အခန်း (၁၅၉-၁၆၁)
Vol. 58 Ch. 859-861
အပိုင်း ( ၈၅၉ ) တောင်ထိပ်
ပျက်ပြားခြင်းအဆင့် တိုင်းရန့် နဲ့ ကောင်းကင်ဒီရေ တို့ဟာ အဆင့်ချင်း တူကြတယ် ဆိုပေမဲ့.. သူတို့ကြားမှာ အမျိုးအစား လေးခုစာလောက် ခြားနားနေတဲ့ ချောက်ကမ္ဘာကြီး ရှိနေပါတယ်..။ သို့ပေမဲ့လည်း သူတော်စင် တိုင်းရစ် ကတော့ သတ္တဝါကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက် အပြည့်ရှိနေခဲ့တယ်..။
…ဒီကောင် မြေပြင်ပေါ်မှာ ရှိနေသရွေ့ပေါ့..။အဲတာက သူမ ပြောခဲ့တဲ့ စကားပါပဲ..။
ဧရာမ ပိုးကောင်ကြီးဟာ သူ့ရဲ့ ကြည်လင်နေတဲ့ တောင်ပံလေးခုကို ဖြန့်လိုက်ပြီး မှောင်မိုက်နေတဲ့ ကောင်းကင်ယံထဲကို ပျံတက်သွားတာကို ကြည့်ရင်း.. ဆန်နီ ခနလောက် မှင်သက်သွားခဲ့တယ်..။ ဒီမြင်ကွင်းက ရွံစရာကောင်းသလို တစ်ဖက်မှာလည်း ထူးဆန်းစွာ လှပနေခဲ့တာပါ..။ ယင်းနောက်မှာတော့ သူ အောက်ကို ပြန်ငုံ့ကြည့်လိုက်ပါတယ်..။
ဘယ်အရာကမှ အစီအစဉ်အတိုင်း ဖြစ်လာတယ် ဆိုတာ မရှိပါဘူး..။ ဒါက လက်တွေ့ဘဝရဲ့ အမှန်တရားပဲဖြစ်ပြီး.. အထူးတပ်ဖွဲ့ တွေ အနေနဲ့လည်း မမျှော်လင့်ထားတဲ့ အခြေအနေတွေကို ရင်ဆိုင်ဖို့ အစကတည်းက ပြင်ဆင်ထားခဲ့ကြတာပါ..။ သူတော်စင် တိုင်းရစ် ကတော့ သူမဘာသာ တစ်နည်းနည်းနဲ့ ကိုင်တွယ်ဖြေရှင်း ရပါလိမ့်မယ်..။ ကျန်တဲ့သူတွေမှာလည်း ရင်ဆိုင်ရမဲ့ ကိုယ်ပိုင်စမ်းသပ်မှုတွေ ရှိနေခဲ့ပြီးပြီလေ..။
သူ့အနေနဲ့ အပေါ်မှာ ဖြစ်ပျက်နေတဲ့ ဧရာမ တိုက်ပွဲကြီးကို အာရုံစိုက်ဖို့ အချိန်မရှိတော့ပေ..။
ရာနဲ့ချီတဲ့ အိပ်မက်ဆိုး သတ္တဝါ တွေဟာ ဆီးနှင်းတွေ ပြိုကျလာသလိုမျိုး အထူးတပ်ဖွဲ့ ရဲ့ အုပ်စုသုံးစုဆီကို ဦးတည်လာနေခဲ့တယ်..။ အဖြူရောင် ကြေးခွံတွေနဲ့ အလုံးလိုက် လိပ်ထားကြတဲ့ ကျောက်တုံး သားရဲတွေဟာ တောင်စောင်းအတိုင်း အရှိန်အဟုန်နဲ့ လိမ့်ဆင်းလာနေခဲ့ကြတယ်။. သူတို့က အားနည်းချက်ရှိတဲ့ နေရာအားလုံးကို သေသေချာချာ ကာကွယ်ထားကြတာပါ..။ သူတို့ရဲ့ ချဉ်းကပ်လာမှုကို ဝင်းတား ရဲ့ တောက်ပတဲ့ မြှားအလင်းအောက်မှာ အလွယ်တကူ မြင်နေခဲ့ရတယ်..။
သူတို့ထဲမှာ နိုးထမူအဆင့်.. ကျရှုံးမူအဆင့်.. နဲ့ ပျက်ပြားခြင်းအဆင့် သားရဲတွေတောင် ပါဝင်နေခဲ့ပါတယ်..။ သားရဲ.. မွန်းစတား.. နတ်ဆိုး.. နဲ့ တိုင်းရန့် တွေအထိ အစုံအလင်ပါပဲ..။ တောင်ထိပ်နဲ့ နီးကပ်နေတဲ့ ဒီနေရာရဲ့ လေထုဟာအေးစက်ပြီး ပါးလွှာပါတယ်..။ ပြီးတော့ အရင်တိုက်ပွဲတွေနဲ့ မတူတာက လူသားတွေဟာ ရန်သူ့ရဲ့ အောက်ဘက်မှာ ရှိနေတာကြောင့် အသာစီးမရနိုင်တဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။
ပိုဆိုးတာကတော့ ဆန်နီ အနေနဲ့ မနေ့က ပင်ပန်းနွမ်းနယ်မှုတွေကနေ မနိုးထသေးပါဘူး..။ သူ့မှာ ဝိဥာဥ် အဆီအနှစ် တစ်ဝက်လောက်ပဲ ကျန်ပါတော့တယ်..။ သူတော်စင် နဲ့ အိပ်မက်ဆိုး မြင်း တို့ကလည်း အားကောင်းတဲ့ ဂိတ်စောင့် သားရဲနဲ့ တိုက်ခိုက်ပြီးကတည်းက သူ့ဝိဥာဥ်ရဲ့ အမှောင်မီးတောက်တွေထဲမှာ ဒဏ်ရာတွေကို ကုသနေကြရတုန်းပါပဲ..။ အခြေအနေတွေက.. သိပ်တော့ မကောင်းပေ..။
' ဘာပဲဖြစ်ဖြစ်.. ငါ့အတွက် အပိုင်းအစတွေ ပိုရတာပေါ့..'
သူ ဒီလို တွေးလိုက်တဲ့အချိန်မှာပဲ ဝင်းတား က ဒုတိယမြောက် မြှားတစ်စင်းကို ကောင်းကင်ထဲ ပစ်လွှတ်လိုက်ပါတယ်..။ ဒါက အမှောင်ထုထဲ ပျောက်ကွယ်သွားပြီးမှ တောက်ပတဲ့ အပိုင်းအစ တစ်ထောင်လောက်အဖြစ် ပေါက်ကွဲထွက်သွားခဲ့တယ်..။
သူမရဲ့ စွမ်းရည်က.. အတော်လေး ထူးဆန်းပါတယ်..။ ဆန်နီ သိထားသလောက်တော့..သူမရဲ့ စွမ်းရည်က အစွမ်းထက်တဲ့ တိုက်ခိုက်ရေး မြှင့်တင်မှုနဲ့ ရှေ့ဖြစ်ဟောဆိုင်ရာ ဆက်နွယ်မှုတွေကို ပေါင်းစပ်ထားတာပါ..။ ဝင်းတား က စစ်သည်တော် တစ်ယောက်ရော ကြည့်ရူသူပါ ဖြစ်နေခဲ့ပါတယ်..။
ရလဒ်အနေနဲ့ သူမက ဘယ်တုန်းကမှ လွဲချော်တာမျိုး မရှိခဲ့ပါဘူး..။ ဒါက ပုံကြီးချဲ့ပြောတာမျိုး မဟုတ်ပဲ ကြောက်စရာကောင်းပြီး ထူးဆန်းတဲ့ အမှန်တရားတစ်ခုပါပဲ..။ သူမက နိုးထသူ ဖြစ်လာကတည်းက တကယ်ကို တစ်ချက်မှ လွဲချော်ခဲ့တာမျိုး မရှိဘူးလို့ သိရပါတယ်။
ဝင်းတား အနေနဲ့ လေး.. လောက်လေး.. မြှား..ဓားမြှောင်.. ဒါမှမဟုတ် ကျောက်တုံးတစ်တုံးကိုပဲ သုံးရပါစေ.. ဘာလက်နက်ပဲ ဖြစ်ဖြစ် အရေးမကြီးပါဘူး..။သူမရဲ့ ပစ်ခတ်မူ အားလုံးက အမြဲတမ်း ပစ်မှတ်ကို တိတိကျကျ ထိမှန်တာချည်းပါပဲ..။ဒါပေါ့.. ပစ်မှတ်ကို ထိရုံနဲ့ပဲ အမြဲတမ်း အောင်ပွဲရတာမျိုးတော့ မဟုတ်ပေ..။
သူမကို အမှန်တကယ် ကြောက်စရာကောင်းစေတာကတော့ နှစ်အတော်ကြာအောင် သူမ စုဆောင်းထားခဲ့တဲ့ စွမ်းအင်မြှားတွေရဲ့ အစွမ်းကြောင့်ပါပဲ..။
မာစတာ ဝင်းတား ဟာ အခြေခံအားဖြင့် လမ်းလျှောက်နေတဲ့ အမြောက်တပ်ဖွဲ့ကြီး တစ်ခုလို ဖြစ်နေခဲ့တယ်..။
ကောင်းကင်ကနေ တောက်ပတဲ့ အပိုင်းအစ တစ်ထောင် ရွာချလာတဲ့အခါမှာ အဲဒါတွေက ငွေရောင်မြှားငယ်လေးတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်..။ဒီမြားတွေက လိမ့်ဆင်းလာတဲ့ သားရဲတွေရဲ့ အုပ်စုထဲကို စိုက်ဝင်သွားပြီး.. သူတို့ရဲ့ အခွံတွေကို ဖောက်ထွက်ကာ ချပ်ဝတ်တွေရဲ့ အက်ကြောင်းလေးတွေကြားထဲကနေ ထိုးဖောက်သွားကြတယ်..။ ချက်ချင်းဆိုသလိုပဲ နံစော်နေတဲ့ အပြာရောင် သွေးတွေဟာ ဆီးနှင်းဖုံးနေတဲ့ ကျောက်တုံးတွေပေါ်ကို စီးကျလာခဲ့ပါတယ်..။
ခနအကြာမှာပဲ ဝင်းတား ရဲ့ လေးကြိုးပေါ်မှာ နောက်ထပ် မြှားတစ်စင်းက အသင့်ဖြစ်နေပါပြီ..။ မီးပွားတွေထဲကနေ နောက်ထပ် မြှားအများအပြားကလည်း ထွက်ပေါ်လာနေခဲ့တယ်..။ မြှားတစ်စင်း ပျံထွက်သွားတိုင်း နောက်တစ်စင်းက ချက်ချင်း ပေါ်လာတာပါ..။ သူမဟာ လူသား မဟုတ်တဲ့ အရှိန်အဟုန်နဲ့ လေးကို ပစ်လိုက်ပြီး.. လိမ့်ဆင်းလာတဲ့ အိပ်မက်ဆိုး သတ္တဝါ အုပ်ကြီးအပေါ်ကို သေမင်းတမန် ရဲ့ မုန်တိုင်းတစ်ခု ရွာချလိုက်ပါတယ်..။
မြှားတိုင်းက တစ်ခုနဲ့တစ်ခု မတူပေမဲ့ အကုန်လုံးကတော့ သေစေနိုင်လောက်အောင် ပြင်းထန်တာချည်းပါပဲ..။
ဒီ ဝါရင့် မာစတာ ရဲ့ ဖျတ်လတ်ပြီး တွက်ချက်ထားတဲ့ လှုပ်ရှားမှုတွေကို လေ့လာရင်း ဆန်နီ သက်ပြင်းချလိုက်မိတယ်..။
"ဒါကမှ တကယ့် ပညာရှင်ရဲ့ ပုံစံပဲ.."
သူသာ ဒီလို လေးပစ်အတတ်ကို တတ်မြောက်ချင်ရင် သွားရမဲ့ လမ်းက အဝေးကြီး ကျန်ပါသေးတယ်..။
မကြာခင်မှာပဲ အထူးတပ်ဖွဲ့ ထဲက တစ်ခြား အဝေးပစ် တိုက်ခိုက်ရေးသမားတွေလည်း ပူးပေါင်းလာကြတယ်..။ ဝင်းတား ရဲ့ အဖွဲ့သား အားလုံးနီးပါးက လက်ဖြောင့်တပ်သားတွေ ဖြစ်တာကြောင့် ဒီတိုက်ပွဲရဲ့ အစပိုင်းမှာ သူတို့က တခြားအဖွဲ့တွေထက် ပိုမို ထင်ပေါ်နေခဲ့ပြီး ရွံစရာကောင်းတဲ့ အသက်ပေါင်းများစွာကို ခြွေယူနေခဲ့ကြပါတယ်..။ နိုးထသူ လက်ဖြောင့် တပ်သား တွေဟာ ဝင်းတား ရဲ့ မြှားမိုးတွေကြောင့် ပေါ်ထွက်လာတဲ့ အဖြူရောင် ကြေးခွံတွေရဲ့ အက်ကွဲကြောင်းတွေကိုပဲ အဓိကထားပြီး ပစ်ခတ်နေကြတာပါ..။
သူမရဲ့ ငွေရောင် လေးပေါ်မှာ အပြာရောင် ရူးစ်စာသားတွေ တောက်ပလာတဲ့အခါမှာတော့ ဝင်းတား က ပြုံးလိုက်ပြီး..
"သူတို့ကို ငရဲဆိုတာကို ပြပေးလိုက်စမ်း..။အများဆုံး သတ်နိုင်တဲ့ ဘယ်သူ့ကိုမဆို ငါ ဖက်ထားပေးမယ် ဟားဟား.."
ကင်မ် နဲ့ ဆန်နီ တို့ ပေးထားတဲ့ ကျောက်တုံး သားရဲတွေရဲ့ အားနည်းချက် တွေကလည်း အများကြီး အထောက်အကူ ဖြစ်ခဲ့ပါတယ်..။
မကြာခင်မှာပဲ သူက ရင်းနှီးနေတဲ့ လျှပ်စစ်မြည်သံတစ်ခုကို ကြားလိုက်ရတယ်။ဒါက သားရဲတွေကြားထဲမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာကာ အချို့ကို အစိပ်စိပ်အမွှာမွှာ ဆွဲဖြဲပစ်လိုက်တာကို တွေ့လိုက်ရတယ်..။
ဆမ်မာရာ ကလည်း အဝေးပစ် ပညာရှင်တွေရဲ့ သေစေနိုင်တဲ့ တိုက်စစ်ထဲမှာ သူမရဲ့ တိုက်ခိုက်ရေး စွမ်းအားတွေကို ပေါင်းထည့်ပေးနေခဲ့ပါပြီ..။
ဒါပေမဲ့ ဆန်နီ ကတော့ လေးကို အသုံးမပြုဖို့
ကိုယ့်ကိုယ်ကိုယ် ထိန်းထားခဲ့ပါတယ်..။သူ့အနေနဲ့ ဒီတိုက်ပွဲမှာ အဆီအနှစ်တွေကို တတ်နိုင်သလောက် ခြွေတာဖို့ လိုအပ်နေခဲ့တာပါ..။ ပြီးတော့ သူ လုပ်ဆောင်ရမဲ့ အခန်းကဏ္ဍကလည်း ရှိနေပါသေးတယ်..။
သားရဲလှိုင်းကြီးတွေက သူတို့ဆီကို ရောက်လုနီးပါး ဖြစ်နေပါပြီ..။
"ဆန်နီ.."
သူ လှည့်ကြည့်လိုက်တဲ့အခါမှာ မာစတာ ဂျက် က သူ့ဆီ ပြေးလာတာကို တွေ့လိုက်ရတယ်..။ သူမရဲ့ ကျီးကန်းတောင်လို နက်မှောင်တဲ့ ဆံပင်တိုလေးတွေက လေထဲမှာ ပျံ့လွင့်နေပြီး.. မျက်လုံးတွေကတော့ အေးစက်တဲ့ အပြာရောင် အလင်းတွေနဲ့ တောက်ပနေခဲ့ပါတယ်..။ သူမရဲ့ ခန္ဓာကိုယ်မှာတော့ အနက်ရောင် သားရေချပ်ဝတ်အပျော့ကို တင်းကျပ်စွာ ဝတ်ဆင်ထားပြီး.. ရင်းနှီးနေတဲ့ အနက်ရောင် လှံတံရှည်ကြီးကိုလည်း နောက်မှာ ဆွဲထားပါသေးတယ်..။
သူက ကိုယ်ကို အနည်းငယ် နိမ့်လိုက်ပြီး.. လက်ချောင်းတွေကို ယှက်ကာ သူမ ခြေနင်းဖို့အတွက် လက်တွေကို အဆင့်သင့် ပြင်ပေးထားလိုက်တယ်..။ ဝိဥာဥ် ရိတ်သိမ်းသူ ရဲ့ ခြေထောက်က သူ့ရဲ့ လက်ပေါ်ကို ရောက်တာနဲ့ ဆန်နီ က ကြွက်သားတွေကို အားစိုက်ပြီး သူမကို လေထဲကို ပစ်တင်လိုက်ပါတယ်..။
အရိပ်သုံးခု ရဲ့ မြှင့်တင်မှုကြောင့် သူ့ရဲ့ ခွန်အားတွေက သားရဲတစ်ကောင်လို ပြင်းထန်နေခဲ့ပါတယ်..။ ဆန်နီ ရဲ့ ပစ်တင်ပေးမှုကြောင့် ဂျက် ဟာ မြှားတစ်စင်းလိုပဲ ရှေ့ကို ပျံထွက်သွားခဲ့တယ်..။
နက်မှောင်နေတဲ့ လှံတံရှည်ကြီးက လက်ခနဲ ဖြစ်သွားပြီး.. ပျက်ပြားခြင်းအဆင့် သားရဲတစ်ကောင် ဘာမှ ပြန်မလုပ်နိုင်ခင်မှာပဲ သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားခဲ့တယ်..။ မဟုတ်ဘူး.. ဒါက ခန္ဓာကိုယ်ကို ဖောက်ထွက်သွားတာမျိုးပါပဲ..။ သားရဲဟာ အရှိန်နဲ့ ခနလောက် ဆက်ပြီး လိမ့်ဆင်းသွားပေမဲ့.. ရုတ်တရက် တုန်တက်သွားပြီး ဧရာမ ခန္ဓာကိုယ်ကြီး ပြန်ပွင့်ထွက်လာကာ ငြိမ်သက်သွားခဲ့ပါတယ်..။ သူ့ရဲ့ အဖြူရောင်
ကြေးခွံ တွေကတော့ လုံးဝ ပကတိအတိုင်းဖြစ်နေပြီး.. အက်ရာလေး တစ်ခုတောင် မရှိပေမဲ့.. ဧရာမ သတ္တဝါကြီးကတော့ သေဆုံးသွားခဲ့ပါပြီ..။
ဝိဥာဥ် ရိတ်သိမ်းသူ က ရေခဲကျောက်တုံးတွေပေါ် ဆင်းသက်လိုက်တဲ့အချိန်မှာပဲ.. ရာနဲ့ချီတဲ့ သားရဲတွေက သူတို့ရဲ့ ခေါင်းဆောင်တစ်ယောက်ကို သတ်လိုက်တဲ့ လျင်မြန်တဲ့ လူသားကို တိုက်ခိုက်ဖို့ ဝိုင်းလာကြပါတယ်..။ ဧရာမ အဖြူရောင် အလုံးကြီးတွေက ချက်ချင်းဆိုသလို ကြောက်စရာကောင်းတဲ့ ပိုးကောင်ပုံစံ သားရဲတွေအဖြစ် ပြောင်းလဲသွားပြီး သူတို့ရဲ့ သားကောင်တွေကို ခုန်အုပ်လိုက်ကြတယ်..။ သူတို့ရဲ့ ထက်မြက်တဲ့ အာရုံခံ အသွားတွေက တဂျပ်ဂျပ် မြည်နေပြီး အဆစ်အပိုင်းတွေပါတဲ့ ခြေထောက်တွေကလည်း ကျောက်တုံးတွေကို ကုတ်ခြစ်နေကြပါတယ်..။
မာစတာ ဂျက် ကတော့ လှုပ်ရှားနေပါပြီ..။ သူမက တိုက်ခိုက်မှု အမြောက်အမြားကို ရှောင်တိမ်းရင်း နောက်ထပ် ပျက်ပြားခြင်းအဆင့် ပစ်မှတ်ဆီကို ပြေးဝင်သွားခဲ့ပါတယ်..။
သူမကို ကြည့်ရင်း ဆန်နီ အကြိမ်အနည်းငယ်မျက်တောင်ခတ်လိုက်မိတယ်..။
"မြန်လိုက်တာ.."
အဲ့နောက်မှာတော့ သူလည်း စဉ်းစားနေဖို့ အချိန်မရှိတော့ပါဘူး..။
အပိုင်း ( ၈၅၉ ) ပြီး၏။
အပိုင်း ( ၈၆၀ ) ကျောက်တုံး အစုအဝေး
လက်ဖြောင့်တပ်သားတွေက အိပ်မက်ဆိုး သတ္တဝါ အမြောက်အမြားကို သတ်ဖြတ်နိုင်ခဲ့သလို ဒဏ်ရာရအောင်လည်း လုပ်နိုင်ခဲ့ပေမဲ့.. အထူးတပ်ဖွဲ့ဝင်တွေကို ကြေးခွံတွေအောက်မှာ မြှုပ်နှံပစ်ဖို့တော့ လုံလောက်တဲ့ အရေအတွက် ကျန်ရှိနေပါသေးတယ်..။ မာစတာ ဂျက် ရဲ့ ရုတ်တရက် ရှေ့တိုးတိုက်ခိုက်မှုက သူတို့ရဲ့ အာရုံစိုက်မှုကို ခွဲထုတ်လိုက်နိုင်ပြီး ကျန်ရှိနေတဲ့ လူသားအင်အားစုအပေါ် ကျရောက်နေတဲ့ ဖိအားတွေကို လျော့ပါးသွားစေပေမဲ့.. ဒါက သူမရဲ့ အဓိက ရည်မှန်းချက်တော့ မဟုတ်ပေ..။
ဒီတိုက်ပွဲမှာ ဝိဥာဥ် ရိတ်သိမ်းသူ ဟာ အရေးကြီးဆုံး ရည်မှန်းချက်ကို တာဝန်ယူထားရတာပါ..။ အဲဒါကတော့ နိုးထသူ စစ်သားတွေကို အမြစ်ပြတ်အောင် သုတ်သင်ပစ်နိုင်တဲ့ ပျက်ပြားခြင်းအဆင့် သားရဲတွေကို ရှင်းလင်းဖို့ပဲ ဖြစ်ပါတယ်..။
နိုးထသူတွေဟာ သူတို့နဲ့ အဆင့်တူတဲ့ အိပ်မက်ဆိုး သတ္တဝါတွေကိုပဲ တိုက်ခိုက်ဖို့ သတ်မှတ်ထားတာပါ..။ ကျရှုံးမူအဆင့် သတ္တဝါတစ်ကောင်နဲ့ ရင်ဆိုင်ရတာဟာ ပုံမှန်အားဖြင့်တော့ ကပ်ဘေးဆိုက်ဖို့ နိမိတ်တစ်ခုပါပဲ..။ ဒီလိုမျိုး လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ရန်သူကို အနိုင်ယူဖို့ ယုံကြည်ချက်ရှိတဲ့ လူသားစစ်သည်တော်က အနည်းငယ်ပဲ ရှိပါတယ်..။ ကိုယ့်ထက် အဆင့်မြင့်တဲ့ သတ္တဝါတစ်ကောင်ကို သတ်ဖြတ်နိုင်တာဟာ လူတစ်ယောက်ရဲ့ ဂုဏ်သတင်းကို အကြီးအကျယ် ပြောင်းလဲစေနိုင်တဲ့ ရှားပါး အောင်မြင်မှုတစ်ခုပါပဲ..။
ဒါပေမဲ့ ဒါက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး..။ ဆန်နီ ကိုယ်တိုင်ရော.. မေ့ပျောက်ကုန်းမြေ က တခြား အသက်ရှင်ကျန်ရစ်သူတွေပါ သူတို့
ထက်မြင့်တဲ့ အဆင့်က သတ္တဝါ အများအပြားကို သတ်ဖြတ်ခဲ့ဖူးပါတယ်..။ အဲဒါကပဲ သူတို့ကို ဒီလောက်အထိ ထူးခြားသွားစေတာပေါ့..။ မေ့ပျောက်ကုန်းမြေ ရဲ့ ကြောက်စရာကောင်းတဲ့ စမ်းသပ်မှုထဲမှာ အသန်မာဆုံးတွေထဲက အသန်မာဆုံးတွေပဲ အသက်ရှင်နိုင်ခဲ့တာပါ။ ဒါပေါ့.. ကျန်တဲ့ နိုးထသူတွေထဲမှာလည်း ဒီလို အရည်အချင်း ရှိသူတွေ အများကြီး ရှိသလို အထူးတပ်ဖွဲ့ဝင်တွေအဖြစ် ရွေးချယ်ခံရတဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေကလည်း သူတို့ထဲမှာ ပါဝင်ပါတယ်..။
ဒါပေမဲ့ သူတို့က ပျက်ပြားခြင်းအဆင့် ကိုတော့ ဘယ်လိုမှ မယှဉ်နိုင်ပါဘူး..။ အဆင့်နှစ်ခုလောက် ကွာဟနေတဲ့ ခွန်အားက ကျော်ဖြတ်ဖို့ မဖြစ်နိုင်လောက်အောင်ကို ကြီးမားလွန်းပါတယ်..။ တကယ့်ကို ရှားပါးလှတဲ့ အခြေအနေမျိုးမှာ အောင်ပွဲရနိုင်ကောင်း ရနိုင်ပေမဲ့.. ပုံမှန်အားဖြင့်တော့ နိုးထသူတွေဟာ ဒီမွန်းစတားတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ အစင်းရာလေးတစ်ခုတောင် လုပ်နိုင်မှာ မဟုတ်ပါဘူး..။ သာမန်လက်နက်တွေကလည်း သူတို့ကို အန္တရာယ် မပေးနိုင်ပေ..။
ဒါကြောင့်ပဲ ကျောက်တုံး သားရဲ ရဲ့ ပျက်ပြားခြင်းအဆင့် လက်ထောက်တွေကို အရင်ဆုံး သတ်ပစ်ဖို့ လိုအပ်နေတာပါ..။ ဒီရွံစရာကောင်းတဲ့ ပိုးကောင်တွေမှာ အရမ်း မာကျောတဲ့ ချပ်ဝတ်တွေ ရှိနေတာကြောင့် သူတို့ကို နှိမ်နင်းဖို့
ဝိဥာဥ် ရိတ်သိမ်းသူ ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်..။ သူမရဲ့ ကြောက်စရာကောင်းတဲ့ စွမ်းရည်က ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှုအားလုံးကို လျစ်လျူရှုနိုင်လို့ပါပဲ..။
ဒါက ကျန်တဲ့ အထူးတပ်ဖွဲ့ဝင်တွေအတွက် လွယ်ကူသွားလိမ့်မယ်လို့တော့ မဆိုလိုပါဘူး..။ အသန်မာဆုံး သားရဲတွေ မပါရင်တောင် ကျန်တဲ့ သားရဲ တွေက လူသားအနည်းငယ်ကို ဆွဲဖြဲပစ်ဖို့ လုံလောက်တဲ့ အစွမ်းတွေရှိနေပါသေးတယ်..။ လူသားတွေက သူတို့ကို အရင် မသတ်နိုင်ခဲ့ရင်ပေါ့..။
ဒီတစ်ကြိမ်မှာတော့ သူတို့ တိုက်ခိုက်နေရတဲ့ မြေပြင်အနေအထားက အထူးတပ်ဖွဲ့ဝင်တွေအတွက် ဘယ်လို အသာစီးရမှုကိုမှ မပေးပါဘူး..။ အရှေ့ကနေ အနီးကပ် တိုက်ခိုက်ရေးသမားတွေက ရန်သူကို တားဆီးထားပြီး အနောက်ကနေ လေးသမားတွေက မြှားနဲ့ ပစ်ကူပေးတဲ့ အဆင့်ဆင့် စစ်ကြောင်းမျိုးကို သူတို့
မဖန်တီးနိုင်ခဲ့ပေ..။ ဒီလူသား အင်အားစုလေးဟာ ချက်ချင်း ဝိုင်းရံခံရမယ့် အနေအထားမှာပဲ ရှိပါတယ်..။
ဒီနေရာမှာ ဆန်နီ ရဲ့ အခန်းကဏ္ဍ ရောက်လာခဲ့ပါပြီ..။
အထူးတပ်ဖွဲ့ဝင် အများစုက တောင်စောင်းရဲ့ အပေါ်ဘက် နည်းနည်း ရောက်တဲ့ နေရာမှာ ခုခံစစ်ကြောင်း ဖန်တီးထားကြပြီး အဝေးပစ် ပညာရှင်တွေကတော့ သူတို့ ခေါင်းပေါ်ကနေ မြှားတွေနဲ့ တခြား ပစ်ခတ်မှုတွေကို ဆက်တိုက် လုပ်ဆောင်နေကြပါတယ်..။ သူတို့ရဲ့ စစ်ကြောင်းက လခြမ်းပုံစံမျိုး ကွေးညွှတ်ထားတာကြောင့် သားရဲတွေက သူတို့ကို ဘေးတိုက် တိုက်ခိုက်လို့ မရပါဘူး..။ ဆန်နီ တစ်ယောက်တည်းကသာ စစ်ကြောင်းရဲ့ အနောက်မှာ ရပ်နေခဲ့ပြီး ရက်စက်သော မြင်ကွင်း ကို ကိုင်ကာ အသက်ကို ပြင်းပြင်း ရှူနေခဲ့တယ်..။
ဆန်နီ ရဲ့ တာဝန်က ရိုးရှင်းပါတယ်..။ အိပ်မက်ဆိုး သတ္တဝါ တစ်ကောင်တစ်လေတောင်မှ လူသားစစ်ကြောင်းရဲ့ အနောက်ကနေ တိုက်ခိုက်ခွင့် မရစေဖို့ပါပဲ..။
' သွားကြစို့..'
ကျောက်တုံး သားရဲလှိုင်းကြီးဟာ ဝိဥာဥ် ရိတ်သိမ်းသူ ရဲ့ လှံသွား တစ်ခုတည်းကြောင့် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပြီး အထူးတပ်ဖွဲ့ ရဲ့ ခုခံစစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ကာ ဘေးပတ်ပတ်လည်ကို လျှံထွက်သွားခဲ့ကြတယ်..။ သားရဲအုပ်ကြီးက သူ့ရဲ့ ဘေးနှစ်ဖက်ကနေ ဖြတ်ကျော်သွားပြီး အရှိန်သတ်ကာ လမ်းကြောင်းပြောင်းပြီး တောင်စောင်းအတိုင်း ပြန်တက်လာတာကို သူ မြင်လိုက်ရပါတယ်..။
သူ့ရဲ့ စတုတ္ထမြောက် အရိပ်က အခုလေးတင် ပြန်ရောက်လာပြီး ရက်စက်သော မြင်ကွင်း ရဲ့ လှံသွားမှာ ရစ်ပတ်လိုက်တယ်..။ တစ်ချိန်တည်းမှာပဲ သေဆုံးခြင်း စိတ်ဆန္ဒ က ရန်သူတွေကို ဖိတ်ခေါ်လိုက်ပါပြီ..။
ဆန်နီ ဟာ အံ့ဩစရာကောင်းတဲ့ အရှိန်နဲ့ ရှေ့ကို ပြေးထွက်သွားခဲ့တယ်..။ တစ်ချိန်တည်းမှာပဲ သူ့ပတ်ဝန်းကျင်က အရိပ်တွေက ဆူပွက်လာပြီး ရှည်လျားကာ အားကောင်းတဲ့ အရိပ်လက်တံ လေးခုအဖြစ် ရှေ့ကို ပေါက်ကွဲထွက်သွားခဲ့ပါတယ်..။
အရိပ်လက်တံ တစ်ခုချင်းစီက အိပ်မက်ဆိုး ပိုးကောင် တွေရဲ့ ချပ်ဝတ်ကို ဖောက်ထွင်းပြီး သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ဆွဲဖြဲပစ်လိုက်တယ်..။
ခနအကြာမှာတော့ ရက်စက်သော မြင်ကွင်း ဟာ ပြင်းထန်တဲ့ အဖြူရောင် အလင်းတွေနဲ့ တောက်ပလာပြီး ကျရှုံးမူအဆင့် သားရဲတစ်ကောင်ရဲ့ ရင်ဘတ်နဲ့ ခေါင်းကြားက အက်ကြောင်းလေးထဲကို ထိုးဝင်သွားကာ ပျော့ပြောင်းတဲ့ ကလီစာတွေနဲ့ ဦးနှောက်ကို ပြာအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်..။
ဆန်နီ က သူ့ရဲ့ လှံကို လှည့်လိုက်ပြီး ရွံစရာကောင်းတဲ့ သတ္တဝါ ရဲ့ ခေါင်းကို ဖြတ်လိုက်တယ်..။ သူ အံ့ဩသွားတာကတော့ ခေါင်းမရှိတော့တာတောင် ဒီပိုးကောင်က ရှေ့ကို ဆက်တိုးလာပြီး သူ့ရဲ့ ရှည်လျားတဲ့ ခြေထောက်နှစ်ချောင်းနဲ့ သူ့ကို ထိုးဖောက်ဖို့ ကြိုးစားနေတာပါပဲ..။
ဆန်နီ က နှာခေါင်းရှုတ်လိုက်ပြီး ပခုံးနဲ့ ဝင်တိုက်ကာ ဒီ လေးလံတဲ့ မွန်းစတားကြီးကို အမြောက်ကျည်ဆန်တစ်ခုလို နောက်ကို လွင့်ထွက်သွားစေခဲ့ပါတယ်..။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ အရိပ်လက်တံတွေက ရှေ့ကို ထိုးထွက်လာပြီး.. နောက်ထပ် သားရဲ အတော်များများရဲ့ ခြေထောက်တွေကို ရိုက်ချိုးပစ်လိုက်ပါတယ်..။
' ခွေးသားတွေ.. မင်းတို့က ငါ့ကို တကယ် ထိနိုင်မယ် ထင်နေတာလား.. ။မင်းတို့လို အောက်တန်းစား ပိုးကောင်တွေက.. ငါလို မြင့်မြတ်တဲ့ ပိုးဟပ်တစ်ကောင်ကို.. ဘယ်တော့မှ သတ်နိုင်မှာ.. မဟုတ်ဘူး....'
ရုတ်တရက် သူ့မျက်နှာမှာ ရူးသွပ်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။
ဆန်နီ ဟာ အရူးတစ်ယောက်လို ပြုံးရင်း ကျောက်တုံး သားရဲ တွေရဲ့ လှိုင်းလုံးကြီး ကြားထဲမှာ ရစ်ဝဲကာ တစ်ကောင်ပြီး တစ်ကောင် သတ်ဖြတ်နေခဲ့တယ်..။ အနီရောင် အဆောက်အဦး ပြီးကတည်းက သူ့အတွက် အိပ်မက်ဆိုး သတ္တဝါတွေကို တုပဖို့က မခက်ခဲတော့ပါဘူး..။ ဒီလို တိရစ္ဆာန်လို သားရဲတွေမှာ အသိဉာဏ်တွေ...မြင့်မားတဲ့ တိုက်ခိုက်ရေး နည်းစနစ်တွေ မရှိပေမဲ့.. သူတို့မှာ ထူးခြားတဲ့ အလိုလိုသိစိတ်တွေ.. အမူအရာ ပုံစံတွေနဲ့ ခံစားချက်တွေ ရှိကြပါတယ်..။ ဒါကြောင့် ဆန်နီ က သူတို့ရဲ့ တိုက်ခိုက်မှုတွေကို လူသားတွေရဲ့ တိုက်ခိုက်မှုတွေလိုပဲ ကြိုတင်ခန့်မှန်းနိုင်ပြီး တုံ့ပြန်နိုင်တာပါ..။
အမှန်တော့ ဒါက ပိုတောင် လွယ်ပါသေးတယ်..။
…တစ်ဖက်မှာလည်း အများကြီး ခက်ခဲနေခဲ့တယ်..။ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်ရေး အသိတွေကို လက်ခံကျင့်သုံးဖို့က မခက်ခဲပေမဲ့ ဒီလိုလုပ်တာက သူ့ကို ကြောက်စရာကောင်းတဲ့ အန္တရာယ်ထဲ ရောက်သွားစေပါတယ်..။ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးမသွားဖို့ ဆိုတာ ခက်ခဲတဲ့အရာတစ်ခုပါ..။ လူသားတစ်ယောက်အဖြစ် ဆက်ရှိနေဖို့ကလည်း ခက်ခဲလွန်းလှပါတယ်..။
ကံကောင်းတာကတော့ ဆန်နီ ကို လူသားတစ်ယောက်အဖြစ် မြဲမြံအောင် ဆွဲကိုင်ထားပေးတဲ့ ကျောက်ဆူးတစ်ခု ရှိနေခဲ့တယ်..။ အဲဒါကတော့ သူ့ရဲ့ အစစ်အမှန် နာမည်ပါပဲ..။
' အလင်းမှ ပျောက်ဆုံးသူ…'
ဒီနာမည်ရဲ့ အကူအညီနဲ့ သူဟာ အရိပ်ကခုန်မူရဲ့ ပုံသဏ္ဌာန်မဲ့ နက်ရှိုင်းမှုတွေထဲကို ဘယ်လောက်ပဲ ဝေးဝေး ရောက်သွားပါစေ အမြဲတမ်း ပြန်လာနိုင်ခဲ့ပါတယ်..။
ကျောက်တုံးလို မာကျောတဲ့ ကြေးခွံတွေက ကွဲအက် ပျက်စီးကုန်ကြတယ်..။ အပြာရောင် သွေးတွေက လေထဲကို ပန်းထွက်သွားကြပါတယ်..။ ရက်စက်သော မြင်ကွင်း ရဲ့ လှံသွားကြောင့် ပြတ်တောက်သွားတဲ့ အာရုံခံ အသွားတွေနဲ့ အဆစ်အပိုင်း ခြေထောက်တွေဟာ လွင့်စင်သွားခဲ့ကြတယ်..။
လတ်တလောမှာ တော့ ဆန်နီ ဟာ အိပ်မက်ဆိုး သတ္တဝါ တစ်ကောင်တောင် သူ့ကို ဖြတ်ကျော်မသွားနိုင်အောင် တားဆီးထားနိုင်ခဲ့ပါတယ်..။ အများစုက သေဆုံးခြင်း ဆန္ဒ ကြောင့် လူသတ်ချင်စိတ်တွေ ပြင်းထန်လာပြီး တခြားသူတွေကို ထားခဲ့ကာ သူ့ကိုပဲ သတ်ဖို့ ဦးတည်လာခဲ့ကြတယ်..။ ဒီ အရှိန်ကို ခုခံနိုင်တဲ့ အနည်းငယ်သော အကောင်တွေကိုတော့ ရှည်လျားတဲ့ အရိပ်လက်တံတွေနဲ့ နောက်ကို ပြန်ဆွဲခေါ်ပြီး သတ်ပစ်လိုက်ပါတယ်..။
ဒါပေမဲ့ သူ့ကို တိုက်ခိုက်လာတဲ့ သားရဲတွေကတော့ ပိုပိုပြီး များလာနေခဲ့တယ်..။
ပြီးတော့ သူတို့ထဲမှာ ပိုပြီး အစွမ်းထက်တဲ့ သတ္တဝါတွေ ရုတ်တရက် ပေါ်ထွက်လာခဲ့ပါတယ်..။
နိမိတ်မကောင်းတဲ့ ခံစားချက်တစ်ခုက ဆန်နီ ရဲ့စိတ်ထဲကို ဝင်ရောက်လာခဲ့တယ်..။
' ဒါက ဘာကြီးလဲ..'
အစောကလေးတင်ပဲ ဧရာမ ကြီးမားတဲ့ ပိုးကောင်တစ်ကောင် သူ့ဆီကို ပြေးဝင်လာတာ သူ မြင်လိုက်ရတာပါ..။ ဒီ သတ္တဝါရဲ့ ခန္ဓာကိုယ်ထဲမှာ အမြုတေ လေးခု ရှိနေတာကြောင့် သူကကျရှုံးမူအဆင့် နတ်ဆိုး တစ်ကောင် ဖြစ်တယ်ဆိုတာ သူ သေချာပြောနိုင်ပါတယ်။
ဒါပေမဲ့ အခုတော့ အဲဒီအကောင်က ပျောက်ကွယ်သွားခဲ့ပါပြီ..။
'' ဘယ်ရောက်သွားတာလဲ..''
ဆန်နီ အဖြေရှာမတွေ့ခင်မှာပဲ သူ့ခြေထောက်အောက်က တောင်စောင်းက ရုတ်တရက် ပွင့်ထွက် လာခဲ့ပါတယ်..။
…ပြီးတာနဲ့ အထဲကနေ ဆာလောင်နေတဲ့ ပါးစပ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့တယ်..။ ဒါက အရမ်းကို နီးကပ်ပြီး မြန်ဆန်လွန်းတာကြောင့် သူအနေနဲ့ ရှောင်တိမ်းဖို့ မဖြစ်နိုင်တော့ပါဘူး..။
အပိုင်း ( ၈၆၀ ) ပြီး၏။
အပိုင်း ( ၈၆၁ ) မြေမြှုပ်ခံရခြင်း
မြေကြီးက အက်ကွဲကာ ပွင့်ထွက်သွားခဲ့ပြီး အောက်ကနေ ဧရာမ ပိုးကောင်ကြီးတစ်ကောင်ရဲ့ ခေါင်း ထွက်ပေါ်လာပါတယ်..။ ဆန်နီ ဟာ ဟန်ချက်ပျက်သွားခဲ့တယ်။.. ပိုဆိုးတာကတော့ ဒီရုတ်တရက် တိုက်ခိုက်မှုကို ရှောင်တိမ်းဖို့ သူ့မှာ အချိန်မရှိတော့တာပါပဲ..။ သူ အရိပ်ခြေလှမ်း ကိုတောင် အသုံးမပြုနိုင်ခဲ့ပေ..။
' သောက်ကျိုးနည်း..'
သူ ဘာမှမလုပ်နိုင်ခင်မှာပဲ ကျရှုံးမူအဆင့် နတ်ဆိုး ရဲ့ ပါးစပ်ကြီးက သူ့ရဲ့ ခြေထောက်တစ်ဖက်ကို ကိုက်လိုက်ပါတယ်..။ ထက်မြက်တဲ့ အာရုံခံအသွားတွေက သူ့ရဲ့ ခြေကျဉ်းဝတ်ကို ကုတ်ခြစ်နေပြီး.. ရွံစရာကောင်းတဲ့ အချွဲတွေက ထာဝရချိန်း ရဲ့ မှိုင်းညို့နေတဲ့ သံမဏိပေါ်မှာ ပေကျံကုန်ခဲ့တယ်..။
သတင်းကောင်းကတော့ သူ့ရဲ့ အထွတ်အထိပ်
အဆင့် ချပ်ဝတ်က ဒီသောက်ကျိုးနဲ သတ္တဝါ ကိုက်ဖြတ်နိုင်ဖို့အတွက် အရမ်းမာကျောနေတာပါပဲ..။ သတ္တဝါက သူ့မေးရိုးတွေနဲ့ ဘယ်လောက်ပဲ ဖိကြိတ်နေပါစေ.. ချပ်ဝတ်ခြေစွပ်က ကွေးသွားတာ ဒါမှမဟုတ် ပေါက်ထွက်သွားတာမျိုး မရှိခဲ့ပေ..။ ပိုးကောင်ရဲ့ ပါးစပ်ထဲက ထွက်လာတဲ့ အရည်တွေရဲ့ တိုက်စားမှုကိုလည်း ခံနိုင်ရည်ရှိနေခဲ့ပါတယ်..။
ဆန်နီ မှာသာ ဒီလောက် အားကောင်းတဲ့ အကာအကွယ်မျိုး မရှိခဲ့ရင် အခြေအနေက တစ်မျိုးဖြစ်သွားနိုင်ပေမဲ့.. [အံ့ဩဖွယ် စိတ်ဆန္ဒ] ရဲ့တိုးမြှင့်မူ က ချပ်ဝတ်ကို အားဖြည့်ပေးထားတာကြောင့် အံ့ဩစရာကောင်းတဲ့ ခိုင်ခံ့မှုကို ရရှိနေတာပါ..။
သို့ပေမဲ့ သတင်းဆိုးကတော့.. ဆန်နီအနေနဲ့
လုံးဝ လှုပ်မရတော့တာပါပဲ..။ ကျရှုံးမူအဆင့် နတ်ဆိုး က သူ့ခြေထောက်ကို ကိုက်မဖြတ်နိုင်ရင်တောင်မှ.. သူ့ကို အစိပ်စိပ်အမွှာမွှာ ဆွဲဖြဲပစ်ဖို့ ရှေ့ကို ပြေးဝင်လာနေတဲ့ တခြား သားရဲတွေ ရှိနေပါသေးတယ်..။ ချပ်ဝတ်တိုင်းမှာ အက်ကြောင်းတွေ ရှိစမြဲဖြစ်ပြီး ထာဝရချိန်း ကလည်း ချွင်းချက်မဟုတ်ပါဘူး..။
"လွှတ်စမ်း.. ညစ်ပတ်တဲ့ ပိုးကောင်.."
ဆန်နီ ဟာ ရက်စက်သော မြင်ကွင်း ကို ပြောင်းပြန်ကိုင်လိုက်ပြီး အောက်ကို ထိုးစိုက်လိုက်ပါတယ်..။ သူ့ရဲ့ ထိုးချက်က ပြင်းထန်လွန်းတာကြောင့် တောက်ပနေတဲ့ လှံသွားဟာ ပိုးကောင်ရဲ့ မာကျောလှတဲ့ ကြေးခွံကို ဖောက်ထွက်သွားပြီး.. သူ့ရဲ့ နဖူးပြင်ကို ကာကွယ်ထားတဲ့ ထူထဲတဲ့ အပြားကို အက်ကွဲစေကာ အချို့အစိတ်အပိုင်းတွေကို အရည်ပျော်သွားစေခဲ့တယ်..။
ဒီလို ကြောက်စရာကောင်းတဲ့ ဒဏ်ရာရသွားတာတောင် နတ်ဆိုး က သေမသွားခဲ့ပါဘူး..။ သူ့ရဲ့ မျက်လုံးအစုံက အရည်ပျော်ပြီး အငွေ့ပျံသွားတာတောင်မှ.. သူက မြေပြင်ကနေ ကြွတက်လာပြီး ဆန်နီ့ ရဲ့ ကိုယ်အပေါ်ပိုင်းကို ပြင်းပြင်းထန်ထန် ခါရမ်းကာ မြေပြင်နဲ့ ရိုက်နှက်လိုက်ပါတယ်..။
သူ့ရဲ့ ချပ်ဝတ်က ဘယ်လောက်ပဲ ခိုင်ခံ့ပါစေ.. ဒီအချိန်မှာဆိုရင် လူသားအရိုးတွေဟာ ပုံပျက်ပြီး ကျိုးကြေသွားရမှာပါ..။
ဒါပေမဲ့ ဝီဗာအရိုး ကတော့ သူ့ရဲ့ ပေါင်ရိုးနဲ့ ခြေသလုံးရိုးတွေကို ဇွဲကောင်းကောင်းနဲ့ ဆွဲကိုင်ထားပေးခဲ့တယ်..။
နာကျင်မှုကတော့ ငရဲကျနေသလိုပါပဲ..။
"အား.."
ကျောက်တုံးတွေနဲ့ ရိုက်မိတဲ့အချိန်မှာ ဆန်နီ ဟာ သူ့ရဲ့ လှံကို နတ်ဆိုး ရဲ့ ခေါင်းထဲ ပိုနက်အောင် ထိုးထည့်လိုက်ပြီး.. ချဉ်းကပ်လာတဲ့ ကျောက်တုံးအုံ စစ်သားတွေကို ခနလောက် လှမ်းကြည့်လိုက်ပါတယ်..။ သူ့ရဲ့ အမိန့်ပေးမှုကြောင့် အရိပ်လက်တံတွေက ရှေ့ကို ထိုးထွက်သွားပြီး အနီးဆုံးက အကောင်အချို့ကို ချေမှုန်းပစ်လိုက်တယ်..။
တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ခန္တာကိုယ်အောက်ပိုင်းကနေ အနက်ရောင် လက်နှစ်ဖက် ပေါ်လာပြီး နတ်ဆိုး ရဲ့ မေးရိုးတွေကို ဆွဲဖြဲဖို့ ကြိုးစားလိုက်ပါတယ်..။
သို့ပေမဲ့ အသုံးမဝင်ခဲ့ပါဘူး..။ သတ္တဝါက အရမ်းကို သန်မာလွန်းနေခဲ့တယ်..။
…ဒီ ကျရှုံးမူအဆင့် နတ်ဆိုး က ယုတ်မာတဲ့ အသိစိတ်လည်း ရှိနေခဲ့တာပါ..။
ကိုက်တာရော၊ ရိုက်နှက်တာရောက ဒီဆူးခက်တွေနဲ့ ပြည့်နေတဲ့ ရန်သူကို ဒဏ်ရာမရစေတာကို မြင်သွားတဲ့အခါမှာတော့ သူက နည်းဗျူဟာ ပြောင်းလိုက်ပါတယ်..။ ရန်သူကို သတ်ဖို့ ကြိုးစားမည့်အစား ဧရာမ ပိုးကောင်ကြီးဟာ သူ့မေးရိုးတွေကို ပိုတင်းအောင် စေ့လိုက်ပြီး.. မြေကြီးထဲကို ငုပ်လျှိုးဝင်သွားကာ ဆန်နီ ကိုပါ ဆွဲခေါ်သွားခဲ့တယ်..။
မာကျောတဲ့ ကျောက်တုံးတွေက သူတို့ပတ်ပတ်လည်မှာ အရည်တွေလိုပဲ လမ်းဖယ်ပေးလိုက်ကြပါတယ်..။
' မကောင်းတော့ဘူး..'
လူသားတွေအားလုံးလိုပဲ ဆန်နီ့ မှာလည်း အရှင်လတ်လတ် မြေမြှုပ်ခံရမှာကို ကြောက်တဲ့စိတ်တစ်ခု ရှိပါတယ်..။ အခုက ဒီအတိုင်း ဖြစ်နေတာပါ..။ မာကျောတဲ့ ကျောက်တုံးတွေထဲကို မီတာ ဒါဇင်ပေါင်းများစွာ အဆွဲခံလိုက်ရပြီး.. နတ်ဆိုး ကသာ လွှတ်လိုက်ရင် သူဟာ ဒီဖိအားတွေအောက်မှာ မြေမြှုပ်ခံရတော့မှာ အသေအချာပါပဲ..။
ဒီကောင်ရဲ့ အစီအစဉ်က အဲဒါလည်း ဖြစ်နိုင်ပါတယ်..။
ဒီလို မဖြစ်လာခင်နိုင်မှာပဲ ဆန်နီ ဟာ အော်ဟစ်လိုက်ပြီး ရက်စက်သော မြင်ကွင်း ကို ပိုနက်အောင် ထိုးသွင်းကာ နတ်ဆိုး ရဲ့ ခန္ဓာကိုယ်ထဲကို တတ်နိုင်သမျှ တွန်းပို့လိုက်ပါတယ်..။ တစ်ချိန်တည်းမှာပဲ သူက လှံကို အရှည်ဆုံးအထိ ဆန့်ထုတ်ဖို့ အမိန့်ပေးလိုက်ပြီး.. သူ့ခန္ဓာကိုယ်ထဲက အရိပ်လေးခုလုံးကို မှိုင်းညို့နေတဲ့ လှံသွားပေါ်ကို ပို့လိုက်ပါတယ်..။
အရိပ်တွေရဲ့ မြှင့်တင်မှုကြောင့်
[အနက်ရောင်မှန် မှန်] တိုးမြှင့်မူ ကနေ ထွက်ပေါ်လာတဲ့ နတ်ဘုရား မီးတောက်တွေဟာ ရုတ်တရက် ပိုပြီး ပူပြင်းလာခဲ့ပါတယ်..။ ခနလောက်အတွင်းမှာပဲ ဧရာမ ပိုးကောင်ကြီးဟာ အတွင်းပိုင်းကနေ အလင်းတွေ ထွက်ပေါ်လာသလို ဖြစ်သွားခဲ့တယ်..။ စူးရှတဲ့ အလင်းတန်းတွေက သူ့ရဲ့ ချပ်ဝတ်အက်ကြောင်းတွေကနေ ထွက်ပေါ်လာပြီးနောက်.. နတ်ဆိုး ဟာ ပြင်းထန်စွာ တုန်ယင်သွားခဲ့ပါတယ်..။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ သူဟာ အတွင်းပိုင်းကနေ လောင်ကျွမ်းသွားပြီး.. မည်းတူးနေတဲ့ အခွံအလွတ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။
[သင်သည် ကျရှုံးမူအဆင့် နတ်ဆိုး၊ ကျောက်တုံး တိုက်တန် ဖလီယာ ကို သတ်လိုက်ပါပြီ ]
[သင်၏ အရိပ်သည် ပိုမို အားကောင်းလာသည်…]
ဆန်နီ တုန်ယင်သွားပြီး သူ့နှလုံးသားတစ်ခုလုံး အေးစက်သွားသလို ခံစားလိုက်ရတယ်..။
' ဒါကောင်းတယ်.. ဒါပေမဲ့..'
နတ်ဆိုး က သေသွားပြီဖြစ်လို့ သူ့ရဲ့ သဘာဝလွန် စွမ်းအားတွေက ပျောက်ကွယ်သွားပါပြီ..။ သူတို့ပတ်ပတ်လည်က ကျောက်တုံးတွေက မာကျောတဲ့ အခြေအနေကို ပြန်ရောက်သွားပြီး ဆန်နီ ကို အေးစက်ပြီး လွတ်မြောက်ဖို့ မဖြစ်နိုင်တဲ့ ခေါင်းတလားထဲမှာ ပိတ်မိသွားစေခဲ့တယ်..။
အလင်းမရှိ.. လှုပ်ရှားဖို့ နေရာမရှိ.. အသက်ရှူဖို့ လေမရှိပါဘူး..။ မာစတာ တစ်ယောက်ရဲ့ ကြီးမားတဲ့ ခွန်အားနဲ့တောင်မှ ကိုယ့်ဘာသာ ပြန်တူးထွက်ဖို့က မဖြစ်နိုင်တော့ပေ..။ တဖြည်းဖြည်းနဲ့ တိုးဝင်လာတဲ့ ထိတ်လန့်မှုက ဆန်နီရဲ့ စိတ်ထဲကို ရောက်လာခဲ့ပါတယ်..။
ကံကောင်းတာကတော့ သူက သာမန် မာစတာ တစ်ယောက် မဟုတ်တာပါပဲ..။
သူ့ရဲ့ အရိပ်အာရုံ ကို အပေါ်ဘက်ဆီ ဆန့်ထုတ်လိုက်ပြီး ဆန်နီ ဟာ အရိပ်ခြေလှမ်း ကို အသုံးပြုကာ မြေပြင်ပေါ်က အမှောင်ထုထဲကနေ ပြန်ထွက်လာခဲ့ပါတယ်..။
…အန္တာတိက ရဲ့ အေးစက်တဲ့ လေထုက ဒီလောက်အထိ ချိုမြိန်နေလိမ့်မယ်လို့ သူ မထင်ခဲ့မိပါဘူး..။ မဖိတ်ခေါ်ချင်စရာ မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကလည်း ဒီလောက်အထိ လှပနေလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။
ဆန်နီဟာ ဒူးထောက်ကျပြီး အသက်ကို ဝဝရှူချင်တဲ့ စိတ်ကို ထိန်းချုပ်လိုက်ရင်း အခြေအနေကို အကဲဖြတ်ဖို့ ပတ်ဝန်းကျင်ကို အမြန် ကြည့်လိုက်ပါတယ်..။
သူ တိုက်ပွဲမြေပြင်ကနေ ပျောက်ကွယ်သွားတာ နှလုံးခုန်သံ တစ်ဒါဇင်စာလောက်ပဲ ရှိပါသေးတယ်..။ ဒါပေမဲ့ ဒီလို တိုက်ပွဲမျိုးမှာ စက္ကန့်အနည်းငယ် ဆိုတာက ထာဝရ ကာလတစ်ခုလိုပါပဲ..။
သူ သံသယရှိခဲ့တဲ့အတိုင်းပဲ အခြေအနေက သိပ်မကောင်းပါဘူး..။ သူ မရှိတော့တဲ့အတွက် လူသားစစ်ကြောင်းရဲ့ အနောက်ဘက်က ဟာလာဟင်းလင်း ဖြစ်သွားပြီး ကျောက်တုံးစစ်သားလှိုင်းကြီးက တောင်စောင်းအတိုင်း တက်လာကာ စစ်ကြောင်းနားကို ကပ်နေခဲ့ကြတယ်..။ အများစုက သေဆုံးခြင်း ဆန္ဒ ရဲ့ အစွမ်းသက်ရောက်မှု နယ်ပယ်ကနေ အဝေးကြီးကို ရောက်နေကြပါပြီ..။ ဒါက တကယ်ကိုဆိုးဝါးတဲ့ ကိစ္စပါပဲ..။
ဆန်နီ ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်..။
"ငါ တစ်ခုခု လုပ်မှဖြစ်မယ်.. မြန်မြန်"
စဉ်းစားဖို့ အချိန်မရှိတာကြောင့် စိတ်ထဲမှာ အကြံတစ်ခုပဲ ပေါ်လာပါတော့တယ်..။ အဲဒါက မမျှော်လင့်ထားတဲ့ အကျိုးဆက်တွေ အများကြီး ဖြစ်လာနိုင်ပေမဲ့ ချက်ချင်း လုပ်ဆောင်ရတော့မှာမို့ တခြား ရွေးချယ်စရာ မရှိတော့ဘူးလို့ သူ ယူဆလိုက်ပါတယ်..။
ထူးကဲသော ကျောက်တုံး ကို အသုံးပြုပြီး သူ့ရဲ့ အမိန့်ကို ပို့လွှတ်လိုက်ကာ ဆန်နီ ဟာ အော်ပြောလိုက်ပါတယ်..။
"ဆမ်မာရာ.. ကင်မ်မီ..လှည့်ပြီး ပစ်ပေးကြဦး.."
တစ်ချိန်တည်းမှာပဲ သူက… သူ့ရဲ့ ချပ်ဝတ်ကို ရုပ်သိမ်းလိုက်ပါတယ်..။
သူ့ရဲ့ စစ်သားနှစ်ယောက်က အနောက်ဘက်ကနေ တက်လာတဲ့ သားရဲအုပ်ကြီးဆီကို ကျည်ဆန်မိုးတွေ ရွာချလိုက်တဲ့အချိန်မှာ ထာဝရချိန်း ဟာ မီးပွားတွေအဖြစ် ပျောက်ကွယ်သွားခဲ့တယ်..။ တစ်ချိန်တည်းမှာပဲ အနက်ရောင် မြူခိုးတွေက သူ့ခန္ဓာကိုယ် ပတ်လည်မှာ ရစ်ဝဲလာကြပါတယ်..။
စက္ကန့်အနည်းငယ်လောက်အထိ ဆန်နီ မှာ ဘာကာကွယ်မှုမှ ရှိမနေခဲ့ပါဘူး..။
သူက ဒီ အေးစက်တဲ့ အမှန်တရားကို လျစ်လျူရှုပြီး အိပ်မက်ဆိုး သတ္တဝါတွေရဲ့ အုပ်စုထဲကို တိုးဝင်သွားခဲ့တယ်။ပြီးတာနဲ့.. အနက်ရောင် မြူခိုးတွေက တခြား ချပ်ဝတ်တစ်ခုအဖြစ် စုစည်းမလာခင်အထိ သူတို့ကြားမှာ သောင်းကျန်းနေခဲ့ပါတယ်..။ ကံကောင်းတာလား ဒါမှမဟုတ် သူ့ရဲ့ ကြိုးစားမှုကြောင့်လား မသိပေမဲ့.. ဒီအချိန်အတွင်းမှာ သူ့ခန္ဓာကိုယ်ကို ဘာတိုက်ခိုက်မှုမှ မထိမှန်ခဲ့ပေ..။
နောက်ဆုံးမှာတော့ မြေအောက်ကမ္ဘာ ဝတ်ရုံတော် က ပေါ်ထွက်လာခဲ့ပါပြီ..။ သူ့ရဲ့ အရိပ်တွေက အနက်ရောင် မျက်နှာပြင်ပေါ်ကို လျှောဝင်သွားကြတယ်..။
ဒါနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ သေဆုံးခြင်း ဆန္ဒ ဟာ [မြေအောက်ကမ္ဘာ လက်နက်တပ်ဆင်ခြင်း] ရဲ့ မြှင့်တင်မှုကို ရုတ်တရက် ရရှိသွားခဲ့ပါတယ်..။
လူသားစစ်ကြောင်းရဲ့ အနောက်ဘက်ကို တက်လာနေတဲ့ အိပ်မက်ဆိုး သတ္တဝါတွေဟာ နှေးကွေးသွားပြီး ရပ်တန့်သွားခဲ့ကြတယ်..။ ယင်းနောက်မှာတော့ သူတို့ အေးခဲသွားကြပါတယ်..။
ပြီးတာနဲ့ တစ်ကောင်ပြီး တစ်ကောင်.. တဖြည်းဖြည်း လှည့်လာပြီး ဆန်နီ ကို စိုက်ကြည့်လာခဲ့ကြတယ်..။
မုန်းတီးမှုနဲ့ သွေးဆာမှုတွေကို သိသိသာသာ ခံစားနေရတဲ့ ဖိအားတွေအောက်မှာပဲ သူက စိုးရိမ်တကြီး ပြုံးလိုက်ပြီး..
"အာ.. ငါ့ကို လာစားကြလေ.. ခွေးသားတွေ...။ငါက အရမ်း အရသာရှိမယ် ထင်တယ်နော်.."
သူ့ကို တုန်လှုပ်သွားစေလောက်တဲ့ ပြင်းထန်မှု ၊ရူးသွပ်မှုတွေနဲ့အတူပဲ အိပ်မက်ဆိုး သတ္တဝါ
အုပ်ကြီးက သူ့ဆန္ဒကို ဖြည့်ဆည်းပေးလာခဲ့ကြပါတယ်..။