အခန်း (၂၅၂၁-၂၅၂၂)
Vol. 181 Ch. 2521-2522
အပိုင်း(၂၅၂၁)
မြေကမ္ဘာမိခင်၊ ကောင်းကင်ဖခင်နှင့် သမီး ဖြစ်သူ အရှင်သခင် ကြာပန်းနှစ်ပွင့်တို့သည် ဘေးချင်း ယှဉ်ကာ ရပ်ရင်း အဝေးရှိ မူလ အာရုဏ်ဦး နန်းတော်ကို ငေးမော နေခဲ့ကြလေသည်။
"ဒီကိစ္စအတွက် သမီး သေချာရဲ့လား လျန်အာ... အာရုဏ်ဦး အာဏာရှင် ဧကရာဇ် က သာမန်လူ မဟုတ်ဘူးနော်..."
မြေကမ္ဘာမိခင် အရှင်သခင် က သတိကြီးစွာဖြင့် မေးလိုက်သည်။ သူမသည် ဤ အာရုဏ်ဦး အာဏာရှင် ဧကရာဇ် နှင့် အရိုးပြာ နယ်မြေ ဖြစ်ရပ်အတွင်းက ဆုံတွေ့ခဲ့ဖူးသည်။ ထိုလူသည် အလွန် ထူးကဲလှပေသည်။ သူသည် ခန့်မှန်းရခက်သည့် အငွေ့အသက်မျိုး ရှိနေ၏။ ၎င်းမှာ အစွမ်းထက်သော ဖုံးကွယ်ခြင်း အစီအရင် တစ်ခုကြောင့် ဖြစ်နိုင်သော်လည်း၊ ထိုခံစားချက်က သူမအပေါ် ကြီးမားသော အထင်ကြီးမှုကို ချန်ရစ်ထားခဲ့လေသည်။
လက်ရှိ ဂလက်ဆီတစ်ခွင်တွင် အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုစ အဆင့်အတန်းမှာ သူတို့ထက်ပင် နိမ့်ကျသွားသည်အထိ သဘောထားများ ယိမ်းယိုင်နေခဲ့ပြီး မည်သူကမျှ သူ့ကို ကောင်းကင်ရှန့်ထို အာရုဏ်ဦး သို့မဟုတ် အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို ဟု မခေါ်ဝေါ်ကြတော့သော်လည်း၊ ဤအခြေအနေသည် ကျွမ်းကျင်သူ အသီးသီး၏ မသေချာမရေရာသော လျှို့ဝှက်ရေစီးကြောင်းတစ်ခုအတွင်း ကစားနေခြင်းပင် ဖြစ်လေသည်။
မိဘများက ဟောက်လျန်လျန် ဟု ခေါ်ဝေါ်ကြသော အရှင်သခင် ကြာပန်းနှစ်ပွင့် က မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"ဂလက်ဆီရဲ့ ဆန္ဒက ဆုံးဖြတ်ပြီးသွားပြီလေ... ဒီလိမ်လည်သူဟာ သမီးတို့ ဂလက်ဆီ သမိုင်းကြောင်းအတွက် စော်ကားမှုတစ်ခုလို့ ပြောလို့ရတယ်… သမီးတို့ထဲကို ဝင်ရောက်ပေါင်းစပ်ခွင့် ပြုမိခဲ့တဲ့ ကြီးမားတဲ့ အမည်းစက်ကြီးပဲ... ဒီလို ဘေးဒုက္ခမျိုးကို သမီးတို့က ဘယ်လိုလုပ် မဖယ်ရှားဘဲ နေနိုင်မှာလဲ..."
သမီးဖြစ်သူ၏ သံမဏိကဲ့သို့ ခိုင်မာသော ဆုံးဖြတ်ချက်ကို ကြည့်ရင်း မြေကမ္ဘာမိခင် အရှင်သခင် မှာ သူမကို အဆုံးတိုင် ထောက်ခံအားပေးရန် ရွေးချယ်လိုက်ရင်း ရင်ထဲတွင် တိတ်တဆိတ် သက်ပြင်းချရုံမှအပ မတတ်နိုင်တော့ချေ။
ကောင်းကင်ဖခင် အရှင်သခင် ကလည်း ဝင်ရောက်ပြောဆိုလာ၏။
"မိုးကုပ်စက်ဝိုင်း တွေက လှည့်စားခံလိုက်ရတာကို ဝန်မခံချင်ကြဘူး... ဒါကြောင့်ပဲ ဒီအကာအကွယ်ကို ဖျက်ဆီးဖို့ လျန်အာ့ ဆီ အခြားသူတွေ အကူအညီလာတောင်းတာကို သူတို့ တိတ်တဆိတ် ခွင့်ပြုထားခဲ့ကြတာပေါ့... အထောက်အထားတွေ အားလုံးက အာရုဏ်ဦး အာဏာရှင် ဧကရာဇ် ဟာ ထူးကဲတဲ့ ပါရမီရှင် အဂ္ဂိရတ်ပညာရှင် တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို လုယူပြီးတော့၊ ကိုယ်ပိုင်ခန္ဓာကိုယ်အဖြစ် ပေါင်းစပ်ဖို့ ကြိုးစားနေတယ် ဆိုတာကို ညွှန်ပြနေတယ်... ဒါမှမဟုတ်ရင် အဲဒီခန္ဓာကိုယ် အဂ္ဂိရတ် တာအို တက်လှမ်းပြီးသွားတဲ့နောက်မှာ သူက ဘာလို့ ပုန်းအောင်းနေရမှာလဲ..."
"နောက်ကွယ်မှာ ရုန်းကန်မှုတစ်ခု ဖြစ်ပေါ်နေတယ် ဆိုတာ ထင်ရှားပါတယ်... ဘယ်သူ နိုင်နေတယ်၊ ဘယ်သူ ရှုံးနေတယ် ဆိုတာ ငါတို့ မသိရပေမယ့်၊ အဂ္ဂိရတ်ပညာရှင် တွေကိုတော့ အထင်သေးလို့ မရဘူး... အခုအချိန်အထိ သူလုပ်ခဲ့သမျှ အရာအားလုံးက သူ့ရဲ့ အခြေအနေတွေကို အသေးစိတ် စစ်ဆေးခံရမှာကို ရှောင်ရှားဖို့အတွက်ချည်းပဲ... ဒါမှမဟုတ်ရင် သူ့ရဲ့ ကျင့်ကြံခြင်း အဆင့် ကို ဖုံးကွယ်ထားဖို့ ဘာလို့ လိုအပ်မှာလဲ... သူက စက်ဆုပ်ဖွယ် ကောင်းကင် အရှင်သခင် ကို ဆန့်ကျင်တိုက်ခိုက်တဲ့နေရာမှာ အဲဒီခန္ဓာကိုယ်ကို အလွန်အကျွံ တွန်းအားပေး အသုံးပြုလိုက်မိတဲ့အချိန်မှာ၊ သူ့ရဲ့ ဖုံးကွယ်ခြင်း အစီအရင် တွေက သူ့ဆန္ဒမပါဘဲ ပြိုကွဲသွားပြီးတော့ သူ့ရဲ့ အဖြစ်မှန် အခြေအနေတွေ ပေါ်ပေါက်သွားတာ ဖြစ်နိုင်တယ်..."
"အဂ္ဂိရတ်ပညာရှင်တွေကို ကာကွယ်ပေးတဲ့ မိုးကုပ်စက်ဝိုင်း တွေရဲ့ စည်းမျဉ်းတွေကြောင့် ဒီအားနည်းချက်ကို လျစ်လျူရှုခံခဲ့ရတာက သူ့အတွက် အတော်လေး ကံကောင်းသွားခဲ့တာပဲ... ဒါပေမယ့် သူ့အတွက် ကံမကောင်းတာကတော့ အမှန်တရားဆိုတာ ဘယ်တော့မှ ဖုံးကွယ်ထားလို့ မရဘူးဆိုတာပါပဲ..."
ကောင်းကင်ဖခင် အရှင်သခင် ၏ အသံတွင် ပါးလွှာစွာ ဖုံးကွယ်ထားသော ဒေါသများ စွက်ဖက်နေလေသည်။
မိုးကုပ်စက်ဝိုင်း များက သူ့ကို ၎င်းတို့ ဂလက်ဆီ၏ အဂ္ဂိရတ် တာအို အတွင်း၌ အဆင့်နိမ့်သူတစ်ဦးအဖြစ် သတ်မှတ်ထားနိုင်သော်လည်း၊ ကောင်းကင်ဖခင် အရှင်သခင်သည် အဂ္ဂိရတ် တာအို အပေါ် အလွန်တရာ လေးစားမှုရှိပြီး မိုးကုပ်စက်ဝိုင်း များ၏ ကာလရှည်ကြာ တည်ရှိခဲ့သော အကာအကွယ်ပေးသည့် စည်းမျဉ်းများက အဂ္ဂိရတ်ပညာရှင် များအတွက် အကောင်းဆုံးသော ပတ်ဝန်းကျင်ကို မည်သို့ ဖန်တီးပေးခဲ့ကြောင်း မကြာခဏ ချီးကျူးလေ့ရှိသူ ဖြစ်လေသည်။
မြေကမ္ဘာမိခင် အရှင်သခင် သည် တိတ်ဆိတ်နေခဲ့၏။
မကြာသေးမီကပင် မိုးကုပ်စက်ဝိုင်းများ နှင့် အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင် တို့ ချုပ်ဆိုခဲ့ကြသော လျှို့ဝှက် စာချုပ် ၏ အသေးစိတ် အချက်အလက်များ ပေါက်ကြားသွားခဲ့သည်။ စာချုပ်၏ အတိအကျ ပါဝင်သော အကြောင်းအရာများကို အသေးစိတ် စစ်ဆေးခွင့် သို့မဟုတ် ပေါ့ပေါ့ဆဆ ဖတ်ရှုခွင့် မရှိသော်လည်း၊ ယုတ္တိတန်မှုကို ဖီဆန်ကာ လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦး ဖြစ်လာခဲ့သော သေမျိုး တစ်ဦးကို ဝေ့ဝူယင် က လက်ခံထားကြောင်း အသေးစိတ် အချက်အလက်မှာမူ အမှန်တကယ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့လေသည်။
ဤအမှန်တရားက ပိုမို ရှင်းလင်းသော မြင်ကွင်းတစ်ခုကို ရရှိစေခဲ့သည်။ မိုးကုပ်စက်ဝိုင်းများသည် အတုမဲ့သည့် ပါရမီရှင်၏ ခန္ဓာကိုယ်ကို အသုံးပြုကာ လှည့်စား လိမ်လည်ခံခဲ့ရခြင်း ဖြစ်ပေသည်။
ထိုအကြောင်းကို သူတို့ နှုတ်မှ ထုတ်မပြောကြသော်လည်း၊ မိုးကုပ်စက်ဝိုင်းများ သည် ထို အတုမဲ့ ပါရမီရှင်ကို ခန္ဓာကိုယ်လုယူခံထားရခြင်းမှ ကယ်တင်ကာ သူတို့ကိုယ်တိုင် ရယူနိုင်မည့် နည်းလမ်းများကို စတင် ကြံစည်နေကြပြီဖြစ်ကြောင်း ထင်ရှားလှပေသည်။
သို့ရာတွင် အဆိုပါပုဂ္ဂိုလ်မှာ ပျောက်ဆုံးနေခဲ့သည်။ မည်သူကမျှ သူ့ကို ရှာမတွေ့နိုင်ကြချေ။
သူသည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ထဲတွင် ရှိနေသေးသလား ဆိုသည်ပင် မသေချာလှပေ။ သို့သော် သူ ထွက်ခွာသွားသည်ဟူသော အရိပ်အယောင်မျိုးလည်း မရှိခဲ့ချေ။ ထို့ကြောင့် သူ ဤနေရာတွင် ရှိနေရမည်။ တစ်နေရာရာမှာ ရုန်းကန်ရင်း ပုန်းအောင်းနေမည်သာ ဖြစ်သည်။
ဖြစ်နိုင်ခြေရှိသည့် တစ်ခုတည်းသော နေရာမှာ နတ္ထိနယ်မြေ မှလွဲ၍ အခြားမရှိနိုင်ပေ။ ၎င်းသည် အကောင်းဆုံး နေရာတစ်ခု ဖြစ်ရုံသာမက၊ အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင် သည် နတ္ထိနယ်မြေ ဆီသို့ ဦးတည်ရာ တံခါးပေါက်ကြီး ပင် ဖြစ်လေသည်။
ဤသည်က သူ့ကို ဟောကိန်းထုတ် ရှာဖွေခြင်းများမှ တစ်ပြိုင်နက်တည်း အကာအကွယ်ပေးထားနိုင်ပြီး၊ လျှို့ဝှက် စာချုပ် ၏ ကန့်သတ်ချက်များကြောင့် မိုးကုပ်စက်ဝိုင်းများ အနေဖြင့် တိုက်ရိုက် ကျူးကျော်ဝင်ရောက်ရန်လည်း မဖြစ်နိုင်အောင် တားဆီးထားနိုင်ပေသည်။
ထိုသို့သာ မဟုတ်ပါက ရိုးရွဲ သူတော်စင်တီ ၊ အရှင်သခင် သံမဏိအစောင့်အရှောက် နှင့် အရှင်သခင် ကြာပန်းနှစ်ပွင့် တို့သည် မည်သို့လုပ် ဤမျှ ရဲတင်းစွာ လှုပ်ရှားရဲကြပါမည်နည်း။
မြေကမ္ဘာမိခင် အရှင်သခင်ကတော့ သူမ၏ ပြိုင်ဘက်ကင်း အသွင်အပြင်နှင့် ထင်ရှားသော ဥပဒေသ ခြောက်ခု၏ အော်ရာ ကို ပြန်လည်သတိရလိုက်ရာ၊ သူမ၏ နှလုံးသားသည် သံသယများကြားတွင် နစ်မွန်းသွားခဲ့ရ၏။
‘’တကယ်လို့များ... တကယ်လို့များ သူတို့အားလုံး မှားနေခဲ့ရင်ကော...'
မည်သည့်အတွက်ကြောင့်ဟု သူမ အကြောင်းပြချက် မပေးတတ်သော်လည်း၊ သူမ၏ အလိုလိုသိစိတ်က သူမကို သူတော်စင် နှလုံးသားရနံ့ ကဲ့သို့ပင် စိုးရိမ်မကင်း ဖြစ်စေခဲ့ပြီး၊ တစ်ခါတစ်ရံ ပို၍ပင် ဆိုးရွားနေသေးသည်။
မကြာသေးမီက သစ်ချပင်ဖခင် အရှင်သခင် ၊ မိုးမိခင် အရှင်သခင် နှင့် ပင်လယ်ဖခင် အရှင်သခင် တို့ အားလုံးသည် အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင် နှင့် မိတ်ဖက်ပြုရန် တက်ကြွစွာ စဉ်းစားနေခဲ့ကြသည်။
သူတို့ကိုလည်း အလားတူ စာချုပ်မျိုး ကမ်းလှမ်းခဲ့သော်လည်း၊ သူတို့သည် သမီးဖြစ်သူ၏ အဖွဲ့အစည်းသို့ ဝင်ရောက်ရန် သို့မဟုတ် လေလွင့်သူများအဖြစ်သာ ဆက်လက်နေထိုင်ရန် ပိုမိုနှစ်သက်ကြသဖြင့် ငြင်းပယ်ခဲ့ကြလေသည်။
ကောင်းကင်သူတော်စင် မျှော်စင် ခုနစ်ခု မှ ကောင်းကင်သူတော်စင်များသည် အတွင်းပိုင်း စည်းလုံးမှု ပြိုကွဲရာမှ ဖခင်လေး အရှင်သခင် နှင့် အမှောင်မိခင် အရှင်သခင် တို့ သေဆုံးသွားခဲ့မှုကြောင့် ပြိုလဲလုနီးပါး ဖြစ်နေခဲ့ကြပြီဖြစ်သည်။
သူမ အတွေးနစ် နေစဉ်မှာပင် အရှင်သခင် ကြာပန်းနှစ်ပွင့် က မေးလိုက်၏။
"အဆင်သင့်ဖြစ်ပြီလား..."
သူတို့သည် အဂ္ဂိရတ်ဖြစ်စဉ်ကို စတင်ဖျက်ဆီးရန် လိုအပ်သော အကွာအဝေးသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ထိုသို့ လုပ်ဆောင်ပြီးသည်နှင့် တစ်ပြိုင်နက်၊ အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင် ကြီးသည် ပေါ်လွင်ထင်ရှားလာတော့မည် ဖြစ်သည်။
“စကြမယ်…”
ကောင်းကင်ဖခင် အရှင်သခင်က ညွှန်ကြားလိုက်ရာ သူ ခေါ်လာသည့် အဂ္ဂိရတ် ပညာရှင် ငါးယောက်မှာ သူတို့၏ ကြယ်တာရာများကို အပြည့်အဝ ထုတ်လွှတ်လိုက်ပြီး ပြတ်သားသော အတည်ပြုချက်ဖြင့် တုံ့ပြန်လိုက်ကြလေသည်။
"နေဦး..."
ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာ၏။ အော်သံမှာ တုံ့ဆိုင်းမှုများ၊ မသေချာမှုများ ပါဝင်နေသော်လည်း အားလုံးကို ရပ်တန့်သွားစေရန်အတွက်တော့ လုံလောက်စွာ ကျယ်လောင်လှပေသည်။
ကောင်းကင်ဖခင် အရှင်သခင် နှင့် အရှင်သခင် ကြာပန်းနှစ်ပွင့် တို့သည် အသံရှင်ထံသို့ လှည့်ကြည့်လိုက်ကြ၏။
ထိုသူကား အခြားသူမဟုတ်ဘဲ... မြေကမ္ဘာမိခင် အရှင်သခင် ပင် ဖြစ်နေလေသည်။ တာအို လက်တွဲဖော် တစ်ဦးဖြစ်သလို မိခင်တစ်ဦးလည်း ဖြစ်ပေသည်။
"ဘာဖြစ်လို့လဲ မေမေ..."
အရှင်သခင် ကြာပန်းနှစ်ပွင့် က သူမ၏ သွယ်လျသော မျက်ခုံးများကို မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
သူမ၏ မေးခွန်းထဲတွင် စိတ်မရှည်မှုများ အပြည့်အဝ ပါဝင်နေလေသည်။ သူမသည် ဤအကာအကွယ်ကို ဖျက်ဆီးပစ်ရန် လိုအပ်ချက်များကို စုစည်းထားပြီးဖြစ်ရာ၊ ဤနေရာသို့ လာရောက်ရသည့် သူတို့၏ ရည်ရွယ်ချက်ကို လျင်မြန်စွာ အဆုံးသတ်နိုင်တော့မည် ဖြစ်သည်။
အကောင်းဆုံးအခြေအနေတွင်ဆိုလျှင် သူတို့သည် ခန္ဓာကိုယ်ထိန်းချုပ်မှုအတွက် ရုန်းကန်နေရသည့် ပဋိပက္ခအတွင်းသို့ တိုက်ရိုက်ဝင်ရောက်စွက်ဖက်နိုင်ပြီး၊ အင်ပါယာ တာအို၏ အာဏာရှင်ကြီး ဝင်ရောက်ပူးကပ်ထားသော အဂ္ဂိရတ် ပါရမီရှင်ကို ကူညီပေးကာ လွတ်မြောက်လာအောင်ပင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။
"..."
ကောင်းကင်ဖခင် အရှင်သခင်သည် သူ၏ တာအို လက်တွဲဖော် ကို စောင့်ကြည့်နေလိုက်၏။ သူသည် သမီးဖြစ်သူကို ကူညီပေးရန် အပြည့်အဝ ဆုံးဖြတ်ထားပြီးဖြစ်သည်။ အထူးသဖြင့် ထိုအဖွဲ့အစည်းက သူတို့ကို လှုပ်ရှားရန်အတွက် ကမ်းလှမ်းထားသော ရက်ရောလှသည့် ဆုလာဘ်များကြောင့်ပင် ဖြစ်သည်။
ဂလက်ဆီ၏ ဆန္ဒကို အကောင်အထည်ဖော်ရန် ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် သူတို့သည် ခက်ခဲကြမ်းတမ်းသော ကျင့်ကြံခြင်းလမ်းစဉ်တွင် ပိုမိုမြင့်မားသော အဆင့်များဆီသို့ တက်လှမ်းနိုင်မည့်အပြင်၊ ရေရှည်တွင် သူတို့၏ အဂ္ဂိရတ်စွမ်းရည်ကိုပါ တိုးတက်လာစေနိုင်မည် ဖြစ်သည်။
သို့သော် ချစ်ရသူ၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ၊ သူ၏ နှလုံးသားနှင့် စိတ်အစဉ်မှာ သူမ၏ မျက်လုံးများထဲရှိ ခံစားချက်များ ကူးစက်လာပြီး တဖြည်းဖြည်း မကြည်မလင် ဖြစ်လာခဲ့လေသည်။
မြေကမ္ဘာမိခင် အရှင်သခင်က အသက်ကို မှန်မှန်ရှူကာ၊ အတွေးများကို စုစည်းရင်း စိတ်ကို ကြည်လင်အောင် လုပ်လိုက်သည်။
ထို့နောက်… သူမသည် အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင်နှင့်တကွ အာရုဏ်ဦး အာဏာရှင် ဧကရာဇ် ရှိနေမည်ဟု ယူဆရသော နတ္ထိနယ်မြေ ကိုပါ ကာကွယ်ပေးထားသည့် အဂ္ဂိရတ်ဖြစ်စဉ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ဝေ့ဝူယင်သည် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် အဖြစ် တက်လှမ်းပြီးနောက် အတုမဲ့ အဂ္ဂိရတ် ပါရမီရှင် တစ်ဦး၏ ဆန္ဒကို ဆန့်ကျင်ရင်း ခန္ဓာကိုယ်ကို အပြည့်အဝ သိမ်းပိုက်ရန် ရုန်းကန်နေရသည်ဟု ယူဆထားကြသည် မဟုတ်ပါလား။
"ဒီလောက်နဲ့ပဲ ရပ်လိုက်ကြရအောင်..."
သူမက ပြတ်သားစွာ ပြောလိုက်လေသည်။
အပိုင်း(၂၅၂၂)
"ရပ်မယ်..."
အရှင်သခင် ကြာပန်းနှစ်ပွင့် ၏ ဘယ်ဘက်မျက်ခုံးမှာ မယုံကြည်နိုင်မှုများနှင့်အတူ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပင့်တက်သွားသည်။
"ကျွန်မတို့ ရပ်လို့ မရဘူး မေမေ... အခုအချိန်မှာ မရဘူး..."
မြေကမ္ဘာမိခင် အရှင်သခင် က စကားပြောရန် ပါးစပ်ဟလိုက်စဉ်မှာပင် အရှင်သခင် သံမဏိအစောင့်အရှောက် ၏ အသံသည် ဝိညာဉ်လှိုင်းအဖြစ် သူတို့ထံသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
"မြန်မြန်လေး လုပ်ကြပါ ကောင်းကင်ရှန့်ထို တို့ရာ..."
အရှင်သခင် ကြာပန်းနှစ်ပွင့် က သူ့ကို စိတ်မပါ့တပါ မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက်၊ မိခင်ဖြစ်သူထံသို့ လှည့်ကာ ပြောလိုက်သည်။
"ဒီကိစ္စအတွက် ကျွန်မတို့မှာ အချိန်မရှိဘူး... ဒီအဂ္ဂိရတ်ဖြစ်စဉ်ကြီးကို အရင်ဆုံး ဖျက်ဆီးပစ်ရမယ်..."
"..."
မြေကမ္ဘာမိခင် အရှင်သခင်မှာ တုံ့ဆိုင်းနေခဲ့၏။ အဘယ်ကြောင့်မှန်း သူမ မသိပေ။ သူမက ရိုးရှင်းစွာပင်... ထိုသို့ ဖြစ်နေရခြင်း ဖြစ်သည်။
"တို့တွေ ဆက်မလုပ်တော့ဘူး..."
ကောင်းကင်ဖခင် အရှင်သခင် က ပြောလိုက်သည်။ ထို့နောက် သူက လက်တစ်ဖက် ဝှေ့ယမ်းကာ ခေါ်ဆောင်လာသည့် အဂ္ဂိရတ် ပညာရှင် ငါးယောက်စလုံးကို အတွင်းပိုင်း လောကအတွင်း ထည့်သွင်း သိမ်းဆည်း လိုက်လေသည်။ ဤလုပ်ရပ်ကြောင့် အရှင်သခင် ကြာပန်းနှစ်ပွင့် မှာ အံ့အားသင့်ကာ တုန်လှုပ်သွားခဲ့ရ၏။
"ဖေဖေ..."
သူမက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ကျွန်မတို့…"
"မလုပ်တော့ဘူး..."
ကောင်းကင်ဖခင် အရှင်သခင် သည် ဖခင်တစ်ဦး၏ အာဏာဖြင့် သူမ၏စ ကားကို ဖြတ်ပြောလိုက်ရင်း၊ သူ၏ အော်ရာကို မြှင့်တင်လိုက်သည်။
"ပြန်မယ်..."
အရှင်သခင် ကြာပန်းနှစ်ပွင့် က ကန့်ကွက်ချင်နေခဲ့သည်။
"ဒါပေမယ့်…"
"ဟောက်လျန်လျန်..."
ကောင်းကင်ဖခင် အရှင်သခင် က မိုးခြိမ်းသံကဲ့သို့ အင်အားဖြင့် အော်ဟစ်လိုက်ရာ၊ ပတ်ဝန်းကျင်ရှိ အပျက်အစီး မန်နာ များပင် ဂယက်ထသွားလေသည်။
ဖခင်ဖြစ်သူထံမှ သူမ၏ နာမည်ရင်းကို ကြားလိုက်ရသဖြင့် အရှင်သခင် ကြာပန်းနှစ်ပွင့် မှာ အံ့သြမှင်တက်သွားခဲ့ရသည်။ သူက မေးခွန်းထုတ်စရာမလိုသော အမိန့်တစ်ရပ်ကို ဆက်လက်ကြေညာလိုက်သည်။
"အာရုဏ်ဦး အာဏာရှင် ဧကရာဇ် နဲ့ ပတ်သက်တဲ့ ဒီကိစ္စမှာ ငါတို့မိသားစု နောက်ထပ် မပါဝင်ပတ်သက်တော့ဘူး..."
ထို့နောက် သူသည် အရှင်သခင် သံမဏိအစောင့်အရှောက် နှင့် ရိုးရွဲ သူတော်စင်တီ တို့ဘက်သို့ လှည့်လိုက်သည်။
"ကျွန်တော်တို့ ပါဝင်ပတ်သက်နေတာကို ရပ်တန့်လိုက်ပြီ... ခင်ဗျားတို့ သဘောရှိ လုပ်နိုင်ပါတယ်..."
ထို့နောက် သူသည် မတုန့်မဆိုင်းပင် ဇနီးနှင့် သမီးဖြစ်သူကို ဆွဲခေါ်သွားခဲ့သည်။
သမီးဖြစ်သူ၏ စွမ်းအားသည် တစ်ဆင့် နှစ်ဆင့်ခန့် ပိုမိုမြင့်မားနေလင့်ကစား၊ ဖခင်ဖြစ်သူ လက်၏ အလေးချိန်နှင့် အင်အားသည် သူမ၏ နှလုံးသားထဲရှိ နတ်ဘုရားတစ်ပါး၏ ဆုပ်ကိုင်ထားမှုထက်ပင် ပိုမိုအားကောင်းနေခဲ့လေသည်။
ထိုခိုင်မာသော လက်တစ်ဖက်ကို ခံစားလိုက်ရချိန်တွင် သူမ၏ ပုန်ကန်လိုသော အတွေးများ အားလုံး ပျောက်ကွယ်သွားခဲ့ရသည်။ သူမအနေဖြင့် နှုတ်ခမ်းကို ဆူထားရုံမှအပ အခြား မတတ်နိုင်တော့ချေ။
ကောင်းကင်ဖခင် အရှင်သခင်သည် ကောင်းကင် ပဲ့တင်ထပ် ချီ ကို တိုက်ရိုက် အသုံးပြုလိုက်ကာ သူတို့သုံးဦးစလုံးကို တောက်ပသော အလင်းတန်းများဖြင့် လွှမ်းခြုံလိုက်သည်။
ဟူး… ဟူး…
သူတို့သည် အလင်းကြယ်တံခွန်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ကို ဖြတ်သန်းကာ အလင်း၏အလျင်ထက် အလွယ်တကူ ကျော်လွန်သော အမြန်နှုန်းဖြင့် ပျံသန်းသွားကြလေသည်။ အစစ်အမှန် သူတော်စင် တစ်ပါး မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူတို့ ပျောက်ကွယ်သွားခဲ့လေပြီ။
"..."
အရှင်သခင် သံမဏိအစောင့်အရှောက် နှင့် ရိုးရွဲ သူတော်စင်တီ တို့မှာ အံ့အားသင့်သွားကြ၏။
သူတို့သည် ပထမဆုံး အလိုအလျောက် တုံ့ပြန်မှုအနေဖြင့် စွမ်းအားကြီးမားသော ကျင့်ကြံသူ တစ်ဦး ဆင်းသက်လာခြင်း ရှိမရှိ ခန့်မှန်းရန် သူတို့၏ ဝိညာဉ်အမြင် ကို အစွမ်းကုန် ထုတ်ဖော်လိုက်ကြ၏။ သို့သော်လည်း… မည်သည့် လှုပ်ခတ်မှုမျှ မရှိခဲ့ချေ။
ကောင်းကင်ဖခင် အရှင်သခင် သည် သူ့ တာအို လက်တွဲဖော် ၏ တုံ့ဆိုင်းမှုကြောင့် သူ ကိုယ်တိုင် တစ်စက်ကလေးမျှ မတုံ့ဆိုင်းဘဲ ထွက်ခွာသွားခဲ့ခြင်းလော။ အဘယ်ကြောင့်နည်း။
ရိုးရွဲ သူတော်စင်တီ ၏ မျက်လုံးများက စူးရှစွာ ကျဉ်းမြောင်းသွားလေသည်။
"ဒါက ဘာအဓိပ္ပာယ်လဲ..."
အရှင်သခင် သံမဏိအစောင့်အရှောက်က ဒေါသနှင့် မကျေနပ်မှုများ အပြည့်ဖြင့် အော်ဟစ်လိုက်သည်။
သူတို့သည် အဂ္ဂိရတ်ဖြစ်စဉ်ကို မဖျက်ဆီးရသေးပေ။ သို့ဆိုလျှင် သူတို့ ဘာဆက်လုပ်ကြရမည်နည်း။ စောင့်နေရမည်လော။ သို့တည်းမဟုတ်… အခြား အဂ္ဂိရတ်ပညာရှင်များကို ဆက်ရှာရမည်လော။ မည်မျှ ဒေါသထွက်စရာကောင်းလိုက်သနည်း။
ချက်ချင်း တိုက်ခိုက်ချင်သည့် ဆန္ဒများ သူ၏ နှလုံးသားထဲတွင် ပြည့်လျှံလာခဲ့သော်လည်း၊ အဆုံးတွင်တော့ သူ လက်တန့်ထားလိုက်သည်။
သဘောတူညီချက်အရ သူသည် ဂလက်ဆီ၏ စည်းမျဉ်းများကို ဆန့်ကျင်၍ မလှုပ်ရှားနိုင်ပေ။ အဂ္ဂိရတ်ဖြစ်စဉ်ကြီး ပျောက်ကွယ်သွားပြီးနောက်မှသာ၊ အဂ္ဂိရတ် တာအို ကို မလေးမစားမလုပ်ဘဲ လောကကိုချေမှုန်းနိုင်သော ဝိုင်းဝန်းပိတ်ဆို့မှုဖြင့် သူတို့၏လမ်းကို ရှင်းလင်းဝင်ရောက်နိုင်မည် ဖြစ်သည်။
ရိုးရွဲ သူတော်စင်တီ သည် သူ၏ ဝိညာဉ်အမြင် ကို အဆက်မပြတ် ထုတ်ဖော်ကာ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်းရှိ အသေးစိတ်အချက်အလက်တိုင်းကို အနုစိတ်လေ့လာရင်း အခြေအနေကို တိတ်တဆိတ် သုံးသပ်နေလေသည်။
သူသည် ပုန်းကွယ်နေသော ခြိမ်းခြောက်မှု တစ်ခုခုကို အာရုံခံချင်နေခဲ့သည်။ သို့သော် မည်သူကမျှ ထွက်ပေါ်လာခြင်း မရှိပေ။
ဟုန်ရွှမ်နူ သည် လက်ရှိတွင် သူ၊ အရှင်သခင် သံမဏိအစောင့်အရှောက် နှင့် အခြားတစ်ဦးတို့၏ ပူးပေါင်းကြိုးပမ်းမှုဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရလေသည်။
အဖမ်းမခံရလျှင်တောင်မှ ဟုန်ရွှမ်နူ သည် အရှင်သခင် ကြာပန်းနှစ်ပွင့် သို့မဟုတ် ရိုးရွဲ သူတော်စင် တစ်ပါး၏ ကိုယ်ပွားဖြစ်သော သူ့ကိုပင် ယှဉ်နိုင်မည့် ပြိုင်ဘက် မဟုတ်ချေ။
စုရီများလော။ အစွန်းရောက် အာဏာရှင် ဓား သူတော်စင် ပြန်လည်ဝင်စားလာသူလော။ သို့တည်းမဟုတ် မူလ ကြယ်တာရာ အရှင်သခင်လော။
အကယ်၍ စုရီ ပေါ်လာလျှင်တောင်မှ အရှင်သခင် သံမဏိအစောင့်အရှောက် နှင့်အတူ ပူးပေါင်း၍ သူ့ကို အနိုင်ယူရန် သို့မဟုတ် ဆုတ်ခွာရန် သူ အပြည့်အဝ ယုံကြည်ချက်ရှိပေသည်။
တောက်ပသော ကြယ် နန်းတော် ၏ နန်းတော်သခင်ကိုတော့ အဆောင် ကြယ် နန်းတော်သခင် နှင့် ကြေမွကြယ် နန်းတော်သခင် တို့က 'ဆွေးနွေးပွဲ' တစ်ခု ဟူသော ခေါင်းစဉ်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားလေသည်။
ကြည့်ရသည်က ကောင်းကင်ဖခင် အရှင်သခင်သည် သူ့ တာအို လက်တွဲဖော် ၏ အရိုးရှင်းဆုံးသော တုံ့ဆိုင်းမှု လုပ်ရပ်လေးတစ်ခုကြောင့် ပြတ်သားစွာ နုတ်ထွက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် အထွတ်အထိပ် သူတော်စင် တစ်ပါးအနေဖြင့် သူတို့၏ ဆန္ဒများသည် တုံ့ဆိုင်းမှုတစ်ခုကြောင့် မည်သို့လုပ် ဤမျှ လွယ်ကူစွာ ယိမ်းယိုင်သွားနိုင်ပါသနည်း။
ပြတ်သားမှုဆိုသည်မှာ မရှိမဖြစ် လိုအပ်သော်လည်း၊ အကျိုးအမြတ်အတွက် စွန့်စားလိုစိတ်သည် ထိုပြတ်သားမှုနှင့် ထပ်တူကျနေရမည် ဖြစ်သည်။
ဤသို့ဆိုလျှင် အခြား မည်သည့် အရာ ဖြစ်နိုင်မည်နည်း။
ဘာဖြစ်နိုင်မည်နည်း။
ဝုန်း...
သိမ်မွေ့သော လှုပ်ခတ်မှုတစ်ခုက ဟင်းလင်းပြင်ကို ဖြတ်သန်းသွား၏။ ၎င်းက သူတို့၏ အသားအရေပေါ်သို့ အနူးညံ့ဆုံး လေပြေလေညင်းလေး တိုက်ခတ်သွားသကဲ့သို့ ဖြတ်သန်းသွားလေသည်။
"ဟမ်..."
အထွတ်အထိပ် သူတော်စင် သုံးပါး ထူးဆန်းစွာ ထွက်ခွာသွားမှုအပြီးတွင် အရှင်သခင် သံမဏိအစောင့်အရှောက် သည်လည်း ဖုံးကွယ်နေသော ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ အတူတူပင် အာရုံခံနိုင်စွမ်း ထက်မြက်နေခဲ့သည်။
"ဝိညာဉ်ငလျင် လား..."
အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ အပြင်ဘက်ကို အကဲခတ်ကြည့်လိုက်ရာ၊ ဝိညာဉ်ငလျင် တစ်ခုနှင့် ဆင်တူသော ဝိညာဉ်ပိုင်းဆိုင်ရာ တုန်ခါမှု လှုပ်ရှားမှု၏ မှေးမှိန်သော လှုပ်ခတ်မှုများကို တွေ့လိုက်ရလေသည်။
သို့သော် ၎င်းမှာ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ နှင့် အလွန် ဝေးကွာလွန်းလှပေသည်။ သူ၏ အာရုံခံနိုင်စွမ်းဖြင့်ပင် အကြောင်းရင်းကို မဆုံးဖြတ်နိုင်ခဲ့ချေ။
သို့သော် ဤမျှဝေးကွာနေသည်ကို ထောက်ရှုပါက အကြောင်းရင်းမှာ ထူးကဲသည့်အရာတစ်ခု ဖြစ်ရမည်။ ဤကိစ္စအပြီးတွင် စုံစမ်းစစ်ဆေးရန် သူ စိတ်ထဲမှ မှတ်သားထားလိုက်သည်။
ရိုးရွဲ သူတော်စင်တီ ကမူ ဝိညာဉ်ငလျင် အမျိုးအစားများနှင့် ပို၍ ရင်းနှီးကျွမ်းကျင်သူ ဖြစ်သည်။
သူသည် အသက်မွေးဝမ်းကျောင်းအားဖြင့် ရတနာမုဆိုး တစ်ဦးဖြစ်ပြီး၊ ထိပ်တန်း ဟင်းလင်းပြင် မုဆိုး အဖွဲ့အစည်းတစ်ခုတွင် ပါဝင်သော ထူးချွန်သူတစ်ဦးလည်း ဖြစ်လေသည်။
ဝိညာဉ်ငလျင် များတွင် အကြောင်းရင်းများစွာ ရှိတတ်ပြီး၊ ဝိညာဉ်အင်အား များ ပွတ်တိုက်မိခြင်း၊ အစစ်အမှန် သူတော်စင် တစ်ပါး၏ အစစ်အမှန် လောကနိုးထခြင်း နှင့် ဝိညာဉ်ချည်နှောင် ရတနာ တစ်ခု နိုးထလာခြင်းတို့သည် အဖြစ်များသော အကြောင်းရင်းများပင် ဖြစ်သည်။
သို့ရာတွင် ဤ ဝိညာဉ်ငလျင် ၏ အကွာအဝေးနှင့် သူ၏ အသားအရေပေါ်သို့ လာရောက်ထိတွေ့သည့် ခံစားချက်အရ ၎င်းသည် လောကနိုးထခြင်း သို့မဟုတ် ဝိညာဉ်ချည်နှောင် ရတနာ တစ်ခုကြောင့် မဟုတ်ကြောင်း ညွှန်ပြနေပေသည်။
အကယ်၍ ၎င်းသည် အားကောင်းသော ဝိညာဉ်ပိုင်းဆိုင်ရာ စွမ်းအားရှိသည့် ဝိညာဉ်ချည်နှောင် ရတနာ တစ်ခု ဖြစ်ခဲ့လျှင်တောင်မှ ဤနေရာအထိ ရောက်လာမည် မဟုတ်ပေ။ တာအိုချည်နှောင် ရတနာများမှာမူ ဝိညာဉ်ငလျင် များကို မဖြစ်ပေါ်စေတတ်ပေ။
ဝိညာဉ်အင်အား များ ပွတ်တိုက်မိခြင်းနှင့် ပတ်သက်၍မူ ၎င်းတို့သည် တစ်ကြိမ်တည်းနှင့် ပြီးသွားလေ့ မရှိပေ။
ပုံမှန်အားဖြင့် ၎င်းတို့သည် မြင့်တက်လာသော သို့မဟုတ် အားနည်းသွားသော အဟုန်ဖြင့် ဝိညာဉ်ငလျင် များကို အဆက်မပြတ် ဖြစ်ပေါ်စေတတ်သည်။
အဖြစ်များသော အကြောင်းရင်းများကို ဖယ်ထုတ်လိုက်ပြီးနောက် ရိုးရွဲသူတော်စင် တီ မှာ မျက်မှောင်ကြုတ် လိုက်မိ၏။
အကယ်၍ အတွေ့အကြုံကိုသာ အခြေခံပြီး ခန့်မှန်းရမည်ဆိုလျှင် ၎င်းသည် အာကာသနှင့် အချိန် နယ်နိမိတ်ကို ကျော်လွန်၍ ဆက်သွယ်ရန် ဖန်တီးထားသော ဝိညာဉ်အင်အား ဆက်သွယ်မှု အစီအရင် တစ်ခု ပေါက်ကွဲထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သေချာပေသည်။