ်း.. အရမ်းကို အရေးကြီးနေသလိုပါပဲ..။
သူ သိကို သိရမဲ့ အဓိပ္ပာယ်တစ်ခုက အဲဒီထဲမှာ ရှိနေပါတယ်..။
သိမှ ဖြစ်မယ်..
ဆန်နီ ကိုယ်တိုင်တောင် မသိလိုက်ခင်မှာပဲ သူ့တစ်ကိုယ်လုံးမှာ အေးစက်တဲ့ ချွေးတွေ ထွက်နေခဲ့ပါပြီ..။ သူက နှစ်သိမ့်ခြင်း ပြစ်ဒဏ် ကို ရှုပ်ထွေးတဲ့ အမူအရာနဲ့ စိုက်ကြည့်လိုက်ပြီးနောက်.. ထာဝရချိန်း ကို ခေါ်ယူလိုက်တယ်..။
အနက်ရောင် ချပ်ဝတ်တန်ဆာကို သူ့ခန္ဓာကိုယ်မှာ ရစ်ပတ်လိုက်တာနဲ့ တစ်ပြိုင်နက်..တီးတိုးသံတွေက အားနည်းသွားခဲ့ကြတယ်..။အခုတော့ဆန်နီ အနေနဲ့ ဒီအသံကို နားထောင်ချင်တဲ့ စိတ် အနည်းငယ်သာ ရှိပါတော့တယ်..။
' အင်း… တော်သေးတာပေါ့ '
အထွတ်အထိပ်အဆင့် ချပ်ဝတ်တန်ဆာရဲ့ [တမ်းတခြင်း ချိန်းကြိုးများ] တိုးမြှင့်မူ က သူ့ကို စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးထားပါတယ်..။ ဒီ လှပတဲ့ ဓားရဲ့ [ကျိန်စာသင့်ခြင်း] ဂုဏ်သတ္တိကလည်း.. ကိုင်ဆောင်သူကို ပစ်မှတ်ထားတဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု တစ်ခု ဖြစ်ပုံရပါတယ်..။
ဒါက စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကို လုံးဝ ခံနိုင်ရည်ရှိတဲ့ သူတော်စင် အတွက်တော့ ..ကျောက်စိမ်းဓားကို ဘာပြဿနာမှမရှိဘပဲ အသုံးပြုနိုင်မယ်လို့ ဆိုလိုတာပါပဲ..။ ဆန်နီ ကိုယ်တိုင်လည်း လိုအပ်လာရင် ဒီ တီးတိုးသံတွေကို ကြံ့ကြံ့ခံနိုင်မယ်လို့ လုံလောက်တဲ့ ယုံကြည်မှုမျိုး ရှိပါတယ်..။
ဒီလောက် ကြောက်စရာကောင်းတဲ့ အထွတ်အထိပ်အဆင့် လက်နက်ကို ကိုင်ဆောင်နိုင်ဖို့အတွက်ဆိုရင်..ဒီလို ပေးဆပ်ရတာက သိပ်မများပါဘူး..။
' နောက်ဆုံး အခြေအနေကို ရောက်လာရင်တော့ စိတ်ဓာတ် အနည်းငယ် ပျက်စီးသွားတာက လက်ခံနိုင်ပါတယ်..။ ဆိုလိုတာက.. နည်းနည်းလောက် ရူးသွားတာက ဘာဖြစ်မှာမို့လို့လဲ..။ ငါ လည်း အရင်က ရူးသွပ်တဲ့ အခြေအနေနဲ့ ကြုံဖူးတာပဲ… '
အပိုင်း ( ၈၆၉ ) ပြီး၏။
အပိုင်း ( ၈၇၀ ) လုပ်ဆောင်ရန် စာရင်း
ဆန်နီဟာ လှပတဲ့ ဓားကို ပြန်သိမ်းလိုက်ရင်း သက်ပြင်းတစ်ချက် ချလိုက်ပါတယ်..။ သူ့ရဲ့ စိတ်ဝိဥာဥ်ကို တိုက်ခိုက်နေတဲ့ အန္တရာယ်ရှိတဲ့ တီးတိုးသံတွေက ပျောက်ကွယ်သွားခဲ့ပေမဲ့.. အေးစိမ့်ပြီး မသက်မသာ ဖြစ်ရတဲ့ ခံစားချက်ကတော့ ကျန်ရစ်နေဆဲပါပဲ..။
'အသံ' ရဲ့ ဖိအားတစ်ခုတည်းနဲ့တင် လူတစ်ယောက်ကို ရူးသွပ်သွားစေဖို့ လုံလောက်နေပါပြီ..။ ဒီလို ဝန်ထုပ်ဝန်ပိုးပေါ်ကို နှစ်သိမ့်ခြင်းပြစ်ဒဏ် ရဲ့ ကျိန်စာကိုပါ ထပ်ပေါင်းထည့်လိုက်တဲ့ အချိန်မှာတော့ စိတ်ဓာတ်မခိုင်မာတဲ့ သူတွေအတွက် မဖြစ်နိုင်တော့ပါဘူး။
' ကောင်းပြီလေ.. ဘာပဲဖြစ်ဖြစ်.. လောလောဆယ်တော့ သူတော်စင် ကိုပဲ သုံးခိုင်းထားလိုက်တော့မယ် '
သို့ပေမဲ့ သူက ဒီကျိန်စာသင့်ဓားကို အတော်လေး အထင်ကြီးနေခဲ့တယ်..။ [ပြီးပြည့်စုံသော ကျောက်စိမ်း] တိုးမြှင့်မူ ကြောင့် ဒီအထွတ်အထိပ်အဆင့် လက်နက်ရဲ့ ထက်မြက်မှုနဲ့ ခိုင်ခံ့မှုက ပိုပြီး တိုးတက်နေတာကို ထည့်တွက်ရင် သူ့ရဲ့ အခြေခံ လုပ်နိုင်စွမ်းအား တွေကတင် ကြောက်စရာ ကောင်းနေပါပြီ..။ ဒါ့အပြင် အိပ်မက်ဆိုး ရဲ့ [ကြောက်မက်ဖွယ်သခင်] ၊ [ကြောက်ရွံ့ခြင်း ဝတ်ရုံ] စွမ်းရည်တို့နဲ့လည်း ကောင်းကောင်း လိုက်ဖက်ညီနေမှာ အမှန်ပါပဲ..။
ဒါပေမဲ့ ဆန်နီ ကို ဒီလောက် ဆွဲဆောင်နေတာကတော့ ဓားက ပေးစွမ်းနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မူပါပဲ..။ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေက.. အင်မတန် ဆိုးဝါးတဲ့ အရာတွေ ဖြစ်ပါတယ်..။ သူတို့က တိုက်ရိုက်ကျတဲ့ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေလိုမျိုး ဖျက်ဆီးအား မပြင်းထန်သလို.. ဝိဥာဥ် တိုက်ခိုက်မှုတွေလိုမျိုး ကာကွယ်ဖို့ ခက်ခဲပြီး လူတိုင်းကို သေစေနိုင်တာမျိုး မဟုတ်ပေမဲ့.. ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ရှိနေခဲ့ပါတယ်..။
သတ္တဝါတစ်ကောင်ရဲ့ အသိစိတ်က ပိုပြီး မြင့်မားလေလေ.. စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကြောင့် ပိုပြီး ထိခိုက်ပျက်စီးလေလေပါပဲ..။
ဒါက ဘာကို ဆိုလိုတာလဲဆိုရင်.. နိမိတ်မကောင်းသော တီးတိုးသံ ဟာ အဆင့်နိမ့် အိပ်မက်ဆိုး သတ္တဝါတွေဖြစ်တဲ့ သားရဲ တွေနဲ့ မွန်းစတား တွေအပေါ်မှာ ထိရောက်မှု သိပ်မရှိနိုင်ပေမဲ့.. တကယ့်ကို အန္တရာယ်ရှိတဲ့ ရန်သူတွေဖြစ်တဲ့ နတ်မိစ္ဆာ ၊ နတ်ဆိုး ၊ တိုင်းရန့် ၊ တယ်ရာ တွေနဲ့.. လူသားတွေအတွက်တော့ ဆိုးရွားတဲ့ ခံစားချက်ကို ပေးစွမ်းမှာ ဖြစ်ပါတယ်..။
ဒီ ရန်သူတွေက ဆန်နီ အကြောက်ရဆုံး ရန်သူတွေ ဖြစ်တာကြောင့် နှစ်သိမ့်ခြင်းပြစ်ဒဏ် က
သူ့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် ပြီးပြည့်စုံတဲ့ လက်နက်တစ်ခုပါပဲ..။
' ဒီဆိုးဝါးမူကို ငါကိုယ်တိုင် မခံစားရအောင်ပဲ သတိထားရမယ် '
တကယ်လို့ သူ ခံစားရရင်တောင်မှ.. အနည်းဆုံးတော့ [အကျည်းတန်သော အမှန်တရား] ရဲ့ အကျိုးကျေးဇူးတွေကို သူ ရရှိမှာပါ..။ တကယ်လို့ ကိုင်ဆောင်သူကသာ ဒီ ထူးဆန်းတဲ့ တိုးမြှင့်မူ ကို ထုတ်ဖော်နိုင်မယ်ဆိုရင် ကျိန်စာသင့်ဓားက တကယ့်ကို ကြောက်စရာ ကောင်းလာလိမ့်မယ်လို့ ဆန်နီ ခံစားနေရပါတယ်..။ သူ့ရဲ့ အစွမ်းကုန် စွမ်းအားနဲ့ဆိုရင်.. နှစ်သိမ့်ခြင်းပြစ်ဒဏ် ဟာ ကြီးမြတ်မူအဆင့် အိပ်မက်ဆိုး သတ္တဝါတွေကိုတောင် အလဲထိုးနိုင်လောက်အောင် အစွမ်းထက်နိုင်ပါတယ်..။
ဒါမှမဟုတ် ကြီးမြတ်မူ အဆင့် လူသားတွေကိုပေါ့…
ဆန်နီ ဟာ သက်ပြင်းတစ်ချက်ကို ချလိုက်ရင်း.. ရူးစ် တွေကို ခေါ်ယူထားပြီးသား ဖြစ်တာကြောင့် တခြား နယ်ပယ်တွေက တိုးတက်မှုတွေကိုပါ စစ်ဆေးဖို့ ဆုံးဖြတ်လိုက်ပါတယ်..။
အရိပ်အပိုင်းအစများ — [၈၇၀/၄၀၀၀]
မဆိုးပါဘူး..။ အပိုင်းအစ [၇၄၄/၄၀၀၀] မှာတင် လဝက်လောက် ရပ်တန့်နေခဲ့ပြီးနောက်.. နှစ်ရက်အတွင်းမှာပဲ အပိုင်းအစ တစ်ရာကျော် ရရှိခဲ့ပါတယ်..။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ ဆန်နီ ဟာ မဝေးတော့တဲ့ အနာဂတ်မှာ တိုင်းရန့် တစ်ယောက် ဖြစ်လာမှာပါ..။
ဒါပေမဲ့ ဒီလောက် ပြင်းထန်တဲ့ တိုက်ပွဲမျိုးကို နေ့တိုင်း တိုက်နေရမယ်ဆိုရင်တော့.. သူ တိုင်းရန့် ဖြစ်မလာခင်မှာပဲ သေသွားဖို့က ပိုများပါတယ်..။
သူက အနည်းငယ် စိတ်သက်သာရာရသွားပြီး မြေအောက်ကမ္ဘာ ဝတ်ရုံတော် ဆီကို အကြည့်ရွှေ့လိုက်ပါတယ်..။
နှိမ်နင်းပြီးသော ရန်သူများ — [၄၅၅၅/၆၀၀၀]
[မြေအောက်ကမ္ဘာ မင်းသား] တိုးမြှင့်မူ ရဲ့ သတ်မှတ်ချက်ကို ပြည့်မီဖို့ လုပ်ဆောင်နေတဲ့ ကတာဝန်က နောက်ဆုံး အဆင့်ကို ရောက်ရှိလို့ လာနေပါပြီ..။ အန္တာတိကမှာ အိပ်မက်ဆိုး သတ္တဝါတွေ အများကြီး သောင်းကျန်းနေတာကြောင့် ဆန်နီ အနေနဲ့ ဒါကို မကြာခင်မှာ အောင်မြင်စွာ အဆုံးသတ်နိုင်မှာပါ..။ အခုဆိုရင် သူက
မွန်ဂရယ် ဆိုတာကို အဖွဲ့သားတွေ သိသွားကြပြီဖြစ်တာကြောင့် ဝတ်ရုံတော် ကို မကြာခန ဝတ်ဆင်ဖို့က ပြဿနာ မရှိတော့ပါဘူး..။
သတ်မှတ်ချက် ပြည့်သွားတဲ့အခါမှာ အနက်ရောင် ချပ်ဝတ်တန်ဆာက ဘယ်လိုမျိုး ထပ်ပြီး ပြောင်းလဲလာမလဲဆိုတာ သူ မသိသေးပေမဲ့.. အံ့ဩစရာတစ်ခုခု ဖြစ်လာလိမ့်မယ်လို့တော့ မျှော်လင့်နေမိပါတယ်..။
ယင်းနောက် ဆန်နီ ဟာ သူတော်စင် ကနေ စတင်ပြီး သူ့ရဲ့ အရိပ်တွေအပေါ် အာရုံစိုက်လိုက်တယ်..။
အရိပ်အပိုင်းအစများ — [၁၀၁/၂၀၀]
သူတော်စင် ကတော့ သူတော်စင် အဆင့်ကို ရောက်ဖို့အတွက် လမ်းတစ်ဝက်ကို ရောက်နေပါပြီ..။ ပိုပြီး တိတိကျကျ ပြောရရင်တော့ အထွတ်အထိပ်အဆင့် နတ်ဆိုး တစ်ကောင် ဖြစ်လာမှာပါ..။ သူ့ရဲ့ သစ္စာရှိ သူရဲကောင်းကို ကျွေးမွေးဖို့အတွက် မှတ်သားမူ တွေ ဒါမှမဟုတ် ထပ်တူညီမူ တွေ အလုံအလောက် စုဆောင်းမိသွားတဲ့အခါ သူမ ဘယ်လောက်တောင် အစွမ်းထက်လာမလဲဆိုတာ သူ စိတ်တောင် မကူးနိုင်ပါဘူး..။
ဒါပေမဲ့ တက်ရောက်မူ အဆင့် မှတ်သားမူ တစ်ရာလောက်ဆိုတာ နည်းတဲ့ ပမာဏတော့ မဟုတ်ပါဘူး..။ ကံကောင်းတာက သူဟာ အဆင့်နိမ့်တဲ့ မှတ်သားမူ တွေကိုလည်း အသုံးပြုလို့ ရပါတယ်..။ ဒါပေမဲ့ အဲဒီလိုဆိုရင်တော့ လုပ်ငန်းစဉ်က အများကြီး ပိုပြီး နှေးကွေးသွားမှာပါ..။
နောက်ဆုံးမှာတော့ အိပ်မက်ဆိုး ကို ဖော်ပြထားတဲ့ ရူးစ် တွေကို သူ ဖတ်လိုက်ပါတယ်..။
အရိပ်အပိုင်းအစများ — [၁၄/၆၀၀]
သူ သက်ပြင်းချလိုက်မိတယ်..။ အမှန်အတိုင်း ပြောရရင် ဆန်နီ ဟာ သူ့ရဲ့ မြင်းကို ကျွေးမွေးဖို့အတွက် သိပ်ပြီး ဂရုမစိုက်ဖြစ်ခဲ့ပါဘူး..။ ဘာကြောင့်လဲတော့ မသိပေမဲ့ အနက်ရောင် စစ်မြင်းက သူတော်စင် လိုအပ်တာထက် အပိုင်းအစတွေ အများကြီး ပိုပြီး လိုအပ်နေခဲ့ပါတယ်..။ သူက တယ်ရာ တစ်ကောင် ဖြစ်နေလို့လား.. ဒါမှမဟုတ် သူတော်စင် က မြေအောက်ကမ္ဘာ မင်းသား နီသာ ဖန်တီးခဲ့တဲ့ မျိုးနွယ်ကနေ ဆင်းသက်လာလို့လား ဆိုတာတော့ သူ မသိပါဘူး..။
ဘာပဲဖြစ်ဖြစ်.. ဆန်နီ ကတော့ အိပ်မက်ဆိုး ကို တက်ရောက်မူ အဆင့် တယ်ရာ အဖြစ် မြှင့်တင်ပေးတာထက်စာရင် သူတော်စင် ကို အထွတ်အထိပ်အဆင့် ဖြစ်အောင် ကူညီပေးဖို့က ပိုပြီး အရေးကြီးတယ်လို့ ခံစားရပါတယ်..။ အထူးသဖြင့် သူ့ရဲ့ တယ်ရာအဆင့် စွမ်းရည်ဖြစ်တဲ့ [အိပ်မက်ကျိန်စာ] က သော့ခတ်ခံထား
ရတာကို ထည့်တွက်ရင်ပေါ့..။
စွမ်းရည်အကြောင်း ပြောရမယ်ဆိုရင်တော့.. အနည်းဆုံးတော့ ဒီဘက်မှာ တိုးတက်မှုတွေ ရှိနေခဲ့ပါတယ်..။
လိုအပ်သော အိပ်မက်ဆိုးများ — [၁၁၂/၁၀၀၀]
သူ့ရဲ့ မြင်းဟာ အိပ်မက်ဆိုး တစ်ရာကျော်ကို သိမ်းပိုက်ပြီးပါပြီ..။ ဒါဟာ သူ့ကိုယ်သူ ပိုပြီး သန်မာအောင် လုပ်ဆောင်နေတာဖြစ်သလို [အိပ်မက်ကျိန်စာ] ကို ဖွင့်နိုင်ဖို့လည်း ပိုပြီး နီးစပ်လာတာပါ..။ ဒါပေါ့.. ဒီ တာဝန် ပြီးဆုံးဖို့ကတော့ အဝေးကြီး လိုပါသေးတယ်..။ ဒါပေမဲ့ မကြာခင်မှာ အများကြီး တိုးတက်လာလိမ့်မယ်လို့ ဆန်နီ ခံစားနေရတယ်..။
ဘာပဲဖြစ်ဖြစ်.. အန္တာတိကဟာ အိပ်မက်ဆိုးကွင်းဆက် လို့ လူသိများတဲ့ ကပ်ဆိုးကြီးရဲ့ ဒဏ်ကို ခံနေရတာပါ..။ အိပ်မက်ဆိုးတွေ အများကြီး ထွက်ပေါ်လာဖို့ကတော့ သေချာနေတဲ့ အရာပါပဲ..။ ပိုကောင်းတာကတော့ အခုအချိန်အထိ အနက်ရောင် မြင်းဟာ မာစတာ တွေရဲ့ အိပ်မက်တွေကိုပဲ သိမ်းပိုက်ဖို့ ကန့်သတ်ခံထားရတာပါ..။ အကြောင်းကတော့ နိုးထသူ လူသားတွေက အိပ်မက် မမက်ကြလို့ပါပဲ..။
ဒါပေမဲ့ နိုးထခြင်း အဆင့် အိပ်မက်ဆိုး သတ္တဝါတွေကတော့ အိပ်မက် မက်ကြပါတယ်..။ ဒါက ဘာကို ဆိုလိုတာလဲဆိုရင် အိပ်မက်ဆိုး ဟာ သူတို့ရဲ့ ဝိဥာဥ်ထဲမှာ ကြောက်ရွံ့ခြင်း မျိုးစေ့တွေကို စိုက်ပျိုးနိုင်မှာ ဖြစ်သလို.. အဲဒီ ရင်ဆိုင်မှုကနေ အသက်ရှင်ကျန်ရစ်တဲ့ သားရဲတွေရဲ့ အိပ်မက်ထဲကို သွားရောက်ပြီး ရိတ်သိမ်းနိုင်မှာ ဖြစ်ပါတယ်..။
' ငါ သူ့ကို မကြာခန လွှတ်ပေးထားသင့်တယ် ထင်တယ် '
ဒါတွေကတော့ အကြမ်းဖျင်းအားဖြင့် သူ လုပ်ရမဲ့ အရာတွေပါပဲ..။ သူ့ရဲ့ ကိုယ်ပိုင် အရိပ်အပိုင်းအစတွေ ၊ သူတော်စင် နဲ့ အိပ်မက်ဆိုး တို့ရဲ့ အပိုင်းအစတွေ ၊ [မြေအောက်ကမ္ဘာ မင်းသား] တိုးမြှင့်မူ နဲ့ [အိပ်မက်ကျိန်စာ] တို့ပဲ ဖြစ်ပါတယ်..။ ဒါတွေက သူ အာရုံစိုက်ရမဲ့ အရာတွေပါပဲ..။
ပြီးတော့ တခြား အရာတွေလည်း ရှိပါသေးတယ်..။ သူ့ရဲ့ မှတ်သားမူ လက်နက်တိုက် ၊ သူ့အဖွဲ့သားတွေရဲ့ စွမ်းအားနဲ့ သူတို့ရဲ့ ကိရိယာ တန်ဆာပလာတွေပါ..။
အိုး.. ပြီးတော့ သူကိုယ်တ်ိုင်လည်း ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အသက်ရှင်အောင် ကြိုးစားရဦးမှာပါ..။
' ငါ အသက်ရှင်မှာပါ '
ဆန်နီ ဟာ အများကြီး တိုးတက်နေပေမဲ့.. ရှေ့ဆက်ပြီး တိုးတက်ဖို့တွေ အများကြီး ကျန်ပါသေးတယ်..။
ကံကောင်းတာကတော့.. အန္တာတိကဟာ ဒီလို တိုးတက်မှုတွေ လုပ်ဖို့အတွက် နေရာကောင်းတစ်ခု ဖြစ်နေတာပါပဲ..။ ဒီနေရာမှာ အမျိုးအစားစုံလင်တဲ့ အိပ်မက်ဆိုး သတ္တဝါတွေ အလျှံပယ် ရှိနေသလို.. အသစ်အသစ်သော သတ္တဝါတွေလည်း မကြာခင်မှာ ရောက်လာတော့မှာပါ..။ လူတစ်ယောက်သာ အသက်ရှင်နေမယ်ဆိုရင် တိုးတက်ဖို့အတွက် အခွင့်အလမ်းတွေက ရေတွက်လို့တောင် မရနိုင်ပါဘူး..။
မာစတာ ဂျက် ပြောတာ မှန်ပါတယ်..။ ဒီ စစ်ဆင်ရေးက လူသားမျိုးနွယ် တစ်ခုလုံးရဲ့ အင်အား ချိန်ခွင်လျှာကို ပြောင်းလဲနိုင်မယ့် အရာကြီးပါ..။ ချန်ပီယံ အသစ်တွေ..အများကြီး ထွက်ပေါ်လာလိမ့်မယ်.. ကျော်ကြားတဲ့ စစ်သည်တော် အများကြီးလည်း ပိုပြီး သန်မာလာကြလိမ့်မယ်..။ပြီးတော့ လူအများကြီးလည်း သေဆုံးကြပါလိမ့်မယ်..။
ဆန်နီဟာ ဒီအကြောင်းကို တွေးမိရင်း ရုတ်တရက် စိတ်မကောင်း ဖြစ်သွားခဲ့တယ်..။ အခုဆိုရင် ကြီးမြတ်တဲ့ ကလန်တွေဟာ အိပ်မက်ဆိုး ကွင်းဆက် ကနေ အကြာကြီး ဝေးကွာ
နေနိုင်မှာ မဟုတ်ဘူးဆိုတာကို သူ ပိုပြီး ယုံကြည်သွားပါပြီ..။
သူတို့ မရောက်လာခင်မှာ သူ အကောင်းဆုံး ဖြစ်အောင်ပဲ ကြိုးစားထားရတော့မှာပါ..။
အပိုင်း ( ၈၇၀ ) ပြီး၏။