← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅) လင်ပေါ်၏ စာ

သူ ဤနေရာနှင့် ပတ်သက်၍ အနည်းငယ် မှတ်မိနေသေး၏။ အနောက်ဘက် နှစ်မိုင်ခန့် အကွာတွင် သစ်တောထူထပ်ပြီး ပြဿနာရှာကာ ရမ်းကားတတ်သည့် ရွှံ့အုတ်လုပ်သားများ ရှိခြင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားလှသည်။

သူက ဟန်ဆောင်အပြုံးဖြင့် ပြောလိုက်၏။

"သတင်းပေးတဲ့အတွက် ကျေးဇူးပါ မန်နေဂျာချင်း... ဒီနေ့ အချည်းနှီး ခရီးစဉ် ဖြစ်သွားပေမယ့် မန်နေဂျာချင်းရဲ့ နံနက်စာကို အနှောင့်အယှက် မပေးမိဘူးလို့ မျှော်လင့်ပါတယ်..."

ထိုစကားကို ကြားသောအခါ မန်နေဂျာချင်းက ကမန်းကတန်း လက်ကာပြလိုက်ပြီး ပြုံး၍ ဆို၏။

"ဟေး... ဘယ်လိုလုပ် အဲ့လို ဖြစ်ရမှာလဲ... ညီလေးလဲ့... ငါတို့က တစ်သားတည်းတွေပါ... မင်း ဒုက္ခရောက်နေမှန်း ငါသာသိခဲ့ရင် မင်းကို ကူညီဖြေရှင်းပေးဖို့ ဝင်ပါခဲ့မှာပေါ့... ငါ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်..."

လဲ့ချန်က သာမန်ကာလျှံကာ ပြောလိုက်၏။

"ကိစ္စမရှိပါဘူး... လမ်းလျှောက်ထွက်တာလောက်ပါပဲ... ကောင်းပြီ... အချိန်မဆွဲတော့ဘူး... အေးဆေး စားပါ... နောက်တစ်နေ့ကျရင် ပစ္စည်းကောင်းတွေ ထပ်ယူလာခဲ့ပါ့မယ်..."

မန်နေဂျာချင်းက လဲ့ချန် ပြဿနာရှာတော့မည်ဟုထင်ကာ ကိစ္စများကို မည်သို့ ပြေလည်အောင် ဖြေရှင်းရမည်ကို စဉ်းစားနေခဲ့သော်လည်း လဲ့ချန်က အလွယ်တကူ လက်ခံလိုက်သည်ကို ကြားသောအခါ သက်ပြင်းချနိုင်သွားပြီး သူတို့ကို တံခါးဝအထိ လိုက်ပို့ကာ လက်ပြနှုတ်ဆက်လိုက်သည်။

"ချန်ဇီ... စိတ်မပူပါနဲ့... ဒီပြဿနာလေးက ရက်အနည်းငယ်အတွင်း ပြေလည်သွားမှာပါ... ရွာပြန်တဲ့ လမ်းခရီးကို သိပ်ပြီး အခက်အခဲ မဖြစ်စေပါနဲ့... ကျန်တာ ဘာမဆိုဆွေးနွေးလို့ ရပါတယ်... ကောင်းကောင်းသွားပါ... ဂရုစိုက်သွားဦး..."

သူတို့ ထွက်ခွာသွားစဉ် အားကော်က နောက်သို့ လှည့်ကြည့်ကာ မန်နေဂျာချင်းကို ပြုံးဖြီးဖြီး လုပ်ပြလိုက်ပြီးနောက် ဂုံနီအိတ်ကို ထမ်း၍ လဲ့ချန် နောက်သို့ လိုက်သွားသည်။

လဲ့ချန်က အားကော်ကို ကြည့်၍ ပြောလိုက်၏။

"အားကော်... သူတို့က ငါတို့ကို ခုလိုဗြောင်ကျကျ လာအနိုင်ကျင့်နေတာ... ငါတို့က ဘယ်လိုလုပ် ပြန်မတုံ့ပြန်ဘဲနေလို့ ရမှာလဲ..."

ဆိုရိုးစကားတစ်ခု ရှိသည်မှာ "လူကောင်းကို အနိုင်ကျင့်တတ်ကြသည်" ဟူ၍ ဖြစ်၏။

လဲ့ချန်က ဤသဘောတရားကို ကောင်းစွာ နားလည်ထားသည်။

ဤသည်က လူယုတ်မာများကို ဟန့်တားရန် အခွင့်ကောင်းတစ်ခု ဖြစ်၏။

အားကော်က လဲ့ချန်၏ စကားများကို ဥပဒေဿသဖွယ် ယုံကြည်လက်ခံထားသူ ဖြစ်၏။

သူက ချက်ချင်း ခေါင်းညိတ်လိုက်၏။

"အစ်ကိုချန်... အစ်ကိုပြောတာ မှန်တယ်... သူတို့ကို သွားရှာကြစို့..."

နံနက်စောစော လမ်းပေါ်တွင် စက်ဘီးခေါင်းလောင်းသံများ လုံးဝ မရှိသလောက်ပင်။ လဲ့ချန်နှင့် အားကော်တို့က နွားလှည်းတစ်စီးဖြင့် ရွာသို့ ပြန်လာခဲ့ကြသည်။

ရွာလမ်းမှာ ချိုင့်ခွက်များ ပြည့်နေပြီး နွားခွာသံများက ရွှံ့နွံများပေါ်တွင် တရှပ်ရှပ် မြည်နေ၏။ လမ်းတစ်လျှောက်လုံး အားကော်က သူ့ခေါင်းကို မော့ထားသော်လည်း သူ့စိတ်ထဲတွင်မူ ဤည၌ မည်သို့ တိုက်ခိုက်ရမည်ကို စတင် စဉ်းစားနေခဲ့သည်။

လဲ့ချန် ရွာသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် အားကော်က အိမ်ထဲသို့ ပြေးဝင်သွားပြီး အံဆွဲများနှင့် ဗီရိုများကို မွှေနှောက် ရှာဖွေလေ၏။ သံချေးတက်နေသော ခေတ်ဟောင်း လက်လုပ်သေနတ်တစ်လက်ကို ဆွဲထုတ်လာပြီး လဲ့ချန်ထံသို့ လျှို့ဝှက်စွာ ကမ်းပေးလိုက်သည်။

“အစ်ကိုချန်... ဒီတစ်ခါတော့ ကျွန်တော့်ကို မတားနဲ့တော့... ကျွန်တော်တို့ အထိနာမခံရအောင် ဒါကို ယူသွားမယ်..."

ထိုအရာကို မြင်သောအခါ လဲ့ချန် မျက်မှောင်ကြုတ်သွားပြီး သေနတ်ကို လျှပ်တစ်ပြက် ဆွဲလုလိုက်ကာ ဗီရိုထောင့်သို့ ထိုးထည့်လိုက်ပြီး သွားကိုက်ကာ တိုးတိုးလေး ဟိန်းဟောက်လိုက်၏။

"မင်း ဒါနဲ့ ဘာလုပ်မလို့လဲ... ပြဿနာကြီးအောင် လုပ်နေတာလား... အလွန်ဆုံး လူတွေက ပေါက်ပြား ဒါမှမဟုတ် တုတ်လောက်ပဲ ယူလာတာ... မင်းက လက်လုပ်သေနတ် ယူလာတယ်... တစ်ခုခု မှားယွင်းသွားရင် ငါတို့ တကယ် ရှင်းပြလို့ ရမှာမဟုတ်ဘူး... မင်းက ပြဿနာရှာဖို့ပဲ တော်တယ်... ဘာအလုပ်မှ ဖြစ်တာ မဟုတ်ဘူး..."

အားကော်က လည်ပင်းကို ပုလိုက်ပြီး နောက်စေ့ကို ကုတ်ရင်း မြည်တွန်တောက်တီးလိုက်သည်။

"အစ်ကိုချန်... ကျွန်တော်တို့က လက်သီးကိုပဲ အားကိုးနေလို့ မရဘူးလေ... သူတို့က အကြောင်းပြချက်မရှိဘဲ လုပ်နေရင် ကျွန်တော်တို့ ဘာလုပ်နိုင်မှာလဲ... သူတို့ကို ကျွန်တော်တို့အပေါ် ဗိုလ်ကျခံနေလို့ မရဘူးလေ..."

လဲ့ချန်က သူ့ကို စိုက်ကြည့်လိုက်သော်လည်း သူ ပြန်မပြောနိုင်မီမှာပင် တံခါးအပြင်ဘက်မှ ရင်းနှီးနေသော အသက်အရွယ်ရနေသည့် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

"ဟေး... ချန်ဇီ... ဒီလောက် စောစောစီးစီး ဘာလို့ တောင်ပေါ် မတက်သေးတာလဲ..."

လဲ့ချန်ရ အလန့်တကြား ဖြစ်သွားပြီး လှည့်ကြည့်လိုက်သည်။ သေချာပေါက်ပင် ခြံဝင်းထဲသို့ ဝင်လာသူမှာ အဘိုးလင် ဖြစ်နေ၏။

အဘိုးလင်က လမ်းလျှောက်လာရင်း သူ၏ အဝတ်အိတ်ထဲမှ သကြားလုံး အနည်းငယ်ကို ထုတ်ကာ ရှောင်ရှောင်ကို ကမ်းပေးလိုက်သည်။

ရှောင်ရှောင်က သကြားလုံးများကို ပိုက်၍ အိမ်ထဲသို့ ဝမ်းသာအားရ ပြေးဝင်သွားပြီး အော်ဟစ်လိုက်၏။

"အမေ... အဘိုးလင်က သမီးကို သကြားလုံး ပေးတယ်..."

"အဘိုးလင်... ဒီနေ့ ဘာကိစ္စရှိလို့ ရွာကို ရောက်လာတာလဲ..."

လဲ့ချန်က ပြုံး၍ နှုတ်ဆက်လိုက်၏။

"ငါက လာလို့မရဘူးလား... ရှောင်ရှောင်အတွက် တစ်ခုခု ယူလာပေးလို့ ရတာပဲ..."

အဘိုးလင်က လက်များကို ပုတ်ခါလိုက်ပြီး လဲ့ချန်ကို ကြည့်လိုက်၏။

“ဒါပေမဲ့ ချန်ဇီ... မင်းကရော ဘာလို့ ခုအချိန်ထိ အိမ်မှာ ရှိနေသေးတာလဲ... စောစောစီးစီးကတည်းက တောင်ပေါ်ကို အမဲလိုက် ထွက်သွားရမှာ မဟုတ်ဘူးလား..."

ထိုသို့ ပြောပြီးနောက် အဘိုးလင်က မျက်လုံးများကို ကျဉ်းလိုက်ပြီး ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားသကဲ့သို့ လဲ့ချန်ကို စူးစိုက်ကြည့်လိုက်သည်။

လဲ့ချန်၏ ရင်ထဲတွင် တင်းကျပ်သွားပြီး စကားလမ်းကြောင်း မည်သို့ လွှဲရမည်ကို စဉ်းစားနေစဉ် အဘိုးလင်က ပြုံးစိစိဖြင့် ထပ်ပြောလိုက်သည်။

"မင်းရဲ့ ပုံစံကို ကြည့်ရတာ တစ်ခုခုမှားနေသလိုပဲ... တစ်ယောက်ယောက်က မင်းကို ရန်စထားလို့လား..."

"တော်လိုက်တာ" ဟု လဲ့ချန် စိတ်ထဲမှ တွေးလိုက်မိ၏။ ဤအဘိုးကြီး၏ အမြင်အာရုံက လင်းယုန်တစ်ကောင်ကဲ့သို့ စူးရှလှသည်။

ဇနီးဖြစ်သူ ချီလန် ဤစကားများကို ကြားသွားမည် စိုးသဖြင့် သူက အဘိုးလင်ကို ခြံဝင်းအပြင်ဘက်သို့ ကမန်းကတန်း ခေါ်ထုတ်သွားလိုက်သည်။

ရွာလမ်းဘေးသို့ ရောက်သောအခါ သူက ပြောလိုက်၏။

"အဘိုးလင်... အဘိုးက တကယ် တော်တာပဲ... အဘိုးရဲ့ အမြင်အာရုံနဲ့ဆို ကျွန်တော်က ဘယ်လိုလုပ် ဖုံးကွယ်ထားလို့ ရမှာလဲ... ရွာပြင်က မုဆိုးတွေလေ... သူတို့ ဘာဖြစ်သွားမှန်း မသိဘူး... ကျွန်တော့်ကို ပြဿနာ လာရှာနေကြတယ်…ဒီနေ့ မြို့ကို သွားပြီး စုံစမ်းကြည့်တော့ ကိစ္စက တော်တော်လေးကို ရှုပ်ထွေးတဲ့ကိစ္စဖြစ်နေမှန်း သိလိုက်ရတယ်..."

နားထောင်ပြီးနောက် အဘိုးလင်က မျက်လုံးများကို ကျဉ်းလိုက်ပြီး ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။

“နျူပေရွာကလား... ပိုင်ဆန်းရဲ့ စခန်းကလား..."

လဲ့ချန် အံ့အားသင့်သွား၏။

"အဘိုးလင်... အဘိုးက အဲ့လူစုအကြောင်းကို သိနေတာလား..."

အဘိုးလင်က ခေါင်းညိတ်လိုက်သည်။

သူက နျူပေရွာရှိရာ အရပ်သို့ မျက်လုံးကျဉ်း၍ ကြည့်လိုက်ကာ တစ်ခဏမျှ စဉ်းစားပြီးနောက် သက်ပြင်းချလိုက်၏။

"ချန်ဇီ... မင်းက ဒီကိစ္စကို ကိုယ်တိုင်ဖြေရှင်းဖို့ ကြိုးစားနေမယ်ဆိုရင် မင်းပဲ အထိနာလိမ့်မယ်... မင်း သိမှာ မဟုတ်ပေမယ့် နျူပေရွာက အဲ့လူတွေထဲက တချို့က တစ်ချိန်တုန်းက ငါ့ညီအစ်ကိုတွေ ဖြစ်ခဲ့ဖူးတယ်..."

ထိုစကားကို ကြားသောအခါ လဲ့ချန်မှာ…

"အဘိုးလင်... ဒါက ဘာသဘောလဲ..."

အဘိုးလင်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်၏။

“အများကြီး မမေးပါနဲ့... ပွင့်ပွင့်လင်းလင်း ပြောရရင် သိုင်းလောကက ရန်ငြိုးတွေဆိုတာ အားလုံး ရောထွေးနေတာပဲ... တကယ့်ကို ရှုပ်ထွေးလှတယ်..."

"အခု ငါက ရွာထဲက အဘိုးကြီး တစ်ယောက်ပါ... ထပ်ပြီး မပတ်သက်ချင်တော့ဘူး... ဒါပေမဲ့ မင်းက လူငယ်တစ်ယောက်ဖြစ်ပြီး ငါတို့ရွာက လူတစ်ယောက် ဖြစ်နေတော့ အကြောင်းရင်း မသိဘဲနဲ့ မင်း အနိုင်ကျင့်ခံရတာကို ငါ လက်ပိုက်ကြည့်မနေနိုင်ဘူး..."

ထိုသို့ပြောပြီးနောက် သူက အင်္ကျီကို မတင်လိုက်ပြီး အတွင်းအိတ်ထဲမှ အရောင်ဝါနေသော စာအိတ်တစ်အိတ်ကို ဆွဲထုတ်လိုက်သည်။

သူက ထိုစာကို အလင်းရောင်တွင် ထောင်ကြည့်လိုက်ပြီးနောက် သူ့အင်္ကျီလက်ဖြင့် သုတ်လိုက်၏။

"ချန်ဇီ... ဒီစာကို ယူထားလိုက်... အရေးကြီးတဲ့ အချိန်ကျရင် ဒီစာကို ထုတ်ပြလိုက်..."

အဘိုးလင်က အကြည့်လွှဲလိုက်ပြီး ထိုစာကို လဲ့ချန်ထံ ကမ်းပေးလိုက်၏။

"နျူပေရွာကိုသွားလိုက်... မင်း ဒုက္ခရောက်ရင် ပိုင်လောင်ဆန်းနဲ့ သူ့လူစုကို ဒီစာ ထုတ်ပြလိုက်..."

"ဒီစာက... မိတ်ဆွေဟောင်း တစ်ယောက်ဆီက ပစ္စည်းပါ... တစ်ခုခုတော့ အသုံးဝင်ဦးမယ်လို့ မျှော်လင့်ရတာပဲ..."

လဲ့ချန်က ထိုစာကို တစ်ချက် ကြည့်လိုက်ပြီး လှမ်းယူလိုက်ကာ သူ၏ ရင်ထဲတွင် သံသယ အနည်းငယ် ဝင်ရောက်လာ၏။

သူက စာကို ကိုင်ထားပြီး တစ်ခဏမျှ တုံ့ဆိုင်းသွား၏။

“အဘိုးလင်...ဒါက... တကယ် အလုပ်ဖြစ်ပါ့မလား..."

အဘိုးလင်၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ပြောလိုက်၏။

"မင်း အဲဒီရောက်ရင် သိသွားပါလိမ့်မယ်... ဒီလောကမှာ လူတွေက ကိုယ်ကျင့်တရားနဲ့ မျက်နှာကို တန်ဖိုးထားကြတယ်... ငါတို့ခေတ်တုန်းကဆိုရင် လူတွေက အဲ့ဟာတကို နားလည်ကြပါသေးတယ်..."

လဲ့ချန်က ခေါင်းညိတ်လိုက်သည်။ သူ့တွင် သံသယများ ရှိနေသေးသော်လည်း ဤအချိန်တွင် အခြား ရွေးချယ်စရာတစ်ခု ရှိနေခြင်းက အမြဲတမ်း ကောင်းမွန်သောအရာ ဖြစ်၏။

သူက စာကို သေချာစွာ ခေါက်၍ အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး အဘိုးလင်ကို ဦးညွှတ်ကာ ပြောလိုက်၏။

"ကျေးဇူးအများကြီး တင်ပါတယ် အဘိုးလင်..."

ခြံဝင်းဘက်သို့ လှည့်အပြန်တွင် အားကော်က တံခါးဝ၌ စောင့်နေနှင့်ပြီ ဖြစ်၏။ လဲ့ချန် ပြန်လာသည်ကို မြင်သောအခါ သူက ကမန်းကတန်း လျှောက်လာလေသည်။

"အစ်ကိုချန်... ဘယ်လိုနေလဲ... ဒီနေ့ည ဘယ်အချိန် သွားကြမလဲ..."

အားကော်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေပြီး သူ အချိန်အတော်ကြာအောင် မြိုသိပ်ထားခဲ့ရကြောင်း သိသာလှသည်။

လဲ့ချန်က သူ့ပခုံးကို ပုတ်လိုက်ပြီး တမင် သဲထိတ်ရင်ဖိုဖြစ်အောင် လုပ်လိုက်၏။

"ဒီနေ့ည ငါတို့ မလှုပ်ရှားဘူး... အခုပဲ သွားကြမယ်..."

အားကော်မှာ သုံးပေခန့် မြင့်အောင် ခုန်ပေါက်သွား၏။

"ဒါက တကယ့်ကို စိတ်လှုပ်ရှားစရာပဲ... အစ်ကိုချန်... ကျွန်တော် သွားပြီး ပေါက်ပြား ယူလိုက်ဦးမယ်..."

စကားပြောရင်းနှင့် သူက အိမ်ထဲသို့ ပြေးဝင်သွားလေသည်။

ဤတည့်ရာပြောတတ်လုပ်တတ်သော ကောင်လေးက ကိစ္စများကို ထပ်ပြီး ရှုပ်ပွအောင် လုပ်တော့မည်ကို မြင်သောအခါ လဲ့ချန်က တိုးတိုးလေး အော်လိုက်၏။

"ပြန်လာခဲ့... မင်းရဲ့ စိတ်အားထက်သန်မှုတွေ အလကား ဖြစ်ကုန်တော့မယ်... ဒီတစ်ခါ ငါတို့က ဦးနှောက်ကို သုံးမှာ... ဓားတွေ သေနတ်တွေ သုံးမှာ မဟုတ်ဘူး..."

အားကော် အံ့အားသင့်သွားပြီးနောက် မြည်တွန်တောက်တီးလိုက်၏။

"ဒါက မတရားဘူး... အစ်ကိုချန်... ကျွန်တော်တို့ မိသားစုက ခုလို ဂုဏ်သိက္ခာမရှိတဲ့ အလုပ်မျိုး မလုပ်ပါဘူး..."

လဲ့ချန်က အားကော်၏ လည်ကုပ်ကို စိတ်ပျက်လက်ပျက်ဖြင့် ဆွဲကိုင်လိုက်၏။

"အပိုတွေ ပြောမနေနဲ့... ငါ့နောက်သာ လိုက်ခဲ့စမ်းပါ..."

အားကော်က နှုတ်ခမ်းဆူလိုက်သော်လည်း ထပ်ပြီး မဆန့်ကျင်ရဲတော့ဘဲ လဲ့ချန် နောက်မှ လိမ္မာစွာဖြင့် တံခါးပြင်သို့ လိုက်သွားရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

လမ်းတစ်လျှောက်တွင် အားကော်က တုတ်ကိုင်ထားသော မျောက်တစ်ကောင်ကဲ့သို့ လမ်းလျှောက်နေပြီး သူ၏ ခြေလှမ်းများက အလွန် မြန်ဆန်နေ၏။ သူက မကြာခဏ နောက်လှည့်ကြည့်ကာ လဲ့ချန်ကို တိုက်တွန်းလေသည်။

"အစ်ကိုချန်... ကျွန်တော်တို့ ဒီထက် ပိုမြန်မြန် ပြေးလို့ မရဘူးလား... နေတောင် ကောင်းကင်အလယ် ရောက်နေပြီ..."

အခန်း (၁၃၆) တရားမျှတသော ယှဉ်ပြိုင်မှု

"ဘာတွေ လောနေတာလဲ..."

လဲ့ချန်က သူ့ပါးကို ပွတ်သပ်လိုက်၏။

"ပြဿနာသွားရှာမှာက မင်းလား ငါလား..."

အားကော်က သူ့လက်နှစ်ဖက်ကို ပွတ်သပ်၍ ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။

"သေချာပေါက် အစ်ကိုချန်က ပွဲကို ထိန်းပေးရမှာပေါ့..."

နျူပေရွာက သိပ်မဝေးလှချေ။ နာရီဝက်ပင် မကြာလိုက်ဘဲ သူတို့ နှစ်ယောက် ရွာထိပ်သို့ ရောက်ရှိသွားကြ၏။

ရွာထိပ်ရှိ ကျိုင်းပင်ကြီး အောက်တွင် မြက်ပင်များကို ဝါးလျက် အေးအေးလူလူ စကားစမြည် ပြောဆိုနေကြသော လူထွားကြီး အနည်းငယ်ကို အဝေးမှပင် လှမ်းမြင်နိုင်သည်။

ရွာထိပ်ရှိ ထိုလူစုက ခွေးဝဲစားများနှင့် တူနေ၏။ လဲ့ချန်က ခေါင်းဆောင်ဖြစ်သူ ပိုင်လောင်ဆန်းကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။ သူ့မျက်နှာ တစ်ခုလုံးတွင် အဆီများ ဖုံးလွှမ်းနေပြီး သားသတ်သမား၏ စဉ်းတီတုံးပေါ်မှ ဝက်ခေါင်းနှင့်ပင် တူနေသေး၏။

"အစ်ကိုချန်... အစ်ကို့မှာ ရှိတာ ဒါအကုန်ပဲလား..."

အားကော်က တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။

"ကျွန်တော် သူတို့ထဲက နှစ်ယောက်ကို အလဲထိုးပြမယ် ကြည့်နေ..."

လဲ့ချန်က သူ့ကို လှမ်းဆွဲ၍ စိတ်မရှည်စွာ ပြောလိုက်၏။

"မင်းက ဘာတွေ လောနေတာလဲ ကောင်လေးရ... အခြေအနေကို အရင် စောင့်ကြည့်ဦး..."

သူတို့ အနီးသို့ ရောက်သွားသောအခါ ပိုင်လောင်ဆန်းနှင့် သူ့လူများကလည်း သူတို့ကို မြင်သွားကြသည်။

ပိုင်လောင်ဆန်းက လဲ့ချန်ကို အပေါ်အောက် အကဲခတ်ကြည့်၍ သလိပ်တစ်ချက် ထွေးထုတ်ကာ သရော်သည့် လေသံဖြင့် ပြောလိုက်၏။

"အို့ဟို... ဒါ လဲ့ချန် မဟုတ်လား... ဘာဖြစ်လို့လဲ... အရိုက်ခံချင်လို့ ရောက်လာတာလား..."

မျောက်တစ်ကောင်ကဲ့သို့ ပိန်ပါးနေသည့် လူတစ်ယောက်က စူးရှသော အသံဖြင့် ဝင်ပြောလိုက်သည်။

“တတိယအစ်ကို... ဒီကောင်လေးက သနားခံဖို့ လာတာနေမယ်... ဟိုတစ်နေ့က ငါတို့အလုပ်တွေကို သူ လုသွားတယ်လေ... အခု သူ ကြောက်နေပြီ မဟုတ်လား..."

လဲ့ချန်က စိတ်ထဲမှ လှောင်ရယ် ရယ်လိုက်သော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်နေဆဲ ဖြစ်၏။

"ပိုင်လောင်ဆန်း... ငါ မင်းနဲ့ စီးပွားရေးအကြောင်း လာဆွေးနွေးတာ..."

"စီးပွားရေး ဆွေးနွေးမလို့..."

ပိုင်လောင်ဆန်းက ကမ္ဘာပေါ်တွင် ရယ်စရာ အကောင်းဆုံး ဟာသတစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ တဟားဟား ရယ်မောလိုက်သည်။

"မင်းလို ကောင်စုတ်လေးကများ ငါနဲ့ စီးပွားရေး ဆွေးနွေးဖို့ ထိုက်တန်တယ်လို့ ထင်နေတာလား... သေးပေါက်ပြီး မင်းမျက်နှာကို မှန်ထဲပြန်ကြည့်လိုက်ဦး... မင်းက ဘယ်လို လူစားမျိုးလဲ ဆိုတာကို..."

"ဒါပေါ့... ကိုယ့်အဆင့်ကိုယ်တောင် မသိဘူးလား..."

မျောက်ပိန်က အော်ဟစ်လိုက်၏။

"တတိယအစ်ကိုရဲ့ စီးပွားရေးကို လုသွားပြီးတော့တောင် မျက်နှာပြောင်တိုက်ပြီး လာဆွေးနွေးရဲသေးတယ်... မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်..."

လဲ့ချန်က စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း မျက်နှာပေါ်တွင် ပြုံးစစ အမူအရာ ရှိနေသည်။

"အစ်ကိုပိုင်... ဘာတွေပြောနေတာလဲ... ငါတို့ ရှေ့လျှောက် တွေ့ရမယ့်သူတွေပဲဆိုတော့ အေးအေးချမ်းချမ်း နေကြတာပေါ့... ငါ မင်းနဲ့ နိုင်ငံတော်ပိုင် စားသောက်ဆိုင်ရဲ့ ခွဲတမ်းကိစ္စ လာဆွေးနွေးတာ..."

"ခွဲတမ်းကိစ္စ..."

ပိုင်လောင်ဆန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး ရုတ်တရက် မတ်တတ်ရပ်ကာ လဲ့ချန်၏ နှာခေါင်းကို လက်ညှိုးထိုး၍ ဆဲရေးလိုက်၏။

"မင်းကများ ခွဲတမ်းအကြောင်း ပြောရဲသေးတယ်ပေါ့... မင်း အရိုက်ခံချင်နေတာလား... အဲဒီခွဲတမ်းက အစကတည်းက ငါ့ဟာကွ... မင်းသာ ညစ်ပတ်တဲ့ နည်းလမ်းတွေ မသုံးခဲ့ဘူးဆိုရင် ငါက နိုင်ငံတော်ပိုင် စားသောက်ဆိုင်နဲ့ ပူးပေါင်းနေတုန်းပဲ..."

သူက လဲ့ချန်၏ အင်္ကျီကော်လာကို ဆွဲကိုင်၍ ရက်စက်စွာ ခြိမ်းခြောက်လိုက်သည်။

"မင်း ဒီနေ့ ခွဲတမ်းကို ပြန်မပေးဘူးဆိုရင် မင်း အသက်မသေချင်ရင်တောင် ထမ်းစင်နဲ့ ပြန်သွားရမယ်မှတ်..."

ထိုမြင်ကွင်းကို မြင်သောအခါ အားကော်က သူ့အင်္ကျီလက်မောင်းများကို ခေါက်တင်၍ ရှေ့သို့ ပြေးထွက်ရန် ပြင်လိုက်သော်လည်း လဲ့ချန်က တားဆီးလိုက်၏။

လဲ့ချန်က ပိုင်လောင်ဆန်း၏ လက်ကို ရိုက်ဖယ်လိုက်ပြီး သူ၏ ကော်လာမှ ဖုန်များကို ခါထုတ်၍ သရော်လိုက်သည်။

"ပိုင်လောင်ဆန်း... ငါ မင်းကို ကြောက်နေတယ်လို့ မထင်နဲ့... အဲဒီခွဲတမ်းကို ငါ့အရည်အချင်းနဲ့ ငါ ရလာတာ... ဘာဖြစ်လို့ မင်းကို ပြန်ပေးရမှာလဲ..."

လဲ့ချန်က ပြန်လည် ခုခံရဲလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် ပိုင်လောင်ဆန်းမှာ တစ်ခဏမျှ အံ့အားသင့်သွား၏။

လဲ့ချန်က ဆက်ပြောလိုက်သည်။

“ငါ မင်းကို မျက်နှာသာပေးတဲ့အနေနဲ့ လာပြောပြတာ... ဒီစီးပွားရေးက မင်း တစ်ယောက်တည်း လက်ဝါးကြီးအုပ်ထားလို့ ရတဲ့အရာမဟုတ်ဘူး... မင်း အခြေအနေကို နားလည်ရင် ရှေ့လျှောက် ငါတို့ တစ်ယောက်လမ်း တစ်ယောက် သွားကြတာပေါ့..."

"မင်း အခြေအနေကို နားမလည်ဘူးဆိုရင်တော့ ငါ ရိုင်းတယ်လို့ မပြောနဲ့..."

"ငါတို့ရွာက အဘိုးလင်သာ စကား နည်းနည်းပါးပါး မပြောခဲ့ဘူးဆိုရင် မင်း အခုချိန်ထိ မတ်တတ်ရပ်နေနိုင်ဦးမယ် ထင်လား..."

"မင်း..."

ပိုင်လောင်ဆန်းမှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီရဲလာပြီး လည်ပင်းမှ သွေးကြောများပင် ထောင်ထလာ၏။ သူ ဒေါသပေါက်ကွဲတော့မည့် ဆဲဆဲတွင် လူအုပ်နောက်ကွယ်မှ အသံဩဩ တစ်သံ ထွက်ပေါ်လာသည်။

"တတိယညီ... ဘာဖြစ်တာလဲ..."

လူအုပ်ကြီးက အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြပြီး တုတ်ကောက် တစ်ချောင်းကို အားပြုထားသည့် ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့် အဘိုးအိုတစ်ဦးက တဖြည်းဖြည်းချင်း လျှောက်ထွက်လာ၏။

သူက ခါးကိုင်းနေသော်လည်း မျက်လုံးများက တောက်ပ၍ စူးရှနေကာ ဒေါသ မပါဘဲနှင့်ပင် ဩဇာလွှမ်းမိုးနိုင်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။

ထိုအဘိုးအိုကို မြင်လိုက်ရသောအခါ ပိုင်လောင်ဆန်း၏ မောက်မာနေသော အမူအရာက ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ရိုရိုကျိုးကျိုးဖြင့် နှုတ်ဆက်လိုက်၏။

"ဦးလေးကျိုး... ဘာကိစ္စရှိလို့ ရောက်လာတာလဲ..."

ဤဦးလေးကျိုးမှာ နျူပေရွာတွင် အလွန်မြင့်မားသော ရာထူးအဆင့်အတန်း ရှိပြီး သူ၏ လူငယ်ဘဝက အလွန် ထိတ်လန့်ဖွယ် ကောင်းသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။

ပိုင်လောင်ဆန်းနှင့် သူ့လူများ အားလုံးက သူ့ကို နာခံရ၏။

ဦးလေးကျိုးက သူ၏ တုတ်ကောက်ဖြင့် မြေပြင်ကို ခေါက်လိုက်ရာ တောက်ခနဲ အသံ ထွက်ပေါ်လာသည်။

သူက မျက်လုံးများကို မှေး၍ လဲ့ချန်ကို အပေါ်အောက် ကြည့်လိုက်၏။

"လူငယ်လေး... မင်းရဲ့ လေသံကို ထောက်ကြည့်ရရင် ပိုင်လောင်ဆန်းကို တကယ်မကြောက်ဘူးပဲ... ကဲ ပြောစမ်းပါဦး... စောစောက မင်းပြောလိုက်တဲ့ အဘိုးလင်ဆိုတာ ဘာကိုဆိုလိုတာလဲ..."

လဲ့ချန်က စဉ်းစားလိုက်ပြီးနောက် ဤသူမှာ အဘိုးလင် ပြောပြဖူးသည့် ညီအစ်ကိုဟောင်း ဖြစ်နိုင်ကြောင်း သဘောပေါက်သွားသည်။

ထို့ကြောင့် သူ၏ အမူအရာက အတော်လေး ပျော့ပျောင်းသွား၏။

"ဦးလေးကျိုး မဟုတ်လား... အဲဒီလောက်လည်း မလောပါနဲ့... ကျွန်တော် ဒီနေ့ ဒီနေရာကို ပြဿနာလာရှာတာ တကယ် မဟုတ်ပါဘူး... မေးခွန်းတစ်ခုပဲ မေးချင်တာပါ... ခင်ဗျားနဲ့ ပိုင်လောင်ဆန်းတို့က အဘိုးလင်ဆိုတဲ့ လူတစ်ယောက်ကို သိကြလား..."

ထိုစကားများက တိတ်ဆိတ်ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သကဲ့သို့ပင်။

တွန်နေသည့် ကြက်ဖများကဲ့သို့ မောက်မာနေကြသော ပိုင်လောင်ဆန်းနှင့် မျောက်ပိန်တို့ နှစ်ယောက်မှာ ရုတ်တရက် အသံတိတ်သွားကြသည်။

"အဘိုးလင်..."

ဦးလေးကျိုးက အလွန် ဝေးကွာလှသော အတိတ်တစ်ခုကို ပြန်လည် အမှတ်ရသွားသကဲ့သို့ မျက်မှောင်ကို ပြင်းပြင်းထန်ထန် ကုတ်လိုက်၏။

သူ၏ လည်စေ့က အကြိမ်အနည်းငယ် လှုပ်ရှားသွားပြီး ရုတ်တရက် မေးလိုက်သည်။

"မင်းလို ကောင်လေးက အဘိုးလင်ဆိုတဲ့ နာမည်ကို ဘယ်လိုလုပ် သိနေတာလဲ... ပွင့်ပွင့်လင်းလင်း ပြောရရင် သူက ပြင်ပလူတွေနဲ့ သိပ်ပြီး ဆက်ဆံလေ့ရှိတာ မဟုတ်ဘူး..."

ထိုစကားကို ကြားသောအခါ လဲ့ချန်မှာ အနည်းငယ် စိတ်အေးသွား၏။

အဘိုးလင်က တကယ့်ကို အရေးပါသော လူတစ်ယောက် ဖြစ်ပုံရသည်။ သူက သူ့အိတ်ကပ်ထဲမှ စာအိတ်ကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်သည်။

"ဦးလေးကျိုး... အဘိုးလင်က ကျွန်တော့်ကို ပစ္စည်းတစ်ခု ယူလာခိုင်းလို့ပါ..."

လဲ့ချန်က တည်ငြိမ်စွာ ပြောလိုက်ပြီး သူ၏ အိတ်ကပ်ထဲမှ စာအိတ်တစ်အိတ်ကို ထုတ်ယူလိုက်၏။

စာအိတ်၏ ထောင့်စွန်းလေးကို မြင်လိုက်ရသောအခါ ဦးလေးကျိုး၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။

သူက တုတ်ကောက်ကို ဆုပ်ကိုင်လိုက်ပြီး အသံက ရုတ်တရက် ဩရှရှ ဖြစ်သွား၏။

"ငါ့ကို ပေးကြည့်စမ်း..."

လဲ့ချန်က လှုပ်ရှားခြင်း မရှိဘဲ ခပ်ဟဟ ပြုံးလိုက်သည်။

"ဦးလေးကျိုး... အဘိုးလင်ဆီက ဒီပစ္စည်းတွေက ဖြစ်သလို ပေးလိုက်လို့ ရတဲ့အရာမျိုး မဟုတ်ဘူး..."

"ကျွန်တော် ခင်ဗျားကို မယုံလို့တော့ မဟုတ်ပါဘူး... ဒါပေမဲ့... ခင်ဗျားက သူ့အကြောင်းကို ကျွန်တော့်ကို ပိုပြောပြမှ ရမယ်လေ... မဟုတ်ရင် ကောလာဟလတွေ ဖြန့်နေသလို ဖြစ်မနေဘူးလား..."

ထိုစကားကို ကြားသောအခါ ဦးလေးကျိုးက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး သူ၏ အမူအရာက ရှုပ်ထွေးကာ ခန့်မှန်းရ ခက်နေ၏။

"မင်းမှာလည်း အရည်အချင်းတချို့ ရှိသားပဲ ကောင်လေး..."

ဦးလေးကျိုးက သူ့တုတ်ကောက်ဖြင့် မြေပြင်ကို ခေါက်၍ ဩဇာပါသော အသံဖြင့် ပြောလိုက်သည်။

"အဘိုးလင်က တစ်ကိုယ်တော်ကုန်သည်ပဲ.. သူ့လူငယ်ဘဝတုန်းက ငါတို့ထဲက ဘယ်သူမှ သူ့စကားကို မလွန်ဆန်ရဲကြဘူး... စိတ်ထဲကနေ သူ့ကို ကျိန်ဆဲချင်နေရင်တောင် ကြိတ်မှိတ်ခံခဲ့ကြရတာချည်းပဲ... သူသာ ငါတို့ကို မဦးဆောင်ခဲ့ဘူးဆိုရင် တောင်ပေါ်မှာ ကျက်စားနေတဲ့ ငါတို့တွေ ဝံပုလွေစာ ဖြစ်နေတာ ကြာလှပြီ..."

လဲ့ချန်က တစ်ကိုယ်တော်ကုန်သည်ဆိုသော စကားလုံးကို ကြားလိုက်ရသောအခါ သူ၏ စိတ်ထဲတွင် ချက်ချင်းပင် ရှင်းလင်းသွား၏။

အဘိုးလင် လူငယ်ဘဝက ဤလူအများစုမှာ မှောင်ခိုကူးခြင်းနှင့် တောင်ပိုင်လုပ်ငန်းများ ကဲ့သို့သော စီးပွားရေး လုပ်ငန်းများမှ ဆင်းသက်လာကြခြင်း ဖြစ်ပုံရသည်။

ဦးလေးကျိုးက ဆက်ပြောသည်။

"နောက်ပိုင်းတော့ အဘိုးလင်က တောင်တစ်တောင်ကို စောင့်ရှောက်တော့မယ်ဆိုပြီး အလုပ်ထွက်သွားတယ်... တောင်ပေါ်က လူတိုင်းကတော့ သူ တရားသွားအားထုတ်တယ် ထင်ပြီး ရယ်ကြတာပေါ့... ဒါပေမဲ့ အဘိုးလင်က စည်းမျဉ်းတစ်ခုကို စောင့်ထိန်းနေတာဆိုတာ ဘယ်သူ သိမှာလဲ... ဒီနယ်မြေမှာ လူတွေ အများကြီး ပြည့်နှက်နေတာ... သူသာ မရှိရင် လုံးဝကို ဖရိုဖရဲ ဖြစ်နေတာ ကြာလှပြီ..."

ထိုစကားကို ကြားသောအခါ လဲ့ချန်က နောက်ဆုံးတွင် ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ တဖြည်းဖြည်းချင်း လှမ်းကာ ဦးလေးကျိုးထံသို့ စာအိတ်ကို ကမ်းပေးလိုက်၏။

"ဦးလေးကျိုး... ဒီစာထဲမှာ ဘာတွေ ရေးထားလဲဆိုတာကို သေချာကြည့်ပါဦး..."

ဦးလေးကျိုးက တုန်ယင်နေသော လက်များဖြင့် ဆန့်ထုတ်ကာ စာအိတ်ကို ယူလိုက်သည်။

သူက စာအိတ်ကို ဂရုတစိုက် ဖွင့်လိုက်ရာ ခေါက်ထားသော စာရွက်တစ်ရွက် ပေါ်ထွက်လာ၏။

"ဒါ သူ့လက်ရေးပဲ... ဒါက သေချာပေါက် သူ့လက်ရေးပဲ... အနှစ်နှစ်ဆယ်လောက် ကြာသွားခဲ့ပေမယ့် ငါတို့လို သူငယ်ချင်းဟောင်းတွေကို မှတ်မိနေသေးလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး..."

ဤအခိုက်အတန့်တွင် ပိုင်လောင်ဆန်းမှာ အသက်ပင် ပြင်းပြင်း မရှူရဲချေ။

ပုံမှန်အားဖြင့် မောက်မာ၍ ဗိုလ်ကျစိုးမိုးတတ်သော ထိုလူက ခေါင်းငုံ့ကာ ထစ်အထစ်အဖြင့် မေးလိုက်၏။

"ဦးလေး... ဒါက... တကယ်တော့ ဘာတွေ ဖြစ်နေတာလဲ..."

ဦးလေးကျိုးက လက်ကာပြ၍ သူ့ကို ပါးစပ်ပိတ်ထားရန် အချက်ပြလိုက်ပြီး စာကို တစ်လုံးချင်းစီ ဆက်လက် ဖတ်ရှုနေသည်။

All Chapters