← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 14 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 14 Ch. 149-150

အခန်း ၁၄၉ - ယောင်ယောင်

ချန်အန်သည် စိတ်အာရုံကို အသုံးပြုကာ 'အရိပ်သတ်ဖြတ်ခြင်းအတတ်'ကို တစ်ခဏချင်းအတွင်း အကြိမ်ကြိမ် အသုံးပြုလိုက်သည်။

သူသည် ရွှီခွန်းဂိုဏ်းသားများ၏ အရိပ်များကို လိုက်ပါစီးနင်းရင်း ချင်းကုန်သွယ်ရေးဆိုင်အတွင်းမှ လွတ်အောင် ခုန်ထွက်ခဲ့ပြီး ဘာသဲလွန်စမျှ မချန်ဘဲ ထွက်ပြေးလွတ်မြောက်သွားတော့သည်။

"ဟွန်း... နင်က ပြေးချင်တာလား"

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးသည် နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြုံးပြီးနောက် နောက်ကနေ ချက်ချင်း လိုက်လံဖမ်းဆီးတော့သည်။

သို့သော် ကံမကောင်းစွာဖြင့် ချန်အန်၏ အရိပ်သတ်ဖြတ်ခြင်းအတတ်မှာ ကျွမ်းကျင်မှု အလွန်မြင့်မားနေပြီဖြစ်သည်။ ခေတ္တမျှအတွင်းမှာပင် သူသည် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ ဒေါသထွက်လွန်းသဖြင့် ရင်ဘတ်များပင် နိမ့်ချည်မြင့်ချည် ဖြစ်နေတော့သည်။

ချင်းကုန်သွယ်ရေးဆိုင်အတွင်း၌မူ...

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး ထွက်သွားပြီးနောက် ကောင်တာမှ လူနှစ်ယောက်မှာ ချက်ချင်း သတိပြန်ဝင်လာကြသည်။

မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်များကို မြင်လိုက်ရသောအခါ ရွှေအမြုတေအဆင့် ကျွမ်းကျင်သူမှာ ရန်သူနှင့် ရင်ဆိုင်ရသလိုမျိုး သတိကြီးစွာဖြင့် ပြောလိုက်သည်။

"ရွှီခွန်းဂိုဏ်း"

"နင်တို့ လက်နက်အပြည့်အစုံနဲ့ ဒီကို ဘာလာလုပ်တာလဲ"

"အရမ်း ရောင့်တက်မနေနဲ့၊ ငါတို့ ချင်းမိသားစုနဲ့ စစ်ဖြစ်ချင်နေတာလား!"

ချင်းမိသားစုနှင့် ရွှီခွန်းဂိုဏ်းမှာ အမြဲတမ်း မသင့်မြတ်ကြပေ။ စီးပွားရေးကိစ္စများကြောင့် အမြဲလိုလို ပွတ်တိုက်မှုများ ရှိနေတတ်သည်။ နှစ်ဖက်စလုံးမှာ တစ်ဦးကိုတစ်ဦး အေးစက်စွာ ဆက်ဆံလေ့ရှိကြသည်။

ရွှီခွန်းဂိုဏ်းမှ ရွှေအမြုတေအဆင့် အကြီးအကဲက လှောင်ပြုံးဖြင့် - "ချင်းမိသားစုက အမှိုက်တွေ၊ နင်တို့ရဲ့ မိသားစုခေါင်းဆောင်ဟာ မကြာခင်ကပဲ ဆေးဖက်ဝင်ပင်လမ်းကြားမှာ သေဆုံးသွားပြီ၊ အခု နင်တို့အလှည့်ပဲ"

ပြောပြီးသည်နှင့် သူသည် အချိန်ဆွဲမနေတော့ဘဲ လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

"အားလုံးပဲ တိုက်ကြ..ဒီလူနှစ်ယောက်ကို သတ်ပြီး ဆိုင်ထဲက ပစ္စည်းတွေ အကုန်လုယူကြစမ်း"

ရွှီခွန်းဂိုဏ်းသားများ တိုက်ခိုက်ရန် ပြင်လိုက်ချိန်မှာပင် လှပကျော့ရှင်းသော ပုံရိပ်တစ်ခု ဆိုင်ထဲ၌ ရုတ်တရက် ပြန်ပေါ်လာပြန်သည်။ ၎င်းမှာ ချန်အန်ကို လိုက်ဖမ်းရာမှ လွတ်သွားသဖြင့် ဒေါသတကြီး ပြန်လာသော ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးပင် ဖြစ်သည်။

သူမသည် ချန်အန်ကို လွတ်သွားသည့်အတွက် အရှက်ရပြီး ဒေါသထွက်နေသဖြင့် ထိုဒေါသကို ရွှီခွန်းဂိုဏ်းသားများအပေါ် ပုံချရန် ပြန်လာခြင်း ဖြစ်သည်။

"ငါ သူ့ကို အနိုင်နိုင် ဖမ်းထားရတာကို နင်တို့လို ခွေးတွေက လာဖျက်ဆီးတယ်ပေါ့လေ"

"ဒါ အားလုံး နင်တို့ တာဝန်ပဲ"

"နင်တို့သာ သူ့ကို ရှာမပေးနိုင်ရင် ငါ နင်တို့အားလုံးကို သေချင်လောက်အောင် နှိပ်စက်ပစ်မယ်"

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး၏ မျက်နှာမှာ ရေခဲကဲ့သို့ အေးစက်နေသည်။ သူမ၏ မျက်လုံးများမှာ ရွှီခွန်းဂိုဏ်းသားများကို စူးစိုက်ကြည့်ကာ ကျိန်ဆဲနေပြီး ယခင်က ရှိခဲ့သော ညှို့ဓာတ်များမှာလည်း ပျောက်ကွယ်နေသည်။

ရွှီခွန်းဂိုဏ်းသားများမှာ သူမ ဘာတွေပြောနေသည်ကို လုံးဝ နားမလည်ကြပေ။

တည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းမှတစ်ဦးမှာ သူမ၏ အလှကို မြင်ပြီး မနေနိုင်ဘဲ ပြောင်ချော်ချော် လုပ်လိုက်သည်။

"ကျင့်ကြံဖော်လေး... နင်က သိပ်လှတာပဲ၊ နင်က မြှောင်ထားဖို့ ကောင်းတယ်၊ ငါနဲ့ ငါ့ညီအစ်ကိုတွေက နင့်ကို ညတိုင်း ပျော်အောင် ထားပေးနိုင်ပါတယ်"

"ဟဲ... နင်တို့လို ရုပ်ဆိုးတဲ့သူတွေကို ကြည့်ရတာတောင် ငါ ရင်လေးတယ်၊ အလကားပေးရင်တောင် ငါ မယူဘူး"

စကားဆုံးသည်နှင့် သူမ၏ လှပသော မျက်လုံးများထဲတွင် ခရမ်းရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။

နောက်တစ်စက္ကန့်မှာပင်

သူမကို ပြောင်ချော်ချော် လုပ်ခဲ့သော ထိုဒေကွန်မှာ သူ၏ ဂိုဏ်းတူ ညီအစ်ကိုများ၏ ဓားဖြင့် ဝိုင်းခုတ်ခြင်းကို ခံလိုက်ရပြီး နေရာမှာတင် သေဆုံးသွားတော့သည်။

"မိစ္ဆာမ... နင် ဘာလုပ်တာလဲ"

ရွှီခွန်းဂိုဏ်းမှ ရွှေအမြုတေအဆင့် အကြီးအကဲမှာ ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။

သူသည် လေပေါ်သို့ လှမ်းတက်ကာ အမျိုးသမီး၏ နောက်ကျောဘက်သို့ ချက်ချင်း ရောက်သွားပြီး သူ၏ နာမည်ကျော် 'ဝိညာဉ်ဖျက်ဆီးခြင်း ဓားသိုင်း'ကို အသုံးပြုလိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် ဓားချက်ပေါင်း ရာနှင့်ချီကာ အမျိုးသမီး၏ အရေးပါသော နေရာများကို ခုတ်ပိုင်းလိုက်သည်။

သို့သော် ဓားချက်များမှာ အမျိုးသမီး၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်မှာ လေကို ခုတ်မိသလိုမျိုး ဖြစ်နေသည်။ သွေးထွက်သံယိုလည်း မရှိ၊ အော်သံလည်း မထွက်ပေ။

ထို့နောက် အမျိုးသမီး၏ ပုံရိပ်မှာ တဖြည်းဖြည်း ဝေဝါးသွားပြီး နေရာမှာတင် ပျောက်ကွယ်သွားတော့သည်။

"ဒုက္ခပဲ... ဒါက ပုံရိပ်ယောင်ပဲ"

ရွှီခွန်းဂိုဏ်း အကြီးအကဲမှာ ထိတ်လန့်သွားသည်။ သူသည် ထိုအမျိုးသမီးကို မယှဉ်နိုင်မှန်း သိလိုက်သဖြင့် ချက်ချင်း လှည့်ထွက်ကာ ဓားပျံစီး၍ ပြေးတော့သည်။

သို့သော် ဆိုင်တံခါးဝသို့ မရောက်မီမှာပင် သူ၏ မျက်လုံးထဲတွင် ခရမ်းရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြန်သည်။ ချက်ချင်းဆိုသလိုပင် သူသည် ဓားပေါ်မှ ထူးဆန်းစွာ ခုန်ဆင်းလိုက်ပြီး ဓားကို ကိုင်ကာ သူ၏ လည်ပင်းကို ဖြတ်လိုက်တော့သည်။

ဘုန်း

လေးလံသော အရာတစ်ခု မြေပေါ်သို့ ပြုတ်ကျသံ ထွက်ပေါ်လာသည်။ ရွှီခွန်းဂိုဏ်း အကြီးအကဲ၏ ဦးခေါင်းမှာ ကိုယ်ထည်မှ ပြတ်ထွက်ကာ မြေပေါ်သို့ ကျသွားပြီး အသက်ပျောက်သွားတော့သည်။

ဆေးဖက်ဝင်ပင်လမ်းကြား၊ တောင်ဘက်လမ်း။

အိမ်တွင်းရှိ လှိုဏ်ခေါင်းအတွင်း။

ချန်အန် အိမ်ပြန်ရောက်သောအခါ ထိတ်လန့်မှုများ ရှိနေဆဲ ဖြစ်သည်။

ထိုမြေခွေးမိစ္ဆာမက တကယ်ပဲ အန္တရာယ်များလှသည်။ တောအုပ်နိထမှာ လူတွေ အများကြီး ရှိပြီး ရုပ်ချောတဲ့သူတွေလည်း အများကြီး ရှိပါလျက်နှင့် ဘာကြောင့် သူ့ကိုမှ ပစ်မှတ်ထားနေရသနည်း။ သူ ဘာမှားလုပ်မိလို့လဲ..

သူသည် လာမည့် ရက်ပိုင်းအတွင်း မရှိမဖြစ် လိုအပ်သော ပစ္စည်းများ သွားဝယ်ရန်မှလွဲ၍ ဤလှိုဏ်ခေါင်းထဲမှ ဘယ်မှ မထွက်တော့ဟု ဆုံးဖြတ်လိုက်သည်။

သူ၏ ကျင့်ကြံမှုမှာ ရွှေအမြုတေအဆင့်သို့ ရောက်ပြီး မြေခွေးမိစ္ဆာ၏ ညှို့ယူမှုကို တွန်းလှန်နိုင်သည့် နည်းလမ်း ရလာမှသာ အပြင်ထွက်တော့မည်။

လောလောဆယ်တွင်မူ လှိုဏ်ခေါင်းထဲမှာပဲ ဇနီးသည်များနှင့် အချိန်ဖြုန်းကာ သမီးများနှင့် ဆော့ကစားနေမည် ဖြစ်သည်။ ဤကဲ့သို့ နေ့ရက်များမှာ ပျင်းစရာကောင်းနိုင်သော်လည်း အပြင်မှာ ကြောက်လန့်နေရသည်ထက်မူ ပို၍ ကောင်းပေသည်။

"ယောက်ျား.. ဘာဖြစ်လို့လဲ"

ဂူရှင်းယွဲ့သည် မီးဖိုချောင်မှ ထွက်လာချိန်တွင် မျက်မှောင်ကြုတ်ကာ ငိုင်နေသော ချန်အန်ကို မြင်သဖြင့် စိုးရိမ်တကြီး မေးလိုက်သည်။

ချန်အန်သည် သူ၏ ဇနီးသည်များကို ဘာမှ ဖုံးကွယ်လေ့မရှိပေ။ သူက သူ၏ အခက်အခဲကို ပြောပြလိုက်သည်။ "ပြီးခဲ့တဲ့ အခေါက်က ကိုယ် ပြောပြဖူးတဲ့ မြေခွေးမိစ္ဆာမက အခု ကိုယ့်ကို ပစ်မှတ်ထားနေပြီထင်တယ်၊ သူ လမ်းမတွေပေါ်မှာ ကိုယ့်ကို လိုက်ရှာနေတယ်"

ဂူရှင်းယွဲ့မှာ ထိုစကားကို ကြားသောအခါ မျက်နှာပျက်သွားပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ယောက်ျား.. နောက်ဆို အပြင်ကို သိပ်မထွက်ပါနဲ့တော့၊ ရေနဲ့ စားစရာ လုံလောက်နေသရွေ့ အဆင်ပြေပါတယ်၊ မလိုလားအပ်တဲ့ ပစ္စည်းတွေ ဝယ်ဖို့ မသွားပါနဲ့တော့"

"အင်း... မင်းပြောတာ ကိုယ် နားထောင်ပါ့မယ်"

ချန်အန်က ဂူရှင်းယွဲ့၏ ဆံပင်များကို သပ်ပေးကာ ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

'ယောက်ျားက ငါ့ရဲ့ အကြံပြုချက်ကို နားထောင်ပေးတယ်...' ဂူရှင်းယွဲ့မှာ အလွန် ဝမ်းသာသွားသည်။

သူမသည် နှုတ်ခမ်းလေးများကို စိုစွတ်အောင် လုပ်လိုက်ပြီး ချန်အန်၏ မျက်လုံးများကို ကြည့်ကာ သူမ၏ ဆန္ဒကို ဖွင့်ဟလိုက်သည်။

"ယောက်ျား... ကျွန်မ ရှင်ကို နမ်းချင်တယ်..."

'နမ်းချင်ရင်လည်း နမ်းလိုက်ရုံပဲလေ၊ ဘာလို့ အကျယ်ကြီး ပြောနေရတာလဲ...' ချန်အန်မှာ စိတ်ထဲတွင် အနည်းငယ် ရှက်သွားသော်လည်း နူးညံ့စွာ ပြောလိုက်သည်။

"ကိုယ်က မင်းရဲ့ ခင်ပွန်းပဲ ယွဲ့အာ၊ မင်း ကြိုက်တဲ့အချိန်မှာ ကိုယ့်ကို နမ်းလို့ ရပါတယ်"

သူက ဂူရှင်းယွဲ့ကို ပွေ့ဖက်လိုက်ပြီး ပြုံးပြလိုက်သည်။ "ကိုယ် မျက်လုံးမှိတ်ထားပေးရမလား?"

"မလိုပါဘူး..."

ဂူရှင်းယွဲ့က ခေါင်းခါပြကာ ခြေဖျားထောက်ပြီး ချန်အန်ကို နမ်းလိုက်သည်။ ဤအရာမှာ သူမဘက်မှ ပထမဆုံးအကြိမ် လုံးဝ ဦးဆောင်၍ နမ်းခြင်း ဖြစ်သည်။ ညဘက် ခုတင်ပေါ်တွင် အတူနေခြင်းထက်စာလျှင် သူမသည် ဤကဲ့သို့သော ထိတွေ့မှုကို ပို၍ နှစ်သက်သည်။

တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာပြီးနောက်...

ဂူရှင်းယွဲ့မှာ မျက်နှာလေး နီမြန်းကာ အမောတကောဖြင့် ချန်အန်ကို လွှတ်ပေးလိုက်သည်။

"ယောက်ျား... ကျွန်မ နေ့လယ်စာ ပြင်ပြီးပြီ၊ ဟင်းတွေကို ဧည့်ခန်းထဲ သွားသယ်ရအောင်"

"ကောင်းပါပြီ"

ချန်အန်က နူးညံ့စွာ ပြန်ဖြေပြီး သူမ၏ သွယ်လျသော ခါးလေးကို ဖက်ကာ မီးဖိုချောင်ထဲသို့ အတူ ဝင်သွားကြသည်။

[စိတ်ဝိညာဉ်အင်အား +၄] x ၅

အဝတ်အစားများကို ခဏ ပြန်လည် ပြင်ဆင်ပြီးနောက် ဇနီးမောင်နှံ နှစ်ဦးမှာ ဟင်းများကို ထမင်းစားပွဲပေါ်သို့ တင်လိုက်ကြသည်။

ဟင်း လေးမျိုးနှင့် ဟင်းချို တစ်မျိုး ဖြစ်သည်။ သူတို့ ခုနစ်ယောက် ထမင်းအတူ စားကြသည်။ သို့သော် အဓိကအားဖြင့် ကျင့်ကြံမှုအဆင့် နိမ့်သော ဆောင်ဟွာယင်း၊ ဂူရှင်းယွဲ့နှင့် ကြီးထွားဆဲ သမီးနှစ်ယောက်အတွက်သာ ဖြစ်သည်။

ကျန်သုံးဦးမှာ ကျင့်ကြံမှု မြင့်မားသဖြင့် အစားအသောက် သိပ်မလိုပေ။ သူတို့ အတူတူ ထမင်းစားပွဲမှာ ထိုင်ရခြင်းမှာ မိသားစု အငွေ့အအေးကို ခံစားလိုသောကြောင့် ဖြစ်သည်။

"ယီခဲ့လေး... ဖြည်းဖြည်းစားနော်၊ သီးကုန်ဦးမယ်"

ဝမ်ကျိယန်သည် သူမ၏ ရင်ခွင်ထဲရှိ သမီးငယ်လေးကို ကြည့်ကာ ပြောလိုက်သည်။ သမီးငယ်မှာ တစ်နှစ်ပင် မပြည့်သေးသော်လည်း သွားများ စုံနေပြီဖြစ်ကာ ဘာကျွေးကျွေး အကုန်စားနိုင်သည်။

ချန်အန်ကမူ ထိုအရာမှာ ဘာမှ မမှားဟု ထင်သည်။ ရှေးယခင်ကတည်းက ထူးခြားသော ခန္ဓာကိုယ်ရှိသည့် ပါရမီရှင်များမှာ သာမန်လူနှင့် မတူကြပေ။

သမီးငယ်၏ သွေးအားကောင်းနေသဖြင့် အစားပိုစားခြင်းမှာ သဘာဝပင် ဖြစ်သည်။

"လာ... ယီခဲ့လေး၊ ဖေဖေ မင်းအတွက် ကြက်ပေါင်တစ်ခု ထည့်ပေးမယ်"

ချန်အန်က ပြုံးလျက် ကြက်ပေါင်တစ်ခုကို သမီးငယ်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ သမီးငယ်၏ မျက်လုံးလေးများမှာ ပျော်ရွှင်မှုဖြင့် တောက်ပသွားသည်။

[သင်သည် သမီးဖြစ်သူ ချန်ယီခဲ့ကို ကြက်ပေါင် ထည့်ပေးလိုက်သဖြင့် သူမ အလွန် ပျော်ရွှင်သွားသည်။ ဖခင်နှင့် သမီးကြား ရင်းနှီးမှု +၁]

မဆိုးဘူး... ရင်းနှီးမှု +၁ ထပ်ရပြီ။

သူသည် နောက်ထပ် ၁၀ ရက်အတွင်း သမီးငယ်နှင့် ရင်းနှီးမှုအဆင့်ကို ကြယ် ၂ ပွင့်အထိ တိုးမြှင့်ရန် ရည်မှန်းချက် ထားလိုက်သည်။

ထိုအခါ သူသည် တည်ဆောက်ခြင်းအဆင့် (၉) သို့ တစ်ရှိန်ထိုး တက်လှမ်းနိုင်ပေလိမ့်မည်။ ချန်အန်သည် စိတ်ထဲမှ ကြိတ်ကာ ကျေနပ်နေတော့သည်။

အခန်း ၁၅၀ - တည်ဆောက်ခြင်းအဆင့် (၉)

"ယီခဲ့လေး... ဖေဖေက သမီးအတွက် ကြက်ပေါင်ထည့်ပေးတာလေ၊ သမီးက ကျေးဇူးတင်စကား ပြောရမှာပေါ့"

သူမ၏ ခင်ပွန်းက သမီးဖြစ်သူအတွက် ကြက်ပေါင် ထည့်ပေးသော်လည်း သမီးဖြစ်သူမှာ ဘာစကားမှမပြောဘဲ စားရန်သာ အာရုံစိုက်နေသည်ကို မြင်သောအခါ ဝမ်ကျိယန်က ဝင်ပြောလိုက်ခြင်းဖြစ်သည်။

သမီးဖြစ်သူ ချန်ယီခဲ့မှာ ထိုစကားကို ကြားသောအခါ လက်ထဲမှ ကြက်ပေါင်ကို ကြောင်တောင်တောင်ဖြင့် ချလိုက်သည်။

သူမသည် ပထမဦးစွာ နောက်ဘက်ရှိ သူမ၏ မိခင်ကို မော့ကြည့်ပြီးနောက် ရှေ့တွင် ထိုင်နေသော ဖခင်ဖြစ်သူကို ကြည့်လိုက်သည်။

နောက်တစ်စက္ကန့်တွင် သူမသည် အသံသွင်းစက်တစ်ခုကဲ့သို့ "အာဘ... အာဘ..." ဟု ဗလုံးဗထွေး ပြောလိုက်လေသည်။

ဝမ်ကျိယန်မှာ ထိုအသံကို ကြားသောအခါ အလွန်စိုးရိမ်သွားပြီး

"ယောက်ျား... ယီခဲ့လေးက အခုဆိုရင် ခြောက်လနီးပါး ရှိနေပြီ၊ ဘာလို့ ဘာစကားမှ မပြောတတ်သေးတာလဲ"

"သူ့မှာ တစ်ခုခု ချို့ယွင်းချက် ရှိနေလို့လား"

ဝမ်ကျိယန်သည် တွေးလေ စိုးရိမ်လေ ဖြစ်လာသည်။ ထက်မြက်လှသော သမီးကြီး ချန်ယုကျန်းနှင့် နှိုင်းယှဉ်လိုက်လျှင် သူမ၏ သမီးမှာ အလွန်ပင် ထုံထိုင်းနေသည်ဟု သူမ ခံစားရသည်။ အကယ်၍ သမီးဖြစ်သူ၏ ရုပ်ရည်မှာ သူမနှင့် အလွန်တူမနေလျှင် ဤသမီးမှာ သူမ၏ သမီးအရင်း ဟုတ်၊ မဟုတ်ပင် သံသယဝင်မိတော့မည်။

ယခုအခါ ချန်ယီခဲ့၏ ရုပ်ရည်မှာ တဖြည်းဖြည်း ပေါ်လွင်လာပြီဖြစ်သည်။

သူမ၏ မျက်လုံးများမှာ ကြီးမားကာ အရည်လဲ့နေပြီး အလွန် ချစ်စရာကောင်းသည်။ နှာခေါင်းလေးမှာလည်း သေးသွယ်စိုပြည်ပြီး နှာတံလေးမှာ မြင့်သည်။ နှုတ်ခမ်းလေးမှာလည်း ပန်းရောင်သန်းကာ နုနယ်လှသည်။ ခြုံပြောရလျှင် သူမသည် မိခင်ဖြစ်သူ ဝမ်ကျိယန်၏ အလှကို ဆက်ခံထားသဖြင့် အလွန်လှပသည်။

သို့သော် အကြောင်းရင်းတစ်ခုခုကြောင့် သူမ၏ ပုံစံမှာ အနည်းငယ် နုံအအ ဖြစ်နေပုံရသည်။

"ယောက်ျား... ယီခဲ့လေးကို တစ်ချက်လောက် စစ်ဆေးပေးလို့ ရမလား" ဝမ်ကျိယန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ချန်အန်က သူမကို စိတ်အေးအောင် ချော့မော့လိုက်သည်။

"ကလေးတစ်ယောက်က အသက် နှစ်နှစ်မတိုင်ခင် စကားစပြောတာ သဘာဝပါပဲ၊ သူက အခုမှ တစ်နှစ်တောင် မပြည့်သေးတာ၊ မင်း အများကြီး စိတ်ပူမနေပါနဲ့၊ သဘာဝအတိုင်းပဲ လွှတ်ထားလိုက်ပါ"

သူ့သမီးမှာ ဘာချို့ယွင်းချက် ရှိနိုင်မည်နည်း။ သူမ၏ စကားပြော နားလည်နိုင်စွမ်း ပါရမီမှာ အခြားနေရာများလောက် မမြင့်မားသေးခြင်းသာ ဖြစ်သည်။

ထို့အပြင် ခြောက်လပင် မပြည့်သေးသည့် ကလေးတစ်ယောက်အနေဖြင့် လူသားတို့၏ စကားကို အတိအကျ နားလည်နေခြင်းမှာပင် အလွန် ထူးခြားနေပြီ ဖြစ်သည်။

ဝမ်ကျိယန်ကမူ သူ့လောက် ပေါ့ပေါ့တန်တန် မတွေးဘဲ သမီးကြီး ချန်ယုကျန်းကို ကြည့်ကာ ပြောလိုက်သည်။

"ယုကျန်းလေး... သမီးက အစ်မကြီးဆိုတော့ နောက်ဆိုရင် ညီမလေးကို များများ သင်ပေးရမယ်နော်၊ သိလား"

"ဟုတ်ကဲ့ပါ မေမေဝမ်" ချန်ယုကျန်းက တက်ကြွစွာ ပြန်ဖြေသည်။

နာရီဝက်ခန့် ကြာပြီးနောက်။

မိသားစုဝင်များ ထမင်းစားပြီးနောက် အတူတူ ထိုင်ကာ စကားစမြည် ပြောဖြစ်ကြသည်။ ချန်အန်သည် လူစုံနေခိုက်ကို အသုံးချ၍ ယနေ့ ချင်းကုန်သွယ်ရေးဆိုင်မှ ဝယ်လာသော လက်ဆောင်များကို ထုတ်ပေးလိုက်သည်။

ဇနီးသည်များအတွက်မူ အရောင်မှလွဲ၍ ကျန်တာ အားလုံးတူညီသော ပုတီးစေ့ကြိုး တစ်ကောင်စီ ပေးလိုက်သည်။ သမီးနှစ်ယောက်အတွက်မူ မုန့်သေတ္တာ တစ်ခုစီ ပေးလိုက်သည်။

မုန့်ရရှိသော သမီးနှစ်ယောက်မှာ အပြုံးမပျက်တော့ပေ။ အထူးသဖြင့် သမီးငယ်မှာ သေတ္တာကို ချက်ချင်းဖွင့်ကာ အငမ်းမရ စားတော့သည်။ သူမ၏ ဗိုက်လေးမှာ မည်မျှပင် စားပါစေ ပြည့်မသွားသော ဟင်းလင်းပြင်တစ်ခုကဲ့သို့ပင်။

"ယောက်ျား... ကျွန်မတို့မှာ လက်ဝတ်ရတနာတွေ ဝတ်လို့မကုန်အောင် ရှိနေပါပြီ၊ နောက်ဆိုရင် သမီးနှစ်ယောက်အတွက် စားစရာပဲ ဝယ်ပေးပါ၊ ကျွန်မတို့အတွက် ပိုက်ဆံတွေ အလကား ဖြုန်းမနေပါနဲ့တော့" ဟု ဝမ်ကျိယန်က အိမ်ထောင်ရှင်မကောင်း ပီသစွာ အကြံပြုသည်။

ချန်အန်က လက်ကာပြကာ "ရပါတယ်၊ ဒီပုတီးစေ့တွေက မဈေးကြီးပါဘူး၊ ပိုက်ဆံဖြုန်းတာ မဟုတ်ပါဘူး၊ ပြီးတော့ ဒီပုတီးတွေက မင်းတို့ ဝတ်ဖို့အတွက် မဟုတ်ဘူး"

"ဝတ်ဖို့ မဟုတ်ဘူး" ဝမ်ကျိယန်က နားမလည်စွာ မေးသည်။ "ဒါဆို ဘာအတွက် ဝယ်တာလဲ?"

ချန်အန်က လျှို့ဝှက်စွာ ပြုံးလိုက်ပြီး "ဒီည ကိုယ် ယွဲ့အာရဲ့ အခန်းမှာ အိပ်ရမယ့် အလှည့်လေ၊ မနက်ဖြန် မိုးလင်းလို့ နိုးလာရင် ယွဲ့အာကို မေးကြည့်လိုက်၊ အဲ့ဒါ ဘာအတွက်လဲဆိုတာ သိရလိမ့်မယ်"

ညဘက်မှာ သုံးဖို့လား. ဂူရှင်းယွဲ့မှာ ထိုစကားကို ကြားသည်နှင့် ရုတ်တရက် ရင်ခုန်မြန်သွားတော့သည်။

ညရောက်သော်။

ဂူရှင်းယွဲ့၏ အခန်းတွင် ချန်အန်နှင့် ဂူရှင်းယွဲ့တို့သည် အဝတ်အစားများ ချွတ်လိုက်ကြသည်။ ထို့နောက် သန့်စင်ခြင်းလက်ဖွဲ့များကို သုံး၍ ခန္ဓာကိုယ်ကို သန့်ရှင်းလိုက်ကြသည်။

"ယောက်ျား... ဒီပုတီးစေ့ကြိုးကို ခဏနေရင် ဘယ်လိုသုံးမှာလဲဟင်" ဂူရှင်းယွဲ့က သူမလက်ထဲရှိ ကျောက်စိမ်းပုတီးစေ့ကို ကြည့်ကာ စပ်စုလိုက်သည်။

ချန်အန်က ပုတီးစေ့ကြိုးကို ဆွဲယူကာ ဆိုးရွစွာတချက်ပြုံးလိုက်ပြီး "ယွဲ့အာက အဲ့လောက်တောင် စပ်စုချင်နေမှတော့ အခုပဲ ကိုယ် သင်ပေးမှာပေါ့" ဟု ဆိုသည်။

ထို့နောက်... ဂူရှင်းယွဲ့၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း ပြောင်းလဲသွားတော့သည်။ အစပိုင်းတွင် စပ်စုလိုစိတ်နှင့် မျှော်လင့်ချက် ဖြစ်သော်လည်း ကြားထဲတွင်မူ ကြောက်ရွံ့မှုနှင့် ရုန်းကန်မှု ဖြစ်လာသည်။ နောက်ဆုံးတွင်မူ လက်ခံမှုနှင့် သာယာမှုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

နောက်တစ်နေ့ နံနက်တွင်...

[စိတ်ဝိညာဉ်အင်အား +၄] x ၅၈

ကျွတ်...

ဂူရှင်းယွဲ့သည် အခန်းတံခါးကို တွန်းဖွင့်ကာ အပြင်သို့ ထွက်လာသည်။ အပြင်တွင် စောင့်နေသော ဝမ်ကျိယန်က ချက်ချင်း ချဉ်းကပ်ကာ တိုးတိုးလေး မေးလိုက်သည်။ "ယွဲ့အာ... မနေ့ညက အမျိုးသားက အဲ့ဒီပုတီးစေ့ကြိုးကို ဘာအတွက် သုံးတာလဲ"

ဂူရှင်းယွဲ့မှာ အလွန်ရှက်သွားသဖြင့် ဝမ်ကျိယန်၏ နားနားသို့ ကပ်ကာ ဘယ်လိုသုံးသည်ကို တိုးတိုးလေး ပြောပြလိုက်သည်။

ဝမ်ကျိယန်မှာ ထိုစကားကို ကြားသောအခါ မျက်နှာကြီး နီမြန်းသွားပြီး "အဲ့ဒီလူယုတ်မာ... ငါတို့ကို ဘာမှတ်နေတာလဲ? ဒီည ငါ့အခန်းလာလို့ အဲ့ဒီလို ညစ်ပတ်တဲ့ နည်းလမ်းတွေ သုံးရဲရင် ငါ့အကြောင်း သိစေရမယ်!" ဟု ကြိမ်းဝါးလိုက်တော့သည်။

အချိန်တွေ ကုန်လွန်သွားခဲ့ပြန်သည်။ ယခု ဝမ်ကျိယန်၏ အလှည့် ဖြစ်သည်။

ချန်အန်သည် ဝမ်ကျိယန်ကို သန့်စင်ပေးပြီးနောက် အိပ်ရာပေါ်တွင် ရှိနေစဉ်...

"ချန်အန်... ငါ ကြိုပြောထားမယ်နော်၊ ငါက ငယ်ငယ်ကတည်းက ရှေးရိုးစွဲသမား တစ်ယောက်ပဲ၊ နင်က ငါ့ကို နင့်စိတ်ကြိုက် ကစားစရာ တစ်ယောက်လို ဖြစ်အောင် လုပ်ဖို့ ကြိုးစားရင် ငါ သမီးကို ခေါ်ပြီး ဒီအိမ်ကနေ ချက်ချင်း ထွက်သွားမှာ!"

ချန်အန် ပုတီးစေ့ကို ထုတ်လိုက်သည်နှင့် ဝမ်ကျိယန်က ပြတ်ပြတ်သားသား သတိပေးလိုက်သည်။ ချန်အန်က အပြစ်ကင်းစင်ဟန်ဖြင့် "ဘာလို့ ရုတ်တရက်ကြီး ဒေါသထွက်နေတာလဲ

. ကိုယ်က ဒီပုတီးစေ့ကြိုးနဲ့ မင်းရဲ့ ဆံပင်တွေကို စည်းပေးမလို့ပါ၊ တခြား ဘာမှ မရည်ရွယ်ပါဘူး"

"ဟား... ဟား!" ဝမ်ကျိယန်က လှောင်ပြုံး ပြုံးလိုက်သည်။ သို့သော် လှောင်ပြုံးသော်လည်း သူမသည် နောက်ထပ် လုပ်ဆောင်ရမည့် အရာများကိုမူ အလိုက်သင့်ပင် လုပ်ဆောင်ပေးခဲ့သည်။

[မီးဓာတ် ဝိညာဉ်အမြစ် ပါရမီ +၄] x ၆၉

နောက်ရက်များတွင်လည်း ချန်အန်သည် လှိုဏ်ခေါင်းထဲမှ ဘယ်မှ မထွက်ပေ။ သူသည် ဇနီးသည်များနှင့် အချိန်ဖြုန်းကာ

သမီးများနှင့် ဆော့ကစားရင်း ဖခင်နှင့် သမီးကြား ရင်းနှီးမှုများကို တိုးမြှင့်နေသည်။

တစ်ဖက်တွင်လည်း သူ၏ အတတ်ပညာများမှာ ပိုမို ကျွမ်းကျင်လာသည်။ သူသည် လှိုဏ်ခေါင်း၏ ထောင့်တစ်နေရာတွင် ရေတွင်းတစ်တွင်း တူးလိုက်သဖြင့် ယခင်က ကြုံတွေ့ခဲ့ရသော ရေရှားပါးမှု ပြဿနာမှာလည်း လုံးဝ ပြေလည်သွားခဲ့ပြီ ဖြစ်သည်။

"ဖေဖေ... သမီး ကျင့်စဉ်တွေ လေ့ကျင့်ပြီးပြီ၊ သမီးကို ပုံပြင်ပြောပြဦး"

သမီးကြီး ချန်ယုကျန်းက လေဝင်လေထွက်ကောင်းသော အပေါက်အောက်မှ လျှောက်လာကာ ပူဆာသည်။ ယခုအခါ သူမအတွက် နေ့စဉ် ကျင့်ကြံရခြင်းထက် ဖခင်ဖြစ်သူ ချန်အန်၏ ပုံပြင်များကို နားထောင်ရခြင်းက ပို၍ ပျော်စရာကောင်းနေသည်။

သမီးငယ် ချန်ယီခဲ့မှာမူ သူမ၏ အစ်မနောက်ကနေ လိုက်လာပြီး ဖခင်ကို ကြည့်ကာ ဘာမှမပြောဘဲ ရပ်နေသည်။

သမီးအကြောင်းကို အသိဆုံးဖြစ်သော ချန်အန်က သမီးငယ်မှာ 'ဒန်းစီးတမ်း' ထပ်ဆော့ချင်နေမှန်း သိလိုက်သည်။

ထို့ကြောင့် သူသည် သမီးကြီးကို ပုံပြင်ပြောပြရင်း တစ်ဖက်တွင်လည်း ခြေထောက်ကို ချိတ်ကာ သမီးငယ်ကို သူ၏ ခြေသလုံးကို ဖက်၍ ခြေဖမိုးပေါ်တွင် ထိုင်စေလိုက်သည်။ ထို့နောက် ခြေထောက်ကို အပေါ်အောက် လှုပ်ပေးလိုက်ရာ သမီးငယ်မှာ တခိခိနှင့် ရယ်မောကာ အလွန် ပျော်ရွှင်နေတော့သည်။

[သင်သည် သမီးဖြစ်သူ ချန်ယီခဲ့ကို ဒန်းစီးပေးသဖြင့် သူမ အလွန် ပျော်ရွှင်သွားသည်။ ဖခင်နှင့် သမီးကြား ရင်းနှီးမှု +၁]

[အမည် - ချန်ယီခဲ့]

[ကျင့်ကြံမှု - မရှိ]

[ပါရမီ - အံ့မခန်း နားလည်နိုင်စွမ်း၊ အနှိုင်းမဲ့ ခန္ဓာကိုယ်]

[ရင်းနှီးမှု - ကြယ် ၂ ပွင့် (၀%)]

[သင်နှင့် သမီးဖြစ်သူ ချန်ယီခဲ့ကြား ရင်းနှီးမှုအဆင့်မှာ ကြယ် ၂ ပွင့်သို့ တိုးသွားပြီ ဖြစ်သည်။ ဆုလာဘ်အဖြစ် နှစ်ပေါင်း ၃၀ ကျင့်ကြံမှုအား ရရှိပါသည်။]

[အမည် - ချန်အန်]

[ကျင့်ကြံမှု - တည်ဆောက်ခြင်းအဆင့် (၉)၊ ၃၅%]

ချန်အန်သည် စနစ်မှ ပြသထားသော ကျင့်ကြံမှုအဆင့်ကို ကြည့်လိုက်သည်။ သူ၏ စိတ်မှာ ယခင်ကလို အလွန်အမင်း ရင်မခုန်တော့ပေ။ သူသည် ထိုသို့သော ဆုလာဘ်များကို ကျင့်သားရနေပြီ ဖြစ်သည်။

"နောက်ဆိုရင်... သမီးကြီးနဲ့ ရင်းနှီးမှုအဆင့်ကို ကြယ် ၄ ပွင့်အထိ တိုးမြှင့်နိုင်ရင် ငါ့ရဲ့ ကျင့်ကြံမှုဟာ ရွှေအမြုတေအဆင့်ကို ရောက်သွားလိမ့်မယ်..အဲ့ဒီကျရင် ကောင်းကင်မြေကြီးဂိုဏ်းကို ဝင်ဖို့ ကြိုးစားပြီး ဒီလိုမျိုး လှည့်လည်သွားလာနေရတဲ့ ဘဝကို အဆုံးသတ်ရမယ်"

ချန်အန်သည် သူ၏ ကျင့်ကြံမှုအဆင့်ကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်မိတော့သည်။

..............................................................

All Chapters