← Chapters

အခန်း (၂၅၃၃-၂၅၃၄)

Vol. 181 Ch. 2533-2534

အခန်း (၂၅၃၃-၂၅၃၄)

Vol. 181 Ch. 2533-2534

အပိုင်း(၂၅၃၃)

ပြိုင်ဘက်ကင်း...

ဝေ့ဝူယင်က သူ၏ အာဏာစက်အပေါ် ဆန္ဒကို လွှမ်းမိုးလိုက်သည်နှင့် အမျှ လျှို့ဝှက် တာအို ၏ ဓမ္မတေးသံသည် ပိုမိုကြီးမားသော စိတ်အားထက်သန်မှုဖြင့် ပို၍ ကျယ်လောင်စွာ ပဲ့တင်ထပ်သွား၏။ ဥပဒေသများ မရှိဘဲ လောကကြီးအပေါ် စည်းမျဉ်းများ သတ်မှတ်ထားသည်။ ရတနာများ မရှိဘဲ လွှမ်းမိုးမှုကို တည်ဆောက်ထားသည်။ ကြယ်တာရာ ပါရဂွန် လူငယ်သည် လျှို့ဝှက် တာအို ၏ ကောင်းချီးပေးမှုဖြင့် တောက်ပနေပြီး၊ နားလည်သဘောပေါက်ရန် ခက်ခဲသော တည်ရှိမှုတစ်ခု၏ ကြည်လင်ပြတ်သားသော အလင်းတန်းများကို ထုတ်လွှတ်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ် အတွင်းမှ မွေးရာပါ ကောင်းချီးပေးမှုသည် ယခုအခါစိမ်းသက်နေခြင်း မရှိတော့ဘဲ ကျင့်ကြံခြင်း အခြေခံအတွင်းရှိ လျှို့ဝှက်ခြင်း လမ်းစဉ်များ ၏ တစ်ခုတည်းသော အလုံးစုံအဖြစ် ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင်၏ ယခုအချိန်အထိ လုပ်ဆောင်ချက်တိုင်းသည် လျှို့ဝှက် အာဏာရှင် အဆင့် နှင့် ၎င်းအထက်ရှိ ကျင့်ကြံသူများ၏ မျှော်လင့်ချက်များနှင့် ယခင်က ကိုင်စွဲထားသော ယုံကြည်ချက်များကို လုံးဝ ပြောင်းပြန်လှန်ပစ်ခဲ့သည်။ အထူးသဖြင့် လျှို့ဝှက်ဝိညာဉ် အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ညီမျှသော လျှို့ဝှက် စွမ်းအား ကို သူ ထုတ်လွှတ်လိုက်ချိန်တွင် ပို၍ပင် ထင်ရှားသွားခဲ့သည်။

နဂါးဖြူခေါင်း နှစ်ခုနှင့် အတုအယောင် လျှို့ဝှက် သင်္ကေတများ အတွင်း၌ အစစ်အမှန် လျှို့ဝှက် ရည်ရွယ်ချက် ပေါင်းစပ်ပါဝင်မှု သိသိသာသာ ကင်းမဲ့နေခြင်းက... အထွတ်အထိပ် တည်ရှိမှုများ ထားလိုက်ဦး... သာမန် လျှို့ဝှက် အာဏာရှင် တစ်ပါးအတွက်ပင် ရှင်းလင်းနေခဲ့သည်။ မေးခွန်းများ ပေါ်ထွက်လာသည်။ သီအိုရီများ ချေပခံရသည်။ စိတ်များ တုန်လှုပ်ချောက်ချားသွားကြ၏။

ထိုတို့အထဲတွင် ရိုးရွဲ သူတော်စင် တွမ် လည်း ပါဝင်ခဲ့သည်။ အခြေအနေက ဆက်လက် ဖြစ်ပေါ်နေသည်နှင့် အမျှ သူသည် ဤထူးဆန်းသည့် ဖြစ်တည်မှုထံမှ သတင်းအချက်အလက်များကို စူးစမ်းရှာဖွေရန် သို့မဟုတ် ဆွေးနွေးမှုတစ်ခု ပြုလုပ်ရန်ဟူသော အတွေးကို ဆက်လက် ထိန်းသိမ်း မထားတော့ချေ။

ဝေ့ဝူယင်သည် ဥက္ကာပျံတစ်ခု၏ ကြမ်းကြုတ်မှုဖြင့် သူတို့ဆီသို့ ဆင်းသက်လာနေခဲ့၏။ သူ၏ ပတ်လည်တွင် အတုအယောင် လျှို့ဝှက် သင်္ကေတ နှစ်ဘီလီယံ က ဝန်းရံထားကာ အခြား သုံးဘီလီယံ သည် သူနှင့် မိုင်သုံးထရီလီယံ အကွာအဝေး အတွင်းရှိ ဟင်းလင်းပြင်ကို လွှမ်းခြုံထားပြီ သူ၏ ကိုယ်ပိုင်ကျင့်စဉ်များမှလွဲ၍ အချို့သော လျှို့ဝှက် ကျင့်စဉ်များကို ပျော့ညံ့သွားစေခဲ့သည်။

ဝေ့ဝူယင်သည် အလင်းတန်းအပေါ်တွင် အားစိုက်ထုတ်ရန်မလိုဘဲ ပျံသန်းနေကာ၊ အချိန်စီးဆင်းမှုများ၏ အကူအညီကို ရယူရင်း တစ်ချိန်တည်းမှာပင် အာကာသ၏ ခုခံမှုများကို ပြဿနာတစ်စုံတစ်ရာမရှိဘဲ ဖယ်ရှားပစ်နေခဲ့သည်။

ဘုံး...

စူပါနိုဗာ တစ်ခုနှင့် တူညီသော အင်အားပေါက်ကွဲမှုတစ်ခုက ရိုးရွဲ သူတော်စင် တွမ် နှင့် ရိုးရွဲ သူတော်စင် ယီကျွန်း တို့ကို တုံ့ပြန်ရန် တွန်းအားပေးလိုက်သည်။ မည်သည့်နေရာမှမဆို ထွက်ပေါ်လာနိုင်သော ထိုထူးဆန်းသည့် နဂါးခေါင်းကို ခုခံနိုင်ရန် မျှော်လင့်လျက် သူတို့သည် သူတို့၏ သက်ဆိုင်ရာ ပဲ့တင်ထပ် ချီစွမ်းအင် အကာအကွယ်များကို ချက်ချင်း ထုတ်လွှတ်လိုက်ကြ၏။

တစ်ချိန်တည်း၌ ရိုးရွဲ သူတော်စင် ယွီရှီသည် မြစ်အသွင်မှ ခန္ဓာကိုယ်ပုံစံသို့ ပြန်လည်ပြောင်းလဲသွားပြီး လိမ်ယှက်နေသော မြစ်ကိုးစင်းက သူမကို ဝန်းရံထားသည်။ သူမသည် အလွန် လျှင်မြန်စွာ နောက်သို့ ဆုတ်ခွာနေပြီး၊ လျှို့ဝှက် တားမြစ်ချက် ၏ အကွာအဝေးမှ လွတ်မြောက်ရန် ကြိုးစားနေခဲ့သည်။

ဝေ့ဝူယင် သူမဆီသို့ ဦးတည်လာနေကြောင်း သိလိုက်ရသောအခါ ရိုးရွဲ သူတော်စင် ယွီရှီ အလွန်အမင်း ထိတ်လန့်သွားခဲ့၏။ သို့သော်လည်း... သူမသည် အထွတ်အထိပ် သူတော်စင် တစ်ပါးဖြစ်ပြီး၊ ကိုယ်ပွား တစ်ခုအနေဖြင့်သာ တည်ရှိနေသော်ငြား၊ ကောင်းကင်ငယ် တမန်တော် တစ်ပါးနှင့် ယှဉ်နိုင်သော အထွတ်အထိပ် စွမ်းအားကို ပိုင်ဆိုင်ထားသည်။

"ဒီမှာဟေ့...."

ဝေ့ဝူယင် မိမိကို ပစ်မှတ်ထာနေကြောင်း အခြားသူများအား အသိပေးပြီးနောက်၊ သူမသည် ကန့်သတ်ထားသော ပဲ့တင်ထပ် ချီစွမ်းအင် ကို ထုတ်ယူကာ ကောင်းကင်ဘုံများထံမှ အင်အားကို ဆွဲယူလိုက်သည်။

သူမ၏ မျက်ဝန်းများမှ ရွှေရောင် ရေအလင်းတန်းများ ဖြာထွက်လာ၏။ သူမ၏ အကြည့်ထဲတွင် ကောင်းကင် ရေနယ်မြေ အစိတ်အပိုင်းငယ်လေး တစ်ခု၏ သေးငယ်သော ပုံတူကို မြင်တွေ့နိုင်လေသည်။ သူမ၏ မျက်ခုံးနှစ်ခုကြားမှ ကြည်လင်သော အရည်များ ပါဝင်သည့် စိမ်းပြာရောင် ရတနာ တစ်ခု ထွက်ပေါ်လာသည်။ စိမ်းပြာရောင် ရတနာ နှင့် သူမ၏ မျက်ဝန်းများအတွင်းရှိ ပုံတူတို့ကြားတွင် ထူးခြားသော ပဲ့တင်ထပ်မှုတစ်ခု ဖြစ်ပေါ်လာ၏။

သူမသည် အလွန်တရာ ဝေးကွာလှသော နေရာမှနေ၍ စိမ်းပြာရောင် ရတနာကို သုံးရင်း အစစ်အမှန် ခန္ဓာကိုယ်၏ ကောင်းကင်ငယ် မှ စွမ်းအားကို ဆွဲယူနေခြင်း ဖြစ်သည်။ သူမ ထိုသို့ လုပ်ဆောင်လိုက်သည်နှင့် ရေ ဥပဒေသ၏ အော်ရာသည် သူမ၏ ခန္ဓာကိုယ်ရှိ မွေးညင်းပေါက်တိုင်းမှ ပေါက်ကွဲထွက်လာကာ၊ သူမကို ရေနတ်သမီးငယ်လေး တစ်ပါးအဖြစ် ပြောင်းလဲသွားစေခဲ့သည်။ ဝိညာဉ်အလင်းကို ထုတ်လွှတ်နေသည့် သူမ၏ မျက်လုံးများနှင့် စိမ်းပြာရောင် ရတနာ မှလွဲ၍ သူမ၏ တစ်ကိုယ်လုံးသည် ကြည်လင်သော အရည်များအဖြစ် ပြောင်းလဲသွားလေသည်။

အဝေးမှ ရိုးရွဲ သူတော်စင် နှစ်ပါးမှာ မှုန်ကုပ်သွားကြ၏။ ရိုးရွဲ သူတော်စင် ယွီရှီသည် မည်သည့် အရာကိုမှ ထိန်ချန်မထားတော့ချေ။

ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများ မှေးကျဉ်းသွားသော်လည်း၊ သူ လှုပ်ရှားမှုများကိုတော့ မရပ်တန့်ခဲ့ပေ။ ထို့အစား... သူက လောက၏ စွမ်းအားကို အသုံးချရင်း ကျင့်ကြံခြင်း အခြေခံကို ဒုတိယအကြိမ် ထပ်မံ ထုတ်ယူလိုက်သည်။

ဘုန်း...

ပေါက်ကွဲအားပြင်းသော အရှိန်တစ်ခုဖြင့် နောက်တစ်ကြိမ် ရှေ့သို့ ပြေးထွက်သွားကာ၊ အမှောင် ဟင်းလင်းပြင် တစ်လျှောက် ဖရိုဖရဲ လှိုင်းတံပိုးများကို ဖြစ်ပေါ်စေခဲ့၏။

ကုန်ဆုံးသွားသော ပီကိုစက္ကန့် တိုင်းတွင် လျှို့ဝှက် ဝိညာဉ် ငါးခု၏ စွမ်းအားသည် ပိုမိုကြီးမားသော ပြင်းထန်မှု၊ ချောမွေ့မှု၊ ရင်းနှီးမှုတို့ဖြင့် ခန္ဓာကိုယ် အတွင်း၌ စီးဆင်းနေသည်ကို သူ ခံစားနေရ၏။

အကြားရှိ မိုင်ဘီလီယံချီသော အကွာအဝေးကို အရှိန်နှစ်ဆတင်လိုက်ခြင်းဖြင့် ချက်ချင်းဆိုသလို ကျော်လွှားနိုင်ခဲ့သည်။

ရိုးရွဲ သူတော်စင် ယွီရှီ၏ ပြတ်သားသော တုံ့ပြန်မှုက ချက်ချင်း ထွက်ပေါ်လာခဲ့၏။ ၎င်းမှာ အန္တရာယ်ကို နားလည်သဘောပေါက်မှုနှင့် အတွေ့အကြုံရှိသော တိုက်ခိုက်ရေးသမား တစ်ဦးဖြစ်ကြောင်း ပြသသည့် ကောင်းမွန်သော လက္ခဏာတစ်ခု ဖြစ်သည်။

သူသည် ဘယ်ဘက်လက်မှ လက်ချောင်းနှစ်ချောင်းကို အသုံးပြု၍၊ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် ရိုးရွဲ သူတော်စင် တွမ် နှင့် ရိုးရွဲ သူတော်စင် ယီကျွန်း တို့ကို လက်ညှိုးထိုးလိုက်၏။ အပြီးတိုင် ဖျက်ဆီးပစ်လိုသော ဆန္ဒဖြင့် သူတို့ကို ကိုက်ခဲဝါးမြိုရန် နဂါးဖြူခေါင်း နှစ်ခု ပုံပေါ်လာသည်။ သူတို့က ကိုယ်ကိုကိုယ် ကာကွယ်ခြင်းဖြင့် တုံ့ပြန်လိုက်ကြသည်။

ရိုးရွဲ သူတော်စင် ယွီရှီသည် အံ့အားသင့်သွားခဲ့၏။ သူမ၏ သလင်းကျောက် မျက်လုံးများသည် သတ်ဖြတ်လိုသော ရည်ရွယ်ချက် ပါဝင်သည့် ဝိညာဉ်ရေးရာ တောက်ပမှုဖြင့် လက်ခနဲ ဖြစ်သွားသည်။ သူမက ရေ ဥပဒေသ ပေါင်းစပ်ပါဝင်နေသော ကြာပွတ်အရိုးတစ်ခုကို ဖန်တီးကာ လှမ်းဆွဲလိုက်၏။ သူမကို လိမ်ယှက်နေသော မြစ်ကိုးစင်းလုံးသည် စုတ်တံတစ်ချောင်းမှ အမွေးများကဲ့သို့ ထိုအရိုးတစ်ခုတည်းမှာပင် တွယ်ဆက်သွားကြ၏။ သူမက လက်ကောက်ဝတ်ကို လှည့်လိုက်သောအခါ မြစ်များသည် ကြာပွတ် ကိုးချောင်းနှင့် တူသွားလေသည်။ သူမသည် ကြာပွတ်ကို ကျွမ်းကျင်စွာ လွှဲယမ်းလိုက်သည်။ မြစ်များသည် အသက်ဝင်နေသကဲ့သို့ လုပ်ဆောင်ကြပြီး၊ ဝေ့ဝူယင်ကို တစ်ပြိုင်နက်တည်း ခုတ်ထစ် လွှဲယမ်းသွားကြ၏။

ဝေ့ဝူယင်သည် ရပ်တန့်မသွားခဲ့ပေ။ အမှန်တကယ်တော့ သူသည် ရှောင်တိမ်းရန်ပင် မကြိုးစားခဲ့ချေ။ မြစ်များသည် အကြီးစား ဂြိုဟ်အရွယ်အစားရှိသော်လည်း သူက သူ၏ လမ်းကြောင်းအတိုင်းသာ ဆက်သွားနေခဲ့သည်။

ဘုန်း…

မြစ်များသည် ဂြိုဟ်များကို ချေမှုန်းနိုင်သော အင်အားဖြင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ဝင်တိုက်သွားကြ၏။ ထိတွေ့မိချိန်တွင် တိုက်စားတတ်သော ချီစွမ်းအင် တစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ရန် ကြိုးစားလာ၏။ ၎င်းသာ် အချိန်ကြာလာသည်နှင့်အမျှ တိုက်စားခံရပြီး ပျက်စီးသွားသော ကျောက်တုံးတစ်တုံးကဲ့သို့ အလား သဘောထားရန် ကြိုးစားနေခဲ့သည်။

ဝရား...

ဝေ့ဝူယင်၏ နှလုံးသားက နဂါးဟိန်းဟောက်သံကြီးတစ်ခုကို ထုတ်လွှတ်လိုက်ပြီး၊ တိုက်စားနေသော ချီစွမ်းအင် ကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။ သူ၏ ဆဲလ်များက အတွင်းရှိ ရေ ဥပဒေသ ၏ အော်ရာ ကို အရသာရှိသော အစားအစာတစ်နပ်ကဲ့သို့ စားသုံး၊ ချေဖျက်၊ ပြောင်းလဲပစ်ရန် စတင်လာကြ၏။

၎င်းသည် ပါခက် နှင့် တိုက်ခိုက်ပြီးနောက် ရှာဖွေတွေ့ရှိခဲ့သော သူ၏ အစစ်အမှန်နဂါး သွေးမျိုးဆက် ခန္ဓာကိုယ်၏ မူလ အရည်အသွေးတစ်ခု ဖြစ်သည်။ ကမ္ဘာဦး အကာအကွယ် ဆဲလ်များပင်...။

ထို့ပြင်... ၎င်းသည် သူတစ်ယောက်တည်း ပိုင်ဆိုင်ထားသော အရာမဟုတ်ပေ။ ပိုင်ရှုတွင်လည်း ထိုအရာ ရှိနေခဲ့သည်။ ၎င်းသည် ကောင်းကင် အင်အားများ ကို ခုခံသည့် မူလ တာအို ၏ လမ်းစဉ် ဖြစ်လေသည်။

ရိုးရွဲ သူတော်စင် ယွီရှီ ၏ သလင်းကျောက် မျက်လုံးများမှာ တောက်ပသွား၏။ သူမက တစ်စုံတစ်ရာကို ဉာဏ်အလင်း ရရှိသွားသည့်ပုံ ရလေသည်။

ထိုတုန့်ပြန်ပုံက ဝေ့ဝူယင်ကို အနည်းငယ် ရှုပ်ထွေးသွားစေသော်လည်း သူ့ကို ရပ်တန့်သွားစေရန်တော့ မလုံလောက်ခဲ့ပေ။

ကောင်းကင်ငယ် တမန်တော် တစ်ပါး၏ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ဝေ့ဝူယင်သည် မြစ်ကြာပွတ် အလွှာပေါင်းများစွာကို ထိုးဖောက်ကျော်ဖြတ်သွားခဲ့၏။ သူသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုပင် သုံးကာ ရိုးရွဲ သူတော်စင် ယွီရှီ ၏ ရေခန္ဓာကိုယ်ကို ဝင်တိုက်လိုက်လေတော့၏။

သူမက ချီစွမ်းအင် အကာအကွယ်တစ်ခု တည်ဆောက်ရန် ကြိုးစားခဲ့သော်လည်း၊ အာရုံစူးစိုက်မှုကို တိုက်ခိုက်ရေးဘက်သို့ ရင်းနှီးမြှုပ်နှံပြီးနောက်တွင် သူမ၏ ကာကွယ်ရေးများမှာ အလွန် အားနည်းနေခဲ့သည်။ ဝေ့ဝူယင်က သူမကို အပြည့်အဝ ဝင်တိုက်လိုက်လေတော့သည်။

***

အပိုင်း(၂၅၃၄)

ဘုန်း...

ရိုးရွဲ သူတော်စင် ယွီရှီ၏ ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလို ပေါက်ကွဲသွားကာ၊ ပြန့်ကျဲနေသော ရေလှိုင်းလုံးကြီး တစ်ခုအဖြစ် ပြောင်းလဲသွား၏။ မိုင်သန်းချီသော အကွာအဝေးအတွင်း၊ ရေများသည် ၎င်း၏ အသန့်စင်ဆုံး အရည်ပုံစံဖြင့် တည်ရှိနေခဲ့သည်။

ဝေ့ဝူယင်သည် အတုအယောင် လျှို့ဝှက် သင်္ကေတများ ၏ အကူအညီဖြင့် ရှေ့သို့ဦးတည်နေသော အရှိန်ကို လျှော့ချကာ ညင်သာစွာ ခြေဆောင့်၍ ရပ်တန့်လိုက်သည်။ သူ၏ မျက်ခုံးများ တွန့်ချိုးသွား၏။

ထို့နောက်… သူက အကြေးခွံများ ဖုံးလွှမ်းနေသော လက်တစ်ဖက်ဖြင့် ဟင်းလင်းပြင် ထဲသို့ လှမ်းဆွဲလိုက်သည်။ သူ၏လက်ကို ပြန်ရုပ်လိုက်သောအခါ၊ စိမ်းပြာရောင် ရတနာ တစ်ခုသည် ဝိညာဉ်အလင်း စက်လုံးတစ်ခုဖြင့် ရစ်ပတ်ခံထားရလေသည်။

၎င်းအတွင်းမှနေ၍ ရိုးရွဲ သူတော်စင် ယွီရှီ မဟုတ်သော အခြားသူမဖြစ်နိုင်သည့် ညင်သာသော အသံတစ်ခုက ရတနာ မှတစ်ဆင့် ဝိညာဉ်ရေးရာ ဆက်သွယ်လာခဲ့သည်။

“...”

သို့သော်လည်း... ဝေ့ဝူယင်၏ လက်မှာ ချက်ချင်းပင် ခန့်ညား တောက်ပသော အင်ပါယာ အလင်းတန်းများနှင့် ဝန်းရံ သွားလေသည်။

"ဖျက်ဆီးစမ်း...."

သူက အမိန့်ပေးလိုက်၏။ ရုတ်တရက် ဝိညာဉ်အလင်း စက်လုံး၏ အသံမှာ စကားတစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွားသည်။

ရတနာ ထံမှ... ထို့နောက် ကြယ်တာရာ ကောင်းကင်ယံများထံမှ... ထို့နောက် ကောင်းကင်ဘုံများထံမှ ညင်သာသော စူးရှသည့် အော်သံတစ်ခု ပဲ့တင်ထပ်သွား၏။ ရိုးရွဲ သူတော်စင် ယွီရှီ ၏ တည်ရှိမှု အနှစ်သာရ ကြိုးမျှင် အပိုင်းအစလေးသည် ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။

စိမ်းပြာရောင် ရတနာ အတွင်းရှိ ပဲ့တင်ထပ် ချီစွမ်းအင် သည် အမှုန်အမွှားလေး တစ်ခုစီကို ထုတ်လုပ်ရန်အတွက် ပင်ပန်းခက်ခဲသော သန့်စင်မှု လုပ်ငန်းစဉ်ကို ဖြတ်သန်းခဲ့ရသော်လည်း၊ ယခုအခါ ပိုင်ရှင်မဲ့ဖြစ်ပြီး အပိုင်သိမ်းခံလိုက်ရပြီ ဖြစ်သည်။ ပဲ့တင်ထပ် ချီစွမ်းအင် ပါရှိသော စိမ်းပြာရောင် ရတနာ ကို သိမ်းဆည်းလိုက်ရင်း၊ ဝေ့ဝူယင်သည် သူ၏ အသိစိတ် ပင်လယ် နှင့် ဝိညာဉ် ကို ရိုက်ခတ်လာသော အစီအရင် တစ်ခုကို အာရုံခံမိလိုက်၏။

၎င်းသည် အရိပ်များကဲ့သို့ မကောင်းဆိုးဝါးဆန်ပြီး၊ သူ့ကို အဝေးမှနေ၍ တိတ်တဆိတ် ဝင်ရောက်တိုက်ခိုက်ရန် လာနေသည့် ဓားအော်သံ တစ်ခု ဖြစ်သည်။

ဘုန်း…

ဝိညာဉ်ချီစွမ်းအင်သည် ဝေ့ဝူယင် အာရုံခံနိုင်သည်ထက် ပိုမိုမြန်ဆန်စွာ သူ့ကို လာရောက် ထိမှတ်ခဲ့သည်။ ၎င်းသည် ချက်ချင်းဖြစ်ပေါ်ပြီး ကာကွယ်ရန် ခက်ခဲသော သဘောသဘာဝရှိသည့် ဝိညာဉ် အစီအရင်များ ၏ ဘုံလက္ခဏာ တစ်ရပ်ဖြစ်သည်။

၎င်းကို ကာကွယ်ဖို့ အတွက် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်သော နည်းလမ်းမှာ တိုက်ခိုက်မှုကို အသင့်ပြင်ဆင်ထားခြင်းပင် ဖြစ်သည်။ ထို့ကြောင့်ပင် မရေမတွက်နိုင်သော လူအများက တိုက်ပွဲများတွင် သူတို့ကို သူတို့ အသိစိတ် ပင်လယ် အားဖြည့် ကျင့်စဉ် အမျိုးမျိုးဖြင့် အားဖြည့်ထားကြခြင်း ဖြစ်လေသည်။

အာရုဏ်ဦး ပုံရိပ်ဖော် ကျင့်စဉ် သည် ထိုသို့သော ကာကွယ်ရေးများထဲမှ တစ်ခု ဖြစ်၏။

သို့သော်လည်း… အယုံကြည်ရဆုံးသော နည်းလမ်းမှာ ပိုမိုအားကောင်းသော ဝိညာဉ်အင်အား ပင် ဖြစ်သည်။ မိမိ၌ အားအကောင်းဆုံးသော ဝိညာဉ် အင်အား ရှိမည် ဆိုလျှင် ထိတွေ့မိသည်နှင့်တစ်ပြိုင်နက်၊ ပြင်ပမှ ကျူးကျော်ဝင်ရောက်လာသော မည်သည့် ဝိညာဉ်အင်အား ကိုမဆို ဖျက်ဆီးပစ်ရန် လွယ်ကူပေလိမ့်မည်။

ရိုးရွဲ သူတော်စင်တွမ် သည် အလင်းရောင်အားလုံးကို စုပ်ယူထားသည့် အမှောင်ထုဖြင့် ပြုလုပ်ထားသော ဓားတစ်လက်ကို ကိုင်ဆောင်ထား၏။

သူ၏ ဓားအိမ်အဝမှာမူ အရိပ်ဖုံးနေသော ရွှေရောင် အလင်းတန်း တစ်ခုကို ထုတ်လွှတ်နေခဲ့၏။

ရိုးရွဲ သူတော်စင် ယီကျွန်း သည် ဝေ့ဝူယင် ဆီသို့ အပြေးအလွှား သွားနေခဲ့သည်။ သူက အင်အားအပြည့် ပါဝင်သော တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်ရန် အားယူနေရင်း တစ်ချိန်တည်း၌ ဝိညာဉ်၏ သဟဇာတမဖြစ်မှု သို့မဟုတ် နှောင့်ယှက်ခံရမှုကြောင့် ဖြစ်ပေါ်လာသည့် ဟာကွက်တစ်ခုကို အခွင့်ကောင်းယူရန် ရှာဖွေနေခြင်း ဖြစ်သည်။

၎င်းသည် အများအားဖြင့် အသုံးပြုလေ့ရှိသော နည်းဗျူဟာတစ်ခု ဖြစ်ပြီး၊ မည်သည့် ကျင့်ကြံခြင်း အဆင့်တွင်မဆို အမြဲတမ်း ထိရောက်မှု ရှိလှသည်။ သို့သော်လည်း ဝေ့ဝူယင်သည် ရိုးရွဲ သူတော်စင် တွမ် ၏ ဝိညာဉ် အစီအရင် ကြောင့် လုံးဝ ထိခိုက်မှု မရှိခဲ့ပေ။

ဤသည်မှာ သူ၏ အလွှာပေါင်းများစွာသော ကာကွယ်ရေးများကြောင့် ဖြစ်သည်။ သူ၏ ဝိညာဉ်အင်အား က ပထမအလွှာ ဖြစ်ကာ၊ သူ၏ အသိစိတ် ပင်လယ် ကို လျှို့ဝှက် ဝိညာဉ်များ နှစ်ခုက စောင့်ကြပ်ပေးထားပြီး၊ အရေးအကြီးဆုံးမှာ သူ၏ စိတ်မျက်လုံး အတွင်းရှိ ဖီဆန်လေးက သူ၏ ဝိညာဉ် ဝင်ပေါက်ကို ကာကွယ်ပေးထားခြင်းကြောင့် ဖြစ်လေသည်။

ဝေ့ဝူယင်သည် အလျင်အမြန် ချဉ်းကပ်လာနေသော ရိုးရွဲ သူတော်စင် ယီကျွန်း ကို ခေတ္တမျှ စောင့်ကြည့်လိုက်သော်လည်း သူ့ကို လျစ်လျူရှုကာ ရိုးရွဲ သူတော်စင် တွမ် ၊ ကောင်းကင်ရှန့်ထို မိုးကြိုးကောင်းကင် နှင့် လုံရှီယာ တို့ဘက်သို့ ပြန်လည် ပြောင်းလဲ သွားခဲ့သည်။ သူ၏ အကြည့်က စက်ဆုပ်ဖွယ် ကောင်းကင်အရှင်သခင် လုံရှီယာ အပေါ်တွင် ရပ်တန့်နေခဲ့သည်။

သူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။ လုံရှီယာမှာ ကြောက်မက်ဖွယ် ကောင်းသည့် စိတ်မသက်မသာ ဖြစ်မှု တစ်ခုကို ခံစားလိုက်ရသည်။

ရိုးရွဲ သူတော်စင် တွမ် ၏ မျက်ဝန်းများက စူးရှသွား၏။ ဝေ့ဝူယင်သည် လုံရှီယာ ၏ တည်ရှိမှုရှိ ထူးခြားချက်ကို ရှာဖွေတွေ့ရှိသွားပြီး သူတို့အဖွဲ့၏ အားအနည်းဆုံး အဖွဲ့ဝင်များကို အရင်ဆုံး ဖယ်ရှားပစ်ရန် ကြိုးစားနေခြင်း ဖြစ်မည်ဟု သူ သံသယဝင်သွားခဲ့သည်။

ကောင်းကင်ရှန့်ထို မိုးကြိုးကောင်းကင်သည် တစ်ခါသုံး ရတနာ နှစ်ခုကို အသင့်ပြင်ထားလိုက်၏။ ထို့နောက် သူ၏ ဦးခေါင်းသည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ဘက်သို့ လှည့်သွားခဲ့သည်။

သူသည် အင်ပါယာ ဥပဒေသ အပေါ် သာမည တားမြစ်ချက် တည်ဆောက်ခြင်း လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်ခဲ့သူ ဖြစ်သည်။

သူတို့ တည်ဆောက်ခဲ့သော တားမြစ်ချက်သည် ပြင်းထန်စွာ တုံ့ပြန်နေကြောင်း အနည်းငယ် နောက်ကျသော တုံ့ပြန်မှုကို သူ ယခုလေးတင် ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ တားမြစ်ချက် ကျိုးပျက်သွားသောကြောင့် မဟုတ်ဘဲ၊ ၎င်းကိုယ်တိုင်က ကျရှုံးသွားသောကြောင့် ဖြစ်လေသည်။

"အဓိက အာဏာ လား...."

ဝေ့ဝူယင်၏ ကောင်းကင် မျက်လုံးများ သည် လုံရှီယာ ထံသို့ စူးစိုက်ဝင်ရောက်သွား၏။ သူက ဟင်းလင်းပြင် ကို ဖြတ်သန်းကာ စိတ်အာရုံမှတစ်ဆင့် ဆက်သွယ်ပြောဆိုလိုက်သည်၊

"အဲဒီတုန်းကတည်းက မင်းကို သတ်ပစ်ခဲ့သင့်တာ.... အဲဒီကိစ္စအတွက် ငါ့ကို ကူညီပေးလို့ ကျေးဇူးပဲ.... မကြာခင်မှာ မင်းရဲ့ တည်ရှိမှုကို ငါ အဆုံးသတ်ပေးမယ်.... သိပ်မကြာခင်မှာပဲ...."

ရိုးရွဲ သူတော်စင် တွမ် ဖန်တီးပေးထားသည့် ပဲ့တင်ထပ် ချီစွမ်းအင် အကာအကွယ် အတားအဆီးကို ဖြတ်သန်း၍ပင်၊ လုံရှီယာ သည် သူ၏ ဆန္ဒမပါဘဲ စကားလုံးတိုင်းကို ကြားလိုက်ရ၏။

ပြူးကျယ်သွားသော မျက်လုံးများနှင့်အတူ၊ ဝိညာဉ်အတွင်း မသက်မသာဖြစ်မှု လှိုင်းတံပိုးတစ်ခု ကြီးထွားလာသည်ကို သူ ခံစားလိုက်ရသည်။

ရိုးရွဲ သူတော်စင် တွမ် သည် သူတို့၏ ရှေ့တန်းတိုက်ခိုက်ရေးသမား ဖြစ်သော ရိုးရွဲ သူတော်စင် ယီကျွန်း အတွက် အခွင့်ကောင်း ဖန်တီးပေးနိုင်ရန် ဝေ့ဝူယင်၏ ဝိညာဉ်၊ စိတ်ပိုင်းဆိုင်ရာ နှင့် ခန္ဓာကိုယ်တို့၏ ပေါင်းစပ်ဆောင်ရွက်မှုကို နှောင့်ယှက်ရန် ရည်ရွယ်သည့် နောက်ထပ် ဝိညာဉ် အစီအရင် တစ်ခုအတွက် အင်အားစုစည်းနေခဲ့၏။

လုံရှီယာသည် အာရုံလွင့်ပါးနေသော ကောင်းကင်ရှန့်ထို မိုးကြိုးကောင်းကင် ကို ကြည့်လိုက်၏။ ထို့နောက် အာရုံစူးစိုက်နေသော ရိုးရွဲ သူတော်စင် တွမ် ကို ကြည့်လိုက်သည်။

လုံရှီယာက သူ၏ ပဲ့တင်ထပ် ဝိညာဉ် တည်ရှိရာ နေရာဖြစ်သော ရင်ဘတ်ကို ဖိလိုက်သည်။

“ငါ ထူးဆန်းတယ်လို့ ခံစားရ…”

သို့သော်လည်း… သူ့စကား မဆုံးခင်မှာပင် ခန့်ညားထည်ဝါသော အသံတစ်ခုက အမှောင် ဟင်းလင်းပြင် တစ်လျှောက် ပဲ့တင်ထပ်သွားပြီး၊ အမိန့်တစ်ခုတည်းကိုသာ ထုတ်ပြန်လိုက်သည်။

"အသက်သွင်းလိုက်စမ်း...."

ဘုန်း…

မျက်စိတစ်မှိတ်အတွင်း ထွက်ပေါ်လာသော ကြီးမားလှသည့် ဖျက်ဆီးမှုကြီးကို စကားလုံးများဖြင့်ပင် ဖော်ပြရန် ခက်ခဲလှသည်။

မျက်စိကျိန်းမတတ် ပြင်းထန်သော တောက်ပမှုကြီးကို မြင်တွေ့လိုက်ရချိန်တွင် ဝိညာဉ်များပင် တုန်လှုပ်သွားခဲ့ကြ၏။ ပေါက်ကွဲမှုကို ရုပ်ပိုင်းဆိုင်ရာအရ မျက်မြင်ကိုယ်တွေ့ မြင်တွေ့ရန်ပင် မလိုအပ်ခဲ့ပေ။

မွေးကင်းစ ကလေးငယ်များ ဖြစ်စေ၊ ရှေးဟောင်း တည်ရှိမှုများ ဖြစ်စေ… သူတို့အားလုံးသည် သူတို့၏ အစစ်အမှန် ဝိညာဉ်များ အပေါ်သို့ ဖြတ်သန်းတိုက်ခတ်သွားသော ပေါက်ကွဲမှု လှိုင်းဂယက်ကြီးကို ခံစားလိုက်ကြရသည်။ ၎င်းသည် အန္တရာယ် မရှိသော်လည်း၊ ထာဝရ စွဲထင်ကျန်ရစ်စေမည့် အရာတစ်ခု ဖြစ်လေသည်။

အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ကို ဝန်းရံထားသော အစွမ်းကုန် ကောင်းကင် ကာကွယ်ရေး အစီအရင် သည် ရွှေရောင်၊ အဖြူရောင် နှင့် စိမ်းပြာရောင် အလင်းတန်းများ၏ ရိုက်ခတ်မှုကို ခံလိုက်ရ၏။

၎င်းသည် စက္ကန့်အပြည့် ခုနစ်စက္ကန့်တိုင်တိုင်သာ ခံနိုင်ရည်ရှိခဲ့ကည အရှေ့ဘက် ဂလက်ဆီ နယ်မြေအတွင်း အပေါက်တစ်ခု ပွင့်သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း ထိန်းချုပ်မှုနှင့် သန့်စင်မှုတို့၏ အမြင့်ဆုံး ကန့်သတ်ချက်ကို ကျော်လွန်သွားနိုင်ခဲ့သော ကြွင်းကျန်ရစ်သည့် အင်အားများသည် တည်ရှိမှုတိုင်းကို ပျက်သုဉ်းစေနိုင်သော စွမ်းအားလှိုင်းလုံးကြီးတစ်ခုအဖြစ် ယိုစိမ့်ဝင်ရောက်လာခဲ့၏။

ထိုခုနစ်စက္ကန့်အတွင်း လျှို့ဝှက်ကောင်းကင် အဆင့်ရှိ ရတနာ ခြောက်ပါးနှင့် တာအို တရားဥပဒေ ထိန်းသိမ်းသူ ခုနစ်ဦးတို့သည် အပြည့်အဝ ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။

တာအို တရားဥပဒေ ထိန်းသိမ်းသူများ ၏ အထူးပြု ပဲ့တင်ထပ် ဝိညာဉ် ကျင့်စဉ်များ ဖြင့် လမ်းညွှန်ထားသော ကောင်းကင် အင်အား၊ ပဲ့တင်ထပ် ချီစွမ်းအင် နှင့် အဂ္ဂိရတ် စွမ်းအင် တို့ကို တညီတညွတ်တည်း ထုတ်လွှတ်လိုက်ချိန်တွင် ဝိညာဉ်ကို ပြိုကွဲစေနိုင်လောက်သော ဟိန်းဟောက်သံကြီးများ ပဲ့တင်ထပ်သွား၏။

ထိုအရာအားလုံးမှာ ဝင်ရောက်လာသော ကြွင်းကျန်ရစ်သည့် အင်အားများကိုသာ ချေဖျက်ပစ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

သူတို့၏ စိတ်ကူး၍ပင် မရနိုင်လောက်အောင် မြန်ဆန်သော တုံ့ပြန်မှုက အသက်တစ်ချောင်းမှ ဆုံးရှုံး မသွားအောင် ကာကွယ်နိုင်စေခဲ့၏။ အနည်းဆုံးတော့ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်းရှိ အသက်များ အတွက် ဖြစ်သည်။

မည်သို့ပင်ဆိုစေ… သူတို့က ဤဂလက်ဆီကြီး၏ အစောင့်အရှောက်များ ဖြစ်ကြသည် မဟုတ်ပါလား။

***

All Chapters