← Chapters

အခန်း (၃၁-၃၃)

Vol. 3 Ch. 31-33

အခန်း (၃၁-၃၃)

Vol. 3 Ch. 31-33

အပိုင်း (၃၁) ချစ်ကျွမ်း၀င်ခြင်း

ပင်မဆောင်၏ အပြင်တံခါးဆီသို့ လျှောက်သွားပြီးနောက် ယွဲ့ယိုထင်သည် ခဏရပ်ကာ ကိုယ့်ကိုကိုယ် အားပေးလိုက်သည်။ ထို့နောက် ပင်မဆောင်ထဲသို့ ခြေသံဖွဖွလေးဖြင့် ၀င်သွားလေသည်။

“အဘိုး အမေက လက်ဖက်ရည်ဆက်ဖို့ ပြောလို့ပါ”

ငှက်၏တေးဆိုသံကဲ့သို့ သာယာညင်သာသည့် ထိုအသံသည် လူ၏နှလုံးသားကို လှုပ်ခတ်နိုင်စွမ်း ရှိလှသည်။

သို့သော်လည်း ယွဲ့တာ့ဖူသည် ထိုအရာကို သတိမထားမိဘဲ သဘောတူလိုက်သည်။ “ဧည့်သည်တွေကို အမြန် လက်ဖက်ရည် ဧည့်ခံလိုက်”

ယွဲ့ယိုထင်သည် ယွဲ့တာ့ဖူအား အရင်ဆက်သပြီး အစ်ကိုနှစ်ယောက်ကို ဆက်သလိုက်သည်။ ထို့နောက် ကျိုးကျွမ်းဖန်တို့နှစ်ဦးအား ဧည့်ခံလေသည်။

“သခင်လေး လက်ဖက်ရည် သုံးဆောင်ပါဦး”

ကျိုးကျွမ်းဖန်သည် အညင်သာဆုံး ပြုံးပြလေသည်။

“သခင်မလေးယွဲ့ကို ဒုက္ခပေးမိပါပြီ” ရည်ရွယ်၍ဖြစ်စေ မရည်ရွယ်၍ ဖြစ်စေ လက်ဖက်ရည်ခွက်ကို လှမ်းယူသည့်လက်သည် ယွဲ့ယိုထင်၏ ပျော့ပျောင်းသွယ်လျသည့် လက်ဖဝါးကို ပွတ်တိုက်သွားလေသည်။ ခွက်ကိုကိုင်ထားသည့် ယွဲ့ယိုထင်၏လက်သည် အနည်းငယ်တုန်လှုပ်သွားကာ မျက်နှာ၌ အပူလှိုင်းတချို့ ဖြတ်သွားလေသည်။ အခန်းသည် အလင်းမှိန်သောကြောင့် ထိုအရာကို မည်သူမျှ သတိမထားမိကြပေ။

လက်ဖက်ရည်ဆက်ပြီးနောက် အပျိုဖြစ်သည့် ယွဲ့ယိုထင်အနေနှင့် လက်မဆက်ရသေးသော အမျိုးသားများနှင့်အတူ ပင်မဆောင်ထဲ၌ နေရန် မသင့်တော်ပေ။ သူမ၏ဖြည်းညင်းစွာ ထွက်ခွာသွားမှုအပေါ် တောက်လောင်သည့် မျက်၀န်းများနှင့် ကြည့်နေသည့် ကျိုးကျွမ်းဖန်အား တိတ်တဆိတ် ခိုးကြည့်လိုက်သည်။ စကားဝိုင်း၌ စိတ်ပါ၀င်စားနေကြသည့် ယွဲ့မိသားစု၀င်များသည် ထိုနှစ်ဦးသား၏ အဖြစ်အပျက်များကို သတိမထားမိခဲ့ကြချေ။

ယွဲ့ယိုထင် ထွက်သွားသည်နှင့် ကျိုးကျွမ်းဖန်သည် သူ၏တည်ငြိမ်သည့် သခင်လေးပုံစံသို့ ပြန်ရောက်သွားလေသည်။ ထိုလူသည် ယွဲ့တာ့ဖူအား ကျောင်းတော်၏ စိတ်၀င်စားဖွယ်ရာ ကိစ္စရပ်များကို ပြောပြနေသည့်ပင် ၀မ်ထောင်ကိုပင် အပြုံးလေးဖြင့် ၀င်ရောက် ကူညီပြောကြားနေလေသည်။ ယွဲ့ယိုထင်အား ရှင်းလင်းပြတ်သားစွာ စိုက်ကြည့်ခဲ့သည့်လူမှာ သူ မဟုတ်သည့်အတိုင်းပင် ဟန်ဆောင်နေခဲ့သည်။

ယွဲ့ယိုထင်သည် လင်ဗန်းကို သယ်ကာ ပင်မဆောင်မှ မီးဖိုချောင်သို့ ရှက်ရမ်းရမ်းကာ ပြန်လာခဲ့သည်။ အမျိုးသမီးချန်သည် သမီးဖြစ်သူ၏ ရှက်သွေးဖြာနေသော မျက်နှာကိုကြည့်ကာ ပျော်ရွှင်မှုများဖြင့် ပြည့်လျှံနေတော့သည်။ သူမ၏လက်သည် ညစ်ပေနေသည် ဟုတ်မဟုတ်ကို ဂရုမစိုက်ဘဲ ယွဲ့ယိုထင်အား ပုတ်လိုက်သည်။ “ဘယ်လိုလဲ သခင်လေးနှစ်ယောက်နဲ့ တွေ့ခဲ့လား”

ယွဲ့ယိုထင်သည် အမျိုးသမီးချန်၏ ညစ်ပေနေသည့်လက်များကို လင်ဗန်းဖြင့် ကာလိုက်လေသည်။

“အမေ အင်္ကျီတွေက အသစ်တွေနော်”

“သည်းကလည်း နူးညံ့နေလိုက်တာ” အမျိုးသမီးချန်သည် ထိုအပြုအမူအတွက် စိတ်မဆိုးခဲ့ချေ။ ပင်မဆောင်သို့ လက်ဖက်ရည်သွားပို့သည့် ကိစ္စကိုသာ သိချင်စိတ်များနေခဲ့သည်။

“အမေ့ကို အမြန်ပြောစမ်း။ သူတို့ကို အဝေးကကြည့်လိုက်တော့ ကောင်းကောင်း၀တ်စားထားတာပဲ။ ဒါပေမဲ့ ဘယ်လိုပုံစံလဲတော့ အမေသေချာမသိဘူး”

ယွဲ့ယိုထင်သည် သူမ၏လက်အား အမှတ်တမဲ့ထိခဲ့သည့် ကျောက်မျက်ကဲ့သို့ နူးညံ့ညင်သာသည့် အမျိုးသားအား ပြန်တွေးမိကာ ရှက်သွေးဖြာလာတော့သည်။

“အမေကလည်း ဘာတွေလာမေးနေတာလဲ”

မည်သို့ပင်ဖြစ်စေ အမျိုးသမီးချန်သည် အတွေးအကြုံရှိပြီးသူဖြစ်ကာ ထိုသို့ရှက်သွေးဖြာနေသော အမူအရာအားကြည့်ကာ သူမစီစဉ်သည့်ကိစ္စ၏ တစ်၀က်မျှသည် အခြေခိုင်သွားပြီဟု ဆိုနိုင်သည်။ သူမသည် အသာအယာ လက်ခုပ်တီးပြီးနောက် မေးလေသည်။ “အဲ့သခင်လေးနှစ်ယောက်က သမီးကို စကားပြောရဲ့လား”

“အမ် သခင်လေးကျိုးက ယဉ်ကျေးပျူငှာတယ်။ သမီးကို ကျေးဇူးတင်လိုက်သေးတယ်”

ထိုညင်သာသည့် အပြုအမူကို ပြန်တွေးကာ ယွဲ့ယိုထင်၏နှလုံးသားမှာ ပို၍လှုပ်ခတ်လာတော့သည်။

“သခင်လေးကျိုးက ကောင်းပါတယ်”

ထိုသို့ပြောပြီးနောက် ယွဲ့ယိုထင်သည် သူမ၏ခေါင်းကိုလှည့်ကာ အရှေ့ခြံ၀န်းထဲသို့ ပြေး၀င်သွားတော့သည်။ သမီးဖြစ်သူ၏ အပြုအမူများကို ကြည့်ကာ အမျိုးသမီးချန်သည် ယွဲ့ယိုထင်၏ စိတ်၀င်စားမှုကို သိရှိပြီးဖြစ်သည်။ အမျိုးသမီးချန်သည် မီးဖိုချောင်၌ အကျအနထိုင်ကာ အနာဂတ်သမက်လောင်းအတွက် ဟင်းလျာကောင်းကောင်းချက်ရန် ပြင်တော့သည်။

................

ယွဲ့ချန်ဟုန်သည် အမြန်ရောက်လာခဲ့သည်။ သူမ ရောက်သည်နှင့် ယွဲ့မိသားစု၌ အစားအသောက်များသည် အစဉ်သင့် တည်ခင်းပြီးသား ဖြစ်နေသည်။ ယွဲ့ချန်လုသည် နွားလှည်းကို အပြင်၌ ရပ်လိုက်လေသည်။ ယွဲ့ချန်လုနှင့် သူ၏သမီးများသည် နှင်းမှူန်များကဲ့သို့ အလွယ်တကူခါချ၍ ရပေသည်။ ထိုသို့ဖြင့် ယွဲ့အိမ်တံခါးကို အပြုံးလေးဖြင့် ဖွင့်လိုက်လေသည်။ လျှို့ဖူဖန်ကဲ့သို့ ပျော့ညံ့သည့် ယွဲ့ယိုထင်နှင့် ယှဉ်လျှင် ကောလျှို့အာ၏ အရပ်မရှည်သော်လည်း မျက်နှာဝိုင်းလေး၌ ကြီးမားသည့် မျက်၀န်းများနှင့် ရှက်သွေးဖြာနေသည်က နှစ်လိုဖွယ်ဖြစ်သည်။

ယွဲ့ချန်ဟုန်သည် မိခင်ဖြစ်သူ၏ ခေါ်ထုတ်မှုကို မသိသော်လည်း အဘွားချန်၏ မှာကြားမှုအတိုင်း သားအမိနှစ်ယောက်သည် အကောင်းဆုံး ပြင်ဆင်လာခဲ့ကာ ယွဲ့ချန်လု လာခေါ်သည်နှင့် ယွဲ့အိမ်သို့ လိုက်ပါခဲ့သည်။ သမီးဖြစ်သူအား ပန်းရောင်သန်းသည့် အပြင်၀တ်ကို ဆင်ယင်‌ပေးခဲ့သည်။ ကောလျှို့အာ၏ အင်္ကျီလက်စနှင့် ခါးနေရာတွင် ဝါဖျော့ဖျော့ ပန်းများသည် သပ်ရပ်စွာ ချုပ်လုပ်ထားပေသည်။ အဝေးမှ ကြည့်ရုံဖြင့် မိန်းမပျိုတစ်ဦး၏ ပြေပြစ်သည့်အလှကို ပေါ်လွင်စေနိုင်သည်။

အပြင်မှ အသံများကို ကြားသည်နှင့် အဘွားချန်သည် သမီးဖြစ်သူကို ကြိုဆိုရန် ထွက်လာခဲ့သည်။ မြေးဖြစ်သူနှင့် သမီးဖြစ်သူတို့ ကောင်းမွန်စွာ ၀တ်စားထားမှုကြောင့် အဘွားချန်သည် စိတ်ကျေနပ်စွာ ပြုံးလိုက်လေသည်။

“ဒီနေ့ မိသားစုက နှစ်သစ်ကူး သားသတ်ပွဲလုပ်တာလေ။ အထူးဧည့်သည်တွေလည်း ရောက်နေတော့ အမေ‌တို့ စကားမပြောခင် ဧည့်သည်တွေကို သွားတွေ့ရအောင်”

အထူးဧည့်သည်ဟူသော စကားကိုကြားသည်နှင့် ယွဲ့ချန်ဟုန်သည် စိတ်မလှုပ်ရှားဘဲ မနေနိုင်ချေ။

“အမေ ဘယ်က အထူးဧည့်သည်တွေ လာတာလဲ” သူမ၏မိသားစုသည် ဂုဏ်ထူးအာဏာမရှိကြောင်း ယွဲ့ချန်ဟုန်သိပေသည်။ ထို့ကြောင့် အဘွားချန်ပြောဆိုသည့်အခါ မယုံကြည်နိုင်ဖြစ်ခဲ့ရသည်။

“အဲဒါ ယွဲ့ထောင်တို့ရဲ့ အတန်းဖော်တွေလေ။ တစ်ယောက်က ကျိုးမျိုးရိုးတဲ့ မြို့စားကတော်ရဲ့တူ တော်တယ်။ နောက်တစ်ယောက်က လျှို့တဲ့ မြို့တော်မှာ ဖဲသားနဲ့ပိုးထည်တွေ ရောင်းတာ”

အဘွားချန်သည် သမီးဖြစ်သူအား သူမသိသမျှကို တီးတိုးပြောလိုက်သည်။

မြို့စားကတော်၏တူဟူသော စကားကြောင့် ယွဲ့ချန်ဟုန်၏ မျက်၀န်းများသည် တောက်ပလာလေသည်။

“တကယ်လား”

ကောလျှို့အာသည် ဆယ့်လေးနှစ်ခန့် ရှိပြီဖြစ်ကာ သင့်တော်သည့် မိသားစုကို ရှာရတော့မည်ဖြစ်သည်။ ထိုသခင်လေးများသာ အဆင်ပြေပါက စေ့စပ်ကြောင်းလမ်းကာ အသက်ပြည့်အခမ်းအနားပြီးသည်နှင့် လက်ဆက်၍ရပေသည်။

“အမေက သမီးကို စ စရာလား” အဘွားချန်သည် သူမ၏မြေးဖြစ်သူများအပေါ် မကောင်းမြင်တတ်သော်လည်း သူမ၏သမီးဖြစ်သူအား အဖိုးတန်ပုလဲကဲ့သို့ တန်ဖိုးထားပေသည်။ ကောင်းသည့်အရာများရှိသည်နှင့် သမီးဖြစ်သူကို ဦးစားပေး စဉ်းစားတတ်သည်။

“သခင်လေးနှစ်ယောက်ရဲ့ အသက်အရွယ်ကလည်း အနေတော်ပဲ။ မဟုတ်ရင် နင့်အစ်ကိုနဲ့ အမြန်ခေါ်ခိုင်းလိုက်ပါ့မလား”

သားအမိနှစ်ဦးမှာ လမ်းလျှောက်ရင်း တွက်ချက်နေကြလေသည်။ အတွေ့အကြုံ မရှိသေးသည့် ကောလျှို့အာသည် မိခင်ဖြစ်သူနှင့် အဘွားဖြစ်သူ၏ နောက်မှလိုက်ရင်း သူမ၏နှလုံးသားသည် ခုန်ပေါက်နေတော့သည်။ သူမ၏ရှက်ရွံ့မှုကြောင့် ခေါင်းငုံ့ကာ မိခင်ဖြစ်သူ ယွဲ့ချန်ဟုန်၏ နောက်မှ ခြေလှမ်းသေးသေးလေးဖြင့် ထပ်ကြပ်မကွာ လိုက်လာလေသည်။

............

နှင်းကျဆင်းမှုမှာ ရပ်တန့်သွားသော်လည်း အပြင်၌ အေးခဲနေသေးသည်။ ယွဲ့မိသားစု၏ပင်မဆောင်၌ တည်ခင်းဧည့်ခံရန် စားပွဲသုံးလုံး ပြင်ဆင်ထားပေသည်။ ရွာရှိဆွေမျိုးများနှင့် လာရောက်ကူညီကြသူများက စားပွဲတစ်ခုတွင် စုထိုင်ကြသည်။ ၀မ်ထောင်ညီအစ်ကိုနှင့် အထူးဧည့်သည်နှစ်ယောက်အား စားပွဲတစ်ခု၌ ဧည့်ခံထားပြီး ကျန်စားပွဲ၌ မိသားစုရှိ အမျိုးသမီးများက နေရာယူကြသည်။

ယွဲ့ချန်ဟုန် ရောက်သည့်အချိန်၌ ပင်မဆောင်တွင် လူများပြည့်နေပြီဖြစ်သည်။ ယွဲ့ချန်ဟုန်သည် နွေးထွေးစွာ ပြုံးရင်း ဆိုလေသည်။

“ဒီအချိန်လာရမဲ့အစား စောစောစီးစီး ကြိုတင်လာခဲ့ရင်ကောင်းသား”

“ကျွန်မယောက်မလေးက အဖေ အမေ‌အပေါ် တအားသိတတ်တာလေ။ အခုလို နှင်းတွေထူနေတဲ့ ရာသီဥတုမှာတောင် အရောက်လာခဲ့တာ။ ညီမလေး လမ်းမှာ ခဲမသွားဘူးမလား” အမျိုးသမီးချန်၏ နှလုံးသားသည် စိုးရိမ်မှုဖြင့် ကြောင့်ကျနေသော်လည်း ကြင်နာစွာ စကားဆိုလိုက်သည်။ ထိုအမျိုးသမီးအိုကြီးသည် ယွဲ့ချန်ဟုန်အပေါ်တွင် အလွန်ပင် မျက်နှာသာပေးလွန်းသည်။ ယွဲ့ချန်ဟုန်သည် အမှန်ပင် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလှသည်။ အခု သူမ စီစဉ်ထားသည့် လက်ထပ်ပွဲကိုပင် ပျက်စီးစေတော့မည်။

“အဖေနဲ့ အမေကို လာတွေ့ရုံတင်ပါ။ အဲ့လောက် ကြိုဆိုဖို့မလိုပါဘူး။ ဒီနေ့ဟင်းပွဲတွေ အကုန်လုံး အစ်မပြင်ထားတာလို့ကြားတယ်။ ခဏထိုင်ပြီး နားနေတာ ပိုကောင်းမယ်ထင်တယ်” ယွဲ့ချန်ဟုန်သည် အမျိုးသမီးချန်၏လက်ကို တည်ငြိမ်စွာ ပယ်ချကာ လူအုပ်ကြားထဲ၌ မျက်စိကစားလိုက်သည်။ ယွဲ့မိသားစု ညီအစ်ကို နှစ်ယောက်ထက်ပင် သားနားစွာ ၀တ်ထားသည့် လူငယ်နှစ်ဦးကို တွေ့သည်နှင့် သူမသည် ထိုနေရာသို့ သွားကာ နှုတ်ဆက်လိုက်သည်။

“တစ်ခါမှ မမြင်ဖူးတဲ့ လူသစ်လေးတွေပါလား။ မင်းတို့က ဘယ်မိသားစုက မျိုးဆက်တွေတုံးကွဲ့”

ကျိုးကျွမ်းဖန်သည် ယဉ်ကျေးစွာ ရပ်လိုက်ကာ အပြုအမူအပြည့်ဖြင့် နှုတ်ဆက်ဂါရ၀ပြုလိုက်သည်။

“ဒေါ်လေးယွဲ့ကို နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်က ကျိုးကျွမ်းဖန်ပါ”

ကျိုးကျွမ်းဖန်၏ အားအင်ပြည့်သည့် မျက်ခုံးကို ကြည့်ကာ ယွဲ့ချန်ဟုန်သည် ယောက္ခမမှ သမက်ဖြစ်သူကို ကြည့်နေရသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် ထိုကလေးကို ကြည့်လေလေ ပို၍သဘောကျလာလေဖြစ်သည်။ သူမသည်လည်း ‌ညင်သာစွာ တုံ့ပြန်လိုက်သည်။

“သခင်လေးကျိုးကို နှုတ်ခွန်းဆက်သပါတယ်။ ကျွန်မတို့အိမ်က ‌နယ်ဝေးရပ်ခြားဖြစ်နေတော့ တစ်ခုခု လိုအပ်တာရှိရင် ပြောသာပြောလိုက်ပါ။ ၀မ်ထောင် မင်းတို့တွေ ဧည့်သည်ကို သေချာဂရုစိုက်ဦးနော်”

အမျိုးသမီးချန်သည် ယွဲ့ချန်ဟုန်၏ ရင်းနှီးစွာ ပြုမူနေသည့် အမူအရာများကို တိတ်တဆိတ် ခနဲ့လိုက်သည်။ အမျိုးသမီးချန်သည် အစောပိုင်း၌ ယွဲ့ယိုထင်အား ပွဲထုတ်ထားသည့် သူမ၏လုပ်ရပ်ကို မေ့ကာ ယွဲ့ချန်ဟုန်၏လုပ်ရပ်များကို အထင်သေးကဲ့ရဲ့နေလေသည်။

ယွဲ့ချန်ဟုန်၏နောက်၌ ရပ်နေသည့် ကောင်းစွာပြင်ဆင်ထားသော ကောလျှို့အာကို ကြည့်ကာ အတွေ့အကြုံရှိသည့် အမျိုးသမီးများသည် သိသာထင်ရှားစွာ လှောင်ရယ်နေကြသည်။ အမျိုးသမီးချန်နှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးသည် သူမ၏အနားသို့ကပ်ကာ တီးတိုးပြောလေသည်။

“နင့်ယောက်မက ဘာတွေလုပ်နေတာလဲ။ သူ့သမီးကို ဘာကိစ္စဒီကိုခေါ်လာရတာလဲ”

အမျိုးသမီးချန်သည် တောင့်တင်းနေသော အပြုံးဖြင့် အံကြိတ်ကာ ပြောလေသည်။

“ငါက ဘယ်တတ်နိုင်မလဲ။ အမေကတအားကို ရက်ရောလွန်းတာလေ။ ဒီလောက်အလားအလာရှိတဲ့ လူငယ်လေးတွေ တွေ့တာနဲ့ ကိုယ့်မိသားစုရဲ့ မြေးတွေဖို့ မတွေးဘဲ သူ့သမီးကို အမြန် လှမ်းခေါ်လိုက်တာလေ”

အမျိုးသမီးသည် ထိုစကားများကြောင့် မျက်မှောင်ကျုံ့လိုက်သည်။

“နင်ကလည်း သူ့တူမအရင်းပဲလေ။ နင့်ယောက္ခမကလည်း လက်ထပ်ပြီးသွားတဲ့ သမီးကို ထောက်ပံ့နေတုန်းလား။ ဘက်လိုက်လွန်းတယ်”

အမျိုးသားများသည် သောက်စားရင်း တစ်ဦးကိုတစ်ဦး စနောက်ပျော်ပါးနေကြသည်။ ထိုလူများထဲမှ နှစ်ဦးသည် ၀က်သားကို ညှပ်ယူလိုက်ကာ လူအများ မကြားနိုင်အောင် အက်နေသည့်အသံဖြင့် တီးတိုးပြောနေကြသည်။

ပင်မဆောင်သည် အသက်၀င်နေသည့်အလျောက် ထိုအရာသည် ယိုကျင့်တို့ ညီအစ်မများနှင့် မသက်ဆိုင်ခဲ့ပေ။ ဟင်းများပြီးစီးသည်နှင့် အဘွားချန်သည် အသားများကို ပင်မဆောင်၌ တည်ခင်းမည့် ပန်းကန်ထဲသို့ လောင်းချကာ ယူသွားလေသည်။ ထိုအတွက် အိုးထဲ၌ ၀က်သားအစအနများ၊ အာလူးများနှင့် ဂေါ်ဖီထုပ်များသာ ကျန်ရှိပေသည်။

“ဒီနေ့ အထူးဧည့်သည်တွေ ရှိတယ်။ အထဲကိုသွားပြီး ကိုယ့်ကိုယ်ကိုယ်အရှက်ရအောင် မလုပ်နဲ့”

အဘွားချန်နှင့် ယွဲ့မိသားစုရှိ ကျန်လူများသည် ပင်မဆောင်၌ ထိုသို့ပါ၀င်ရခြင်းအား မြင့်မြတ်သည်ဟု ထင်နေကြသည်။ ဥပမာပြရလျှင် ၀မ်ညန်သည် ထိုနေရာသို့ ပါ၀င်ခွင့်မရှိခဲ့ချေ။ သူမသည်ထိုသို့ မပါ၀င်ရသည့်အတွက် ဒေါသထွက်နေခဲ့သည်။ ယွဲ့ချန်လုသည် ၀မ်ညန်အား နှစ်သိမ့်ပေးနေခဲ့သည်။ မိခင်ဖြစ်သူမှ ပင်မဆောင်သို့ ထမင်းစားရန် မခေါ်ခင်အထိ နှစ်သိမ့်ပေးခဲ့ပြီးနောက်တွင် စိတ်ရှုပ်နေသည့် ၀မ်ညန်ကို အခန်း၌ တစ်ယောက်တည်း ထားခဲ့လေသည်။

ယိုကျင့်နှင့် ညီအစ်မများသည် စိတ်လက်ပေါ့ပါးကာ ပျော်ရွှင်နေကြသည်။ သူမတို့သည် ထမင်းအပြည့် ဖြည့်ထားသော ပန်းကန်များနှင့် ပူနွေးနေဆဲ ဟင်းနှစ်ပွဲကို ယူကာ အနောက်ခြံထဲသို့ ပြန်လာကြသည်။ အပြင်ဘက်ခုတင်၌ မိခင်နှင့် သမီးရှစ်ယောက်တို့သည် ပျော်ရွှင်စွာ ရယ်မောရင်း ‌စားသောက်နေကြသည်။

နံရံတစ်ခုသာ ခြားနေသည့် ၀မ်ညန်သည် အခြားအခန်းရှိ စကားသံများနှင့် ရယ်သံများကို ကြားနေရပေသည်။ သူမအား လှောင်ရယ်နေသည်ဟုထင်မိကာ မျက်လုံးထောင့်မှ ကျဆင်းလာသည့် မျက်ရည်များကို တိတ်တခိုး သုတ်လိုက်သည်။

“လှောင်ထားကြပေါ။ တစ်နေ့ကျ နင်တို့ ဘယ်လောက်တောင် နိမ့်ကျသွားမလဲ ကြည့်ကြသေးတာပေါ့”

သူမ တိုးညင်းစွာ ကျိန်ဆဲနေရင်း စားပွဲပေါ်ရှိ ထမင်းဟင်းများကို ခြေမွှပစ်ချင်စိတ် ပေါက်လာသည်။ သို့သော် အသားရနံ့သည် သူမ၏နှာခေါင်းသို့ တိုး၀င်လာသည့်အပြင် တစ်မနက်ခင်းလုံး အစာ မစားရသေးသည့်အတွက် စားပွဲပေါ်ရှိ ပန်းကန်အား ဆွဲယူစားသုံးချင်စိတ်များ တဖွားဖွား ပေါ်နေလေသည်။

ယွဲ့ယိုကျင့်တို့ ညီအစ်မများက ပင်မဆောင်၌ ထမင်းမစားရသည့်အတွက် မည်သည်ကိုမျှ အတွ့န်တက်စရာ မရှိချေ။ ထို့အပြင် သူမတို့သည် စားပြီးသည်များကို သန့်ရှင်းဆေးကြောရန် တာ၀န်ရှိပေသည်။ အနောက်ခြံ၀န်းထဲ၌ ထမင်းစားပြီး နာရီ၀က်အကြာတွင် ယိုလော့နှင့် ယိုချောင်တို့သည် နှစ်ခြိုက်စွာ အိပ်ပျော်နေလေသည်။ ထိုအချိန်၌ ယိုကျင့်ကို အလုပ်လုပ်ရန် လာခေါ်သည့် ယွဲ့၀မ်ဝေ့၏အသံသည် အပြင်မှ ဟိန်းထွက်လာပေသည်။

“ယွဲ့ယိုကျင့် မြန်မြန်အလုပ်လာလုပ်”

ယိုကျင့်သည် ညီမငယ်များအား စောင်ခြုံပေးလိုက်ကာ ယိုကျင့်အား အခန်းထဲ၌ စောင့်ကြည့်ရန် မှာခဲ့သည်။ ယိုကျင့်သည် ပင်မဆောင်ထဲသို့ တစ်ယောက်တည်း သွားကာ တရိုတသေ ပြောလိုက်သည်။ “အဘိုး အဘွား သမီးသန့်ရှင်းစလုပ်တော့မယ်နော်” အပြင်လူများ၏အမြင်၌ ယိုကျင့်သည် အလိုက်သိကာ လိမ္မာလှသည့် မိန်းကလေးဖြစ်သည်။

သူမတို့ကို ဟင်းကူချက်ပေးရန် လာသည့် အဒေါ်မှ အဘွားချန်အား ချီးကျူးလိုက်လေသည်။

“အရီးကြီးက တကယ်ကံကောင်းတာပဲ။ ဒုတိယမိသားစုက ကလေးတွေက ဒီလောက်သေးသေးလေးနဲ့ လုပ်တတ်ကိုင်တတ်နေပြီ။ အရီးကြီးက ကလေးတွေကို ဘယ်လိုသင်ပြရမလဲ ကောင်းကောင်းသိတာပဲ”

အခန်းထဲရှိ အမျိုးသမီးများသည် ပါးနပ်သူများ ဖြစ်ကြသည်။ ပုံမှန်အားဖြင့် အခန်းရှိ ခပ်တုံးတုံး ယောက်ျားသားများ မသိနားမလည်ကြပေ။ စားပွဲ၌ ထိုင်နေသည့် ကောလျှို့အာနှင့် ယွဲ့ယိုထင်အား သူမတို့ မမြင်ချင်ယောင်ဆောင်လို့ရမည်လား။ အဘွားချန်တို့၏ ရည်ရွယ်ချက်သည် သိသာလွန်းပေသည်။ သူမတို့သည် တစ်ရွာတည်းသားများ ဖြစ်ကာ ပါးစပ်အနည်းငယ်လှုပ်၍ ချီးမွမ်းပြောဆိုပေးခြင်းသည် အပန်းကြီးစရာအလုပ် မဟုတ်ပေ။ သူမတို့ ထိုသို့ပြုလုပ်ခြင်းကြောင့် တစ်ဖက်လူလည်း အကောင်းမြင်ခံရကာ သူမတို့လည်း ပိုသင့်မြတ်နိုင်ပေသည်။

အဘွားချန်သည်လည်း မြှောက်ပင့်ခံရခြင်းကို ကြိုက်နှစ်သက်သူဖြစ်သည်။ သူမကို အခြားလူများက လူအများရှေ့တွင် ချီးမွမ်းနေကြသည့်အတွက် ရင်၌ ပန်းများပွင့်နေလေသည်။ သို့သော် အပြင်၌ သာမန်အပြုံးကိုသာ တပ်ဆင်ထားလေသည်။ “ဒီတိုင်း သာမန်ပါပဲ။ အဲလောက် ချီးကျူးဖို့မလိုပါဘူး”

ယိုကျင့်သည် ကိုယ့်ကိုယ်ကိုယ်နှိမ့်ချကာ အချင်းချင်းမြှောက်ပင့်နေကြသည့် မြင်ကွင်းအား ကြည့်ရှုရန် စိတ်မပါသည့်အတွက် ပန်းကန်အလွတ်များကိုသာ တစ်ချပ်ချင်း သိမ်းရင်း သစ်သားဇလုံထဲ၌ ထည့်လိုက်သည်။ ထို့နောက် သူမ၏လက်နှစ်ဖက်ဖြင့်မကာ ထွက်သွားတော့သည်။

…

အပိုင်း (၃၂) မနာလိုခြင်း

ထိုအချိန်တွင် ဘေးတွင်ထိုင်နေသည့် ကျိုးကျွင်းဖုန်က ရုတ်တရက် ထရပ်လိုက်ပြီးနောက် ယိုကျင့်ဆီ လျှောက်သွားကာ

“ ညီမလေး အစ်ကိုကူသယ်ပေးမယ်လေ”

ယိုကျင့်က ဘာမှမပြောရခင်မှာပင် ယွဲ့ယိုထင်းနှင့် ကောလျှို့အာ တို့သည် ချက်ချင်းထခုန်ကာ တစ်ပြိုင်နက်တည်း အော်လိုက်ကြလေသည်။

“မလိုပါဘူး”

ရုတ်တရက်လှုပ်ရှားမှုကြောင့် အခုလေးတင်မှ လူခွဲခဲ့ကြသည့် အမျိုးသမီးများမှာ လန့်ဖျပ်သွားတော့သည်။ လူတိုင်း၏မျက်လုံးများက သူတို့ကို ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် နှစ်ယောက်လုံးသည် ချက်ချင်း ရှက်သွားကာ ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမည်မသိ ဖြစ်နေတော့သည်။

ယွဲ့ချန်ဟုန်က အရင်ဆုံး ပြန်လှည့်လာခဲ့လေသည်။ သူမသည် ယိုကျင့်နှင့် ကျိုးကျွင်းဖုန်ကြားတွင် ပြုံးကာ ရပ်လိုက်၏။ သူမ၏ဖင်ဖြင့် ယိုကျင့်ကို တမင်တွန်းလိုက်လေသည်။ အပေါ်ယံတွင်တော့ သူမသည် ဘာအရိပ်အယောင်မှ မပြချေ။

“ လူလေးကျိုး ဒီလိုအလုပ်တွေက မိသားစုက လုပ်ရမှာပါကွယ်၊ လူလေးက ထူးခြားတဲ့ဧည့်သည်လေ၊ အဒေါ်တို့က လူလေးရဲ့လက်ကို ညစ်ပတ်အောင် လုပ်လို့ ဘယ်ဖြစ်မလဲ ဟုတ်တယ်မလား၊ ဝမ်လီပြောတာ ကြားလိုက်ပါတယ် သူက လူလေးတို့ကို တစ်နေရာမှာကစားဖို့ ခေါ်သွားမလို့ဆိုလား၊ လင်းချင်းတုန်းက အပြင်ထွက်လည်ကြပါလားကွဲ့”

သူမသည် ဝမ်ထောင်ကို မျက်လုံးမှိတ်ပြလိုက်၏။ ယွဲ့ဝမ်ထောင်ကလည်း ချက်ချင်း သဘောပေါက်သွားတော့သည်။

“ ဟုတ်တယ် ကျွမ်းလိ လူကြီးလူကောင်းဆိုတာ မီးဖိုဆောင်နဲ့ ခပ်ဝေးဝေးနေရတယ်တဲ့၊ ဒီအလုပ်တွေကို သူတို့လုပ်ပါစေ ငါမင်းကို ချွေ့ဖုန်းမြစ်မှာ ကစားဖို့ ခေါ်သွားပေးမယ်လေ”

‘ကစားမယ်’ ဟူသည့်စကား ကြားလိုက်သည်နှင့် အနည်းငယ်ပျင်းနေသည့် လျိုရို့ရှန်း တစ်ဖန် ခေါင်းထောင်လာတော့သည်။

“ ဟုတ်တယ်၊ အပြင်မှာ သွားကစားကြရအောင်”

အားလုံးက သဘောတူနေသဖြင့် ကျိုးကျွမ်းဖုန် ဘာမှ မတတ်နိုင်တော့ချေ။ ယွဲ့ချန်ဟုန် ကာထားသည့် ယွဲ့ယိုကျင့်ကို တောင်းပန်သည့်အပြုံးဖြင့် နှုတ်ဆက်လိုက်ပြီး ယွဲ့ဝမ်ထောင်နှင့် တခြားလူများနောက် လိုက်သွားလိုက်တော့သည်။

သူတို့ ထွက်သွားကြသည်ကို တွေ့လိုက်ရာ အမျိုးသမီးချန်၏စိတ်တို့သည် လှုပ်ရှားသွားပြီး ယွဲ့ယိုထင်းကို မြန်မြန်တွန်းလိုက်လေသည်။

“ ယိုထင်းက ရွာမှာ နေလာတာကြာပြီလေ၊ သူက နေရာတိုင်း ရောက်ဖူးတယ်၊ ယိုထင်းကို နင်တို့နဲ့ ခေါ်သွားလိုက်ကြ”

အမျိုးသမီးချန်၏ အလွန်ရုတ်ခြည်းဆန်စွာ တွန်းခံလိုက်ရသဖြင့် ယိုထင်းသည် အနည်းငယ် ယိုင်သွားတော့သည်။ ကံအားလျော်စွာ သူမနှင့်အနီးဆုံးတွင် ရပ်နေသည့် ကျိုးကျွမ်းဖုန်က လက်ကို ဆန့်ကာ လှမ်းထိန်းပေးလိုက်လသေည်။

သူမ မတ်မတ်ရပ်နိုင်ပြီဆိုမှ ကျိုးကျွင်းဖုန်သည် သူမကို လွှတ်ပေးလိုက်၏။

“ အပြစ်ပြုမိပြီ မိန်းကလေးယွဲ့ သတိထားနော်”

ယွဲ့ယိုထင်းသည် အလွန်လှပသည်မဟုတ်သော်လည်း သိမ်မွေ့ကာ ဆွဲဆောင်မှုရှိသေးသည်။ သူမ ရှက်သွေးဖြာသွားပြီး ခေါင်းငုံံကာ ရေရွတ်လိုက်လေသည်။

“ ကျေးဇူးတင်ပါတယ် သခင်လေးကျိုး”

နှစ်ယောက်သားကို လိုက်ဖက်စွာ တွေ့လိုက်ရသဖြင့် ယွဲ့ချန်ဟုန်က အနည်းငယ် အလိုမတူ ဖြစ်သွားတော့သည်။ သူမသည် တခြားလူများကို လမ်းခင်းပေးလိုက်သလို ခံစားလိုက်ရတော့သည်။ သူမသည် ကောလျှို့အာကို မြန်မြန်ဆွဲထုတ်လိုက်ပြီး

“ လျှို့အာလည်း အပြင်ထွက်ခဲတယ်၊ အခု နင်တို့တွေ ကစားဖို့ အခွင့်အရေးရတုန်းလေး ဝမ်ထောင် လျှို့အာကို နင်တို့လမ်းလျှောက်သွားရင် ခေါ်သွားလိုက်နော်”

နေရာတွင်ပင် ဝမ်ထောင်သည် ကျိုးကျွင်းဖုန်နှင့် လျိုရို့ရှန်းကို တစ်ချက်ကြည့်လိုက်လေသည်။ နှစ်ယောက်လုံး ဘာမှမပြောကြသဖြင့် သူခေါင်းညိတ်ပြလိုက်လေသည်။ ယောက်ျား လေးယောက်နှင့် မိန်းမ နှစ်ယောက် ပါသည့်အဖွဲ့သည် ချွေ့ဖုန်းမြစ်ဆီသို့ သွားလိုက်ကြတော့သည်။

***

လူငယ်များကို ပို့လိုက်ကြပြီးနောက် မျိုးနွယ်က လက်ထပ်ပြီးသားမိန်းမများသည် သူတို့ကို ပြုံးကာ နှုတ်ဆက်လိုက်ကြလေသည်။ တစ်ချိန်ထဲမှာပင် အဘွားချန်၊ သူမ၏သမီးနှင့် အမျိုးသမီးချန်တို့သည် ပင်မဆောင်မှ ထွက်သွားကြတော့သည်။

အားလုံးထွက်သွားသည်ကိုတွေ့လိုက်ပြီးနောက် ယွဲ့ချန်ဟုန်၏ သိမ်မွေ့သည့်အပြုံးသည် မျက်နှာပေါ်က တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ သူမသည် ဖောင်းအစ်နေသည့်မျက်လုံးများဖြင့် အမျိုးသမီးချန်ကို ခပ်စိမ်းစိမ်းကြည့်လိုက်လေသည်။

“ ယောက်မကြီး ရှင်ဘာလုပ်တာလဲ”

ယွဲ့ချန်ဟုန်သည် ဒီယောက်မကို ဘယ်တုန်းကမှ မကြိုက်ခဲ့ချေ။ အမျိုးသမီးချန်သည် ယွဲ့မိသားစုနှင့် လက်မထပ်ခင်က ဝမ်းကွဲညီအစ်မများ ဖြစ်စဥ်က အမြဲလိုလို သူမနှင့် လိုက်ပြိုင်တတ်လေသည်။ သူမသမီးဖြစ်သူ၏ လက်ထပ်ဖို့အရေးကိုပင် လိုက်တိုက်ခိုက်နေလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပါလား။

အမျိုးသမီးချန်သည် ယွဲ့ချန်ဟုန်ကို ဘာမှမသိသည့်မျက်နှာထားဖြင့် ကြည့်လိုက်သည်။

“ ညီမလေးရယ် နင် ဘာပြောနေမှန်းကို နားမလည်တာပါ၊ အစ်မ ဘာလုပ်မိလို့လဲ”

သူမ ဝန်မခံသည်ကို တွေ့လိုက်ရပြီး ယွဲ့ချန်ဟုန်သည် အဘွားချန်းနား ကပ်ကာ သူမ၏လက်မောင်းကို ဆွဲဖက်လိုက်လေသည်။

“ အမေ ယောက်မကြီးကို ကြည့်ပါအုံး၊ အမေက လျှို့အာ ကြီးလာတာကို မြင်နေရတာပဲ၊ သူ့ရုပ်ရည်နဲ့ အကျင့်စရိုက်က ဘာမှားနေလို့လဲ၊ ဒီအခွင့်အရေး လွတ်သွားရင် လျှို့အာက နောက်ဆို သမီးကို အပြစ်တင်နေတော့မှာမလား”

အဘွားချန်သည် ယွဲ့ချန်ဟုန်ကို ကာကွယ်ပေးလိမ့်မည်က ပြောရန်ပင် မလိုချေ။ သူမသည် သူမ၏အင်္ကျီလက်ကို ဆွဲထားသည့် ယွဲ့ချန်ဟုန်၏လက်ကို ပုတ်လိုက်လေသည်။ ထို့နောက် အမျိုးသမီးချန်ကို ဒေါသရိပ်ဖြင့် ကြည့်လိုက်လေသည်။

“ နင့်စိုးရိမ်နေတဲ့မျက်နှာကို ကြည့်အုံး၊ နင့်စိတ်ကူးကို ဘယ်သူမှ မမြင်ဘူးလို့ ထင်မနေနဲ့၊ ငါ့မှာ ဒီသမီးလေးတစ်ယောက်ပဲရှိတာ နင်က ငယ်ငယ်ကတည်းက သူနဲ့ ရန်ဖြစ်ရတာ ကြိုက်နေတယ်၊ နင် ပြဿနာ မရှာရင် ငါဝင်ပါဖူးလို့လား၊ နင့်တစ်ဘဝလုံး ရန်ဖြစ်လာတာ ဒီတစ်ခေါက်တော့ ချန်ဟုန်ကို ပေးလိုက်”

အမျိုးသမီးချန်သည် လက်မခံချေ။ သူမသည် လက်နှစ်ဖက်ကို ခါလိုက်ပြီး ခုတင်ပေါ်တွင် ထိုင်ကာ ငိုကြွေးတော့သည်။

“ ဘုရားရေ ကျွန်မဘယ်တုန်းက ယွဲ့ချန်ဟုန်ကို အနိုင်ကျင့်လို့လဲ၊ အမေ့ရဲ့ ဒီစကားဟောင်းတွေနဲ့ သေတဲ့အထိ အစွပ်စွဲခံနေရတော့တာပဲ”

“ အော်ဟစ်မနေနဲ့၊ နင် ငါတို့တွေကို တစ်ရက်လောက် နားအေးပါးအေး ထားပေးလို့ မရဘူးလားဟဲ့”

အဘွားချန်သည် သူမ အော်ဟစ်ပေါက်ကွဲနေသည်ကို မကြောက်ချေ။

“ ဒီလိုပဲ မှတ်လိုက်ပြီ၊ နင် ခဏနေရင် ယိုထင်းကို ပြန်ခေါ်လိုက်တော့”

အဘွားချန်သည် သမီးဖြစ်သူနှင့် ချွေးမဖြစ်သူတို့က သူမစကားကို နားထောင်ကြမှန်း သိပြီးဖြစ်သည်။ ထို့ကြောင့် သူမသည် အမျိုးသမီးချန်၏ ခြောက်ကပ်ကပ် အော်ဟစ်သံကို အလျှော့မပေးချေ။

အမျိုးသမီးချန်ကလည်း အဘွားချန်က သူမကို သည်တစ်ကြိမ်တွင် ဤမျှရက်စက်လိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူမစိတ်လှုပ်ရှားသွားပြီး ပြောလိုက်လေသည်။

“ အမေ ကျွန်မတို့ ယိုထင်းကလည်း အမေ့မြေးမလေးပဲလေ မဟုတ်ဘူးလား၊ သခင်လေးကျိုးကလည်း လျှို့အာကို သဘောကျပါတယ်လို့ မပြောခဲ့ဘူးလေ ဟုတ်တယ်မလား၊ တကယ်လို့ သခင်လေးကျိုးက လျှို့အာကို သဘောကျတယ်လို့ တန်းပြောခဲ့ရင် ကျွန်မလည်း ယိုထင်းကို သူ့နောက် လိုက်မသွားခိုင်းပါဘူး”

ယွဲ့ချန်ဟုန်၏ မျက်နှာထားက ရှုံ့မဲ့လာသည်ကို တွေ့လိုက်ရဖြင့် အမျိုးသမီးက သံပူတုန်း မီးထပ်ထိုးလိုက်တော့သည်။ (ပြောလက်စ ပြီးအောင်ပြောလိုက်တယ်)

“ အမေရယ် စဥ်းစားကြည့်ပါ၊ တကယ်လို့ သခင်လေးကျိုးက ယိုထင်းကို ချစ်နေတာကို အမေက ယိုထင်းကို သူနဲ့မတွေ့အောင် အပြင်ပေးမထွက်ဘူးဆိုရင် အမေ လက်ထပ်ပွဲတွေအများကြီး ဖျက်သိမ်းလိုက်တာပဲ”

“ဖွီး နင် ချန်သခင်မရဲ့သမီးကပဲ ရွှေလို့ထင်နေတာလား၊ သခင်လေးကျိုးက နင့်မိသားစုက အရိုးပေါ်အရေတင်မလေးကို ကြိုက်မှာလဲ”

ယွဲ့ချန်ဟုန်သည် ကြောက်စရာကောင်းလောက်အောင် မြေကြီးပေါ် တံတွေးထွေးချလိုက်ပြီး

“ လေလေးနည်းနည်း တိုက်လိုက်တာနဲ့ လွင့်ပါသွားမဲ့ အားအင်မရှိ ပဲပင်ပေါက်လေးကများ၊ သစ်ကိုင်းအမြင့်ပေါ်ကို တက်ချင်သေးတာတဲ့လေ”

“ နင်ကရော သစ်ကိုင်းအမြင့်ပေါ် မတက်ချင်လို့လား၊ ဒါဆိုရင် ဘာလို့ ဒီကိစ္စလေးကို ငါနဲ့လာရန်ဖြစ်နေသေးလဲ”

အမျိုးသမီးချန်သည် သူမကို အလွန်စိတ်ဆိုးလေရာ စတင် ကုတ်ခြစ်တော့သည်။ သို့သော် အဘွားချန်၏ မြန်ဆန်သည့် လက်နှင့် မျက်လုံးတို့ဖြင့် အမျိုးသမီးချန်၏ ဆန့်ထွက်လာသည်လက်ကို ရိုက်ချလိုက်လေသည်။

“ ပြဿနာရှာလိုက်တဲ့ဟာတွေ၊ အားလုံးထိုင်ကြ”

အဘွားချန်သည် အမှန်ပင် အနည်းငယ်ဒေါသထွက်နေသည်ကို တွေ့လိုက်ရသဖြင့် အမျိုးသမီးချန်သည် ပါးစပ်ကို ပိတ်ကာ ထိုင်ချလိုက်တော့သည်။ အဘွားချန်၏ နောက်တစ်ခွန်းက သူမကို တော်တော်စိတ်အေးသွားစေတော့သည်။

“ ယောက်မကြီးက လွန်တယ်ဆိုရင်တောင် သူပြောတာလဲ ကျိုးကြောင်းသင့်တာပဲလေ၊ အခုလောလောဆယ် သခင်လေးကျိုးက ဘယ်သူ့ကို သဘောကျမှန်း မသိသေးဘူး၊ ခဏလောက် အပြင်ထွက်လည်ကြတာပဲ ရှိတာ၊ ဒီကိစ္စကို ဒီမှာပဲ ထားလိုက်ကြတော့၊ ဒါပေမဲ့ သခင်လေးကျိုးက သူ့သဘောထားကို ထုတ်ပြောလာရင်တော့ ကျန်တဲ့သူက ပြဿနာမလုပ်ရဘူးနော်”

အဘွားချန်သည် တည်တည်ငြိမ်ငြိမ်လေသံဖြင့် ပြောလိုက်လေသည်။ ထို့နောက် မကျေမနပ် ဖြစ်နေသည့် ယွဲ့ချန်ဟုန်ကို နှစ်သိမ့်လိုက်၏။

ယွဲ့ချန်ဟုန်သည် အစက တစ်ခုခုပြန်ပြောချင်လိုက်သော်လည်း အဘွားချန် လှမ်းကြည့်လိုက်သည်ကို တွေ့လိုက်ရသဖြင့် ဘာမမှ မပြောတော့ချေ။ ဒေါသထွက်ရင်းသာ ခုတင်စွန်းတွင်ထိုင်ရင်း အားလုံးကို လျစ်လျူရှုထားလိုက်တော့သည်။

***

ချွေ့ဖုန်းမြစ်သို့ သွားလိုက်သည့် လူငယ်လေးများဖက်တွင်တော့ သူတို့သည် ချွေ့ဖုန်းမြစ်နား ရောက်သွားချိန်၌ ရွာကကလေးများက ဘုတ်ပြားများကို ကိုင်ကာ အပေါ်မှ လျှောစီးလာကြသည့်မြင်ကွင်းက နှုတ်ဆက်နေလေသည်။ ဆယ်ပေထပ် မြင့်လိမ့်မည်။

လျိုရို့ရှန်းသည် အသစ်အဆန်း ဖြစ်သွားတော့သည်။ ထို့ထက် သူ့အကျင့်ကိုက အဆော့မက်လေသည်။ သူသည် ယွဲ့ဝမ်လီကို ဘုတ်ပြားယူခိုင်းလိုက်ပြီး ကလေးများ လျှောစီးနေသည့်နေရာသို့ သွားလိုက်၏။ ချွေ့ဖုန်းမြစ်သည် ချွေ့ဖုန်းတောင်မှာ မြစ်ဖျားခံသည်။ သဘာဝအလျောက် အမြင့်မှ အနိမ့်သို့ စီးခြင်းပင်။ ချွေ့ဖုန်းရွာအဝင်တွင် ရေစီးကနှေးသွားပြီး မြစ်ရေမျက်နှာပြင်ကလည်း ကျယ်လာသည်။ ကလေးများသည် အမြင့်မှ လျှောစီးချလာပြီး ယွဲ့ဝမ်ထောင်နှင့် တခြားလူများ ရပ်နေသည့်နေရာနားသို့ ရောက်လာကြလေသည်။ ပျော်ရွှင်ကာ သက်ဝင်လှုပ်ရှားနေတော့သည်။

ယွဲ့ဝမ်လီသည် လျိုရို့ရှန်း ဆွဲခေါ်သွားခံလိုက်ရ၏။ ယွဲ့ဝမ်ထောင်၊ ကျိူးကျွင်းဖုန်၊ ယွဲ့ယိုထင်းနှင့် ကောလျှို့အာ တို့သာ ထူထဲသည့်ရေခဲမြစ်အစွန်းတွင် ရပ်နေကြ၏။ အခိုက်တန့် တိတ်ဆိတ်သွားတော့သည်။

သူမဘေးက အကြည့်တစ်ခုက သူမကို စူးစမ်းသလို ချောင်းကြည့်နေသယောင် သတိထားမိလိုက်ဖြင့် ယွဲ့ယိုထင်းသည် ခေါင်းကို ရှက်ရှက်ဖြင့် ငုံံ့ထားလိုက်လေသည်။ သူမသည် ကျိုးကျွင်းဖုန်နှင့် တိုက်ရိုက်စကားပြောရန် အလွန်ရှက်နေ၏။ ထို့ကြောင့် ယွဲ့ဝမ်ထောင်ကို ပြောလိုက်လေသည်။

“ ကိုကြီး နင် သခင်လေးကျိုးကို ဒီမှာကစားဖို့ ခေါ်လာတာမလား၊ နင်က ဒေသခံဆိုတော့ အကောင်းဆုံး ဧည့်ခံရမယ်လေ”

ယွဲ့ဝမ်ထောင်သည် သည်စိတ်ကူးကို သဘောတူလိုက်လေသည်။ သူသည် ကျိုးကျွင်းဖုန်ကို တစ်ချက်ကြည့်လိုက်ပြီး

“ အစ်ကိုကျိုး ဘယ်လိုထင်လဲ”

ယွဲ့ဝမ်ထောင်သည် ထိုသို့မေးလိုက်သော်လည်း သူ့မျက်လုံးများက ကစားနေကြသူများကို ကြည့်နေစဉ် အထင်သေးနေတော့သည်။ တကယ့်ကို အသိဉာဏ်မရှိတဲ့ဟာတွေပဲ။ အစ်ကိုလျိုသာ အဲလောက် အဆော့မသန်ဘူးဆိုရင် ဒီကစားနေကြတဲ့လူတွေကနဲ့ တဖက်ထဲမှာ ရပ်နေရတာကိုပဲ အထင်သေးနေလှပြီ။

ကျိုးကျွင်းဖုန်းသည် ကျေးရွာမှ ကလေးများ၏မျက်နှာမှာ နီရဲကာ စုတ်စုတ်ပြတ်ပြတ် ဝတ်စားထားပုံကို လေ့လာလိုက်လေသည်။ သူသည် စိတ်ထဲတွင် မကြိုက်သော်လည်း ယွဲ့ဝမ်ထောင်ကဲ့သို့ အထင်သေးဟန်ကို ပေါ်တင်ထုတ်မပြချေ။ နွေးထွေးစွာ ပြုံးပြလိုက်ပြီး ယဥ်ယဥ်ကျေးကျေး ပြောလိုက်လေသည်။

“ ကျွန်တော်က ဒီလိုဟာမျိုးတွေ လုံးဝ သဘောမကျဘူးဗျ၊ ရို့ရှန်းကတော့ သဘောကျတော့ သူပဲ ကစားပါစေ”

နှင်းကျနေသည့်ကြားက ကျောက်စိမ်းသစ်ပင်လို သခင်လေးကျိုးကို ကြည့်လိုက်ရင်း ယွဲ့ယိုထင်းနှင့် ကောလျှို့အာတို့၏ မျက်လုံးထဲတွင် အထင်ကြီးမှုများက အဆင့်တစ်ခုအထိ တက်သွားတော့သည်။ သခင်လေးကျိုးက တကယ် ဒီပေတူးလန်တွေနဲ့ လုံးဝမတူတာပဲ။

ကောလျှို့အာသည် သခင်လေးကျိုးကို သွားကစားဖို့ အကြံပေးခဲ့သည်မှာ ယွဲ့ယိုထင်းဖြစ်ကြောင်း သတိရသွားပြီး ယွဲ့ယိုထင်းကို အထင်သေးကာ မဲ့ရွဲ့ကြည့်လိုက်ပြီး

“ တကယ်ပါပဲ၊ ဒါက မြေကြီးပေါ်မှာ လှိမ့်နေကြတာပဲ၊ ကျောင်းတော်သားတွေက ဒါကို အရှက်ခွဲတယ်လို့ ခေါ်မှာ၊ တကယ်ပါပဲ ဝမ်းကွဲမကြီးရယ် နင်မလို့ ဒီလိုအကြံပေးတတ်တယ်”

ထို့နောက် သူမသည် ရွံသလိုလိုဖြင့် အနည်းငယ် ခွာရပ်လိုက်လေသည်။ သူမသည် ယွဲ့ယိုထင်းနှင့် သဘောထားခြင်း ကွာခြားကြောင်း ပြလိုက်ခြင်းပင်။

တွေဝေနေသည့် အကြည့်တစ်ခုနှင့် သခင်လေးကျိုးကို တစ်ချက်ကြည့်လိုက်ပြီး ယွဲ့ယိုထင်း ရှက်သွားကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

“ ငါ - ငါက အဲလိုပြောတာ မဟုတ်ပါဘူး၊ ဝမ်းကွဲညီမလေးရယ် နင်အတွေးလွန်နေပါပြီ....”

ယွဲ့ဝမ်ထောင်က ဘာမှမပြောချေ။ ယွဲ့ယိုထင်းကို ကြည့်လိုက်သည့် အကြည့်ကတော့ သဘောမကျဖြစ်နေ၏။ ခဏကြာသည်အထိ ထိုဘေးကျပ်နံကျပ် အခြေအနေကြောင့် အားလုံးအနေခက်သွားတော့သည်။ ယွဲ့ယိုထင်းမျက်နှာပေါ်က ရှက်ရွံ့မှုသည် မသိမသာ ပိုတိုးလာတော့သည်။ သူမသည် အနည်းငယ် ဝမ်းနည်းနေရင်း ခေါင်းသာ ငုံ့ထားလိုက်တော့သည်။ သူမသည် သခင်လေးကျိုးက မျက်ကွယ်ပြုသွားမည်ကို စိုးရိမ်နေ၏။ သူမ ထိုမျှလောက်အထိ လုံးဝမတွေးထားခဲ့ချေ။

ယွဲ့ယိုထင်းသည် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေချိန်တွင် ကျိုးကျွင်းဖုန်းက သူမကို ကူညီပေးလိုက်တော့သည်။ အရင်ဆုံး သူသည် ယွဲ့ယိုထင်းကို လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်လိုက်ပြီး ခပ်ရေးရေးပြုံးလျက် ပြောလိုက်၏။

“ မိန်းကလေးယွဲ့က မရည်ရွယ်ဘဲ အမှားလုပ်မိသွားတာပါ၊ ကျွန်တော့်မှာလည်း ဘယ်သူ့ကို အပြစ်တင်လိုစိတ်မရှိပါဘူး၊ မိန်းကလေးယွဲ့ အားနာစရာမလိုပါဘူး ခင်ဗျာ”

ကောလျှို့အာသည် ကျိုးကျွင်းဖုန်က ယွဲ့ယိုထင်းကို ကယ်တင်လိမ့်မည်ဟု ထင်မထားခဲ့ချေ။ ခွေးမြီးနှံ့ကာ ပန်းလို ပွင့်လန်းနေသည့် ယွဲ့ယိုထင်းကို ကြည့်ရင်း ကောလျှို့အာ ပြင်းပြင်းထန်ထန် နှာခေါင်းရှုံ့လိုက်လေသည်။ သို့သော် ကျိုးကျွင်းဖုန်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ မကျေနပ်ချက်များကို စိတ်ထဲတွင် ပြန်သိမ်းထားလိုက်တော့သည်။ သူမသည် ပျော်ရွှင်စွာ ပြောလိုက်လေသည်။

“ ငါ ဝမ်းကွဲမကြီးကို အထင်လွဲခဲ့မိတာပဲ၊ တကယ်တောင်းပန်ပါတယ်နော်”

ယွဲ့ယိုထင်းသည် သူမကို ပြုံးကာကြည့်နေသည့် ကျိုးကျွင်းဖုန်ကို ရှက်ရွံ့စွာ ခိုးကြည့်လိုက်လေသည်။ သူမ၏ အပျိုစင်နှလုံးသားလေးကို ကျိုးကျွင်းဖုန်က သိမ်းပိုက်နှင့်ပြီး ဖြစ်တော့သည်။ ကောလျှို့အာ၏စကားကို သူမ အဘယ်မှာ ကြားနိုင်ပါတော့မည်နည်း။

ကောလျှို့အာသည် အကြည့်ချင်း ဖလှယ်နေကြသည့် လူနှစ်ယောက်ကို ကြည့်လိုက်၏။ သူမစိတ်ထဲတွင် ဒေါသမီးများ တောက်လောင်သွားတော့သည်။ သူမနှင့် ယွဲ့ယိုထင်းသည် ၆လသာကွာလေသည်။ သူမသည် ယွဲ့ယိုထင်းနှင့် ငယ်ငယ်ကတည်းက ရန်ဖြစ်ရတာကို ကြိုက်သည်။ အမေက သူမကို မိခင်အိမ်ပြန်တိုင်း ခေါ်လာလျှင် သူမသည် ယွဲ့ယိုထင်းကို ခိုးပြီး အနိုင်ကျင့်ခဲ့သည်။ သည်တစ်ကြိမ်တွင်လည်း သူမသည် ယွဲ့ယိုထင်းနှင့် ရန်ဖြစ်ရအုံးမည်။ ယွဲ့ယိုထင်းအပေါ်ကြည့်သည့် သူမ၏ အကြည့်မှာ ရှက်ဒေါသဖြင့် တဖြည်းဖြည်း ပြည့်နှက်သွားတော့သည်။ ဒီတစ်ကြိမ်တွင်လည်း သူမ ရှုံးမည်မဟုတ်။

တစ်ဖက်တွင်တော့ လျိုရို့ရှန်းသည် မြစ်ထဲသို့ နှစ်ကြိမ် လျှောဆင်းပြီးဖြစ်သည်။ သူမျက်နှာသည် လေအေးကြောင့် နီမြန်းနေသည်။ သူသည် လှည့်ကြည့်လိုက်ပြီး လူတစ်စုက အဝေးတွင် ရပ်နေသည်ကို သတိထားမိသွား၏။ သူသည် တစ်ဖက်ခြမ်းမှ လက်ဝေ့ရမ်းပြလိုက်ပြီး

“အစ်ကိုကျိုး လာကစားလေ ပျော်စရာကြီး”

လျိုရို့ရှန်းက ပျော်မြူးနေသည်ကို တွေ့လိုက်ရချိန်၌ အားလုံး၏မျက်နှာများတွင် အီလည်လည် အပြုံးတစ်ခု ဖြစ်သွားကြတော့သည်။ သူသည် ဘုတ်ပြားကို ပျော်ပျော်ပါးပါး ထပ်ဆွဲသွားပြန်သည်။ လူအနည်းငယ်က တစ်ဖန် တိတ်ဆိတ်သွားကြပြန်သည်။ ကိုယ်စီအတွေးများဖြင့် ထိုနေရာတွင် ရပ်နေကြလေတော့သည်။

…

All Chapters