အခန်း (၆၅-၆၆)
Vol. 7 Ch. 65-66
အခန်း (၆၅) - အရာအားလုံးကို ဒီမှာပဲ ထားခဲ့တော့
လျူယန်သည် B-အဆင့်စွမ်းရည်ဖြစ်သော [ခြေရာဖျောက် တိတ်ဆိတ်ခြင်း] ကို အသက်သွင်းကာ ရှေ့ဘက်မှ အခြေအနေကို အရင်စစ်ဆေးရန် တိုးကပ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် စိတ်ချင်းဆက်နွှယ်မှုမှတစ်ဆင့် အရိပ်ဝံပုလွေကို အချက်ပြကာ မုရုံရွှယ်နှင့် ချူလုံတို့ကို ဤနေရာသို့ ခေါ်ဆောင်လာရန် ခိုင်းစေလိုက်သည်။ သူတို့နှစ်ဦးကို ကူညီခိုင်းရန်မဟုတ်ဘဲ သူတိုက်ပွဲဝင်နေစဉ်အတွင်း ၎င်းတို့မှာ အခြားတစ်နေရာ၌ အန္တရာယ်ကြုံရပါက အချိန်မီ မကူညီနိုင်မည်ကို စိုးရိမ်သောကြောင့် အနားတွင် ထားရှိခြင်းသာ ဖြစ်သည်။
လျူယန်သည် ကိုယ်ယောင်ဖျောက်ကာ ပန်းပင်၊ မြက်ပင်များနောက်တွင် ပုန်းကွယ်လျက် ရှေ့မှ အခင်းအကျင်းကို အကဲခတ်လိုက်သည်။ ကွင်းပြင်ထဲတွင် နိုးထသူ သုံးဦးကို အခြားသော နိုးထသူ ဆယ်ဂဏန်းကျော်က ဝိုင်းရံထားကြသည်။
သာမန်အားဖြင့် မျှော်စင်၏ တတိယထပ်တွင် နိုးထသူများမှာ သုံးယောက်တစ်ဖွဲ့သာ သွားလာကြသော်လည်း ယခုအဖွဲ့မှာ (၁၃) ယောက်အထိ ရှိနေသဖြင့် လျူယန် အံ့ဩသွားသည်။ အဝိုင်းခံထားရသော နိုးထသူ သုံးဦးမှာလည်း အားနည်းပုံမရသော်လည်း အနားရှိ သားရဲအလောင်းများနှင့် သူတို့ကိုယ်ပေါ်မှ ဒဏ်ရာများကို ကြည့်ခြင်းအားဖြင့် သားရဲများနှင့် ပြင်းထန်စွာ တိုက်ခိုက်ပြီးကာစ ဒဏ်ရာရနေချိန်တွင် ချောင်းမြောင်း ပိတ်ဆို့ခံလိုက်ရခြင်း ဖြစ်ကြောင်း သိသာလှသည်။
"မင်းတို့ သုံးယောက်... ရှိသမျှ ယင်ကတ်နဲ့ ယန်ကတ်တွေ အကုန်ထုတ်ပေးစမ်း... အခုချက်ချင်း အကုန်ပေးရင် အသက်ချမ်းသာခွင့်ပေးမယ်... မဟုတ်ရင်တော့ အကုန်သတ်ပစ်မယ်"
အမာရွတ်မျက်နှာနှင့် ခေါင်းဆောင်ဖြစ်သူ လူငယ်က ယုတ်မာသော အပြုံးဖြင့် ပြောလိုက်သည်။
သူ၏ နောက်လိုက်များကလည်း ဘေးမှနေ၍ ဝိုင်းဝန်း အော်ဟစ်ကြတော့သည်။
"ဟုတ်တယ်... ဘာလို့ အခုထိ မပေးသေးတာလဲ.. သေချင်နေတာလား"
"ငါတို့ ဆရာကြီး စကားပြောနေတယ်လေ... မကြားဘူးလား"
"ဆရာကြီး အမာရွတ်မျက်နှာရဲ့ နာမည်ကို ကြားဖူးမှာပေါ့... မသေချင်ရင် မြန်မြန်ပေး"
အဝိုင်းခံထားရသော နိုးထသူ သုံးဦးမှာ အမာရွတ်မျက်နှာ၏ အမည်ကို ကြားသည်နှင့် မျက်နှာပျက်သွားကြသည်။ သူတို့က အချင်းချင်း တိုးတိုးလေး တိုင်ပင်ကြ၏။
"ဒီကောင်က အမာရွတ်မျက်နှာပဲ... သူတို့အဖွဲ့က အရမ်းရက်စက်တယ်လို့ ကြားဖူးတယ်"
"ပြီးခဲ့တဲ့ ရက်ပိုင်းမှာ နိုးထသူအဖွဲ့ တော်တော်များများ သူတို့လက်ချက်နဲ့ ခံခဲ့ရပြီးပြီ"
"သူတို့စကားကို မယုံနဲ့... ပစ္စည်းပေးရင်လည်း သူတို့က ငါတို့ကို သတ်မှာပဲ... လွတ်လမ်းပေးမှာ မဟုတ်ဘူး"
ထိုစဉ် အရိပ်ဝံပုလွေက မုရုံရွှယ်နှင့် ချူလုံတို့ကို ခေါ်ဆောင်လာခဲ့သည်။ ရှေ့မှ အခြေအနေကို မြင်သောအခါ ချူလုံက မျက်မှောင်ကြုတ်ကာမျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဒီလူတွေက လွန်လွန်းတယ်... လူအများကြီးနဲ့ သုံးယောက်ထဲကို အနိုင်ကျင့်နေကြတာပဲ"
မုရုံရွှယ်ကလည်း ထိုသူများ၏ အဝတ်အစားကို ကြည့်ကာ ပေးလိုက်သည်။
"ငါတို့ အရင်ကတွေ့ခဲ့တဲ့ နိုးထသူတွေနဲ့ အဖွဲ့တူပုံပဲ"
လျူယန်က သူတို့ကို အသံမထွက်ရန် သတိပေးဖို့ ပြင်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
အမာရွတ်မျက်နှာ၏ နောက်လိုက်တစ်ဦးမှာ အာရုံခံစွမ်းရည်ရှိပုံရပြီး ၎င်းက ခေါင်းဆောင်ဖြစ်သူ၏ နားနားသို့ တိုးတိုးလေး ပြောလိုက်ရာ အမာရွတ်မျက်နှာနှင့် အဖွဲ့သားအချို့မှာ လျူယန်တို့ ပုန်းနေသော ချုံပုတ်ဆီသို့ ဦးတည်လာကြတော့သည်။
မိမိတို့ အာရုံခံမိသွားပြီဖြစ်ကြောင်း သိလိုက်သဖြင့် လျူယန်သည် ဆက်လက် ပုန်းကွယ်မနေတော့ဘဲ မုရုံရွှယ်၊ ချူလုံတို့နှင့်အတူ ချုံပုတ်ထဲမှ ထွက်လာခဲ့သည်။ အရိပ်ဝံပုလွေကိုမူ အရေးပေါ်အခြေအနေအတွက် ဆက်လက် ပုန်းကွယ်နေရန် စေခိုင်းထားလိုက်သည်။
လှပလွန်းသော မုရုံရွှယ်နှင့် ချူလုံတို့ကို မြင်သောအခါ အမာရွတ်မျက်နှာနှင့် သူ၏ နောက်လိုက်များမှာ မျက်လုံးများ အရောင်တောက်သွားကြသည်။ ၎င်းတို့က ကောင်မလေးနှစ်ဦးကို ရုန့်ရင်းကြမ်းတမ်းသော စကားများဖြင့် ပြောင်လှောင်ကျီစယ်ကြတော့သည်။
အမာရွတ်မျက်နှာသည် လျူယန်၏ တည်ငြိမ်လွန်းသော မျက်နှာကိုကြည့်ကာ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရသော်လည်း မိမိဘက်တွင် လူအင်အား သာလွန်နေသဖြင့် ဂရုမစိုက်တော့ပေ။
လျူယန်က အေးစက်စွာဖြင့် မေးလိုက်သည်။
"ဟိုင်ကြီးနဲ့ ရှိုးဟိုတို့က မင်းတို့လူတွေပဲလား"
ထိုနာမည်များကို ကြားသည်နှင့် နောက်လိုက်များမှာ အံ့ဩသွားကြသည်။
"ငါ့ကောင်... မင်းက သူတို့ကို သိတာလား... သူတို့ ဘယ်မှာလဲ"
"အဲ့ဒီကောင်တွေ အပြင်ထွက်သွားတာ အခုထိ ပြန်မလာသေးဘူး"
အမာရွတ်မျက်နှာကလည်း ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
"ဟုတ်တယ်၊ သူတို့က ငါ့တပည့်တွေပဲ... မင်းက သူတို့နဲ့ သူငယ်ချင်းဆိုရင် ငါတို့အဖွဲ့ထဲ ဝင်လို့ရတယ်"
ထိုစကားကို ကြားသောအခါ လျူယန်သည် စိတ်ချသွားတော့သည်။ ဤသူများမှာ ထောင်ထွက်များဖြစ်ပြီး မျှော်စင်ထဲတွင် အခြားသော နိုးထသူများကို ဒုက္ခပေးနေသည့် အဖွဲ့ဝင်များ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။ သာမန် နိုးထသူများဆိုလျှင် လျူယန်က ယင်ကတ်များကိုသာ လုယူပြီး လွှတ်ပေးမည်ဖြစ်သော်လည်း၊ ဤကဲ့သို့သော လူယုတ်မာများကိုမူ သူ အသက်ချမ်းသာခွင့် ပေးရန် စိတ်ကူးမရှိပေ။
"ကောင်းပြီ... မင်းတို့အားလုံးက တစ်အဖွဲ့တည်းဆိုမှတော့၊ ဒီနေ့ မင်းတို့အားလုံး ဒီနေရာမှာပဲ သေကြရတော့မှာပေါ့"
လျူယန်၏ လေသံမှာ အလွန်ပင် တည်ငြိမ်လွန်းနေသော်လည်း၊ ထိုစကားက အမာရွတ်မျက်နှာနှင့် သူ၏ နောက်လိုက်များကို တုန်လှုပ်သွားစေတော့သည်။
အခန်း (၆၆) - တစ်ဖက်သတ်နှိမ်နင်းခြင်း
အမာရွတ်မျက်နှာသည် လျူယန်ကို လှောင်ပြောင်သော မျက်လုံးများဖြင့် ကြည့်ကာ ဆိုလိုက်သည်။
"မင်းကတော့ စကားကြီးစကားကျယ် ပြောတတ်သားပဲ"
မူလက လျူယန်၏ တည်ငြိမ်မှုကြောင့် အမာရွတ်မျက်နှာမှာ အနည်းငယ် ကြောက်ရွံ့မိသော်လည်း၊ လျူယန်က သူတို့အားလုံးကို သတ်မည်ဟု ပြောလိုက်သောအခါတွင်မူ ထိုကြောက်ရွံ့မှုများ ပျောက်ကွယ်သွားတော့သည်။ လျူယန် မည်မျှပင် သန်မာစေကာမူ လူတစ်ဦးတည်းက လူ (၁၃) ဦးကို ယှဉ်နိုင်လိမ့်မည်မဟုတ်ဟု သူ ယုံကြည်နေသည်။
သူ၏ နောက်လိုက်များကလည်း ဟာသတစ်ခုကို ကြားလိုက်ရသလို ဝိုင်းဝန်း ရယ်မောကြတော့သည်။
"ဘဝင်မြင့်တဲ့ကောင်တွေ အများကြီးတွေ့ဖူးပေမယ့် ဒီလောက်အထိ ဖြစ်နေတဲ့ကောင်မျိုး တစ်ခါမှ မတွေ့ဖူးသေးဘူး"
"ငါ့ကောင်... မင်းက စကားတွေ တအားပြောတာပဲ၊ မင်းကို ငါသတ်ပြီးရင်တောင် မင်းက လူစွမ်းကောင်းကြီး လုပ်နေဦးမလား ကြည့်ရသေးတာပေါ့"
လျူယန်ကတော့ ထိုသူများကို ဂရုမစိုက်အားပေ။ သူသည် မုရုံရွှယ်နှင့် ချူလုံတို့ကို အချက်ပြလိုက်ရာ မိန်းကလေးနှစ်ဦးမှာ တိုက်ပွဲအတွက် အသင့်ပြင်လိုက်ကြသည်။ ရန်သူဘက်တွင် လူအင်အား လေးဆခန့် သာလွန်နေသော်လည်း လျူယန်တို့အဖွဲ့မှာ မိမိတို့ကိုယ်မိမိ အပြည့်အဝ ယုံကြည်မှု ရှိနေကြသည်။
မုရုံရွှယ်က ရှေ့သို့ လှမ်းထွက်လိုက်ပြီး မြေပြင်ကို ပြင်းထန်စွာ နင်းချလိုက်ရာ မြေပြင်မှာ အက်ကွဲကြောင်းများ ပေါ်ထွက်သွားသည်။ သူမသည် [အာဏာရှင်ခန္ဓာကိုယ် - ဒုတိယအဆင့်] ကို အသက်သွင်းလိုက်ရာ သူမ၏ အရှိန်အဝါမှာ ချက်ချင်း ပြောင်းလဲသွားပြီး ခန့်ညားထည်ဝါသော အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။
လျူယန်ကလည်း သူ၏ [သားရဲတစ်သောင်းလေး] ကို ထုတ်ယူကာ အသင့်ပြင်လိုက်သည်။ ချူလုံမှာမူ ဘေးကင်းရာမှနေ၍ လျူယန်နှင့် မုရုံရွှယ်တို့ ဒဏ်ရာရပါက ချက်ချင်းကုသပေးရန် အာရုံစိုက်ထားသည်။
အမာရွတ်မျက်နှာနှင့် သူ၏ နောက်လိုက်များသည် မုရုံရွှယ်၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို မြင်လိုက်ရသောအခါ လှောင်ပြောင်နေသော မျက်နှာများမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး အလေးအနက်ထားကာ တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။
"ဒီကောင်မလေးက တိုက်ခိုက်ရေး ကျွမ်းကျင်တာပဲ... ငါတို့ အလေးအနက်ထားမှ ဖြစ်မယ်... နင့်ရဲ့ လှပတဲ့ မျက်နှာလေး ပျက်စီးသွားရင် နှမြောစရာကြီး ဖြစ်နေဦးမယ်"
အမာရွတ်မျက်နှာက ပြောကာ လူအင်အား အသာစီးဖြင့် မုရုံရွှယ်ထံသို့ တစ်ပြိုင်နက် ပြေးဝင်သွားကြတော့သည်။
လျူယန်ကတော့ ချက်ချင်း ဝင်မတိုက်သေးပေ။ သူ၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် ဤနိုးထသူများကို တစ်မိနစ်အတွင်း အပြတ်ရှင်းနိုင်သော်လည်း၊ မုရုံရွှယ်ကို တိုက်ပွဲအတွေ့အကြုံ ရစေချင်သောကြောင့် စောင့်ကြည့်နေခြင်း ဖြစ်သည်။ မုရုံရွှယ်သည် အဆင့်နိမ့် နိုးထသူများထက် အဆပေါင်းများစွာ သာလွန်သကဲ့သို့ နောက်ကွယ်တွင်လည်း ချူလုံ၏ ကုသမှုစွမ်းရည်ရှိသဖြင့် သူမအတွက် အန္တရာယ်မရှိနိုင်ပေ။
မုရုံရွှယ်သည် လူ (၁၃) ဦး၏ ဝိုင်းရံတိုက်ခိုက်မှုကို တစ်ဦးတည်း ရင်ဆိုင်နေရသော်လည်း သူမသည် နောက်မဆုတ်ဘဲ အစွမ်းထက်သော တိုက်ကွက်များဖြင့် တန်ပြန်တိုက်စစ်ဆင်လိုက်သည်။ သူမ၏ လက်သီးချက်၊ ခြေကန်ချက် တစ်ခုချင်းစီတိုင်းတွင် ရန်သူတစ်ဦးစီမှာ လွင့်ထွက်သွားကြတော့သည်။
ချူလုံ၏ ကုသမှုအလင်းတန်းမှာလည်း မုရုံရွှယ် ဒဏ်ရာရသည်နှင့် တစ်ပြိုင်နက် ကျရောက်လာသဖြင့် မုရုံရွှယ်မှာ တစ်ဖြည်းဖြည်း ပိုမို ရဲရင့်လာသည်။ နောက်ဆုံးတွင် သူမသည် [အာဏာရှင်ခန္ဓာကိုယ် - တတိယအဆင့်] သို့ ကူးပြောင်းလိုက်ရာ တိုက်ပွဲအခြေအနေမှာ လုံးဝ ပြောင်းလဲသွားတော့သည်။
တတိယအဆင့်တွင် မုရုံရွှယ်၏ ခွန်အားမှာ ရန်သူများကို အပြတ်အသတ် နှိမ်နင်းနိုင်ခဲ့သည်။ လက်သီးတစ်ချက်တည်းဖြင့် ရန်သူများကို လေထဲသို့ လွင့်စင်သွားစေကာ အမာရွတ်မျက်နှာတို့အဖွဲ့မှာ မည်သို့မျှ မခုခံနိုင်တော့ပေ။ မိမိတို့၏ လူများ တစ်ဦးပြီးတစ်ဦး လဲကျနေသည်ကို မြင်သောအခါမှ အမာရွတ်မျက်နှာသည် အခြေအနေမဟန်တော့မှန်း သိလိုက်ရသည်။
"ငါတို့ သူတို့ကို မနိုင်ဘူး၊ ပြေးကြစို့"
အမာရွတ်မျက်နှာ၏ အမိန့်အရ ကြောက်လန့်နေသော နောက်လိုက်များသည် အရပ်မျက်နှာအသီးသီးသို့ ဦးတည်ကာ ထွက်ပြေးကြတော့သည်။
"ဘယ်ကို ပြေးမလို့လဲ"
မုရုံရွှယ်က အနောက်မှ လိုက်လံတိုက်ခိုက်သည်။
လျူယန်ကလည်း ထိုအချိန်တွင်မှ လေးနှင့်မြားကို အသုံးပြုကာ တိုက်စစ်ဆင်လိုက်သည်။ သူသည် A-အဆင့်စွမ်းရည် [ခြေရာခံခြင်း] ကိုသာ အသုံးပြုလိုက်သော်လည်း သူ၏ ခွန်အားမှာ အလွန်ကြီးမားနေပြီဖြစ်ရာ မြားထိမှန်သူတိုင်းမှာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးကြတော့သည်။
မကြာမီမှာပင် ကွင်းပြင်တစ်ခုလုံး ငြိမ်သက်သွားသည်။ လျူယန်တို့ သုံးဦးအဖွဲ့မှာ အမာရွတ်မျက်နှာ၏ အဖွဲ့ဝင် (၁၃) ဦးစလုံးကို အပြတ်အသတ် အနိုင်ရရှိခဲ့သည်။
"ဒါက တကယ့်တိုက်ပွဲတောင် မဟုတ်ဘူး... ဒီလူတွေက အရမ်းအားနည်းလွန်းတယ်"
မုရုံရွှယ်က ခေါင်းခါရင်း ပြောလိုက်သည်။ လျူယန်၏ ဘေးတွင်နေ၍ အမြဲတမ်း အနှိမ်ခံနေရသလို ခံစားနေရသော မုရုံရွှယ်မှာ ယခုမှပင် မိမိကိုယ်မိမိ နတ်ဘုရားမတစ်ပါးကဲ့သို့ ပြန်လည် ခံစားလိုက်ရသည်။ သူမ အားနည်းနေခြင်းမဟုတ်ဘဲ လျူယန်ကသာ ထူးခြားလွန်းနေခြင်း ဖြစ်ကြောင်း သူမ နားလည်သွားသည်။
လျူယန်သည် ပြုံးလိုက်ပြီးနောက် လဲကျနေသော အလောင်းများထံမှ ဆုလာဘ်များကို သိမ်းဆည်းရန် ရှေ့သို့ လှမ်းထွက်လိုက်သည်။ ဤလူယုတ်မာများမှာ အခြားနိုးထသူများကို လုယက်ထားသဖြင့် ၎င်းတို့ထံတွင် များပြားလှသော 'ယင်' ကတ်များနှင့် ရတနာများ ရှိနေမည်မှာ သေချာလှပေသည်။