← Chapters

အခန်း (၂၅-၂၇)

Vol. 2 Ch. 25-27

အခန်း (၂၅-၂၇)

Vol. 2 Ch. 25-27

အပိုင်း (၂၅) ၀မ်ညန်အိမ်သို့ ရောက်ရှိခြင်း(၁)

ယွဲ့တာ့ဖူမှ အလျှော့ပေးလိုက်ပြီ ဖြစ်သောကြောင့် ယွဲ့ချန်ဖူနှင့် ယွဲ့ချန်ရှို့တို့သည်လည်း ငြင်းဆိုခြင်း မရှိတော့ချေ။ ယွဲ့ချန်လုသည် ၀မ်နိုင်အား ပျော်ရွှင်စွာ ပွေ့ဖက်ရင်း ၀မ်ညန်ငှားထားသည့် အိမ်လေးထဲ၌ ထိုင်လိုက်သည်။ သူသည် ဖောင်းထွက်စပြုနေသော ၀မ်ညန်၏ဗိုက်လေးအား ပွတ်သပ်ပေးလိုက်သည်။

“အမေနဲ့အဖေက သဘောတူလိုက်ပြီ။ မနက်ဖြန်ကျ နိမိတ်ဖတ်တဲ့သူဆီ ရက်ကောင်းရက်မြတ် သွားမေးပြီး ခမ်းခမ်းနားနား လက်ထပ်မယ်”

၀မ်ညန်သည် ယွဲ့ချန်လု၏လက်မောင်းထဲသို့ နာခံစွာ တိုးဝှေ့ရင်း စဉ်းစားချင့်ချိန်ပြောလိုက်သည်။

“အစ်ကိုနဲ့သာရှိရမယ်ဆို ခမ်းနား‌တာတွေ မခမ်းနားတာတွေ ဂရုမစိုက်ပါဘူး”

ထိုနူးညံပြီး ဂရုမစိုက်ဟန် အမူအရာလေးက ယွဲ့ချန်လု၏နှလုံးသားကို ပို၍ပင် ပျော်၀င်စေသည်။ ကျောက်စိမ်းလို ဖြူဖွေးနူးညံ့သည့် ၀မ်ညန်၏လက်ကို ဇနီးဖြစ်သူ၏ သစ်သားကဲ့သို့ ခြောက်သွေ့နေသည့် လက်စွယ်များနှင့် ယှဉ်ရင်း တင်းကျပ်စွာ ဆုပ်ကိုင်မိသည်။ သူသည် ၀မ်ညန်အား ကျမ်းကျိန်ကာ ကတိပေးလိုက်သည်။

“ကိုယ်မင်းကို ယွဲ့မိသားစုရဲ့ ဂိတ်တံခါး၀ကနေ ခေါင်းမော့၀င်စေရမယ်။ မင်းကို ဘယ်ညှိုးငယ်မှုမှ မခံစားစေရဘူးလို့ ကတိပေးတယ်”

၀မ်ညန်သည် ယွဲ့ချန်လု၏မျက်၀န်းများကို နှစ်သက်မှုများဖြင့် ကြည့်လိုက်သည်။

“အစ်ကို ကျွန်မက တစ်‌ယောက်တည်း အကူအညီမရှိရှာတဲ့ မိန်းမသားတစ်ယောက်ပါ။ အစ်ကိုတို့ ယွဲ့အိမ်ကို ၀င်ပြီး အစ်ကိုနဲ့ မမစုကို အချိန်အကြာကြီး အဖော်ပြုပေးနိုင်တာနဲ့တင် ကျွန်မအတွက် ကောင်းချီးတစ်ခု ဖြစ်နေပါပြီ။ အခြားအရာတွေ မတောင်းဆိုရဲပါဘူး”

၀မ်ညန်သည် မုဆိုးမဖြစ်ခြင်းအကြောင်း ယွဲ့ချန်လုအား အမှန်အတိုင်း ပြောပြထားသော်လည်း သူဌေး၏ခုတင်၌ သူမ၏ပျိုရွယ်မှု ကုန်ဆုံးခဲ့ခြင်းကို လိမ်ညာထားခဲ့သည်။ ထိုသို့ လောဘရမ္မက်ကြီးသော အပြုအမူသည် သူမကို ရွံမုန်းသွားစေနိုင်သောကြောင့် ဖြစ်သည်။

“ဖွီ ဘာလို့ ကျက်သရေတုံးတာကြီးကို ထည့်ပြောရတာလဲ။ မင်းအိမ်တော်ကို ၀င်လာပြီဆိုတာနဲ့ သူက မင်းကို ခစားတာကမှ သဘာ၀ကျဦးမယ်” အိမ်၌ တစ်နှစ်ပတ်လုံး ပိန်လှီခြောက်သွေ့နေသော ဝါညစ်ညစ် မိန်းမအား စဉ်းစားမိသည်နှင့် ယွဲ့ချန်လုသည် တံတွေးမထွေးဘဲ မနေနိုင်ခဲ့ချေ။

ယွဲ့ချန်လု ပြောသည်ကို ကြားသည်နှင့် ယွဲ့ညန်သည် စိတ်သက်သာရာရစွာ သူ၏လက်မောင်းကြား၌ နားနေတော့သည်။ အမျိုးသမီးစုအား ပြုစုရန် သူမအတွက် မဖြစ်နိုင်ပါချေ။ ယွဲ့ချန်လု သူမအပေါ် ပိုကောင်းပေးနိုင်သည်ကို သေချာအောင် ပြုလုပ်ရန် စကားအဖြစ်ပြောခြင်းသာဖြစ်သည်။

၀မ်ညန်သည် မွေးရာပါအလှလေးဖြစ်ကာ အသက်လည်းမကြီးသေးပေ။ မုဆိုးမဖြစ်သော သူမအနေနှင့် ယွဲ့ချန်လုထက်သာသော ယောက်ျားမျိုးကို ရှာလို့ရ‌သည်။ သို့သော် သူမသည် အတိတ်က သခင်ဖြစ်သူ၏ အိပ်ရာပေါ်သို့ တက်ရန် ကြိုးပမ်းခဲ့ပြီး ကိုယ်၀န်ရလာပြီး သခင်မဖြစ်သူမှ ရှာတွေ့သွားခြင်းကြောင့် ကလေး ဖျက်ချခံခဲ့ရကာ အိမ်တော်မှလည်း နှင်ထုတ်ခံခဲ့ရသည်။

သူမသည် ကူကယ်ရာမဲ့နေသော အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။ သူမအား ရောင်းထုတ်ခဲ့သည့် ထိုအိမ်တော်သို့ ပြန်သွားမည်မဟုတ်ချေ။ လျှို့ထန်မြို့သို့ ရောက်ပြီးနောက် မုဆိုးမတစ်ယောက်အဖြစ်ကို လက်ခံကာ လက်ကျန်ငွေလေးဖြင့် လျှို့ထန်မြို့ရှိ ယိုယွင်းနေသော အိမ်လေးကို ငှားရမ်းလိုက်သည်။ ထိုနောက် ယွဲ့ချန်လု အလုပ်လုပ်ရာနေရာ၌ ဆိုင်လေးဖွင့်ကာ အစားအစာအချို့ ရောင်းခဲ့သည်။

ယွဲ့ချန်လုသည် သူမ၏ဆိုင်သို့ အစာ၀ယ်ရန် တစ်ခါတစ်လေ လာလေ့ရှိသည်။ သူမတို့နှစ်ဦးသည် တစ်ဦးကိုယ်တစ်ဦး အထာပေးနေရင်း ၀မ်ညန်သည် ယွဲ့မိသားစုအခြေအနေကို စုံစမ်းလျက်ရှိသည်။ ယွဲ့မိသားစု၌ လယ်ဧကသုံးဆယ်ရှိကာ ယွဲ့ချန်လု၏ တူနှစ်ဦးသည်လည်း မြို့ပေါ်၌ စာသင်ကြားနေပေသည်။ ထိုမိသားစုသည် ယခုဤး၌ အနည်းငယ် အဆင်ပြေသည့်မိသားစုဖြစ်ကာ ထိုတူနှစ်ယောက် အောင်မြင်သွားသည်နှင့် ယွဲ့ချန်လုသည် သခင်ကြီးတစ်ယောက် ဖြစ်လာပေမည် မဟုတ်ဘူးလား။

ယွဲ့ချန်လု၏ဇနီးဖြစ်သူသည် သမီးခုနှစ်ယောက်ကိုသာ မွေးထုတ်ပေးထားကြောင်း သိသည်နှင့် ထိုအရာသည် ၀မ်ညန်အတွက် အခွင့်အရေး ဖြစ်လာသည်။ သူမသာ ယွဲ့ချန်လုအတွက် သားမွေးပေးသ၍ ယွဲ့မိသားစု၏ ဒုတိယမိသားစု၌ တရား၀င်ဇနီးဖြစ်လာရန် မည်သည်ကိုမျှ ကြောက်ရွံ့စရာမရှိပေ။ ၀မ်ညန်သည် သူမ၏အထက်ရှိ အစေခံများထဲမှ သခင်၏အိပ်ရာပေါ်သို့ တတ်နိုင်စွမ်းရှိသော အဆင့်နိမ့်အစေခံဖြစ်သည်။ ထိုအရာနှင့်ပင် သူမသည် မည်မျှလှပကြောင်း သိနိုင်ပေသည်။

နှစ်ဦးသားသည် နှစ်လနီးပါး ပူးတွဲနေထိုင်ခဲ့ပြီးနောက် ကိုယ်၀န်ကို ရရှိခဲ့သည်။ ယခုအခါ အရင်အချိန်နှင့် မတူညီခဲ့ပေ။ ယခင်က သူမသည် တရား၀င်ဇနီးသည်အား ထိုအကြောင်းကို ဖုံးကွယ်ကာ ဆေးဆိုင်မှ ဆေးများဖြင့် ကိုယ်၀န်ရှစ်လအထိ တောင့်ခံရန် ကြိုးပမ်းခဲ့သည်။ ယခုအခါ သူမသည် ယွဲ့ချန်လုအား သားယောက်ျားလေးကို လွယ်ထားရကြောင်း ပြောပြခဲ့ပြီး ထိုလူသည် ချွေ့ဖုန်းရွာသို့ မိဘများနှင့် ခေါ်တွေ့ပေးရန်ပင် မစောင့်နိုင်တော့ချေ။

သူမ၏ တောက်ပသည့်အနာဂတ်ကို တွေးရင်း ၀မ်ညန်၏ အပြုံးများသည် နက်ရှိုင်းလာခဲ့သည်။ အိမ်သေးသေးလေး၌ ရည်မှန်းချက် ပြည့်၀သွားသော အမျိုးသားအမျိုးသမီး စုံတွဲသည် အနာဂတ်ကို စိတ်ကူးယဉ် ‌ပုံဖော်နေခဲ့ကြသည်။

ယွဲ့ချန်လုသည် ယွဲ့တာ့ဖူနှင့် ညီအစ်ကိုနှစ်ဦး၏ ခွင့်ပြုချက်ကို ရပြီး‌သည်နှင့် ရက်ကောင်းရက်မြတ်ရွေးရန် တစ်စုံတစ်ယောက်ကို ရှာခဲ့သည်။ ရက်သတ်မှတ် ပြီးသည်နှင့် ထိုနေ့၌ မည်သို့စီစဉ်ရမှန်း အခက်တွေ့လျက်ရှိသည်။ ယွဲ့ချန်လုအတွက် ယွဲ့တာ့ဖူတို့ဇနီးမောင်နှံနှင့် သဘောထားကွဲလွဲသည်မှာ ပထမဆုံးဖြစ်ပေသည်။ ယွဲ့ချန်လုသည် ၀မ်ညန်အား ခမ်းနားထည်ဝါစွာ ‌တောင်းယူရန် ခေါင်းမာလျက်ရှိသည်။ အဘွားချန်နှင့် ယွဲ့တာဖူတို့သည် မည်သို့ သဘောတူရမည်နည်း။

ပထမအချက်အနေနှင့် သာမန်ပြည်သူများ၏ နေအိမ်များ၌ ဇနီးနှစ်ယောက်အား အဆင့်အတန်းတူညီစွာ လက်ဆက်ခြင်း မရှိချေ။ လူကြီးနှစ်ယောက်၏ အမြင်၌ ဇနီးငယ်တစ်ယောက်အား ထည်ထည်ဝါဝါ တောင်းရမ်းလက်ထပ်ကာ အကျယ်ချဲ့ခြင်းသည် အရှက်ရစရာဖြစ်သည်။ သူတို့၏မျက်နှာကို အဆုံးရှုံးမခံနိုင်ချေ။ ဒုတိယအချက်အနေနှင့် လက်ရှိယွဲ့မိသားစု၌ ‌ငွေအလုံအလောက် မရှိပေ။ သူတို့၌ စုစုပေါင်း လျန်းနှစ်ဆယ်သာ ရှိလေသည်။ သူဇနီးတစ်ယောက်လက်ထပ်ဖို့ ရှိသမျှ အကုန်ထုတ်ပေးရတော့မှာလား။ ယွဲ့ချန်လုက ဇနီးတစ်ယောက်ကို ခမ်းခမ်းနားနား လက်ထပ်ပြီး ငါတို့တစ်မိသားစုလုံးက လေပဲထိုင်ရှူနေရတော့မှာလား။

“အဖေနဲ့အမေ ၀မ်ထောင်တို့ ညီအစ်ကိုတွေ စာမေးပွဲမေးခွန်းအတွက် လာဘ်ထိုးဖို့ လျန်းတစ်ရာလိုတယ် ဆိုတုန်းက အဖေတို့ပဲ မိသားစုစုပေါင်းငွေထဲက ထုတ်ပေးလိုက်တာလေ။ သူတို့ရဲ့ဒုတိယဦးလေးဖြစ်တဲ့ ကျွန်တော်က မျက်တောင်တောင်မခတ်ဘဲ သဘောတူခဲ့တယ်။ အခု မိသားစုရဲ့ အထောက်အပံ့ နည်းနည်းလေးလောက် လိုချင်တဲ့ ကျွန်တော့်အလှည့်ကျ အဖေတို့က မထုတ်ပေးချင်ကြဘူး။ တအား ဘက်လိုက်လွန်းတယ်” ယွဲ့ချန်လုသည် ယွဲ့တာ့ဖူတို့ လင်မယား သဘောမတူသောကြောင့် ခုတင်၌ ဒူးထောက်ချလိုက်သည်။ ဤသို့ဖြင့် ဖခင်နှင့် သားဖြစ်သူကြား၌ ပဋိပက္ခဖြစ်ကြရသည်။

ယွဲ့တာ့ဖူသည် မကျေနပ်စွာ မျက်မှောင်ကြုံ့လိုက်သည်။ ဒုတိယသား၏ စိတ်အခြေအနေသည် ၀မ်ညန်ကို အိမ်သို့ခေါ်လာကတည်းက ပြောင်းလဲနေခဲ့သည်။ သားဖြစ်သူသည် ယခင်က နာခံတတ်ဆုံးဖြစ်ခဲ့ကာ ယခုပြန်ပြောတတ်လာသည်။ ၀မ်ညန်အပေါ် သူ၏ငြိုငြင်မှုမှာ တိုးပွားလာခဲ့သည်။

အဘွားချန်သည် အသည်းခိုက်စေမည့် စကားအချို့ကို ၀င်ပြောလိုက်သည်။

“ငါ့သား မင်းပြောလိုက်တာက မင်းအဖေရဲ့ရင်ကို ဓားနဲ့ထိုးနေသလိုပဲ။ သေချာစဉ်းစားကြည့်ပါဦး။ တကယ်လို့ ၀မ်ထောင်တို့ ညီအစ်ကိုနှစ်ယောက်သာ ကျူးရန်ဖြစ်လာခဲ့ရင် ရုံးတော်ရဲ့ အခကြေးငွေတွေနဲ့ မင်းလည်း အဆင့်အတန်းမြင့်မြင့် မနေနိုင်ဘူးလား”

“မင်းက ၀မ်ထောင်တို့ရဲ့ ဦးလးဖြစ်သလို ငါ့သားလည်း ဟုတ်တယ်။ သူတို့ကိုပဲ ဂရုစိုက်နေပြီး မင်းကို ဘယ်လိုလုပ်လျစ်လျူရှုနိုင်မှာလဲ။ ၀မ်ထောင်တို့ကိစ္စကြောင့် အိမ်မှာ ငွေမရှိတော့တာ မင်းလည်းသိသားပဲ” ယွဲ့တာ့ဖူသည် သက်ပြင်းချလိုက်မိသည်။ ကလေးများ၏ စိတ်ထဲ၌ သံသယများ ရှိနေလေပြီ။ “မင်းသူ့ကို လက်ထပ်ပြီးတာနဲ့ သူက ကလေးမမွေးတော့ဘူးလား။ ကလေးမွေးတာကရော ပိုက်ဆံမကုန်ဘူးလား။ အခုမိသားစုတို့မှာ ငါးလျန်ပဲရှိတာ။ ငါတို့က အပေါ်ယံ ထည်ဝါမှုတွေကို ဂရုစိုက်နိုင်ဦးမှာလား”

ယွဲ့တာ့ဖူ၏စကားများဆုံးသည်နှင့် အဘွားချန်သည် အမြန်ထပ်ပြောလိုက်သည်။ “ဟုတ်တယ်။ မင်းသားလေးမွေးရင်း နေ့တိုင်း ငှက်သိုက်တိုက်ရမယ်လေ။ အဲဒါက ငွေမကုန်ဘူးလား။ သူကြီးလာရင် စာသင်ပြီး ဇနီးမယားယူဦးမယ်လေ။ အဲ့ကျလဲ ကုန်ဦးမှာ။ အခုထဲက ငွေတွေသုံးထားရင် အ‌နာဂတ်ကျ ဘယ်လိုလုပ်ဖို့ စီစဉ်မလို့လဲ”

ထိုစုံတွဲသည် စကားတစ်ခွန်းပြီး တစ်ခွန်းဖြင့် ယွဲ့ချန်လုအား နားချနေကြသည်။ သူတို့သည် ယွဲ့ချန်လု၏ဆန္ဒမှာ အလွန်ကြီးမားကြောင်းပြကာ ရိုက်ချိုးရန်စီစဉ်နေကြသည်။

ယွဲ့တာ့ဖူ၏စကားများကြောင့် ယွဲ့ချန်လုသည် တုန်လှုပ်စပြုလာသည်။

“အဲ့လိုဆိုပေမဲ့ ၀မ်ညန်ကို သေချာပေါက် လက်ထပ်ပြီး အိမ်တံခါးကနေ ထည်ထည်ဝါဝါ ၀င်လာစေရမယ်လို့ ကတိပေးထားသေး....”

သူ့သား ယိမ်းယိုင်လာသည်ကို မြင်သည်နှင့် ယွဲ့တာ့ဖူသည် သူ၏သဘောထားကို ထုတ်ပြောလိုက်သည်။

“ဒီလိုဆိုရင်ရော သူသားလေးမွေးပြီးတာနဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကို ဖိတ်ပြီး ပွဲကျင်းပပေးလိုက်လေ။ သူ့ကိုလည်း မျက်နှာသာပေးရာ ရောက်တာပေါ့ မဟုတ်ဘူးလား”

ပွဲကို ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း အဘွားချန်ကြားသည်နှင့် အသံတိုးတိုးလေးနှင့် ညည်းတွားလိုက်သည်။ “ပွဲတစ်ခုကျင်းပရတာ ပိုက်ဆံကုန်တယ်။ ပိုက်ဆံ”

သို့သော်လည်း သားအဖနှစ်ယောက်လုံးသည် သူမအား ဂရုမစိုက်ကြချေ။ အိမ်၏အခြေအနေသည် ယခင်ကကဲ့သို့ အဆင်ပြေမနေကြောင်းကို ယွဲ့ချန်လုနားလည်ပေသည်။

ထို့ကြောင့် သဘောတူလိုက်သည်။ သားယောက်ျားလေး မွေးပြီးသည့်အချိန်မှ ပွဲကျင်းပမည်ဖြစ်ကြောင်း ၀မ်ညန်ကို ဖြေရှင်းချက် ပေးလို့ရပေသည်။

ဒီဇင်ဘာလ၏ ခြောက်ရက်မြောက်နေ့တွင် ရက်သတ်မှတ်ထားပြီး လ၀က်သာ ကျန်ရှိလေသည်။ အမျိုးသမီးစုသည် ထိုအကြောင်းကို လုံး၀မျှ မသိရှိသေးပေ။ ရက်သတ်မှတ်ပြီးသောကြောင့် ယွဲ့ချန်လုသည် သူကိုယ်ပိုင် သိမ်းထားသော ဒင်္ဂါးပြားနှစ်ပြားကို ထုတ်လိုက်ပြီး ပစ္စည်းများ ၀ယ်လိုက်သည်။ ထို့နောက် ယိုကျင့်တို့ ညီအစ်မများ၏ အရှေ့ခန်းရှိ သိုလှောင်ခန်းကို သပ်ရပ်သန့်ရှင်းအောင် အလျင်စလို လုပ်နေရသည်။

ယိုကျင့်နှင့် ညီအစ်မများသည် အပျက်အစီးများပြားလှသည့် ထိုအခန်း၏ တံခါးရှေ့၌ ရပ်ကြည့်နေကြသည်။ ထိုကျင့်သည် ယွဲ့ချန်လုအား ရင်တုန်စေသည့် အပြုံးတစ်ခုပေးလိုက်သည်။

“အဖေ ဘာလို့အဲ့အခန်းကို သန့်ရှင်းရေးလုပ်နေတာလဲ။ ဘယ်သူမှ မနေဘဲနဲ့”

ယွဲ့လျန်လုသည် ထိုအကြည့်များကြောင့် ထိတ်လန့်သွားခဲ့ပြီး ရင်ထဲ၌ အပြစ်ရှိစိတ်များ တိုး၀င်လာသည်။ သူသည် ခပ်မတ်မတ်ရပ်ကာ ဆူငေါက်လိုက်သည်။

“မင်းတို့ ဆန်ကုန်မြေတွေက ငါ့ကိစ္စကိုပါ လာ၀င်ရှုပ်ရဲနေတာလား။ မင်းတို့ကို သန့်ရှင်းလုပ်ဖို့ ပြောရင် လုပ်လိုက်ပေါ့။ ဘာလို့အဲ့လောက် စကားများနေတာလဲ”

ယိုကျင့်၏ မျက်နှာပေါ်ရှိ အပြုံးသည် မပြောင်းလဲသေးဘဲ နူးညံ့ညင်သာစွာ ပြောလိုက်သည်။

“အဖေက သန့်ရှင်းရေးလုပ်ဖို့ ပြောတော့လည်း သန့်ရှင်းရေးလုပ်ရမှာပေါ့” ယိုကျင့်၏စကားကြောင့် ယွဲ့ချန်လုသည် သူမအား စိုက်ကြည့်နေခြင်းမှ ရပ်တန့်လိုက်သည်။ ထို့နောက် မြေကြီးကို အားပြုထကာ လက်နှစ်ဖက်ကို ခါရင်း ပင်မဆောင်သို့ သွားလေသည်။

ထိုလူထွက်သွားသည်ကို မြင်သည်နှင့် ယိုကျူးသည် လက်ထဲရှိ တံမြက်စည်းအား ကြမ်းပြင်ပေါ်သို့ ခပ်ပြင်းပြင်း ပစ်ချလိုက်သည်။

“အဲ့အဖေကလည်း တကယ်ပဲ... သူ့ကိစ္စကို ငါတို့ကို လာသန့်ရှင်းရေး လုပ်ခိုင်းနေတယ်”

“မင်းမလုပ်ချင်ရင်ရော ဘာတတ်နိုင်လဲ။ သူ့ကိုပြောပြီး ကိုယ်တိုင်၀င်လုပ်ခိုင်းမလို့လား။ အဘိုးကို သွားတိုင်မလို့လား။ အဘွားကိုလား” ယိုကျင့်သည် ယိုကျူးအား အကြည့်တစ်ချက်ပေးပြီးနောက် ပြန်လှည့်လိုက်သည်။

“အဓိကက မင်းလုပ်ချင်ရင်လုပ်ပြီး ရပ်ချင်ရင် ရပ်လို့ရတာမဟုတ်ဘူး။ အဲ့ကိစ္စက ကောင်းတာဖြစ်စေ မကောင်းတာဖြစ်စေ ရှောင်လွှဲလို့မရဘူး။ အဲဒါက ငါတို့အတွက် အခွင့်အရေးလည်း ဖြစ်နိုင်တာပဲ”

အခြားတစ်ဖက်၌ ရပ်နေသော ယိုရင်နှင့်ယိုပေါင်သည် ထိုညီအစ်မနှစ်ယောက်ကြားရှိ ခန့်မှန်းမရသော စကားအသွားအလာကို နားထောင်ရင်း စိတ်ရှုပ်ထွေးလို့နေသည်။

“စန်းကျဲ ဘယ်ကိစ္စကို ပြောနေတာလဲ။ အိမ်မှာ တစ်ခုခုဖြစ်လို့လား”

ယိုရင်သည် တစ်ခုခုမှားနေကြောင်း ရိပ်မိပေသည်။ မဟုတ်လျှင် ထို့နေက ယိုကျူးတစ်ယောက် သူမအပေါ် ထိုသို့ ရင့်ရင့်မာမာ ပြောရသနည်း။ စန်းကျဲသည်လည်း အဘယ်ကြောင့် တစ်နေ့တခြား ထူးဆန်းလာရသနည်း။ အဖေပင် ထူးဆန်းလာပေသည်။ ယိုရင်သည် ထိုကိစ္စ၏ အမှန်တရားကို သိရတော့မည်ဟု ခံစားရတိုင်း နံရံတစ်ခုက သူမအား ကာခြားထားသလို ခံစားနေရသည်။

“ဟုတ်ပါပြီ အမြန်သန့်ရှင်းရေးလုပ်တော့။ အဖေပြန်လာလို့ မပြီးသေးရင် ဒေါသထွက်နေဦးမယ်”

ယိုကျင့်သည် ယိုရင်အား ညင်သာစွာပြောပြီးနောက် တနှစ်ပတ်လုံး အမှိုက်များပြည့်နေသည့် အခန်းသို့ ခေါ်သွားကာ သန့်ရှင်းရေးလုပ်ကြတော့သည်။ သန့်ရှင်းရေးလုပ်ပြီးနောက် အခန်းဖွဲ့စည်းမှု ပုံသဏ္ဌာန်ပေါ်သည်အထိ စီစဉ်ပေးခဲ့သည်။

ယိုကျင့်တို့ညီအစ်များသည် ထိုအခန်းကို သုံးရက်အချိန်ယူကာ သန့်ရှင်းပေးခဲ့သော်လည်း ယွဲ့ချန်လုဆီမှ မကျေမနပ်အပြောခံရဆဲပင်ဖြစ်သည်။

“အခန်းက ဖရိုဖရဲနဲ့ ဘယ်လိုလုပ် လူနေန်ုငမှာလဲ” ၀မ်ညန်သာ ယခုကဲ့သို့ အခြေအနေမျိုးမှာ ဆိုလျှင် သူမ၏ကြင်နာမှုကြောင့် အမျိုးသမီးစုအား အခန်းမှ ဖယ်မထုတ်ရက်ပေ။ သို့သော် ၀မ်ညန်အား သိမ်ငယ်စေကာ ယခုကံ့သို့ အခန်းစုတ်၌ မည်သို့ နေခိုင်းရက်မည်နည်း။ ၀မ်ညန်အကြောင်း တွေးမိသည်နှင့် ယွဲ့ချန်လုသည် သူမစိတ်ကျေနပ်စေရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားပေးမည် ဖြစ်သည်။ သူမအား သူ၏လက်ဖမိုးတွင် အမြဲဆုပ်ကိုင်ထားကာ နေ့စဉ်နေ့တိုင်း ကာကွယ်ပေးချင်မိတော့သည်။

အနီရောင်ဖဲကြိုးများ၊ ခေါင်းအုံးများ ချုပ်လုပ်ကာ မန်ဒရင်းဘဲစုံတွဲကို ထားရန် ယွဲ့ချန်လုဆီမှ တာ၀န်ပေးခံရသော အမျိုးသမီးချန်သည် အခန်းထဲသို့ ရောက်လာခဲ့သည်။ ယိုရင်တို့ညီအစ်များသည် ထွက်လာကာ တံခါး၀၌ ချောင်းကြည့်နေသည်ကို မြင်သည်နှင့် အမျိုးသမီးချန်သည် စူးရှကျယ်လောင်စွာ ရယ်သွမ်းလိုက်သည်။ “ယိုရင် မင်းတို့ညီမတွေတော့ မင်းတို့ကို ချစ်မဲ့ အမေအသစ်လေးရတော့မယ်။ မပျော်ဘူးလား”

“အမေ အသစ်... သမီးအမေက အခန်းထဲမှာ မဟုတ်ဘူးလား။ အမေအသစ်ဆိုတာ ဘယ်လိုရှိမှာလဲ”

ယိုရင်၏ သံသယများသည် တဖြည်းဖြည်း တိုးပွားလာခဲ့သည်။ ယိုရင်၏တုံးအမှုကို အပြစ်တင်၍မရပေ။ ကိုယ်လုပ်တော်တစ်ယောက်အား သာတူညီမျှ လက်ထပ်ခြင်းကဲ့သို့ ရိုးရာမျိုးသည် သူမတို့နယ်တဝိုက်တွင် မရှိပေ။ သူမမည်သို့ နားလည်နိုင်မည်နည်း။

တူမဖြစ်သူ၏ မေးခွန်းကြောင့် အမျိုးသမီးချန်သည် တခစ်ခစ်ရယ်လိုက်သည်။

“တုံးလိုက်တဲ့ကလေး မင်းမှာ အမေတစ်ယောက်ပဲရှိရမယ်လို့ ဘယ်သူပြောလဲ” ထိုသို့ပြောပြီးနောက် အမျိုးသမီးချန်သည် ဒေါင်းများကဲ့သို့ ကော့တော့တော့ဖြင့် အရှေ့ခြံ၀န်းသို့ ပြန်သွားလေသည်။ ဒုတိယမိသားစုရှိ လူများသည် ယွဲ့ချန်လု ဇနီအသစ်ယူမည့်ကိစ္စကို မသိသေးပုံရသည်။ ပွဲကြီးပွဲကောင်းတော့ စပြီ။

(ဇနီးတစ်ယောက်လက်ထပ်ပြီးရင် တိဇနီး-ပထမဇနီးနဲ့ ဒုတိယဇနီးဆိုပြီး လက်ထပ်လို့ရပါတယ်။ သာမန်လူတန်းစားတွေက ဒုတိယဇနီးမထားဘဲ ကိုယ်လုပ်တော်ပဲ ယူတာပါ။ အဲဒါကို သူက ဇနီးအနေနဲ့ ၀မ်ညန်ကိုလက်ထပ်ပြီး မင်္လာဆောင်ချင်တာပါ။ ဒါပေမဲ့ တိဇနီးတစ်ယောက်တည်း မင်္ဂလာဆောင်ပြီး ဝေါယာဉ်တက်ခွင့်ရှိပါတယ်)

…

အပိုင်း (၂၆) ဝမ်ညန်အရှေ့တံခါးအဝင်

အမျိူးသမီးချန်နှင့် အတင်းပြောတတ်သည့်မိန်းမများသည် တလောကလုံးကို အသိပေးလိုက်တော့သည်။ သူမသည် ဒုတိယမိသားသုက နောက်မိန်းမတစ်ယောက်ကို လပ်ထက်မည့်သတင်းအား တလောကလုံးကို သိစေချင်နေလေသည်။ ယိုရင်သည် မည်မျှရိုးအသည်ဖြစ်စေ ရွာသားများက လက်ထပ်တော့မည့်ဇနီးအတွက် မင်္ဂလာခန်းမ ပြင်ဆင်ပေးသည်ကို မြင်ဖူးလေသည်။ ထို့ကိစ္စထက် ကြီးတော်က အခုလေးတင် ပြောလိုက်သေးသည်။

‘ နင့်အဖေက နောက်ထပ်အမေတစ်ယောက်ကို ခေါ်လာတောမှာ’တဲ့။

သူမကိုယ်သူမ မည်သို့ပင် လိမ်ညာပါစေ သူမကိုယ်တိုင် မယုံကြည်နိုင်တော့ပေ။ အနောက်ဆောင်သို့ ငိုယိုရင်း ချက်ချင်း အပြေးပြန်လာခဲ့တော့သည်။ တံခါးမှ မဝင်ခင် အခန်းထဲက ထွက်လာသည့် ယိုကျင့်နှင့် သွားတိုက်မိတော့သည်။

“ နင်ဘာလုပ်နေတာလဲ”

ယိုကျင့်သည် အပြင်မှ အမျိုးသမီးချန်၏ရယ်သံကို အလိုလိုကြားမိလိုက်၏။ ထို့ကြောင့် ယိုရင်ကို တားဖို့ ထွက်လာခြင်းပင်။

ယိုရင်သည် ထိုကိစ္စက လုံးဝဂရုမစိုက်ဘဲနေနိုင်ပါမည်နည်း။ သူမသည် ယိုကျင့်ကို ကြည့်လိုက်ချိန်၌ မျက်ရည်များ ကျပြီးဖြစ်လေသည်။

“ စန်းကျဲ အစ်မ သိပြီးသားလား၊ ဟုတ်လား”

ယိုကျင့်သည် တစ်နည်းနည်းဖြင့် ထိန်းမရဖြစ်နေသည့်ယိုရင်းကိုကြည့်ကာ အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး

“ အင်း ဟိုနေ့ ပင်မဆောင်အပြင်ဖက်မှာ ယိုကျူးနဲ့ ကြားခဲ့တာ”

“ အဲနေ့တုန်းက ယိုကျူးက ညီမလေးကို အော်ခဲ့တာ မဆန်းပါဘူး၊ သူ ညီမလေးကို စိတ်ဆိုးတာလည်း မဆန်းဘူး”

ယိုရင်သည် ယိုကျင့်နှင့်ယိုကျူးတို့က သူမကို ဖုံးကွယ်ထားသည်ကို အပြစ်မမြင်ပေ။ ထိုအစား သူမအဖေပေါ် မျှော်လင့်ချက်ထားမိသည့် ကိုယ်တိုင်ကိုသာ အပြစ်တင်မိတော့သည်။ သူမက ယိုကျူးကို နားချချင်ခဲ့သည်တဲ့။ ဒါကြောင့် အဲနေ့က ယိုကျူး အရမ်းစိတ်ဆိုးသွားတာကိုး။

ယိုကျင့်သည် ကိုယ့်ဟာကိုယ် အလွန်အကျွံအပြစ်တင်ကာ ဝမ်းနည်းသဖြင့် အော်ငိုနေသည့် ယိုရင်ကို ခေါ်ဝင်လာခဲ့သည်။ သူမသည် အားနည်းကာ စိတ်ပျော့သော်လည်း ငယ်ငယ်လေးနှင့် ရင့်ကျက်ကာ စိတ်သဘောကောင်းသည့် ညီမဖြစ်သူအတွက် အလွန်စိတ်မကောင်း ဖြစ်ရလေသည်။ မျက်ရည်လည်ရွဲနှင့် ယိုရင်ကို ရင်ခွင်ထဲ ဆွဲပွေ့လိုက်ပြီး

“ ယိုရင် ဒါက နင့်အမှားမဟုတ်ပါဘူး၊နင့်အမှားမဟုတ်ဘူး၊ ယွဲ့ချန်လုရဲ့အမှား၊ အမေနဲ့ နင့်ကိုလိမ်ခဲ့တာ သူပဲ ၊ သူ့အမှား၊ နင့်အမှားမဟုတ်ဘူး”

မျက်ရည်များနှင့် ယိုရင်သည် သူမကိုယ်သူမ အနည်းငယ်သံသယဖြစ်သွားတော့သည်။ သူမသည် မရေမရာသည့် အကြည့်ဖြင့် ယိုကျင့်ကို ငေးကြည့်လိုက်ပြီး

“ စန်းကျဲ အစ်မနဲ့ ရှောင်ဝူက ညီမလေးကို အပြစ်မတင်ဘူးလားဟင်”

“ အမ ညီမလေးကို အပြစ်မတင်ပါဘူး”

ယိုကျင့်၏နူးညံ့သည့်လေသံသည် သူမ၏နားထဲဝင်သွားပြီး လှုပ်ရှားနေသည့်နှလုံးသားကို အခိုက်အတန့် အေးချမ်းသွားစေတော့သည်။

“ မျက်ရည်တွေ မြန်မြန်သုတ်လိုက် အမေ မသိစေနဲ့ အမေက အခုကိုယ်ဝန်ကြီးနဲ့၊ သူ စိတ်လှုပ်ရှားလို့မရဘူး”

ဒါသည် ယိုကျင့်က အမျိုးသမီးစုကို အသိမပေးရဲရသည့် အကြောင်းအရင်းတစ်ခု ဖြစ်လေသည်။ အနှေးနှင့်အမြန် သိသွားမည်ဖြစ်သော်လည်း တစ်ရက်နောက်ကျမှသိလေ ပိုကောင်းလေပင်။

သို့သော် အနောက်ဆောင်၏ အတွင်းခန်းမှ ယိုကျင့်က အိပ်နေသည်ဟု ထင်ထားသည့် အမျိုးသမီးစုသည် အမျိုးသမီးချန်နှင့် သမီးဖြစ်သူများ စကားပြောနေသည်ကို ကြားလိုက်ရလေသည်။ သူမသည် ခုတင်ပေါ်တွင် လဲလျောင်းနေပြီး အနည်းငယ် ကန်ကျောက်နေသည့်ဗိုက်ကို ကိုင်ကာ ငြိမ်သက်စွာ ငိုနေတော့သည်။ ထိုအခါကျမှ သည်ရက်ပိုင်းတွင် ယွဲ့ချန်လုက ရုတ်တရက် ဂရုစိုက်လာရသည့် အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပြီး နောက်ဆုံးတွင် သူ့အတွက် နှလုံးသားသည်လည်း လုံးဝသေဆုံးသွားတော့သည်။ ယွဲ့ချန်လုပေါ် စိတ်ကုန်ကာ အေးစက်သွားလျှင်တောင် သမီးဖြစ်သူများကို သူမအတွက် ထပ်ပြီး စိတ်မပူစေချင်တော့ပေ။ ဝမ်းနည်းမှုကို စိတ်ထဲတွင်သာ သည်းခံထားပြီး သူမ၏မောပန်းနေသည့်ဗိုက်ကို နှစ်သိမ့်လိုက်တော့သည်။

အနောက်ဆောင်တွင် သားအမိများသည် ကိုယ်စီအတွေးများနှင့် ရှိနေကြ၏။ သူတို့သည် အချင်းချင်း စိတ်မဆင်းရဲစေချင်ကြသော်လည်း လွတ်မြောက်ရန်က ခက်ခဲနေသေးသည်။ အားလုံး၏ မျက်နှာပေါ်တွင် ခါးသီးသည့်အပြုံးတစ်ခု ဆောင်ထားကြလေသည်။ စိတ်လှုပ်ရှားကာ ဝမ်းသာနေသည့်ယွဲ့ချန်လုနှင့် ယှဥ်လျှင် အနောက်ဆောင်မိသားစုဝင်များသည် ဝမ်းနည်းမှုတိမ်တိုက်ထဲတွင် နစ်မြုပ်နေကြတော့သည်။

***

ယိုရင်တို့ညီအစ်မများ ဘယ်လိုပင် ဝမ်းနည်းနေကြသော်လည်း ဝမ်ညန်အရှေ့တံခါးမှ ဝင်လာသည်ကိုတော့ မတားဆီးနိုင်ကြပေ။

ဒီဇင်ဘာ ၆ရက်နေ့တွင် ယွဲ့ချန်လုသည် နေကာမိုးကား မြည်းလှည်းတစ်စီးကို ငှားကာ မြို့တွင် ဝမ်ညန်ငှားနေသည့် ယိုယွင်းပျက်စီးနေသောအိမ်ထဲက ဝမ်ညန်ကို သွားကြိုလေတော့သည်။ ချွေ့ဖုန်းရွာသို့ ပြန်မလာမီ ဝမ်ညန်၏ပစ္စည်းများကို တစ်ခုမကျန် သိမ်းဆည်းခဲ့လေသည်။

မြည်းလှည်းသည် ယွဲ့အိမ်တော်၏တံခါးရှေ့တွင် ပုံမှန်ရပ်သွား၏။ သည်နေ့မှ နှင်းများကလည်း ထူထပ်နေသည်။ သို့တိုင် အတင်းပြောချင်ကြသည့် ရွာသားများ၏ စိတ်အားထက်သန်မှုကိုတော့ မတားဆီးနိုင်ချေ။

ဟုတ်ပါသည်။ အမျိုးသမီးချန် ထုတ်ဖော်ကြေညာလိုက်ပြီးကတည်းက ချွေ့ဖုန်းရွာရှိ အသက် ၇၀အရွယ်မှာ လက်လျှောက်တတ်စ ၃နှစ်သားလေးအထိ သားမမွေးနိုင်သည့် ယွဲ့မိသားစု၏ ဒုတိယသားက နောက်ဇနီးတစ်ယောက်ကို လက်ထပ်တော့မည်ဖြစ်ကြောင်း သိကြလေသည်။

ယွဲ့ချန်လုက အရင်ဆုံး ခန်းဆီးစကို မလိုက်ပြီး မြည်းလှည်းပေါ်မှ ဆင်းလာ၏။ သည်နေ့ သူသည် အနီရင့်ရောင် ချည်သားဝတ်ရုံရှည်ကြီးကို တမင်ဝတ်ဆင်ထားပြီး ဂရုတစိုက် ပြင်ဆင်ထားလေသည်။ သူသည် ပျော်ရွှင်ကာ စိတ်ဓာတ်တက်ကြွနေလေ၏။ သူ၏ညှို့မှိုင်းသည့် အရောင်အဝါများက ပျောက်ကွယ်သွားပြီး ခါတိုင်းလို ကြောက်စရာကောင်းမနေချေ။

သူ လှည်းပေါ်က ဆင်းလာသည်ကို မြင်လိုက်သည်နှင့် စိတ်ထားကောင်းကြသည့်လူငယ်များက လာရောက် မြှောက်ပင့်ပြောဆိုကြတော့သည်။

“ ဒုတိယဦးလေးယွဲ့ သတို့သမီးကို ထွက်လာပြီး အားလုံးကို ပြဖို့ ပြောလိုက်ပါ”

“ အဟုတ်ပဲ ကျွန်တော်တို့အားလုံး ဒုတိယဦးလေးယွဲ့က မင်္ဂလာသကြားလုံး လက်ဆောင်ဝေမှာကို စောင့်နေကြတာ”

လူငယ်များသည် ယွဲ့ချန်လုကို တစ်ယောက်ပြီးတစ်ယောက် ပြုံးရွှင်ကာ စနောက်နေကြတော့သည်။

အပျော်လွန်နေသည့် ယွဲ့ချန်လုက အနည်းငယ်ဣန္ဒြေဆောင်လိုက်၏။ သို့သော် သူ့မကျေနပ်စိတ်များက သူ့နောက်မှ လှည်းပေါ်ကဆင်းလာသည့် ဝမ်ညန်ကြောင့် ချက်ချင်း သက်သာသွားတော့သည်။

“ အစ်ကိုကြီးယွဲ့ သူတို့တွေ ဒီကိုရောက်လာတာ ကျွန်မတို့ရဲ့ပျော်ရွှင်နေတာကို မျှဝေချင်လို့ပါ၊ ဒီနေ့က ကျွန်မတို့ရဲ့ပျော်စရာကောင်းတဲ့နေ့လေးလေ၊ ဒုတိယအစ်ကိုကြီးယွဲ့က ပိုပြီး ပျော်သင့်တာပေါ့”

သူမဆင်းလာသည်ကို မြင်လိုက်သဖြင့် ယွဲ့ချန်လုက မြန်မြန်လက်ကမ်းပေးလိုက်ကာ ယွဲ့မိသားစုအိမ်ဝင်းထဲအဝင် နှင်းများကြောင့် ချော်လဲမည်စိုးသဖြင့် သူမကို ဖြည်းဖြည်းချင်း တွဲသွားလိုက်တော့သည်။ စိတ်ဝင်စားမှုများသည် နိုးကြားတက်ကြွနေသည့် ရွာသားများကို ကြာကြာဆွဲမထားနိုင်ခဲ့ချေ။

သို့သော် အတင်းပြောရန် လာရောက်ကြည့်ရှုကြသည့် ရွာသားများသည် ဝမ်ညန်၏အသွင်အပြင်ကို မြင်လိုက်ပြီးနောက် ကျေနပ်သွားကာ ပြန်သွားတော့သည်။ နောက်ဆုံးတွင် နှင်းကျသည့်နေ့တစ်နေ့ပင်။ အပြင်ဘက်က အအေးဓာတ်ကို မည်သူက ဆန့်ကျင်ချင်ကြလိမ့်ပါမည်နည်း။

ရွာသားအချို့က ပခုံးချင်းယှဥ်ကာ လျှောက်ထွက်သွားတော့သည်။ သူတို့သည် လမ်းလျှောက်ရင်း တီးတိုးပြောလာကြလေသည်။

“ ဒီမိန်းမအသစ်က တကယ်ချောတာပဲ၊ ယွဲ့လောင်အာ့(ယွဲ့မိသားစုဒုတိယသား) ပြုစားခံလိုက်ရတာ မဆန်းပါဘူး”

ဝမ်ညန်သည် အခုမှ ၂၀ကျော်လေးသာ ရှိသေးသည်။ သူမသည် ချမ်းသာသည့်မိသားစုတစ်ခုတွင် အိမ်ဖော်တစ်ယောက်လုပ်ရင်း ကောင်းကောင်း ကြီးပြင်းလာခဲ့သည်။ သည်နှစ်အတွင်း သူမသည် အနည်းငယ် ဒုက္ခရောက်ခဲ့ရသော်လည်း ရွာခံလူများထက် အများကြီးသာလွန်လေသည်။ ထို့အပြင် သူမသည် ကြီးမားသည့်အနီရောင်အနွေးထည်တစ်ခုကို တမင်ဝတ်ဆင်ထားပြီး ဒီနေ့လက်ထပ်ပွဲအတွက် ကိုယ်တိုင် ပြင်ဆင်ခြယ်သထားလေသည်။ ချွေ့ဖုန်းရွာ၏ ညိုမဲသည့်မျက်နှာပိုင်ရှင် ရွာသားများကြားတွင် သူမ၏ရုပ်ရည်က ထူးထူးခြားခြား တောက်နေတော့သည်။

“ တကယ်ပဲ၊ မရီးစုရဲ့ ရွတ်တွနေတဲ့အသွင်ပြင်ကို စဥ်းစားလိုက်ရင် ဘယ်ယောက်ျားကမှ ဒီလိုမိန်းမအသစ်ကို ရွေးမှာ မဟုတ်ဘူး၊ မဟုတ်ဘူးလား”

အသုံးမကျသည့် လူဖျင်းလူရွယ်တစ်ယောက် ‘မင်းသိပါတယ်’ ဟူသည့်မျက်နှာထားဖြင့် သွားဖြီးပြလေသည်။

“ဖွီ အမွေးအတောင် မစုံသေးတဲ့ မင်းလိုလူညံ့က ဘာတွေစဥ်းစားနေတာလဲ”

အသက်လေးဆယ်အရွယ် အဒေါ်ကြီးတစ်ခုက လူတချို့ရှိရာဖက်သို့ တံတွေးထွေးလိုက်ကာ ပြောလိုက်လေသည်။

“ ယွဲ့လောင်အာ့ကရော ကောင်းတယ်လို့ နင်တို့က ထင်နေကြတာလား၊ အမျိုးသမီးစု လက်ထပ်စတုန်းကဆိုရင် သူ့လက်လေးတွေ ဘယ်လောက်လှလဲဆိုတာ နင်တို့ မသိပါဘူး၊ သူက ယွဲ့မိသားစုရဲ့ ညှဥ်းပန်းနှိပ်စက်ခံခဲ့ရတာလေ”

“ဟုတ်ပါ့၊ အခုမှ အမျိုးသမီးစု လက်ထပ်ခါစတုန်းက ပုံစံလေးကို ပြန်စဥ်းစားမိတယ်၊ သူက ဆယ်မိုင်အတွင်းက မြို့နယ်၈ခုထဲမှာ ကိုယ်ကျင့်တရားကော ရုပ်ရည်ရော ထိပ်တန်းပဲ၊ သူ့ဘဝလေး မကောင်းတာတော့ သနားစရာ၊ နှမြောဖို့ကောင်းလိုက်တာ”

နောက်ထပ်အဒေါ်ကြီးတစ်ယောက်က အမျိုးသမီးစု၏အတိတ်အကြောင်း ပြောလိုက်ချိန်တွင်တော့ သူမလည်း ထောက်ခံလိုက်လေသည်။

နှစ်ယောက်လုံးက ထိုအကြောင်းကို ပြောနေသဖြင့် လူရွယ်လေးက မသင်္ကာသလို မေးလိုက်တော့သည်။

“ အဲဒီမရီးစုက တစ်နှစ်လုံး အပြင်မထွက်ဘူးနော်၊ ကျွန်တော်က သူ့ကို ကြာကြာမှ တစ်ခါလောက်ပဲ တွေ့ရတယ်၊ သူက ကျွန်တော့်အဖွားလောက် ရှိပြီလို့ ထင်နေတာ၊ သူ ငယ်ငယ်တုန်းက လှသလား”

“ ဘာ နင့်အဘွားအရွယ်လဲ၊ ငါ မှတ်မိသလောက်ဆို အမျိုးသမီးစုက အခုမှ ၃၀စွန်းစွန်းပဲ ရှိအုံးမယ်၊ သူ့ကျန်းမာရေး မကောင်းလို့သာ နည်းနည်းရင့်နေတဲ့ပုံ ပေါက်တာ၊ ဒါပေမဲ့ သူငယ်ငယ်တုန်းကဆို ကျက်သရေရှိတဲ့ မျက်နှာလေးနဲ့လေ၊ နှမြောစရာ....”

ရွာသားများသည် စကားပြောရင်း ခြေလှမ်းကျဲများဖြင့် ထွက်သွားကြတော့သည်။ အချိန်တိုအတွင်း လေနှင့်အတူ ပျောက်ကွယ်သွားကြတော့သည်။ ခြံတံတိုင်းများဖြင့် ကြပ်ညှပ်စွာ ဝန်းရံထားသည့် ယွဲ့မိသားစုခြံဝင်းအတွင်းကိုတော့ ဝင်မလာနိုင်ချေ။

ယွဲ့မိသားစုခြံဝင်း၏ ပင်မဆောင်တွင်တော့ ယွဲ့တာ့ဖူနှင့် အဘွားချန်တို့သည်လည်း သည်နေ့မှ ဝတ်ကောင်းစားလှဖြင့် ရှိနေကြ၏။ သူတို့သည် ဝမ်ညန်က လက်ဖက်ရည် လာကမ်းသည်ကို ခုတင်ပေါ်မှ ထိုင်စောင့်နေကြ၏။

ဝမ်ညန်သည် မည်သို့ပြုမူရမည်ကို အလိုလို သိလေသည်။ ရေခဲတမျှအေးစက်သည့် မြေကြီးပေါ်တွင် ၈လသားဗိုက်လေးနှင့် တွေဝေမနေဘဲ ဒူးထောက်လိုက်ပြီး ယွဲ့တာ့ဖူလင်မယားကို တလေးတစားဖြင့် လက်ဖက်ရည် ကမ်းလိုက်တော့သည်။

“ အဖေ အမေ ကျေးဇူးပြုပြီး လက်ဖက်ရည်သောက်ပါရှင်”

ချွေးမအသစ်လေး ကမ်းပေးလိုက်သည့် လက်ဖက်ရည်ကို သောက်လိုက်ပြီးနောက် အဘွားချန်က ဝမ်ညန်အား အနီရောင်စာအိတ်ကို နှာခေါင်းရှုံ့ကာ ပေးလိုက်လေသည်။

“ အခု နင် ငါတို့ ယွဲ့မိသားစုအိမ်တံခါးကို ဝင်လာပြီဆိုတော့ နင့်ယောက်ျားကို ကောင်းကောင်း ပြုစုပြီး ငါ့ယွဲ့မိသားစုအတွက် မျိုးဆက်တွေ ပွားများအောင် လုပ်ပေးရမယ်”

“ဟုတ်ကဲ့ပါ ဝမ်ညန် အဖေနဲ့အမေကို ရိုသေလေးစားပြီး ဒုတိယအစ်ကိုကြီးယွဲ့ အစ်မကြီးစုကိုလည်း ကောင်းကောင်း လုပ်ကျွေးပြုစုပါမယ်၊ ဝမ်ညန် အမှားတစ်ခုခုလုပ်ခဲ့မိရင် ကျေးဇူးပြုပြီး သင်ကြားပေးပါရှင်”

ဝမ်ညန်သည် ရိုရိုသေသေဖြင့် ဦးချကန်တော့လိုက်လေသည်။ အံကြိတ်ထားရင်း ယွဲ့တာ့ဖူ ခေါင်းအညိတ်ကို စောင့်နေလိုက်ပြီးမှ ယွဲ့ချန်လု၏ အကူအညီဖြင့် အနည်းငယ် ယိမ်းထိုးကာ မတ်တတ်ရပ်လိုက်၏။

သည်နေ့သည် ဝမ်ညန်က အိမ်တံခါးသို့ ဝင်လာသည့်နေ့ဖြစ်သည်။ မြို့တွင် အလုပ်လုပ်နေသည့် ယွဲ့ချန်ဖူက အချိန်ပေးပြီး ခယ်မအသစ်လေးကို ပြန်လာတွေ့လေသည်။ သို့သော် မြို့နှင့်အဝေးတွင်နေသည့် ယွဲ့ချန်ရှို့မှာ နှစ်သစ်ကူးနီးလာသဖြင့် ဆိုင်တွင် အလုပ်များနေတော့သည်။ သူက ချည်သားပိတ်တစ်အုပ်ကို လက်ဆောင်အဖြစ် ပို့ပေးလိုက်၏။ တတိယမိသားစုကတော့ ပြန်မလာခဲ့ချေ။

ပထမမိသားစုကို တွေ့ဆုံနှုတ်ဆက်ပြီးနောက် ဝမ်ညန်က ယွဲ့ချန်လုကို ပြုံးကာ ပြောလိုက်၏။

“ ဒုတိယအစ်ကိုကြီး ကျွန်မ ယွဲ့အိမ်ကို ဒီနေ့မှဝင်လာတာဆိုတော့လေ အစ်မကြီးစုကို လက်ဖက်ရည်မကမ်းရသေးဘူး”

ခုတင်ပေါ်တွင် အမြဲတမ်းလဲလျောင်းနေသည့် အမျိုးသမီးစုကို ထုတ်ပြောလိုက်သည်တွင် ယွဲ့ချန်လု၏ တောက်ပနေသည့်မျက်နှာသည် ဖျတ်ခနဲရွံစရာကောင်းသလို ဖြစ်သွားတော့သည်။ သို့တိုင် သူသည် ဝမ်ညန်၏လက်ကို တင်းကြပ်စွာ ကိုင်ထားပြီး လွှတ်ပေးဖို့ စိတ်ကူးမရှိချေ။

“ သူ့ကို ယွဲ့မိသားစုက ဝယ်ထားတာလေ၊ သူက ညီမ ဘယ်လိုယှဥ်လို့ရမှာလဲ၊ လက်ဖက်ရည် ကမ်းရမယ်ဆိုရင် သူကပဲ လာပြီး ညီမကို ကမ်းပေးရမှာ”

ယွဲ့ချန်လု၏ဘက်လိုက်သည့်စကားကို ကြားလိုက်ရပြီးနောက် ဝမ်ညန် ကျေနပ်စွာ ပြုံးလိုက်လေသည်။ ထိုအချိန်အထိ သူမသည် အပေါ်ယံတွင် ချိုသာစွာ ပြောဆိုနေဆဲ။

“ ဘာပဲဖြစ်ဖြစ်လေ အစ်မကြီးစုက ဒုတိယအစ်ကိုကြီးကို အလုပ်အကျွေးပြုလာတာ ဆယ်နှစ်ကျော်ပြီ၊ အရင်ရောက်တဲ့သူက အရင်လေးစားခံရသင့်တာပေါ့ မဟုတ်ဘူးလား၊ ဒုတိယအစ်ကိုကြီးရယ် ကျေးဇူးပြုပြီး အစ်မကြီးစုကို နှုတ်ဆက်လို့ရအောင် ခေါ်သွားပေးပါနော်၊ မဟုတ်ရင် အပြင်ကလူတွေ သိသွားပြီး ကျွန်မက မသိတတ်ဘူးလို့ ပြောကြလိမ့်မယ်”

အလွန်သိတတ်သည့် သူမကို ကြည့်ရင်း သူမ၏ခန္ဓာကိုယ်ကိုသာ အပြည့်အဝ စိတ်ဝင်စားနေသည့် ယွဲ့ချန်လု၏ စိတ်တို့သည် သူမထံ အပြီးတိုင်ရောက်သွားတော့သည်။ သူမကိုတွဲကာ ပင်မဆောင်မှ ထွက်လာခဲ့ပြီးနောက် ထူထပ်နေသည့်နှင်းများကို ဖြတ်ကာ အနောက်ဆောင်တံခါးဆီသို့ လျှောက်လာကြလေသည်။

သည်နှစ်ဆောင်းသည် အရင်နှစ်များထက် ပိုအေးလေသည်။ ဆောင်းတွင်းအတွက် အဝတ်အစားများများ စားစား မရှိဘဲ ရာသီဥတုကလည်း အေးသဖြင့် ယိုကျင့်နှင့်ညီအစ်မများသည် တတ်နိုင်သမျှ အပြင်မထွက်ကြချေ။ သူတို့အားလုံး အနောက်ဆောင်၏ ခုတင်ပေါ်တွင် ပုန်းကွယ်နေကြ၏။

ယိုကျင့်နှင့် ယိုကျူးတို့သည် သည်နေ့ ဝမ်ညန် အိမ်သို့ ဝင်လာမည်မှန်း သိထားကြလေသည်။ တံခါးအပြင်ဘက် လှုပ်ရှားမှုကို ကြားလိုက်ရချိန်၌ ယိုကျူးက ယိုကျင့်ကို စိုးရိမ်တကြီး တစ်ချက်ကြည့်လိုက်ပြီး

“ စန်းကျဲ”

ယိုကျင့်က အသာအယာ ခေါင်းခါပြလိုက်၏။ ဒီအချိန်မှတော့ စိုးရိမ်နေလို့ ဘာအသုံးဝင်မှာလဲ။ ဒီနေ့က ယွဲ့ချန်လုရဲ့ အရမ်းပျော်ရတဲ့နေ့လေ။ သူတို့တွေ တစ်ခုခု လုပ်ရဲလုပ်ကြည့်ပါလား၊ ယွဲ့ချန်လုရဲ့ စိတ်ဆိုးမာန်ဆိုးနဲ့ ထစ်ခနဲ ဒေါသထွက်တတ်တဲ့အကျင့်ကြောင်း တစ်ခုခု ဖြစ်သွားလိမ့်မယ်။

ယွဲ့ချန်လုက တွဲထားပြီး ဝမ်ညန်သည် အနောက်ဆောင်သို့ ဝင်လာခဲ့လေသည်။ အခန်းထဲတွင် စုတ်တီးစုတ်ပြတ် ဝတ်စားထားသည့် မိန်းကလေးငယ်များ တန်းစီနေကြပြီး သူမကို တစ်ပြိုင်ထဲ ကြည့်လိုက်သည့်မြင်ကွင်းက သူမမျက်လုံးထဲ ဝင်လာ၏။ ထို့နောက် ယိုယွင်းနေသည့် အနောက်ဆောင်ကို သေသေချာချာ ကြည့်လိုက်ပြီး သူမစိတ်ထဲတွင် စက်ဆုပ်ဖွယ်ခံစားချက် ဖျတ်ခနဲ ပေါ်လာတော့သည်။ သို့သော် မျက်နှာပေါ်တွင်တော့ သိမ်မွေ့သည့်အပြုံးတစ်ခုကို ဆောင်ထားဆဲ။

“ ဒီကလေးလေးတွေလား”

ယွဲ့ချန်လုသည် သစ်သားရုပ်သေးရုပ်လေးများလို ရပ်ကာ သူတို့ကို ခပ်စိမ်းစိမ်းကြည့်နေသည့် ဆင်းရဲမွဲတေနေသည့် ကောင်မလေးများကို ကြည့်လိုက်ပြီး

“အခုအထိ အမေလို့ မခေါ်သေးဘူးလား”

သို့သော် ကောင်မလေးများသည် နှုတ်ခမ်းကို တင်းနေအောင် စေ့ထားကြလေသည်။ သူတို့ တစ်ယောက်စီသည် ယွဲ့ချန်လုနှင့် ဝမ်ညန်ကို ကြောက်စရာကောင်းအောင် စိုက်ကြည့်နေကြလေသည်။ သူတို့ကို အသေကိုက်သတ်ချင်စိတ်များ ဖြစ်နေ၏။ သူတို့မှာ ဘယ်လိုများ တစ်ဖက်လူလို ထိုသို့ လိုလိုချင်ချင် ခေါ်ချင်ပါမည်နည်း။

ယွဲ့ချန်လုက ပေါက်ကွဲတော့မည့်ဆဲဆဲ ဝမ်ညန်၏နူးညံ့သည့်လက်လေးက သူ့ကို ဆွဲလိုက်လေသည်။

“ဒုတိယအကို အခုမှ ကျွန်မတို့ ပထမဆုံးတွေ့ကြတာလေ၊ အစ်ကို့ကလေးတွေကလည်း ကျွန်မကလေးတွေပါပဲ၊ နောက်မှ ကျွန်မ သူတို့ကို ဖြည်းဖြည်းချင်းသင်ပေးလိုက်ပါမယ်။ အစ်ကို ကျွန်မကို အရင်ဆုံး အစ်မကြီးစု ဆီခေါ်သွားပေးပါလား”

အစပိုင်းတွင် ယွဲ့ချန်လုသည် သူ့ချစ်သူရှေ့တွင် မျက်နှာပျက်ရအောင်လုပ်သည့် ဆန်ကုန်မြေလေးများကို ဒေါသထွက်နေတော့သည်။ ထိုအရှက်ရသည့်စိတ်က ဝမ်ညန်၏ သိမ်မွေ့ကာ သိတတ်မှုကြောင့် မကြာခင်မှာပင် တည်ငြိမ်သွားတော့သည်။ ဝမ်ညန်ရဲ့လက်ကို လှည့်ကိုင်လိုက်ပြီး

“ အင်း အစ်ကို ညီမ စကားကို နားထောင်မယ်”

ထိုသို့ ပြောလိုက်ပြီးနောက် ဝမ်ညန်ကို ဖက်ကာ အမျိုးသမီးစုရှိရာ အတွင်းခန်းသို့ ဝင်သွားလိုက်တော့သည်။ အတွင်းသို့ မဝင်ခင် နောက်မှလိုက်ဝင်လာချင်နေကြသည့် ယိုကျင့်တို့ ညီအစ်မကို ကြမ်းတမ်းစွာ စိုက်ကြည့်လိုက်ပြီး သူတို့ရှေ့မှာပင် တံခါးကို အသေပိတ်လိုက်လေတော့သည်။

…

အပိုင်း (၂၇) စက္ကူကျားရုပ်

ယွဲ့ချန်လုသည် တံခါးပိတ်ကာ ကလေးများအား တားခဲ့သော်လည်း အခန်းသည် အသံသိပ်မလုံခြုံပေ။ ယွဲ့ယိုကျင့်တို့ ညီအစ်မများသည် အမျိုးသမီးစုအား ယွဲ့ချန်လုဇနီးမောင်နှံနှစ်ဦး အနိုင်ကျင့်မည် စိုးသောကြောင့် တံခါးနား၌ ကပ်ကာ နားထောင်နေကြသည်။

အနောက်ခြံ၏ အတွင်းခန်းထဲ၌ ၀မ်ညန်သည် အမျိုးသမီးစုအား သေချာကြည့်လိုက်သည်။ သူမ၏ဗိုက်သည် အလွန်ပင် ဖောင်းနေသောလည်း ခန္ဓာကိုယ်သည် အရိုးစုကဲ့သို့ ပိန်ပါးနေလေသည်။ သူမသည် ယွဲ့ချန်လု သတိမထားမိချိန်၌ အမျိုးသမီးစုကို အောင်နိုင်သူ အပြုံးမျိုး ပြုံးပြလိုက်သည်။ ဒီလိုမိန်းမကများ ငါနဲ့ပြိုင်ချင်တာလား။

သူမ၏စိတ်၌ ထိုသို့တွေးနေသောလည်း အပြင်ဘက်၌ ဟန်ဆောင်ရန်လိုသေးသည်။ ထို့ကြောင့် အမျိုးသမီးစုအား ဂါရ၀ပြုလိုက်သည်။ “၀မ်ညန် မမစုကို နဂါရ၀ပြုပါတယ်”

မျက်နှာမသာမယာဖြစ်ကာ ခုတင်၌ ထိုင်နေ‌သော အမျိုးသမီးစုသည် လှောင်ပြောင်သည့်အပြုံး တစ်ခုကိုသာ ပေးလိုက်သည်။

သူမ၏ အနည်းငယ်ကြည်လဲ့လဲ့ ဖြစ်နေသော မျက်၀န်းကို သေချာကြည့်ပါက လွန်ခဲ့သောရက်များတွင် မျက်ရည်ကုန်ခမ်းမတတ် ငိုခဲ့ကြောင်း သိနိုင်သည်။ သူမ၏စိတ်သည် လွင့်မျောနေကာ ကမ္ဘာမြေ၌ ကပ်တွယ်ချင်သည့် စိတ်ဆန္ဒ မရှိတော့ချေ။

ယခုရက်ပိုင်းအတွင်း၌ ယွဲ့ချန်လု၏ စိတ်အခြေအနေသည် ကောင်းမွန်နေပေသည်။ သူသည် ၀မ်ညန်အား ဖေးမလိုက်ရင်း အမျိုးသမီးစုကို မှာလိုက်သည်။

“၀မ်ညန်က မင်းထက် ‌အိမ်ကို နောက်ကျမှ၀င်လာပေမဲ့ မင်းရဲ့အကြီးပီသတဲ့ ပုံစံကို မပျောက်စေနဲ့။ နားလည်လား” ယွဲ့ချန်လုသည် ထိုသို့သာ ပြောနေသော်လည်း စိတ်ထဲ၌ မတည်မငြိမ် ဖြစ်နေလေသည်။ ဇနီးအသစ်ကို ခေါ်ယူရန် တရား၀င်ဇနီး၏ ခွင့်ပြုချက် လိုသည်ဖြစ်ရာ ထိုကိစ္စအတွက် ယခုရက်ပိုင်းအတွင်း၌ သူမအပေါ် လုံလောက်သည်အထိ ကောင်းပေးခဲ့သည်။

သို့သော် အမျိုးသမီးစု၏ မျက်ရည်ကျလုမတတ် အမူအရာက သူ၏နှလုံးသားအား ပြောမပြနိုင်သည့် ယားယံမှုကို ဖြစ်ပေါ်စေသည်။ “မင်းခေါင်းညိတ် သဘောတူရင် ငါတို့တွေ ကောင်းကောင်း ပြောလို့ရတယ်။ သဘောမတူလဲ အသုံးမ၀င်ဘူးဆိုတာ မင်းသိပါတယ်”

ဖြူဖျော့နေသည့် အမျိုးသမီးစု၏ မျက်နှာ၌ ကြောက်မက်ဖွယ် အကြုံးတစ်ခုပေါ်လာလေသည်။

“အဲဒါဆို ကျွန်မကို ဘာလို့ သဘောတူခိုင်းနေသေးလဲ။ ကျွန်မသဘောမတူခင်ကတည်းက သူက အိမ်ထဲ၀င်ပြီးနေ‌ပြီလေ” နီရဲနေသည့် လက်ဝါးရာတစ်ခုသည် အမျိုးသမီးစု၏ မျက်နှာ၌ ပေါ်လာသည့်တိုင် သူမသည် ယခင်အတိုင်း မတုန်မလှုပ်ဖြစ်နေဆဲပင်ဖြစ်သည်။

ယွဲ့ချန်လုသည် ဒေါသတကြီး ရိုက်ချကာ ‌”အောက်တန်းစား”ဟု ဆဲရေးသွားပေသည်။ ထို့နောက် ၀မ်ညန်ဘက်သို့ လှည့်ကြည့်သည့်အချိန်၌ သူသည် တစ်ဖန်နူးညံ့သွားပြန်သည်။

“ဒီနေရာက ညစ်ပတ်တယ်။ အဲ့အောက်တန်းစားမက မျက်နှာသာပေးတုန်း မလိုချင်မှတော့ ဘာမှ အပြစ်ရှိသလို ခံစားမနေနဲ့” ထို့နောက် ၀မ်ညန်အား ခေါ်ကာ သူတို့၏မင်္ဂလာဦးအခန်းသို့ သွားကြလေသည်။

မင်္ဂလာဦးခန်းထဲ၌ ၀မ်ညန်သည် ယွဲ့ချန်လု၏ လက်မောင်းကြား၌ အသာအယာ မှီနေရင်း ၀မ်းနည်းစွာ ပြောလေသည်။

“အစ်ကိုယွဲ့ မမနဲ့ကလေးတွေက ကျွန်မကို မကြိုက်ကြဘူးလား။ ကျွန်မရောက်လာလို့ အစ်ကို့ဘ၀လေး ပျက်စီးသွားတယ်ဆို ကျွန်မ ယွဲ့အိမ်ကနေထွက်သွားတာပဲ ကောင်းလိမ့်မယ်”

ထိုအချိန်၌ ယွဲ့ချန်လု၏ စိတ်ဝိညာဉ်နှင့် နှလုံးသားတစ်စုံသည် ၀မ်ညန်ကြောင့် လွင့်ထက်မတတ် တုန်လှုပ်သွားတော့သည်။ သူ၏အဖိုးတန်လေးအား အဘယ်ကြောင့် ထိုသို့သောကများ ခံစားစေရမည်နည်း။ ထို့ကြောင့် အသံနိမ့်ကာ ၀မ်ညန်အား ချော့မြူရသည်။

“၀မ်ညန် အရာအားလုံးအတွက် မင်းအနောက်မှာ အစ်ကိုရှိပါတယ်။ စိတ်အေးအေးထားပြီး ကလေးအာဟာရဖြစ်အောင်ပဲနေ ပြီးကျရင် အစ်ကို့အတွက် ၀၀တုတ်တုတ် သားလေးတစ်ယောက် မွေးပေးလေ။ အဲ့မိန်းမနဲ့ဆန်ကုန်မြေတွေအတွက် စိတ်ပူမနေနဲ့။ သူတို့က ဘာမှပြောရဲမှာ မဟုတ်ဘူး။ တကယ်လို့ အစ်ကိုတို့ကို စိတ်ရှုပ်အောင် လာလုပ်ရင် သူတို့ကို ရောင်းစားပစ်မယ်”

ယွဲ့ချန်လု၏ စကားများကို နားထောင်ပြီးနောက် ၀မ်ညန်သည် သူမ၏လက်ကို အမြန်ထုတ်ကာ ယွဲ့ချန်လု၏ နှုတ်ခမ်း၀၌ ပိတ်ထားလိုက်သည်။

“အဲ့လိုမပြောရဘူး။ ကျွန်မခင်ပွန်းကို ဇနီးနဲ့သားမယားတွေကို စွန့်ပစ်တယ်ဆိုတဲ့ နာမည်ဆိုးကြီး မတွင်စေချင်ဘူး။ ကျွန်မကအဲ့လောက် သဘောထား မသေးသိမ်ပါဘူး”

၀မ်ညန်ဆီမှ သာယာသိမ်မွေ့သော “ခင်ပွန်း” ဟု ခေါ်သံသည် ယွဲ့ချန်လုအား အရိုးထဲနစ်၀င်မတတ် မြတ်နိုးမှုများ ဖြစ်ပေါ်စေသည်။ ၀မ်ညန်၏ဘေးပတ်ပတ်လည်ရှိ လက်တို့သည် မလျော်ကန်စွာ ပြုမူလာတော့သည်။ “ကိုယ့်ရဲ့ လိမ္မာတုံးလေး ၀မ်ညန် ဒီနေ့က အစ်ကိုတို့ရဲ့ မင်္ဂလာဦးညလေ။ ဒီလိုညမျိုးမှာ အရေးမပါတဲ့လူတွေအတွက် အချိန်မဖြုန်းသင့်ဘူးမလား”

မှောင်ရီပျိုးစအချိန် ရောက်သည်နှင့် အနောက်ခြံ၀န်းရှိ ယွဲ့ချန်လုတို့၏ မင်္ဂလာဦးအခန်းမှ ဆူညံသံများ ထွက်ပေါ်လာလေသည်။ သားဖြစ်သူအား စစ်ဆေးရန် ရောက်လာသော အဘွားချန်သည် အပြင်မှ ကြားလိုက်ရသော ထိုအသံများကြောင့် ရှက်ရွံ့ကာ တံခါးကို ပိတ်ကန်လိုက်ပြီးနောက် ကတိုက်ကရိုက် ထွက်သွားလေသည်။

“ကိုယ်၀န်ရှိနေတာကို ထိန်းထိန်းသိမ်းသိမ်းနေရမှန်း မသိဘူး။ အရှက်မရှိလိုက်တာ”

အနောက်ခြံရှိ အမျိုးသမီးစု၏ အခန်း၌ ယိုကျင့်သည် အမျိုးသမီးစုနှင့် မျက်နှာချင်းဆိုင်ထားကာ နီရဲနေသည့် ဒဏ်ရာကို စိုက်ကြည့်နေသည်။ ထို့နောက် အယောင်သက်သာစေရန် အပူပေးထားသော ပဝါစကို မျက်နှာပေါ်သို့ ဖိနှိပ်ပေး‌ရသည်။ ယိုကျင့်သည် အမျိုးသမီးစုအား တီးတိုးပြောလိုက်လေသည်။

“အမေ အခုထိ အဖေက သူ့အမှားကို သိပြီး ပြင်မယ်လို့ ထင်နေတုန်းလား"

ရက်ပိုင်းအတွင်း၌ မျက်ရည်များ ကုန်ခမ်းသည်ထိ ငိုကြွေးပြီးခဲ့သော အမျိုးသမီးစုသည် ရုတ်တရက် ခေါင်းခါလိုက်သော်လည်း မည်သည့်အဖြေမှ မပေးခဲ့ချေ။

ဒဏ်ရာကို ပြန်ဆွခြင်းသည် နာကျင်မှန်း ယိုကျင့်သိသော်လည်း ထိုနည်းလမ်းက အကျိုးသက်ရောက်မှု ကောင်းပေသည်။ အမျိုးသမီးစု စိတ်ဓာတ်ကျနေသည့်တိုင် ယွဲ့အိမ်တော်မှ ထွက်သွားမည်ဆိုသည့် ယုံကြည်ချက်ကို ခိုင်မာလာစေရန် အကောင်အထည်ဖော်ရမည်။

“အမေ အခု အသက်ရှင်ချင်စိတ်တောင် မရှိမှန်း သိပါတယ်။ ‌ဒါပေမဲ့ စဉ်းစားကြည့်ပါဦး။ တကယ်လို့ အမေ မရှိရင် အမေ့ဗိုက်ထဲက ကလေးနှစ်ယောက်ကရော သမီးတို့ ညီအစ်မခုနှစ်ယောက်ကရော ဘယ်လိုလုပ်မလဲ။ အဲအချိန်ကျ အဖေနဲ့ အခြားအမေက သမီးတို့ကို ဖျက်ဆီးပစ်လိမ့်မယ်”

အမျိုးသမီးစု၏ မျက်၀န်းများ တုန်လှုပ်လာသည်ကို မြင်သည်နှင့် ယိုကျင့်သည် ထပ်မံတွန်းအားပေးရန် ကြိုးပမ်းလိုက်သည်။

“ပြီးတော့ သူကလည်း ကိုယ်၀န်ရှိနေတာနော်။ သူသာ သားလေးမွေးခဲ့ရင် သမီးတို့နေစရာတောင် ရှိပါဦးမလား။ အရင်က ယွဲ့မိသားစုနဲ့ အမေဘယ်လို လက်ထပ်ခဲ့ရလဲ မမှတ်မိတော့ဘူးလား”

မှန်ပေသည်။ မိဘနှစ်ပါး ဆုံးပါးမှုကြောင့် သူမသည် မီးတွင်းထဲသို့ ခုန်ဆင်းခဲ့ရခြင်းဖြစ်သည်။ သူမ၏ဦးလေးဖြစ်သူသည် ယွဲ့မိသားစုထံ ပစ္စည်းကဲ့သို့ ရောင်းထုတ်လိုက်လေသည်။ သူမ သေဆုံးသွားလျှင် သူမ၏သမီးများ မည်သို့ဖြစ်သွားမည်နည်း။ ဖခင်ဖြစ်သူ မသေသေးသော်လည်း ထိုအရာကပင် ပို၍ထိတ်လန့်ဖွယ် ဖြစ်နေသည် မဟုတ်လား။

သူမ၏ဆိုးရွားလှသည့် ကံကြမ္မာကို ပြန်တွေးမိကာ သမီးဖြစ်သူများ ထိုသို့ခံစားရမည်ကို မလိုလားပေ။ ခြောက်သွေ့နေသည့် အမျိုးသမီးစု၏ မျက်၀န်းများမှ မျက်ရည်များ ဖြေမဆည်နိုင်အောင် ကျဆင်းကာ ခေါင်းကို တသွင်သွင် ရမ်းနေတော့သည်။

“မဖြစ်ဘူး။ ငါသေလို့မဖြစ်ဘူး။ အမေသမီးတို့ကို တစ်ယောက်တည်း ပစ်ထားလို့မရဘူး....”

အမျိုးသမီးစု၏ မျက်၀န်း၌ အသက်ရှင်လိုသည့်စိတ် ပြင်းပြမှုကို ပြန်လည်မြင်တွေ့လိုက်ရသောကြောင့် ယိုကျင့်သည် စိတ်သက်သာရာရသွားတော့သည်။

သူမ၏နောက်ရှိတံခါး၌ ရပ်နေကြသော ညီအစ်မများသည် အထဲသို့ ၀င်လာကြကာ အမျိုးသမီးစု၏ရှေ့၌ တန်းစီရပ်ကြလေသည်။

“အမေ သမီးတို့က အမေ့သမီးတွေလေ။ တကယ် သမီးတို့ကို မလိုချင်တော့ဘူးလား”

အမေဖြစ်သူမှ မလိုချင်တော့ဘူးဟူသော စကားကိုကြားသည်နှင့် ရှောင်ပါးနှင့် ရှောင်ကျိုတို့သည် မျက်ရည်များ ဝဲကျလာလေသည်။ ထို့နောက် ခုတင်ပေါ်သို့ တွားသွား တက်လာကြပြီး အမျိုးသမီးစုအား ဘယ်တစ်ဖက် ညာတစ်ဖက်ဆီမှ တစ်ယောက်စီ တင်းကျပ်စွာဖက်ရင်း ငိုကြွေးကြလေသည်။

“သမီးတို့လိမ္မာပါ့မယ်။ အမေသမီးတို့ကို မပစ်ထားပါနဲ့။ အမေအသစ်မလိုချင်ဘူး။ မလိုချင်ဘူး”

ခုတင်အောက်၌ ရပ်နေကြသည့် ညီအစ်မများသည်လည်း နီရဲသည့်မျက်၀န်များဖြင့် တစ်ယောက်ပြီး တစ်ယောက် ငိုကြွေးကြလေတော့သည်။

“အမေ သမီးတို့ကို ပစ်မထားပါဘူး။ ဆယ်လနီးပါးလောက် လွယ်မွေးထားရတာပါ။ အမေ အသက်စွန့်ရမယ်ဆိုရင်တောင် သမီးတို့‌တွေ ထပ်ပြီး အနိုင်ကျင့်မခံရအောင် လုပ်ပေးမယ်”

အမျိုးသမီးစုသည် ယွဲ့မိသားစု၏ကြွက်တွင်း၌ ရုန်းကန်နေရသည့်သူဖြစ်ကာ သမီးဖြစ်သူများကို သူမကဲ့သို့ ဘ၀မျိုး၌ မနေထိုင်စေလိုခြင်းဖြစ်သည်။ ယခုအချိန်၌ အမျိုးသမီးစု၏ သန်မာသည့် မိခင်စိတ်မှာ နိုးထလာပြီဖြစ်သည်။

ယိုကျင့်သည် ပေတူးနေသည့် ကြောင်များကဲ့သို့ ငိုကြွေးထားသည့် ညီမငယ်များအား သန့်ရှင်းပေးရန် လက်ကိုင်ပဝါ‌တစ်ထည်ကို ယူလိုက်သည်။ ထို့နောက် သူမနှင့် ယိုရင်သည် အငိုသန်သည့် အရှုပ်ထုတ်နှစ်ကောင်အား အပြင်သို့ထုတ်ပြီး အမျိုးသမီးစု၏ အခြေအနေကို စစ်ဆေးရန် ပြန်လာခဲ့ကြသည်။

“အမေ ကိုယ်၀န်လွယ်ထားတာ ရှစ်လလောက်ရှိပြီ။ အခုအချိန်က အရေးကြီးတယ်။ သူတို့ဘက်က ဘာလုပ်လုပ် ဂရုမစိုက်နဲ့နော်”

အမျိုးသမီးစုသည် သူမ၏ဗိုက်ကို ငြင်သာစွာ ပွတ်သပ်လိုက်သည်။ ယခုသူမသည် မတူကွဲပြားစွာ နေထိုင်တော့မည်ဖြစ်သည်။ ပျော်ရွင်စွာဖြင့် သမီးဖြစ်သူအား ခေါင်းညိတ်ပြလိုက်သည်။

“အမေသိပါတယ်။ အမေ့အတွက် မဟုတ်တောင် မင်းတို့ညီအစ်မတွေအတွက် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှာပါ” ယိုကျင့်ကို ကြည့်နေသည့် အမျိုးသမီးစု၏ မျက်၀န်းများသည် ချစ်ခြင်းမေတ္တာတို့ ပြည့်၀နေသည်။ “အမေ ဒီနှစ်တွေမှာ ခေါင်းငုံ့ခံနေခဲ့တဲ့အတွက် သမီးလေး ပင်ပန်းခဲ့ရပြီ”

ယိုကျင့်သည် ခေါင်းရမ်းကာ ဆိုလေသည်။

“မပင်ပန်းပါဘူး အမေ။ အမေနဲ့ ညီမလေးတွေသာ အဆင်ပြေပြီး သမီးတို့မိသားစု ပျော်ရွှင်နေသ၍ ဘာပဲလုပ်ရလုပ်ရ တန်ပါတယ်” ယိုကျင့်၏ ယခင်ဘ၀၌ မိဘဖြစ်သူများသည် စောစီးစွာ ဆုံးပါးသွားလေသည်။ ဦးလေးဖြစ်သူ ရှိသော်လည်း ဆွေမျိုးဝေးပေသည်။ အတူ ထမင်းလက်ဆုံစားချိန်မှာ အားလပ်ရက်နှင့် နှစ်သစ်ကူးပွဲတော်မှသာ ဖြစ်သည်။ ယိုကျင့် လစ်လပ်ခဲ့သည့်အရာမှာ မိသားစု၏နွေးထွေးမှုသာ ဖြစ်ပေသည်။

ယခုဘ၀၌ သူမတွင် မိသားစု၀င်အများအပြား ရှိကာ ပြဿနာများသည်ဆိုသော်လည်း ထိုကလေးများ လမ်းစလျှောက်သည့်အရွယ်မှ အလိုက်သိပြီး ချစ်စရာကောင်းသော မိန်းမပျိုများ ဖြစ်သည်အထိ ကြီးပြင်းလာသည်ကို ကြည့်ရသည့် ပျော်ရွှင်မှုသည် သူမခံစားခဲ့ရသည့် ဒုက္ခများကို လှဲဖြိုနိုင်‌ပေသည်။ သူတို့အပေါ်၌ သူမ၏ချစ်ခြင်းမေတ္တာသည် အဆုံးအဆမဲ့ပေသည်။

..........

၀မ်ညန်သည် အပြင်ဘက်ရှိ ကောလာဟလများကို လျစ်လျူရှုကာ ယွဲ့အိမ်၏ အနောက်ခြံထဲသို့ ၀င်ရောက်လာခဲ့သည်။

ဆောင်းရာသီအလယ်တွင် အပြင်၌ ကြီးမားအေးစက်သည့် နှင်းမှုန်များ ကျဆင်းကာ လယ်သမားအများစုသည် အိမ်၌သာ ခိုအောင်းလျက် ရှိသည်။ အဘွားချန်ပြဿနာလာရှာသည့် အကြိမ်ရေ နည်းလာရခြင်းမှာ ရာသီဥတု အေးသောကြောင့်လည်း ဖြစ်နိုင်သည်။ ယိုကျင့်နှင့် ညီအစ်မများသည် အ၀တ်လျှော်ခြင်း၊ ထမင်းချက်ခြင်းကဲ့သို့ အိမ်မှုကိစ္စများကို ပြုလုပ်နေရဆဲဖြစ်သည်။

ချွေ့ဖုန်းမြစ်ရှိ ရေများသည် အေးခဲနေပြီဖြစ်သည်။ ဆောင်းရာသီ၌ လဲ၀တ်ရန် အ၀တ်အစားအနည်းငယ် ရှိပေသည်။ ရွာသားအများစုသည် ရေတွင်းဟောင်းမှာ ရေငင်ကာ လျှော်ဖွတ်ခြင်း၊ ချက်ပြုတ်ခြင်းများ ပြုလုပ်ကြသည်။

ယိုကျင့်နှင့် ယိုရင်သည် အ၀တ်များပြည့်နေ‌သော သစ်သားခြင်းတောင်းကို လွယ်ကာ အိမ်သို့ပြန်လာကြသည်။ တံခါးမမှ ၀င်ပြီးချင်းပင် အသံဖျော့ဖျော့ကို ကြားလိုက်ရ၍ ပင်မဆောင်မှ ထွက်လာသည် ၀မ်ညန်ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။

“အယ် ဒီလောက်အေးနေတာကို ရှောင်စန်းနဲ့ ရှောင်စစ်တို့ ဘာလို့ အ၀တ်တွေလျှော်နေကြတာလဲ။ ကိုယ့်ကိုယ်ကိုယ် အအေးမခံရဘူးလေ”

ယိုကျင့်နှင့်ယိုရင်သည် အ၀တ်ကောင်းများ ၀တ်ထားသည့် ၀မ်ညန်အား တစ်ချက်တည်းမော့ကြည့်ကာ အ၀တ်လှမ်းရန် ခြံ၏အနောက်ဖက်သို့ သွားကြလေသည်။

ယွဲ့မိသားစုသို့ ဝင်လာပြီးသည်နှင့် ၀မ်ညန်သည် ယွဲ့တာ့ဖူ လင်မယားဆီမှ မျက်နှာသာရရန် မနက်နှင့် ညနေပိုင်းများတွင် အပိုအလုပ်များ သွားလုပ်လေသည်။ သူမသည် အဘွားချန်အား ငွေလက်ကောက်တစ်စုံကို ကြိတ်မှိတ်ကာ ပေးလိုက်ပြီးနောက် အဘွားချန်သည် သူမအပေါ် ကောင်းကောင်း ဆက်ဆံလာပေသည်။ အခြားသူအား ကပ်ဖားတတ်သည့် အမျိုးသမီးချန်အနေနှင့် အကျိုးအမြတ် နည်းနည်းရသည်နှင့် တစ်ဦးနှင့်တစ်ဦး ညီအစ်မကောင်းများ ဖြစ်လာကြသည်။ ထိုသို့ဖြင့် ယွဲ့မိသားစု၌ ခြေကုပ်‌ယူနိုင်ပြီး ၀မ်ညန်ခံစားလာရသည်။

‌မမျှော်လင့်စွာပင် အမျိုးသမီးစုမွေးထားသော ထိုအောက်တန်းစားလေးများက သူမအား မခေါ်မပြောချင်ကြသည့်အပြင် မလေးမစား ပြုမူသေးသည်။ ပေါက်ကွဲထွက်တော့မည့် ဒေါသနှင့်အတူ ယိုကျင့်တို့နောက်သို့ လိုက်သွားလိုက်သည်။ “နင်တို့တွေ အခုချက်ချင်းရပ်စမ်း”

ယိုကျင့်သည် တကယ်ပင်ရပ်လိုက်ကာ ၀မ်ညန်အား အေးတိအေးစက် ကြည့်လိုက်သည်။ ယိုကျင့်၏အကြည့်များက သူမကို ပို၍ပင် ဒေါသထွက်စေခဲ့သည်။ လက်ကိုဆန့်ထုတ်ကာ ဆွဲရိုက်လိုက်သော်လည်း အံ့ဩစွာ ယိုကျင့်သည် အမြန်ဖမ်းလိုက်သဖြင့် ရပ်တန့်သွားရသည်။ ယိုကျင့်သည် သူမ၏လက်ကို တွန်းထုတ်လိုက်သည်။

“ရှင့်လက်တွေကို ကျွန်မတို့အပေါ် မရွယ်တာ ပိုကောင်းမယ်။ ကိုယ့်ဘာသာနေစမ်းပါ။ ယွဲ့မိသားစု ဘယ်လောက်ရှုပ်ရှက်ခတ်ခဲ့တယ်ဆိုတာ အပြင်လူမသိစေနဲ့”

တစ်စုံတစ်ယောက်အား ရိုက်နှက်ချင်သည့် ၀မ်ညန်သည် ပြန်လည်ဆုံးမခံလိုက်ရသည့်အတွက် အတွေးမများနိုင်ပေ။ သူမ၏ မျက်နှာကို ဖြတ်ရိုက်သည်ဟုသာ ခံစားလိုက်ရသည်(အရှက်ခွံခံရတာ)။ ဆောင်းလေအေးကြောင့် နီရဲနေသည့် သူမ၏လက်ညှိုးဖြင့် ယိုကျင့်အား ညွှန်လိုက်သည်။ “နင် အောက်တန်းစားမ တစ်နေ့နေ့ကျ နင့်ကိုကောင်းကောင်း ပညာပေးရမယ်”

“ဘယ်သူက ဘယ်သူ့ကို ပညာပေးမလဲ စောင့်ကြည့်နေမယ်နော်” ယိုကျင့်၏မျက်၀န်းများသည် သူမအား ဖောက်ထွင်းကြည့်နေသလိုပင် ခံစားရသည်။ ယိုကျင့်သည် စိတ်အေးသွားရသည့် ခံစားချက်မှာ ရှင်းမပြနိုင်ပေ။ ၀မ်ညန်သည် အားနည်းသည်ဟု စိတ်ထဲ၌တွေးလိုက်သည်။ ဝမ်ညန်သည် သူမ၏ခက်ထန်မာကြောသော ပုံစံကိုထိန်းကာ အခန်းထဲသို့ သူမ၏လေးလံသည့်ကိုယ်ကို ဆွဲယူလာရပေသည်။

၀မ်ညန် အလျင်စလို ထွက်သွားသည်ကို ကြည့်ရင် ယိုရင် စိုးရိမ်လာမိသည်။

“စန်းကျဲ သူကအဖေ့ကို သွားတိုင်ရင် ဘယ်လိုလုပ်မလဲ” ယိုရင်သည် ယွဲ့ချန်လုအား နာကျည်းနေပေသည်။ အကယ်၍ ၀မ်ညန်သာ ယွဲ့ချန်လုကို တိုင်လိုက်ပါက ယိုကျင့်အရိုက်ခံရမည်ကို စိတ်ပူနေခြင်း ဖြစ်သည်။

သို့သော်လည်း ၀မ်ညန် ခဏလေးနှင့် သရုပ်မှန် ပေါ်လာသည်ကို ကြည့်ကာ ယိုကျင့်သည် နှာခေါင်းရှုံ့မိလေသည်။ ယွဲ့ချန်လု၏ အပြုအမူများကြောင့် ၀မ်ညန်၏ ဟန်ဆောင်စွမ်းရည်မှာ မြင့်လောက်မည်ဟု ယိုကျင့် ထင်ထားခဲ့ပေသည်။ ၀မ်ညန်သည် အပြင်ပိုင်း သန်မာပုံပေါက်သည့် စက္ကူကျားရုပ်လေးသာ ဖြစ်ပေသည်။ ယိုကျင့်သည် ယိုရင်အား စိတ်သက်သာစေရန် တီးတိုးပြောလိုက်သည်။ “သူသွားတိုင်ရင် ငါလည်း ငါ့နည်းလမ်းနဲ့ငါ ရှိတယ်”

အစ်မဖြစ်သူ ပြောသည့်စကားကြောင့် ယိုရင်လည်း စိတ်လျှော့လိုက်လေသည်။ ညီအစ်မနှစ်ယောက်သည် ခန္ဓာကိုယ်ရှိ နှင်းမှုန်များကို ခါကာ အနောက်ခြံထဲသို့ အ၀တ်လှန်းရန် သွားကြလေသည်။ ဆောင်းရာသီ၌ ယွဲ့မိသားစု၏ အ၀တ်များအားလုံးကို လျှော်ဖွပ်ကာ အနောက်ခြံထဲ၌ လှန်းကြလေသည်။ အပူပေးခုတင် ရှိ၍သာ ကံကောင်းသည်ဟုဆိုနိုင်သည်။ မဟုတ်လျှင် ဆောင်းတွင်း၌ အနောက်ခြံထဲတွင် နေထိုင်ခြင်းသည် မည်မျှခက်ခဲမည်ဆိုတာ တွေးပင်မတွေးရဲပေ။

…

All Chapters