← Chapters

ဂရုဏာရှင် ဗုဒ္ဓ

Vol. 110 Ch. 1097

ဂရုဏာရှင် ဗုဒ္ဓ

Vol. 110 Ch. 1097

သူမသခင်၏အမြင့်မြတ်ဆုံးသော နတ်စိတ်ဝိညာဉ်နှင့်ဆိုလျှင် သူ၏အတွေးများက သူမထက်များစွာ ပိုမိုပြည့်စုံကျယ်ပြန့်နေမည်မှာ သေချာ၏။ သို့မဟုတ်ပါက သူက ရွှေရောင်ငါးကြင်းမှ နဂါးတစ်ကောင်အဖြစ် ပြောင်းလဲနိုင်ပြီး ထိုက်ရွှီဆေးဧကရာဇ်ဟူသော ကျော်ကြားသည့် အမည်ကို ရရှိနိုင်မည်မဟုတ်ပေ။

"ရေကိုနောက်စေပြီးမှ ငါးဖမ်းတာပေါ့။" ရှန်းယီ တည်ငြိမ်သော အသံဖြင့် သူ၏နတ်အာရုံကို အသုံးပြုကာ တုံ့ပြန်လိုက်၏။

ဤကွဲပြားသော ဖြစ်တည်မှုများက အနည်းငယ် အနေရခက်စေသော်လည်း မှန်ကန်စွာအသုံးပြုမည်ဆိုပါက ၎င်းတို့သည်မမျှော်လင့်ဘဲ မှီခိုရာနေရာများစွာ ဖြစ်လာနိုင်သည်။

"ရေကိုနောက်အောင် ဘယ်လို လုပ်ဖို့ စီစဉ်ထားတာလဲ။" ချင်းဟွာက သိချင်စိတ်ဖြင့် မေးလိုက်၏။

"ငါ ဘယ်လိုလုပ် သိမှာလဲ။" ရှန်းယီ တိတ်ဆိတ်စွာ မျက်လုံးလှန်လိုက်ပြီး သူကိုယ်တိုင်က တကယ်ပဲ အကြံပိုင်သောဗျူဟာမှူးတစ်ယောက် ဖြစ်နေသည်လောဟု တွေးလိုက်မိ၏။ ယခုအချိန်မှာတော့ သူက တစ်ဆင့်ချင်းစီသာ ဖြေရှင်းသွားနိုင်မည်။

"ချင်းဟွာ နားလည်ပါပြီ။" ကောင်းကင်၏ အလိုဆန္ဒက ခန့်မှန်း၍မရနိုင်ကြောင်းနှင့် သခင်၏အတွေးများကို မိမိကဲ့သို့ နတ်ဆိုးငယ်လေးတစ်ကောင်က ရမ်းသန်းခန့်မှန်းရန် မသင့်တော်ကြောင်းသိထားသဖြင့် ချင်းဟွာက အလျင်အမြန်ပင် တိတ်ဆိတ်သွား၏။

စကားတစ်ခွန်း မှားသွားပါက ပြဿနာတက်နိုင်ပြီး အကြိမ်တစ်သောင်းသေဆုံးလျှင်ပင် ၎င်းမှ ကယ်တင်နိုင်မည် မဟုတ်ပေ။

"အရင်ဆုံး အဲဒီ နတ်ဆိုးကြီးတွေရဲ့အလောင်းတွေကို ဒီကို ယူလာခဲ့။" ရှန်းယီကလည်း ဝူရှန်းအပေါ် အနည်းငယ် တောင်းပန်ချင်စိတ်ဖြစ်မိ၏။ နတ်ဘုရားမင်းဆက်မှ သူ ထွက်ခွာသွားတိုင်း တာဝန်အားလုံးကို ၎င်း၏အပေါ်သို့ပုံမချခဲ့လျှင် ဤအတိုင်း ထွက်သွားရနိုင်မည်မဟုတ်ပေ။

အခြားအရာများကို ထည့်မပြောလျှင်ပင် ယခင်စီရင်စုသုံးခုကို ကြီးကြပ်ရာတွင် ကူညီရန် ပဉ္စမအဆင့်နတ်ဆိုး အနည်းငယ်ကို ပြန်လည်ဖန်တီးရမည်ဖြစ်၏။ ၎င်းက အနာဂတ် လုပ်ရှားမှုများကို ပိုမို အဆင်ပြေစေပါလိမ့်မည်။

နတ်ဆိုးအကြောင်းပြောလိုက်သည်နှင့် နတ်ဆိုးကရောက်လာ၏။

ရှန်းယီက ချင်းဟွာနှင့် ဆက်သွယ်မှုကို အဆုံးသတ်ကာ နောက်သို့လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် အရပ်ရှည်ပြီးတောင့်တင်းသော လူရိပ်တစ်ခု ခြံဝင်းထဲသို့ ဝင်လာသည်ကိုမြင်တွေ့လိုက်ရ၏။

ဝူရှန်း လက်တစ်ဖက်တွင် စာလိပ်တစ်ခုနှင့် အခြားတစ်ဖက်တွင် ဆက်သွယ်ရေးကျောက်စိမ်းပြားကို ကိုင်ဆောင်ထားပြီး ရှန်းယီက သူ၏အရှိန်အဝါကို ယခုအထိဖုံးကွယ်ထားသောကြောင့် ၎င်းကခံစားချက်ကင်းမဲ့နေသော မျက်နှာထားဖြင့်သာ ဝင်ရောက်လာသည်။

သူမော့ကြည့်လိုက်သောအခါ သူတို့ နှစ်ဦးစလုံးကို မြင်တွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ဝတုတ်သောလူကြီးမှာ ခဏတာ အံ့အားသင့်သွားပြီး သူ၏မျက်နှာပေါ်တွင် ဝမ်းသာခြင်း သို့မဟုတ် ဒေါသထွက်ခြင်းတစ်ခုမျှ မပေါ်လွင်ဘဲ သရော်လိုက်၏။ "ဘယ်သူများလဲလို့။ မင်းတို့နှစ်ယောက် ပြန်လာရမှန်း သိသေးတာပဲ။ သတင်းလေးတစ်ခုတောင်မပေးဘူးဆိုတော့ ဘယ်သူမဆို မင်းတို့နှစ်ယောက်ခိုးရာလိုက်ပြေးသွားပြီလို့ပဲ ထင်ကြမှာပေါ့။"

"..."

ယဲ့လန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ရှင်းပြလိုက်၏။ "နန်ယန်မှာ ကျင့်ကြံနေတုန်း ရှုပ်ထွေးမှုတချို့ရှိခဲ့လို့ အသက်ရှူစည်းချက်ပြန်ထိန်းညှိနေရတာပါ၊တမင်လုပ်တာ မဟုတ်ပါဘူး။"

၎င်းကို ကြားသောအခါ ဝူရှန်း၏ခြေလှမ်းများမှာ ရပ်တန့်သွားပြီး ခဏတာ တိတ်ဆိတ်နေပြီးနောက် အနည်းငယ်သက်ပြင်းချကာ ရှန်းယီဘက်သို့ လှည့်ကြည့်လိုက်၏။ "တောင်းပန်ပါတယ်။ ငါက ပါးစပ်သရမ်းတတ်လို့ပါ၊ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။"

စကားပြောနေစဉ် သူ၏မျက်နှာမှာ အနည်းငယ် ဖြူရော်သွားပြီး သူ၏ရင်ဘတ်ကို ပေါ့ပေါ့ပါးပါး ပွတ်သပ်လိုက်သည်။ "လတ်တလောမှာ ကိစ္စတွေ အများကြီးဖြစ်နေပေမဲ့ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ တောရိုင်းနတ်ဆိုး ကျင့်ကြံသူ တချို့ ပြဿနာလာရှာနေတာလောက်ပါပဲ။ တစ်ခါတလေ ပေါ်လာတတ်တဲ့ ပြဿနာကြီးတွေကို ငါ အများစု ဖြေရှင်းပေးထားပြီးပါပြီ၊ စိတ်မပူပါနဲ့၊ ကျင့်ကြံခြင်းက အရေးအကြီးဆုံးပါပဲ၊စွမ်းအင်ပြန်ထိန်းညှိပြီးတာနဲ့ တတ်နိုင်သမျှ မြန်မြန် တာဝန်ပြန်ယူလိုက်ပါ။"

ပြီးခဲ့သည့်အကြိမ်က နတ်ဆိုးဖိနှိပ်ခြင်းမျှော်စင်အနီးတွင် သူက ထိုဘုန်းကြီးအိုနှင့် ခွန်အားပြိုင်ခဲ့ပြီး သူ၏ခန္ဓာကိုယ်ထဲတွင် ကျန်ရစ်ခဲ့သော အာဟတ် ရွှေရောင်အလင်းကြောင့် ဒဏ်ရာရခဲ့၏။ အလွန် အလုပ်များနေသောကြောင့် သူ ကုသရန် အချိန်မရခဲ့ပေ။ ယခုအချိန်အထိ သူသည် ၎င်းကို လုံးဝ မဖိနှိပ်နိုင်သေးဘဲ ပိုမိုဆိုးရွားလာကာ သူ၏ခွန်အားမှာ ရာခိုင်နှုန်း လေးဆယ်ကိုပင် ထုတ်ဖော်၍ မရနိုင်တော့ပေ။

အဘိုးကြီးယန်က ယနေ့တိုင်အောင် တံခါးပိတ် ကျင့်ကြံနေဆဲဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် ဤနှစ်ဦးက နောက်ဆုံးတွင် ပြန်ရောက်လာကြပြီဖြစ်သည်။

သို့မဟုတ်ပါက ကိစ္စများ ဤအတိုင်းသာ ဆက်သွားနေလျှင် လူတစ်ဦး၏ကျင့်ကြံခြင်း အဆင့်ကိုပင် ထိခိုက်စေနိုင်၏။

"ဟူး။" ဝူရှန်း၏တောင်းပန်စကားကို ကြားပြီးနောက် ယဲ့လန်က အနည်းငယ် သက်သာရာရသွားပြီး ရှန်းယီကို တိတ်တဆိတ်လှမ်းကြည့်လိုက်၏။ သူမ၏သိုင်းဦးလေးက အပေါ်ယံတွင် မြင်ရသကဲ့သို့ နူးညံ့သိမ်မွေ့သူ မဟုတ်ကြောင်း သူမ သိထားသည်။

သူက စိတ်လိုက်မာန်ပါ လုပ်ဆောင်တတ်ပြီး သူ လှုပ်ရှားလိုက်ပြီဆိုပါက အသက်ရှင်ကျန်ရစ်သူ အလွန်နည်းပါးပါလိမ့်မည်။

ထိုကဲ့သို့သော ရက်စက်ကြမ်းကြုတ်မှုမျိုးသည် လောကတွင် ရှားပါးလှ၏။

ယခင်ကဆိုလျှင် အဆင်ပြေနိုင်သေး၏။ အဘယ်ကြောင့်ဆိုသော် စတုတ္ထအဆင့် ထိုက်ယီအစစ်အမှန်မသေမျိုး တစ်ဦးဖြစ်သည့် ဝူရှန်းက ရှန်းယီထက်အနည်းဆုံးတော့ အဆင့်အတန်း ပိုမြင့်မားနေသောကြောင့်ဖြစ်သည်။

ယခုမူ ချင်းလွမ် မရှိတော့သဖြင့် ဝူရှန်း၏ပါးစပ်သရမ်းမှုက မမျှော်လင့်ဘဲပြဿနာတစ်ခုခုကို ဆွပေးမိမည်ကို သူမ အမှန်တကယ်ပင် စိုးရိမ်နေမိသည်။

ဤစီနီယာက အရာရာတိုင်းမှ မိမိကိုယ်ကိုခွဲထုတ်ရန် အမြဲတစေကြိုးစားနေသော်လည်း ပါးစပ်သာ ကြမ်းပြီး စိတ်ထားမဆိုးပေ။ သူတို့နှစ်ဦး နတ်ဘုရားမင်းဆက်မှ ထွက်ခွာသွားချိန်တွင် သူက စီရင်စုခြောက်ခုကို အဆင်ပြေသလိုစောင့်ရှောက်ပေးခဲ့၏။

"..."

ရှန်းယီက ဝူရှန်း၏မျက်နှာအသွင်အပြင် ပြောင်းလဲသွားသည်ကို သတိပြုမိပြီး သူ့ကို တစ်ချက်ကြည့်လိုက်ကာ စကားများများမပြောဘဲ လက်ယှက်၍ ဦးညွှတ်လိုက်ရုံသာပြုလုပ်လိုက်၏။ "ကိစ္စက ရုတ်တရက် ဖြစ်သွားလို့ပါ၊ စီနီယာရဲ့ကြိုးပမ်းအားထုတ်မှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ဆေးဖော်စပ်တဲ့နေရာမှာ ကျွမ်းကျင်မှု တချို့ရှိပါတယ်၊ နောက်မှ ဆေးလုံးတချို့ ဖော်စပ်ပြီး စီနီယာဆီကိုလူကြုံနဲ့ ပို့ပေးလိုက်ပါ့မယ်။"

ထိုက်ရွှီဆေးတာအိုကို လေ့လာခြင်းက ကပ်ဘေး စွမ်းအားကို တိုးတက်စေရုံသာမကပေ။ ဆေးမီးဖိုထဲတွင် ရွှေရောင်ကျင့်စဉ်စွမ်းအင်ဖြည့်သွင်းနေစဉ် သူ၏ဆေးဖော်စပ်ခြင်း စွမ်းရည်မှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့၏။

"မင်းက တော်တော်လေး စာနာတတ်တဲ့ ကောင်လေးပဲ။" ဝူရှန်း မျက်ခုံးပင့်လိုက်ပြီးနောက်ဆုံးတွင် မထီမဲ့မြင်ဟန်ဖြင့် ညည်းညူသံတစ်ခုကို ထုတ်ဖော်လိုက်၏။

သေချာသည်မှာ သူက ရှန်းယီပြောသော ဆေးလုံးများအတွက် မျှော်လင့်ချက် သိပ်အများကြီး ထားမနေခဲ့ပေ။ သူ၏လက်ရှိ နယ်ပယ်အရ ထိုကောင်လေးက မသေမျိုးဂိုဏ်း၏ဆေးတောင်ထွတ်မှ တောင်ထွတ်သခင် ဖြစ်နေလျှင်ပင် သူ၏ငယ်ရွယ်သော အသက်အရွယ်ကြောင့် စတုတ္ထအဆင့် မသေမျိုးဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခြေမှာ အလွန်နည်းပါး၏။

သို့သော် ဤကဲ့သို့တွေးပေးခြင်းကပင် သူအလကားအပင်ပန်းခံရခြင်းမဟုတ်ဟု သတ်မှတ်နိုင်သည်။

"ငါ သွားတော့မယ်။" ဝူရှန်းက အချိန်မဆွဲနေတော့ဘဲ ကျောက်စိမ်းပြားနှင့်စာလိပ်ကို စားပွဲပေါ်တွင် တင်လိုက်ပြီးခြံဝင်းအပြင်ဆီသို့ လျှောက်သွားခဲ့၏။

စီရင်စုကိုးခုကိုတစ်ယောက်တည်း စီမံအုပ်ချုပ်ရခြင်းမှာ မည်သည့်ပြဿနာမျှမပေါ်လာခြင်းက အမှန်တကယ် ကံကောင်းလွန်းလှ၏။

ထိုစဉ် အလျင်အမြန်ရွေ့လျားလာသော အလင်းတန်းတစ်ခုက ရှန်းစံအိမ်အတွင်းသို့ အပြေးအလွှား ဝင်ရောက်လာ၏။ ဤနတ်ဆိုးသုတ်သင်ရေးအရာရှိက အခြားသော အမည်ခံစစ်သူကြီးနှစ်ဦးကို အရိုအသေပေးရန်ပင် အချိန်မရတော့ဘဲ ဝူရှန်း၏ဘေးသို့ တိုက်ရိုက် ဆင်းသက်လာခဲ့၏။

"စစ်သူကြီး ပြဿနာ တက်နေပါပြီ။"

"..."

ဝူရှန်း၏မျက်နှာ အနည်းငယ် ပြောင်းလဲသွား၏။

သူက မည်သည့်အခါကမျှ မဆင်မခြင်ပြုမူတတ်သူ မဟုတ်ပေ။ သူ၏စောင့်ရှောက်မှုအောက်ရှိ စီရင်စုခြောက်ခုကိုအာရုံစိုက်ရန်အတွက် သူ၏အလုပ်အကိုင်ကို ကျန်းယန်စီရင်စုသို့ပင် ပြောင်းရွေ့အခြေစိုက်ရန် စဉ်းစားမှုများရှိခဲ့၏။

ပစ်မှားမိသူအရေအတွက်ဖြစ်စေ၊ထိုနေရာတွင် တပ်စွဲထားသော အမည်ခံစစ်သူကြီး၏ခွန်အားဖြစ်စေ။

မဟာတောင်ပိုင်းတိုက်ကြီးကို ပစ်မှတ်ထားရန် ရည်ရွယ်ထားသော မိစ္ဆာနတ်ဆိုးများက သူ၏လက်အောက်ရှိ စီရင်စုသုံးခုကို မရွေးချယ်သင့်ပေ။ကြိုးပမ်းအားထုတ်မှုနှင့် ရရှိမည့် အကျိုးအမြတ်များနှာ မမျှတဘဲလုံးဝယုတ္တိမတန်ဖြစ်နေ၏။

မည်သို့ပင်ဖြစ်စေပြင်ပလူများက နတ်ဆိုးသုတ်သင်ရေးဌာနတည်ရှိမှုကို မသိနိုင်သော်လည်း၊ နတ်ဆိုးသုတ်သင်သူများပင် မကိုင်တွယ်နိုင်သည့် အဆင့်အထိရောက်ရှိနေသော ပြဿနာရှာနေသူများက ရွှေရောင်အလင်းစီရင်စုတွင် စတုတ္ထအဆင့် ထိုက်ယီအစစ်အမှန်မသေမျိုး နယ်ပယ်သို့ ရောက်ရှိနေသည့် ဟွမ်ရှန်းမှ တာအိုသခင်တစ်ဦးကို အင်ပါယာခုံရုံးက လူသိရှင်ကြားခန့်အပ်ထားကြောင်းကို သိထားသင့်ပါသည်။

"အရင် ကြည့်လိုက်ပါ။" နတ်ဆိုးသုတ်သင်ရေး အရာရှိက စာတစ်စောင်ကိုထုတ်ယူကာ ကမ်းပေးလိုက်၏။

ဝူရှန်း၏အကြည့်က စာလုံးများကို ဝေ့ကြည့်လိုက်ရာ သူ၏မျက်နှာမှာ ပို၍မှောင်မိုက်လာပြီး အဆုံးတွင်မသေမျိုးစွမ်းအားဖြင့် အမှတ်အသားပြုထားသောမျက်နှာတစ်ခုကိုစာရွက်ပေါ်တွင်မြင်လိုက်ရပေသည်။

ထိုဘုန်းကြီးအို၏မျက်နှာကို သူ မှတ်မိလိုက်သည့် အခိုက်အတန့်တွင် သူက စာရွက်ကိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး ရွှေရောင်အလင်းစီရင်စုကို သူတို့ အဘယ်ကြောင့်ပစ်မှတ်ထားခဲ့ကြသည်ကို နောက်ဆုံးတွင် သိရှိသွား၏။

"သေလမ်းကို ရှာရဲလောက်အောင် သတ္တိကောင်းနေတာပဲ။" ဝူရှန်း သက်ပြင်းရှည်ကြီးကိုမှုတ်ထုတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးက မင်္ဂလာတိမ်တိုက်ပေါ်သို့ ရုတ်တရက်တက်လှမ်းကာ ကျန်းယန်စီရင်စုမှ ထွက်ခွာသွားခဲ့၏။

All Chapters