အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
အခန်း 75 ငါ့တူကို တရားရုံး ပို့မယ် ဟုတ်လား
လူအုပ်ကြီးသည် အလယ်မှ ကွဲသွားသည်။
မိန်ကျွမ်းယီသည် လည်ပင်းကို ကျုံ့ပြီး လက်များကို အင်္ကျီလက်ထဲ ထည့်ထားသည်။ အတွင်းသို့ ဝင်နေစဉ် ဘေးမှ ဟန်ကျင်းကို ပြောသည်။ “ဟေ့၊ ငါ မင်းရဲ့ ယောက်ဖက လူဆိုးထိန်းဆိုတာ ငါ မှတ်မိတယ်၊ အဲဒီလူဆိုးတွေကို ဖမ်းတာ သူပဲမလား၊ ငါတို့က အသိမိတ်ဆွေတွေပဲ၊ ငါ့တူကို ငါ ဒီလိုပဲ ထောင်ထဲ ဝင်ခိုင်းမှာ မဟုတ်ဘူး၊ မင်းရဲ့ ယောက်ဖကို ကူညီဖို့ ပြောပေးပါလား”
ဟန်ကျင်းသည် ရယ်ချင်စိတ်ကို ထိန်းပြီး ရိုးသားစွာ ခေါင်းညိတ်သည်။ “ဒါက လွယ်တယ်၊ ငါ အသိပေးလိုက်ရင် ပြီးတာပဲ၊ ဒါဆို မင်း ငါ့ကို ဘယ်လို ကျေးဇူးဆပ်မှာလဲ”
“မင်းကို အရက် တိုက်မယ်”
သူတို့နှစ်ယောက် ဝင်လာသည်ကို မြင်သောအခါ ဒုတိယအိမ်မှလူများ ရုတ်တရက် စိတ်လှုပ်ရှားသွားကြသည်။
လုကျောင်းယွဲ့သည် ပျော်ရွှင်စွာဖြင့် အော်သည်။ “ဦးလေးငယ်”
မိန်ကျွမ်းယီသည် သားမွှေးအင်္ကျီထဲတွင် ကျုံ့နေဆဲ ဖြစ်သော်လည်း သူ၏မျက်နှာတွင် အပြုံးက ထူးခြားစွာ လင်းလက်နေသည်။ သူက ဒုတိယအိမ်မှလူများကို နှုတ်ဆက်လိုက်သည်။ “အစ်မကြီး၊ ယောက်ဖ၊ ငါ ပြန်လာပြီ။ ကလေး မင်း ပိုပိုလှလာတယ်၊ ကွမ်းကျုံး ပိုမြင့်လာပုံရတယ်၊ ကွမ်းယီ၊ ငါ မင်းကို ပြောတာ မဟုတ်ဘူး၊ ဒီလို ကျေးဇူးကန်းတဲ့လူအတွက် မင်း ဘာလို့ ဂရုစိုက်နေတာလဲ” (ကွမ်းကျုံးက ဝူလန်ပါနော်)
ဤစကားကို ပြောလိုက်သောအခါ မိန်ကျွမ်းယီသည် ထိုနေရာတွင် ထိုင်နေသည့် ဖေကွေ့အာကို လှမ်းကြည့်သည်။
ဖေကွေ့အာသည် ဤစကားကို ကြားသောအခါ လဲကျလုနီးပါး ဖြစ်သွားသည်။
အပြင်ဘက်တွင် ရှိစဉ်က မိန်ကျွမ်းယီသည် ဟန်ကျင်းထံမှ လုမိသားစု ဒုတိယအိမ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များအကြောင်းကို ကြားခဲ့ပြီးပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏တူဖြစ်သူသည် ဖေမိသားစုနှင့် လက်ထပ်ပွဲဖျက်ခဲ့ပုံကို သိသဖြင့် သူသည် ထိုသို့ မုန်းတီးသည့်စကားကို ပြောလိုက်ခြင်း ဖြစ်သည်။
လုကွမ်းယီသည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ပြီး… “ဦးလေးငယ်၊ ကျွန်တော်…”
“တော်ပြီ၊ အဲ့ဒါတွေ မပြောနဲ့တော့၊ ဒီကိစ္စကို အရင် ဖြေရှင်းရအောင်” မိန်ကျွမ်းယီသည် ပြောသည်။ သူသည် ဖေမိသားစု ညီအစ်ကိုနှစ်ယောက်ဆီသို့ သွားပြီး မျက်ခုံးပင့်ကာ ကြည့်သည်။ “မင်းတို့ ငါ့တူကို တရားရုံး ပို့မယ်လို့ ပြောတာလား”
မိန်ကျွမ်းယီနှင့် ဟန်ကျင်းတို့၏ စကားကို ဖေမိသားစု ညီအစ်ကိုနှစ်ယောက်က ကြားခဲ့ပြီးပြီ ဖြစ်သည်။ သူတို့သည် စိတ်ရှုပ်ထွေးနေသည်။ သူတို့က လုကွမ်းယီကို တရားရုံးသို့ ပို့မည်ဟု ပြောခဲ့သော်လည်း တကယ်တမ်းကျတော့ သာမန်ရွာသားများ ဖြစ်သဖြင့် တစ်သက်လုံး ရွာသူကြီးရုံးသို့ပင် မရောက်ဖူးကြပေ။
တစ်ကြောင်းမှာ သူတို့တွင် ထိုသို့လုပ်ပိုင်ခွင့် မရှိပေ။ နောက်တစ်ကြောင်းမှာ သူတို့က ကြောက်ကြသည်။ ထိုနေရာသည် လူစားသည့်နေရာ ဖြစ်သည်။
မြစ်ငယ်ရွာမှ လူအုပ်ကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ တစ်စုံတစ်ယောက်က ဟန်ကျင်းကို မှတ်မိသဖြင့် တိုးတိုးလေး ပြောသည်။ “ဒါ ဟန်ကျင်း”
“ဟန်ကျင်း”
“ငါကြားဖူးတယ်၊ ဟန်ကျင်းရဲ့ ယောက်ဖက ရုံးတော်က….”
“ဒါဆို ဖေအာကျူတို့က လှည့်စားနေတာပေါ့”
ဖေမိသားစု ညီအစ်ကိုနှစ်ယောက်လည်း ဤစကားကို ကြားသဖြင့် သူတို့၏ခါးသည် ချက်ချင်း ကွေးညွှတ်သွားသည်။
ရွာသူကြီး၏လူဖြစ်စေ၊ မဖြစ်စေ ဟန်ကျင်း တစ်ယောက်တည်းကပင် သူတို့ကို ဒုက္ခပေးနိုင်သည်။ ဆယ်မိုင်ပတ်လည်တွင် ဘယ်သူက သူ့နာမည်ကို မကြားဖူးဘဲ ရှိမှာလဲ။ သူက ရွာထဲက လူဆိုးဂိုဏ်းခေါင်းဆောင် ဖြစ်ပြီး ဘယ်တုန်းကမှ ကောင်းတာ မလုပ်ဖူးတဲ့လူပဲ။
ဖေမိသားစု ညီအစ်ကိုနှစ်ယောက်က ဘာမှ မပြောသည်ကို မြင်သောအခါ မိန်ကျွမ်းယီသည် သူတို့၏လက်မောင်းကို တံတောင်ဆစ်ဖြင့် ထိုးလိုက်သည်။
“မင်းတို့ ငါ့တူကို တရားရုံး ပို့မယ်လို့ ပြောတာလား” နှစ်ယောက်စလုံး မဖြေခင် သူ ပြောသည်။ “ဟုတ်တယ်၊ ဒါဆို ကောင်းပြီ၊ ငါတို့ အပြင်မှာ သွားပြောကြမယ်”
သူသည် လက်များကို ဖေအာကျူ၏ပခုံးပေါ် တင်လိုက်ပြီး သူ့ကို ဆွဲခေါ်သွားသည်။
ဟန်ကျင်းသည် ထိုသို့လုပ်ရန် ပျင်းရိသည်။ သူသည် ဖေတာ့ကျူ၏ရှေ့သို့ လာပြီး ချောင်းဟန့်လိုက်သည်။ ဖေတာ့ကျူသည် ကိုယ်တိုင် ထွက်သွားသည်။
မိန်ကျွမ်းယီနှင့် ဟန်ကျင်းတို့ အပြင်သို့ ထွက်သွားသောအခါ ဘာဖြစ်ခဲ့သည်ကို ဘယ်သူမှ မသိပေ။ သို့သော် ဖေမိသားစု ညီအစ်ကိုနှစ်ယောက် ပြန်လာသောအခါ သူတို့၏မျက်နှာများတွင် နာကျင်မှုများ ပြည့်နှက်နေသည်။ သူတို့သည် စကားတစ်လုံးမှ မပြောရဲဘဲ ခေါင်းငုံ့ပြီး ပြောကာ ရှက်ရွံ့စွာဖြင့် ထွက်ပြေးသွားကြသည်။ “ငါတို့ သွားပြီ”
75 02
မြစ်ငယ်ရွာမှ လူအုပ်ကြီးလည်း ရှက်ရွံ့နေကြသဖြင့် ဆက်မနေတော့ဘဲ သူတို့နောက်သို့ လိုက်သွားကြသည်။
တာ့ရှီးရွာမှ ရွာသားအချို့ကတော့ ဆက်ရှိနေပြီး သူတို့နှင့် ရင်းနှီးချင်ကြသည်။ သို့သော် လုမိသားစု ဒုတိယအိမ်တွင် ဧည့်သည်များ ရောက်နေသဖြင့် နေရန် မသင့်တော်တော့ပေ။ ထို့ကြောင့် သူတို့သည် ခြံအပြင်သို့ ထွက်သွားကြသည်။
လုမင်ဟိုင်သည် သူတို့နှင့်အတူ လိုက်သွားပြီး လူတိုင်းကို ကျေးဇူးတင်စကား ထပ်ခါတလဲလဲ ပြောသည်။ ယနေ့ကိစ္စတွင် ရွာသားများက အစကတည်းက သူတို့အတွက် ကူညီပေးခဲ့ခြင်း မရှိပါက သူတို့သည် ကြီးမားသည့် အရှုံးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ လုမင်ဟိုင်သည် ကျေးဇူးတရားကို သိသူဖြစ်သဖြင့် အလွန်ကျေးဇူးတင်နေသည်။
ချောင်ရှီလည်း ဆက်မနေတော့ဘဲ မိန်ရှီသည် သူမကို လိုက်ပို့သည်။
“ညီမ၊ ဒီနေ့တော့ ရှင်တို့ကြောင့်ပဲ၊ ရှင် မကူညီရင်…”
ချောင်ရှီသည် ပြုံးပြီး စကားဖြတ်လိုက်သည်။ “အစ်မ ဘာလို့ ကျွန်မကို ဒီလောက် အားနာနေတာလဲ၊ ဒုတိယအစ်ကိုနဲ့ ကျွန်မတို့က ညီအစ်ကိုမောင်နှမတွေပဲ၊ ကျွန်မတို့က ကိုယ့်ဘက်ကလူကိုပဲ ကူညီရမှာပေါ့၊ အဲ့စကားတွေက ရှင်တို့ ကူညီရတာ မကောင်းတဲ့ကိစ္စတွေ၊ ဒါပေမဲ့ ကျွန်မကတော့ ဂရုမစိုက်ဘူး၊ ဒုတိယအစ်ကို အိမ်မှာ မရှိဘူးဆိုပြီး ကွမ်းယီကို ဒီလိုပဲ အရှုံးပေးခိုင်းလို့ ရမလား၊ ရှင် ကျွန်မကို လိုက်မပို့နဲ့တော့၊ ရှင်တို့ ညီအစ်ကိုတွေ ပြန်တွေ့တာလည်း ခဏလေးပဲ ရှိသေးတယ်၊ ဧည့်သည်တွေနဲ့ အတူတူ ထိုင်ပါတော့”
မိန်ရှီသည် ခေါင်းညိတ်ပြီး ချောင်ရှီ၏ကျေးဇူးတရားကို မှတ်ထားလိုက်သည်။ ယခင်က သူမသည် ဒီယောင်းမက ရိုင်းစိုင်းသည်ဟု ထင်ခဲ့သည်။ အခုတော့ ဒီလို မဟုတ်တော့ပေ။ ထိုအချိန်တွင် အိမ်ကြီးဘက်မှ ဘယ်သူမှ မလာသည်ကိုလည်း သူမ သတိရသည်။ ဤသို့ ကြီးမားသည့်ကိစ္စ ဖြစ်ပွားနေသော်လည်း ဖခင်နှင့်အစ်ကိုကြီးတို့ တစ်ယောက်မှ မလာသဖြင့် သူမ စိတ်မကောင်းဖြစ်သွားသည်။
ချောင်ရှီသည် ဒုတိယအိမ်မှ ခြံတံခါးကို ဖွင့်ပြီး ထွက်သွားသည်။ သူမသည် အနီးအနားတွင် ရပ်ပြီး ဒီဘက်ကို ကြည့်နေသည့် ဟူရှီကို တွေ့သည်။ သူမက ဘာတွေးနေသည်ကို ဘယ်သူမှ မသိပေ။
သူမသည် ခါးကို ကော့ပြီး ရှေ့သို့ သွားကာ ပြုံးပြီး ပြောလိုက်သည်။ “အစ်မကြီး၊ ဘာတွေ ကြည့်နေတာလဲ၊ အစ်ကိုကြီးက ဒုတိယအစ်ကိုရဲ့ညီအစ်ကိုအရင်းပဲ၊ ဘာလို့ တံခါးမှာပဲ ရပ်နေတာလဲ၊ ဝင်လေ”
ဟူရှီသည် ချောင်ရှီကို ကြည့်ပြီး အပြုံးကို အတင်းအကျပ် ဖန်တီးသည်။ “မင်းရဲ့အစ်ကိုနဲ့ သားနှစ်ယောက် အိမ်မှာ မရှိဘူး၊ အဖေနဲ့အမေပဲ ရှိတယ်၊ သူတို့က အပြင်မှာ ဘာဖြစ်လဲဆိုတာ ကြည့်ဖို့ ငါ့ကို ထွက်ကြည့်ခိုင်းတယ်၊ ငါ အလုပ်တွေ ရှိနေလို့ နောက်ကျသွားတယ်၊ ငါ ထွက်လာတော့ ကိစ္စက ပြီးသွားပြီ၊ ဒုတိယအစ်ကိုတို့ နှစ်ယောက် ဘာမှ မဖြစ်ဘူးနော်”
ချောင်ရှီသည် အလွန်တောက်ပစွာ ပြုံးပြီး ပြောလိုက်သည်။ “ဘာမှ မဖြစ်ပါဘူး၊ ကျွန်မတို့ရွာက လူတွေက အမြဲတမ်း စည်းလုံးညီညွတ်ကြတယ်၊ ဒီလောက်လူများလာနေတာ ဘာမှ မဖြစ်နိုင်ဘူး၊ အထူးသဖြင့် အစ်မရဲ့မောင် လာတယ်၊ သူက အရည်အချင်းရှိတဲ့ သူငယ်ချင်းကို ခေါ်လာတယ်၊ ဖေမိသားစုက ရှုံးနိမ့်သွားတယ်၊ အစ်မ ပြောပါရစေ၊ အစကတည်းက အစ်မရဲ့မောင်မှာ အရည်အချင်းရှိတယ်၊ သူငယ်ချင်းတွေလည်း သာမန်လူတွေ မဟုတ်ဘူး၊ ဟန်ကျင်းကို သိလား၊ သူ့ယောက်ဖက ရုံးတော်ကလူပဲ၊ ဖေမိသားစုက ကွမ်းယီကို တရားရုံး ပို့ချင်တယ်၊ သူတို့ကို အရင် ထောင်ထဲ သွားသင့်တယ်”
ထို့နောက် သူမသည် ဟူရှီ၏မျက်နှာကို တစ်ဖန် ကြည့်လိုက်သည်။ “အစ်မကြီး ဝင်မလား၊ ဒါပေမဲ့ ဒီအချိန်မှာ ဒုတိယအစ်မက ဧည့်သည်တွေကို ဧည့်ခံနေတော့ အားမှာ မဟုတ်ဘူး”
ဟူရှီသည် ခက်ခက်ခဲခဲ ပြုံးပြီး ပြောလိုက်သည်။ “မလိုတော့ပါဘူး၊ အစ်ကိုတို့နှစ်ယောက် ဘာမှ မဖြစ်ဘူးဆိုရင် ကိစ္စမရှိပါဘူး၊ ဒါမှ သူ့အဖေနဲ့ ယောက္ခမက ငါ့ကို အပြစ်တင်မှာ မဟုတ်ဘူး၊ ငါ အရင် ပြန်တော့မယ်၊ ဒီကိစ္စကို အဖေနဲ့အမေကို ပြောပြတော့မှ သူတို့ စိတ်ပူမှာ မဟုတ်တော့ဘူး”
ဟူရှီသည် သူမ၏ဖင်နောက်မှ ခွေးလိုက်နေသည့်အတိုင်း ထွက်သွားသည်။ ချောင်ရှီသည် သူမနောက်တွင် ပြောသည်။ “မင်းရဲ့ ညစ်ပတ်တဲ့ စိတ်ကို ဘယ်သူမှ မသိဘူးလို့ ထင်နေတာလား၊ ငါ မင်းကို ဘယ်လို နာကျင်ခံစားရမလဲ ကြည့်နေမယ်၊ အလုပ်တွေ ရှိနေလို့ နောက်ကျတယ်ဆိုတာ တမင်သက်သက်ပဲ၊ ရိုင်းစိုင်းတဲ့ မိန်းမ”
အပြင်လူများ ထွက်သွားသောအခါ လုမိသားစု ဒုတိယအိမ်မှလူများနှင့် မိန်ကျွမ်းယီတို့ စကားပြောရန် အိမ်ထဲသို့ ဝင်လာသည်။ ဖေမိသားစု ညီအစ်ကိုနှစ်ယောက်က သူတို့၏ညီမလေးကို ဒီမှာ မေ့ထားခဲ့သည်ကို သူတို့ သတိထားမိသည်။
လုကွမ်းယီသည် ရှေ့သို့ လျှောက်သွားသည်။ သူ၏မျက်နှာတွင် ဝမ်းနည်းမှုမရှိ၊ ဝမ်းသာမှုမရှိပေ။ သူသည် ကြမ်းပြင်ပေါ်တွင် ထိုင်နေသည့် ဖေကွေ့အာကို အသံငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။ “မင်း သွားပါတော့”
လုကွမ်းယီသည် သူ့ကို လာကူညီသည်ကို မြင်သောအခါ ဖေကွေ့အာ၏မျက်နှာတွင် ပျော်ရွှင်မှုများ ပေါ်လာသော်လည်း ချက်ချင်းပင် ဖြူဖျော့သွားသည်။
75 03
“ကွမ်းယီ…”
“မင်း သွားပါတော့”
“ကွမ်းယီ ၊ ကျွန်မကို အပြစ်မတင်ပါနဲ့၊ ဒီလို အခြေအနေမျိုးမှာ ကျွန်မ ဘာမှ မတတ်နိုင်ခဲ့ဘူး…”
“မင်း သွားပါတော့”
“ကွမ်းယီ၊ ရှင်သာ ကျွန်မမိသားစုကို သွားပြောရင် အဖေနဲ့အစ်ကိုတို့က ကျွန်မကို လက်ထပ်ပေးမှာ သေချာပါတယ်၊ကျွန်မတို့ ထွက်ပြေးဖို့ မလိုပါဘူး…” ဖေကွေ့အာသည် ပြောနေရင်း လုကွမ်းယီကို လှမ်းကြည့်သည်။
ထိုအချိန်တွင် ဝက်ဝံတစ်ကောင်ကဲ့သို့ လူတစ်ယောက်သည် အလျင်အမြန် လျှောက်လာပြီး ဖေကွေ့အာကို ကြမ်းတမ်းစွာ ဆွဲလိုက်ပြီး တံခါးအပြင်သို့ ပစ်ချလိုက်သည်။
“ငါ့အမေ… ဘာလုပ်လို့ရမှာလဲ” (ဒါက ဆဲလိုက်တာပါနော်)
ဝက်ဝံကဲ့သို့ ဝတ်ဆင်ထားသည့် မိန်ကျွမ်းယီသည် တံခါးကို ပိတ်လိုက်သည်။
“မင်း ဘာလို့ ဆဲတာလဲ၊ မင်း ဘယ်တုန်းကမှ မဆဲဖူးဘူး” ဟန်ကျင်းသည် ဘေးမှ လှောင်ပြောင်သည်။
မိန်ကျွမ်းယီသည် ဒေါသထွက်နေသည့်မျက်နှာဖြင့် ပြောသည်။ “ငါ ဒေါသထွက်လို့ပါ”
ထို့နောက် သူသည် လုကွမ်းယီကို ဆုံးမသည်။ “နောက်ပိုင်းမှာ ဒီလိုလူမျိုးနဲ့ တွေ့ရင် ဂုဏ်သိက္ခာကို ဂရုမစိုက်နဲ့၊ မျက်နှာမရှိတဲ့လူတွေကို ဒီလိုပဲ ဆက်ဆံရမယ်”
ဤစကားက ကြမ်းတမ်းသော်လည်း အမှန်တရား ဖြစ်သည်။ ဒုတိယအိမ်မှလူများက ရိုးသားကြသဖြင့် သူတို့က ဂရုစိုက်လွန်းကြသည်။ သို့သော် မိန်ကျွမ်းယီတွင် ဒီလို စိတ်ပူစရာမရှိပေ။ သူသည် အမြဲတမ်း သူ့စိတ်ကြိုက် လုပ်တတ်သည်။
မှားသည်၊ မှန်သည်ဟု ပြောရန် မဖြစ်နိုင်ပေ။ ၎င်းသည် လူတစ်ဦးချင်းစီ၏ ကွဲပြားသည့် နည်းလမ်းသာ ဖြစ်သည်။
သို့သော် ဒီကိစ္စပြီးနောက် ဒုတိယအိမ်မှလူများသည် အထူးလူများကို အထူးနည်းလမ်းဖြင့် ဆက်ဆံရမည်ဟု သင်ခန်းစာ ရရှိခဲ့သည်။ မဟုတ်လျှင် သူတို့သည် သူတို့ကို ပို၍ အနိုင်ကျင့်လာနိုင်သည်။
အားလုံးကို ဖယ်ထုတ်လိုက်ပြီး လူတိုင်း အိမ်ထဲသို့ ဝင်သွားကြသည်။
ဒုတိယအိမ်မှ ဇနီးမောင်နှံနှင့် မိန်ကျွမ်းယီ၊ ဟန်ကျင်းတို့သည် အပူပေးမီးဖိုပေါ်တွင် ထိုင်နေကြသည်။ ကလေးငယ်များကတော့ မီးဖိုဘေးတွင် ထိုင်နေကြသည်။
မိန်ကျွမ်းယီသည် အပူပေးမီးဖိုပေါ်သို့ တက်ပြီး ထပ်ခါတလဲလဲ ပြောသည်။ “တကယ် နွေးတယ်” မြို့တွင် လူများနေရန် မသင့်လျော်ဘဲ ရွာက ပိုနွေးသည်ဟု ပြောသည်။ တကယ်တော့ အပူချိန်နှင့် မဆိုင်ပေ။ မြို့မှလူများက အပူပေးရန် ကျောက်မီးသွေးကို သုံးလေ့ရှိသည်။ ရွာသားများက ဆင်းရဲသဖြင့် မသုံးနိုင်ဘဲ အပူပေးမီးဖိုကိုသာ သုံးနိုင်ကြသည်။ မိန်ကျွမ်းယီသည် တောင်ဘက်မှ ပြန်လာသဖြင့် မြောက်ဘက်နှင့်တောင်ဘက်ရှိ အပူချိန်ကွာခြားမှုကို အသားမကျဖြစ်ခြင်းက ပုံမှန်သာ ဖြစ်သည်။
သူ၏ဦးလေးငယ် အေးနေသည်ကို မြင်သောအခါ လုကျောင်းယွဲ့သည် အခန်းမှ ထွက်သွားပြီး မီးဖိုချောင်တွင် ဂျင်းလက်ဖက်ရည်ကို ပြုလုပ်ပြီး ယူလာသည်။
ဤဂျင်းလက်ဖက်ရည်သည် ဒုတိယအိမ်မှလူများ ဆောင်းရာသီတွင် သောက်လေ့ရှိသော လက်ဖက်ရည်ဖြစ်သည်။ ၎င်းကို တစ်ခွက်သောက်လိုက်လျှင် ခန္ဓာကိုယ်တစ်ခုလုံး နွေးလာသည်။ သူမ၏ဦးလေးငယ်က ချိုသည့်အရသာကို ကြိုက်သည်ကို သိသဖြင့် လုကျောင်းယွဲ့သည် သူ့အတွက် သကြား ပိုထည့်ပေးသည်။ ထို့နောက် ကျန်သည့်မိသားစုဝင်များအတွက်လည်း သူတို့၏စိတ်ကြိုက် သကြားထည့်ပေးသည်။
ဟန်ကျင်းအတွက်တော့ လုကျောင်းယွဲ့သည် သူ၏စိတ်ကြိုက်ကို မသိပေ။ သို့သော် သူမသည် မိန်ကျွမ်းယီအတွက် ပေးခဲ့သည့်ပမာဏအတိုင်း ပေးခဲ့သည်။ အခြားမိသားစုဝင်များထက် ပိုများသည်။
ထို့နောက် သူမသည် ပွက်ပွက်ဆူနေသည့် ဂျင်းလက်ဖက်ရည်ကို သကြားထဲသို့ ထည့်သောအခါ စပ်သည့်အရသာနှင့်အတူ သကြား၏ ချိုမြိန်သောရနံ့သည် လွင့်ပျံလာသည်။
မိန်ကျွမ်းယီသည် စောင့်နေခဲ့သည်။ လုကျောင်းယွဲ့သည် သူ့ကို တစ်ခွက်ယူလာသောအခါ သူသည် ယူပြီး ချက်ချင်း သောက်လိုက်သည်။ သူသည် ပူသဖြင့် မျက်နှာက ရှုံ့သွားသော်လည်း ပြောသည်။ “ကောင်းတယ်”
သူ၏တူမက သူ့ကို ဂရုစိုက်သည်ဟုလည်း ပြောသည်။ သူသည် လုကျောင်းယွဲ့ကို ပါးစပ်ပိတ်ပြီး ရယ်စေသည်။ မိန်ရှီကလည်း ပြောသည်။ “ဒီလောက် ကြီးတဲ့လူက ကလေးလိုပဲ”
75 04
တကယ်တော့ ပုံမှန်အချိန်တွင် မိန်ကျွမ်းယီသည် ဒီလောက် ရိုင်းစိုင်းခြင်း မရှိပေ။ သူသည် အိမ်မှ အချိန်အကြာကြီး ဝေးကွာနေသဖြင့် သူ့မိသားစုကို တကယ် သတိရနေခြင်း ဖြစ်သည်။
လုကျောင်းယွဲ့သည် ဒုတိယအိမ်မှ ဇနီးမောင်နှံကို တစ်ယောက်တစ်ခွက်စီ ပေးသည်။ ဟန်ကျင်းကို ပေးသောအခါ သူမသည် စိတ်မကောင်းဖြစ်သွားသည်။
“ဦးလေးဟန်” သူမသည် ခွက်ကို ကမ်းပေးပြီး ခေါင်းမော့ကြည့်ရန် မဝံ့မရဲ ဖြစ်နေသည်။
ဟန်ကျင်းသည် သူမကို တစ်ချက်ကြည့်ပြီး ခွက်ကို ယူလိုက်သည်။
လက်ဖက်ရည် သောက်ပြီးနောက် မိန်ကျွမ်းယီသည် ယနေ့ကိစ္စနှင့် ပတ်သက်ပြီး ဒုတိယအိမ်မှလူများကို ဆုံးမပေးသည်။
သူသည် များများစားစား မပြောပေ။ ဒီလိုလူမျိုးကို ဘယ်လို ဆက်ဆံရမယ်ဆိုတာကိုပဲ သင်ပေးသည်။ မှန်သည်၊ မှားသည်ကို မပြောပေ။ လူတိုင်းတွင် ကိုယ်ပိုင်အပြုအမူများ ရှိကြသည်။ အပြင်လူများက ဒုတိယအိမ်မှလူများသည် ကောင်းလွန်းသည်ဟု ပြောနိုင်သော်လည်း မိန်ကျွမ်းယီနှင့် ဟန်ကျင်းအတွက်တော့ ဤသည်က သူတို့၏ ချစ်စရာကောင်းသည့်အချက် ဖြစ်သည်။
အပြင်လောကသည် အလွန်ရက်စက်သည်။ လူနှင့်လူကြားတွင် ချစ်ခြင်းမေတ္တာနှင့် သည်းခံမှု ပိုရှိလျှင် လူ့အဖွဲ့အစည်း ပို၍ ကောင်းမွန်နိုင်သည်။ သို့သော် လူကောင်းက လူဆိုးနှင့် တွေ့သောအခါ ကိစ္စက ကွဲပြားသည်။ အဲ့တာကြောင့် သူတို့က လူဆိုးများဖြစ်ပြီး ဒုတိယအိမ်ကတော့ အပြင်လူများမှ ချီးကျူးခံရသည်။
ဒါပေမဲ့ သူတို့က အရမ်း ရိုးသားတယ်၊ ငါ စောင့်ကြည့်နေသရွေ့တော့ အကြီးအကျယ် နာကျင်မှာ မဟုတ်ပါဘူး။ မိန်ကျွမ်းယီသည် တိတ်တိတ်ဆိတ်ဆိတ် တွေးသည်။
ထိုသို့သော အတွေးမျိုးကို နောက်ထပ်တစ်ယောက်က တွေးနေသေးသည်။ ထိုသူမှာ ဟန်ကျင်း ဖြစ်သည်။ သူသည် ကိုယ့်ကိုယ်ကိုယ် ဒုတိယအိမ်၏အနာဂတ် သားမက်အဖြစ် မြင်နေသည်။ သူသည် သူ၏ယောက္ခမမိသားစုကို ကာကွယ်ရမည်။ သူသည် ယောက္ခမ မိသားစုကို ပို၍ ဂရုစိုက်ရမည်။ ဟန်ကျင်းသည် အလွန်ချိုသည့် ဂျင်းလက်ဖက်ရည်ကို သောက်ပြီး ထိုသို့ တွေးနေသည်။
ထို့နောက် မိန်ကျွမ်းယီသည် တောင်ဘက်မှ သူ၏အတွေ့အကြုံအချို့ကို စတင်ပြောပြသည်။ လူတိုင်းသည် အတူတကွ ထိုင်ပြီး စကားပြောနေကြသည်။
ဤမြင်ကွင်းကို ဟန်ကျင်းက ဘယ်တုန်းကမှ မကြုံဖူးပေ။ ဒါဟာ မိသားစုလား။
သူသည် မီးဖိုအောက်တွင် ထိုင်ပြီး သူ၏ဦးလေးငယ် ပြောသည်ကို စိတ်ဝင်တစား နားထောင်နေသည့် လုကျောင်းယွဲ့ကို ကြည့်သည်။
လုကျောင်းယွဲ့သည် တစ်စုံတစ်ခုကို ခံစားမိသဖြင့် ပြန်လှည့်ကြည့်လိုက်သည်။ သူတို့နှစ်ဦးသည် တစ်ယောက်မျက်လုံးနှင့် တစ်ယောက် ဆုံသွားသည်။ လုကျောင်းယွဲ့၏ မျက်နှာသည် ရဲလာပြီး ရှက်သွားသည်။ သူမသည် ညစာအတွက် ဟင်းများ ပြင်ဆင်ရန် အကြောင်းပြချက် ပေးပြီး အခန်းမှ ထွက်သွားသည်။
လုကျောင်းယွဲ့ ထွက်သွားပြီးကတည်းက ဟန်ကျင်းသည် အာရုံပျက်နေသည်။ သူသည် သတိပြန်ရလာသောအခါ ဂျင်းလက်ဖက်ရည် တစ်ခွက်လုံးကို သောက်ပြီးပြီ ဖြစ်သည်။ သူ၏ပါးစပ်ထဲတွင် အလွန်ချိုသည့်အရသာ ရှိနေသည်။ သူသည် ချိုသည့်အရသာကို မကြိုက်ပေ။ သို့သော် ယနေ့တွင် သူမက လက်ဖက်ရည်ကို ယူလာသဖြင့် သူသည် သောက်လိုက်သည်။ သူ မသိဘဲ တစ်ခွက်လုံးကို သောက်မိသွားသည်။
မိန်ကျွမ်းယီသည် သူ့သူငယ်ချင်းမျက်နှာအမူအရာကို သတိထားမိသည်။ သူသည် လက်ဖက်ရည်ခွက်ထဲက သကြားအနည်များကို ကြည့်ပြီး လှောင်ပြောင်သည်။ “ငါ ပြောသားပဲ၊ ဒီနေ့ ဘာလို့ ဒီလောက် ထူးဆန်းတာလဲ၊ ချိုတဲ့အရသာကို မကြိုက်တဲ့လူက ဒီလက်ဖက်ရည်ကို တစ်ခွက်လုံး သောက်သွားတယ်၊ ငါက တူမလေးက မင်းအတွက် သကြား မထည့်ပေးခဲ့တာလားလို့ တွေးမိတယ်၊ အခုတော့ မဟုတ်ဘူးပဲ၊ ငါ ပြောတာ၊ မင်း ငါ့အစ်မအိမ်ကို လာတာ ဘာလို့ ဒီလောက် အားနာနေတာလဲ၊ မကြိုက်ရင် မကြိုက်ဘူးလို့ ပြောလိုက်လေ”
ဟန်ကျင်းသည် သူ့ကို ကြည့်ပြီး ဘာမှ မပြောပေ။
မိန်ရှီသည် ရှက်ရွံ့စွာဖြင့် ပြောသည်။ “ဒီကလေးက ရိုးသားလွန်းတယ်၊ ငါ သားကြီးကို တခြားလက်ဖက်ရည်ခွက်နဲ့ ပြောင်းခိုင်းလိုက်မယ်”
ဟန်ကျင်းသည် ခေါင်းခါပြီး ပြောသည်။ “ဒါက အဆင်ပြေပါတယ်၊ အစ်မကြီး၊ ကျွန်တော် ရေနည်းနည်းလောက် ရှာပြီး ပါးစပ်ဆေးလိုက်မယ်”
သူသည် အပူပေးမီးဖိုပေါ်မှ ဆင်းလိုက်သည်။
“မီးဖိုချောင်ထဲမှာ ရေရှိတယ်၊ မင်း ကျောင်းယွဲ့ကို ခပ်ခိုင်းလိုက်” မိန်ရှီသည် ပြောသည်။
ဟန်ကျင်းသည် ခေါင်းညိတ်ပြီး အပြင်သို့ ထွက်သွားသည်။
75 05
မီးဖိုချောင်သို့ ရောက်သောအခါ လုကျောင်းယွဲ့သည် ဓားပြားပေါ်တွင် ဟင်းသီးဟင်းရွက်များ လှီးနေသည်။ သူ ရောက်လာသည်ကို မြင်သောအခါ သူမသည် စိတ်ရှုပ်ထွေးပြီး ရှက်ရွံ့သွားသည်။
“ဘာလို့ လာတာလဲ”
“မင်းကို လာကြည့်တာ”
သူ ပြောနေစဉ် လုကွမ်းကျုံးသည် အပြင်ဘက်မှ ခေါင်းဝင်လာသည်။ “အစ်မကြီး၊ အမေက ဦးလေးဟန်အတွက် လက်ဖက်ရည် ပြင်ခိုင်းတယ်၊ ဦးလေးဟန်က ချိုတဲ့အရာကို မကြိုက်ဘူး၊ အစ်မ သူ့ခွက်ထဲမှာ သကြား အများကြီး ထည့်လိုက်တယ်”
သူ ပြောပြီးနောက် ရယ်လိုက်ပြီး ပြောသည်။ “ဦးလေးဟန်၊ ကျွန်တော့အမေက စိတ်ပူတတ်တာပဲ၊ ကျွန်တော် ပြောဖို့ လာခဲ့တာ”
ထို့နောက် သူသည် ချက်ချင်း ထွက်သွားသည်။
လုကျောင်းယွဲ့သည် သူမ ဘာလုပ်မိခဲ့သည်ကို သိလိုက်သောအခါ ရှက်ပြီး မြေကြီးအောက်သို့ ဝင်သွားချင်စိတ် ဖြစ်မိသည်။
သူမသည် တိုးတိုးလေး ပြောသည်။ “ရှင် ချိုတာ မကြိုက်တာ ကျွန်မ မသိဘူး၊ ပါးစပ်ထဲက အရသာ ပျက်သွားလား၊ ကျွန်မ လက်ဖက်ရည် ပြင်ပေးမယ်”
သူမသည် သူမ၏လက်ကို အင်္ကျီစဖြင့် သုတ်လိုက်ပြီး ဟန်ကျင်းအတွက် လက်ဖက်ရည် ပြင်ပေးရန် အလုပ်များနေသည်။
ဟန်ကျင်းသည် ရှေ့သို့ တိုးလာပြီး သူမ၏လက်ကို ဖမ်းလိုက်သည်။ “ကိစ္စမရှိဘူး၊ မင်း လုပ်ပေးတာ ဘာမဆို ငါ ကြိုက်တယ်”
လုကျောင်းယွဲ့သည် ရှက်လည်း ရှက်၊ ပျော်လည်း ပျော်နေသည်။ “ရှင်က ပါးစပ်ချိုတယ်၊ သကြားတွေ အများကြီး စားထားတာလား”
ဟန်ကျင်းသည် သူမက သူ့ကို စနောက်လိမ့်မည်ဟု မထင်ထားသဖြင့် ကြောင်သွားသည်။
ဤအချိန်တွင် လုကျောင်းယွဲ့သည် သူ၏လက်မှ သူမ၏လက်ကို ဆွဲထုတ်ပြီး မီးဖိုပေါ်တွင် ရေဆူနေပြီလားကို ကြည့်သည်။ သူမသည် ရေပွက်နေသည်ကို မြင်သောအခါ နောက်သို့ လှည့်ပြီး ဗီရိုမှ ပန်းကန်လုံးတစ်လုံးကို ယူသည်။ နောက်ထပ် ဗီရိုမှ လက်ဖက်ခြောက် ဘူးလေးကို ယူသည်။
လက်ဖက်ခြောက်အနည်းငယ်ကို ယူပြီး ပူပူနွေးနွေးရေဖြင့် ဖျော်လိုက်သည်။ ချက်ချင်း လက်ဖက်ရည်နံ့သင်းသင်းက ထွက်ပေါ်လာသည်။
“မြန်မြန်သောက်ပါ၊ လက်ဖက်ရည်က အရသာပျက်သွားတာကို အကောင်းဆုံး ပြန်လုပ်ပေးနိုင်တယ်”
ဟန်ကျင်းသည် လက်ဖက်ရည်ခွက်ကို ယူလိုက်သည်။ သူ မသောက်ဘဲ လုကျောင်းယွဲ့ကို မီးဖိုရှေ့တွင် အလုပ်များနေသည်ကို ကြည့်နေသည်။
လုကျောင်းယွဲ့သည် ရှက်ရွံ့မှုများ ဖုံးကွယ်ရန် အလုပ်များနေခြင်း ဖြစ်သည်။ သူက ကြည့်နေသည်ကို မြင်သောအခါ သူမသည် ပို၍ စိတ်ရှုပ်ထွေးသွားသည်။
“ရှင် ဘာကြည့်နေတာလဲ”
“မင်းကို ကြည့်နေတာ၊ အရမ်း လှတယ်”
သူ ပြောပြီး လက်ဖက်ရည်ကို တစ်ကျိုက် သောက်လိုက်သည်။ သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
လုကျောင်းယွဲ့၏မျက်နှာတွင် အနီရောင်များ ပေါ်လာသည်။ သူမသည် ခေါင်းငုံ့ပြီး လက်များကို အင်္ကျီစဖြင့် သုတ်နေသည်။
“မင်းရဲ့ခန္ဓာကိုယ် အဆင်ပြေရဲ့လား”
“ကောင်းပါတယ်၊ ငါ မင်းကို လာကြည့်ချင်တာ ကြာပြီ၊ ဒါပေမဲ့ အခွင့်အရေး မရခဲ့ဘူး၊ မင်းရဲ့ဦးလေးငယ် ပြန်လာတော့ မင်းရဲ့မိသားစုအကြောင်းကို ပြောပြတယ်၊ သူက အိမ်ကိုတောင် ပြန်မလာဘဲ မင်းတို့အိမ်ကို လာခဲ့တယ်၊ ငါ့ကိုလည်း ခေါ်လာတယ်၊ ဒီလိုကိစ္စမျိုး ကြုံတွေ့ရတာ တိုက်ဆိုင်မှုပဲ”
“ရှင် ကူညီပေးတာ ကျေးဇူးတင်ပါတယ်”
လုကျောင်းယွဲ့သည် ကျေးဇူးတရားကို သိတတ်သူဖြစ်သည်။ ယနေ့ သူတို့၏ကိစ္စကို အဆင်ပြေပြေ ဖြေရှင်းနိုင်ခဲ့ခြင်းက ဦးလေးဟန်ကြောင့် ဖြစ်သည်ကို သူမ သိသည်။
“မင်းရဲ့ကိစ္စက ငါ့ကိစ္စပဲ၊ ဘာလို့ ကျေးဇူးတင်နေတာလဲ” ဟန်ကျင်းသည် ဂရုမစိုက်စွာ ပြောသည်။
လုကျောင်းယွဲ့၏မျက်နှာသည် ပို၍ ရဲလာသည်။ သူမ၏နှလုံးခုန်သံ မြန်လာသည်ကို ဖုံးကွယ်ရန် ဟန်ကျင်းကို ပြောလိုက်သည်။ “ရှင် မြန်မြန် အခန်းထဲ ပြန်တော့၊ မဟုတ်ရင် အမေတို့က ရှင် ဘယ်ရောက်သွားပြီလဲလို့ တွေးနေလိမ့်မယ်”
75 06
ဟန်ကျင်းသည် ကြာကြာနေလျှင် မကောင်းသည်ကို သိသဖြင့် ခေါင်းညိတ်သည်။
ဟူရှီသည် ပြန်လာပြီး အဖေကြီးလုကို ကိစ္စအကြောင်း ပြောပြသည်။
အဖေကြီးလုသည် ဒေါသထွက်ပြီး စိုးရိမ်နေသည်။ သူသည် ဟူရှီကို အချိန်မှန် သတင်းမပို့သဖြင့် ဒုတိယအိမ်က ဘာတွေ နားလည်မှုလွဲသွားမည်လဲဟု သူ စိတ်ပူနေသည်။ ရွာကလူတွေက သူ့အကြောင်း ဘယ်လို တွေးနေလိမ့်မယ်ဆိုတာကိုလည်း သူ စိတ်ပူနေသည်။
ထို့ကြောင့် သူသည် ဟူရှီကို အပြစ်တင်သည်။
သူက ယောက္ခမဖြစ်သဖြင့် သူ၏ချွေးမကို တိုက်ရိုက် မပြောနိုင်ဘဲ မျက်နှာကတော့ မကောင်းပေ။
အမှန်တကယ်တော့ အိမ်ကြီးက အပြင်ဘက်မှ လှုပ်ရှားမှုကို ကြားခဲ့သည်။ သို့သော် အခုက အေးသည့်ရာသီဥတု ဖြစ်သဖြင့် သူတို့အသက်ကြီးပြီ ဖြစ်ပြီး အအေးဒဏ်ကို ကြောက်ကြသည်။ သူတို့သည် တစ်နေကုန် အပူပေးမီးဖိုပေါ်တွင် ထိုင်နေကြသည်။ အပြင်မှ လှုပ်ရှားမှုကို ကြားသောအခါ အဖေကြီးလုသည် အခန်းထဲမှနေပြီး ချွေးမကို အပြင်မှာ ဘာဖြစ်လဲဆိုတာ သွားကြည့်ခိုင်းသည်။
ထိုအချိန်တွင် ရှောင်ဟူရှီသည် သူမ၏ယောက္ခမနှင့် အပြင်မှကိစ္စများကို ပြောနေသည်။ သူမသည် အထဲသို့ ဝင်ပြီး ပြန်ဖြေရန် ပြင်ဆင်နေသည်။ သို့သော် ဟူရှီက မျက်စိမှိတ်ပြသောအခါ သူမ ရပ်လိုက်သည်။ ဟူရှီသည် အထဲသို့ ပြောသည်။ “ကျွန်မလည်း ဘာမှ မသိဘူး၊ ကျွန်မ သွားကြည့်လိုက်ဦးမယ်”
သူမက ကိစ္စပြီးဆုံးသည်အထိ အပြင်မှာပဲ ရှိနေသည်။
ဟူရှီသည် ဒုတိယအိမ်က ဆုံးရှုံးရမည်ဟု မျှော်လင့်သည်။ သူမသည် ဒုတိယအိမ်တွင် အကြိမ်အနည်းငယ် အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။ နောက်ဆုံးအကြိမ်တွင် ဒုတိယအိမ်မှ ဇနီးမောင်နှံက သူမကို လူအများအပြားရှေ့တွင် မျက်နှာပျက်စေခဲ့သဖြင့် သူမသည် မကျေနပ်ချက်များ ရှိနေသည်။ ဖေမိသားစုက လူအများအပြားနှင့် ဒုတိယအိမ်ကို ပြဿနာရှာသည်ကို မြင်သောအခါ သူမက ဒုတိယအိမ်ကို ကူညီရန် စိတ်ကူးမရှိခဲ့ပေ။
သူမသည် ဒုတိယအိမ်ကို ဒုက္ခရောက်စေချင်သည်။ ဒါမှ သူမရဲ့ မကျေနပ်ချက်တွေ ဖြေရှင်းနိုင်မှာ ဖြစ်သည်။ သို့သော် အဖြစ်အပျက်က မိန်ကျွမ်းယီ ပြန်လာပြီး ဒုတိယအိမ်ကို ကူညီလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ချောင်ရှီက သူမကို အရှက်ရစေခဲ့သည်ကို သတိရပြီး သူမယောက္ခမ၏ မျက်နှာမကောင်းမှုကို မြင်သောအခါ ဟူရှီ၏စိတ်အခြေအနေက ပို၍ ဆိုးရွားလာသည်။ သို့သော် သူမသည် မကျေမချမ်း ဖြစ်နေသည်ကို မပြနိုင်သေးပေ။ သူမသည် သူမ၏ယောက္ခမကို နှစ်သိမ့်ပေးပြီး သူ၏ယောက်ျား ပြန်လာသောအခါ ရှင်းပြရမည်။ သူမသည် ခါးသီးစွာ ပြောသည်။ “လူတွေ အများကြီး ဝိုင်းနေတော့ ကျွန်မ အတင်းဝင်သွားဖို့ ခက်တယ်၊ ကျွန်မ ဝင်သွားတော့ ကိစ္စက ပြီးနေပြီ”
ချွေ့ရှီကလည်း အဖေကြီးလုကို နှစ်သိမ့်သည်။ “ရှင်က ကျွန်မတို့ရွာကလူတွေကို မသိသေးဘူး၊ ပျော်ပွဲရွှင်ပွဲရှိရင် အုပ်လိုက်ကြီး ရောက်လာကြတာပဲ၊ ချွေးမကြီးကလည်း မိန်းမသားပဲ၊ သူမ ဘယ်လို အတင်းဝင်သွားရမှာလဲ”
ထိုအခါမှ အဖေကြီးလု၏မျက်နှာ ကောင်းမွန်လာသည်။ သူသည် ခဏစဉ်းစားပြီး ပြောသည်။ “အစ်ကိုကြီး ပြန်လာတော့မှ သူ့ကို သွားပြောခိုင်းလိုက်မယ်၊ ဒုတိယအိမ်က နားလည်မှု မလွဲအောင်”
သူသည် ဖခင်တစ်ယောက်အနေဖြင့် သားကို သွားရှင်းပြရန် အလွန်ရှက်နေခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် လုမင်ချွမ်း ပြန်လာသောအခါ အဖေကြီးလုသည် သူ့ကို ကိစ္စအကြောင်း ပြောပြသည်။ လုမင်ချွမ်းသည် ဟူရှီကို အပြစ်မတင်ဘဲ ဒုတိယအိမ်သို့ ချက်ချင်း သွားသည်။
သူ ရောက်သောအခါ ဒုတိယအိမ်မှ ဧည့်သည်များနှင့် ပြည့်နှက်နေသဖြင့် အလွန် ဆူညံနေသည်။ သူ ရုတ်တရက် ရောက်လာသောအခါ အိမ်ထဲသို့ ကျော်ဝင်လာသည့် လူစိမ်းတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
လုမင်ချွမ်း ရောက်လာသည်ကို မြင်သောအခါ လုမင်ဟိုင်သည် ကြောင်သွားသည်။
သူက လူအ မဟုတ်ပေ။ ကိစ္စဖြစ်ပွားနေချိန်တွင် အိမ်ကြီးဘက်မှ ဘယ်သူမှ မလာသည်ကို သတိထားမိသည်။ သူ၏စိတ်ထဲတွင် နာကျင်မှုများ ခံစားရသည်။ သို့သော် အိမ်တွင် ဧည့်သည်များ ရှိနေသဖြင့် သူ၏စိတ်ခံစားချက်များကို မတွေးနိုင်ပေ။ အခုတော့ သူ့အစ်ကိုကြီး ရောက်လာပြီ၊ ယခင်က ကိစ္စကို သတိရပြီး သူ၏မျက်နှာတွင် အရင်ကလို နွေးထွေးမှု မရှိတော့ပေ။
“အစ်ကိုကြီး၊ ဘာကိစ္စရှိလို့လဲ”
ဒီကိစ္စတွင် သူတို့ကို အပြစ်တင်၍ မရပေ။ သူ၏ချွေးမ၏ အမှားကြောင့် အိမ်ကြီးဘက်မှ ဘယ်သူမှ မလာခဲ့ပေ။ လုမင်ချွမ်းသည် အပြစ်ရှိသဖြင့် သူ၏မျက်နှာတွင် ထိုအမူအရာများ ပေါ်လာသည်။ သူသည် အပြင်လူများဖြစ်သော မိန်ကျွမ်းယီနှင့် ဟန်ကျင်းကို ခက်ခက်ခဲခဲဖြင့် ကြည့်ပြီး လုမင်ဟိုင်ကို ပြောသည်။ “ဒီနေ့ ငါနဲ့ မင်းရဲ့သားနှစ်ယောက်က မင်းရဲ့ညီမအိမ်ကို ကူညီဖို့ သွားခဲ့တယ်၊ ငါ အိမ်မှာ မရှိဘူး၊ ငါ ပြန်လာတော့ ဖေမိသားစုက လာပြီး ပြဿနာရှာတယ် ဆိုတာ ကြားတယ်၊ အဖေက ငါ့ကို လာပြီး ပြောခိုင်းတယ်၊ အဲ့တုန်းက သူနဲ့အမေက အခန်းထဲမှာ အပြင်က လှုပ်ရှားမှုကို သတိမထားမိခဲ့ဘူး၊ နောက်မှပဲ သိခဲ့တာပါ”
(TN: ခုနတုန်းကကျ ဖေကွေ့အာ ရောက်လာတုန်းက လုမင်ဟိုင် ရှိတယ်လို့ ပြောထားပြီး အခုကျမှ မရှိဘူးဆိုပြီး ပြန်ဖြစ်သွားတာပါ။ မူရင်းက အဲလို ဖြစ်နေတာပါ)
75 07
သူသည် ဟူရှီက အချိန်မှန် သတင်းမပို့ခဲ့သည်ကို ဖုံးကွယ်ထားသည်။ ဒုတိယအိမ်က သူ့ချွေးမအပေါ် နားလည်မှု လွဲသွားမည်ကို သူ ကြောက်သည်။ ဒုတိယအိမ်မှ ဇနီးမောင်နှံက သူတို့၏ချွေးမအပေါ် နားလည်မှုလွဲနေပြီ ဖြစ်သည်။
လုမင်ဟိုင်သည် ပြုံးလိုက်သည်။ “ကိစ္စမရှိဘူး၊ အဖေနဲ့အမေက အသက်ကြီးပြီ၊ ဒီလို မှားတာက ပုံမှန်ပဲ၊ ဒါက ဘာမှ မဟုတ်တဲ့ကိစ္စပါ၊ အဖေက ဒီလို ကိစ္စသေးသေးလေးအတွက် စိတ်ပူစရာမလိုဘူး”
လုမင်ချွမ်းသည် ခေါင်းညိတ်သည်။ သူ၏ညီက သူ့ကို မနေခိုင်းသည်ကို မြင်သောအခါ သူ ပြောလိုက်သည်။ “ငါ ပြန်တော့မယ်”
လုမင်ဟိုင်သည် ထရပ်ပြီး ပြောသည်။ “အစ်ကိုကြီး၊ ဖြည်းဖြည်း သွားပါ” သူသည် လုကွမ်းကျုံးကို သူ၏ဦးလေးကြီးကို လိုက်ပို့ရန် ခိုင်းသည်။
အစကတည်းက မိန်ရှီနှင့် ကလေးများ ဘာမှ မပြောခဲ့ပေ။ မိန်ကျွမ်းယီနှင့် ဟန်ကျင်းကတော့ စကားပြောရန် ပို၍ မဖြစ်နိုင်ပေ။
ဒုတိယအိမ်၏ခြံတံခါးမှ ထွက်လာသောအခါ အေးသည့်လေတွင် လုမင်ချွမ်းသည် စိတ်မကောင်းဖြစ်သွားသည်။
ရွာကလူတွေရဲ့ အလေ့အထအရ ဧည့်သည်တွေ လာရင် ညီအစ်ကိုတွေနဲ့ အကြီးအကဲတွေက လိုက်ပို့လေ့ရှိတယ်။ မိန်ကျွမ်းယီက အပြင်လူ မဟုတ်ပေ။ လုမင်ချွမ်းသည် ထိုသို့လုပ်ခဲ့သော်လည်း ဒုတိယအိမ်က သူ့ကို ဧည့်သည်များနှင့်အတူနေရန် မခေါ်ခဲ့ပေ။ အထူးသဖြင့် လုမင်ဟိုင်သည် ကိုယ်တိုင် မလိုက်ပို့ဘဲ သူ၏သားကို ခိုင်းသည်။ ယခင်ကဆိုလျှင် သူသည် ကိုယ်တိုင် လိုက်ပို့လေ့ရှိသည်။
လုမင်ချွမ်းသည် ထူးခြားမှုကို ခံစားမိပြီး အလွန်စိတ်မကောင်းဖြစ်သွားသည်။
အိမ်သို့ ပြန်လာသောအခါ အဖေကြီးလုက သူ ရှင်းပြခဲ့သည်များကို လုမင်ဟိုင်က နားလည်မှုလွဲမည်လားဟု မေးသည်။ လုမင်ချွမ်းသည် သူ၏အဖေရှေ့တွင် ဘာမှ မပြောနိုင်တော့ဘဲ ပြောလိုက်ရသည်။ “ကိစ္စမရှိပါဘူး၊ များများစားစား မတွေးပါနဲ့၊ ဒုတိယအိမ်က ဘာမှ နားလည်မှု မလွဲဘူး”
အဖေကြီးလုသည်လည်း များများစားစား မတွေးတော့ဘဲ စိတ်အေးသွားသည်။
******
76 01
အခန်း 76 မင်းတို့ လုမိသားစုကို ဘာလို့ ပေးဆပ်နေရတာလဲ
လုမင်ချွမ်းသည် ပင်မအိမ်သို့ ပြန်ရောက်ပြီးနောက် တစ်ချိန်လုံး စကားမပြောပေ။
ဟူရှီသည် သူ့မျက်နှာမကောင်းသည်ကို မြင်သောအခါ ဘာမှမဖြစ်သလို ဟန်ဆောင်ရန် ကြိုးစားသည်။ သို့သော် သူမ၏စိတ်ထဲတွင် တစ်စုံတစ်ခု ဖြစ်နေသည်ကို သူမသာ သိသည်။ ပုံမှန်နှင့်မတူဘဲ ယနေ့တွင် သူမသည် ရှောင်ဟူရှီကို ညစာချက်ခိုင်းခြင်း မပြုဘဲ ကိုယ်တိုင် မီးဖိုချောင်တွင် အလုပ်များနေသည်။
ညစာ ချက်ပြီးနောက် တစ်မိသားစုလုံး အတူထိုင်ပြီး စားကြသည်။ ညစာစားပြီးသောအခါ အသီးသီး အခန်းထဲသို့ ပြန်ဝင်ကြသည်။
ဆောင်းရာသီဖြစ်သဖြင့် ရွာသားများသည် ညစာကို စောစောစားကြသည်။ ထိုအချိန်တွင် အပြင်ဘက်တွင် နေရောင်ခြည်ပင် ရှိသေးသည်။
ဟူရှီသည် ပန်းကန်များကို ဆေးပြီး မီးဖိုချောင်ကို သန့်ရှင်းရေး ပြန်လုပ်သည်။ သူမသည် မီးဖိုချောင်တံခါးကို ပိတ်ပြီး အခန်းထဲသို့ ပြန်ရန် ပြင်ဆင်သည်။ သူမသည် မီးဖိုချောင်တံခါးမှ ထွက်လာသောအခါ လုကွမ်းယီသည် ခြံတံခါးမှ ဝင်လာသည်ကို တွေ့သည်။
“သား၊ ကိစ္စရှိလား”
လုကွမ်းယီသည် အဒေါ်ကြီးဟု ခေါ်ပြီး ပြောလိုက်သည်။ “ဦးလေးနဲ့ အဒေါ်ကို ရှာတာ”
သူသည် များများစားစား မပြောပေ။ ယခင်က မိသားစုမခွဲခင်တွင် သူသည် သူလာသည့်အကြောင်းကို ပြောပြလေ့ရှိသည်။ သို့သော် အိမ်ခွဲပြီးကတည်းက လုကွမ်းယီသည် ပင်မအိမ်မှလူများ၊ အထူးသဖြင့် ဟူရှီနှင့် စကားပြောသောအခါ သတိထားသည်။
“မင်းရဲ့ဦးလေး ခုမှ ပြန်လာတာ…” ဟူရှီသည် စကားပြောနေစဉ် တတိယအိမ်၏အခန်းတံခါးသည် အတွင်းမှ ပွင့်လာသည်။ ချောင်ရှီသည် တံခါးဝတွင် ပြုံးပြီး ရပ်နေရင်း ပြောသည်။ “သား၊ ဘာကိစ္စလဲ။ ဝင်ပြော”
လုကွမ်းယီသည် တတိယအိမ်၏အခန်းထဲသို့ ဝင်သွားပြီး ချက်ချင်း ပြန်ထွက်လာသည်။ များမကြာမီ တတိယအိမ်မှ ဇနီးမောင်နှံသည် ပြုံးပြီး အိမ်ထဲမှ ထွက်သွားကြသည်။
ချောင်ရှီသည် လမ်းလျှောက်နေစဉ် ပြောသည်။ “အစ်ကို၊ ဒီနေ့ အများကြီး သောက်လို့ မရဘူးနော်။ မူးရင် ရှင် အိပ်ယာပေါ် တက်လို့ရမှာ မဟုတ်ဘူး”
လုမင်ရှန်းသည် ငါ မင်းကို ဂရုမစိုက်ဘူး ဟူသည့် ပုံစံမျိုးဖြင့် ဘာမှ မပြောပေ။
“ပြောနေတာ ကြားလား”
“ကောင်းပြီလေ၊ အလကား စိတ်ပူတတ်တဲ့ မိန်းမ”
တတိယအိမ်မှ ဇနီးမောင်နှံသည် ရုန်းရင်းဆန်ခတ်ဖြင့် ခြံတံခါးမှ ထွက်သွားကြသည်။ ဟူရှီသည် အိမ်ထဲသို့ ဝင်မည်ဟု ဟန်ဆောင်ပြီး ကျောခိုင်းထားစဉ် သူမ၏ကျောသည် တင်းမာသွားသည်။
ဟူရှီသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး တံခါးမှ ချည်သားအကာကို ဖယ်လိုက်ပြီး အိမ်ထဲသို့ ဝင်သွားသည်။ လုမင်ချွမ်းသည် ခန်ခုတင်ပေါ်တွင် ဒူးထောက်ထိုင်နေသည်။
သူ၏မျက်နှာသည် အလွန်မကောင်းဘဲ မည်းနေသည်။
လုမင်ချွမ်းသည် တတိယအိမ်မှ ဇနီးမောင်နှံ၏စကားကို ကြားခဲ့ပြီးပြီဖြစ်သည်။ ဒုတိယအိမ်က တတိယအိမ်မှ ဇနီးမောင်နှံကို ဧည့်ခံရန် ဖိတ်ခဲ့သော်လည်း သူ့ကို မဖိတ်ခဲ့ပေ။ ယခင်က လုမင်ချွမ်းသည် သူ့ကိုယ်သူ နှစ်သိမ့်နိုင်ခဲ့သည်။ ဒုတိယအိမ်က မထင်မှတ်မိခဲ့ဟု သူ တွေးနိုင်သည်။ သို့သော် ယခုအချိန်တွင် သူသည် သူ့ကိုယ်သူ လှည့်စား၍ မရတော့ပေ။
ဟူရှီသည် သူ၏ခင်ပွန်းကို ကြည့်ရန် မဝံ့မရဲ ဖြစ်နေသည်။ သူမသည် အထဲသို့ ဝင်သွားပြီး လုကွမ်းရန်၏ဇနီးမောင်နှံ အခန်းထဲတွင် ရှိနေသည့် မြေးမလေး နျူနျူကို ကြည့်သည်။ သူမသည် ရယ်မောဟန်ဆောင်ပြီး မြေးမလေးနှင့် ခဏ ဆော့ကစားသည်။ ထို့နောက် သူမသည် နောက်သို့ လှည့်ပြီး အခန်းထဲသို့ ပြန်ဝင်လာသည်။
လုမင်ချွမ်းသည် ခန်ခုတင်ပေါ်တွင် ဒူးထောက်ပြီး မျက်နှာမည်းမည်းဖြင့် ထိုင်နေသည်။
အခန်းထဲတွင် အလွန်တိတ်ဆိတ်နေသည်။ ရုတ်တရက် မိုးခြိမ်းသံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာသည်။
“ငါ့ကို ပြောစမ်း၊ ဒီနေ့ ဘာဖြစ်ခဲ့တာလဲ”
အတွင်းခန်းထဲမှ နျူနျူ၏ငိုသံနှင့် ရှောင်ဟူရှီ၏ တိုးတိုးလေး ချော့မြူသံများ ထွက်ပေါ်လာသည်။
ဟူရှီသည် သက်ပြင်းချလိုက်ပြီး ပြောသည်။ “အသံတိုးတိုး၊ ကလေးကို မကြောက်စေနဲ့”
76 02
ထိုသို့ဖြစ်ပြီးနောက် လုမင်ချွမ်းလည်း ဒေါသများ ငြိမ်သက်သွားသည်။ သူသည် အသံကို နှိမ့်လိုက်ပြီး ပြောသည်။ “ငါ့ကို ပြောစမ်း၊ ဒီနေ့ ဘာဖြစ်ခဲ့တာလဲ”
ဟူရှီသည် နာကျင်နေသည့် မျက်နှာဖြင့် ဆိုသည်။ “ဘာဖြစ်ရမှာလဲ၊ အဖေဆီမှာ ကျွန်မ အပြစ်တင်ခံခဲ့ရပြီးပြီ၊ အမေသာ ကျွန်မကို မကာကွယ်ပေးရင် ဒီနေ့တစ်နေ့လုံး အဖေရဲ့မျက်နှာ မကောင်းတာကို ကျွန်မ မြင်နေရဦးမှာ၊ ဒါပေမဲ့ ကျွန်မကို အပြစ်တင်လို့ရလား။ အပြင်မှာ လူတွေ အများကြီးပဲ၊ ကျွန်မ မိန်းမသားတစ်ယောက်တည်းက ယောက်ျားတွေကြားထဲ ဘယ်လို တိုးဝှေ့ပြီး သွားရမလဲ။ လူတွေ ကွဲသွားတော့ ကိစ္စက ပြီးနေပြီ၊ ကျွန်မ ဘာဖြစ်ခဲ့လဲဆိုတာ သိတဲ့အခါ အဖေကို မြန်မြန် ပြန်ပြောခဲ့တယ်လေ။ ကောင်းတာလုပ်တာတောင် ဘာမှမကောင်းဘဲ ဘယ်သူကမှ ကျွန်မကို မကြည့်ကြဘူး၊ ဘာလို့ ဒုတိယအိမ်နဲ့ ပတ်သက်လာရင် အကုန် ငါ့အမှား ဖြစ်နေတာလဲ”
“ဒါ မဟုတ်ဘူး…” ဒါက မင်းမှာ အတိတ်ကရှိခဲ့လို့ပဲ။ လုမင်ချွမ်းသည် ထိုစကားကို မပြောခဲ့ပေ။ သူသည် မပြောနိုင်ပေ။
သူ မပြောသော်လည်း ဟူရှီသည် မမြင်ဘဲ မနေနိုင်ပေ။ သူမသည် ခန်ခုတင်ပေါ်တွင် ထိုင်ပြီး ငိုသည်။ “ကောင်းပြီလေ၊ ရှင် ကျွန်မကို အပြစ်တင်နေတာ သေချာသွားပြီ၊ ဒီနေ့တော့ အကြောင်းအရာကို ကျွန်မ ရှင်းရှင်းလင်းလင်း ပြောရမယ်။ အရင်ဆုံး ကျောင်းယွဲ့ရဲ့ လက်ထပ်ပွဲကိစ္စ၊ ဒုတိယအိမ်က ကျွန်မကို အပြစ်တင်တယ်၊ ရှင်လည်း ကျွန်မကို သံသယရှိတယ်။ ဒါပေမဲ့ ကျွန်မကို ဘယ်သူက နားလည်ပေးမှာလဲ။ အဲ့စကားတွေက အမေ ပြောခဲ့တာလေ၊ သူသာ ဒီကိစ္စကို မပြောခဲ့ရင် ကျွန်မက ဘယ်လိုလုပ် ကျွန်မညီမဆီကို သွားပြီး အဲ့လက်ထပ်ပွဲကို ပြောရဲမှာလဲ။ လက်ထပ်ပွဲကို ရှင်တို့မိသားစုက လုပ်ခဲ့တာ၊ ပြဿနာဖြစ်တော့ အကုန်လုံး ကျွန်မကို အပြစ်တင်ကြတယ်။ ကျွန်မ အမေကို ပြောခဲ့ပြီးပြီ၊ ညီမလေးက တုမိသားစုကို လက်ထပ်ဖို့ မသင့်တော်ဘူးလို့၊ ဒါပေမဲ့ အမေက ညီမလေးက ဒီဆန္ဒတစ်ခုပဲ ရှိတယ်လို့ ပြောခဲ့တယ်၊ အဆင်ပြေရင်တောင် သူ သေသွားရင်တောင် ကျွန်မကို ကျေးဇူးတင်တယ်လို့ ပြောခဲ့တယ်”
“နောက်ပြီး ရှင်တို့အဖေ၊ သူ့သမီးကို လက်ထပ်ပေးဖို့ မြေငါးဧကကို ပေးလိုက်တယ်။ အဲ့တုန်းက ကျွန်မ ဘာပြောခဲ့လဲ။ သူ ဘာတွေးနေလဲဆိုတာ ကျွန်မ သိတယ်၊ ဒါပေမဲ့ ကျွန်မ မပြောချင်ခဲ့ဘူး။ ကောင်းပြီလေ၊ လက်ထပ်ပွဲက ပြီးသွားပြီ၊ ကျွန်မတို့မိသားစုက ငွေတွေ၊ အလုပ်တွေ ပေးခဲ့တယ်၊ ဘယ်သူမှ ကျွန်မကို ကျေးဇူးမတင်ကြဘူး။ မြေငါးဧကက ကောက်ပဲသီးနှံကိစ္စကြောင့် ရှင်တို့အဖေ၊ အမေက ကျွန်မကို မျက်နှာ ဘယ်လိုထားခဲ့လဲဆိုတာ ရှင် မျက်မမြင် မဟုတ်ရင် မြင်မှာပါ။ ရှင်တို့ လုမိသားစုအတွက် ကျွန်မညီမ မိသားစုကိုတောင် ဒုက္ခပေးခဲ့တယ်။ ကိစ္စမရှိဘူး၊ ဒါက ပိုက်ဆံကြောင့် ဖြစ်ခဲ့တာပဲ၊ ဘယ်သူက လောဘကြီးတာလဲ။ ဒါပေမဲ့ ဒီကိစ္စတွေက ကျွန်မနဲ့ ဘာဆိုင်လို့လဲ၊ အလုပ်လုပ်တော့ ဘယ်သူမှ ကျေးဇူးမတင်ကြဘူး၊ ပြဿနာဖြစ်တော့ ကျွန်မကိုပဲ အပြစ်တင်ကြတယ်”
“အစ်မကြီးရဲ့ကိစ္စကို ပြောရရင်၊ အစ်မကြီးက ကျွန်မတို့ဆီကို လာပြီး မကူညီခိုင်းရင် ကျွန်မက ဒုတိယအိမ်ကို သွားပြီး သူ့အတွက် ဘယ်လို စကားပြောရဲမှာလဲ။ အခုတော့ ကျွန်မက လေပူတွေ မှုတ်ပြီး စိတ်မကောင်း ဖြစ်နေတယ်၊ ကျွန်မ ဘာလို့ ဒီလောက် အားစိုက်ခဲ့ရတာလဲ၊ ရှင်တို့မိသားစုအတွက်…” ဟူရှီသည် ပြောရင်းနှင့် ကျယ်လောင်စွာ ငိုကြွေးသည်။
“…လုမင်ချွမ်း၊ ရှင်တို့မိသားစုက ဘယ်လိုလူတွေလဲဆိုတာ ကျွန်မ ခုမှ သိရတယ်။ အရှက်မရှိတဲ့ အပြုအမူတွေ လုပ်ချင်ကြပြီး ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းချင်ကြတယ်။ အထူးသဖြင့် ရှင်တို့အဖေ၊ သူ့မျက်နှာကို သူ ထိန်းသိမ်းချင်တယ်၊ ဒုတိယအိမ်ကို သွားရှင်းပြဖို့ မလိုချင်ဘူး၊ ဒါပေမဲ့ ရှင်က သွားတယ်။ ရှင်က မကောင်းတဲ့ဆက်ဆံမှုကို ခံရတော့ ကျွန်မကို လာပြီး ဒေါသတွေ ထုတ်တယ်၊ ကျွန်မ ဟူကွေ့ဟွာက ရှင်တို့ လုမိသားစုကို ဘာလို့ ပေးဆပ်နေရတာလဲ…”
လုမင်ချွမ်းသည် ချက်ချင်း ထရပ်ပြီး သူမ၏ပါးစပ်ကို ပိတ်လိုက်သည်။
“ဘာတွေ ပြောနေတာလဲ၊ ဒီစကားမျိုး ပြောသင့်ရဲ့လား”
“ကျွန်မက ဘယ်သူ့ကိုမှ မမြင်ရဘူး၊ ဘာလို့ မပြောရဲမှာလဲ…”
“တိုးတိုး၊ အဖေ၊ အမေနဲ့ ကလေးတွေ ကြားကုန်လိမ့်မယ်…”
ဧည့်ခန်းတွင် အသံမရှိတော့ပေ။
အတွင်းခန်းထဲတွင် နျူနျူသည် ကျယ်လောင်စွာ ငိုနေဆဲဖြစ်သည်။
ရှောင်ဟူရှီသည် အလွန်စိတ်ပူနေသည်။ သူမသည် သမီးကို ချော့မြူရန် ရှေ့တိုးနောက်ဆုတ် လုပ်နေသည်။
လုကွမ်းရန်သည် အပြစ်တင်သည်။ “သမီးကို ဘာလို့ ဆိတ်တာလဲ”
ရှောင်ဟူရှီသည် သူ့ကို မျက်လုံးစိမ်းဖြင့် ကြည့်ပြီး ပြောသည်။ “ဘာလို့လဲဆိုတာ ရှင် သိတယ်၊ အမေနဲ့ပတ်သက်လို့ပဲ”
သူမသည် သမီး၏ငိုသံကြောင့် စိတ်ဆိုးလာပြီး တိုးတိုးလေး ညည်းတွားသည်။ “ရှင်တို့မိသားစုက တစ်ယောက်တည်းပဲ၊ အကြီးတွေက အငယ်တွေကို ဖိအားပေးတယ်၊ အသက်ကြီးတဲ့သူတွေက အငယ်တွေကို ဖိအားပေးတယ်၊ ကျွန်မ ရှင်တို့ လုမိသားစုကို လက်ထပ်ဖို့ မျက်စိကန်းခဲ့တာပဲ”
76 03
“အစကတည်းက ငါက မင်းကို လက်ထပ်မယ်လို့ မပြောခဲ့ဘူး၊ မင်းက ကိုယ့်ဘာသာ ကိုယ် လက်ထပ်ချင်ခဲ့တာ”
လုကွမ်းရန်သည် ရှောင်ဟူရှီကို သဘောမကျပေ။ အကြောင်းရင်းမှာ ရှောင်ဟူရှီက ရုပ်မချောသောကြောင့် ဖြစ်သည်။
ရှောင်ဟူရှီသည် ဟူရှီနှင့် ဆင်တူသည်။ မျက်နှာဝိုင်းပြီး ဝသည်။ သူမသည် အပျိုဘဝကပင် ကိုယ်လုံးကိုယ်ပေါက် ပြည့်ဖြိုးသည်။ လက်ထပ်ပြီး ကလေးမွေးသောအခါ ပို၍ ဝလာသည်။ လုကွမ်းရန်သည် လုမိသားစု၏ ရုပ်ရည်ကောင်းသည့် မျိုးရိုးကို ဆက်ခံသည်။ သူသည် အရပ်မြင့်ပြီး မျက်ခုံးထူကာ ရုပ်ချောသည်။ အပြင်ထွက်သောအခါ သူသည် ရုပ်ချောသည့် ယောက်ျားလေး ဖြစ်သည်။ ထို့ကြောင့် သူသည် ရှောင်ဟူရှီကို လက်ထပ်ခြင်းက သူ၏ဂုဏ်သိက္ခာကို နစ်နာစေသည်ဟု ခံစားရသည်။
“ဒါကြောင့် ကျွန်မ မျက်စိကန်းခဲ့တာလို့ ပြောတာပေါ့” သူမသည် အဒေါ်ဖြစ်သူ၏စကားကို ယုံကြည်ပြီး လုမိသားစုကို လက်ထပ်ခဲ့သည်။ သူမ၏ယောက္ခမက သူမ၏အဒေါ်ဖြစ်သဖြင့် ဘဝက ပို၍ လွယ်ကူလိမ့်မည်ဟု သူမ ထင်ခဲ့သည်။ သို့သော် အခြားမိသားစုကို လက်ထပ်ခဲ့လျှင် ပိုကောင်းသည်ဟု သူမ သိလိုက်သည်။
“လက်မထပ်ချင်ရင် မင်းအမေအိမ်ကို ပြန်တော့”
“ကောင်းပြီလေ၊ လုကွမ်းရန်၊ ရှင်က ကျွန်မ ကို ဒီလို ပြောတယ်…”
ရှောင်ဟူရှီသည် ငိုနေသည့်သမီးကို ခန်ခုတင်ပေါ်တွင် တင်လိုက်ပြီး သူ၏ခင်ပွန်းကို ထရန်လုပ်ဖို့ ကြိုးစားသည်။
အပြင်ဘက်မှ ရုတ်တရက် အသံတစ်ခု ထွက်လာသည်။ “ပင်မအိမ်ကလူတွေ၊ ကလေးက ဘာလို့ ဒီလောက် ကျယ်လောင်စွာ ငိုနေတာလဲ၊ ဘာလို့ မချော့မြူတာလဲ”
ထိုအသံမှာ ချွေ့ရှီမှ ဖြစ်သည်။
အပြင်အခန်းမှ ဟူရှီက ချက်ချင်း ပြန်ပြောသည်။ “အမေ၊ ချော့မြူနေပါတယ်”
ထို့နောက် ခြေသံများ ထွက်ပေါ်လာသည်။ ဟူရှီသည် အတွင်းသို့ မဝင်ဘဲ တံခါးအပြင်တွင် ရပ်ပြီး တိုးတိုးလေး ပြောသည်။ “မြန်မြန် ကလေးကို ချော့မြူလိုက်”
ဇနီးမောင်နှံနှစ်ယောက်သည် ချက်ချင်း တိတ်သွားသည်။ ရှောင်ဟူရှီသည် ကလေးကို ပြန်ချီလိုက်ပြီး ရိုက်ကာ ချော့မြူသည်။
ပင်မအိမ်နှင့်မတူဘဲ ဒုတိယအိမ်တွင် ရယ်သံများ ပြည့်နှက်နေသည်။
လုမင်ရှန်းသည် အနည်းငယ် ပျင်းရိသော်လည်း လျှို့ဝှက်သည်။ သူသည် လူများနှင့် စကားပြောသောအခါ သူ၏စကားကို ကောင်းစွာ ပြောနိုင်ပြီး နားလည်အောင် ပြောဆိုနိုင်သည်။ သူသည် မိန်ကျွမ်းယီနှင့် ဟန်ကျင်းတို့နှင့်ပင် စကားအနည်းငယ် ပြောဆိုနိုင်ခဲ့သည်။ ထို့အပြင် လုမင်ဟိုင်က အရက်သောက်ရန် တိုက်တွန်းခဲ့သဖြင့် ယောက်ျားငါးယောက်သည် ပျော်ရွှင်စွာဖြင့် အရက်သောက် နေကြသည်။
“ဒီက အရက်တွေက တကယ် ကောင်းတယ်၊ ဟန်၊ မင်း မသိဘူး၊ တောင်ဘက်က အရက်တွေက အဲ့က ယောက်ျားတွေလိုပဲ နူးညံ့တယ်၊ ငါတို့ဘက်က ယောက်ျားတွေလို မဟုတ်ဘူး” မိန်ကျွမ်းယီသည် ပြောသည်။
“တောင်ဘက်က ဘယ်လိုလဲ” လုမင်ရှန်းသည် ချက်ချင်း စိတ်အားထက်သန်စွာ မေးသည်။ မိန်ကျွမ်းယီသည် စတင် ပြောပြသည်။
ခဏ နားထောင်ပြီးနောက် လုမင်ရှန်းသည် သက်ပြင်းချသည်။ “ကြည့်ရတာ အဲ့ဘက်က ငါတို့ထက် ပိုချမ်းသာပုံရတယ်၊ ငါတို့လို နေရာက ဘာမှ မဟုတ်ဘူး”
မိန်ကျွမ်းယီသည် ခေါင်းညိတ်သည်။ “ဟုတ်တယ်၊ အဲ့ဘက်က ရာသီဥတုက နွေးတယ်၊ ငါတို့ဘက်က အရမ်းအေးတယ်”
“ညီလေး၊ မင်းက အရည်အချင်းရှိတယ်၊ အဲ့လောက် ဝေးတဲ့နေရာကို သွားနိုင်တာ၊ မင်း စီးပွားရေး လုပ်ချင်တယ်လို့ ကြားတယ်၊ ဘာလုပ်မှာလဲ”
စီးပွားရေးဟူသည့် စကားကို ကြားသောအခါ လုမင်ရှန်း၏မျက်လုံးများက တောက်ပလာသည်။ သူ၏တစ်ခုတည်းသော အားသာချက်မှာ စီးပွားရေးဖြစ်သည်။ သူသည် ကုန်ရောင်းသူလေး တစ်ယောက်ဖြစ်သဖြင့် သူ၏လှည်းပေါ်မှ ပစ္စည်းများကို ဝယ်သည့် အမျိုးသမီးများကို အမျိုးအစား ခွဲခြားနိုင်ပြီး သူတို့၏စိတ်ကြိုက်နှင့် အလေ့အထများကို လိုက်၍ အိမ်ရှေ့တွင် သွားရောင်းနိုင်သည်။ သူသည် အသိဉာဏ်အနည်းငယ် ရှိသည်ဟု ပြောနိုင်သည်။ သို့သော် သူ၏အရင်းအနှီးက သေးငယ်လွန်းသည်။ သူသည် ဖိနပ်နှစ်ရံ ပျက်စီးအောင် ပြေးသော်လည်း တစ်လကို အစားအသောက် အတွက်သာ ရှာနိုင်ခဲ့သည်။
မိန်ကျွမ်းယီသည် များများစားစား မပြောချင်ပေ။ “ငါက အဲ့ဘက်က ပစ္စည်းတွေ ဝယ်ပြီး ဒီမှာ ပြန်ရောင်းချင်တာ၊ ဒါပေမဲ့ ဒါက စိတ်ကူးပဲရှိသေးတယ်၊ သေချာ ကြည့်ဦးမယ်”
“ဒါ ကောင်းတယ်၊ ညီလေး၊ မင်း အောင်မြင်ရင် ငါ့လို အစ်ကိုကို မမေ့ပါနဲ့နော်။ လာ၊ ငါမင်းကို နောက်တစ်ခွက် တိုက်မယ်”
76 04
နောက်တစ်ဘက်တွင် မိန်ရှီ၊ ချောင်ရှီနှင့် လုကျောင်းယွဲ့၊ လုကွမ်းကျိနှင့် ဝူလန်တို့သည် တစ်စားပွဲတည်း ထိုင်နေကြသည်။
မိန်ရှီသည် ပြောသည်။ “ညီမလေးက ကလေးတွေကို ဘာလို့ ခေါ်မလာတာလဲ။ အိမ်မှာ ချက်ပြုတ်ပြီးပြီလား။ မဟုတ်ရင် ငါ့သမီးကို သွားခေါ်ခိုင်းလိုက်မယ်”
ချောင်ရှီသည် ချက်ချင်း ပြောသည်။ “မလိုပါဘူး၊ အစ်မကြီး၊ အိမ်မှာ ချက်ပြုတ်ပြီးပါပြီ၊ ဒီမှာ ဧည့်သည်တွေရှိတယ်၊ ကလေးတွေကို ခေါ်လာရင် ရှုပ်ပွနေမှာကို စိုးရိမ်တယ်၊ ဒါကြောင့် မခေါ်လာတော့တာ၊ စိတ်မပူနဲ့၊ သားငယ်ကို သူ့အစ်မနှစ်ယောက်က ဂရုစိုက်ပေးနေတယ်၊ အိမ်မှာလည်း အစားအစာတွေ ရှိပြီးသားပါ”
“ဒါဆိုလည်း ကောင်းပြီ” မိန်ရှီသည် မတိုက်တွန်းတော့ပေ။ “ဒီနေ့တော့ ညီမလေးကို ကျေးဇူးတင်တယ်၊ ညီမလေးကသာ ကူညီပြီး စကားမပြောပေးရင် ငါတို့…”
ချောင်ရှီသည် ချက်ချင်း စကားဖြတ်ပြီး ဟန်ဆောင်သည်။ “တော်ပြီ အစ်မကြီး၊ အားမနာပါနဲ့၊ ဒါမှမဟုတ်ရင် ကျွန်မ မထိုင်နိုင်တော့ဘူး” သူမသည် ထရပ်ရန် ပြင်ဆင်သည်။
မိန်ရှီသည် သူမကို ကုလားထိုင်ပေါ်တွင် ဖိထားသည်။ “ကောင်းပြီလေ၊ မပြောတော့ဘူး၊ ဟင်းတွေစား”
ညစာသည် ပျော်ရွှင်ဖွယ်ကောင်းသည်။
ယောက်ျားငါးယောက်သည် အရက် အများအပြား သောက်ခဲ့ကြသည်။ သို့သော် ဟန်ကျင်းနှင့် မိန်ကျွမ်းယီတို့သည် အရက်ကို ကောင်းကောင်း သောက်နိုင်သဖြင့် ပြဿနာမရှိပေ။ လုမင်ဟိုင်နှင့် လုမင်ရှန်းတို့သည် အနည်းငယ် မူးနေသည်။
လုမင်ရှန်းသည် ချောင်ရှီ၏ အကူအညီဖြင့် အိမ်ပြန်ခဲ့သည်။ မိန်ရှီသည် သူ၏မောင်ကို တစ်ညနေရန် ပြောသော်လည်း မိန်ကျွမ်းယီက သူ ခုမှ ပြန်လာသဖြင့် အိမ်ပြန်ရမည်ဖြစ်ပြီး မိဘများ စိတ်ပူနေမည်ကို မလိုချင်ဟု ပြောသည်။ ထို့ကြောင့် မိန်ရှီသည် သူ့ကို မတားတော့ပေ။