← Chapters

အခန်း (၁၀၂၁-၁၀၂၂)

Vol. 102 Ch. 1021-1022

အခန်း (၁၀၂၁-၁၀၂၂)

Vol. 102 Ch. 1021-1022

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၂၁ + ၁၀၂၂)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

(Ongoing သမားတွေအတွက် ၃ ရက် အခမဲ့ပါခင်ဗျ။ ဒီအထိ ဖတ်လာပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါ၏ဗျို့။ ^^)

အိမ်ရှေ့စံမင်းသမီး​လေး တုရှောင်က ပြေးလာကာ ကိုအာလာဝက်ဝံလေးတစ်ကောင်ကဲ့သို့ တုပိုင်၏ လည်ပင်းကို ဖက်တွယ်လိုက်၏။ "ဖေဖေ..."

"ဖေဖေ... သမီး ဖေဖေ့ကို သွားခွင့်မပေးနိုင်ဘူး..."

တုမိုကလည်း ဝင်ပြောသည်။ "ဖေဖေ... မသွားပါနဲ့..."

အမကြီး တုရှောင်ကလည်း တောင်းပန်နေသည့် မျက်လုံးဝိုင်းကြီးများဖြင့် တုပိုင်အား စိုက်ကြည့်နေ၏။ အန်တီကျန်းယွီဟန်ကို ကယ်တင်ချင်သော်လည်း သူမအတွက်မူ ဖခင်ဖြစ်သူ၏ အသက်က ပို၍ အရေးကြီးနေသည်။

မိစ္ဆာခံတပ်က အလွန်တရာ အန္တရာယ်များလွန်းလှပြီး ကျောက်ယန်ဖိန်သည်လည်း အလွန် အစွမ်းထက်လွန်းလှသည်။ နှစ်ယောက်ချင်း တိုက်ပွဲ၌ အနိုင်ရရန် မျှော်လင့်ချက် လုံးဝ မရှိပေ။

တုပိုင်၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် မိစ္ဆာနယ်စားအဆင့်ကိုပင် အနိုင်ယူနိုင်စွမ်း မရှိချေ။ မိစ္ဆာနယ်စားအဆင့်နှင့် မိစ္ဆာနယ်စားကြီးတို့ ကြားရှိ ကွာဟချက်မှာ မိုးနှင့်မြေလို ကွာခြားလွန်းလှသည်။

ဖန်းချင်းယီက တုပိုင်အား လေးနက်စွာ ကြည့်ကာ သတိပေးလိုက်၏။ "မြေအောက်ကမ္ဘာနယ်မြေမှာတုန်းက ရှင်က အိပ်မက်ဆိုး မိစ္ဆာဘုရင်ရဲ့ အနက်ရောင်သရဖူကို ဆောင်းပြီး မိစ္ဆာမြို့စား အပါအဝင် မိစ္ဆာစိတ်ဝိညာဉ် သောင်းချီကို ချက်ချင်း ဝါးမျိုနိုင်ခဲ့တယ်... ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ရှင့်မှာ အခွင့်အရေး မရှိဘူး..."

တကယ်ကို အခွင့်အရေး လုံးဝ မရှိပေ။ ပထမအချက်အနေဖြင့် လက်ရှိအချိန်တွင် တုပိုင် အိပ်မက်ဆိုး မိစ္ဆာဘုရင်၏ အနက်ရောင်သရဖူကို ထိကိုင်ရန်ပင် ကြောက်ရွံ့နေမိသည်။ ဒုတိယအချက်မှာ ကျောက်ယန်ဖိန်သည် ကံကြမ္မာ မိစ္ဆာ၏ စနစ်ရှင်ဖြစ်နေသဖြင့် အိပ်မက်ဆိုး မိစ္ဆာဘုရင်၏ အမိန့်များကို နာခံမည် မဟုတ်ချေ။

မူလက အိပ်မက်ဆိုး မိစ္ဆာဘုရင်သည် ကံကြမ္မာမိစ္ဆာနှင့် အဆင့်အတန်း တူညီ၏။ သို့သော် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင့်ခြောက်ရာက ဧရာမနဂါးကြီး၏ တိုက်ခိုက်ဖျက်ဆီးမှုကို ခံခဲ့ရသည်။ ထို့အပြင် လွန်ခဲ့သော ဆယ့်ငါးနှစ်ကလည်း ရှေးဟောင်းနဂါးဘုရင်၏ သွေးစွမ်းအင်များနှင့် ဧရာမ အရိုးနဂါးကြီးတို့၏ ဖျက်ဆီးမှုကို ထပ်မံခံခဲ့ရပြန်၏။

သေချာပေါက် အိပ်မက်ဆိုး မိစ္ဆာဘုရင်မှာ အလွန်တရာ အစွမ်းထက်လွန်းလှပေ၏။ သူသည် လွန်ခဲ့သော ဆယ့်ငါးနှစ်က မသေဆုံးခဲ့ဘဲ တုပိုင်နှင့်အတူ ခေတ်သစ်ကမ္ဘာမြေသို့ ရောက်ရှိလာခဲ့သည်။

သို့သော် ခေတ်သစ်ကမ္ဘာမြေသို့ ရောက်ရှိလာပြီးနောက် အိပ်မက်ဆိုး မိစ္ဆာဘုရင်သည် ကံကြမ္မာမိစ္ဆာလောက် အစွမ်းမထက်တော့ဘဲ သူ၏ အဆင့်အတန်းမှာလည်း ကံကြမ္မာမိစ္ဆာ၏ လက်အောက်သို့ ရောက်ရှိသွားခဲ့ရသည်။ တစ်နည်းအားဖြင့် ကျောက်ယန်ဖိန်နှင့် အိပ်မက်ဆိုး မိစ္ဆာဘုရင်တို့သည် အချင်းချင်း ယှဉ်ပြိုင်နေရသည့် ရန်သူများသဖွယ် ဖြစ်နေ၏။ ထို့ကြောင့် ကံကြမ္မာမိစ္ဆာဖြစ်သော ကျောက်ယန်ဖိန်အပေါ်သို့ အနက်ရောင်သရဖူက သက်ရောက်မည် မဟုတ်ပေ။

ဖန်းချင်းယီကလည်း ဖျောင်းဖျလိုက်၏။ "ရှင် တစ်ယောက်တည်းတင် မဟုတ်ဘူး... ကျွန်မအပါအဝင် လူသိန်းချီ ခေါ်သွားရင်တောင် နိုင်မှာ မဟုတ်ဘူး...။ ရှင်က လီဝမ်ဝမ်တို့ကို ကယ်ချင်နေမှန်း ကျွန်မ သိပါတယ်... ဒါပေမဲ့ ပထမဆုံး အနေနဲ့ ရှင် ကိုယ့်ကိုယ်ကိုယ် အရင်ကာကွယ်ရမယ်...။ ရှင်က လူသားမျိုးနွယ် တစ်ခုလုံးရဲ့ မျှော်လင့်ချက်ပဲ...။ ရှင်သာ သေသွားရင် ဒီကမ္ဘာကြီးလည်း လုံးဝ ပြီးဆုံးသွားလိမ့်မယ်...။ ဒီကမ္ဘာမြေကြီး ပြီးဆုံးသွားရုံတင် မကဘူး... တာ့နင်အင်ပါယာရဲ့ ဟင်းလင်းပြင်လောကကြီးပါ ပြီးဆုံးသွားလိမ့်မယ်..."

မည်သူကမျှ တုပိုင်အား မသေစေချင်ကြပေ။

အိပ်မက်ဆိုး မင်းသမီး ကျန်းရှင်းယန်က အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ဝင်ပြောလိုက်သည်။ "အရှင်မင်းကြီး တုပိုင်... ရှင်က ကျွန်မခင်ပွန်းထက် ပိုကောင်းတဲ့လူတစ်ယောက်ပါ...။ လီဝမ်ဝမ်တို့ သုံးယောက်အတွက် ရှင်က အသက်ကိုတောင် ပဓာနမထားဘဲ ကံကြမ္မာမိစ္ဆာရဲ့ ခံတပ်ထဲကို ဝင်ရောက်ဖို့ ဆန္ဒရှိနေတယ်... အဲဒီအတွက် သခင်မလေး လီဝမ်ဝမ်တို့က အရမ်းကို ဝမ်းသာနေကြမှာပါ...။ ဒါပေမဲ့ ကျွန်မ ပြောချင်တာက ဒီလောကကြီးမှာ ရှင့်ကလွဲပြီး ဘယ်သူ့ကိုမဆို စတေးလို့ရတယ် ဆိုတာပါပဲ..."

ထိုစကားများက အလွန်တရာ တည့်တိုးဆန်လွန်းလှသော်လည်း အိပ်မက်ဆိုး မင်းသမီး ကျန်းရှင်းယန်တွင် ထိုသို့ပြောဆိုနိုင်ခွင့် အပြည့်အဝ ရှိနေသည်။ အကြောင်းမူကား သူမက အခြားသူများအားလုံးထက် ပို၍ ကြီးမားလွန်းသော စတေးမှုကြီးကို ပေးဆပ်ခဲ့ပြီး ဖြစ်သောကြောင့်ပင်။

ပထမ စစ်သေနာပတိ လီစစ်စစ်ကလည်း ထောက်ခံလိုက်၏။ "ဟုတ်ပါတယ်... ဒီလောကကြီးမှာ အရှင်မင်းကြီးကလွဲပြီး ဘယ်သူ့ကိုမဆို စတေးလို့ ရပါတယ်..."

တုပိုင်တစ်ယောက် ထိုက်ခန်အင်ပါယာအား တာဝန်ယူ အုပ်ချုပ်ခဲ့သည်မှာ နှစ်လပင် မပြည့်သေးသော်လည်း သူ၏ ဂုဏ်သတင်းမှာ ထိုက်ခန်ဧကရာဇ် လီရှောင်ချန်ထက် များစွာ ကျော်လွန်နေပြီ ဖြစ်၏။ လီစစ်စစ်နှင့် အခြားသူများ၏ အမြင်တွင်သာမက ထိုက်ခန်အင်ပါယာရှိ ပြည်သူလူထု၏ အမြင်၌ပါ တုပိုင်က နတ်ဘုရားတစ်ပါးပမာ ဖြစ်နေလေပြီ။

ထိုက်ခန်အင်ပါယာ၏ ပထမ စစ်သေနာပတိ လီစစ်စစ်က ဒူးထောက်ချလိုက်ကာ တောင်းဆိုလိုက်သည်။ "အရှင်မင်းကြီး... ကျေးဇူးပြုပြီး သေချာ ပြန်လည်စဉ်းစားတော်မူပါ..."

ထို့နောက် သူတို့အားလုံးက တစ်ချိန်တည်း ဒူးထောက်ချလိုက်ကြပြီး တုပိုင်အား မသွားရန် တောင်းပန်ကြတော့၏။ တုပိုင်သာ တစ်ခုခု ဖြစ်သွားခဲ့လျှင် အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။

တုပိုင်က လက်လှမ်းကာ မင်းသမီးတုရှောင်၏ ခေါင်းလေးအား ပွတ်သပ်လိုက်ပြီး ညင်သာစွာ ကတိပေးလိုက်သည်။ "ဖေဖေ ပြန်လာခဲ့မယ်လို့ ကတိပေးတယ်... ပြီးတော့ အောင်ပွဲခံပြီးတော့ကို ပြန်လာခဲ့မယ်..."

ကောင်မလေးက တုပိုင်အား မျက်လုံးအဝိုင်းသားဖြင့် အချိန်အတော်ကြာ ကြည့်နေပြီးနောက် ငိုကြွေးကာ ခေါင်းရမ်းလိုက်၏။ "ဟင့်အင်း... ဖေဖေ့မှာ နိုင်မယ်ဆိုတဲ့ ယုံကြည်ချက် အပြည့်အဝ မရှိဘူးဆိုတာကို သမီး ခံစားလို့ရတယ်..."

ကောင်မလေးသည် စိတ်ဝိညာဉ်စွမ်းအင်၌ ဉာဏ်ကြီးရှင် တစ်ဦးဖြစ်ပြီး သူမ၏ အလိုအလျောက် သိမြင်နိုင်စွမ်းက အလွန်တရာ ထက်မြက်လွန်းလှသည်။ ဖခင်နှင့် သမီးဖြစ်သူ၏ စိတ်နှလုံးချင်း ဆက်သွယ်ထားသဖြင့် သူမအနေဖြင့် တုပိုင်၏ စိတ်ခံစားချက် အခြေအနေကို တိုက်ရိုက်ပင် ဖတ်ရှုနိုင်စွမ်း ရှိနေ၏။

ပြီးခဲ့သည့် တိုက်ပွဲ၌ မိစ္ဆာစစ်တပ်ကြီး ၁.၉ သန်းက ထိုက်ခန်အင်ပါယာ မြို့တော်အား လာရောက်တိုက်ခိုက်ခဲ့ချိန်က လူတိုင်းမှာ ကြောက်ရွံ့ တုန်လှုပ်ကာ မျှော်လင့်ချက် ကင်းမဲ့နေခဲ့ကြပြီး ကမ္ဘာပျက်ကပ်ကြီး ရောက်လာသကဲ့သို့ ခံစားခဲ့ကြရသည်။

သို့သော်လည်း မင်းသမီး တုရှောင်ကမူ ကလေးတစ်စုကို ခေါ်ဆောင်ကာ အေးအေးဆေးဆေးပင် ဂိမ်းဆော့နေခဲ့သည်။ အကြောင်းမူကား ကောင်မလေးသည် ဖခင်ဖြစ်သူ၏ အတွေးကို သိနေပြီး မလွဲမသွေ အောင်နိုင်မည်ဆိုသည့် ယုံကြည်ချက် အပြည့်ရှိနေကြောင်းကို သိမြင်ထားသောကြောင့်ပင်။

သို့သော် ယခုတစ်ကြိမ်တွင်မူ ကွဲပြားသွားလေပြီ။ သူမအနေဖြင့် ဖခင်ဖြစ်သူ၏ စိတ်ကို မည်သို့မျှ ဖတ်နိုင်ခြင်း မရှိတော့ချေ။ ဤသည်က စွန့်စားမှုတစ်ခုဖြစ်၏။ အသက်နှင့် ရင်းရမည့် စွန့်စားမှုကြီး တစ်ခုပင်။

တုပိုင်က ညီမလေးတုရှောင် ၊ အစ်မကြီးတုရှောင်နှင့် တုမို ကလေးသုံးယောက်လုံးကို အတူတကွ ပွေ့ဖက်လိုက်၏။

"ဒီတစ်ကြိမ်တော့ ဖေဖေ သွားမှ ရမယ်... မဟုတ်ရင် ဖေဖေလည်း ပြီးဆုံးသွားလိမ့်မယ်..."

ဤသည်က ကျင့်ကြံခြင်း တစ်မျိုးပင်။ တုပိုင်အနေဖြင့် တစ်ကြိမ် ရှုံးနိမ့်သွားသည်နှင့် အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။

၄ နာရီအတွင်း တုပိုင်အနေဖြင့် ကျောက်ယန်ဖိန်၏ ခံတပ်သို့ မရောက်ရှိနိုင်ပါက လီဝမ်ဝမ် ၊ အန်ဂျလာနှင့် ကျန်းယွီဟန် အမျိုးသမီး သုံးယောက်လုံး သေချာပေါက် ရက်ရက်စက်စက် အသတ်ခံရမည်။

ထိုသို့သာ ဖြစ်လာပါက တုပိုင်၏ စိတ်သည်လည်း လုံးဝ ပြိုလဲပျက်စီးသွားပေလိမ့်မည်။ ဇနီးကိုပင် မကာကွယ်နိုင်သော ယောက်ျားတစ်ယောက်က ကမ္ဘာကြီးကို ကယ်တင်ရန် မည်သို့လုပ်ပြီး အရည်အချင်း ရှိတော့မည်နည်း။

တုရှောင်က မျက်ရည်များကို သုတ်ကာ ဆို၏။ "ဖေဖေ... သမီး သိပါပြီ... ဖေဖေ့ရဲ့ နှလုံးသားထဲက အင်အားတစ်ခုကို သမီး ခံစားမိလိုက်ပြီ..."

ကလေးသုံးယောက်ကို တင်းကြပ်စွာ ပွေ့ဖက်လိုက်ပြီးနောက် တုပိုင် အရှေ့ဘက်သို့ စတင် ထွက်ခွာသွားလိုက်တော့သည်။

**--**--**--**--**--**--**--**

တုပိုင် မပျံနိုင်ချေ။ ထို့ကြောင့် လင်းပိုဝေပု ကိုယ်ဖော့သိုင်းကို အသုံးပြုကာ တစ်နာရီလျှင် ကီလိုမီတာ သုံးလေးရာနှုန်းဖြင့် လျင်မြန်စွာ ပြေးလွှားနေ၏။

လမ်းတစ်လျောက်၌ အသက်ရှင်နေသေးသည့် လူတစ်ယောက်ကိုမျှ မတွေ့ခဲ့ရချေ။ အကြောင်းမူကား ထိုလူသားအားလုံးမှာ ကျောက်ယန်ဖိန်၏ လက်အောက်ရှိ သန်းချီသော မိစ္ဆာစစ်တပ်ကြီး၏ ဝါးမြိုစားသောက်ခြင်းကို ခံလိုက်ရသောကြောင့်ပင်။

လူများ မကျန်တော့ရုံသာမက မသေမျိုးဖုတ်ကောင်များပင် ပြောင်စင်အောင် ပျောက်ကွယ်သွား​လေပြီ။

ရုတ်တရက် တုပိုင်က ရပ်တန့်လိုက်ပြီး ဇစ်ဆွဲချကာ သေးပေါက်ရန် ပြင်လိုက်၏။ ဤနေရာ၌ လူမပြောနှင့် သရဲများပင် ရှိမနေချေ။

ထိုအခိုက်မှာပင် လေထုထဲမှ အေးစက်စက် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။ "ဟဲ့အကောင်... နင် သေးပေါက်ချင်ရင်တောင် ငါ့ကို ကြိုပြောလို့ မရဘူးလား... အဲဒါမှ နင့်ရဲ့ အကျည်းတန်တဲ့ အရာကို ငါ မမြင်ရအောင် ရှောင်လို့ရမှာပေါ့..."

တုပိုင် ပြုံးလိုက်ကာ ဆိုလိုက်သည်။ "ငါ့နောက်ကို လိုက်လာ မင်းလေ... လိုက်လာမှန်း ငါက ဘယ်လိုလုပ် သိမှာလဲ...။ မင်းက သရဲတောင် မဟုတ်ဘူးကို... မင်း ရှိနေတာကို ငါ လုံးဝ အာရုံမခံနိုင်ဘူး..."

မိုဟန်က စောဒကတက်လိုက်၏။ "မယုံဘူး... နင် ဒါကို သက်သက်မဲ့ လုပ်တာလို့ပဲ..."

တုပိုင်က ပခုံးတွန့်ကာ ဂရုမစိုက်စွာ ဆိုလိုက်သည်။ "ထင်ချင်သလိုထင်​ပေါ့..."

ထို့နောက် ရေပိုက် ဖွင့်လိုက်သည်။

အချိန်ခဏအကြာ၌ မိုဟန်က ညည်းတွားလာသည်။ "ယောက်ျားတွေရဲ့ဟာက တကယ်ကို အကျည်းတန်ပြီး ရွံစရာကောင်းတာပဲ..."

တုပိုင်ကမူ သူမအား မရှိသကဲ့သို့ လျစ်လျူရှုထားကာ ခါယမ်းလိုက်ပြီးနောက် ဘောင်းဘီထဲ ပြန်ထည့်လိုက်၏။

ထို့နောက် မေးလိုက်သည်။ "ငါ့နောက်ကို လိုက်ပြီး ဘာလုပ်မလို့လဲ... ကျောက်ယန်ဖိန်ကို တိုက်မလို့လား."

မိုဟန်က ယောင်္ကျားဆန်ဆန် တဟားဟားဖြင့် ရယ်ကာ လှောင်ပြောင်လိုက်သည်။ "နင့်ကို ကူရမယ် ဟုတ်လား။ ဆုတောင်း​လေ.. ကျောက်ယန်ဖိန်ရဲ့ လက်ချက်နဲ့ နင် အသားပြားဖြစ်တာကို မြင်ချင်လို့ လိုက်လာတာ... ဟုတ်ပြီလား"

တုပိုင် စိတ်လေဟန်ဖြင့် မျက်လုံးလှိမ့်လိုက်ရသည်။ "ထိုင်ကြည့်နေရုံပဲလား..."

"အေး...။ အခု ငါ့မှာ တိုက်ခိုက်နိုင်စွမ်း နည်းနည်းလေးတောင် မရှိတော့ဘူး...။ ဒီအတိုင်း တည်ရှိနေရုံသက်သက်ပဲ ကျန်တော့တယ်... စိတ်ဝိညာဉ်စွမ်းအားလည်း မရှိတော့ဘူး..."

တုပိုင်က မသိမသာ လှောင်ပြောင်လိုက်၏။ "စိတ်မပူပါနဲ့...။ ဘုရားသခင်က မင်းအတွက် အစီအစဥ်ရှိမှာပါ။"

မိုဟန်က နားမလည်စွာ မေးလိုက်သည်။ "ဘာအစီအစဉ်လဲ..."

တုပိုင်က ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်၏။ "မသိဘူးလေ။ ဒီအတိုင်း လျှောက်ပြောတာ... ဟားဟား"

မိုဟန်က ဒေါသတကြီး ကြိမ်းဝါးလိုက်သည်။ "ငါသာ အကောင်းတိုင်းရှိနေရင် ကျောက်ယန်ဖိန်က နင့်ကို သတ်ဖို့ အလှည့်တောင် ရမှာမဟုတ်ဘူး... ငါ ကိုယ်တိုင် နင့်ကို ခုတ်သတ်ပစ်မှာ..."

တုပိုင်သည်တော့ သူမအား လျစ်လျူရှုလိုက်ကာ အရှေ့ဘက်သို့ ဆက်လက်၍ ဦးတည်လိုက်သည်။

အချိန်ခဏအကြာတွင် မိုဟန်က ဝန်ခံလာ၏။ "တကယ်တော့ ငါ စဉ်းစားကြည့်သေးတယ်... နင်က ငါ့ကို အရင်စပြီး ရန်မရှာခဲ့ဘူးပဲ...။ နင့်ကို ဘာလို့ အရမ်းမုန်းနေမှန်းတောင် ငါမသိဘူး"

တုပိုင် ရယ်မောကာ ခနဲ့လိုက်သည်။ "ကြည့်စမ်း... ဘုရားသခင်က မင်းကို အရာအားလုံး ဆုံးရှုံးသွားအောင် လုပ်လိုက်တာ အဓိပ္ပာယ်ရှိသွားပြီ... အနည်းဆုံးတော့ မင်း တစ်ကျပ်တော့ ပြည့်လာပြီ..."

မိုဟန် ဒေါသတကြီးဖြင့် ကျိန်ဆဲလိုက်သည်။ "တုပိုင်... နင်နဲ့ စကားထပ်ပြောရင် ငါက ဝက်နဲ့ခွေးထက် ယုတ်ညံ့တဲ့သူပဲ..."

တုပိုင်ကမူ သူမအား လျစ်လျူရှုထားလိုက်၏။

သို့သော် ဆယ်မိနစ်ခန့် အကြာတွင် မိုဟန်က ပြောလာပြန်သည်။ "ဟေး..."

တုပိုင်က ပြောင်ချော်ချော်ဖြင့် ဆိုလိုက်၏။ "ဘာဖြစ်လို့လဲ... ဝက်နဲ့ ခွေးထက် ယုတ်ညံ့တဲ့သူလေး..."

မိုဟန် ဒေါသတကြီူ အော်ဟစ်လိုက်ရသည်။ "ဟဲ့အကောင် နင် ငါ့ကို ဒေါသထွက်အောင် လုပ်မှ ကျေနပ်မှာလား..."

"အရင်တုန်းက မင်းက တခြားသူတွေကို လုံးဝ ဂရုမစိုက်ခဲ့ဘူး မဟုတ်ဘူးလား...။ အခုကျမှ ဘာလို့ ဒီလောက် အထီးကျန်ပြနေတာလဲ..."

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် မိုဟန်က ဝမ်းနည်းစွာ ဆိုလာသည်။ "ဘာလို့လဲဆိုတော့ ငါ့ရဲ့ ခန္ဓာကိုယ်က မရှိတော့ဘူးလေ... ငါ့ရဲ့ စိတ်ဝိညာဉ်ကလည်း မရှိတော့သလိုပဲ...။ ငါသာ စကားမပြောဘူးဆိုရင် လုံးဝ ပျောက်ကွယ်သွားတော့မလိုမျိုး ခံစားနေရတယ်...။ အရင်တုန်းက ငါ တည်ရှိနေတယ်ဆိုတာကို ငါ သိတယ်... ပြီးတော့ ငါက အစွမ်းထက်ပြီး လှပခဲ့တယ်လေ...။ ဒါပေမဲ့ အခု ငါ့မှာ ဘာမှမရှိတော့ဘူး... ငါ့မှာ ကျန်တဲ့ တစ်ခုတည်းသော အရာက စကားပြောနိုင်တဲ့ စွမ်းရည်ပဲ..."

"တုပိုင်... နင်က ကျောက်ယန်ဖိန်ကို မနိုင်မှန်း သိနေရက်နဲ့ ဘာလို့ သွားသေခံရတာလဲ...။ ငါမှာ မိစ္ဆာနယ်စားတစ်ပိုင်း အထွတ်အထိပ် စွမ်းအားတွေ ရှိနေသေးလို့ နင်နဲ့ငါ ပေါင်းရင်တောင် ကျောက်ယန်ဖိန်ရဲ့ လက်တစ်ချောင်းကိုတောင် ယှဉ်နိုင်မှာ မဟုတ်ဘူး...။"

"မိုဟန်... မင်းက ကျပ်မပြည့်ဘူး ဆိုပေမဲ့ မင်းရဲ့ အလိုအလျောက် သိစိတ်ကရော ဘယ်လိုနေလဲ..."

မိုဟန် ဒေါသတကြီး အော်ဟစ်လိုက်၏။ "ငါ့ရဲ့ အလိုအလျောက် သိစိတ်က နင့်ကို သတ်ဖို့ပဲ..."

တုပိုင်က လေးနက်သော အမူအရာဖြင့် ထပ်ပြောသည်။ "ငါ အတည်ပြောနေတာ..."

မိုဟန်က စိတ်မရှည်စွာ ဆိုလိုက်၏။ "နင် ဘာမေးချင်တာလဲဆိုတာကို တည့်သာပြောစမ်းပါဟ"

တုပိုင်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မေးခွန်းထုတ်လိုက်သည်။ "မဟာအိပ်မက်ဆိုးဧကရာဇ်ကို မင်း မြင်ဖူးလား..."

"မြင်ဖူးတာပေါ့... ကျောက်ယန်ဖိန် သူ့ကို ခုတ်သတ်လိုက်တုန်းက ငါ ဘေးနားမှာ ရှိနေတာပဲ... သူ့ခေါင်းဖြတ်ခံလိုက်ရတာကို ငါ ကိုယ်တိုင် မြင်ခဲ့တာ..."

"အဲဒီအချိန်တုန်းက သူ ပြန်ခုခံခဲ့သေးလား...။ ကျောက်ယန်ဖိန်နဲ့ အချီသုံးရာလောက် ပြန်ချခဲ့သေးလား..."

မိုဟန်က ငြင်းဆန်ကာ ရှင်းပြလိုက်၏။ "ဟင့်အင်း... ကျောက်ယန်ဖိန်က အိပ်မက်ဆိုးအင်ပါယာရဲ့ စွမ်းအင်အကာအကွယ်ကို ဖျက်ဆီးပစ်လိုက်ပြီးတဲ့နောက်မှာ အိပ်မက်ဆိုးဧကရာဇ်က ခုခံဖို့ကို လုံးဝ လက်လျှော့လိုက်တာပဲ... ချက်ချင်း အသတ်ခံလိုက်ရတာ..."

"ဒါဆို မဟာအိပ်မက်ဆိုးက ဘယ်လိုလူမျိုးလို့ မင်း ထင်လဲ..."

မိုဟန်က မဆိုင်းမတွပင် ဖြေကြားလိုက်၏။ "အမှိုက်သက်သက်ပဲ..."

တုပိုင်က ပြုံးကာ တိုက်တွန်းလိုက်သည်။ "နည်းနည်းလောက် စဉ်းစားကြည့်လိုက်ဦး... အရမ်းကြီးတော့ မစဉ်းစားနဲ့... အခုမှ တစ်ကျပ်ပြည့်တာ အရမ်းစဥ်းစားလိုက်ရင် ပြားတွေ ပျောက်ကုန်မယ်"

"တုပိုင်... ငါ တကယ် ဒေါသထွက်တော့မယ်နော်...။ ငါ နင့်ကို ဒီလောက် ကောင်းကောင်းမွန်မွန် စကားပြောနေတာကို နင်က ငါ့ကို ဆက်တိုက် နှိမ်နေတယ်..."

"ဟုတ်ပြီ။ ဟုတ်ပြီ။ နည်းနည်းလောက် သေချာ စဉ်းစားကြည့်ပါဦး... ဘုရင်မလေးခင်ဗျ...။" တုပိုင်က ချော့လိုက်၏။

မိုဟန်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အတည်ပေါက် သေချာ စဉ်းစားလိုက်သည်။

သူမ၏ ဘဝတစ်သက်တာတွင် ဦးနှောက်ကို လုံးဝ အသုံးမချခဲ့ဖူးဟုပင် ဆိုနိုင်၏ သူမက ဆုံးဖြတ်ချက်များကို အလိုအလျောက် သိစိတ်ဖြင့်သာ ချမှတ်လေ့ရှိသည်။ သူမအတွက် ဦးနှောက်ဖြင့် စဉ်းစားတွေးခေါ်ရခြင်းက တကယ့ကို ပင်ပန်းလွန်းလှသည်။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၂၁ + ၁၀၂၂) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters