← Chapters

အခန်း (၄၂၇-၄၂၈)

Vol. 29 Ch. 427-429

အခန်း (၄၂၇-၄၂၈)

Vol. 29 Ch. 427-429

အခန်း (၄၂၇) - ကမ္ဘာလုံးဆိုင်ရာ ချယ်နယ် ဖွင့်လှစ်ခြင်းနှင့် အဖွဲ့ဝင်အားလုံး ဆက်သွယ်နိုင်ခြင်း ၂

ဂျန်ဂယ်နယ်မြေ (၁) ဟူသော အမည်ကို ကြည့်လိုက်ရုံနှင့်ပင် ၎င်းမှာ တကယ့်ကို ထိတ်လန့်ဖွယ်ရာ ကောင်းလှသည်ဟု ခံစားရ၏။

ဘာပဲဖြစ်ဖြစ် ၎င်းမှာ နံပါတ် (၁) နယ်မြေ မဟုတ်ပါလော။

သို့သော်လည်း အခြားနယ်မြေမှ လူများမှာ နယ်မြေအချင်းချင်း ယှဉ်ပြိုင်ရမည့်အကြောင်းကို သိရှိထားကြသဖြင့် သူ၏ ခန့်မှန်းချက်မှာ မှန်ကန်သည်ဟု ဆိုရပေမည်။

သူသည် ကျိချောင်းယန်၏ သတင်းစကားအပေါ် အနည်းငယ် သံသယဖြစ်မိခဲ့သည်မှာ တကယ့်ကို မှားယွင်းခဲ့ချေပြီ။

"ဘာလဲ၊ ဘယ်သူပြောလို့လဲ။ နယ်မြေအချင်းချင်း ရန်သူတွေဖြစ်မယ်လို့ ဘယ်သူပြောတာလဲ။ ဒီကမ္ဘာကြီးရဲ့ တရားဝင်အသံလို့ ယူဆရတဲ့ ထူးဆန်းတဲ့ အသံကတောင် မပြောသွားဘူး။ နင်တို့က ဘာတွေ လျှောက်ပြောနေတာလဲ" ဟု ထိုသူ၏ စကားကို မကျေနပ်သူများက ချက်ချင်းပင် တုံ့ပြန်လာကြ၏။

"ဟုတ်တယ်၊ ကြောက်လန့်အောင် လုပ်နေတဲ့သူတွေကို ငါ လုံးဝ သည်းမခံနိုင်ဘူး။ ငါတို့အားလုံးက ရှင်ကျန်သူတွေပဲလေ၊ အချင်းချင်း ခင်ခင်မင်မင် ဆက်သွယ်လို့ မရဘူးလား"

"ဒီကောင်ကတော့ အမြဲတမ်း ပြဿနာရှာနေတာပဲ"

"ဟမ် နင်တို့နယ်မြေတွေက နယ်မြေယှဉ်ပြိုင်မှု သတင်းစကားတွေကို မရကြဘူးလား။ ဒါဆိုရင် ခုနက ကာကွယ်ရေးတိုက်ပွဲကို ဘယ်လို ကျော်ဖြတ်ခဲ့ကြတာလဲ" ဟု နယ်မြေ (၂၃) မှ တစ်ဦးက မေးမြန်းလာ၏။

ကြည့်ရသည်မှာ ၎င်းတို့နယ်မြေသည်လည်း နယ်မြေယှဉ်ပြိုင်မည့် သတင်းကို ရရှိထားပုံရပေသည်။

"ကာကွယ်ရေးတိုက်ပွဲလား။ အဲဒီ နွယ်ပင်တွေနဲ့ ဧရာမ ပုရွက်ဆိတ်တွေက သူတို့ဘာသာသူတို့ ပြန်ဆုတ်သွားကြတာပဲလေ"

"..."

"....."

"ဘယ်လိုကြီးလဲ သူတို့ဘာသာသူတို့ ပြန်ဆုတ်သွားတယ် ဟုတ်လား"

"ဘာကြောင့်လဲ"

"အင်း... ဟုတ်တယ်၊ ဒါပေမဲ့ ငါတို့ထဲက လူအနည်းငယ်ပဲ ကံကောင်းလို့ ရှင်ကျန်ခဲ့တာ၊ ကျန်တဲ့သူတွေ အကုန်သေကုန်ပြီ..."

၎င်းကို ဖတ်ကြည့်ပြီးနောက် ရွှီရှင်းမှာ အခြေအနေကို သဘောပေါက်သွား၏။

၎င်းမှာ နယ်မြေတစ်ခုလုံးရှိ လူအားလုံး သေဆုံးမသွားစေရန် လူအနည်းငယ်ကို ချန်ထားပေးသည့် အကာအကွယ်ပေးသည့် ယန္တရားတစ်ခု ဖြစ်ပုံရပေသည်။

မဟုတ်ပါက ၎င်းတို့ထဲတွင် ရွှီရှင်း သို့မဟုတ် ကျိချောင်းယန်ကဲ့သို့ သတ္တိရှိရှိ အပြင်ထွက်၍ စူးစမ်းနိုင်သော ခွန်အားရှိသူမျိုး မရှိပါက ၎င်းတို့အားလုံးမှာ တစ်ခါတည်းသေဆုံးသွားကြမည်မှာ သေချာလှပေသည်။

ထို့အပြင် အပြင်သို့ ထွက်၍ မစူးစမ်းကြသဖြင့် နယ်မြေယှဉ်ပြိုင်မည့် သတင်းကိုလည်း ရရှိခဲ့ကြခြင်း မရှိပါပေ။

"နင်တို့ လူအနည်းငယ်ပဲ ကျန်တာကတော့ ငါတို့နဲ့ မဆိုင်ဘူးလေ။ ငါတို့ဆီမှာ လူ ခြောက်ရာကျော် ကျန်သေးတယ်၊ ပျမ်းမျှထက်တောင် ပိုများသေးတယ်။ ငါတို့ကို ကယ်ပေးတဲ့ ငါတို့ရဲ့ ခေါင်းဆောင်ကလည်း နယ်မြေအချင်းချင်း တကယ် ယှဉ်ပြိုင်ရမှာလို့ ပြောခဲ့တယ်။ ငါကတော့ နင်တို့ကို ဂရုမစိုက်ဘူး၊ ငတ်သေလိုက်ကြ"

လူ ခြောက်ရာကျော်...

"ဟင် ငါတို့ဆီမှာ လူတစ်ထောင်နီးပါး ရှင်နေသေးတာလား။ ငါတို့ ဘာလို့ အဲဒီသတင်းကို မကြားရတာလဲ" ဟု နယ်မြေ (၆၆) မှ တစ်ဦးက ဆိုလာပြီးနောက် အခြားသူများကလည်း ဝိုင်း၍ ထောက်ခံလာကြ၏။

လူတစ်ထောင်နီးပါး ကျန်ရှိနေသည်ဆိုလျှင် ထိုစဉ်က အပင်နှလုံးသားကို သတ်နိုင်သူ အနည်းဆုံး နှစ်ဦးရှိရမည် ဖြစ်ပြီး ကျိချောင်းယန်ကဲ့သို့ နယ်မြေယှဉ်ပြိုင်မည့် သတင်းကို ရရှိထားသင့်ပေသည်။

သို့သော် ထိုသူက အခြားသူများကို အသိမပေးခဲ့ခြင်းလား သို့မဟုတ် ၎င်းတို့မှာ သတင်းကို အမှန်တကယ်ပင် မရရှိခဲ့ကြခြင်းလား ဆိုသည်ကိုတော့ မသိနိုင်ပါပေ။

နယ်မြေ (၁၈၈) က လူတွေကိုတော့ ဒီနယ်မြေယှဉ်ပြိုင်မှု ဆွေးနွေးပွဲမှာ မပါဝင်ခိုင်းဖို့ ပြောရမည်။

သူသည် နယ်မြေချယ်နယ်ကို ဖွင့်ကြည့်လိုက်သောအခါ ကျိချောင်းယန်မှာ သူထက် ကြိုတင်စဉ်းစားပြီး ထိုကိစ္စကို ပြောဆိုထားသည်ကို တွေ့လိုက်ရ၏။

"အားလုံးပဲ၊ အခု ကမ္ဘာလုံးဆိုင်ရာ ချယ်နယ် ပွင့်သွားပြီ။ နယ်မြေယှဉ်ပြိုင်မှု အကြောင်းကို နယ်မြေချယ်နယ်မှာ မဆွေးနွေးကြပါနဲ့။ လောလောဆယ်မှာ ငါတို့ နယ်မြေအချင်းချင်း တကယ်တမ်း ဆက်သွယ်နိုင်တဲ့ အခွင့်အရေး မရှိသေးဘူး။ အချင်းချင်း ယှဉ်ပြိုင်နေတာက နယ်မြေအချင်းချင်း ကုန်သွယ်မှုကို အဟန့်အတား ဖြစ်စေလိမ့်မယ်။ ငါတို့မှာ အရင်းအမြစ်တွေ အများကြီးရှိပြီး အစစအရာရာ သာလွန်နေတာကြောင့် လောလောဆယ်တော့ တခြားသူတွေနဲ့ ခင်ခင်မင်မင်ပဲ ဆက်ဆံကြရအောင်" ဟု ကျိချောင်းယန်က ဆိုထားလေသည်။

"နားလည်ပါပြီ၊ ခေါင်းဆောင်ကျိ"

"ဝါး ငါတို့နယ်မြေက တကယ် သန်မာတာပဲ။ ငါတို့ရဲ့ ရှင်သန်နှုန်းက ၃၀ ရာခိုင်နှုန်းနီးပါး ရှိနေတာ၊ တစ်ကမ္ဘာလုံး ပျမ်းမျှက ၅ ရာခိုင်နှုန်းတောင် မပြည့်ဘူး။ ၅ ရာခိုင်နှုန်းပဲနော်။ ငါတို့ တကယ့်ကို အစွမ်းထက်တာပဲ"

"ဒါတွေအားလုံးက ခေါင်းဆောင်ကြောင့်ပါ၊ ခေါင်းဆောင်ပေးတဲ့ မြှားပစ်စက်တွေနဲ့ ပေါက်ကွဲမြားတွေကြောင့်ပါပဲ။မဟုတ်ရင် ငါလည်း ဒီသားရဲလှိုင်းလုံးထဲမှာ သေသွားနိုင်တယ်"

"ဟားဟား၊ ငါတို့ နယ်မြေမှာ အခု လူပေါင်း သုံးထောင်နီးပါး ရှိနေတာကို သူတို့ကို ပြောဖို့တောင် ရှက်မိတယ်။ လူ ခြောက်ရာနဲ့ တစ်ထောင်လောက်ပဲ ကျန်တဲ့ နယ်မြေတွေက ဆရာကြီးလုပ်နေတာကို ကြည့်ပြီး ငါတော့ မနေနိုင်တော့ဘူး"

"အချို့နယ်မြေတွေမှာ စားစရာတောင် မဝယ်နိုင်ကြဘူးလား။ ကွာခြားချက်က တကယ့်ကို ကြီးမားတာပဲ။ ငါ သနားမိပါတယ်။ ငါကတော့ ဒီမှာ သစ်သီးတွေ အများကြီး ရှိနေလို့ ဘာလုပ်ရမှန်းတောင် မသိဖြစ်နေတာ"

ဤလူများကတော့...

သို့သော် သားရဲလှိုင်းလုံးနှင့် ပတ်သက်၍ ရွှီရှင်းမှာ ရုတ်တရက် စပ်စုချင်စိတ် ပေါ်လာသဖြင့် "မင်းတို့အတွက် သားရဲလှိုင်းလုံးက ဘယ်လိုမျိုးလဲ" ဟု မေးမြန်းလိုက်၏။

ရွှီရှင်းက စကားပြောလိုက်သည်နှင့် လူပေါင်းများစွာက ချက်ချင်းပင် တုံ့ပြန်လာကြပါတော့သည်။

"ခေါင်းဆောင်ရွှီ၊ အရင်တစ်ခေါက် သားရဲလှိုင်းလုံးနဲ့ ဆင်တူပါတယ်၊ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဗီဇပြောင်းသတ္တဝါတွေ ပိုများတယ်"

"ဟုတ်တယ်၊ ဆက်သွယ်ရေး ပြတ်တောက်နေပေမဲ့ ခေါင်းဆောင် အရင်တစ်ခါ သင်ပေးခဲ့သလိုပဲ၊ အပြင်ကို ချောင်းမကြည့်ဘဲ တိတ်တိတ်လေး နေလိုက်တာ၊ သားရဲတွေက ငါ့ကို လုံးဝ လာမတိုက်ခိုက်ဘူး"

"ငါကတော့ စပ်စုပြီး အပြင်ကို ခဏလောက် ချောင်းကြည့်လိုက်မိတာ၊ ဗီဇပြောင်း ဆီးနှင်းဝံပုလွေ အချို့ကို ဆွဲဆောင်မိသွားရော ကံကောင်းတာက ဝံပုလွေတွေက သစ်ပင်ပေါ် မတက်နိုင်သလို အမြင့်ကြီးလည်း မခုန်နိုင်ကြဘူး၊ ငါ့ရဲ့ မြှားပစ်စက်နဲ့ပဲ အပြတ်ရှင်းလိုက်တယ်"

"နင် ပေါက်ကွဲစေတဲ့ မြားတွေကို မသုံးဘူးလား။ အဲဒါက တကယ့်ကို အားရစရာကောင်းတာ၊ တစ်ချက်ပစ်လိုက်တာနဲ့ တစ်ကောင် သေတာပဲ"

"ငါ့မှာ မြား အစင်း နှစ်ဆယ်ပဲ ရှိတာလေ၊ ချွေတာသုံးရမှာပေါ့။ ပြီးတော့ ပေါက်ကွဲသံကြောင့် တခြား ဗီဇပြောင်းသတ္တဝါတွေ ရောက်လာမှာလည်း စိုးရိမ်သေးတယ်"

"ဘာကို ဆွဲဆောင်မှာလဲ၊ အသံကြားရင် သူတို့တွေ ကြောက်ပြီး ထွက်ပြေးကြမှာပေါ့"

အရင်တစ်ခေါက် သားရဲလှိုင်းလုံးနဲ့ ဆင်တူတယ် ဟုတ်လား။

အရင်တစ်ခေါက် သားရဲလှိုင်းလုံးတွင် သားရဲများစွာ ရှိခဲ့သော်လည်း သစ်ပင်အိမ်များကို တိုက်ရိုက် တိုက်ခိုက်ခြင်းမျိုး မရှိခဲ့ပါပေ။

၎င်းတို့မှာ ပုံမှန်အတိုင်းသာ အမဲလိုက်နေကြခြင်းဖြစ်ပြီး သစ်ပင်အိမ်များကို သာမန် သစ်ပင်များကဲ့သို့သာ သဘောထားခဲ့ကြသလို ရှင်ကျန်သူများကို မြင်တွေ့မှသာ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ အမွေးအမျှင်နှင့် သတ္တဝါကြီးများ၏ ထိန်းချုပ်မှုကြောင့် ဗီဇပြောင်းသားရဲအုပ်စုမှာ လေ့ကျင့်ထားသော စစ်တပ်တစ်ခုကဲ့သို့ ဖြစ်နေခဲ့ရာ သာမန်လူတစ်ဦးအဖို့ ခုခံရန် အလွန်ပင် ခက်ခဲလှပေသည်။

သို့သော် ၎င်းတို့နယ်မြေသာလျှင် ထိုကဲ့သို့သော တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရခြင်းလား။

၎င်းတို့နယ်မြေတွင်သာ ဗီဇပြောင်းလူသားများက သားရဲစစ်တပ်ကို ထိန်းချုပ်နေခဲ့ခြင်းလား။

"နယ်မြေ (၁၈၇) မှာရော သားရဲလှိုင်းလုံးက ဘယ်လိုမျိုးလဲ" ဟု ရွှီရှင်းက ချယ်နယ်တွင် စာရိုက်နေသော လုဖေးအာအား လှမ်း၍ မေးမြန်းလိုက်၏။

အသံဖြင့် စာရိုက်မိရာမှ စစ်သုံ့ပန်းဘဝ ရောက်ခဲ့ရသည့် ဖြစ်ရပ်ကြောင့် သူမသည် စာကို လက်ဖြင့်သာ ရိုက်သည့် အလေ့အကျင့် ရရှိနေခဲ့၏။

အခန်း ၄၂၇ ပြီး။

အခန်း (၄၂၈) - ကမ္ဘာလုံးဆိုင်ရာ ချယ်နယ် ဖွင့်လှစ်ခြင်းနှင့် အဖွဲ့ဝင်အားလုံး ဆက်သွယ်နိုင်ခြင်း ၃

"အင်း... သူတို့ဆီက သားရဲလှိုင်းလုံးကတော့လေ..." လုဖေးအာသည် နယ်မြေ (၁၈၇) ၏ အခြေအနေကို ရှင်းပြနေ၏။

မျှော်လင့်ထားသည့်အတိုင်းပင် နယ်မြေ (၁၈၇) တွင်လည်း အခြေအနေမှာ အတူတူပင် ဖြစ်ပေသည်။

ဤနေရာတွင် မြင်တွေ့ခဲ့ရသကဲ့သို့ စစ်တပ်တစ်ခုကဲ့သို့ အလုံးအရင်းနှင့် တိုက်ခိုက်သည့် အကြီးစား သားရဲလှိုင်းလုံးမျိုး မရှိခဲ့ပါပေ။

"နင့်နယ်မြေက ထိပ်သီးဆယ်ယောက် အခြေအနေကရော ဘယ်လိုရှိလဲ" ဟု ရွှီရှင်းက မေးမြန်းလိုက်၏။

"အခုပဲ မေးကြည့်လိုက်မယ်"

လုဖေးအာသည် စာရိုက်နေခြင်းကို ရပ်လိုက်ပြီး တိုက်ရိုက်ပင် မေးမြန်းလိုက်၏။

"ခေါင်းဆောင် တောက်ကွမ်၊ အင်အားပြင်းတဲ့ သားရဲလှိုင်းလုံးနဲ့ ရင်ဆိုင်ခဲ့ရလား"

ကျန်းတောက်ကွမ်ကို တိုက်ရိုက် မေးမြန်းခြင်းလော။

ရွှီရှင်းသည် လုဖေးအာ ပြသထားသော မျက်နှာပြင်ကို ကြည့်လိုက်၏။

လုဖေးအာသည် ရွှီရှင်း သဲသဲကွဲကွဲ မြင်နိုင်ရန် သူမ၏လက်ကို ရွှီရှင်းအနားသို့ တိုးပေးလိုက်လေသည်။

ကျန်းတောက်ကွမ်က ချက်ချင်းပင် ပြန်လည်ဖြေကြားလာ၏။

"ရင်ဆိုင်ခဲ့ရတယ်။ ငါတို့လို အဆင့်မြင့်တဲ့သူတွေပဲ ဒီလို သားရဲလှိုင်းလုံးမျိုးနဲ့ ကြုံတွေ့ရပုံရတယ်။ ဗီဇပြောင်းလူသားတွေကိုလည်း ငါ မြင်ခဲ့ရသေးတယ်၊ တကယ့်ကို ထူးဆန်းလွန်းတယ်။ အချိန်ရရင် အဲဒီအကြောင်း ဆွေးနွေးကြမယ်။ ဒါပေမဲ့ သာမန်ရှင်ကျန်သူတွေကတော့ ဒီလို တိုက်ခိုက်မှုမျိုး မရှိတာတောင် အတော်များများ သေကုန်ကြတာပဲ၊ သူတို့ကို ကယ်ရတာ တကယ့်ကို အလဟဿပါပဲ၊ နင်တို့တွေက အားကိုးရလို့ တော်သေးတာပေါ့"

လုဖေးအာသည် ခိုး၍ ရယ်မောလိုက်ပြီးနောက် "စိတ်မပူပါနဲ့ ခေါင်းဆောင်တောက်ကွမ်၊ ငါတို့ နယ်မြေ (၁၈၇) ကတော့ နောက်ဆုံးအထိ ကြံ့ကြံ့ခံသွားမှာပါ" ဟု ပြန်ပြောလိုက်၏။

ကျန်းတောက်ကွမ် : "မျှော်လင့်ရတာပဲ။ ငါ ဂရုချက်တစ်ခု ထောင်ပြီး နင်တို့လို ကျွမ်းကျင်သူတွေကို ထည့်လိုက်မယ်။ အခု နယ်မြေ (၁၈၇) မှာ လူ သုံးရာကျော်ပဲ ကျန်တော့တာ၊ သာမန်ရှင်ကျန်သူတွေက အသုံးမကျဘူး၊ ပြီးတော့ အိမ်နီးချင်းနယ်မြေကလည်း အရမ်း သန်မာလွန်းတယ်။ အခု ငါတို့မှာ ပြည်တွင်းရေး ပြဿနာတွေ ရှိနေတယ်၊ အားလုံးစုပြီး နယ်မြေ (၁၈၇) ရဲ့ အနာဂတ်ကို ဆွေးနွေးရမယ်။ ငါတို့ထက် သန်မာတဲ့ နယ်မြေတွေ အများကြီး ရှိနေတယ်၊ အထူးသဖြင့် အိမ်နီးချင်း နယ်မြေ (၁၈၈) ပေါ့..."

ဤကျန်းတောက်ကွမ်သည် အရင်ကတည်းက ဤမျှ စကားများသူတစ်ဦးလော။

လုဖေးအာက "ကောင်းပါပြီ ခေါင်းဆောင်တောက်ကွမ်၊ အဆင်သင့်ဖြစ်ရင် ကျွန်မကိုသာ ထည့်လိုက်ပါ၊ အစွမ်းကုန် ကူညီပေးပါ့မယ်" ဟု ချက်ချင်းပင် ဆိုလိုက်၏။

ကျန်းတောက်ကွမ် : "ကောင်းပြီ၊ ဒါပေမဲ့ သတိထားဦး။ အရင်က မာဟုန်ဝေတစ်ယောက် နယ်မြေ (၁၈၈) ရဲ့ လက်ထဲ ရောက်သွားခဲ့တယ်၊ နင့်လည်း အဲဒီလိုမျိုး အဖြစ်မခံနဲ့ဦး"

လုဖေးအာသည် ရယ်ချင်စိတ်ကို အောင့်ထားရင်း "နားလည်ပါပြီ" ဟု တိုးတိုးလေး ပြောလိုက်၏။

မျက်နှာပြင်ကို ပိတ်လိုက်ပြီးနောက် လုဖေးအာသည် မအောင့်နိုင်တော့ဘဲ ဟားတိုက်ရယ်မောပါတော့သည်။

"ဟီးဟီးဟီး၊ ငါက မာဟုန်ဝေထက်တောင် အရင် ရောက်နေတာကို သူ လုံးဝ မသိဘူးပဲ။ မာဟုန်ဝေကိုတောင် ငါက ထောင်ချောက်ဆင်ခဲ့တာလေ"

ရွှီရှင်းက သူမကို တစ်ချက်ကြည့်ကာ "နင့်မှာ အဖွဲ့ငယ်လေး တစ်ခု မရှိဘူးလား။ တခြားအဖွဲ့တွေထဲ ဝင်မယ်ဆိုရင် နင့်ရဲ့ အဖွဲ့ငယ်လေးကို ဖျက်သိမ်းရမှာလား" ဟု မေးမြန်းလိုက်၏။

လုဖေးအာ၏ အဖွဲ့တွင် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ရှိသည်ကို သူ သတိရနေခြင်း ဖြစ်ပေသည်။

"အင်း..."

လုဖေးအာက ခေါင်းညိတ်ပြ၏။

"ဖျက်သိမ်းရမှာပေါ့၊ လောလောဆယ်မှာ တစ်ယောက်ကို အဖွဲ့တစ်ခုထဲပဲ ဝင်လို့ရတာလေ။ ဒါပေမဲ့ ဖျက်သိမ်းလိုက်တာက ဘာမှမဖြစ်ပါဘူး၊ ဘာလို့လဲဆိုတော့..."

သူမသည် ဘေးတွင် လဲလျောင်းနေသော ဆီးနှင်းဝံပုလွေကို တစ်ချက်ကြည့်လိုက်၏။

"အာရွှယ် ဒီမှာရှိနေတာပဲ၊ ကြည့်နေလိုက်ပါ၊ သူတို့အားလုံးကို နယ်မြေ (၁၈၈) ဆီ ရောက်အောင် ငါ ဆွဲဆောင်လိုက်မယ်"

အာရွှယ်ဆိုသည်မှာ ဆီးနှင်းဝံပုလွေ၏ အမည်လော။

"နယ်မြေ (၁၈၇) ရဲ့ ဂရုချက်ထဲဝင်တာက စူးစမ်းရှာဖွေသူများအဖွဲ့ထဲ ဝင်တာနဲ့ အဆင်မပြေတာမျိုး မရှိဘူး မဟုတ်လား" ဟု ရွှီရှင်းက မေးမြန်းလိုက်၏။

"အဲဒါတော့..."

လုဖေးအာမှာ ထိုမေးခွန်းကြောင့် မှင်သက်သွားရ၏။

"ကျွန်မလည်း မသိဘူး၊ နယ်မြေ (၁၈၈) ရဲ့ ဂရုချက်ထဲ မဝင်ဖူးသေးဘူးလေ။ ဒါပေမဲ့ အခု ရှင်ပြောမှ စဉ်းစားကြည့်တာ၊ အဆင်မပြေစရာ မရှိလောက်ပါဘူး။ ဘာပဲဖြစ်ဖြစ် နယ်မြေ (၁၈၇) နဲ့ (၁၈၈) က သစ်ပင်အိမ် နှစ်လုံးက အကောင့်နှစ်ခုလို ဖြစ်နေတာကိုး"

လောလောဆယ်တွင် လုဖေးအာ၏ လက်ပတ်နာရီမှာ နယ်မြေ (၁၈၇) နှင့် ချိတ်ဆက်ထားပြီး ကပ်ပါးသစ်ပင်အိမ်မှာမူ နယ်မြေ (၁၈၈) နှင့် ချိတ်ဆက်ထားခြင်း ဖြစ်ပေသည်။

အကယ်၍ အဆင်ပြေခဲ့ပါက ဤနည်းလမ်းကို နောင်တွင် သူလျှိုလုပ်ငန်းအတွက် အသုံးပြုနိုင်ပေလိမ့်မည်။

သူလျှိုလုပ်ရန်အတွက် လုဖေးအာမှာ အလွန်ပင် သင့်တော်သော သူတစ်ဦးလည်း ဖြစ်ပေသည်။

"နင် အရင်ဆုံး သစ်ပင်အိမ်ကို ပြန်နှင့်ဦး၊ ထမင်းချက်ဖို့အတွက် စိတ်မပူပါနဲ့။ ငါ မကြာခင်မှာပဲ စူးစမ်းရှာဖွေသူများအဖွဲ့ထဲ ဝင်ဖို့ နင့်ကို ဖိတ်ခေါ်လိုက်မယ်၊ စမ်းကြည့်ဖို့အတွက် လက်ခံလိုက်ဦး"

ယခင်က သူမသည် အသိစိတ်ကို မထိန်းချုပ်နိုင်ဘဲ စိတ်ဓာတ်ကျနေခဲ့သဖြင့် စူးစမ်းရှာဖွေသူများအဖွဲ့ထဲ မဝင်လိုခဲ့သော်လည်း ယခုအခါ အပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီဖြစ်ရာ ဝင်ရောက်ရန် ငြင်းဆိုလိမ့်မည် မဟုတ်ပါပေ။

"ကောင်းပါပြီ၊ ကျွန်မ အခုပဲ ပြန်ပါ့မယ်... ဒါနဲ့ မီးဖိုချောင်ထဲက ကုန်ကြမ်းတွေကိုတော့ လှီးဖြတ်ထားပြီးသားပါ၊ ရှင်ဘာသာ ချက်စားလိုက်တော့နော်"

"အင်း၊ သိပြီ"

အခန်း ၄၂၈ ပြီး။

အခန်း (၄၂၉) - နယ်မြေအဆင့်သတ်မှတ်ချက်နှင့် အစွမ်းထက်သော နယ်မြေ (၁၈၈)

ရွှီရှင်းသည် လုဖေးအာအား အောက်သို့ ပို့ဆောင်ပေးပြီးနောက် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုချယ်နယ်ကို ဖွင့်ကြည့်လိုက်၏။

လူအတော်များများမှာ ဤသားရဲလှိုင်း တိုက်ခိုက်မှုမှ ရရှိလာသော အသားများနှင့် ကုန်ကြမ်းများကို စတင်ရောင်းချနေကြချေပြီ။

ကြည့်ရသည်မှာ နယ်မြေငယ်လေးများမှ လူများမှာ ငတ်ပြတ်မည့်ဘေးမှ လွတ်ကင်းသွားကြပုံရပေသည်။

ထို့နောက် သူသည် စူးစမ်းရှာဖွေသူများ အဖွဲ့သို့ ဝင်ရောက်ကြည့်ရှုလိုက်၏။

အဖွဲ့အတွင်းရှိ လူတိုင်းသည်လည်း ဆက်သွယ်ရေး ပြန်လည်ရရှိနေကြပြီ ဖြစ်ပေသည်။

ဝမ်လေ့ : "ဘုရားရေ အစ်မကွေ့ရှင်းကတော့ တကယ့်ကို အလန်းစားပဲ။ ကျွန်တော်ကတော့ တစ်သက်လုံး အစ်မကွေ့ရှင်းရဲ့ လူပဲ၊ သေသွားရင်တောင် အစ်မကွေ့ရှင်းရဲ့ သရဲပဲ ဖြစ်ချင်တော့တယ်"

ဝမ်ကွေ့ရှင်း : "ရှောင်လေ့ကျီ၊ မဆိုးဘူးပဲ၊ နောက်ကျရင် ငါ့ကို ခြေထောက်နဲ့ ပုခုံးလေး လာနှိပ်ပေးဦး"

ဝမ်လေ့ : "...ဟင့်အင်း၊ မလုပ်တော့ပါဘူး၊ ကျွန်တော်က မမကွေ့ရှင်းရဲ့ လူပဲ ဖြစ်ချင်တာပါ၊ သေမသွားချင်သေးဘူး..."

ရွှီရှင်းမှာ မရယ်ဘဲ မနေနိုင်တော့ပါပေ။

ဝမ်ကွေ့ရှင်းမှာ တစ်ကိုယ်လုံး အန္တရာယ်အငွေ့အသက်များ ပြည့်နှက်နေသူဖြစ်ရာ မည်သူက သူမကို ထိတွေ့ရန် ဝံ့ရဲပါမည်နည်း။

ကျောက်ရှောင်ချွမ်း : "အစ်မကွေ့ရှင်းက တကယ်ကို အစွမ်းထက်တာပါ။ ကျွန်တော်တော့ လက်လျှော့တော့မလို့ပဲ၊ ဒါပေမဲ့ အစ်မကွေ့ရှင်း ရောက်လာတာနဲ့ အရာအားလုံးက မြေပြိုသလို ဖြစ်သွားတာပဲ။ အဲဒီ ဗီဇပြောင်းသတ္တဝါတွေ အုပ်စုလိုက်ကြီး လဲကျသွားတာကို မြင်ရတာ တကယ့်ကို အံ့မခန်းပဲ"

ဤလူနှစ်ဦးမှာ အစောပိုင်းက ဝမ်ကွေ့ရှင်းကို အမည်တိုက်ရိုက် ခေါ်ဆိုခဲ့ကြသော်လည်း ယခုမူ မမဟုပင် ခေါ်ဆိုနေကြချေပြီ။

၎င်းတို့မှာ ဝမ်ကွေ့ရှင်း၏ စွမ်းရည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပြီးနောက် သူမ၏ အစွမ်းထက်လှသော စွမ်းရည်များ၏ အောက်တွင် အကြွင်းမဲ့ အညံ့ခံသွားကြခြင်း ဖြစ်ပေသည်။

ထိုကဲ့သို့သော သားရဲအုပ်စုကြီးကို ကိုင်တွယ်နိုင်သည့် ဝမ်ကွေ့ရှင်း၏ စွမ်းရည်မှာ တကယ့်ကို အံ့မခန်းလှပေသည်။

သားရဲလှိုင်းလုံးများကို ရင်ဆိုင်ရာတွင် ဝမ်ကွေ့ရှင်းမှာ အသေအချာပင် အစွမ်းထက်ဆုံးသူ ဖြစ်ပေလိမ့်မည်။

သူတို့အဖွဲ့၏ အစွမ်းနှင့် ဝမ်ကွေ့ရှင်း၏ တိုက်ခိုက်ရေးစွမ်းရည်များ ပေါင်းစပ်လိုက်ပါက မည်သည့်ရန်သူကိုမဆို အနိုင်ယူနိုင်မည်မှာ သေချာလှသဖြင့် သူတို့အားလုံး ဆုံတွေ့နိုင်မည့် အချိန်ကိုသာ ရွှီရှင်း မျှော်လင့်နေမိ၏။

သို့သော် လောလောဆယ်တွင် သူတစ်ဦးတည်းသာလျှင် တယ်လီပို့အမှတ်များကို အသက်သွင်းနိုင်သဖြင့် ဆက်သွယ်မှုများမှာ ကန့်သတ်ချက် ရှိနေဆဲ ဖြစ်ပေသည်။

လီဝမ်ရှီး : "ဝါး၊ အဲဒီမြင်ကွင်းကို ငါ စိတ်ကူးကြည့်မိတယ်၊ တကယ့်ကို ခမ်းနားမှာပဲ"

ဝမ်ကွေ့ရှင်း : "ရှောင်ဝမ်ရှီး၊ နင့်ရဲ့ယောက်ျားထက် ငါက ပိုသန်မာတယ် မဟုတ်လား"

လီဝမ်ရှီး : "နင်က နည်းနည်း ပိုသန်မာတာပါ၊ ဒါပေမဲ့ ရွှီရှင်းကလည်း မဆိုးပါဘူး၊ ဟဲဟဲ"

ဝမ်ကွေ့ရှင်း : "အိုဟိုး၊ အခုတော့ မရှက်တော့ဘူးပေါ့။ ဒီနေ့ ဘာတွေဖြစ်ခဲ့လဲ ငါ့ကို မြန်မြန်ပြောစမ်းပါဦး"

လီဝမ်ရှီး : "ဟမ် ဘာမှ မဖြစ်ပါဘူး"

ချင်းယွမ်လုံ : "ဒီမှာတော့ ငါတို့ လေးယောက်လုံးကို ဝမ်ကွေ့ရှင်း ကယ်ခဲ့တာပါ။ သူမသာ မရှိရင် ဒီတစ်ခါ သားရဲလှိုင်းလုံးအောက်မှာ ငါတို့ တကယ် သေသွားနိုင်တယ်။ ဒီသားရဲလှိုင်းလုံးက တစ်စုံတစ်ယောက်ရဲ့ ထိန်းချုပ်မှုကို ခံထားရသလိုပဲ။ ဒါပေမဲ့ နယ်မြေချယ်နယ်ကို ကြည့်ရသလောက် တခြားလူတွေကတော့ ဒီလို အခြေအနေမျိုးနဲ့ မကြုံရဘူး ထင်တယ်"

ရွှီရှင်း : "အင်း၊ ငါတို့ဘက်မှာပဲ ဖြစ်နေတာနဲ့ တူတယ်။ သားရဲလှိုင်းလုံးရဲ့ အတိုင်းအတာက ငါတို့ရဲ့ သစ်ပင်အိမ်အဆင့်နဲ့ ကပ်ပါးနေထိုင်သူ အရေအတွက်ပေါ်မှာ မူတည်နေတာ။ ရှင်ကျန်သူ တစ်ဦးတည်းပဲ ရှိတဲ့ အဆင့်နိမ့်သစ်ပင်အိမ်တွေကိုတော့ အဲဒီ ဗီဇပြောင်းလူသားတွေက ပစ်မှတ်မထားလောက်ဘူး"

ချင်းယွမ်ဟု : "ဗီဇပြောင်းလူသား အဲဒါက ဘာလဲ"

ဝမ်ကွေ့ရှင်း : "ဗီဇပြောင်းလူသား ဟုတ်လား"

ဟင်...

ထိုဘက်တွင် ၎င်းတို့မှာ ဗီဇပြောင်းလူသားများကို မမြင်ခဲ့ကြရသလော။

ကျိချောင်းယန် : "ချင်းယွမ်လုံရဲ့ ခန့်မှန်းချက်က မှန်ပါတယ်။ ဒီသားရဲလှိုင်းလုံးကို အမွေးအမျှင်တွေနဲ့ သွေးရောင်မျဉ်းတွေပါတဲ့ ဗီဇပြောင်းလူသားတွေက တကယ်ပဲ ထိန်းချုပ်နေတာပါ။ ငါတို့ဘက်မှာတော့ အဲဒါကို အတည်ပြုပြီးပြီ။ နင်တို့လည်း ခရာမှုတ်သံကို ကြားခဲ့ကြမှာပေါ့"

ဝမ်ကွေ့ရှင်း : "ဟုတ်တယ်၊ ခရာမှုတ်သံ ကြားခဲ့တယ်။ အဲဒီအသံထွက်လာပြီးတဲ့နောက် အဆိပ်မမိသေးတဲ့ ကျန်တဲ့ ဗီဇပြောင်းသတ္တဝါတွေ အကုန် ထွက်ပြေးသွားကြတာပဲ။ နင်ပြောချင်တာက အဲဒီခရာသံကို ဗီဇပြောင်းလူသားတွေက မှုတ်တာလား"

ချီရွှယ်ဖေး : "မှန်တယ်။ ဗီဇပြောင်းလူသား ခရာမှုတ်နေတာကို ငါကိုယ်တိုင် မြင်ခဲ့တာ။ ဘာကိရိယာမှ မသုံးဘဲ သူ့ရဲ့လက်ကို ပါးစပ်နားကပ်ပြီး အဲဒီ ထူးဆန်းတဲ့ ခရာသံကို ထွက်အောင် လုပ်နိုင်တာ"

ဝမ်လေ့ : "ကျွန်တော်လည်း ခရာသံကို ကြားခဲ့ပေမဲ့ ဗီဇပြောင်းလူသားကိုတော့ မမြင်ခဲ့ရဘူး။ အမှန်အတိုင်း ပြောရရင် မမကွေ့ရှင်း ရှိနေတော့ အဲဒီနေရာက အရမ်းကို ဖရိုဖရဲ ဖြစ်နေတာဆိုတော့ တခြားဟာတွေကို သဲသဲကွဲကွဲ မမြင်ရတော့ဘူးလေ"

အမှန်ပင် ထိုကဲ့သို့ ဖရိုဖရဲ ဖြစ်နေသော မြင်ကွင်းတွင် တခြားဗီဇပြောင်းသတ္တဝါများထက် များစွာ သေးငယ်လှသော ဗီဇပြောင်းလူသားကို သတိမပြုမိကြခြင်းမှာ မဆန်းပါပေ။

သို့သော် ၎င်းတို့ဘက်တွင်လည်း စနစ်တကျ ရှိနေသော သားရဲလှိုင်းလုံးများ ရောက်ရှိလာခြင်းနှင့် ခရာသံ ထွက်ပေါ်လာခြင်းတို့ကို ကြည့်လျှင် စူးစမ်းရှာဖွေသူများ အဖွဲ့ဝင် အားလုံးမှာ ထို လုယက်သူ ဗီဇပြောင်းလူသားများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်ဟု ဆိုနိုင်ပေသည်။

ဤကဲ့သို့သော သားရဲလှိုင်းလုံးများ ခဏခဏ မလာရန်သာ မျှော်လင့်ရပေမည်။

ထိုထူးဆန်းသော အသံမှာလည်း ဤဗီဇပြောင်းလူသားများနှင့် ပတ်သက်၍ ၎င်းတို့ကို ဘာမှ ပြောမပြခဲ့ပါပေ။

လောလောဆယ်တွင် နယ်မြေတစ်ခုစီရှိ အစွမ်းအထက်ဆုံး လူအနည်းငယ်သာလျှင် ဤ လုယက်သူများ ၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေကြရပုံရပြီး တခြားရှင်ကျန်သူများနှင့်တော့ သိပ်ပြီး မသက်ဆိုင်ချေ။

ရွှီရှင်းသည် သူ၏ခေါင်းကို ခါယမ်းလိုက်ပြီး မေးမြန်းလိုက်၏။

"နင်တို့ ဒီတစ်ခါ ဘာတွေ ရလိုက်ကြလဲ။ နင်တို့အားလုံး ခရမ်းရောင်အဆင့် အရိုးဓားတွေ လုပ်ထားကြတယ် မဟုတ်လား။ ခရမ်းရောင်အဆင့် ကုန်ကြမ်းတွေ ဘယ်လောက်ရခဲ့လဲ"

ဝမ်ကွေ့ရှင်း : "...သိပ်မရဘူး။ ငါတို့ဘက်မှာတော့ အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါတွေပဲ အများကြီး ရောက်လာတာ။ အလယ်အလတ်အဆင့်တွေကိုတော့ မတွေ့ရဘူး။ ပြီးတော့ အဆင့်နိမ့်ကောင်တွေကလည်း တိုက်ပွဲအတွင်းမှာ ငါ့ရဲ့ စွမ်းရည်ကြောင့် အုပ်စုလိုက် သေကုန်ကြတာလေ။ ငါ အရင်က ပြောခဲ့သလိုပဲ ငါ့ရဲ့ စွမ်းရည်ကြောင့် သေတဲ့ ဗီဇပြောင်းသတ္တဝါတွေဆီက ကုန်ကြမ်း မရဘူး။ နောက်ဆုံးအသုတ်ကောင်တွေကို သူတို့အားအင် မကုန်ခင် ကိုယ့်ကိုယ်ကိုယ် သတ်သေခိုင်းလိုက်လို့ ရတာပဲ ရှိတယ်။ သစ်ပင်အိမ် ငါးလုံးစာ ပေါင်းလိုက်ရင်တောင် အလောင်း ငါးရာကျော်ပဲ ရှိတယ်၊ တစ်ယောက်ကို အလောင်း တစ်ရာလောက်ပေါ့။ ငါတို့ဘက်မှာ ခွဲစိပ်ပြီးတော့မှ ခရမ်းရောင်အဆင့် ကုန်ကြမ်း ငါးခု၊ သားရေ နှစ်ခု၊ အရိုး တစ်ခုနဲ့ အကြော နှစ်ခုပဲ ရတယ်"

ကျောက်ရှောင်ချွမ်း : "ကျွန်တော့်ဘက်မှာတော့ ခွဲစိပ်လို့ ပြီးသွားပြီ၊ ခရမ်းရောင်အဆင့် ကုန်ကြမ်း စုစုပေါင်း သုံးခုပဲ ရတယ်။ ဒါပေမဲ့ အပြာရောင်အဆင့် ကုန်ကြမ်းတွေကတော့ အများကြီးပဲ။ ပြီးတော့ မြေခွေးအမြီးလိုမျိုး ထူးခြားတဲ့ ကုန်ကြမ်းတွေလည်း ရသေးတယ်၊ အဲဒါနဲ့ လည်စည်းလုပ်ရင် တကယ်ကို နွေးတယ်။ အပြင်ထွက်ဖို့ စိတ်မပူရတော့ဘူး"

ကျိချောင်းယန် : "ခရမ်းရောင်အဆင့် ကုန်ကြမ်းတွေ ရပြီဆိုရင် နင်တို့လည်း အထူးကိရိယာတွေ ပြုလုပ်လို့ ရပြီပေါ့၊ ဟုတ်တယ် မဟုတ်လား"

အခန်း ၄၂၉ ပြီး။

All Chapters