အခန်း (၂၅၉-၂၆၀)
Vol. 26 Ch. 259-260
အခန်း ၂၅၉ - တစ်လောကလုံး တုန်လှုပ်သွားခြင်း.... သမိုင်းတွင် မှတ်တမ်းတင်ခံရခြင်း.... မိစ္ဆာနှိမ်နင်းရေး အရှင်သခင်....
“ဘုန်း....”
အဆိပ်နတ်ဘုရားသည် အလျင်အမြန်ပင် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
သူသည် ထျန်းယာနတ်ဓား၏ သေစေနိုင်သော တိုက်ကွက်ကို အသည်းအသန် ရှောင်တိမ်းလိုက်ရပြီးနောက် သူ၏မျက်ဝန်းများတွင် ထိတ်လန့်မှုနှင့် ဒေါသများဖြင့် ပြည့်နှက်ကာ ရှေ့ရှိ လုရွှယ်ချီကို စိုက်ကြည့်နေသည်။
“ကောင်းတယ်... ကောင်းတယ်... အရမ်းကောင်းတာပဲ....”
“ကျင်းယွမ်ဂိုဏ်းမှာ တကယ်ပဲ ပါရမီရှင်တွေ ပေါများလှပါလား....”
အဆိပ်နတ်ဘုရား၏ လေသံမှာ အနည်းငယ် ခါးသီးနေ၏။
သူသည် ဂျိချန်းဖန်နှင့် တိုက်ခိုက်ရန်သာ စဉ်းစားနေခဲ့သော်လည်း ယခုမူ လုရွှယ်ချီ တစ်ယောက်တည်းကပင် သူ့ကို ခြေကုန်လက်ပန်းကျအောင် လုပ်နိုင်နေပြီ ဖြစ်သည်။
သူ မုန်းတီးသည်....
သူ အလွန်အမင်း မုန်းတီးပေသည်....
နဝမမြောက် ကောင်းကင်ယံထက်တွင် တာအိုသခင်မ ရွှယ်ယွဲ့သည် လုရွှယ်ချီနှင့် အဆိပ်နတ်ဘုရားတို့ တစ်ဦးချင်း တိုက်ခိုက်နေသည်ကို စောင့်ကြည့်နေသည်။
အစပိုင်းတွင် သူမ အနည်းငယ် စိုးရိမ်ခဲ့မိသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူမှာ မိစ္ဆာလမ်းစဉ်၏ ထိပ်သီးခေါင်းဆောင်တစ်ဦး ဖြစ်နေသောကြောင့်ပင်။
သို့သော် လုရွှယ်ချီသည် သူမ၏ အစွမ်းထက်သော ခွန်အားများကို တဖြည်းဖြည်း ထုတ်ဖော်လာသည်နှင့်အမျှ သူမ၏ရင်ထဲမှ စိုးရိမ်မှုများမှာ ဝမ်းသာပီတိအဖြစ်သို့ ပြောင်းလဲသွားတော့သည်.....။
“စီနီယာအမ... ရွှယ်ချီရဲ့ ကျင့်ကြံခြင်းအဆင့်က အခုဆိုရင် ကျွန်မတို့ထက်တောင် အများကြီး သာလွန်သွားပြီထင်တယ်”
စုရုက မချီးကျူးဘဲမနေနိုင် ဖြစ်မိသည်။ သူမနှင့် တာအိုသခင်မ ရွှယ်ယွဲ့တို့သည် ကောင်းကင်ကျမ်းစာ ၏ အကူအညီကို ရရှိထားကြသော်လည်း သူတို့၏ ပါရမီမှာ လုရွှယ်ချီကို မမှီနိုင်ကြပေ။
“အင်း”
တာအိုသခင်မ ရွှယ်ယွဲ့က ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။ လုရွှယ်ချီမှာ သူမ၏ တပည့်ရင်း ဖြစ်သည်မဟုတ်ပါလား။
တပည့်ဖြစ်သူ ထွန်းပေါက်လာသည်ကို မြင်ရသောအခါ ဆရာဖြစ်သူအနေဖြင့် ဝမ်းသာရသည်မှာ သဘာဝပင် ဖြစ်သည်။
အဝေးတစ်နေရာတွင် လေလွင့်ကျင့်ကြံသူများမှာ အဆိပ်နတ်ဘုရားနှင့် တိုက်ခိုက်နေသော လုရွှယ်ချီကို သတိပြုမိကြပြီး မအံ့သြဘဲ မနေနိုင်ကြတော့ပေ
“ဒီအမျိုးသမီးက ဘယ်သူလဲ....”
“သူမက အဆိပ်နတ်ဘုရားကိုတောင် သူမရဲ့ ကိုယ်ပိုင်ခွန်အားနဲ့ ယှဉ်တိုက်နိုင်တာလား........”
“မင်း မသိဘူးလား....”
လေလွင့်ကျင့်ကြံသူတစ်ဦးက လုရွှယ်ချီ၏ မည်သူမည်ဝါဖြစ်ကြောင်းကို မှတ်မိသွားကာ ရှင်းပြလိုက်သည်။
“သူမက ရှောင်ကျူးတောင်ထိပ်က တပည့် လုရွှယ်ချီလေ။ ပြီးတော့ ကျင်းယွမ်ဂိုဏ်းချုပ် ဂျိချန်းဖန်ရဲ့ တာအိုလက်တွဲဖော်၊ နောင်လာမည့် ဂိုဏ်းချုပ်ကတော်ပေါ့.....”
“ငါကြားတာတော့ သူတို့ စေ့စပ်ထားပြီးပြီတဲ့....”
“နောက်ထပ် သုံးလကြာရင် ခမ်းနားတဲ့ မင်္ဂလာပွဲကို ကျင်းပတော့မှာတဲ့....”
ထိုစကားကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ လေလွင့်ကျင့်ကြံသူများမှာ ချက်ချင်းပင် သဘောပေါက်သွားကြသည်။
“သြော်... ကျင်းယွမ်ဂိုဏ်းချုပ်ရဲ့ ဇနီးလောင်းကိုး....”
“ဒါဆိုရင်တော့ ဖြစ်သင့်ပါတယ်.....”
“သုံးလနေရင် ကျင်းယွမ်ဂိုဏ်းချုပ်ရဲ့ မင်္ဂလာပွဲလား....”
“ငါတို့လည်း သွားပြီး အပျော်သွားကြည့်ကြမလား....”
“ရတာပေါ့....”
“ကျင်းယွမ်ဂိုဏ်းချုပ်က ငါတို့လိုလူတွေ ဂုဏ်ပြုအရက် သွားသောက်တာကို ငြင်းမှာမဟုတ်ဘူးလို့ ငါထင်တယ်နော်”
လေလွင့်ကျင့်ကြံသူများမှာ စိတ်အားထက်သန်စွာ ဆွေးနွေးနေကြတော့သည်။
…
…
“ဘုန်း....”
ကြီးကျယ်သော တိုက်ပွဲမှာ ဆက်လက် ပြင်းထန်နေဆဲပင်။
လွှမ်းမိုးထားသော အဆိပ်ငွေ့များနှင့် တောက်ပသော ဓားအလင်းတန်းများမှာ စစ်မြေပြင်တစ်ခုလုံးကို ပြည့်နှက်နေသည်။
လုရွှယ်ချီသည် ထျန်းယာနတ်ဘုရားဓားကို တည်ငြိမ်စွာ ကိုင်စွဲကာ အဆိပ်နတ်ဘုရား၏ တိုက်ကွက်တိုင်းကို ဖြတ်တောက်ချေမှုန်းနေသည်။
သူမသည် တစ်ဖက်လူ၏ လက်ရှိအခြေအနေကို ကောင်းစွာသိရှိထားသဖြင့် အသေအလဲ တိုက်ခိုက်ရန် မလိုအပ်သေးပေ.....။
အဆိပ်နတ်ဘုရား၏ နောက်ဆုံးလက်ကျန်စွမ်းအင်များ ကုန်ဆုံးသွားမည့်အချိန်ကိုသာ သူမ စောင့်နေခြင်း ဖြစ်သည်။ ထိုအချိန်ကျမှ ဓားတစ်ချက် ထပ်မံဝေ့ယမ်းလိုက်ရုံဖြင့် သူ့ကို အဆုံးသတ်နိုင်မည် ဖြစ်သည်။
အဆိပ်နတ်ဘုရားသည်လည်း လုရွှယ်ချီ၏ အတွေးကို သိသော်လည်း သူ ဘာတတ်နိုင်မည်နည်း။ သူ၏ လက်ရှိအခြေအနေမှာ ဆိုးရွားလှသလို လုရွှယ်ချီမှာလည်း ကိုင်တွယ်ရခက်သော ပြိုင်ဘက်တစ်ဦး ဖြစ်နေသည်မဟုတ်ပါလား.....။
သူ လုပ်နိုင်သည်မှာ အချိန်ဆွဲရန်သာ ဖြစ်သည်။ ထို့နောက်တွင်မူ စိတ်ပျက်အားလျော့စွာဖြင့် သေဆုံးရတော့မည် ဖြစ်၏။
“ငါ မုန်းတယ်....”
“ငါ အရမ်းမုန်းတယ်....”
အဆိပ်နတ်ဘုရားမှာ ကောင်းကင်ကို ကြည့်ကာ ဟိန်းဟောက်လိုက်သည်။
သူသည် နောက်ဆုံးလက်ကျန် အဆိပ်ငွေ့များကို ထုတ်လွှတ်လိုက်ပြီးနောက် သူ၏မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားကာ ခန္ဓာကိုယ်အတွင်းရှိ ချီနှင့် သွေးများမှာ ခမ်းခြောက်သွားခဲ့ပြီ ဖြစ်သည်။
သူသည် သေအံ့ဆဲဆဲ လူတစ်ယောက် ဖြစ်နေလေပြီ.....။
“ချန်....”
လုရွှယ်ချီသည် အခွင့်အရေးကို ဖမ်းဆုပ်လိုက်သည်။
သူမသည် လက်ကို ညင်သာစွာ ဝေ့ယမ်းလိုက်ရာ ထျန်းယာနတ်ဘုရားဓားမှာ ချက်ချင်းပင် အဆုံးမရှိသော နတ်ဘုရားအလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး လေဟာနယ် ကို ဖောက်ထွင်းကာ အသံထက်မြန်သော အရှိန်ဖြင့် ပြေးဝင်သွားတော့သည်။
နောက်ဆုံးတွင်.....
“ဇွပ်....”
နတ်ဘုရားဓားသည် အဆိပ်နတ်ဘုရား၏ ဦးခေါင်းကို တိခနဲ ဖြတ်တောက်လိုက်သည်။
သွေးများ ပန်းထွက်လာပြီး အလောင်းမှာ မြေပြင်သို့ ပြုတ်ကျသွားခဲ့သည်။
မိစ္ဆာလမ်းစဉ်၏ ခေတ်တစ်ခေတ်ကို အုပ်စိုးခဲ့သော ထိပ်သီးခေါင်းဆောင်တစ်ဦးမှာ ဤသို့ဖြင့် ဇာတ်သိမ်းသွားရတော့သည်။
ထိုအခိုက်အတန့်တွင် လူတိုင်းမှာ တိတ်ဆိတ်သွားကြသည်။ ကျန်ရှိနေသော အဆိပ်တစ်သောင်းဂိုဏ်း တပည့်များသည် သူတို့ရှေ့မှ ဖြစ်ပျက်သမျှကို ကြောင်စီစီဖြင့် ကြည့်နေကြ၏။
ကောင်းကင်ယံမှ ပြုတ်ကျလာသော ခေါင်းမပါသည့် အလောင်းကို ကြည့်ရင်း သူတို့၏မျက်ဝန်းများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်.....။
သေသွားပြီလား....
မာနကြီးလှတဲ့ အဆိပ်နတ်ဘုရားက ဒီလိုပဲ သေသွားတာလား........
အဝေးတစ်နေရာတွင် လေလွင့်ကျင့်ကြံသူများစွာမှာ မျက်လုံးအပြူးသား ဖြစ်နေကြသည်။ သူတို့သည် သမိုင်းဝင် အခိုက်အတန့်တစ်ခုကို မျက်မြင်တွေ့လိုက်ရသဖြင့် အံ့သြတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ကြသည်မှာ
“ခေတ်တစ်ခေတ်ကို အုပ်စိုးခဲ့တဲ့ မိစ္ဆာဂိုဏ်းချုပ်ကြီးက နောက်ဆုံးတော့ ဒီလိုပဲ နာကျင်စွာနဲ့ သေဆုံးသွားရတာလား.... တကယ်ကို မထင်မှတ်ထားစရာပဲ.....”
“အဆိပ်နတ်ဘုရား မသေခင်မှာ ဘာတွေတွေးနေမလဲလို့ မင်းတို့ ထင်သလဲ....”
“မကျေနပ်မှုတွေ ဖြစ်နေမှာပေါ့....”
တစ်စုံတစ်ယောက်က နဝမမြောက် ကောင်းကင်ယံထက်သို့ မော့ကြည့်လိုက်သည်။ သူတို့သည် ဝတ်စုံနက်နှင့် လူငယ်ကို ကြည့်ကာ ရင်ထဲတွင် သက်ပြင်းချမိကြသည်။
သူသည် ချောက်ကမ္ဘာကြီးတစ်ခုကဲ့သို့ ရှေ့တန်းမှ ခိုင်ခိုင်မာမာ ကာကွယ်ထားသည်.....။ မည်သူမျှ ဖြတ်ကျော်နိုင်ခြင်း မရှိပေ။
…
ကောင်းကင်ယံထက်တွင် ဂျိချန်းဖန်သည် ရှေ့မှဖြစ်ပျက်သမျှကို တည်ငြိမ်စွာ ကြည့်နေခဲ့သည်။
သူသည် ကောင်းကင်ယံတွင် တစ်ဦးတည်း မြင့်မားဖြောင့်စင်းစွာ ရပ်နေပြီး လက်တစ်ဖက်မှာ ဓားရိုးပေါ်တွင် တင်ထားကာ အနှိုင်းမဲ့သော အရှိန်အဝါများဖြင့် ပြည့်နှက်နေပေသည်။
“သတ်ကြစမ်း....”
ကျင်းယွမ်တပည့်များက အော်ဟစ်လိုက်ကြသည်။
အဆိပ်နတ်ဘုရား သေဆုံးသွားပြီဖြစ်ရာ အဆိပ်တစ်သောင်းဂိုဏ်းမှာလည်း ပျက်စီးရမည်သာ ဖြစ်သည်။
ထိပ်တန်းတပည့်များ အားလုံးသည် သူတို့၏ နတ်ဓားများကို ထုတ်ဖော်ကာ အဆိပ်မြွေတောင်ကြားဆီသို့ ထိုးဆင်းတိုက်ခိုက်ကြတော့သည်။
ထက်ရှလှသော ဓားအလင်းတန်းများမှာ ကောင်းကင်ယံကို လင်းထိန်သွားစေသည်....
ဝမ်မင်နှင့် စုန့်တာရင်တို့သည် တစ်ဦးကိုတစ်ဦး ကူညီကာ တိုက်ခိုက်နေကြသည်။
သူတို့နှစ်ဦးလုံးမှာ ယွီကျင်းနယ်ပယ် အထွက်အထိပ်တွင် ရှိနေကြသဖြင့် အဆိပ်တစ်သောင်းဂိုဏ်း တပည့်များကို ထိတ်လန့်တကြား ထွက်ပြေးစေခဲ့သည်။
ကျင့်ရှူးရှူး၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ယွီကျင်းအထွက်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူသည် ရွှမ်ယွမ်ဓားကို ကိုင်စွဲထားပြီး သူ၏ အဖြူရောင် ဝတ်စုံမှာ လွင့်ပျံနေကာ ခန့်ညားလှပနေပေသည်။
“ငါက ကျင်းယွမ်ဂိုဏ်းက ကျင့်ရှူးရှူးကွ....”
“ငါ့ရဲ့ နာမည်ပြောင်ကတော့ ‘ဂျိချန်းဖန်လေး’ ပဲ.... ဘယ်သူက ငါနဲ့ တိုက်ရဲသလဲ........”
ကျင့်ရှူးရှူးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူသည် သူ၏နတ်ဓားကို ကိုင်စွဲကာ အဖြူရောင်ဝတ်စုံဖြင့် ဂျိချန်းဖန်၏ အရှိန်အဝါမျိုးကို အတုယူကာ ဟန်ရေးပြနေသဖြင့် အဆိပ်တစ်သောင်းဂိုဏ်း တပည့်များမှာ ထိတ်လန့်တကြား ထွက်ပြေးကုန်ကြတော့သည်။
အဝေးမှ လေလွင့်ကျင့်ကြံသူများပင် အံ့သြသွားကြရသည်။
“ဒီလူက ဘယ်သူလဲ.... သူက တကယ်ပဲ အရှိန်အဝါ ကောင်းတာပဲ....”
“ကျင့်ရှူးရှူးတဲ့လား....”
“ဟူး....”
“ရင်းနှီးနေသလိုပဲ....”
“ငါ မှတ်မိပြီ.... သူက ကျင်းယွမ်ဂိုဏ်းချုပ် ဂျိချန်းဖန်ရဲ့ ဒဏ္ဍာရီလာ ဘဝအကြောင်းကို စာအုပ်ရေးသားပြီး ထုတ်ဝေခဲ့တဲ့သူပဲ။ အဲဒီစာအုပ်က နတ်ဘုရားနယ်မြေတစ်ခုလုံးမှာ အရမ်းနာမည်ကြီးတာလေ.....”
“သြော်... သူကိုး....”
လူတိုင်းမှာ ချက်ချင်းပင် သဘောပေါက်သွားကြသည်။
အကယ်၍ ‘ကျင့်ရှူးရှူး’ ဆိုလျှင် မသိသော်လည်း ‘ဂျိချန်းဖန်၏ ဒဏ္ဍာရီလာဘဝ’ စာအုပ်ကို ရေးသားသူဆိုလျှင်မူ လူတိုင်းက မှတ်မိကြပေသည်။
ဂျိချန်းဖန်ရဲ့ ဂျူနီယာညီလေး..... ကျင့်ရှူးရှူးပေါ့လေ....
…
…
“ဘုန်း....”
ထက်ရှလှသော ဓားအလင်းတန်းများမှာ ကောင်းကင်ယံကို လင်းထိန်သွားစေသည်။
အဆိပ်တစ်သောင်းဂိုဏ်း တပည့်များသည် ကျင်းယွမ်ဂိုဏ်းသားများ၏ တိုက်ခိုက်မှုအောက်တွင် ချက်ချင်းပင် အရေးနိမ့်သွားကြတော့သည်။
အဆိပ်မြွေတောင်ကြား တစ်ခုလုံးမှာလည်း ဂျိချန်းဖန်၏ ဓားချက်ကြောင့် နှစ်ခြမ်းကွဲသွားခဲ့ပြီ ဖြစ်သည်။
အဆုံးမရှိသော အဆိပ်ငွေ့များသည် လေနှင့်အတူ လွင့်ပါးသွားခဲ့ပြီး အဆိပ်သတ္တဝါများစွာမှာလည်း ဓားဆန္ဒအောက်တွင် သေဆုံးကုန်ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ အဆိပ်တစ်သောင်းဂိုဏ်း တပည့်အားလုံးမှာ နေရာတင် သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ ဤသို့ဖြင့်.... အဆိပ်တစ်သောင်းဂိုဏ်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ အသက်ရှူမှားသွားကြရသည်။ မိစ္ဆာလမ်းစဉ်၏ ကြီးမြတ်သော ဂိုဏ်းကြီးလေးခုထဲမှ တစ်ခုမှာ ဤသို့ဖြင့် အလွယ်တကူ ပျက်စီးသွားခဲ့ရသည်လား........
“ချန်ရှန်းခန်းမ ပျက်စီးသွားပြီ၊ အခု အဆိပ်တစ်သောင်းဂိုဏ်းလည်း ပျက်စီးသွားပြန်ပြီ၊ ဟဲဟွမ်ဂိုဏ်းကလည်း ဆုတ်ယုတ်နေတယ်ဆိုတော့ မိစ္ဆာလမ်းစဉ်မှာ ဝိညာဉ်ဘုရင်ဂိုဏ်း တစ်ခုပဲ ကျန်တော့တာပေါ့.....”
“ဟူး.... ဘုရားရေ....”
“ကျင်းယွမ်ဂိုဏ်းက မိစ္ဆာလမ်းစဉ်ကို အမြစ်ပြတ် တကယ်ပဲ ချေမှုန်းတော့မှာလား....”
“ငါတော့ အဲဒါ အမှန်ဖြစ်လိမ့်မယ်လို့ ထင်တယ်.....”
ဂျိချန်းဖန်၏ ဒဏ္ဍာရီများကို ပြန်လည်စဉ်းစားကြည့်လျှင် သူ စတင်ပေါ်ထွက်လာချိန်မှစ၍ သွေးသန့်စင်ခန်းမ၊ ချန်ရှန်းခန်းမနှင့် အဆိပ်တစ်သောင်းဂိုဏ်းတို့ကို ဆက်တိုက်ဆိုသလို အမြစ်ပြတ် ချေမှုန်းခဲ့သည်။
သူသည် မိမိ၏ ကိုယ်ပိုင်ခွန်အားဖြင့် မိစ္ဆာလမ်းစဉ်ကို အမှန်တကယ်ပင် အဆုံးသတ်ရန် ကြံရွယ်နေခြင်းလော........
ပတ်ဝန်းကျင်ရှိ လူများမှာ မအံ့သြဘဲ မနေနိုင်ကြတော့ပေ။
ဤဖြစ်ရပ်များသည် တစ်ခုပြီးတစ်ခု သမိုင်းတွင် မှတ်တမ်းတင်ခံရမည်ဖြစ်ပြီး တစ်ကမ္ဘာလုံးက အမြဲတမ်း အမှတ်ရနေကြမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဂျိချန်းဖန် လုပ်ဆောင်ခဲ့သောအရာများမှာ တစ်ကမ္ဘာလုံးရှိ တရားသောလမ်းစဉ်သာမက ရှေးယခင်မှ ယနေ့ခေတ်အထိ မည်သူမျှ မလုပ်ဆောင်နိုင်ခဲ့သော အရာများ ဖြစ်သောကြောင့်ပင်။
မကြာမီမှာပင် ‘ခုနစ်ရက်အတွင်း မိစ္ဆာနှိမ်နင်းခြင်း’ စီမံချက်မှာ နတ်ဘုရားနယ်မြေတစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့ပြီး ကျင်းယွမ်ဂိုဏ်းချုပ် ဂျိချန်းဖန်၏ အမည်မှာလည်း လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားတော့သည်။
တစ်ကမ္ဘာလုံးက သူ့ကို ဘွဲ့ထူးတစ်ခု ပေးအပ်ခဲ့ကြသည်။
မိစ္ဆာနှိမ်နင်းသူ....
မိစ္ဆာနှိမ်နင်းရေး အရှင်သခင်…
…
အခန်း ၂၆၀ - တစ်လောကလုံး တုန်လှုပ်သွားခြင်း.... ပိယောင်၏ သစ္စာရှိမှု.... ဝမ်ရန်ဝမ်၏ သက်သာရာရမှု....
ကျင်းယွမ်ဂိုဏ်း၏ အဓိကစစ်ကြောင်းကြီး စတင်ချီတက်ခဲ့သည့်နေ့မှ ယခုအချိန်အထိဆိုလျှင် အဆိပ်တစ်သောင်းဂိုဏ်းမှာ လုံးဝဥဿုံ အမြစ်ပြတ် ချေမှုန်းခံလိုက်ရပြီ ဖြစ်သည်။
၎င်းမှာ အချိန်တိုလေးဖြစ်သော လေးရက်သာ ကြာမြင့်ခဲ့သည်။
ထိုအချိန်၏ အစိတ်အပိုင်း အတော်များများမှာ ခရီးသွားလာခြင်းတွင် ကုန်ဆုံးခဲ့ပြီး ကျန်ရှိသောအချိန်များကိုမူ အဆိပ်မြွေတောင်ကြားကို ဝိုင်းရံပိတ်ဆို့ခြင်းနှင့် တိုက်ပွဲဝင်ပစ္စည်းများကို သိမ်းဆည်းခြင်းတို့တွင် အသုံးပြုခဲ့ခြင်း ဖြစ်ပေသည်။
မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် တစ်လောကလုံးရှိ နတ်ဘုရားနယ်မြေ ကျင့်ကြံခြင်းလောကမှ တစ်ကိုယ်တော် ကျင့်ကြံသူများသည် ကျင်းယွမ်ဂိုဏ်း၏ အစွမ်းကို အပြည့်အဝ နားလည်သွားကြပြီ ဖြစ်သည်။
အဆိပ်တစ်သောင်းဂိုဏ်း ပျက်စီးသွားသည့် သတင်းမှာ လောကအနှံ့သို့ ပြန့်နှံ့သွားရန် သုံးရက်ခန့်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်၏။
ထိုအချိန်မှာပင် ကျင်းယွမ်ဂိုဏ်းဘက်မှ တက်ကြွစွာ ထုတ်ပြန်လိုက်သော သတင်းနှစ်ခုမှာလည်း ‘အဆိပ်တစ်သောင်းဂိုဏ်း ပျက်စီးမှု’ သတင်းနှင့်အတူ တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ထိုသတင်းနှစ်ခုမှာ ခုနစ်ရက်အတွင်း မိစ္ဆာနှိမ်နင်းရေး စီမံချက်၊ ဖန်ရှန်းဂူသည် မိစ္ဆာဂိုဏ်းနှင့် ပူးပေါင်းကြံစည်နေသည့် ကိစ္စ တို့ ဖြစ်သည်။
ခဏချင်းမှာပင် နတ်ဘုရားနယ်မြေ ကျင့်ကြံခြင်းလောကတစ်ခုလုံးမှာ ဤကိစ္စရပ် သုံးခုကြောင့် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ဤကိစ္စရပ် သုံးခုလုံးမှာ တစ်ခုချင်းစီကို ထုတ်ယူကြည့်လျှင်ပင် လူပေါင်းများစွာကို အံ့အားသင့်စေရန် လုံလောက်သောကြောင့်ပင် ဖြစ်သည်။
“အဆိပ်တစ်သောင်းဂိုဏ်းက ပျက်စီးသွားပြီလား.... ဟူး....”
မိစ္ဆာဂိုဏ်းကြီး လေးခုထဲတွင် အင်အားအကြီးဆုံးဖြစ်သော အဆိပ်တစ်သောင်းဂိုဏ်းသည် ဤကဲ့သို့သော ပျက်စီးခြင်းနေ့နှင့် ကြုံတွေ့ရလိမ့်မည်ဟု လူအများက မထင်မှတ်ထားခဲ့ကြပေ။
“အဆိပ်နတ်ဘုရားကရော....”
“သူက ရှန်ကျင်းအထွတ်အထိပ် ကျွမ်းကျင်သူလေ.... ဒီခေတ်ရဲ့ မိစ္ဆာလမ်းစဉ် ထိပ်သီးကြီးပဲ....”
“ဒီလို ကျွမ်းကျင်သူမျိုး ရှိနေတာတောင် အဆိပ်တစ်သောင်းဂိုဏ်းက ဘယ်လိုလုပ်ပြီး ပျက်စီးသွားရတာလဲ........”
နတ်ဘုရားနယ်မြေ ကျင့်ကြံခြင်းလောကရှိ လူများစွာ၏ ရင်ထဲတွင် ဤမေးခွန်းများ ဖြစ်ပေါ်လာခဲ့သည်။
ထိုအခါ တိုက်ပွဲကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသော အချို့သူများက လှောင်ပြုံးပြုံးကာ ပြောလိုက်ကြသည်မှာ “အဆိပ်နတ်ဘုရားလား.... သူက အိုနေပါပြီ။ ပြီးတော့ သူက ရှန်ကျင်းအထွတ်အထိပ် ဖြစ်နေရင်တောင် ကျင်းယွမ်ဂိုဏ်းချုပ်ရဲ့ ရှေ့မှာတော့.....”
“ထိုက်ကျင်းနယ်ပယ် ကျွမ်းကျင်သူတွေတောင် ဦးညွှတ်ရမှာပဲ....”
ခေတ္တမျှ ဆူညံသွားပြီးနောက် တစ်လောကလုံးရှိ တစ်ကိုယ်တော် ကျင့်ကြံသူများသည် အဆိပ်တစ်သောင်းဂိုဏ်း ပျက်စီးမှု၏ အသေးစိတ်အချက်အလက်အားလုံးကို စုံစမ်းသိရှိသွားကြသည်။
အဆိပ်နတ်ဘုရားသည် လုရွှယ်ချီ၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်ကို သိလိုက်ရသောအခါ လူအများက မချီးကျူးဘဲ မနေနိုင်ကြတော့ပေ>
“အို.... မိစ္ဆာလမ်းစဉ်ရဲ့ ထိပ်သီးခေါင်းဆောင်ကြီးက ဒီလိုပုံစံမျိုးနဲ့ ဇာတ်သိမ်းသွားလိမ့်မည်ဟု ဘယ်သူက ထင်မှာလဲ....”
“တကယ်ကို ဝမ်းနည်းစရာပဲ.... နှမြောစရာလည်း ကောင်းတယ်”
“ငါကြားတာတော့ အဆိပ်နတ်ဘုရားရဲ့ နောက်ဆုံးဆန္ဒက ကျင်းယွမ်ဂိုဏ်းချုပ် ဂျိချန်းဖန်နဲ့ တစ်ပွဲလောက် ယှဉ်တိုက်သွားချင်တာဆိုပဲ........”
“အဲဒါ တကယ်လား၊ အလကားလား....”
နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင် ဆွေးနွေးမှုများဖြင့် ဆူညံနေတော့သည်။
တစ်ချိန်တည်းမှာပင် ကျင်းယွမ်ဂိုဏ်းမှ တက်ကြွစွာ ထုတ်ပြန်သော ‘ခုနစ်ရက်အတွင်း မိစ္ဆာနှိမ်နင်းရေးစီမံချက်’ သည် နတ်ဘုရားနယ်မြေအနှံ့ ပြန့်နှံ့သွားသည်နှင့်အမျှ ဂျိချန်းဖန်သည် ဘွဲ့ထူးအသစ်တစ်ခုကို ရရှိသွားခဲ့သည် -
မိစ္ဆာနှိမ်နင်းရေး အရှင်သခင်....
ဤဘွဲ့ထူးမှာ သူနှင့် အလွန်ပင် လိုက်ဖက်လှပေသည်။ အမှန်စင်စစ် ဂျိချန်းဖန်၏ အဆိပ်တစ်သောင်းဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းခဲ့သော လုပ်ရပ်မှာ အလွန်တရာ တုန်လှုပ်ဖွယ် ကောင်းလှပေသည်။
သူသည် ရှေးယခင်မှ ယနေ့အထိ တရားသောလမ်းစဉ်မှ မည်သူမျှ မလုပ်ဆောင်နိုင်ခဲ့သော အရာကို လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
၎င်းမှာ မိစ္ဆာဂိုဏ်းကြီးတစ်ခုကို လုံးဝဥဿုံ အမြစ်ပြတ် ချေမှုန်းပစ်ခဲ့ခြင်းပင် ဖြစ်၏။ ထို့ပြင် သူသည် သက်ရှည်ခန်းမကိုလည်း ဖျက်ဆီးပစ်ခဲ့သေးသည် မဟုတ်ပါလား.....။
၎င်းက ပို၍ပင် တုန်လှုပ်ဖွယ် ကောင်းလှသည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင့်နှစ်ရာက ကျင်းယဲ့ ပင်လျှင် ဤမျှ တုန်လှုပ်ဖွယ်ကောင်းသော အောင်မြင်မှုကို မရရှိခဲ့ဖူးပေ။
“ဒါဆိုရင်..... ဂျိချန်းဖန်က မိစ္ဆာလမ်းစဉ်တစ်ခုလုံးကို တကယ်ပဲ တစ်ချက်တည်းနဲ့ အဆုံးသတ်ပစ်တော့မှာလား........”
ဤအတွေးမှာ လူအများ၏ စိတ်ထဲတွင် ဖြစ်ပေါ်လာသည်။ အခြားရွေးချယ်စရာ မရှိပေ။
ယခုအခါ အဆိပ်တစ်သောင်းဂိုဏ်းနှင့် သက်ရှည်ခန်းမ မရှိတော့သလို ဟဲ့ဟွမ်ဂိုဏ်းကလည်း ဆုတ်ယုတ်သွားပြီဖြစ်ရာ မိစ္ဆာဂိုဏ်းကြီး လေးခုထဲတွင် ဝိညာဉ်ဘုရင်ဂိုဏ်း တစ်ခုသာ ကျန်ရှိတော့သည်.....။
ဂျိချန်းဖန်သာ အနည်းငယ် ထပ်မံကြိုးစားလိုက်လျှင် မိစ္ဆာလမ်းစဉ်မှာ လောကမှ လုံးဝ ကွယ်ပျောက်သွားတော့မည် ဖြစ်သည်။
ဤအချက်ကို လူတိုင်းက တွေးတောမိကြပေသည်။
သို့သော် တစ်လောကလုံးက ကျင်းယွမ်ဂိုဏ်းသည် ဟဲ့ဟွမ်ဂိုဏ်းနှင့် ဝိညာဉ်ဘုရင်ဂိုဏ်းကို ဆက်လက် ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်လိမ့်မည်ဟု ထင်မှတ်နေချိန်တွင် မမျှော်လင့်ထားသော ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ပထမဦးစွာ ဟဲ့ဟွမ်ဂိုဏ်း။
အဆိပ်တစ်သောင်းဂိုဏ်း ပျက်စီးသွားသည့် သတင်းကို ကြားလိုက်ရသောအခါ ဟဲ့ဟွမ်ဂိုဏ်း တပည့်အားလုံးမှာ ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်။
ဂိုဏ်း၏ တစ်ဦးတည်းသော အားကိုးရာဖြစ်သည့် အကြီးအကဲ ပိပိုင်မှာလည်း ပျောက်ချက်သားကောင်းနေပြီး ပြန်မလာသည်မှာ ကြာပြီဖြစ်ရာ ၎င်းက အဆိုးရွားဆုံး ရလဒ်ကို ဖြစ်ပေါ်စေခဲ့သည်။
ဟဲ့ဟွမ်ဂိုဏ်းသည် နေရာတင်ပင် လူစုကွဲသွားတော့သည်။ သေမှာကြောက်သော တပည့်များစွာမှာ တစ်ညလုံး ပစ္စည်းများထုပ်ပိုးကာ ဟဲ့ဟွမ်ဂိုဏ်းမှ တိတ်တဆိတ် ထွက်ခွာသွားကြသည်။
သူတို့အတွက်မူ ဂိုဏ်းမှာ ခိုလှုံရာ မဟုတ်တော့ဘဲ သေတွင်းတစ်ခုကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
ဟဲ့ဟွမ်ဂိုဏ်းတွင် နေ၍ အသေခံမည့်အစား ပစ္စည်းများထုပ်ကာ ထွက်သွားပြီး တစ်ကိုယ်တော် ကျင့်ကြံသူ လုပ်ခြင်းက အနည်းဆုံးတော့ အသက်ရှင်နိုင်သည် မဟုတ်ပါလား....
ထို့ကြောင့် မကြာမီမှာပင် ဟဲ့ဟွမ်ဂိုဏ်းသည် လူစုကွဲသွားတော့သည်။
ရှောင်ယောင်စမ်းချောင်းမှာ လူသူကင်းမဲ့သွားပြီး နေ့စဉ်သုံး ပစ္စည်းအချို့မှလွဲ၍ မည်သူမျှ မရှိတော့ပေ။ ဤမြင်ကွင်းကို မြင်ရသောအခါ လောကရှိလူများမှာ သက်ပြင်းချမိကြသည်။
ယခုအခါ ဟဲ့ဟွမ်ဂိုဏ်းမှာလည်း လုံးဝ ပျက်စီးသွားပြီဟု ယူဆရမည် ဖြစ်သည်။
မိစ္ဆာဂိုဏ်းကြီး လေးခုထဲမှ သုံးခုမှာ ကျင်းယွမ်ဂိုဏ်း၏ လက်ချက်ဖြင့် တိုက်ရိုက် ပျက်စီးသွားခဲ့ရပြီ။
တိတိကျကျ ပြောရလျှင် ဂိုဏ်းသုံးခုလုံးမှာ ဂျိချန်းဖန်၏ လက်ချက်ဖြင့် ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော ခမ်းနားလှပသည့် အောင်မြင်မှုမှာ အမှန်တကယ်ပင် အံ့သြဖွယ် ကောင်းလှပေသည်။
…
…
မြောက်ဘက် နတ်ဘုရားနယ်မြေ။
မြေခွေးနတ်ဘုရားတောင်၊ ဝိညာဉ်ဘုရင်ဂိုဏ်း။
အပြင်လောကမှ သတင်းများ ရောက်ရှိလာသောအခါ ဝိညာဉ်ဘုရင် ဝမ်ရန်ဝမ်မှစ၍ တပည့်အားလုံးအထိ တိတ်ဆိတ်သွားကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုသတင်းများမှာ အလွန်တရာ တုန်လှုပ်ဖွယ် ကောင်းလှသောကြောင့်ပင်။
အဆိပ်တစ်သောင်းဂိုဏ်း၊ သက်ရှည်ခန်းမနှင့် ဟဲ့ဟွမ်ဂိုဏ်းတို့ မရှိတော့လျှင် နောက်ထပ် ပစ်မှတ်မှာ သူတို့၏ ဝိညာဉ်ဘုရင်ဂိုဏ်း ဖြစ်လာမည်လော........
တစ်ချိန်လုံး ဝိညာဉ်ဘုရင်ဂိုဏ်းမှာ ထိတ်လန့်တကြား ဖြစ်နေခဲ့သည်။
“ဟင်း....”
ဝမ်ရန်ဝမ်သည် လက်ထဲမှ သတင်းအချက်အလက်များကို ကြည့်ကာ သက်ပြင်းချမိသည်။
အဆိပ်နတ်ဘုရားနှင့် တူညီသော အတွေးမျိုး သူ၏ရင်ထဲတွင် ဖြစ်ပေါ်နေ၏။
“မတရားလိုက်တာ....”
“ကောင်းကင်ကြီးက တကယ်ကို မတရားဘူး....”
ဝမ်ရန်ဝမ်သည် မကျေမနပ်ဖြင့် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
ဘာဖြစ်လို့ ကျင်းယွမ်ဂိုဏ်းကပဲ ကောင်းကင်ရဲ့ မျက်နှာသာပေးမှုကို ရနေရတာလဲ.... ပါရမီရှင် ခေါင်းဆောင်တွေ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာနေလိုက်တာ....
ပထမဆုံး ကျင်းယဲ့။
ပြီးတော့ တောက်ရွှမ်း။
အခုတော့ ဂျိချန်းဖန်။
ဘာဖြစ်လို့ ငါတို့ဂိုဏ်းမှာကျတော့ ဒီလို ကံတရားမျိုး မရှိရတာလဲ....
“ဟင်း.....”
အဇူရာနဂါးက တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။ သူ၏ ဘယ်ဘက်လက်မောင်းမှာ လပ်ဟာနေသော်လည်း သူ၏မျက်နှာမှာ ကျန်းမာသော အရောင်အသွေး ရှိနေပြီး သူသည် ပြင်းထန်သော ဒဏ်ရာများမှ ပြန်လည် နာလန်ထူလာခဲ့ပြီ ဖြစ်သည်။
“ကျင်းယွမ်ဂိုဏ်းက အခုဆိုရင် တောက်ပတဲ့ အရှိန်အဝါတွေနဲ့ ပြည့်နေပြီ....”
“နောက်ထပ် နှစ်ပေါင်း ရှစ်ရာအထိ ဒီလောကက ကျင်းယွမ်ဂိုဏ်းရဲ့ လက်ထဲမှာပဲ ရှိနေလိမ့်မည်....”
အဇူရာနဂါး၏ လေသံမှာ အတိတ်ကို ပြန်လည်အောက်မေ့နေသလို ရှိသည်။
ထိုက်ကျင်းနယ်ပယ် ကျွမ်းကျင်သူ နှစ်ဦး ရှိနေသည့် ကျင်းယွမ်ဂိုဏ်းမှာ နောက်ထပ် နှစ်ပေါင်း ရှစ်ရာအထိ ဆုတ်ယုတ်သွားလိမ့်မည် မဟုတ်ဘဲ ပို၍သာ တိုးတက်လာပေလိမ့်မည်။
“အဖေ....”
“တော်သေးတာပေါ့၊ အန်တီယူကျင်းက အဖေ့ကို အဆိပ်တစ်သောင်းဂိုဏ်းနဲ့ ဟဲ့ဟွမ်ဂိုဏ်းရဲ့ စီမံချက်တွေမှာ မပါဝင်ဖို့ အရင်ကတည်းက သတိပေးခဲ့လို့ပေါ့။
မဟုတ်ရင် သမီးတို့ ဝိညာဉ်ဘုရင်ဂိုဏ်းလည်း ဒုက္ခရောက်ကုန်တော့မှာ....”
ပိယောင်က မချင့်မရဲဖြင့် ပြောလိုက်သည်။ အမှန်စင်စစ် သူမ၏ ရင်ထဲတွင်မူ အလွန်ပင် ဝမ်းသာနေမိသည်။
ဂျိချန်းဖန်မှာ နောက်ဆုံးတော့ မိစ္ဆာဂိုဏ်းတွေကို အရေးယူလိုက်ပြီ.... မိစ္ဆာဂိုဏ်းတွေ အကုန်ပျက်စီးသွားပြီး လောကမှာ တရားသောလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်ဆိုတဲ့ ခွဲခြားမှု မရှိတော့ရင် သူမအနေနဲ့ ဂျိချန်းဖန်နဲ့ ပွင့်ပွင့်လင်းလင်း အတူရှိနေနိုင်ပြီ မဟုတ်ပါလား.....။
“ဟင်း....”
ဝမ်ရန်ဝမ်က သက်ပြင်းချလိုက်သည်။ သူသည် ပိယောင်၏ တောက်ပနေသော မျက်ဝန်းများကို ကြည့်ကာ သူ၏ ‘သစ္စာရှိလှသော’ သမီးလေး ဘာတွေးနေသည်ကို ခန့်မှန်းမိလိုက်သည်။
အမှန်အတိုင်းပြောရလျှင် သူကိုယ်တိုင်လည်း ရင်ထဲတွင် သက်သာရာ ရနေမိသည်။
တော်သေးသည်မှာ သူ ထိုစဉ်က မပါဝင်ခဲ့ခြင်းပင်။
မဟုတ်လျှင် ယခုအချိန်တွင် ကျင်းယွမ်ဂိုဏ်း၏ စစ်တပ်ကြီးမှာ သူတို့၏ တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုအချိန်ကျလျှင် သူသည် ‘ပိယောင်’ ကြောင့် မသေနိုင်သော်လည်း အနည်းဆုံးတော့ ဒုက္ခိတ ဖြစ်သွားပေလိမ့်မည်။
ဝိညာဉ်ဘုရင်ဂိုဏ်းမှာမူ အမြစ်ပြတ် ချေမှုန်းခံရမည်မှာ သေချာသည်။
ဤဂိုဏ်းမှာ သူ ရာစုနှစ်တစ်ခုစာ ကြိုးပမ်းအားထုတ်ခဲ့ရသော အရာ ဖြစ်သည် မဟုတ်ပါလား....