← Chapters

အခန်း (၁၈၃-၁၈၄)

Vol. 19 Ch. 183-184

အခန်း (၁၈၃-၁၈၄)

Vol. 19 Ch. 183-184

အခန်း (၁၈၃)

ရာဗစ်၏ ခြေကန်ချက်သည် ဖော့စ်မျက်နှာတည့်တည့်သို့ ကျရောက်သွားပြီး ဖော့စ်၏ ပါးစပ်နှင့် နှာခေါင်းထဲမှ ငွေရောင်အရည်များ ပန်းထွက်လာကာ ငွေရောင်သွားနှစ်ချောင်းပါ ကျွတ်ထွက်သွားခဲ့သည်။

ခန္ဓာကိုယ်ပိုင်း နာကျင်မှုထက် ဖော့စ်စိတ်ထဲတွင် မေးခွန်းတစ်ခုအကြောင်း ပိုစိုးရိမ်နေမိသည်။ ဘာကြောင့်လဲ။

"အဟွတ်... ဖူး..."

ဖော့စ်သည် ပါးစပ်ထဲမှ သွေးများကို ထွေးထုတ်လိုက်သည်။ သူ့မျက်လုံးများက ပြူးကျယ်နေပြီး ဖုန်းပုကြွယ်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်သည်။

"ဘာ... ဘာတွေ ဖြစ်နေတာလဲ၊ ခုနကပဲ မင်း သူတို့ကို သိသိသာသာကြီး..."

"သေချာတာပေါ့ ဒါတွေအားလုံးက မင်းကို လှည့်စားဖို့ ဟန်ဆောင်ခဲ့တာလေ"

ဖုန်းပုကြွယ်က ဆိုသည်။

"မဖြစ်နိုင်တာ၊ ရာဗစ်ရဲ့ ပုံရိပ်ယောင်ကို ငါ..."

ဖော့စ်သည် စကားကို တစ်ဝက်ဖြင့်သာ အဆုံးသတ်နိုင်ခဲ့သည်။

ရာဗစ်က သူ့စကားကို ဖြတ်ပြောလိုက်သည်။

"အဲဒါက တကယ့် ခန္ဓာကိုယ်အစစ်ပဲ"

သူသည် သူ့ခြေထောက်ကို မြေကြီးပေါ်တွင် ပွတ်တိုက်ရင်း ပြောလိုက်သည်။

"မင်းက လူအစစ်နဲ့ ပုံရိပ်ယောင်ကို ခွဲခြားနိုင်မှန်း ငါသိပါတယ်၊ ဒါပေမဲ့ ခန္ဓာကိုယ်အစစ်ပေါ်မှာ ငါ ပုံရိပ်ယောင်မှော်သုံးတာကိုတော့ မင်းတစ်ခါမှ မမြင်ဖူးဘူး မဟုတ်လား"

ရာဗစ်သည် သူ၏ ယုန်လက်သည်းဖြင့် လည်ပင်းကို လှီးပြသည့် အမူအရာလုပ်လိုက်သည်။ ထိုအခါ သူ့လည်ပင်းတွင် ဓားဒဏ်ရာတစ်ခု ပေါ်လာပြီး သွေးများ ရေတံခွန်ကဲ့သို့ ပန်းထွက်လာ၏။

"မင်းကြည့်ချင်တယ်ဆိုရင် ငါ့နှလုံး ဆွဲထုတ်ခံလိုက်ရတဲ့ ပုံရိပ်ယောင်ကိုတောင် ပြလို့ရသေးတယ်"

သူ စကားမဆုံးမီ သူဖန်တီးထားသော ပုံရိပ်က လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ ဒဏ်ရာနှင့် သွေးများလည်း အစအနမကျန်ဘဲ ပျောက်ကွယ်သွားခဲ့တော့သည်။

"ခုနက မင်းမြင်ခဲ့တာက... ငါ့မျက်နှာဆီကို ပျံလာတဲ့ အန္တရာယ်မရှိတဲ့ ကျည်ဆန်တစ်တောင့်ပဲ၊ ငါက ချက်ချင်း ငါ့ခေါင်းပေါက်ထွက်သွားတဲ့ ပုံရိပ်ယောင်ကို ဖန်တီးလိုက်တာ၊ ဘီလီရဲ့ 'ဒဏ်ရာ' ကလည်း အဲဒီအတိုင်းပဲ"

"မင်းရဲ့ အမှားတစ်ခုကတော့ ဒီမြေရုပ်တုရဲ့ လှည့်ကွက်အပေါ် မင်းကိုယ်မင်း အရမ်းယုံကြည်မှု လွန်ကဲနေတာပဲ၊ အကြိမ်တိုင်းလိုလို သူတို့ မြေရုပ်တုကို သတ်တာကို မင်းက အလွယ်တကူ ခွင့်ပြုခဲ့တယ်၊ အဲဒါကြောင့်လည်း သူတို့ရဲ့ စွမ်းရည်တွေအပေါ်မှာ မင်းက အကြမ်းဖျင်းလောက်ပဲ နားလည်ထားခဲ့တာ"

ဖုန်းပုကြွယ်က ဆက်ပြောသည်။

"တကယ်လို့ မင်းက အရင်တုန်းက မြေရုပ်တုကို အဝေးကနေ ထိန်းချုပ်တဲ့အခါ ပိုဂရုစိုက်ခဲ့မယ်ဆိုရင် ဒီအကျဉ်းသား သုံးယောက်အကြောင်း... အထူးသဖြင့် တိုက်ပွဲအတွင်း သူတို့ရဲ့ စွမ်းရည် အပြောင်းအလဲတွေနဲ့ အသေးစိတ် အချက်အလက်တွေကို မင်းပိုသိနိုင်မှာပေါ့"

"ဒါ မင်းကိုယ်တိုင်ရှာခဲ့တဲ့ အမှုပဲ"

ဘီလီက ဆိုသည်။ ဘီလီက ဆက်ပြောသည်။

"ငါတို့ မင်းရဲ့ လှည့်ကွက်တွေအောက်မှာ အကြိမ်ကြိမ် အလိမ်ခံရပြီးနောက် မင်းက 'အချိန်သခင်ရဲ့ မှော်ဂါထာ' အကြောင်း ပြောခဲ့တယ်၊ အဲဒီအချိန်ကစပြီး ငါတို့ထောင်ဖောက်ဖို့ ကြိုးစားတဲ့အပေါ်မှာ မင်းက ပိုပြီး ပေါ့ဆလာခဲ့တယ်၊ အကြိမ်တော်တော်များများမှာ မင်းက ဟန်ပြလောက်ပဲ ခုခံပြီး အလွယ်တကူ အသတ်ခံခဲ့တယ်"

သူ ခေတ္တရပ်လိုက်သည်။

"မင်းလို ထောင်စောင့်အသစ်က ဆမ် မွန်တီယာထက် ဘာလို့ ဒီလောက်တောင် အားနည်းနေရတာလဲဆိုတာကိုတော့ ငါသံသယ ဖြစ်ခဲ့သားပဲ၊ ကံဆိုးတာက ငါလည်း မင်းရဲ့ ဂါထာအောက်မှာ အလိမ်ခံလိုက်ရတယ်..."

ဖော့စ်က ပြောလိုက်သည်။

"မင်း... မင်း ဒီကို မလာခင်ကတည်းက ဒါတွေကို သေသေချာချာ စီစဉ်ထားတာလား"

"တိတိကျကျကြီးတော့ မဟုတ်ပါဘူး"

ဖုန်းပုကြွယ်က အေးဆေးသော လေသံဖြင့် ဆိုသည်။

"ဒါက သိပ်ရှုပ်ထွေးတဲ့ ပြကွက်တစ်ခု မဟုတ်ပါဘူး၊ ငါက စမ်းကြည့်ရုံ သက်သက်ပါပဲ၊ အဲဒါကြောင့်လည်း ဒီလို အကြံပေးချက်ထွက်လာတာလေ၊ တကယ်တမ်းကျတော့ ငါ့အတွေး မှန်သွားတာပေါ့၊ ဟုတ်ပါတယ်၊ တကယ်လို့ ငါ့အတွေးက မမှန်ခဲ့ရင်တောင် ငါတို့မှာ ဘာမှ ဆုံးရှုံးစရာ မရှိဘူးလေ၊ အလကား ဟန်ဆောင်လိုက်ရတာပဲ ရှိမှာပေါ့၊ တကယ်လို့ အရာအားလုံး မင်းပြောသလိုသာ အမှန်ဆိုရင် သူတို့တွေက နောက်မှဝင်လာပြီး ငါ့ကို သေနတ်ပေးမယ်၊ အဲဒီအခါကျမှ ငါမင်းကို ပစ်ရမှာပေါ့"

...

လွန်ခဲ့သော ဆယ်မိနစ်ခန့်က...

ဖုန်းပုကြွယ်သည် သူ့ဘေးမှ လူသုံးယောက်ကို တစ်ချက်ကြည့်ကာ ပခုံးတွန့်ပြပြီး ရှေ့သို့ လျှောက်သွားလိုက်သည်။

သူသည် ခြေလှမ်းအနည်းငယ်အတွင်း ထောင်တံခါးသို့ ရောက်ရှိသွားပြီး သူ့လက်က တံခါးလက်ကိုင်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် သူ တံခါးကို တွန်းဖွင့်တော့မည့် အခိုက်အတန့်တွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

သူသည် အတွေးနက်နေသကဲ့သို့ တောင့်တင်းသွားခဲ့သည်။

"ဟေး၊ အခု ဘာဖြစ်ပြန်တာလဲ၊ မပြီးသေးဘူးလား"

ရာဗစ်က အော်ဟစ်လိုက်သည်။

"မဟုတ်ဘူး..."

ဖုန်းပုကြွယ်၏ မျက်လုံးများထဲတွင် တစ်စုံတစ်ခု လက်ခနဲ ဖြစ်သွားသည်။

"မင်းတို့တွေ လှည့်စား ခံလိုက်ရပြီ"

"ဘာလား၊ မင်းက ဆုလာဘ်ကို ယူပြီးတော့..."

ရာဗစ်က အသံမြင့်သွား၏။

"ပါးစပ်ပိတ်ထားစမ်း"

ဘီလီက သူ့ကို တားလိုက်ပြီး စူးစမ်းသောလေသံဖြင့် ပြောလိုက်သည်။

"သူ တခြားတစ်ခုခုကို ဆိုလိုတာ"

ဖုန်းပုကြွယ် တံခါးလက်ကိုင်ကို လွှတ်လိုက်ပြီး စားပွဲကြီးဆီသို့ ပြန်လှည့်လာခဲ့သည်။

"မင်းတို့ပြောတဲ့ 'ပြန်လည်မွေးဖွားခြင်း' ဆိုတာက တကယ်တော့ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ အဲဒါက ဖော့စ်ကို 'သတ်' လိုက်တိုင်းမှာ ဖြစ်ပေါ်တာဆိုတော့... အဲဒါက မဟုတ်သေးဘူး..."

"သတ်မှတ်ထားတဲ့ ဟင်းလင်းပြင်တစ်ခုထဲမှာ အကန့်အသတ်မရှိ ပြန်ရှင်နိုင်စွမ်း ရှိတာက ပုံမှန်ပါပဲ၊ မင်းတောင်မှ..."

အယ်လ်ဒန်က ဆိုသည်။

"ငါက သူပြန်ရှင်နိုင်တာကို ပြဿနာရှိတယ်လို့ ပြောနေတာ မဟုတ်ဘူး"

ဖုန်းပုကြွယ်က ငြင်းလျက် စကားဖြတ်ပြောလိုက်သည်။

"တကယ်လို့ ဒါက အချိန်သခင်ရဲ့ ဂါထာသာဆိုရင် မင်းတို့ထဲက တစ်ယောက်ယောက် တံခါးအပြင်ကို ခြေလှမ်းလိုက်တာနဲ့ ဘာလို့ ပြန်လည်မွေးဖွားခြင်းသံသရာ မစတာလဲ"

သူက ထိုသုံးယောက်ကို တစ်ချက်ကြည့်လိုက်သည်။

"အဲဒါက မင်းတို့အချင်းချင်း ရန်ဖြစ်အောင် လုပ်တာမျိုး ဖြစ်နိုင်တာပဲ"

သူက တံခါးကို လက်ညှိုးထိုးပြလိုက်သည်။

"ဘာလို့ ဖော့စ်အသတ်ခံရပြီးမှပဲ ပြန်လည်မွေးဖွားခြင်းသံသရာကို စတင်အောင် လုပ်ထားရတာလဲ"

"ထောင်စောင့်ရှိနေတုန်းမှာ ထောင်စောင့်က အကျဉ်းသားတွေကို စောင့်ကြပ်ဖို့ တာဝန်ရှိတယ်၊ ထောင်စောင့် သေသွားတဲ့အခါ ပြန်လည်မွေးဖွားခြင်းသံသရာ စမယ်ဆိုတာ ယုတ္တိမရှိဘူးလား"

အယ်လ်ဒန်က မေးသည်။

"ဟား"

ဖုန်းပုကြွယ် ရယ်မောလိုက်သည်။

"တကယ်လို့ ထောင်စောင့်က မင်းတို့ထက် သန်မာနေရင်တော့ အဲဒါက ယုတ္တိရှိတာပေါ့"

သူ ဘီလီဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ဘီလီတစ်ယောက်တည်းတောင် ဖော့စ်ကို သတ်နိုင်စွမ်း ရှိနေတာပဲ၊ တကယ်လို့ မင်းတို့နှစ်ယောက်သာ ပေါင်းလိုက်ရင် သူ့ကို သေချာပေါက် သတ်နိုင်မှာပဲ..."

"မင်းပြောချင်တာက..."

"ဒီပြန်လည်မွေးဖွားခြင်းသီအိုရီကို မင်းတို့ကို ဖော့စ်ကိုယ်တိုင် ပြောပြခဲ့တာ မဟုတ်လား"

ဖုန်းပုကြွယ်က မေးသည်။

"ဟုတ်တယ်၊ သူပဲ ပြောပြခဲ့တာ"

ဘီလီက ပြန်ဖြေသည်။

"ဖော့စ် မင်းတို့ရဲ့ ထောင်စောင့် မဖြစ်ခင်တုန်းက သူ့အင်အားကို မင်းတို့ သိကြလား"

ဖုန်းပုကြွယ် မေးလိုက်သည်။

"သူက ဆမ် မွန်တီယာနဲ့ ယှဉ်ရင် ဘယ်လိုရှိလဲ"

"အရင်က မတိုက်ဖူးပေမဲ့ ဖော့စ်ဟာ ဆယ့်နှစ်နာရီအစောင့်တွေပြီးရင် ဒုတိယ အင်အားအကြီးဆုံးလို့ လူတိုင်း သိကြတယ်"

ဘီလီက ယင်းကို စဉ်းစားကာ ပြောသည်။

"ဆမ် မွန်တီယာက... အရင်တုန်းက ဆယ့်နှစ်နာရီအစောင့်တွေထဲမှာ နံပါတ် ၁၀ ချိတ်ခဲ့တာ၊ သူ ထောင်ကို တာဝန်ယူတုန်းက မကောင်းဆိုးဝါးတွေလည်း မရှိဘူး၊ ပြန်လည်မွေးဖွားခြင်း သံသရာလည်း မရှိဘူး၊ ငါတို့ သုံးယောက်က အကျဉ်းခန်းလေးတွေထဲမှာပဲ နေခဲ့ရတာ၊ ပြန်တိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ငါတို့တွေ အတူတူပေါင်းပြီး သူ့ကို အလစ်အငိုက်တိုက်ရင်တောင် ဆမ် မွန်တီယာကို အနိုင်မရနိုင်ဘူး"

"အင်း..."

ဖုန်းပုကြွယ်က ရင်ဘတ်ပေါ်တွင် လက်နှစ်ဖက်ပိုက်လျက် ခေါင်းငြိမ့်လိုက်သည်။

"ဒါဆိုရင်တော့ ရှင်းသွားပြီပေါ့... တကယ်လို့ အချိန်သခင်က ထောင်စောင့်အလုပ်ကို ဆက်ခံဖို့ စေလွှတ်လိုက်တဲ့လူဟာ အလုပ်နဲ့ မတန်ဘူးဆိုရင် သူ့ကို ဘာလို့ ဒီပို့မှာလဲ၊ ဂါထာတစ်ခု ရွတ်လိုက်တာကမှ ပိုမလွယ်ဘူးလား"

သူ ခေါင်းမော့လိုက်သည်။

"ဖော့စ် ဒီကို ရောက်နေတယ်ဆိုကတည်းက အချိန်သခင်က မင်းတို့ကို စောင့်ကြပ်နိုင်တဲ့ သူ့စွမ်းရည်ကို အသိအမှတ်ပြုထားလို့ပဲ၊ ဒါပေမဲ့... ဖော့စ်ရဲ့ စောင့်ကြပ်တဲ့နည်းလမ်းက စွမ်းအားသက်သက်ပေါ်မှာ အခြေမခံဘူး၊ သူ့မှာ သူ့ကိုယ်ပိုင်နည်းလမ်း ရှိတယ်..."

ဖုန်းပုကြွယ် သူ့နှုတ်ခမ်းကို စေ့လိုက်သည်။

"ဒါ့အပြင်... အဲဒီလို ဂါထာမျိုးက တကယ်ရှိလို့လား၊ တခြားကမ္ဘာကလာတဲ့ ဧည့်သည်တစ်ယောက်ရဲ့ အမြင်အရဆိုရင် တကယ်လို့ အဲဒီလိုဂါထာမျိုး တကယ်ရှိရင် အချိန်သခင်က တံခါးဝမှာ ရန်လိုတဲ့ဝက်တစ်ကောင်ပဲ ထားမှာပေါ့၊ ဘာလို့ ထောင်စောင့်တစ်ယောက် ထားနေဦးမှာလဲ"

"ဒါကြောင့်"

ဖုန်းပုကြွယ် လက်ညှိုးတစ်ချောင်း ထောင်လိုက်သည်။

"ငါ ယုံကြည်တာကတော့ ဒီဂါထာအကြောင်းကို ဖော့စ်ကိုယ်တိုင် လုပ်ကြံဖန်တီးထားတာပဲ"

"ဒါဆို ဘာလို့..."

ရာဗစ်က မေးချင်နေသည်။

အချိန်ကုန်သက်သာစေရန် ဖုန်းပုကြွယ်က ပြောလိုက်သည်။

"ငါ့မှာ အစီအစဉ်တစ်ခု ရှိတယ်၊ အဲဒါကို နားထောင်ကြည့်ဦး"

...

ဖုန်းပုကြွယ် အဆိပ်တက်ရန် ဆယ်မိနစ်ပင် မလိုတော့ပေ။

"ဟုတ်ပါတယ်၊ ငါ့မှာလည်း ကိုယ်ပိုင်အတ္တတွေ ရှိတာပေါ့"

ဖုန်းပုကြွယ်က ဖော့စ်ကို ဆက်ပြောနေခဲ့သည်။

"ကျန်နေတဲ့ ဆေးရည်က မင်းဆီမှာ ရှိမယ်လို့ ငါယုံကြည်ပေမဲ့ မင်းကို သတ်ပြီးရင် အဲဒီပစ္စည်းကို ငါ ရနိုင်ပါ့မလားဆိုတာ သေချာမသိဘူး... ဒါကြောင့် ဆေးရည်ရအောင် မင်းကို လှည့်စားဖို့ နည်းလမ်းတစ်ခု ငါစဉ်းစားခဲ့ရတာပဲ။

မင်းနဲ့ညှိနှိုင်းဖို့ ဆိုတာကတော့ ဖြစ်နိုင်ခြေ အရမ်းနည်းတယ်၊ မင်းကိုယ်တိုင်ပဲ ပြောခဲ့တာပဲ၊ မင်းရဲ့ တွက်ချက်မှုအရ ငါထောင်တံခါးကို ဖွင့်ပြီး ဒီကိုလာခဲ့ရင် ငါဟာ မင်းရဲ့ ရန်သူ သေချာပေါက် ဖြစ်နေမှာပဲတဲ့၊ မင်းရဲ့ တွက်ချက်မှုက မှန်ပါတယ်၊ ဒါပေမဲ့ ငါသာ အဲဒါကို ကြိုသိနေခဲ့ရင် အဲဒါကို ငါ့အတွက် အကျိုးရှိအောင် သုံးလို့ရတာပေါ့။

ငါ ဘီလီတို့ဆီကနေ အချက်အလက်တွေ အများကြီး ရထားပြီးပြီ၊ မင်းဆေးရည်ကို ရတဲ့အခါ ငါ့အကြောင်း အချက်အလက်တွေပါ ရထားပြီးသားမို့ ငါ့စွမ်းရည်တွေနဲ့ လုပ်ရပ်တွေကို မင်း ကြိုတင် ခန့်မှန်းထားတယ်ဆိုတာ ငါသိတယ်၊ မင်းက ငါဟာ အဲဒီသုံးယောက်နဲ့ ပူးပေါင်းမယ်လို့ ယုံကြည်ထားပြီးသားမို့ မင်းရှေ့မှာပဲ ငါသူတို့ကို သစ္စာဖောက်တဲ့ ပြကွက်ကို ပြပြီး မင်းရဲ့ အမြင်ကို ပြောင်းပြန်လှန်ပစ်လိုက်တာပေါ့။

ကိုယ့်မျက်စိနဲ့ မြင်ရတာက ဘယ်စကားလုံးထက်မဆို ပိုပြီး ယုံကြည်စေတယ်၊ အဲဒါကြောင့်လည်း အလစ်အငိုက် တိုက်ခိုက်ပြီးတဲ့နောက် မိစ္ဆာဘုရင်ရဲ့နဂါးနက်မီးတောက်လှိုင်းလိုမျိုး စွမ်းရည်တစ်ခုကိုတောင် ငါ သုံးခဲ့တာလေ။

အဲဒီအချိန်တုန်းက ဘီလီရဲ့ သေနတ်ဒဏ်ရာက သရုပ်ဆောင်တာသက်သက်ပဲ၊ တကယ်တော့ သူက အကောင်းပကတိ ရှိနေတာ၊ ဒါ့အပြင် ငါဒီစွမ်းရည်ကို အောင်မြင်စွာသုံးနိုင်ခဲ့ရင် သူက အဲဒါကို ထိပ်တိုက်ရင်ဆိုင်ပြီး အနက်ရောင်မီးတောက်တွေနဲ့ ပုံရိပ်ယောင်တွေကို သုံးပြီး ထွက်ပြေးမယ်လို့ ငါတို့ ကြိုတင်ညှိနှိုင်းထားပြီးသား။

အယ်လ်ဒန်ရဲ့ နောက်ဆုံးစကားတွေကလည်း ငါ့ရဲ့ သစ္စာဖောက်မှုဟာ မမျှော်လင့်ဘဲ ဖြစ်လာပြီး တကယ့်အစစ်အမှန်လို့ မင်းထင်သွားအောင် လုပ်ခဲ့တာပဲ။

ထင်ထားတဲ့အတိုင်းပဲ၊ အရင်းအနှီးအများကြီး စိုက်ထားတဲ့ ဒီပြကွက်က တကယ် ထိရောက်ခဲ့ပါတယ်၊ အယ်လ်ဒန် ဆုတ်ခွာသွားတာကို မြင်တော့ အရာအားလုံးက အစစ်အမှန်လို့ မင်း ယုံကြည်သွားခဲ့တာပေါ့။

ဒါကြောင့် အယ်လ်ဒန် ဆုတ်ခွာသွားပြီးတဲ့နောက် မင်းက မင်းရဲ့ ခုခံမှုကို လျှော့ချလိုက်ပြီး ငါ့ကို ဆေးရည်ပေးခဲ့တယ်၊ ပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်အစစ်နဲ့ ငါ့ရှေ့မှာ ပေါ်လာခဲ့တာပေါ့၊ ဘာလို့လဲဆိုတော့ မင်းရဲ့ ပြောင်မြောက်လှတဲ့ လှည့်ကွက်ကို မင်းဘက်တော်သား ဖြစ်သွားပြီး ဘယ်တော့မှ ဒီကို ပြန်မလာနိုင်တော့မယ့် ငါ့ကို ပြောပြချင်ဇောနဲ့ပေါ့၊ တကယ်တော့ မင်းက ဒီလှည့်ကွက်နဲ့ သူတို့ကို ဒီလောက်အကြာကြီး လှည့်စားထားနိုင်ခဲ့တာလေ၊ မင်းသာ ဒီအကြောင်းကို ကြွားဝါဖို့ လူတစ်ယောက်လောက် ရှာမတွေ့ခဲ့ရင် ဒါက နှမြောစရာကြီး ဖြစ်မနေဘူးလား"

ဖော့စ်၏ အမူအရာက တင်းမာသွားသည်။

"ကျစ်... မင်းလည်း အခု အဲဒီလိုလုပ်နေတာပဲ မဟုတ်လား"

"ဒါက ကွာတယ်လေ၊ မင်းက ကြွားချင်တာ"

ဖုန်းပုကြွယ် ရယ်မောလိုက်သည်။

"ငါကတော့ မင်းကို ငါ့ရဲ့ နောက်ဆုံးကရုဏာ အနေနဲ့ ပြနေတာပါ၊ ဒါမှ မင်း ဘာကြောင့်သေရမှန်း မသိတာ မဖြစ်တော့မှာပေါ့"

ထို့နောက် သူသည် အဆိပ်ဖြေဆေးကို အသုံးပြုလိုက်သည်။ စနစ်၏ ကြေညာချက် ထွက်ပေါ်လာလေသည်။

"လက်ရှိမစ်ရှင် ပြီးဆုံးပါပြီ။ အဓိကမစ်ရှင်များ အားလုံး ပြီးဆုံးပါပြီ”

“သင်သည် ဇာတ်လမ်းကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။ နောက် စက္ကန့် ၆၀ အတွင်း အလိုအလျောက် တယ်လီပို့ ပြုလုပ်ပါမည်။"

"သူပြောတာ မှန်တယ်"

အယ်လ်ဒန်က ဘီလီကို တီးတိုးပြောလိုက်သည်။

အယ်ဒန်သည် ဖော့စ်နားထဲသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။

"မင်းတော့ သေပြီပဲ၊ မင်း မသေခင်မှာ 'ခြောက်ခြားစရာ' ဆိုတာ ဘာလဲဆိုတာကို အပြည့်အဝ ခံစားသွားရစေမယ်လို့ ငါ အာမခံပါတယ်"

ရာဗစ်က အံကြိတ်လျက် ယုန်လက်သီးကို လေ့ကျင့်တော့မည့် ပုံစံမျိုး လုပ်နေလေသည်။

သူ သေရတော့မည်ကို သိလိုက်သဖြင့် ဖော့စ်က ဖုန်းပုကြွယ်ကို နာကြည်းစွာ စိုက်ကြည့်လိုက်သည်။

"မင်း ဘာလို့ သူတို့ကို ကူညီရတာလဲ၊ အချိန်သခင်ကို ဆန့်ကျင်ရတဲ့တန်ဖိုးက ဘာလဲဆိုတာ မင်း သိရဲ့လား"

"ငါ့မှာလည်း မေးခွန်းတစ်ခု ရှိတယ်"

ဘီလီက ဖုန်းပုကြွယ်ကို လှည့်မေးလိုက်သည်။

"မင်း ဘာလို့ ငါတို့ကို သစ္စာမဖောက်ခဲ့တာလဲ"

သူက တိုးတိမ်သော အသံဖြင့် ပြောသည်။

"လွန်ခဲ့တဲ့ ဆယ်မိနစ်လောက်က မင်း ငါတို့နဲ့ ကြိုမညှိဘဲ တံခါးကို တွန်းဖွင့်ပြီး ဝင်လာဖို့ပဲ ရွေးချယ်ခဲ့မယ်ဆိုရင်... မင်းအောင်မြင်လိမ့်မယ်လို့ ငါ ထင်တယ်၊ ရုတ်တရက် သစ္စာဖောက်လိုက်တဲ့ ရလဒ်က ငါတို့ ဟန်ဆောင်ခဲ့တာနဲ့ သိပ်ထူးမှာ မဟုတ်ပါဘူး၊ မင်းအတွက်ကတော့ အဲဒါက ဇာတ်လမ်းကို အောင်မြင်အောင် လုပ်ပေးနိုင်မှာပဲ မဟုတ်လား၊ ပြီးတော့ အချိန်သခင်နဲ့ ရန်သူဖြစ်ရမယ့် ဒုက္ခကနေလည်း လွတ်သွားမှာပေါ့"

"ဟဟ..."

ဖုန်းပုကြွယ် ခစ်ခနဲ ရယ်လိုက်သည်။

"ရန်ငြိုးအာဃာတနဲ့ ပတ်သက်ရင်တော့ ငါ စဉ်းစားပြီးသားပါ... မင်းတို့ရော ငါရော ဘာမှ မပြောဘူးဆိုရင် ဒီထောင်ဖောက်မှုက ငါနဲ့ ပတ်သက်နေတယ်ဆိုတာ ဘယ်သူသိမှာလဲ"

သူက ပခုံးတွန့်ပြလိုက်သည်။

"ငါက တခြားကမ္ဘာက ခရီးသည်တစ်ယောက်ပဲ၊ ပြောပလောက်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး၊ မင်းတို့ ဖော့စ်ကို သတ်ပြီး ထွက်ပြေးသွားတာပဲ၊ တကယ်လို့ ဘယ်သူမှ ဒီသတင်းကို အပြင်မထွက်အောင်လုပ်ရင် ငါနဲ့ ဘာမှ မဆိုင်တော့ဘူးပေါ့"

ဖုန်းပုကြွယ်က တည်ငြိမ်သောလေသံဖြင့် ဆိုသည်။

"ပြောရရင်... ငါ ဘာလုပ်ခဲ့လို့လဲ၊ ဖော့စ်ကို ဖမ်းတာလည်း ငါမဟုတ်ဘူး၊ သူ့ကို သတ်တာလည်း ငါမဟုတ်ဘူး၊ ဒါကြောင့် ဒါက ငါနဲ့ ဘာမှမဆိုင်ဘူး၊ ဟုတ်တယ်မလား"

သူသည် အရှက်မရှိစွာဖြင့် စကားအနည်းငယ်သုံး၍ အရာအားလုံးကို ဖယ်ထုတ်ရန် ကြိုးစားလိုက်သည်။

"ငါ ဘာလို့ မင်းတို့ကို ကူညီခဲ့တာလဲဆိုတော့ ငါ ရှင်းပြပြီးသားပါ..."

သူ့နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားပြီး ထိုအပြုံးထဲတွင် ရူးသွပ်မှုများ ပါဝင်နေလေသည်။

"ငါက ဥပဒေလိုက်နာတဲ့အဖွဲ့ဝင် မဟုတ်လို့ပဲ"

အခန်း (၁၈၄)

"ကြောက်ရွံ့မှုအမှတ် မြင့်တက်မှုအကြိမ်ရေ - ၀။ အမြင့်ဆုံး ကြောက်ရွံ့မှုအမှတ် - ၀%။ ပျမ်းမျှ ကြောက်ရွံ့မှုအမှတ် - ၀%။

"သင်၏ ကြောက်ရွံ့မှု အဆင့်သတ်မှတ်ချက်မှာ - သတ္တိ၏ ပြယုဂ်။ အပိုဆုလာဘ် ရရှိပါသည်။ ကျေးဇူးပြု၍ နောက်မှ ရွေးချယ်ပါ။

"ရရှိသော စကေးအမှတ် - ၆၃၀။

"စကေးအမှတ်မှ ရရှိသော အပိုဆု - အတွေ့အကြုံ (EXP) - ၆,၃၀၀။ ဂိမ်းဒင်္ဂါး - ၆၃,၀၀၀။

"ဇာတ်လမ်း အောင်မြင်မှုအတွက် ဆုလာဘ် - အသုံးပြုနိုင်သော ထူးကဲအဆင့် ပစ္စည်းကိရိယာတစ်ခုကို ကျပန်း မဲနှိုက်ပါ။"

"တွက်ချက်မှု ပြီးဆုံးပါပြီ။ ကျေးဇူးပြု၍ ဆက်လက် လုပ်ဆောင်ပါ။"

စခရင်ပေါ်ရှိ အချက်အလက်များကို ဖတ်ရှုပြီးနောက် ဖုန်းပုကြွယ်၏ နားထဲသို့ နောက်ထပ် ကြေညာချက်တစ်ခု ရောက်ရှိလာပြန်သည်။

"သင်၏ ဘွဲ့အမည်ကို ‘ခန့်မှန်းရခက်သော ရူးသွပ်သူ’ အဖြစ် အဆင့်မြှင့်တင်လိုက်ပါပြီ

"သင်သည် အဆင့် ၁၉ သို့ ရောက်ရှိသွားပါပြီ။ အမြင့်ဆုံး သက်လုံအမှတ် တိုးလာပါသည်။ လက်ရှိ - ၁၉၀၀/၁၉၀၀။"

"ဒီဘွဲ့က ကြည့်ရတာ လူကောင်းတစ်ယောက်ရဲ့ ဘွဲ့နဲ့ မတူပါလား..."

ဖုန်းပုကြွယ်က ညည်းညူရင်း မီနူးကို ဖွင့်လိုက်သည်။ သူ့အကြည့်များက ဘွဲ့အမည်ဆီသို့ ရောက်ရှိသွား၏။ မူလကရှိနေသော အပြတ်အသတ်အောင်နိုင်ခြင်း နေရာတွင် စွမ်းရည်အသစ်တစ်ခု အစားထိုးဝင်ရောက်လာသည်။ ဤတစ်ကြိမ်တွင်မူ ယင်းသည် တက်ကြွစွမ်းရည်တစ်ခု ဖြစ်သော်လည်း အာနိသင်ကတော့...

"အမည် - ဒါကို ခံစားလိုက်စမ်း"

"အထူးစွမ်းရည် အမျိုးအစား - တက်ကြွစွမ်းရည်"

"ကုန်ကျမှု - ???"

"အာနိသင် - ကစားသမားသည် အသက်ဝင်ထားသော မည်သည့်ကျွမ်းကျင်မှုမဆို ရွေးချယ်နိုင်ပြီး ထိုကျွမ်းကျင်မှုထဲမှ တိုက်ခိုက်ရေးစွမ်းရည်တစ်ခုကို ကျပန်း အသက်ဝင်စေနိုင်သည်။ (ပြန်လည်အသုံးပြုရန် ကြာချိန်မှာ ဆယ်မိနစ် ဖြစ်ပြီး စကေးအတွက် ပေးချေရမှုမှာ အသုံးပြုလိုက်သော စကေး၏ အာနိသင်ပေါ်တွင် မူတည်သည်။ စကေးအာနိသင်သည် ကစားသမား၏ အဆင့်နှင့် စွမ်းဆောင်ရည်ကန့်သတ်ချက်ထက် ကျော်လွန်မည် မဟုတ်ပါ)"

"မှတ်ချက် - ရူးသွပ်ခြင်းသည် လူသားတို့အတွက် မိမိတို့၏ အစွမ်းအစများကို ဖော်ထုတ်ရန် အတိုဆုံး လမ်းကြောင်း ဖြစ်သည်"

"ကိုယ့်ကိုယ်ကို အင်္ဂါဖြတ်တောက်ခြင်းကသာ စွမ်းအားအမြင့်ဆုံးစကေးကို တတ်မြောက်ဖို့ အတိုဆုံး လမ်းကြောင်းပဲ"

ဖုန်းပုကြွယ်သည် ထိုမှတ်ချက်ကို ကြည့်ကာ အော်ဟစ်လိုက်သည်။

"ဒါက ပိုကီမွန်ထဲက တိုဂက်ပီရဲ့ လက်ညှိုးခါတဲ့စကေး မဟုတ်လား၊ ငါသာ ဖျက်ဆီးခြင်းအလင်းတန်းကို ခေါ်နိုင်ရင်တော့ မဆိုးဘူးပေါ့၊ အဲဒါက ငါ့အဆင့်နဲ့ စွမ်းဆောင်ရည်ထက် မကျော်ဘူးလေ"

သို့သော် ရိုးရိုးသားသား ပြောရလျှင် ဘာမှမရှိတာထက်တော့ ပိုကောင်းပါသည်။ အပြတ်အသတ် အောင်နိုင်ခြင်းကို ရရှိပြီးကတည်းက ဖုန်းပုကြွယ်သည် ပုံမှန်ဘော့စ်များနှင့် သိပ်မတွေ့ခဲ့ရပေ။ သူတို့သည် မျက်မမြင်များ ဖြစ်နေတတ်သလို ဒါမှမဟုတ်လည်း မစ္စတာယိုးကဲ့သို့သော အရာမျိုးနှင့် ကြုံတွေ့ရသည်။ သူ ပုံမှန်ဘော့စ် နှစ်ကောင်နှင့် တွေ့ရန် ခဲယဉ်းခဲ့သော်လည်း အခုထိတော့ တစ်ကောင်မှ မတွေ့ခဲ့ရသေးပေ။ အနည်းဆုံးတော့ ထိုစကေးကို တက်ကြွစွမ်းရည်တစ်ခုအဖြစ် သုံးနိုင်မည် ဖြစ်သည်။ 'တိုက်ခိုက်ရေး' နှင့် ‘ယား’ ကို ရွေးလိုက်ရင်တော့ အသုံးဝင်မှာ အသေအချာပင်။

ည ၁၁ နာရီ ၂၀ မိနစ်ခန့် ရှိပြီ ဖြစ်သည်။ ဖုန်းပုကြွယ် လူမှုဆက်ဆံရေးစာမျက်နှာကို ကြည့်လိုက်သောအခါ ရီရူလီနှင့် ရီရူယွီတို့ အော့ဖ်လိုင်း ဖြစ်နေကြပြီး သူ၏ သူငယ်ချင်းစာရင်းမှာ မီးခိုးရောင်သန်းနေသည်ကို တွေ့လိုက်ရသည်။ ထိုအချိန်မျိုးတွင် အိပ်စက်ခြင်းမုဒ် မသုံးသော ကစားသမားအားလုံးသည် ဇာတ်လမ်းကို အဆုံးသတ်ကာ အော့ဖ်လိုင်းလုပ်သွားကြပြီး အိပ်စက်ခြင်းမုဒ်သို့ ပြောင်းလဲရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။

ဖုန်းပုကြွယ်သည်လည်း ဆုလာဘ်များကို လက်ခံပြီးနောက် ဂိမ်းထဲမှ ထွက်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ သူ ဓာတ်လှေကား ခလုတ်ကို နှိပ်လိုက်သည်။ တံခါးပွင့်သွားသောအခါ သိုလှောင်ခန်းထဲသို့ ဝင်သွားလိုက်သည်။

"ပြောရရင်... မကြာသေးခင်က ကစားခဲ့တဲ့ဇာတ်လမ်း နှစ်ခုမှာ ပစ္စည်းကိရိယာတွေ အများကြီး ဆုံးရှုံးခဲ့တယ်"

သူသည် ဂိမ်းမီနူးကို စစ်ဆေးရင်း ဖန်တိုင်ကြီးဆီသို့ လျှောက်သွားလိုက်သည်။

"ကြည့်ရတာ ငါ့ရဲ့ ကျွမ်းကျင်မှုတွေ တော်တော်လေး တိုးတက်လာတာပဲ၊ အဲဒီ မူမမှန်မှုနဲ့ တိုးခဲ့တဲ့ ဇာတ်လမ်းမှာ ငါ့ရဲ့ မှော်အတတ်က အဆင့် E ကို တက်သွားတယ်၊ ခုနက ဇာတ်လမ်းမှာလည်း ငါ့ရဲ့ ကုသရေး ကျွမ်းကျင်မှုက နောက်တစ်ဆင့် တက်သွားပြန်ပြီ..."

“ကျေးဇူးပြု၍ သင်၏ အပိုဆုလာဘ်ကို ရွေးချယ်ပါ-

၁။ သင့်အဆင့်နှင့် ကိုက်ညီသော ပစ္စည်းကိရိယာတစ်ခုကို ကျပန်း နှိုက်ယူပါ၊

၂။ ဂိမ်းဒင်္ဂါး ၅၀,၀၀၀၊

၃။ အတွေ့အကြုံ အမှတ် ၇,၆၀၀”

"အတွေ့အကြုံအမှတ်တွေရလည်း ငါ အဆင့်တက်မှာ မဟုတ်ဘူး၊ အား... ငါ့ကို နောက်ထပ် ပစ္စည်းကိရိယာ တစ်ခုပဲ ပေးပါတော့"

ဖုန်းပုကြွယ်သည် နောက်တစ်ကြိမ် ပစ္စည်းနှိုက်ရန်သာ ရွေးချယ်လိုက်သည်။

အဖြူရောင် အလင်းတန်းများ စုစည်းသွားပြီးနောက် သေနတ်ပုံသဏ္ဌာန်တစ်ခု ထွက်ပေါ်လာလေသည်။ ယင်းက ဖုန်းပုကြွယ်ကို အတော်လေး အံ့အားသင့်သွားစေသည်။

အမည် - မစ္စမောက်ဇီ၏ ဒေါသ

ပစ္စည်းအမျိုးအစား - လက်နက်

အရည်အသွေး - ထူးကဲ

တိုက်ခိုက်ရေးအမှတ် - အသင့်အတင့်

ဒြပ်စင် - မီး

အထူးအာနိသင် - ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များကို ဖျက်ဆီးရန် အထူးသင့်လျော်သည်။

အသုံးပြုရန် လိုအပ်ချက် - ပစ်ခတ်ရေး အဆင့် D၊ လက်မှုပညာ အဆင့် E

မှတ်ချက် - သေနတ်ပူနေတာက အပူလွန်နေလို့မဟုတ်ဘူး၊ အဆက်မပြတ် တုန်ခါနေတာကလည်း ချို့ယွင်းနေလို့ မဟုတ်ဘူး... ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးပြုပြီး စိတ်ချလက်ချသာ သုံးလိုက်ပါ။

ဖုန်းပုကြွယ်သည် ထိုပစ္စည်းကို ယူလိုက်ပြီး မျက်နှာသေဖြင့် ထိုထက်ရှသော မှတ်ချက်ကို လျစ်လျူရှုလိုက်သည်။

"ကောင်းပြီလေ... အခု ငါ့မှာ ၉ မီလီမီတာ SMG စက်သေနတ်လေး ရှိနေပြီဆိုတော့ ဘာထပ်လိုဦးမှာလဲ"

သူသည် ဇာတ်လမ်းအောင်မြင်မှုအတွက် ဆုလာဘ်ယူရန် ဒုတိယမြောက် ဖန်တိုင်ဆီသို့ လျှောက်သွားလိုက်သည်။

အမည် - ဂေါ်ဘလင်ဓာတ်ငွေ့ကာမျက်နှာဖုံး

ပစ္စည်းအမျိုးအစား - လက်နက်

အရည်အသွေး - ထူးကဲ

တိုက်ခိုက်ရေးအမှတ် - အားနည်း

ဒြပ်စင် - အဆိပ်

အထူးအာနိသင် - အနီးကပ် အကွာအဝေးတွင် အသက်ရှူထုတ်ခြင်း သို့မဟုတ် စကားပြောခြင်းဖြင့် ပစ်မှတ်ကို အဆိပ်မိစေနိုင်သည်။ (ဤအာနိသင်မှာ အမြဲတမ်း အသက်ဝင်နေပြီး မျက်နှာဖုံးကို တပ်ဆင်ထားသည်ဟု မပြသဘဲလည်း အသုံးပြုနိုင်သည်။)

အသုံးပြုရန် လိုအပ်ချက် - လက်မှုပညာ အဆင့် D၊ အဆင့် ၁၇ နှင့် အထက်

မှတ်ချက် - လူတိုင်း သေရမှာပါပဲ၊ ဒါပေမဲ့ ကျန်းမာရေးအာမခံကတော့ မင်းကို ကုတင်ပေါ်မှာ သေရဖို့ အာမခံပေးနိုင်ပါတယ်။

"ဟား... ဟားဟား..."

ဖုန်းပုကြွယ်သည် ထူးကဲအဆင့်ပစ္စည်းနှစ်ခု ရရှိခဲ့သော်လည်း ပျော်ရွှင်ခြင်း မရှိပေ။ သူသည် သေနတ်ကို ကိုင်၍ မျက်နှာဖုံးကို တပ်ဆင်လျက် ဓာတ်လှေကားဆီသို့ ပြန်လာခဲ့သည်။ မှန်ထဲတွင် ခရမ်းရောင် ဝတ်စုံဝတ်ထားသော သူ့ကိုယ်သူ ပြန်ကြည့်လိုက်သည်။ သူ့ပုံစံမှာ... အခြေခံအားဖြင့်... ရူးသွပ်နေသော ဆိုက်ကိုပါ့ထ်နှင့် ရူးသွပ်နေသော လူသတ်သမား ကြားထဲတွင် ရောက်ရှိနေလေသည်။

"ခန့်မှန်းရခက်တဲ့ ရူးသွပ်သူ၊ တော်တော်လေး ကိုက်ညီတာပဲ..."

သူကိုယ်တိုင်ပင် ဤဘွဲ့သည် အနည်းဆုံးတော့ ပုံပန်းသဏ္ဌာန်အရ အမှန်တကယ် ယုံကြည်စိတ်ချရသည်ဟု ခံစားလိုက်ရသည်။ နောက်ထပ် တစ်ကိုယ်တော် ရှင်သန်ခြင်းမုဒ်ကို ကစားပြီးနောက် ဖုန်းပုကြွယ်၏ အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

ဘွဲ့အမည် - ခန့်မှန်းရခက်သော ရူးသွပ်သူ၊ EXP- ၆၇,၃၆၁/၉၀,၀၀၀၊စကေးအမှတ်- ၃,၃၀၀၊ ဂိမ်းဒင်္ဂါး - ၄၂၂,၀၀၀။

ကျွမ်းကျင်မှု - အထွေထွေ စွမ်းရည် D၊ လက်မှုပညာ D၊ ထောက်လှမ်းရေး E၊ တိုက်ခိုက်ရေး D၊ ပစ်ခတ်ရေး D၊ ကုသရေး E၊ မှော်အတတ် E၊ ဆင့်ခေါ်ခြင်း NA

သိုလှောင်အိတ် (၆/၁၀) - မာရီယို၏ ဂွ၊ လက်နှိပ်ဓာတ်မီး၊ ခေါက်ထိုင်ခုံ၊ SCP-500 (၁၉/၂၀)၊ ဆွဲငင်အားဆန့်ကျင်ရေး သေနတ်၊ မစ္စမောက်ဇီ၏ ဒေါသ

ဝတ်ဆင်ထားသော ပစ္စည်း - ဂျက်ဇ်ဖိနပ်၊ သေမင်းဖဲချပ် (မှော်လက်နက်)၊ အက်ခိုးချပ်ဝတ်၊ ဂေါ်ဘလင်ဓာတ်ငွေ့ကာမျက်နှာဖုံး

သိုလှောင်ခန်း (၃/၁၀) - ပဟေဠိကတ် - မျောက်၊ ပဟေဠိကတ် - နေကာမျက်မှန်၊ ပါစီဖုန်း၏ ဖုန်စုပ်စက်

စွမ်းရည်များ - အလျင်အမြန် ပြုပြင်ခြင်း၊ ခန္ဓာကိုယ် မြှင့်တင်ခြင်းနည်းစနစ်၊ ရေခဲအဂ္ဂိရတ်ဆရာ၏ ဇွဲလုံ့လ၊ ဒါကို ခံစားလိုက်စမ်း

ရိုးရိုးသားသား ပြောရလျှင် သူ့အချက်အလက်များမှာ အလွန် ကောင်းမွန်လှသည်။ ဂိမ်းထဲက အဆင့် ၂၀ အောက် အခြားကစားသမားများနှင့် နှိုင်းယှဉ်လျှင် သူ၏ ကျွမ်းကျင်မှုနှင့် ပစ္စည်းကိရိယာများသည် အလွန်အထင်ကြီးစရာ ကောင်းလှသည်။ သူ၏ စွမ်းရည်အဆင့်က အနည်းငယ် အားနည်းနေသော်လည်း မဆိုးလှပေ။

မှန်ပါသည်၊ ယင်းက စခရင်ပေါ်က စွမ်းဆောင်ရည်သာဖြစ်ပြီး သူ၏ လက်တွေ့စွမ်းဆောင်ရည်ကို ကိုယ်စားမပြုပေ။ အကယ်၍ 1v1 သတ်ဖြတ်ခြင်းမုဒ်သာ ရှိပြီး ဖုန်းပုကြွယ်သည် အခြား အဆင့် ၁၉ ကစားသမားတစ်ဦးနှင့် တိုက်ခိုက်ရမည်ဆိုလျှင် ဇာတ်လမ်းက တစ်မျိုး ပြောင်းသွားနိုင်ပေသည်။ ဂိမ်းစတူဒီယိုတစ်ခုခုမှ သာမန်ကစားသမားတစ်ဦးသည် ပစ်ခတ်ရေး သို့မဟုတ် တိုက်ခိုက်ရေးကိုသာ အထူးပြုထားမည်ဆိုလျှင် ဖုန်းပုကြွယ်ကို အနိုင်ယူနိုင်ပေလိမ့်မည်။

တိုက်ပွဲဆိုတာ အဲဒီလိုပါပဲ... အင်အားကြီးသူက အနိုင်ရတာ မဟုတ်ဘဲ အနိုင်ရသူကသာ ပိုပြီး အင်အားကြီးသူ ဖြစ်လာတာမျိုးပါ။

ဆုလာဘ်များ ရယူပြီးနောက် ဖုန်းပုကြွယ်တစ်ယောက် ဂိမ်းမှ ထွက်ရန် ရွေးချယ်လိုက်သည်။ သူသည် ကျည်ဆန်အသစ်ဝယ်ရန်၊ ဈေးသို့သွားရန်နှင့် ခြောက်ခြားသေတ္တာထဲတွင် 'တစ်ချက်တည်းနှင့် အသေပစ်နိုင်သော ပစ္စတို' ပေါ်မပေါ် သွားကြည့်ရန် စသည့်ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်နေသေးသည်။ သို့သော်လည်း အချိန်ကုန်သက်သာစေရန် ထိုအရာအားလုံးကို အိပ်စက်ခြင်းမုဒ်တွင်သာ လုပ်ဆောင်ရန် သူ စီစဉ်ထားလိုက်တော့သည်။

All Chapters