ကျိန်စာအစွမ်း
Vol. 5 Ch. 63
အခန်း (၆၃) ကျိန်စာအစွမ်း
ဟွမ်ဂျိဟောင် ထွက်ခွာသွားပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့ကို မကြည့်အားပါဘူး။ မျက်နှာသာပေးမှုက မယုံနိုင်လောက်အောင် ထိုးတက်သွားတဲ့အတွက် ဟွမ်ဂျိဟောင်က သူ့အပေါ်မှာ မဟုတ်တဲ့အတွေးတွေ ရှိနေလိမ့်မယ်လို့ ဟန်ကျွယ် သံသယဝင်သွားပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ် အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက် ကျင့်ကြံအားထုတ်ပါတယ်။
ဟင်္သာဓားဂိုဏ်းက ဒီကိစ္စရဲ့ လက်မည်းကို ရှာတွေ့မလား မတွေ့ဘူးလားဆိုတာက မသိရသေးပါဘူး။ ရှာတွေ့ရင်တောင် ဟန်ကျွယ်က ဂရုမစိုက်ပါဘူး။ ဂိုဏ်းဆယ့်ကိုးဂိုဏ်းမကလို့ ရန်ကျင့်ကြံခြင်းလောကရဲ့ ရှိသမျှဂိုဏ်းတွေ အကုန်လုံးပူးပေါင်းပြီး ယွီဂျင်ဂိုဏ်းကို မနက်ဖြန် လာတိုက်မယ်ဆိုရင်တောင် ဟန်ကျွယ်ဟာ လုံးဝမကြောက်ပါဘူး။
ဟန်ကျွယ် မျက်လုံးထဲမှာ ရှိနေတဲ့ တစ်ခုတည်းသောအရာက ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ဒုတိယအဆင့်ကို တက်နိုင်သလောက် မြန်မြန်ထိုးဖောက်ဖို့ပါပဲ။
…
အလင်းရောင်ဖျော့ဖျော့ရှိတဲ့ လိုဏ်ဂူတစ်ခုမှာ ရှင်းဟုန်ရွှမ်ဟာ မီးတိုင်ရှေ့ ထိုင်နေပါတယ်။
“ဝေါင်း...”
နားအူစေတဲ့ ဟိန်းဟောက်သံဟာ လိုဏ်ဂူအပြင်ဘက်က ထွက်ပေါ်လာပါတယ်။ တော်တော် ကြောက်ဖို့ကောင်းတဲ့ အသံပါ။
ရှင်းဟုန်ရွှမ်ဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး လိုဏ်ဂူနံရံမှာ ထွင်းထားတဲ့ စားလုံးတွေကိုကြည့်ကာ မျက်မှောင်နည်းနည်း ကြုတ်သွားပါတယ်။
“ဘာလို့ တစ်ခုခုလိုနေတယ်လို့ ခံစားနေရတာလဲ” ရှင်းဟုန်ရွှမ်ဟာ ခံရခက်သွားပါတယ်။
ဒီနေရာဟာ ရှေးဟောင်းကျင့်ကြံသူတစ်ဦး ပိုင်ဆိုင်တဲ့ လျှို့ဝှက်နယ်မြေတစ်ခု ဖြစ်ပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဒီနယ်မြေကို မတော်တဆရှာတွေ့ခဲ့ပြီး လိုဏ်ဂူနံရံမှာ ထွင်းထားတဲ့ ကျင့်စဉ်တစ်ခုကို တွေ့သွားခဲ့ပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဒီကျင့်စဉ်ကို အားခဲပြီးကျင့်ကြံတာကြောင့် သူ့ကျင့်ကြံခြင်းဟာ လွန်ခဲ့တဲ့နှစ်မှာ ဒီရေလို ထိုးတက်လာပါတယ်။ ဒါပေမဲ့ ဒီကျင့်စဉ်ကို လုံးဝတတ်မြောက်ဖို့ကတော့ ရှင်းဟုန်ရွှမ်နဲ့ အလှမ်းဝေးနေပါသေးတယ်။
ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို တွေးမိသွားပါတယ်။ ဟန်ကျွယ်သာ ဒီမှာရှိနေရင် သူ့မေးခွန်းတွေကို အဖြေပေးနိုင်မှာပါ။
ရှင်းဟုန်ရွှမ်ဟာ ကောင်းကင်ရုပ်သေးရုပ်ကို ထုတ်ယူပြီး သူ့ဘေးမှာ ချလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ရှင်းဟုန်ရွှမ်ဟာ ကောင်းကင်ရုပ်သေးရုပ်ကို ခေါင်းမှီပြီး အနားယူပါတယ်။
ရှင်းဟုန်ရွှမ်ဟာ ကောင်းကင်ရုပ်သေးရုပ်ကို ရကတည်းက ဟန်ကျွယ်ကို သတိရတဲ့အချိန်တိုင်း အပြင်ထုတ်ပါတယ်။ ဒါ့အပြင် မကြာခဏဆိုသလိုလည်း သူခံစားနေရတာတွေကို ရုပ်သေးရုပ်သိအောင် ပြောပြပါတယ်။
အတန်ကြာတဲ့အခါမှာ ရှင်းဟုန်ရွှမ်ဟာ ခါးဆန့်ထိုင်လိုက်ပြီး ဆက်လက်အားထုတ်ဖို့ ပြင်လိုက်ပါတယ်။ ဒီအချိန်မှာ လိုဏ်ဂူအပြင်ဘက်ကနေ ခြေသံတွေကို ကြားလိုက်ရတာကြောင့် ရှင်းဟုန်ရွှမ်ဟာ သူ့လက်နက်ကို ချက်ချင်းထုတ်လိုက်ပါတယ်။
မီးခိုးရောင်ဝတ်ရုံနဲ့ ငယ်ရွယ်တဲ့မျက်နှာရှိတဲ့ လူတစ်ဦးဟာ လိုဏ်ဂူထဲ လျှောက်လာပါတယ်။ မီးခိုးရောင်ဝတ်ရုံနဲ့လူဟာ ရင်ထိတ်နေတဲ့ ရှင်းဟုန်ရွှမ်ကို တွေ့သွားတာကြောင့် အပြုံးနဲ့ ပြောလိုက်ပါတယ် “မစိုးရိမ်ပါနဲ့ ဂျူနီယာ၊ ငါလည်း ဒီကျင့်စဉ်ကို လေ့လာဖို့ ရောက်လာတာ”
ကျင့်စဉ်ကို လေ့လာမှာလား။ ရှင်းဟုန်ရွှမ်ဟာ ခေါင်းရှုပ်သွားတာကြောင့် မျက်မှောင်ကြုတ်လိုက်ပါတယ် ‘ဒီလူက ငါမလာခင်ကတည်းက ဒီလိုဏ်ဂူနံရံမှာရှိတဲ့ ကျင့်စဉ်ကို ရှာတွေ့ထားတာလား’
မီးခိုးရောင်ဝတ်ရုံနဲ့လူဟာ ရှင်းဟုန်ရွှမ်ဟာ လျစ်လျူရှုပြီး လိုဏ်ဂူနံရံဆီလျှောက်သွားကာ ထိုင်ချလိုက်ပါတယ်။ အဲဒီနောက် လိုဏ်ဂူနံရံကို စိုက်ကြည့်ပြီး လေးလေးနက်နက် တွေးတောပါတယ်။
ရှင်းဟုန်ရွှမ်ရော မီးခိုးဝတ်ရုံနဲ့လူရော ကောင်းကင်ရုပ်သေးရုပ် မျက်လုံးက အလင်းရောင်ကို သတိမထားမိလိုက်ကြပါဘူး။
…
ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်နေပါတယ်။
ကောင်းကင်ရုပ်သေးရုပ်ကို တိုက်ခိုင်းလိုက်ရမလား။
ရှင်းဟုန်ရွှမ် လျှို့ဝှက်နယ်မြေကို ကျသွားကတည်းက ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ် တစ်ခုခုဖြစ်မှာစိုးတဲ့အတွက် အမြဲလိုလို စောင့်ကြည့်နေခဲ့တာပါ။
‘ဒီမီးခိုးရောင်ဝတ်ရုံနဲ့လူက မကောင်းတဲ့အကြံရှိဟန် မတူဘူး၊ ထားလိုက်ပါတော့...’
ဟန်ကျွယ်ဟာ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ အချိန်နှစ်နှစ် ကုန်ဆုံးသွားပါတယ်။
ရှင်းဟုန်ရွှမ်နဲ့ မီးခိုးရောင်ဝတ်ရုံနဲ့လူဟာ လိုဏ်ဂူနံရံက ကျင့်စဉ်ကို လေ့လာသင်ယူနေတုန်းဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် မနှောင့်ယှက်ကြပါဘူး။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး သူ့စာအိတ်တွေကို စစ်ဆေးပါတယ်။
[သင့်တပည့် စုချီသည် လျူမိသားစုကျင့်ကြံသူများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄၃
[သင့်တပည် စုချီသည် လျူမိသားစုထဲသို့ အတင်းအကြပ် လက်ထပ်ခြင်း ခံခဲ့ရသည်။]
[သင့်မိတ်ဆွေကောင်း ကျိုးဖန်သည် လက်ဝဲကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။] x၈
[သင့်မိတ်ဆွေကောင်း ချန်ယွီအာသည် ဆန်းကြယ်စွမ်းအားတစ်မျိုးကို သင်ယူပြီး ဖြစ်သည်။]
[သင့်မိတ်ဆွေကောင်း ဟွမ်ဂျိဟောင်သည် ဝေ့မိသားကျင့်ကြံသူများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၂၈၈
[သင့်မိတ်ဆွေကောင်း ဟွမ်ဂျိဟောင်သည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး အသက်မျော့မျော့သာ ကျန်ရှိတော့သော်လည်း အောင်မြင်စွာ ထွက်ပြေး လွတ်မြောက်ခဲ့သည်။]
[သင့်တပည့် စုချီသည် ကြမ္မာဆိုးများ ဖြန့်ကျက်သောကြောင့် လျူမိသားစုသည် နှစ်တစ်ထောင်တွင် ကြုံတွေ့ခဲ့ရလှသည့် ရောဂန္တရကပ်နှင့် တွေ့ကြုံရပြီး မိသားစုတစ်ခုလုံး ပျက်စီးသွားသည်။]
[သင့်မိတ်ဆွေကောင်း နတ်မိမယ်ရှီရွှမ်သည် ကျင့်ကြံနေစဉ် ရုတ်တရက် အသိဉာဏ်လင်းလက်ပြီး ကျင့်ကြံခြင်း တိုးတက်ရုံသာမက ဝိညာဉ်စွမ်းအားလည်း အများကြီး တိုးတက်သွား၏။]
…
စုချီက အရမ်းကြောက်ဖို့ကောင်းပါတယ်။ ဘယ်လောက်ထိ ကြောက်ဖို့ကောင်းလဲဆိုတော့ သူသွားသမျှ နေရာတိုင်းမှာ လူမသေတာ မရှိပါဘူး။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ အတော်လေးလန့်သွားပါတယ်။
ကြည့်ရတာ အင်မော်တယ်ဧကရာဇ်ရဲ့ ကောင်းချီးက တကယ့်အစွမ်းထက်ပုံပါပဲ။ ဒီလောက် ဆိုးရွားတဲ့ ကြမ္မာဆိုးကိုတောင် ခုခံနိုင်ပါတယ်။
သနားစရာကောင်းလိုက်တဲ့ လျူမိသားစု။
ဟွမ်ဂျိဟောင်ကရော ဘာဖြစ်တာလဲ။
ဝေ့မိသားစုက မော့ဖူချိုကိစ္စရဲ့ လက်မည်းလား။
ဝေ့မိသားစုက တကယ့်အံဖွယ်ပဲ။
ဟွမ်ဂျိဟောင်ကိုတောင် အကြီးအကျယ် ဒဏ်ရာရအောင် လုပ်နိုင်တယ်။
ရန်ကျင့်ကြံခြင်းလောကမှာ ဘယ်တုန်းက ဒီလိုအင်အားစု ရှိသွားရတာလဲ။
ဟန်ကျွယ်ဟာ အဓိကတောင်ထိပ်မှာ ဒဏ်ရာကုသနေတဲ့ လီချင်းဇဲ့ဆီ အသံလွှင့်နည်းနဲ့ ဝေ့မိသားစုအကြောင်း မေးလိုက်ပါတယ်။
လီချင်းဇဲ့ဟာ ဟန်ကျွယ်လိုဏ်ဂူဆီ ချက်ချင်းရောက်လာပါတယ်။
“အကြီးအကဲဟန်... ဝေ့မိသာစုအကြောင်း ဘာလို့မေးရတာလဲ” လီချင်းဇဲ့က ထိတ်ထိတ်ပျာပျာနဲ့ မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် “သူတို့က အင်အားအရမ်းကြီးလို့လား”
“ဝေ့မိသားစုက အင်အားမကြီးပါဘူး၊ ကနဦးဝိညာဉ် ဘိုးဘေးတစ်ယောက်ပဲ ရှိပါတယ်၊ ဒါပေမဲ့ သူတို့ဆီမှာ ပြည်ပျက်စေနိုင်တဲ့ အလှပဂေးတွေတော့ အများကြီးပဲ၊ ဝေ့မိသားစုက အင်အားစုအမျိုးမျိုးနဲ့ လက်ထပ်ထားတာ၊ ရန်ကျင့်ကြံခြင်းလောက အပြင်ဘက်မှာတောင် သူတို့အလုပ်တွေ ရှိတယ်၊ သူတို့က ရန်ကျင့်ကြံခြင်းလောကမှာ အဆက်အသွယ်အများဆုံးပဲ”
“ဝေ့မိသားစုက ဒီကိစ္စရဲ့ လက်မည်း ဖြစ်နိုင်လား”
ဟန်ကျွယ်စကားကို ကြားလိုက်ရတဲ့ လီချင်းဇဲ့ဟာ မှင်သက်သွားပါတယ်။
“ဒီလိုတော့ ကျုပ် မထင်ဘူး၊ ဝေ့မိသားစုက မော့မိသားစုနဲ့ ရန်ငြိုးမရှိသလို ယွီဂျင်ဂိုဏ်းနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်...”
လီချင်းဇဲ့ဟာ ဆက်မပြောတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စရဲ့လက်မည်းက လူတိုင်းဖြစ်နိုင်လို့ပါပဲ။
“ဒီကိစ္စကို ထားလိုက်ပါတော့၊ ဂိုဏ်းချုပ် စိတ်ချလက်ချသာ အနားယူ၊ ရန်သူရောက်လာရင် ကျွန်တော်ရှင်းပေးမယ်”
လီချင်းဇဲ့ဟာ ခေါင်းညိတ်ပြီး ထွက်ခွာသွားပါတယ်။ ဒါပေမဲ့ လီချင်းဇဲ့မျက်နှာမှာ စိုးရိမ်ပူပန်မှုတွေ အထင်းသားပါပဲ။
‘တကယ်ပဲ ဝေ့မိသားစုလား’
ဟန်ကျွယ်ဟာ အများကြီးမတွေးတောဘဲ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ လီချန်းလုံနဲ့ ရှောင်အယ်ကို ကျိန်စာတိုက်တာ ဟန်ကျွယ်အတွက် အကျင့်တစ်ခုတောင် ဖြစ်နေပါပြီ။ ဟန်ကျွယ်ဟာ အချိန်ရှိတိုင်း လီချန်းလုံနဲ့ ရှောင်အယ်ကို ကျိန်စာတိုက်ပါတယ်။
ကျင့်ကြံ၊ စာအိတ်စစ်၊ ကျိန်စာတိုက်၊ ကျင့်ကြံ၊ စာအိတ်စစ်၊ ကျိန်စာတိုက်...
ဒီဟာက ဟန်ကျွယ်ရဲ့ တစ်နေ့တာပါ။
…
အင်မော်တယ်နယ်မြေနဲ့ အလားသဏ္ဍာန်တူတဲ့ တောင်းတန်းတစ်ခုရဲ့ အလယ်။
ရှောင်အယ်ဟာ ဝါးတောထဲမှာ တင်ပလ္လင်ခွေထိုင်ပြီး ကျင့်ကြံနေပါတယ်။ ဘေးဘီပတ်ဝန်းကျင်က စိတ်ဝိညာဉ်ချီတွေဟာ အခိုးအငွေ့တွေဖြစ်လာပြီး ရှောင်အယ်ခန္ဓာကိုယ်ကို ရစ်ပတ်နေပါတယ်။
“ဝေါ့...”
ရှောင်အယ်ဟာ ရုတ်တရက် သွေးတစ်လုတ် အန်ထုတ်လိုက်ပြီး ရုပ်ဆိုးလှတဲ့ သူ့မျက်နှာဟာ ဖြူဖတ်ဖြူရော် ဖြစ်သွားပါတယ်။ ရှောင်အယ်ဟာ ပစ်လိုက်လဲပြီး အံကြိတ်ကာ ဆဲဆိုလိုက်ပါတယ်။
“ဘာတွေဖြစ်နေတာလဲ... ဘာလို့အမြဲတမ်း တစ်ခုမဟုတ် တစ်ခုဖြစ်နေရတာလဲ...”
ဒီဆယ်နှစ်မှာ အကြောင်းအရင်းတစ်ချို့ကြောင့် ရှောင်အယ်ဟာ ကျင့်ကြံနေရင်း အတွင်းနတ်ဆိုးကို မကြာခဏဆိုသလို တွေ့ကြုံနေရပါတယ်။ အတွင်းနတ်ဆိုးဟာ ရှောင်အယ်ရဲ့ ကျင့်ကြံခြင်းကို နှောင့်ယှက်ပြီး ထိန်းမရသိမ်းမရ ဖြစ်စေပါတယ်။
ဒီလိုသာဆက်သွားနေမယ်ဆိုရင် ရှောင်အယ် ပြန်ကောင်းလာဖို့က.....။
ရှောင်အယ်ဟာ အလွန်တရာမှ စိတ်ပျက်လက်ပျက် ဖြစ်နေပါတယ်။ ရန်ကျင့်ကြံခြင်းလောကကို သွားပြီးကတည်းက သူ့မှာ ကံဆိုးတာတွေ ဆက်တိုက်ကြုံနေရပါတယ်။ ဒီကိစ္စက အရမ်းထူးဆန်းပါတယ်။ ရှောင်အယ်ဟာ ရန်ကျင့်ကြံခြင်းလောကကို ဘယ်တော့မှ တစ်ယောက်တည်း ထပ်မသွားတော့ဘူးလို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ်။
ရှောင်အယ်ဟာ ဟန်ကျွယ်ကို မုန်းတီးတယ်ဆိုပေမဲ့ ချက်ချင်းကြီးလက်စားချေဖို့ စိတ်ကူးမရှိပါဘူး။ သူမုန်းတဲ့လူတွေက မနည်းမနောရှိတာမို့ ဟန်ကျွယ်က အလယ်အလတ်စာရင်းပဲ ဝင်ပါတယ်။ ဒါကြောင့် သူဒီလို ကံဆိုးနေတာက ဟန်ကျွယ်ကြောင့်လို့ နည်းနည်းတောင် မတွေးမိပါဘူး။
ရှောင်အယ်ဟာ တွေးလေ စိတ်မချမ်းသာလေ ဖြစ်လာပါတယ်။ ဘာမှမတက်နိုင်တဲ့ဆုံး ဆေးလုံးတစ်လုံး ထုတ်သောက်လိုက်ပြီး သူ့ဒဏ်ရာကို အရင်ဆုံး ပြန်ကုစားပါတယ်။
…
ခမ်းနားကြီးကျယ်တဲ့ နန်းတော်တစ်ခုမှာ ကျင့်ကြံသူဆယ်ယောက်ကျော် ထိုင်နေကြပြီး လီချန်းလုံနဲ့ ဝတ်ရုံနက်ကျင့်ကြံသူတစ်ဦးဟာ စားပွဲရဲ့ထိပ်ဆုံးမှာ ရှိနေပါတယ်။
“အားလုံးပဲ... ဒါက ဟင်းလင်းပေါင်းစပ်ခြင်းအဆင့်ရှိတဲ့ စီနီယာဝေ့ယွမ်ပါ၊ သူက ယွီဂျင်ဂိုဏ်းကို ကျုပ်တို့ ရှင်းလင်းသုတ်သင်တဲ့နေရာမှာ အကူအညီပေးမှာပါ” လီချန်းလုံဟာ ဝေ့ယွမ်ကို စားပွဲမှာထိုင်နေတဲ့ ကျင့်ကြံသူတွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
ဝေ့ယွမ်ဟာ လီချန်းလုံဘေးမှာထိုင်နေတဲ့ ဝတ်ရုံနက်ကျင့်ကြံသူပဲ ဖြစ်ပါတယ်။
“မိုးကာဝတ်ရုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်က စိတ်ဝိညာဉ်ပြောင်းလဲခြင်း နဝမအဆင့်မှာ၊ ဒါကြောင့် ယွီဂျင်ဂိုဏ်းရဲ့ နတ်သတ်အကြီးအကဲကလည်း စိတ်ဝိညာဉ်ပြောင်းလဲခြင်း နဝမအဆင့်မှာရှိနေဖို့ များတယ်၊ အဲဒါကြောင့် ဝေ့မိသားစုနဲ့ ကျုပ်က စီနီယာဝေ့ယွမ်ကို အထူးတလည် ဖိတ်ခေါ်ပြီး ကျုပ်တို့အတွက် တရားမျှတအောင် ဆောင်ရွက်ခိုင်းတာပါ၊ တာအိုသခင်ကျိုးတီက ပင်လယ်ရပ်ခြားကို ထွက်သွားပြီလို့ သတင်းရထားတယ်၊ သူ့ဂိုဏ်းကလည်း ပြဿနာတက်နေတာမို့ ယွီဂျင်ဂိုဏ်းကို ဂရုစိုက်အားမှာ မဟုတ်ဘူး”
လီချန်းလုံစကားကြောင့် ကျင့်ကြံသူတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ ဒီကျင့်ကြံသူတွေက လက်ယာ လက်ဝဲဂိုဏ်းတွေရဲ့ ဂိုဏ်းချုပ် မဟုတ်ရင် ဒုဂိုဏ်းချုပ်တွေပါ။ ဝေ့ယွမ်က ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ကျင့်ကြံသူလို့ ကြားလိုက်ရတဲ့အခါမှာ သူတို့ဟာ ဝမ်းသာရမဲ့အစား ချီတုံချတုံဖြစ်သွားကြပါတယ်။
သူတို့တွေ ယွီဂျင်ဂိုဏ်းကို ရှင်းလင်းလိုက်ရင် ဝေ့မိသားစုက ယွီဂျင်ဂိုဏ်းနေရာကို ယူသွားမလား။ သူတို့အားလုံးပေါင်းရင်တောင် ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ကျင့်ကြံသူတစ်ဦးကို အနိုင်မယူနိုင်ပါဘူး။
လီချန်းလုံဟာ လူတိုင်းရဲ့အမူအရာကိုကြည့်ပြီး ဆက်ပြောပါတယ်။
“စီနီယာဝေ့ယွမ်က သူ့ဂိုဏ်းနဲ့သူ ရှိတယ်၊ ဒီတစ်ခေါက် စီနီယာဝေ့ယွမ်ကို ဖိတ်ခေါ်ဖို့ ကျုပ်တို့ဝေ့မိသားစုက အတော်လေး အားစိုက်ထုတ်ထားရတာ၊ ဒီကိစ္စပြီးတာနဲ့ စီနီယာဝေ့ယွမ်က သူ့ဂိုဏ်းကိုသူ ပြန်သွားမှာ၊ ယွီဂျင်ဂိုဏ်းကို ရှင်းလင်းပြီးရင် ဝေ့မိသားစုက ယွီဂျင်ဂိုဏ်းရဲ့ လျှို့ဝှက်နယ်မြေကိုပဲ လိုချင်တယ်၊ ကျင့်ကြံခြင်းလောကရဲ့ အားပြိုင်မှုတွေထဲ ဝင်ပါမှာ မဟုတ်ဘူး”
ဒီစကားကြောင့် ဂိုဏ်းခေါင်းဆောင်တွေဟာ စိတ်အေးသွားပါတယ်။
လီချန်းလုံဟာ စိတ်ထဲမှာ အားရကျေနပ်သွားပါတယ် ‘နတ်သတ်အကြီးအကဲ... ဟင်းလင်းပြင်ပေါင်းစပ်ခြင်း ကျင့်ကြံသူက မင်းတားနိုင်မလားဆိုတာ ကြည့်ကြသေးတာေပါ့’
ဒီအချိန်မှာပဲ
လီချန်းလုံခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်ချီဟာ ရုတ်တရက် ကပြောင်းကပြန် ဖြစ်သွားတာကြောင့် လီချန်းလုံဟာ သွေးတစ်လုတ် အန်ထွက်သွားပါတယ်။
ဒီအဖြစ်ကြောင့် ဂိုဏ်းခေါင်းဆောင်တွေဟာ မှင်သက်သွားပြီး ချက်ချင်းမတ်တတ်ရပ်ကာ ဘေးဘီဝန်းကျင်ကို သံသယအကြည့်နဲ့ ကြည့်လိုက်ကြပါတယ်။
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။