← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း (၁၃၉) - မိစ္ဆာလက်သည်းကြားမှ ထွက်ပြေးလွတ်မြောက်ခြင်း

ချန်အန်သည် အလွန်လျင်မြန်စွာ ထွက်ပြေးခဲ့သည်။ သူသည် ဓားပျံစီး၍ မပြေးဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ယံတွင် သူသည် ပစ်မှတ်တစ်ခုကဲ့သို့ သိသာလွန်းနေမည်ဖြစ်ပြီး လှုပ်ရှားရုန်းကန်ရန် နေရာကျဉ်းသောကြောင့်ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ မြေပြင်ပေါ်၌ ပြေးခြင်းက ပုန်းကွယ်ရန် သို့မဟုတ် ရန်သူ့နောက်ယောင်ခံမှုမှ လွတ်မြောက်ရန် မြေမျက်နှာသွင်ပြင်ကို အသုံးချနိုင်စွမ်း ပိုရှိသည်။

"ဒီ အခြေတည်အဆင့် ကျင့်ကြံသူလေးက တော်တော်တော့ မြန်သားပဲ"

ခရမ်းရောင်ဝတ် အမျိုးသမီးသည် ဝေးကွာသွားသော ချန်အန်ကို ကြည့်ရင်း အနည်းငယ်မျှ စိုးရိမ်ခြင်းမရှိဘဲ တည်ငြိမ်စွာ ပြုံးနေသည်။

ထို့နောက် သူမသည် သူမ၏ သွယ်လျသော ခြေတံရှည်လေးကို လှမ်း၍ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ နောက်တစ်စက္ကန့်တွင် သူမ ပတ်ဝန်းကျင်ရှိ မြင်ကွင်းများမှာ အရှိန်ပြင်းရထားပေါ်မှ ကြည့်နေရသကဲ့သို့ ဝေဝါးသွားပြီး သူမသည် ကီလိုမီတာ ရာနှင့်ချီ ဝေးကွာသွားသော ချန်အန်၏ ရှေ့တည့်တည့်တွင် ရုတ်တရက် ပေါ်လာတော့သည်။

မြေကျုံ့ပညာရပ်

"သခင်လေး... ဘယ်ကို သွားမလို့လဲ"

ခရမ်းရောင်ဝတ် အမျိုးသမီးသည် သူမ၏ အနီရောင် နှုတ်ခမ်းလွှာကို အသာဟ၍ မေးလိုက်သည်။ သူမ၏ လှပသော မျက်ဝန်းများတွင် အထက်စီးဆန်မှုနှင့် စနောက်လိုသော အမူအရာများ ပြည့်နှက်နေ၏။

သူမ၏ ရှေ့တွင် ရုတ်တရက် ပေါ်လာသော အမျိုးသမီးကို မြင်လိုက်ရသောအခါ ချန်အန်၏ စိတ်နှလုံးမှာ အောက်ခြေသို့ ပြုတ်ကျသွားတော့သည်။

‘သူမ ဘယ်တုန်းက လိုက်မီသွားတာလဲ၊ ငါ့ရဲ့ စိတ်အာရုံက ဘာလို့ သူမကို အာရုံမခံမိတာလဲ’

အင်အားကွာခြားချက်က ကြီးမားလွန်းလှသည်။ ‘ဒီနေ့တော့ ငါ သေပြီထင်တယ်’ ဟု ချန်အန် စိတ်ပျက်စွာ တွေးမိသော်လည်း ထိုအတွေးမှာ ခဏသာဖြစ်သည်။

သူသည် အိမ်တွင် ကျန်ရစ်သော မိသားစုကို သတိရလိုက်သည်။ မိသားစုအကြီးအကဲ တစ်ဦးအနေဖြင့် သူသည် ပြန်သွားပြီး သူတို့ကို စောင့်ရှောက်ရဦးမည်။

ဒီနေရာမှာ ဘယ်လိုလုပ် သေလို့ဖြစ်မှာလဲ။ မျှော်လင့်ချက် သေးငယ်ပါစေဦးတော့၊ သူ ထွက်ပြေးရမည်။ တကယ်လို့ ထွက်ပြေးလို့မရရင်တောင် ဒီအမျိုးသမီးရှေ့မှာ ဒူးထောက်ပြီး အစေခံအဖြစ် ခိုလှုံရမည်။

အဲ့ဒါမှ မရရင်တော့ အသက်နှင့်လဲ၍ တိုက်ခိုက်ရုံသာ ရှိတော့သည်။

‘နှမြောစရာပဲ၊ ငါက သတ္တုနဲ့ မီးဓာတ် ကျင့်ကြံသူ ဖြစ်နေလို့ ထွက်ပြေးတဲ့ ပညာရပ်တွေ မသင်ရသေးဘူး။ ငါ့မှာ မြေဓာတ် ဒါမှမဟုတ် သစ်သားဓာတ်သာ ရှိရင် မြေလျှိုးပညာ ဒါမှမဟုတ် သစ်ပင်ကိုယ်ဖျောက် ပညာတွေနဲ့ ဒီတောအုပ်ထဲမှာ အသာစီးရမှာ’ ဟု ပြေးလွှားရင်း တွေးနေမိသည်။

သူ့အနောက်တွင်မူ ခရမ်းရောင်ဝတ် အမျိုးသမီးသည် ကြွက်ကို ကစားနေသော ကြောင်တစ်ကောင်ကဲ့သို့ ပြုံးလျက် ကြည့်နေသည်။

ချန်အန် မီတာတစ်ထောင်ခန့် ဝေးသွားသောအခါမှ သူမသည် နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ပြန်ရာ၊ သူ၏ ရှေ့တွင် တစ်ဖန် ပေါ်လာပြန်သည်။

"သခင်လေး... ဆက်ပြေးချင်သေးလို့လား"

ချန်အန် ပြေးခြင်းကို ရပ်လိုက်သည်။ သူသည် ဤအမျိုးသမီးကို ပြေး၍ မလွတ်နိုင်မှန်း သိသွားပြီဖြစ်သည်။ ဆက်ပြေးနေလျှင် ဝိညာဉ်စွမ်းအားများသာ အလဟဿ ကုန်ဆုံးသွားပေလိမ့်မည်။

"ပညာရှိဆိုတာ အခြေအနေကို ကြည့်တတ်ရတယ်"

ချန်အန် ရပ်သွားသည်ကို မြင်သောအခါ အမျိုးသမီးက ပြုံးလျက် ချဉ်းကပ်လာသည်။ သူမ၏ အသံမှာ ငှက်ကလေးတစ်ကောင် သီဆိုနေသကဲ့သို့ သာယာလှသည်။ "မစိုးရိမ်ပါနဲ့၊ ရှင်ကို နှိပ်စက်မှာ မဟုတ်ပါဘူး။ ရှင့်ရဲ့ ‘အဆီအနှစ်ကိုပဲ စုပ်ယူမှာပါ။ ငါ ဗိုက်ဝသွားရင် ရပ်ပေးပါ့မယ်။ ရှင် ခံနိုင်ရည်ရှိမရှိဆိုတာကတော့ ရှင့်ရဲ့ အဆီအနှစ်ဘယ်လောက် ပြည့်ဝသလဲဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်"

အမျိုးသမီးမှာ သူနှင့် နီးကပ်လာသောအခါ၊ ချန်အန်သည် သူမခြေဖဝါးအောက်ရှိ အရိပ်ကို မြင်လိုက်ရပြီး မိမိတွင်အရိပ်ယောင်သတ်ဖြတ်ခြင်း’ပညာရပ် ရှိနေသည်ကို သတိရလိုက်သည်။ ထို့ကြောင့် သူသည် ချက်ချင်းပင် ထိုပညာရပ်ကို အသုံးပြုကာ သူမ၏ ဝတ်စုံအောက်ရှိ အရိပ်ထဲသို့ တိုးဝင်ကာ ကိုယ်ဖျောက်လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် ‘အသက်ရှုထိန်းချုပ်ခြင်း’ ကိုပါ သုံး၍ အရှိန်အဝါကို ဖျောက်ထားလိုက်သည်။

"ဟင်... ဘယ်ရောက်သွားတာလဲ"

ခရမ်းရောင်ဝတ် အမျိုးသမီးမှာ အနည်းငယ် မှင်တက်သွားသည်။ သူမသည် သူမ၏ စိတ်အာရုံကို ဖြန့်ကြက်၍ ရှာဖွေသော်လည်း သူမ၏ ဝတ်စုံအောက် အရိပ်ထဲတွင် ပုန်းနေသော ချန်အန်ကို ရှာမတွေ့ပေ။

ချန်အန်သည်လည်း သူမ၏ ပြင်းထန်သော စိတ်အာရုံကို အာရုံခံမိသဖြင့် လုံးဝ မလှုပ်ရှားဝံ့ဘဲ စိတ်ကို တည်ငြိမ်အောင် ထားနေရသည်။

"ထူးဆန်းတာပဲ... ဒီလူသား ကျင့်ကြံသူက ဘယ်လိုလုပ် ရုတ်တရက် ပျောက်သွားရတာလဲ"

သူမသည် ခဏကြာအောင် ရှာဖွေသော်လည်း အရိပ်အယောင်မျှပင် မတွေ့သဖြင့် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားတော့သည်။

ထိုအတောအတွင်း ချန်အန်သည် သူမ၏ အရိပ်ထဲတွင် ကပ်ပါသွားရာမှ၊ ဘေးနားမှ ဖြတ်ပြေးသွားသော ဝိညာဉ်ကြွက်တစ်ကောင်ကို တွေ့သောအခါ ထိုကြွက်၏ အရိပ်ထဲသို့ အမြန်ကူးပြောင်းလိုက်သည်။

"ဟမ်" အမျိုးသမီးသည် ခဏ ရပ်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ ခုနလေးတင် ချန်အန်၏ အရှိန်အဝါကို ခဏမျှ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ သို့သော် ချက်ချင်းပင် ပြန်ပျောက်သွားပြန်သည်။ "ငါ စိတ်ထင်လို့လား..."

အခြားတစ်ဖက်တွင်မူ ချန်အန်သည် ဝိညာဉ်ကြွက် ပြေးလွှားရာနောက်သို့ လိုက်ပါရင်း အမျိုးသမီးနှင့် ဝေးရာသို့ ရောက်သွားတော့သည်။

သူမကို လုံးဝ မမြင်ရတော့သည့် အခါမှ သူသည် အရိပ်ထဲမှ ထွက်လာပြီး အိမ်ရှိရာ လှိုဏ်ခေါင်းသို့ အမြန် ပြန်ပြေးခဲ့သည်။

‘ခုနက တကယ်ကို အန္တရာယ်များတာပဲ။ ကံကောင်းလို့ ဒီပညာရပ်တွေ သိထားလို့ပေါ့၊ မဟုတ်ရင် အဲ့ဒီ မြေခွေးမရဲ့ အညှစ်ခံရပြီး ခြောက်ကပ်သွားမှာ သေချာတယ်’ ဟု တွေးရင်း ရင်တုန်နေရသည်။

သူ လှိုဏ်ခေါင်းထဲသို့ ပြန်ရောက်သောအခါ ဇနီးသည်များမှာ စိုးရိမ်တကြီးဖြင့် ဆီးကြိုကြသည်။

"ယောက်ျား... ဘာလို့ ဒီလောက် ကြာနေရတာလဲ" ဟု ဝမ်ကျိယန်က မေးသည်။ ဆောင်ဟွာယင်းကလည်း

- "ယောက်ျားကို အဆောင်လက်ဖွဲ့နဲ့ ဆက်သွယ်တာလည်း မရဘူး၊ အပေါ်မှာ တစ်ခုခု ဖြစ်ခဲ့လို့လား" ဟု စိုးရိမ်တကြီး ဆိုသည်။

ချန်အန်က ဘာမှ မဖုံးကွယ်ဘဲ - "ခုနက ကိုယ် မြေခွေးမိစ္ဆာတစ်ကောင်နဲ့ တိုးခဲ့တယ်။ သူမက လူသားယောက်ျားတွေရဲ့ အနှစ်သာရကို စုပ်ယူပြီး အသက်ရှင်တဲ့သူပဲ။ သူမရဲ့ ဝိညာဉ်ဖိအားက ရွှေအမြုတေအဆင့်လောက် ရှိတယ်။ အနောက်မှာ အမြီးကိုးချောင်း ပါတာမို့လို့ ဒဏ္ဍာရီလာ ‘အမြီးကိုးချောင်းမြေခွေး’ လို့ ကိုယ် သံသယရှိတယ်" ဟု ပြောလိုက်သည်။

"အမြီးကိုးချောင်းမြေခွေးလား"

ဇနီးသည်များမှာ အံ့သြသွားကြသည်။ ထိုသတ္တဝါမှာ အလွန် ရှားပါးလှသော မိစ္ဆာကြီး ဖြစ်သည်။ ရှန်းချင်းယီကမူ -

"ယောက်ျား.. တစ်ခုခု မှားမြင်တာများလား။ တကယ်လို့ အမြီးကိုးချောင်းမြေခွေးသာ ဆိုရင် ယောက်ျား ဘယ်လိုလုပ် လွတ်လာမှာလဲ။ အဲ့ဒါက မိစ္ဆာတွေထဲမှာ မြင့်မြတ်တဲ့ အဆင့်အတန်းရှိတာလေ။ တခြား မြေခွေးမိစ္ဆာတွေက သူတို့ကိုယ်သူတို့ အမြီးတုတွေ တပ်ပြီး အလှဆင်တတ်ကြတယ်" ဟု ရှင်းပြသည်။

‘အလှဆင်တာလား’

ချန်အန်သည် ထိုအမျိုးသမီး ဆင်းသက်လာပုံကို ပြန်စဉ်းစားကြည့်သည်။ သူမ၏ အမြီးကိုးချောင်းမှာ လှုပ်ရှားနေသည်ကို သူ သေချာမြင်ခဲ့သည်။ သို့သော် ထိုအချိန်တွင် သူသည် အသေအချာ စစ်ဆေးနိုင်သည့် အခြေအနေတွင် မရှိခဲ့ပေ။ မည်သို့ပင်ဆိုစေ ယခုအချိန်တွင် သူတို့အားလုံး လှိုဏ်ခေါင်းထဲ၌ အောင်းနေကာ အပြင်ကမ္ဘာ၏ အခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြလေတော့သည်။

အခန်း (၁၄၀) - တည်ဆောက်ရေး အောင်မြင်မှု

"ယောက်ျားက မြေခွေးမိစ္ဆာတွေအကြောင်း သိပ်မသိဘူးလား"

ချန်အန်၏ မရေမရာဖြစ်နေသော မျက်နှာအမူအရာကို မြင်သောအခါ ရှန်းချင်းယီက ရိပ်မိသွားပြီး ညင်သာစွာ မေးလိုက်သည်။

ချန်အန်မှာ မိမိ၏ ဗဟုသုတနည်းပါးမှုကို ရှက်ရွံ့မနေဘဲ ပွင့်ပွင့်လင်းလင်းပင် ခေါင်းညိတ်ဝန်ခံလိုက်သည်။ "အင်း... ကိုယ် တကယ်ပဲ သိပ်မသိတာ"

သူ့ဇနီးသည်များမှာ အလွန်အံ့သြသွားကြသည်။ မြေခွေးမိစ္ဆာမျိုးနွယ်မှာ အလွန်ပင် ကျော်ကြားလှသည်။ ရှေးယခင်ကတည်းက အမျိုးသားကျင့်ကြံသူ အများအပြား၏ စိတ်ကူးယဉ် အိမ်မက်များတွင် သူတို့ ပါဝင်လေ့ရှိသည်။ သို့သော် နေ့စဉ်နှင့်အမျှ စွမ်းအင်များ လျှံထွက်နေပြီး မိန်းမမက်သော သူတို့၏ ခင်ပွန်းမှာ မြေခွေးမိစ္ဆာအကြောင်း မသိဟုဆိုသည်မှာ မယုံနိုင်စရာပင်။

ချန်အန်ကမူ ၎င်းမှာ သဘာဝကျသည်ဟု ထင်သည်။ သူသည် ဤကမ္ဘာမှ ဇာတိမဟုတ်သဖြင့် ဤလောကရှိ အမျိုးသားများ၏ မြေခွေးမိစ္ဆာအပေါ် စွဲလန်းမှုကို နားမလည်နိုင်သလို၊ အကြောင်းမဲ့ သုတေသနလုပ်ရန်လည်း စိတ်မဝင်စားပေ။

ယခင်ကမ္ဘာမှ အမျိုးသားများ ခြေအိတ်ရှည် များကို နှစ်သက်ကြသလိုမျိုး ဤလောကသားများ၏ ဝါသနာတစ်ခုဟုသာ သူ တွေးထားသည်။

နောက်ပိုင်းတွင် ရှန်းချင်းယီသည် ခင်ပွန်းဖြစ်သူ၏ လုံခြုံရေးအတွက် မြေခွေးမိစ္ဆာများ၏ အားနည်းချက်၊ အားသာချက်များကို စိတ်ရှည်လက်ရှည် ရှင်းပြပေးတော့သည်။

မြေခွေးမိစ္ဆာများမှာ မြေခွေးမှ ကျင့်ကြံ၍ ဖြစ်လာသူများ မဟုတ်ဘဲ၊ လူသားပုံစံဖြင့် မွေးဖွားလာသော မိစ္ဆာများဖြစ်သည်။ နားနှင့် အမြီးမှလွဲ၍ လူသားအမျိုးသမီးများနှင့် မခြားနားပေ။

သူတို့တွင် အမျိုးသမီးများသာရှိပြီး၊ လူသားအမျိုးသားများနှင့်သာ မျိုးပွားနိုင်သည်။

အရေအတွက် အလွန်နည်းပါးသည်။ အရွယ်မရောက်ခင်တွင် နို့ရည်ဖြင့် အသက်ရှင်ပြီး၊ အရွယ်ရောက်ပါက လူသားအမျိုးသားများ၏ ‘အဆီအနှစ်ကို စုပ်ယူမှသာ အသက်ရှင်နိုင်သည်။

စိတ်စွမ်းအား အလွန်ကောင်းမွန်ပြီး ‘သိတ်ညှို့ပညာ’ ကို သုံးကာ အမျိုးသားများကို မိန်းမောစေပြီးမှ ပါးစပ်ဖြင့် အနှစ်သာရများကို စုပ်ယူလေ့ရှိသည်။ အစုပ်ခံရသူမှာ အခြေခံပျက်စီးခြင်း သို့မဟုတ် ပွဲချင်းပြီး သေဆုံးခြင်း ဖြစ်နိုင်သည်။

ခန္ဓာကိုယ်မှာ အလွန်နုနယ်သော်လည်း၊ ညှို့ပညာဖြင့် မိမိထက် အဆင့်မြင့်သူများကိုပင် အလွယ်တကူ နှိမ်နင်းနိုင်သည်။

"ယောက်ျား... နောက်ခါ အပြင်ထွက်ရင် 'ကာမဖြတ်ဆေးလုံး'ကို ဆောင်ထားဖို့ မမေ့နဲ့နော်။ အဲ့ဒါက မြေခွေးမတွေရဲ့ ညှို့ပညာကို ထိထိရောက်ရောက် တားဆီးနိုင်လိမ့်မယ်" ဟု ဂူရှင်းယွဲ့က အကြံပေးသည်။

ချန်အန် မျက်လုံးများ အရောင်တောက်သွားသည်။ ထိုဆေးလုံးမှာ အချိန်အတိုင်းအတာတစ်ခုအထိ ဆန့်ကျင်ဘက်လိင်ကို စိတ်မဝင်စားအောင် လုပ်ဆောင်ပေးနိုင်သဖြင့် ညှို့ပညာ၏ ဆန့်ကျင်ဘက် အာနိသင်ရှိပေသည်။

"ယွဲ့လေး... မင်းရှိလို့ တော်တော့တာပဲ။ မဟုတ်ရင် ကိုယ် အဲ့ဆေးကို မေ့နေတော့မှာ" ဟု ဆိုကာ ချန်အန်က ဂူရှင်းယွဲ့ကို ဆွဲဖက်ကာ အခြားဇနီးသည်များ ရှေ့မှာပင် နမ်းလိုက်တော့သည်။

"ယောက်ျားကတော့ တကယ်ပဲ... သမီးနှစ်ယောက်လည်း ရှိနေတာကို မထိန်းနိုင်ဘူးလား" ဝမ်ကျိယန်က မကျေမနပ် ဝေဖန်သည်။ ချန်အန်ကလည်း "ပါးလေးကို နမ်းတာပဲဟာ၊ ဘာဖြစ်လို့လဲ" ဟု ဆိုကာ ဝမ်ကျိယန်ကိုပါ အမိအရ ဆွဲနမ်းလိုက်ပြန်သည်။

ထို့နောက် သူတို့သည် ရှန်းချင်းယီ၏ အကြံပြုချက်အရ လှိုဏ်ခေါင်းအတွင်း ရေရှည်နေထိုင်ရန် လိုအပ်သော ရိက္ခာများကို စာရင်းလုပ်ကြသည်။

ရိက္ခာနှင့် အထောက်အပံ့ စာရင်းအဖြစ်ဝိညာဉ်ဆန်နှင့် အသားခြောက်များမှာ တစ်နှစ်ခွဲခန့် လောက်ငှသည်။

‘ဝိညာဉ်ရေအိုးပျက်စီးသွားသဖြင့် အပြင်မှ ခပ်ယူရန် သို့မဟုတ် မိုးရေခံရန် လိုအပ်သည်။

မိသားစုဝင်များတွင် ရေဓာတ်ကျင့်ကြံသူ မရှိသဖြင့် ရေကို ဖန်တီး၍ မရပေ။

ချန်အန်သည် အပေါ်ထပ်ရှိ ခြံဝင်းအတွင်းမှ ကျန်ရှိနေသော ဝိညာဉ်ဟင်းသီးဟင်းရွက်များ၊ ဝိညာဉ်ကြက်များနှင့် ကန်အတွင်းရှိ ဝိညာဉ်ငါးများကို သွားရောက် သိမ်းဆည်းခဲ့သည်။

သူသည် လှိုဏ်ခေါင်းအတွင်း အလင်းရောင်ရသည့် နေရာများတွင် ဟင်းရွက်အချို့ကို စိုက်ပျိုးကာ ကျန်အသားများကို အသားခြောက်ပြုလုပ်၍ သိုလှောင်လိုက်သည်။

ထို့ပြင် သူသည် အိမ်အပေါ်ထပ်တွင် ရှိနေသော ‘အသံလုံခင်းကျင်းမှု’ကို ဖြုတ်ယူကာ လှိုဏ်ခေါင်းအတွင်း ပြန်လည်တပ်ဆင်လိုက်သည်။

ဤခင်းကျင်းမှုမှာ တစ်ဖက်သတ် အသံလုံခြင်းဖြစ်၍ အပြင်က အသံကို သူတို့ ကြားနိုင်သော်လည်း၊ သူတို့ အထဲက အသံကို အပြင်က မကြားနိုင်ပေ။

"အောင်မြင်ပြီ!"

လှိုဏ်ခေါင်းအတွင်း အိမ်တလုံးကဲ့သို့ သပ်ရပ်သွားသည်ကို ကြည့်ကာ ချန်အန်တစ်ယောက် ဂုဏ်ယူနေမိသည်။

အမျိုးသားတစ်ဦးအနေဖြင့် မိမိမိသားစုကို ဘေးကင်းအောင် ဖန်တီးပေးနိုင်ခြင်းမှာ အကြီးမားဆုံး အောင်မြင်မှုပင် ဖြစ်တော့သည်။

.................................................

All Chapters