← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉)

ဆိုင်ကယ်စုတ်တစ်စီးက မည်မျှ တန်ဖိုးရှိသနည်း

ဆံပင်တိုတိုနှင့် လူလတ်ပိုင်းအမျိုးသား၏ မြန်ဆန်သော အဖြေကို ကြားပြီးနောက် ဖျန်ဖြေရေးမှူးကျန်းက လျန်ထျန်းကို မေးလိုက်လေသည်။

"မင်းဘက်ကရော ဘယ်လိုလဲ...။ လူထိခိုက်ဒဏ်ရာရတာက ခုနစ်ဖန် ၊ ရှစ်ဖန် လောက် ကုန်ကျတယ်ဆိုတော့ ယာဉ်ပျက်စီးသွားတာတွေအပါအဝင် စုစုပေါင်း ဘယ်လောက်ကျသလဲ...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်းသည် သူ၏လက်ထဲရှိ ပျက်စီးဆုံးရှုံးမှု တွက်ချက်ထားသော မှတ်တမ်းကို ငုံ့ကြည့်ကာ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းခါပြလိုက်လေသည်။

"ထားလိုက်ပါတော့ ကျုပ်လည်း ဒီမှာ အချိန်မဖြုန်းချင်တော့ဘူး...။ ကျုပ် အစားအသောက်တွေ သွားပို့ရဦး မယ်...။ နှစ်ယောက်စလုံးမှာ တာဝန်ရှိတယ်ဆိုတော့လည်း ကိုယ့်ဟာကိုယ်ပဲ ပြင်လိုက်ကြတာပေါ့...။"

လျန်ထျန်း ဤသို့ ပြောလိုက်ခြင်းမှာ ယာဉ်ပျက်စီးမှုအတွက် ထိုမျှလောက် နည်းပါးသော ငွေကြေးပမာဏ လေးကြောင့် သူ၏ အဖိုးတန် အချိန်များကို ဤနေရာတွင် မဖြုန်းတီးချင်သောကြောင့် ဖြစ်ပေသည်။

အဘယ်ကြောင့်ဆိုသော် သူ အစားအသောက် တစ်ခေါက် ပို့လိုက်ရုံဖြင့် ရရှိလာမည့် ငွေကြေးမှာ ကားသစ်ကြီး အစီးရေများစွာကို ဝယ်ယူနိုင်ရန် လုံလောက်နေသောကြောင့် သူ၏အမြင်တွင် ဤကိစ္စမှာ မတန်ဟု ထင်မြင်မိ၍ ဖြစ်လေသည်။

သို့သော် သူ စကားပြော၍ပင် မဆုံးသေးမီ တစ်ဖက်ရှိ ဆံပင်တိုတိုနှင့် လူလတ်ပိုင်းအမျိုးသားက စားပွဲကို လက်ဖြင့် ရိုက်ချကာ ပြောလိုက်လေသည်။

"မင်း ဘာပြောလိုက်တယ်...၊ ကိုယ့်ဟာကိုယ် ပြင်မယ်ဆိုတာ ဘာသဘောလဲ...။"

"ငါ့ကား ငါပြင်ပြီး မင်းဆိုင်ကယ် မင်းပြင်ရင် ပြီးသွားပြီလို့ ဆိုလိုချင်တာလား...။"

လျန်ထျန်းသည် ဇဝေဇဝါ ဖြစ်နေသော မျက်နှာထားဖြင့် သူ့ကို ကြည့်လိုက်လေသည်။

"ဟုတ်တယ်လေ...။ ဖျန်ဖြေရေးမှူးကျန်းက နှစ်ယောက်လုံးမှာ တာဝန်တူတူရှိတယ်လို့ ပြောပြီးပြီပဲ...။"

ဆံပင်တိုတိုနှင့် လူလတ်ပိုင်းအမျိုးသားက စားပွဲကို ထပ်မံ ရိုက်ချလိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်ပြော လိုက်ပြန်လေသည်။

"တာဝန်တူတူရှိတယ်ဆိုတော့ရော ဘာဖြစ်လဲ...။ မင်းက အစားအသောက် ပို့တဲ့သူလေ သေချာနားထောင်စမ်း ငါ့ကားက မာစီးဒီးကွ မာစီးဒီး အီးကလက်စ် ကွ...။"

"ဒီမှာ ပျက်စီးဆုံးရှုံးမှု မှတ်တမ်း...၊ မျက်လုံးကျယ်ကျယ်ဖွင့်ပြီး သေချာ ကြည့်စမ်း...။ ငါးကျောင်တောင် ကျော် တယ်ကွ...။"

ထိုသို့ ပြောရင်း ဆံပင်တိုတိုနှင့် လူလတ်ပိုင်းအမျိုးသားသည် သူ၏လက်ထဲရှိ မှတ်တမ်းကို လျန်ထျန်းထံသို့ ပစ်ပေါက်လိုက်ကာ ဆက်၍ ပြောနေလေသည်။

"မင်းလို အစားအသောက် ပို့တဲ့ကောင်က ဆိုင်ကယ်စုတ်လေး စီးပြီး မာစီးဒီးကို ဝင်တိုက်တာတောင် လွယ်လွယ် နဲ့ လွတ်သွားမယ် ထင်နေတာလား…။ ကိုယ့်ဟာကိုယ် ပြင်ကြမယ် ဟုတ်လား...၊ အဲ့ဒီလောက် လွယ်မယ် ထင်နေ လား...။ အိပ်မက် မက်နေလိုက်...။"

ကံမကောင်းစွာဖြင့် စားပွဲမှာ အလွန်ကျယ်ဝန်းနေသဖြင့် ထိုမှတ်တမ်းစာရွက်မှာ နောက်ဆုံးတွင် ဖျန်ဖြေရေးမှူး ကျန်း၏ ရှေ့သို့သာ ရောက်ရှိသွားပြီး သူက တိတ်ဆိတ်စွာပင် ကောက်ယူလိုက်လေသည်။

လျန်ထျန်းက တည်ငြိမ်အေးဆေးစွာဖြင့် ပြန်လည် ဖြေကြားလိုက်သည်။

"ကျုပ်က အချိန်မဖြုန်းချင်သလို ပြဿနာလည်း မရှာချင်လို့ ကိုယ့်ကား ကိုယ်ပြင်ဖို့ တာဝန်ယူကြမယ်လို့ စဉ်းစား လိုက်တာပါ...။ တကယ်တော့ ကျုပ်ရဲ့ ဆိုင်ကယ်က ပြင်ရတာ ပိုလွယ်ပါတယ်...။"

ဆံပင်တိုတိုနှင့် လူလတ်ပိုင်းအမျိုးသားက စားပွဲကို လက်သီးဖြင့် ထုကာ ကျယ်လောင်စွာ အော်ဟစ်ရင်း လျန်ထျန်း၏ စကားကို ဖြတ်ပြောလိုက်ပြန်သည်။

"တာဝန်တူတူရှိတယ် ဆိုရင်တောင် မင်းရဲ့ ဆိုင်ကယ်စုတ်က ဘယ်လောက်တန်လို့လဲ...။ ငါ့ကား ပျက်စီးတာက ငါးကျောင်တောင် ကျတယ်...၊ ငါ့ဟာငါ ပြင်ရမယ် ဟုတ်လား...။ ရယ်စရာကောင်းလိုက်တာ...။"

ဤတစ်ကြိမ်တွင် လျန်ထျန်းမှာ မျက်မှောင်ကြုတ်သွားလေသည်။

"နေပါဦး... ခင်ဗျား ဆိုလိုချင်တာက ကျုပ်ဆိုင်ကယ် ပြင်ရမယ့် စရိတ်က ခင်ဗျားကားထက် ပိုနည်းလိမ့်မယ်လို့ ပြောချင်တာလား...။"

ဆံပင်တိုတိုနှင့် လူလတ်ပိုင်းအမျိုးသားက ထိုသို့ ပြောလိုက်ခြင်းမှာ သဘာဝကျလှသည်။

"ဒါပေါ့... မင်းဟာက ဆိုင်ကယ်စုတ်လေ၊ ငါ့ဟာက မာစီးဒီးကွ...။ မင်းက ဆင်းရဲတဲ့ အစားအသောက် ပို့တဲ့ ကောင်ဆိုတာ သေချာ မှတ်ထားစမ်း...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်းသည် နောက်ဆုံးတွင် ဆက်၍ သည်းမခံနိုင်တော့ပေ။

အစားအသောက် ပို့ဆောင်သူတိုင်းက ဆင်းရဲကြသလော၊ အမြဲတမ်း ဆိုင်ကယ်စုတ်များသာ စီးကြရသလောဟု သူ တွေးမိလေသည်။

"ငါတို့က ဖြေရှင်းဖို့ လာကြတာဆိုတော့ သေချာ ဆွေးနွေးကြရအောင်...။ ခင်ဗျားက အလုပ်အကိုင်ကိုချည်းပဲ ထည့်မပြောဘဲ မနေနိုင်ဘူးလား...။"

ဆံပင်တိုတိုနှင့် လူလတ်ပိုင်းအမျိုးသားမှာ ခေါင်းမာနေဆဲပင် ဖြစ်သည်။

"မင်းက ဆင်းရဲပြီး အစားအသောက် ပို့နေတော့ရော ဘာဖြစ်လဲ...။ ဖျန်ဖြေတယ်ဆိုတာ တစ်ပိုင်းပေါ့ ဒါပေမဲ့ အဆင့်အတန်းဆိုတာ ရှိတယ် နားမလည်ဘူးလား...။"

ဤတစ်ကြိမ်တွင် လျန်ထျန်းကလည်း ပြန်လည် တုံ့ပြန်လိုက်လေသည်။

"ကျုပ် ဆိုင်ကယ်က ဘာတံဆိပ်လဲ ဆိုတာ ခင်ဗျား မြင်ရဲ့လား...။ အဲ့ဒါ ဟာလီ စီဗွီအိုကွ ထိပ်တန်း အထူးထုတ် မော်ဒယ်ပဲ...။"

"အဲ့ဒီတုန်းက နောက်က ပစ္စည်းထည့်တဲ့ သေတ္တာလေး တစ်ခုတည်းတင် ငါးကျောင်၊ ခြောက်ကျောင်လောက် ကျတယ်...။"

ဆံပင်တိုတိုနှင့် လူလတ်ပိုင်းအမျိုးသားက သူ့ကို အထင်အမြင်သေးစွာ ကြည့်လိုက်လေသည်။

"ဘယ်လို ဆိုင်ကယ်မျိုးပဲဖြစ်ဖြစ် ဘီးနှစ်ဘီးတပ် ဆိုင်ကယ်က ဆိုင်ကယ်ပဲလေ...။ ဟာ တွေ စီ တွေ ဘာတွေ ငါ တစ်ခါမှ မကြားဖူးဘူး...။ ငါသိတာက အဲ့ဒါ ဘီးနှစ်ဘီးတပ် ဆိုင်ကယ် ဆိုတာပဲ...။"

"နောက်သေတ္တာလေး လဲရတာ ဘယ်လောက်ကျတယ် ဆိုပြီး ကြွားနေတာလား... မင်းက အဲ့ဒီလို ကြွားမယ် ဆိုရင် ငါ့မာစီးဒီးက ရှေ့မီးကြီး လဲဖို့ တစ်ကျောင်၊ နှစ်ကျောင်လောက်ပဲ ကျတယ်လို့ ငါ ပြောလိုက်မယ်...။"

"ကြွားတာကတော့ ဘယ်သူမဆို လုပ်တတ်တာပဲ မဟုတ်လား...။"

ထိုသို့ဖြင့် သူတို့နှစ်ဦးမှာ အပြန်အလှန် ငြင်းခုန်နေကြပြီး လျန်ထျန်းမှာ စစ်သားနှင့် တွေ့နေရသော ပညာတတ် တစ်ဦးကဲ့သို့ အကျိုးအကြောင်းပြ၍ ရှင်းပြ၍ မရနိုင်ကြောင်း ခံစားလိုက်ရလေသည်။

ဤသည်မှာ သူတို့နှစ်ဦး ဖျန်ဖြေရေးမှူးတစ်ဦး ငှားရမ်းရန် အတင်းအကြပ် တောင်းဆိုခဲ့ကြရသည့် အကြောင်းရင်း ပင် ဖြစ်ချေသည်။

ဆံပင်တိုတိုနှင့် လူလတ်ပိုင်းအမျိုးသားမှာ ပွစိပွစိနှင့် ဆက်ပြောနေဆဲ ဖြစ်သည်။

"ဆင်းရဲတဲ့ အစားအသောက် ပို့တဲ့ကောင်...။ မင်းကိုယ်မင်း ပြန်ကြည့်စမ်း မာစီးဒီး ဆိုတာ ဘာလဲရော မင်း သိလို့ လား...။ မင်း လုပ်တတ်တာဆိုလို့ အဓိပ္ပာယ်မရှိတာတွေ ပြောပြီး ကြွားဖို့ပဲ ရှိတယ်...။"

"ငါ့မာစီးဒီးကို ဝင်တိုက်ပြီးတော့ ကိုယ့်ကားကိုယ် ပြင်ကြမယ်လို့ တွေးနေသေးတယ်...။ မင်းက တကယ့် အသိ ဉာဏ်ကင်းမဲ့တဲ့ကောင်ပဲ...။ တစ်သက်လုံး ဆင်းရဲတဲ့ အစားအသောက် ပို့တဲ့ကောင် ဖြစ်နေတာနဲ့ တန်တယ်...။"

ဤအချိန်တွင် ကြားထဲမှ ဖျန်ဖြေရေးမှူးကျန်းပင် ဆက်၍ သည်းမခံနိုင်တော့ဘဲ ဆံပင်တိုတိုနှင့် လူလတ်ပိုင်း အမျိုးသား၏ စကားကို ဖြတ်ကာ ပြောလိုက်လေသည်။

"ဒါက ဖျန်ဖြေရေး လုပ်နေတာမို့ ရိုင်းစိုင်းတဲ့ စကားတွေ မသုံးနှုန်းပါနဲ့...။"

"တာဝန်တူတူရှိတဲ့အခါ လျော်ကြေးကို ဘယ်လို ခွဲဝေရမလဲ ဆိုတာ ရှင်းပြမယ်ဆိုရင် ခင်ဗျား နားလည်သွားပါ လိမ့်မယ်...။ စိတ်မပူပါနဲ့ ဘယ်သူမှ နစ်နာမှာ မဟုတ်ပါဘူး...။"

ခေတ္တမျှ ရပ်နားပြီးနောက် ဖျန်ဖြေရေးမှူးကျန်းက စနစ်တကျ ရှင်းပြလေသည်။

"တာဝန်တူတူရှိတယ် ဆိုတာက ဒီမတော်တဆမှုကြောင့် ဖြစ်လာတဲ့ ပျက်စီးဆုံးရှုံးမှု အားလုံးကို ပေါင်းပြီးတော့မှ ခွဲဝေကျခံရမှာ ဖြစ်တယ်...။"

"ဥပမာ ပြောရရင် စုစုပေါင်း ကုန်ကျစရိတ်က ဆယ်ကျောင် ရှိတယ်ဆိုရင် ခင်ဗျားတို့ တစ်ယောက်ကို ငါးကျောင် စီ ကျခံရမှာ ဖြစ်ပါတယ်...။"

"ဒါက တာဝန်တူတူရှိတဲ့အတွက် လျော်ကြေး တွက်ချက်တဲ့ နည်းလမ်းပဲ...။ ခင်ဗျားတို့ နားလည်ကြရဲ့လား...။"

ထိုစကားကို ကြားသောအခါ ဆံပင်တိုတိုနှင့် လူလတ်ပိုင်းအမျိုးသားမှာ ထပ်၍ မကျေမနပ် ဖြစ်သွားပြန်သည်။

"အဲ့ဒီလို တွက်တာကို ငါ သဘောမတူဘူး...။ ငါ့မာစီးဒီးက ပိုပြီး တန်ဖိုးကြီးတယ်လေ သူ့ဆိုင်ကယ်စုတ်က ပိုက်ဆံ နည်းနည်းလေးပဲ တန်တာကို...။"

"ငါ့ကို မေးမယ်ဆိုရင် တာဝန်တူတူရှိတယ် ဆိုကတည်းက သူက ငါ့ကို လျော်ရမယ် ပြီးတော့ ငါကလည်း သူ့ကို လျော်ရမယ်...။ သူ့ထက်ပိုပြီး အရှုံးမခံနိုင်ဘူး...။"

"ငါ့ရဲ့ ပျက်စီးဆုံးရှုံးမှု မှတ်တမ်းက ဒီမှာလေ မမြင်ဘူးလား...။ အဲ့ဒါ ဖိုးအက်စ် အရောင်းစင်တာက တင်ထားတဲ့ ဈေးနှုန်းပဲ ငါးသမ လေးကျောင်တောင် ကျော်တယ်...။"

"သူ့လို ဆင်းရဲတဲ့ အစားအသောက် ပို့တဲ့ကောင်က ဆိုင်ကယ်ပြင်ဖို့ ဘယ်လောက်တောင် ကုန်မှာမို့လို့လဲ... ။ အများ ဆုံး တစ်ကျောင် နှစ်ကျောင်ပေါ့ ဟုတ်တယ်မလား...။"

ဖျန်ဖြေရေးမှူးကျန်းသည် သူ၏လက်ထဲရှိ မှတ်တမ်းကို ကြည့်ကာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး ခေါင်းညိတ်ပြ လေသည်။

"ဟုတ်ပါတယ်... ဒါက မာစီးဒီး ကားကောင်းတစ်စီးပါပဲ...။ ပျက်စီးသွားတာတွေအတွက် ငါးသမ လေးကျောင် ထက် ပိုကုန်မှာ သေချာပါတယ် ပြဿနာ မရှိပါဘူး...။"

ထို့နောက် ဖျန်ဖြေရေးမှူးကျန်းက လျန်ထျန်းကို ကြည့်ကာ ရယ်ချင်စိတ်ကို အောင့်ထားလိုက်လေသည်။

"လူလေး... မင်းရဲ့ ပျက်စီးဆုံးရှုံးမှု မှတ်တမ်းကိုလည်း ပြပါဦး...။ ခုနက သူပြောသွားတဲ့ နည်းလမ်းအတိုင်း တွက်ကြည့်ကြတာပေါ့..."

ထိုသို့ ပြောရင်း ဖျန်ဖြေရေးမှူးကျန်းက လျန်ထျန်း၏ လက်ထဲမှ မှတ်တမ်းကို ယူရန် လက်လှမ်းလိုက်လေသည်။

လျန်ထျန်းက မှတ်တမ်းကို ကမ်းပေးရင်း ပြောလိုက်သည်။

"ညွှန်ကြားရေးမှူးကျန်း...။ ရိုးရိုးသားသား ပြောရရင် ကျုပ်က အချိန်ကုန်သက်သာအောင် ဒီမှတ်တမ်းကို အစကတည်းက မထုတ်ပြချင်ခဲ့တာပါ...။"

"ပြီးတော့ ကုန်ကျစရိတ်ကလည်း နည်းနည်း များနေတယ်...။ သူ့ကို ပြောပြလိုက်ရင် သေချာပေါက် လက်ခံမှာ မဟုတ်ဘူးလေ၊ အဲ့ဒီတော့ သူနဲ့ ငြင်းခုန်နေရတာ အချိန်ဖြုန်းရာပဲ ရောက်မှာပေါ့...။"

"အချိန်က ပိုပြီး အဖိုးတန်တဲ့အတွက် အရှုံးကိုပဲ လက်ခံလိုက်တော့မယ်လို့ ကျုပ် စဉ်းစားနေခဲ့တာပါ...။"

"ဒါပေမဲ့ အခုတော့ ကိစ္စတွေက ဒီလိုဖြစ်လာပြီ ဆိုတော့ သူ့ပုံစံကို ကြည့်ရတာ လုပ်ထုံးလုပ်နည်းအတိုင်း မလုပ် ရင်လည်း ရမယ့်ပုံ မပေါ်ဘူး...။ ဒါကြောင့် ခင်ဗျား သင့်တော်သလိုသာ လုပ်ဆောင်ပေးပါတော့...။"

ဖျန်ဖြေရေးမှူးကျန်းက ခေါင်းညိတ်ကာ မှတ်တမ်းကို ယူလိုက်ပြီး သေချာစွာ စစ်ဆေးပြီးနောက် ပြောလိုက် လေသည်။

"ဟုတ်တယ်...၊ ကုန်ကျစရိတ်က နည်းနည်း များတယ် တစ်ဆယ့်လေး ဒသမ ခြောက်ကျောင် တောင်ပဲ...။"

ထိုဈေးနှုန်းကို ကြားလိုက်ရသောအခါ ဆံပင်တိုတိုနှင့် လူလတ်ပိုင်းအမျိုးသားမှာ မှင်တက်သွားလေသည်။

ချက်ချင်းပင် သူသည် မယုံကြည်နိုင်သော မျက်နှာထားဖြင့် ဖျန်ဖြေရေးမှူးကျန်းကို ကြည့်လိုက်လေသည်။

"ဟေ့... ခင်ဗျား အမြင်မှားနေတာလား...။ တစ်ဆယ့်လေး ဒသမ ခြောက်ကျောင်တောင် ကျရအောင် အဲ့ဒါက ဘာကြီးမို့လို့လဲ...။ ခင်ဗျား ကျုပ်ကို နောက်နေတာလား...။"

ဆံပင်တိုတိုနှင့် လူလတ်ပိုင်းအမျိုးသားက ဤမျှ ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ခြင်းမှာ မထူးဆန်းပေ။ အဘယ် ကြောင့်ဆိုသော် လက်ရှိ တစ်ဆယ့်လေး ဒသမ ခြောက်ကျောင် ဆိုသည်မှာ ကမ္ဘာပေါ်ရှိ ကုန်ဈေးနှုန်းများ အဆ တစ်သန်း မပြုတ်ကျမီက ယွမ် တစ်သိန်းလေးသောင်းကျော်နှင့် ညီမျှနေသောကြောင့် ဖြစ်လေသည်။

"ဒါက ဘယ်လို ဆိုင်ကယ်မျိုးမို့လို့လဲ…။ ရွှေတွေ စိန်တွေများ စီခြယ်ထားလို့လား...။ ခင်ဗျား မှားနေတာ ဖြစ်ရ မယ်...။ အဲ့ဒါက တစ်ကျောင်လောက်ပဲ တန်တာနေမှာ...။"

ဤအခိုက်အတန့်တွင် လျန်ထျန်း၏ နှုတ်ခမ်းများမှာ အပြုံးတစ်ခုအဖြစ် ကွေးတက်သွားလေသည်။

"ဒါဟာ ဟာလီ စီဗွီအို ထိပ်တန်း အထူးထုတ် မော်ဒယ်ပါလို့ ကျုပ် အစောကြီးကတည်းက ပြောခဲ့တယ်လေ...။ အဲ့ဒါကို ပြင်ရမယ့် စရိတ်က ခင်ဗျားရဲ့ မာစီးဒီး အီး၂၆၀ ကို ပြင်ရသလောက် ကုန်မှာပဲလို့ ပြောတာကို ခင်ဗျား ကမှ မယုံတာ...။ ကျုပ် ဘာလိုတတ်နိုင်မှာလဲ...။"

ဆံပင်တိုတိုနှင့် လူလတ်ပိုင်းအမျိုးသားမှာ တဖြည်းဖြည်းနှင့် ပို၍ အရှက်ရလာသော မျက်နှာထား ဖြစ်လာတော့ သည်...။

အခန်း (၁၅၀)

ဝိုး... ဒီလောက် ဈေးကြီးတဲ့ ဆိုင်ကယ်များ တကယ် ရှိနေသည်ပဲ

အနေရခက်သွားသော အခိုက်အတန့်အပြီးတွင် ဆံပင်တိုတိုနှင့် လူလတ်ပိုင်းအမျိုးသားက ရုတ်တရက် အကြောင်းမဲ့သက်သက် ပြန်လည် ရမ်းကားလာလေသည်။

"ဆိုင်ကယ်လေး တစ်စီးကို ပြင်ရမယ့် စရိတ်က ဘာလို့များ အဲ့ဒီလောက် များပြားနေရတာလဲ...။ ဒီပျက်စီးဆုံးရှုံး မှု မှတ်တမ်းကို ဘယ်သူက လုပ်ခိုင်းတာလဲ...။ မသမာတဲ့ လမ်းကြောင်းကနေ လုပ်ထားတာများလား...။"

"မင်းကို ငါ ပြောမယ် အစားအသောက် ပို့တဲ့ကောင်...။ ငါက မာစီးဒီး စီးပြီး ချမ်းသာနေလို့ ငါ့ဆီက ခြောက်စား လို့ ရမယ် မထင်နဲ့...။"

"တစ်ဆယ့်လေးကျောင် ဆိုတာ ဟွန်ဒါ ဒါမှမဟုတ် ကင်ကို ဆိုင်ကယ်တွေ အများကြီး ဝယ်လို့ရတယ်...။ မင်း တစ် ယောက်ယောက်ကို ခိုင်းပြီး ပြေစာတု လုပ်ခိုင်းထားတာ သေချာတယ်...။"

ဖျန်ဖြေရေးမှူးကျန်းက သူ့ကို ပျက်စီးဆုံးရှုံးမှု မှတ်တမ်းကို ပြသလိုက်လေသည်။

"ဒါက ဖိုးအက်စ် အရောင်းစင်တာကနေ တရားဝင် ထုတ်ပေးထားတဲ့ ပျက်စီးဆုံးရှုံးမှု မှတ်တမ်းပါ...။ ခင်ဗျား ဘာသာ သေချာ ကြည့်လိုက်ပါဦး...။"

လျန်ထျန်းကလည်း ထောက်ခံ၍ ပြောလိုက်လေသည်။

"ကျုပ်ကို အသိဉာဏ်ကင်းမဲ့တယ်လို့ ခင်ဗျား အရင်က ပြောခဲ့တယ်နော်...။ ကောင်းပြီလေ ခင်ဗျားက အသိပညာ ကြွယ်ဝတယ်ဆိုတော့ ဒီဟာလီဒေးဗစ်ဆန် ဖိုးအက်စ် အရောင်းစင်တာက ဘယ်မှာရှိလဲဆိုတာ သိရဲ့လား...။ အယ်လ်မြို့တော်မှာ ဟာလီဒေးဗစ်ဆန် ဖိုးအက်စ် အရောင်းစင်တာ ရှိတာကို ခင်ဗျား မြင်ဖူးလို့လား...။"

"အဲ့ဒီတုန်းက ဒိဆိုင်ကယ်ကို ဒီနေရာက ကိုယ်စားလှယ်ကနေတစ်ဆင့် အရင်မှာယူခဲ့ရပြီးတော့ ဂျီမြို့တော်ရဲ့ ဟိုင်ခိုကနေ သယ်လာတာကို အချိန်အတော်ကြာ စောင့်ခဲ့ရတာ...။"

ဖျန်ဖြေရေးမှူးကျန်းကလည်း လျန်ထျန်းကို မေးခွန်းထုတ်ကာ ပူးပေါင်းပါဝင်လာလေသည်။

"မင်း ဒီဆိုင်ကယ်ကို ဘယ်လောက်ပေးခဲ့ရသလဲ...။"

လျန်ထျန်းက တုံ့ဆိုင်းနေခြင်းမရှိဘဲ ပြန်ဖြေလိုက်လေသည်။

"အဲ့ဒီတုန်းက ကျုပ်က ပိုကြီးတဲ့ နောက်သေတ္တာနဲ့ အရန်ဆီတိုင်ကီ အကြီးကို အထူးမှာယူခဲ့လို့ ဆိုင်ကယ် တစ်စီးလုံးရဲ့ ကိုယ်ထည်ကို အနည်းငယ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ရတယ်...။"

"ဒါကြောင့် နောက်ဆုံးမှာ ဒီဆိုင်ကယ်အတွက် သယ်ယူပို့ဆောင်စရိတ်၊ မှတ်ပုံတင်ခတွေ မပါဘဲနဲ့တင် ရှစ်ဆယ့် ခြောက်ကျောင် အတိအကျ ကုန်ကျခဲ့တယ်...။ ဒါက ဆိုင်ကယ်သက်သက်ရဲ့ ဈေးနှုန်းပဲ...။"

ဤအချိန်တွင် ဆံပင်တိုတိုနှင့် လူလတ်ပိုင်းအမျိုးသားမှာ ဆက်၍ သည်းမခံနိုင်တော့ပေ။

"ဟာလီ တွေ ဘာတွေနဲ့ ဘာတွေ လာပြောနေတာလဲ...။ ဘယ်သူက ကြားဖူးလို့လဲ...၊ ဟွန်ဒါနဲ့ ကင်ကိုတို့ကမှ နာမည်ကြီး တံဆိပ်တွေလေ ဟာလီ ဆိုတာကို ဘယ်သူက ကြားဖူးလို့လဲ...။"

"မင်းဆိုင်ကယ်က ရွှေတွေ စိန်တွေများ စီခြယ်ထားလို့လား...။ ဆိုင်ကယ်သက်သက်ကိုပဲ ရှစ်ဆယ့်ခြောက် ကျောင် ဆိုတာက ငါ့မာစီးဒီး ကားဈေးရဲ့ တစ်ဝက်လောက်တောင် ရှိနေပြီ...။"

ဤတစ်ကြိမ်တွင် လျန်ထျန်းကလည်း သူ့ကို သည်းခံနေမည် မဟုတ်တော့ပေ။

"ခင်ဗျား ကျုပ်ကို မယုံသေးရင် ခင်ဗျားဖုန်းနဲ့ ခင်ဗျားဘာသာ ရှာကြည့်လိုက်စမ်းပါ...။"

"ခင်ဗျား သိတာက မာစီးဒီးနဲ့ ဘီအမ်ဒဗလျူ ပဲ ရှိတာကိုး...။ ဆိုင်ကယ်တွေထဲမှာလည်း အဲ့ဒီလိုမျိုးတွေ အများ ကြီး ရှိတယ်...၊ နားမလည်ရင် ပါးစပ်ပိတ်ထားလိုက်...။"

"ပါးစပ်ပိတ်ထားဖို့ကတော့ မဖြစ်နိုင်ပါဘူး...။" ဟု ဆံပင်တိုတိုနှင့် လူလတ်ပိုင်းအမျိုးသားက မကျေမနပ်ဖြင့် ဆက်၍ ပွစိပွစိ ပြောနေလေသည်။

"ဟာလီ ဟာလီ နဲ့ ဒီဟာက ဘာတံဆိပ်ကြီးမို့လို့လဲ...။"

"အိုး... ဒါက နာမည်မရှိတဲ့ တံဆိပ်တစ်ခုပါ...။ ဟွန်ဒါနဲ့ ကင်ကိုကမှ လူတိုင်းသိတဲ့ နာမည်ကြီး တံဆိပ်တွေ လေ...။"

"ဒီဟာလီ ဆိုတာကို ငါ တစ်ခါမှ မကြားဖူးဘူး... ဒါက သေချာပေါက် နာမည်မရှိတဲ့ တံဆိပ်တစ်ခုပဲ လူလိမ်ခံ လိုက်ရတာ နေမှာပေါ့...။"

လျန်ထျန်းက အေးစက်စွာ နှစ်ချက်ခန့် ရယ်မောလိုက်လေသည်။

"ခင်ဗျား မသိတဲ့ ကိစ္စတွေ အများကြီး ရှိပါတယ်...။ ဒါပေမဲ့ အဲ့ဒါက ခင်ဗျား ကတိဖျက်ဖို့ အခွင့်အရေး မဟုတ် ဘူး...။"

"ကျုပ်က ခင်ဗျားကို လျော်ပြီး ခင်ဗျားက ကျုပ်ကို ပြန်လျော်မယ်လို့ ခုနကတင် ခင်ဗျား ပြောခဲ့တယ် မဟုတ် လား...။ ကောင်းပြီလေ အခု အဲ့ဒီအတိုင်း ကျုပ် သဘောတူတယ်...။"

"ကျုပ်ရဲ့ ပျက်စီးဆုံးရှုံးမှု မှတ်တမ်းထဲက တစ်ဆယ့်လေး ဒသမ ခြောက်ကျောင်ထဲကနေ ခင်ဗျားရဲ့ ငါးသမ လေးကျောင်ကို နုတ်လိုက်ရင် ခင်ဗျားက ကျုပ်ကို ကိုး ဒသမ နှစ်ကျောင် ပြန်ပေးရဦးမှာ မဟုတ်လား...။"

ထိုစကားကို ကြားသောအခါ ဆံပင်တိုတိုနှင့် လူလတ်ပိုင်းအမျိုးသားမှာ စိုးရိမ်ထိတ်လန့်သွားပြီး ဤတစ်ကြိမ် တွင် ဖျန်ဖြေရေးမှူးထံမှ အကူအညီ တောင်းခံလိုက်လေသည်။

"ညွှန်ကြားရေးမှူးကျန်း...၊ ဒီဟာကို ကြည့်ပါဦး...။ ဒီဟာက ဘယ်လို ဆိုင်ကယ်မျိုးကြီးလဲ...။ ကျုပ်တို့က ခင်ဗျားကို ဖျန်ဖြေပေးဖို့ ခေါ်ထားတာဆိုတော့ ခင်ဗျားက ဘက်လိုက်လို့ မရဘူးလေ...။"

ဤသည်မှာ ဆံပင်တိုတိုနှင့် လူလတ်ပိုင်းအမျိုးသားက ဖျန်ဖြေရေးမှူးအား ညွှန်ကြားရေးမှူးကျန်းဟု ပထမဆုံး အကြိမ် ခေါ်ဆိုလိုက်ခြင်းပင် ဖြစ်သည်။ ယခင်ကမူ သူ၏ ကောက်ကျစ်သော ဆင်ခြေများကို အားကိုးကာ အလွန် မောက်မာနေခဲ့ခြင်း ဖြစ်သည်။

သူ၏ ကြောက်ရွံ့နေသော ပုံစံကို မြင်လိုက်ရသောအခါ ဖျန်ဖြေရေးမှူးကျန်းမှာ နောက်ဆုံးတွင် နှုတ်ခမ်းကို နှစ်ချက်ခန့် တွန့်ကာ မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားရလေသည်။

သို့သော် နှစ်ချက်ခန့် ပြောင်လှောင်ပြုံး ပြုံးလိုက်ပြီးနောက် ဖျန်ဖြေရေးမှူးကျန်းမှာ အလျင်အမြန်ပင် ပြန်လည် တည်ကြည်သွားလေသည်။

မည်သို့ပင်ဆိုစေကာမူ ဖျန်ဖြေရေးမှူးတစ်ဦးအနေဖြင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ သင်တန်းဆင်းထားသူ ဖြစ်ရာ မည်မျှပင် ရယ်စရာကောင်းနေပါစေ ရယ်မောမည် မဟုတ်ပေ။

"ကျုပ်က ဘယ်သူ့ကိုမှ ဘက်မလိုက်ပါဘူး...။ သူ့ဆိုင်ကယ်က တကယ်ကို ဆိုင်ကယ်ကောင်း တစ်စီးပါ ဇိမ်ခံ ဆိုင်ကယ် တစ်စီးဖြစ်ပြီး အမှိုက်ပုံက ပစ္စည်း မဟုတ်ပါဘူး...။"

"ကျုပ်က ယာဉ်ထိန်းရဲအဖွဲ့မှာ ဆယ်နှစ်ကျော် အလုပ်လုပ်ခဲ့ဖူးတယ်...။ အမှုပေါင်းများစွာကို ကိုင်တွယ်ခဲ့ပြီး တန်ဖိုးကြီး ဆိုင်ကယ်များစွာနဲ့လည်း ကြုံဖူးတယ်...။"

"ဒါကြောင့် ဒီလူငယ်လေးရဲ့ ပျက်စီးဆုံးရှုံးမှု မှတ်တမ်းက လုံးဝကို ပြဿနာ မရှိပါဘူး...။ ခင်ဗျားက ခင်ဗျား အဆိုပြုထားတဲ့ လျော်ကြေးပေးမယ့် အစီအစဉ်အတိုင်းပဲ ဆက်လုပ်မယ်ဆိုရင်လည်း ကျုပ်က တားမှာ မဟုတ်ဘူး...။"

"အခု ဒီကိစ္စကို ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာ ခင်ဗျားတို့ဘာသာ ဆွေးနွေးကြပါတော့...။"

ဆံပင်တိုတိုနှင့် လူလတ်ပိုင်းအမျိုးသားမှာ ဦးရေပြားတစ်ခုလုံး ကျင်တက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။ လက်တစ်ဖက်ရှိ ပျက်စီးဆုံးရှုံးမှု မှတ်တမ်းကို ကြည့်ကာ အခြားလက်တစ်ဖက်ဖြင့် သူ၏ ဆံပင်များကို အဆက် မပြတ် ဆွဲဖွနေတော့သည်။

"နေပါဦး... နေပါဦး... ကျုပ် ထပ်ကြည့်ပါရစေဦး...။ ဒီလောက် ဈေးကြီးတဲ့ ဆိုင်ကယ်တွေ ရှိတယ်ဆိုတာ ကျုပ် အခုထိ မယုံနိုင်သေးဘူး...။ ပိုက်ဆံရှိရင် ဘယ်သူက မာစီးဒီး ဒါမှမဟုတ် ဘီအမ်ဒဗလျူ မဝယ်ဘဲ နေမှာလဲ...။"

"ဆိုင်ကယ်တစ်စီးအတွက် ရှစ်ဆယ်ကျောင်ကျော် သုံးတယ်ဆိုတာ သေချာပေါက် တစ်ခုခု မှားနေပြီ...။"

ဤသည်မှာ လျန်ထျန်း အကြောက်ဆုံး အရာပင် ဖြစ်သည်။ ဤဆံပင်တိုတိုနှင့် လူလတ်ပိုင်းအမျိုးသားမှာ သူနှင့် မသင့်တော်သော အခြေအနေမျိုး ကြုံတွေ့ရတိုင်း အချိန်ဆွဲရန်နှင့် အချိန်ဖြုန်းရန် စတင် ကြိုးစားတော့သည်။

ထို့ကြောင့် လျန်ထျန်းက အလျင်စလို ပြောလိုက်လေသည်။

"ခင်ဗျားဖုန်းနဲ့ ရှာကြည့်လိုက်ပါလို့ ပြောထားတယ်လေ...၊ ဒီနေရာမှာ အချိန်မဖြုန်းပါနဲ့လား...။ ခင်ဗျားနဲ့အတူ ဒီနေရာမှာ အချိန်ဖြုန်းဖို့ အားနေတဲ့သူ ရှိတယ်လို့ ထင်နေတာလား...။"

ဆံပင်တိုတိုနှင့် လူလတ်ပိုင်းအမျိုးသားက ပလုတ်တုတ်ကဲ့သို့ ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်လေသည်။

"ကျုပ် ရှာလို့ မရဘူး... ကျုပ်ဖုန်းက အင်တာနက် သုံးလို့မရဘူး ဒေတာ မရှိတော့ဘူး...။"

ဤသည်မှာ သိသာထင်ရှားစွာပင် လူများကို လှည့်စားရန် နည်းလမ်းတစ်ခုသာ ဖြစ်သည်။ ဆံပင်တိုတိုနှင့် လူလတ်ပိုင်းအမျိုးသားမှာ အမှန်တရားကို စုံစမ်းစစ်ဆေးရန် သို့မဟုတ် လက်ခံရန် လုံးဝ ဆန္ဒမရှိခြင်းပင် ဖြစ်သည်။

လျန်ထျန်းက အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် ဆက်ပြောလိုက်လေသည်။

"ကောင်းပြီလေ ခင်ဗျား မရှာဘူးဆိုရင် ကျုပ်ပဲ ပြောပြမယ် ဟုတ်ပြီလား...။ ဒီဟာလီ ဆိုင်ကယ် ဆိုတာက...၊"

ဆံပင်တိုတိုနှင့် လူလတ်ပိုင်းအမျိုးသားက အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ကာ အရှက်ရစွာဖြင့် စကားကို ဖြတ်ပြောလိုက်လေသည်။

"မင်း ငါ့ကို ပုံပြင်တွေ လာမပြောနဲ့...၊ မင်း ထမင်းစားခဲ့ရတာထက် ငါ ဆားစားခဲ့ရတာ ပိုများတယ် ဘာတွေ ဖြစ်နေလဲဆိုတာ ငါ သေချာပေါက် မြင်နိုင်တယ်...။"

ဤအခိုက်အတန့်တွင် ဖျန်ဖြေရေးမှူးကျန်းက ရယ်ချင်စိတ်ကို အောင့်ထားရင်း တစ်ဖန် ဝင်ပြောလိုက်လေသည်။

"ဒီမှာ ခင်ဗျားဖုန်း ပေး...။ ဒီနေရာမှာ ဝိုင်ဖိုင် ရှိတယ်...၊ ခင်ဗျား ရှာချင်တာတွေ ရှာလို့ရအောင် အင်တာနက် ချိတ်ပေးမယ် ပြီးမှပဲ ဆက်ပြောကြတာပေါ့...။"

ယခုအခါ ဆံပင်တိုတိုနှင့် လူလတ်ပိုင်းအမျိုးသားမှာ စကားပြောစရာ စကားလုံးများပင် ပျောက်ရှသွားလေသည်။ သူ၏ဖုန်းကို အင်တာနက်နှင့် ချိတ်ဆက်ပြီးနောက် သူသည် ဖုန်းကို ပွတ်ကာ ရှာဖွေမှုများ စတင်ပြုလုပ်တော့ သည်။

သူ စုံစမ်းရှာဖွေနေစဉ် ဖျန်ဖြေရေးမှူးကျန်းက လျန်ထျန်းနှင့် စကားစမြည် စတင်ပြောဆိုလေသည်။

"လူလေး... ဒီလောက် ကောင်းတဲ့ ဆိုင်ကယ်ကို စီးနိုင်တယ်ဆိုတော့ မင်းက အရမ်းချမ်းသာမှာပဲ...။ အဲ့ဒီလောက် ပိုက်ဆံရှိနေရင် ဘာလို့ ပိုကောင်းတဲ့ ကားတစ်စီး မဝယ်တာလဲ ဆိုတဲ့ စကားပုံတစ်ခု ရှိတယ်လေ...။"

"ဆိုင်ကယ်တစ်စီးက ဘယ်လောက်ပဲ ကောင်းကောင်း သံပတ်ထားတဲ့ အသားတစ်တစ် ဖြစ်နေတုန်းပဲမို့ လမ်းပေါ် မှာ လုံခြုံမှု မရှိပါဘူး...။ ဒါက ယာဉ်ထိန်းရဲအရာရှိအဖြစ် ဆယ်နှစ်ကျော် လုပ်ကိုင်ခဲ့တဲ့ ကျုပ်ရဲ့ အတွေ့အကြုံ ကနေ ရလာတဲ့ သင်ခန်းစာပါပဲ...။"

လျန်ထျန်းက ပြုံးလိုက်လေသည်။

"ညွှန်ကြားရေးမှူးကျန်း... တကယ်တော့ ကျုပ်မှာ ကားတစ်စီး ရှိပါတယ် ဒါပေမဲ့ ကျုပ် ဝတ်ထားတဲ့ အဝတ်အစား တွေကို ကြည့်ရင် သိနိုင်တဲ့အတိုင်း အစားအသောက် ပို့ဖို့ဆိုရင် ဆိုင်ကယ်က ပိုအဆင်ပြေလို့ လွန်ခဲ့တဲ့ မကြာ သေးခင်ကမှ ဆိုင်ကယ်တစ်စီး ဝယ်လိုက်တာပါ...။"

"ဒါပေမဲ့ ဒီကိစ္စ ဖြစ်ပြီးနောက်မှာတော့ လျှပ်စစ်စကူတာ ပြန်ပြောင်းစီးဖို့ စဉ်းစားနေတယ်...။ ဆိုင်ကယ်တွေက မော်တော်ယာဉ်တွေဖြစ်လို့ မော်တော်ယာဉ် လမ်းကြောင်းကိုပဲ သုံးရတော့ လျှပ်စစ်စကူတာတွေလောက် အဆင် မပြေဘူးလေ...။"

ဖျန်ဖြေရေးမှူးကျန်းမှာ အံ့အားသင့်သွားရလေသည်။

"မင်းက တကယ်ပဲ အစားအသောက် ပို့တဲ့သူလား...။ မင်းက ပျော်စရာအနေနဲ့ ဒီအဝတ်အစားကို ဝတ်ထား တာလို့ ကျုပ် ထင်နေခဲ့တာ...။"

လျန်ထျန်းက ခေါင်းခါပြလိုက်လေသည်။

"ကျုပ်က တကယ်ပဲ အစားအသောက် ပို့တာပါ...။ ပို့ဆောင်ရေးသမား လုပ်တာက ကျုပ်ရဲ့ အဓိက အလုပ်ပါပဲ... ။ ကျုပ်က ကံကောင်းရုံလေးပါ အစားအသောက် ပို့လို့ ရလာတဲ့ ပိုက်ဆံတွေနဲ့ ရင်းနှီးမြှုပ်နှံမှု အနည်းငယ် လုပ်ခဲ့ ပြီး အပိုဝင်ငွေ နည်းနည်း ရလာတာပါ...။"

ထိုစကားကို ကြားသောအခါ ဖျန်ဖြေရေးမှူးကျန်းမှာ တစ်ဖန် ပြန်လည် တည်ကြည်သွားလေသည်။

"ရင်းနှီးမြှုပ်နှံမှု ဟုတ်လား... လူလေး... မင်းတို့ ပို့ဆောင်ရေးသမားတွေက ပိုက်ဆံကို လွယ်လွယ်နဲ့ ရှာနိုင်တာ မဟုတ်ဘူး။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှု လုပ်မယ်ဆိုရင် မျက်လုံး ကျယ်ကျယ်ဖွင့်ထားရမယ်...။"

"မင်းဖုန်းထဲမှာ လိမ်လည်မှု တိုက်ဖျက်ရေးစင်တာ အက်ပ် ဒေါင်းလုဒ် လုပ်ထားရဲ့လား...။ မရှိသေးရင် အခုပဲ ဒေါင်းလုဒ် လုပ်လိုက်ပါ...။ ရင်းနှီးမြှုပ်နှံတဲ့အခါ သတိထားပါ...။"

ဖျန်ဖြေရေးမှူးကျန်း တစ်ခုခုကို နားလည်မှုလွဲနေကြောင်း လျန်ထျန်း သိလိုက်သော်လည်း သူက အချမ်းသာဆုံး ကော်ပိုရေးရှင်းနှင့် ကျင်းတ အိမ်ခြံမြေကဲ့သို့သော ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံထားကြောင်း မပြောနိုင်ပေ။

ထို့ကြောင့် သူသည် အနေရခက်စွာဖြင့်သာ ရယ်မောလိုက်ပြီး အကြောင်းအရာကို အလျင်အမြန် ပြောင်းလဲလိုက် လေသည်။

"သူ ရှာနေတာ အတော်လေး ကြာနေပြီဆိုတော့ အခုလောက်ဆို တွေ့လောက်ပြီထင်တယ် သူ့ကို မေးကြည့်ရ အောင်လား...။"

လျန်ထျန်း စကားပြော၍ ဆုံးသည်နှင့် ဆံပင်တိုတိုနှင့် လူလတ်ပိုင်းအမျိုးသားက မျက်မှောင်ကြုတ်ကာ သူ၏ ဖုန်းကို စိုက်ကြည့်ရင်း စကားပြောလိုက်လေသည်။

"ကျုပ် တွေ့ပြီ...။ မင်းဆိုင်ကယ် မော်ဒယ်က အွန်လိုင်းမှာ ခြောက်ကျောင်ကနေ ကိုးကျောင်ကြား ဈေးပေါက် တယ်တဲ့...။ ဒီလောက် ဈေးကြီးတဲ့ ဆိုင်ကယ်တွေ တကယ်ကို ရှိနေတာပဲ...။"

All Chapters