← Chapters

အခန်း (၃၄-၃၆)

Vol. 3 Ch. 34-36

အခန်း (၃၄-၃၆)

Vol. 3 Ch. 34-36

အပိုင်း (၃၄) နှစ်ကုန်ခါနီး စိတ်ကူးများ

ကောလျှို့အာ၏ ယွဲ့ချန်ဟုန်ကို ဝုန်းဒိုင်းကျဲကာ ပြစ်တင်ဝေဖန်နေသည့် အကြောင်းကို ကျော်သွားလိုက်ပါမည်။ နောက်တစ်နေ့ မနက်စောစောတွင် ကျိုးကျွင်းဖုန်သည် လက်ဝေ့ရမ်းကာ မိန်းကလေးများ၏ မခွဲနိုင်သည့်အကြည့်နှင့် အတွေးကိုယ်စီများကြား ချွေ့ဖုန်းရွာကို နှုတ်ဆက်သွားတော့သည်။

ရွှေလိပ် သမက်ကြိး ကျိုးကျွင်းဖုန်ကို ဖမ်းဖို့အရေး ဆုံးရှုံးခဲ့ရသဖြင့် ယွဲ့ချန်ဟုန်သည် အမှန်ပင် မကျေမနပ် ဖြစ်နေတော့သည်။ သူမတွင် ဒေါသပုံချစရာ နေရာမရှိချေ။ ထို့ကြောင့် ဒေါသထွက်ထွက်နှင့်ပင် ကောလျှို့အာကို ကောကျားရွာသို့ ပြန်ခေါ်လာခဲ့လိုက်တော့သည်။

နှင်းများသည် မရပ်မနား ကျနေ၏။ မျက်စိတစ်မှိတ်အတွင်း နှစ်ကူးအကြိုရောက်လာတော့သည်။

နှစ်သစ်ကူးလူကြီးသူမများကို ကန်တော့ခြင်းက သမီးများနှင့် မဆိုင်ကြပေ။ အမျိုးသမီးစု၏ အခြေအနေကလည်း ဆိုးသည်ထက် ဆိုးလာ၏။ သူမလျော့တိလျော့ရဲ ဝမ်းဗိုက်နှင့် ပိန်းပါးသည့်မျက်နှာက အားအင်ချိနဲ့နေသည်ကို သက်သေပြနေလေသည်။ သူမသည် တစ်နေ့လုံး အိပ်ရာထဲတွင်သာနေရာ ကိုယ်ဝန်ကို ဂရုစိုက်နေရလေသည်။

အမျိုးသမီးဟန်သည် ဝမ်ညန်က အိမ်သို့ဝင်လာသည်ကို မသိချေ။ ယွဲ့ချန်ရှို့ကလည်း ယွဲ့ချန်လုက လူလွှတ်စာပို့ခိုင်းမှ သိရလေသည်။ ပြီးခဲ့သည်နှစ်ရက်က တတိယမိသားစုသည် နှစ်သစ်ကူးအတွက် ချွေ့ဖုန်းရွာသို့ ပြန်လာခဲ့သည်။ အမျိုးသမီးဟန်သည် ထိုသတင်းကို ကြားတော့ ဒေါသထွက်လွန်းသဖြင့် မည်သူ့ကို ပုံချရမည်ပင် မသိတော့ချေ။ သူမသည် အနောက်ဆောင်တွင် အမျိုးသမီးစုကို လာတွေ့ချိန်၌ ဝမ်ညန်ကို လုံးဝ မျက်နှာမပေးချေ။

“ ဒုတိယယောက်မရယ် ရှင်ဘယ်လိုဖြစ်ပြီး ဝမ်ညန်လို မြေခွေးမကို သဘောတူပေးခဲ့တာလဲ”

မိန်းမတွေကသာ မိန်းမတွေအကြောင်းကို အသိဆုံးဟု အဘယ်ကြောင့် ပြောရပါသနည်း။ အမျိုးသမီးဟန်သည် ဝမ်ညန်ကို စတွေ့ကတည်းက သဘောမကျချေ။ သူမနှင့် စကားပြောလျှင်လည်း လုံးဝမယဉ်ကျေးတော့ချေ။

အမျိုးသမီးစုက သူမလာသည်ကို မြင်လိုက်တော့ မျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့အပြုံးတစ်ခုသာ ရှိလေသည်။ သို့သော် ဝမ်ညန်အကြောင်း ပြောလိုက်ချိန်၌ သူမ၏မျက်လုံးထဲက အပြုံးမှာ ပျောက်ကွယ်သွားတော့သည်။ ဝမ်းနည်းမှုသာ ကျန်တော့သည်။ နွမ်းနှယ်နေသည့်အပြုံးဖြင့် ခေါင်းခါပြကာ ပြန်ပြောလိုက်၏။

“ ကျွန်မ အသိအမှတ်ပြုတာ လိုပါ့မလား၊ ကျွန်မတို့တွေ သမီးယောက်မတွေ ဖြစ်လာတာ ဆယ်နှစ်ကျော်ပြီ၊ ဒီမိသားစု ကျွန်မရဲ့နေရာ ရှိတာ ဘယ်တုန်းက ရှင်တွေ့ဖူးလို့လဲ”

သူမထံတွင် တစ်ခုခုမူမမှန်သည်ကို တွေ့လိုက်ရသဖြင့် အမျိုးသမီးဟန်သည် သူမပြောလိုက်သည့် စကားကြောင့် အနည်းငယ် စိတ်ပျက်သွားတော့သည်။ သူမ အသာအယာ သက်ပြင်းချလိုက်ပြီး

“ထားလိုက်ပါလေ၊ ဒုတိယယောက်မ ဘာပဲဖြစ်ဖြစ် ရှင့်မှာ ကလေးတွေ ရှိပါသေးတယ်၊ ရှင့်ကိုယ်ရှင် ဂရုမစိုက်ရင်တောင် ကလေးတွေအတွက်တော့ ဂရုစိုက်ပါ”

သမီးယောက်မနှစ်ယောက် အခန်းထဲတွင် ခဏလောက် စကားပြောလိုက်ကြပြီးနောက် အမျိုးသမီးဟန်သည် အခန်းထဲမှ ထွက်လာခဲ့တော့သည်။ သူမ အနောက်ဆောင်မှ ထွက်လာချိန်၌ အဖြူရောင် တတိုင်မွှေးပန်းပုံထိုးထားသည့် လေးလံသည့်အိတ်လေးတစ်ခုကို ယိုရင် လက်ထဲ ထည့်ပေးလိုက်လေသည်။

“ စန်းကျဲပြန်လာတာကို စောင့်ပြီး ဒါကို ကောင်းကောင်းသိမ်းထားဖို့ ပြောလိုက်နော်၊ ဒါကို လိုလာတဲ့အချိန် ရှိလာလိမ့်မယ်”

ပိုက်ဆံမှန်း သိနေသဖြင့် ယိုရင်က မြန်မြန် ပြန်တွန်းထုတ်လိုက်ပြီး

“ ဒေါ်လေး သမီးတို့ ဒါကို လက်ခံလို့မရဘူး၊ စန်းကျဲက လက်ခံမှာ မဟုတ်ဘူး”

ယိုရင်၏ခေါင်းကို အမြတ်တနိုး သပ်ပေးလိုက်ပြီး ဒုတိယမိသားစုက သိတတ်လွန်းသည့် ကလေးများအတွက် အမျိုးသမီးဟန် အနည်းငယ်စိတ်မကောင်း ဖြစ်ရတော့သည်။

“ အလိုက်တဲ့ကလေး သမီးအမေ ကလေးမွေးရင် ပိုက်ဆံမလိုဘဲ နေမလား၊ ပိုက်ဆံက မများဘူးဆိုပေမဲ့ ဒါက ဒေါ်လေး သမီးတို့အပေါ်ထားတဲ့ စေတနာလေးပါ၊ ကောင်းကောင်း သိမ်းထားလိုက်နော်”

ထိုသို့ပြောလိုက်ပြီးနောက် လက်ယမ်းပြလိုက်ကာ အရှေ့ဆောင်သို့ ပြန်သွားလိုက်တော့သည်။

ယိုရင် မငြင်းနိုင်တော့ပါ။ သူမ ပိုက်ဆံကို သိမ်းထားလိုက်တော့သည်။ ယိုကျင့်ပြန်လာသည်နှင့် သူမကို ပေးလိုက်တော့မည်။

ယိုကျင့်သည် အမျိုးသမီးဟန်ပေးသည့် ပိုက်ဆံအိတ်လေးကို ဖွင့်ကြည့်လိုက်၏။ ဝမ်၁၀၀ ခန့်ရှိလေသည်။ အမျိုးသမီးဟန်ကို ပို၍ ကျေးဇူးတင်မိတော့သည်။ စိတ်ထဲတွင် သစ္စာပြုလိုက်၏။ သူတို့၏ဘဝ ချမ်းသာလာလျှင် အမျိုးသမီးဟန်၏ ကျေးဇူးကို ပြန်ဆပ်ပါမည် ဟူ၍။

***

နှစ်သစ်ကူးအကြို ညစာကို ဘိုးဘွားခန်းမတွင် လူကြီးများကို ကန်တော့ပြီးနောက် စားသောက်ကြလေသည်။ နှစ်သစ်ကူးဟု ဆိုသော်လည်း အစားအသောက်ကတော့ ပုံမှန်အစားအစာများပင်။ အာလုံးခရမ်းသီး ဟင်းအိုးကြီးတစ်ခုနှင့် မုန်လာထုပ်ဟင်းအိုးကြီးတစ်ခုသာ။ သို့သော် အထဲကအသားကတော့ အရင်ကထက်များလေသည်။ ထို့အပြင် မုန်လာထုပ်နှင့် ဝက်သား ရောထည့်ထားသည့် ပေါက်စီအိုးကြီးတစ်ခုကိုလည်း ပြင်ဆင်ထား၏။ နှစ်သစ်ကူးလုပ်ခြင်းဟု မှတ်ယူနိုင်လေသည်။

သို့သော် အဘွားချန်သည် နှစ်ပေါင်းများစွာ အလကားနေလာခြင်း မဟုတ်။ ဟင်းပွဲများ တူသော်လည်း အသားသုံးပုံနှစ်ပုံက ယောက်ျားများ၏ စားပွဲတွင် ရောက်နေလေသည်။ အမျိုးသမီးဘက်တွင်တော့ ညှီနှံ့ပါသည့် ကလီစာနှင့် မုန်လာထုပ်နှင့် အသားနည်းနည်းထည့်ထားသည့် ပေါက်စီများ သာဖြစ်လေသည်။

ဒုတိယမိသားစုမှ မိန်းကလေးများအားလုံးသည် ပြီးခဲ့သည့်တစ်ခေါက်က အမျိုးသမီးဟန် ယူလာပေးသည့် ခပ်လတ်လတ် အဝတ်အစားများကို ဝတ်ထား၏။ အနွေးထည်အပြင်ဘက်က ပြဲနေသည့်အပိုင်းကို အမျိုးသမီးစု၏ ပန်းထိုးလက်ရာဖြင့် ဖုံးကွယ်ထားလေသည်။ ညီအစ်မများသည် သည်လိုအဝတ်အစားအသစ်ျားကို ရှားရှားပါးပါး ဝတ်ရလေသည်။ သူတို့အားလုံး ပုံစံတကျ ထိုင်နေကြပြီး တစ်ယောက်စီက ကြွေပန်းကန်လုံးတစ်လုံး စီကိုင်ထားကြ၏။ သူတို့သည် အားရပါးရ စားနေကြလေသည်။ ဝက်ကလီစာကို ကောင်းကောင်းမွန်မွန် မလုပ်ထားသော်လည်း အသားဟု ပြောလို့ရသေးသည်။ ရှားရှားပါးပါး အသားအရသာပင်။ သူတို့ စားရပေမည်။

ဒုတိယမိသားစုက မိန်းကလေးများနှင့် သိသိသာသာ ကွာခြားနေသူက ဝမ်ညန်။ သူမသည် ဟိုဟာနှိုက်လိုက် သည်ဟာနှိုက်လိုက် လုပ်နေ၏။ နေ့တစ်ဝက်နေလို့မှ နှစ်လုပ်တောင် မစားချေ။ သူမ၏မျက်နှာသည် စိတ်မရှည်မှုအထင်းသား ဖြစ်နေလေသည်။ တစ်နေ့တစ်နေ့ အသားအများကြီး မစားရတာက ဟုတ်ပါပြီ။ နှစ်သစ်ကူးမှာတောင် ဘာလို့ အစားကောင်းတစ်နပ်တောင် မစားနိုင်ရတာလဲ။ သို့သော် သူမ ဘာမှမပြောရဲပေ။ လူကြီးနှစ်ယောက်က နှစ်သစ်ကူးအကြိုနေ့တွင် ဒေါသထွက်ကြလျှင် သူမ အပြစ်ဖြစ်တော့မည်။

အမျိုးသမီးဟန်သည် ဝမ်ညန်၏ မကြည်မလင်ဖြစ်နေသည့်စိတ်ကို သတိထားမိသွားပြီး စိတ်ထဲတွင် အကြိမ်ကြိမ် နှာခေါင်းရှုံ့လိုက်လေသည်။ သူက ယွဲ့မိသားစုကို လက်ထပ်ပြီး ချမ်းချမ်းသာသာနဲ့ နေလို့ရမယ်များ ထင်နေတာလား။ မစားနိုင်မသောက်ဖြစ်နေသည့် ယိုဟယ်ကို ကြည့်လိုက်ပြီး ကုလားမနိုင်ရခိုင်မဲလိုက်တော့သည်။

“ မြို့သားလေး တစ်ရက်နှစ်ရက် ဖြစ်သွားတော့ နင်ဘယ်ကလာလဲဆိုတာ မေ့သွားတာလား၊ ချေးများနေသေးတယ်၊ မြန်မြန်စား၊ မဟုတ်ရင် ဗိုက်ဆာလို့ဆိုပြီး မုန့်လာတောင်းမယ်မကြံနဲ့”

ယိုဟယ်သည် အစကတည်းကမှ မပျော်မရွှင်ဖြစ်နေရာ အခုတော့ ရုတ်တရက်ကြီး ပျက်ကိန်းဆိုက်သွားသလို ခံစားလိုက်ရသဖြင့် နှုတ်ခမ်းများကို စူကာ

“အမေနော်”

အမျိုးသမီးဟန်သည် သူမကို မျက်စောင်းဖြင့်ကြည့်လိုက်လေသည်။

“ဘာလဲ၊ ငါ နင့်အမေလေ၊ နင့်ကို ဘာတစ်ခွန်းမှ မပြောရဘူးလား”

အမူအရာက “ ငါက နင့်အမေ၊ ငါက ကြီးတယ်” ဟူ၍။

ယိုဟယ်သည် မွေးလာကတည်းက အလိုလိုက်ခံထားရသော်လည်း မလိမ်မမာဖြင့် ပျိုးထောင်ခံလာရသူ မဟုတ်ချေ။ အမျိုးသမီးဟန်၏ ဆုံးမစကားက ထိုကိစ္စကို အများကြီးသက်ရောက်မှုရှိလေသည်။ အမျိုးသမီးဟန်၏ စကားကြောင့် ယိုဟယ် ဘာပြောရဲပါမည်နည်း။ သူမသည် အရိုးခံအတိုင်း စားလိုက်လေတော့သည်။

သူမဘေးတွင် ထိုင်နေသည့် ဝမ်ညန်၏အမူအရာမှာ အလွန်ရှုံ့တွသွားတော့သည်။ တတိယမိသားစုက အမျိုးသမီးဟန်က ပြန်လာကတည်းက သူမကို လုံးဝ မျက်နှာသာမပေးတာ။ အခုလည်း နှစ်သစ်ကူးအကြို ညစာစားပွဲမှာတောင် သူက သွယ်ဝိုက်ပြီး သူမကို ဆူနေသေးတယ်။ သူမလို ပါးနပ်တဲ့သူက မသိဘဲ နေမလား။

သရော်နေသည့်မျက်နှာကို ကြည့်လိုက်မိပြီးနောက် လုံးဝမသိသာသည့် ယိုကျင့်၏ မဲ့လိုက်သည့် အကြည့်တစ်ခုကို လက်ခံလိုက်ရသဖြင့် ဝမ်ညန်သည် သူမ၏ပါးများ ထူပူသွားသလို ခံစားလိုက်ရတော့သည်။ ပထမတော့ အမျိုးသမီးဟန် နောက်တော့ ယိုကျင့်။ ဝမ်ညန် မုန်းလွန်းသဖြင့် သွားများယားလာတော့သည်။ သူမ လုပ်နိုင်သည်က မရှိချေ။ စိတ်ထဲတွင် မျိုသိပ်ထားရပြီး နောက်ပိုင်းတွင် လက်စားချေနိုင်မည့်အချိန်ကိုသာ စောင့်နေလိုက်တော့သည်။

အကျိုးကြောင်းသင့်အောင် ပြောရလျှင် မိသားစုတစ်ခုလုံးသည့် ပင်မဆောင်တွင် နှစ်သစ်ကူးကြိုဖို့ စောင့်ရလေသည်။ အဘွားချန်က ဒုတိယမိသားစုမှ ဆန်ကုန်မြေလေးများကို အမြဲတမ်း အထင်သေးသဖြင့် ဒုတိယမိသားစုမှ မိန်းကလေးများသည် ကိုယ့်ဟာကို နှစ်သစ်ကူးကို ကြိုကြရတော့သည်။ ဒီနှစ်တွင် ဒုတိယမိသားစုတွင် ဝမ်ညန်ရောက်လာသဖြင့် ဝမ်ညန်သည် မည်သို့ ပြုမူရမည်ကို သိလေသည်။ အဘွားချန်နှင့် အမျိုးသမီးချန်က သူမကို မျက်နှာသာပေးသဖြင့် နှစ်သစ်ကြိုဖို့ သူတို့နှင့်အတူတူ နေခွင့်ပေးခဲ့သည်။

အစောပိုင်း ညစာစားစဥ်က ဝမ်ညန်သည် အနည်းငယ် စိတ်ဓာတ်ကျနေခဲ့သည်။ အခုတော့ ဒုတိယမိသားစုမှ သူမကိုယ်တိုင် ပင်မဆောင်တွင် နှစ်သစ်ကြိုပွဲအတွက် နေနိုင်ခဲ့သည်ဖြစ်ရာ သူမသည် မနေနိုင်တော့ဘဲ အနည်းငယ် မာန်တက်သွားတော့သည်။ သူမသည် နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခုဖြင့် မဲ့ကာ ယိုကျင့်ကို ကြည့်လိုက်လေသည်။

သို့သော် ယိုကျင့်သည် ၁၂နှစ်အရွယ်ကလေးတစ်ယောက် မဟုတ်ချေ။ သူမ၏ ရန်လိုနေသည့်အပြုအမူကြောင့် မည်သူတို့ စိတ်ဆိုးနိုင်ပါမည်နည်း။ နောက်ဆုံး ယွဲ့မိသားစု၏ မီးပုံသည် သူမအတွက်တော့ အဘိုးမတန်ချေ။ ထိုအရာနှင့်ပတ်သက်ပြီး ဘာကို စိတ်ဆိုးစရာလိုပါမည်နည်း။ သူမကို ဂရုစိုက်ရန်ပင် ပျင်းလှပေသည်။

အမျိုးသမီးဟန် တိုးတိုးတိတ်တိတ် ပေးထားသည့် မုန့်ထုပ်ကို ယူလိုက်ပြီး နှစ်သစ်ကြိုရန် ညီမငယ်လေးများကို အနောက်ဆောင်သို့ ခေါ်လာခဲ့တော့သည်။

ဝမ်ညန်က ထိုအကြောင်းကို မည်သို့ သိနိုင်ပါမည်နည်း။ သူမသည် ယိုကျင့်၏ မနာလိုဖြစ်ခံနေရသည်ဟု မှတ်လိုက်လေသည်။ သူမမျက်နှာကို ပင်မဆောင်ဖက်သို့ ပြန်လှည့်လိုက်ပြီး အလွန်နွေးထွေးစွာ ပြုံးလိုက်တော့သည်။ အလိုလိုပင် သတိဖြင့် အဘွားချန်နောက်တွင် ထိုင်ချလိုက်ပြီး သူမ၏ပခုံးကို နှိပ်နှယ်ပေးလိုက်၏။ အလွန်မှ နိမ့်ချသည့်အပြုအမူဟု ပြောနိုင်လေသည်။

အဘွားချန်သည် သဘောကျနေ၏။ သူမသည် လောင်အာ့ကို သီးသန့် ခေါ်မေးလိုက်သေးသည်။ ဝမ်ညန်သည် အိမ်ထောင်စုကြီးတစ်ခုမှ သခင်မကြီး၏ အလွန်အားထားရသည့် အိမ်စေတစ်ယောက် ဖြစ်ခဲ့ကြောင်း ပြောပြလိုက်သည်။ အခုတော့ သူမကို ဤသို့ စောင့်ရှောက်ပေးနေသည်။ သူမသည် သခင်မကြီးတစ်ယောက် ဖြစ်လာသလို ခံစားလိုက်ရတော့သည်။ သို့သော်ငြား သူမသည် စိတ်ထဲကမပါဘဲ ပြောလိုက်သေးသည်။

“ နင် ပင်ပန်းရင် သွားနားတော့လေ၊ ခဏနေ ငါတို့အမေက နင့်ကို ကိုယ်ချင်းမစာဘူးလို့ လောင်အော့က ပြောနေအုံးမယ်”

ဝမ်ညန်သည် သူမနောက်တွင် ဗိုက်ကြီးဖြင့် ဒူးထောက်ထိုင်ပြီး သူမ၏ပခုံးကို နှိပ်နှယ်ပေးလိုက်သည်။ သူမ လိမ္မာ သိတတ်စွာ ပြန်ဖြေလိုက်၏။

“ ကျွန်မတို့ ကလေးတွေက မိဘတွေကို သိတတ်သင့်တာပေါ့၊ ကျွန်မတို့ ဒုတိယမိသားစုက အစ်မကြီးစုက ကျန်းမာရေးမကောင်းဘူးလေ၊ ကလေးတွေက ငယ်သေးတော့ မသိတတ်ဘူး၊ ဒုတိယမိသားစုဝင်တစ်ယောက်အနေနဲ့ ကျွန်မက ပိုပြီးစောင့်ရှောက်ပေးရမှာ သဘာဝပါပဲ”

ငိုက်မြည်းနေသည့် အငယ်ဆုံးသားလေးကို ချီထားသည့် အမျိုးသမီးဟန်က ပေါ့ပေါ့ပါးပါး တဟင်းဟင်း ရယ်မောလိုက်လေသည်။ ဒီမိန်းမက အဘွားကြီးကို ဘယ်လိုဝမ်းချမယ်ဆိုတာ သိသားပဲ။ အဘွားကြီးက ဒုတိယမိသားစုကို ကောင်းကောင်း အနိုင်မကျင့်မှာ စိုးနေတယ်ပေါ့လေ။ သူမအနေနဲ့ကတော့ ဝမ်ညန်လို လူမျိုးကြောင့် စိတ်ရှုပ်ခံစရာအကြောင်းမရှိပါဘူး။ သို့နှင့် သူမ ဘာမှမပြောလိုက်ချေ။

နှစ်သစ်ကူးတွင် အချုပ်အလုပ်လည်း မလုပ်နိုင်သလို အိပ်လို့လည်းမရချေ။ အမျိုးသမီးချန်က အမှန်ပင် ပျင်းရိလာတော့သည်။ ထို့ကြောင့် ခုတင်ပေါ်တွင်ထိုင်ကာ ယွဲ့ယိုထင်းနား ကပ်ပြီး ကျိုးကျွင်းဖုန်အကြောင်း သေသေချာချာ မေးနေတော့သည်။ တစ်ယောက်က ရှက်သဖြင့် ခေါင်းငုံ့ကာ စကားမပြော။ ကျန်တစ်ယောက်တော့ ခေါင်းတညိတ်ညိတ်ဖြင့် ကျေနပ်နေလေသည်။ အခြေအနေမှာ အလွန်အသက်ဝင်နေ၏။

ပင်မဆောင်၏ တခြားဖက်တွင်တော့ ယွဲ့တာ့ဖူရှေ့တွင် မိသားစုက ယောက်ျားသားများ ထိုင်နေကြ၏။ အဖေ၊ သားနှင့် မြေးများသည် အတူတူထိုင်နေကြပြီး တီးတိုး စကားပြောနေကြလေသည်။

“ဝမ်ထောင် ပြီးခဲ့အခေါက်က မင်းယူသွားတဲ့ ငွေတွေအားလုံး သုံးလိုက်ပြီလား၊ နွေဦးရောက်နေပြီနော်၊ အချိန်မီပဲ ဟုတ်တယ်မလား”

မြေးနှစ်ယောက်၏အနာဂတ်သည် အမြဲလိုလို ယွဲ့တာ့ဖူ၏သောကတစ်ခု ဖြစ်ခဲ့လေသည်။ အထူးသဖြင့် ယခုမူ သူသည် အိမ်၏ချမ်းသာမှုအားလုံးကို ရင်းနှီးထားခဲ့ရသည်။ သူ့အိပ်မက်ထဲတွင်ပင် သည်ကိစ္စကို အနီးကပ် အာရုံစိုက်နေမည်မှာတော့ ပြောရန်ပင်မလိုချေ။

ယွဲ့ချန်ဖူသည်လည်း သည်ကိစ္စနှင့် ပတ်သက်ပြီး အလွန်စိုးရိမ်နေ၏။ သည်တစ်ကြိမ်တွင် သူသည် အလုပ်ထုတ်ခံလိုက်ရပြီး မြို့တွင် အလုပ်ပြန်သွားလုပ်ဖို့ မျက်နှာပင်မရှိတော့ချေ။ တော်ဝင်စာမေးပွဲ ဖြေကြမည့် သူးသားနှစ်ယောက်ထံတွင်သာ မျှော်လင့်ချက်များကို ပုံချထားပြီး သားနှစ်ယောက် ထွန်းပေါက်လာမည်ကိုသာ စောင့်နေရတော့သည်။ သူသည် ပျော်ရွှင်မှုများကို ခံစားရမည့် သခင်ကြီး ဖြစ်လာပေလိမ့်မည်။

အဘိုး၊ အဖေနှင့် ဦးလေးနှစ်ယောက်တို့က တောက်ပသည့်မျက်လုံးများဖြင့် သူ့ကို စိုးရိမ်တကြီး ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ယွဲ့ဝမ်ထောင်က ယုံကြည်ချက်ရှိရှိဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

“အဘိုး မစိုးရိမ်ပါနဲ့ ပြီးခဲ့တဲ့ရက်တုန်းက လာသွားတဲ့ သခင်လေးကျိုးက မြို့က အရာရှိမိသားစုရဲ့ ဆွေမျိုးလေ။ အခု ငွေတွေအားလုံးက သူ့နားမှာ၊ သူ အဲနေ့က ပြန်သွားတော့ သူပြောထားတယ်၊ နှစ်သစ်ကူးကျရင် သူငွေတွေကို အရာရှိအိမ်ကို သွားပို့ပြီး အရာရှိရဲ့ဇနီးကို သူ့အတွက် ပြောပေးဖို့ သတိပေးလိုက်မယ်တဲ့၊ ပြဿနာလုံးဝမရှိဘူး “

သူမပြောလိုက်သည့် စကားကို ကြားလိုက်ရပြီးနောက် ယွဲ့တာ့ဖူက အပြုသဘောဆောင်ကာ ခေါင်းညိတ်လိုက်ပြီး

“ အဲနေ့က သခင်းလေးကျိုးရဲ့ ပုံစံကို တွေ့လိုက်ရပါတယ်၊ ယုံလို့ရပါတယ်၊ ကောင်းကောင်း ပြီးသွားမှာပါ”

နောက်ခံကောင်းကောင်းနှင့် ယဥ်ကျေးသည့် သဘောထားရှိသည့် ကျိုးကျွင်းဖုန်ကို အလွန်သဘောကျနေလေသည်။ မြေးဖြစ်သူက ထိုသို့ပြောလာချိန်၌ အလိုလို ယုံသွားတော့သည်။

“ ဘယ်က သခင်လေးကျိုးလဲ”

ယွဲ့ဝမ်ထောင်တို့က ကျိုးကျွင်းဖုန်တို့နှစ်ယောက်ကို ခေါ်လာစဥ်ကာ ယွဲ့ချန်ဖူသည် အိမ်မှာမရှိဘဲ သူတို့နှင့် မတွေ့လိုက်ရချေ။

“သူက ကျောင်းက အတန်းဖော်သူငယ်ချင်းပါ၊ အစ်ကိုကျိုးက အရာရှိ ဇနီးရဲ့ သွေးဝေးတဲ့တူ

တော်တယ်လေ၊ အစ်ကိုလျိုတို့မိသားစုက မြို့မှာ ပိုးထည်နဲ့ ပိတ်စဆိုင်တစ်ခု ပိုင်တယ်”

ယွဲ့ဝမ်ထောင် ယွဲ့ချန်ဖူ၏မေးခွန်းကို ဖြေလိုက်လေသည်။

“ ဒီတစ်ခေါက် ကျွန်တော်တို့တွေ ငွေတွေစုပြီး အရာရှိကို ပေးမယ်ဆိုတာက အစ်ကိုကျိုးရဲ့ စိတ်ကူးပေါ့”

ထိုစကားကို ကြားလိုက်ပြီးနောက် ယွဲ့ချန်ဖူသည် မျှော်လင့်ချက်များ ပြည့်လာသလို ခေါင်းညိတ်ပြလိုက်လေသည်။

“ သူက အရာရှိမိသားစုရဲ့ ဆွေမျိုးဆိုတော့ သူ့မှာ တကယ်အရည်အချင်းတွေ ရှိမှာပဲ၊ ဒါက အလုပ်ဖြစ်မယ်လို့ ထင်တယ်”

ယွဲ့မိသားစုမှာ တခြားယောက်ျားများကလည်း သဘောတူကာ ခေါင်းညိတ်လိုက်ကြလေသည်။ သူတို့အားလုံး နှစ်သစ်ကို စောင့်မျှော်နေကြ၏။ ယခုပင် နွေဦးရောက်လာပြီး ဝင်ခွင့်စာမေးပွဲကို စောစောရောက်ချင်နေကြလေတော့သည်။

…

အပိုင်း (၃၅) သဘောထားကွဲလွဲခြင်း

ဒုတိယမိသားစု၏ ကလေးများအနေနှင့် ယွဲ့မိသားစု၏ နှစ်သက်သဘောကျမှုကို မခံရသည့်အတွက် အခြားနေ့ရက်များနည်းတူပင် ကွာခြားမှုမရှိခဲ့ပေ။ ယွဲ့တာ့ဖူနှင့် အဘွားချန်ကို အရိုအသေပြုလျှင်ပင် သူမတို့သည် ဟုန်ပေါင်းမရရှိနိုင်ပေ။ သူမတို့သည် ၀မ်းကွဲမောင်နှမများနှင့်အတူ မျိုးနွယ်၏ အကြီးအကဲများကို ဂါရ၀ပြုရန် အရည်အချင်းမပြည့်မီပါချေ။ ကျေးလက်ဒေသတွင် ယွဲ့တာ့ဖူအား အရိုအသေပြုလျှင်ဖြစ်စေ အိမ်သို့လာလည်သည်ဖြစ်စေ ထိုသို့လာလည်သည့် အမျိုးသားများအား လက်ဖက်ရည်၊ ရေနွေးကြမ်းများဖြင့် ဧည့်ခံရသည့်အတွက် ရေနွေးများ တည်ရန် လိုအပ်ပေသည်။ ထို့ကြောင့် သူမတို့သည် နှစ်သစ်ကူးထက်ပင် ပို၍ အလုပ်များနေတော့သည်။

မီးဖိုချောင်ထဲ၌ ယိုယင်သည် မီးဖိုရှေ့၌ထိုင်ကာ မီးပိုတောက်စေရန် အဆက်မပြတ် ယပ်ခတ်လျက်ရှိပြီး ယိုကျင့်သည်လည်း အသီးအရွက်များ နွမ်းစေရန် ဇွန်းဖြင့် အလျင်မွှေကြော်နေရသည်။

နှစ်သစ်ကူး၏ ဒုတိယမြောက်ရက်ဖြစ်ကာ အိမ်ထောင်ရက်သားကျပြီးသော သမီးဖြစ်သူများ မိသားစုအိမ်သို့ ပြန်ကြသည့်နေ့လည်းဖြစ်သည်။ အမျိုးသမီးချန်နှင့် အမျိုးသမီးဟန်တို့သည် မိဘအိမ်သို့ မနက်ကပင် ပြန်သွားခဲ့ကြပြီဖြစ်ပြီး ပြန်စရာအိမ် မရှိသည့် အမျိုးသမီးစုနှင့် ၀မ်ညန်တို့သာ အနောက်ခြံထဲ၌ ကျန်ရှိခဲ့လေသည်။

ပင်မဆောင်၌ ၀မ်ညန်သည် အစွန်ဆုံးခုံ၌ သူမ၏ကြီးမားသည် ဗိုက်ဖြင့် ထိုင်နေကာ တက်ကြွလှသည့် ယွဲ့ချန်ဟုန်အား ပျော်ရွှင်စွာ ဧည့်ခံနေလေသည်။

“ဒီလောက်အေးနေတဲ့နေ့မှာ လာခဲ့ရတာ အစ်မတော့ ပင်ပန်းနေတော့မှာပဲ”

ယွဲ့ချန်ဟုန်သည် ‌ထိုသို့ မျက်နှာချိုသွေးခံရသည်ကို ကြိုက်နှစ်သက်ပေသည်။ ယွဲ့ချန်ဟုန်သည် ၀မ်ညန်နှင့် နှစ်ခါမျှသာ တွေ့ဖူးသော်လည်း သူမ(၀မ်ညန်)မအပေါ်၌ မကောင်းသည့်အမြင် မရှိပေ။ ထို့အပြင် ယွဲ့ချန်ဟုန်သည် ခခယယ နေပေးသည့်လူကို နှစ်သက်သည့်အတွက် ‌စိတ်လိုလက်ရ တုံ့ပြန်လေသည်။

“အဆင်ပြေပါတယ်”

“လျှို့အာ တစ်ခုခုဖြစ်လာလို့လား။ ရောက်လာကတည်းက မျက်နှာမကောင်းဘူးလားလို့”

မြေးမဖြစ်သူ၏ ရှုံ့‌တွနေသည့် မျက်နှာကြောင့် အဘွားချန်၏စိတ်ထဲ၌ အောင့်သက်သက် ခံစားလိုက်ရသည်။ “ဒီလိုပျော်ပွဲရွှင်ပွဲမှာ ဘာလို့ ရှုံ့မဲ့နေရတာလဲ”

အစကပင် မပျော်ရွှင်နေသော ကောလျှို့အာသည် အဘွားချန်၏ ဆူပူမှုကိုပါ ခံလိုက်ရသောကြောင့် ပို၍စိတ်ရှုပ်လာတော့သည်။ ထို့ကြောင့် သူမ၏ဖိနပ်ကို ၀တ်ကာ အပြင်သို့ထွက်သွားလေပြီး အဘွားချန်အား ရှင်းပြရန် ယွဲ့ချန်ဟုန်ကို အနေခက်ဖွယ် အခြေအနေ၌ ချန်ထားခဲ့တော့သည်။

“လျှို့အာလေးက ဆယ့်လေးနှစ်ရှိပြီမလား။ နှစ်ကုန်ပိုင်းလောက်ကတင် သူ့အဘွားက မိသားစုတစ်စုနဲ့ မိတ်ဆက်ပေးလာတယ်။ အဲ့မိသားစုက လယ်ဧကပမာဏ အများကြီးပိုင်တာတဲ့။ အဲ့က လူငယ်လေးက ကျန်းမာပြီး အလုပ်ကြိုးစားတယ်။ အခုလည်း မြို့ပေါ်က ကုန်ဆိုင်မှာ သူ့ဦးလေးကို ကူလုပ်ပေးနေတယ်တဲ့”

“အဲဒါက သတင်းကောင်း မဟုတ်ဘူးလား။ ဘာလို့မပျော်ရတာလဲ” နှစ်သစ်ကူးစားပွဲ၌ ကျိုးကျွမ်းဖန်၏လာရောက် လည်ပတ်မှုကို မသိရှိခဲ့သည့် ၀မ်ညန်သည် လျှို့အာ၏ အခြေအနေကို သင့်တော်သည်ဟု ရိုးရှင်းစွာတွေးခဲ့သည်။

သို့သော်လည်း အကြောင်းအရင်းကို သိသည့် အဘွားချန်သည် ထိုအရာကို ကြားသည်နှင့် သက်ပြင်းချမိတော့သည်။ “ဒီကလေးက ရည်မှန်းချက်ကြီးလွန်းတယ်” အဘွားချန်သည် လျှို့အာကို သခင်လေးကျိုးနှင့် အဘယ်ကြောင့် လက်မထပ်စေချင်ရမည်နည်း။ သို့သော် ထိုသခင်လေးဘက်မှ မည်သည့်လှုပ်ရှားမှုမျှ မရှိသည့်အတွက် လျှို့အာကို မကြိုက်နှစ်သက်ခြင်းလည်း ဖြစ်နိုင်သည်။ ထိုလက်ဆက်မှုသည် လျှို့အာအတွက် မသင့်တော်သည်လည်း ဖြစ်နိုင်သည်။

“သမီးလည်း ဘယ်လိုလုပ်ရမလည်းမသိဘူး။ အဲ့ကလေးက စိတ်ဆိုးနေလို့ နှစ်သစ်ကူးမှာ သူ့အဘွားကို ကန်တော့ဖို့တောင် ငြင်းနေတာ။ ဒီနေ့လည်း ဒေါသထွက်နေတုန်းပဲ” သမီးဖြစ်သူ၏ စိတ်အလိုမကျဖြစ်မှုကို ယွဲ့ချန်ဟုန် မျက်မြင်တွေ့ခဲ့ရပေသည်။ အခန်းထဲ၌ အဘွားချန်နှင့်၀မ်ညန်သာ ရှိသည်ကို တွေ့သောအခါ ယွဲ့ချန်ဟုန်သည် အဘွားချန်ကို အကူအညီတောင်းကာ အကြံဉာဏ်တောင်းတော့သည်။

အဘွားချန်က ဘာတတ်နိုင်မည်နည်း။ သမီးဖြစ်သူ၏ခေါင်းပေါ်သို့ ပွတ်သပ်ပေးရင်း သူမ၏ပူပန်မှုများ ပြေပျောက်အောင်သာ လုပ်ပေးနိုင်သည်။

“ဆုံးဖြတ်ပြီးပြီလား။ အရင်ကတည်းက ဒီလို လက်ထပ်မဲ့ ကိစ္စတွေက မိဘနဲ့အောင်သွယ်တော်ကပဲ စီစဉ်ရတာလေ။ မင်းတို့ ဇနီးမောင်နှံသာ အဲ့လူငယ်က သင့်တော်တယ်ထင်ရင် လက်ဆက်ပေးဖို့ စီစဉ်လိုက်တော့။ ကျိုးအာကို မြို့ပေါ်ပို့ပြီး သခင်လေးကျိုးနဲ့ အတင်းစီစဉ်ပေးလို့လည်း ရတာမှ မဟုတ်တာ”

“လျှို့အာ အဲလိုမတွေးမှာကိုပဲ သမီးစိတ်ပူတာ” သမီးဖြစ်သူ၏ စိတ်ကို သူမသိပေသည်။ ငယ်စဉ်ကတည်းကပင် လိုချင်တာ မရလျှင် ပြဿနာတက်အောင် လုပ်တတ်ပေသည်။

မိခင်နှင့်သမီးဖြစ်သူမှာ ခဏကြာ တိတ်ဆိတ်နေစဉ်အတွင်း သူတို့နှင့် ဝေးရာတွင် ထိုင်နေသည့်၀မ်ညန်သည် အဖြစ်အပျက်များကို ပြန်စဉ်းစားလိုက်သည်။ ကောလျှို့အာသည် နှစ်သစ်ကူးပွဲတော်၌ အလည်လာရောက်သည့် သခင်လေးကျိုးအား နှစ်သက်နေပုံရသည်။ ထို့ကြောင့် အခြားလူအား အခွင့်အရေးပေးရန် စိတ်မ၀င်စားခြင်းဖြစ်သည်။ ၀မ်ညန်သည် တွေးတောကာ ယွဲ့ချန်ဟုန်အား အကြံပေးရန် စဉ်းစားလိုက်သည်။ “အစ်မ လျှို့အာက ငယ်သေးတယ်လေ။ အဲ့တော့ အကောင်းအဆိုး ခွဲတတ်ဦးမှာ မဟုတ်ဘူး။ တကယ်လို့ အစ်မတို့က အဲ့မိသားစုက ကလေးကို မျက်စိကျရင် ဈေးဖွင့်တုန်း လျှို့အာကိုခေါ်ပြီး ခဏသွားတွေ့ပေးရင်ရော ဘယ်လိုလဲ။ လျှို့အာ သဘောတူချင် တူလောက်မှာပေါ့”

ယွဲ့ချန်ဟုန်သည် ထိုအကြံကို ကြားသည်နှင့် အဆင်ပြေလောက်မည်ထင်ကာ ပျော်ရွှင်သွားလေသည်။

“ဟုတ်တယ်။ လျှို့အာကို နှစ်ရက်လောက်နေရင် မြို့ပေါ်ကို ခေါ်သွားရမယ်” အခန်းထဲရှိ မိန်းမကြီးသုံးဦးမှာ စကားပြောနေကြကာ အပြင်ဘက်၌ နားထောင်နေသည့် ကောလျှို့အာကိုပင် သတိမထားခဲ့ကြချေ။

....................

ကောလျှို့အာသည် နေ့လယ်စာ စားပြီးသည်နှင့် ပင်မဆောင်မှ ထွက်လာကာ ၀မ်ညန်နေထိုင်သည့် အနောက်ခြံထဲသို့ သွားရန် ပြင်လိုက်သည်။ အနည်းငယ် မူးဝေနေသည့် ၀မ်ညန်သည် သူမ လာသည်ကို မြင်‌လေသည်။ လာရင်းကိစ္စကို မသိသည့်တိုင် သူမသည် အပြုံးဖြင့်ကြိုဆိုလိုက်သည်။ “လျှို့အာ ရောက်လာတာပဲ”

ကောလျှို့အာသည် ခုတင်ပေါ်၌ မသက်မသာ ထိုင်လိုက်ကာ သူမ၏မျက်၀န်းဝိုင်းများသည် ၀မ်ညန်အား မနှစ်မြို့စွာ ကြည့်လေသည်။

“အမေ့ကို ဘာလို့အဲ့အကြံပေးလိုက်တာလဲ။ ကျွန်မကို မြို့ပေါ်သွားကြည့်ခိုင်းဖို့လေ”

အကြံပေးလိုက်သည့် ၀မ်ညန်သည် ထိုသို့ ဖော်ထုတ်ခံရမည်ဟု မထင်ထားချေ။ ၀မ်ညန်သည် ပုံမှန်အခြေအနေသို့ ပြန်ရောက်ရန် အနည်းငယ်ကြာခဲ့သည်။ “အာ ဘာကိုကြည့်တာလဲ။ ဘယ်သူက မင်းကို အဲ့လိုပြောလိုက်တာလဲ”

“ရှင်လေ ကျွန်အမေကို အဲ့အကြံပေးလိုက်တာ အပြင်ကနေ ကြားလိုက်တယ်” ကောလျှို့အာ၏ မျက်၀န်း၌ မုန်းတီးခြင်းများ ပြည့်‌နှက်နေသည်။ သူမ၏ပတ်၀န်းကျင်ရှိ လူများသည် သူမအား အဘယ်ကြောင့် နားမလည်ပေးနိုင်ရသနည်း။ မြေကြီးတူးကာ အစာရှာရသည့် ကျေးလက်တောသားကို လက်ထပ်ရမည်တဲ့လား။ မြို့ပေါ်သွားစဉ်က သူမတွေ့ခဲ့သော ပျော့ပျောင်းသည့်ပိုးထည် အင်္ကျီများ ၀တ်ဆင်ထားသည့် ကြွယ်၀လှသော အမျိုးသမီးများကို ပြန်တွေးလိုက်သည်။ ထိုအမျိုးသမီးများသည် အမြင်တင့်တယ်လှသည်။ ထို့နောက် ရွာထဲရှိ နေလောင်ကာ ပေပွနေသည့် အမျိုးသမီးများကို ပြန်တွေးလိုက်သည်။ အနာဂတ်၌ မြို့ပေါ်မှ လူကြီးလူကောင်းနှင့် လက်ထပ်ရမည်ဟု သူမစိတ်ပိုင်းဖြတ်လိုက်သည်။

၀မ်ညန်သည် အနည်းငယ် အဆင်မပြေသလို ခံစားနေရသည်။ ထိုသို့ လူမိသွားလိမ့်မည်ဟု သူမမထင်ခဲ့ပေ။ သူမ၏မျက်နှာ၌ ပေါ်လွှင်နေရုံသာမက အတွေးများလည်း လွင့်ပျံနေကာ အကြံဉာဏ်တစ်ခု ရလာခဲ့သည်။

“‌လျှို့အာ ဒေါ်လေးတစ်ခုလောက်မေးမယ်နော်။ တကယ်လို့ သမီးသာ သမီးအမေကို မြို့ပေါ် လိုက်မကြည့်ဘူးပြောရင် ကျိုးသခင်လေးနဲ့ လက်ထပ်နိုင်ပါ့မလား” ကောလျှို့အာ၏ အဖြေကိုပင် မစောင့်ဘဲ ဆက်ပြောလေသည်။

“ကျိုးသခင်လေးနဲ့ တစ်ခါတည်းတွေ့ဖူးမှန်း မင်းလည်း သေချာသိသားပဲ။ အဲဒါလေးနဲ့ သူ့ကိုလက်ထပ်နိုင်ပါ့မလား”

သူမ၏ဒဏ်ရာကို ဆားသိပ်နေသည့် ၀မ်ညန်၏စကားများကြောင့် ကောလျှို့အာသည် ငိုကြွေးတော့မည့်ပုံ ပေါ်လာသည်။

“ရှင်တို့တွေအကုန်လုံး ကျွန်မကို အထင်သေးနေကြတာ။ ရှင်တို့တွေအကုန် ကျွန်မကို ဒီလိုဘ၀နဲ့ ထိုက်တန်တယ်လို့ တွေးနေကြတာ”

၀မ်ညန်သည် ခုတင်၌ ထိုင်ကာ ငိုကြွေးနေသည့် ကောလျှို့အာကို နှစ်သိမ့်ပေးလိုက်သည်။

“လျှို့အာ ဘာပဲဖြစ်နေနေ ငါက မင်းဒေါ်လေးလေ။ အဒေါ်တစ်ယောက်အနေနဲ့ မင်းကို ကောင်းစားစေချင်တာပေါ့” ထို့အပြင် ၀မ်ညန်သည်လည်း အမြင့်သို့တက်ချင်သည့် စိတ်ဆန္ဒရှိသူဖြစ်သည်။ လျှို့အာကို နားမလည်နိုင်ဘူးတဲ့လား။

“သခင်လေးကျိုးနဲ့ တကယ် လက်ထပ်ချင်ရင် ဒေါ်လေးမှာ အကြံရှိတယ်...”

၀မ်ညန် ၌အကြံရှိကြောင်း ကြားသည်နှင့် ကောလျှို့အာသည် သူမ၏မျက်ရည်များကို သုတ်လိုက်သည်။

“ဘာအကြံလဲ” ကောလျှို့အာသည် ၀မ်ညန်အား သူမ၏အသက်ကယ်ဆေးအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။

“အရင်ဆုံး မင်းအမေရဲ့ဆန္ဒအတိုင်း လုပ်မယ် ကတိပေးလိုက် ပြီးရင် မြို့ပေါ်ရောက်တာနဲ့ တတိယဦးလေးအိမ်မှာ နေဖို့‌ပြောလိုက်။ အဲ့မှာ သခင်လေးကျိုးနဲ့ တွေ့ဖို့ အခွင့်အရေးရှာပြီး ဆက်ဆံရေး ကောင်းအောင် လုပ်ရမယ်။ တကယ်လို့ အလုပ်မဖြစ်ရင် ငါတို့မိန်းမတွေမှာ ချင့်ချိန်နိုင်စွမ်း ရှိရဦးမယ်လေ”

ရည်မှန်းချက် ပြည့်နေသည့် မျက်၀န်းများဖြင့် ကောလျှို့အာ၏ ဖွံ့ဖြိုးနေသည့် ရင်ဘတ်ကို ကြည့်လိုက်သည်။

“မင်းသာ နည်းလမ်းမှန် သုံးနေသ၍ ယောက်ျားတစ်ယောက်က မင်းလက်ညှိုးညွှန်ရာ အသက်စွန့်ဖို့ အသင့်ဖြစ်နေလိမ့်မယ်။ မိသားစုကောင်းကောင်းကို လက်ထပ်ဖို့ကတော့ ထည့်ပြောမနေတော့”

ကောလျှို့အာသည် ၀မ်ညန်၏ ပြောင်တင်းတင်း အကြည့်များကြောင့် အနည်းငယ်ရှက်ရွံ့လာမိသည်။ သို့သော် သခင်လေးကျိုးကို လက်ဆက်ရမည်ဆိုသောကြောင့် သူမသည် ပျော်ရွှင်လာတော့သည်။ ၀မ်ညန်အား ခေါ်ဆိုသည့်ပုံကိုပင် ပြောင်းလိုက်လေသည်။ “ဒုတိယဒေါ်လေးပြောတာ တကယ်ပဲလား”

၀မ်ညန်သည် အပြုံးလေးဖြင့် ခေါင်းညိတ်လိုက်သည်။

“သေချာတာပေါ့။ ဒေါ်လေးက မင်းကို မလိမ်ပါဘူး” ၀မ်ညန်သည် ယွဲ့မိသားစု၏ အခြားမိသားစု၀င်တစ်ဦး၏ စိတ်ကို အနိုင်ရလိုက်၍ ပျော်ရွှင်နေလေသည်။ သူမ၏ဘက်၌ လူပိုရှိလေ မိသားစု၌ ဒုတိယချွေးမအဖြစ် သူမကပို၍သင့်တော်လာပေလိမ့်မည်။ တူညီသည့် အဆင့်အတန်းရှိနေစရာ မလိုတော့ပေ။

ကောလျှို့အာ၌ အခြားအတွေးမရှိချေ။ ၀မ်ညန်ပြောသည်များကို မှန်သည်ဟု တွေးကာ ခေါင်းညိတ်သဘောတူလိုက်ပြီး ကျေးဇူးတင်ကာ အနောက်ခြံမှ ပျော်ရွှင်စွာ ထွက်လာလေသည်။

အပြင်မှပြန်လာသည့် ယိုရင်သည် ကောလျှို့အာတစ်ယောက် မျက်လုံးရဲများဖြင့် ပြုံးကာ ၀မ်ညန်၏အခန်းမှ ထွက်လာသောကြောင့် ယဉ်ကျေးမှုအရ နှုတ်ဆက်လိုက်သည်။ “၀မ်းကွဲမမ”

ကောလျှို့အာသည် ယိုရင်အား ရွံ့ရှာသလို ကြည့်လိုက်သည်။ တကယ်ကို လောကကြီးကို မမြင်ဖူးတဲ့ တောသူမတစ်ယောက်ပဲ။ ထို့နောက် ယိုရင်အား လျစ်လျူရှုကာ ထွက်သွားတော့သည်။

ယိုရင်သည် အနောက်ခြံရှိ တင်းကျပ်စွာ ပိတ်ထားသော ထိုအခန်းတံခါးကို ကြည့်လိုက်သည်။ ၀မ်ညန်နှင့် ကောလျှို့အာတို့ အဘယ်ကြောင့် အတူရှိနေကြသည်ကို သူမစဉ်းစား၍ မရပါချေ။ စဉ်းစားရန် စိတ်မပါတော့သဖြင့် သူမလုပ်စရာရှိသည်များကို ဆက်လုပ်နေတော့သည်။

ကောလျှို့အာသည် ယွဲ့မိသားသုအိမ်မှ ပြန်လာပြီးနောက်တွင် ယွဲ့ချန်ဟုန်မှ မြို့ပေါ်သို့ သွားကြည့်ရန် မေးလာလေသည်။ ဖြစ်လာမည့်ကိစ္စများကို ကြိုသိနေသော ကောလျှို့အာသည် သဘောတူခေါင်းညိတ်လိုက်သည်။ အခန်းထဲ၌ အမျိုးသမီးနှစ်ဦးသည် အောင်သွယ်တော်ခရီးအတွက် အတွေးကိုယ်စီဖြင့် အလုပ်ရှုပ်နေခဲ့ကြသည်။

နွေဦးပွဲတော် ပြီးဆုံးတော့မည်ဖြစ်ကာ မျက်စိတစ်မှိတ်အတွင်း၌ပင် ၀မ်ညန်၏ မွေးဖွားရန်အချိန်လည်း ကျရောက်လာလေသည်။ ဖေဖော်ဝါရီလ နှစ်ရက်မြောက်နေ့သည် နဂါးနိုးထသည့်နေဖြစ်လေသည်။ ပင်မဆောင်မှ ပြန်လာကာ အနောက်ခြံထဲသို့ ရောက်ချိန်၌ နေမွန်းတည့်နေပြီဖြစ်သည်။ သူမသည် နာကျင်မှုကြောင့် ဖြူဖျော့နေကာ ငိုကြွေးမိမတတ်ဖြစ်နေသည်။ ကလေးမွေးဖွားရန် အချိန်ကျလေပြီ။

ယွဲ့ချန်လုသည် ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရသည့် သားလေးဖြစ်သည့်အတွက် သူသည် စိုးရိမ်ပူပန်မိသည်။ ၀မ်ညန်အားအနောက်ခြံသို့ ကူညီပို့ဆောင်ခဲ့ကာ နွားလှည်းဖြင့် အခြားရွာမှ ၀မ်ဖွားဖွားကိုပင့်ရန် သွားလေသည်။

ယွဲ့ချန်လု ထွက်သွားပြီး မကြာခင်၌ မွေးရန် လပိုင်းမျှ လိုသေးသည့် အမျိုးသမီးစုသည်လည်း လက္ခဏာများ စတင်ပြလာတော့သည်။ ခုတင်၌လှဲကာ အံကြိတ်နေသည့် အမျိုးသမီးစုကြောင့် ယိုကျင့် စိုးရိမ်လာတော့သည်။

“အမေ ဘာဖြစ်လို့လဲ”

ကလေးမွေးဖွားခြင်းနှင့် အသားကျနေသည့် အမျိုးသမီးစုသည် ရက်စောကာ မွေးဖွားတော့မည်မှန်း သိလေသည်။ နာကျင်နေသည့် သူမ၏မျက်နှာ၌ အပြုံးဖျော့လေးတစ်ခုပန်ဆင်ကာ ယိုကျင့်ကို မှာလိုက်သည်။

“အမေ အဆင်ပြေပါတယ်။ ညီမလေးတွေကို အပြင်ထုတ်သွားလိုက်နော်။ ကလေးတွေကို မလန့်စေနဲ့”

ထိုသို့ဖြင့် ကြောက်ရွံ့တုန်လှုပ်နေသည့် ညီမများ၏မျက်၀န်းများကို ယိုကျင့်သတိထားမိလိုက်သည်။ အထူးသဖြင့် အငယ်ဆုံးနှစ်ယောက်သည် ငိုကြွေးလုမတတ် ဖြစ်နေသည်။ သူမသည် အကုန်လုံးကို အ‌ခန်းထဲမှာ အမြန်ထုတ်လိုက်သည်။ “ယိုရင် ယိုကျူး နင်တို့တွေ မီးဖိုပြီး ရေနွေးသွားတည်။ ယိုပေါင် ညီမလေးတွေကို သေချာကြည့်ထား။ လျှောက်မသွားစေနဲ့”

ကလေးများသည် ထိတ်လန့်နေသော်လည်း ယိုကျင့်၏စကားအတိုင်း တသွေမတိမ်း လုပ်ဆောင်နေဆဲပင်ဖြစ်သည်။ သူမတို့သည် ကြောက်ရွံ့နေရမည့်အစား အလုပ်များဖြင့် ရှုပ်ရှက်ခတ်နေတော့သည်။

ပင်မဆောင်ရှိ အဘွားချန်သည် အပြင်ရှိလှုပ်ရှားမှုများကြောင့် ခုတင်မှထကာ ဖိနပ်၀တ်ပြီး ထွက်ကြည့်လိုက်ရာ ထိုညီမများသည် အလုပ်ရှုပ်နေကြောင်း တွေ့လိုက်ရသည်။ ရေနွေးတည်ရန် တာဆူနေသော ယိုရင်တို့ညီအစ်မနှစ်ယောက်အား နားကွဲထွက်စေမည့် အသံဖြင့် အော်ပြောလိုက်တော့သည်။

“ဘာတွေလုပ်နေတာလဲ။ ဒီတိုင်း ဆန်ကုန်မြေနှစ်ယောက်ထပ်တိုးတာပဲကို ဒီအဘွားကြီးရဲ့ ထင်းမီးတွေကို လာဖြုန်းတီးနေတယ်”

ယိုကျင့်သည် မည်သည့်အရာကိုမျှ ဂရုမစိုက်ချေ။ အမျိုးသမီးစု၏ ကျန်းမာရေးသည် မကောင်းမွန်သောကြောင့် အခြေအနေမဟန်မှန်း သူမသိလေသည်။ ထို့အတွက် သမားတော်မာကိုသာ ပင့်ရတော့သည်။ အမျိုးသမီးစုသာ မကျော်ဖြတ်နိုင်ပါက သူမတို့၏ မျှော်လင့်ချက်များသည် သဲထဲရေသွန်ဖြစ်ပေတော့မည်။

အမျိုးသမီးစု၏ စောစီးစွာ မွေးဖွားခြင်းကြောင့် သမားတော်မာသည် ဆေးသေတ္တာကို အမြန်ပြင်ကာ လိုက်လာခဲ့သည်။ သမားတော်မာ၏ဇနီးဖြစ်သူ အမျိုးသမီးလင်းသည်လည်း အဘွား၀မ် မရောက်သေးကြောင်း ကြားသည်နှင့် လိုအပ်သည်များ ထုတ်ပိုးကာအတူလိုက်လာခဲ့သည်။

“အရင်တုန်းကတော့ ကလေးမွေးဖွားတာ ကူပေးဖူးတယ်။ နည်းနည်းတော့ အကူအညီရမှာပါ”

ယိုကျင့်သည် ထိုအကြီးအကဲနှစ်ယောက်အား ဒူးထောက်အရိုအသေပြုရင်း ကျေးဇူးတင်ကြောင်း ပြသလေသည်။ “အဘိုးမာ အဘွားမာ အဘိုးတို့က သမီးတို့မိသားစုအပေါ် ကျေးဇူးကြီးလွန်းပါတယ်။ အနာဂတ်မှာ အဘိုးတို့ကို သေချာပေါက် ပြန်ပေးဆပ်မှာပါ”

အမျိုးသမီးလင်းသည် ယိုကျင့်အား ထရန်ကူညီလိုက်လေသည်။ “ဒီကလေး‌ကတော့ အဲ့လောက် ယဉ်ကျေးဖို့လိုလို့လား။ မင်းအမေကို အမြန်သွားကြည့်ချေ” အမျိုးသမီးစု၏ ကိုယ်၀န်သည် အမြွှာဖြစ်သည့်အပြင် လမစေ့ဘဲ မွေးဖွားသည့်အတွက် အလွန် အန္တရာယ်ကြီးပေသည်။

ယိုကျင့်သည် ခေါင်းညိတ်ကာ ထိုလူနှစ်ဦးကို ယွဲ့အိမ်ထဲသို့ ၀င်စေလိုက်သည်။

…

အပိုင်း (၃၆) နဂါးခေါင်းထောင်တဲ့နေ့ (အပိုင်း ၁)

အဖွားချန်သည် အမျိုးသမီးစု သားလေးမွေးမည့်အရေးကို လုံးဝမျှော်လင့်ချက်မထားတော့ချေ။ သို့သော် ယွဲ့တာ့ဖူတွင်တော့ မျှော်လင့်ချက် ရေးရေးလေး ရှိနေသေးသည်။

“ ၂လပိုင်း ၂ရက်နေ့က နဂါးခေါင်းထောင်တဲ့နေ့ပဲ၊ သူသာ သားတစ်ယောက် တကယ်မွေးလာရင် အနာဂတ်မှာ အောင်မြင်မှု ကြီးကြီးမားမား ရမှာမလား”

“ ရှင်ကမှ ထူးဆန်းတဲ့လူ၊ သူ ဆန်ကုန်မြေလေး ၇ယောက်ကို မွေးထားပြီးပြီ၊ ဒီလိုအချိန်မျိုးမှာ ကလေးတစ်ယောက် မွေးနိုင်မယ်တောင် မယုံနိုင်ဘူး”

အဘွားချန်သည် အမျိုးသမီးစု ထိုနေ့တွင် သားတစ်ယောက် မွေးနိုင်မည်မဟုတ်ဟုသာ ခိုင်ခိုင်မာမာ ယုံကြည်ထားလေသည်။ သူမသည် အနောက်ဆောင်ကိစ္စကို စိတ်ထဲမထည့်ချေ။

သမားတော်မာနှင့် သူ့ဇနီးက မြန်မြန်ရောက်လာ၏။ အမျိုးသမီးလင်းက သူမလက်ကို ရေနွေးဖြင့်ဆေးလိုက်ပြီး ကလေးများကို နှစ်သိမ့်သည့်အကြည့်ဖြင့် ကြည့်လိုက်လေသည်။

“ မစိုးရိမ်ကြနဲ့နော်၊ နင်တို့အမေက မောင်လေးကို အန္တရာယ်ကင်းကင်းမွေးနိုင်မှာပါ”

ထိုနောက် သူမသည် အနောက်ဆုံးတံခါးကိုတွန်းဖွင့်ကာ တန်းဝင်သွားတော့သည်။

တစ်ဖက်တွင် ဝမ်ညန်သည် သားဦးမွေးခြင်းဖြစ်သည်။ အတွေ့အကြုံမရှိသည့်သူမက စိုးရိမ်တကြီး ဖြစ်နေ၏။ သူမ၏မီးရောင်ဖြင့် လက်နေကာ ဖြူရော်နေသည့်မျက်နှာကို ပင့်ထားပြီး ယွဲ့ချန်လူက သူမကို လာစောင့်ကြည့်ခိုင်းထားသည့် အမျိုးသမီးချန်ကို ကြည့်ကာ မေးလိုက်သည်။

“ ယောက်မကြီး အပြင်မှာ ဘာလို့ အဲလောက်ဆူညံနေတာလဲ၊ ဒုတိယအစ်ကိုကြီးယွဲ့ ပြန်လာပြီလား”

ဘေးတွင်ထိုင်ရင်း အမျိုးသမီးချန်သည် ပျင်းလို့ပင် သေတော့မည်။ သူမ ထရပ်လိုက်ပြီး အပြင်ကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် မသိသာသည့် ညစ်ကျယ်ကျယ်အပြုံးတစ်ခုဖြင့် ပြန်လာလေသည်။

“ဪ လောင်အာ့ ပြန်လာတာမဟုတ်ပါဘူး၊ အမျိုးသမီးစုလည်း မွေးတော့မယ်ထင်တယ်၊ အဲကလေးမတွေ ရွာက သမားတော်ကို သွားပင့်ခဲ့တာ”

အမျိုးသမီးစုလည်း မွေးတော့မည်ဟု ကြားလိုက်သည်တွင် ဝမ်ညန်၏မျက်လုံးထဲတွင် မုန်းတီးရိပ်တစ်ခု ဖျတ်ခနဲ ဖြစ်သွားတော့သည်။ ဘာ။ သူမက ဒီလိုနေ့ကောင်းလေးမှာတောင် တိုက်ခိုက်ရအုံးမှာလား။

“ အစ်မကြီးစုရဲ့ မွေးမဲ့ရက် မရောက်သေးဘူးလေ မဟုတ်ဘူးလား”

“ မသိဘူးလေ၊ ဒီနေ့ကနေ့ကောင်းနေ့မြတ်မှန်း သိလို့ ကြိုမွေးချင်တာနေမှာပေါ့”

ဒရာမာခင်းရင်း အမျိုးသမီးချန်သည် ဘေးတွင် အေးစက်စက်ထိုင်ကာ ဝမ်းသာသလို ပြောလိုက်လေသည်။

ဝမ်ညန်သည် တစ်ခုခုကို ပြောချင်သော်လည်း ရုတ်တရက် နာကျင်မှုက သူမကို ထိုးနက်နေတော့သည်။ သူမကို ပါးစပ်ဖွင့်ကာ ဘာမှပြန်မပြောနိုင်အောင် ဖြစ်နေစေတော့သည်။ အံကို တင်းတင်းကျိတ်ရင်း အမျိုးသမီးစုကို မုန်းတီးနေပြီး ဒုတိယမိသားစု၏ သမီးများကို ပိုလို့ပင်မုန်းတီးနေတော့သည်။

အမျိုးသမီးစု ဖက်တွင်တော့ လမစေ့ဘဲ မွေးတော့မည်ဖြစ်ရာ အခြေအနေက အရေးပေါ်ဖြစ်နေသည်။ ထို့ထက် အမျိုးသမီးစု၏ခန္ဓာကိုယ်က အားနည်းပြီး အားမထုတ်နိုင်တော့ချေ။ အမျိုးသမီးလင်းသည် သူမ၏အခြေအနေကို သွားစစ်ကြည့်လိုက်၏။ သူမ မြန်မြန်ပြန်ထွက်လာပြီး ယောက်ျားဖြစ်သူကို အမျိုးသမီးစု၏အခြေအနေအား မြန်မြန် ရှင်းပြလိုက်လေသည်။

“ သူ အရင်မွေးတော့မယ်၊ သားအိမ်ကလည်း ပွင့်နေပြီ၊ ဒါပေမဲ့ သူ့ခန္ဓာကိုယ်က အားနည်းပြီး အားလည်း မထုတ်နိုင်တော့ဘူး၊ ဒီလိုဆက်ဖြစ်နေရင် လူကြီးရော ကလေးပါ အန္တရာယ်ရှိမှာ စိုးတယ်”

အမျိုးသမီးစုနှင့် ကလေးများ ကံခေတော့မည်ကို ကြားလိုက်ရချိန်၌ ယိုကျင့်နှင့် ညီအစ်မများ ဝမ်းနည်းသွားတော့သည်။ သို့သော်လည်း သူတို့အားလုံးသည် အံကြိတ်ထားကြပြီး မငိုရဲကြချေ။ သူတို့၏မျှော်လင့်ချက်အားလုံးကို သမားတော်မာထံတွင်သာ ပုံအပ်ထားလိုက်ကြတော့သည်။

သမားတော်မာသည် သူ့မုတ်ဆိတ်မွေးကို သပ်ကာ အတန်ကြာအောင် စဥ်းစားလိုက်ပြီးနောက် ဖြည်းညင်းစွာပြောလိုက်လေသည်။

“ ငါ သူ့အတွက် ဆေးညွန်းပေးလိုက်မယ်၊ ဒါကိုသောက်ပြီးရင် သူ့အခြေအနေ ပိုကောင်းလာမလား ကြည်ံ့ကြတာပေါ့”

သူသည် ယိုကျင့်ကို ဆေးများပြန်ယူရန် သမားတော်မာအိမ်သို့ ခေါ်လာခဲ့လေသည်။ ထို့နောက် သူသည် စမ်းတဝါးဝါးဖြင့် ပတ်သွားနေပြီးမှ လက်သန်းအရွယ်ဂျင်ဆင်းတစ်ဝက်ကို ဆေးဗီဒို၏အပေါ်ဆုံးထပ်မှာ ထုတ်ယူလိုက်ပြီး တစ်ဝက်ကို ဖြတ်ကာ ယိုကျင့်လက်ထဲ ထည့်ပေးလိုက်၏။ သူ ညွှန်ကြားလိုက်၏။

“ ဒါကိုလည်းထည့်လိုက် ပြီးရင် ဆေးတွေနဲ့ ရောကျိုလိုက်၊ စုစုပေါင်း ၅ခွက်တစ်ခွက်တင်အောင် ကျို၊ ပြီးရင် နင့်အမေကို တစ်ကျိုက်ထဲ မော့သောက်ခိုင်းလိုက်၊ သူ့မှာ အားရှိလာရင် အဆင်ပြေမှာပါ၊ ဒါပေမဲ့ အားမတက်လာဘူးဆိုရင်တော့ ဒီအဘိုးကြီးလည်း မတတ်နိုင်တော့ဘူး”

ယိုကျင့်သည် သမားတော်မာ ရွေးပေးလိုက်သည့် ဆေးကို ကျေးဇူးတင်စိတ်ဖြင့် ယူလိုက်ပြီး ယွဲ့အိမ်တော်သို့ မြန်မြန်ပြန်လာခဲ့တော့သည်။ သည်အချိန်တွင် အဖွားဝမ်ကို သွားပင့်သည့် ယွဲ့ချန်လုလည်း ပြန်ရောက်လာ၏။ အဖွားဝမ်သည် ဝမ်ညန်၏အခန်းထဲသို့ ဝင်သွားစဥ် ယွဲ့ချန်လုက တံခါးအပြင်ဖက်တွင် အနီးကပ် စောင့်ကြည့်နေလေသည်။ သူတို့သည် နံရံတစ်ချပ်သာ ခြားသော်လည်း အမျိုးသမီးစုကို တစ်ချက်ပင် မကြည့်ချေ။ အမျိုးသမီးစု၏ဗိုက်ထဲက ကလေးများက သူနှင့် မဆိုင်သည့်နှယ်။

ယိုကျင့်၏မျက်လုံးများသည် အခြေအနေတစ်ခုအထိ ညိုမည်းသွားတော့သည်။ သို့သော် သူမတွင် ထိုကိစ္စအထိ လိုက်စိုးရိမ်နေရန် အချိန်မရှိချေ။ ဆေးကျိုရန် မီးဖိုခန်းသို့ မြန်မြန်သွားလိုက်ပြီးနောက် အမျိုးသမီးစု၏အခန်းသို့ ယူသွားလိုက်တော့သည်။ ထို့နောက်တွင် သူမကို အမျိုးသမီးလင်းက အပြင်ထုတ်လိုက်တော့သည်။

“ ဒါက ကလေးတွေရှိရမဲ့ နေရာမဟုတ်ဘူး၊ ဒီမှာမနေနဲ့၊ လိုအပ်ရင် ငါနင့်ကို ခေါ်လိုက်မယ်”

အနောက်ဘက်ဆောင်မှ ထွက်လာသည်နှင့် ယိုကျင့်၏ရင်ထဲတွင် ဟာတာတာ ဖြစ်နေလေသည်။ သူမ ဘာလုပ်လို့ ဘာကိုင်ရမည်မသိချေ။ အနောက်ဆောင် တံခါးအပြင်ဖက်တွင် ညီမငယ်များက တန်းစီရပ်နေသည်ကို မြင်လိုက်ရပြီး သူမရင်ခွင်ထဲတွင် အငယ်ဆုံးနှစ်ယောက်ကို ဖက်ထားလိုက်ကာ ကျန်ညီမငယ်များနှင့်အတူ ရပ်နေလိုက်လေသည်။ အမျိုးသမီးစုနှင့် ကလေးများ အန္တရာယ်ကင်းပါစေဟု စိတ်ထဲက ဆုတောင်းနေလိုက်တော့သည်။

အမျိုးသမီးစုဖက်တွင် မြန်မြန်ပင် တိတ်ဆိတ်သွားသော်လည်း ဝမ်ညန်ဘက်တွင်တော့ နာကျင်မှု၏ညှဉ်းပန်းခံနေရဆဲ။

ဝမ်ညန်၏အခြေအနေကို စစ်ဆေးပြီးနောက် အဖွားဝမ် ထွက်လာပြီး ယွဲ့ချန်လုကို တစ်ယောက်ယောက်အား စားစရာတချို့ ယူလာခိုင်းလိုက်သည်။

“ ဒါက မိန်းမရဲ့ သားဦးပဲ၊ ညသန်းခေါင်အထိ မွေးသေးမှာမဟုတ်ဘူး၊ စားစရာတချို့ မြန်မြန်ပြင်ဆင်ပြီး ဒီနေရာကို ပို့ခိုင်းလိုက်၊ မဟုတ်ရင် သူ ဗိုက်ဆာပြီး ညနေကျတော့ ကလေးမွေးဖို့ အားရှိပဲ နေအုံးမယ်”

နေ့တစ်ဝက်လောက်ကြာအုံးမည်ဟု ကြားလိုက်သည်တွင် ယွဲ့ချန်လုသည် မျက်မှောင်ကျုံ့ကာ လက်ခံလိုက်တော့သည်။ ထို့နောက် ယိုကျင့်ကို အစားအသောက်ပြင်ပေးရန် အမိန့်ပေးလိုက်၏။

“ နင့်အမေအတွက် စားစရာတချို့သွားပြင်လာခဲ့”

ယိုကျင့်က သူ့ကို ကြောက်စရာကောင်းလောက်အောင် စိန်းစိန်းဝါးဝါး ကြည့်လိုက်သဖြင့် သူ့မှာ အံ့ဩသွားတော့သည်။

“ သမီးအမေက အစားစားချင်ပါတယ်လို့တောင် မပြောဘူး”

သူမ၏စိတ်ထဲတွင် မရေမရာဖြစ်နေလေရာ ဝမ်ညန် ဗိုက်ဆာ မဆာ သူမက ဘယ်လိုဂရုစိုက်နိုင်ပါမည်နည်း။

ဒါသည် ယွဲ့ချန်လုအတွက် ပထမဆုံးအကြိမ် သမီးဖြစ်သူ့က တိုက်ရိုက်အာခံ ခံလိုက်ရခြင်း ဖြစ်လေသည်။ စူးရှသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် မနေနိုင်တော့ဘဲ ကြက်သီးထသွားတော့သည်။ ပင်မဆောင်တံခါးတွင် သူ့အစ်ကိုကြီးနှင့် မရီးက ရပ်နေသသည်ကို တွေ့လိုက်ရဖြင့် ယွဲ့ချန်လုသည် သူ မျက်နှာပျက်လို့ မဖြစ်ဟု ခံစားလိုက်ရတော့သည်။ သူသည် သူမကို ချက်ချင်းပင် ဆုံးမချင်လိုက်တော့သည်။

မျှော်လင့်မထားဘဲ ယိုကျင့်က သူ့လက်ဝါးကို ရှောင်လိုက်ပြီး သူ့အား အေးစက်စက် စိုက်ကြည့်လိုက်၏။

“ သမီး အဖေ့ကို မနှောင့်ယှက်ဘူးနော် သမီးကိုလည်း လာမနှောင့်ယှက်နဲ့၊ မဟုတ်ရင် အားလုံးကို ပုံချပြီး အဖေ့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး”

ကလေးခြောက်ယောက်သည် ယိုကျင့်နောက်တွင် ရပ်နေပြီး သူ့ကို မုန်းတီးစွာ ကြည့်လိုက်လေသည်။ သူတို့အသက်နှင့်ရင်းကာ တိုက်ခိုက်တော့မည့်နှယ်။

ထိုအခါမှ ယွဲ့ချန်လုသည် ဒုတိယမိသားစုတွင် သူ့နေရာမှာ မငြိမ်တော့မှန်း သိလိုက်ရတော့သည်။ သူသည် ဒေါသထွက်လွန်းသဖြင့် ယိုကျင့်ကို လက်ညှိုးငေါက်ငေါက် ထိုးကာ ကျိန်ဆဲတော့သည်။

“ ကျေးဇူးကန်းလိုက်တဲ့ ဆန်ကုန်မြေလေး၊ နင့်ညီမတွေကို အာခံတတ်အောင် သင်ပေးနေတာပေါ့လေ ဟုတ်လား”

“ အဖေ့မှာ သမီးရဲ့လေးစားမှုရဖို့ ဘာထိုက်တန်လို့လဲ”

ယိုကျင့် သူ့ကို အေးစက်စက် ကြည့်လိုက်တော့သည်။ ပန်းအိုးက ကွဲနှင့်နေပြီးဖြစ်ရာ ယိုကျင့် အဘယ်ကြောင့် သည်းခံစရာလိုပါတော့မည်နည်း။ သူမသည် ယိုကျူး လှမ်းပေးလိုက်သည့် ဝါးတုတ်ကို ယူလိုက်ကာ ညီမငယ်များကို အမျိုးသမီးစု၏တံခါးရှေ့တွင် မြဲမြဲမြံမြံရပ်နေရန် ပြောလိုက်တော့သည်။

“ ဒါဆိုလည်း သမီးတို့ကို ဒီနေ့သ-တ်လိုက်၊ လုပ်လိုက်ပါ”

အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်တတ်သည့် သူရဲဘောကြောင်သူဟု ယွဲ့ချန်လုပင်။ ငယ်ငယ်ကတည်းက သူ့အရိုက်ခံလာရသည့် ဆန်ကုန်မြေလေးများ၏ ဓားကဲ့သို့ထက်သည့် အကြည့်ကြောင့် ကြောက်သွားကာ အနည်းငယ်နောက်ဆုတ်သွားတော့သည်။ တစ်ဖက်တွင် ယွဲ့ချန်ဖူသည် နောက်ဆုတ်သွားကာ သူ့နှုတ်ခမ်းထောင့်တွင် ရွံရှာသည့်အရိပ်တစ်ခု ပေါ်လာလေသည်။ ဒီညီလေးကတော့ အမြဲတမ်း မျှော်လင့်ချက် မရှိတာပဲ။ ဆန်ကုန်မြေလေးတွေနဲ့ ပြိုင်ပြီးတော့တောင် သူ့နေရာကို ထိန်းမထားနိုင်ဘူး။

သို့သော် ဝံပုလွေမတစ်ကောင်က သူ့သားပေါက်လေးများကို ကာကွယ်နေသည့်နှယ် ယိုကျင့်၏ နီရဲနေသည့် မျက်လုံးများကို ကြည့်ရင်း ယွဲ့ချန်ဖူ၏စိတ်ထဲတွင် ရှာဖွေလို့မရနိုင်သည့် အေးစက်မှုတစ်ခု ဖျတ်ခနဲ ပေါ်လာတော့သည်။

ပင်မဆောင်မှ ထွက်လာသည့် ယွဲ့တာ့ဖူက မတိုးသာမဆုတ်သာ အခြေအနေကို ချိုးဖောက်လိုက်တော့သည်။

“ ချွေးမကြီး နင်ပဲ စားစရာတချို့ လုပ်ပြီး ဝမ်ညန်ဆီ ပို့ပေးလိုက်”

ပွဲကြည့်ပရိသတ် အမျိုးသမီးချန်သည် နောက်အလုပ်တစ်ခုက သူမထံ ရောက်လာလိမ့်မည်ဟု ထင်မျှော်လင့်မထားခဲ့ချေ။ သို့သော် ယောက္ခထီးကြီး၏ လေးနက်သည့်မျက်နှာကို မြင်လိုက်ရသဖြင့် သူမ မသွားချင် သွားချင်ဖြင့် သွားလိုက်ရတော့သည်။

ထိုအခါမှ ယွဲ့တာ့ဖူ သူ့ခေါင်းကိုလှည့်လာပြီး ယိုကျင့်တို့ ညီအစ်မများကို အေးအေးဆေးဆေး ကြည့်လိုက်ပြီး

“ လောင်အာ့ သူတို့နှစ်ယောက်လုံးက အခုဆိုရင် မီးတွင်းထဲမှာ၊ ဆုံးမရမဲ့သူတွေကို နောက်မှ ဆုံးမ”

သို့သော် ယွဲ့တာ့ဖူလည်း ဒုတိယမိသားစုက ဆန်ကုန်မြေလေးများ သတ္တိကောင်းလာပုံကို စဥ်းစားလိုက်လေသည်။ ဆုံးမပေးရန် လိုချေပြီ။ အခုတောင် သူတို့အဖေကို မျက်နှာချင်းဆိုင်ပြီး ပြန်ခံပြောရဲနေပြီ။ သူတို့တွေ ကြီးလာရင် မီးဖိုဆောင်က ဓားကို ကိုင်ပြီး ခြိမ်းခြောက်ရဲတော့မှာမလား။

ယိုကျင့်က သူ့ကိုလည်း မကြောက်ချေ။ အများဆုံး ငါးသေတစ်ကောင်က ပိုက်ကွန်ကို ဖျက်ဆီးလိုက်တယ်ပေါ့၊ သူမရဲ့အသက်နဲ့ ယွဲ့မိသားစုက အသက်တွေကို လဲရုံပေါ့။ တန်ပါတယ်။ အသက်ကို ချစ်ကြတဲ့ ယွဲ့မိသားစုက သူတို့ကို မောင်းထုတ်ချင်သွားကြလိမ့်မယ်။

***

အပြင်မှာ ဖြစ်ပျက်နေသည်ကို အမျိုးသမီးစု မသိသည်က ပြောရန်ပင်မလိုချေ။ ဂျင်ဆင်းရိုင်းလေးတစ်တုံး ရောထားသည့် သမားတော်မာ၏ဆေးရည်ကို သောက်ပြီးနောက် သူမ အားပြန်တက်လာတော့သည်။ ထိုအခြင်းအရာကို မြင်လိုက်ပြီး အမျိုးသမီးလင်း စိတ်အေးသွား၏။

“ ရှင့်မှာ အားရှိလာပြီဆိုရင် ကျွန်မ ပြောတဲ့ အသက်ရှူနှုန်းအတိုင်း လိုက်လုပ်နော်”

အမျိုးသမီးစုသည် မိန်ကလေး ခုနှစ်ယောက်ကို မွေးခဲ့ပြီးဖြစ်၏။ သဘာဝအလျောက်ပင် မွေးရလွယ်လာတော့သည်။ ယခုတော့ သားအိမ်ကလည်း အပြည့်ပွင့်နေပြီ။ အမျိုးသမီးစုက လိုအပ်ချိန်တွင် အားထည့်နိုင်လျှင် နာရီဝက်အတွင်း မွေးဖွားပြီးလိမ့်မည်။

ချွေးများသည် သူမ၏အနည်းငယ်နီရဲနေသည့်မျက်နှာတစ်ခုလုံးတွင် စိုနေ၏။ အမျိုးသမီးစု နာကျင်မှုကို အံတုရင်း ‘အင်း’ တစ်လုံးဖြင့် ပြန်ဖြေလိုက်လေသည်။ ထို့နောက် အမျိုးသမီးလင်း၏ စကားအတိုင်း လိုက်လုပ်ကာ အသက်ရှည်ရှည်ရှူသွင်းလိုက် ရှူထုတ်လိုက် လုပ်လိုက်သည်။ မျက်ရည်ထွက်လောက်သည့် နာကျင်မှုက ခြေဖျား လက်ဖျားများအထိ ပြန့်နှံ့သွားလေသည်။ အမျိုးသမီးစုသည် အံကြိတ်ရင်း တင်းခံထားတော့သည်။

“ကျွန်မ ကလေးရဲ့ခေါင်းကို မြင်နေရပြီ၊ လုပ်လုပ်အုံး နားထောင်၊ ရှူထုတ်ပြီး ညစ်လိုက်”

အမျိုးသမီးလင်းက ဝမ်းသာအားရ အော်ပြောလိုက်၏။

“ မြန်မြန် ညှစ်လိုက်”

“ဝါးး”

ကလေးလေး၏အားနည်းသည့်ငိုသံ ထွက်လာတော့သည်။ အပြင်ဖက်တွင် ယိုကျင့်နှင့်ညီအစ်မများသည် ပျော်ရွှင်မှုဖြင့် လက်များကို ချက်ချင်းဆုပ်လိုက်ကြတော့သည်။

“ အမေ မွေးသွားပြီ”

ယိုကျင့်သည် ရေနွေးကို အတွင်းခန်းသို့ ယူသွားကာ အမျိုးသမီးလင်းဆီ ပေးလိုက်၏။ အမျိုးသမီးလင်းသည် ပေါ့ပါးပြီး လျင်မြန်လေသည်။ သူမသည် ရေပူထဲတွင် စိမ်ထားသည့် ကတ်ကြေးဖြင့် ချက်ကြိုးကို ဖြတ်လိုက်၏။ ထို့နောက် ကလေးကို ဆေးကြောပေးကာ အဝတ်စဖြင့် ထုတ်ပေးလိုက်ပြီး သူမလက်မောင်းပေါ်တွင် ကလေးကို ဂရုစိုက် ချီထားပြီး ယိုကျင့်ကို ပြလိုက်လေသည်။

“ ညီမလေးပါ၊ နင့်အမေ ဗိုက်ထဲမှာ နောက်တစ်ယောက်ရှိသေးတယ်၊ ခဏနေ ထွက်လာတော့မယ်၊ သန့်ရှင်းတဲ့ ရေနွေးသွားပြင်ထားလိုက်အုံး”

ယိုကျင့်သည် မိန်းမကြီးတစ်ယောက်၏လက်သီးဆုပ်စာလောက်သာ ရှိသည့် ညီမသေးသေးလေးကို တစ်ချက် ကြည့်လိုက်လေသည်။ သူမ၏မျက်လုံးများသည် အနည်းငယ်နီသွား၏။

“ ကျေးဇူးတင်ပါတယ် အဘွားမာ”

ထို့နောက် သွေးများ ပြည့်နေသည့် ရေဇလုံကို ယူထွက်လာခဲ့တော့သည်။

ယိုရင်နှင့် ညီမတချို့က အနားတွင် ဝိုင်းလာကြ၏။

“ စန်းကျဲ အမေ မောင်လေးမွေးတာလား ညီမလေး မွေးတာလား”

ညီမငယ်လေးများ၏ မျှော်လင့်နေသည့်မျက်လုံးများကို ကြည့်ရင်း ယိုကျင့် သွေးများကို သွန်ချလိုက်ကာ ပြန်ဖြေလိုက်လေသည်။

“ ညီမလေး၊ အမေ့ဗိုက်ထဲမှာ နောက်တစ်ယောက်ရှိသေးတယ်”

ယိုကျင့်က ညီမလေးဟု ပြောသံကြားလိုက်သည်တွင် အကြီးများ၏မျက်လုံးထဲတွင် မသိမသာစိတ်ပျက်သွားသည့် အရိပ် ပေါ်လာလေသည်။ အစကတည်းက မျှော်လင့်ချက် ပျက်စီးသွားတော့သည်။

ယိုကျင့်သည် ညီမဖြစ်သူများက စိတ်ပျက်သွားသည်ကို သတိထားမိသွားရာ သူမ၏မျက်နှာ မာထန်သွားတော့သည်။ သူတို့တွေက သားတွေကို သမီးတွေလို တန်ဖိုးမထားဘူးဆိုပေမဲ့ ဒီနေရာမှာ မွေးကြီး ကြီးပြင်းလာကြတဲ့ ညီမလေးတွေက သူတို့အရိုးထဲမှာ မောင်လေးတစ်ယောက်အတွက် မျှော်လင့်ချက်ထားတဲ့ စိတ်မျိုးမရှိနေသင့်ဘူးလေ။ သူမ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဒေါသမျက်လုံးဖြင့် ကြည့်လိုက်လေသည်။

“ စန်းကျဲ နင်တို့ကို အမြဲပြောထားတယ်လေ၊ ငါတို့တွေက ယောက်ျားမဟုတ်လို့ ကိုယ့်ဟာကို အထင်သေးနေရင် ဒီလောကမှာ ငါတို့ကို လေးစားမဲ့သူ ရှိတော့မှာမဟုတ်ဘူး၊ မိန်းမတွေက ယောက်ျားတွေလောက် မတော်ဘူးလို့ ပြောကြပေမဲ့ အမေ မွေးလာတာက ညီမလေးတစ်ယောက်၊ အမေကလည်း နင်တို့တွေ ယောက်ျားလေးမဖြစ်လို့ဆိုပြီး ဘယ်တုန်းကမှ မချစ်ခဲ့တာ မရှိဘူး၊ အခု နင်တော့က နင်တို့ညီမလေးကို မချစ်ချင်ကြတော့ဘူးလား”

ညီအစ်မများသည် ယိုကျင့်၏ လေးနက်သည့် မျက်နှာထားကြောင့် အနည်းငယ် ကြောက်လန့်သွားပြီး တစ်ယောက်ပြီးတစ်ယောက် ခေါင်းတွင်တွင် ခါပြလိုက်ကြလေသည်။

“ မဟုတ်ပါဘူး၊ စန်းကျဲ သမီးတို့က ဒီအတိုင်း...”

“ အစ်မ သိတယ်၊ နင်တို့တွေ မောင်လေးတစ်ယောက် အရမ်းလိုချင်နေတာ၊ အမေက မောင်လေးတစ်ယောက် မွေးခဲ့ရင် နင်တို့ သူ့ကို အလိုလိုက်ကြမှာပဲမလား၊ အဲလိုမိခင်တွေက အရင်ကတည်း သားတွေကို ပျက်စီးစေတာ နင်တို့ သိကြလား၊ သူက မိသားစုရဲ့ အနာဂတ်မကောင်းတဲ့သူ ဖြစ်လာမယ်ဆိုရင် အစ်မကတော့ လိမ္မာတဲ့ညီမလေးတစ်ယောက်ပဲ ယူလိုက်မယ်”

ယိုကျင့်သည် ယိုရင်နှင့် ယိုကျူးတို့၏ ပခုံးကို ပုတ်လိုက်ပြီး

“ နင်တို့နှစ်ယောက်က ဒီညီမလေးတွေထဲမှာ အကြီးဆုံးပဲ၊ ဒီတော့ နင်တို့တွေ သူတို့ကို မကောင်းတဲ့အကျင့်တွေ သင်ပေးလို့ မရဘူးလေ”

ယိုကျူးက မြန်မြန် ခေါင်းခါလိုက်ပြီး ယိုကျင့်ဘေးတွင် ပြတ်ပြတ်သားသားရပ်လိုက်ကာ

“စန်းကျဲ ညီမလေး မလုပ်ပါဘူး”

ယိုရင်လည်း ခေါင်းညိတ်လိုက်ပြီး

“ စန်းကျဲ ညီမလေး နားလည်ပါပြီ”

ထိုအခါမှ ယိုကျင့် ကျေနပ်ကာ ခေါင်းညိတ်လိုက်လေသည်။ သူမသည် အနောက်ဆောင်ဆီသို့ နောက်ထပ်ရေးနွေးတစ်အိုး ယူသွားလိုက်တော့သည်။ တစ်ဖက်တွင် အဘွားချန်သည် အမျိုးသမီးစုက နောက်ထပ်သမီးတစ်ယောက် မွေးခဲ့သည်ကို သိပြီးဖြစ်သည်။ ထို့နောက် သူမသည် ပင်မဆောင်၏တံခါးတွင်ရပ်ကာ အနောက်ဆောင်ဖက်သို့ မျက်နှာမူလိုက်၏။ သူမ၏ နှုတ်ခမ်းပါးများက ‘ထင်ထားပြီးသားပါ’ဟူသည့် အပြုံးတစ်ခု ကွေးတက်သွားတလေသည်။

“ငါပြောပါတယ်၊ မျက်စိကောင်းတစ်လုံးပါအောင် မဥနိုင်တဲ့ ကြက်မအိုကြီးက သားတစ်ယောက် မမွေးနိုင်ပါဘူးလို့၊ ပြီးတော့ နင် မမွေးခဲ့ဘူးလေ၊ အခု နင်ယုံပြီလား”

အဘွားချန်ဘေးတွင် ရပ်နေသည့် ယွဲ့ချန်လုသည်လည်း မျက်နှာမှာ အနည်းငယ်ရှုံ့တွသွားတော့သည်။ သူသည် အမျိုးသမီးစု၏ ချိနဲ့ဖျော့တော့နေသည့်မျက်နှာကို မမြင်ချင်သော်လည်း ဒါက သူ့ကိုယ်မျိုးစေ့ပင်။ သူ့စိတ်ထဲတွင် သားတစ်ယောက်အတွက် မျှော်လင့်ချက်ရေးရေးလေးတစ်ခု ရှိနေသည်။ မျှော်လင့်မထားဘဲ နောက်ထပ်မျှော်လင့်ချက်မဲ့တစ်ယောက် ဖြစ်နေလေတော့သည်။

…

All Chapters