အခန်း (၁၄၇-၁၄၈)
Vol. 14 Ch. 147-148
အခန်း ၁၄၇ - မြေခွေးမိစ္ဆာ၏ ပိတ်ဆို့မှုကို ခံရခြင်း
ခေတ္တမျှ ချန်အန်သည် မိမိကိုယ်မိမိ မျက်စိမှားသည်ဟု ထင်လိုက်မိသည်။
သစ်သားဝိညာဉ်အမြစ်၏ ပါရမီက တကယ်ပဲ တိုးလာတာလား မမြင်ရတဲ့ ဝိညာဉ်အမြစ်ကနေ မြင်ရတဲ့ ဝိညာဉ်အမြစ်အထိ ပြောင်းလဲသွားတာလား ဘာတွေဖြစ်နေတာလဲ.
ချန်အန် ဇဝေဇဝါ ဖြစ်သွားသည်။ သူ၏ ဇနီးသည်မှာ ယခုအခါ ပန်းမိစ္ဆာတစ်ဦး ဖြစ်နေသည် မဟုတ်ပါလား။ သူမမှာ ဘယ်တုန်းက ဝိညာဉ်အမြစ် ရှိသွားသနည်း။ ပြီးတော့ ဘာကြောင့် အတူနေပြီးနောက် သစ်သားဝိညာဉ်အမြစ် ပါရမီ တိုးလာကြောင်း စနစ်က အကြောင်းကြားချက် ပေးသနည်း။
သို့သော် မကြာမီမှာပင် သူ နားလည်သွားသည်။ စနစ်၏ သတ်မှတ်ချက်အရ မိစ္ဆာအမြုတေနှင့် ဝိညာဉ်အမြစ်မှာ ကွာခြားချက် မရှိလောက်ပေ။ နှစ်ခုစလုံးမှာ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ချီကို စုပ်ယူ၍ ကျင့်ကြံရန် အသုံးပြုခြင်း ဖြစ်သည်။
အရာအားလုံးကို နားလည်သွားပြီးနောက် ချန်အန်မှာ စိတ်သက်သာရာရစွာ ပြုံးလိုက်မိသည်။ ဤသို့ဖြင့် သစ်သားဝိညာဉ်အမြစ်ကို နိုးထစေခဲ့ပြီ။ တကယ်ပဲ 'ခြေတိုအောင် လိုက်ရှာနေတုန်းမှာ အလွယ်တကူပဲ တွေ့လိုက်ရသလို' ဖြစ်နေတော့သည်။
ချန်အန် ရုတ်တရက် ပြုံးလိုက်သည်ကို မြင်သောအခါ ဆောင်ဟွာယင်းက နားမလည်စွာ မေးလိုက်သည်။
"ယောက်ျား... ဘာကို သဘောကျပြီး ရယ်နေတာလဲ"
"ဘာမှမဟုတ်ပါဘူး၊ ဟွာယင်းက သိပ်လှလွန်းလို့ပါ၊ မင်းကို မြင်လိုက်ရတာနဲ့ ကိုယ်က အလိုလို ပြုံးမိသွားတာ" ဟု ချန်အန်က ချိုချိုသာသာ ပြောလိုက်သည်။
ထို့နောက် သူသည် အချိန်တစ်စက္ကန့်မျှ အဖြုန်းမခံဘဲ ဇနီးသည်နှင့် ဆက်လက် ကြည်နူးနေတော့သည်။
အချိန်တွေက မြန်မြန်ကုန်ဆုံးသွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်တစ်နေ့ မနက်ခင်းသို့ ရောက်ရှိလာသည်။
ယခုအချိန်တွင် ဆောင်ဟွာယင်းမှာ အလွန်ပင်ပန်းနေသဖြင့် ချန်အန်၏ ရင်ခွင်ထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေတော့သည်။
သူမကို တွန်းနှိုးလျှင်ပင် နိုးလာမည့်ပုံ မပေါ်ပေ။
ချန်အန်က ဇနီးသည်၏ နုနယ်သော မျက်နှာလေးကို အသာအယာ ပွတ်သပ်ပေးရင်း ငုံ့နမ်းလိုက်သည်။ ထို့နောက် ဝိညာဉ်ချီကို လှည့်ပတ်ကာ သူမကို ဘေးသို့ ညင်သာစွာ ရွှေ့လိုက်ပြီး တစ်ယောက်တည်း အိပ်စက်စေလိုက်သည်။
ထို့နောက် စိတ်အာရုံဖြင့် မနေ့ညကတည်းက တက်နေသော အသိပေးချက်ကို စစ်ဆေးလိုက်သည်။
[ဆေးဖော်စပ်မှု အတွေ့အကြုံ +၄၊ သစ်သားဝိညာဉ်အမြစ် +၄] x ၅၀
[သစ်သားဝိညာဉ်အမြစ် - အလယ်အလတ်တန်းစား (၂၀%)]
အသိပေးချက်ထဲရှိ 'အလယ်အလတ်တန်းစား' ဟူသော စာလုံးကို ကြည့်ကာ ချန်အန် ရင်ခုန်သွားသည်။
တစ်ညတည်းနှင့်ပင် သစ်သားဝိညာဉ်အမြစ် ပါရမီမှာ အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ။ တကယ်ကို ထိရောက်လှသည်။
ကဲ... အခု သစ်သားဝိညာဉ်အမြစ် ရှိပြီဆိုတော့ 'သစ်သားဓာတ်ဖြင့် ထွက်ပြေးခြင်းအတတ်ကို သင်ယူဖို့ အချိန်တန်ပြီ။ ပြဿနာက အဲ့ဒီအတတ်ကို ဘယ်မှာ ရနိုင်မလဲ ဆိုတာပဲ။
ချန်အန် ခေတ္တစဉ်းစားပြီးနောက် အပြင်က ကုန်သွယ်ရေးကုမ္ပဏီတစ်ခုမှာပဲ ဝယ်ရတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
သို့သော် အပြင်မှာ မိစ္ဆာသားရဲတွေ သောင်းကျန်းနေသဖြင့် ဆိုင်တွေ ဖွင့်သေးလားဆိုတာ သူ မသေချာပေ။
သူသည် အဝတ်အစားများ ဝတ်ကာ အပြင်သို့ ထွက်လာခဲ့သည်။ ဧည့်ခန်းတွင် တွေ့သော ဂူရှင်းယွဲ့ကို သူ အပြင်ထွက်ပြီး ပစ္စည်းသွားဝယ်မည့်အကြောင်း ပြောပြလိုက်သည်။
ဂူရှင်းယွဲ့က အပြင်မှာ အန္တရာယ်များသဖြင့် စိုးရိမ်နေသော်လည်း ချန်အန်ကမူ အိမ်မှာပဲနေရန်နှင့် အသံလွှင့်မန္တန်ဖြင့် ဆက်သွယ်ရန်သာ မှာကြားခဲ့သည်။
သူ ရုတ်တရက် ရှန်းချင်းယီကို သတိရသွားသည်။ ရှန်းချင်းယီသည် 'ရွှမ်းဟွမ်ဂိုဏ်း' ၏ အမာခံတပည့် ဖြစ်ခဲ့ဖူးရာ သူမကိုယ်တိုင် သစ်သားဓာတ်ထွက်ပြေးခြင်းအတတ်ကို တတ်ကျွမ်းမလားဟု သွားမေးကြည့်သည်။
သို့သော် ရလဒ်က စိတ်ပျက်စရာပင်။ ရှန်းချင်းယီက ထိုအတတ်ကို မသင်ယူခဲ့ဖူးပေ။
အခြားနည်းလမ်း မရှိတော့သဖြင့် ချန်အန်သည် လှိုဏ်ခေါင်းထဲမှ ထွက်ကာ 'မိုးမခလမ်း' ဆီသို့ ဓားပျံစီး၍ ပျံသန်းသွားတော့သည်။
ယခုအချိန်တွင် မိုးသောက်ယံ အလင်းရောင် အနည်းငယ်သာ ရှိသေးသည်။ စောလွန်း၍ ဖြစ်နိုင်သည်၊ သူ လမ်းတစ်လျှောက်လုံးတွင် ငှက်မိစ္ဆာ တစ်ကောင်မှ မတွေ့ခဲ့ရပေ။ အလွန် ခဲယဉ်းသော ကိစ္စပင်။ ထို့ကြောင့် မကြာမီမှာပင် မိုးမခလမ်းသို့ ချောချောမောမော ရောက်ရှိသွားသည်။
ယခင်က စည်ကားခဲ့သော မိုးမခလမ်းမှာ ယခုအခါ ပျက်စီးနေသော အိမ်အိုများဖြင့် ခြောက်ကပ်နေသည်။ လမ်းပေါ်တွင် လူအနည်းငယ်သာ ရှိပြီး ဆိုင်အများစုမှာ ပိတ်ထားကြသည်။ ဆိုင်ကြီးအချို့သာ ဖွင့်ထားပြီး ထိုဆိုင်များတွင်လည်း 'ရွှေအမြုတေအဆင့်' ကျွမ်းကျင်သူများက စောင့်ကြပ်နေကာ ကာကွယ်ရေးအစီရင်များ ခင်းကျင်းထားကြသည်။
မိစ္ဆာသားရဲများ၏ ကျူးကျော်မှုကတောအုပ်နီတစ်ခုလုံးကို ကြီးစွာ ရိုက်ခတ်နေပုံရသည်။
ရင်းနှီးပြီးသားဖြစ်သော 'ချင်းကုန်သွယ်ရေးကုမ္ပဏီ' ဖွင့်ထားသည်ကို မြင်သောအခါ ချန်အန် အမြန်ဆင်းလိုက်သည်။
ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ကောင်တာတွင် ရှိနေသော အမျိုးသား အရောင်းစာရေးက လှိုက်လှဲစွာ ကြိုဆိုသည်။
"ကျင့်ကြံသူ... ပစ္စည်းဝယ်မလို့လား၊ ရောင်းမလို့လား"
သူ၏ အပြုံးမှာ သိပ်ပြီး မကျွမ်းကျင်သလို စကားပြောပုံမှာလည်း ရိုးရှင်းလွန်းလှသည်။
ကြည့်ရသည်မှာ သူသည် အရောင်းစာရေးအသစ် ဖြစ်ပုံရသည်။ အရင်က ရှိနေကျ ချောမောလှပသော 'ချင်း' ဆိုသည့် အမျိုးသမီး ဘယ်ရောက်သွားသနည်း။
ချန်အန်က နားမလည်စွာ မေးလိုက်သည်။ "တစ်ဆိတ်လောက်... မန်နေဂျာချင်းကော သူမ ဆိုင်မှာ မရှိဘူးလား"
မန်နေဂျာချင်းအကြောင်း ပြောလိုက်သည်နှင့် ထိုအမျိုးသားက ခါးသီးစွာ ပြုံးလိုက်သည်။
"သူမက ကျွန်တော့်ရဲ့ အစ်မပါ၊ အစ်မရဲ့ ကံကြမ္မာက နည်းနည်း ဆိုးပါတယ်၊ လွန်ခဲ့တဲ့ နှစ်လက မိစ္ဆာသားရဲတွေ ကျူးကျော်တုန်းက သူမ သေဆုံးသွားခဲ့ပါတယ်၊ အခုတော့ သင်္ဂြိုဟ်ပြီးပါပြီ"
"ဪ... စိတ်မကောင်းပါဘူး" ချန်အန်က ခေါင်းညိတ်ရင်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ဤကမ္ဘာကြီးသည် တကယ်ကို မျှော်လင့်ချက် ကင်းမဲ့လှသည်။ လူတစ်ယောက်က ရုတ်တရက် ပျောက်ကွယ်သွားနိုင်ပြီး အသက်က တကယ်ကို နုနယ်လွန်းလှသည်။
"ဒါနဲ့ ကျင့်ကြံသူ... ဘာများ ဝယ်မလို့လဲ"
ချန်အန်က အချိန်မဆွဲဘဲ တိုက်ရိုက်ပြောလိုက်သည်။ "ကျွန်တော် 'သစ်သားဓာတ်ဖြင့် ထွက်ပြေးခြင်းအတတ်' ကျမ်းစာအုပ်ကို ဝယ်ချင်လို့ပါ၊ ဒီမှာ ရှိမလား"
"ရှိတာပေါ့... ကျွန်တော်တို့က စီးပွားရေးလုပ်နေတာပဲ၊ သစ်သားဓာတ်ထွက်ပြေးခြင်းအတတ်လောက်ကတော့ ရှိကိုရှိရမှာပေါ့"
မကြာမီမှာပင် ထိုအမျိုးသားက ကျမ်းစာအုပ်တစ်အုပ်ကို ထုတ်ပေးသည်။ မျက်နှာဖုံးတွင် "သစ်သားဓာတ်ဖြင့် ထွက်ပြေးခြင်းအတတ်" ဟု ရေးထားသည်။
"ဒါက ဘယ်လောက်တန်လဲ" ချန်အန်က မေးလိုက်သည်။
ထိုအမျိုးသားက လက်သုံးချောင်း ထောင်ပြကာ "အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၃ တုံး" ဟု ဆိုသည်။
"အဲ့လောက်တောင် ဈေးကြီးတာလား" ချန်အန် မျက်လုံးပြူးသွားသည်။ သူ ကြားတာ မှားသလားတောင် ထင်မိသည်။
"ကျင့်ကြံသူ... အခု အပြင်မှာ မိစ္ဆာသားရဲတွေ သောင်းကျန်းနေတော့ ဆိုင်ဖွင့်ရတဲ့ ကုန်ကျစရိတ်က အများကြီး တက်သွားတယ်လေ၊ ဒါကြောင့် ကုန်ပစ္စည်းဈေးနှုန်းတွေကလည်း တက်ရတာပေါ့၊ ကျွန်တော့်ဈေးက အသက်သာဆုံးပဲ၊ တခြားဆိုင်တွေမှာ သွားကြည့်ရင် ဒီထက်တောင် ပိုကြီးဦးမှာ"
ချန်အန်က "ကောင်းပါပြီ၊ ကျွန်တော် တခြားဆိုင်တွေလည်း လိုက်ကြည့်ဦးမယ်" ဟု ပြောကာ ထွက်လာခဲ့သည်။ တစ်နာရီခန့်အကြာတွင် သူသည် ဆိုင်လေးဆိုင်လုံးကို လိုက်ကြည့်ပြီးနောက် ချင်းကုန်သွယ်ရေးကုမ္ပဏီမှ ဈေးနှုန်းမှာ အသက်သာဆုံး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ထို့ကြောင့် သူ ပြန်လာခဲ့သော်လည်း ဆိုင်ထဲသို့ ချက်ချင်း မဝင်ဘဲ ဆိုင်ရှေ့တွင် ဟိုဟိုဒီဒီ လျှောက်ကြည့်နေလိုက်သည်။ ခဏအကြာတွင် ဆိုင်ထဲမှ အမျိုးသားက သူ့ကို မြင်သောအခါ အပြုံးဖြင့် အပြေးထွက်လာသည်။
"ကျင့်ကြံသူ... အဲ့ဒီကျမ်းစာအုပ်ကိုပဲ ဝယ်မှာလား..ကျွန်တော် ဈေးလျှော့ပေးပါ့မယ်၊ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၂ တုံးနဲ့ အလယ်အလတ် ဝိညာဉ်ကျောက်တုံး ၉၀ ပဲ ပေးပါတော့"
ဈေးက ဝိညာဉ်ကျောက်တုံး ၁၀ တုံးလောက် လျော့သွားသည်။ ချန်အန် တွေဝေမနေတော့ဘဲ ဝယ်လိုက်တော့သည်။ သို့သော် သူ၏ လက်ထဲတွင် အဆင့်မြင့်ဝိညာဉ်ကျောက်တုံးများ မရှိသဖြင့် သူကိုယ်တိုင် ဖော်စပ်ထားသော 'အသက်ဆက်ဆေးလုံး'အများအပြားနှင့်သာ လဲလှယ်ဝယ်ယူခဲ့ရသည်။
သူသည် ဝိညာဉ်ကျောက်တုံးများ ရသမျှကို ကျင့်ကြံမှုအတွက်သာ သုံးစွဲနေသဖြင့် ငွေကြေး သိပ်မစုဆောင်းမိပေ။
"ဒါနဲ့ မန်နေဂျာ... အခု ဆေးဖက်ဝင်ပင်လမ်းကြားမှာ ဂိုဏ်းတွေနဲ့ မိသားစုတွေ အများကြီး ရောက်နေကြတယ်လို့ ကြားတယ်၊ အခြေအနေက ဘယ်လိုလဲ"
အရောင်းစာရေးကလည်း ဖောက်သည်နှင့် ရင်းနှီးမှုရအောင် သူသိသမျှကို အကုန်ပြောပြသည်။ ဆေးဖက်ဝင်ပင်လမ်းကြားတွင် ယခုအခါ မီးနီဂိုဏ်းအပြင် 'ရွှေအမြုတေအဆင့်' ရှိသော အုပ်စု ၉ ခုခန့် ရောက်ရှိနေကြသည်။
ချင်းမိသားစု၊ ရှောင်မိသားစု၊ ယဲ့မိသားစု၊ လုမိသားစု စသည့် မိသားစုကြီး လေးခုနှင့် လေနက်ဂိုဏ်း၊ သံကျောက်ဂိုဏ်း၊ ရွှီခွန်းဂိုဏ်း၊ ပင်လယ်ပြာဂိုဏ်း စသည့် ဂိုဏ်းကြီး ငါးခုတို့ ဖြစ်သည်။
ထိုအထဲတွင် 'ရွှီခွန်းဂိုဏ်း'မှာ အင်အားအကြီးဆုံး ဖြစ်ပြီး သူတို့၏ ခေါင်းဆောင်မှာ ရွှေအမြုတေအဆင့် (၆) အထိ မြင့်မားကာ ရွှေအမြုတေအဆင့် နှောင်းပိုင်းသို့ နီးကပ်နေပြီ ဖြစ်သည်။
'ရွှေအမြုတေအဆင့် နှောင်းပိုင်း ဟုတ်လား
ဒါက တကယ့်ကို ဒုက္ခပဲ၊ သူနဲ့တွေ့ရင် ငါ နိုင်မှာ မဟုတ်ဘူး'
'ဒါပေမဲ့ အရိပ်သတ်ဖြတ်ခြင်းအတတ်နဲ့ သစ်သားဓာတ်ထွက်ပြေးခြင်းအတတ်သာ ရှိရင် အန္တရာယ်ကနေ လွတ်အောင် ပြေးနိုင်မှာပါ'
ချန်အန်သည် သူ၏ မိသားစုကို ဆေးဖက်ဝင်ပင်လမ်းကြားတွင် ခေတ္တမျှ ဆက်လက် ပုန်းအောင်းစေရန် ဆုံးဖြတ်လိုက်သည်။
သူ ရွှေအမြုတေအဆင့်သို့ ရောက်ရှိသွားသောအခါမှ မိသားစုကို ခေါ်ကာ အခြားနေရာတစ်ခုတွင် ဂိုဏ်းထောင်ခြင်း သို့မဟုတ် ဂိုဏ်းကြီးတစ်ခုသို့ ဝင်ရောက်ခြင်း ပြုလုပ်တော့မည်။
သူ၏ လက်ရှိ အဆင့် (၃) ဆေးဖော်စပ်သူ အရည်အချင်းနှင့် ရွှေအမြုတေအဆင့် ကျင့်ကြံမှုသာ ပေါင်းစပ်လိုက်လျှင် မည်သည့်ဂိုဏ်းကြီးမဆို သူ့ကို လက်ခံကြမည်မှာ အသေအချာပင်။
ထို့အပြင် ထိုနေ့သည် သိပ်မဝေးတော့ပေ။
သမီးနှစ်ယောက်၏ ရင်းနှီးမှုအဆင့်တိုးလာတော့မည် ဖြစ်သည်။ သမီးကြီးမှာ ကြယ် ၄ ပွင့်သို့ ရောက်တော့မည်ဖြစ်ပြီး သမီးငယ်မှာ ကြယ် ၂ ပွင့်သို့ ရောက်တော့မည်ဖြစ်သည်။
ထိုအခါ စနစ်မှ ဆုလာဘ်များ ရရှိမည်ဖြစ်ရာ သူသည် ရွှေအမြုတေအဆင့်သို့ တိုက်ရိုက် တက်လှမ်းနိုင်ပေလိမ့်မည်။
ချန်အန်သည် ဆေးဖက်ဝင်ပင်လမ်းကြားတွင် အရှိဆုံး မိစ္ဆာသားရဲ အကြောင်းကိုလည်း မေးမြန်းခဲ့သည်။ မြောက်ဘက်အစွန်ဆုံးတွင် အလျား မီတာ ၁၀၀ ကျော်ရှိပြီး ဦးခေါင်းတွင် ချိုနှစ်ချောင်းပါသော မြွေမိစ္ဆာကြီးတစ်ကောင် ရှိနေသည်။
၎င်းမှာ နဂါးအဖြစ် ပြောင်းလဲတော့မည့် အဆင့်သို့ ရောက်နေသဖြင့် ဂိုဏ်းအသီးသီးက ပေါင်းစပ်၍ အမဲလိုက်ရန် ပြင်ဆင်နေကြသည်။
'ငါတို့က တောင်ဘက်မှာ နေတာဆိုတော့ အဲ့ဒီမြွေကြီးနဲ့ ဝေးပါတယ်၊ ဘေးကင်းပါသေးတယ်'
ချန်အန်သည် ဆိုင်ထဲမှ ဇနီးသည်များအတွက် လက်ဝတ်ရတနာလေးများနှင့် သမီးများအတွက် မုန့်အချို့ကို ဝယ်ယူပြီးနောက် အိမ်ပြန်ရန် ပြင်လိုက်သည်။
သူသည် မန်နေဂျာကို နှုတ်ဆက်ကာ ဆိုင်အပြင်သို့ ထွက်ရန် ပြင်လိုက်သော်လည်း တံခါးဝသို့ မရောက်မီမှာပင် မျက်မှောင်ကြုတ်ကာ ရပ်တန့်လိုက်ရသည်။
သူ၏ အစွမ်းထက်သော စိတ်အာရုံက ဆိုင်အပြင်ဘက်သို့ တိုးကပ်လာနေသော အလွန် မြင့်မားသော စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။
၎င်းမှာ... ခရမ်းရောင်ဝတ်စုံနှင့် ကိုးမြီးမြေခွေးမိစ္ဆာပင် ဖြစ်သည်
'ဒုက္ခပဲ... တံခါးဝမှာ ပိတ်မိတော့မယ်'
သူသည် အမြန် တည်ငြိမ်အောင် ထိန်းလိုက်ပြီး နောက်ဘက် ပြတင်းပေါက်ဆီသို့ လှည့်ပြေးလိုက်သည်။ ပြတင်းပေါက်မှ ခုန်ချကာ ထွက်ပြေးရန် ပြင်လိုက်သည်။
တစ်ချိန်တည်းမှာပင် သိုလှောင်အိတ်ထဲမှ 'စိတ်ခံစားချက်ဖြတ်တောက်ဆေးလုံး'တစ်ပုလင်းလုံးကို နှုတ်ခမ်းထဲသို့ လောင်းထည့်လိုက်သည်။
သို့သော် သူ ပြတင်းပေါက်မှ ခုန်ချရန် ပြင်လိုက်ချိန်မှာပင်...
မွှေးပျံ့သော လေညင်းတစ်ခု တိုက်ခတ်လာပြီး ပန်းရောင်နှလုံးသားပုံစံ မြူခိုးများ ပြတင်းပေါက်အတွင်းသို့ လွင့်ဝင်လာကာ သူ၏ မျက်နှာကို ဖုံးလွှမ်းသွားတော့သည်။
တစ်ချိန်တည်းမှာပင် ပြတင်းပေါက် အပြင်ဘက်မှ ချွဲနွဲ့လှသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။
"သခင်လေး... ဘယ်ကို သွားမလို့လဲဟင်"
အခန်း ၁၄၈ - ယောင်ယောင်
ပြတင်းပေါက်အပြင်ဘက်မှ ချွဲနွဲ့သောအသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်...
ချန်အန်သည် သူ၏ရှေ့တွင် ပန်းရောင်နှလုံးသားပုံစံ မြူခိုးများ ပေါ်လာသည်ကို တွေ့လိုက်ရသည်။
၎င်းမှာ သူ၏ထံသို့ ဖြည်းညှင်းစွာ လွင့်မျောလာနေသည်။ သို့သော် ထူးဆန်းသည်မှာ သူ မည်သို့ပင် ကြိုးစားရှောင်တိမ်းပါစေ၊ ရှောင်လွှဲ၍မရပေ။
မကြာမီ ထိုမြူခိုးများသည် ချန်အန်၏မျက်နှာပေါ်တွင် ကပ်ငြိသွားတော့သည်။ ချက်ချင်းပင် သူ၏ခန္ဓာကိုယ်မှာ ပူထူလာပြီး အသိစိတ်များ ဝေဝါးလာကာ ခရမ်းရောင်ဝတ်စုံနှင့် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး၏ပုံရိပ်မှာ သူ၏အာရုံတစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။ ဤအရာမှာ ‘ညှို့ယူဖမ်းစားခြင်းအတတ်’ပင် ဖြစ်သည်။
ခဏအကြာတွင် ပြတင်းပေါက်အပြင်ဘက်၌ လှပကျော့ရှင်းသော ပုံရိပ်တစ်ခု ပေါ်လာသည်။ ၎င်းမှာ အခြားသူမဟုတ်၊ ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးပင် ဖြစ်သည်။
"သခင်... သခင်..."
ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး ပေါ်လာသည်ကို မြင်လျှင် ချန်အန်မှာ မသိစိတ်မှ တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသည် သူမ၏ ညှို့ယူခြင်းကို ခံလိုက်ရပြီဖြစ်ကာ သူမ၏ အလိုတော်အတိုင်း လုပ်ဆောင်မည့် လက်ပါးစေတစ်ဦး ဖြစ်သွားခဲ့ပြီဖြစ်သည်။
ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးသည် တစ္ဆေတစ်ကောင်ကဲ့သို့ ဆွဲဆောင်မှုရှိစွာ ပြုံးရင်း ပြတင်းပေါက်မှတစ်ဆင့် ကုန်သွယ်ရေးဆိုင်အတွင်းသို့ လှမ်းဝင်လာသည်။
သူမသည် ဟန်ပါပါခြေလှမ်းများဖြင့် ချန်အန်၏ရှေ့သို့ လျှောက်လာပြီး သူမ၏ ဖြူဖွေးနုနယ်သော လက်ကလေးဖြင့် ချန်အန်၏ ချောမောသောမျက်နှာကို ပွတ်သပ်လိုက်သည်။ သူမ၏မျက်လုံးများတွင် နှစ်သက်မြတ်နိုးမှုများဖြင့် ပြည့်နှက်နေသည်။
"အရမ်းချောတာပဲ"
"ဒါ ငါရှာနေတဲ့ မျက်နှာမျိုးပဲ"
"အရင်တုန်းက အဒေါ်လျူ ပြောတာ ခဏခဏ ကြားဖူးတယ်၊ လူသားကျင့်ကြံသူ ရုပ်ချောချောတွေရဲ့ ဝိညာဉ်အဆီအနှစ်က သိပ်အရသာရှိတာတဲ့၊ အခုတော့ ငါလည်း မြည်းစမ်းကြည့်ရတော့မယ်"
ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ပြောပြောဆိုဆိုဖြင့် စိတ်မထိန်းနိုင်တော့ဘဲ သူမ၏ နီရဲသောနှုတ်ခမ်းများကို ချန်အန်၏ဦးခေါင်းထံသို့ တိုးကပ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်များကို စုပ်ယူရန် ပြင်လိုက်တော့သည်။
သူမ အိမ်မှထွက်လာကတည်းက ဘာမှမစားရသေးသဖြင့် ဗိုက်ထဲမှ တဂူးဂူးမြည်အောင် ဆာလောင်နေပြီဖြစ်ရာ စွမ်းအင်များ ဖြည့်တင်းရန် လူသားအမျိုးသား၏ အဆီအနှစ်ကို အရေးပေါ် လိုအပ်နေခြင်းဖြစ်သည်။
သူမ၏ နှုတ်ခမ်းများ ဟလိုက်သည့် အချိန်မှာပင်..
သူမ၏ရှေ့တွင် မိန်းမောနေသော ချန်အန်သည် ရုတ်တရက် ပျို့အန်ချင်စိတ် ဖြစ်ပေါ်လာသည်။ ထိုအရာက သူ၏ဝေဝါးနေသော အသိစိတ်ကို ပြန်လည်နိုးကြားလာစေသည်။
ဤအရာမှာ သူ ဆိုင်ထဲမဝင်မီက သောက်ခဲ့သော ‘စိတ်ခံစားချက်ဖြတ်တောက်ဆေးလုံး’ ၏ အာနိသင်ပင် ဖြစ်သည်။
အကျိုးသက်ရောက်မှုက ထင်သလောက် မကြီးမားသော်လည်း အနည်းဆုံးတော့ ချန်အန်ကို သတိအနည်းငယ် ပြန်ဝင်လာစေသည်။
ထိုခေတ္တမျှ သတိဝင်လာချိန်မှာပင် ချန်အန်သည် ချက်ချင်း တုံ့ပြန်လိုက်ပြီး ‘အရိပ်သတ်ဖြတ်ခြင်းအတတ်’ကို အသုံးပြုလိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် နေရာမှာတင် ပျောက်ကွယ်သွားပြီး ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး၏ စကတ်အောက်ခြေရှိ အရိပ်ထဲသို့ ခိုဝင်သွားတော့သည်။
"ဟင်"
"သူ ဘယ်ရောက်သွားတာလဲ"
"ဘာလို့ ထပ်ပျောက်သွားပြန်တာလဲ"
ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ ကြောင်အသွားသည်။ ပြီးခဲ့သည့်အကြိမ်ကကဲ့သို့ပင် ချန်အန်သည် သူမ၏ မျက်စိရှေ့မှောက်မှာတင် ဘာသဲလွန်စမျှ မချန်ဘဲ ရုတ်တရက် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ဤအရာက သူမကို အံ့အားသင့်စေသည်။
"နင်က ဘာလဲ!"
"ဘာလုပ်နေတာလဲ!"
ကောင်တာ၏ အခြားတစ်ဖက်မှ ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတစ်ဦးက သံသယဖြစ်ဖွယ် လုပ်ဆောင်နေသော ထိုအမျိုးသမီးကို စူးစိုက်ကြည့်ကာ သတိကြီးစွာဖြင့် အော်ဟစ်မေးမြန်းလိုက်သည်။
သူသည် ချင်းမိသားစုမှ အကြီးအကဲတစ်ဦးဖြစ်ပြီး ဤကုန်သွယ်ရေးဆိုင်ကို စောင့်ကြပ်ရန် တာဝန်ယူထားသူဖြစ်သည်။ အရောင်းစာရေးက အသံလွှင့်လက်ဖွဲ့ဖြင့် အရေးပေါ် ခေါ်ယူလိုက်သဖြင့် ဆင်းလာခြင်းဖြစ်သည်။
ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ကောင်တာမှ လူနှစ်ယောက်ကို ကြည့်ကာ ဘာမှပြန်မပြောဘဲ သူမ၏မျက်လုံးများထဲတွင် ခရမ်းရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။
နောက်တစ်စက္ကန့်မှာပင်
ကောင်တာမှ လူနှစ်ယောက်မှာ အမျိုးသမီး၏ ညှို့ယူခြင်းကို ခံလိုက်ရပြီး သူမ ခိုင်းသမျှကို နာခံမည့်သူများ ဖြစ်သွားကြသည်။ သူမက သူတို့ကို ကြည့်ပြီး မေးလိုက်သည်။
"ခုနက ရုပ်ချောချော သခင်လေး ရုတ်တရက် ပျောက်သွားတယ်၊ နင်တို့ထဲက တစ်ယောက်ယောက် ဘာဖြစ်သွားလဲဆိုတာ သိလား"
အရောင်းစာရေးမှာ အတွေ့အကြုံရှိသူဖြစ်ပြီး ချန်အန် ပျောက်ကွယ်သွားသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသူဖြစ်သည်။ သူသည် အရူးတစ်ယောက်လို ပြုံးရင်း ပြန်ဖြေသည်။
"ကျွန်တော် ထင်တာ မမှားဘူးဆိုရင် အဲ့ဒီကျင့်ကြံဖော်ဟာ ခုနက 'အရိပ်သတ်ဖြတ်ခြင်းအတတ်' ကို သုံးသွားတာပဲ ဖြစ်ရမယ်"
"အရိပ်သတ်ဖြတ်ခြင်းအတတ်" ဤအရာမှာ ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။
အရောင်းစာရေးက ရှင်းပြသည်။ "အရိပ်သတ်ဖြတ်ခြင်းအတတ်ဆိုတာ ရန်သူကို သတ်ဖြတ်ဖို့ အထူးအသုံးပြုတဲ့ အတတ်ပညာပါ၊ အသုံးပြုသူဟာ ဘယ်သက်ရှိရဲ့ အရိပ်ထဲကိုမဆို ဘယ်သူမှမသိအောင် ခိုဝင်နိုင်ပါတယ်၊ 'အသက်ရှူသံထိန်းချုပ်ခြင်းအတတ်နဲ့သာ တွဲသုံးမယ်ဆိုရင် အံ့ဩစရာကောင်းလောက်အောင် ထိရောက်ပါတယ်"
'ဒုက္ခပဲ... ဒီနေ့တော့ ငါ အစီအစဉ် ပျက်တော့မှာပဲ!'
အရိပ်ထဲတွင် ပုန်းနေသော ချန်အန်သည် သူတို့၏ စကားဝိုင်းကို ကြားလိုက်ရသောအခါ အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။
အခြားတစ်ဖက်တွင်မူ...
ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးသည် အရောင်းစာရေး၏ ရှင်းပြချက်ကို ကြားပြီးနောက် သူမ၏ စကတ်အောက်ခြေရှိ အရိပ်ကို ချက်ချင်းငုံ့ကြည့်လိုက်သည်။
သူမ၏မျက်လုံးများမှာ ချက်ချင်းပင် ဆွဲဆောင်မှုရှိသော အကြည့်များအဖြစ် ပြောင်းလဲသွားသည်။
"တောက်တောက်... သခင်လေးက တကယ်ကို နှာဘူးလေးပဲ၊ မိန်းကလေးတစ်ယောက်ရဲ့ စကတ်အောက်မှာ ပုန်းနေတယ်ဆိုတော့ သူမရဲ့ အပျိုစင်ဘဝကို ညစ်နွမ်းအောင် လုပ်ချင်နေတာလား"
ချန်အန်မှာ ထိတ်လန့်သွားသည်။ အပျိုစင် ဟုတ်လား ဤအမျိုးသမီးမှာ တကယ်ပဲ မြေခွေးမလေးလား..သူ စဉ်းစားကြည့်ရာ လုံးဝ ယုတ္တိမရှိပေ။
ဤမျှ ဆွဲဆောင်မှုရှိပြီး ညှို့ဓာတ်ပြင်းသော မြေခွေးမိစ္ဆာတစ်ကောင်မှာ ကြီးပြင်းလာသည့်တိုင်အောင် အပျိုစင် ဖြစ်နေနိုင်ပါမည်လား။
‘ဒါမှမဟုတ်... သူမက အသက်သိပ်မကြီးသေးလို့လား’
‘ဒါပေမဲ့ သူမက ရွှေအမြုတေအဆင့် ကျွမ်းကျင်သူပဲလေ! ဘယ်လောက်တောင် ငယ်နိုင်မှာမို့လို့လဲ’
ချန်အန်သည် တွေးရင်းဖြင့် ဤဆွဲဆောင်မှုရှိသော မြေခွေးမိစ္ဆာကို မယားငယ်အဖြစ် သိမ်းပိုက်လိုသော စိတ်ကူးတစ်ခု ခေတ္တ ပေါ်လာသော်လည်း ချက်ချင်းပင် သတိပြန်ဝင်လာသည်။
လူသားတို့၏ ဝိညာဉ်အဆီအနှစ်ကို စားသုံးသည့် မြေခွေးမိစ္ဆာကို သူက ဘယ်လိုလုပ် မယားငယ် တော်ချင်ရသနည်း။ အသက်ကို မနှမြောတော့ဘူးလား..
ချန်အန်သည် စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ပြီး ဤအမျိုးသမီး၏ လက်ထဲမှ မည်သို့ လွတ်အောင်ပြေးရမည်ကို ကြံဆနေတော့သည်။ အမျိုးသမီးကမူ ချန်အန်ကို အရိပ်ထဲမှ ထွက်လာအောင် မည်သို့ ဖိအားပေးရမည်ကို စဉ်းစားနေသည်။
"သိပြီ!"
"အရိပ်သာ မရှိတော့ရင် သူ ပုန်းစရာ နေရာ ရှိမှာ မဟုတ်ဘူး မဟုတ်လား"
ထိုသို့ တွေးမိသည်နှင့် ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်လိုက်ပြီး ‘မြေကျုံ့ခြင်းအတတ်’ကို အသုံးပြုကာ အရိပ်ထဲရှိ ချန်အန်ကို အလင်းရောင်မရှိသော နေရာတစ်ခုသို့ ခေါ်ဆောင်သွားရန် ပြင်လိုက်သည်။ သို့မှသာ သူ ပုန်းစရာ နေရာ မရှိတော့မည်ဖြစ်သည်။
သို့သော် သူမသည် ဖြူဖွေးသွယ်လျသော ခြေတံများကို လှမ်း၍ ဆိုင်အပြင်သို့ ထွက်ရန် ပြင်လိုက်ချိန်မှာပင် ဆိုင်တံခါးအပြင်ဘက် ကောင်းကင်ယံမှ ဓားပျံစီး၍ လာသော အသံများ ရုတ်တရက် ကြားလိုက်ရသည်။
ထို့နောက်
ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ဦးဆောင်သော တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအုပ်စုတစ်စု ဆိုင်ထဲသို့ ဝင်လာပြီး အေးစက်စွာ အော်ဟစ်လိုက်သည်။
"ချင်းမိသားစုက မဟုတ်တဲ့သူတွေ အကုန်လုံး အခုချက်ချင်း ဒီကနေ ထွက်သွားကြ၊ မဟုတ်ရင် ငါတို့ 'ရွှီခွန်းဂိုဏ်း'က ညှာတာမှာ မဟုတ်ဘူး"
အရိပ်ထဲတွင် ပုန်းနေသော ချန်အန်သည် အပြင်မှာ ဘာဖြစ်နေသည်ကို သေချာမသိသော်လည်း ဤအရာမှာ လွတ်မြောက်ရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်မှန်း သူ သိလိုက်လေသည်။
............................................................