← Chapters

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

21 01

အခန်း (၂၁) ကျေးဇူးတင်ပါတယ်၊ ဦးလေးကျင့်ဇီ

ထိုနေ့မှစ၍ မိန်သည်လည်း စောစောထွက်သွားပြီး ညမှ ပြန်လာတော့သည်။

လုမင်ဟိုင်သည် ဇနီးသည်ကို မတွေ့သောကြောင့် နှစ်ကြိမ်မေးခဲ့သည်။ လုကျောင်းယွဲ့သည် မိန်ပေးထားသော အကြောင်းပြချက်များဖြင့်သာ အဖေကို လှည့်စားခဲ့သည်။

လုမင်ဟိုင်သည် ဇနီးသည်က သူ့ကို စိတ်ဆိုးနေသည်ကို သိသည်။ သို့သော် မိခင်က ထိုသို့ဒူးထောက် တောင်းပန်နေသောအခါ သားတစ်ယောက်အနေဖြင့် မည်သို့ ငြင်းဆန်နိုင်မည်နည်း။ မငြင်းဆန်နိုင်သောအခါ ငွေရှာရန် အပြင်းအထန်သာ ကြိုးစားနိုင်တော့သည်။ သူသည် အခြားမည်သည့် အရည်အချင်းမှမရှိဘဲ တို့ဟူးရောင်းသော ပညာသာ ရှိသည်။ နှစ်မိုင်ပိုပြီး သွားလျှင် တို့ဟူးများများ ရောင်းနိုင်ပြီး ငွေများများ ရနိုင်သည်။ လယ်သမားမိသားစုတွင် အင်အားက အလွန်ပေါများသည်။

သို့သော် လုမင်ဟိုင်သည် အလွန်ပင်ပန်းနေသော်လည်း သူကိုယ်တိုင် သတိမထားမိပေ။ နေ့တိုင်း အိမ်ပြန်ရောက်ပြီး ထမင်းစားပြီးသည်နှင့် အိပ်ပျော်သွားသည်။ ထို့ကြောင့် သူသည် ဇနီးသည်၏ မူမမှန်မှုများကို မတွေ့ရှိခဲ့ပေ။

မိန်သည် ရက်အနည်းငယ် ဆက်တိုက် အပြင်ထွက်သွားသည်။ သူမ ပြန်ရောက်လာသောအခါ ဟန်ဆောင်ခဲ့သော်လည်း လုကျောင်းယွဲ့သည် သူမ၏မျက်ခုံးများမှ ရံဖန်ရံခါ ပေါ်လာတတ်သော ပင်ပန်းနွမ်းနယ်မှုကို မြင်ပြီး မိခင်လုပ်သော အလုပ်သည် မလွယ်ကူကြောင်း သိခဲ့သည်။

သူမ၏စိတ်ထဲတွင် စိုးရိမ်ပူပန် နေသော်လည်း အခြား ဘာမျှမတတ်နိုင်ဘဲ အိမ်၏အိမ်မှုကိစ္စ အားလုံးကို လုပ်ဆောင်ခဲ့သည်။ ပြီးနောက် နေ့တိုင်း မိဘများ ပြန်ရောက်သောအခါ ထမင်းပူပူ တစ်ပန်းကန်ကို ခူးပေးသည်၊ သို့မဟုတ် ရေချိုးရန် ရေနွေးပြင်ပေးခဲ့သည်။

ဤအရာအားလုံးကို လုကျောင်းယွဲ့မှလွဲ၍ လုကွမ်းကျိ တစ်ဦးတည်းကသာ အနည်းငယ် သိထားသည်။

ထိုနေ့တွင် ဒုတိယမြောက်အိမ်မှ လင်မယားနှစ်ယောက် အပြင်ထွက်ပြီးနောက် လုကွမ်းကျိသည် လုကျောင်းယွဲ့၏အခန်းသို့ ရောက်လာသည်။

“အစ်မ...”

“ဘာဖြစ်လို့လဲ” လုကျောင်းယွဲ့သည် လက်ထဲမှ ပန်းထိုးအလုပ်မှ ခေါင်းမော့ကာ မောင်ဖြစ်သူကို ကြည့်လိုက်သည်။

လုကွမ်းကျိသည် ပါးစပ်ကို ဟပြီး ရယ်လိုက်သည်။ “ဘာမှမဟုတ်ပါဘူး။ အဲဒီအာ့ကုန်က တောထဲမှာ ထင်းခုတ်ဖို့ သွားမယ်တဲ့။ ငါ သူတို့နဲ့အတူ သွားမယ်”

လုကျောင်းယွဲ့သည် လက်ထဲမှ အပ်ချည်ကို ချလိုက်ပြီး မျက်ခုံးမွှေးများကို နည်းနည်းတွန့်လိုက်သည်။ “ဘာလို့ ထင်းခုတ်ဖို့ ထပ်သွားတာလဲ။ နင် ဒီရက်ပိုင်းဆက်တိုက် တောထဲမှာ ထင်းသွားခုတ်နေတာပဲ။ ထင်းခန်းထဲက ထင်းတွေ ပြည့်တော့မယ်”

လုကွမ်းကျိ၏ မျက်နှာသည် တောင့်တင်းသွားသည်။ “ဘယ်မှာ ထင်းတွေ ပိုများနေလို့လဲ။ အာ့ကုန်က ခေါ်လို့ သူတို့နဲ့အတူ သွားတာ”

လုကျောင်းယွဲ့သည် အခြားဘာမျှမပြောဘဲ ခေါင်းညိတ်လိုက်သည်။

လုကွမ်းကျိသည် အိမ်မှ အလျင်အမြန် ထွက်သွားသည်။

လုကျောင်းယွဲ့သည် စဥ်းစားပြီးနောက် အဝတ်အစားလဲကာ သူ့နောက်သို့ တိတ်တဆိတ် လိုက်သွားခဲ့သည်။

သူမ၏မိခင် မြို့နယ်သို့ အလုပ်လုပ်ရန် သွားပြီးနောက် အိမ်တွင် အဝတ်လျှော်သော အလုပ်အားလုံးကို လုကျောင်းယွဲ့က လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် သူမသည် မောင်ဖြစ်သူ၏ မူမမှန်မှုများကို ရက်အနည်းငယ်အတွင်း သတိထားမိခဲ့သည်။ လုကွမ်းကျိကိုယ်တိုင် မသိပေ။ သူ၏နေ့စဥ်လဲလှယ်သော အဝတ်အစားများက အလွန်ညစ်ပတ်နေပြီး ဖုန်မှုန့်များ ကပ်နေသည်။ တောင်ပေါ်တွင် ထင်းခုတ်သည်နှင့် အဝတ်အစား ညစ်ပတ်နိုင်သော်လည်း ဤမျှညစ်ပတ်မည် မဟုတ်ပေ။

မောင်ဖြစ်သူ ရွာမှထွက်သွားပြီး လမ်းတစ်လမ်းသို့ ချိုးသွားသည်ကို အဝေးမှ သူမမြင်လိုက်သည်။

လုကျောင်းယွဲ့သည် ထိုလမ်းကို ကြည့်လိုက်သည်။ ဤသည် မြို့နယ်သို့ သွားသောလမ်း ဖြစ်သည်။ သူမ၏စိတ်ထဲတွင် ခံစားမှုအမျိုးမျိုး ရောထွေးနေသည်။ သို့သော် အများကြီး မစဥ်းစားနိုင်ဘဲ သွားများကို တင်းတင်းစေ့ကာ နောက်မှလိုက်သွားသည်။

လမ်းတစ်လျှောက်လုံး ထိုအတိုင်း လျှောက်သွားခဲ့သည်။

လုကွမ်းကျိသည် အလွန် သတိထားတတ်သူ ဖြစ်သောကြောင့် လုကျောင်းယွဲ့သည် အနီးကပ် မလိုက်ရဲဘဲ အဝေးမှသာ လိုက်ခဲ့သည်။ လမ်းမပျောက်လျှင် လုံလောက်သည်။

တာ့ရှီးရွာမှ ယွင်ထျန်းမြို့နယ်သို့ လမ်းလျှောက်သွားလျှင် နာရီဝက်ကျော်ခန့် ကြာမြင့်သည်။

21 02

လုကျောင်းယွဲ့သည် ဤမျှရှည်လျားသောလမ်းကို တစ်ခါမျှ မလျှောက်ဖူးသေးပေ။ သူမသည် ကြိုးစားအားထုတ်လိုသော စိတ်တစ်ခုဖြင့်သာ တောင့်ခံနေခဲ့သည်။ သူမ၏စိတ်သည် ဆီအိုးထဲတွင် ပြုတ်ထားသလို စိုးရိမ်ပူပန်ပြီး ဒေါသထွက်နေသည်။ သူမ၏စိတ်ထဲတွင် အမျိုးမျိုး တွေးတောနေသည်။ သူမ၏စိတ်ထဲတွင် အဖြေရှိပြီးသား ဖြစ်သော်လည်း မယုံကြည်နိုင်ခဲ့ပေ။ မယုံကြည်ချင်လည်း မယုံကြည်ချင်ပေ။

ရာသီဥတုက အလွန်ပူနေသည်။ သူမသည် မောပန်းပြီး ချွေးများ စီးကျနေသည်။

လုကွမ်းကျိသည် အလွန်အဝေးသို့ ရောက်နေပြီ ဖြစ်သောကြောင့် အစက်လေးတစ်စက်သာ မြင်ရတော့သည်။ လုကျောင်းယွဲ့သည် စိတ်ပူပန်မှုများဖြင့် ခြေလှမ်းများကို ပိုမြန်လိုက်သည်။ သူမ၏နောက်တွင် လှုပ်ရှားမှုများကို သတိမထားမိခဲ့ပေ။

လှည်းတစ်စီး သူမဘေးမှ ဖြတ်သွားပြီး သူမ၏ရှေ့တွင် အနည်းငယ် ဝေးသော နေရာ၌ ရပ်တန့်သွားသည်။ လုကျောင်းယွဲ့သည် အများကြီးမစဥ်းစားဘဲ ရှေ့သို့ဆက်လျှောက်ခဲ့သည်။ လှည်းဘေးမှ ဖြတ်သွားသောအခါ အသံတစ်သံက သူမကို ခေါ်လိုက်သည်။

“မင်းက ကျောင်းယွဲ့မဟုတ်လား”

လုကျောင်းယွဲ့သည် ကြောင်သွားပြီး ခေါင်းမော့ကာ လှည်းပေါ်တွင် ရှိသောသူကို ကြည့်လိုက်သည်။

သူသည် ဟန်ကျင်းဆိုသောသူ ဖြစ်ပြီး ဦးလေးငယ်၏ သူငယ်ချင်း ဖြစ်သည်။

သူမ၏မျက်ခုံးမွှေးများ တွန့်သွားပြီး ထိုသူကို စိတ်ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ဟန်ကျင်း၏မျက်နှာသည် ခပ်တည်တည်ဖြစ်သွားပြီး မည်းနက်သောမျက်လုံးများတွင် ထူးဆန်းသောအရာတစ်ခု လင်းလက်သွားသည်။

“ငါက မင်းဦးလေးငယ်ရဲ့ သူငယ်ချင်းပါ” သူက ပြောပြီး သူမကို ပြန်သတိပေးလိုက်သည်။

လုကျောင်းယွဲ့သည် ခေါင်းညိတ်လိုက်သော်လည်း ဘာမှမပြောပေ။

သူမသည် အခြားသူများရှေ့တွင် စကားသိပ်မပြောတတ်ပေ။

“မင်း ဘယ်သွားမလို့လဲ။ ငါ မင်းကို တစ်နေရာအထိ လိုက်ပို့ပေးမယ်” ဟန်ကျင်းသည် စိတ်ပျက်သွားပြီး ပြောကာ သူမကို လှည့်ပတ်ကြည့်လိုက်သည်။

သူမသည် ပုံမှန်လို တောက်ပစွာ မဝတ်ဆင်ထားပေ။ သူမသည် အလုပ်လုပ်ရန် ဝတ်ဆင်သော အပြာရောင် ချည်ထည် ဘောင်းဘီတစ်ထည်ကို ဝတ်ထားပြီး ခေါင်းတွင် ပဝါတစ်ထည်ကို ပတ်ထားသည်။ ပထမတစ်ချက်ကြည့်လျှင် သာမန်သာဖြစ်သော်လည်း ထပ်ကြည့်လိုက်လျှင် သူမ၏စိတ်နေစိတ်ထားကို မြင်နိုင်လိမ့်မည်။

သူမ၏အသားအရည်က အလွန်ဖြူဖွေးသည်။ အကောင်းဆုံးသော ကျောက်စိမ်းဖြူကဲ့သို့ ဖြူဖွေးပြီး နူးညံ့ကာ ကြည်လင်သော ခံစားချက်ကို ပေးသည်။ သိမ်မွေ့သော မျက်ခုံးမွှေးများ၊ စိုစွတ်သော မျက်လုံးများ၊ ပန်းပွင့်ဖတ်ကဲ့သို့ လှပသော နှုတ်ခမ်းများသည် တစ်စုံတစ်ဦးကို ကိုက်ချင်စိတ်ဖြစ်ပေါ်စေသည်။

ဖုန်းယွမ်လမ်းတွင် အမြဲတမ်း ဝင်ထွက်နေသောကြောင့် ဟန်ကျင်းသည် အမျိုးသမီးများစွာကို တွေ့ခဲ့သည်။ အချို့အမျိုးသမီးများက သူ၏ခန္ဓာကိုယ်က တောင့်တင်းပြီး မျက်နှာကလည်း မဆိုး၊ ငွေလည်း ရှိသည်ကို မြင်သောအခါ သူ့ကို ဆွဲဆောင်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် ဟန်ကျင်းက မည်သူ့ကိုမှ စိတ်မဝင်စားပေ။ သူက ညစ်ပတ်သည်ဟု ယူဆသည်။ သူမကိုတွေ့ပြီးနောက်တွင် ထိုအမျိုးသမီးများကို ပို၍ပင် စိတ်မဝင်စားတော့ပေ။

လုကျောင်းယွဲ့သည် တွန့်ဆုတ်သွားပြီး ခေါင်းခါလိုက်သည်။ “ကျေးဇူးတင်ပါတယ်။ ဒါက အခက်အခဲ ဖြစ်သွားမလား”

သူမ၏အသံက အလွန်နူးညံ့သောကြောင့် ဟန်ကျင်း၏နှလုံးသားကို ယားယံစေသည်။ သူမငြင်းဆိုသည်ကို မြင်သောအခါ သူသည် အတင်းအကြပ် ပြောလိုက်သည်။ “အခက်အခဲ မရှိပါဘူး။ မြန်မြန် လှည်းပေါ်တက်ပါ”

လုကျောင်းယွဲ့သည် ရပ်နေဆဲပင်။ ဤလူသည် စကားနားမလည်သူ တစ်ဦးနှင့်တူသည်။ သူ သူမ၏ရည်ရွယ်ချက်ကို နားမလည်ဘူးလား။ သူမသည် မိန်းမပျိုတစ်ဦး ဖြစ်သောကြောင့် လူစိမ်းတစ်ယောက်၏လှည်းပေါ်ကို မည်သို့တက်နိုင်မည်နည်း။

သူမသည် ဤလူကို မည်သို့ပြောရမည်ကို မသိသောကြောင့် တိတ်ဆိတ်စွာ လှည်းကိုပတ်ကာ ခေါင်းကိုငုံ့ပြီး ရှေ့သို့ဆက်လျှောက်ခဲ့သည်။ သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးသည်နှင့် နောက်မှမြင်းခွာသံကို ကြားလိုက်ရသည်။ လှည်းက သူမကို ကျော်တက်သွားပြီး သူမ၏ရှေ့တွင် ရပ်တန့်သွားသည်။

လုကျောင်းယွဲ့သည် မျက်မှောင်ကြုတ်လိုက်သည်။

21 03

သူမ ဘာမှမပြောခင်တွင် ထိုသူက ပြောလိုက်သည်။ “မြန်မြန် လှည်းပေါ်တက်ပါ။ မင်းရဲ့ခြေလှမ်းနဲ့ဆို အခုပဲ လိုက်မမီတော့ဘူး”

လုကျောင်းယွဲ့သည် အဝေးမှ ထိုအစက်လေးကို မမြင်ရတော့ကြောင်း သတိထားမိပြီး စိတ်ပူပန်သွားသည်။

“ငါနဲ့ မင်းဦးလေးငယ်က နှစ်ပေါင်းများစွာ သူငယ်ချင်းတွေပဲ။ မင်း စိတ်မပူနဲ့”

ဘာလုပ်ရမှန်းမသိသောကြောင့် လုကျောင်းယွဲ့သည် လှည်းပေါ်သို့ တက်လိုက်ရသည်။

လှည်းသည် အနည်းငယ်မြင့်သောကြောင့် လုကျောင်းယွဲ့၏ အရပ်ဖြင့်ဆိုလျှင် တွားသွားမှသာ တက်နိုင်မည်ဖြစ်သည်။ သို့သော် ဤသို့လုပ်ခြင်းက သူမအတွက် အလွန်ရှက်စရာ ကောင်းသည်။ သူမသည် ဤသို့သော အပြုအမူမျိုးကို တစ်ခါမျှမလုပ်ဖူးပေ။

မြင့်မားသော လှည်းဘီးတိုင်ကို ကြည့်ပြီး လုကျောင်းယွဲ့သည် ကြောင်နေသည်။ သူမ၏မျက်နှာသည် တဖြည်းဖြည်း နီလာသည်။

ဟန်ကျင်းသည် အမှန်တကယ်တော့ သူမကို အကူအညီ ပေးချင်သည်။ သူသည် သူမ၏ခန္ဓာကိုယ်ကို ခန့်မှန်းကြည့်လိုက်သည်။ လက်တစ်ဖက်ဖြင့်ပင် သူမကို မ နိုင်မည် ဖြစ်သည်။ သို့သော် သူသည် စိတ်လှုပ်ရှားနေသော်လည်း အသိစိတ် မပျောက်ဆုံးသေးပေ။ ထို့ကြောင့် သူသည် ရင်ထဲမှ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်လိုက်ပြီး လှည်းပေါ်မှ ခုန်ဆင်းကာ သူမ၏ရှေ့တွင် မြင်းခုံတန်းတစ်ခုကို ချထားလိုက်သည်။

လုကျောင်းယွဲ့သည် အနည်းငယ် သက်ပြင်းချလိုက်ပြီး ကျေးဇူးတင်သော မျက်လုံးများဖြင့် တစ်ဖက်လူကို ကြည့်လိုက်သည်။

လှည်းပေါ်သို့ တက်ပြီးနောက် ဟန်ကျင်းသည် ကြိမ်လုံးကို လှုပ်လိုက်သောအခါ လှည်းသည် ရှေ့သို့ပြေးသွားသည်။

“မင်း နောက်ကလိုက်နေတဲ့သူက ဘယ်သူလဲ” သူသည် ဂရုမစိုက်ဟန်ဖြင့် မေးလိုက်သည်။

သူသည် သူမကို ခဏတစ်ဖြုတ် စောင့်ကြည့်နေခဲ့သည်။ သူသည် မြို့နယ်သို့သွားရန် လမ်းမှန်တွင်ရှိနေသည်။ သို့သော် ဘာကြောင့်မှန်းမသိ တာ့ရှီးရွာသို့ လမ်းလွဲပြီး ရောက်လာခဲ့သည်။ သူမနဲ့ တွေ့မလားဟု သူ စဥ်းစားခဲ့သည်။ မဖြစ်နိုင်မှန်းသိသော်လည်း ထိုသို့စဥ်းစားနေမိသည်။ ထိုသို့လုပ်ခဲ့ပြီး တကယ်တမ်း သူမနှင့် တွေ့ဆုံခဲ့သည်။ သူမသည် တစ်စုံတစ်ဦးကို လိုက်နေသည်ကို အဝေးမှ မြင်ခဲ့သည်။

လုကျောင်းယွဲ့သည် တုံ့ဆိုင်းသွားပြီး တိုးတိုးလေး ပြောလိုက်သည်။ “ကျွန်မရဲမောင်လေးပါ”

လူကိုကြည့်ရမည် ဖြစ်သောကြောင့် လုကျောင်းယွဲ့သည် လှည်းတွင်းထဲတွင် မထိုင်ဘဲ လှည်း၏အခြားတစ်ဖက်တွင် ထိုင်နေသည်။ ဟန်ကျင်းသည် အလွန်နားလည်သည်။ မြင်း၏ခြေလှမ်းများဖြင့်ဆိုလျှင် ရှေ့တွင်ရှိသော လုကွမ်းကျိကို အချိန်မရွေး ကျော်တက် သွားနိုင်သော်လည်း သူသည် မြင်းကြိုးကို ဆွဲထားပြီး ဖြည်းဖြည်းချင်း လိုက်နေသည်။

ဟန်ကျင်းသည် ခေါင်းညိတ်လိုက်ပြီး ထပ်မမေးတော့ပေ။

လုကျောင်းယွဲ့သည် ဤလူသည် အတော်လေး လိမ္မာသည်ဟု တွေးလိုက်သည်။ အကယ်၍ သူက အကြောင်းရင်းကို ထပ်မေးလျှင် သူမသည် သူ့ကို မည်သို့ဖြေရမည်ကို မသိပေ။

လှည်းပေါ်တွင် အလွန်တိတ်ဆိတ်နေသည်။ ဟန်ကျင်းသည် ပြောရန် စကားအချို့ရှာနေသည်။

သို့သော် သူသည် ပုံမှန်အားဖြင့် စကားသိပ်မများသူ တစ်ဦး ဖြစ်သောကြောင့် ဘာပြောရမည်ကို မသိပေ။ အလွန်အမင်း ရင်းနှီးသော ပုံစံပြလျှင် သူမကို လန့်သွားစေမည်ကို စိုးရိမ်သည်။ သို့သော် အတင်းအဖျင်း စကားများ ပြောနေသော အမျိုးသမီးတစ်ဦးကဲ့သို့လည်း ပြောနိုင်မည် မဟုတ်ပေ။

ထိုအချိန်တွင် လူအနည်းငယ် အဝေးမှ လာနေသည်။ ဟန်ကျင်းသည် မျက်မှောင်ကြုတ်ပြီး အနည်းငယ် တုံ့ဆိုင်းသွားကာ ပြောလိုက်သည်။ “လှည်းတွင်းထဲမှာ ဝင်နေလိုက်ပါ”

လုကျောင်းယွဲ့သည် ကြောင်သွားပြီး ဘာမှနားမလည်လိုက်ပေ။

ဟန်ကျင်းသည် မျက်နှာကို တောင့်တင်းထားပြီး စိတ်ပျက်အားငယ်မှုကို မပြသရန် ကြိုးစားနေသည်။

“လူတွေ လာနေတယ်။ လူတွေက မင်း ငါ့လှည်းပေါ်မှာ ထိုင်နေတာကို မြင်ရင် မင်းဂုဏ်သိက္ခာကို ထိခိုက်လိမ့်မယ်”

လုကျောင်းယွဲ့၏ မျက်နှာသည် နီရဲသွားပြီး ချက်ချင်းပင် နားလည်သွားသည်။ သူမသည် လှည်းတွင်းထဲသို့ အမြန်ဝင်သွားပြီး အထဲမှ လိုက်ကာကို ချလိုက်သည်။

“စိတ်မပူပါနဲ့။ မင်းရဲ့မောင်လေးကို ငါ ကူကြည့်ပေးမယ်”

အခြားတစ်ဖက်၏အသံသည် လှည်းတွင်းမှ ထွက်ပေါ်လာသည်။ လုကျောင်းယွဲ့သည် သူက တကယ်ပဲ လူပြောနေသလို မဟုတ်ပါလား ဟု တွေးလိုက်သည်။

21 04

ဤအချိန်အတွင်းတွင် လုကျောင်းယွဲ့သည် အခြားတစ်ဖက်က လူဆိုးမဟုတ်ကြောင်း သိလိုက်သည်။ လူဆိုးတစ်ဦးက သူမ လှည်းပေါ်သို့ မတက်နိုင်သည်ကို သိပြီး မြင်းခုံတန်းတစ်ခုကို ကူချပေးမည်လား။ လူဆိုးတစ်ဦးက အခြေအနေ မူမမှန်သည်ကို သိသော်လည်း လေးလေးစားစားနှင့် မမေးဘဲနေမည်လား။ လူဆိုးတစ်ဦးက သူမ၏ဂုဏ်သိက္ခာကို ထိခိုက်မည်ကို စိုးရိမ်သောကြောင့် သူမကို အထဲသို့ ဝင်ခိုင်းမည်လား။

အထူးသဖြင့် သူသည် ဦးလေးငယ်၏ သူငယ်ချင်းဖြစ်သောကြောင့် သူသည် လူဆိုးမဟုတ်လောက်ပေ။

ဤအချိန်တွင် လူဆိုးမဟုတ်တော့သော ဟန်ကျင်းသည် မျက်နှာတင်းမာစွာဖြင့် လှည်းကိုမောင်းနေပြီး ထိုလူများရှေ့မှ ဖြတ်သွားသည်။ သူသည် သူတို့အပေါ် အလွန်ဒေါသထွက်နေသည်။ ဘာလို့ စောစောလည်းမလာ၊ နောက်ကျလည်း မလာဘဲ ဤအချိန်တွင် လာရတာလဲ။ သူနှင့်သူမကြားက ပတ်သက်မှုကို အနှောင့်အယှက် ပေးခဲ့သည်။

လှည်းသည် လျင်မြန်စွာ ပြေးသွားသည်။ လုကျောင်းယွဲ့သည် လှည်းတွင်းမှ ထပ်မထွက်တော့ဘဲ ဆက်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် ယွင်ထျန်းမြို့နယ်နှင့် ပိုနီးလာပြီး လမ်းပေါ်တွင် လျှောက်သွားသောလူလည်း ပိုများလာသောကြောင့် ဖြစ်သည်။

မည်မျှကြာသွားသည်မသိဘဲ အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

“ရောက်ပြီ”

လုကျောင်းယွဲ့သည် အပြင်ထွက်လိုသောကြောင့် လိုက်ကာကို လျင်မြန်စွာ ဖယ်လိုက်သည်။ သို့သော် လှည့်လာပြီး သူမနှင့် စကားပြောရန်လာသော ဟန်ကျင်းနှင့် တိုက်မိမလို ဖြစ်သွားသည်။

နှစ်ဦးလုံး သတိမထားမိကြဘဲ တစ်ယောက်နှင့်တစ်ယောက် တိုက်မိလုနီးပါး ဖြစ်သွားသည်။

“အား” လုကျောင်းယွဲ့သည် တိုးတိုးလေး အော်လိုက်သည်။

ဟန်ကျင်းသည် သူမ၏လက်မောင်းကို ကိုင်ထားသော သူ၏လက်ကို လျင်မြန်စွာ ရုပ်လိုက်သည်။ “မင်း အဆင်ပြေရဲ့လား”

နှစ်ဦးကြားက အကွာအဝေးက အလွန်နီးကပ်သောကြောင့် တစ်ယောက်၏ အသက်ရှူသံကိုပင် တစ်ယောက် ကြားနေရသည်။ လုကျောင်းယွဲ့၏ အသက်ရှူသံသည် တင်းကျပ်သွားပြီး သူမသည် နောက်သို့ လျင်မြန်စွာ ဆုတ်သွားသည်။ သူမ၏မျက်နှာသည် နီရဲနေသည်။ သူမသည် ကျုံ့ထားသော သူမ၏လက်ချောင်းများကို တင်းတင်း ဆုပ်ကိုင်ထားပြီး သူမ၏လက်ချောင်းထိပ်များသည် ပူနေသည်။ သူမသည် သူ့ကို ထိမိသွားသလို ဖြစ်သွားခဲ့သည်။

ခဏတာ ထိမိလိုက်ခြင်းဖြင့်ပင် လုကျောင်းယွဲ့သည် အခြားသူ၏ အင်္ကျီအောက်မှ ကြွက်သားများ တင်းတင်းမာမာ ရှိနေကြောင်း ခံစားလိုက်ရသည်။ သူမ၏ အစ်ကိုကြီးနှင့် မောင်ငယ်တို့နှင့် မတူပေ။

ဟန်ကျင်းသည် အနည်းငယ် နောင်တရသော ခံစားချက်ကို ခံစားရသည်။ သူသည် ထိုခံစားချက်ကို ဖုံးကွယ်ပြီး အခြားတစ်ဖက်သို့ မျက်နှာလှည့်ကာ လည်ချောင်းရှင်းလိုက်သည်။ “မင်း အပြင်ထွက်ဖို့ မလောနဲ့ဦး။ မင်း လမ်းသိရဲ့လား။ မိန်းမပျိုတစ်ဦးက တစ်ယောက်တည်း အပြင်သွားတာ မလုံခြုံဘူး။ ငါက မင်းဦးလေးငယ်ရဲ့ သူငယ်ချင်း ဖြစ်နေတော့ ဒီအတိုင်းပဲ ကြည့်နေလို့ မရဘူး။ ဒီလိုလုပ်လိုက်မယ်။ ငါလည်း အခု ဘာမှမလုပ်တော့ဘူး။ မင်း ဘယ်သွားမလို့လဲ။ ငါ လိုက်ပို့ပေးမယ်”

လုကျောင်းယွဲ့သည် ခဏတာ တွန့်ဆုတ်သွားပြီးနောက် သဘောတူလိုက်သည်။

အမှန်တကယ်တော့ သူမသည် လှည်းတွင်းထဲတွင် နေနေခြင်းက အသင့်တော်ဆုံး ဖြစ်သည်။ သူမသည် ထိုအချိန်က စိတ်ပူပန်သောကြောင့် အများကြီးမစဥ်းစားဘဲ နောက်မှ လိုက်လာခဲ့သည်။ ဤအချိန်တွင်မှ မြို့နယ်က သူတို့ရွာနှင့် အလွန်နီးကြောင်း သတိထားမိသည်။ အသိအကျွမ်းတစ်ဦးနှင့် တွေ့နိုင်ပြီး ထိုအကြောင်း ပြန်ပြောမိသောအခါ သူမ၏မိခင် ကြားသိလျှင် သူမကို ဆူပူအပြစ်တင်ရုံသာမက နောက်ပိုင်းတွင် သူမ အိမ်မှ ထွက်နိုင်တော့မည် မဟုတ်ပေ။

အရင်ကဆိုလျှင် အပြင်မထွက်လည်း အပြင်မထွက်တော့ဘူးပေါ့။ သို့သော် ယခုမူ မဖြစ်နိုင်တော့ပေ။ သူမတွင် လုပ်စရာများစွာရှိနေသည်။

“ဆက်ပြီး လိုက်ရဦးမလား”

လုကျောင်းယွဲ့သည် တိုးတိုးလေး ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်၊ ဦးလေးကျင့်ဇီ”

သူမ ဤသို့ခေါ်ရခြင်းမှာ ထိုနေ့က နျူတာ့က သူ့ကို ထိုသို့ခေါ်သည်ကို ကြားခဲ့သောကြောင့် ဖြစ်သည်။ သူက ဦးလေးငယ်၏ သူငယ်ချင်းဖြစ်ပြီး သူတို့သည် အသက်အရွယ် တူညီသောသူများ ဖြစ်သောကြောင့် သူမသည် သူ့ကို ဦးလေးဟု ခေါ်ရမည်ဖြစ်သည်။

21 05

မည်သည့်အကြောင်းပြချက်မှမရှိဘဲ အကြီးအကဲဟု ခေါ်ခံလိုက်ရသော ဟန်ကျင်း၏ မျက်နှာသည် ရုတ်တရက် မည်းသွားသည်။ သူသည် တစ်ခုခုပြောလိုသော်လည်း ငြင်းပယ်ရန် ခက်ခဲသောကြောင့် မတတ်နိုင်ဘဲ ပြန်ဖြေလိုက်သည်။ “ဒီလောက် ယဥ်ကျေးစရာမလိုပါဘူး”

သူ၏စိတ်ထဲတွင်မူ အလွန်ခံပြင်းနေသည်။

ဘာလို့ ဦးလေးဖြစ်သွားတာလဲ။

သို့သော် ခဏတစ်ဖြုတ် စဥ်းစားပြီးနောက် သူ၏စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

ဦးလေးဖြစ်လည်း ဦးလေးပေါ့။ သူက မိန်ကျွမ်းယီ၏သူငယ်ချင်း ဖြစ်သောကြောင့် သူ၏နာမည်ကို အသုံးပြုပြီး သူမ၏တူမနှင့် ရင်းနှီးအောင် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သူသည် သူတို့နှစ်ဦးကြားရှိ အထီးကျန်ဆန်သော ခံစားချက်ကို မည်သို့ ဖယ်ရှားရမည်ကို စဥ်းစားနေခဲ့သည်။ ဤသို့ဆိုလျှင် ပိုမိုလွယ်ကူသွားသည်။

ဟန်ကျင်းသည် ထိုသို့သော ဆိုးရွားသော အခြေအနေများတွင်ပင် ရယ်မောပျော်ရွှင်နေအောင် ကြိုးစားနေသည်။

******

22 01

အခန်း (၂၂) ငါးစာမိသွားပြီ

လုကွမ်းကျိသည် သူ၏ကိုယ်ခန္ဓာကြံ့ခိုင်မှုက မဆိုးဟု အမြဲတွေးထားသော်လည်း မြို့နယ်သို့ ဤအတိုင်း လမ်းလျှောက် လာရသည်မှာလည်း အလွန်ပင်ပန်းနေသည်။

သူသည် နားရန် အချိန်မရဘဲ ဦးတည်ရာသို့ ဆက်လျှောက်သွားသည်။ သူသည် ဤနေရာတွင် ရက်အနည်းငယ်ကြာ ရှိနေပြီး အလုပ်လုပ်နေသည်မှာ ရက်အနည်းငယ်ကြာပြီ ဖြစ်သောကြောင့် နေရာကို ကောင်းကောင်းသိနေသည်။

လမ်းအချို့ကို ပတ်ပြီးနောက် လှည်းရထားများ ရပ်နားရာသို့ ရောက်ရှိလာသည်။

လှည်းရထားများ ရပ်နားရာ၏ရှေ့တွင် အလွန်ကျယ်ပြန့်သော နေရာလွတ်ရှိသည်။ ထိုအချိန်တွင် ကုန်တင်ကားများစွာ ရပ်ထားပြီး ရိုးရှင်းသောအဝတ်အစားများကို ဝတ်ဆင်ထားသော အလုပ်သမားများစွာသည် ကားများပေါ်မှ ကုန်ပစ္စည်းများကို ချနေကြသည်။

လုကွမ်းကျိသည် အနီးသို့ရောက်လာပြီး စက္ကူဖျင်ဖြင့် ပြုလုပ်ထားသော ရွက်ဖျင်တဲတစ်ခုထဲသို့ ဝင်သွားသည်။ အတွင်းတွင် အလယ်အလတ်အရွယ်ရှိသော အမျိုးသားတစ်ဦးသည် သူ့ကိုမြင်သည်နှင့် မျက်မှောင်ကြုတ်ကာ လက်ယမ်းပြလိုက်သည်။

“ဒီနေ့လည်း ဘာလို့ ပြန်လာတာလဲ။ ဒီနေ့ ချရမှာက ဆန်အိတ်တွေ။ မင်း မနိုင်ဘူး”

လုကွမ်းကျိသည် မလှုပ်မယှက် ရပ်နေသည်။

ထိုလူက သက်ပြင်းချလိုက်ပြီး။ “ဒီကလေးက ဘာလို့ ဆုံးမစကား နားမထောင်တာလဲ။ မင်းက အသက် ဘယ်လောက်ရှိပြီလဲ။ ခန္ဓာကိုယ်တောင် မဖွံ့ဖြိုးသေးဘူး။ ဘယ်လိုလုပ် ဒီလိုပင်ပန်းတဲ့အလုပ်မျိုး လာလုပ်နိုင်မှာလဲ”

အတွင်းတွင် စာရင်းလာသွင်းပြီး ကုန်ပစ္စည်းသယ်ရန် ပြင်ဆင်နေသော အလုပ်သမားတစ်ဦးသည်လည်း ပြောလိုက်သည်။ “မင်း ဦးလေးဟူပြောတာကို နားထောင်ပြီး နောက်နှစ် အနည်းငယ်ကြာမှ ပြန်လာပါ”

လုကွမ်းကျိသည် မလှုပ်မယှက် ရပ်နေပြီး စကားမပြောပေ။

ဦးစီးဟူသည် မျက်ခုံးမွှေးများကို တွန့်ထားပြီး ဤခေါင်းမာသောကလေးကို မငြင်းနိုင်သောကြောင့် ပြောလိုက်သည်။ “အေး အေး။ သွားတော့။ သတိထားဦး။ ခါးမနာစေနဲ့။ ငါက မင်း အတွက် အများကြီး စာရင်းသွင်းပေးထားမယ်။ မင်းလည်း အရမ်းကြီး ကြိုးစားနေဖို့ မလိုဘူး”

ဘေးမှ လူတစ်ဦးက ပြောလိုက်သည်။ “ဦးစီးဟူ၊ ကျွန်တော်တို့အတွက်လည်း အများကြီး စာရင်းသွင်းပေးပါဦး”

“ဟုတ်တယ်။ ဟုတ်တယ်”

ဦးစီးဟူသည် ဆဲဆိုလိုက်သည်။ “သွား သွား သွား။ တခြားကလေးတွေက အိမ်မှာ အခက်အခဲရှိလို့ ဒီလိုပင်ပန်းတဲ့အလုပ်မျိုးကို လာလုပ်ရတာ။ မင်းတို့မှာလည်း အခက်အခဲရှိလို့လား။ အားလုံး အပြင်ထွက်ပြီး အလုပ်လုပ်ကြတော့”

အလုပ်သမားအားလုံးသည် ရယ်မောကာ အပြင်ထွက်သွားကြသည်။

“ကျေးဇူးတင်ပါတယ်၊ ဦးလေးဟူ”

ဦးစီးဟူသည် သက်ပြင်းချလိုက်ပြီး “မင်းတို့အိမ်မှာ ဘာအခက်အခဲတွေရှိလဲဆိုတာ ငါ မသိပေမဲ့ မင်းကို ဆုံးမချင်တယ်။ ဒီလိုအလုပ်မျိုးကို မလုပ်သင့်ဘူး”

လုကွမ်းကျိသည် သူ့ကို ဦးညွတ်လိုက်ပြီး အပြင်ထွက်သွားသည်။

ဆန်အိတ်တစ်အိတ်သည် ပေါင်တစ်ရာရှိသည်။ အခြားလူများက တစ်ခါတည်း ဆန်အိတ်နှစ်အိတ်၊ သုံးအိတ် သို့မဟုတ် လေးအိတ်၊ ငါးအိတ်အထိပင် သယ်နိုင်ကြသည်။ လုကွမ်းကျိသည် တစ်ခါတည်း ဆန်အိတ်တစ်အိတ်သာ သယ်နိုင်သော်လည်း ထိုတစ်အိတ်ကပင် သူ့အတွက် မခံနိုင်သော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေသည်။ သူသည် ကြိုးစားအားထုတ်လိုသော စိတ်တစ်ခုဖြင့်သာ တောင့်ခံနေသည်။

တစ်မနက်ခင်းလုံး အလုပ်လုပ်ပြီးပါက ကြေးပြား အပြားနှစ်ဆယ် ရရှိလိမ့်မည်။ ဤအရာကလည်း ဦးလေးဟူက သူ့ကို သနားသောကြောင့် လူကြီးအဖြစ် သတ်မှတ်ပေးထားခြင်း ဖြစ်သည်။ လုကွမ်းကျိသည် သူ့ရဲ့ကိုယ်ပိုင်အင်အားဖြင့် ဤကြေးပြား အပြားနှစ်ဆယ်ကို ဘယ်အချိန်မှ ရှာနိုင်မည်ကို တွေးနေသည်။ သူသည် မည်သူ့ကိုမှ ကျေးဇူးမခံချင်ပေ။

လုကွမ်းကျိသည် အိမ်၏အခြေအနေကို ကောင်းကောင်းသိသည်။ အစ်ကိုကြီး လက်ထပ်ရတော့မည်။ အစ်မကြီးလည်း လက်ထပ်ရတော့မည်။ မူလက မိသားစုတွင် ငွေမလုံလောက်ဘဲ အဘိုးနှင့်အဘွားက အဒေါ်ငယ်၏ရောဂါကို ကုသရန်အတွက် တစ်ဝက်ကျော်ခန့် ယူသွားခဲ့သည်။ ဤရက်ပိုင်းများတွင် သူ၏အဖေသည် စောစောထွက်သွားပြီး ညမှပြန်လာသည်။ သူ၏အမေသည်လည်း အမျိုးသမီးတစ်ဦးအနေဖြင့် အလုပ်ထွက်လုပ်သည်။ လုကွမ်းကျိသည် သူ၏အသက်က မငယ်တော့သောကြောင့် အိမ်အတွက် ကူညီသင့်သည်ဟု တွေးလိုက်သည်။

သို့သော် သူသည် ငယ်ရွယ်ပြီး အားနည်းသည်။ အိမ်ရှိလူများကိုလည်း လျှို့ဝှက်ထားရသည်။ ဤနေရာက အလုပ်သာ အနည်းငယ် ပေါ့ပါးသောနေရာ ဖြစ်သည်။ လုကွမ်းကျိသည် မြို့နယ်တွင် အချိန်အတော်ကြာ လျှောက်သွားပြီးမှ ဤနေရာကို ရွေးချယ်ခဲ့သည်။

22 02

လုကွမ်းကျိသည် ကုန်ပစ္စည်း တစ်အိတ်သယ်ပြီး အပြင်သို့ထွက်လာသည်။ ပခုံးများနှင့် ခါးတို့သည် အလွန်နာကျင်နေသည်။ သူသည် ထိုအရာကို မစဥ်းစားမိစေရန် ကြိုးစားနေသည်။ ထိုအခါ လူတစ်ဦး ရုတ်တရက် သူ့ရှေ့သို့ ပြေးလာသည်။

သူသည် ခေါင်းမော့ကြည့်လိုက်သောအခါ အစ်မဖြစ်သူဖြစ်နေသည်။

လုကျောင်းယွဲ့သည် မျက်ရည်များရွဲကာ မောင်ဖြစ်သူ၏ လက်မောင်းကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။ “ငါနဲ့ လိုက်ခဲ့”

လုကွမ်းကျိသည် ရုန်းကန်ခြင်း မရှိပေ။ ဤအချိန်တွင် ရုန်းကန်လျှင် သူသည် လူမိုက်ဖြစ်လိမ့်မည်။ သူသည် အစ်မ၏နောက်သို့ တိုးတိုးတိတ်တိတ် လိုက်သွားပြီး ထောင့်တစ်နေရာတွင် ရပ်လိုက်ကြသည်။

“နင် ဘယ်အချိန်က ဒီကို ရောက်နေတာလဲ။ ဘယ်လောက်ကြာပြီလဲ”

လုကျောင်းယွဲ့သည် သူမကိုယ်သူမ အပြစ်တင်မိသည်။ ဘာလို့ နောက်ကျပြီးမှ သိရတာလဲ။ ဘာလို့ ပထမဆုံး သိလိုက်သည်နှင့် မတားဆီးတာလဲ။ ဘာလို့ စိတ်ထဲတွင် အမျိုးမျိုး တွေးနေတာလဲ။ သူမ၏မောင်ငယ်က အသက်ဘယ်လောက် ငယ်သေးတာလဲ။ ဘယ်လိုလုပ် ဒီလိုပင်ပန်းတဲ့ အလုပ်မျိုးကို လာလုပ်နေတာလဲ။ လုကျောင်းယွဲ့သည် အဝေးမှ မောင်ငယ်က ကုန်ပစ္စည်းတစ်အိတ်ကို သယ်လာပြီး ကိုယ်ခန္ဓာတစ်ခုလုံးက ကွေးနေသည်ကို မြင်လိုက်သည်။ သူမသည် ထိုနေရာတွင် ပြိုလဲမလို ခံစားခဲ့ရပြီး လှည်းပေါ်မှ ဘယ်လို ပြေးဆင်းခဲ့သည်ကိုပင် မသိလိုက်တော့ပေ။

“မကြာသေးပါဘူး၊ အစ်မ” လုကွမ်းကျိသည် ပြုံးချင်သေးသော်လည်း အစ်မ၏မျက်ရည်များကို မြင်သောအခါ အပြစ်ရှိသလို ခံစားပြီး ခေါင်းငုံ့သွားသည်။ “ငါးရက်လောက်ပဲ ရှိပါသေးတယ်”

“ငါနဲ့ အိမ်ပြန်လိုက်ခဲ့”

“ငါ့ကို အလုပ်ဖိုး မရှင်းရသေးဘူး။ ပြီးတော့ မွန်းတည့်ချိန်အထိ မလုပ်ရင် ဒီနေ့အတွက် အလုပ်ဖိုးမရဘူး” လုကွမ်းကျိသည် ထိုကြေးပြား အပြားနှစ်ဆယ်ကို မစွန့်လွှတ်နိုင်သေးပေ။

“အဲဒီငွေကို မယူတော့ဘူး”

“အစ်မ...”

“နင် ငါပြောတာကို နားမထောင်ဘူးလား” လုကျောင်းယွဲ့သည် သူ့လက်ကို တုန်ယင်စွာ ဆုပ်ကိုင်ထားပြီး ဒေါသထွက်ကာ စိတ်ပူပန်နေသည်။

“အစ်မ၊ ငါ့ကို ဒီနေ့အလုပ်ပြီးအောင် လုပ်ခွင့်ပေးပါဦး...”

အဝေးမှနေ၍ ဤနေရာကို စောင့်ကြည့်နေသော ဟန်ကျင်းသည် သက်ပြင်းချလိုက်ပြီး လျှောက်လာခဲ့သည်။ သူသည် ဘာစကားမှမပြောဘဲ လုကွမ်းကျိ၏ အင်္ကျီကော်လာကို ဖမ်းဆွဲပြီး ကြက်ပေါက်လေး တစ်ကောင်ကို သယ်လာသကဲ့သို့ လှည်းဘေးသို့ ဆွဲခေါ်သွားသည်။

လုကွမ်းကျိသာမက လုကျောင်းယွဲ့သည်ပါ အံ့အားသင့်သွားသည်။ သူမသည် နောက်မှ ခပ်သွက်သွက်လေး လိုက်သွားခဲ့သည်။ လုကွမ်းကျိကို လှည်းထဲသို့ ပစ်ထည့်လိုက်ပြီး ဟန်ကျင်းက ပြောလိုက်သည်။ “မင်းအစ်မပြောတာ နားထောင်လိုက်”

လုကွမ်းကျိသည် လှည်းထဲမှ ရုတ်တရက် ခုန်ထွက်လာပြီး မျက်နှာတွင် သတိထားခြင်းနှင့် သံသယများ ရောထွေးနေသည်။ အစားအစာကို ကာကွယ်နေသော ခွေးပေါက်လေး တစ်ကောင်နှင့်တူသည်။ ဟန်ကျင်းက ထိုသို့ခံစားလိုက်ရသည်။

“ခင်ဗျား ဘယ်သူလဲ။ ဘာလို့ ငါ့အစ်မနဲ့ အတူရှိနေတာလဲ။ ခင်ဗျား ဘာရည်ရွယ်ချက် ရှိတာလဲ”

လုကွမ်းကျိ၏အမြင်တွင် သူ့အစ်မက လှပပြီး စိတ်ကောင်းရှိသည်။ ရွာထဲတွင် သူ့အစ်မကို တိတ်တဆိတ် သဘောကျနေသော လူအများအပြား ရှိသည်။ သို့သော် သူ့အမေက သူ့အစ်မကို အလွန် ထိန်းချုပ်ထားသောကြောင့် သူတို့သည် သူ့အစ်မနှင့် တွေ့ဆုံရန် အခွင့်အရေး ရှာမရခဲ့ပေ။ မြို့နယ်သို့ အလုပ်လုပ်ရန်လာနေသည့် ဤရက်ပိုင်းများအတွင်းတွင် ဤလူသည် အခွင့်အရေးကို အသုံးချပြီး ချဉ်းကပ်ခဲ့ခြင်း ဖြစ်နိုင်သလား။ သို့သော် လုကွမ်းကျိသည် အကြာကြီး စဥ်းစားခဲ့သော်လည်း ဤလူသည် မည်သည့်ရွာမှဖြစ်သည်ကို စဥ်းစားမရခဲ့ပေ။

လုကွမ်းကျိ၏စကားများ မမှန်နေဟု မဆိုနိုင်ပေ။

သို့သော် ဟန်ကျင်းသည် သူသည် ရည်ရွယ်ချက်ရှိကြောင်း သူ့ကို ပြောပြမည် မဟုတ်ပေ။

“ခင်ဗျားကို သတိပေးလိုက်မယ်။ ငါ့အစ်မက စေ့စပ်ထားပြီးသား။ ခင်ဗျား ငါ့အစ်မနဲ့ ဝေးဝေးနေပါ”

လုကွမ်းကျိသည် ဤလူသည် လူကောင်းတစ်ယောက်နှင့် မတူကြောင်း သိသည်။ သူသည် အတွေ့အကြုံ မရှိသော်လည်း ဤအရာကို ခွဲခြားသိနိုင်သည်။ ဤလူသည် သူ့အတွက် လူကောင်းတစ်ယောက်နှင့်မတူပေ။ သူ့အစ်မက ဤမျှရိုးသားသောကြောင့် အလိမ်ခံရမည်ကို စိုးရိမ်နေသည်။

22 03

လုကွမ်းကျိသည် ဤစကားများကို အလွန်မြန်မြန် ပြောခဲ့သောကြောင့် လုကျောင်းယွဲ့သည် တားဆီးရန် အချိန်မရလိုက်ပေ။ သူမ သတိထားမိလိုက်သောအခါ မောင်ဖြစ်သူ ဘာပြောခဲ့သည်ကို သိလိုက်ပြီး ခေါင်းထိပ်မှပင် ရှက်ရွံ့မှုများ ထွက်ပေါ်လာသည်။ သို့သော် ဟန်ကျင်း၏မျက်နှာက မည်းသွားသည်။ အဘယ်ကြောင့်ဆိုသော် ငါ့အစ်မက စေ့စပ်ထားပြီးသား၊ ဟူသော စကားကြောင့်ဖြစ်သည်။

သူမ စေ့စပ်ထားတာလား။ ဘယ်သူနဲ့လဲ။ ဘယ်အချိန်ကလဲ။

သူ မသိခင်တွင် သူမသည် စေ့စပ်ထားပြီလား။ လွန်ခဲ့သည့်ရက်အနည်းငယ်က သူသည် ပေါ့ပေါ့ပါးပါး မေးမြန်းခဲ့သောအခါ မိန်ကျွမ်းယီက မစေ့စပ်ရသေးဘူးဟု ပြောခဲ့သည်။

“မောင်လေး၊ နင် ဘာတွေပြောနေတာလဲ။ နင် အထင်လွဲနေတာ” လုကျောင်းယွဲ့၏မျက်နှာသည် ရဲရဲနီနေပြီး ဘာလုပ်ရမှန်းမသိဘဲ ရှင်းပြလိုက်သည်။ “သူက ဦးလေးငယ်ရဲ့ သူငယ်ချင်းပါ။ နင်ပြောသလို မဟုတ်ပါဘူး။ ငါ နင့်နောက်က လိုက်ရင်း နောက်ကျနေတုန်း ဦးလေးကျင့်ဇီနဲ့ တွေ့လိုက်လို့ လိုက်ပို့ခိုင်းခဲ့တာ”

လုကွမ်းကျိသည် အစ်မကို သံသယဖြင့် ကြည့်လိုက်သည်။ ပြီးနောက် မျက်နှာမည်းနေသော ဦးလေးကျင့်ဇီကို ကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။ “တကယ်လား”

“တကယ်ပေါ့” လုကျောင်းယွဲ့သည် ခြေထောက်ကို ဆောင့်နင်းပြီး ပြောလိုက်သည်။ “ပြီးတော့ နင်ပြောတဲ့စကားတွေကို ဘယ်သူ သင်ပေးတာလဲ...”

လုကွမ်းကျိသည် ရှင်းပြခြင်း မရှိပေ။ သူသည် ရွာထဲမှ လူအများအပြားက သူမကို တိတ်တဆိတ် သဘောကျနေကြောင်း အစ်မကို ပြောမည်မဟုတ်ပေ။ သူသည် သူမ၏ကိစ္စများကို ထောင့်တစ်နေရာမှ မေးမြန်းနေသော သူများအကြောင်း ပြောလျှင် အမေသိသွားပြီး ရိုက်ခြင်းကပင် အသေးအမွှား ဖြစ်လိမ့်မည်။

လုကျောင်းယွဲ့သည် မျက်နှာနီရဲစွာဖြင့် ဟန်ကျင်းကို ထပ်မံရှင်းပြလိုက်သည်။ “ဦးလေးကျင့်ဇီ၊ စိတ်မရှိပါနဲ့။ ကျွန်မရဲမောင်လေးက ငယ်ပါသေးတယ်။ ဘာမှမသိသေးပါဘူး”

ဟန်ကျင်းသည် သူမကို တစ်ချက်ကြည့်လိုက်သည်။ “ကိစ္စမရှိပါဘူး” ခဏရပ်လိုက်ပြီးနောက် ပြောလိုက်သည်။ “မင်းတို့ ပြန်တော့မလို့လား။ ဒါဆို ငါ လိုက်ပို့ပေးမယ်”

သူသည် သူမ စေ့စပ်ထားခြင်းကို စဥ်းစားနေဆဲပင်။ သို့သော် ဤကောင်လေးက ပြောသည် ဆိုသောကြောင့် အမှန်ဖြစ်နိုင်ကြောင်း တွေးလိုက်သည်။

ဤသို့တွေးလိုက်သောအခါ ဟန်ကျင်း၏စိတ်သည် နစ်မြုပ်သွားသည်။

လုကျောင်းယွဲ့သည် ခေါင်းညိတ်လိုက်ပြီး မောင်ဖြစ်သူကို လှည်းပေါ်တက်ခိုင်းလိုက်သော်လည်း လုကွမ်းကျိသည် မလှုပ်မယှက် ရပ်နေသည်။

“နင် ဒီမှာပဲ ဆက်နေချင်သေးတာလား” လုကျောင်းယွဲ့သည် စိတ်ပူပန်စွာဖြင့် ပြောလိုက်သည်။

လုကွမ်းကျိ၏ မျက်လုံးနှင့်မျက်ခုံးများက ခေါင်းမာနေသော်လည်း ပြောလိုက်သည်။ “အစ်ကိုကြီးရဲ့ လက်ထပ်ပွဲ...”

လုကျောင်းယွဲ့သည် ညီဖြစ်သူ ဘာကြောင့် ဤနေရာတွင် အလုပ်လုပ်နေသည်ကို သိသည်။ အတိုချုပ်အားဖြင့် သူမ၏အမေနှင့် တူညီသော အတွေးအခေါ်ရှိနေသည်။ သို့သော် ဤနေရာသည် ဘယ်လိုနေရာမျိုးလဲ။ သူမ၏မောင်လေးသည် အသက်ဆယ့်သုံးနှစ်သာ ရှိသေးသည်။ ထို့ကြောင့် လုကျောင်းယွဲ့သည် သူ့ကို ဤနေရာတွင် ဆက်ပြီး အလုပ်လုပ်ခွင့်ပြုမည်မဟုတ်ပေ။

“အစ်ကိုကြီးရဲ့ လက်ထပ်ပွဲကို နင် စိတ်ပူစရာမလိုဘူး။ ငါနဲ့ အိမ်ပြန်လိုက်ခဲ့”

လုကွမ်းကျိသည် မူလကတည်းက ဆိုးသွမ်းတတ်သောသူ ဖြစ်သည်။ မိသားစုနှင့်သာ ပိုကောင်းအောင် နေသည်။ လုကျောင်းယွဲ့က သူ့ကို ဤသို့ အတင်းအကြပ် လုပ်သောအခါ သူသည် သဘောမတူပေ။ သို့သော် ဟန်ကျင်းဟူသော လူစိမ်းတစ်ဦးရှေ့တွင် သူတို့၏ အရှက်ရစရာ အခြေအနေကို ပြောရန်လည်း ခက်ခဲသည်။ ထို့ကြောင့် မောင်နှမနှစ်ဦးသည် တောင့်တင်းနေသည်။

ဟန်ကျင်းသည် သူမ၏စေ့စပ်ထားခြင်း အကြောင်းကို အလျင်အမြန် စုံစမ်းချင်နေသည်။ ဤအနံ့ဆိုးထွက်နေသော ကောင်လေးက အလုပ်ဆက်လုပ်ရန် ခေါင်းမာနေပြီး သူမ၏အစ်မက သူ့ကို တိုက်တွန်းရန် မျက်ရည်များပင် ထွက်လာသည်ကို မြင်သောအခါ ပြောလိုက်သည်။ “မင်းက အလုပ်လုပ်ပြီး ငွေရှာချင်တာ မဟုတ်လား။ ငွေရှာချင်ရင် ငါက မင်းကို အလုပ်တစ်ခုရှာပေးမယ်။ အလုပ်က မပင်ပန်းဘူး။ ငွေလည်း ပိုရမယ်”

လုကွမ်းကျိသည် အခြားတစ်ဖက်ကို သံသယဖြင့် ကြည့်လိုက်သည်။ သူ မယုံကြည်ပေ။ သူသည် အလုပ်ရှာဖွေခဲ့သည်ကို မထင်ပါနဲ့။ မြို့နယ်တစ်ခုလုံးကို သူရှာကြည့်ခဲ့ပြီး ပင်ပန်းမှုမရှိဘဲ ငွေပိုရသော အလုပ်မရှိခဲ့ပေ။ သူက သူ့ကို ကလေးတစ်ယောက်ဟု ထင်နေတာလား။

“ဦးလေးကျင့်ဇီ၊ မလိုပါဘူး။ သူ့ကို စကားမပြောပါနဲ့။ သူက ငယ်ပါသေးတယ်။ အိမ်က သူ့ကို အလုပ်ထွက်လုပ်ခွင့် မပေးပါဘူး”

22 04

“ဘယ်လိုအလုပ်လဲ။ ခင်ဗျား ငါ့ကို လိမ်ညာလို့မရဘူး”

အသံနှစ်သံသည် တစ်ချိန်တည်းလို ထွက်ပေါ်လာသည်။ ဟန်ကျင်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ငါးစာမိသွားပြီ။

တကယ်တော့ သူသည် ရုတ်တရက်စိတ်ကူးတစ်ခု ရရှိခဲ့ခြင်းဖြစ်သည်။ မိန်ကျွမ်းယီသည် အလွန်လိမ္မာသောသူ ဖြစ်သည်။ မေးခွန်းများ အများကြီး မေးလျှင် သူ၏ရည်ရွယ်ချက်ကို ဝှက်ထားနိုင်မည် မဟုတ်ပေ။ သို့သော် ဤကောင်လေးကိုမူ အသုံးချနိုင်သည်။ သူက ဘယ်လောက်ပဲလိမ္မာပါစေ ဆယ်ကျော်သက်ကလေး တစ်ယောက်သာ ဖြစ်သည်။ ဟန်ကျင်းသည် သူ့ကို ကိုင်တွယ်ရသည်မှာ ပြဿနာမရှိဟု တွေးလိုက်သည်။

ဤငါးငယ်လေးကို လက်ထဲတွင် ရှိနေသောအခါ နောင်တွင် သူမကို ချဉ်းကပ်ရန် အခွင့်အရေးမရနိုင်သေးဟု သူ စိုးရိမ်နေတော့မည်လား။

ဤသို့တွေးလိုက်သောအခါ ဟန်ကျင်းက ပြောလိုက်သည်။ “အရင် လှည်းပေါ်တက်ကြ။ ဒီမှာ ပြောဖို့ အဆင်မပြေဘူး”

လျူရှန်းသည် ယွင်ထျန်းမြို့နယ်တွင် အကြီးဆုံးသော စားသောက်ဆိုင်တစ်ခုဖြစ်သည်။

သုံးထပ် အဆောက်အအုံသည် ယွင်ထျန်းမြို့နယ်၏ အစည်ကားဆုံးလမ်းပေါ်တွင် တည်ရှိသောကြောင့် နေ့စဥ်လူအများအပြား လာရောက်ကြသည်။ မွန်းတည့်ချိန် မရောက်ခင်တွင်ပင် ခန်းမထဲတွင် လူများပြည့်နေပြီဖြစ်သည်။

ကံကောင်းစွာဖြင့် အခန်းလွတ်များ ရှိနေသည်။

ဟန်ကျင်းသည် အခန်းတစ်ခန်းကို တောင်းဆိုပြီး မောင်နှမနှစ်ဦးကို အပေါ်ထပ်သို့ ခေါ်သွားခဲ့သည်။

မူလက လုကျောင်းယွဲ့သည် အိမ်သို့တိုက်ရိုက်ပြန်ရန် စီစဥ်ထားသော်လည်း ဟန်ကျင်းက သူသည် အလုပ်များသောကြောင့် မနက်စာပင် မစားရသေးကြောင်း၊ ယခုလည်း မွန်းတည့်ချိန် နီးပါးရှိနေပြီ ဖြစ်သောကြောင့် နေ့လယ်စာစားပြီးမှ သူတို့ကို လိုက်ပို့ပေးမည် ဖြစ်ကြောင်း ပြောလိုက်သည်။ လုကျောင်းယွဲ့သည် မူလကတည်းက သနားတတ်သူ ဖြစ်သောကြောင့် ငြင်းဆန်ရန် ခက်ခဲခဲ့သည်။

လုကွမ်းကျိသည် အနည်းငယ် မှားနေသည်ကို သိသော်လည်း အခြားတစ်ဖက်က ဦးလေးငယ်၏ သူငယ်ချင်းဖြစ်ပြီး အစ်မကလည်း သူ့ကို ဦးလေးဟု ခေါ်သောကြောင့် အများကြီး မစဥ်းစားတော့ပေ။ သူ၏စိတ်ထဲတွင် ဟန်ကျင်းပြောသော ပင်ပန်းမှုမရှိဘဲ ငွေပိုရသော အလုပ်သာရှိနေသည်။

ဤလူက စားသောက်ဆိုင်သို့ ကျွမ်းကျင်စွာ ဝင်သွားသည်ကို မြင်သောအခါ စားပွဲထိုးက ခန်းမတွင် နေရာမရှိတော့ကြောင်း ပြောလိုက်သည်။ ထိုလူသည် ငြိမ်သက်စွာဖြင့် အခန်းတစ်ခန်းကို တောင်းဆိုလိုက်သည်။ လုကွမ်းကျိသည် လိမ္မာသော်လည်း အတွေ့အကြုံ မရှိပေ။ သူ၏အသိပညာထဲတွင် ဤလူ၏ပုံစံက ချမ်းသာကြွယ်ဝသော သခင်လေး တစ်ဦးထက်ပင် ပို၍ခန့်ညားသည်။ အထူးသဖြင့် သူ၏ခန္ဓာကိုယ်က ပုံမှန်မဟုတ်သော ခံစားချက်ကို ပေးသည်။ လုကွမ်းကျိသည် မြို့နယ်သို့ အလုပ်ရှာရန် လာခဲ့စဉ်က လျူရှန်းသို့ ရောက်ရှိလာခဲ့သည်။ သူ၏ရည်ရွယ်ချက်က စားပွဲထိုးအဖြစ် လုပ်ရန်ဖြစ်သည်။ သို့သော် သူ စကားမပြောခင်တွင်ပင် လူများက သူ့ကို နှင်ထုတ်လိုက်ကြသည်။

ထိုလူက သူ့ကို ဘာပြောခဲ့သလဲ။ ရွာက ရွှံ့ပေနေသော ကလေးတစ်ယောက်က ဒီနေရာကို လာရဲတယ်။ ဝေးဝေးသွား…

သို့သော် ဤအချိန်တွင် ထိုလူသည် ခေါင်းငုံ့ပြီး နာခံမှုရှိသောပုံစံဖြင့် သူတို့ကို အခန်းထဲသို့ ခေါ်သွားသည်။ သူ လွန်ခဲ့သည့် ရက်အနည်းငယ်က ရွှံ့နွံပေနေသော ကလေးတစ်ယောက်ဟု ဆဲဆိုခဲ့သူသည် သူတို့အထဲတွင် တစ်ယောက်ဖြစ်နေသည်ကို လုံးဝသတိမထားမိပေ။

လုကွမ်းကျိ၏စိတ်ထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နေသည်။ သူသည် ဟန်ကျင်းကို ပို၍သဘောကျလာသည်။ ထိုအချိန်တွင် ထိုလူက စွမ်းဆောင်ရည်ရှိသူတစ်ဦးဖြစ်ကြောင်း သူယုံကြည်သွားပြီး သူက သူ့ကို လိမ်ညာနေသည်ဟု သံသယမဝင်တော့ပေ။

******

All Chapters