← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း။ ၁၂၃

"လိပ်ကြီး လာ... ဒါလေး စားလိုက်ဦး"

ကုယွမ်သည် တုံ့ဆိုင်းမနေဘဲ တန်ဖိုးကြီးလှသော ဝတ်ရုံနီ လင်ဇီးကို ပစ်ပေးလိုက်ရာ လိပ်ကြီးက တစ်လုပ်တည်းနှင့် ဖမ်းယူလိုက်သည်။

၎င်းသည် ကုယွမ့်ကို ကျေးဇူးတင်သော အမူအရာဖြင့် တစ်ချက်ကြည့်ပြီးနောက် ပါးစပ်ကို အသာအယာ လှုပ်ရှားလျက် လင်ဇီးပင်ကို ဝါးစားကာ ဗိုက်ထဲသို့ မျိုချလိုက်တော့သည်။

ထို့နောက်တွင်မူ လိပ်ကြီးသည် သူ၏ ဦးခေါင်းကို အခွံထဲသို့ ပြန်လည် ရုပ်သိမ်းလိုက်ပြီး ဆေးစွမ်းအင်များကို တိတ်ဆိတ်စွာ စုပ်ယူဖြည့်တင်းနေသည်။

ကုယွမ်သည်လည်း ဘာမျှမပြောဘဲ ထိုနေရာမှာပင် ငြိမ်သက်စွာ ရပ်စောင့်နေမိသည်။ ယနေ့တွင် လိပ်ကြီးထံ၌ ထူးခြားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်တော့မည်ဟု သူ ကြိုတင် ခံစားနေရသည်။

နာရီဝက်ခန့် တိတ်ဆိတ်စွာ စောင့်ဆိုင်းပြီးနောက် လိပ်ကြီး၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် အနက်ရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်ကို ကုယွမ် ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

ထိုအလင်းတန်းအောက်တွင် လိပ်ကြီး၏ အရွယ်အစားနှင့် အသွင်အပြင်မှာ အနည်းငယ် ပြောင်းလဲလာတော့သည်။

ဂျွတ်... ဂျွတ်...

အရိုးများ ပွတ်တိုက်သံကဲ့သို့ အသံတိုးတိုးလေးများမှာ လိပ်ကြီး၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်ရှိ အခွံများမှာ ပိုမို ထူထဲလာပြီး အရေပြားပေါ်မှ အရိုးအတက်များမှာလည်း အရောင်ပိုရင့်လာကာ ကြိတ်ဆုံခဲခန့်သာ ရှိသော ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်း ကြီးမားလာတော့သည်။

၎င်း၏ ကျောပေါ်မှ ဆန်းကြယ်သော ပုံစံများမှာလည်း ပိုမို ထူးခြားလာပြီး တစ်စုံတစ်ရာသော လျှို့ဝှက်ချက်များ ကိန်းအောင်းနေသကဲ့သို့ ရှိနေသည်။ တစ်ချက် ကြည့်လိုက်ရုံနှင့်ပင် ခေါင်းထဲ၌ မူးဝေသွားစေနိုင်သည်။

လိပ်ကြီး၏ အသွင်ပြောင်းလဲမှုမှာ နာရီဝက်မက ကြာမြင့်ခဲ့သည်။ အားလုံး ပြီးဆုံးသွားသည့်အခါ ကုယွမ်သည် သူ၏ရှေ့မှောက်ရှိ အနက်ရောင် သံချပ်ကာ ဝတ်ဆင်ထားသကဲ့သို့ဖြစ်နေသော လိပ်ကြီးကို ကြည့်ကာ အံ့အားသင့်သွားရသည်။

သူ၏ရှေ့မှ လိပ်ကြီးမှာ ယခင်ကထက် အဆပေါင်းများစွာ ကြီးမားလာပြီး အိမ်တစ်လုံးနီးပါးပင် ရှိနေတော့သည်။

ခန္ဓာကိုယ်ပေါ်မှ အရိုးအတက်များမှာ ပိုမို ထူထဲလာပြီး အထူးသဖြင့် ဦးခေါင်းပေါ်မှ ဦးချိုအတိုလေးမှာ လှံဖျားကဲ့သို့ ထက်မြက်လှသဖြင့် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များကို ဆောင်ကြဉ်းပေးနေသည်။

ရှဲ... ရှဲ...

ရေကန်ထဲမှ ရေများမှာလည်း လျှံထွက်ကာ မြေပြင်ပေါ်သို့ စီးကျကုန်သည်။ တစ်ချိန်က ကျယ်ဝန်းသည်ဟု ထင်ရသော ရေကန်မှာ ယခုအခါ လိပ်ကြီးအတွက် ကျဉ်းမြောင်းလွန်းနေပြီ ဖြစ်သည်။

[အနက်ရောင် သံချပ်ကာ လိပ် (အပြာရောင်)]

[ဖော်ပြချက်:နတ်ဘုရားလိပ် မျိုးနွယ်စု၏ သွေးစအနည်းငယ် ပါရှိသော ဝိညာဉ်လိပ် ဖြစ်ပြီး အလွန် ရှည်လျားသော သက်တမ်းနှင့် ပြင်းပြသော အသက်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ၎င်း၏ အခွံမှာ သံနက်ကဲ့သို့ မာကျောပြီး ကာကွယ်ရေး အလွန်ကောင်းမွန်ကာ ဉာဏ်ပညာလည်း မြင့်မားသည်။ အနက်ရောင် သံချပ်ကာ ဝိညာဉ်လိပ်အဖြစ်သို့ ဆင့်ကဲပြောင်းလဲရန်အတွက် အရွယ်ရောက်ပြီးသော အဆင့်သို့ ရောက်ရှိရန် လိုအပ်ပြီး တာအိုအနှစ်သာရ အမှတ် ၁၂၀၀ စားသုံးရန် လိုအပ်သည်]

[အခြေအနေ:ပုံမှန်]

[အဆင့်:အရွယ်ရောက်ပြီးသော အဆင့်]

...

"ကြီးထွားမှုအဆင့်နဲ့ အရွယ်ရောက်ပြီးတဲ့အဆင့်က ဒီလောက်တောင် ကွာခြားတာလား"

အိမ်တစ်လုံးနီးပါး ကြီးမားပြီး ဆင်တစ်ကောင်နှင့်ပင် ယှဉ်နိုင်သော လိပ်ကြီးကို ကြည့်ကာ ကုယွမ်မှာ ပါးစပ်ပင် အဟောင်းသား ဖြစ်သွားရသည်။

"မဟုတ်ဘူး... ဒါက လိပ်ကြီးရဲ့ မျိုးရိုးသွေးနဲ့လည်း ဆိုင်လိမ့်မယ်"

ကုယွမ်သည် လိပ်ကြီး၌ နတ်ဘုရားလိပ် သွေးစ ပါဝင်သည်ကို ပြန်လည် သတိရလိုက်မိသည်။ ဒဏ္ဍာရီများအရ နတ်ဘုရားလိပ်ကြီးများမှာ နတ်ဘုရားတောင်များကို ကျောပေါ်တွင် ထမ်းပိုးလျက် သမုဒ္ဒရာများအတွင်း လှည့်လည်သွားလာနိုင်သည်ဟု ပြောကြသည်။

ယခု အရှေ့ပင်လယ် ကျင့်ကြံရေးလောကတွင်ပင် ကျွန်းတစ်ခုမှာ လိပ်ကြီးတစ်ကောင်၏ ကျောပေါ်တွင် ရှိနေသည်ဟု ပြောကြသည်။ လိပ်ကြီးတွင် ထိုမျိုးရိုးသွေး ပါဝင်နေသဖြင့် ဤမျှ ကြီးမားသွားခြင်းမှာ မဆန်းလှပေ။

သို့သော် အားဟွမ်နှင့် ပါးစပ်ကြီးတို့မှာလည်း အပြာရောင်အဆင့် တူညီကြသော်လည်း လိပ်ကြီးနှင့် ယှဉ်လျှင်မူ အလွန်ပင် ကွာခြားလှသည်။ လိပ်ကြီးမှာ မြေပြင်ပေါ်တွင် ဝပ်နေရုံနှင့်တင် တည်ငြိမ်ပြီး ခန့်ညားလှသော အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။

ရာစုနှစ်ချီ၍ လေဒဏ်မိုးဒဏ်ကို ခံနိုင်ရည်ရှိသော တောင်ကြီးတစ်တောင်ကဲ့သို့ပင်။

"ဒီလောက်ကြီးမားတဲ့ လိပ်ကြီးကသာ နောက်ထပ်တစ်ဆင့် ထပ်ပြီး ဆင့်ကဲပြောင်းလဲသွားဦးမယ်ဆိုရင်... ဘယ်လိုပုံစံမျိုးတောင် ဖြစ်လာမှာလဲ။ အခုအခြေအနေနဲ့တင် သာမန်လူတွေသာ မြင်သွားကြရင်တော့... ဒါက မြစ်စောင့်နတ်မင်းပဲ ဒါမှမဟုတ် ဝိညာဉ်လိပ်ကြီးပဲဆိုပြီး ဝိုင်းဝန်းကိုးကွယ်ကြမှာကတော့ မြေကြီးလက်ခတ်မလွဲပဲ..."

မူ...

လိပ်ကြီးသည် ကုယွမ်၏ စိတ်မအေးဖြစ်နေမှုကို သိရှိပုံရပြီး နွားအော်သံနှင့် တူသလို ကျားဟိန်းသံနှင့်လည်း ဆင်တူသော၊ ခံ့ညားထည်ဝါမှု အပြည့်ပါဝင်သည့် အသံတိုးတိုးလေးကို ထုတ်ဖော်လိုက်သည်။

ထိုအသံမှာ မကျယ်လောင်သော်လည်း အားဟွမ်မှာ ထိတ်လန့်သွားကာ ဝမ်းဗိုက်နှင့် မြေပြင်ကို ကပ်လျက် ဘေးသို့ ခုန်ထွက်ကာ ထွက်ပြေးရန် ပြင်တော့သည်။ ဘာဖြစ်သည်ကို သေချာ သိသွားသည့်အခါမှသာ အားဟွမ်မှာ ရပ်တန့်သွားတော့သည်။

သူ၏ ထိတ်လန့်နေမှုကို ကုယွမ် မြင်သွားမှန်း သိလိုက်ရသောအခါ အားဟွမ်မှာ ဒေါသလည်းထွက်ကာ ရှက်လည်းရှက်သွားပြီး လိပ်ကြီး၏ ဘေးသို့သွားကာ မကျေမနပ်နှင့် တကျီကျီ အော်ဟစ်၍ မေးမြန်းနေတော့သည်။

"ကဲပါ... လိပ်ကြီးက တမင်လုပ်တာ မဟုတ်ပါဘူး။ ပြီးတော့ မင်းကလည်း ဘာလို့ ဒီလောက်တောင် သူရဲဘောကြောင်နေရတာလဲ။ ဟိုဘက်မှာ သွားထိုင်နေတော့"

ကုယွမ်က အားဟွမ်ကို ပွေ့ချီလိုက်ပြီး ဆူပူနေခြင်းကို ရပ်တန့်ရန် ခေါင်းကို အသာအယာ ပုတ်ပေးလိုက်သည်။ ထို့နောက် သူ၏ စိတ်ကို စုစည်းလိုက်ရာ ဝိညာဉ်သားရဲစနစ်မှာ သူ၏မျက်မှောက်၌ ပေါ်လာတော့သည်။

[တာအိုအနှစ်သာရ အမှတ် ၁၂၀၀ ကို အသုံးပြု၍ အနက်ရောင် သံချပ်ကာ လိပ်ကို အနက်ရောင် သံချပ်ကာ ဝိညာဉ်လိပ်အဖြစ် ဆင့်ကဲပြောင်းလဲမလား။

အတည်ပြုရန်/ငြင်းပယ်ရန်]

ကုယွမ်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

"အတည်ပြုမယ်"

ထိုစကားအဆုံးတွင် သူ၏ အမှတ်စာရင်းထဲမှ တာအိုအနှစ်သာရ အမှတ် ၁၂၀၀ မှာ အလိုအလျောက် နှုတ်ယူခြင်း ခံလိုက်ရသည်။ လိပ်ကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးကို ဖြူစင်သော အဖြူရောင် အလင်းတန်းတစ်ခုက လွှမ်းခြုံသွားတော့သည်။

ဤအဖြူရောင် အလင်းတန်းမှာ ကျောက်စိမ်းကဲ့သို့ ကြည်လင်ပြီး တက်ကြွလှသော အသက်

ဓာတ်နှင့် စွမ်းအားများ ပြည့်နှက်နေသည်။

စွမ်းအားအမျှင်တန်းလေးများသည် လိပ်ကြီး၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားကြသည်။ အလင်းတန်းများအောက်တွင် လိပ်ကြီးသည် မျက်လုံးများကို မှိတ်ထားပြီး ခြေလက်များကို မြေပြင်ပေါ်တွင် အသာအယာချလျက် အိပ်မောကျသွားကာ စွမ်းအားများကို စုပ်ယူနေတော့သည်။

"ဒီအဖြူရောင် အလင်းတန်းက..."

ကုယွမ်၏ ရင်ထဲတွင် လှုပ်ရှားသွားရသည်။ ယခင်က အားဟွမ်နှင့် ပါးစပ်ကြီးတို့ကို အဆင့်

မြှင့်တင်စဉ်ကလည်း ဤအလင်းတန်းမှာ အကြိမ်ကြိမ် ပေါ်လာဖူးသည်။

ဤအလင်းတန်းသည် ဝိညာဉ်သားရဲများအတွက် အလွန်ပင် အကျိုးရှိပြီး သူတို့၏ မျိုးရိုးဗီဇနှင့် မျိုးစိတ်ကန့်သတ်ချက်များကို ကျော်လွန်စေကာ ထူးခြားသော အသွင်ပြောင်းလဲမှုများကို ဖြစ်ပေါ်စေကြောင်း ထင်ရှားလှသည်။

ယခုအခါ ကုယွမ်သည် ဓားနှလုံးသားပါရမီကို ပိုင်ဆိုင်ထားသဖြင့် ဝိညာဉ်အာရုံခံစားမှုမှာ အလွန်ပင် ထက်မြက်လှသည်။

သူသည် ပြင်ပလောကမှ အရာများစွာကို သာမန်လူများ မမြင်နိုင်သည့်တိုင် ခံစားသိရှိနိုင်သည်။ ထိုအဖြူရောင် အလင်းတန်းထဲတွင် ကြွယ်ဝသော အသက်ဓာတ်များအပြင် ဆန်းကြယ်သော အသွင်ပြောင်းစွမ်းအားများ ကိန်းအောင်းနေသည်ကို သူ အာရုံခံမိသည်။

ကျွီ... ကျွီ

ဘေးနားရှိ အားဟွမ်သည်လည်း အဖြူရောင် အလင်းတန်း၏ အကျိုးကျေးဇူးကို သိရှိပုံပင်။ ၎င်း၏ မျက်လုံးများမှာ ဟိုဟိုဒီဒီ ဝေ့ဝဲသွားပြီးနောက် အလင်းတန်းအနားသို့ ကပ်လျက် စွမ်းအားအချို့ကို ရယူရန် ကြိုးစားတော့သည်။

သို့သော် ကုယွမ်က အမိအရ ဖမ်းဆီးပြီး ဘေးသို့ ပစ်ထုတ်လိုက်သည်။

"ထွက်သွားစမ်း မင်း ထပ်ပြီး ပြဿနာရှာနေမယ်ဆိုရင် နှံစားပြောင်းဝါ ဆေးလုံးတစ်လုံးမှ ရမှာမဟုတ်ဘူးနော်"

ကျွီ…..

အားဟွမ်မှာ မကျေမနပ်ဖြင့် ခြံထောင့်ရှိ အပေါက်တစ်ခုထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။ တစ်နေရာသို့ သွားကစားနေတာလား သို့မဟုတ် ဝိညာဉ်ဆေးပင်များ သွားရှာနေသလားဆိုသည်ကိုတော့ မည်သူမျှ မသိနိုင်ပေ။

နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ လိပ်ကြီး၏ ကိုယ်ပေါ်မှ အဖြူရောင် အလင်းတန်းများမှာ နောက်ဆုံးတွင် ပျောက်ကွယ်သွားကာ အသွင်ပြောင်းလဲမှု ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ယခုအခါ လိပ်ကြီးမှာ ယခင်ကထက် သိသိသာသာ ပိုမိုကြီးမားလာပြီး ခြံဝင်း၏ တစ်ဝက်နီးပါးကို နေရာယူထားတော့သည်။

သူ၏ အရှိန်အဝါမှာလည်း ပိုမို ခန့်ညားထည်ဝါပြီး နက်ရှိုင်းလှသည်။ လိပ်ကြီး၏ ရှေ့တွင် ရပ်နေရုံနှင့်ပင် ကုယွမ်မှာ အနည်းငယ်သော ဖိအားကို ခံစားနေရသည်။

ထို့အပြင် လိပ်ကြီး၏ သံချပ်ကာမှာ ယခင်ကကဲ့သို့ မီးခိုးရောင် မဟုတ်တော့ဘဲ နက်မှောင်သော အနက်ရောင်အဖြစ် ပြောင်းလဲသွားကာ ကျောက်စိမ်းကဲ့သို့ အလင်းတန်းများပင် ထွက်ပေါ်နေသည်။

ကျောပေါ်မှ ဆန်းကြယ်သော ပုံစံများမှာလည်း နက်မှောင်သော အစိမ်းရောင်သို့ ပြောင်းလဲသွားပြီး ရှေးဟောင်း စာပေများ သို့မဟုတ် နတ်ဘုရား စာသားများနှင့် တူညီနေတော့သည်။

အထူးသဖြင့် ဦးခေါင်းပေါ်မှ လှံဖျားနှင့်တူသော ဦးချိုမှာ အနက်ရောင် အလင်းတန်းများ မှိန်ဖျော့ဖျော့ ထွက်ပေါ်နေပြီး အန္တရာယ်ရှိသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

[ဆင့်ကဲပြောင်းလဲမှု အောင်မြင်သည်။ အနက်ရောင် သံချပ်ကာ ဝိညာဉ်လိပ်ကို ရရှိခဲ့သည်]

[အနက်ရောင် သံချပ်ကာ ဝိညာဉ်လိပ် (အနီရောင်)]

[ဖော်ပြချက်:နတ်ဘုရားလိပ် မျိုးရိုးဗီဇ တစ်စိတ်တစ်ပိုင်း ပါဝင်သော ဝိညာဉ်လိပ် ဖြစ်ပြီး ထာဝရ သက်တမ်းနှင့် ကြွယ်ဝသော အသက်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ၎င်း၏ အခွံမှာ အလွန် မာကျောပြီး ကာကွယ်ရေး အလွန်မြင့်မားကာ ထူးခြားသော ဉာဏ်ပညာကို ပိုင်ဆိုင်

ထားသည်

အထူးသဖြင့် ဤလိပ်ကြီးသည် နတ်ဘုရားလိပ် မျိုးနွယ်စု၏ ပါရမီဖြစ်သော "ဝိညာဉ်လိပ်၏ နက်ရှိုင်းသော ချောက်ကမ္ဘာ" ကို နိုးထစေခဲ့သည်။ ၎င်းသည် ရေဓာတ်နှင့် သက်ဆိုင်သော ပါရမီဖြစ်ပြီး နှစ်ပေါင်းထောင်ချီ၍ ချောက်နက်ထဲတွင် အိပ်စက်ကာ ကောင်းကင်နှင့် သဘာဝတရားကို အာရုံခံနိုင်သည်]

[နက်မှောင်သော လျှို့ဝှက်လိပ်အဖြစ်သို့ ဆင့်ကဲပြောင်းလဲရန်အတွက် အရွယ်ရောက်ပြီးသော အဆင့်သို့ ရောက်ရှိရန် လိုအပ်ပြီး တာအိုအနှစ်သာရ အမှတ် ၁၂၀၀၀ စားသုံးရန် လိုအပ်သည်]

[အခြေအနေ:ပုံမှန်]

[အဆင့်:ကြီးထွားမှုအဆင့် (၁%)]

အခန်း။ ၁၂၄

[သင်သည် အနက်ရောင် သံချပ်ကာ ဝိညာဉ်လိပ်၏ ပါရမီဖြစ်သော ဝိညာဉ်လိပ်၏ နက်ရှိုင်းသော ချောက်ကမ္ဘာကောင်းချီးကို ရရှိလိုက်ပြီ ဖြစ်သည်]

...

"ဝိညာဉ်လိပ်၏ နက်ရှိုင်းသော ချောက်ကမ္ဘာ"

ကုယွမ်သည် စာအုပ်များထဲတွင် ဖတ်ဖူးခဲ့သော မှတ်တမ်းအချို့ကို ပြန်လည် စဉ်းစားမိလိုက်သည်။

ဝိညာဉ်လိပ်နှင့် ဝိညာဉ်လိပ်ကြီးများကဲ့သို့သော မျိုးစိတ်များသည် ထူးခြားသော မျိုးနွယ်စုဆိုင်ရာ ပါရမီများကို ပိုင်ဆိုင်ထားကြသည်ဟု ပြောကြသည်။

သူတို့သည် နတ်ဘုရားကျားများ သို့မဟုတ် နဂါးစစ်စစ်များကဲ့သို့ သတ်ဖြတ်နိုင်စွမ်း မရှိသော်လည်း သူတို့၏ သက်တမ်းမှာမူ လူသားများနှင့် အခြားမျိုးစိတ်များထက် အဆပေါင်း ဆယ်ချီ၊ ရာချီ၍ ပိုမို ရှည်လျားကြသည်။

ထို့အပြင် ကျင့်ကြံခြင်းအပိုင်းတွင်လည်း သူတို့၌ ထူးခြားသော ဝိသေသများ ရှိနေကာ သူတို့သည် သမုဒ္ဒရာ ချောက်နက်များထဲတွင် ပုန်းအောင်းကာ နှစ်ပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ အိပ်စက်နေရင်း ကောင်းကင်နှင့် မြေပြင်၏ မဟာတာအိုတရားများကို ဆင်ခြင်သုံးသပ်နိုင်ကြသည်။

ဤသို့ဖြင့် သူတို့၏ သွေးသားမျိုးရိုးကို အစဉ်မပြတ် ပြောင်းလဲကာ တိုးတက်စေကြသည်။

လူသားများသည် ကျင့်ကြံခြင်းတွင် အဆင့်တက်ရန် အခက်အခဲ အမျိုးမျိုးနှင့် ရင်ဆိုင်ရလေ့ရှိသော်လည်း ဝိညာဉ်လိပ်ကဲ့သို့ သတ္တဝါများမှာမူ ထိုကဲ့သို့သော အတားအဆီးမျိုးနှင့် ကြုံရခဲလှသည်။

သူတို့သည် အိပ်စက်ရုံမျှဖြင့် အိပ်မက်ထဲတွင်ပင် အဆင့်သစ်တစ်ခုသို့ မသိမသာ ကူးပြောင်းသွားနိုင်ကြသည်။ ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသည်နှင့် သူတို့သည် သဘာဝအလျောက်ပင် ကောင်းကင်ဘုံလူသားနယ်ပယ်သို့ ရောက်ရှိခြင်း သို့မဟုတ် အဆင့်မြင့် မိစ္ဆာဝိညာဉ်များ ဖြစ်လာကြစမြဲပင်။

အိပ်လိုက်၊ စားလိုက်ရုံဖြင့် မဟာမိစ္ဆာကြီးတစ်ကောင် ဖြစ်လာနိုင်ခြင်းမှာ မည်မျှ ကံကောင်းပြီး အစွမ်းထက်သော ပါရမီပါတကား အကယ်၍ သူတို့သာ မိစ္ဆာကျင့်စဉ်များကိုပါ ရရှိခဲ့မည်ဆိုပါက သူတို့၏ ကြီးထွားမှုမှာ ပိုမိုမြန်ဆန်ပြီး ပိုမိုသန်မာလာမည်မှာ သေချာလှသည်။

"ဒီ ဝိညာဉ်လိပ်၏ နက်ရှိုင်းသော ချောက်ကမ္ဘာပါရမီက ငါ့ကိုလည်း ဝိညာဉ်လိပ်ကြီးတစ်ကောင်လို ရေထဲမှာ ပုန်းအောင်းပြီး သဘာဝတရားကို ဆင်ခြင်ရုံနဲ့ တက်ကြွစွာ ကျင့်ကြံနေစရာမလိုဘဲ တာအိုအခြေခံနဲ့ ရွှေရောင်အမြုတေ အဆင့်တွေကို ရောက်စေမှာလား"

ဤသို့တွေးတောရင်း ကုယွမ်သည် ခေါင်းကို ခါယမ်းကာ ထိုယူဆချက်ကို ပယ်ဖျက်လိုက်သည်။ အနက်ရောင် သံချပ်ကာ ဝိညာဉ်လိပ်၏ ဖော်ပြချက်ထဲတွင် ပါရှိသော ဤပါရမီသည် ငါးပါးသော ဓာတ်ကြီးများအနက် ရေဓာတ်နှင့် လိုက်လျောညီထွေရှိသည်ဟူသော စာသားကို ကြည့်ရင်း သူ ဆက်လက် စဉ်းစားမိသည်။

"ဒါမှမဟုတ် ဒီပါရမီက ငါ့ကို ထူးခြားတဲ့ ရေဓာတ်ပိုင်ဆိုင်တဲ့ ခန္ဓာကိုယ်မျိုး ပေးအပ်မှာလား"

ထိုသို့ ခန့်မှန်းနေစဉ်မှာပင် ကုယွမ်သည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာသည်ကို အာရုံခံမိလိုက်သည်။

အရေပြား၊ ကြွက်သားနှင့် ကိုယ်တွင်းအင်္ဂါများမှာ ပြင်းထန်စွာ တုန်ခါလာပြီး အရိုးများမှာလည်း တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိကာ သွားကျိန်းစရာကောင်းသော ကောက်... ကောက်ဟူသော အသံများ ထွက်ပေါ်လာသည်။

ဤခဏတွင် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှာ ထူးခြားသော ပေါင်းစပ်မှု၊ ညှိနှိုင်းမှုနှင့် အသွင်ပြောင်းလဲမှုများကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။

သူ၏ အရေပြား၊ အသား၊ အကြော၊ အရိုး၊ ကိုယ်တွင်းအင်္ဂါနှင့် ခြင်ဆီများမှာ တစ်ခါတစ်ရံ ထုံကျင်ခြင်း၊ ယားယံခြင်း သို့မဟုတ် နာကျင်ခြင်းတို့ကို ခံစားရကာ ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများနှင့် မကိုက်ညီသော ဒြပ်စင်များမှာ ဖယ်ရှားခြင်း ခံလိုက်ရသည်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ သံရိုင်းတုံးတစ်တုံးကို အကြိမ်ကြိမ် ထုနှက်ပုံဖော်နေသကဲ့သို့ အဆင့်ဆင့် သန့်စင်ခြင်း ခံနေရခြင်းပင်။

ကုယွမ်သည် ဝိညာဉ်သားရဲ ငါးကောင်ကို မွေးမြူထားပြီး ဖြစ်ရာ ပါရမီအမျိုးမျိုးကိုလည်း ရရှိထားပြီး ဖြစ်သည်။

ဥပမာအားဖြင့် ကြွက်နှာခေါင်း၊ သံမဏိသွား၊ အဆိပ်တစ်ရာ မတိုးခြင်း၊ မြွေရစ်ပတ်ခြင်း၊ လိပ်သက်ပြင်း၊ ရတနာရှာဖွေခြင်း၊ ဝိညာဉ်ဝါးမျိုခြင်းနှင့် ဓားနှလုံးသား အစရှိသည်တို့ ဖြစ်သည်။ ထို့ကြောင့် ကုယွမ်သည် ကျင့်ကြံခြင်းတွင် အခြားသော အဆင့်တူသူများထက် ပိုမိုနက်ရှိုင်းသော အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားသည်။

သို့သော် ယခုအခါတွင်မူ ကုယွမ်သည် ထိုပါရမီများမှာ တစ်ခုနှင့်တစ်ခု သီးခြားစီ ဖြစ်နေပြီး ပေါင်းစပ်မှု မရှိသေးသည်ကို သတိပြုမိလိုက်သည်။

အချင်းချင်း လိုက်လျောညီထွေ အရှိဆုံးဖြစ်သော သံမဏိသွားနှင့် မြွေရစ်ပတ်ခြင်း၊ သို့မဟုတ် သံမဏိအရိုးနှင့် နုညံ့သောအကြောများပင်လျှင် အမှန်တကယ် ပေါင်းစည်းမှု မရှိခဲ့ပေ။

သို့သော် ယခုခဏတွင် ဓားနှလုံးသား ပါရမီမှအပ ကျန်ရှိသော ပါရမီအားလုံးမှာ ဤအသွင်

ပြောင်းလဲမှုအတွင်း စတင်ပေါင်းစည်းလာကြသည်။

ထိုပါရမီများသာမက သူ လေ့ကျင့်ခဲ့သော ဝိညာဉ်မြွေ ဓားသိုင်း၊ မိုးမခ ဓားသိုင်း၊ အသက်နှုတ် ဓားကျိန်စာ၊ ရွှေမြွေ ချီစွမ်းအင်ဝါးမျိုကျင့်စဉ်၊ လိပ်နက် သံချပ်ကာ ကျင့်စဉ်၊ ကျားနက် လက်သီးနှင့် အခြားသော နည်းစနစ်များ အားလုံးမှာလည်း အတူတကွ ပေါင်းစည်းသွားတော့သည်။

ဥပမာအားဖြင့် လိပ်နက် သံချပ်ကာ ကျင့်စဉ်နှင့် ရွှေမြွေ ချီစွမ်းအင်ဝါးမျိုကျင့်စဉ်တို့ ပေါင်းစပ်သွားခြင်းကြောင့် သူ၏ ခန္ဓာကိုယ်မှာ အလွန်အမင်း သန်မာလာရုံတင်မကဘဲ မာကျောမှုကြားတွင် နုညံ့မှု၊ နုညံ့မှုကြားတွင် မာကျောမှုတို့ ကိန်းအောင်းလာခဲ့သည်။

သူ၏ ချီစွမ်းအင်များမှာလည်း ရေဓာတ်အခြေခံဖြစ်နေဆဲ ဖြစ်သော်လည်း ယခုအခါတွင်မူ အဆုံးမရှိသည့် ခိုင်မာလှသော အရည်အသွေးများ ပါဝင်လာသည်။

ခန္ဓာကိုယ် အသွင်ပြောင်းလဲမှုအပြင် ကုယွမ်၏ စိတ်ဓာတ်နှင့် ဝိညာဉ်မှာလည်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ သူသည် သူ၏ ခန္ဓာကိုယ်ကို အာရုံခံစားနိုင်စွမ်း တဖြည်းဖြည်း လျော့နည်းလာသည်။

ဝေဝေဝါးဝါး အခြေအနေတွင် သူသည် တောင်ကြီးတစ်တောင်ကဲ့သို့ ကြီးမားလှသော လိပ်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်း၏ ကျောခွံမှာ ကျောက်စိမ်းကဲ့သို့ မည်းနက်နေပြီး ပုံစံများမှာလည်း ရွှေရောင်များကဲ့သို့ တောက်ပနေသည်။

ထိုဧရာမ လိပ်ကြီးမှာ နက်ရှိုင်းလှသော သမုဒ္ဒရာ ချောက်နက်ကြီးအတွင်းရှိ ကျောက်ဆောင်ကြီးတစ်ခုပေါ်တွင် ငြိမ်သက်စွာ ဝပ်နေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှောင်အတိကျနေပြီး အမျိုးအမည်မသိသော ပင်လယ်မိစ္ဆာများနှင့် ငါးကြီးများ လှည့်လည်သွားလာနေကြသည်။ ရေ၏ ဖိအားမှာ သံမဏိကိုပင် ပြားသွားစေနိုင်လောက်အောင် ပြင်းထန်သော်လည်း ထိုလိပ်ကြီးမှာမူ မည်သည့် အနှောင့်အယှက်မျှ မရှိဘဲ အေးချမ်းစွာ ရှိနေတော့သည်။

ထိုသို့ရှိနေခြင်းက အဆင်မပြေဖြစ်မည့်အစား အလွန်အမင်း သက်သောင့်သက်သာရှိပြီး သဘာဝကျကာ လိုက်လျောညီထွေရှိလှသည်။ ထိုပတ်ဝန်းကျင်မှာပင် နေထိုင်ရန် မွေးဖွားလာခဲ့သကဲ့သို့ပင်။

နက်ရှိုင်းသော ပင်လယ်ပြင်တွင် ရေဓာတ်နှင့် ရေ၏ အနှစ်သာရများမှာ အလွန်ပင် ကြွယ်ဝလှသည်။ ဧရာမလိပ်ကြီး၏ အသက်ရှူနှုန်းမှာ နှေးကွေးပြီး ရှည်လျားကာ ဆန်းကြယ်သော စည်းချက်တစ်ခု ရှိနေသည်။

အသက်တစ်ချက် ရှူသွင်းလိုက်တိုင်း ကြွယ်ဝလှသော ရေ၏အနှစ်သာရများနှင့် ကောင်းကင်မြေပြင်၏ မူလချီစွမ်းအင်များမှာ လိပ်ကြီး၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ပြုပြင်သန့်စင်ပေးနေသည်။

ရေသည် အရာအားလုံးကို အကျိုးပြုသော်လည်း မည်သူနှင့်မျှ အားပြိုင်ငြင်းခုံခြင်းမရှိဘဲ အရာခပ်သိမ်းကို မွေးမြူ၍ စောင့်ရှောက်နိုင်သည်။

ထို့အပြင် ကောင်းကင်နှင့် မြေပြင်၏ သဘာဝအတိုင်း လိုက်လျောညီထွေရှိကာ အစဉ်အမြဲ ပြောင်းလဲနိုင်စွမ်းရှိသည်။ ၎င်းသည် အေးစက်မာကျောသော ရေခဲအဖြစ်လည်းကောင်း၊ ဖမ်းဆုပ်ရခက်သော မြူနှင်းအဖြစ်လည်းကောင်း၊ လောကအနှံ့ လွင့်မျောနေသော နှင်းပွင့်များအဖြစ်လည်းကောင်း၊ ပေါ့ပါးသန့်စင်သော တိမ်တိုက်များအဖြစ်လည်းကောင်း၊ အရာခပ်သိမ်းကို ပျိုးထောင်ပေးသော မိုးစက်များအဖြစ်လည်းကောင်း ပြောင်းလဲနိုင်သည်။

ကုယွမ်သည် ဤခဏတွင် ရေနှင့်ပတ်သက်သော သူ၏ သိမြင်နားလည်မှုများမှာ အဆက်မပြတ် ပေါ်ထွက်လာသည်ကို ခံစားလိုက်ရသည်။

ပတ်ဝန်းကျင်ရှိ ပင်လယ်ရေထဲတွင် အမြင့်ဆုံးအဆင့်ရှိသော ရေ၏အနှစ်သာရများကို သူ အလွယ်တကူ အာရုံခံနိုင်လာသည်။ သူ၏ ဝိညာဉ်သည် ဤရေနယ်ပယ်နှင့် ပြည့်စုံစွာ ပေါင်းစည်းသွားသကဲ့သို့ ခံစားရသည်။ ဤရေထုအတွင်း၌ ဖြစ်ပေါ်သမျှ အသေးငယ်ဆုံးသော လှုပ်ရှားမှုနှင့် အပြောင်းအလဲမှန်သမျှမှာ သူ၏ အာရုံမှ လွတ်ကင်းသွားခြင်း မရှိတော့ပေ။

မည်မျှကြာသွားသည်ကို မည်သူမျှ မသိနိုင်ပေ။ ကုယွမ်သည် သတိပြန်ဝင်လာသည့်အခါတွင်မူ ဧရာမလိပ်ကြီးအဖြစ် ပြောင်းလဲသွားသော စိတ်ကူးယဉ်နယ်ပယ်မှ လက်တွေ့လောကသို့ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။

သတိပြန်ဝင်လာသည်နှင့် တစ်ပြိုင်နက် ကုယွမ်သည် ထူးခြားသောအရာတစ်ခုကို ချက်ချင်း သတိပြုမိလိုက်သည်။ သူသည် လက်ညှိုးဖြင့် အသာအယာ ညွှန်ပြလိုက်သည်။

ရှူး...

စူးရှသော ချီစွမ်းအင်တစ်ခုက လေထုကို ခွဲထွက်သွားပြီး ပြင်းထန်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ကိုက်အနည်းငယ် အကွာအဝေးရှိ ကျောက်နံရံမှာ ပေါက်ကွဲသွားပြီး အခြားတစ်ဖက်သို့ ပေါက်ထွက်သွားသော အပေါက်ငယ်တစ်ခု ဖြစ်ပေါ်သွားတော့သည်။

အမှန်စင်စစ် ဤလက်ညှိုးမှာ ချီစွမ်းအင်အနည်းငယ်ကိုသာ အသုံးပြုထားခြင်းပင်။ ယခင်ကဆိုလျှင် ဤကဲ့သို့ ဖြစ်ပေါ်ရန်အတွက် သူ၏ ချီစွမ်းအင်အားလုံးကို အစွမ်းကုန် အသုံးပြုရမည် ဖြစ်သည်။

ယခုအခါ ကုယွမ်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များမှာ အတားအဆီးမရှိဘဲ အလွန်ပင် ချောမွေ့သဘာဝကျစွာ စီးဆင်းနေသည်ကို ခံစားလိုက်ရသည်။ ထို့အပြင် ချီစွမ်းအင်များမှာ ယခင်ကထက် ပိုမိုသန့်စင်လာပြီး ပို၍ပင် အစွမ်းထက်လာခဲ့သည်။

ခန္ဓာကိုယ်ပိုင်းတွင်မူ ကုယွမ်သည် သူ၏ကိုယ်ခန္ဓာမှာ တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော အသွင်ကူးပြောင်းမှုမျိုးကို ခံစားလိုက်ရပြီး အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသကဲ့သို့ပင်။ ဤတစ်ကြိမ် ပြန်လည်မွေးဖွားခြင်းမှာ ယခင်ပြောင်းလဲမှုအားလုံး ပေါင်းထားသည်ထက်ပင် ပိုမိုနက်ရှိုင်းလှသည်။

ခွန်အားများ အဆမတန် တိုးတက်လာရုံတင်မကဘဲ အခြားသော ကဏ္ဍတိုင်းတွင်လည်း ပြီးပြည့်စုံမှုသို့ နီးစပ်လာခဲ့သည်။ သူ၏ အရိုးများမှာ ကျောက်စိမ်းကဲ့သို့ ဖြစ်လာပြီး အကြောများမှာ လေးကြိုးကဲ့သို့ တင်းမာခိုင်ခံ့လာကာ အရေပြားမှာလည်း ဖြူစင်ဝင်းပလာပြီး ချွေးပေါက်များကိုပင် မမြင်နိုင်လောက်အောင် ဖြစ်သွားသည်။

ကြွက်သားများမှာ သံမဏိကြိုးများကဲ့သို့ ကျစ်လျစ်လာပြီး ကိုယ်တွင်းအင်္ဂါငါးပါးမှာလည်း ကျောက်စိမ်းရောင် အလင်းတန်းများဖြင့် လွှမ်းခြုံကာ ပြောင်းလဲသွားခဲ့သည်။ အရိုးအတွင်းရှိ ခြင်ဆီများမှာပင် လုံးဝဥဿုံ သန့်စင်သွားပြီး ခြင်ဆီသန့်စင်ခြင်းအဆင့်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ကုယွမ်၏ အရေပြား၊ ကြွက်သား၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါများမှာ ဟန်ချက်ညီစွာ ပေါင်းစပ်သွားပြီး မွေးရာပါအတိုင်း တစ်သားတည်း ဖြစ်သွားခဲ့သည်။

သူ ရရှိထားသော ပါရမီများဖြစ်သည့် သံမဏိသွား၊ မြွေရစ်ပတ်ခြင်း၊ ဝိညာဉ်ဝါးမျိုခြင်း၊ ကြွက်နှာခေါင်းနှင့် လိပ်သက်ပြင်း အစရှိသည်တို့မှာ ပျောက်ကွယ်သွားခြင်း မရှိဘဲ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြတော့သည်။

All Chapters