အခန်း (၇၁-၇၂)
Vol. 8 Ch. 71-72
အခန်း (၇၁) - အသံအရှိန်၏ နှစ်ဆ
လျူယန်သည် မျောက်ပြာများ၏ ကျောကုန်းမှ သူဆွဲနှုတ်ယူလာသော ငွေရောင်အမွှေးအမျှင်များကို ငေးကြည့်ရင်း မျက်နှာတွင် ဝမ်းသာအားရ အရိပ်အယောင်များ ပေါ်လွင်နေသည်။ ဤမျောက်ပြာများ၏ ထူးခြားချက်မှာ ၎င်းတို့၏ ကျောကုန်းပေါ်ရှိ ငွေရောင်အမွှေးများပင်ဖြစ်ပြီး ထိုအမွှေးများအတွင်း၌ မျိုးရိုးဗီဇအပိုင်းအစများ ကိန်းအောင်းနေသည်မှာ သေချာသည်။
သူသည် ချက်ချင်းပင် [နတ်ဘုရားအဆင့် ထုတ်ယူခြင်း] ကို အသုံးပြုကာ ထိုအမွှေးများမှ စွမ်းအားများကို ထုတ်ယူလိုက်ရာ နို့နှစ်ရောင်အလင်းတန်းများက လျူယန်ကို ဝန်းရံသွားပြီး သူ၏ရှေ့တွင် စနစ်၏ အသိပေးချက်များ ဆက်တိုက် ပေါ်ထွက်လာတော့သည်။
[စနစ်]: ငွေရောင်ကျောကုန်း မျောက်ပြာ၏ ကျောကုန်းအမွှေး (A-အဆင့်၊ အဆင့် ၁၉) မှ ထုတ်ယူမှု အောင်မြင်သည်။ ဂုဏ်ယူပါသည်။ သင်သည် အသံလှိုင်းအပိုင်းအစ +၁ ကို ရရှိသည်။
[စနစ်]: ငွေရောင်ကျောကုန်း မျောက်ပြာ၏ ကျောကုန်းအမွှေး (A-အဆင့်၊ အဆင့် ၁၈) မှ ထုတ်ယူမှု အောင်မြင်သည်။ ဂုဏ်ယူပါသည်။ သင်သည် အသံလှိုင်းအပိုင်းအစ +၁ ကို ရရှိသည်။
...
[စနစ်]: အသံလှိုင်းအပိုင်းအစများနှင့် [အရိပ်ခြေလှမ်း] (A-အဆင့်) ပေါင်းစပ်မှု အောင်မြင်သည်။ ဂုဏ်ယူပါသည်။ သင်သည် အသံအရှိန်၏ နှစ်ဆ ( A+ အဆင့်) ကို ရရှိသည်။
စနစ်၏ အသိပေးချက်ကို မြင်လိုက်ရသည့်အခါ လျူယန်၏ မျက်နှာမှာ ဝမ်းသာမှုတို့ဖြင့် ပြည့်နှက်သွားသည်။ ဤတစ်ကြိမ်တွင် သူသည် မျောက်ပြာငါးကောင်ထံမှ အမွှေးများကို ရယူခဲ့ပြီး အသံလှိုင်းအပိုင်းအစ ငါးခုကို ပေါင်းစပ်လိုက်ခြင်းဖြင့် [အသံအရှိန်၏ နှစ်ဆ] ဟူသော အဆင့်မြင့်စွမ်းရည်ကို ရရှိသွားခြင်းဖြစ်သည်။
သူသည် အသစ်ရရှိထားသော စွမ်းရည်၏ သက်ရောက်မှုကို အလျင်အမြန် စစ်ဆေးလိုက်သည်။
[အသံအရှိန်၏ နှစ်ဆ ]
အဆင့်: A+ အဆင့်
ဖော်ပြချက်: အသုံးပြုပြီးနောက် အသုံးပြုသူ၏ အရှိန်မှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိုးတက်လာပြီး အသံ၏ အရှိန်ထက် နှစ်ဆအထိ ရောက်ရှိသွားမည်ဖြစ်သည်။
ဤစွမ်းရည်၏ ဖော်ပြချက်မှာ ရိုးရှင်းသော်လည်း အလွန်ပင် ပြင်းထန်သည်။ ယခင်က [အရိပ်ခြေလှမ်း] သည် A အဆင့်ရှိသော်လည်း ၎င်းမှာ လျင်မြန်မှုပေါ်တွင်သာ အဓိကထားသည်။ ယခု [အသံအရှိန်၏ နှစ်ဆ] မှာမူ သန့်စင်သော အရှိန်ကိုသာ အဓိကထားသည့်အတွက် နှိုင်းယှဉ်၍မရအောင်ပင် ကွာခြားသည်။ ယခုအခါ လျူယန်၏ အရှိန်မှာ သိသာစွာ တိုးတက်သွားပြီဖြစ်ရာ မျောက်ပြာများကို ကိုင်တွယ်ရန် ပိုမိုလွယ်ကူသွားတော့မည်ဖြစ်သည်။
ထိုစဉ် မုရုံရွှယ်နှင့် ချူလုံတို့က သံသယဖြစ်ဖွယ် မျက်နှာအမူအရာများဖြင့် လျူယန်ဆီသို့ လျှောက်လာကြသည်။
"ဒီအတိုင်း ဆက်လုပ်လို့ မဖြစ်တော့ဘူး၊ တစ်ခေါက်သွားတိုင်း မျောက်နည်းနည်းကိုပဲ ဒဏ်ရာရအောင် လုပ်နိုင်တာ၊ တိုးတက်မှုက အရမ်းနှေးတယ်"
ချူလုံက စိုးရိမ်တကြီး ပြောသည်။ မူရုံရွှေးကလည်း ထောက်ခံလိုက်သည်။
"ဒီအတိုင်းဆိုရင် ထိုက်ကျိတောင်တန်းကို ဖြတ်ဖို့ အချိန်အများကြီး ကုန်လိမ့်မယ်"
လျူယန်က ပြုံးလိုက်သည်။ သူတို့မျက်စိထဲတွင်တော့ သူတို့က သားရဲများကို ဒဏ်ရာရရုံသာ လုပ်နိုင်သည်ဟု ထင်မြင်နေကြသော်လည်း လျူယန်အတွက်မူ [အသံအရှိန်၏ နှစ်ဆ] ကို ရရှိလိုက်ခြင်းသည် ကြီးမားသော အောင်မြင်မှုပင် ဖြစ်သည်။
"မင်းတို့နှစ်ယောက် ဒီမှာပဲ နားနေလိုက်၊ ငါ တစ်ယောက်တည်း ဆက်သွားမယ်... ဒီမျောက်တွေနဲ့ တိုက်ခိုက်ရင်းနဲ့ ငါ့ရဲ့ အရှိန်က တိုးတက်လာသလိုပဲ၊ အဲ့ဒါကို လေ့ကျင့်လိုက်ဦးမယ်"
လျူယန်က တည်ငြိမ်စွာ ပြောလိုက်သည်။
သူတို့နှစ်ဦးမှာ အံ့အားသင့်သွားသည်။ မျောက်ပြာများနှင့် တိုက်ခိုက်ရုံမျှဖြင့် အရှိန်တိုးတက်လာသည်ဆိုသည်မှာ မယုံနိုင်စရာ ဖြစ်နေသည်။ သို့သော် လျူယန်က ဆုံးဖြတ်ထားပြီးဖြစ်သဖြင့် မုရုံရွှယ်က ပြောလိုက်၏။
"ဒါဆိုရင်လည်း မျောက်တွေကို ငါပဲ ဆက်မျှားပေးမယ်"
"မလိုပါဘူး... မင်းက ချူလုံကိုပဲ ကာကွယ်ပေးထားလိုက်... ငါတစ်ယောက်တည်းဆိုရင် ပိုအဆင်ပြေတယ်"
လျူယန်က ငြင်းလိုက်သည်။
သူကိုယ်တိုင် အရှိန်မြှင့်လိုက်ပြီးနောက် ထိုက်ကျိတောင်တန်းဘက်သို့ ပျံသန်းသကဲ့သို့ အရှိန်ဖြင့် ပြေးဝင်သွားသည်။ နောက်တွင် ကျန်ရစ်ခဲ့သော မုရုံရွှယ်နှင့် ချူလုံမှာမူ လျူယန်၏ အရှိန်ကို မြင်ပြီး မှင်သက်သွားကြသည်။
"ဒီအရှိန်က မျောက်ပြာတွေထက်တောင် ပိုမြန်နေသလိုပဲနော်..."
ချူလုံက အံ့ဩစွာ ဆိုသည်။ မုရုံရွှယ်ကလည်း ခေါင်းခါရင်းရေရွတ်လိုက်သည်။
"ဒီလူက တကယ်ကို နတ်ဆိုးတစ်ကောင်ပဲ"
သူမနှင့် လျူယန် စတင်တွေ့ဆုံစဉ်က သူမက လျူယန်နှင့် အဆင့်တူသည်ဟု ထင်ခဲ့သော်လည်း၊ ယခုအခါ လျူယန်၏ တိုးတက်မှုနှုန်းမှာ သူမကို လိုက်မမီနိုင်အောင် ဝေးကွာသွားပြီ ဖြစ်သည်။ သူမအတွက်တော့ လျူယန်သည် ဘယ်လိုမှ ကျော်တက်၍မရနိုင်သော တောင်ကြီးတစ်လုံးအလား ဖြစ်နေသည်။
တဖက်တွင်လည်း လျူယန်သည် [အသံအရှိန်၏ နှစ်ဆ] ကို ရရှိထားသဖြင့် အရာအားလုံးမှာ အဆင်ပြေချောမွေ့နေသည်။ သူသည် မျောက်များကို မျှားထုတ်ပြီး [လက်ဗလာ] စွမ်းရည်ဖြင့် အမွှေးများကို ဆွဲနှုတ်ကာ အုပ်စုလိုက် တိုက်ခိုက်လာချိန်တွင် ချက်ချင်း ဆုတ်ခွာလိုက်သည်။ ထိုမျောက်များမှာ လျူယန်ကို အလွန်ပင် မုန်းတီးနေသော်လည်း တောင်တန်းနယ်မြေမှ ထွက်ခွာ၍ မရသောကြောင့် လျူယန်ကို မလိုက်နိုင်ဘဲ ဒေါသထွက်နေကြရှာသည်။
သန်းခေါင်ယံအချိန်တွင် လျူယန်သည် အသံလှိုင်းအပိုင်းအစများကို ဆက်တိုက် ထုတ်ယူခဲ့သည်။ သူစုဆောင်းထားသော အသံလှိုင်းအပိုင်းအစပေါင်း ၃၂ ခု ရှိလာချိန်တွင် သူ၏ရှေ့၌ စွမ်းရည်ပေါင်းစပ်မှုအတွက် အသိပေးချက်အသစ် ပေါ်ထွက်လာတော့သည်။
အခန်း (၇၂) - ထိုက်ကျိတောင်တန်း၏ အစောင့်အရှောက်၊ ရွှေဝတ်စုံဝတ် မျောက်ပြာကြီး
[စနစ်]: အသံလှိုင်းအပိုင်းအစများ ပေါင်းစပ်မှု အောင်မြင်သည်။ ဂုဏ်ယူပါသည်။ သင်သည် အသံအရှိန်၏ လေးဆ ( A+ အဆင့်) ကို ရရှိသည်။
လျူယန်သည် စနစ်၏ အသိပေးချက်ကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ နောက်ဆုံးတော့ ပေါင်းစပ်မှုက နောက်တစ်ကြိမ် အောင်မြင်သွားခဲ့ပြီ။
ယခင်က သူသည် အသံလှိုင်းအပိုင်းအစများစွာကို စုဆောင်းမိထားသော်လည်း မည်သည့်အသိပေးချက်မျှ ပေါ်မလာသဖြင့် ပေါင်းစပ်မှု ရပ်တန့်သွားမည်ကို စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။ ယခုတော့ ထိုစိုးရိမ်မှုများမှာ အလကားဖြစ်သွားခဲ့ပြီ။ သူသည် အသစ်ရရှိသော စွမ်းရည်၏ အစွမ်းကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။
[အသံအရှိန်၏ လေးဆ]
အဆင့်: A+ အဆင့်
သက်ရောက်မှု: အသုံးပြုပြီးနောက် အသုံးပြုသူ၏ အရှိန်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်သွားပြီး အသံ၏အရှိန်ထက် လေးဆအထိ ရောက်ရှိသွားမည်ဖြစ်သည်။
စွမ်းရည်၏ အဆင့်မှာ တိုးမလာသော်လည်း ၎င်း၏ အစွမ်းမှာမူ သိသိသာသာ ကြီးမားလာသည်။ အသံအရှိန်၏ နှစ်ဆနှင့် လေးဆကြား ခြားနားချက်မှာ ရိုးရှင်းသော နှစ်ဆတိုးခြင်းထက် ပိုမိုနက်ရှိုင်းသည်။ အရှိန်တစ်ခုမှာ အတိုင်းအတာတစ်ခုအထိ မြန်ဆန်သွားပြီးနောက် ထပ်မံတိုးမြှင့်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။
ဥပမာအားဖြင့် [အသံအရှိန်၏ နှစ်ဆ] ကို ရရှိရန် အသံလှိုင်းအပိုင်းအစ (၅) ခုသာ လိုအပ်သော်လည်း၊ [အသံအရှိန်၏ လေးဆ] ဖြစ်လာရန်အတွက်မူ နောက်ထပ် အပိုင်းအစ (၃၂) ခုအထိ ထပ်မံဖြည့်တင်းခဲ့ရသည်။ ဤသည်မှာပင် ထိုစွမ်းရည်၏ ပြင်းထန်မှုကို သက်သေပြနေခြင်းဖြစ်သည်။
ထိုအချိန်တွင် မုရုံရွှယ်နှင့် ချူလုံ တို့မှာ လျူယန်၏ လုပ်ရပ်များကို အသားကျနေပြီဖြစ်သည်။ လျူယန် ပြန်လာတိုင်း သူတို့က အခြေအနေကို မေးမြန်းချင်ကြသော်လည်း၊ အချိန်ကို အမိအရ အသုံးချနေသော လျူယန်မှာ သူတို့ကို လုံးဝဂရုမစိုက်ဘဲ အလုပ်ရှုပ်နေခဲ့သည်။
ယခုတစ်ကြိမ် လျူယန် ပြန်လာသောအခါ သူတို့က လှမ်းကြည့်ရုံသာ ကြည့်တော့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ အနားမရောက်မီမှာပင် လျူယန်က သူ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ပြန်လည်ပျောက်ကွယ်သွားမည်ကို သိနေကြသောကြောင့် ဖြစ်သည်။ စကားတစ်လုံးပြောရန်ပင် အချိန်မရနိုင်ပေ။
လျူယန်သည် မိန်းကလေးနှစ်ဦးကို တစ်ချက်ကြည့်ကာ [အသံအရှိန်၏ လေးဆ] ကို အသက်သွင်းလျက် ထိုက်ကျိတောင်တန်းအတွင်းသို့ တစ်ဖန် ပြေးဝင်သွားပြန်သည်။ အရှိန်မှာ အဆပေါင်းများစွာ တိုးတက်လာပြီဖြစ်၍ အရာအားလုံးမှာ ပိုမိုလွယ်ကူသွားသည်။ ယခုဆိုလျှင် လျူယန်သည် မျောက်ပြာများကို အမီလိုက်နိုင်ရုံသာမက ၎င်းတို့ထက်ပင် ပိုမိုမြန်ဆန်နေပြီဖြစ်သည်။
သူသည် ယခင်ကကဲ့သို့ ခေါက်တုံ့ခေါက်ပြန် သွားနေစရာ မလိုတော့ပေ။ D-အဆင့် စွမ်းရည် [လက်ဗလာ] ကို အသုံးပြုကာ မျောက်အချို့ထံမှ အမွှေးများကို ဆွဲနှုတ်ပြီးနောက်၊ ၎င်းတို့ လိုက်လံတိုက်ခိုက်ချိန်တွင် တောင်တန်းတလျှောက် ပတ်ပြေးကာ အုပ်စုကွဲနေသော အခြားမျောက်များကို ထပ်မံရှာဖွေကာ အမွှေးများ ဆွဲနှုတ်သည်။ လျူယန်၏ အရှိန်မှာ မျောက်ပြာများအတွက်တော့ လက်ဖျားနှင့်ပင် မထိနိုင်သော အရှိန်မျိုး ဖြစ်နေတော့သည်။
မိုးလင်းခါနီးအချိန်တွင် လျူယန်သည် [နတ်ဘုရားအဆင့် ထုတ်ယူခြင်း] မှတစ်ဆင့် နောက်ထပ် စွမ်းရည်ပေါင်းစပ်မှုကို ရရှိခဲ့ပြန်သည်။
[စနစ်]: အသံလှိုင်းအပိုင်းအစများ ပေါင်းစပ်မှု အောင်မြင်သည်။ ဂုဏ်ယူပါသည်။ သင်သည် အသံအရှိန်၏ ရှစ်ဆ (A+ အဆင့်) ကို ရရှိသည်။
ဤစွမ်းရည်အတွက် လျူယန်သည် အသံလှိုင်းအပိုင်းအစပေါင်း (၁၀၀) ကျော်ကို အသုံးပြုခဲ့ရပြီး၊ ထိုဒေသရှိ မျောက်ပြာအုပ်စုတစ်ခုလုံး၏ အမွှေးများကို ကုန်သလောက်ပင် ဆွဲနှုတ်ခဲ့ခြင်း ဖြစ်သည်။ လျူယန်မှာ အလွန်ပင် ဝမ်းသာသွားသည်။ သူ၏ အရှိန်မှာ နောက်ထပ် တစ်ဆထပ်တိုးကာ ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။
သို့သော် သူ အနည်းငယ် ဇဝေဇဝါဖြစ်မိသည်မှာ အရှိန်မှာ ရှစ်ဆအထိ ရောက်နေပြီဖြစ်သော်လည်း စွမ်းရည်အဆင့်မှာ A+ အဆင့်တွင်သာ ရှိနေပြီး S အဆင့်သို့ မရောက်ရှိသေးခြင်းပင်။ S အဆင့် စွမ်းရည်တစ်ခု ရရှိရန်မှာ အမှန်တကယ်ပင် ခက်ခဲလှကြောင်း သူ သဘောပေါက်လိုက်သည်။
သူသည် ကျန်ရှိသော မျောက်အချို့ထံမှ အမွှေးများကို ဆက်လက်ထုတ်ယူသော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိတော့ပေ။ အသံအရှိန်၏ ရှစ်ဆမှာ လက်ရှိအချိန်တွင် အမြင့်ဆုံး ကန့်သတ်ချက်သို့ ရောက်သွားပုံရသည်။ သို့သော် လျူယန်မှာ စိတ်ပျက်မနေပါ။ ဤအရှိန်မှာပင် သူ၏ တိုက်ခိုက်နိုင်စွမ်းကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်ပြီ ဖြစ်သည်။
"ကဲ... အခုတော့ မျောက်အုပ်ကို ပြန်ရင်ဆိုင်ဖို့ အချိန်တန်ပြီ"
လျူယန်သည် တိုင်ကျိတောင်တန်း၏ အစပ်သို့ ပြန်လာကာ မုရုံရွှယ်နှင့် ချူလုံတို့ကို ရှာဖွေလိုက်သည်။ မုရုံရွှယ်မှာ အနားယူနေပြီး ချူလုံက ကင်းစောင့်နေသည်။
"ရှင် ပြန်မလာတာ ကြာတော့ တစ်ခုခုဖြစ်ပြီလားလို့ စိတ်ပူနေတာ၊ အခုလို ဘေးကင်းကင်း ပြန်လာတာ ဝမ်းသာပါတယ်"
ချူလုံက သက်ပြင်းချရင်း ဆိုသည်။
လျူယန်က ပြုံးလျက် ပြောလိုက်သည်။
'မုရုံရွှယ်ကို နှိုးလိုက်တော့... ငါ့ရဲ့ အရှိန်က အခုဆိုရင် အဲ့ဒီမျောက်အုပ်ကို ကိုင်တွယ်ဖို့ လုံလောက်သွားပြီ... ထိုက်ကျိတောင်တန်းကို ဖြတ်ကျော်ပြီး 'ယန်' နယ်မြေကို သွားဖို့ ပြင်ဆင်ကြစို့"
မကြာမီ မုရုံရွှယ် နိုးလာပြီး သူတို့ သုံးဦးသည် ရိုးရှင်းသော မနက်စာကို စားကာ တောင်တန်းအတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။ မုရုံရွှယ်က သိလိုစိတ်ဖြင့် မေးသည်။
"ဟေ့...နင် ဘယ်လိုလုပ်ပြီး အရှိန်တွေကို အဲ့လောက်မြန်အောင် လုပ်လိုက်တာလဲ.. နင်က ဘာလို့ ဒီလောက်တောင် စွမ်းနေရတာလဲ"
လျူယန်က ခပ်ပြုံးပြုံးဖြင့် စလိုက်သည်။
"ဒါကို ဒီတိုင်း ပြောပြလို့ မရဘူးလေ၊ တစ်ခုခု ပြန်ပေးရမှာပေါ့"
မုရုံရွှယ်မှာ ယခင်ညက အဖြစ်အပျက်ကို သတိရသွားကာ လျူယန်ကို မျက်စောင်းထိုးပြီး ဂရုမစိုက်သလို နေလိုက်သည်။ လျူယန်မှာတော့ သူ၏ SSS-အဆင့် ပါရမီအကြောင်းကို ဘယ်သူ့ကိုမှ ပြောပြ၍ မရနိုင်ကြောင်းသာ တွေးနေမိသည်။
နေဝန်းနီကြီး ထွက်ပေါ်လာချိန်တွင် သူတို့ သုံးဦး ထိုက်ကျိတောင်တန်း၏ အလယ်ဗဟိုသို့ ရောက်ရှိလာသည်။ ထိုစဉ် သူတို့၏ ရှေ့တွင် ရွှေရောင်အလင်းတန်းများ စူးရှစွာ ဖျာထွက်လာသည်။ အလင်းမှာ ပြင်းထန်လွန်းသဖြင့် သူတို့ သုံးဦးမှာ မျက်စိပင် မဖွင့်နိုင်လောက်အောင် ဖြစ်သွားရသည်။
လျူယန်သည် သူ၏ A-အဆင့် အာရုံခံစွမ်းရည် [အလုံးစုံသိမြင်သောအာရုံ] ကို အသုံးပြုကာ အာရုံခံလိုက်ရာ ရှေ့တွင် အလွန်ပင် အစွမ်းထက်သော အရှိန်အဝါတစ်ခုကို တွေ့ရှိလိုက်ရသည်။ ထိုအရှိန်အဝါမှာ သူ ယခင်က တွေ့ဖူးသမျှ သားရဲများထက် အဆပေါင်းများစွာ သာလွန်နေပြီး အဆင့်အတန်းချင်း လုံးဝ မတူညီပေ။
သူတို့ သုံးဦး အလင်းနှင့် အသားကျသွားချိန်တွင် ရှေ့၌ မတ်တပ်ရပ်နေသော ဧရာမ သားရဲကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ ၎င်း၏ တစ်ကိုယ်လုံးမှာ တောက်ပသော ရွှေရောင်ချပ်ဝတ်တန်ဆာများ ဖုံးလွှမ်းနေပြီး အလွန်ပင် ခန့်ညားထည်ဝါလှသည်။
စမတ်လက်ပတ်ကို စစ်ဆေးကြည့်ရာတွင်မူ အောက်ပါအချက်အလက်ကိုသာ ပြသတော့သည်။
[ရွှေဝတ်စုံဝတ် မျောက်ပြာကြီး]
ရာထူး: ထိုက်ကျိတောင်တန်း၏ အစောင့်အရှောက်
အချက်အလက်: မသိရှိရ
လျူယန်တို့ သုံးဦးလုံး မျက်နှာပျက်သွားကြသည်။ ဤထိုက်ကျိတောင်တန်းတွင် သာမန်မျောက်ပြာများအပြင် ဤမျှ အစွမ်းထက်သော အစောင့်အရှောက်ကြီး ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြပေ။