← Chapters

အခန်း (၆၄၁-၆၄၂)

Vol. 48 Ch. 641-642

အခန်း (၆၄၁-၆၄၂)

Vol. 48 Ch. 641-642

အပိုင်း ၆၄၁ - ကောင်းကင်ရုံးတော်၏ ရာဇဝတ်သားကြီးများ

မိုးကြိုးဌာနတွင် ယခင်က နေထိုင်ခဲ့သော တည်းခိုဆောင်သို့ ယွမ်ရှောင် ပြန်လာသောအခါ ယွမ်ယင်နှင့် ကူစုဝမ်သည် ကိုယ်ရံတော်များပမာ ကာကွယ်စောင့်ရှောက်ရင်း လိုက်ပို့ပေးခဲ့သည်။ သူက ကျင့်ကြံရေးအခန်းအတွင်း ဝင်ရောက်သွားသောအခါ သူတို့သည် ခြံဝန်းအတွင်း လတ်တလော အခြေအနေများကို ဆွေးနွေးနေကြ၏။

"နိုင်းက အနာဂတ် အလားအလာကောင်းမွန်တဲ့ မိန်းမလှလေးတစ်ယောက်ပါ။ တကယ်နှမြောစရာပဲ"

"သေရွာပြန်လာတဲ့ မင်းသမီးက အစစ်ဟုတ်မဟုတ် ဘယ်သူပြောနိုင်မှာလဲ"

ကူစုဝမ်၏ မျက်နှာအထက်တွင် ဝမ်းနည်းရိပ်များ ထင်ဟပ်ပြီး သက်ပြင်းချ၍ ပြောလိုက်သောအခါ ယွမ်ယင်သည် အေးစက်စက် တုံ့ပြန်၏။ ထိုအချိန်မှာပင် ကောင်းကင်ရုံးတော်သည် သုံးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်သော ဆုံးဖြတ်ချက်ကို သတင်းပို့အဆောင်တစ်ခုဖြင့် အကြောင်းကြားလာသည်။ ထိုကြေညာချက်တွင် ပြန်လည်ရှင်သန်လာသော သတ္တမမင်းသမီးသည် အစစ်အမှန် မဟုတ်ဘဲ မဟာတာအိုနယ်​မြေ အလွန်မှ ဝင်ရောက်လာသည့် အယောင်ဆောင် နတ်ဆိုးတစ်ကောင်ဟု ဖော်ပြထားသည်။

"မဟုတ်သေးပါဘူး။ အယောင်ဆောင်နတ်ဆိုးတစ်ကောင်က နတ်ဘုရားဂိတ်ထဲကို ဝင်လာပြီး ဘယ်လိုလုပ် လူသတ် သောင်းကျန်းနိုင်မှာလဲ"

ယွမ်ယင်က မျက်မှောင်ကြုတ်လိုက်သကဲ့သို့ ကူစုဝမ်လည်း ခေါင်းယမ်းပြသည်။

"မပြောတတ်ဘူး။ နတ်ဘုရားဂိတ်မှာ ဟာကွက်တစ်ခုခု ရှိနေလို့လည်း ဖြစ်နိုင်တာပဲ။ လောလောဆယ်တော့ မင်းသမီးအတုနဲ့ ပတ်သက်ပြီး ဒီလို ဆုံးဖြတ်ထားတယ်။ သူမကို နတ်ကောင်းကင်အဆင့် ရာဇဝတ်ကောင်အဖြစ် ကြေညာပြီး အင်မော်တယ်ကျောက်စိမ်း သန်းတစ်ထောင် ဆုကြေးထုတ်လိုက်ပြီ။ မဟာတာအိုနယ်မြေတစ်ခုလုံး ပိတ်ဆို့ထားပြီး တော်ဝင်စစ်သည်တော်တွေ နေရာအနှံ့ ရှာဖွေနေကြတယ်"

"ဒီအမိန့်က အင်ပါယာဆီက တိုက်ရိုက်လာတာလား"

"ဟုတ်ပါတယ်"

ထိုစကားကြောင့် ယွမ်ယင် အံ့သြတကြီး ဖြစ်ကာ မေးခွန်းထုတ်လိုက်သောအခါ သူမက ခေါင်းညိတ်၍ အတည်ပြု၏။

"နတ်ကောင်းကင်အဆင့် ရာဇဝတ်ကောင်ဆိုတာ ဘာလဲ"

ကျင့်ကြံရေးအခန်းအတွင်းမှ ရုတ်တရက် ထွက်လာသော ယွမ်ရှောင်က မေးခွန်းထုတ်လိုက်ရာ ကူစုဝမ်သည် အောက်ပါအတိုင်း လေးနက်စွာ ရှင်းပြပေးခဲ့သည်။ နတ်ကောင်းကင်အဆင့် ရာဇဝတ်ကောင်ဆိုသော သတ်မှတ်ချက်ကို အသုံးမပြုခဲ့သည်မှာ နှစ်ပေါင်းထောင်ချီ ကြာမြင့်နေပြီဖြစ်ပြီး ကောင်းကင်ရုံးတော်သမိုင်း၌ အဆိုးရွားဆုံးအဖြစ် သတ်မှတ်၏။

"ဒီကလေးမ ရူးသွားပြန်ပြီ။ အရင်ကလို စိတ်ထင်တိုင်း လျှောက်လုပ်နေတာပဲ"

သူက စိတ်ထဲတွင် ဤသို့ မှတ်ချက်ချရင်း ကျင့်ကြံရေးအခန်းတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။ ချန်ရီသည် သွေးဆူလွယ်သဖြင့် ပေါက်ကွဲလွယ်ပြီး ယွမ်ရှောင်နှင့် စိတ်သဘောထား ပြင်းထန်ပုံချင်း တူညီသည်။ သို့ရာတွင် သူက ရက်စက်ကြမ်းတမ်းသော်လည်း ပါးပါးနပ်နပ်ဖြင့် ပရိယာယ်သုံးတတ်၍ ရည်ရွယ်ချက်အစစ်အမှန်ကို ဖုံးကွယ်တတ်ကာ သေရေးရှင်ရေး မဟုတ်လျှင် အစွမ်းကုန် သောင်းကျန်းပြီး ကိုယ့်ကိုကိုယ် သေတွင်းပို့မည် မဟုတ်ချေ။ သူမကမူ ခွန်အားကို ယုံကြည်သူဖြစ်၍ လှည့်စားသော ပညာရပ်တွင် မကျွမ်းကျင်ဘဲ ကပ်ဘေးလူဝင်စားဆိုသော သရုပ်မှန်နှင့် ဆက်စပ်နေ၏။ ထို့ကြောင့် လူသားများ၏ ကောက်ကျစ်ယုတ်မာသော အကြံအစည်အောက်တွင် သူမက မကြာခဏ အလိမ်ခံရတတ်ပြီး လူဆိုးများအတွက်မူ အားနည်းချက်တစ်ခု ဖြစ်သည်။ သို့သော် ယွမ်ရှောင်သည် ရိုးသားပွင့်လင်း၍ ဟန်ဆောင်မှုကင်းသော သူမ၏ ကိုယ်ကျင့်စရိုက်ကို တန်ဖိုးထားမြတ်နိုးပြီး လှည့်စားတတ်သူတစ်ယောက်ဆိုလျှင် ဤမျှလောက် ချစ်စရာကောင်းချင်မှ ကောင်းပေလိမ့်မည်။ လက်ရှိတွင် သူမသည် ကပ်ဘေးလူဝင်စား သုံးယောက် ပူးပေါင်းထားသည့် အသွင်ဖြစ်သောကြောင့် အစွမ်းထက်မည်ဟု သူက ယုံကြည်ထား၏။

အင်မော်တယ်ပြိုင်ပွဲ၏ ချန်ပီယံကို သန်းတစ်ရာသာ ဆုချခဲ့သော်လည်း ရာဇဝတ်ကောင်တစ်ယောက်အတွက် သန်းတစ်ထောင် ဆုကြေး ထုတ်ထားသောကြောင့် အင်ပါယာထိုက်ဝေ အမှန်တကယ် ဒေါသထွက်နေပုံရသည်။ နိုင်းနှင့် ပတ်သက်လျှင်မူ တစ်ဖက်လူသည် ယွမ်ရှောင်အပေါ် ခံစားချက်ရှိသော်လည်း တစ်ဖက်သတ် ဖြစ်သည်။ သူက ကောင်းကင်ရုံးတော်သို့ တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ထိုးဖောက်ဝင်ရောက်ခဲ့ခြင်း ဖြစ်ကာ သေမျိုးလောက၏ အကျိုးအတွက် တိုက်ပွဲဝင်ရင်း သူတစ်ပါးနှင့် စေ့စပ်ထားသော မိန်းကလေးကို ပတ်သက်လျှင် တိရိစ္ဆာန်တစ်ကောင် ဖြစ်သွားပေလိမ့်မည်။ ကောင်းကင်ရုံးတော်ဆိုသော ပတ်ဝန်းကျင်က ပုပ်သိုးမနေခဲ့လျှင် လူငယ်များသည်လည်း ဤမျှလောက် ဆိုးရွားနေကြမည် မဟုတ်ပေ။ ၎င်းက ခန့်မှန်းချက်သက်သက်သာ ဖြစ်၍ သူက လူတိုင်းကို လမ်းပြပေးရန် အချိန်မရှိသကဲ့သို့ တာဝန်လည်း မရှိပေ။

သေမျိုးလောက၏ အသက်များကလည်း တန်ဖိုး ရှိပြီး ကံ၊ ကံ၏ အကျိုးအရ သတ်ဖြတ်မှု ကျူးလွန်သူများထံ ဝဋ်လည်ခဲ့လျှင် လည်စင်းခံကြရပေလိမ့်မည်။ ကျင့်ကြံရေးအတွက်ဟု မည်မျှ အသံကောင်းဟစ်နေပါစေ၊ သတ္တဝါတိုင်း၏ အသက်က တန်းတူညီမျှပင် မဟုတ်ပါလော။ နာရီဝက်အကြာတွင် ကူစုဝမ်သည် ယောကျ်ားဖြစ်သူထံမှ အဆောင်တစ်ခု ရရှိလိုက်ကာ စိတ်ရှုပ်သွားသော အမူအရာဖြင့် ယွမ်ရှောင်ကို အသိပေးလိုက်သည်။

"ချောင်ရှန်း ပြန်ရောက်လာပြီ"

ချောင်အိမ်တော်အတွင်းရှိ မြေအောက်ခန်းတစ်ခု အပြင်တွင် ချောင်ရှန်းသည် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး မျက်နှာထား မှုန်ကုပ်ကုပ် ဖြစ်နေသည်။ မကြာမီ မိုးကြိုးဌာန၏ အင်မော်တယ်များ ဆင်းသက်လာကာ အားလုံး အဆင့်လေးနှင့်အထက် အရာရှိများချည်း ဖြစ်ကာ မဟာစစ်သူကြီးများလည်း ပါဝင်၏။

"ချောင်ရူ အခြေအနေ ဘယ်လိုရှိလဲ"

ကူကျန်းရှောင်က စိတ်တိုနေဟန်ဖြင့် စိုက်ကြည့်ပြီး မေးခွန်း ထုတ်လိုက်သောအခါ သူသည် မြေအောက်ခန်းသို့ ညွှန်ပြ၍ စိတ်ပျက်လက်ပျက် ဖြေလိုက်၏။

"အခုထိ ပြဿနာရှိနေလို့ သံကြိုးနဲ့ ချည်ထားတယ်"

"အဆောင်ထဲမှာ ပြောထားသလိုဆိုရင် ပူဇော်သက္ကာရ လက်ခံမယ့်အစား သူက သေဖို့ ရွေးချယ်လိုက်တာလား။ မင်းရဲ့ လုပ်ရပ်ကိုလည်း အိမ်ရှေ့စံ မိသွားပြီပေါ့"

ယွမ်ယင်၏ မျက်နှာက မည်းနက်သွားသည်ါ

"ဟုတ်တယ်။ ဒီကောင်မက အတော်လေး ရူးနေပြီထင်တယ်။ ပူဇော်သက္ကာရ အတင်းလက်ခံဖို့ ငါ လုပ် ခဲ့ပေမယ့် အိမ်ရှေ့စံ ရောက်လာတယ်။ အခြေအနေက အတော်ဆိုးတယ်"

ချောင်ရှန်းက အထပ်ထပ်အခါခါ သက်ပြင်းချနေသောကြောင့် အရာရှိများ စိတ်မရှည် ဖြစ်ကုန်သည်။

"ဘယ်လောက် ဆိုးတာလဲ။ သေချာပြောစမ်းပါ"

"အိမ်ရှေ့စံက အရမ်းဒေါသထွက်သွားပြီး သူမကို တားဆီးခဲ့တယ်။ ကောင်းကင်ပုန်ကန်မှုနဲ့ စွဲချက်တင်လိုက်လို့ တာအိုကောင်းကင်အဆင့် ရာဇဝတ်သား ဖြစ်သွားပြီ။ ကောင်းကင်ရုံးတော်မှာ စံပြဖြစ်စေဖို့ မိုးကြိုးဌာနမှာ ကွပ်မျက်ပစ်ဖို့ ငါ့ကိုလည်း အမိန့်ပေးလိုက်သေးတယ်"

"သွားပြီ။ ဒါကို မိသွားရင် ပုံမှန်က ပြစ်မှုပဲ။ မိုးကြိုးဌာနလည်း မျက်နှာပျက်ရတော့မယ်"

ကူကျန်းရှောင်၏ မြင်ကွင်းက ချောင်ရှန်း၏ စကားကြောင့် မှောင်မိုက်သွားပုံရ၏။

"ဘယ်အချိန် ကွပ်မျက်ဖို့ ပြောလိုက်တာလဲ"

"ပြန်ရောက်ရောက်ချင်း မဟာစစ်သူကြီးသုံးယောက် ကြီးကြပ်ပြီး ကွပ်မျက်လိုက်တဲ့။ ဒါပေမယ့် မဟာအစီအရင်ကို သုံးဖို့ လိုအပ်တယ်။ မိုးကြိုးဧကရာဇ်ကို ဆက်သွယ်ကြမလား"

သူ၏ လေသံအရ ပူဇော်သက္ကာရ လက်ခံရန် အတင်းအကြပ် လုပ်ခဲ့သော်လည်း ထိုပြစ်မှုအတွက် ညီမအရင်းကို ထိုးကျွေးရန် တုံ့ဆိုင်းနေပုံမရချေ။

"ကောင်းပြီ။ မိုးကြိုးဧကရာဇ်ဆီ အဆောင်ပို့ပြီး သတင်းပေးလိုက်။ သူ စာပြန်ရင် ချက်ချင်း အကောင်အထည်ဖော်မယ်"

မဟာစစ်သူကြီး သုံး​ယောက်က အကြည့်ချင်းဖလှယ်၍ ဆုံးဖြတ်ချက်ချလိုက်သော်လည်း ကူကျန်းရှောင်မှာ စောဒက တက်လာပြန်သည်။

"အိမ်ရှေ့စံက ချက်ချင်း ကွပ်မျက်ခိုင်းတာမလား။ ဘာကြောင့် မိုးကြိုးဧကရာဇ် စာပြန်မှာကို စောင့်ချင်တာလဲ။ မင်းက လုယောင်ကို ကြောက်လို့လား"

ထိုအခိုက်တွင် ပိုဟုန်သည်လည်း အနားသို့ ကပ်လာကာ ဖြစ်ကြောင်းကုန်စင်ကို ချောင်ရှန်းအား ရှင်းပြပေးခဲ့သည်။

"ချောင်ရူက ဘဝမှာ အတော်လေး ကံကောင်းပြီလို့ ငါတို့ ထင်ထားခဲ့ပေမယ့် ကံဆိုးလိုက်တာ"

ကူစုဝမ်နှင့် ယွမ်ရှောင်သည်လည်း ရောက်လာကြပြီး အရှိန်အဝါ ပြင်းပြင်းထန်ထန် ထုတ်လွှတ်ထားသောကြောင့် အရာရှိများ နောက်တွန့်ကုန်သည်။

"ချောင်ရူ ဘယ်မှာလဲ"

သူက ချောင်ရှန်းကို သတ်ဖြတ်လိုစိတ်ဖြင့် စိုက်ကြည့်ကာ မေးလိုက်သောအခါ မဟာစစ်သူကြီးများအနက် သူနှင့် ပြဿနာ မရှိဖူးသော ယွမ်ယင် ရှေ့ထွက်လာကာ အခြေအနေကို ထိန်းကျောင်းချင်ခဲ့သည်။

"လောလောဆယ် ဘေးကင်းပါတယ်။ စိတ်ထိန်းပါဦး။ ငါ အကုန်ရှင်းပြပေးမယ်"

"ပြော"

မြေအောက်ခန်းအတွင်းမှ လှုပ်ရှားမှုများ ရှိနေသောကြောင့် ချောင်ရူ မသေသေးသည်ဖြစ်ရာ သူက စိတ်ထိန်း၍ ရှင်းပြချက်ကို နားထောင်ခဲ့၏။

"အခု ချောင်ရူက ကောင်းကင်ရုံးတော်မှာ စွဲချက်တင်ထားတဲ့ ရာဇဝတ်သား ဖြစ်နေပြီ။ ခံစားချက်ကြောင့် ပြဿနာ မရှာပါနဲ့။ အိမ်ရှေ့စံရဲ့ အမိန့်ကို ပြောင်းလဲဖို့ မဖြစ်နိုင်ဘူး။ မိန်းမတစ်ယောက်အတွက် မင်းရဲ့ အနာဂတ်ကို စတေးဖို့ မတန်ပါဘူး"

တစ်ဖက်လူ အထိန်းအချုပ်မဲ့ သောင်းကျန်းမည်ကို စိုးရိမ်သောကြောင့် မဟာစစ်သူကြီးများက ဖြောင်းဖြခဲ့သော်လည်း ထူးဆန်းစွာပင် ယွမ်ရှောင်မှာ တည်တည်ငြိမ်ငြိမ် ရှိနေသည်။

"စိတ်ချပါ မဟာစစ်သူကြီး။ ကျုပ်က ကောင်းကင်ရုံးတော်ရဲ့ ဥပဒေကို ဆန့်ကျင်မှာ မဟုတ်ဘူး"

"ကောင်းတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ချောင်ရူက အသက်ကြီးပြီး ပါရမီနိမ့်ကျတယ်။ ဒီလိုမိန်းမမျိုးက မင်းနဲ့ တကယ်ပဲ မထိုက်တန်ဘူး"

ယွမ်ယင်က စိတ်အေးသွားဟန်ဖြင့် သူ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

"ခင်ဗျားတို့က မိုးကြိုးဧကရာဇ်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေကြပါ။ ကျုပ် နောက်ဆုံးအနေနဲ့ အထဲဝင်ပြီး နှုတ်ဆက်ချင်တယ်"

ယွမ်ရှောင်သည် မဲ့ပြုံးတစ်ချက်ဖြင့် တုံ့ပြန်၍ မြေအောက်ခန်းသို့ လှည့်ကြည့်ကာ တောင်းဆိုလိုက်လေသည်။

အပိုင်း ၆၄၂ - ချောင်ရူ၏ အမုန်း

ယွမ်ရှောင်သည် နှေးကွေးလေးလံသော ခြေလှမ်းများဖြင့် မြေအောက်ခန်းအတွင်း ဆင်းသက်လာခဲ့ပြီး နိမ့်ဆင်းလာသည်နှင့်အမျှ ကြားနေရသော အသံများ ဖြည်းဖြည်းချင်း တိတ်ဆိတ်သွားသည်။ သူက မျက်နှာပြင်အထက်တွင် လျှပ်စီးရုန်းများ ပြည့်နှက်နေသည့် တံခါးကြီးကို ဝုန်းခနဲ တွန်းဖွင့်လိုက်သောအခါ အခန်းတစ်ခု ထွက်ပေါ်လာ၏။ အခန်းထောင့်တွင် တစ်ကိုယ်လုံး သံကြိုးဖြင့် တုပ်နှောင်ခံထားရသည့် ချောင်ရူ ဒူးထောက်နေကာ အသားထဲထိ နစ်ဝင်နေသော သံကြိုးများကြောင့် အရေပြား သွေးချင်းချင်းနီရုံသာမက အကြောများပင် ထုံထိုင်းနေသည်။ တစ်ချိန်က လှပခဲ့သော လှိုင်းတွန့်ဆံပင်များမှာ ကြေမွ၍ ဝတ်စုံအထက်တွင် သွေးများစိုရွှဲကာ မြေအောက်အကျဥ်းခန်းအတွင်း၌ ပိတ်မိနေသော သနားစရာ မိန်းကလေးတစ်ယောက်အသွင် ဖြစ်လာခဲ့သည်။

ခြေသံကြား၍ သူမက မော့ကြည့်လိုက်သောအခါ ခန့်ညားထည်ဝါသော မီးခြင်္သေ့ဝတ်ရုံဖြင့် ယွမ်ရှောင်ကို မြင်လိုက်ရသဖြင့် မျက်ဝန်းများ တောက်ပသွား၏။ တံခါး၏ တစ်ဖက်တစ်ချက်တွင် ကံကြမ္မာနှစ်ခု ကွာခြားနေပြီး သူမက ငရဲရောက်နေစဥ် တစ်ဖက်လူမှာ မော့ကြည့်ရန်ပင် မလွယ်သော ကောင်းကင်အထိ မြင့်တက်သွားခဲ့သည်။

"အပြင်မှာ နင် ပြောတာတွေကို ငါ ကြားတယ်"

သူမက မဲ့ပြုံးတစ်ချက်ဖြင့် အဓိပ္ပါယ်မဲ့သော မျက်လုံးများဖြင့် စိုက်ကြည့်နေသော်လည်း ယွမ်ရှောင်သည် အထဲမဝင်ဘဲ တံခါးဝ၌ တိတ်တိတ်ဆိတ်ဆိတ် ရပ်နေခဲ့သည်။

"မိုးကြိုးဌာနအတွက် ဒီလောက်အထိ စွမ်းဆောင်ပေးနိုင်ခဲ့တာ ဂုဏ်ယူပါတယ်။ ရက်အနည်းငယ်အတွင်း မင်း လက်စားချေနိုင်ခဲ့တယ်။ အခုဆိုရင် ကောင်းကင်ရုံးတော်မှာ ခြိမ်းခြောက်ခံရတာမျိုး မရှိလောက်တော့ပါဘူး"

သူမက အမှန်တကယ် ဝမ်းသာပေးနေဟန်ဖြင့် ဖြည်းဖြည်းချင် ပြုံးယောင်သန်းလာသည်။

"ကျုပ်နဲ့ မဟာစစ်သူကြီး ပြောတာတွေကိုလည်း ကြားမှာပေါ့"

"ရှင်းရှင်းလင်းလင်းကို ကြားလိုက်ပါတယ်"

သူမက တင်းကြပ်လွန်းသဖြင့် သက်တောင့်သက်သာ ရှိစေရန် လှုပ်ရှားလိုက်သော်လည်း သံကြိုးများမှာ ပို၍ ပို၍ တင်းလာသဖြင့် ဒူးထောက်လျက်သား ရှိနေရ၏။

"ငါ့ရှေ့မှာ ဟန်ဆောင်မနေပါနဲ့။ နင့်စိတ်ထဲမှာ ငါ့ကို ကယ်ဖို့ နည်းလမ်းရှာနေလောက်တယ်။ ထွက်သွားပါတော့။ မင်းရဲ့အနာဂတ်က တကယ်ကို ကောင်းမွန်တယ်။ ငါကတော့ ကောင်းကင်ရုံးတော်ရဲ့ အပယ်ခံတစ်ယောက်ပဲ။ ဒီပြဿနာက မင်းနဲ့ မသက်ဆိုင်ဘူး။ ငါ့အတွက်နဲ့ ကိုယ့်ဘဝကိုယ် အထိခိုက်မခံနဲ့။ မင်းနဲ့ ခဏတာ သံယောဇဥ် တွယ်ခဲ့ရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ မင်းကြောင့် ငါ့ဘဝ အဓိပ္ပါယ်ရှိလာခဲ့ပေမယ့် အခုတော့ ထွက်သွားလိုက်ပါ"

သူမက အသက်ပြင်းပြင်းရှူ၍ တစ်လုံးချင်း ပြောလိုက်သော်လည်း ယွမ်ရှောင်၏ တုံ့ပြန်ပုံကြောင့် နားမလည်နိုင် ဖြစ်သွားသည်။

"အဲ့ဒီလို မဟုတ်ဘူး။ မင်းက အမြဲတမ်း ငါတို့ဆက်ဆံရေးကို ယုံကြည်ထားတာလား။ အစကတည်းက မင်းကို ခြေနင်းတုံးအဖြစ် အသုံးချဖို့ပဲ ရည်ရွယ်ထားတာလေ။ အခု မင်းက အသုံးမဝင်မှတော့ ငါ့ကိုယ်ငါ ဘာကြောင့် အထိခိုက်ခံရမှာလဲ"

သူ၏ လေသံက ရေခဲပမာ အေးစက်နေပြီး သူမကို ဒေါသအမျက်ချောင်းချောင်း ထွက်သွားစေသည်။

"လုယောင်၊ ဒါက အမှန်တရားဆိုရင်တောင် ငါ့ကို ရက်ရက်စက်စက် ပြောမှ ဖြစ်မှာလား"

"ဒီလောက် မပျော့စမ်းပါနဲ့ မိုးကြိုးတမန်တော်ကြီး။ မင်းက ငါနဲ့ မထိုက်တန်ဘူး။ အခု ငါ ဘာတွေးနေလဲ သိချင်လား"

ယွမ်ရှောင်၏ အကြည့်သည် သံကြိုးများအောက် ချုပ်နှောင်ခံထားရသော ခန္ဓာကိုယ်လေးထံ ကျရောက်သွားသည်။

"တော်တော်လေး ညှို့အားပြင်းတာပဲ။ မကြာခင် မိုးကြိုးတွေကြောင့် ဒီကိုယ်လုံးလေး ဖျက်ဆီးခံရတော့မှာ နှမြောစရာကြီးကွာ။ မိုးကြိုးဧကရာဇ် စာပြန်မပို့ခင် တစ်ခါလောက် အရသာခံလိုက်သင့်လား"

"ထွက်သွားစမ်း"

အညှာအတာ ကင်းမဲ့သော စကားလုံးများကြောင့် သူမ၏ မျက်ဝန်းမှ သွေးမျက်ရည်များပင် စီးကျလာကာ အသံကုန် အော်ဟစ်ရင်း မောင်းထုတ်ခဲ့သည်။ ထို့နောက် ယွမ်ရှောင်သည် အေးစက်စက် လှည့်ထွက်ကာ တံခါးကို ဆောင့်ပိတ်လိုက်သောအခါ ချောင်ရူသည် မြေပြင်ပေါ်သို့ ကွေးကွေးလေး လဲကျသွားကာ တစ်သက်လုံး ငိုဖူးသည်များထက် ပို၍ သည်းထန်စွာ ငိုကြွေးနေခဲ့၏။

"လူယုတ်မာတွေ၊ အကုန်လုံး လူကောင်းတစ်ယောက်မှ မဟုတ်ဘူး။ လုယောင်၊ နင် အသေဆိုးနဲ့ သေလိမ့်မယ်"

သူမက အဆက်မပြတ် ကျိန်ဆဲရင် နာကျည်းစွာဖြင့် မြေပြင်ကို တဘုန်းဘုန်း ထုရိုက်နေခဲ့သည်။

တစ်ဖက်တွင် မြေအောက်ခန်းအတွင်းမှ စိတ်ပျက်လက်ပျက် မျက်နှာမျိုးဖြင့် ထွက်လာသော ယွမ်ရှောင်ကို မိုးကြိုးဌာန၏ အရာရှိများက အံ့သြတကြီးဖြင့် စိုက်ကြည့်နေကြ၏။ မြေအောက်ခန်းအတွင်းမှ ထုရိုက်သံများအပြင် ချောင်ရူ၏ နာနာကျည်းကျည်း ကျိန်ဆဲသံများကို အတိုင်းသား ကြားနေရသည် မဟုတ်ပါလော။

"ဘာဖြစ်လို့ စိုက်ကြည့်နေတာလဲ"

"ဘာမှမဖြစ်ပါဘူး"

ယွမ်ယင်က အလျင်အမြန် ဖြေလိုက်သော်လည်း အခြားလူများ၏ မျက်နှာအမူအရာများမှာ ထူးဆန်းနေဆဲပင်။

"ချောင်ရူက ကိုယ့်သေတွင်းကိုယ် တူးလိုက်တာပဲ။ ကျုပ်က မကူညီနိုင်ဘူးဆိုတော့ အပြစ်တင်ချင်နေတာလေ"

သူက ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်ပြလိုက်သောအခါ ကူစုဝမ်သည် ဝင်ရောက် ထောက်ခံခဲ့သည်။

"ဟုတ်တယ်။ ဒီကောင်မက ရူးနေပြီ။ လုယောင်၊ စိတ်ထဲ မထားနဲ့နော်"

"ဆရာရော ချောင်ရူ ဒီလောက် မိုက်မဲတာကို အရင်က သတိမထားမိဘူးလား"

ယွမ်ရှောင်သည် ချောင်ရူ၏ ဂိုဏ်းတူအစ်မဖြစ်သော လမင်းဓားနတ်ဘုရားထံ လှည့်ကာ မေးခွန်းထုတ်လိုက်ပြန်သည်။

"အရင်ကတည်းက ချောင်ရူဟာ ဖြစ်သလိုနေခဲ့တယ်။ ဒီတစ်ခေါက် အိမ်ရှေ့စံလက်ထဲမှာ မိသွားတာတော့ ကံဆိုးတာလို့ပဲ သတ်မှတ်ရမှာပေါ့"

"ကောင်းကင်ရုံးတော်ရဲ့ အရာရှိတစ်ယောက်အနေနဲ့ ဖြောင့်မတ်မှန်ကန်ရမယ်။ မင်းသမီးတစ်ယောက် ဖြစ်နေရင်တောင်မှ ဥပဒေကို ချိုးဖောက်လို့ မရဘူး"

ယွမ်ယင်ကလည်း သူ့ကို ရည်ရွယ်သော စကားများကို အဓိပ္ပါယ်ပါပါ တစ်ဖက်လှည့်ဖြင့် သတိပေးလိုက်သည်။ ဤလူငယ်လေးသည် ချောင်ရူအကြောင်း အမြဲတမ်း ​မေးနေသဖြင့် စိတ်ထဲတွင် ရှိနေကြောင်း သိသာ၏။ သို့သော် ကိစ္စများက ထိန်းချုပ်မရနိုင်လောက်အောင် ကြီးထွားလာလျှင် ဖိအားအောက်၌ ရွေးချယ်မှု မှန်ကန်ရပေလိမ့်မည်။ လက်ရှိတွင် သူ၏ ရွေးချယ်မှုသည် အခြားသူများ၏ အမြင်တွင် မှန်ကန်ပြီး ဟန်ဆောင်ထားခြင်း မရှိသော ချောင်ရူ၏ အမုန်းတရားက အရာအားလုံးကို ဖော်ပြနေသည်။ သူမ၏ ကံကြမ္မာသည် မိုးကြိုးဧကရာဇ်အပေါ်တွင် မူတည်သော်လည်း အိမ်ရှေ့စံ၏ အမိန့်ကို ဆန့်ကျင်မရကြောင်း လူတိုင်း သိထား၏။ သတင်းပို့ခြင်းသည် တာဝန်အရ အသိပေးခြင်းသာ ဖြစ်၍ အထူးသဖြင့် မဟာအစီအရင်ကို အသုံးပြုရမည် ဖြစ်သောကြောင့်ပင်။

မိုးကြိုးဌာနမှ အရာရှိများသည် အထက်အမိန့်ကို ချောင်အိမ်တော်၌ စောင့်ဆိုင်းနေကြပြီး ယွမ်ရှောင်လည်း ထွက်မသွားခဲ့ပေ။ အချိန်တစ်ခုအကြာတွင် ကောင်းကင်မှ သတင်းပို့အဆောင် ဆင်းသက်လာကာ ယွမ်ယင်သည် ဂရုတစိုက် ဖတ်ရှု၍ လူတိုင်းကို အသိပေးခဲ့သည်။

"ဂုဏ်ပြုပွဲကို အစီအစဥ်အတိုင်း ဆက်လုပ်ကြ။ ချောင်ရူကို ပွဲမစခင် မိုးကြိုးဌာနမှာ လှည့်လည်ပြသပြီး ဂုဏ်ပြုပွဲမှာ ကွပ်မျက်စေ"

လှည့်လည်ပြသခြင်း၊ ကွပ်မျက်ခြင်းနှင့် ဂုဏ်ပြုပွဲကို တပြိုင်နက် ကျင်းပမည်ဖြစ်ကာ မည်သည်ကိုမှ ချန်လှပ်မထားခဲ့ပေ။

"ချောင်ရူကို လမ်းပေါ်မှာ ပြသရင် ပူဇော်သက္ကာရအကြောင်း အသေးစိတ် ပြောစရာ မလိုဘူး။ ကယ်တင်ဖို့ ရည်ရွယ်ချက်ရှိသူတွေကို ခြိမ်းခြောက်နိုင်ရင် လုံလောက်ပြီ။ မိုးကြိုးဌာနအတွင်းမှာတော့ သူမက နတ်ဆိုးတွေနဲ့ ပူးပေါင်းထားတယ်လို့ ထုတ်ပြန်လိုက်။ သက်သေအထောက်အထား အပြည့်အစုံကို ဖမ်းမိလို့ အိမ်ရှေ့စံအမိန်နဲ့ ပုန်ကန်မှု စီရင်တယ်လို့ ကြေညာရမယ်"

ယွမ်ယင်က အရာရှိများကို ဆက်တိုက် ညွှန်ကြားနေရင်း ချောင်ရူဘက် လှည့်ကာ အမိန့်ပေးသည်။

"ချောင်ရှန်း၊ မင်းက ချောင်ရူကို လမ်းပေါ်မှာ ပြသဖို့ တာဝန်ယူ ကြီးကြပ်ရမယ်။ မိုးကြိုးကိုးပါးရင်ပြင်ဆီ အချိန်မီ ရောက်အောင် လာခဲ့"

"အမိန့်အတိုင်းပါ"

တစ်ဖက်လူ၏ ရည်ရွယ်ချက်သည် ရာဇဝတ်ကောင်နှင့် ချောင်မိသားစု မပတ်သက်တော့ကြောင်း သေချာစေရန် ကူညီပေးခြင်း ဖြစ်၍ ချောင်ရှန်းက ခေါင်းညိတ်၏။ ထို့အပြင် ယွမ်ယင်က ယွမ်ရှောင်၏ အမူအရာတိုင်းကို စောင့်ကြည့်နေဆဲ ဖြစ်ကာ ဤလူငယ်လေးသာ ကောင်းကင်ရုံးတော်ကို ဆန့်ကျင်ဘက်လုပ်လျှင် ခေါင်းကိုက်စရာ ဖြစ်နိုင်ကြောင်း နားလည်ထားသောကြောင့်ပင်။ ကူစုဝမ်နှင့် လမင်းဓားနတ်ဘုရားသည်လည်း ချောင်ရူကို အဆက်မပြတ် ပြစ်တင်ပြောဆိုကာ ယွမ်ရှောင်၏ စိတ်ကို အနုနည်းဖြင့် လွှမ်းမိုးရန် ကြိုးစားနေကြသည်။ ထို့​နောက် ချောင်ရှန်းသည် မြင်းဆွဲသော အကျဥ်းခန်းတပ် လှည်းတစ်စီးကို ယူဆောင်လာကာ ချောင်ရူအား ပစ်ထည့်ခဲ့သည်။

"နင်..နင် ဘာလုပ်မလို့လဲ"

သူမက တုန်ယင်စွာ မေးလိုက်သောအခါ အေးစက်စက် အဖြေ ပြန်ရလိုက်၏။

"မင်းကို မကွပ်မျက်ခင် မိုးကြိုးဌာနရဲ့ လမ်းတွေပေါ်မှာ လှည့်လည်ပြသမလို့"

"ချောင်ရှန်း လူယုတ်မာ အသေဆိုးနဲ့ သေလိုက်"

သူမက ဒေါသတကြီး အော်ဟစ်၍ ရူးသွပ်စွာ ရုန်းကန်နေသောကြောင့် လှည်းတစ်ခုလုံး ဆူညံစွာ တုန်ခါနေသည်။

"နင်တို့ တစ်ယောက်ချင်းစီက အပြစ်သားတွေပဲ။ နင်တို့ သွေးတွေထဲမှာ ကောင်းကင်ကို ပြစ်မှားထားတယ်။ တစ်နေ့ကျရင် အကုန်လုံး အပြစ်ခံရလိမ့်မယ်"

"ပါးစပ်ပိတ်ထားလိုက်စမ်းပါ"

ယွမ်ရှောင်က ဤသို့ ဝင်ပြောလိုက်သောကြောင့် သူမ၏ မျက်ဝန်းများတွင် အမုန်းမီးများ တောက်လောင်လာ၏။

"လူအရေခွံခြုံထားတဲ့ တိရိစ္ဆာန်"

"ခေါ်သွားလိုက်တော့"

သူက စိတ်မရှည်ဟန်ဖြင့် ချောင်ရှန်းကို အမိန့်ပေးလိုက်သောအခါ ချောင်ရူသည် စူးစူးရဲရဲ စိုက်ကြည့်နေဆဲ ဖြစ်သည်။ အကျဥ်းလှည်း ထွက်ခွာသွားသည်နှင့် တပြိုင်နက် ချောင်အိမ်တော်က တိတ်ဆိတ်သွားပြီး ကူကျန်းရှောင်သည် တက်တက်ကြွကြွဖြင့် အောင်ပွဲခံရန် ကြေညာခဲ့သည်။

"မိုးကြိုးကိုးပါး ရင်ပြင်ကို သွားဖို့ အချိန်တန်ပြီ။ ဘိုးဘေးတွေရှေ့မှောက်မှာ အင်မော်တယ်ပြိုင်ပွဲ ချန်ပီယံ မိုးကြိုးဌာနရဲ့ စီရင်သူပါရမီရှင်ကို ဂုဏ်ပြုကြစို့"

မျက်တောင်တစ်ခတ်အတွင်း အချိန်တစ်နာရီ ကျော်လွန်သွားကာ မိုးကြိုးကိုးပါးရင်ပြင်၌ စားပွဲများ၊ သေရည်များနှင့် စားကောင်းသောက်ဖွယ်များ တည်ခင်းထားပြီး ဖြစ်၏။ မိုးကြိုးဌာန၏ အဆင့်မြင့် အရာရှိအားလုံး နေရာယူထားပြီး မတ်တပ်ရပ်ကာ မိုးကြိုးကိုးပါး ရင်ပြင် အလယ်ဗဟိုရှိ အင်မော်တယ်ပြိုင်ပွဲ ချန်ပီယံထံ အာရုံစိုက်နေကြသည်။

"ကျုပ်နဲ့ အတူ နေကြပါ"

ကူစုဝမ်နှင့် လမင်းဓားနတ်ဘုရားက ဘေးထွက်လိုက်ကြသော်လည်း အနားတွင် ဆက်နေရန် ယွမ်ရှောင်က တောင်းဆိုခဲ့သောကြောင့် ငြင်းဆန်မရသဖြင့် မသင့်တော်သော်လည်း သူတို့ ထွက်မသွားခဲ့ပေ။

"အင်မော််တယ်ပြိုင်ပွဲ ချန်ပီယံကို ဂုဏ်ပြုပါတယ်"

သူ နေရာယူလိုက်သည်နှင့် တပြိုင်နက် မဟာစစ်သူကြီးများအပါအဝင် အရာရှိတစ်ထောင်ကျော်က ပြိုင်တူ အော်ဟစ်လိုက်ကြလေသည်။

All Chapters