← Chapters

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

47 01

အခန်း 47 လက်ဖက်ရည်သောက်ပါဦး

လုမင်ဟိုင်သည် သမီးဖြစ်သူ၏ငွေကို မသုံးချင်ပေ။ သို့သော် လုကျောင်းယွဲ့ကမူ ခြံစည်းရိုးကိစ္စသည် စောင့်နေ၍မဖြစ်ကြောင်း၊ တုလျန်သည် လုအိမ်သို့ မည်သည့်အချိန် ပြန်ရောက်လာမည်ကို မသိနိုင်ကြောင်း ပြောသည်။ အမှန်ဆိုရလျှင် လုကျောင်းယွဲ့သည် တုလျန် လာသည်ကို မကြောက်ပေ။ သူမအဖေကို ကိုယ့်ငွေကိုယ်သုံးရန် သဘောတူစေရန်အတွက်သာ ဤသို့ ပြောခြင်းဖြစ်၏။

လုမင်ဟိုင်လည်း စဉ်းစားကြည့်တော့ ဟုတ်သည်ဟု ထင်လာ၏။ ထိုကဲ့သို့ ကိစ္စမျိုး နောက်တစ်ကြိမ် ထပ်ဖြစ်ပါက သမီးဖြစ်သူသည် နောက်နောင် လက်ထပ်ထိမ်းမြားရန်ပင် ခက်သွားပေလိမ့်မည်။ ထို့ကြောင့် သဘောတူလိုက်လေသည်။

အစီအစဉ်အတိုင်း ဖခင်နှင့်သမီးနှစ်ဦးသည် အိမ်မှအခြားသူများကို ဤကိစ္စအကြောင်း ပြောပြကာ စိုးရိမ်မှုများကိုလည်း ပြောပြခဲ့ကြသည်။ လူတိုင်းကလည်း သဘောတူကြသည်။ ထို့နောက် လုမင်ဟိုင်သည် သမီးဖြစ်သူပေးသောငွေကို ယူပြီး သားကြီးဖြစ်သူနှင့်အတူ အုတ်များဝယ်ရန် ထွက်သွားကြသည်။

သူတို့နှစ်ဦး ပြန်ရောက်လာချိန်တွင် နွားလှည်းသုံးစီး ပါလာ၏။ ယနေ့ရောက်လာသည့် ပထမအသုတ် အုတ်များသာဖြစ်ပြီး နောက်ပိုင်းတွင်လည်း နောက်ထပ်အုတ်များ ရောက်လာဦးမည်။

တာရှီးရွာသည် ကျဉ်းမြောင်းလှသော နေရာလေးဖြစ်ရာ ရွာထဲတွင် အဘယ်အရာ လှုပ်ရှားသည်ဖြစ်စေ တစ်ခြားသူများက မသိဘဲမနေပေ။ လုအိမ်မှ ဒုတိယသားသည် ထိုမျှများပြားလှသော အုတ်များ သယ်လာသည်ကို မြင်သောအခါ အိမ်ဆောက်တော့မည်ဟု ထင်ကာ လူများလာရောက်ကြည့်ရှုကြသည်။

အပေါ်ထပ်တွင်လည်း အဆိုပါလှုပ်ရှားမှုကို တွေ့ကြရသည်။ အဖေကြီးလုနှင့် အခြားသူများသည် ပရိသတ်အလယ်တွင် ရပ်လျက် လုမင်ဟိုင်ကို လာရောက်ကြည့်ရှုသည့် ရွာသားများနှင့် နှုတ်ဆက်စကားပြောနေသည်ကို နားထောင်နေကြသည်။

လုမင်ဟိုင်က ဤအုတ်များသည် ခြံစည်းရိုးကာရန် ဖြစ်သည်ဟု ပြောသောအခါ ဘေးမှလူများက အဓိပ္ပာယ်ကို ချက်ချင်း နားမလည်ကြပေ။ သူတို့၏အာရုံမှာ ထိုမျှကြီးမားသော ငွေကြေးအကုန်အကျခံကာ ဆောက်လုပ်မည့် အစီအစဉ်အပေါ်သို့သာ ရောက်ရှိနေ၏။ ရွာထဲတွင် ခြံစည်းရိုးအုတ်ဖြင့် ကာထားသည့် အိမ်မှာ ရွာလူကြီး တစ်အိမ်တည်းသာရှိကြောင်း လူအများက သိကြ၏။ ယခုအခါ လုအိမ်မှ ဒုတိယသားသည်လည်း အုတ်ခြံစည်းရိုးကာနေပြီ ဖြစ်ရာ ၎င်းသည် အမှန်ပင် ကြီးကျယ်လှသော ကိစ္စရပ်ပင်ဖြစ်သည်။

လုမင်ဟိုင်သည် မျက်နှာပူစွာ ပြုံးကာ မြေအုတ်များလုပ်ရန် အချိန်မရတော့သဖြင့် အုတ်များကိုသာ အသုံးပြုရကြောင်း ရှင်းပြရသည်။

ဘေးမှလူများက မယုံကြည်ကြသော်လည်း ဆက်ပြီး မေးမြန်းရန် မသင့်လျော်ပေ။ ထို့ကြောင့် သူတို့သည် ချီးကျူးကာ အားကျသည့် အမူအရာများသာ ပြုနေကြတော့သည်။ အပေါ်ထပ်မှလူများသာလျှင် ဖြစ်ပျက်သမျှကို သိရှိနားလည်နေကြသဖြင့် စိတ်ထဲတွင် ရှုပ်ထွေးနေကြသည်။

ဒုတိယသားသည် အိမ်မှ ခွဲထွက်ချင်နေပြီဖြစ်ပြီး အမြန်ဆုံး ခွဲထွက်နိုင်ရန်အတွက် ကြီးမားလှသောငွေကြေးကို အကုန်ခံနေခြင်းပင်။

ချောင်ရှီသည် အားကျစိတ်များ ဖုံးလွှမ်းနေ၏။ ထိုအချိန်၌ သူမသည် ဒုတိယအိမ်ခန်းကို အားကျမိသည်။ ဒုတိယအိမ်ခန်းသည် သီးသန့်တည်ရှိရာ ခြံစည်းရိုး ကာလိုက်သည်နှင့် အပေါ်ထပ်မှလူများနှင့် လုံးဝခွဲထွက်သွားမည်ဖြစ်ပြီး သူတို့မူ ထိုသို့မလုပ်နိုင်ပေ။

ဟူရှီသည် ပို၍ပင် တွေးတောမိ၏။ ခြံစည်းရိုးကာရန် အုတ်အမြောက်အမြား လိုအပ်ရာ ငွေကြေးအမြောက်အမြားလည်း ကုန်ကျပေလိမ့်မည်။ ဒုတိယသားသည် မည်သည့်နေရာမှ ထိုမျှလောက်သောငွေကို ရရှိခဲ့သနည်း။ သူမသည် ဒုတိယသား ခြံစည်းရိုးကာမည့် ပတ်ဝန်းကျင်ကို တွက်ကြည့်လိုက်ရာ ဆယ်ချီသည့်ငွေများ ကုန်ကျမည်ဟု တွက်မိသည်။ ထိုအချိန်က ဒုတိယသားတွင် ငွေမရှိသဖြင့် တုအိမ်ကို တစ်နှစ်စောင့်ရန်ပြောခဲ့သည်ကို သူမက မယုံခဲ့ပေ။ ယခုကြည့်လိုက်တော့ ဒုတိယသားသည် တုအိမ်နှင့် မရင်းနှီးလိုခြင်းသာ ဖြစ်ပြီး ငွေကြောင့်မဟုတ်ကြောင်း ပေါ်လွင်လာ၏။

သို့သော်လည်း အဘယ်ကြောင့်လဲ။

မည်သည့်ဘက်မှ ကြည့်သည်ဖြစ်စေ တုအိမ်နှင့် ဆွေမျိုးတော်စပ်ခြင်းသည် အကောင်းဆုံးပင်။

ဟူရှီသည် များစွာတွေးတောရင်း တစ်ညလုံးပင် အိပ်မပျော်ဖြစ်ခဲ့သည်။ မနာလိုစိတ်သည်လည်း တိုးပွားလာ၏။

နောက်တစ်နေ့တွင် သူမသည် ချွေ့ရှီကို သတိမမူမိဟန်ဖြင့် ပြောလိုက်သည်။ အိမ်ခွဲစဉ်က ငွေအားလုံးကုန်သွားသဖြင့် သားကြီး လုကွမ်းယီ လက်ထပ်ရန်ပင် ငွေမရှိတော့ကြောင်း ဒုတိယသားက ပြောခဲ့သော်လည်း ယခုကြည့်ပါဦး၊ သူတို့တွင် ငွေမရှိသည်မဟုတ်ကြောင်း ပြောလိုက်သည်။

ချွေ့ရှီ၏မျက်နှာသည် ထိုအချိန်က ချက်ချင်းပျက်သွားသော်လည်း ဘာမှမပြောပေ။ အဖေကြီးလုသည် ဒုတိယသား ခြံစည်းရိုးကာနေချိန်တွင် တစ်ကြိမ်တစ်ခါမျှ မလာခဲ့သည်ကို ကြည့်လျှင် ချွေ့ရှီသည် အဖေကြီးလုကို ပြောလိုက်သည်ဟု သိသာ၏။

47 02

ယခုပြောပြခဲ့သည်မှာ နောက်ပိုင်းတွင်ဖြစ်ပျက်ခဲ့သည့် ကိစ္စများဖြစ်သည်။

*** *** ***

ဒုတိယသားတို့အိမ်တွင် ခြံစည်းရိုးကာရန် အလုပ်များနေကြရာ လုကွမ်းကျိလည်း အိမ်မှ အချိန်ကြာကြာ ပျောက်နေ၍ မသင့်တော်ပေ။ ထို့ကြောင့် လောင်းကစားရုံသို့ တစ်ရက်ခြားတစ်ခါလောက်သာ သွားဖြစ်တော့သည်။

ကံကောင်းစွာပင် ထိုနေရာတွင် ဟန်ကျင်းက ကူညီဖေးမပေးထားသဖြင့် မည်သူမျှ ဘာမှမပြောကြပေ။

ထိုနေ့တွင် လုကွမ်းကျိသည် အိမ်သို့ပြန်လာကာ ဟန်ကျင်းထံမှ သတင်းတစ်ပုဒ် ရထားသဖြင့် သူမနှင့်တွေ့လိုကြောင်း လုကျောင်းယွဲ့ကို ပြောလိုက်သည်။

လုကျောင်းယွဲ့သည် ချက်ချင်းပင် တောင့်ခနဲဖြစ်သွား၏။

လွန်ခဲ့သည့်ရက်ပိုင်းက ကိစ္စများကြောင့် ဟန်ကျင်းက သူမနှင့် တွေ့လိုခြင်းမှာ ဦးလေးငယ်၏ စီးပွားရေးကိစ္စကြောင့် ဖြစ်လိမ့်မည်ဟု သူမက မယုံကြည်ရဲပေ။ သို့သော် အမှန်ပင် မသွားဘဲနေမည်ဆိုလျှင် သူမ စိုးရိမ်စိတ်ကြောင့် မချင့်မရဲဖြစ်နေ၏။

အဘယ်ကြောင့် သူမ၏စိတ်သည် မချင့်မရဲဖြစ်နေသည်ကို လုကျောင်းယွဲ့ မပြောတတ်ပေ။ သူမ၏စိတ်သည် ဦးလေးငယ်ကို စိုးရိမ်နေသဖြင့် ဖြစ်သည်ဟုသာ အပြစ်ပုံချလိုက်သည်။

ခဏမျှ တွေဝေပြီးနောက် လုကျောင်းယွဲ့သည် သဘောတူလိုက်၏။

ဦးလေးငယ်၏စီးပွားရေးကိစ္စကြောင့် အစ်မကြီးနှင့် ဟန်ကျင်းတို့နှစ်ဦး ဆက်တိုက် တွေ့နေကြရာ လုကွမ်းကျိလည်း စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာသည်။

“အစ်မ၊ ဘာလို့ အစ်မနဲ့ ဦးလေးကျင်းဇီက ဦးလေးငယ်ကိစ္စကို ဆက်တိုက်တွေ့ပြီး ပြောနေကြတာလဲ၊ ဦးလေးငယ်ရဲ့စီးပွားရေး ဘာဖြစ်သွားလို့လဲ”

လုကျောင်းယွဲ့သည် စိတ်ထဲတွင် အပြစ်ရှိသကဲ့သို့ခံစားနေရသဖြင့် “ကလေးတွေက ဒီကိစ္စကို ဘာလို့စိတ်ဝင်စားနေတာလဲ” ပြောင်းလွယ် ပြင်လွယ်သော စကားလုံးများကိုသာ ပြောလိုက်သည်။ မိန်ရှီ ပြောသည့်လေသံအတိုင်း မကြာခဏဆိုသလို သူမသည် ဤလေသံဖြင့် မောင်ဖြစ်သူကို ရှင်းပြတတ်လာ၏။

လုကွမ်းကျိသည် မျက်နှာပေါ်တွင် မေးခွန်းများဖြင့် ပြည့်နေ၏။

လုကျောင်းယွဲ့သည် ထိုအခါမှ ရှင်းပြတော့သည်။ “ဦးလေးငယ်က ဒီတစ်ခါ စီးပွားရေးလုပ်ဖို့ အိမ်ကပိုက်ဆံတွေ အားလုံးယူသွားတာကို မင်းလည်း သိပါတယ်လေ။ ငါလည်း စိုးရိမ်နေတာ၊ ဦးလေးကျင်းဇီက သူနဲ့အတူတူ စီးပွားဖက်ဆိုတော့ ငါက သူ့ကို သတင်းအချက်အလက်တွေ လိုက်မေးနေရတာပေါ့။ ဦးလေးငယ်ရဲ့ စိတ်နေစိတ်ထားကို မင်းလည်း သိသားပဲ၊ သူ့သဘောသူ လုပ်နေကျပဲလေ။ အဘိုးနဲ့ အဘွားလည်း အသက်ကြီးပြီဆိုတော့ ငါတို့က သူ့အစား ဂရုစိုက်ပေးရမှာပေါ့”

လုကွမ်းကျိသည် အစ်မကြီးသည် ဦးလေးငယ်ကို ငယ်စဉ်ကတည်းက ချစ်ခင်ခဲ့သည်ကို သိသဖြင့် မည်သို့မျှ သံသယမဝင်တော့ပေ။

နောက်တစ်နေ့တွင် လုကျောင်းယွဲ့သည် ရွာအစွန်သို့ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် သွားခဲ့သည်။

ထိုနေရာဟောင်း၌ ဟန်ကျင်း၏မြင်းလှည်းကို မြင်လိုက်ရသည်။ လှည်းပေါ်မှလူကို အဝေးကပင် မြင်လိုက်ရသည်နှင့် လုကျောင်းယွဲ့၏ရင်ခုန်သံသည် ပိုမိုမြန်လာ၏။

“ဦးလေးကျင်းဇီ” လူအနားရောက်လာသောအခါ သူမသည် ခေါင်းပင်မော့ကြည့်ရဲပေ။

ဟန်ကျင်းသည် သူမကို တစ်ချက်ကြည့်ကာ ဆိုသည်။ “မြင်းလှည်းပေါ် တက်လိုက်ပါ”

လုကျောင်းယွဲ့လည်း ဤနေရာသည် စကားပြောရန် မသင့်တော်သည်ကို သိသဖြင့် မြင်းလှည်းပေါ်တက်လိုက်သည်။ မြင်းလှည်းသည် အခြားနေရာသို့ မောင်းထွက်သွားတော့သည်။

ထိုနေရာမှာ တိတ်ဆိတ်ငြိမ်သက်သည့် တောင်ကုန်းငယ်လေး ဖြစ်၏။ လွန်ခဲ့သည့် နှစ်ကြိမ်က လုကျောင်းယွဲ့နှင့် ဟန်ကျင်းတို့ ထိုနေရာတွင် တွေ့ခဲ့ကြချိန်၌ မည်သို့မျှ မခံစားခဲ့ရပေ။ သို့သော် ဤတစ်ကြိမ်တွင်မူ သူမ၏စိတ်သည် အကြောင်းမဲ့ပင် ဂနာမငြိမ် ဖြစ်နေသည်။

သူမသည် မြင်းလှည်းပေါ်ကပင် မဆင်းတော့ဘဲ ဟန်ကျင်း မြင်းလှည်းကိုရပ်လိုက်သည်နှင့် အလျင်စလို မေးလိုက်သည်။ “ဦးလေးကျင်းဇီ၊ ဘယ်သတင်းကို ရထားလဲ”

47 03

“အရမ်း အလျင်လိုနေလား” ဟန်ကျင်းက နောက်သို့လှည့်ကာ မေးလိုက်သည်။

သူမသည် အမှန်ပင် အလျင်လိုနေ၏။ သို့သော်လည်း ဤစကားကို သူ့ကို တိုက်ရိုက်ပြော၍ မဖြစ်ပေ။ လုကျောင်းယွဲ့သည် မသိဟန်ဖြင့် ရယ်မောလိုက်ကာ ပြောလိုက်သည်။ “အိမ်မှာ အလုပ်ရှိသေးတယ်”

ဟန်ကျင်းက သိလိုက်ဟန်ဖြင့် ခေါင်းညတ်ကာ လုကျောင်းယွဲ့ကိုသာ ကြည့်နေပြီး ဘာမှမပြောပေ။

သူမသည် သူ့၏အကြည့်များကြောင့် တစ်နေရာရာ၌ တစ်ခုခု ကပ်နေသကဲ့သို့ ခံစားနေရသည်။ အော်ဟစ်ဆူပူ လိုသော်လည်း ထိုစကားသည် သူမ၏နှုတ်ဖျားမှ ထွက်မလာပေ။ သို့သော် မပြောဘဲနေလျှင်လည်း သူ့အပြုအမူက ရိုင်းစိုင်းလွန်းသည်ဟု ထင်နေ၏။

လုကျောင်းယွဲ့သည် ချက်ချင်းပင် ငိုတော့မလိုဖြစ်နေချိန်တွင် ဟန်ကျင်းက ရုတ်တရက်ပြောလိုက်သည်။ “တုလျန်က မင်းကို စိတ်အနှောင့်အယှက် ပေးနေတယ်လို့ ကြားတယ်”

ကြားသည်ဆိုရာတွင် မည်သူ့ထံမှ ကြားသည်ကို ပြောနေစရာမလိုတော့ပေ။

ထိုအချိန်တွင် လုကျောင်းယွဲ့သည် လုကွမ်းကျိကို ရိုက်နှက်လိုစိတ်များ ပေါက်သွား၏။ အဘယ်ကြောင့် သူ၏နှုတ်ခမ်းများသည် ထိုမျှလောက် မပိတ်နိုင်ရသနည်း။ အဘယ်အရာကိုမဆို အပြင်သို့ ထုတ်ပြောနေသနည်း။ သို့သော်လည်း သူမက မောင်ဖြစ်သူသည် တမင်တကာ မဟုတ်ကြောင်း နားလည်ထား၏။ မျက်စိရှေ့မှလူသည်သာ အလွန်ဆိုးသည်ဟု ထင်နေ၏။

ဟုတ်သည်။ ဆိုးသည်။

ယခင်က လုကျောင်းယွဲ့သည် ဟန်ကျင်းကို လူကောင်းတစ်ယောက်ဟု ထင်ခဲ့သည်။ ယခုမူ သူ့ခေါင်းပေါ်တွင် ထိုသို့သော အပြစ်တင်စကားများ စွပ်စွဲလိုက်ပြီ။

သူမ၏စိတ်သည် ရှုပ်ထွေးနေသဖြင့် မည်သို့ပြန်ဖြေရမည်ကို မသိတော့ဘဲ ခေါင်းငုံ့ကာ တိတ်ဆိတ်စွာ နေလိုက်သည်။

ပတ်ဝန်းကျင်သည် လေပင်မတိုက်ခတ်ဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။ ရာသီဥတုက ပူလွန်းသဖြင့် မွန်းကျပ်နေ၏။

သူတို့နှစ်ဦးစလုံး ဘာမှမပြောဘဲ နေကြသည်။ လုကျောင်းယွဲ့သည် တစ်ဦးနှင့်တစ်ဦး၏ အသက်ရှူသံကိုပင် ကြားနေရ၏။

သူမ၏စိတ်ထဲတွင် စိုးရိမ်ပူပန်နေသည်။ သူမသည် နောက်သို့ဆုတ်ကာ သူ့ကို ကြည့်ရဲခြင်း မရှိသေးဘဲ ငိုသံစွက်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ဦးလေးကျင်းဇီ၊ ဘာမှမရှိတော့ဘူးဆိုရင် ကျွန်မ ပြန်ချင်ပြီ”

သူမသည် သူ့ကို မယုံသင့်ခဲ့ပေ။ ထိုသို့ မယုံကြည်သင့်သည့် ခရီးကို မလာခဲ့သင့်ပေ။

ရုတ်တရက် သက်ပြင်းတစ်ချက်ချသံ ထွက်ပေါ်လာသည်။

ဟန်ကျင်းက သူမကို မှင်သေသေကြည့်နေရင်း “မင်း ငါ့ရဲ့စိတ်ကို နားလည်ထားပြီးသားလို့ ထင်တယ်…” ခဏမျှရပ်နားပြီးနောက် သူကဆက်ပြောသည်။ “ငါ မင်းကို အရမ်းသဘောကျတယ်၊ ကျောင်းယွဲ့၊ ကြိုက်နေတာ ကြာပြီ”

လုကျောင်းယွဲ့၏စိတ်သည် ရုတ်တရက် ဗလာ ဖြစ်သွား၏။ တစ်စုံတစ်ခုသည် သူမ၏စိတ်ထဲတွင် ပေါက်ကွဲသွားသကဲ့သို့ပင်။

သူက ဘယ်လိုလုပ် ဒီလိုပြောရတာလဲ။ ဒီလိုစကားမျိုး ဘယ်လိုလုပ် ပြောရက်တာလဲ။ ဤသို့သော အပြုအမူမျိုးသည် ရိုင်းစိုင်းသူများသာ လုပ်လေ့ရှိသည်။

“ဘာပြောတာလဲ၊ ကျွန်မ နားမလည်ဘူး…” သူမက တုန်ယင်စွာ ပြောလိုက်သည်။ “ကျွန်မ ပြန်ချင်ပြီ၊ ကျွန်မကို မြန်မြန်ပြန်ပို့ပေး…”

သူက ဘာမှမပြောဘဲ ဘာမှမလုပ်ဘဲ သူမကိုသာ ကြည့်နေသည်ကို မြင်သောအခါ သူမသည် ငိုတော့မလိုဖြစ်သွားပြီး အော်လိုက်သည်။ “ရှင် ဒီလိုလုပ်တာကို ကျွန်မဦးလေးငယ် သိလား၊ သူသိမှာ မဟုတ်ဘူး၊ သူသိရင် ရှင့်ကို လွှတ်ပေးမှာမဟုတ်ဘူး…”

ဟန်ကျင်းသည် ဘာမှမပြောသေးပေ။

လုကျောင်းယွဲ့က ပို၍ပင် စိတ်လှုပ်ရှားလာ၏။ သူမက တီးတိုးပြောသည်။ “ရှင် ကျွန်မကို မြန်မြန်ပြန်ပို့ပေး၊ ဒီကိစ္စ ဘာမှမဖြစ်ခဲ့သလို ကျွန်မ သဘောထားလိုက်မယ်၊ ဒီလိုဆိုရင် ရှင်နဲ့ ကျွန်မဦးလေးငယ်ရဲ့သူငယ်ချင်းဆက်ဆံရေးလည်း ပျက်စီးသွားမှာ မဟုတ်ဘူး…”

ဟန်ကျင်းသည် ဤအကြောင်းများကို ပြောပြရန်အတွက် ကြိုတင် ပြင်ဆင်ထားသော်လည်း သူ့ဘဝတွင် ပထမဆုံးအကြိမ် မိန်းကလေးတစ်ဦးကို သူ၏ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြောခြင်းဖြစ်ရာ သူ့စိတ်သည် အမှန်ပင် တင်းမာနေ၏။ သူမ၏ထိုသို့သော တုံ့ပြန်မှုကို တွေ့သောအခါ သူ့နှုတ်ခမ်းသည် ခါးသက်လာသည်။ တစ်ချိန်တည်းမှာပင် သူသည် ရယ်မောချင်လာသည်။ သူမသည် အခြားသူကို ခြိမ်းခြောက်သည့်အချိန်တွင် မည်သို့မျှ ကြောက်စရာ မကောင်းဘဲ အပြင်ပန်းတွင်သာ အားကြီးနေသည်ကို သူမ သိပုံမရပေ။ ထိုသို့သော အမူအရာက ရယ်မောချင်စရာ ကောင်းသလို သနားစရာလည်း ကောင်းနေ၏။

47 04

သူမသည် ထိုမျှလောက် စိတ်ရှုပ်ထွေးနေသည်ကို မြင်သောအခါ ဟန်ကျင်းသည် ဆက်ပြောရမည့်စကားကို မပြောနိုင်တော့ပေ။ သူမကို ထပ်ပြီး ကြောက်လန့်အောင် မလုပ်ချင်တော့သဖြင့် နှစ်သိမ့်လိုက်သည်။ “မကြောက်ပါနဲ့၊ မင်းကို ငါပြန်ပို့ပေးပါ့မယ်”

သူမကို ဤမျှအထိ ဖိအားမပေးသင့်ခဲ့ပေ။

မြင်းလှည်းသည် တာရှီးရွာသို့ ရောက်လာချိန်တွင် လုကျောင်းယွဲ့သည် မြင်းလှည်း မရပ်သေးခင် အောက်သို့ ခုန်ချရန် ပြင်လိုက်သည်။ ဟန်ကျင်းက မြန်မြန်ဆန်ဆန် သူမကို ဖမ်းလိုက်ခြင်း မရှိပါက သူမသည် လဲကျသွားပေလိမ့်မည်။

လုကျောင်းယွဲ့သည် မီးလောင်သွားသကဲ့သို့ ကြောက်ရွံ့စွာ တွန့်ဆုတ်လိုက်ပြီး ဟန်ကျင်း၏ လက်ဖျံကို ကိုင်ထားသည့် လက်ကို ခါချလိုက်ကာ နောက်သို့ မလှည့်ဘဲ ပြေးထွက်သွားတော့သည်။

သူမ၏နောက်မှ ဟန်ကျင်းသည် သက်ပြင်းတစ်ချက် ချလိုက်၏။ သူသည် အမှန်ပင် ဆက်လက် ကြိုးစားရပေဦးမည်။

လောင်းကစားရုံသို့ ပြန်ရောက်သောအခါ ဟန်ကျင်းသည် မြင်းလှည်းကို နေရာတွင်ရပ်လိုက်ပြီး နောက်ဖေးပေါက်မှ ဝင်သွားသည်။

လောင်းကစားရုံသည် ယခင်ကနှင့်မခြား ဆူညံပွက်လောရိုက်ကာ မူးယစ်နေကြ၏။ လူအုပ်ကြီးသည် တစ်ခုပြီးတစ်ခုသော လောင်းကစားစားပွဲများတွင် “ကြီး၊ ကြီး၊ ငယ်၊ ငယ်” ရူးသွပ်စွာ အော်ဟစ်နေကြသည်။

ဟန်ကျင်းသည် ထိုနေရာတွင် ခဏမျှရပ်ကြည့်ပြီးနောက် ဒုတိယထပ်သို့ တက်သွားသည်။

အပေါ်ထပ်ရောက်သည်နှင့် ဟူစန်းက သူ့ကို တားလိုက်သည်။

“အစ်ကိုကျင့်၊ ဒီကိစ္စက တော်တော်လေးကို ထူးဆန်းတယ်” ရယ်မောကာ ပြောလိုက်သည်။ လက်ဟန်ဖြင့် သူ့နောက်သို့ လိုက်ရန် ပြောလိုက်သည်။

ဟန်ကျင်းသည် မေးခွန်းထုတ်သလို အမူအရာပြုလိုက်သည်။

ဟူစန်းသည် ဟန်ကျင်းကို အခန်းတစ်ခုသို့ ခေါ်သွားသည်။ ထိုအခန်း၏တည်နေရာသည် အလွန်ကောင်းပြီး အောက်ထပ်တစ်ခုလုံးကို အပေါ်မှနေ၍ ကြည့်နိုင်၏။

သူသည် အောက်ထပ်မှ လောင်းကစားစားပွဲတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။ ထိုသူသည် စားပွဲပေါ်တွင် တစ်ဝက်တစ်ပျက်မှောက်လျက် အရိုးနီရဲနေသော မျက်လုံးများဖြင့် အန်စာတုံးဖလားကို စိုက်ကြည့်နေသည်။ တစ်ဖက်မှလည်း “ကြီး” ဟုအော်ကာ အားပါးတရ စားပွဲကို ရိုက်နေသည့် အမျိုးသားတစ်ဦးကို လက်ညှိုးထိုးပြပြီး ရယ်မောကာ ပြောလိုက်သည်။ “သူ့နာမည်က ကျောက်၊ ကျောက်ကော့တုံး၊ ထူးဆန်းတယ်မလား”

ပစ်မှတ်သည် ရှင်းလင်းလွန်းသဖြင့် ဟန်ကျင်းသည် ချက်ချင်းပင် မြင်သွားသည်။ သူသည် ခဏမျှ တောင့်ခနဲဖြစ်သွားပြီးနောက် ရယ်မောလိုက်သည်။ “တော်တော်ထူးဆန်းတာပေါ့၊ ဒါက ကိစ္စတော်တော်များများကို ဖြေရှင်းပေးတာပဲ”

တကယ်ပင် ထူးဆန်းနေသည်။ သူသည် ကျောက်မိသားစုကို ပြဿနာရှာရန် နည်းလမ်းရှာနေချိန်တွင် သူကိုယ်တိုင်ကပင် သူတို့ထံသို့ ရောက်လာ၏။

“ဒီကိစ္စကို လုကွမ်းကျိဆိုတဲ့ ကောင်လေးက ရှာတွေ့တာ၊ ကျွန်တော်လည်း လောင်ဟော်တို့ကို မေးကြည့်တော့ ကျောက်ကော့တုံးက ဒီကို လောင်းကစားလာလုပ်တာ နည်းနည်းကြာပြီ၊ ကြာကြာဆို တစ်ခါလာတယ်၊ ဒါပေမဲ့ မကြာသေးခင်ကတော့ ပိုပိုလာနေတာပဲတဲ့။ ရှုံးတာများပြီး နိုင်တာနည်းတယ်။ တစ်ခါလာတိုင်း နှစ်လျံလောက်တော့ ရှုံးသွားတယ်တဲ့”

“လောင်ဟော်တို့က တစ်ခုခုလုပ်ထားတာလား” ဟန်ကျင်းက မေးသည်။

လောင်ဟော်သည် လောင်းကစားရုံ၏ ကိုင်တွယ်သူ၊ ၎င်းကို အလွယ်ပြောရလျှင် ကိုယ်စားလှယ်ဟု ခေါ်နိုင်သည်။ ၎င်းတို့သည် လောင်းကစားရုံမှလူများ ဖြစ်ကြသည်။ ဤကိုယ်စားလှယ်များတွင် အနည်းဆုံး ကစားသည့် အတတ်ပညာတော့ ရှိကြသည်။ လိုချင်သည့်အတိုင်း အနိုင်ပေးသည်ဖြစ်စေ၊ အရှုံးပေးသည် ဖြစ်စေ အနည်းဆုံးတော့ သူတို့လက်ထဲမှ အခြားသူများ မည်သို့မျှ အနိုင်ယူ၍ မရပေ။ အမှန်တကယ်တော့ လာရောက်သူတိုင်း အနိုင်ရသွားလျှင် လောင်းကစားရုံသည် မည်သို့စီးပွားရေး လုပ်ရတော့မည်နည်း။

ဟူစန်းက ခေါင်းယမ်းလိုက်ပြီး စိတ်ပျက်စွာဖြင့် ဆိုသည်။ “ဒီလိုမျိုး ပုစွန်ကြောလေးအတွက် လောင်ဟော်တို့ကို လုပ်ဖို့တောင် မလိုဘူး”

ဟန်ကျင်းက သိလိုက်ဟန်ဖြင့် ခေါင်းညိတ်သည်။ ဟုတ်သည်၊ အကျိုးအမြတ်က နည်းလွန်းသည်။

47 05

“ဘယ်လိုလဲ၊ ကျွန်တော် လောင်ဟော်တို့ကို ပြောပြီးတော့ သူ့အတွက် အစီအစဉ် ဆွဲလိုက်ရမလား”

ဟန်ကျင်းသည် အောက်ထပ်မှ ထိုအမျိုးသားကို တစ်ချက်ပြန်ကြည့်ပြီး ခေါင်းညိတ်ကာဆိုသည်။ “လောင်ဟော်ကို ပြောလိုက်၊ ဒီကိစ္စပြီးရင် ငါသူ့ကို အရက်တိုက်မယ်”

ဟူစန်းက နားလည်လိုက်ဟန်ဖြင့် လက်ဟန်ပြလိုက်ပြီး မေးသည်။ “ဘယ်စံနှုန်းနဲ့ လုပ်ရမလဲ”

ဟန်ကျင်းက ခဏစဉ်းစားပြီး ဆိုသည်။ “သင့်လျော်တဲ့အတိုင်းပဲ လုပ်ပါ”

ဆယ်ကြိမ်လောင်းလျှင် ကိုးကြိမ်လိမ်ခြင်းဟု ဆိုရိုးစကားရှိရာ လောင်းကစားရုံတွင် ၎င်းတို့၏ ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းများ ရှိကြသည်။ ထို့ကြောင့် အချို့က အနိုင်ရကြပြီး အချို့က ရှုံးကြ၏။ အနိုင်ရလျှင် များသောအားဖြင့် နည်းနည်းသာရပြီး ရှုံးလျှင်မူ အိမ်ထိတိုင်အောင်ပင် ရှုံးသွားနိုင်သည်။

တစ်ခါတစ်ရံတွင် သင့်တော်သည့်ပစ်မှတ်ကို တွေ့ခဲ့သည်ရှိသော် လောင်းကစားရုံသည် ထိုလူကို ဖမ်းရန် အစီအစဉ်များလည်း ချမှတ်နိုင်သည်။ သို့သော် ၎င်းသည် ပုံမှန်အားဖြင့် မြို့ပြင်မှ သိုးများ သို့မဟုတ် နောက်ခံမရှိသည့်သူများကိုသာ ပစ်မှတ်ထားခြင်းဖြစ်သည်။ ပထမဆုံး အနိုင်အနည်းငယ်ပေးပြီး ရှုံးသည့်နှစ်ကြိမ်ကို ပေးလိုက်သောအခါ တစ်ခါပြီးတစ်ခါ ထိုသို့လှုပ်ရှားမှုများကြောင့် ပုံမှန်လောင်းကစားသမားများပင် မျက်စိနီရဲလာကြသည်။ ထိုအချိန်တွင် ဆင်ခြင်တုံတရား မရှိတော့ပေ။ အရာအားလုံး ဆုံးရှုံးသွားသောအခါ လောင်းကစားရုံက အတိုးကြီးဖြင့် ငွေချေးသည့်လူများကို လာရောက် ခွင့်ပေးလိုက်သောအခါ မလုပ်ဖူးသော အရာများကိုပင် လုပ်ရဲလာကြသည်။

သိစိတ်ပြန်ဝင်လာသောအခါ ငွေအများအပြား ချေးထားပြီးဖြစ်ရာ နောက်ပိုင်းတွင် ကြွေးလိုက်တောင်းမည့်သူများသာ အိမ်သို့ ရောက်လာတော့မည်။

သင့်လျော်သည့်အတိုင်း ဟူသော စကားလုံးမှာ လောင်းကစားရုံမှလူများ အသုံးပြုသည့် အတွင်းစကားပင်။ ၎င်းသည် ထိုသူ၏နောက်ခံကို သိထားသည့် အတွင်းမှလူများအတွက် ဖြစ်သည်။ ထိုစကားသည် ထိုသူ၏ခန္ဓာကိုယ်နှင့် အရိုးများကို ထိခိုက်စေသော်လည်း သေမသွားစေရန်အတွက် ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် အောက်ထပ်မှ ထိုလူသည် ကံကောင်းလိမ့်မည် မဟုတ်ပေ။

ဟူစန်းသည် ခေါင်းညိတ်လိုက်ပြီး အစီအစဉ်ဆွဲရန်အတွက် ဆင်းသွားတော့သည်။

+++++

48 01

အခန်း 48

မကြာသေးမီက ဒုတိယသားတို့မိသားစုသည် အလွန်အလုပ်များနေကြသည်။

ခြံစည်းရိုးကာခြင်းကဲ့သို့သော ကြီးမားသည့် စီမံကိန်းမျိုးကို လုမင်ဟိုင်နှင့် သားဖြစ်သူနှစ်ဦးတည်းဖြင့် ပြီးအောင်လုပ်နိုင်မည် မဟုတ်ပေ။ လုမင်ရှန်းက အမြဲတမ်း ပျင်းရိတတ်သူတစ်ဦး ဖြစ်ရာ လုမင်ဟိုင်သည် သူ့ကို သူတို့အိမ်အား လာရောက်ကူညီရန် မျှော်လင့်ခြင်းမရှိပေ။ အပေါ်ထပ်တွင် လူမင်ချွမ်းသာ လာရောက်ကူညီပေးသည်။ နောက်ပိုင်းတွင် သီးနှံများသိမ်းဆည်းမည့်အချိန်ကို မထိခိုက်စေရန်အတွက် လုမင်ဟိုင်သည် သူ့နှင့်ရင်းနှီးသောရွာသားအချို့ကို ကူညီရန် ခေါ်ခဲ့သည်။

ရွာမှလူများ အချင်းချင်း ကူညီသည့်အခါ လုပ်အားခ ယူခဲကြသည်။ ပုံမှန်အားဖြင့် နေ့လယ်စာနှင့် ညစာ စားရုံဖြင့် လုံလောက်သည်။ ထို့ကြောင့် မိန်ရှီနှင့် လုကျောင်းယွဲ့လည်း မကြာသေးမီက အလွန်အလုပ်များ နေကြသည်။ သူတို့သည် ဆယ်ဂဏန်းလောက်ရှိသည့် လူများအတွက် နေ့လယ်စာနှင့် ညစာကို ပြင်ဆင်နေရသည်။ ဤသည်မှာ လွယ်ကူသည့်အလုပ် မဟုတ်ပေ။

“ဟိုင်အကို၊ ဒီခြံစည်းရိုးက အတော်ခိုင်မာတယ်ဗျ” ပိတ်ကြမ်းဝတ်ထားသည့် အမျိုးသားတစ်ဦးသည် နဖူးမှချွေးများကို သုတ်လိုက်ကာ သူ့နောက်မှခြံစည်းရိုးကို ရိုက်လိုက်သည်။

“အကုန်အတူတူပဲ၊ ဒီအုတ်တွေက အလုပ်မရှုပ်တာပဲ ရှိတာ” လုမင်ဟိုင်က ပြောလိုက်သည်။

အလုပ်မရှုပ်သည်က အလုပ်မရှုပ်ပေ။ သို့သော် ငွေကုန်ကြေးကျများသည်။ မကြာသေးမီက လုအိမ်မှ ဒုတိယသား ခြံစည်းရိုးကာနေသည်ကို လာကြည့်သည့်လူများ မနည်းမနောပင်ရှိပြီး အားလုံးသည် အံ့ဩနေကြသည်။ အဘယ်ကြောင့် ခြံစည်းရိုးကာရသည်ကို ကောင်းကောင်း မေးကြသောအခါ လုမင်ဟိုင်က သူတို့သည် အိမ်ခွဲပြီးဖြစ်သဖြင့် နောက်ပိုင်းတွင် ကြက်နှင့်ဘဲများ မွေးမည်ဖြစ်ရာ ခြံစည်းရိုးရှိခြင်းက ပိုမိုအဆင်ပြေကြောင်း အကြောင်းပြခဲ့သည်။

ယုံကြည်သူများလည်း ရှိသည်။ မယုံကြည်သူများလည်း ရှိသည်။ သို့သော် မယုံကြည်သူများက ပိုများ၏။ ထို့ကြောင့် လုမိသားစုသည် ဘာမှအသံမပေးဘဲ ခွဲထွက်သွားသည့်ကိစ္စကို လူများက အတင်းအဖျင်းပြောကြတော့သည်။

ယခုကြည့်လိုက်တော့ လုမိသားစုတွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည့်ပုံ ပေါ်သည်။ သို့မဟုတ်လျှင် လုမိသားစု၏ဒုတိယသားသည် ထိုသို့လုပ်မည် မဟုတ်ပေ။ ဤအချက်နှင့်အတူ အဖေကြီးလု၏ တတိယသား၏ဇနီးဖြစ်သူက ထိုနေ့တွင် ဒုတိယသားတို့အိမ်တွင် မြင်ခဲ့ရသည့်ကိစ္စအချို့ကို မတော်တဆ ပြောပြခဲ့ရာ လုမိသားစု၏ ကောလာဟလ အမြောက်အမြားသည် မကြာသေးမီကပျံ့နှံ့နေခဲ့သည်။

သို့သော်လည်း အဒေါ်နှင့်တူမတို့က အမျိုးသားတစ်ဦးကို အပြိုင်လုကြသည်ဆိုခြင်းသည် အတော်ပင် ကြောက်မက်ဖွယ်ရာပင်ဖြစ်ရာ အဖေကြီးလုနှင့် သူ့ဇနီး၏ နာမည်ကောင်းသည် ရွာတွင် အမြဲရှိနေခဲ့သဖြင့် ထိုကောလာဟလကို ယုံကြည်သူ အများအပြားမရှိပေ။

လူတို့သည် မကောင်းမှုများကို စွဲလမ်းတတ်ကြသဖြင့် မယုံကြည်သည့်တိုင်အောင်ပင် တိတ်တိတ်ကလေး ပြောဆိုကြသည်။ ထို့ကြောင့် လုမိသားစုအကြောင်း အမျိုးမျိုးသော ကောလာဟလများသည် ရွာထဲတွင် ပျံ့နှံ့နေတော့သည်။ သို့သော်လည်း မည်သူကမျှ သူတို့ရှေ့တွင် ထုတ်မပြောရဲကြပေ။ ဒုတိယသားတို့မိသားစုသည် အလုပ်များနေသဖြင့် ၎င်းတို့အကြောင်း ပြောနေသည့်ကိစ္စကို မသိကြပေ။

“ဒီခြံစည်းရိုးကာလိုက်ရင် အနည်းဆုံး ဆယ်နှစ်၊ နှစ်ဆယ်လောက် စိတ်ပူစရာ မလိုတော့ဘူး”

ရွာမှမိသားစုအများစုသည် မြေအုတ်ဖြင့် ကာထားသည့် ခြံစည်းရိုးများကိုသာ အသုံးပြုကြသည်။ မြေအုတ်ခြံစည်းရိုးများကို အလွယ်တကူ တည်ဆောက်နိုင်ပြီး ကိုယ်တိုင် လုပ်နိုင်ကြသည်။ သို့သော် တစ်ခုတည်းသော အားနည်းချက်မှာ ရေကို ကြောက်ခြင်းပင်။ မိုးရွာသည့်အချိန်တိုင်းတွင် နံရံအောက်မှ ရွံ့ရေများစီးကျလာပြီး တစ်နှစ်၊ တစ်ဝက်လောက် အသုံးပြုပြီးလျှင် ပြန်ပြုပြင်ပေးရသည်။ မဟုတ်ပါက ပြိုကျသွားနိုင်သည်။ ပုံမှန်အားဖြင့် မြေအုတ်ခြံစည်းရိုး၏သက်တမ်းသည် နှစ်နှစ်၊ သုံးနှစ်လောက်သာရှိပြီး ပြန်တည်ဆောက် ပေးရသည်။ သို့သော် အုတ်ခြံစည်းရိုးတွင် ဤပြဿနာမရှိပေ။ ဤသည်မှာ ထိုသူ ထိုသို့ပြောရသည့် အကြောင်းရင်းပင်။

လုမင်ဟိုင်က ခေါင်းဆက်တိုက် ညိတ်နေသည်။ ကုန်ကျသွားသည့် ငွေများကို စိတ်မကောင်းဖြစ်နေသော်လည်း ဤသပ်ရပ်လှပသည့် ခြံစည်းရိုးကို ကြည့်ပြီး သူ့စိတ်သည် အလွန်ပျော်ရွှင်နေသည်။

ထိုအချိန်တွင် မိန်ရှီက ထမင်းစားရန်အော်ခေါ်နေသည်။

လုမင်ဟိုင်သည် ထိုအသံကိုကြားသောအခါ အော်လိုက်သည်။ “လူတိုင်း၊ ခဏနားကြဦး၊ ထမင်းအရင် စားကြရအောင်”

ထိုအခါ လူအချို့သည် သူတို့၏အလုပ်ကို ချလိုက်ကြပြီး ဘေးမှရေအိုးများတွင် ရေခပ်ကာ လက်နှင့်မျက်နှာများ ဆေးကြောကြသည်။ အချို့သည် သူတို့၏ခန္ဓာကိုယ်များကို ရေပုံးဖြင့်လောင်းကာ ဘေးမှအဝတ်စုတ်ဖြင့် ရေများသုတ်ပြီး ထမင်းစားပွဲဆီသို့ လာကြသည်။

စားပွဲပေါ်တွင် ဟင်းပန်းကန်ကြီးများ၊ အသား၊ အသီးအရွက်များရှိသည်။ ဟင်းရွက်များတွင် ကိုယ်တိုင်စိုက်ထားသော ကန်စွန်းရွက်နှင့် ဂေါ်ဖီထုပ်များ၊ အသားဟင်းများတွင် ဝက်သုံးထပ်သားနှင့် ပဲသီး၊ ခရမ်းသီးကြော်တို့ဖြစ်သည်။ ပင်မအစားအစာမှာ ပြောင်းဖူးနှင့် ဂျုံမှုန့်ဖြင့်နယ်ထားသည့် တစ်လုံးလျှင် အမျိုးသားတစ်ဦး၏လက်သီးဆုပ်အရွယ်ရှိသည့် မုန့်ပြားများဖြစ်သည်။

48 02

“ငါတို့ ဟိုင်ရဲ့ဇနီး ချက်ထားတဲ့ ဟင်းက မွှေးတယ်၊ သမီးလေးလည်း ထမင်းချက်တော်တာပဲ” လျူတာကွေးက ပြောလိုက်သည်။ သူသည် လုမင်ဟိုင်နှင့် ရင်းနှီးသဖြင့် သူ့စကားက ပိုမိုလွတ်လပ်သည်။

ဘေးမှအခြားလူများကလည်း သဘောတူကြသည်။ ပြီးခဲ့သည့်ရက်ပိုင်းက လုအိမ်မှ ဒုတိယသားတို့အိမ်တွင် အလုပ်လုပ်စဉ် နေ့စဉ်ထမင်းဟင်းများကို လုမင်ဟိုင်၏ဇနီး မိန်ရှီနှင့် သမီး လုကျောင်းယွဲ့တို့ ချက်ထားသည်ကို သူတို့သိထားကြသည်။

တူညီသည့်ဟင်းမျိုး ဖြစ်သော်လည်း သူတို့ချက်ထားသည်မှာ ပိုမိုမွှေးကြိုင်သည်။ အိမ်ပြန်ရောက်သောအခါ သူတို့၏ဇနီးသည်များကို အပြစ်တင်ကြရာ သူတို့၏ဇနီးသည်များက ဆူပူကြတော့သည်။ “ဟိုင်ရဲ့မိန်းမက ဆီအများကြီး သုံးရဲတာပေါ့၊ မင်းအိမ်ဟင်းတွေက ဆီအများကြီး သုံးနိုင်ရင် ဒီလောက် အရသာရှိမှာပဲ”

ဤစကားမျိုးပြောလာသောအခါ နောက်ဆက်ပြောရန် မသင့်တော်တော့ပေ။ ဆက်ပြောလျှင် ထိုသူများသည် ပိုက်ဆံရှာနိုင်သဖြင့် သူတို့အမျိုးသမီးများက ပိုက်ဆံအလွန်သုံးရဲပြီး မင်းသာ သူတို့လို ပိုက်ဆံရှာနိုင်လျှင် ငါလည်း ဒီလိုခြွေတာစရာ မလိုတော့ဘူးဟု ပြောတော့မည်။

လူများ၏ခြီးမွမ်းခြင်းကို ခံရသော မိန်ရှီသည် ရှက်ခြင်းမရှိဘဲ လွတ်လွတ်လပ်လပ် ရယ်မောလိုက်သည်။ “အရသာရှိတယ်ဆိုရင် များများစားကြပါ”

လူတိုင်းက သဘောတူကြပြီး စားပွဲဝိုင်းတွင် ရပ်ကာ နှုတ်ခမ်းနှင့် လက်တို့ဖြင့် စားသောက်ကြတော့သည်။

လုကျောင်းယွဲ့သည် အိမ်ထဲသို့ ရှောင်ပုန်းသွားခဲ့သည်။ မိန်ရှီလည်း လူများကို ဧည့်ခံပြီးနောက် အိမ်ထဲသို့ ပြန်လာခဲ့သည်။ အိမ်မှအမျိုးသားများ အပြင်တွင် အလုပ်လုပ်သည့်လူများနှင့်အတူ စားသောက်ကြသဖြင့် မိခင်နှင့်သမီးနှစ်ဦးသည် သီးသန့် စားသောက်ကြသည်။

“အမေ၊ မြန်မြန်လာစားပါ”

လုကျောင်းယွဲ့သည် မိန်ရှီအတွက် ဟင်းချိုတစ်ပန်းကန်ကို ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သူမသည် အမေပြန်လာပြီး သောက်ရန်သာ စောင့်နေသည်။ သူတို့နှစ်ဦးလုံးသည် တစ်မနက်လုံး အလုပ်လုပ်ထားရပြီး အထူးသဖြင့် မိန်ရှီသည် တစ်ယောက်တည်း ဟင်းများအားလုံးကို ချက်ပြုတ်ခဲ့ရသဖြင့် အလွန်ပင် ပင်ပန်းနေ၏။ လုကျောင်းယွဲ့သည်လည်း ပင်ပန်းနေသော်လည်း သူမသည် မိန်ရှီထက် ပိုမိုလွယ်ကူသည့် အလုပ်များကိုသာ လုပ်ခဲ့ရသည်။ သို့သော် သူမပင် ပင်ပန်းနေသည်ကို ခံစားနေရလျှင် သူမ၏အမေသည် ပို၍ပင် ပင်ပန်းနေပေလိမ့်မည်။

“အပြင်က စားပွဲတွေကို သမီးပဲ သိမ်းပေးပါ့မယ်၊ အမေ နားလိုက်တော့”

“နင်ပဲ သွားအိပ်ပါ၊ အမေ မပင်ပန်းပါဘူး”

လုကျောင်းယွဲ့သည် သဘောမတူသော်လည်း ဘာမှမပြောပေ။ သူမသည် သူမ၏အမေနှင့် အတူတူလုပ်ပြီး နေ့လယ်ဘက် အိပ်တော့မည်ဟုသာ ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း သူမသည် နာရီဝက်ပင်မပြည့်သေးဘဲ ညစာပြင်ဆင်ရန်အတွက် ပြန်ထရတော့မည်။ ထမင်းချက်သည့် အလုပ်သည် လွယ်ကူသည်ဟု ထင်ရသော်လည်း လူအမြောက်အမြားအတွက် ထမင်းချက်ရခြင်းက မလွယ်ကူပေ။

“မင်းအဖေပြောတာ နောက်နှစ်ရက်ဆိုရင် ပြီးပြီတဲ့၊ အဲ့အချိန်ကျရင် ငါတို့လည်း နားရတော့မယ်” မိန်ရှီက စိတ်အားငယ်နေသည့်သမီးကို ကြည့်ရင်း စိတ်မကောင်းဖြစ်နေ၏။ သမီးသည် ငယ်ငယ်ကတည်းက ချစ်ခင်ကြင်နာမှုဖြင့် ကြီးပြင်းလာသူဖြစ်ရာ ပြီးခဲ့သည့် ရက်ပိုင်းက အတော်ပင် ပင်ပန်းနေပေလိမ့်မည်။

“အမေ၊ သမီး မပင်ပန်းပါဘူး”

ထမင်းစားပြီးနောက် လုကျောင်းယွဲ့သည် ခေါက်စားပွဲကို သိမ်းဆည်းရန်အတွက် ထရပ်လိုက်သည်။ သူမနှင့် မိန်ရှီတို့ ပန်းကန်များကို ယူလာသည့်အချိန်တွင် အပြင်မှလူများလည်း စားသောက်ပြီးပြီ ဖြစ်၏။ နေ့လယ်ဘက်တွင် နေကပူသဖြင့် အလုပ်လုပ်သူများအားလုံး အိမ်ပြန်နားနေကြပြီး နေပူရှိန်လျော့မှ ပြန်လာကြမည်။

လုမင်ဟိုင်နှင့် သားဖြစ်သူများသည် ပန်းကန်စားပွဲများကို သိမ်းရန် မိန်ရှီနှင့် လုကျောင်းယွဲ့ကို ကူညီကြသည်။ မိန်ရှီက စားပွဲများသုတ်နေချိန်တွင် လုကျောင်းယွဲ့နှင့် လုကွမ်းကျိတို့ ပန်းကန်များကို အင်တုံတစ်ခုထဲထည့်ကာ ဆေးကြောရန် ယူသွားကြသည်။

“ဒီရက်ပိုင်း အဲ့ကို မသွားတာ ကိစ္စမရှိဘူးလား” အဲ့ကိုဆိုသည်မှာ လောင်းကစားရုံပင်ဖြစ်၏။ လုကျောင်းယွဲ့သည် မောင်ဖြစ်သူသည် ပြီးခဲ့သည့်ရက်ပိုင်းက သွားရောက်ခြင်း မရှိသည်ကို မြင်ခဲ့သည်။ ပြီးခဲ့သည့်ရက်များက တစ်ရက်ခြားတစ်ခါ သွားရောက်ခြင်းက ဟန်ကျင်းပေးသည့် တစ်လျံကို တန်အောင် ပြန်ဆပ်ခြင်းပင်။

လုကွမ်းကျိသည် အစ်မဖြစ်သူ ထိုသို့မေးမြန်းလာလိမ့်မည်ဟု မထင်ထားသဖြင့် ရေခပ်သည့်အလုပ် ရပ်တန့်သွား၏။ “ကိစ္စမရှိပါဘူး၊ ဦးလေးကျင်းဇီက ပြောပေးထားတော့ ဘယ်သူမှ ဘာမှမပြောပါဘူး”

ဟန်ကျင်းအကြောင်း ပြောလာသောအခါ လုကျောင်းယွဲ့သည် တိတ်ဆိတ်သွားပြီး ဆက်မမေးတော့ပေ။

အလုပ်များအားလုံးပြီးသောအခါ လူတိုင်းသည် နားရန်အတွက် အိမ်သို့ပြန်လာကြသည်။

48 03

နောက်ထပ်နှစ်ရက်ကြာသောအခါ ဒုတိယသားတို့အိမ်၏ ခြံစည်းရိုးသည် နောက်ဆုံးတွင် ပြီးဆုံးသွားပြီ။

လူတစ်ရပ်ထက် ပိုမြင့်သည့် ခြံစည်းရိုးသည် နောက်ဘက်မှ ဟင်းသီးဟင်းရွက်ခြံကိုပါ ပါဝင်ကာ ဒုတိယသားတို့အိမ်ကို ပတ်လျက်ရှိသည်။ ဟင်းသီးဟင်းရွက်ခြံကိုပါ ထည့်ကာရံရခြင်း၏ အကြောင်းမှာ အနာဂတ်အတွက် ဖြစ်၏။ အချိန်ကြာလာသည်နှင့်အမျှ မိသားစုဝင်များ တိုးပွားလာမည်ဖြစ်ရာ နောက်ပိုင်းတွင် အိမ်များ ထပ်ဆောက်ရန် လိုအပ်လာပေလိမ့်မည်။ ဒုတိယသားတို့အိမ်၏ မြေကွက်သည် အကန့်အသတ်ရှိသဖြင့် ဟင်းသီးဟင်းရွက်ခြံကိုလည်း အသုံးပြုရန် လိုအပ်လာနိုင်သည်။

ထို့အပြင် ဘေးဘက်တွင်လည်း တံခါးတစ်ပေါက်ကို ဖွင့်ထားလိုက်သည်။ လွန်ခဲ့သည့်ရက်များက ဒုတိယသားတို့သည် ဟင်းသီးဟင်းရွက်ခြံရှိ ရိုးရိုးရှင်းရှင်း တံခါးပေါက်မှသာ သွားလာကြရသည်။ မြေပင် ညီညာမနေပေ။ ခြံစည်းရိုး ကာလိုက်သည်နှင့် တံခါးပေါက်ကိုလည်း တစ်ခါတည်း လုပ်လိုက်သည်။ သစ်သားအရောင်ရှိသည့် တံခါးမကြီးကို တပ်ဆင်လိုက်သောအခါ သီးခြားအိမ်တစ်အိမ်ဖြစ်သွား၏။

ခြံအပြင်မှကြည့်လိုက်လျှင် အပြာရောင်ခြံစည်းရိုးနှင့် ခိုင်ခံ့သည့် တံခါးမကြီးသည် ချမ်းသာကြွယ်ဝသည့်အိမ်၏ အသွင်အပြင်ကို ပေးနေသည်။

ထိုနေ့တွင် ဒုတိယသားတို့အိမ်သို့ တစ်ယောက်ရောက်လာသည်။

လုကျောင်းယွဲ့သည် လာသူကို မြင်လိုက်ရသောအခါ တောင့်ခနဲဖြစ်သွား၏။

လုကွမ်းကျိလည်း အလားတူပင်။

“မောင်လေးကျင်း၊ ဘာလို့ ဒီအချိန်မှ လာတာလဲ၊ တစ်ခုခုရှိလို့လား၊ အထဲကိုဝင်ပြီး ထိုင်ပါဦး” မိန်ရှီသည် ဟန်ကျင်းကို နှုတ်ဆက်ရင်း ပြောလိုက်သည်။ “အိမ်ထောင်ဦးစီးရေ…၊ ဧည့်သည်ရောက်နေတယ်၊ မြင်းကို အထဲကို ယူထားပေးလိုက်၊ မဟုတ်ရင် အပြင်မှာ ကလေးတွေ မြင်းကို သောင်းကျန်းမှာ စိုးရိမ်ရတယ်”

“အစ်မကြီး၊ ငါ့ဘာသာ ကျွန်တော်ပဲ လုပ်လိုက်ပါ့မယ်” ဟန်ကျင်းက ပြောလိုက်သည်။

“ရတယ်၊ ရတယ်၊ အထဲကိုဝင်ပြီး ထိုင်ပါ၊ လွန်ခဲ့တဲ့တစ်ခါက မင်းကို ထမင်းကျွေးချင်ခဲ့တာ၊ ဒါပေမဲ့ အိမ်မှာ ယောက်ျားတွေမရှိလို့ အဆင်မပြေခဲ့ဘူး၊ ဒီနေ့တော့ ငါတို့အိမ်ရဲ့ အိမ်ထောင်ဦးစီးလည်း ရှိတယ်၊ နေ့လယ်စာ စားပြီးမှ ပြန်ပါ” မိန်ရှီက စိတ်အားထက်သန်စွာ ပြောလိုက်သည်။

“ဒီလိုလုပ်တာ ဘယ်ကောင်းမလဲ”

“ဘာလို့ မကောင်းရမှာလဲ၊ လွန်ခဲ့တဲ့တစ်ခါက ငါတို့ကို ကူညီပေးခဲ့သေးတယ်လေ”

“ဒီတစ်ခါ ငါက သတင်းလာပို့တာ၊ ကျွမ်းယီက စာပြန်ပို့လိုက်ပြီ”

“တကယ်လား” မိန်ရှီသည် အလွန်ပျော်ရွှင်သွားပြီး ဟန်ကျင်းကို အိမ်ရှေ့ခန်းသို့ ဦးဆောင်ခေါ်သွားသည်။ “သူ ဘာပြောလဲ၊ ဘယ်အချိန်ပြန်လာမယ်လို့ ပြောသေးလား၊ မြန်မြန်ပြောပြပါဦး”

မကြာမီတွင် သူတို့နှစ်ဦးသည် အိမ်ရှေ့ခန်းသို့ ရောက်ရှိသွားကြပြီး လုကျောင်းယွဲ့နှင့် လုကွမ်းကျိတို့ နှစ်ဦးတည်း ကျန်ရစ်ခဲ့ကြသည်။ သူတို့နှစ်ဦးစလုံး ဘာမှပြန်မပြောနိုင်ကြသေးပေ။

လုကွမ်းကျိသည် သက်ပြင်းချလိုက်ပြီး ဆိုသည်။ “ဦးလေးကျင်းဇီက ငါ့ကို လာရှာတယ်လို့ ထင်သွားတာ”

လုကျောင်းယွဲ့သည် မောင်ဖြစ်သူကို တစ်ချက်ကြည့်ပြီး ဘာမှမပြောပေ။

ယခုလေးတင် ဟန်ကျင်းကို မြင်လိုက်ရချိန်တွင် သူမ၏စိတ်ထဲတွင်လည်း ထိုသို့ပင် တွေးမိခဲ့သည်။ ယခုကြည့်လိုက်တော့ ထိုသို့မဟုတ်သည့်ပုံ ပေါ်သည်။

လုကျောင်းယွဲ့သည် သက်ပြင်းချလိုက်ချိန်တွင် စိုးရိမ်မှုများလည်း ရှိလာ၏။ ထိုကိစ္စပြီးနောက် သူသည် ညီဖြစ်သူမှတစ်ဆင့် သူမကို နှစ်ကြိမ်တိုင်တိုင် ပြောခဲ့သော်လည်း သူမက မသွားခဲ့ပေ။ သူသည် ယနေ့ အဘယ်ကြောင့် လာရသနည်း။ ဦးလေးငယ်၏ သတင်းကြောင့် အမှန်တကယ် လာခြင်းလား၊ သို့မဟုတ် အခြားအရာတစ်ခုကြောင့်လား။

လုကျောင်းယွဲ့သည် တွေဝေနေချိန်တွင် အိမ်ထဲမှ မိန်ရှီ၏ ရေခပ်ခိုင်းသည့်အသံကို ကြားလိုက်ရသည်။ သူမသည် အများကြီး ဆက်မတွေးတော့ဘဲ မီးဖိုခန်းသို့ လှည့်ဝင်လိုက်သည်။

နွေရာသီတိုင်းတွင် ဒုတိယသားတို့မိသားစုသည် စားတော်ပဲအရွက်ဖြင့် ပြုလုပ်ထားသည့် လက်ဖက်ရည်ကြမ်းကို သောက်သုံးလေ့ရှိကြသည်။ ၎င်းကို မြေလက်ဖက်ရည်အိုးထဲသို့ ထည့်ကာ အေးသွားသည့်အခါ သောက်သုံးကြရာ အပူဒဏ်ကို ကာကွယ်ပေးသည်။

လုကျောင်းယွဲ့သည် မိသားစုမှလူများ အသုံးပြုသည့် ရွှံ့ပန်းကန်လုံးကို ယူပြီး စဉ်းစားကာ ဧည့်သည်များအသုံးပြုသည့် အဖြူရောင်ကြွေပန်းကန်လုံးကို ပြောင်းလိုက်သည်။ ပြီးနောက် လက်ဖက်ရည်ကြမ်းကို လောင်းကာ အိမ်ရှေ့ခန်းသို့ သယ်သွားသည်။

48 04

သူမအထဲဝင်သွားချိန်တွင် ဟန်ကျင်းသည် မိန်ရှီနှင့် စကားပြောနေသည်။

မိန်ရှီသည် သမီးဖြစ်သူ လက်ဖက်ရည်ယူလာသည်ကို မြင်သောအခါ ဟန်ကျင်းကို လှမ်းခေါ်လိုက်သည်။ “မောင်လေးကျင်း၊ လာ လက်ဖက်ရည်သောက်ပါ၊ ဒါက ငါတို့ကိုယ်တိုင် လုပ်ထားတဲ့ လက်ဖက်ရည်ကြမ်း၊ စိတ်မဆိုးပါနဲ့နော်”

ဟန်ကျင်းသည် ဂရုမစိုက်ဟန်ဖြင့် ဆိုသည်။ “အစ်မကြီး၊ ငါလည်း ရွာကလူပဲ၊ အစ်မကြီး ဒီလိုပြောရင်တော့ မကောင်းပါဘူး”

မိန်ရှီသည် တောင့်ခနဲ ဖြစ်သွား၏။ ဟုတ်သည်၊ ဟန်ကျင်းလည်း ရွာကလူပဲ။ သူ့တွင် နာမည်ကျော်ကြားသဖြင့် ဤအချက်ကို လူအနည်းငယ်သာ သတိပြုမိကြသည်။ ထို့အပြင် မိန်ရှီသည် သူ့ကိုတွေ့တိုင်း မြင်းလှည်းဖြင့် အလျင်စလိုလာပြီး အလျင်စလို ပြန်တတ်သဖြင့် သူ့ကို ရွာမှ ရွံ့ပေနေသည့်လူများကဲ့သို့ မတွေးခဲ့ပေ။

“အစ်မကြီးက တရားဝင်လွန်းသွားတာ၊ လက်ဖက်ရည်သောက်ပါ၊ မလုံလောက်ရင် တူမကြီးကို ထပ်ဖြည့်ခိုင်းလိုက်မယ်”

******

All Chapters