အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
အခန်း (၇၅) - အပေးအယူ၊ ယာယီကတိကဝတ်
ရွှေဝတ်စုံဝတ် မျောက်ပြာကြီးသည် လျူယန်ကို အံ့အားသင့်စွာ ကြည့်နေသည်။ ခဏလေးအတွင်းမှာပင် ဤလူသားမှာ အရှိန်များ သိသိသာသာ တိုးတက်လာပြီး ၎င်းနှင့် တန်းတူပင် ဖြစ်လာခဲ့သည်။ မိမိကိုယ်တိုင်ကပင် လျူယန်ကို ဤမျှမြန်ဆန်လာစေရန် အကြောင်းဖန်ပေးလိုက်မိသည်ကို မျောက်ပြာကြီး လုံးဝ ရိပ်မိမည်မဟုတ်ပေ။
ထိုစဉ် လျူယန်မှာ အခက်တွေ့နေသည်။ ဤအတိုင်း ဆက်တိုက်နေပါက နှစ်ဦးစလုံး အစွမ်းကုန် ကြိုးစားလျှင်ပင် အနိုင်အရှုံးပေါ်ရန် မလွယ်ကူကြောင်း သူသိသည်။ ဤသည်မှာ သူ လုံးဝ အနိုင်မတိုက်နိုင်သော ပထမဆုံးသော သားရဲကြီးပင် ဖြစ်သည်။
လျူယန် ဘာလုပ်ရမလဲ တွေးတောနေစဉ် သူ၏ [အရိပ်ဝံပုလွေ] မှာ ထွက်ပေါ်လာချင်နေကြောင်း အာရုံရလိုက်သည်။ ထို့ကြောင့် သူသည် လောင်းကြေးတစ်ခု ထပ်လိုက်ကာ အရိပ်ဝံပုလွေကို ထုတ်လွှတ်လိုက်သည်။ အရိပ်ဝံပုလွေမှာ [ရေခဲနှင့် မီးတောက် ဝံပုလွေခေါင်းနှစ်လုံး] အဖြစ် အသွင်ပြောင်းနိုင်သော်လည်း ၎င်း၏ တိုက်ခိုက်နိုင်စွမ်းမှာ လျူယန်ထက် နိမ့်ကျသဖြင့် မျောက်ပြာကြီးကို ယှဉ်နိုင်မည်မဟုတ်ပေ။ သို့သော် ၎င်းက တစ်စုံတစ်ခု လုပ်ဆောင်လိုနေခြင်း ဖြစ်သည်။
အရိပ်ဝံပုလွေ ထွက်လာပြီးနောက် ရွှေဝတ်စုံဝတ် မျောက်ပြာကြီးနှင့် ခေတ္တမျှ ဆက်သွယ်ပြောဆိုကြသည်။ ၎င်းတို့နှစ်ဦးစလုံးမှာ သားရဲများ ဖြစ်ကြသဖြင့် အချင်းချင်း နားလည်ကြသည်။ ခဏအကြာတွင် အရိပ်ဝံပုလွေက လျူယန်ကို ကြည့်ကာ မျောက်ပြာကြီး၏ သတင်းစကားကို ပြန်လည်ပြောပြသည်။
လျူယန်မှာ ဝံပုလွေစကားကို တိုက်ရိုက် နားမလည်သော်လည်း ၎င်းတို့ကြားရှိ ကတိကဝတ်နှင့် စိတ်ချင်းဆက်နွှယ်မှုကြောင့် ဆိုလိုရင်းကို ရိပ်မိလိုက်သည်။ အနှစ်ချုပ်မှာ - ရွှေဝတ်စုံဝတ် မျောက်ပြာကြီးသည် လက်ရှိတွင် မှော်ကျိန်စာတစ်ခု၏ ထိန်းချုပ်မှုကို ခံထားရပြီး ၎င်း၏ စွမ်းဆောင်ရည် ၉၀ ရာခိုင်နှုန်းမှာ ပိတ်ပင်ခံထားရခြင်း ဖြစ်သည်။ ၎င်းသည် အမြဲတမ်း ညှဉ်းပန်းနှိပ်စက်ခံနေရပြီး အလွန်ပင် နာကျင်နေရသည်။ အကယ်၍ ဤကျိန်စာသာ မရှိပါက လျူယန်ကို လွန်ခဲ့သော အချိန်ကတည်းက သတ်ဖြတ်ပြီးသား ဖြစ်လိမ့်မည်။
သို့သော် မျောက်ပြာကြီးက လျူယန်၏ ငယ်ရွယ်သောအသက်အရွယ်နှင့် ဤမျှအစွမ်းထက်မှုကိုတော့ အသိအမှတ်ပြု ချီးကျူးလိုက်သည်။
လျူယန်မှာ အလွန်ပင် အံ့အားသင့်သွားသည်။ ဤမျှပြင်းထန်သော အရှိန်အဝါမှာ စွမ်းအား ၉၀ ရာခိုင်နှုန်း အပိတ်ခံထားရသည့် အခြေအနေဖြစ်နေသည်လား။ အကယ်၍သာ မျောက်ပြာကြီးသာ စွမ်းအားအပြည့် ထုတ်သုံးနိုင်လျှင် သူသည် လုံးဝ ယှဉ်နိုင်မည်မဟုတ်ပေ။ ၎င်း၏ အချက်အလက်များ အားလုံး 'မသိရှိရ' ဖြစ်နေခြင်း၏ အကြောင်းရင်းကိုလည်း သူ အဖြေရသွားတော့သည်။ ဤမျောက်ပြာကြီးမှာ အဆင့်သတ်မှတ်ချက်များကို ကျော်လွန်နေသော တည်ရှိမှုမျိုးပင်။
လျူယန်သည် အကြံတစ်ခုရလာပြီး အရိပ်ဝံပုလွေမှတစ်ဆင့် အကြောင်းပြန်လိုက်သည်။ သူသည် ယခင်က သင်ယူခဲ့သော မှော်ပညာရပ်ဆိုင်ရာ သီအိုရီများကို အသုံးပြုကာ မျောက်ပြာကြီး၏ ကိုယ်ပေါ်ရှိ ကျိန်စာများကို အနည်းငယ် ဖယ်ရှားပေးနိုင်မည်ဖြစ်သည်။ အားလုံးကို မဖယ်ရှားနိုင်လျှင်ပင် ကျိန်စာ၏ ညှဉ်းပန်းမှုကို လျှော့ချပေးနိုင်မည်ဖြစ်ရာ မျောက်ပြာကြီးအတွက် အများကြီး သက်သာသွားစေမည်။
သို့သော် အပေးအယူတစ်ခု ရှိသည်။ ၎င်းမှာ နှစ်ဦးနှစ်ဖက် ယာယီကတိကဝတ်တစ်ခု လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး၊ မျောက်ပြာကြီးက လျူယန်တို့အဖွဲ့ကို ထိုက်ကျိတောင်တန်းမှ ဖြတ်ကျော်ကာ 'ယန်'နယ်မြေအတွင်းသို့ ပို့ဆောင်ပေးရမည်ဖြစ်သည်။ အကယ်၍ လျူယန်က ကျိန်စာကို ဖယ်ရှားပေးလိုက်ပြီးမှ မျောက်ပြာကြီးက စိတ်ပြောင်းကာ ပြန်တိုက်ခိုက်လျှင် သူတို့အတွက် ဘေးအန္တရာယ်ကြီးမားလှသဖြင့် ဤကတိကဝတ်မှာ မရှိမဖြစ် လိုအပ်သည်။
မျောက်ပြာကြီးသည် လျူယန်၏ ကမ်းလှမ်းချက်ကို အံ့အားသင့်စွာ စဉ်းစားနေသည်။ လျူယန်သည် အစွမ်းထက်ရုံသာမက ပြီးခဲ့သောညက ငွေရောင်မျောက်များကို စနောက်ခဲ့သော်လည်း တစ်ကောင်ကိုမျှ ထိခိုက်အောင် မလုပ်ခဲ့သဖြင့် ၎င်း၏စိတ်ထဲတွင် လျူယန်အပေါ် အထင်ကြီးလေးစားမှု အနည်းငယ် ရှိနေသည်။ နောက်ဆုံးတွင် မျောက်ပြာကြီးက သဘောတူလိုက်သည်။
လျူယန်မှာ ဝမ်းသာသွားပြီး အရိပ်ဝံပုလွေကို မုရုံရွှယ်နှင့် ချူလုံတို့ကို သွားခေါ်ခိုင်းလိုက်သည်။ ထို့နောက် မျောက်ပြာကြီးနှင့်အတူ ခရမ်းရောင် ခြောက်မြောင့်ပုံစံ ကတိကဝတ်တစ်ခုကို လက်မှတ်ရေးထိုးလိုက်ကြသည်။ ၎င်းမှာ ယာယီသာဖြစ်ပြီး အချိန်စေ့လျှင် သို့မဟုတ် ဖျက်သိမ်းလျှင် ပျောက်ကွယ်သွားမည့် 'အိမ်မွေးတိရစ္ဆာန်'ကတိကဝတ်မျိုး ဖြစ်သည်။
မကြာမီ မုရုံရွှယ်နှင့် ချူလုံတို့ ရောက်လာကြသည်။ သူတို့မှာ မျောက်ပြာကြီးကို မြင်ရုံနှင့်ပင် ကြောက်လန့်တုန်လှုပ်နေကြသော်လည်း လျူယန်နှင့် မျောက်ပြာကြီးမှာ အေးဆေးတည်ငြိမ်စွာ ရှိနေကြသဖြင့် ဇဝေဇဝါ ဖြစ်နေကြသည်။
"ငါ ဒီမျောက်ပြာကြီးနဲ့ သဘောတူညီချက် ရထားပြီ... သူက ငါတို့ကို ထိုက်ကျိတောင်တန်းရဲ့ လိုဏ်ဂူလမ်းကနေတစ်ဆင့် ယန်နယ်မြေကို လိုက်ပို့ပေးလိမ့်မယ်"
လျူယန်က ပြောလိုက်သည်။
"တကယ်လား... အဲ့ဒါဆိုရင်တော့ အရမ်းကောင်းတာပေါ့"
မိန်းကလေးနှစ်ဦးမှာ ဝမ်းသာအားရ ဖြစ်သွားကြသည်။
ရွှေဝတ်စုံဝတ် မျောက်ပြာကြီးသည် အခြားမျောက်များကို နေရာမှာတင် စောင့်ဆိုင်းရန် အမိန့်ပေးဟန်ဖြင့် ဟိန်းဟောက်လိုက်ပြီးနောက်၊ လျူယန်တို့အဖွဲ့ကို တောင်ကြားလမ်းတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။ ထိုလမ်းမှာ တောင်တန်းကြားရှိ သဘာဝအလျောက် ဖြစ်ပေါ်နေသော ကျောက်တုံးကြီးများကြားက အက်ကြောင်းတစ်ခုပင်။ ၎င်းမှာ လူများဖြတ်သန်းရန် လုံလောက်ရုံသာမက မျောက်ပြာကြီး၏ ဧရာမ ကိုယ်ထည်ကြီးမှာလည်း မနည်းတိုးဝှေ့ရသည့် အနေအထားမျိုး ဖြစ်သည်။
လမ်းတစ်လျှောက်တွင် မုရုံရွှယ်က လျူယန်အနားသို့ တိုးကပ်ကာ တိုးတိုးလေး မေးသည်။
"လျူယန်.. ရှင် ဒါကို ဘယ်လိုလုပ်လိုက်တာလဲ... သူက ဘာလို့ ရှင့်ကို မတိုက်တော့တာလဲ"
"ငါ့ရဲ့ အစွမ်းကြောင့်ပေါ့"
လျူယန်က တည်ငြိမ်စွာ ဖြေလိုက်သည်။
၎င်းမှာ အမှန်ပင်ဖြစ်သည်။ လျူယန်သာ မျောက်ပြာကြီးနှင့် သရေကျအောင် မတိုက်နိုင်ခဲ့ပါက မျောက်ပြာကြီးသည် ၎င်းနှင့် စကားပြောရန်ပင် အခွင့်အရေး ပေးမည်မဟုတ်ပေ။ အားလုံးမှာ အင်အားအပေါ် အခြေခံထားသည့် အပေးအယူများပင် ဖြစ်သည်။
မုရုံရွှယ်ကတော့ မယုံကြည်နိုင်ဟန်ဖြင့် လျူယန်ကို မျက်စောင်းထိုးလိုက်သော်လည်း၊ ချူလုံကမူ လျူယန်၏ မျက်လုံးများကို ကြည့်ကာ သူပြောသည်မှာ အမှန်တရားဖြစ်ကြောင်း ရိပ်မိနေလေတော့သည်။
အခန်း (၇၆) - အသက်ကယ်ရန် အခွင့်အရေးတစ်ခု
ချူလုံသည် လျူယန်ကို ကြည့်ရင်း စိတ်ထဲမှ တုန်လှုပ်နေမိသည်။
လျူယန်က တကယ်ပဲ ဒီလောက်တောင် သန်မာတာလား။
ယမန်နေ့ညက လျူယန်၏ လုပ်ရပ်များကို သူမ တွေးတောမိသည်။ လျူယန်သည် အချိန်တိုအတွင်းမှာပင် အရှိန်ရော ခွန်အားပါ သိသိသာသာ တိုးတက်လာခဲ့သည်။ ဤမျှ မြန်ဆန်လွန်းသော တိုးတက်မှုမှာ မယုံနိုင်စရာပင်။ သို့သော် လျူယန်သည် သူမ ယုံကြည်ရသော အသင်းဖော်တစ်ဦး ဖြစ်နေခြင်းက ကံကောင်းလှသည်။
ရွှေဝတ်စုံဝတ် မျောက်ပြာကြီး၏ ဦးဆောင်မှုဖြင့် လူသုံးဦးနှင့် သားရဲနှစ်ကောင်သည် ထိုက်ကျိတောင်တန်း၏ လိုဏ်ဂူလမ်းကို ဖြတ်ကျော်လာခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် မျောက်ပြာကြီးက တစ်ချက်တစ်ချက် ဟိန်းဟောက်နေသည်။
အရိပ်ဝံပုလွေမှတစ်ဆင့် လျူယန်က ရှင်းပြသည်။
"ဒီမျောက်ပြာကြီးက ဒီလိုဏ်ဂူလမ်းကို ဘယ်သူမှ ဖြတ်မသွားနိုင်အောင် စောင့်ကြပ်ဖို့ အမိန့်ပေးထားတာတဲ့... လုံလောက်တဲ့ အင်အားရှိတဲ့ 'နိုးထသူ' တွေရောက်လာရင်တော့ ဒီလမ်းကို သုံးရက်ကြာ ဖွင့်ပေးထားလိမ့်မယ်လို့ သူပြောနေတယ်"
"ဒါဆိုရင် ကျွန်မတို့ နောက်ကလူတွေက ဒီလမ်းကနေ ဘေးကင်းကင်း ဖြတ်သွားလို့ ရပြီပေါ့"
ချူလုံက သုံးသပ်သည်။
လျူယန်က ခေါင်းငြိမ့်လိုက်သည်။ သူသည် မျောက်ပြာကြီးနှင့် အပေးအယူလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ မှန်ကန်သည်ဟု တွေးမိသည်။ ထိုက်ကျိတောင်တန်းမှာ အလွန်ကျယ်ပြောပြီး လိုဏ်ဂူလမ်းမှာလည်း အတော်ပင် ရှည်လျားလှသည်။ သူတို့အဖွဲ့ တစ်နာရီကျော်ကြာ လမ်းလျှောက်ပြီးနောက်မှသာ လိုဏ်ဂူလမ်း၏ အဆုံးသို့ ရောက်ရှိခဲ့ကြသည်။
မျောက်ပြာကြီးက ရပ်တန့်ကာ လျူယန်ကို လှည့်ကြည့်သည်။ ၎င်းသည် လျူယန်၏ ကတိကို တောင်းဆိုနေခြင်း ဖြစ်သည်။ လျူယန်သည် ကတိအတိုင်း မျောက်ပြာကြီး၏ ကိုယ်ပေါ်ရှိ ကျိန်စာများကို ဖယ်ရှားပေးရန် ပြင်ဆင်လိုက်သည်။
ပထမဦးစွာ သူသည် ယာယီကတိကဝတ်ကို ဖျက်သိမ်းလိုက်သည်။ သို့သော် သူနှင့် မျောက်ပြာကြီးကြားတွင် အားနည်းသော ဆက်နွှယ်မှုတစ်ခု ကျန်ရှိနေသေးသည်ကို သူ ခံစားရသည်။ မျောက်ပြာကြီးကမူ ထိုအရာကို ဂရုမစိုက်ဘဲ ကျိန်စာဖယ်ရှားပေးရန် လောဆော်နေသည်။
လျူယန်သည် သူသင်ယူထားသော မှော်ပညာရပ်များကို အသုံးပြုကာ အစီအရင်ပစ္စည်းအချို့ဖြင့် ကျိန်စာဖယ်ရှားမှု စတင်လိုက်သည်။ အစိမ်းရောင် ခြောက်မြောင့်ပုံစံတစ်ခု ပေါ်ထွက်လာပြီး မျောက်ပြာကြီးကို ဝန်းရံသွားသည်။
ချက်ချင်းပင် မျောက်ပြာကြီးမှာ ကောင်းကင်တုန်ဟည်းမတတ် နာကျင်စွာ အော်ဟစ်တော့သည်။ လျူယန်တို့ သုံးဦးမှာ နားစည်ကွဲမတတ် ပြင်းထန်သော အသံကြောင့် နားများကို အမြန်ဖုံးထားလိုက်ရသည်။ ခဏအကြာတွင် အစီအရင် ပျောက်ကွယ်သွားပြီး မျောက်ပြာကြီး၏ မျက်နှာတွင် နာကျင်မှုများ ပျောက်ကွယ်ကာ ဝမ်းသာမှုတို့ဖြင့် ပြည့်နှက်သွားသည်။
"သူက အရမ်းကျေးဇူးတင်နေတာပဲ..."
လျူယန်က အရိပ်ဝံပုလွေမှတစ်ဆင့် သိလိုက်ရသည်။ လျူယန်သည် ကျိန်စာအားလုံးကို မဖယ်ရှားနိုင်သော်လည်း မျောက်ပြာကြီး၏ စွမ်းအားအချို့ကို ပြန်လည်ရရှိစေခဲ့ပြီး အဓိကအားဖြင့် နာကျင်မှုဝေဒနာများကို သိသိသာသာ လျှော့ချပေးနိုင်ခဲ့သည်။
ကျေးဇူးဆပ်သည့်အနေဖြင့် မျောက်ပြာကြီးက ပသိပေးလိုင်၏။
"နောင်တစ်ချိန်မှာ မင်းအန္တရာယ်ကြုံလာရင် ငါတို့ကြားက ကျန်ရှိနေသေးတဲ့ ဆက်နွှယ်မှုကနေတစ်ဆင့် ငါ့ကို တစ်ကြိမ်ခေါ် (ဆင့်ခေါ်) လို့ ရတယ်"
၎င်းမှာ လျူယန်အတွက် အလွန်တန်ဖိုးရှိသော 'အသက်ကယ် အခွင့်အရေး' တစ်ခုပင် ဖြစ်သည်။ သို့သော် ဤသို့ ဆင့်ခေါ်ရန်အတွက် လျူယန်သည် အဆင့်မြင့်သော 'အာကာသဆိုင်ရာ မှော်ပညာ'ကို သင်ယူရန် လိုအပ်မည်ဖြစ်သည်။ ထိုပညာရပ်များကို တာဝါတိုင်၏ အထက်ထပ်များတွင်သာ ရရှိနိုင်သော်လည်း လျူယန်ကတော့ ဤအခွင့်အရေးကို မှတ်သားထားလိုက်သည်။
"ကျေးဇူးပါပဲ... အချိန်လည်း လင့်နေပြီဆိုတော့ ငါတို့ သွားတော့မယ်၊ နောက်မှ ပြန်တွေ့ကြတာပေါ့"
လျူယန်က မျောက်ပြာကြီးကို နှုတ်ဆက်လိုက်သည်။
ရွှေဝတ်စုံဝတ် မျောက်ပြာကြီးသည် လူသားတစ်ယောက်ကဲ့သို့ လက်ယမ်းပြကာ နှုတ်ဆက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်း တောင်ကြားလမ်းအတိုင်း ပျောက်ကွယ်သွားသည်။ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်ကို မြင်လိုက်ရသည့် မုရုံရွှယ်နှင့် ချူလုံတို့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
"ဒီအရှိန်က ဘယ်လိုတောင် မြန်ရတာလဲ... မယုံနိုင်စရာပဲ"
ချူလုံက အံ့ဩစွာ ဆိုသလို၊ မုရုံရွှယ်လည်း ရေရွတ်လိုက်သည်။
"ဒီအရှိန်မျိုးနဲ့ဆိုရင် ဘယ်ရန်သူကမှ ခုခံနိုင်မှာ မဟုတ်ဘူး"
လျူယန်ကတော့ ပြုံးနေမိသည်။ သူကိုယ်တိုင်လည်း S-အဆင့် စွမ်းရည် [အသံအရှိန်၏ ဆယ့်ခြောက်ဆ] ကို ရရှိထားသဖြင့် ဤမျောက်ပြာကြီးထက် အနည်းငယ်သာ လျော့သော အရှိန်မျိုးကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ သို့သော် ၎င်းမှာ သူ၏ 'ဝှက်ဖဲ' ဖြစ်သဖြင့် မိန်းကလေးများကို ထုတ်မပြောခဲ့ပေ။
"ကဲ... ခရီးဆက်ကြစို့"
လျူယန်က တည်ငြိမ်စွာ ပြောလိုက်သည်။
ချူလုံက အချိန်ကိုကြည့်ကာ မေးလိုက်သည်။
"အခုက မွန်းတည့်ချိန်ဆိုတော့ 'ယန်' နယ်မြေမှာ သားရဲတွေ အသန်မာဆုံးအချိန်ပဲ၊ ခဏလောက် ပုန်းနေပြီးမှ သွားကြမလား"
"မလိုဘူး"
လျူယန်နှင့် မုရုံရွှယ်က တစ်ပြိုင်နက်တည်း အော်ပြောလိုက်ကြသည်။
လျူယန်က ပြုံးလိုက်၏။
"ငါတို့မှာ အင်အားအလုံအလောက် ရှိနေပြီပဲ... ပြီးတော့ အချိန်က နှစ်ရက်၊ သုံးရက်ပဲ ကျန်တော့တာဆိုတော့ 'ယန်' ကတ်ပြားတွေ ရအောင် အမြန်သွားကြစို့"
ထို့နောက် သူတို့ သုံးဦးသည် 'ယန်' နယ်မြေအတွင်းသို့ ရဲဝံ့စွာ ခြေလှမ်းလှမ်းဝင်ခဲ့ကြလေတော့သည်။