အခန်း (၂၅၂၅-၂၅၂၆)
Vol. 181 Ch. 2525-2526
အပိုင်း(၂၅၂၅)
ဟူး... ဟူး...
ဂလက်ဆီ တစ်ခုလုံး၏ ပတ်ပတ်လည်တွင် လှည့်ပတ်နေသော အရောင်ခုနစ်မျိုးပါသည့် ပူဖောင်းကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။ ၎င်းသည် အလွန်တရာ ကြီးမားလှပေသည်။ ထို့အပြင် ၎င်း၏ အကာအကွယ်မှာ ပါးလွှာပုံရသော်လည်း၊ တိုက်ခိုက်မှုများ၊ ကာကွယ်မှုများ သို့မဟုတ် မိမိကိုယ်ကို ထိန်းသိမ်းထားနိုင်သော စွမ်းအားများကို အလွယ်တကူ ထိန်းချုပ်ခြင်း၊ သန့်စင်ခြင်း၊ ပြောင်းလဲခြင်း၊ ပေါင်းစပ်ခြင်း၊ ထုတ်ယူခြင်း၊ ကြီးထွားစေခြင်းနှင့် ဖန်တီးခြင်းတို့ကို စွမ်းဆောင်နိုင်သည့် အဂ္ဂိရတ် တာအို လက္ခဏာ ခုနစ်ရပ်လုံး၏ အထွတ်အထိပ် စွမ်းအားများကို ထုတ်လွှတ်နေလေသည်။
မိုးကုပ်စက်ဝိုင်း ထုတ်ယူခြင်း မျှော်စင်သည် ဤအစီအရင်ကို အသက်သွင်းရာတွင် ဗဟိုချက်အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ အခြား မျှော်စင်များမှာလည်း အခန်းကဏ္ဍတစ်ခုစီ ပါဝင်ခဲ့ကြသည်။ သို့သော်လည်း... ၎င်းတို့၏ အခန်းကဏ္ဍမှာ များစွာ သေးငယ်လှပေသည်။
အသက်သွင်းရန်နှင့် အဆက်မပြတ် အသုံးပြုရန်အတွက် ကုန်ကျစရိတ်များစွာကို မိုးကုပ်စက်ဝိုင်း ထုတ်ယူခြင်း မျှော်စင် ကသာ ကျခံခဲ့ရခြင်း ဖြစ်သည်။ အတိအကျ ဆိုရသော် စုစုပေါင်း ကုန်ကျစရိတ်၏ ၉၆% ကို ကျခံရမည်ဖြစ်သည်။ ထိုကဲ့သို့သော အကြောင်းရင်း ကြောင့်ပင် ၎င်းကို အသက်သွင်းရန် မျှော်စင် တစ်ခုတည်း၏ မျှော်စင် တစ်ခုတည်း၏ တောင်းဆိုမှု လိုအပ်ရခြင်း ဖြစ်သည်။
တစ်ချိန်တည်း၌ အရိုးပြာ နယ်မြေ တွင် စုမေ့ နှင့် ယောင်ဟုန်ရီ တို့ ဆုံတွေ့ခဲ့ဖူးသော အမျိုးသမီးသည် အလွန်ဝေးကွာသော နေရာတစ်ခုမှနေ၍ စောင့်ကြည့်နေခဲ့၏။ သူမ၏ နှုတ်ခမ်းများက ကြောက်ရွံ့မှု အရိပ်အယောင်များဖြင့် တွန့်ကွေးနေခဲ့သည်။
ဤအစီအရင်သည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်း အစစ်အမှန်ခန္ဓာကိုယ် ဖြင့် ဝင်ရောက်ရန် သို့မဟုတ် အနီးကပ် ချဉ်းကပ်ရန် သူမ ငြင်းဆန်ခဲ့ရသည့် အကြောင်းရင်းများထဲမှ တစ်စိတ်တစ်ပိုင်းပင် ဖြစ်လေသည်။
ဤပူဖောင်းကြီးထံမှ ဖြာထွက်နေသော အဂ္ဂိရတ် တာအို ၏ အော်ရာ ကို သူမ အာရုံခံမိနေသည်။ ဤ တာအိုအဆင့် အစီအရင်ကြီး၏ သန့်စင်ခြင်းကို သူမ လုံးဝ ခံချင်မည်မဟုတ်ချေ။
ထို့အပြင်... ၎င်းကို အသက်သွင်းလိုက်မှုမှာ ချက်ချင်းလက်ငင်း ဖြစ်ပေါ်လာခဲ့သဖြင့် ရှောင်ရှားရန်မှာ လုံးဝနီးပါး မဖြစ်နိုင်ပေ။ တာအို တရားဥပဒေ ထိန်းသိမ်းသူ တစ်ဦး၏ အတွေးတစ်ချက်ကပင် သူမ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးရန် လုံလောက်နေပေသည်။
တစ်ချိန်တည်း၌... ဝေ့ဝူယင်သည် လျှို့ဝှက် အလင်းတန်းများကို ဝန်းရံရင်း အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီထံသို့ လျှင်မြန်စွာ ပျံသန်း လာခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့ တိုက်ရိုက် ပျံသန်းခြင်းက သူ့ အတွက် အကျိုး သက်ရောက်မှု နည်းပါးလှပေသည်။ မည်သို့ပင်ဆိုစေ သူ၏ ဟင်းလင်းပြင် တံခါးပေါက် ဖန်တီးခြင်း ကျင့်စဉ်ဖြင့် သူ၏ အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင် ဆီသို့ သူ့ကိုယ်သူ တိုက်ရိုက် ခေါ်ဆောင်သွားနိုင်သည် မဟုတ်ပါလား။
သို့ရာတွင် လက်ရှိ၌ သူသည် ရုပ်၊ စိတ်၊ အမတေနှင့် ဝိညာဉ်တို့ ပေါင်းစည်းညီညွတ်မှု မရှိဘဲ တည်ငြိမ်မှုမရှိသော အခြေအနေသို့ ရောက်ရှိနေခဲ့သည်။ ထို့ကြောင့်ပင်... ဤအခြေအနေကို အခွင့်ကောင်းယူကာ အသစ်ရရှိထားသော လျှို့ဝှက်စွမ်းအား များနှင့် အကျွမ်းတဝင်ရှိစေရန်နှင့် သူ၏ ကျင့်ကြံခြင်းစွမ်းရည် ကို တစ်ခုတည်းသော အရာအဖြစ် ပေါင်းစပ်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ ထိုသို့ဆိုလင့်ကစား ဂလက်ဆီ အတွင်းရှိသူများ ဆက်လက်၍ စည်းကမ်းမဲ့ လှုပ်ရှားနေမှုများကို သူ ခွင့်မပြုနိုင်ပေ။ ထို့ကြောင့် သူ ရှိနေကြောင်းကို သူတို့ကို သိစေရန် လိုအပ်ပေသည်။
သူ၏ အမျက်ဒေါသကို သိစေရန်ပင်။
"မင်းရဲ့ ဝိညာဉ်အင်အားက အရူးအမူးပဲကွာ..."
မားဂတ်က အံ့သြတကြီး မှတ်ချက်ချလိုက်သည်။ သူသည် ဝေ့ဝူယင် ပိုင်ဆိုင်ထားသည့် ဝိညာဉ် အင်အားကို ကြယ်တာရာ ဝိညာဉ် တစ်ကောင် အနေဖြင့် ပထမဆုံးအကြိမ် ခံစားဖူးခြင်းပင် ဖြစ်သည်။ သူ၏ ဝိညာဉ်အာရုံသည် ဤနေရာမှနေ၍ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ထိ ရောက်ရှိနိုင်ပေသည်။
ပို၍ အံ့ဩစရာကောင်းသည်မှာ ဆေဘာ ရည်ရွယ်ချက် နှင့် မူလ ဒြပ်စင် ရည်ရွယ်ချက် တို့၏ အရည်အသွေးများက သူ၏ ဝိညာဉ်အင်အားကို ထူးခြားစွာ ပြောင်းလဲပေးလိုက်ခြင်းပင် ဖြစ်သည်။ ၎င်းသည် မည်သည့် အတားအဆီးကိုမဆို ထိုးဖောက်သွားနိုင်ပြီး မည်သည့် ပတ်ဝန်းကျင်နှင့်မဆို လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်ပေသည်။
သူတို့သည် တစ်ဦး၏ စွမ်းအားကို တစ်ဦးက မျှဝေသုံးစွဲကြသော်လည်း လွတ်လပ်စွာ တည်ရှိနေကြပုံမှာ အံ့ဖွယ်ပင်။
အိုရီ က တခစ်ခစ်ရယ်လိုက်၏။
"အဲဒါက ခင်ဗျား တစ်ယောက်တည်း ရှိသေးတာနော်..."
မားဂတ်က အသက်ရှူမှားသွားသည်။
"ငါတစ်ယောက်တည်းလား... တစ်ယောက်တည်းပဲလား..."
သူ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့ရ၏။ ထို ဝိညာဉ်အင်အား အဆင့်သည် နတ်ဘုရားတစ်ပါးတမျှ ခံစားရပြီး၊ သူတို့၏ စွမ်းအားများနှင့် အရည်အသွေးများ အားလုံးကို သယ်ဆောင်ထားသည် မဟုတ်ပါလား။ မည်ကဲ့သို့ သူ တစ်ယောက်တည်း ရှိနေသေးသနည်း။ ဝေ့ဝူယင် ၏ အမိန့်အောက်တွင် သူတို့အားလုံးသာ ပေါင်းစပ်လိုက်မည်ဆိုပါက ဘာတွေဖြစ်လာမည်နည်း။
"သူက ငါတို့အားလုံးရဲ့ ဝိညာဉ်စွမ်းအားတွေကို သုံးလေ့သုံးထ သိပ်မရှိဘူး... အကြိမ်အနည်းငယ်ပဲ အဲဒီလို ဖြစ်ဖူးတာ... နောက်ဆုံးတစ်ခါကတော့..."
ဧဒင် က ရှင်းပြလိုက်သည်။
"ကျန်းတိချွန်း နဲ့ တိုက်ခဲ့တုန်းကလေ..."
အိုရီ က စိတ်လှုပ်ရှားစွာဖြင့် ဖြတ်ပြောလိုက်သည်။ ကျန်းတိချွန်း ဆိုသည်မှာ ဉာဏ်အလင်းရ သူတော်စင် နွေဦးကွင်းပြင်၏ စစ်ဝိညာဉ် အမည်ပင် ဖြစ်လေသည်။
"အာရုံစိုက်ကြ... ငါ့ကောင်တွေရေ... အခု ငါတို့ရဲ့ ကျင့်ကြံခြင်းအဆင့် ကို ပေါင်းစပ်ညှိနှိုင်းဖို့ လိုတယ်...ဂ
ဝေ့ဝူယင် ၏ စကားလုံးများက ကြယ်တာရာ ဝိညာဉ်များ၏ အာရုံစိုက်မှုကို နိုးကြားသွားစေပြီး ပေါင်းစည်းခြင်း ဆေးလုံး ဆယ့်ခြောက်လုံးကို ချေဖျက်ကာ၊ လုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန်အတွက် လူသိများသော အခြား အဂ္ဂိရတ် ထုတ်ကုန်များကိုပါ တိုက်ရိုက် သန့်စင်ခဲ့ကြသည်။
"ခန့်မှန်းခြေ ရောက်မယ့်အချိန်..."
ဝေ့ဝူယင်က မန်နာ လွှမ်းမိုးမှုနှင့်နှင့် လျှို့ဝှက်စွမ်းအား ကို တွန်းအားပေးကာ သူ၏ လက်ရှိ အမြင့်ဆုံးအမြန်နှုန်းဖြင့် ပျံသန်းရင်း ခရာတို ကို မေးလိုက်သည်။
လက်ရှိ၌ သူသည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ နှင့် အလွန် ဝေးကွာလွန်းနေပေသည်။ သူရှိနေသည့်နေရာမှဆိုလျှင် အီလီစီယမ် အသေး ကဲ့သို့သော ဟင်းလင်းပြင် သင်္ဘော တစ်စင်း၏ ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်း ဖြင့်ပင် လမှသည် နှစ်အထိ အချိန်ယူရလေ့ရှိသည်။
ခရာတိုက ညည်းညူသံဖြင့် ဖြေလိုက်၏။
"ခန့်မှန်းခြေ လေးလ လောက် ကြာမယ်..."
အာကာသ ရွှေ့ပြောင်းခြင်းဖြင့် ဖြစ်စေ၊ ဟင်းလင်းပြင် ရွှေ့ပြောင်းခြင်းဖြင့် ဖြစ်စေ၊ ဟင်းလင်းပြင် တံခါးပေါက် တည်ဆောက်ခြင်းဖြင့် ဖြစ်စေ... မည်မျှ ဝေးကွာသော နေရာကို မဆို မျက်တောင် တစ်ခတ်စာ အတွင်း ခုန်ကူးနိုင်သည်။
သို့သော်လည်း... ယခုတွင်တော့ သူ ပျံသန်း နေရသည်။ အလွန် ရိုးရှင်းစွာ ပျံသန်း နေရသည်။ အဓိပ္ပာယ် မဲ့လွန်းလှပေသည်။
"အဲဒီလောက်တောင် ကြာမှာလား..."
ဝေ့ဝူယင် အံ့အားသင့်သွားပြီး ရပ်တန့်လိုက်လေ၏။ သူ၏ ရှေ့သို့ ဦးတည်နေသော အဟုန် ရုတ်တရက် ရပ်တန့်သွားမှုကြောင့်၊ အနီးအနားရှိ အမှောင် ဟင်းလင်းပြင် တစ်ခွင်လုံး၏ အာကာသနှင့် အပျက်အစီး မန်နာများထံမှ ကြမ်းတမ်းသော ညည်းတွားသံကြီး ထွက်ပေါ်လာလေသည်။
"ခင်ဗျားက ဘာထင်နေလို့လဲ... ကျုပ်တို့ရဲ့ အဆုံးမဲ့ ဟင်းလင်းပြင် တောင်ပံတွေ ကိုတောင် မသုံးဘဲနဲ့..."
ခရာတို ညည်းတွားမည်ဆိုလည်း ညည်းတွားစရာပင်။ သူတို့သည် သန့်စင်သော လျှို့ဝှက်စွမ်းအား နှင့် မန်နာ ကြီးစိုးမှု တို့ဖြင့်သာ ရွေ့လျားနေကြခြင်း ဖြစ်သည်။ လှုပ်ရှားမှု နည်းလမ်း တစ်ခုကိုမျှ အသုံးမပြုထားရာ၊ ဤသည်မှာ ရှက်စရာကောင်းလောက်အောင် နှေးကွေးလွန်းလှပေသည်။
"..."
ဝေ့ဝူယင် ဘေးဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်၏။ မိမိကိုယ်ကို ကန်မင်ဂျီ ဟု ခေါ်ဆိုထားသော အဘွားအို တစ်ဦး အဖြစ် ရုပ်ဖျက်ထားသည့် ဂလက်ဆီ ကိုပါ မှောက်လှန်နိုင်သော ကောင်းကင်အလှပိုင်ရှင် သည် မိုင်အနည်းငယ်အကွာမှ အမူအရာကင်းမဲ့စွာ လိုက်ပါလာလေသည်။ သူမသည် အနည်းငယ်မျှပင် ပင်ပန်းနေပုံ သို့မဟုတ် အမီလိုက်ရန် ကြိုးစားနေရပုံ မပေါ်ချေ။ သူမက သူ့ဘက်သို့ လှမ်းကြည့်လာပြီး သူ ဘာအလိုရှိသနည်းဟူသည်ကို သိချင်နေပုံရသည်။
ဝေ့ဝူယင်သည် သူမ၏ အဆက်မပြတ် လိမ်လည်မှုများအပေါ် သူ၏ အတွင်းစိတ်မှ မကျေနပ်မှုကို ဘေးဖယ်ထားကာ သူမကို တစ်ခုခု မေးရန် ဆုံးဖြတ်လိုက်သည်။
"ကန်မင်ဂျီ... လျှို့ဝှက် ဝိညာဉ် အဆင့်မှာ မညီညွတ်မှုကို ကျင့်ကြံခြင်း အခြေခံ အုတ်မြစ်ကို လျင်လျင်မြန်မြန် ခိုင်မာစေနိုင်တဲ့ ကျင့်စဉ်၊ အစီအရင် ဒါမှမဟုတ် နည်းလမ်း တစ်ခုခု ရှိလား..."
"ခိုင်မာစေတဲ့ နည်းလမ်းလား..."
ကန်မင်ဂျီ က မျက်တောင်ခတ်လိုက်သည်။ သူမက အဓိက အာဏာများဖြင့် ဆုပ်ကိုင်ခံထားရသည့် သူမ၏ အခြေခံ တည်ရှိမှု ချည်မျှင်များ ၏ တည်နေရာကို စစ်ဆေးလိုက်၏။ ထို့နောက်... ငွေရောင် တောက်ပနေပြီး စူးရှနေသော ဝေ့ဝူယင် ၏ မျက်လုံးများကို သူမ စိုက်ကြည့်လိုက်သည်။
သူမရှေ့ရှိ ဤလူသည် သူမ နားလည်နိုင်စွမ်းမရှိသော ကြီးမားသည့် ပဟေဠိကြီးတစ်ခု သဖွယ် ဖြစ်နေသည်။ အထူးသဖြင့် အလွန်အမင်း အဆင့်နိမ့်လွန်းသော ထိုမေးခွန်းနှင့် ပတ်သက်၍ ပို၍ပင် နားမလည်နိုင်အောင် ဖြစ်နေရသည်။
"ဟုတ်ကဲ့၊ ရှိပါတယ်..."
သူမက လိမ်လည်ခြင်းမရှိဘဲ ဝန်ခံလိုက်သည်။
"မင်းရဲ့ အကောင်းဆုံး ခိုင်မာစေတဲ့ နည်းလမ်းကို ငါ့ကို လေ့လာခွင့်ပြုပါ..."
ဝေ့ဝူယင်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် အရောင်လက်သွား၏။
ကန်မင်ဂျီက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူမ၏ လက်ချောင်းများကို လှုပ်ရှားလိုက်သည်။ ဝိညာဉ် ကျောက်စိမ်း တစ်ခု ဖန်တီးဖြစ်ပေါ်လာပြီးနောက်၊ သူမက ၎င်းကို လှမ်းပစ်ပေးလိုက်လေသည်။
ဝေ့ဝူယင် သည် ကျောက်စိမ်းကို ဖမ်းယူလိုက်ပြီး ၎င်းတွင် ပါဝင်သောအရာများကို စစ်ဆေးကြည့်လိုက်သည်။
[အမည်] အဆုံးစွန် နတ်ဘုရား ပေါင်းစည်းခြင်း ကျင့်စဉ်
[ဖော်ပြချက်] နတ်ဘုရား နှလုံးသား ကျင့်စဉ်ကို ဖန်တီးခဲ့သော မူလ နတ်ဘုရား မှ ဖန်တီးထားသည်။
အပြစ်အနာအဆာကင်းသော နတ်ဘုရား၏ အရည်အသွေးများနှင့် ဝိညာဉ်ကို ပေါင်းစပ်ညှိနှိုင်းပါ...
ဝေ့ဝူယင် ၏ နှလုံးသားက အပြင်းအထန် ခုန်ပေါက်လာခဲ့၏။
နတ်ဘုရား နှလုံးသား ကျင့်စဉ်... ထိုအရာက...
ဆက်လက်ဖတ်ရှုလိုက်သည်နှင့်အမျှ ဤကျင့်စဉ်၏ အခြေခံအုတ်မြစ်သည် သူ နေသွေးနီနီဂိုဏ်း မှ ရရှိခဲ့သော ဆန်းကြယ် ဒြပ်စင် ချီ ကျင့်စဉ် နှင့် တူညီမှုများစွာ ရှိနေကြောင်း သူ သဘောပေါက်သွားလေသည်။ အိုရီ နှင့် ဘုရင် တို့ကို ဖန်တီးရာတွင် အသုံးပြုခဲ့သည့် ထိုကျင့်စဉ်ပင် ဖြစ်လေသည်။
ဧဒင် နှင့် ခရာတို တို့ ဆင့်ကဲမပြောင်းလဲနိုင်ချိန်တွင် ဘုရင် နှင့် အိုရီ တို့ ဆင့်ကဲပြောင်းလဲနိုင်ခဲ့သည်ဟု ဝေ့ဝူယင် ခိုင်မာစွာ ယုံကြည်ရခြင်းမှာ ဤကျင့်စဉ်ကြောင့်ပင် ဖြစ်သည်။ ထို ထူးခြားသော နတ်ဘုရားဆန်သည့် နည်းလမ်းကပင် အိုမီဂါ ဆေဘာ လျှို့ဝှက် ဝိညာဉ် နှင့် အယ်ဖာ မူလ လျှို့ဝှက် ဝိညာဉ် အဖြစ်သို့ ပြောင်းလဲသွားစေနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုကျင့်စဉ်၏ အခြေခံကို မားဂတ်ကလည်း အသုံးပြုခဲ့သော်လည်း အလုံးစုံတော့ မဟုတ်ခဲ့ပါချေ။
***
အပိုင်း(၂၅၂၆)
"ဟ... ဒီလောက်တောင် လွယ်တာလား..."
အဆုံးစွန် နတ်ဘုရား ပေါင်းစည်းခြင်း ကျင့်စဉ် အတွင်းရှိ အကြောင်းအရာများ မှတ်ဉာဏ်ထဲသို့ ထွင်းထုပြီးသွားချိန်တွင် အိုရီ က သတိလက်လွတ် ရေရွတ်လိုက်သည်။
ရုတ်တရက်ဆိုသလို ဝေ့ဝူယင်၏ ကျင့်ကြံခြင်းစွမ်းရည် မှ စနစ်တကျမရှိဘဲ ဖရိုဖရဲဖြစ်နေသော ရင်းမြစ်များသည် အလုပ်လုပ်နိုင်သော တစ်ခုတည်းသောအရာအဖြစ် လျင်မြန်စွာ ခိုင်မာလာပြီး ပေါင်းစည်းလာတော့သည်။
ဘုရင် နှင့် အိုရီ တို့က ဦးဆောင်ကာ ခရာတို ၊ ဧဒင် နှင့် မားဂတ် တို့ကိုပါ ထိုကျင့်စဉ်အား အကောင်အထည်ဖော်ရန် လမ်းညွှန်လိုက်ကြသည်။
ဝုန်း...
ရုတ်တရက်.. ကန်မင်ဂျီ ၏ မျက်လုံးများက အလွန်အမင်း အံ့အားသင့်မှုဖြင့် ပြူးကျယ်သွား၏။ သူမ ခန္ဓာကိုယ်မှ ပဲ့တင်ထပ် ချီ အကာအကွယ်တစ်ခုကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ သို့တိုင် သူမသည် လွင့်စဉ်သွားခဲ့ရသည်။
ဟူး... ဟူး...
ပကတိ ဧရာမ အလင်းအစုအဝေးကြီးသည် ဖီဆန် အရွယ်အစားသို့ ပေါက်ကွဲထွက်မတတ် ကြီးမားလာခဲ့လေသည်။
ချက်ချင်းဆိုသလိုပင် ကြယ်တာရာ ကောင်းကင်ယံထက်တွင် ဝေ့ဝူယင် သည် ဂလက်ဆီအစုအဝေး အတွင်းရှိ ဂလက်ဆီ သုံးဆယ့်သုံးခုလုံးမှ မြင်တွေ့နိုင်သည့် ကြီးမားထင်ရှားသော တည်ရှိမှုတစ်ခုကို ရယူလိုက်လေပြီ။
သူ၏ စွမ်းအင်အားလုံးက တစ်ပြိုင်နက်တည်း ပေါင်းစည်းသွားသည်။ ထို့နောက် ကြယ်တာရာ ကောင်းကင်ယံထက်ကို တစ်စက္ကန့်မျှ လင်းထိန်သွားစေခဲ့သော ထိုအလင်းတန်းသည် ပျောက်ကွယ်သွားခဲ့လေသည်။
ဝေ့ဝူယင်သည် အပျက်အစီး မန်နာ ဖြင့် ပြုလုပ်ထားသော ခိုင်မာသည့် ကျောက်ဖြာ တစ်ခုပေါ်တွင် ရပ်နေရင်း၊ ဆုပ်လိုက် ဖြန့်လိုက် လုပ်နေသော သူ၏ လက်များကို ကြည့်နေလိုက်သည်။ သူ၏ တည်ရှိမှုတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်သည်ဟူသော ခံစားချက်က ပြိုင်ဘက်ကင်းလှပေသည်။
"သေမျိုး... မူလ... ဆန်းကြယ်..."
ဝေ့ဝူယင်သည် ကျင့်စဉ်ကို အကောင်အထည်ဖော်လိုက်ပြီးနောက် ရှင်းပြ၍မရလောက်အောင် မြန်ဆန်လှသော အချိန်လေးအတွင်း၌ ဘာတွေဖြစ်ပျက်သွားခဲ့သလဲဆိုတာကို အာရုံခံမိလိုက်သည်။
အိုရီ ၊ ဘုရင် ၊ ဧဒင် ၊ ခရာတို နှင့် မားဂတ်တို့သည် မသိရသေးသော အခြေအနေသစ်တစ်ခုသို့ ခုန်တက်သွားခဲ့ကြလေပြီ။
ပထမ အဆင့် ဆန်းကြယ် အခြေအနေ...
သူတို့၏ လျှို့ဝှက် အသွင်များ ၏ ပတ်ပတ်လည်တွင် ဆန်းကြယ် မြူခိုး ပါးလွှာသော အလွှာလေးတစ်ခု ရှိနေလေသည်။ ၎င်းသည် သူ အစစ်အမှန် နိဗ္ဗာန သဘောတရားနှစ်ရပ် ကျင့်စဉ် အတွက် လူသားဆန်မှုကို ဖိနှိပ်ပြီး ဆန်းကြယ်ဆန်မှုကို နှိုးဆွရန် နဂါး ကိုယ်ပွား ကို အသုံးပြုခဲ့စဉ်က ဖန်တီးခဲ့သော ဆန်းကြယ် မြူခိုး နှင့် ဆင်တူသော်လည်း အခြေခံအားဖြင့်တော့ ကွဲပြားခြားနားနေပေသည်။ နှိုင်းယှဉ်ချက်တစ်ခု ပြုလုပ်ရမည်ဆိုပါက သူ၏ ပထမဆုံး အလိုအလျောက် သိမြင်မှုသည် ရုပ်ပိုင်းဆိုင်ရာ စွမ်းအင် နှင့် ဝိညာဉ်ပိုင်းဆိုင်ရာ စွမ်းအင် ကြားက ကွာခြားချက်မျိုးပင် ဖြစ်သည်။
‘ကွာခြားချက်က... မူလ ဆန်းကြယ် မြူခိုး နဲ့ ဝိညာဉ် ဆန်းကြယ် မြူခိုး လား...’
အမည် အမျိုးအစား ခွဲခြားမှုအပေါ် သူ ဆုံးဖြတ်လိုက်ချိန်တွင်၊ သူ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် အမတေ စွမ်းအင်များကို အပြစ်အနာအဆာကင်းစွာ တိကျမှုဖြင့် ပေါင်းစည်းပေးလိုက်သည့် ဆန်းကြယ် ဝိညာဉ် အလင်းတန်း စီးဆင်းမှုနှင့်အတူ အရင်က မရှိဖူးသော စွမ်းအားများ သူ၏ သွေးကြောများထဲတွင် ပြည့်လျှံလာသည်ကို ခံစားလိုက်ရလေသည်။ သူ၏ ကျင့်ကြံခြင်းစွမ်းရည် အပြည့်အဝ ခိုင်မာသွားခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင် ကန်မင်ဂျီကို လှည့်ကြည့်လိုက်ရာ သူမမှာ အလွန်အမင်း တုန်လှုပ်နေသည်ကို တွေ့ရှိလိုက်ရ၏။ ထို့အပြင် သူမ စိတ်လှုပ်ရှား နေကြောင်းပါ သူ အာရုံခံလိုက်မိသည်။ သူမ မျှော်လင့်ထားသည့် အရာ တစ်ခုခု လွဲချော်သွားခဲ့သည်မှာ ရှင်းလင်းပေသည်။ သူမတွင် မည်သည့် ရန်ငြိုးရန်စမှ မရှိသော်လည်း၊ မူလ သူတော်စင် တစ်ပါး၏ ကျင့်ကြံခြင်း ကျင့်စဉ် တစ်ခုကို သူ့ကို ပေးအပ်လိုက်ခြင်းဖြင့် နောက်ကွယ်မှ တစ်ခုခုကို ကြံစည်နေသည်မှာတော့ သေချာလှပေသည်။
မည်သို့ပင် ဆိုစေ... သူကသာ တောင်းဆိုခဲ့ခြင်း ဖြစ်လေရာ ဝေ့ဝူယင် စိတ်ထဲ မထားတော့ချေ။ ကျင့်ကြံခြင်း အခြေခံ ခိုင်မာသွားပြီး နေက်တွင် သူ့ အနေဖြင့် ထပ်မံ ကြန့်ကြာနေရန် အကြောင်းမရှိတော့ချေ။ သူ လက်တစ်ချက် ဝှေ့ယမ်းကာ ဟင်းလင်းပြင် တံခါးပေါက် တစ်ခုကို ဖန်တီးလိုက်လေတော့သည်။
...
"သွားကြရအောင်...”
ဂလက်ဆီတစ်ခွင်လုံး ပဲ့တင်ထပ်သွားစေသည့် ဝိညာဉ် အော်ဟစ်သံကြီးသည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်းရှိ အထွတ်အထိပ် တည်ရှိမှု တိုင်းကို နိုးကြားသွားစေခဲ့သည်။
မျက်လုံးအားလုံးသည် တဖြည်းဖြည်း ချဉ်းကပ်လာနေသော တောက်ပသည့် အလင်းအစုအဝေးကြီးကို စောင့်ကြည့်နေကြ၏။ သူတို့သည် မိနစ်အနည်းငယ်ကြာ တွက်ချက်မှုများ ပြုလုပ်ပြီးနောက်၊ ဤဧရာမ အလင်းတန်းကြီး ရောက်ရှိလာမည့် အချိန်ကို အနည်းနှင့်အများ ခန့်မှန်းသိရှိသွားခဲ့လေပြီ။ အာရုဏ်ဦး အာဏာရှင် ဧကရာဇ် သည် သူပျောက်ဆုံးနေချိန်မှစ၍ ဂလက်ဆီ ၏ အပြင်ဘက်သို့ ရောက်ရှိနေခဲ့ကြောင်းနှင့် အတိတ်က စုရီ အသုံးပြုခဲ့သည့်နည်းတူ မည်သူမျှ သတိမထားမိစေဘဲ ထွက်ပြေးရန် အလားတူ ဟင်းလင်းပြင် ရွှေ့ပြောင်းခြင်း အစီအရင် မျိုးကို အသုံးပြုသွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း အတည်ပြုနိုင်ခဲ့ကြလေသည်။
လေးလ...
၎င်းမှာ ထိုအလင်းတန်းကြီး ဂလက်ဆီ အပေါ်သို့ ဆင်းသက်လာမည့် ခန့်မှန်းခြေအချိန်ပင် ဖြစ်သည်။ သေမျိုး များအတွက် ဤသည်မှာ အလွန်ကြာမြင့်သော အချိန်ပမာဏတစ်ခု ဖြစ်သော်လည်း၊ လျှို့ဝှက် အာဏာရှင်များနှင့် အထွတ်အထိပ် တည်ရှိမှုများ အတွက် ဤသည်မှာ ပြောပလောက်သော အချိန်ပမာဏ မဟုတ်ချေ။
သို့ရာတွင် ၎င်းသည် ထို အထွတ်အထိပ် တည်ရှိမှု များ၏ စိတ်ထဲတွင် သတ်မှတ်ထားသော အချိန်ဇယားတစ်ခုကိုတော့ ဖြစ်ပေါ်သွားစေခဲ့လေသည်။
"အစွမ်းကုန် ကောင်းကင် ကာကွယ်ရေး အစီအရင် ကို လည်ပတ်နေတာ ရပ်လိုက်သင့်သလား..."
တရားဥပဒေ ထိန်းသိမ်းသူ ဝိညာဉ် ချည်နှောင်က အသံထွက်၍ မေးခွန်းထုတ်လိုက်သည်။ ၎င်းကို အသက်သွင်းထားသည့် စက္ကန့်တိုင်းသည် များပြားလှသော အရင်းအမြစ်များကို စားသုံးနေပေသည်။ ထို့အပြင် ၎င်းသည် ပြင်ပဆက်ဆံရေးများကို အနှောင့်အယှက်ဖြစ်စေသလို တစ်ပြိုင်နက်တည်းမှာပင် အာရုံစိုက်မှုကိုလည်း ဆွဲဆောင်နေခဲ့သည်။
"မလုပ်ရဘူး..."
ရိုးရွဲ သူတော်စင် ရှီဇီ က ပြတ်သားစွာ ငြင်းဆန်လိုက်သည်။
"အာရုဏ်ဦး အာဏာရှင် ဧကရာဇ် မှာ အရမ်း အဆင့်မြင့်တဲ့ ဟင်းလင်းပြင် ရတနာ တွေနဲ့ ဟင်းလင်းပြင် အစီအရင်တွေ ရှိတယ်... တကယ်လို့ သူသာဆန္ဒရှိရင် အဲဒီအချိန်ကို လုံးဝမရှိသလောက်ကို လျှော့ချပစ်နိုင်တယ်..."
ဤအစီအရင်၏ အဓိက ရည်မှန်းချက်မှာ အာရုဏ်ဦး အာဏာရှင် ဧကရာဇ် ၏ အမျက်ဒေါသနှင့် စွမ်းအားတို့ဖြင့် အာဏာရှင်ဆန်ဆန် ဆင်းသက်လာမှုကို နယ်စပ်တွင် တားဆီးရန်ပင် ဖြစ်သည်။ ၎င်းသည် ကိစ္စရပ်များကို လွန်လွန်ကျွံကျွံ မလုပ်မိစေရန် သူ့အတွက် သတိပေးချက်တစ်ခုအဖြစ်လည်း ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။
ဒုတိယ ရည်မှန်းချက်မှာမူ သူ့ကို ဆန့်ကျင်ကြံစည်နေသူများအား ဂလက်ဆီ ၏ အပြင်ဘက်တွင် လှုပ်ရှားခွင့်ပြုရန်နှင့် ရှောင်လွှဲ၍မရသော ထိပ်တိုက်ရင်ဆိုင်မှုမှတစ်ဆင့် သူတို့အတွက် ထိခိုက်ပျက်စီးမှု အနည်းငယ် သို့မဟုတ် လုံးဝ မရှိစေရန် သေချာစေရန်ပင် ဖြစ်သည်။
"..."
အခြားသူများမှာ ငြိမ်သက်စွာပင် အခြေအနေကို စောင့်ကြည့် နေကြ၏။ သို့သော် တုန်းဖန်ယွဲ့ ၏ မျက်လုံးများထဲတွင်တော့ စိတ်လှုပ်ရှားမှုများက ဆက်လက် တည်ရှိနေဆဲပင်။
မကောင်းဆိုးဝါး ဖျက်ဆီးခြင်း အရှင်သခင် က တည်ငြိမ်စွာ သတိပေးလိုက်သည်။
"တကယ်လို့ အာရုဏ်ဦး အာဏာရှင် ဧကရာဇ် က သူ့ခန္ဓာကိုယ် မူလပိုင်ရှင်ရဲ့ ဆန္ဒကို လွှမ်းမိုးဖို့အတွက် ဂလက်ဆီ ရဲ့ အပြင်ဘက်ကို ရောက်နေခဲ့တာဆိုရင်၊ သူ့ရဲ့ လက်ရှိ အခြေအနေက..."
"..."
ထိုအတွေးသည် သူတို့တစ်ဦးချင်းစီ၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့၏။ အကယ်၍ သူတို့၏ သီအိုရီသာ မှန်ကန်ပါက၊ မူလပိုင်ရှင်၏ ဆန္ဒနှင့် တည်ရှိမှုသည် မပျက်မစီး ကျန်ရှိနေနိုင်ခြေ ရှိပေသည်။ အကောင်းဆုံး အခြေအနေတွင်မူ ဆန္ဒများ အားပြိုင်မှုတွင် ရှုံးနိမ့်သွားပြီးနောက် ၎င်းသည် ပြင်းထန်သော ထိခိုက်ပျက်စီးမှုကိုသာ ခံစားခဲ့ရနိုင်ပေသည်။ ဆိုလိုသည်က... ခန္ဓာကိုယ်၏ မူလပိုင်ရှင်သည် သေဆုံးခြင်း မရှိသေးချေ။
"အခွင့်အရေး နည်းနည်းလောက် ရှိနေသေးရင်တောင် ငါတို့ သူ့ကို ကယ်ရမယ်... ငါတို့ ဂလက်ဆီ အတွက် ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ကို ရလာဖို့ အခွင့်အရေးက ကောင်းနေတုန်းပါပဲ...”
တရားဥပဒေ ထိန်းသိမ်းသူ အဖိုးတန်နှလုံးသား က ပြောလိုက်သည်။
တုန်းဖန်ယွဲ့က စိတ်ထဲမှ ကြိတ်ကာ လှောင်ပြောင်လိုက်၏။ သူမ၏ စိတ်ထဲတွင် ဝေ့ဝူယင် သည် အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို ဖြစ်သလို အာရုဏ်ဦး အာဏာရှင် အင်ပါယာလည်း ဖြစ်ပေသည်။ သူမ၏ နှလုံးသားထဲတွင် ထိုအမှန်တရားကို သိထားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ဝုန်း...
နောက်ထပ် ပေါက်ကွဲမှုတစ်ခု ထွက်ပေါ်လာကာ သူတို့၏ ဝိညာဉ်အမြင် များကို ဆွဲဆောင်သွားခဲ့သည်။ တောက်ပသော အလင်းအစုအဝေးကြီးသည် ကောင်းကင်၏ ကန့်သတ်ချက်များကို ဖီဆန်လောက်အောင် ကြီးမားသော အရွယ်အစားသို့ ဖောင်းပွလာခဲ့၏။ ကြယ်တာရာ ကောင်းကင်ယံကို မြင်နိုင်သူ မည်သူမဆို သိသိသာသာ မြင်တွေ့နိုင်သည်အထိ ဖြစ်လာကာ၊ သာမန် သေမျိုး တစ်ဦးပင်လျှင် ၎င်းကို သတိပြုမိနိုင်ပေသည်။
"..."
သူတို့အားလုံး၏ ရင်ဘတ်ထဲတွင် နှလုံးခုန်သံများ ပြင်းထန်လာသည်ကို ခံစားလိုက်ကြရ၏။
ထို့နောက် ခဏအကြာတွင် ထိုတောက်ပသော အလင်းအစုအဝေးကြီး လုံးဝ ပျောက်ကွယ်သွားလေသည်။
ရိုးရွဲ သူတော်စင် ရှီဇီ ၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။
"သူ လာနေပြီ..."
သူက အော်ဟစ်လိုက်ပြီး ထိုကောက်ချက်ချမှုနှင့် ပတ်သက်၍ မိုးကုပ်စက်ဝိုင်း ထုတ်ယူခြင်း မျှော်စင်ထံ ဆက်သွယ်လိုက်သည်။ အာရုဏ်ဦး အာဏာရှင် ဧကရာဇ် သည် ဟင်းလင်းပြင် ရွှေ့ပြောင်းခြင်း ကို အသုံးပြုရန် လုံလောက်သော စွမ်းအားကို တည်ဆောက်ပြီးသွားပြီ ဖြစ်သည်။
***