← Chapters

အခန်း (၇၄၉-၇၅၀)

Vol. 70 Ch. 749-750

အခန်း (၇၄၉-၇၅၀)

Vol. 70 Ch. 749-750

အခန်း (၇၄၉) - လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေး၊ တာအိုလက်တွဲဖော် လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းခြင်း၊ ဆန်ကထမင်းဖြစ်သွားခြင်း(၅)။

ဤအခိုက်အတန့်တွင် အမှတ် (၈၈) တာအိုကျောင်းတော်မှ ဆရာမများစွာသည် သဘာဝကျစွာပင် ကောင်းကင်ယံရှိ ကပ်ဘေးတိမ်တိုက်များ ပျောက်ကွယ်သွားသည်ကို ခံစားမိလိုက်ကြပြီး ယခုတစ်ကြိမ် လေဟာနယ်သန့်စင်ခြင်းမိုးကြိုးကပ်ဘေး လုံးဝ ပြီးဆုံးသွားပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်ကြ၏။

တစ်ယောက်ချင်းစီတိုင်း၏ မျက်နှာပေါ်တွင် အလွန်အမင်း ဝမ်းသာရွှင်မြူးနေသော အမူအရာများ ပေါ်ထွက်လာသည်။

အဘယ်ကြောင့်ဆိုသော် ပိုင်စုကျဲ့၏ကိုယ်ပေါ်ရှိ အငွေ့အသက်များမှာ ပျောက်ကွယ်မသွားဘဲ ပို၍ပင် အားကောင်းလာသည်ကို သူမတို့ ခံစားလိုက်ရသောကြောင့် ဖြစ်ပေသည်။

သိသာထင်ရှားစွာပင် ပိုင်စုကျဲ့သည် လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းသွားပြီဖြစ်ကာ လေဟာနယ်သန့်စင်ခြင်းမိုးကြိုးကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်သည်။

"ဟားဟား... အောင်မြင်ပြီ၊ ကျောင်းအုပ်ပိုင် နောက်ဆုံးတော့ အောင်မြင်သွားပြီ။ လေဟာနယ်သန့်စင်ခြင်းမိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီး အခုကစလို့ လေဟာနယ်သန့်စင်ခြင်းအဆင့်ကျင့်ကြံသူ ဖြစ်သွားပြီပေါ့…

ကျွန်မတို့ အမှတ် (၈၈) တာအိုကျောင်းတော်မှာလည်း လေဟာနယ်သန့်စင်ခြင်းအဆင့် ကျောင်းအုပ်ကြီးတစ်ဦးကို ကြိုဆိုခွင့်ရတော့မယ်။ တကယ်ကို ကောင်းလွန်းပါတယ်...”

ဆရာမတစ်ဦးမှာ ဟားတိုက်ရယ်မောလိုက်ကာ အလွန်အမင်း ဝမ်းသာရွှင်မြူးနေလေသည်။

သူမ၏ လက်ရှိစိတ်ခံစားချက်မှာ မည်မျှ စိတ်လှုပ်ရှားနေကြောင်း သူမကိုယ်တိုင်ပင် မဖော်ပြတတ်တော့ပေ။

လွန်ခဲ့သော သုံးရက်တာကာလအတွင်း ကျောင်းအုပ်ပိုင် ကပ်ဘေးဖြတ်ကျော်ရာတွင် ကျရှုံးပြီး အသက်ဆုံးရှုံးကာ တာအိုလမ်းစဉ် ပျက်စီးသွားမည်ကို စိုးရိမ်ပူပန်နေခဲ့ရသည်။

မည်သို့ပင်ဆိုစေ လေဟာနယ်သန့်စင်ခြင်းမိုးကြိုးကပ်ဘေးအောက်တွင် သေဆုံးသွားခဲ့ရသော နတ်ဘုရားအသွင်ပြောင်းအဆင့်ကျင့်ကြံသူများမှာ အမှန်တကယ်ပင် များလွန်းလှပေသည်။

မည်သူကမျှ မိမိကိုယ်တိုင် ဖြတ်ကျော်နိုင်မည်ဟု အသေအချာ မပြောရဲကြချေ။

ယခုအခါ ပိုင်စုကျဲ့ အမှန်တကယ် ကပ်ဘေးဖြတ်ကျော်အောင်မြင်ပြီး လေဟာနယ်သန့်စင်ခြင်းအဆင့်ကျင့်ကြံသူ ဖြစ်လာသည်ကို တွေ့လိုက်ရမှသာ သူမတို့လည်း နောက်ဆုံးတွင် စိတ်အေးသွားရလေတော့သည်။

"လေဟာနယ်သန့်စင်ခြင်းမိုးကြိုးကပ်ဘေးက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်...”

"ကျွန်မတို့က ကပ်ဘေးဖြတ်ကျော်တဲ့သူတွေ မဟုတ်တာတောင် ဘေးကနေ ကြည့်နေရုံနဲ့တင် ရင်တထိတ်ထိတ် ဖြစ်ရတယ်...”

"ဟုတ်ပါ့ရှင်၊ သုံးရက်နဲ့ သုံးညတိတိ ပစ်ချနေတာ၊ ကပ်ဘေးမိုးကြိုး ဘယ်နှစ်ချက်တောင် ကျလာမှန်း မသိတော့ဘူး… အဲဒီအထဲက ကပ်ဘေးမိုးကြိုးတစ်ချက်လောက် ယောင်ယမ်းပြီး ကျွန်မကိုယ်ပေါ် ကျလာရင်တောင် ကျွန်မကို အရှင်လတ်လတ် ပြာကျသွားစေနိုင်လောက်တယ်...”

"နတ်ဘုရားအသွင်ပြောင်းအဆင့်ကျင့်ကြံသူတွေ အများကြီးရှိပေမယ့် တကယ်တမ်း ဖြတ်ကျော်နိုင်တဲ့သူက သောင်းဂဏန်းမှာ တစ်ယောက်တောင်မရှိတာ မဆန်းပါဘူးလေ… အခုတော့ ဘာကြောင့်လဲဆိုတာ ကျွန်မလည်း သိသွားပြီ… ဒီလောက် ကြောက်စရာကောင်းတဲ့ ကပ်ဘေးမိုးကြိုးကို ဘယ်သူက ဖြတ်ကျော်နိုင်မှာလဲ...”

"အရင်က ကျောင်းအုပ်ပိုင်လည်း လေဟာနယ်သန့်စင်ခြင်းမိုးကြိုးကပ်ဘေးအောက်မှာ သေဆုံးသွားမယ်လို့ ကျွန်မ ထင်ထားခဲ့တာ… အခုတော့ ကျောင်းအုပ်ပိုင် လေဟာနယ်သန့်စင်ခြင်းမိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နိုင်သွားတာ မြင်လိုက်ရလို့ တကယ်ကို ဝမ်းသာပါတယ်...”

တာအိုကျောင်းတော်မှ ဆရာမများစွာမှာ အလွန်အမင်း ခံစားချက်ပြင်းထန်နေကြလေသည်။

ဤသုံးရက်တာကာလအတွင်း သူတို့သည် အခြေခံအားဖြင့် ကောင်းစွာအနားမယူနိုင်ခဲ့ကြဘဲ ဤလေဟာနယ်သန့်စင်ခြင်း ကပ်ဘေး၏ အခြေအနေကို အချိန်တိုင်း အာရုံစိုက်နေခဲ့ကြရသည်။

မည်သို့ပင်ဆိုစေကာမူ ဤလေဟာနယ်သန့်စင်ခြင်း ကပ်ဘေး၏ အောင်မြင်ခြင်း သို့မဟုတ် ကျရှုံးခြင်းမှာ အမှတ် (၈၈) တာအိုကျောင်းတော်၏ အနာဂတ်နှင့် ကြီးမားသော ဆက်စပ်မှု ရှိနေသည် မဟုတ်ပါလော။

အကယ်၍ ကျရှုံးသွားပါက အမှတ် (၈၈) တာအိုကျောင်းတော်သည် ထိုအချိန်မှစ၍ ဆုတ်ယုတ်သွားပေလိမ့်မည်။

သို့သော် အောင်မြင်သွားပါကမူ အမှတ် (၈၈) တာအိုကျောင်းတော်သည် တစ်ဟုန်ထိုး တိုးတက်အောင်မြင်သွားမည် ဖြစ်သည်။

ယခုမူ ၎င်းတို့၏အနာဂတ်သည် အမှန်တကယ်ပင် ကောင်းကင်သို့ ပျံတက်သကဲ့သို့ တိုးတက်တော့မည်မှာ ထင်ရှားလှပေရာ အစိုးရထံမှ ထောက်ပံ့မှု အမြောက်အမြားကိုလည်း ရရှိတော့မည် ဖြစ်၏။

"ကျောင်းအုပ်ပိုင်က လေဟာနယ်သန့်စင်ခြင်းအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဆိုတော့ ကျွန်မတို့တွေ သွားပြီး ဂုဏ်ပြုလိုက်ကြရင် မကောင်းဘူးလား… ကျောင်းအုပ်ကြီးက ကျွန်မတို့တွေကို မသိတတ်ဘူးလို့ အပြောမခံရအောင်ပေါ့...”

ဆရာမတစ်ဦးက ပိုင်စုကျဲ့၏ လေဟာနယ်သန့်စင်ခြင်းအဆင့် တက်လှမ်းနိုင်မှုကို ဂုဏ်ပြုရန် ပြောလိုက်လေသည်။

"အဲ့ဒါကတော့... အခုလောလောဆယ်တော့ မသွားကြရအောင်...”

"ကျောင်းအုပ်ပိုင်ရဲ့ စံအိမ်က အစီအရင်တွေနဲ့ ဖုံးအုပ်ထားပြီး လုံးဝ ပိတ်ထားတာပဲ...”

"ကျောင်းအုပ်ပိုင်က အခုလောလောဆယ် ဘယ်သူ့ကိုမှ အနှောင့်အယှက် အပေးမခံချင်ဘူးဆိုတာ ထင်ရှားနေတယ်...”

"တကယ်တော့ ဒါကလည်း သဘာဝကျပါတယ်။ ကပ်ဘေးကို ခုလေးတင် ဖြတ်ကျော်ပြီးတာဆိုတော့ ခန္ဓာကိုယ်က ကပ်ဘေးမိုးကြိုးကြောင့် ဒဏ်ရာအပြင်းအထန် ရနေနိုင်တာပဲ။ ကျောင်းအုပ်ပိုင်က သူ့ဒဏ်ရာတွေကို အမြန်ဆုံး ကုသချင်နေမှာပေါ့။ ကျွန်မတို့ကို ဧည့်ခံဖို့ ဘယ်မှာ အချိန်ရှိပါ့မလဲ...”

"ဟုတ်တာပေါ့။ ကျောင်းအုပ်ပိုင်က ဒဏ်ရာတွေကို ကုသဖို့အတွက် တံခါးပိတ်ကျင့်ကြံဖို့ လိုအပ်နေတာပဲ။ ကျွန်မတို့ သွားပြီး မနှောင့်ယှက်ကြတာ ပိုကောင်းမယ်။ ကျောင်းအုပ်ကြီး တံခါးပိတ်ကျင့်ကြံတာ ပြီးမြောက်မှပဲ ကျွန်မတို့ သွားပြီး ဂုဏ်ပြုကြတာပေါ့...”

"ဒါလည်း ဟုတ်တာပဲ...”

တာအိုကျောင်းတော်မှ ဆရာမများစွာတို့သည် တစ်ယောက်တစ်ပေါက်ဖြင့် ခေါင်းညိတ် ထောက်ခံလိုက်ကြလေသည်။

သူမတို့သည်လည်း ပိုင်စုကျဲ့၏ လက်ရှိအခြေအနေကို ကောင်းစွာ နားလည်ထားကြ၏။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးမိုးကြိုးနှင့် ကြုံတွေ့ရပြီးနောက် ခန္ဓာကိုယ်၌ မည်သို့လျှင် ဒဏ်ရာမရဘဲ ရှိနိုင်ပါမည်နည်း။ ဒဏ်ရာများကို ကုသရန်အတွက် တံခါးပိတ် ကျင့်ကြံနေရမည်မှာ သေချာလှပေသည်။

လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ အသစ်တက်လှမ်းလာသော ကျင့်ကြံသူအများစုမှာလည်း ဤကဲ့သို့ပင် ဖြစ်ကြရာ ကျောင်းအုပ်ပိုင်သည်လည်း ထိုနည်းအတိုင်းပင် ဖြစ်မည်ဟု ယူဆနေကြ၏။

သို့သော် ကျော်ကြားလှသော ကျောင်းအုပ်ပိုင်စုကျဲ့သည် သူမ၏ တာအိုလက်တွဲဖော်နှင့်အတူ တူနှစ်ကိုယ်မဟာတာအိုအား အတူတကွ လေ့လာနေသည်ကိုမူ ဘယ်သူမှ မသိကြပါချေ။

သူမသည် ပြင်ပလူများ၏ အနှောင့်အယှက်ကို လုံးဝ အလိုမရှိပေ။

...

ဖုန်းရှီးမြို့၊ မြို့တော်ဝန်နန်းတော်။

ထောင်ချီလီ၊ ဟွားစစ်ချင်နှင့် စစ်ယွီရှီးတို့သည် အုပ်ချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြစဉ် လေဟာနယ်သန့်စင်ခြင်းကပ်ဘေးမိုးကြိုး ရပ်တန့်သွားကြောင်းသတင်းကို ချက်ချင်း သိရှိလိုက်ကြရာ သူတို့၏မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ပေါ်ပေါက်လာတော့သည်။

"တကယ်ပဲ စုကျဲ့က လေဟာနယ်သန့်စင်ခြင်းကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်ပြီး လေဟာနယ်သန့်စင်ခြင်းအဆင့်ကို ရောက်သွားပြီပဲ...”

ထောင်ချီလီမှာ အလွန်အမင်း ဝမ်းသာသွားလေသည်။

ဝေးကွာသောအရပ်မှ လေဟာနယ်သန့်စင်ခြင်းကပ်ဘေး၏ အငွေ့အသက်များ အပြည့်အဝ ကွယ်ပျောက်သွားသည်ကို သူမ ခံစားလိုက်ရပေရာ ပိုင်စုကျဲ့သည် ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့ပြီမှာ အမှန်ပင်ဖြစ်၏။

အမှန်အတိုင်း ဝန်ခံရလျှင် ယခင်က ဤတစ်ကြိမ် ကပ်ဘေးဖြတ်ကျော်ခြင်းသည် အန္တရာယ်ကင်းလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ခဲ့သော်လည်း ၎င်းမှာ ရာနှုန်းပြည့် သေချာလှသည်တော့ မဟုတ်ပေ။

ဟောကိန်းထုတ်ထားသော အနာဂတ်မှာလည်း သေချာပေါက် ဖြစ်လာမည်ဟု မဆိုနိုင်ပါချေ။ အပြောင်းအလဲများလည်း ရှိနိုင်သေးသည်။

အမှန်တရား ထွက်ပေါ်လာပြီးနောက်မှသာ လုံးဝ အတည်ပြုနိုင်မည်ဖြစ်ပြီး မည်သည့် အပြောင်းအလဲမှ ရှိတော့မည် မဟုတ်ပေ။

ယခု ပိုင်စုကျဲ့သည် နောက်ဆုံးတွင် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ကာ လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီကို အာရုံခံသိရှိလိုက်ရမှသာ သူမ စိတ်အေးသွားရတော့သည်။

"ငါ အစောကြီးကတည်းက ပြောသားပဲ။ စုကျဲ့ညီမလေးက ဒီတစ်ခါမှာ ကံကောင်းခြင်းနိမိတ်တွေ ရှိနေတာမို့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူးလို့လေ။ နင်က အစောကြီးကတည်းက စိုးရိမ်နေတာ တကယ်ကို မဖြစ်သင့်ဘူး...”

ဟွားစစ်ချင်က တခစ်ခစ် ရယ်မောလိုက်ပြီး သူမ၏မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာလေသည်။

"ဟင်းဟင်း၊ အရင်က ဘယ်သူများ စိုးရိမ်လွန်းလို့ တစ်နေ့လုံး အိပ်မပျော်ဘူးလို့ ပြောခဲ့ပါလိမ့်...”

"ပုံမှန်ဆိုရင် နင့်လောက် အိပ်ပုတ်ကြီးတာ နင်ပဲရှိတယ်...”

"ဒီရက်ပိုင်းမှာကျတော့ နင် အိပ်တာကို မတွေ့ရပါလား...”

ထောင်ချီလီက မည်သူ့ထက်မဆို ပို၍စိုးရိမ်နေခဲ့သော်လည်း ဂရုမစိုက်သလို၊ ဘာမှမဖြစ်သလို ဟန်ဆောင်နေသော ဤနှုတ်နှင့်စိတ် တစ်ခြားစီဖြစ်နေသည့် မိန်းမကို ကြည့်ကာ ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။

"ငါ အိပ်မပျော်တာက မရဘူးလား။ ငါက လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူလေ၊ ရက်အနည်းငယ်လောက် အိပ်မပျော်တာ ဘာဖြစ်လို့လဲ။ တစ်နှစ်လောက် အိပ်မပျော်လည်း ပြဿနာမရှိဘူး...”

ဟွားစစ်ချင်က ခေါင်းမာမာဖြင့် ငြင်းဆန်နေဆဲဖြစ်ပြီး သူမ အလွန်စိုးရိမ်နေခဲ့သည်ကို လုံးဝ ဝန်ခံမည်မဟုတ်ပေ။

"စုကျဲ့ညီမလေးက လေဟာနယ်သန့်စင်ခြင်းအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဆိုတော့ ကျွန်မတို့ သွားပြီး ဂုဏ်ပြုလိုက်ကြရင် မကောင်းဘူးလား...”

စစ်ယွီရှီးက သူမ၏ အကြံပြုချက်ကို ပြောလိုက်လေသည်။

"မလောပါနဲ့ဦး။ စုကျဲ့ညီမလေးက လေဟာနယ်သန့်စင်ခြင်းအဆင့်ကို အခုမှ တက်လှမ်းထားတာဆိုတော့ ခန္ဓာကိုယ်ကလည်း ဒဏ်ရာရနေဦးမှာပဲ။ သူမအနေနဲ့ အနားယူဖို့နဲ့ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံမှုကို ခိုင်မာအောင် လုပ်ဖို့ အချိန်တစ်ခု လိုအပ်ဦးမှာ...”

ထောင်ချီလီက လက်ကာပြလိုက်၏။ သူမသည် ထိုမျှလောက်ထိ မိုက်မဲသူ မဟုတ်ပါချေ။

ယခင်က သူမကိုယ်တိုင် လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်စဉ်ကလည်း သုံးရက်သုံးညတိုင်တိုင် မိုးကြိုးပစ်ခံခဲ့ရပြီး အင်အားကုန်ခမ်းလုနီးပါး ဖြစ်ခဲ့ရသည်ကို သူမ မှတ်မိနေသေး၏။

ထိုအချိန်မျိုးတွင် အခြားဧည့်သည်များကို ဧည့်ခံရန် မည်သို့လျှင် စိတ်ပါနိုင်ပါမည်နည်း။

ပထမဆုံးအနေဖြင့် တံခါးပိတ်ကျင့်ကြံကာ ခန္ဓာကိုယ်မှ ဒဏ်ရာများကို ကုသပြီး ကျင့်ကြံမှုကို ခိုင်မာအောင်သာ လုပ်ဆောင်လိုမည် ဖြစ်သည်။

"ဒါလည်း ဟုတ်တာပဲ။ ကပ်ဘေးကို ခုလေးတင် အောင်မြင်စွာ ဖြတ်ကျော်ပြီးတာဆိုတော့ ကျင့်ကြံဖို့ အချိန်တစ်ခု တကယ် လိုတာပေါ့...”

"ဒါဆိုရင် စုကျဲ့ညီမလေးဆီ ပေးဖို့ လက်ဆောင်တစ်ခုခုတော့ ပြင်ဆင်ထားရမယ်...”

စစ်ယွီရှီးက ခေါင်းညိတ်လိုက်လေသည်။

သူမသည်လည်း မိမိကိုယ်မိမိ အနည်းငယ် တဇွတ်ထိုးဆန်သွားသည်ဟု ခံစားလိုက်ရပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦး ကပ်ဘေးဖြတ်ကျော်ရန် မည်မျှ ခက်ခဲသည်ကို မေ့လျော့လုနီးပါး ဖြစ်သွားခဲ့မိသည်။

ဖြတ်ကျော်နိုင်သည်မှာပင် အလွန်တရာ ထူးခြားလှပြီ မဟုတ်ပါလော။

မည်သည့်ဒဏ်ရာမှမရဘဲ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နိုင်ရန်မှာမူ လုံးဝမဖြစ်နိုင်သော အရာပင် ဖြစ်၏။

...

အခန်း (၇၅၀) - ရွှေမွေးကျောက်စိမ်းမျက်နှာ မြေခွေးနှင့် တူနှစ်ကိုယ်ကျင့်ကြံခြင်း၏ အကျိုးကျေးဇူး။

တစ်ချိန်တည်းမှာပင် ဖုန်းရှီးမြို့တစ်ခုလုံးရှိ လေဟာနယ်သန့်စင်ခြင်းအဆင့် မိသားစုများစွာတို့သည်လည်း ဤကိစ္စကို ပထမဆုံး သိရှိသွားကြလေသည်။

"အဲ့ဒီ ပိုင်တာအိုရောင်းရင်းက တကယ်ပဲ လေဟာနယ်သန့်စင်ခြင်းအဆင့်ကို အောင်မြင်စွာ တက်လှမ်းသွားနိုင်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး...”

"သူမက လူသားဧကရာဇ်ရဲ့ သမီးတော်ဖြစ်ပေမဲ့ မျက်နှာသာပေးမခံရတဲ့ သမီးတစ်ယောက်လို့ ပြောကြတယ်။ ကျင့်ကြံခြင်းအရင်းအမြစ်တွေကိုလည်း သိပ်မပေးထားဘူးတဲ့...”

"ဒါတောင်မှ အောင်မြင်စွာ ကပ်ဘေးဖြတ်ကျော်ပြီး လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တယ်ပေါ့...”

"ဒါက လူသားဧကရာဇ်ရဲ့ သွေးဆက်ဆိုတဲ့အတိုင်း၊ တကယ်ကို ကြောက်စရာကောင်းလွန်းတယ်...”

လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ဦးက သက်ပြင်းချကာ ရေရွတ်လိုက်လေသည်။

ယခင်က သူကိုယ်တိုင် လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းရန်အတွက် မည်မျှအထိ ပေးဆပ်ခဲ့ရကာ အရင်းအမြစ် မည်မျှအထိ အသုံးပြုခဲ့ရသည်ကို သူ မှတ်မိနေသေး၏။

ထိုသို့ဖြင့် လေဟာနယ်သန့်စင်ခြင်းအဆင့် အစောပိုင်းသို့သာ မနည်း တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ယခုမူကား ထိုလူသားဧကရာဇ်၏သမီးတော် ပိုင်စုကျဲ့သည် အသက်နှစ်ထောင်ဝန်းကျင်မျှသာ ရှိသေးသော်လည်း၊ လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပေရာ ကျင့်ကြံမှုအရှိန်အဟုန်မှာ တကယ်ပင် အံ့ဩတုန်လှုပ်ဖွယ် ကောင်းလှသည်။

သူမနှင့် နှိုင်းယှဉ်ပါက မိမိ၏ အသက်ကြီးလှသော ဘဝမှာ အချည်းနှီးသာ ဖြစ်ချေတော့သည်။

လူအချင်းချင်း တကယ်ပင် နှိုင်းယှဉ်၍ မရနိုင်ချေ။ ကွာခြားချက်မှာ ကြီးမားလွန်းလှပေသည်။

"မျက်နှာသာပေးမခံရတဲ့ သမီးဆိုပေမဲ့ သူမရဲ့ နောက်ခံက အရမ်းကြီးတာကိုတော့ မေ့ထားလို့မရဘူးလေ...”

"မြို့တော်ဝန်၊ ပြီးတော့ ကျမ်းစာတိုက်မှူး၊ အခွန်နှင့်ဘဏ္ဍာရေးဌာန ဝန်ကြီး၊ လျှို့ဝှက်သတင်းဌာနမှူး စတဲ့သူတွေအားလုံးက သူမရဲ့ အုပ်ထိန်းသူတွေပဲ...”

"အပြင်ပန်းမှာတော့ ဘာအကူအညီမှ မပေးဘူးလို့ ထင်ရပေမဲ့..."

"ဒီလို နောက်ခံမျိုး ရှိနေတာနဲ့တင် သူမအတွက် ဖုန်းရှီးမြို့မှာ မင်းမူဖို့ လုံလောက်နေပြီ...”

"ဒီလူကြီးတွေက အကျိုးအမြတ်တွေ ပေးထားသလားဆိုတာ ဘယ်သူက သိနိုင်မှာလဲ...”

"သေချာပေါက် ပေးထားမှာပဲ။ မဟုတ်ရင် ဘယ်လိုလုပ်ပြီး လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်မှာလဲ...”

အခြား လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ဦးက အထင်သေးစွာ ပြောလိုက်လေသည်။

ဤလူသားဧကရာဇ်၏ သမီးတော်က သူမ၏ကျင့်ကြံမှုအားလုံးမှာ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုအပေါ် မူတည်သည်ဟု ပြောနေသေးသည် မဟုတ်ပါလော။

နောက်ဆုံးတွင်မူ နောက်ခံအကြီးအကဲများ၏ ထောက်ပံ့မှုအပေါ်တွင်သာ အမှီပြုနေရသည် မဟုတ်ပါလား။

လူသားဧကရာဇ်က ထောက်ပံ့မှု မပေးလျှင်ပင် သူမ၏အနီးနားရှိ အုပ်ထိန်းသူအကြီးအကဲတစ်စုမှာ အံ့ဩဖွယ်ကောင်းသော အရင်းအမြစ်များ ဖြစ်ကြပေသည်။

မည်သည့် သာမန်အရပ်သားက ၎င်းနှင့် နှိုင်းယှဉ်နိုင်ပါမည်နည်း။

သို့သော်လည်း ၎င်းမှာ မတတ်နိုင်သောအရာပင် ဖြစ်ပြီး မနာလိုဖြစ်၍လည်း မရနိုင်ချေ။ မည်သူက သူမကို နေရာကောင်းတွင် ဝင်စားခွင့်ရစေခဲ့သနည်း။

ဤအရာသည်ပင်လျှင် သူမ၏ ထူးခြားသောပါရမီ ဖြစ်ချေတော့သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ပိုင်တာအိုရောင်းရင်းက အခုဆိုရင် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သွားပြီဆိုတော့ ငါတို့နဲ့ အဆင့်တူတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သွားပြီ...”

"လူသားဧကရာဇ်ရဲ့ သမီးတော် မဟုတ်ခဲ့ရင်တောင် ဒီလို ကျင့်ကြံမှုအဆင့်မျိုးနဲ့တင် သူမဟာ ဖုန်းရှီးမြို့ရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်နေပြီပဲ...”

"ဒီလိုဆိုရင်တော့ ငါတို့ရဲ့ နောက်မျိုးဆက် သားသမီးတွေကို သတိပေးထားမှ ဖြစ်မယ်။ ပိုင်တာအိုရောင်းရင်းကို ဆက်ပြီး မနှောင့်ယှက်ကြဖို့ပေါ့...”

"တကယ်လည်း ဟုတ်တာပဲ။ ပိုင်တာအိုရောင်းရင်းက နတ်ဘုရားအသွင်ပြောင်းအဆင့်မှာပဲ ရှိနေတုန်းဆိုရင် ငါတို့ရဲ့ သားသမီးတွေက လိုက်ပြီး ပိုးပန်းနိုင်သေးပေမဲ့ အခု လေဟာနယ်သန့်စင်ခြင်းအဆင့် ဖြစ်သွားပြီဆိုတော့ အဆင့်အတန်းက မတူတော့ဘူး။ ဆက်ပြီး ပိုးပန်းနေဦးမယ်ဆိုရင်တော့ ဒါဟာ ဖားပြုပ်က ဟင်္သာသား စားချင်နေသလို ဖြစ်နေမှာပဲ...”

"ပိုင်တာအိုရောင်းရင်းမှာ တာအိုလက်တွဲဖော် ရှိနှင့်ပြီးသားလို့လည်း ကြားတယ်။ အဲ့ဒီလူက အထက်ဘုံတက်လှမ်းလာသူဖြစ်ပြီး တာအိုကျောင်းတော်က ဆရာတစ်ယောက်ပဲတဲ့။ ခုထိ အသက်က ငါးခြောက်ရာလောက်ပဲ ရှိသေးပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် အလယ်အလတ် ကျင့်ကြံသူတစ်ယောက်ပဲ ရှိသေးတာတဲ့...”

"ကျွတ်ကျွတ်၊ ပိုင်တာအိုရောင်းရင်းက နွားအိုမြက်နု စားချင်နေတာပဲ။ အသက်ငါးရာခြောက်ရာပဲ ရှိသေးတဲ့ လူငယ်လေးကို ရှာထားတာကိုး။ ငါတို့ရဲ့ သားသမီးတွေကို မျက်စိထဲ မဝင်တာ မဆန်းပါဘူး၊ သူမက အသက်ငယ်တဲ့သူတွေကိုမှ ကြိုက်တာကိုး...”

"ဒါပေမဲ့ ဒီကောင်လေးရဲ့ ကံကတော့ တကယ်ကို ကောင်းလွန်းတာပဲ။ ပိုင်တာအိုရောင်းရင်းရဲ့ မျက်စိကျခြင်းကို ခံရတယ်ဆိုတော့ တစ်ခါတည်း ကိုင်းကြီးကြီးနားပြီး ဖီးနစ်ဖြစ်သွားတာပဲ။ နောင်ကျရင် သူက လူသားဧကရာဇ်ရဲ့ သမက်တော် ဖြစ်လာတော့မှာပဲ...”

"သမက်တော် ဖြစ်လာတာကလည်း သေချာပေါက် ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ တော်ဝင်မိသားစု စည်းကမ်းတွေက များလွန်းတော့ ခံစားရ သိပ်ကောင်းမှာ မဟုတ်ဘူး...”

လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများစွာတို့သည် တစ်ယောက်တစ်မျိုး ဝေဖန်ပြောဆိုနေကြလေသည်။

ယနေ့မှစ၍ သူတို့၏ နောက်မျိုးဆက် သားသမီးများအနေဖြင့် ပိုင်စုကျဲ့အား သွားရောက် မနှောင့်ယှက်စေသင့်တော့ကြောင်း သူတို့ သိရှိထားကြ၏။

အဘယ်ကြောင့်ဆိုသော် တစ်ဦးနှင့်တစ်ဦး အဆင့်အတန်းချင်း မတူညီကြတော့သောကြောင့် ဖြစ်ပေသည်။

နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ အများအပြားရှိသော်လည်း နောက်ဆုံးတွင် လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ အမှန်တကယ် ဖြစ်လာနိုင်သူမှာ အနည်းငယ်မျှသာ ရှိသည်။

အကယ်၍ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို မိုက်မဲစွာ သွားရောက် ပိုးပန်းနှောင့်ယှက်မိပါက အသတ်ခံရလျှင်ပင် မည်သည့် တရားမျှတမှုကိုမှ တောင်းခံနိုင်မည်မဟုတ်ပေ။

မှန်ပေသည်၊ လေဟာနယ်သန့်စင်ခြင်းအဆင့်က နတ်ဘုရားအသွင်ပြောင်းအဆင့်ကို ပိုးပန်းလျှင်မူ ထိုသို့ဖြစ်မည် မဟုတ်ပေ။ သို့သော် သူတို့ပြုလုပ်နိုင်သည်နှင့် သင်ပြုလုပ်နိုင်မည်ဟု ဆိုနိုင်ပါမည်လော။

ဤသည်မှာ သန်မာသူ၏ အခွင့်အရေးဖြစ်ပြီး အားနည်းသူ၌မူ ထိုကဲ့သို့ အခွင့်အရေးမျိုး အိပ်မက်ပင် မက်ခွင့်မရှိချေ။ ဆင်ဆင်ခြင်ခြင်သာ နေထိုင်ပြောဆိုရပေလိမ့်မည်။

"ဒါပေမဲ့ ပိုင်တာအိုရောင်းရင်းရဲ့ ပါရမီက အံ့ဩစရာပဲ။ အသက်နှစ်ထောင်နဲ့တင် လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့သလို မင်းသမီးတစ်ပါးလည်း ဖြစ်နေတော့ နောင်တစ်ချိန်မှာ လူသားဧကရာဇ်နေရာကိုတောင် ယှဉ်ပြိုင်နိုင်စရာ အခွင့်အရေး ရှိနိုင်တယ်...”

"ဒါကတော့ ချဲ့ကားလွန်းရာ ကျမနေဘူးလား။ သူမက အမျိုးသမီးတစ်ယောက်ပဲလေ၊ ဘယ်လိုလုပ်ပြီး လူသားဧကရာဇ်နေရာကို ယှဉ်ပြိုင်နိုင်မှာလဲ...”

"ဟုတ်တာပေါ့။ ဒါ့အပြင် လူသားဧကရာဇ်မှာ သားသမီးတွေ အများကြီးရှိသလို ပါရမီထူးချွန်တဲ့ မင်းသားတွေလည်း အများကြီး ရှိနေတာပဲ...”

"မိုက်မဲလိုက်တာ။ ငါတို့ ကျင့်ကြံသူတွေရဲ့ လောကသဘာဝအရ သန်မာသူကိုသာ လေးစားကြတာပဲ။ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ဘယ်သူ့ရဲ့ ကျင့်ကြံမှုအဆင့် ပိုမြင့်သလဲ၊ သူကပဲ လူသားဧကရာဇ် ဖြစ်မှာ။ အင်အားကသာ အမှန်တရားပဲ...”

"အရမ်းကြီး ဝေးလွန်းပါသေးတယ်။ အခုမှ ပိုင်တာအိုရောင်းရင်းက လေဟာနယ်သန့်စင်ခြင်းအဆင့်ပဲ ရှိသေးတာ၊ မဟာယာနအဆင့်ကို ရောက်ဖို့ဆိုတာ ဘယ်လောက်တောင် ဝေးဦးမလဲ မသိနိုင်ဘူး…

ပိုင်တာအိုရောင်းရင်းအနေနဲ့ ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး ရှိမရှိဆိုတာပဲ ကြည့်ရဦးမယ်။ ခန္ဓာပေါင်းစည်းခြင်းအဆင့် မဟာပညာရှင် ဖြစ်လာမှသာ ရှေ့ဆက်ဖို့အကြောင်း ပြောခွင့်ရှိမှာပေါ့...”

"ဟုတ်တာပေါ့၊ ဟုတ်တာပေါ့… ငါတို့လည်း လက်ဆောင်တချို့ ပြင်ဆင်ထားကြစို့။ ပိုင်တာအိုရောင်းရင်း လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်တာအတွက် ဂုဏ်ပြုလက်ဆောင်အနေနဲ့ပေါ့၊ ရိုသေမှုမရှိသလို မဖြစ်ရအောင်လေ...”

လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများစွာတို့သည် မျက်လုံးများ တဖျပ်ဖျပ်လက်သွားကြပြီး တဟားဟားရယ်မောလိုက်ကြသည်မှာ အဓိပ္ပာယ်နက်နဲနေပုံ ပေါ်နေတော့သည်။

နောက်ထပ်သုံးရက် ကုန်လွန်သွားလေသည်။

သိသာထင်ရှားစွာပင် ကျိုးစွေ့သည် ပိုင်စုကျဲ့ဟူသော ရွှေမွေးကျောက်စိမ်းမျက်နှာ မြေခွေး၏ ပင်ကိုယ်စွမ်းရည်ကို အထင်သေးထားမိဆဲပင် ဖြစ်၏။ မူလက ယင်ယန်တာအိုကို နားလည်သဘောပေါက်ရန် တစ်ရက်မျှသာ အချိန်ယူရမည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဤသို့ သုံးရက်တိတိ ကုန်လွန်သွားမည်ဟု ထင်မှတ်မထားခဲ့ပေ။

ပိုင်စုကျဲ့၏ ပင်ကိုယ်စွမ်းရည်က မည်မျှအံ့မခန်းဖြစ်ကြောင်းကို တွေးကြည့်ရုံဖြင့် သိနိုင်ပြီး အမှန်တကယ်ပင် အံ့ဩမှင်တက်ဖွယ် ကောင်းလှသည်။

ဝိညာဉ်လောကတွင် လောကကြီးကို ကမောက်ကမဖြစ်စေနိုင်သော ဒဏ္ဍာရီတစ်ခုအဖြစ် ကျန်ရစ်ခဲ့သည်မှာ အံ့ဩစရာမဟုတ်တော့ချေ။

ပိုင်စုကျဲ့၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ဤသည်ကို မြင်တွေ့နိုင်ပေသည်။

ယင်ယန်တာအိုကို ပထမဆုံးအကြိမ် လေ့လာနားလည်ခြင်း ဖြစ်သော်ငြား အလွန်တရာ ကျွမ်းကျင်နေပြီဖြစ်ကာ သူမ၏ ပင်ကိုယ်ပါရမီမှာ အလွန်မြင့်မားလှ၏။

[ တာအိုလက်တွဲဖော်နှင့်အတူ ချစ်ခြင်းမေတ္တာမြစ်ပြင်ကျယ်တွင် ရေချိုးသန့်စင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ ]

[ သင်၏ စိတ်ဝိညာဉ်အမြစ် စွမ်းရည်သည် အတိုင်းအတာတစ်ခုအထိ တိုးတက်လာခဲ့သည်။ ]

[ သင်၏ ခန္ဓာကိုယ်ပေါ်ရှိ ဆွဲဆောင်မှုမှာ အတိုင်းအတာတစ်ခုအထိ တိုးတက်လာခဲ့သည်။ ]

[ ကြီးမားလှသော ယင်အနှစ်သာရစွမ်းအားကို ရရှိခဲ့ပြီး ကျင့်ကြံမှုအဆင့်သည် နတ်ဘုရားအသွင်ပြောင်း နှောင်းပိုင်းအဆင့်သို့ တက်လှမ်းသွားခဲ့သည်။ ]

[ 'ချစ်ခြင်းမေတ္တာကူ'သည် ကြီးမားလှသော အချစ်စွမ်းအင်များကို ဝါးမျိုလိုက်နိုင်ပြီး ဆဋ္ဌမအဆင့် အလယ်အလတ်သို့ တက်လှမ်းသွားခဲ့သည်။ ]

ချက်ချင်းပင် ကျိုးစွေ့၏သိစိတ်ပင်လယ် နက်ရှိုင်းသောနေရာမှ ကြီးမားလှသော သတင်းအချက်အလက်များ စီးဝင်လာခဲ့လေသည်။

ဝုန်း…။

ထို့နောက် သူ၏ ခန္ဓာကိုယ်နက်ရှိုင်းသောနေရာရှိ နတ်ဘုရားအသွင်ပြောင်း မှော်စွမ်းအားများသည် ယခင်နှင့်နှိုင်းယှဉ်ပါက တစ်ဆထက်မက တိုးတက်လာကြောင်းကို သူ ခံစားလိုက်ရ၏။

ကျယ်ပြောလှသော မှော်စွမ်းအားများသည် မြစ်ရေအလျဉ်ကဲ့သို့ သူ၏ ခန္ဓာကိုယ်တွင်းရှိ သွေးကြောများထဲတွင် အဆက်မပြတ် စီးဆင်းနေပြီး လှိုင်းလုံးကြီးများအလား ရိုက်ခတ်နေလေသည်။

တစ်ချိန်တည်းမှာပင် သူ၏ ရုပ်ခန္ဓာသည်လည်း နတ်ဘုရားအသွင်ပြောင်း မှော်စွမ်းအားများ၏ အားဖြည့်ပေးမှုအောက်တွင် အဆက်မပြတ် တိုးတက်လာနေသည်။

ပို၍အရေးကြီးသည်မှာ သူ၏ ဒန်ထျန်ချီပင်လယ် နက်ရှိုင်းသောနေရာရှိ မူလဝိညာဉ်စွမ်းအားသည်လည်း တစ်ဆထက်မက တိုးတက်လာကြောင်းကို သူ တွေ့ရှိလိုက်ရခြင်းပင် ဖြစ်၏။

သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မူလဝိညာဉ်တွင် ထူထပ်လှသော မန္တန်အက္ခရာများ ပေါ်ထွက်လာပြီး အဆုံးမဲ့ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပုံရလေသည်။

မူလက ပုံရိပ်ယောင်မျှသာ ဖြစ်နေသော မူလဝိညာဉ်သည် ယခုအခါတွင် အစစ်အမှန်အလား ခိုင်မာလာတော့၏။

ထို့အပြင် ရွှေရောင်အလင်းတန်းများ တစ်ခုပြီးတစ်ခု ဖြာထွက်လာပြီး အလွန်တရာ တောက်ပနေသည်။

ဝိုးတဝါးဖြင့် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မူလဝိညာဉ်တွင် ရွှေရောင်မျဉ်းကြောင်းများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး အလွန်တရာ မြင့်မြတ်လှပုံရနေတော့သည်သည်။

"မဖြစ်နိုင်တာ၊ ဒါက စစ်မှန်ယန်မူလဝိညာဉ် မဟုတ်ဘူးလား...”

"နတ်ဘုရားအသွင်ပြောင်း နောက်ဆုံးအဆင့်ကို တက်လှမ်းရုံလေးနဲ့တောင် စစ်မှန်ယန်အဖြစ် စတင်ပြောင်းလဲနေပြီလား...”

ကျိုးစွေ့က အံ့ဩဝမ်းသာစွာဖြင့် ရေရွတ်လိုက်၏။

အမှန်အတိုင်းဆိုရလျှင် သာမန်နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားလျှင်ပင် စစ်မှန်ယန်အဖြစ် စတင်ပြောင်းလဲရန်မှာ အလွန်တရာ ခက်ခဲလှသော ကိစ္စတစ်ရပ် ဖြစ်ပေသည်။

ကောင်းကင်မိုးကြိုး၏ ဆေးကြောသန့်စင်မှုကို ခံယူကာ မူလဝိညာဉ်မှ အညစ်အကြေးများကို ဖယ်ရှားပစ်မှသာလျှင် အသွင်ပြောင်းလဲမှု ဖြစ်ပေါ်လာနိုင်ပြီး စစ်မှန်ယန် မူလဝိညာဉ်အဖြစ် ဆင့်ကဲပြောင်းလဲနိုင်မည် ဖြစ်၏။

အဘယ်ကြောင့် သာမန်နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများသည် လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းရန် ခက်ခဲလွန်းရသနည်း။

အကြောင်းမှာ မူလဝိညာဉ်မှ အညစ်အကြေးများနှင့် ယင်ချီများ အလွန်များပြားလွန်းသောကြောင့်ပင် ဖြစ်လေသည်။

လေဟာနယ်သန့်စင်ခြင်းအဆင့် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်မှသာလျှင် မူလဝိညာဉ်ပေါ်ရှိ အညစ်အကြေးများနှင့် ယင်ချီများကို ဖယ်ရှားနိုင်မည် ဖြစ်၏။

ပြဿနာမှာ မူလဝိညာဉ်သည် မည်မျှပင် ထိခိုက်လွယ်သော ဝိညာဉ်ဖြစ်ပါသနည်း။

အကယ်၍ ကပ်ဘေးမိုးကြိုး တစ်ချက် သို့မဟုတ် နှစ်ချက်ကို ဖြတ်ကျော်ရုံဆိုလျှင် ကိစ္စမရှိလှဘဲ မူလဝိညာဉ်သည်လည်း မနည်းတောင့်ခံထားနိုင်ပေလိမ့်မည်။

သို့ရာတွင် ကပ်ဘေးမိုးကြိုး ဆယ်ချီ၊ ရာချီမျှ ရိုက်ခတ်ခံရပါက နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူသည် သေချာပေါက် သေဆုံးသွားမည်ဖြစ်ပြီး မူလဝိညာဉ်မှာလည်း အပိုင်းပိုင်းအစစ ကြေမွကာ ကပ်ဘေးမိုးကြိုးအောက်တွင် ကျဆုံးပြီး မုချသေဆုံးသွားမည်သာ ဖြစ်ချေသည်။

All Chapters