အခန်း (၁၄၁-၁၄၂)
Vol. 14 Ch. 141-142
အခန်း (၁၄၁) - ဆောင်ဟွာယင်း၏ လှည့်ကွက်
ချန်အန် တစ်ယောက် မြေအောက်လှိုဏ်ခေါင်းကို တည်ဆောက်ပြီးစီးသွားချိန်တွင် အပြင်ဘက်၌ မိုးချုပ်နေပြီဖြစ်သည်။
လှိုဏ်ခေါင်းနံရံများတွင် ညဉ့်ပုလဲများကို မြှုပ်နှံထားရာ အလွန်အမင်း မလင်းထိန်သော်လည်း ညဖက်တွင် အတွင်း၌ နေထိုင်သူများ လှုပ်ရှားသွားလာရန် လုံလောက်သော အလင်းရောင်ကို ပေးစွမ်းသည်။
“ဖေဖေ... သမီး ဓားပျံစီးချင်တယ်”
သမီးကြီးဖြစ်သူက အနားသို့လျှောက်လာပြီး ပြောသည်။ သူမ၏ နုနယ်သောမျက်နှာလေးတွင် မျှော်လင့်ချက်များ ပြည့်နှက်နေကာ ဓားပျံစီးရသည်ကို စွဲလန်းသည့်စိတ်က ပြန်လည်ပေါ်ပေါက်လာပြန်သည်။
ချန်အန်က ယခုအချိန်သည် ထူးခြားသည့်ကာလဖြစ်သဖြင့် အပြင်တွင် ဓားပျံမစီးသင့်ကြောင်း ရှင်းပြရန်ပြင်စဉ်မှာပင် သူ၏ဇနီးဖြစ်သူ ဆောင်ဟွာယင်းက အနားသို့ရောက်လာပြီး -
“ယုကျန်းလေး... အပြင်မှာ လူသားစားတဲ့ မိစ္ဆာသားရဲတွေ နေရာအနှံ့ရှိနေတာ၊ အစားခံချင်လို့လား” ဟု မေးလိုက်သည်။
“ဖေဖေက သမီးကို ကာကွယ်ပေးမှာပေါ့!”
ချန်ယုကျန်းမှာ သူမ၏ဖခင်အပေါ် အလွန်အမင်း ယုံကြည်ချက်ရှိနေသည်။
သူမ၏နှလုံးသားထဲတွင် ဖခင်ဖြစ်သူမှာ ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး အမျိုးသားဖြစ်ပြီး ၎င်းမှာ သူမအနေဖြင့် အခြားအမျိုးသားများကို သိပ်မမြင်ဖူးခြင်းကြောင့်လည်း ဖြစ်သည်။
သမီးဖြစ်သူက သူ့အပေါ် ထိုမျှယုံကြည်သည်ကို မြင်သောအခါ ချန်အန်က ခပ်ဖွဖွလေးပြုံးလိုက်ပြီး “သမီး အရမ်းတွေးနေပြီ၊ အခုချိန်မှာ ဖေဖေက ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်ဘူး၊ သမီးကို ဘယ်လိုကာကွယ်ပေးမှာလဲ” ဟု ပြောလိုက်သည်။
“အင်း”
ချန်ယုကျန်းမှာ ခေတ္တမျှ ကြောင်အသွားသည်။ သူမ၏ အစွမ်းထက်လှသော ဖခင်က သူမကိုပင် မကာကွယ်နိုင်ဘူးလား။
သူမ ဘာမှထပ်မမေးနိုင်ခင်မှာပင် သူမ၏မိခင်ဖြစ်သူက သူမကို အိပ်ခန်းထဲသို့ အမြန်ခေါ်သွားတော့သည်။
ညီမဖြစ်သူ ချန်ယီခဲ့မှာလည်း သူမနှင့်အတူရှိနေသည်။ ချန်ယီခဲ့မှာ နို့ဖြတ်ပြီးသားဖြစ်ပြီး ညဖက်တွင်လည်း ဂျီမတိုက်တတ်ပေ။ သူမမှာ တစ်နေ့လုံး ငိုင်တိုင်တိုင်လေးသာ နေတတ်ပြီး တစ်ခါတစ်ရံ အိပ်ရာထဲတွင် ဆီးသွားတတ်သည်မှအပ ကျန်အချိန်များတွင် အလွန်လိမ္မာကာ ဝမ်ကျိယန်ကို အားကိုးပြီး အိပ်စက်ခြင်းမျိုး မရှိတော့ပေ။
“သမီးရှေ့မှာ ကိုယ့်ကိုယ်ကိုယ် အဲ့လိုပြောတာ တကယ်ပဲ အဆင်ပြေရဲ့လား”
ဝမ်ကျိယန်က ချန်အန်၏မျက်လုံးများကို ကြည့်ကာ မေးလိုက်သည်။ သမီးဖြစ်သူ၏ စိတ်ထဲတွင် အရာရာကို လုပ်ဆောင်နိုင်သော ဖခင်ပုံရိပ်ကို ဖျက်ဆီးပြီး ထိုသို့ဘာကြောင့် ပြောရသည်ကို သူမ နားမလည်နိုင်ဖြစ်နေသည်။
ချန်အန်က အေးဆေးစွာပင် “ဒါက မဆိုးပါဘူး၊ အသက်ဘေးက တွဲလဲခိုနေတဲ့ ဒီလိုကမ္ဘာကြီးမှာ သူမ ငယ်ငယ်ကတည်းက အန္တရာယ်ကို သတိထားတတ်ဖို့ စိတ်ထဲစွဲမြဲအောင် လုပ်ပေးတာက မကောင်းတဲ့အရာ မဟုတ်ပါဘူး” ဟု ပြောလိုက်သည်။
“မှန်ပါတယ်”
ဝမ်ကျိယန်လည်း ယုတ္တိရှိသည်ဟု ခံစားလိုက်ရသည်။
သူ့သမီးနှစ်ယောက်စလုံးမှာ မွေးကတည်းက အခြေခံတည်ဆောက်ခြင်းအဆင့်ရှိ ဖခင်ဖြစ်သူ၏ ကာကွယ်မှုအောက်တွင် လုံခြုံစွာ နေထိုင်ခဲ့ကြရသည်။
ထို့ကြောင့် လူတိုင်း အန္တရာယ်ရှိနေသည့် ဤကမ္ဘာကြီးအပေါ်တွင် ကြောက်ရွံ့ရိုသေမှုနှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိတရား အားနည်းနေခဲ့သည်။ ချန်ယုကျန်းက ဓားပျံစီးရန် တောင်းဆိုခြင်းမှာ ဥပမာကောင်းတစ်ခုပင်။
“ယောက်ျား... ဗိုက်ဆာနေပြီလား၊ ကျွန်မ ကန်စွန်းဥယိုလေး လုပ်ပေးမယ်လေ၊ ညစာ အတူတူစားကြမလား”
ဂူရှင်းယွဲ့က အကြံပြုလိုက်သည်။
ချန်အန်က မစဉ်းစားဘဲ ငြင်းဆိုလိုက်သည်။
“ဒါက ထူးခြားတဲ့ ကာလပဲ၊ အစားအစာကို တတ်နိုင်သလောက် ချွေတာကြတာပေါ့၊ နောင်မှာ အခြေအနေတွေ တည်ငြိမ်သွားရင်တော့ ကိုယ်တို့ ကြိုက်သလို လုပ်ကြတာပေါ့”
“ဟုတ်ကဲ့ပါ၊ ကျွန်မ နားလည်ပါပြီ”
ဂူရှင်းယွဲ့က အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။ သူမ၏ခင်ပွန်းက သူမကို ငြင်းလိုက်၍ မဟုတ်ဘဲ၊ သူမကိုယ်တိုင်က အစားအစာ ရိက္ခာကို မစဉ်းစားမိဘဲ မဆင်မခြင် ဖြစ်သွားမိ၍ဖြစ်သည်။
ထိုအချိန်မှာပင်
ရုတ်တရက် အပြင်ဘက်၌ လေးလံသော အရာတစ်ခု မြေပေါ်သို့ ပြုတ်ကျလာသည့် အသံကြီး ထွက်ပေါ်လာသည်။
“ဘုန်း!”
“ဘုန်း! ဘုန်း! ဘုန်း!”
“ဘုန်း! ဘုန်း!”
ချက်ချင်းဆိုသလိုပင် တိုးညင်းသော သားရဲဟိန်းသံများ ထွက်ပေါ်လာပြီး တိတ်ဆိတ်နေသော ညဉ့်ဦးယံတွင် ဆေးပင်လမ်းကြားတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
အခြားသော မိစ္ဆာသားရဲအုပ်စုတစ်စု ကောင်းကင်ယံမှ ဆင်းသက်လာပြန်ချေပြီ!
ချန်အန်၏ မျက်နှာက တည်ကြည်လေးနက်သွားသည်။
နေ့ခင်းဘက်ကမှ မိစ္ဆာသားရဲတစ်ကောင် ကျလာခဲ့ခြင်းဖြစ်သော်လည်း မကြာမီမှာပင် ညဖက်တွင်လည်း နောက်ထပ်ရောက်လာပြန်သည်။
ဤအကြိမ်ရေမှာ စိပ်လွန်းလှသည်။
“ယောက်ျား... ဆေးဖက်ဝင်ပင်လမ်းကြားထဲကို နောက်ထပ် မိစ္ဆာသားရဲတွေ ကျလာပြန်ပြီ ထင်တယ်”
ရှန်းချင်းယီ၏ မျက်နှာမှာလည်း လေးနက်နေပြီး ဖြစ်ပျက်နေသည်များကို စိုးရိမ်နေမိသည်။
ချန်အန်က သူမကို ညင်သာစွာ နှစ်သိမ့်လိုက်သည်။
“ဒါက ပြဿနာအကြီးကြီး မဟုတ်ပါဘူး၊ ကိုယ်တို့ မြေအောက်လှိုဏ်ခေါင်းထဲမှာ လိမ္မာပါးနပ်စွာ နေထိုင်ပြီး အပြင်မထွက်သရွေ့ အပေါ်မှာ ဘယ်လောက်ပဲ ရုန်းရင်းဆန်ခတ်ဖြစ်ပါစေ ကိုယ်တို့ကို ထိခိုက်မှာ မဟုတ်ဘူး”
“ကံကောင်းလို့ ယောက်ျားက အမြော်အမြင်ရှိရှိနဲ့ မြေအောက်လှိုဏ်ခေါင်းကို ကြိုတူးထားတာ၊ မဟုတ်ရင် ဒီညတော့ အန္တရာယ်ရှိနိုင်တယ်”
ဆောင်ဟွာယင်းနှင့် အတူနေသည်မှာ ကြာပြီဖြစ်၍ သူမ၏ လွှမ်းမိုးမှုကို ခံလိုက်ရခြင်းကြောင့်လား မသိသော်လည်း အမြဲတမ်း အေးစက်စက်နေတတ်သော ဂူရှင်းယွဲ့မှာပင် ဤအချိန်တွင် သူမ၏ ခင်ပွန်းကို မြှောက်ပင့်စကား ဆိုလိုက်သည်။
ဝမ်ကျိယန်က ဂူရှင်းယွဲ့ကို အံ့ဩတကြီး ကြည့်လိုက်သည်။ သူမ၏ ညီမလေးက ဤကဲ့သို့ မြှောက်ပင့်တတ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
သူမလည်း ဆောင်ဟွာယင်း၏ လမ်းမှားသို့ လိုက်သွားပြီ ဖြစ်ပုံရသည်။
“ဘုန်း!”
ရုတ်တရက် လှိုဏ်ခေါင်းအပေါ်ဘက်မှ နားကွဲလုမတတ် အသံကြီး ထွက်ပေါ်လာသည်။
လှိုဏ်ခေါင်းတစ်ခုလုံး သိမ့်သိမ့်တုန်သွားပြီး အပေါ်ဘက်မှ သားရဲကြီး၏ ဟိန်းသံက ပဲ့တင်ထပ်သွားသည်။
“ဖေဖေ... သမီး ကြောက်တယ်... ဟီးဟီး”
“ဝါး... ဝါး... ဝါး”
အခန်းထဲရှိ သမီးငယ်နှစ်ဦးမှာ ရုတ်တရက်ထွက်ပေါ်လာသော အသံကြီးကြောင့် လန့်နိုးလာပြီး အော်ဟစ်ငိုယိုကြတော့သည်။
ချန်အန်က အသံကြားသည်နှင့် အခန်းထဲသို့ ချက်ချင်းဝင်သွားပြီး သမီးနှစ်ယောက်ကို အချိန်အတော်ကြာ ချော့မြူလိုက်သည်။
ထို့နောက် သူတို့ကို ပိုမိုအေးချမ်းစွာ အိပ်ပျော်စေရန် ‘အိပ်မွေ့ချဂါထာ’တစ်ခုကို မန္တန်ရွတ်ပေးလိုက်သည်။
ထို့နောက် အသံလုံသော ‘အသံတိတ်လက်ဖွဲ့’ တစ်ခုကို ထုတ်ယူကာ အခန်းကို ပြင်ပကမ္ဘာနှင့် သီးခြားခွဲထုတ်လိုက်သည်။
ဤအသံတိတ်လက်ဖွဲ့၏ အာနိသင်မှာ ‘အသံလုံအစီရင်’နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ၎င်းကို အသုံးပြုပြီးပါက အခန်းအတွင်းရှိသူသည် အပြင်က အသံများကို မကြားရတော့သော်လည်း အခန်းတွင်းမှ အသံများကိုမူ အပြင်မှ ကြားနိုင်သေးသည်။
“ယောက်ျား. အပြင်မှာ နောက်ထပ် မိစ္ဆာသားရဲတစ်ကောင် ကောင်းကင်ကနေ ကျလာတာလား”
သမီးဖြစ်သူများ နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်ကို မြင်သောအခါ ဆောင်ဟွာယင်းက စိုးရိမ်တကြီး မေးလိုက်သည်။
ချန်အန်က “ဘာမှမဖြစ်ဘူး၊ ကိုယ်တို့ လှိုဏ်ခေါင်းထဲမှာ အန္တရာယ်ကင်းပါတယ်၊ စိတ်မပူနဲ့နော်” ဟု နှစ်သိမ့်လိုက်သည်။
“ဟုတ်ကဲ့” ဟု ဆောင်ဟွာယင်းက စိတ်သက်သာရာရစွာ ပြန်ဖြေသည်။
ထို့နောက်တွင် ချန်အန်က ဇနီးသည်များ၏ အခန်းတိုင်းတွင် အသံတိတ်လက်ဖွဲ့များကို အသုံးပြုရန် ပြင်ဆင်သည်။
သို့သော် ဇနီးသည်များက မလိုအပ်ကြောင်းနှင့် သမီးနှစ်ယောက်အတွက်သာ ချန်ထားရန် ပြောကြသည်။
“အပေါ်မှာ အရမ်းဆူညံနေတာ၊ အဲ့ဒါဆိုရင် မင်းတို့ ဘယ်လိုအိပ်မလဲ”
ချန်အန်က သူ့ဇနီးလေးဦးကို ကြည့်ပြီး မေးလိုက်သည်။ အသံတိတ်လက်ဖွဲ့များကို ချွေတာရန်အတွက် သူတို့ကို ဒုက္ခမခံစေလိုပေ။ လက်ဖွဲ့များမှာ အစားအစာနှင့် မတူဘဲ အလွန်အမင်း အသုံးနည်းသဖြင့် ဖြုန်းတီးခြင်းမျိုး မရှိနိုင်ပေ။
ဇနီးသည်များမှာ ခင်ပွန်းဖြစ်သူ၏ ဂရုစိုက်မှုကို ခံစားရသဖြင့် အလွန်စိတ်လှုပ်ရှားသွားကြသည်။
“တစ်ရက် နှစ်ရက်လောက် မအိပ်ရတာ ဘာမှမဖြစ်ပါဘူး၊ ပြီးတော့ အပြင်က မိစ္ဆာသားရဲတွေ ဘယ်လောက်ပဲ ဆူညံပါစေ၊ တစ်ချိန်ချိန်တော့ ရပ်သွားမှာပါ၊ အဲ့ဒီအချိန်ကျမှ အိပ်ရေးဝအောင် ပြန်အိပ်လိုက်ပါ့မယ်” ဟု ဝမ်ကျိယန်က ယုတ္တိရှိရှိ ပြောလိုက်သည်။
ရှန်းချင်းယီကလည်း သဘောတူသည်။ “ကျွန်မက တည်ဆောက်ခြင်းအဆင့် အလယ်အလတ်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ပါ၊ ခွဲလောက် မအိပ်ဘဲနေရတာ ပြဿနာမရှိပါဘူး၊ လက်ဖွဲ့တွေကို ဖြုန်းတီးစရာ မလိုတာတော့ အမှန်ပဲ”
ချန်အန်က ခေါင်းညိတ်လိုက်ပြီး ချီသန့်စင်ခြင်း အဆင့် (၁) သာရှိသော ဆောင်ဟွာယင်းနှင့် ဂူရှင်းယွဲ့တို့ကို ကြည့်ကာ “မင်းတို့ နှစ်ယောက်ကော ဘယ်လိုလဲ” ဟု မေးလိုက်သည်။
ဂူရှင်းယွဲ့က လိမ္မာပါးနပ်စွာဖြင့် “အမျိုးသား... ကျွန်မအတွက် လောလောဆယ် မလိုသေးပါဘူး၊ တကယ်ပဲ ပင်ပန်းလာလို့ အပြင်မှာ ဆူညံနေသေးရင်မှ အသုံးပြုပါ့မယ်” ဟု ပြောသည်။
ဆောင်ဟွာယင်းကမူ သူမ၏ လှပသော မျက်လုံးလေးများဖြင့် ဝိုင်းစက်စွာကြည့်ကာ “မထူးပါဘူး... ယောက်ျညးလည်း သိသားပဲ၊ ဟွာယင်းရဲ့ အော်သံက အဲ့ဒီမိစ္ဆာသားရဲတွေထက်တောင် ကျယ်သေးတယ်၊ သူတို့ထက်တောင် ပိုဆူညံနိုင်သေးတာ၊ ပင်ပန်းသွားရင်တော့ အလိုလို အိပ်ပျော်သွားမှာပါ” ဟု ပြောလိုက်သည်။
“ဒီကောင်မလေး... နေ့တိုင်း ပိုပိုပြီး ဆိုးလာပြီနော်” ချန်အန်က ဇနီးဖြစ်သူ၏ နဖူးကို ခပ်ဖွဖွလေး တောက်လိုက်ရင်း ပြုံးလိုက်သည်။
ဆောင်ဟွာယင်းက အခွင့်ကောင်းယူပြီး သူ၏လက်မောင်းကို ဆွဲကိုင်ကာ သူ၏နားနားသို့ တိုးကပ်သွားသည်။ ထို့နောက် လေသံလေးဖြင့် -
“ဟွာယင်း အခုလို ဆိုးနေတာက အမျိုးသားက သူ့ကို ခဏခဏ မရိုက်လို့လေ ~”
ထိုသို့ပြောရင်း ချန်အန်၏ နားရွက်ကို တမင်သက်သက် လေဖြင့်မှုတ်လိုက်ရာ ချန်အန်၏ နားများ တစစ်စစ် ဖြစ်သွားရသည်။
ချန်အန်က ထိုကဲ့သို့သော အစအနောက်ကို မည်သို့သည်းခံနိုင်မည်နည်း။ သူက လူပုံအလယ်မှာပင် စတင်ကျီစယ်လိုက်ပြီး ရိုက်နှက်သံများတဖျန်းဖျန်း ထွက်ပေါ်လာတော့သည်။
ကျန်သော ဇနီးသုံးဦးမှာ ရှက်သွေးဖြာသွားကြသည်။
သူတို့အားလုံး လူကြီးများဖြစ်ကြသော်လည်း ယခုကဲ့သို့ အရိုက်ခံနေသည်ကို မြင်ရသည်မှာ အလွန်ရှက်စရာ ကောင်းနေသည်။
ဆယ့်ငါးမိနစ်ခန့်အကြာတွင်...
[ဆေးဖော်စပ်မှု အတွေ့အကြုံ +၄]
“လှည့်ကွက်လေး၊ မင်းအပြစ်ကို မင်းသိပြီလား”
ချန်အန်က အရိုက်ခံထားရသော ဆောင်ဟွာယင်းကို ပြန်ချပေးလိုက်သည်။ သူက သမီးကို ဆုံးမနေသော ဖခင်တစ်ဦးကဲ့သို့ ပုံစံမျိုးဖြစ်သော်လည်း မျက်နှာတွင် အပြုံးများရှိနေသည်။ သူတို့နှစ်ဦး စနောက်နေခြင်းမှာ သိသာလှသည်။
“မှားပါတယ်... ဒါပေမဲ့ နောက်တစ်ခါကျရင်လည်း ထပ်လုပ်ဦးမှာပဲ” ဆောင်ဟွာယင်း၏ မျက်နှာတစ်ခုလုံး နီမြန်းနေသည်။
သူမ၏ လေသံမှာ ဆိုးနွဲ့သော သမီးငယ်လေးကဲ့သို့ ဖြစ်သော်လည်း အသက်အရွယ် ကွာခြားချက်အရ သူတို့နှစ်ဦးမှာ ဖခင်နှင့် သမီးကဲ့သို့ အမှန်ပင် တူလှသည်။
ဝမ်ကျိယန်က သူတို့နှစ်ဦးကို မျက်စောင်းထိုးလိုက်ပြီး “နှစ်ယောက်သား တော်ကြပါတော့၊ ကြည့်လို့တောင် မကောင်းတော့ဘူး” ဟု စိတ်တိုတိုဖြင့် ပြောလိုက်သည်။
အမှန်စင်စစ် သူမကိုယ်တိုင်လည်း သူမ၏ ခင်ပွန်းနှင့် ထိုသို့ စနောက်ချင်နေခြင်း ဖြစ်သည်။ သို့သော် လူတွေအများကြီးရှိနေသဖြင့် သူမ၏ မာနကို မလျှော့နိုင်ခြင်းသာ ဖြစ်သည်။
ထို့နောက်တွင် ချန်အန်သည် သူ၏ဇနီးများနှင့်အတူ ဧည့်ခန်းတွင်ထိုင်ကာ စကားစမြည်ပြောကြသည်။ မတတ်နိုင်ပေ၊ အပေါ်ထပ်တွင် အလွန်အမင်း ဆူညံနေသောကြောင့်ဖြစ်သည်။
တစ်ခါတစ်ရံတွင် မြေပေါ်သို့ လေးလံသော အရာများ ကျရောက်သံနှင့် တုန်ခါမှုများ ရှိနေသေးသည်။
“ယောက်ျား... အချိန်ဖြုန်းဖို့ ဂိမ်းတစ်ခုခု ကစားကြမလား”
လူတိုင်း စကားပြောနေရင်း ပြောစရာကုန်သွားသည်ကို မြင်သောအခါ ဆောင်ဟွာယင်းက ချိုသာသော အပြုံးဖြင့် အကြံပြုလိုက်သည်။
ဝမ်ကျိယန်က “ဟွာယင်း... မင်းရဲ့ ဂိမ်းတွေကရော ယဉ်ကျေးရဲ့လား” ဟု မေးလိုက်သည်။
“ယဉ်ကျေးတာပေါ့၊ အမှန်ပဲ” ဆောင်ဟွာယင်းက နှုတ်ခမ်းလေးစူကာ စိတ်ကောက်ချင်ဟန် ဆောင်လိုက်သည်။
“မမဝမ်က အရမ်းလွန်တာပဲ၊ ဟွာယင်းကို အကျင့်မကောင်းတဲ့ မိန်းမတစ်ယောက်လို ဆက်ဆံနေတယ်၊ ဝမ်းနည်းလိုက်တာ”
“ကောင်မလေး... ငါ့ကိုတောင် မင်းရဲ့ လှည့်ကွက်တွေနဲ့ လာစနေတာလား”
ဝမ်ကျိယန်က ပြောပြောဆိုဆိုဖြင့် ဆောင်ဟွာယင်းကို သူမ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ပါးကို လိမ်ဆွဲလိုက်သည်။
ဆောင်ဟွာယင်းက အသနားခံတော့သည်။ “မမ... မမဝမ်... အား... မှားပါပြီ... မမကို နောက်တစ်ခါ မစတော့ပါဘူး”
သူမ၏ အသံမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေသော်လည်း နာကျင်နေသည့် ပုံစံမဟုတ်ဘဲ ပျော်ရွှင်မှု အရိပ်အယောင်များ ပါဝင်နေသည်။
အမျိုးသမီးနှစ်ဦးမှာ ခေတ္တမျှ စနောက်ပြီးမှ လူချင်းခွဲလိုက်ကြသည်။
ချန်အန်က ရှုပ်ပွလုနီးပါးဖြစ်နေသော ဆောင်ဟွာယင်း၏ ဆံပင်များကို ကြည့်ကာ ပြုံးလိုက်ပြီး သူမ၏ ဆံပင်များကို သပ်ရပ်အောင် ကူညီပေးလိုက်သည်။ ထိုသို့လုပ်ပေးရင်း “ဟွာယင်း... မင်း ခုနက ပြောတဲ့ ဂိမ်းက ဘာလဲ” ဟု မေးလိုက်သည်။
ဆောင်ဟွာယင်းက တိုးညင်းသော လေသံဖြင့် “တကယ်တော့ ဘာမှမဟုတ်ပါဘူး၊ အမျိုးသားက ကျွန်မတို့ လေးယောက်လုံးကို အလှပြင်ပေးဖို့ပါပဲ၊ ဒါပေမဲ့ယောက်ျရဲ့ စိတ်ကူးထဲမှာ ကျွန်မတို့က ဘယ်လိုပုံစံမျိုးလဲ ဆိုတာကို မူတည်ပြီး အလှပြင်ပေးရမှာနော်”
ကျန်သော ဇနီးသုံးဦး၏ မျက်လုံးများမှာ တစ်ပြိုင်နက်တည်း လင်းလက်သွားကြသည်။
ဤဂိမ်းမှာ အလွန်စိတ်ဝင်စားဖို့ ကောင်းပုံရသည်။ ခင်ပွန်းဖြစ်သူက သူတို့အပေါ် မည်သို့မြင်သည်ကို အလှပြင်ပေးသည့် ပုံစံကိုကြည့်ခြင်းဖြင့် သူတို့ သိရှိနိုင်မည် မဟုတ်ပါလား။
“အမျိုးသား... ဟွာယင်းရဲ့ အကြံပြုချက်က ကောင်းတယ်”
“ကျွန်မလည်း အဲ့လိုပဲ ထင်တယ်”
“ဟုတ်တယ်၊ စိတ်ဝင်စားစရာ ကောင်းပုံပဲ”
ဝမ်ကျိယန်၊ ဂူရှင်းယွဲ့နှင့် ရှန်းချင်းယီတို့က တစ်ယောက်တစ်ပေါက် ပြောဆိုလိုက်ကြသည်။
ဇနီးသည်များ အားလုံး ကစားချင်နေကြသည်ကို မြင်သောအခါ ချန်အန်ကလည်း သူတို့ကို စိတ်ကျေနပ်မှု ပေးရန် ဆုံးဖြတ်လိုက်သည်။
သူက ပြုံးလိုက်ပြီး “ကောင်းပြီလေ... မင်းတို့ရဲ့ အဝတ်အစားတွေ၊ လက်ဝတ်ရတနာတွေနဲ့ နှုတ်ခမ်းနီတွေကို ထုတ်လိုက်တော့၊ ကိုယ် အလှပြင်ပေးမယ်” ဟု ပြောလိုက်သည်။
ဇနီးသည်များက ထိုစကားကို ကြားသောအခါ သူတို့၏ အဝတ်အစားများနှင့် အသုံးအဆောင်များကို သိုလှောင်အိတ်များထဲမှ ထုတ်ကာ ချန်အန် ရွေးချယ်နိုင်ရန် စားပွဲပေါ်တွင် တင်လိုက်ကြတော့သည်။
အခန်း (၁၄၂) - ပျော်ရွှင်စရာဘဝ
ချန်အန်သည် သူ၏ဇနီးများ စားပွဲပေါ်တွင် တင်ထားသော အသုံးအဆောင်များကို တစ်ချက်ကြည့်လိုက်သည်။
ရှန်းချင်းယီနှင့် ဝမ်ကျိယန်တို့၏ ပစ္စည်းများမှအပ ကျန်သော ဆောင်ဟွာယင်းနှင့် ဂူရှင်းယွဲ့တို့၏ ပစ္စည်းများကိုမူ သူ ကောင်းကောင်းသိသည်။ အကြောင်းမှာ ထိုပစ္စည်းအများစုကို သူကိုယ်တိုင် ဝယ်ပေးခဲ့ခြင်းကြောင့် ဖြစ်သည်။
တစ်ဝက်ခန့်မှာ သူဝယ်ပေးထားခြင်းဖြစ်ပြီး ကျန်တစ်ဝက်မှာ ဝမ်ကျိယန်၏ အဝတ်ဟောင်းများ ဖြစ်ကြသည့် ဝတ်ရုံအမျိုးမျိုး ဖြစ်သည်။
ရှန်းချင်းယီ၏ ပစ္စည်းများမှာမူ သူမကိုယ်ပိုင်ပစ္စည်းများသာ ဖြစ်သည်။
၎င်းတို့မှာ သူနှင့် အလွန်စိမ်းသက်နေသလို တစ်ဖက်တွင်လည်း ဆန်းသစ်နေသည်။
သူ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ရှန်းချင်းယီ၏ ပစ္စည်းပုံအောက်တွင် အတွင်းခံအချို့ကို တွေ့လိုက်ရသည်။
‘ဟင်းဟင်း... ဒီသူရဲကောင်းမလေးကတော့ တကယ်ကို ထူးခြားတာပဲ၊ ငါ့ကို ဘယ်လိုမှ သူစိမ်းလို သဘောမထားတော့ဘူးပဲ။ မိန်းကလေးတစ်ယောက်ရဲ့ အရှက်အကြောက်ဆိုတာမျိုး လုံးဝမရှိတော့ဘူး’
‘ဒါပေမဲ့ ဒီလိုရဲတင်းတဲ့ သူရဲကောင်းမလေးမျိုးကို ငါသဘောကျသားပဲ’ ဟု ချန်အန် စိတ်ထဲမှ တွေးလိုက်မိသည်။
ထို့နောက် သူသည် စားပွဲပေါ်မှ ပစ္စည်းများကို ဆက်လက်လေ့လာနေသည်။ တစ်ခါတစ်ရံတွင် သူသည် ခေါင်းမော့ကာ သူ၏ဇနီးသည်များကို အကဲခတ်ပြီး ဤလှပသော အမျိုးသမီးများကို မည်သို့ဝတ်စားဆင်ယင်ပေးရမည်ကို စဉ်းစားနေသည်။
ဤလုပ်ငန်းစဉ်မှာ ဆယ့်ငါးမိနစ်ခန့် ကြာမြင့်သွားသည်။
နောက်ဆုံးတွင် ချန်အန်သည် အစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ်သည်။
ဆောင်ဟွာယင်းမှာ ချိုသာပြီး ချစ်စရာကောင်းသည်။ သူမသည် ကလေးဆန်စွာ ဆိုးနွဲ့ရသည်ကို ဝါသနာပါပြီး အပြစ်ကင်းစင်ဟန်ရှိသော်လည်း တစ်ဖက်တွင်လည်း လှည့်ကွက်ကလေးများ ရှိတတ်သည်။
ဂူရှင်းယွဲ့မှာမူ အေးစက်ပြီး ခံစားချက်မဲ့ဟန်ရှိကာ စကားနည်းသူဖြစ်သည်။
ဝမ်ကျိယန်မှာ အသိပညာကြွယ်ဝပြီး ဆွဲဆောင်မှုရှိသည်။ သူမသည် ပြောချင်ရာကို တဲ့တိုးမပြောတတ်ဘဲ မာနကြီးသော စရိုက်ရှိသည်။
သူမသည် များသောအားဖြင့် အဝတ်အစားကို လုံလုံခြုံခြုံ ဝတ်ဆင်တတ်သော်လည်း ကိုယ်လုံးကိုယ်ပေါက်မှာမူ ဆွဲဆောင်မှုရှိလှသည်။ သူမသည် စည်းကမ်းကြီးသော်လည်း အတွင်းစိတ်မှာမူ ဆန့်ကျင်ဘက်ဖြစ်နေသည့် အလှပိုင်ရှင်မျိုးဖြစ်သည်။
ရှန်းချင်းယီမှာ တရားမျှတမှုကို မြတ်နိုးပြီး မကောင်းမှုကို မုန်းတီးသူဖြစ်သည်။
“ကဲ... တော်ပြီ၊ မင်းတို့ကို ဘယ်လိုဝတ်ပေးရမလဲဆိုတာ ကိုယ် ဆုံးဖြတ်ပြီးပြီ၊ ဘယ်သူ အရင်ဆုံး အလှပြင်ချင်လဲ”
ချန်အန်၏ အသံမှာ နူးညံ့နေပြီး သူ၏အကြည့်မှာ ဇနီးလေးဦးလုံးကို ဖြည်းဖြည်းချင်း ဝေ့ကြည့်လိုက်သည်။
ဆောင်ဟွာယင်းက အရင်သွားချင်သော်လည်း ကျန်သော အစ်မသုံးဦးက ကန့်ကွက်မည်ကို စိုးရိမ်သဖြင့် “အစ်မ သုံးယောက် အရင်လုပ်ကြပါ၊ ဟွာယင်းက နောက်ဆုံးမှပဲ လုပ်တော့မယ်” ဟု ချိုသာစွာ ပြောလိုက်သည်။
ဝမ်ကျိယန်ကလည်း ပြုံးရင်း “ငါက အကြီးဆုံးဆိုတော့ ညီမတွေကို ဦးစားပေးရမှာပေါ့၊ ဟွာယင်းနဲ့ ယုယု (ယွဲ့အာ) တို့ အရင်သွားကြပါ” ဟု ဆိုသည်။
ဂူရှင်းယွဲ့ကလည်း “မမဝမ် အရင်သွားပါ” ဟု နှိမ့်ချစွာ ပြောလိုက်သည်။
ရှန်းချင်းယီကမူ တစ်ဦးကိုတစ်ဦး ဦးစားပေးနေခြင်းမှာ အချိန်ကုန်သည်ဟု ခံစားရသဖြင့်
“ညီမတို့ ရိုသေမှုတွေ ရပ်လိုက်ကြပါတော့၊ လက်ထပ်တဲ့ အစီအစဉ်အတိုင်းပဲ လုပ်ကြတာပေါ့” ဟု ဝင်ပြောလိုက်သည်။
ဆောင်ဟွာယင်းနှင့် ဂူရှင်းယွဲ့တို့မှာ အကျိုးရှိမည့်သူများ ဖြစ်ကြသဖြင့် သူတို့အနေဖြင့် ထောက်ခံကြောင်း ပြောရန် မသင့်တော်ပေ။ ဝမ်ကျိယန်မှာမူ နစ်နာမည့်သူ ဖြစ်နေသဖြင့် ထိုသို့စိုးရိမ်စရာမရှိပေ။ သူမက “ဒါဆိုရင် မမချင်းယီ ပြောသလိုပဲ လုပ်ကြတာပေါ့” ဟု ခပ်ပြုံးပြုံး ပြောလိုက်သည်။
သူ၏ဇနီးများ အစီအစဉ်တကျ ဖြစ်သွားသည်ကို မြင်သောအခါ ချန်အန်က သူတို့ကို စတင် အလှပြင်ပေးတော့သည်။
သူသည် ဆောင်ဟွာယင်းကို ပန်းရောင် ပိုးထည်ဂါဝန်၊ ပန်းရောင် ဖိနပ်၊ ပန်းရောင် ပုလဲနားကပ်များနှင့် ပန်းရောင်ဖျော့ဖျော့ နှုတ်ခမ်းနီများဖြင့် ပြင်ဆင်ပေးလိုက်သည်။ သူမသည် ချစ်စရာကောင်းပြီး တက်ကြွသော မိန်းကလေးငယ်လေးတစ်ဦးနှင့် တူနေတော့သည်။
ဂူရှင်းယွဲ့အတွက်မူ ရိုးရှင်းလှသည်။ သူမကို အပြာရင့်ရောင် ပိုးထည်ဂါဝန်တစ်ထည် လဲခိုင်းလိုက်ပြီး နီလာနားကပ်တစ်စုံ ဆင်မြန်းပေးလိုက်သည်။ သူမကို မည်သည့်မိတ်ကပ်မှ မလိမ်းပေးဘဲ ရိုးရှင်းသော အလှတရားကိုသာ အဓိကထားလိုက်သည်။
ဝမ်ကျိယန်ကို ပြင်ဆင်ပေးရာတွင်မူ သူ အားပိုစိုက်လိုက်ရသည်။ သူမကို သူမ အကြိုက်ဆုံး ဝတ်ရုံပွပွတစ်ထည် လဲခိုင်းပြီး ပြုပြင်ပေးလိုက်သည်။ ရင်ဘတ်ဟိုက်ကို အနည်းငယ် ဟလိုက်ရာ သူမ၏ ရင်သားအစုံမှာ ပေါ်လွင်လာသည်။
အဝတ်၏ အောက်ခြေကိုမူ ဘေးနှစ်ဖက်မှ အမြောင်းရှည်ရှည် နှစ်ခု ခွဲထုတ်လိုက်ပြီး ချောင်ဆန်းပုံစံ ပြုလုပ်ပေးလိုက်ရာ သူမ၏ သွယ်လျလှပသော ခြေတံများကို တွေ့နေရသည်။
သူမ လမ်းလျှောက်သည့်အခါ သူမ၏ ဖြူဖွေးသော အသားအရေမှာ တစ်ချက်တစ်ချက် ပေါ်လာတတ်ရာ အလွန်စွဲမက်စရာ ကောင်းနေတော့သည်။
ရှန်းချင်းယီ၏ အလှည့်ရောက်သောအခါ ချန်အန်က သူမအတွက် ထူးခြားသော ဝတ်စုံကို ဒီဇိုင်းထုတ်ပေးလိုက်သည်။ သူမ အပြင်သွားလျှင် ဝတ်လေ့ရှိသော သူရဲကောင်းမလေး ဝတ်စုံကို ပြုပြင်လိုက်ခြင်းဖြစ်သည်။
ဆံပင်ကို မြင့်မြင့်စည်းပေးလိုက်ပြီး အနက်ရောင် ဝတ်စုံကျပ်ကျပ်ကို ချောင်ဆန်းပုံစံ ပြောင်းလဲလိုက်သည်။ သူမ၏ ဘယ်ဘက်ခြေထောက်တွင် ‘တရားမျှတမှု’ ဟူသော စာလုံးနှင့် ညာဘက်တွင် ‘မကောင်းမှု’ ဟူသော စာလုံးကို ရေးသားလိုက်သည်။ ၎င်းမှာ မကောင်းမှုကို မုန်းတီးပြီး ဖယ်ရှားခြင်းကို ကိုယ်စားပြုကာ သူမ၏ သူရဲကောင်းဆန်မှုကို ပိုမိုပေါ်လွင်စေသည်။
“ဇနီးတို့... ကိုယ် သေချာပြင်ဆင်ပေးထားတဲ့ ဒီဝတ်စုံတွေကို သဘောကျရဲ့လား”
ချန်အန်သည် သူ၏ လက်ရာကို အလွန်ကျေနပ်နေပြီး ဇနီးသည်များကို မေးလိုက်သည်။
ဆောင်ဟွာယင်းက အလွန်သဘောကျနေသည်။ သူမသည် ချန်အန်၏ ရှေ့တွင် တစ်ပတ်လှည့်ပြပြီး “ယောက်ျားရဲ့ မျက်လုံးထဲမှာ ဟွာယင်းက ပန်းရောင် မိန်းကလေးပေါ့ ဟုတ်လား” ဟု မေးလိုက်သည်။
ချန်အန်က ပြုံးပြီး “ဟုတ်တာပေါ့၊ ဟွာယင်းလေးက နေရာတိုင်းမှာ ပန်းရောင်လေး ဖြစ်နေတာ၊ ဒီစတိုင်နဲ့ အလွန်လိုက်ဖက်တယ်” ဟု ပြောလိုက်သည်။
ဂူရှင်းယွဲ့က ဘာမှမပြောဘဲ အသာအယာ ပြုံးနေသည်။
ဝမ်ကျိယန်ကမူ သူမ၏ ပွင့်ဟနေသော အဝတ်အစားများနှင့် ပေါ်နေသော ခြေတံများကို ကြည့်ကာ “ယောက်ျား... ဒါက အရမ်းပေါ်လွင်မနေဘူးလား” ဟု မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ချန်အန်က ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်ပြီး “ဘာပဲဖြစ်ဖြစ် ဒါကို အိမ်မှာ ကိုယ်ကြည့်ဖို့ပဲ ဝတ်မှာလေ၊ ပေါ်လေ ပိုကောင်းလေပေါ့၊ ဒီလိုဆိုတော့ အလွန်ဆွဲဆောင်မှုရှိတာပဲ၊ ညတိုင်း မင်းရဲ့ ခုတင်ပေါ်မှာပဲ နေချင်စိတ် ပေါက်လာအောင် လုပ်နေသလိုပဲ” ဟု ဆိုလိုက်သည်။
“အာ... လူရှုပ်ကြီး”
ဝမ်ကျိယန်က ရှက်သွေးဖြာသွားပြီး ချန်အန်ကို ရိုက်လိုက်သည်။ သို့သော် သူမ၏ ခန္ဓာကိုယ်အပေါ် ချန်အန် စွဲလန်းနေသည်ကို မြင်ရသဖြင့် သူမ အလွန်ပျော်နေမိသည်။
ချန်အန်က ရှေ့သို့တိုးကာ ဝမ်ကျိယန်ကို စနောက်လိုက်ပြီးနောက် ရှန်းချင်းယီကို ကြည့်ကာ “ချင်းယီ... ကိုယ်ပြင်ပေးတဲ့ ဝတ်စုံကို ဘယ်လိုခံစားရလဲ” ဟု မေးလိုက်သည်။
ရှန်းချင်းယီက ပြုံးပြီး “အလွန်ထူးခြားပါတယ်၊ ဒါပေမဲ့ ခြေထောက်ပေါ်မှာ စာတွေရေးထားတာက အနည်းငယ်တော့ ထူးဆန်းသလိုပဲ၊ ခြုံပြောရရင်တော့ အများကြီး သဘောကျပါတယ်၊ ကျေးဇူးတင်ပါတယ် ယောက်ျား” ဟု ပြောသည်။
“ချင်းယီ သဘောကျရင် ပြီးတာပါပဲ” ထိုသို့ပြောပြီးနောက် ချန်အန်က ပြုံးရင်း “ကိုယ်က မင်းတို့ကို ပြင်ပေးဖို့ အများကြီး အားစိုက်ထားရတာဆိုတော့ ဘယ်လိုမျိုး ကျေးဇူးပြန်ဆပ်မှာလဲ” ဟု မေးလိုက်သည်။
“ဒါဆိုရင်ယောက်ျားက ကျွန်မတို့ကို ဘယ်လိုမျိုး ကျေးဇူးဆပ်စေချင်လို့လဲ”
ဆောင်ဟွာယင်းက ချန်အန်၏ လက်မောင်းကို ကိုင်ကာ ရှေ့သို့ တိုးလာသည်။ သူမ၏ မျက်လုံးများထဲတွင် ချစ်ခြင်းမေတ္တာများ ပြည့်လျှံနေသည်။ ကျန်သော ဇနီးသုံးဦးမှာလည်း မျှော်လင့်တကြီး ရှိနေကြသည်။
သူတို့၏ မျက်နှာများမှာ နီမြန်းနေပြီး ဧည့်ခန်းအတွင်းရှိ လေထုမှာ ရုတ်တရက် ထူးခြားသွားတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်တစ်နေ့ မနက်ခင်းသို့ ရောက်ရှိလာသည်။
မိုးလင်းခါစ အချိန်ဖြစ်သည်။ ယခုအချိန်တွင် မြေပေါ်သို့ အရာဝတ္ထုများ ကျရောက်သံ သို့မဟုတ် မိစ္ဆာသားရဲများ၏ ဟိန်းသံများ ထွက်မလာတော့ပေ။ သူ၏ဇနီးသည်များ၏ မှန်မှန်အသက်ရှူသံများကိုသာ ကြားနေရသည်။
သူ၏ဇနီးသည်များ အားလုံးမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေကြသည်။ တည်ဆောက်ခြင်းအဆင့် (၄) သို့ ရောက်ရှိနေသော ရှန်းချင်းယီပင်လျှင် ချွင်းချက်မရှိ အိပ်ပျော်နေသည်။ မနေ့ညက သူမ အလွန်ပင်ပန်းသွားခဲ့သည် မဟုတ်ပါလား။
ချန်အန်က သူတို့ကို စောင်များခြုံပေးလိုက်ပြီး ခုတင်ပေါ်မှ အမြန်ဆင်းလိုက်သည်။ ထို့နောက် ဘေးခန်းရှိ သမီးငယ်နှစ်ယောက်ကို သွားကြည့်သည်။ သမီးနှစ်ယောက်စလုံးမှာလည်း အိပ်ပျော်နေကြဆဲဖြစ်သည်။
သမီးကြီး ချန်ယုကျန်းမှာ စောင်ပါးလေးတစ်ထည်ကို ခြုံကာ ဘေးစောင်းလေး အိပ်နေသည်။ ကြည့်ရသည်မှာ အလွန်ချစ်စရာကောင်းသော်လည်း သူမ၏ မိခင်ကဲ့သို့ပင် ပါးစပ်နားတွင် သွားရည်အချို့ ပေကျံနေသည်။
သမီးငယ် ချန်ယီခဲ့မှာမူ လက်ခြေများကို ဆန့်ထုတ်ကာ အိပ်နေသည်။ သူမ၏ ဝိုင်းစက်သော ဗိုက်ကလေးမှာ အသက်ရှူလိုက်တိုင်း နိမ့်ချည်မြင့်ချည် ဖြစ်နေသည်မှာ အလွန်ချစ်စရာကောင်းလှသည်။
သမီးနှစ်ယောက်၏ အိပ်စက်နေသော ပုံစံကို ခေတ္တမျှ ကြည့်ရှုပြီးနောက် ချန်အန်သည် အခန်းထဲမှ ထွက်ကာ မနက်စာပြင်ရန် မီးဖိုချောင်သို့ သွားလိုက်သည်။
မီးဖိုချောင်မှာ ရိုးရှင်းလှပြီး ကောင်းမွန်သော ပါဝင်ပစ္စည်းများ သိပ်မရှိသဖြင့် အသားခြောက်နှင့် ဝိညာဉ်ဟင်းသီးဟင်းရွက် ဆန်ပြုတ်ကိုသာ အလွယ်တကူ ပြုလုပ်လိုက်သည်။
ထို့နောက် သူသည် တစ်နေရာတွင် ထိုင်လိုက်ပြီး မနေ့ညက ရရှိခဲ့သော ရလဒ်များကို စစ်ဆေးရင်း ဇနီးနှင့် သမီးများ နိုးလာကာ မနက်စာစားရန် စောင့်ဆိုင်းနေလိုက်သည်။
[ဆေးဖော်စပ်မှု အတွေ့အကြုံ +၄] x ၂၂
[စိတ်ဝိညာဉ်အင်အား +၄] x ၂၂
[မီးဓာတ် ဝိညာဉ်အမြစ် ပါရမီ +၄] x ၃၃
[ဓားသိုင်း +၁၊ သံဓာတ် ဝိညာဉ်အမြစ် ပါရမီ +၁] x ၃၉
[ဆောင်ဟွာယင်းနှင့် ဆက်ဆံရေး +၅]
[ဂူရှင်းယွဲ့နှင့် ဆက်ဆံရေး +၃]
[ဝမ်ကျိယန်နှင့် ဆက်ဆံရေး +၆]
[ရှန်းချင်းယီနှင့် ဆက်ဆံရေး +၂]
‘ဆက်ဆံရေး +၂ ပဲလား?’
‘ယွဲ့အာ (ဂူရှင်းယွဲ့) ထက်တောင် နည်းနေသေးတယ်’
‘ဟူး... သူရဲကောင်းမလေးတစ်ယောက်ရဲ့ ခံစားချက်ကို ပြုစုပျိုးထောင်ရတာ အမြဲတမ်း ခက်ခဲနေတုန်းပဲ’
‘သာမန် ဆက်ဆံရေးမျိုးက သိပ်မထိရောက်ဘူး၊ မကောင်းမှုကို နှိမ်နင်းတဲ့ဘက်မှာပဲ ပိုပြီး အားစိုက်ရမယ် ထင်တယ်’
‘ခက်ခဲလိုက်တာ’
ချန်အန်က ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။ ထို့နောက် စိတ်ကူးထဲတွင် ရှန်းချင်းယီ၏ အချက်အလက်များကို ဖွင့်ကြည့်လိုက်သည်။
[အမည် - ရှန်းချင်းယီ]
[ကျင့်ကြံမှုအဆင့် - တည်ဆောက်ခြင်းအဆင့် (၄)]
[စရိုက် - သူရဲကောင်းဆန်ပြီး တရားမျှတသည်၊ မကောင်းမှုကို မုန်းတီးသည်]
[ဆက်ဆံရေး - ကြယ်တစ်ပွင့် (၂၈/၁၀၀)]
‘ဆက်ဆံရေးက ၂၈ မှတ်ပဲ ရှိသေးတာလား၊ မျှော်လင့်ထားတဲ့အတိုင်းပဲ လောလို့တော့ မရဘူး’
ချန်အန်က အကူအညီမဲ့စွာ ပြုံးလိုက်သည်။ အနည်းငယ် စိတ်ပျက်မိသော်လည်း စိတ်ဓာတ်မကျပေ။ အချိန်တန်လျှင် အရာရာ အဆင်ပြေလာမည်ဟု သူယုံကြည်သည်။
အချိန်များ ကုန်လွန်သွားပြီးနောက်...
အခန်းထဲရှိ ဇနီးများနှင့် သမီးများမှာ တစ်ယောက်ပြီးတစ်ယောက် နိုးလာကြသည်။ ဂူရှင်းယွဲ့က အစောဆုံး နိုးလာသူဖြစ်သည်။ အရင်ကလည်း သူမသည် မနက်စောစောထကာ မနက်စာ ပြင်ဆင်ပေးလေ့ရှိသဖြင့် အကျင့်ဖြစ်နေသည်။
မီးဖိုချောင်သို့ ရောက်သောအခါ ချန်အန်က မနက်စာ ပြင်ပြီးသားဖြစ်နေသည်ကို မြင်လျှင် သူမက ချက်ချင်း တောင်းပန်စကား ဆိုလိုက်သည်။
“ယောက်ျား.. တောင်းပန်ပါတယ်၊ ကျွန်မ အိပ်ရာထ နောက်ကျသွားတယ်၊ နောက်တစ်ခါ အဲ့လို မဖြစ်စေရပါဘူး”
“အိပ်ချင်ရင်လည်း အိပ်လိုက်ပေါ့၊ ဘာလို့ တောင်းပန်နေတာလဲ၊ အခုတင် မဟုတ်ဘူး၊ မိုးချုပ်တဲ့အထိ အိပ်နေရင်တောင် ရတယ်” ချန်အန်က ပြုံးရင်း ဂူရှင်းယွဲ့၏ နှာခေါင်းကို ဆွဲလိုက်သည်။
“ဒါပေမဲ့...” ဂူရှင်းယွဲ့က သူမ ဤမျှ နောက်ကျမှ နိုးသည်မှာ မှားယွင်းနေသည်ဟု ခံစားနေရဆဲဖြစ်သည်။
ဂူရှင်းယွဲ့၏ နှိမ့်ချသော အပြုအမူကို မြင်သောအခါ ချန်အန်က သူပေးသော မေတ္တာမှာ သူမ၏ အရေးပါမှုကို သိရှိစေရန် မလုံလောက်သေးဟု ခံစားလိုက်ရသည်။
ထိုသို့တွေးပြီး ချန်အန်က ဂူရှင်းယွဲ့၏ အနားသို့ တိုးသွားကာ - “ကဲ... ပါးစပ်လေးဟ၊ အမျိုးသားက ဆန်ပြုတ် ခွံ့ကျွေးမယ်”
[စိတ်ဝိညာဉ်အင်အား +၄]
မီးဖိုချောင်မှ ထွက်လာပြီးနောက် သူတို့နှစ်ဦးသည် ဆန်ပြုတ်များကို ဧည့်ခန်းရှိ ထမင်းစားစားပွဲပေါ်သို့ တင်လိုက်ကြသည်။ မကြာမီမှာပင် ကျန်သော ဇနီးသုံးဦးနှင့် သမီးနှစ်ယောက်တို့မှာ မျက်နှာသစ်ပြီး ရောက်လာကြသည်။ မိသားစု ခုနစ်ယောက်မှာ ပျော်ရွှင်စွာ မနက်စာ စားကြတော့သည်။
“ဒါနဲ့... ကျိယန်၊ ယီခဲ့လေးက သွားပေါက်စပြုနေပြီနော်၊ နောက်ဆိုရင် သူမကို ပလုတ်ကျင်းပေးရုံနဲ့ မရတော့ဘူး၊ သွားတိုက်ပေးရတော့မယ်” ချန်အန်က ရုတ်တရက် သတိရကာ ပြောလိုက်သည်။
ဝမ်ကျိယန်က သူမ၏ရင်ခွင်ထဲရှိ ချန်ယီခဲ့ကို ဆန်ပြုတ်ခွံ့ပေးရင်း အေးဆေးစွာပင် “ဟုတ်ကဲ့... နောက်ဆိုရင် မနက်ရော ညရော သွားတိုက်ပေးပါ့မယ်” ဟု ပြန်ဖြေသည်။
ထိုသို့ပြောပြီးနောက် သူမက ချန်အန်ကို ကြည့်ကာ ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီးမှ “အမျိုးသား... ကျွန်မ ဆွေးနွေးစရာ ရှိလို့ပါ” ဟု ဆိုသည်။
“ဘာကိစ္စလဲ”
“အဲ့ဒါက... နောက်ဆိုရင် ကျွန်မကို ‘ယန်အာ’ (ယုံအာ) လို့ မခေါ်ပါနဲ့လား၊ အဲ့ဒါက နည်းနည်းတော့ မသင့်တော်သလိုပဲ”
“ဘာဖြစ်လို့လဲ”
“ဘာမှမဖြစ်ပါဘူး၊ ကျွန်မက အသက် ၄၀ တောင် ရှိနေပြီလေ၊ ‘ယန်အာ’ လို့ ခေါ်ရင် ကျွန်မက ကိုယ့်ကိုယ်ကိုယ် ငယ်အောင် ဟန်ဆောင်နေသလို ခံစားရလို့ပါ၊ အဲ့ဒါကို ကျွန်မ မကြိုက်ဘူး”
ဝမ်ကျိယန်မှာ ရိုးသားသူတစ်ဦးဖြစ်ပြီး သူမ၏ အသက်အရွယ်နှင့် မလိုက်ဖက်သော ချစ်စနိုးအမည်ကို မကြိုက်ပေ။
ချန်အန်က ပြုံးပြီး “အသက်ကြီးတာ မကြီးတာက အရေးမကြီးပါဘူး၊ ကိုယ့်ရဲ့ ‘ယန်အာ’ က အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ယောက်လို နုပျိုနေတာပဲ၊ ‘ယန်အာ’ လို့ ခေါ်တာ ဘာမှ မထူးဆန်းပါဘူး” ဟု ဆိုလိုက်သည်။
ထို့နောက် သူသည် ဆောင်ဟွာယင်းနှင့် ဂူရှင်းယွဲ့တို့ကို ကြည့်ကာ “ဟွာယင်း... ယွဲ့အာ... ကိုယ်ပြောတာ မှန်တယ်မလား” ဟု မေးလိုက်သည်။
“ယောက်ျား ပြောတာ မှန်တယ်” ဆောင်ဟွာယင်းက ဝမ်ကျိယန်ကို ကြည့်ပြီး “မမဝမ်... မမရဲ့ အသားအရေက ကျွန်မထက်တောင် နုသေးတယ်၊ လုံးဝ အသက်ကြီးတဲ့ ပုံမပေါက်ပါဘူး” ဟု ပြောလိုက်သည်။
ဂူရှင်းယွဲ့ကလည်း ခေါင်းညိတ်ပြီး “ဟွာယင်း ပြောတာ မှန်တယ်” ဟု ဆိုသည်။
ဝမ်ကျိယန်မှာ ခင်ပွန်းနှင့် ညီမနှစ်ဦး၏ ချီးမွမ်းမှုကို ခံရသဖြင့် အလွန်ပျော်နေသော်လည်း ‘ယန်အာ’ ဟူသော အမည်မှာ မသင့်တော်ဟု ခံစားနေရဆဲဖြစ်သည်။ သူမက ထပ်လောင်းပြောဆိုသည်။
“ဟင့်အင်း... ကျွန်မ အိုနေပါပြီ၊ ကျွန်မက အသက် ၄၀ တောင် ရှိနေတာ၊ ဟွာယင်းနဲ့ ယွဲ့အာတို့လို မိန်းကလေးငယ်လေး မဟုတ်တော့ဘူး၊ယောက်ျားက... နောက်ဆိုရင် မမချင်းယီ ခေါ်သလိုမျိုး ကျွန်မကို ‘ကျိယန်’ လို့ပဲ ခေါ်ပေးပါ”
“ကောင်းပါပြီ... ‘ကျိယန်’ ပြောသလိုပဲ လုပ်ပါ့မယ်”
ချန်အန်က ထိုအရာကို ဂရုမစိုက်ပေ။ ဝမ်ကျိယန်က ထိုမျှ အခိုင်အမာ ပြောနေသဖြင့် သူက ပြုံးကာ သဘောတူလိုက်လေသည်။
...............................................