အခန်း (၂၅၂၇-၂၅၂၈)
Vol. 181 Ch. 2527-2528
အပိုင်း(၂၅၂၇)
ဟင်းလင်းပြင် ရွှေ့ပြောင်းခြင်း စွမ်းရည်သည် ဝေ့ဝူယင် အတွက်သာ သီးသန့်မဟုတ်ချေ။ အထွတ်အထိပ် သူတော်စင် များအားလုံးသည် ဤစွမ်းရည်ကို အသုံးပြုနိုင်ကြပြီး၊ အချို့သော ထူးချွန်သည့် လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံသူ များပင်လျှင် အသုံးပြုနိုင်စွမ်း ရှိကြပေသည်။
ဟင်းလင်းပြင် ရွှေ့ပြောင်းခြင်းကို အာရုံခံနိုင်ခြင်း၊ အနှောင့်အယှက်ပေးနိုင်ခြင်း သို့မဟုတ် ဖျက်ဆီးပစ်နိုင်ခြင်း မရှိပါက ကြုံတွေ့ရမည့် အကျိုးဆက်များမှာ မည်သူမဆို လွတ်လပ်စွာ ကျူးကျော်ဝင်ရောက်နိုင်သည့် နယ်မြေတစ်ခု ဖြစ်နိုင်လာခြင်းပင် ဖြစ်လေသည်။
အစွမ်းကုန် ကောင်းကင် ကာကွယ်ရေး အစီအရင် သည် ထိုအချက်ကို ထည့်သွင်းစဉ်းစားကာ တည်ဆောက်ထားခြင်းဖြစ်ပြီး၊ အာကာသ၏ ဒိုင်မန်းရှင်း များနှင့် ဟင်းလင်းပြင်မှ တစ်ဆင့် ဖြတ်သန်းသွားလာမှုကို နှောင့်ယှက်နိုင်သည့် အာနိသင်တစ်ခု ပါဝင်ပေသည်။
၎င်းသည် အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင် ၏ အာကာသနယ်မြေကို ဝန်းရံထားသော အဆုံးမဲ့ နှောင့်ယှက်ခြင်း အဆောင် အစီအရင် များထက် များစွာ ပိုမို အားကောင်းလှပေသည်။ ဂလက်ဆီ တစ်ခုလုံးအတွင်းရှိ မည်သည့် ဟင်းလင်းပြင် ရွှေ့ပြောင်းခြင်း ကိုမဆို တိုက်ရိုက် တားမြစ်ထားခြင်း မဟုတ်လျှင်တောင် အနှောင့်အယှက်ပေးထားလေသည်။
အကယ်၍ ကြိုးစားလာပါက... ၎င်းသည် ဟင်းလင်းပြင် နယ်မြေအတွင်းရှိ ပုံမှန်မဟုတ်သော အရာမှန်သမျှကို စတင် ထိန်းချုပ်ကာ သန့်စင်ပစ်မည် ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင်... ဝေ့ဝူယင် သည် ဟင်းလင်းပြင် တံခါးပေါက် အတွင်းသို့ ဝင်ရောက်ခါနီးတွင် ဤနှောင့်ယှက်မှုကို ချက်ချင်း အာရုံခံမိလိုက်သည်။ ဟင်းလင်းပြင် တံခါးပေါက် ၏ အတွင်းပိုင်းမှနေ၍ ချက်ချင်းလက်ငင်း အန္တရာယ်ပြုနိုင်သည့် ခံစားချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ပုံမှန်အားဖြင့် အများစုသည် ဤအရာကို အာရုံခံနိုင်စွမ်းမရှိဘဲ သေမင်း၏ ထောင်ချောက်ထဲသို့ ကျင်းဆင်းသွားလေ့ရှိသော်လည်း အတုမဲ့ ဖန်တီးခြင်း အဂ္ဂိရတ် ကြယ်တာရာများ ကို ပိုင်ဆိုင်ထားသည့် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦးအနေဖြင့်မူ သူသည် အန္တရာယ်ကို သိရှိနိုင်ရုံသာမက ၎င်း၏ အကြောင်းရင်းကိုပါ ဆုံးဖြတ်နိုင်စွမ်း ရှိပေသည်။
"အဂ္ဂိရတ် တာအို ရဲ့ အော်ရာ လား..."
ဝေ့ဝူယင်သည် ခြိမ်းခြောက်မှု၏ ဇာစ်မြစ်ကို တွက်ချက်သိရှိလိုက်သည်။ အခြားသူများအတွက်မူ ဤခြိမ်းခြောက်မှုသည် သေစေနိုင်လောက်ပြီး ကျော်လွှားရန် ခက်ခဲနိုင်သော်လည်း၊ အတုမဲ့ ဖန်တီးခြင်း အဂ္ဂိရတ် ကြယ်တာရာများ ကို ပိုင်ဆိုင်ထားသူ သူ့အတွက်တော့ လုံးဝကို အရေးမပါလှပေ။
သို့သော်လည်း... သူသည် ဟင်းလင်းပြင် တံခါးပေါက် ၏ ထွက်ပေါက်ကို ဆွဲယူသည့်ဟန်ဖြင့် နောက်သို့ ဆွဲလိုက်သည်။ အစွမ်းကုန် ကောင်းကင် ကာကွယ်ရေး အစီအရင် မှ မိုင်ထောင်ပေါင်းများစွာ အကွာအဝေးသို့ပင်။ ဟင်းလင်းပြင် တံခါးပေါက် မှ ထွက်ပေါ်နေသော ခြိမ်းခြောက်မှု ခံစားချက် လုံးဝ ပျောက်ကွယ်သွားလေသည်။
ကန်မင်ဂျီ က ပိုမိုနီးကပ်စွာ ပျံသန်းလာခဲ့သည်။ သူမ၏ အကြည့်များသည် ဝေ့ဝူယင် အပေါ်တွင် ခေတ္တမျှ ရပ်တန့်နေပြီးနောက် ဟင်းလင်းပြင် တံခါးပေါက် ကို စောင့်ကြည့်နေလိုက်သည်။ ဟင်းလင်းပြင် တံခါးပေါက်သည် ထူးထူးခြားခြား ဖန်တီးထားပြီး၊ ဟင်းလင်းပြင် ၏ မတည်ငြိမ်မှုများမှ ယိုစိမ့်လာသော ကမောက်ကမဖြစ်မှု သို့မဟုတ် လိုက်လျောညီထွေမရှိမှုများ လုံးဝမပါရှိဘဲ အာကာသနယ်မြေ နှစ်ခုကို ချိတ်ဆက်ပေးထားလေသည်။ ၎င်းသည် အပြစ်အနာအဆာ ကင်းလှပေသည်။ ထိုအရာသည် တံခါးပေါက် သို့မဟုတ် ကျောက်ဆူး မပါရှိဘဲ လူသိများသော ကန့်သတ်ချက်များကို ဖီဆန်ကာ ဖန်တီးထားသည့် သူမ မြင်ဖူးသမျှထဲတွင် အကောင်းဆုံးသော ဟင်းလင်းပြင် တံခါးပေါက် ပင် ဖြစ်လေသည်။
ဝေ့ဝူယင် ထပ်မပြောတော့ပေ။ သူသည် ဟင်းလင်းပြင် တံခါးပေါက် အတွင်းသို့ လျှောက်ဝင်သွားလိုက်သည်။ ကန်မင်ဂျီ လည်း နောက်ထပ် တိုက်တွန်းချက်များ သို့မဟုတ် လမ်းညွှန်ချက်များ မလိုအပ်ဘဲ အထဲသို့ လိုက်ဝင်သွားလေသည်။ ထို့နောက် ဟင်းလင်းပြင် တံခါးပေါက် သည် ချက်ချင်းပင် အရိပ်အယောင်မျှမကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။
ဝှစ်... ဝှစ်...
ခုနစ်ရောင်ခြယ် အလင်းတန်းများနှင့် ဝန်းရံနေသည့် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ နယ်နိမိတ်မှ မိုင်ထောင်ပေါင်းများစွာ အကွာတွင် လူရိပ်နှစ်ခုသည် ဟင်းလင်းပြင် တံခါးပေါက် တစ်ခုထဲမှ ထွက်ပေါ်လာကြလေသည်။
ကန်မင်ဂျီမှာ အနည်းငယ် မျက်မှာင်ကြုတ် သွား၏။ အစွမ်းကုန် ကောင်းကင် ကာကွယ်ရေး အစီအရင် သည် ကန်းပန် သူတော်စင် တစ်ပါး ဖြစ်နိုင်ချေရှိသော အစစ်အမှန် ဝိညာဉ်သခင် တစ်ဦးဖြစ်သည့် သူမထံမှ ထိုကဲ့သို့သော တုံ့ပြန်မှုမျိုးကို ရရှိစေရန် လုံလောက်နေပေသည်။
ဝေ့ဝူယင်သည် ကောင်းကင်ဘုံ နတ်မျက်လုံးများဖြင့် အစွမ်းကုန် ကောင်းကင် ကာကွယ်ရေး အစီအရင် ကို အကဲခတ်ကြည့်လိုက်သည်။ ၎င်းအား စစ်ဆေးနေစဉ် သူ၏ ငွေရောင်အကြည့်များထဲတွင် ထူးခြားသော မီးတောက်ပုံစံ ဝိညာဉ် ဆန်းကြယ် အလင်းတန်း တစ်ခု တောက်လောင်လာခဲ့လေသည်။
'အဆုံးစွန် ဆန်းကြယ် ပေါင်းစည်းခြင်း ကျင့်စဉ်က ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့် ကို မျက်စိတစ်မှိတ်အတွင်းမှာ ခိုင်မာသွားစေရုံသာမကဘဲ၊ ငါ့ရဲ့ ဆန္ဒကို လျှို့ဝှက်ဆန်းကြယ်မှု လမ်းစဉ်တွေ နဲ့ ပေါင်းစပ်ပေးခဲ့တယ်... လျှို့ဝှက် ဝိညာဉ် အဆင့် ရဲ့ စိတ်၊ ရုပ်၊ အမတေ နဲ့ ဝိညာဉ်ဆိုတဲ့ ငါ့ရဲ့ မွေးရာပါ အသွင်အပြင်တွေကို နီးနီးကပ်ကပ် ချိတ်ဆက်ပေးခဲ့တယ်... နောက်ပြီး လျှို့ဝှက် ဝိညာဉ် တစ်ကောင်ချင်းစီရဲ့ လျှို့ဝှက် အသွင်တွေ ကိုလည်း ပြောင်းလဲသွားစေပြီး၊ ဆန်းကြယ် မြူခိုးရဲ့ ပါးလွှာတဲ့ အလွှာလေးတစ်ခုနဲ့ လွှမ်းခြုံပေးထားခဲ့တယ်...'
'ငါ့ရဲ့ ကောင်းကင်ဘုံ နတ်မျက်လုံးတွေတွေဟာလည်း လျှို့ဝှက်ဝိညာဉ် အဆင့် ကို တက်လှမ်းပြီးနောက်မှာ အဆတစ်ရာနီးပါးလောက် ပိုကောင်းလာခဲ့ပြီး ထူးခြားတဲ့ ဆန်းကြယ် အရည်အသွေး တစ်ချို့ကို ရရှိခဲ့တယ်... ကောင်းကင်ဘုံ နတ်မျက်လုံးတွေ မပါဘဲနဲ့တောင်၊ ငါ့ရဲ့ ဝိညာဉ်အမြင်က မမြင်နိုင်တဲ့ နတ်ဘုရားတွေကို အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်နိုင်မယ်လို့ ငါခံစားရတယ်’
'ငါဒီဆန်းကြယ် အခြေအနေ ရဲ့ စွမ်းရည်တွေကို ဆက်ပြီး လေ့လာရဦးမယ်... မူလ အခြေအနေ က ငါ့ရဲ့ ကျင့်ကြံခြင်း ဝိညာဉ်တွေကို မန်နာ လွှမ်းမိုးမှု ရရှိစေခဲ့တယ်... ငါတို့အားလုံးက အခြေခံကျတဲ့ အဆင့်တစ်ရပ်လုံးမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ကြုံတွေ့ခဲ့ရတယ်... ငါ့အတွက်နဲ့ လျှို့ဝှက် ဝိညာဉ် တွေအတွက်တင် မဟုတ်ဘဲ၊ ဖီဆန်လေး နဲ့ အသီနာ တို့အတွက်ပါ ဒီပြောင်းလဲမှုတွေရဲ့ ဂုဏ်သတ္တိတွေကို ငါ စုစည်းပြီး တူးဖော်ဖို့ လိုအပ်တယ်...'
ဝေ့ဝူယင်သည် သူ ကြုံတွေ့ခဲ့ရသော အလွန်အမင်း မြန်ဆန်လွန်းသည့် ပြောင်းလဲမှု အစီအစဉ်များနှင့် ပတ်သက်၍ မိမိကိုယ်ပိုင် အတွေးများထဲတွင် နစ်မွန်းနေရင်း အစွမ်းကုန် ကောင်းကင် ကာကွယ်ရေး အစီအရင်၏ အတားအဆီးမှ မိုင်အနည်းငယ်အကွာတွင် ရပ်တန့်နေခဲ့သည်။ သူ၏ တုံ့ဆိုင်းနေမှုသည် အပြင်ပန်းအားဖြင့် သတိထားနေသည့် လက္ခဏာတစ်ခုအဖြစ် ထင်ရလေသည်။
ကန်မင်ဂျီက သူ့ကို မျက်လုံးထောင့်မှ တစ်ချက် အကဲခတ်လိုက်သည်။ ဤ အစွမ်းကုန် ကောင်းကင် ကာကွယ်ရေး အစီအရင်သည် အစစ်အမှန် ပဲ့တင်ထပ် အစီအရင် တစ်ခု ဖြစ်သည်။ ၎င်းသည် အဂ္ဂိရတ် တာအို၏ အော်ရာ ကို အသုံးပြုရုံသာမက၊ လျှို့ဝှက်ကောင်းကင် အဆင့် ရတနာ ခုနစ်ခုဖြစ်သော မိုးကုပ်စက်ဝိုင်း မျှော်စင် များမှတစ်ဆင့် အဂ္ဂိရတ် တာအို ၏ အသွင်အပြင် ခုနစ်ရပ်ကို အချင်းချင်း အထောက်အကူပြုကာ ပိုမိုအားကောင်းလာစေသည့် ကောင်းကင်ဘုံ ဥပဒေသ ခုနစ်ခုကိုလည်း အသုံးပြုထားလေသည်။
သူမအနေဖြင့်ပင် အတင်းအကျပ် ထိုးဖောက်ဝင်ရောက်ရန် လုံးဝ ဝံ့ရဲမည်မဟုတ်ချေ။ ဝေ့ဝူယင်က ၎င်း၏ စွမ်းရည်များကို စမ်းသပ်ကြည့်ရန် အမိန့်မပေးပါစေနှင့်ဟု သူမ တိတ်တဆိတ် ဆုတောင်းနေပေသည်။
ကံကောင်းထောက်မစွာဖြင့်... ဝေ့ဝူယင်၏ တိတ်ဆိတ်နေမှုနှင့် အတွေးများသည် သူမအား အန္တရာယ်များကို စမ်းသပ်ခိုင်းရန် အာရုံစိုက်နေခြင်း မဟုတ်ပေ။
ထို့အပြင် ဝေ့ဝူယင် ၏ အာရုံကို လွှဲပြောင်းရန် တစ်စုံတစ်ယောက်က ထွက်ပေါ်လာခဲ့သဖြင့် သူမ၏ ဆုတောင်းချက်များ ပြည့်ဝသွားခဲ့လေသည်။
"အာရုဏ်ဦး ဧကရာဇ်..."
ခမ်းနားထည်ဝါသော အသံကြီးတစ်သံက ထိုအစီအရင်မှတစ်ဆင့် အားဖြည့်ကာ သူတို့နှစ်ဦးထံသို့ ပေါက်ကွဲထွက်ပေါ်လာလေသည်။
၎င်းမှာ တာအို တရားဥပဒေ ထိန်းသိမ်းသူ ရှီဇီ ၏ အသံပင် ဖြစ်လေသည်။ ရောင်စုံ ပူဖောင်းကြီး လှုပ်ခတ်သွားပြီးနောက်၊ မိုင်ပေါင်း သိန်းနှင့်ချီ ကြီးမားသော တရားဥပဒေ ထိန်းသိမ်းသူ ရှီဇီ ၏ နှစ်ဖက်မြင် ပုံရိပ်ကြီးတစ်ခုသည် အတားအဆီးအတွင်း ထင်ရှားစွာ ပေါ်ထွက်လာလေသည်။ သူသည် အဂ္ဂိရတ် တာအို ၏ ထူးခြားသော စွမ်းအားနှင့် နက်နဲသော အလှတရားတို့ကို ကျင့်သုံးနေသည့် ခမ်းနားသော နတ်ဘုရားတစ်ပါးနှင့် တူလှပေသည်။
ဝေ့ဝူယင် ၏ ငွေရောင်မျက်လုံးများက အနည်းငယ် စူးရဲသွားပြီး၊ ထိုအလျားနှင့်အနံသာရှိသော ပုံရိပ်ကြီး၏ ဧရာမ မျက်လုံးများကို စိုက်ကြည့်လိုက်လေသည်။
တရားဥပဒေ ထိန်းသိမ်းသူ ရှီဇီက စကားပြောရန် ဟန်ပြင်လိုက်ရင်း ဝေ့ဝူယင် ကို သေချာစောင့်ကြည့်လိုက်မိသည်။
'ငွေရောင်မျက်လုံးတွေလား...'
ချက်ချင်းပင် သူ အရင်က သတိမထားမိခဲ့သော အရာတစ်ခုကို သူ သတိပြုမိသွားသည်။ ဝေ့ဝူယင် ၏ တောက်ပနေသော ထိုငွေရောင်မျက်လုံးများသည် အခြားအရာနှင့် မှားယွင်းနိုင်စရာ မရှိသော သီးခြား အရောင်အသွေးတစ်ခု ဖြစ်နေပြီး၊ သူ၏ နှလုံးသားနှင့် စိတ်ထဲတွင် လှိုင်းများကို ဖြစ်ပေါ်လာစေခဲ့သည်။
ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။
နောက်ဆုံးတွင် တရားဥပဒေ ထိန်းသိမ်းသူ ရှီဇီ သည် သူ၏ တည်ငြိမ်မှုကို ပြန်လည်ရရှိသွားခဲ့သည်။
"ခင်ဗျား ခဏလောက် စိတ်တည်ငြိမ်ပါလို့ ကျွန်တော် တောင်းဆိုချင်ပါတယ်... အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ဟာ အင်ပါယာ တာအို ကျင့်ကြံသူ တစ်ယောက်ရဲ့ ကိုယ်ကျိုးရှာ ဆန္ဒတွေအတွက် သွေးထွက်သံယိုဖြစ်စေမယ့် စစ်ပွဲနယ်မြေ မဟုတ်ပါဘူး... ခင်ဗျား နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်..."
"..."
ဝေ့ဝူယင်၏ ဘယ်ဘက်မျက်ခုံးမှာ အနည်းငယ် အပေါ်သို့ ပင့်တက်သွား၏။ သူ၏ နတ်ဘုရားဆန်သော ငွေရောင်မျက်လုံးများထဲတွင် ရယ်မောချင်သည့် အရိပ်အယောင်လေးတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူသည် အစွမ်းကုန် ကောင်းကင် ကာကွယ်ရေး အစီအရင်မှ အလွန် ဝေးကွားသည့် အမှောင် ဟင်းလင်းပြင် ဆီသို့ သူ၏ အကြည့်ကို လွှဲပြောင်းလိုက်သည်။ ထိုနေရာတွင် လျှို့ဝှက်ကောင်းကင် အဆင့် ရတနာတစ်ခုဖြင့် ဖုံးကွယ်ထားသော အော်ရာ အနည်းငယ် ရှိနေလေသည်။
ထိုအဖြစ်အပျက်ကို မြင်လိုက်ရသဖြင့် တိတ်တဆိတ် ချဉ်းကပ်ရန် ကြိုးစားနေသူများ ပေါ်လာပြီဖြစ်ကြောင်း တရားဥပဒေ ထိန်းသိမ်းသူ ရှီဇီ သိရှိသွားခဲ့သည်။ ဤသည်က ထိုငွေရောင်မျက်လုံးများ၏ ဇာစ်မြစ်အတွက် သက်သေအထောက်အထားများအားလုံး ပေးစွမ်းနေသကဲ့သို့ပင်။ သူသည် ဝေ့ဝူယင်၏ ဘေးရှိ အဘွားအိုကို လှမ်းကြည့်လိုက်သည်။ သူမ၏ ကျင့်ကြံခြင်းစွမ်းရည်မှာ အပြင်ပန်းအားဖြင့် ခိုင်မာသော ကောင်းကင်ငယ် တမန်တော် တစ်ပါးဖြစ်သော်လည်း၊ သူမ၏ အရှိန်အဝါအတွင်း တိတိကျကျ ပြောရန်ခက်ခဲသော ထူးခြားမှုတစ်ခု ရှိနေခဲ့သည်။
သူမသည် လုံခြုံရေးအစီအမံတစ်ခုအဖြစ် ဂလက်ဆီ ၏ အပြင်ဘက်တွင် ချန်ထားရစ်ခဲ့သော သူ၏ တာအို စောင့်ရှောက်သူ ဖြစ်ရမည်။
"အာရုဏ်ဦး ဧကရာဇ်... မိုးကုပ်စက်ဝိုင်း တွေက အဖြေတွေကို ရှာဖွေနေကြတယ်... ခင်ဗျား ဆက်ပြီး ကျူးကျော်ဝင်ရောက်မလာခင် သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေလျှော့ပေးဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်... ကျွန်တော်တို့ရဲ့ အဂ္ဂိရတ် တာအို ကို ကိုယ်စားပြုတဲ့အရာအပေါ် ဖျက်ဆီးဖို့ ကြိုးစားမှုတိုင်းဟာ ကြီးမားတဲ့ အကျိုးဆက်တွေ ရှိလာနိုင်တယ်ဆိုတာကို ကျွန်တော် သတိပေးပါရစေ..."
မိမိတို့၏ အစောပိုင်း ရည်ရွယ်ချက်များ သိပ် အသုံးမဝင်တော့သည်ကို တွေ့လိုက်ရသော အခါ တရားဥပဒေ ထိန်းသိမ်းသူ ရှီဇီက ဝေ့ဝူယင် ကို မဆင်မခြင် မလုပ်ဆောင်ရန် ရွေးချယ်သတိပေးလိုက်ခြင်း ဖြစ်လေသည်။
ကန်မင်ဂျီသည် ဝေ့ဝူယင် သတိပြုမိသွားသော နေရာဆီသို့ လှမ်းကြည့်လိုက်သည်။ အသုံးပြုထားသော ဖုံးကွယ်ခြင်း အစီအရင်မှာ အံ့မခန်း ကောင်းမွန်လှသည်။ အာကာသနှင့် မန်နာ အတွင်းရှိ လှုပ်ခတ်မှုများကို အကဲခတ်ရာတွင် ထက်မြက်သော ထိုးထွင်းသိမြင်မှုမျိုး မရှိပါက ကောင်းကင်ငယ် တမန်တော်များ ပင်လျှင် ၎င်းကို အာရုံခံနိုင်မည် မဟုတ်ချေ။ သို့သော်လည်း သူမအတွက်မူ ၎င်းက အချည်းနှီးသာ ဖြစ်ပေသည်။
သူမသည် အထွတ်အထိပ် သူတော်စင် လေးပါးကို အာရုံခံမိလိုက်၏။ အားလုံးက ကိုယ်ပွားများ သို့မဟုတ် အဗာတာများသာ ဖြစ်ကြသည်။ ၎င်းတို့သည် ဂလက်ဆီ နယ်နိမိတ်၏ အပြင်ဘက်တွင် ဘေးကင်းလုံခြုံစွာ နေထိုင်ရင်း မည်သို့တုံ့ပြန်ရမည်ကို သိရှိနိုင်ရန် အခြေအနေကို လေ့လာစောင့်ကြည့် နေကြခြင်း ဖြစ်သည်။
သို့သော်လည်း.. သူမ မသိလိုက်သည့် အရာကား ဝေ့ဝူယင်သည် အထွတ်အထိပ် သူတော်စင်များ အစစ်အမှန် ပုန်းကွယ်နေသော တည်နေရာကို အာရုံခံမိနေခဲ့ခြင်း ဖြစ်သည်။ မည်သူမျှ ကိုယ်ပွားများ၊ အဗာတာများ မဟုတ်ကြဘဲ အစစ်အမှန် အထွတ်အထိပ် သူတော်စင်များ ဖြစ်ကြ၏။
ထိုနေရာရှိ ဖုံးကွယ်ထားမှုသည် အပြစ်ဆိုဖွယ်ရာမရှိဘဲ ပတ်ဝန်းကျင်၏ အမတေနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်ထားသည်။ ၎င်းသည် ကောင်းကင်ဘုံ၏ ရှာမတွေ့နိုင်သော၊ မမြင်နိုင်သော တည်ရှိမှုကို အတုယူထားကာ အချိန်စီးဆင်းမှု၊ အာကာသ အတက်အကျ သို့မဟုတ် ဟင်းလင်းပြင် အထိအတွေ့များတွင် မည်သည့် နှောင့်ယှက်မှုမျှ မဖြစ်ပေါ်စေခဲ့ပေ။
ဝေ့ဝူယင်သည် သူတို့ကိုတော့ ချက်ချင်း ဖော်ထုတ်ခြင်း မပြုခဲ့ချေ။ ထို့အစား အစွမ်းကုန် ကောင်းကင် ကာကွယ်ရေး အစီအရင်ကို တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။
တစ်ချိန်တည်း၌ တရားဥပဒေ ထိန်းသိမ်းသူ ရှီဇီသည် အပြင်ဘက်ရှိ လူများ အဘယ်ကြောင့် ယခုတိုင် လှုပ်ရှားခြင်း မရှိသေးသနည်းဟု တွေးတောနေခဲ့၏။ ဤအကြံအစည်များ အားလုံးသည် ဤအခိုက်အတန့်အတွက် မဟုတ်ပါလား။
"ခင်ဗျားတို့ အဖြေကို လိုချင်နေတာလား...."
ဝေ့ဝူယင်က ရုတ်တရက် မေးလိုက်၏။
"ဒါဆိုရင် ကျုပ် အဖြေပေးမယ်.... ဒါပေမဲ့ အရင်ဆုံး ကျုပ်ဘက်က မေးစရာ တစ်ခုရှိတယ်.... လိမ်ညာတာမျိုး မရှိတဲ့ အဖြေကိုပဲ မျှော်လင့်တယ်.... မဟုတ်ရင် ခင်ဗျားတို့ကိုပဲ ဒီကိစ္စအားလုံးအတွက် တာဝန်ရှိသူအဖြစ် သတ်မှတ်ရလိမ့်မယ်...."
"...."
တရားဥပဒေ ထိန်းသိမ်းသူ ရှီဇီသည် အံ့သြမှင်တက်သွား၏။ သူက ဆိတ်ဆိတ်နေခြင်းဖြင့်သာ တုန့်ပြန်လိုက်သည်။
"ကျုပ်ရဲ့ဇနီးကို ဘယ်သူ တိုက်ခိုက်ခဲ့တာလဲ...."
***
အပိုင်း(၂၅၂၈)
"ကျုပ်ရဲ့ဇနီးကို ဘယ်သူ တိုက်ခိုက်ခဲ့တာလဲ...."
ဝေ့ဝူယင်က မေးလိုက်၏။ ၎င်းသည် ရိုးရှင်းပုံရသော မေးခွန်းတစ်ခု ဖြစ်သော်လည်း ရှုပ်ထွေးမှုများ မရှိသည်တော့ မဟုတ်ပေ။ မှားယွင်းသော အဖြေနှင့် မှန်ကန်သော အဖြေတစ်ခုတည်းသာ ရှိသည်။ ဝေ့ဝူယင်၏ အကြည့်တို့သည် တရားဥပဒေ ထိန်းသိမ်းသူ ရှီဇီ အပေါ်သို့ စူးစိုက်ကျရောက်နေပြီး၊ သူ၏ ထက်မြက်သော မျက်လုံးများက သူ့ကို အတွင်းပိုင်းမှနေ၍ ခြေရာခံနေ၏။
တရားဥပဒေ ထိန်းသိမ်းသူများ အချင်းချင်း စည်းလုံးညီညွတ်စေရန်နှင့် ခွင့်ပြုချက်မရှိသော လှုပ်ရှားမှုများကို တားဆီးရန် အသုံးပြုနေသည့် နယ်မြေငယ် ဟင်းလင်းပြင်သည် သာမန်တုန်ခါမှုလေးတစ်ခု ဖြစ်ပေါ်သွားခဲ့ပြီး တာအို တရားဥပဒေ ထိန်းသိမ်းသူတိုင်းက ၎င်းကို သူတို့၏ ဝိညာဉ်များထဲတွင် အာရုံခံစားလိုက်ကြရသည်။
စူးဟောင်ရန်၏ မျက်နှာသည် ချက်ချင်းဆိုသလို မှုန်ကုပ်သွား၏။ သူတစ်ယောက်တည်း မဟုတ်ပေ။ တာအို တရားဥပဒေ ထိန်းသိမ်းသူ အားလုံး၏ အမူအရာများမှာ အမျိုးမျိုး ပြောင်းလဲသွားကြသည်။ ဝေ့ဝူယင်၏ တည်ရှိမှုက သူတို့ တည်ရှိရာ နယ်မြေငယ် ဟင်းလင်းပြင်အပေါ်သို့ ပုံသဏ္ဍာန် မပါဘဲ ကျဆင်းလာသည်ကို သူ ခံစားလိုက်ရသည်။
မည်သည့် အရာ ဖြစ်ပေါ်သွားကြောင်း အတိအကျ ပြောရန်ခက်ခဲလှသော်လည်း၊ သူတို့အားလုံးတွင် ကိုယ်ပိုင် ဝိညာဉ်အမြင်နှင့် ဝိညာဉ်အာရုံများ ရှိကြပြီး တစ်စုံတစ်ခုက သူတို့၏ တည်နေရာကို ပစ်မှတ်ထား ကန့်သတ်လိုက်ကြောင်းကို အသေအချာ သိရှိနေကြသည်။
တုံဖန်းယွဲ့သည် ထူးခြားသော လက်ဟန်ချိပ်စည်းကို ဖော်ဆောင်ထားသည့် တရားဥပဒေ ထိန်းသိမ်းသူ ရှီဇီထံသို့ လှမ်းကြည့်လိုက်၏။ သူသည် အစီအရင်ထဲသို့ ဝိညာဉ်ချီစွမ်းအင်များကို အဝေးမှ ထည့်သွင်းကာ ကိုယ်ပွားရုပ်သွင်ကို ထုတ်ဖော်၍ ၎င်းမှတစ်ဆင့် ဆက်သွယ်နေခြင်း ဖြစ်သည်။ သူ၏ အမူအရာမှာ လေးနက်တည်တင်းနေခဲ့သည်။
တရားဥပဒေ ထိန်းသိမ်းသူ ဝိညာဉ် ချည်နှောင်ခြင်းက စိုးရိမ်တကြီးဖြင့် မေးလိုက်၏၊
"အင်ပါယာ ဥပဒေသက ကောင်းကင်ပဲ့တင်သံ သာမည တားမြစ်ချက်နဲ့ အတွင်းပိုင်းကနေ ကန့်သတ်ခံထားရတယ် မဟုတ်လား...."
ဝေ့ဝူယင်ကို ဆန့်ကျင်ရန် အကြံအစည်ရှိသူများသည် သူ၏ အင်ပါယာ ဥပဒေသအပေါ် လုံလောက်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားခဲ့ကြသည်။
အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်း၌ မိုးကုပ်စက်ဝိုင်း နယ်မြေတည်ထောင်ထားသော အရှင်သခင် တစ်ပါးအနေဖြင့်၊ သူသည် ဒေသအတွင်းမှ အင်အားများကို စဉ်ဆက်မပြတ် ဆွဲယူနိုင်ခြင်း သို့မဟုတ် ၎င်းကို ခံတပ်အဖြစ် အသုံးပြုနိုင်ခြင်းကြောင့် သူ့ကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲစေနိုင်သည်။
ထို့ကြောင့် သူတို့သည် အင်ပါယာ ဥပဒေသကို ပစ်မှတ်ထားကာ ကောင်းကင်ပဲ့တင်သံ တားမြစ်ချက်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။
တရားဥပဒေ ထိန်းသိမ်းသူ ရှီဇီသည် သူ့အပေါ် ကျရောက်နေသော ဖိအားကို ခံစားနေရသဖြင့် တရားဥပဒေ ထိန်းသိမ်းသူ ဝိညာဉ် ချည်နှောင်ခြင်းကို လျစ်လျူရှုလိုက်၏။ သူ တစ်စက္ကန့်ခန့် စဉ်းစားလိုက်၏။
ခြင်္သေ့တစ်ကောင်၏ ဂုဏ်သိက္ခာကို သယ်ဆောင်ထားသော်လည်း၊ ဝေ့ဝူယင် တောင်းဆိုသည့် “တရားခံများ” ကို ဖော်ထုတ်ရန် သူ ဝန်လေးနေခြင်း မရှိပေ။ ထို့ပြင် ဤအရာက သူတို့ကို ပို၍ အမြန်လှုပ်ရှားလာစေရန် ပြုလုပ်နိုင်ပေလိမ့်မည်။ ထို့ကြောင့် ကိုယ်ပွားရုပ်သွင်မှတစ်ဆင့် သူက ပြန်လည်ဖြေကြားလိုက်၏။
"ပြိုင်ဘက်ကင်း အရိပ် စံအိမ် ပါ...."
"...."
နယ်မြေငယ်ထဲရှိ လူတိုင်းသည် လျှပ်စစ်စီးသွားသကဲ့သို့ တုန်လှုပ်သွားကြ၏။ တရားဥပဒေ ထိန်းသိမ်းသူ ရှီဇီက သူတို့ကို တိုက်ရိုက်ကြီး ဖော်ထုတ်လိုက်သည်လေ။
ရှီဇီက ထိုမျှနှင့် မရပ်တန့်ပဲ ဆက်လက်၍ ပြောလိုက်၏။
"သူတို့က အရိပ်သစ္စာခံ လို့ ခေါ်တဲ့ အရာတစ်ခုကို ကျင့်ကြံကြတယ်.... အဲဒါတွေက တည်ရှိမှုရဲ့ အတုအယောင် အနှစ်သာရ ကြိုးမျှင် တစ်ခုပါရှိတဲ့ ကိုယ်ပွားတစ်ပိုင်းတွေပဲ... အဲဒီဟာတွေကို သက်ရှိတွေလိုမျိုး ထင်ရအောင် ဖန်တီးထားပြီးတော့ အသေခံ လုပ်ကြံသတ်ဖြတ်သူတွေလိုမျိုး ဟန်ဆောင်ထားကြတာပါ...."
"တရားဥပဒေ ထိန်းသိမ်းသူ ရှီဇီ...." လျှို့
ဝှက်ချက်များ ပေါက်ကြားသွားသည့်အတွက် တရားဥပဒေ ထိန်းသိမ်းသူ ဧရာမ တိုက်တန် က ဒေါသတကြီး ဟစ်အော်လိုက်သည်။
ပြိုင်ဘက်ကင်း အရိပ် စံအိမ် သည် မိုးကုပ်စက်ဝိုင်း ပေါင်းစည်းခြင်း မျှော်စင် နှင့် ကြီးမားသော ဆက်သွယ်မှုများရှိပြီး ဝိညာဉ်ပေါင်းစည်းခြင်း ဂလက်ဆီဇုံ တွင် အခြေစိုက်ထားသည်။ သို့သော် တရားဥပဒေ ထိန်းသိမ်းသူ ရှီဇီကတော့ ရပ်တန့်မသွားသေးပေ။
"သူတို့က ခင်ဗျားရဲ့ ဇနီးနဲ့ ကိုယ်လုပ်တော်ကို တိုက်ခိုက်ဖို့ အာရပ်နစ် ပင့်ကူ မျိုးနွယ်တွေ၊ ပြီးတော့ ရိုးရွဲ သူတော်စင် ယွီရှီ တို့နဲ့ မဟာမိတ်ဖွဲ့ခဲ့ကြတာပဲ.... ကဲ အခု မိုးကုပ်စက်ဝိုင်း တွေရဲ့ မေးခွန်းတွေကို ခင်ဗျား ဖြေပေးမှာလား...."
အလွန်တရာ တုန်လှုပ်ချောက်ချားသွားကြသော အထွတ်အထိပ် တည်ရှိမှု အများအပြား၏ အကြည့်များအောက်တွင် တရားဥပဒေ ထိန်းသိမ်းသူ ရှီဇီကတော့ လုံးဝ တည်ငြိမ်နေခဲ့၏။
ဝေ့ဝူယင်သည် သူ၏ အာရုံခံနိုင်စွမ်းကို ရုပ်သိမ်းလိုက်ရာ၊ ပုံသဏ္ဍာန်မဲ့ တည်ရှိမှုမှာလည်း နောက်ဆုတ်သွားလေ၏။ သူ၏ မျက်နှာအမူအရာက တည်ငြိမ်နေသော်လည်း၊ ငွေရောင် မျက်ဝန်းများထဲတွင် ကခုန်နေသည့် မီးတောက်မီးလျှံကဲ့သို့သော ဝိညာဉ်အလင်းတန်းများ အတွင်း၌မူ ငရဲမီးကဲ့သို့ ပွက်ပွက်ဆူနေသော ဒေါသများ ရှိနေခဲ့သည်။
"ပြိုင်ဘက်ကင်း အရိပ် စံအိမ်...."
သူက ခပ်တိုးတိုး ရေရွတ်လိုက်ရင်း ထိုနာမည်ကို စိတ်အတွင်း စွဲထင်နေအောင် မှတ်ထားလိုက်လေသည်။
ထိုအချိန်မှာပင် ရှီဇီက စကားပြော လာခဲ့၏။
"ကျုပ်တို့ရဲ့ ပထမ မေးခွန်း... ခင်ဗျား ခန္ဓာကိုယ်ရဲ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်က ဘာလဲ...."
ဝေ့ဝူယင်က မဆိုင်းမတွပင် ပြန်ဖြေလိုက်၏၊
"လျှို့ဝှက် အာဏာရှင် ဒုတိယ အဆင့်ဖြစ်တဲ့ လျှို့ဝှက် ဝိညာဉ် အဆင့်ပဲ...."
တရားဥပဒေ ထိန်းသိမ်းသူ ရှီဇီ သည် ဤအဖြေကို မျှော်လင့်ထားပြီးဖြစ်သည့်အလား ခေါင်းညိတ်လိုက်၏။ ပူးကပ်ခြင်းခံရသည် ဆိုသည်မှာ အမှန်ပင် ဖြစ်ဟန်တူသည်။ မည်သို့ပင်ဖြစ်စေ သူလုပ်ရန် လိုအပ်သည်မှာ မေးခွန်းကို မေးရန်သာဖြစ်ပြီး၊ အခြားအရာအားလုံးမှာ အပိုဆုများသာ ဖြစ်လေသည်။
"နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ ထပ်လုပ်မယ်... ရှေးဟောင်း မိုးကုပ်စက်ဝိုင်း ကနေ နောက်ဆုံး ဆုံးဖြတ်ချက် မချမချင်း၊ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ကို ကိုယ်စားပြုတဲ့ အဂ္ဂိရတ် တာအို ရဲ့ အာဏာပိုင်အဖြစ် အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို လို့ သိကြတဲ့ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် ရရှိထားတဲ့ အကာအကွယ်ပေးခံရမှု အဆင့်အတန်းကို ရုပ်သိမ်းလိုက်တယ်...."
တရားဥပဒေ ထိန်းသိမ်းသူ ရှီဇီ က မရေမတွက်နိုင်သော နှလုံးသားများကို ရင်ခုန်မြန်သွားစေသည့် ကြေညာချက်တစ်ခုကို ချက်ချင်း ထုတ်ပြန်လိုက်သည်။
"အဂ္ဂိရတ် တာအို.... ကျုပ်စကားကို သက်သေပြုလှည့်ပါ...."
ဟူး... ဟူး...
ချက်ချင်းပင် ဂလက်ဆီ အတိုင်းအတာဖြင့် အရောင်ခုနစ်မျိုး ပါဝင်သော ရောင်ဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာကာ၊ အမှောင် ဟင်းလင်းပြင် ကို ၎င်း၏ အရောင်အဆင်းများဖြင့် ခြယ်မှုန်းလိုက်ပြီး အဂ္ဂိရတ်ပညာရှင်များနှင့် ကျင့်ကြံသူများ အားလုံး၏ နှလုံးသားကို ဖမ်းစားနိုင်လောက်အောင် ထူးကဲသော အလှတရားတစ်ခုကို ဖန်တီးလိုက်လေသည်။
တစ်ဒင်္ဂမျှသာ ဖြစ်သော်လည်း ၎င်းသည် ရေရှည်တည်တံ့သော၊ ထာဝရ မေ့မရနိုင်သည့် ခံစားချက်တစ်ခုကို ချန်ရစ်ထားခဲ့ပေလိမ့်မည်။
ဝေ့ဝူယင်ကမူ လုံးဝ ဂရုမစိုက်ပေ။ သူက ပဲ့တင်ထပ် ဝိညာဉ် အဆင့် ဟု ပြောခဲ့လျှင် သို့မဟုတ် ဘာမှ မပြောခဲ့လျှင်ပင် သူ၏ အကာအကွယ်ပေးခံရမှု အဆင့်အတန်းမှာ ရုပ်သိမ်းခံရမည်သာ ဖြစ်သည်။
ထို့ကြောင့်ပင်... သူ့ကို ဆန့်ကျင် တိုက်ခိုက်ရန် ကြိုးစားသည့် မည်သည့် လုပ်ရပ်မဆို အဂ္ဂိရတ်ပညာရှင်များကို ကာကွယ်ရန် တာဝန်ပေးအပ် ခံထားရသည့် တာအို တရားဥပဒေ ထိန်းသိမ်းသူများ ထံမှ မဖြစ်မနေ တုံ့ပြန်မှုမျိုးကို နှိုးဆွနိုင်တော့မည် မဟုတ်ပေ။
"မင်းတို့မှာ ဒုတိယ မေးခွန်း ရှိသေးလား...."
ဝေ့ဝူယင်က အကာအကွယ်ပေးထားသည့် အဆင့်အတန်း ရုပ်သိမ်းခံလိုက်ရမှုကို လုံးဝ ဂရုမစိုက်သည့်ဟန်ဖြင့် မေးလိုက်လေ၏။
တရားဥပဒေ ထိန်းသိမ်းသူ ရှီဇီသည် ဝေ့ဝူယင်ကို စူးရဲစွာ အကဲခတ်နေခဲ့သည်။ လုပ်ငန်းစဉ်ကို မြန်ဆန်စေရန် သူက တမင်တကာ ကြိုးစားခဲ့သော်လည်း အခွင့်အရေးကို စောင့်ဆိုင်းနေသူများသည် ယခုထိ လှုပ်ရှားခြင်း မရှိသေးပေ။ သူသည် အခြားသော အထွတ်အထိပ် သူတော်စင်များ ၏ အကြံအစည်များကို အလွန် စိတ်ပျက်ဖွယ်ကောင်းသည်ဟု ခံစားနေရ၏။ သူတို့မှာ ရည်ရွယ်ချက် တစ်ခုရှိနေပြီဆိုမှတော့ တကယ်ဆိုလျှင် သွားပြီး အကောင်အထည်ဖော်ကြသင့်သည်။ အာရုဏ်ဦး အာဏာရှင် ဧကရာဇ်မှာ ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့ပြီ မဟုတ်ပါလား။ သို့သော်လည်း အားလုံးမှာ ငြိမ်သက်နေဆဲ ဖြစ်၏။
"ရှိတယ်.... ဒါပေမဲ့ စုံစမ်းစစ်ဆေးမှုရဲ့ ကနဦး အဆင့်တွေ ပြီးသွားမှပဲ အဲဒီမေးခွန်းကို မေးမယ်...."
တစ်ခဏကြာမြင့်ပြီးနောက် ရှီဇီ၏ စကားသံမှာ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့၏။ ထို့နောက် သူ၏ ကိုယ်ပွားရုပ်သွင်မှာလည်း စတင် မှေးမှိန်သွားလေသည်။
***