အခန်း (၁၅၇-၁၅၈)
Vol. 16 Ch. 157-158
အခန်း (၁၅၇)
မင်း ငါ့ကို ယုံကြည်ဖို့ပဲ လိုတယ်
မစ္စတာထောင်အနေဖြင့် လျန်ထျန်းကို 'ငွေပေးပြီး ခြေထောက်တစ်ချောင်း ဝယ်သင့်တယ်' ဟူသော စကားမျိုး ဖြင့် လုံးဝ ခြိမ်းခြောက်ခြင်း မပြုသင့်ပေ။
သို့သော် သူသည် ပြဿနာ၏ ကြီးလေးမှုကို နားမလည်သေးဘဲ အစားအသောက်ပို့ဆောင်သူ ဝတ်စုံဝတ်ဆင် ထားသော လူငယ်လေးက ကြွားလုံးထုတ်ကာ သူ့ကို ခြောက်လှန့်နေခြင်းသာ ဖြစ်သည်ဟု ထင်မြင်နေဆဲ ဖြစ် လေသည်။
ထို့ကြောင့် သူက လျန်ထျန်းကို မောက်မာစွာဖြင့် ဆက်လက် ခြိမ်းခြောက်လိုက်သည်။
"မင်းလိုကောင်က အခေါင်းမမြင်ရင် မျက်ရည်မကျဘူးဆိုတာ သေချာတယ်၊ ချမ်းသာတဲ့သူတွေရဲ့ အသိုင်းအဝိုင်း ကို မင်း ဘယ်လိုလုပ် မှန်းဆနိုင်မှာလဲ...။"
"မင်းလို အဆင့်နိမ့်တဲ့ အစားအသောက်ပို့ဆောင်သူ တစ်ယောက်ကို ငါ့ရဲ့ ဂုဏ်ဒြပ်နဲ့ ရာထူးအရဆိုရင် ဖန်အနည်း ငယ်လောက် ပေးရုံနဲ့ ဒုက္ခိတဖြစ်အောင် လုပ်ပစ်လို့ရတယ်...။"
"မင်း သတ္တိရှိရင် ဒီနေရာမှာ ဆက်စောင့်နေလိုက်၊ ငါ အခုပဲ လူခေါ်လိုက်မယ်...။"
ထိုသို့ပြောရင်း မစ္စတာထောင်က သူ၏ ဖုန်းကို ထုတ်ကာ နံပါတ်တစ်ခုကို နှိပ်လိုက်လေသည်။
ထိုအချိန်တွင် လျူဝေဝေမှာ စိုးရိမ်ပူပန်လာပြီး သူမ၏ နူးညံ့သော လက်ကလေးများဖြင့် လျန်ထျန်း၏ လက် မောင်းကို ဆုပ်ကိုင်ကာ စိုးရိမ်တကြီး ပြောလိုက်လေသည်။
"လျန်ထျန်း... ရှင် ထွက်သွားလိုက်ပါလား၊ ကျွန်မမှာ ချစ်သူရှိနေပြီဆိုတာကို သူ မြင်သွားရင် ကျွန်မကို ဆက်ပြီး အနှောင့်အယှက် မပေးတော့ဘူးလို့ ထင်ခဲ့တာ...။"
"ဒါပေမဲ့ အခုကြည့်ရတာ သူက အစကတည်းက ဒီလိုလုပ်ဖို့ ကြံစည်ထားတာပဲ၊ ကျွန်မမှာ တကယ်ပဲ ချစ်သူရှိ နေရင်တောင် သူက ကျွန်မကို လက်လွှတ်ပေးဖို့ အစီအစဉ်မရှိတဲ့အပြင် ရှင့်ကိုပါ ဒုက္ခပေးမယ့်ပုံပဲ...။"
ခေတ္တမျှ ရပ်နားပြီးနောက် လျူဝေဝေက ဝမ်းနည်းစွာဖြင့် ဆက်ပြောလိုက်လေသည်။
"အစကတည်းက ကျွန်မ မှားခဲ့တာ ဖြစ်နိုင်တယ်၊ အဲဒါက ရှင့်ကိုပါ ဒုက္ခတွင်းထဲ ဆွဲသွင်းသလို ဖြစ်သွားရပြီ...။"
"ရှင် ဘာအလုပ်လုပ်လဲဆိုတာ ကျွန်မ တစ်ခါမှ မသိခဲ့ပေမဲ့ ပြီးခဲ့တဲ့တစ်ခေါက် ပေါ်ရှေးကား အရောင်းစင်တာမှာ ရှင်ပြသခဲ့တဲ့ ငွေကြေးအင်အားအရဆိုရင် ရှင်က စီးပွားရေးလုပ်ငန်း လုပ်နေတယ်ဆိုတာ သိသာတယ်...။"
"အချမ်းသာဆုံးကော်ပိုရေးရှင်းက အစုရှယ်ယာရှင် တစ်ယောက်ကို ပြစ်မှားမိတာက ရှင့်ရဲ့ အနာဂတ် စီးပွားရေး အပေါ် သေချာပေါက် ကြီးမားတဲ့ သက်ရောက်မှု ရှိလာလိမ့်မယ်၊ အခု ပြန်စဉ်းစားကြည့်တော့ ရှင့်ကို ဒီအကူ အညီတောင်းခဲ့မိတဲ့ ကျွန်မ တကယ်ကို မိုက်မဲလွန်းတယ်...။"
"သူ ရှင့်ရဲ့ အစစ်အမှန် အမည်နာမကို မသိခင် ရှင် မြန်မြန် ထွက်သွားသင့်တယ်၊ ပြီးတော့ နောင်ကျရင် အချမ်း သာဆုံးကော်ပိုရေးရှင်းနဲ့ စီးပွားရေးလုပ်တာမျိုး ရှောင်ကြဉ်ပါ၊ တောင်းပန်ပါတယ်...။ ကျွန်မ အမှားပါ...။"
ဤအချိန်တွင် လျူဝေဝေမှာ တကယ်ကို အပြစ်ရှိသလို ခံစားနေရလေသည်။
သူမ၏ စိတ်ထဲတွင် လျန်ထျန်း၏ လုပ်ငန်းအနေဖြင့် အချမ်းသာဆုံးကော်ပိုရေးရှင်းနှင့် စီးပွားရေး ဆက်လက် မလုပ်ကိုင်နိုင်တော့ပါက အယ်လ်မြို့တော်ရှိ သူ၏ တိုးတက်မှုများစွာကို ကန့်သတ်လိုက်သလို ဖြစ်သွားမည်ဟု တွေးတောနေမိသည်။
တစ်ခဏမျှ သူမသည် မိမိကိုယ်ကို နှိမ့်ချကာ လျန်ထျန်းကိုယ်စား မစ္စတာထောင်ကို တောင်းပန်ရန်ပင် တွေးမိ လိုက်သေးသည်။
သူနှင့် အတူမနေနိုင်သည့်တိုင်အောင် နောက်ဆုံးအနေနှင့် သူ၏အတွက် တစ်ခုခုတော့ လုပ်ပေးသင့်သည် မဟုတ် ပါလား...။
လျူဝေဝေက ဤအရာအားလုံးကို စဉ်းစားဆုံးဖြတ်ပြီး လုပ်ဆောင်ရန် ပြင်လိုက်ချိန်တွင်...၊
လျန်ထျန်းက သူမ၏ လက်ကို ဆွဲယူကာ လက်ခုံကို နှစ်ချက်ခန့် ဖြည်းညင်းစွာ ပုတ်ပေးရင်း ပြုံး၍ နှစ်သိမ့်လိုက် လေသည်။
"စိတ်မပူပါနဲ့၊ ငါ မင်း ကို အရင်ကတည်းက ပြောခဲ့ပြီးသားပဲ၊ ငါ ရှိနေသရွေ့ ဘယ်သူမှ မင်းကို အနိုင်ကျင့်လို့ မရစေရဘူး...။"
ထိုအခိုက်အတန့်တွင် လျူဝေဝေမှာ ယခင်က တစ်ခါမျှ မခံစားဖူးသော အေးချမ်းမှုနှင့် ကျေးဇူးတင်မှုကို ခံစား လိုက်ရလေသည်။
သို့သော် ထိုကောင်းမွန်လှသော ခံစားမှုမှာ ခေတ္တမျှသာ ခံပြီး သူမ ပြန်လည် ဝမ်းနည်းသွားရပြန်သည်။
"ဟင့်အင်း...၊ ကျွန်မအတွက်နဲ့ ရှင် အချမ်းသာဆုံးကော်ပိုရေးရှင်းကြီးရဲ့ အစုရှယ်ယာရှင် တစ်ယောက်နဲ့ ပြဿနာ တက်တာမျိုး အဖြစ်မခံနိုင်ဘူး...။"
"မစ္စတာထောင် ဘာလုပ်နိုင်တယ်ဆိုတာ ကျွန်မ သိတယ်၊ သူက ခုနက ပြောတဲ့အတိုင်း တကယ်လုပ်ရဲတယ်၊ ရှင် လုံးဝ မလုပ်သင့်ဘူး...။"
လျူဝေဝေ စကားမဆုံးမီမှာပင် လျန်ထျန်းက ပြုံးလျက် ဖြတ်ပြောလိုက်သည်။
"ငါ အရင်က ပြောခဲ့တာတွေကို မင်းက ကြွားလုံးထုတ်တယ်လို့ ထင်နေတာလား၊ မင်း ငါ့ ကို သိသင့်တယ်၊ ငါက မသေချာဘဲနဲ့ ဘာစကားမှ မပြောတတ်ဘူး...။"
"ကဲပါ... ဘာမှ ဆက်မပြောပါနဲ့တော့၊ အားလုံးကို ငါ့ကိုသာ လွှဲထားလိုက်ပါ၊ ဒီကိစ္စက မကြာခင် ပြေလည်သွား လိမ့်မယ်၊ မင်း င့ါကို ယုံကြည်ဖို့ပဲ လိုတယ် ဟုတ်ပြီလား...။"
တစ်ဘက်တွင်မူ မစ္စတာထောင်က ဖုန်းပြောဆိုပြီးနောက် ဖုန်းကို ချလိုက်ကာ လျန်ထျန်းကို ကြည့်၍ ကောက် ကျစ်စွာ ပြုံးလိုက်လေသည်။
"ဟေ့ကောင်လေး...၊ မင်း ကျန်းကျန်းမာမာ ရှိနေတုန်း မင်းကိုယ်မင်း သေချာ ပြန်ကြည့်ထားလိုက်ဦး၊ နာရီဝက် တောင် မကြာခင်မှာ ငါ မင်းရဲ့ ခြေထောက်တစ်ချောင်းကို ကျိုးသွားအောင် လုပ်ပစ်မယ်...။"
လျန်ထျန်းက လှည့်ကာ သူ၏ အကြည့်များကို ရင်ဆိုင်လိုက်ပြီးနောက် သူ၏ မျက်လုံးများမှာ ချက်ချင်းပင် စူးရှသွားလေသည်။ ထို့နောက် သူက ဖုန်းကို ထုတ်ကာ နံပါတ်တစ်ခုကို နှိပ်လိုက်သည်။
"ဟလို... မစ္စတာဝမ်လား၊ ခင်ဗျား မကြာသေးခင်က ကုမ္ပဏီတစ်ခုကို ဝယ်ယူလိုက်တယ်လို့ ကြားတယ်နော်...။"
"အော်... မစ္စတာထောင် ဆိုတဲ့လူကိုကော သိလား၊ သူက ကျွန်တော်တို့ အုပ်စုရဲ့ အစုရှယ်ယာ တစ်ထောင်ပုံ တစ်ပုံကို ပိုင်ဆိုင်ထားတယ်လို့ ထင်တယ်...။"
"ဟုတ်တယ်... သူက အခု ကျွန်တော့်ရှေ့မှာပဲ၊ ကျွန်တော့်ခြေထောက်ကို ကျိုးအောင်လုပ်ဖို့ လူခေါ်မယ်လို့ ပြောနေတယ်...။"
"ကောင်းပြီလေ...၊ ဒါဆိုရင် ဒီကိစ္စကို ခင်ဗျားကိုပဲ လွှဲထားလိုက်တော့မယ်၊ ရပါတယ် ရပါတယ်...။ ခင်ဗျား ဒီလိုပြောမှတော့ ကျွန်တော် နည်းနည်းလေးမှ စိုးရိမ်စရာ မလိုတော့ပါဘူး...။"
ဖုန်းချပြီးနောက် လျန်ထျန်းက မစ္စတာထောင်ကို ပြုံး၍ ပြောလိုက်လေသည်။
"ခင်ဗျားက ခုနတုန်းက သိပ်ကို မောက်မောက်မာမာ ပြောခဲ့တော့ ခင်ဗျား တကယ်ပဲ အစွမ်းထက်တယ်လို့ ကျွန်တော် ထင်နေခဲ့တာ...။"
"အခု ဒီလောက်တွေ ရှုပ်ယှက်ခတ်ပြီးတဲ့နောက်မှ အချမ်းသာဆုံးကော်ပိုရေးရှင်းမှာ ခင်ဗျား ပိုင်ဆိုင်ထားတဲ့ အစု ရှယ်ယာ တစ်ထောင်ပုံ တစ်ပုံဆိုတာ အမြတ်ဝေစု ရပိုင်ခွင့်ပဲရှိပြီး ပိုင်ဆိုင်ခွင့် မရှိတဲ့ စိတ်ကူးယဉ် ရှယ်ယာတွေ မှန်း သိရတော့တယ်...။"
"ဒါကြောင့် ခင်ဗျားက အစစ်အမှန် ရှယ်ယာတစ်ခုမှ မပိုင်ဆိုင်ဘဲ အမည်ခံ ရှယ်ယာရှင် တစ်ယောက်မျှသာ ဖြစ် ပြီး ဘာမှလည်း လှုပ်ရှားနိုင်စွမ်း မရှိဘူးပေါ့၊ ခင်ဗျား ဒီလောက် မောက်မာနေတာက ဘာအဓိပ္ပာယ်ရှိလို့လဲ...။"
လျန်ထျန်း၏ စကားကို ကြားသောအခါ မစ္စတာထောင်မှာ မျက်မှောင်ကြုတ်သွားလေသည်။
သို့သော် ခေတ္တမျှသာ မျက်မှောင်ကြုတ်သွားပြီးနောက် ချက်ချင်းပင် မျက်နှာကို ပုံမှန်အတိုင်း ပြန်ဖြစ်သွားစေကာ
"မင်းလို အစားအသောက်ပို့ဆောင်သူလေးက 'ရှယ်ယာခြောက်' ဆိုတဲ့ သဘောတရားကို သိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး...။"
"မှန်တယ်...၊ ငါက အမည်ခံ ရှယ်ယာတွေကို ပိုင်ဆိုင်ထားတာ၊ ဒါပေမဲ့ ဖော်ကျွန်းကော်ပိုရေးရှင်း ဘဏ်ခွဲတွေက အထွေထွေမန်နေဂျာတွေထဲမှာ ဘယ်သူက အမည်ခံ ရှယ်ယာတွေ မပိုင်ဆိုင်ထားလို့လဲ...။"
"အုပ်စုရဲ့ ထိပ်ပိုင်းက လူလက်တစ်ဆုပ်စာလောက်ပဲ အစစ်အမှန် ရှယ်ယာတွေကို ပိုင်ဆိုင်တယ်ဆိုတာ အားလုံး သိထားကြတဲ့ လျှို့ဝှက်ချက်ပဲ...။"
"ပြီးတော့ မစ္စတာဝမ်ဆိုတာ အယ်လ်မြို့တော်မှာ အချမ်းသာဆုံးပုဂ္ဂိုလ်ပဲ၊ သူ့နာမည်ကို ဘယ်သူက မသိဘဲ နေမလဲ၊ မင်းက မစ္စတာဝမ်ဆီကို ဖုန်းခေါ်ဟန်ဆောင်ပြီး ငါ့ကို လှည့်စားနိုင်မယ်လို့ ထင်နေတာလား...။"
"ငါ့အထင်ကို ပြောရရင်တော့ မင်းတို့လို လူမွဲတွေဆီမှာ ကျန်တာဆိုလို့ ကြွားလုံးထုတ်ရဲတဲ့ သတ္တိလေးပဲ ရှိတယ်၊ အရက်နည်းနည်းလောက် သောက်လိုက်တာနဲ့ တစ်မြို့လုံးကို မင်းပိုင်တယ်လို့တောင် ပြောရဲဦးမယ်...။"
"ဒါပေမဲ့ ဒီနေ့တော့ မင်းရဲ့ ကြွားလုံးထုတ်မှုတွေအတွက် တန်ဖိုးပေးဆပ်ရတော့မယ်၊ အချိန်ကို ကြည့်ရတာ ငါခေါ်ထားတဲ့လူတွေ မကြာခင် ရောက်လာတော့မှာပဲ...။"
မစ္စတာထောင် စကားပြော၍ ဆုံးသည်နှင့် တစ်ပြိုင်နက် တံခါးအပြင်ဘက် စင်္ကြံလမ်းမှ အလျင်စလို ခြေသံများ ထွက်ပေါ်လာလေတော့သည်။
မကြာမီပင် သီးသန့်အခန်း၏ တံခါးပွင့်လာပြီး တုတ်များ ကိုင်ဆောင်ထားသော 'ဝတ်စုံပြည့် လူမိုက်' ခုနစ် ယောက်၊ ရှစ်ယောက်ခန့် အပြေးအလွှား ဝင်ရောက်လာကြလေသည်။
ဝင်လာသော လူများကို မြင်သောအခါ မစ္စတာထောင်က အသံကျယ်ကြီးဖြင့် ရယ်မောလိုက်လေသည်။
"ဟေ့ကောင်လေး...၊ ငါ မင်းကို အခွင့်အရေး ပေးခဲ့ပေမဲ့ မင်းက တန်ဖိုးမထားခဲ့ဘူး...။"
"အခု မင်း နောင်တရနေရင်တောင် နောက်ကျသွားပြီ၊ ဟေ့လူတွေ...။ သူ့ကို ဖမ်းပြီး ဒီအစားအသောက်ပို့ တဲ့ကောင်ရဲ့ ခြေထောက်ကို ရိုက်ချိုးလိုက်စမ်း...။"
သို့သော် မစ္စတာထောင် အမိန့်ပေးလိုက်ချိန်တွင် မည်သူမျှ လှုပ်ရှားခြင်း မရှိကြပေ။
ဝင်ရောက်လာကြသော ဝတ်စုံပြည့် လူမိုက်များမှာ လျန်ထျန်း၏ ဘေးပတ်လည်တွင် မတ်မတ်ကြီး ရပ်နေကြ သော်လည်း လက်တစ်သစ်မျှပင် မလှုပ်ရှားကြပေ။
မစ္စတာထောင်မှာ အနည်းငယ် စိုးရိမ်လာပြီး အော်ဟစ်လိုက်သည်။
"မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ၊ ဒီနေရာမှာ ရပ်ပြီး အိပ်မက်မက်နေကြတာလား...။"
"စိတ်မပူကြနဲ့...၊ သူ့ခြေထောက်တွေကို ရိုက်ချိုးလိုက်ရင်တောင် မင်းတို့ကို အကာအကွယ်ပေးဖို့ ငါ ရှေ့နေငှားနိုင် ပါသေးတယ်...။"
"ပြီးရင် မင်းတို့ တစ်ယောက်ချင်းစီကို ဆုကြေး ငါးဖန်စီ ပေးမယ်၊ ဘယ်သူပဲဖြစ်ဖြစ် ဝင်ရိုက်တဲ့လူကို နောက် ထပ် ဆယ်ဖန် ထပ်ပေးမယ်...။"
ကမ္ဘာပေါ်ရှိ ကုန်ဈေးနှုန်းများမှာ အဆတစ်သန်း ပြုတ်ကျသွားပြီ ဖြစ်ရာ ဆုကြေးငွေ ငါးဖန်မှာ ယွမ်ငါးသောင်း နှင့် ညီမျှနေပြီ ဖြစ်ကြောင်း သတိပြုရပေမည်။
ဆယ်ဖန်ဆိုလျှင် ယွမ်တစ်သိန်းနှင့် ညီမျှပေသည်။
ယင်းကဲ့သို့သော ဆုကြေးငွေမှာ သာမန်လူများအတွက် အလွန်ပင် ဆွဲဆောင်မှု ရှိလှပေသည်၊ အထူးသဖြင့် မစ္စတာထောင်က ဘာပြဿနာမှ မဖြစ်စေရဟု အာမခံထားသောကြောင့်ပင် ဖြစ်သည်။
သို့သော် ဤစကားများကို ပြောပြီးသည့်တိုင် မည်သူမျှ လှုပ်ရှားခြင်း မရှိကြသေးပေ။
မစ္စတာထောင်မှာ အလုံးစုံ ဇဝေဇဝါ ဖြစ်သွားရချိန်တွင်...၊
နောက်တစ်စက္ကန့်၌ လျန်ထျန်းက အေးစက်စွာ ပြုံး၍ ပြောလိုက်လေသည်။
"ဒီလူတွေက အဆုံးမှာတော့ အချမ်းသာဆုံးကော်ပိုရေးရှင်းရဲ့ ဝန်ထမ်းတွေပဲ၊ သူတို့က ခင်ဗျားစကားကို တကယ် နားမထောင်ကြဘူး...။"
"ပြီးတော့ ခင်ဗျားက တကယ်ကို ကပ်စေးနှဲလွန်းတယ်၊ ကျွန်တော့်ရဲ့ ခြေထောက်တစ်ချောင်းက ငါးဖန် ဒါမှ မဟုတ် ဆယ်ဖန်လောက်ပဲ တန်လို့လား၊ ကျွန်တော် ဒီခြေထောက်တွေနဲ့ ယွမ် သိန်းနဲ့ချီပြီး ရှာထားတာ...။"
ခေတ္တမျှ ရပ်နားပြီးနောက် လျန်ထျန်းက မစ္စတာထောင်ကို လက်ညှိုးထိုးကာ အမိန့်ပေးလိုက်လေသည်။
"သူ့ရဲ့ ခြေထောက်တစ်ချောင်းကို သွားရိုက်ချိုးလိုက်ကြစမ်း၊ အဲဒီအတွက် မင်းတို့ တစ်ယောက်ချင်းစီကို တစ်ယွမ် စီပေးမယ်၊ ခြေထောက်နှစ်ချောင်း ကျိုးသွားရင် နှစ်ယွမ် ပေးမယ်၊ အဲဒီလို ဆက်သွားမယ်...။"
အခန်း (၁၅၈)
ဆုကြေးတွေ အများကြီးပဲ၊ တော်တော်လေး ရက်ရောတယ် မဟုတ်လား
လျန်ထျန်း၏ အမိန့်ကို ကြားသောအခါ ငြိမ်သက်နေသော ဝတ်စုံပြည့် လူမိုက်များသည် ချက်ချင်းပင် လှုပ်ရှား လာကြပြီး မစ္စတာထောင်ထံသို့ ချဉ်းကပ်သွားကြလေသည်။
တုတ်များ ကိုင်ဆောင်ထားသော လူသန်ကြီးများ တစ်လှမ်းချင်း ချဉ်းကပ်လာသည်ကို မြင်သောအခါ မစ္စတာ ထောင်မှာ အလွန် ကြောက်လန့်သွားပြီး နောက်သို့ ဆုတ်သွားသော်လည်း ခေါင်းမာစွာဖြင့် ပြောလိုက်သေးသည်။
"မင်းတို့... မင်းတို့ ပုန်ကန်နေကြတာလား...။"
"ငါက ဘဏ်ခွဲမန်နေဂျာလေ...၊ မင်းတို့က ငါ့အမိန့်ကို နားမထောင်ဘဲ ဒီအစားအသောက်ပို့တဲ့ ကောင်စုတ်လေးရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားထောင်နေကြတာလား...။"
ဦးဆောင်လာသော ဝတ်စုံပြည့်နှင့် လူက ရှေ့သို့ ထွက်လာပြီး လေးနက်စွာ ပြောလိုက်လေသည်။
"ကျွန်တော်တို့ ခင်ဗျားကို မသိဘူး...။ ကျွန်တော်တို့က မစ္စတာဝမ်ရဲ့ အမိန့်အရ ဒီနေရာကို လာခဲ့တာပါ...။ ကျွန်တော်တို့ရဲ့ လေးစားရတဲ့ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီး အန္တရာယ်ကြုံနေတာကို မြင်လို့ ကိုယ့် ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာပါ...။"
ထိုစကားကို ကြားသောအခါ သူ၏ အနောက်တွင်ရှိနေသော လျန်ထျန်းက လက်မထောင်ပြကာ ချီးကျူးလိုက် လေသည်။
"အရမ်းကောင်းတယ်...၊ မင်းတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းဆိုတာကို နားလည်သားပဲ...။"
မစ္စတာထောင်မှာ လုံးဝ မှင်တက်သွားရလေသည်။ သူက လျန်ထျန်းဘက်သို့ လှည့်ကာ ကြောင်တောင်တောင် ကြည့်ရင်း မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။
"မင်း... မင်းက အုပ်စုရဲ့ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီးလား...။ အုပ်စုထဲကို ငွေအမြောက်အမြား ရင်းနှီး မြှုပ်နှံထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ရင်းနှီးမြှုပ်နှံသူလား...။"
လျန်ထျန်းက ပြုံး၍ ခေါင်းညိတ်ပြလိုက်လေသည်။
"အဖြေမှန်တဲ့အတွက် ဂုဏ်ပြုပါတယ် ၊ဒါပေမဲ့ ဆုကြေးတော့ မရှိဘူး...။ အို... မဟုတ်သေးဘူး ဆုကြေးရှိ တယ်...။"
"ဆုကြေးအနေနဲ့ ခင်ဗျားရဲ့ ခြေထောက်တစ်ချောင်း ရိုက်ချိုးခံရမယ် ပြီးတော့ ခင်ဗျားရဲ့ တစ်ထောင်ပုံ တစ်ပုံ သော ရှယ်ယာတွေကို ပြန်ရုပ်သိမ်းခံရမယ့်အပြင် ဘဏ်ခွဲရဲ့ အထွေထွေမန်နေဂျာ ရာထူးကနေပါ ဖယ်ရှားခံ ရမယ်...။"
"ဘယ်လိုလဲ...၊ ဆုကြေးတွေ အများကြီးပဲ တော်တော်လေး ရက်ရောတယ် မဟုတ်လား...။"
ယခုအခါ မစ္စတာထောင်မှာ တကယ်ကို ထိတ်လန့်သွားပြီ ဖြစ်သော်လည်း လက်တွေ့အခြေအနေကို လက်မခံ နိုင်သေးဘဲ သူ့ဘာသာ ရေရွတ်နေမိလေသည်။
"ဘယ်လိုလုပ် ဒီလိုဖြစ်နိုင်မှာလဲ၊ ဘယ်လိုလုပ် ဒီလိုဖြစ်နိုင်မှာလဲ...။ မင်းက ငါ့ရဲ့ အစားအသောက်တွေကို လာပို့ တဲ့ အစားအသောက်ပို့သူလေ... ။ ပြီးတော့ လျူဝေဝေကို မင်း တိုက်ဆိုင်စွာ သိနေတာကလည်း နားလည်ပေးလို့ ရပါသေးတယ်...။"
"အခုကျတော့ သူက အချမ်းသာဆုံးကော်ပိုရေးရှင်းကြီးရဲ့ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီး လျှို့ဝှက် ဆန်းကြယ်တဲ့ နောက်ခံနဲ့ ငွေကြေးအမြောက်အမြား ရှိတဲ့ ရင်းနှီးမြှုပ်နှံသူတဲ့လား...။"
"မင်း... မင်းက ဘယ်သူလဲ...။ ဘာလို့ ငါ့ကို ထောင်ချောက်ဆင်ဖို့ ဒီလောက်အထိ အပင်ပန်းခံနေရတာလဲ...။"
အစပိုင်းတွင် မစ္စတာထောင်က လက်မခံနိုင်သည်မှာလည်း အံ့သြစရာတော့ မဟုတ်ပေ။ သူက အစက လျန်ထျန်း ကို အစားအသောက်ပို့သူ တစ်ယောက်မျှသာ ဖြစ်သည်ဟု ထင်ထားခဲ့သည်။ မည်သို့ပင်ဆိုစေ သူကိုယ်တိုင် အစားအသောက်မှာယူခဲ့ခြင်း ဖြစ်သောကြောင့် မည်သို့ကွဲလွဲနိုင်မည်နည်း။
လျန်ထျန်းက သူသည် လျူဝေဝေ၏ ချစ်သူဖြစ်ကြောင်း ပြောခဲ့ချိန်တွင်လည်း မစ္စတာထောင်မှာ မထိတ်လန့် ခဲ့ပေ။
လျူဝေဝေအနေဖြင့် သူ့ကို ကျေနပ်စေရန် ချစ်သူအတု တစ်ယောက် ရှာလာနိုင်သည်၊ သို့မဟုတ် သူမ၌ တကယ် ပင် ချစ်သူရှိနေလျှင်တောင်မှ ဖြစ်နိုင်ကြောင်း သူက ကြိုတင်စဉ်းစားထားပြီး ဖြစ်သည်။
သူ၏ ကိုယ်ပိုင်အာဏာဖြင့် တစ်ဖက်လူကို အလွယ်တကူ ဖြုတ်ချနိုင်ပြီး သူ အချိန်ကြာမြင့်စွာ မျက်စိကျနေ ခဲ့သော လျူဝေဝေကို အပိုင်သိမ်းနိုင်မည်ဟု တွေးထားခဲ့လေသည်။
သို့သော် သူ မည်မျှပင် ခေါင်းစားခံ၍ တွေးတောပါစေ ဤအစားအသောက်ပို့သူ လျူဝေဝေ၏ ချစ်သူသည် အချမ်းသာဆုံးကော်ပိုရေးရှင်းကြီး၏ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီး ဖြစ်နေလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးမိခဲ့ပေ။
ထိုသူသည် အချမ်းသာဆုံးကော်ပိုရေးရှင်းတွင် အစစ်အမှန် ရှယ်ယာများကို ပိုင်ဆိုင်ထားပြီး ရှယ်ယာ အမြောက် အမြားကို ပိုင်ဆိုင်ထားသော ထိပ်တန်းပုဂ္ဂိုလ် တစ်ဦး ဖြစ်နေလေသည်။
ထိုကဲ့သို့သော ဩဇာကြီးမားသည့် ပုဂ္ဂိုလ်နှင့် နှိုင်းယှဉ်ပါက ဘဏ်ခွဲမန်နေဂျာလေးမျှသာ ဖြစ်သော မစ္စတာ ထောင် မှာ ပုရွက်ဆိတ် တစ်ကောင်သာသာမျှသာ ဖြစ်နေခဲ့လေသည်။
သို့သော် လွန်ခဲ့သော အခိုက်အတန့်က ဤပုရွက်ဆိတ်လေးမှာ အလွန် မောက်မာနေခဲ့ပြီး ကောင်းကင်ဘုံရှင်က နံပါတ်တစ် မိမိက နံပါတ်နှစ် ဖြစ်နေသည့်အလား ပြမူနေခဲ့လေသည်။
ထို့နောက် လျန်ထျန်းက သူ၏ ရှေ့တွင် ပေါ်လာပြီး သူ၏ နှုတ်ခမ်းထောင့်ကို အနည်းငယ် တွန့်ကွေးလိုက်ကာ အာဏာစက် လွှမ်းမိုးသည့် အငွေ့အသက်များကို ထုတ်လွှတ်လိုက်လေသည်။
"ခင်ဗျားကို အရင်ကတည်းက ပြောခဲ့သားပဲ...။ ခင်ဗျားက ကျွန်တော့်ရဲ့ အစစ်အမှန် ကိုယ်ပိုင်အမှတ်အသားကို သိပိုင်ခွင့် မရှိဘူး...။ ပြီးတော့ ခင်ဗျားကို ထောင်ချောက်ဆင်ဖို့ အချိန်မရှိသလို ခင်ဗျားကို ဒုက္ခပေးဖို့အတွက် လည်း ကျွန်တော့်ရဲ့ ခွန်အားတွေကို အလဟဿ မဖြုန်းတီးနိုင်ဘူး...။"
"ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီနေ့ ခင်ဗျား ကျွန်တော်နဲ့ လာဆုံတာက တကယ်ကို တိုက်ဆိုင်မှုသက်သက်ပဲ...။ ဒါပေမဲ့ ခင်ဗျားက လျူဝေဝေကို အနိုင်ကျင့်ဖို့ ကြိုးစားတာကိုတော့ ကျွန်တော် သည်းမခံနိုင်ဘူး...။"
ထိုသို့ပြောပြီးနောက် လျန်ထျန်းက လက်ဝှေ့ယမ်းပြလိုက်ရာ ဝတ်စုံပြည့် လူမိုက်များ စတင် လှုပ်ရှားလာ ကြတော့သည်။
မစ္စတာထောင်အနေဖြင့် ဤညတွင် သူက မူလက လျူဝေဝေ၏ "အာ... အာ... အာ..." ဆိုသည့် အသံများကို သီးသန့်အခန်းတစ်ခုလုံးတွင် ပဲ့တင်ထပ်နေစေရန် ဆန္ဒရှိခဲ့သည်ဟု တွေးမိနေခဲ့သည်ပင်။
အံ့သြစရာကောင်းသည်မှာ နောက်ဆုံးတွင် သီးသန့်အခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး မရပ်မနား ထွက်ပေါ်နေခဲ့ သည်မှာ သူ၏ နာကျင်စွာ အော်ဟစ်သံများသာ ဖြစ်နေခဲ့လေသည်။
ရိုက်နှက်ပြီးသွားသောအခါ ဦးဆောင်လာသော ဝတ်စုံပြည့်နှင့် လူက ရလဒ်များကို လျန်ထျန်းထံ အစီရင် ခံလေသည်။
"လေးစားရတဲ့ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီး...၊ ခင်ဗျား တောင်းဆိုထားတဲ့အတိုင်း သူ့ခြေထောက်တွေကို ကျွန်တော်တို့ ရိုက်ချိုးလိုက်ပါပြီ...။ အားလုံးပေါင်း သုံးချောင်းပါ...။"
လျန်ထျန်းမှာ ထိုစကားကို ကြားပြီးနောက် အံ့အားသင့်သွားလေသည်။
"သုံးချောင်း..."
လျန်ထျန်းက မြေပြင်ပေါ်တွင် လဲကျကာ သူ၏ ပေါင်ခြံကို ဆုပ်ကိုင်ထားသော မစ္စတာထောင်ကို လှမ်းကြည့် လိုက်ပြီးနောက် သဘောပေါက်သွားကာ ခေါင်းညိတ်လိုက်လေသည်။
"မင်းတို့က တကယ်ကို ရိုးသားကြတာပဲ...။ ငါက ခြေထောက်လို့ ပြောတာကို မင်းတို့က ခြေထောက်တွေကိုပဲ ရွေးချိုးတယ်...၊ အလယ်က ခြေထောက်ကိုတောင် မချန်ထားဘူးပဲ...။"
"တကယ်တော့ ငါ့ရဲ့ မူလရည်ရွယ်ချက်က ခြေလက် လေးဖက်စလုံးကို ချိုးခိုင်းတာပါ...။"
ထိုစကားကို ကြားသောအခါ ဝတ်စုံပြည့် လူမိုက်များမှာ ချက်ချင်းပင် ထပ်မံ တိုက်ခိုက်ရန် ပြင်ဆင်နေသည့် အရိပ် အယောင်များကို ပြသလာကြလေသည်။
လျန်ထျန်းက သူတို့ကို တားဆီးရန် အမြန် လက်ဝှေ့ယမ်းပြလိုက်သည်။
"ဟေး... ဟေး... တော်ပြီ...။ ဆက်မရိုက်ကြနဲ့တော့...၊ မင်းတို့ ဆက်ရိုက်နေရင် တကယ်ပဲ အခြေအနေ ဆိုးသွား လိမ့်မယ်... သူ့ကို အသက်ရှင်ခွင့် ပေးလိုက်ပါ...။"
"သူ ဒီလိုအခြေအနေမျိုးနဲ့ဆို ငါ့အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်တော့ပါဘူး...။ ဒါကြောင့် မင်းတို့ သွားလို့ရပါ ပြီ...။ မင်းတို့အားလုံး အလုပ်ကောင်းကောင်း လုပ်ခဲ့ကြတယ်...။ မစ္စတာဝမ်နဲ့ ငါ သေချာပေါက် စကားပြောပြီး မင်းတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့ သေချာပေါက် ပြောပေးပါ့မယ်...။"
ဤသို့ဖြင့် ဝတ်စုံပြည့် လူမိုက်များ ထွက်ခွာသွားကြပြီး သီးသန့်အခန်းထဲတွင် လျန်ထျန်း၊ လျူဝေဝေနှင့် မစ္စတာထောင်တို့သာ ကျန်ရစ်ခဲ့လေသည်။
သို့သော် မစ္စတာထောင်မှာ မြေပြင်ပေါ်တွင် လဲကျနေပြီး ထလာနိုင်ခြင်း မရှိတော့ပေ။
လျန်ထျန်းက ဆောင့်ကြောင့်ထိုင်ကာ သူ့ကို ကြည့်ရင်း ပြောလိုက်လေသည်။
"နောက်ဆုံးကျမှ ခင်ဗျားရဲ့ လက်တွေကို ဒုက္ခိတဖြစ်အောင် သူတို့ကို ငါ ဘာလို့ ခွင့်မပြုခဲ့တာလဲဆိုတာ ခင်ဗျား သိလား...။"
ယခုအခါ မစ္စတာထောင်သည် လျန်ထျန်း၏ စကားကို ကြားသောအခါ နတ်ဆိုးတစ်ကောင်၏ အသံကို ကြား လိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။ သူသည် အလွန်ကြောက်လန့်သွားသဖြင့် တစ်ကိုယ်လုံး တုန်ရီနေပြီး ခေါင်းကို အဆက်မပြတ် ခါယမ်းနေကာ အသံတစ်သံမျှပင် မထွက်ရဲတော့ပေ။
လျန်ထျန်းက ပြုံး၍ ဆက်ပြောလေသည်။
"ခင်ဗျားရဲ့ လက်တွေက အတိုင်းအတာတစ်ခုအထိ အသုံးဝင်နေသေးတဲ့အတွက် ခုနက ကျွန်တော် လာပို့တဲ့ အစားအသောက်အတွက် ကြယ်ငါးပွင့် မှတ်ချက် ပေးနိုင်အောင် ခင်ဗျားရဲ့ လက်တွေကို ချန်ထားပေးခဲ့တာ...။"
မစ္စတာထောင်မှာ လျန်ထျန်းကို မျက်လုံးပြူးကြီးဖြင့် စိုက်ကြည့်နေမိပြီး သူ၏ စိတ်ထဲတွင် တစ်ခဏမျှ ဗလာကျင်းသွားလေသည်။
*တကယ်ကြီးလား...၊ ဒီလို အခြေအနေမျိုးမှာ အစားအသောက်ပို့တာနဲ့ ပတ်သက်တဲ့ ကြယ်ငါးပွင့် မှတ်ချက် အကြောင်း ပြောနေတာလား...။ သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ...။*
*ငါ့ကို အရှက်ခွဲနေတာလား...၊ ဟုတ်တယ်...၊ သူ ငါ့ကို အရှက်ခွဲနေတာ သေချာတယ်...။ ဒါကတော့ လွန်လွန်း တယ်...။*
မစ္စတာထောင်မှာ အရှက်ကွဲမှုများကို ပေါက်ကွဲထွက်တော့မည့်ဆဲဆဲနှင့် သူ၏ အလျှော့မပေးလိုသော စိတ်ဓာတ် များ ကြီးစိုးလာတော့မည့် အချိန်တွင်...၊
လျန်ထျန်းက ဆက်ပြောလိုက်လေသည်။
"မစ္စတာထောင်...၊ သူတို့ကို ပြန်ခေါ်ပြီး ခင်ဗျားရဲ့ လက်တွေကို ထပ်ပြီး ဒုက္ခိတဖြစ်အောင် ကျွန်တော် လုပ်တာကို ခင်ဗျား မလိုချင်ဘူး မဟုတ်လား...။"
"ဒါ့အပြင် ခင်ဗျားရဲ့... ခြေထောက် သုံးချောင်းစလုံး အချိန်မီ မကုသဘူးဆိုရင် လုံးဝ အသုံးမဝင်တော့တဲ့ အခြေ အနေ ဖြစ်သွားနိုင်တယ်...။"
"ငါ့ကို မြန်မြန် ကြယ်ငါးပွင့် မှတ်ချက် ပေးလိုက်...။ ပြီးရင် ခင်ဗျား အချိန်မီ ကုသမှု ခံယူနိုင်အောင် ငါ စီစဉ်ပေး မယ်...။ နောင်ကျရင် ခင်ဗျားကိုယ် ခင်ဗျား ပြန်စောင့်ရှောက်နိုင်ပြီး ပုံမှန် ဇီဝကမ္မ လုပ်ဆောင်ချက်တွေ ပြန်ရ လာနိုင်ကောင်း ပါရဲ့...။"
"ခင်ဗျား ဒီထက်ပိုပြီး စောင့်နေရင် နောင်တမရနဲ့နော်...။ အခု ခင်ဗျားကို အခွင့်အရေး ပေးနေတာ...၊ ခင်ဗျား တန်ဖိုးထားလိမ့်မယ်လို့ မျှော်လင့်တယ်...။"
ထိုစကားကို ကြားသောအခါ မစ္စတာထောင်မှာ သူ၏ လျှာဖျားတွင် ရောက်နေသော စကားများကို ပြန်မြိုချ လိုက်ပြီး သူ တောင်းဆိုထားသည့်အတိုင်း လျန်ထျန်းကို ကြယ်ငါးပွင့် မှတ်ချက် ပေးရန် ဖုန်းကို အမြန် ထုတ် လိုက်လေသည်။
ကြယ်ငါးပွင့် မှတ်ချက် ပေးပြီးနောက် လျန်ထျန်းက သူ၏ ကတိအတိုင်း သူ့အတွက် လူနာတင်ယာဉ် ခေါ်ပေး လိုက်လေသည်။
သို့သော် နောက်ဆုံးတွင် လျန်ထျန်းက သူ့ကို တစ်ဖန် သတိပေးလိုက်သေးသည်။
"မစ္စတာထောင်... နောင်ကျရင် သတိထားပါ...။ ခင်ဗျား ကုမ္ပဏီဟောင်းကို သစ္စာဖောက်ခဲ့တုန်းက အချမ်းသာ ဆုံးကော်ပိုရေးရှင်းမှာလည်း ခင်ဗျားနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေ အများကြီး ရှိနေတယ်...။"
"ခင်ဗျား ဒုက္ခိတဖြစ်သွားပြီးနောက် ကျန်တဲ့ ဘဝသက်တမ်း တစ်လျှောက်လုံးကို ထောင်ထဲမှာ ကုန်ဆုံးရတာမျိုး ကို မလိုချင်ဘူး မဟုတ်လား...။"
"ဒါကြောင့် ပြဿနာရှာဖို့ တွေးနေတာတွေကို ရပ်လိုက်ဖို့ ငါ အကြံပေးချင်တယ်...။ တကယ်တော့ ခင်ဗျား ပြဿနာရှာလာရင်တောင် ငါ မကြောက်ပါဘူး...။"
"ငါ့ ရဲ့ နောက်ထပ် ကိုယ်ပိုင်အမှတ်အသား တစ်ခုကို ပြောပြရမယ်ဆိုရင်...။ ရဲဌာနချုပ်က ညွှန်ကြားရေး မှူးတန်နဲ့ ငါ့မှာ ပူးပေါင်းဆောင်ရွက်မှု အချို့ ရှိတယ်...။"
"ငါ ပြောနိုင်တာကတော့...၊ ပိုက်ဆံရှိရင် ကိုယ်လုပ်ချင်တာ အကုန်လုပ်လို့ရတယ်လို့ တွေးနေတဲ့ ခင်ဗျား က တကယ်ကို ရိုးအလွန်းတယ် ဆိုတာပါပဲ...။"
"တစ်ခါတလေကျရင် ပိုက်ဆံရှိရုံနဲ့ မလုံလောက်ဘူးဆိုတာ နားလည်လား...။"
ဤစကားများကို ကြားသောအခါ မစ္စတာထောင်၏ မျက်လုံးများအတွင်း နက်ရှိုင်းစွာ ပုန်းကွယ်နေသော ကောက်ကျစ်သည့် အရိပ်အယောင်များ လုံးဝ ပျောက်ကွယ်သွားလေသည်။
လျန်ထျန်းက သူ၏ လျှို့ဝှက်အစီအစဉ်များကို ထိုးထွင်းသိမြင်သွားမည်ဟု သူ မထင်ထားခဲ့သောကြောင့် သူ၏ ဖုန်းထဲတွင် လျှို့ဝှက်စွာ မှတ်တမ်းတင်ထားသော အသံဖိုင်ကို ဖျက်ပစ်လိုက်ရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိ တော့ပေ။
သူသည် ယခုအခါ အစားအသောက်ပို့သူ တစ်ဦးအသွင် ရှိနေသော သူ၏ရှေ့မှ လူ၏ စကားများကို တကယ်ပင် မယုံကြည်ဘဲ မနေရဲတော့ပေ။
အကယ်၍သာ ဤနေ့တွင် ဖြစ်ပျက်ခဲ့သည့် အရာများသာ မရှိခဲ့ပါက မိမိအနေဖြင့် အစားအသောက်ပို့သူ တစ်ယောက်၏ ဖြုတ်ချခြင်းကို ခံရမည်ဟု မစ္စတာထောင် တစ်ခါမျှ ယုံကြည်ခဲ့မည် မဟုတ်ပေ။
မစ္စတာထောင်ကို အလုံးစုံ ဖြေရှင်းပြီးနောက် လျန်ထျန်းက မှင်တက် ဇဝေဇဝါ ဖြစ်နေသော လျူဝေဝေကို ဆွဲခေါ်သွားလေတော့သည်။