← Chapters

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

အခန်း (၁၃၁) - ရှန်းချင်းယီ၏ နာကျည်းမှု (၃)

ထိုသို့ပြောပြီးနောက် အိမ်တော်ထိန်းကောင်းသည် လှည့်ထွက်လာပြီး ရှေ့ဘက်ရှိ အိမ်တစ်လုံးဆီသို့ လျှောက်သွားလေသည်။

အိမ်ရှေ့တွင် ရင်းနှီးနေသော မျက်နှာတစ်ခုကို သူ မြင်လိုက်ရသည်။ သူမမှာ ယခင်တောင်ဘက်လမ်းကြားတွင် သူ သဘောကျခဲ့ဖူးသည့် အမျိုးသမီးကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ယခုအခါ ထိုအမျိုးသမီးမှာ တစ်စုံတစ်ဦး၏ ဇနီးသည် ဖြစ်နေပြီဖြစ်ကာ သူမ၏ ခင်ပွန်းနှင့်အတူ အိမ်ရှေ့တွင် ရပ်နေရင်း လမ်းကြားအတွင်း ဖြစ်ပျက်နေသမျှကို တိတ်တဆိတ် စောင့်ကြည့်နေခြင်းဖြစ်သည်။

အိမ်တော်ထိန်းကောင်းသည် ၎င်းတို့အိမ်ဘက်သို့ လျှောက်လာသည်ကို မြင်သောအခါ ထိုဇနီးမောင်နှံ၏ မျက်နှာများ ပျက်သွားကြသည်။

မကြာမီပင် အိမ်တော်ထိန်းကောင်းသည် အမျိုးသမီးကျင့်ကြံသူ၏ ရှေ့တွင် ရပ်လိုက်ပြီး အန္တရာယ်ကင်းသည်ဆိုသည့် အပြုံးမျိုးဖြင့် ပြုံးပြကာ -

"မိတ်ဆွေ ဝမ်... မင်း တောင်ဘက်လမ်းကြားမှာပဲ ရှိနေသေးမယ်လို့ ငါ မထင်ထားဘူး၊ ငါ့ကို မှတ်မိသေးရဲ့လား" ဟု ဆိုလိုက်သည်။

"ကျွန်မ... မှတ်မိပါတယ်"

ထိုအမျိုးသမီးမှာ အလွန်တုန်လှုပ်ခြောက်ခြားနေသဖြင့် စကားများပင် ထစ်ငေါ့နေရှာသည်။

သူ့ရင်ထဲက အချစ်ဟောင်းကို ကြည့်ရင်း အိမ်တော်ထိန်းကောင်းက အချိန်မဆွဲတော့ဘဲ လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်သည်။

"မိတ်ဆွေ ဝမ်... နောက်ဆိုရင် တစ်လကို ငါးကြိမ်လောက် ဆာမာဓိမျှော်စင်ကို လာခဲ့ပါ၊ မင်းတို့မိသားစု ပေးရမယ့် အကာအကွယ်ကြေးကို ငါပဲ စိုက်ထုတ်ပေးမယ်"

အမျိုးသမီးက တုန်ရီနေသော နှုတ်ခမ်းများဖြင့် ငြင်းဆန်ရန် ကြိုးစားသည်။ "ဟင့်အင်း... မလိုပါဘူး၊ ကျွန်မတို့ မိသားစု တတ်နိုင်ပါတယ်..."

သူမ၏ ခင်ပွန်းဖြစ်သူမှာ ထိုစကားကို ကြားသည်နှင့် ဇနီးဖြစ်သူအား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

ထို့နောက် အိမ်တော်ထိန်းကောင်းကို ပြုံးပြလျက် - "ကျေးဇူးတင်ပါတယ် ဘဏ္ဍာစိုးကောင်း... ကျေးဇူးအများကြီးတင်ပါတယ်။ စိတ်မပူပါနဲ့ခင်ဗျာ၊ နောက်ဆိုရင် ဘဏ္ဍာစိုးကောင်း အလိုရှိတဲ့အချိန်တိုင်း ကျွန်တော်ကိုယ်တိုင် သူမကို သန့်သန့်စင်စင် ပြင်ဆင်ပေးပြီး ဆာမာဓိမျှော်စင်ကို လိုက်ပို့ပေးပါ့မယ်" ဟု ဖော်လံဖား ပြောဆိုလိုက်လေသည်။

သူသည် အဆောင်ရေးဆွဲသူတစ်ဦး ဖြစ်သည့်အတွက် တစ်လလျှင် အလတ်စား ဝိညာဉ်ကျောက်တုံး သုံးတုံးမျှကို မတတ်နိုင်သည်မဟုတ်။ သို့သော်အိမ်တော်ထိန်းကောင်းက မျက်တောင်တစ်ချက်မခတ်ဘဲ လူသတ်ခဲ့သည့် မြင်ကွင်းကို ပြန်မြင်ယောင်မိသောအခါ၊ သူပါ မြေပြင်ပေါ်က ရုပ်အလောင်းပုံကဲ့သို့ ဖြစ်သွားမည်ကို ကြောက်လန့်နေမိသည်။

"ကောင်းပြီ... မင်းက အခြေအနေကို နားလည်သားပဲ။ ဒီည မင်းမိန်းမကို သေချာပြင်ဆင်ပေးပြီး ဆာမာဓိမျှော်စင်ကို ပို့လိုက်၊ နောက်လအတွက် အကာအကွယ်ကြေး ပေးစရာမလိုတော့ဘူး"

ထိုသို့ပြောပြီးနောက် အိမ်တော်ထိန်းကောင်းသည် ထိုလူ၏ ပခုံးကို ပြုံး၍ ပုတ်လိုက်ပြီး ဓားပျံစီးကာ ထွက်ခွာသွားလေသည်။

အိမ်တော်ထိန်းကောင်း အဝေးသို့ ရောက်သွားသောအခါမှ အမျိုးသမီးက မကျေမနပ်ဖြင့် "ယောင်္ကျား... ကျွန်မ အဲ့ဒီလူဆီ မသွားချင်ဘူး..." ဟု ပြောလိုက်သည်။

သူမ စကားမဆုံးခင်မှာပင် ခင်ပွန်းဖြစ်သူက သူမ၏ ပါးကို ရိုက်ချလိုက်သည်။ သူက မျက်လုံးအစုံ ပြူးကြည့်ကာ - "တစ်လမှာ ရက်အနည်းငယ်လောက် သူ့ကို အဖော်ပြုပေးတာ ဘာဖြစ်လို့လဲ၊ မင်းက သူ့ကို ဒေါသထွက်အောင်လုပ်ပြီး ငါ့ကိုပါ သေစေချင်တာလား။ မြေပြင်ပေါ်က အလောင်းပုံကို တွေ့လား၊ ငါ့ကိုလည်း အဲ့ဒီလို ဖြစ်စေချင်တာလား" ဟု ဟိန်းဟောက်လေသည်။

အမျိုးသမီးမှာ မြေပြင်ပေါ်က သွေးပျက်ဖွယ် မြင်ကွင်းကို ကြည့်ရင်း မျှော်လင့်ချက်မဲ့စွာဖြင့် အိမ်တော်ထိန်းကောင်းကို လုပ်ကျွေးပြုစုရတော့မည့် အဖြစ်ကို လက်ခံလိုက်ရတော့သည်။

လမ်းကြားအတွင်းရှိ ကျင့်ကြံသူ အများအပြားမှာလည်း ထိုမြင်ကွင်းကို ကြည့်ရင်း သက်ပြင်းချမိကြသည်။

"ဟူး... တစ်လကို အလတ်စား ဝိညာဉ်ကျောက်တုံး သုံးတုံးတဲ့၊ ဘယ်လိုလုပ်ရမလဲတောင် မသိတော့ဘူး"

"ဒီဂိုဏ်းက ကောင်တွေကတော့ တကယ်ကို လူမဆန်ဘူး၊ ငါတို့လို အောက်ခြေ ကျင့်ကြံသူတွေကို ဘယ်လို နှိပ်စက်ရမလဲဆိုတာပဲ တွေးနေကြတာ။ ဒီအတိုင်းသာ ဆက်သွားရင်တော့ ငါတို့ အသက်ရှင်ဖို့တောင် လွယ်မှာမဟုတ်ဘူး"

"တစ်ယောက်ယောက် ဒီအလောင်းတွေကို ရှင်းလိုက်ကြပါဦး၊ ကျင်းတူးပြီး မြှုပ်ပေးလိုက်ပါ။ မှတ်တိုင်လေးလည်း စိုက်ပေးလိုက်ကြပါ"

"အရင်က မျက်နှာဖုံးစွပ် သူရဲကောင်းမလေးသာ ရှိနေရင်၊ ဒီဂိုဏ်းက တိရစ္ဆာန်တွေ ဒီလောက် ရဲတင်းမှာ မဟုတ်ဘူး"

"အခုတော့... သက်ပြင်းပဲ ချနိုင်တော့တယ်"

ထိုအချိန်တွင် လမ်းကြားအတွင်းရှိ လူများမှာ လွန်ခဲ့သော အချိန်က သူတို့ကို ကူညီပေးခဲ့ဖူးသော မျက်နှာဖုံးစွပ် အမျိုးသမီးကို သတိရတမ်းတနေကြသည်။ သို့သော် ထိုသူရဲကောင်းမလေးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

တောင်ဘက်လမ်းကြား အိမ်နံပါတ် (၈) ရှေ့တွင် ချန်အန်သည် မျှော်လင့်ချက်မဲ့နေသော အမျိုးသမီးကျင့်ကြံသူကို ကြည့်ကာ စိတ်ပျက်လက်ပျက် ခေါင်းခါယမ်းမိသည်။

ဤလောကကြီးသည် တကယ်ပင် ရက်စက်လွန်းလှသည်။

ထို့နောက် သူသည် ရှန်းချင်းယီကို ကြည့်ကာ "ရှန်းအာ... အိမ်ထဲ ပြန်ရအောင်" ဟု တိုးတိုးလေး ပြောလိုက်သည်။

ရှန်းချင်းယီက ဘာမှ ပြန်မပြောပေ။ သူမသည် အိမ်နော်ထိန်းကောင်း ပျံသန်းသွားရာ လမ်းကြောင်းကို မလှုပ်မယှက် စိုက်ကြည့်နေသည်။ သူမ၏ ညာဘက်လက်မှာ ခါးတွင်ချိတ်ထားသော ဓားရိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး၊ လက်ဖမိုးပေါ်တွင် အကြောများ ထောင်ထနေကာ ဆုပ်ကိုင်ထားသော အားကြောင့် ဓားရိုးပင် ပုံပျက်နေလေတော့သည်။

အခန်း (၁၃၂) - မကောင်းမှုကို နှိမ်နင်းခြင်း

ခြံဝင်းအတွင်းရှိ လမ်းကလေးပေါ်တွင် ချန်အန်နှင့် ရှန်းချင်းယီတို့သည် ယှဉ်တွဲ၍ လျှောက်လာကြသည်။

ရှန်းချင်းယီမှာ မည်သည့်ခံစားချက်မျှ မဖော်ပြဘဲ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ချန်အန်က မနေနိုင်ဘဲ - "ရှန်းအာ... နေလို့မကောင်းဘူးလား" ဟု မေးလိုက်သည်။

"ဟင့်အင်း"

ရှန်းချင်းယီ၏ အသံမှာ တည်ငြိမ်လွန်းနေသည်။ သို့သော် ထိုတည်ငြိမ်မှုမှာ ပုံမှန်မဟုတ်ဘဲ အေးစက်လွန်းနေသကဲ့သို့ ခံစားရ၏။

ယခုလေးတင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများတွင် ဘာမှမတတ်နိုင်ခဲ့သည့်အတွက် ရှန်းချင်းယီ စိတ်ဓာတ်ကျနေသည်ကို ချန်အန် သိနေသည်။

သို့သော် သိနေရုံဖြင့်လည်း ဘာမှမထူးခြားပေ။ သူမအနေဖြင့် ဤပြဿနာကို ဖြေရှင်းရန် အင်အားမရှိသေးပေ။ သူကိုယ်တိုင်မှာလည်း အသက်ရှင်ရပ်တည်နိုင်ရန် ရှန်းချင်းယီကိုသာ အားကိုးနေရသူ မဟုတ်ပါလား။

ကျွီ—

ရှန်းချင်းယီသည် တံခါးကိုတွန်းဖွင့်ကာ သူမ၏ အခန်းထဲသို့ ဝင်သွားသည်။

ချန်အန်သည် သူမနောက်မှ လိုက်ဝင်သွားပြီး သူမကို နောက်ကနေ ဖက်လိုက်သည်။ သူမ၏ ရင်ထဲက ဖိအားများကို လျော့ပါးသွားစေရန် သူမနှင့်အတူ အချိန်ကုန်ဆုံးချင်မိသည်။

သို့သော် သူက ရှန်းချင်းယီ၏ ခါးပတ်ကို ဖြုတ်ရန်ပြင်လိုက်စဉ်မှာပင် သူမက တားလိုက်ပြီး စိတ်ဓာတ်ကျနေသော လေသံဖြင့် - "ဆေးဆရာ ချန်... ကျွန်မ အခု တစ်ယောက်တည်းပဲ နေချင်တယ်၊ နောက်ရက်မှ လုပ်ကြရင် မကောင်းဘူးလား" ဟု ဆိုသည်။

"အင်း... ကောင်းပြီလေ"

ချန်အန်က ခေါင်းညိတ်ပြကာ သူမကို ဖက်ထားရာမှ လွှတ်ပေးလိုက်သည်။

ရှန်းချင်းယီ - "နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်"

ချန်အန်က ကြင်နာစွာဖြင့် - "ရှန်းအာ... ကောင်းကောင်း အနားယူလိုက်ပါဦး၊ ညစာစားချိန်ကျရင် ကိုယ်လာခေါ်မယ်" ဟု ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူသည် ရှန်းချင်းယီ၏ အခန်းထဲတွင် ဆက်မနေတော့ဘဲ ထွက်လာခဲ့သည်။

ထို့နောက် အပြင်တွင် ဘာတွေဖြစ်နေသည်ကို ပြောပြရန်နှင့် သူ၏ ဒုတိယမြောက် သမီးရတနာလေးကို ကြည့်ရန် ဝမ်ကျိယန်၏ အခန်းဆီသို့ လျှောက်သွားလိုက်သည်။

ကျွီ—

ဝမ်ကျိယန်၏ အခန်းသို့ မရောက်မီမှာပင် မျက်စိတစ်ဆုံးရှိ ဆောင်ဟွာယင်း၏ အခန်းတံခါး ပွင့်လာသည်။

ပန်းနုရောင် ပိုးထည်ဂါဝန်လေးကို ဝတ်ဆင်ထားသော ဆောင်ဟွာယင်းသည် အခန်းထဲမှ ထွက်လာသည်။

သူမသည် ပေါ့ပါးသော ခြေလှမ်းများဖြင့် ချန်အန်၏ ရှေ့တွင် ရပ်လိုက်ပြီး၊ သူမ၏ မျက်ဝန်းများထဲတွင် ချစ်မြတ်နိုးမှုများ ပြည့်လျှံနေလျက် - "ယောက်ျား.. သမီးလေး ယွဲ့ကျန့်က အိပ်ပျော်သွားပြီ၊ ယောက်ျားအခန်းထဲကို လိုက်ခဲ့ပြီး ဆေးဖော်စပ်တဲ့ နည်းပညာတွေအကြောင်း မေးမြန်းပြီး ဗဟုသုတ ရှာချင်လို့"

ဟု ဆိုသည်။

"ယင်းအာ... မင်းရဲ့ ခန္ဓာကိုယ်က ပြန်ကောင်းသွားပြီလား"

"လုံးဝ ပြန်ကောင်းသွားပါပြီ၊ အခုဆို ကျွန်မရဲ့ ခန္ဓာကိုယ်က အရင်ကထက်တောင် ပိုပြီး အားအင်ပြည့်ဝနေသလို ခံစားရတယ်"

ချန်အန်က စကားပြောရင်းနှင့်ပင် ပိုမိုလှပကျော့ရှင်းလာသော သူ၏ ဇနီးသည်ကို ပွေ့ချီလိုက်သည်။ သူသည် ပြုံးရွှင်စွာဖြင့် သူ့အခန်းတံခါးကို တွန်းဖွင့်ဝင်လိုက်ပြီး၊ သူမ၏ ခန္ဓာကိုယ်သစ်ဖြစ်သော ‘ပန်းမိစ္ဆာ ကိုယ်ထည်’ကို စစ်ဆေးရန် ပြင်လိုက်တော့သည်။

တစ်နာရီကျော် ကြာပြီးနောက်—

[ဆေးဖော်စပ်မှု အတွေ့အကြုံ +၄] x ၃

ချန်အန်သည် ဆောင်ဟွာယင်းကို နောက်မှသိုင်းဖက်ထားပြီး သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော သင်းပျံ့သည့် ပန်းရနံ့ကို ရှူရှိုက်ရင်း -

"ယင်းအာ... မင်းခုနက ပန်းရေချိုးထားတာလား" ဟု မေးလိုက်သည်။

"ဟင့်အင်း... ဘာလို့ ရုတ်တရက် မေးတာလဲ"

"မင်းဆီကနေ သင်းပျံ့တဲ့ ပန်းရနံ့လေး ထွက်နေလို့လေ၊ အရမ်းမွှေးတာပဲ"

"ယောက်ျား... ဒါက ကျွန်မရဲ့ သဘာဝ ရနံ့လေ၊ သွေးမျိုးဆက် ပြောင်းလဲသွားတဲ့အခါ ပါလာတဲ့ ရနံ့ပေါ့"

ဆောင်ဟွာယင်းသည် တစ်ဖက်သို့လှည့်ကာ ချန်အန်ကို မျက်နှာမူလျက် - "ယောက်ျားက ကြိုက်တယ်ဆိုရင် နောက်ဆို ညတိုင်းယောက်ျားဆီမှာပဲ လာအိပ်မယ်လေ၊ ယောက်ျားရင်ခွင်ထဲမှာ အိပ်ရင်း ကျွန်မဆီက ရနံ့ကို ရှူရှိုက်ခွင့်ပေးမယ်၊ ဟုတ်ပြီလား" ဟု ချိုသာစွာ ပြောသည်။

"ရတာပေါ့... ဒါပေမဲ့ မင်းရဲ့ အစ်မ သုံးယောက်နဲ့တော့ ကြိုပြီး ညှိနှိုင်းထားရမယ်နော်"

ချန်အန်က ပြုံး၍ နောက်ပြောင်လိုက်သည်။

ဆောင်ဟွာယင်းက သူမ၏ နှုတ်ခမ်းနီနီလေးကို ဆူလိုက်ပြီး မကျေနပ်ဟန်ဆောင်ကာ -

"ယောက်ျားကတော့ လုပ်ပြီ... ကျွန်မက ညီမ အငယ်ဆုံးလေးပဲဟာ၊ အစ်မတွေကို အဲ့ဒီလို ဘယ်လို သွားပြောရဲမှာလဲ။ ယောက်ျားက ကျွန်မကို အစ်မတွေဆီမှာ အရိုက်ခံစေချင်နေတာလား"

"ရပါတယ်... အချစ်အတွက်ပဲဟာ"

"ဒါဆိုရင်တော့ ကျွန်မကယောက်ျားဆီမှာပဲ အရိုက်ခံချင်တာ..."

ဆောင်ဟွာယင်းက သူမ၏ နှုတ်ခမ်းလေးကို ဖိလိုက်ရာ ပြန်လည်စိုပြေသွားပြီး ချန်အန်ကို ချစ်စဖွယ် ကြည့်လိုက်ပြန်သည်။

ထိုအကြည့်အောက်တွင် ချန်အန်၏ ရင်ထဲတွင်လည်း အပူရှိန်တက်လာပြီး စောင်ကို ခြုံကာ ထပ်မံ၍...

အချိန်အတန်ကြာပြီးနောက် သူတို့နှစ်ဦး အခန်းထဲမှ ထွက်လာသောအခါ ဂူရှင်းယွဲ့က ထမင်းစားပွဲပေါ်တွင် ဟင်းပွဲများကို ပြင်ဆင်ပြီးနေပြီ ဖြစ်သည်။

ဝမ်ကျိယန်ကလည်း သူမ၏ ဒုတိယမြောက် သမီးလေးကို ပွေ့ချီကာ ထမင်းစားပွဲတွင် ထိုင်နေပြီဖြစ်သည်။ သမီးကြီး ချန်ယွဲ့ကျန့်ကလည်း ဘေးတွင်ထိုင်နေရင်း ညီမဖြစ်သူ ချန်ယီခဲ့အား စနောက်နေသည်။

"ယောက်ျားနဲ့ယင်းအာ... မြန်မြန် ထိုင်ကြတော့လေ၊ ကျွန်မ အစ်မရှန်းကို သွားခေါ်လိုက်ဦးမယ်"

ဂူရှင်းယွဲ့က သူတို့နှစ်ဦးအတွက် ထမင်းခပ်ပေးပြီးနောက် ရှန်းချင်းယီ၏ အခန်းဘက်သို့ လှည့်ထွက်ရန် ပြင်သည်။ ချန်အန်က သူမကို တားလိုက်ပြီး - "ရှင်းယွဲ့... ကိုယ်ပဲ သွားခေါ်လိုက်မယ်၊ မင်း မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတာ ကြာပြီပဲ၊ အခု ထိုင်ပြီး အေးအေးဆေးဆေး စားတော့"

"ဟုတ်ကဲ့"

ဂူရှင်းယွဲ့က လိမ္မာစွာဖြင့် ပြန်ထိုင်လိုက်သည်။ သူမသည် ချန်အန်၏ စကားကို အမြဲ နားထောင်တတ်သူဖြစ်သည်။

ထိုအချိန်တွင် ဝမ်ကျိယန်က "ယောက်ျား.. ဒီနေ့ အိမ်တော်ထိန်းကောင်း ဘာကိစ္စနဲ့ ရောက်လာတာလဲ" ဟု မေးသည်။

ချန်အန်က - "တော်တော် ရယ်စရာကောင်းတဲ့ ကိစ္စပဲ၊ သွေးရောင်နီဂိုဏ်း’ ရဲ့ ခေါင်းဆောင်က ‘ရွှေအမြုတေအဆင့်’ အလယ်အလတ်ကို တက်လှမ်းဖို့အတွက် ဝိညာဉ်ကျောက်တုံး အမြောက်အမြား လိုအပ်နေလို့တဲ့၊ အဲ့ဒါကြောင့် လစဉ်ပေးရမယ့် အကာအကွယ်ကြေးကို အလတ်စား ဝိညာဉ်ကျောက်တုံး သုံးတုံးအထိ တိုးမြှင့်လိုက်တယ်" ဟု ပြန်ဖြေသည်။

ဝမ်ကျိယန်က ဒေါသတကြီးဖြင့် - "ဒီဂိုဏ်းက တကယ်ကို ငါတို့လို ကျင့်ကြံသူတွေကို လူလိုမမြင်ဘူးပဲ၊ ငါတို့ဆီက ဘယ်လို ညှစ်ထုတ်ရမလဲဆိုတာပဲ သိတယ်၊ ငါတို့ အသက်ရှင်ဖို့ကို သူတို့ ဂရုမစိုက်ဘူး။ ဒီလိုဂိုဏ်းမျိုးကတော့ မကြာခင် ‘ဝါးရွက်ဂိုဏ်း’ လိုပဲ အဆုံးသတ်သွားမှာ သေချာတယ်"

"ဟုတ်တယ်... ဒီလိုဂိုဏ်းမျိုး ပျောက်ကွယ်သွားသင့်တာ" ဟု ဆောင်ဟွာယင်းကလည်း ထောက်ခံသည်။

၎င်းတို့ကြားတွင် ထိုင်နေသော ဂူရှင်းယွဲ့ကတော့ တိတ်ဆိတ်နေဆဲပင်။

ချန်အန်က ဇနီးသည်များ၏ စကားကို သဘောတူသော်လည်း အတူတူ ဝိုင်းဆဲမနေဘဲ သတိပေးလိုက်သည်။ "အိမ်ထဲမှာပဲ ဆဲကြနော်၊ အပြင်လူတွေ ကြားသွားလို့ မဖြစ်ဘူး"

ထို့နောက် သူသည် ရှန်းချင်းယီကို ညစာခေါ်ရန် သူမ၏ အခန်းသို့ လျှောက်သွားလိုက်သည်။

ကျွီ—

ချန်အန် တံခါးတွန်းဖွင့် ဝင်သွားသောအခါ ရှန်းချင်းယီသည် ကုတင်ဘေးတွင် ထိုင်ရင်း ကောင်းကင်ကို မျှော်လင့်ချက်မဲ့စွာ ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။

သူသည် အနားသို့ လျှောက်သွားပြီး အရင်ကလို နောက်ကနေ မဖက်တော့ဘဲ ဘေးတွင်ရပ်ကာ - "ရှန်းအာ... ဘာတွေ ကြည့်နေတာလဲ" ဟု မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး"

"ညစာ အဆင်သင့်ဖြစ်ပြီ၊ အပြင်ထွက်ပြီး စားရအောင်"

"ကျွန်မ အခု အစားအသောက် ပျက်နေတယ်၊ ဆေးဆရာ ချန်ပဲ သွားစားပါ"

"ဒါဆို ကိုယ် အထဲကို ယူလာပေးမယ်လေ"

"တကယ် ဗိုက်မဆာလို့ပါ"

ရှန်းချင်းယီ၏ အသံမှာ မည်သည့် ခံစားချက်မှ မပါဝင်တော့ပေ။ သူမ၏ မျက်ဝန်းများမှာ ပြတင်းပေါက်ဆီသို့သာ စိုက်ကြည့်နေပြီး မည်သည့် အရောင်အဝါမျှ ရှိမနေတော့ပေ။

ထိုအခြေအနေကို မြင်သောအခါ ချန်အန်လည်း ဆက်ပြီး မတိုက်တွန်းတော့ဘဲ ကြင်နာစွာဖြင့် - "ကောင်းပြီလေ... ဗိုက်ဆာလာရင် ကိုယ့်ကို ပြောနော်၊ ကိုယ် ချက်ပေးမယ်" ဟု ဆိုသည်။

"အင်း"

ရှန်းချင်းယီက တိုတိုတုတ်တုတ်ပင် ပြန်ဖြေသည်။ ချန်အန် ခဏမျှ တိတ်ဆိတ်စွာ ရပ်နေမိသည်။ နောက်ဆုံးတွင် သူမ၏ ပါးပြင်ကို တစ်ချက်နမ်းပြီးမှ အပြင်ခန်းသို့ ပြန်လာခဲ့သည်။

ခင်ပွန်းဖြစ်သူ တစ်ယောက်တည်း ပြန်ထွက်လာသည်ကို မြင်သောအခါ ဆောင်ဟွာယင်းက စပ်စုလိုက်သည်။

"ယောက်ျား... အစ်မရှန်းကော"

ဂူရှင်းယွဲ့က သူမ၏ ခင်ပွန်း ထိုင်ရန် ထိုင်ခုံကို အသာအယာ ဆွဲပေးသည်။

"မင်းတို့ အစ်မရှန်းက ဗိုက်မဆာသေးဘူးတဲ့" ဟု ချန်အန်က စားပွဲတွင် ထိုင်ရင်း အေးအေးဆေးဆေး ပြောလိုက်သည်။

ဝမ်ကျိယန်က တစ်ခုခုကို ရိပ်မိပုံရပြီး - "အစ်မ ရှန်း တစ်ခုခု ဖြစ်နေလို့လား" ဟု မေးသည်။

ထိုစကားကို ကြားသောအခါ ဆောင်ဟွာယင်းနှင့် ဂူရှင်းယွဲ့တို့ကလည်း ဘာဖြစ်သလဲဆိုသည်ကို သိချင်စိတ်ဖြင့် ချန်အန်ကို ကြည့်လာကြသည်။

သူ့ဇနီးသည်များ အားလုံး စိတ်ဝင်တစား ဖြစ်နေကြသဖြင့် ချန်အန်က ရှင်းပြလိုက်သည်။ "သူမရဲ့ မကောင်းမှုကို နှိမ်နင်းချင်တဲ့စိတ်က ပြန်ကြွလာလို့ ဖြစ်မယ်၊ အခုတော့ နည်းနည်း စိတ်မကောင်းဖြစ်နေတာပေါ့၊ ဒါပေမဲ့ ပြဿနာကြီးတော့ မဟုတ်ပါဘူး၊ တစ်ရက် နှစ်ရက်နေရင် ပြန်ကောင်းသွားမှာပါ"

ဂူရှင်းယွဲ့က နားလည်ပေးနိုင်စွမ်း ရှိစွာဖြင့် - "ယောက်ျား... ဒီနေ့ည ကျွန်မ တစ်ယောက်တည်း အိပ်ပါ့မယ်၊ယောက်ျားကအစ်မရှန်း အနားမှာပဲ သွားနေပေးလိုက်ပါ" ဟု ဆိုသည်။

ချန်အန်က သူမ၏ ပန်းကန်ထဲသို့ ဟင်းတစ်ဖဲ့ ခပ်ထည့်ပေးရင်း - "စားကြပါဦး... ကိုယ် ထမင်းစားပြီးရင် သူမဆီ သွားကြည့်လိုက်မယ်၊ သိပ်ပြီး စိတ်မပူကြနဲ့တော့" ဟု အေးအေးဆေးဆေးပင် ပြောလိုက်လေတော့သည်။

..........................................................

All Chapters