← Chapters

အခန်း (၈၂၄-၈၂၆)

Vol. 56 Ch. 824-826

အခန်း (၈၂၄-၈၂၆)

Vol. 56 Ch. 824-826

အခန်း ၈၂၄ - ခန္ဓာကိုယ်ကြံ့ခိုင်ရေး လမ်းစဉ်

ယခုအချိန်တွင် လူတိုင်းမှာ တစ်ချက် သဘောပေါက်သွားကြသည်။ ဖေးနတ်ဘုရား ကျောက်တိုင် ၁၂ တိုင်မှ ပေးအပ်သော ဆုလာဘ်များသည် အသိအမှတ်ပြုခံရမှု အဆင့်အတန်းအလိုက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ကုလော့ပြီးလျှင် ယီယွင်၏ အလှည့်ဖြစ်ဖို့ များလှသည်။

ကျင့်ကြံသူအားလုံး၏ အာရုံစိုက်မှုသည် ယီယွင်ထံသို့ ရောက်ရှိသွားကြသည်။ အမြင့်ဆုံး အဆင့်သတ်မှတ်ချက်များ ရရှိထားသော ကျင့်ကြံသူတစ်ဦးအနေဖြင့် သူ မည်သို့သော အခွင့်အရေးမျိုး ရရှိမည်ကို အားလုံးက သိချင်နေကြသည်။

ကုလော့၏ သေလူကဲ့သို့သော မျက်လုံးများပင် ယီယွင်ထံသို့ လှည့်ကြည့်လာခဲ့သည်။

"ဂျူနီယာမောင်လေး ယီယွင်ရဲ့ ကံတရားက ဘယ်လိုရှိမလဲ မသိဘူး..."

လော့ဖုန်းလင်သည် ခုနစ်ရောင်ခြယ် ဖီးနစ် ကျောက်တံတားပေါ်တွင် ရပ်နေရင်း အဝေးမှ လှမ်းကြည့်နေမိသည်။

ယီယွင်၏ ခြေထောက်အောက်ရှိ ကျောက်တံတားမှာ နှစ်ပေါင်းသောင်းချီ ကြာမြင့်နေပြီဖြစ်သော သစ်သားခြောက်ကြီးတစ်စင်းနှင့် တူလှသည်။ ၎င်း၏ မျက်နှာပြင်ကိုလည်း ကျောက်လွှာတစ်ခုဖြင့် ဖုံးအုပ်ထားသည်။

သို့သော် ထိုသစ်သားခြောက်၏ အောက်တွင်မူ ဝိညာဉ်ပန်းများနှင့် ဝိညာဉ်မြက်ပင်များမှာ အလွန်တရာ လှပဆန်းပြားစွာ ဝေဝေဆာဆာ ပေါက်ရောက်နေကြသည်။ ထိုကဲ့သို့သော ဝိညာဉ်ပင်များသည် များသောအားဖြင့် ဝိညာဉ်စွမ်းအင် ကြွယ်ဝသော မြေပြင်တွင်သာ ပေါက်ရောက်လေ့ရှိရာ ဤဟင်းလင်းပြင်ထဲရှိ သစ်သားခြောက်ပေါ်တွင် ပေါက်ရောက်နေခြင်းမှာ အံ့သြစရာ ကောင်းလှသည်။

ရုတ်တရက် ချောက်နက်ကြီး၏ အောက်ခြေမှ အလင်းတန်းတစ်ခု ပျံတက်လာသည်။ ၎င်းသည် အစပိုင်းတွင် အလင်းစက်ကလေးတစ်ခုအဖြစ်သာ ရှိနေသော်လည်း လျင်မြန်စွာပင် မြူခိုးသက်တံ့ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သစ်သားခြောက်တံတားဆီသို့ ဦးတည်လာခဲ့သည်။

အလင်းတန်းမှာ ယီယွင်၏ ရှေ့မှောက်သို့ တည့်တည့်မတ်မတ် ရောက်ရှိလာသည်။ ယီယွင် လက်ကို ဆန့်ထုတ်လိုက်သည်နှင့် လက်ထဲတွင် သေတ္တာတစ်လုံး ပေါ်လာပြီး လေးလံသော ခံစားချက်ကို ရလိုက်သည်။

"ဘာကြီးလဲဟ"

လော့မျိုးနွယ်စု တပည့်များမှာ သူ၏လက်ထဲသို့ စူးစိုက်ကြည့်လိုက်ကြသည်။

ယီယွင်သည် အလင်းတန်းနှင့် ထိတွေ့လိုက်သည်နှင့် ချက်ချင်းပင် သိလိုက်ရသည်။ ဤသည်မှာ ခုနစ်ရောင်ခြယ် ဖီးနစ် နတ်ဘုရားကျောက်တိုင်မှ ပေးအပ်သော ဆုလာဘ် ဖြစ်သည်။

ယီယွင်သည် ခုနစ်ရောင်ခြယ် ဖီးနစ်ကျောက်တိုင်၏ အသိအမှတ်ပြုမှုကို မနည်းရယူခဲ့ရခြင်း ဖြစ်သဖြင့် ဤဆုလာဘ်အပေါ် သိပ်ပြီး မျှော်လင့်ချက် မထားပေ။

ယီယွင် သေတ္တာကို ဖွင့်လိုက်သောအခါ အတွင်း၌ စာအုပ်တစ်အုပ် ရှိနေသည်။ စာအုပ်မျက်နှာဖုံးတွင် ရှေးဉီး ဖေးဘာသာစကားဖြင့် ရေးသားထားသည်မှာ ကိုးပါးသော ကောင်းကင်ဝင်ရိုး။

"ကိုးပါးသော ကောင်းကင်ဝင်ရိုး" ရဲ့ ပထမနဲ့ ဒုတိယအတွဲတွေပဲ။

"ဒီဆုလာဘ်က တော်တော်လေး သာမန်ပါပဲ" ရန်ယွီက ဘေးမှနေ၍ ပြုံးစိစိဖြင့် ပြောလိုက်သည်။

"ကိုးပါးသော ကောင်းကင်ဝင်ရိုး" မှာ ထိပ်တန်း ခန္ဓာကိုယ်ကြံ့ခိုင်ရေး ကျင့်စဉ်တစ်ခု ဖြစ်သော်လည်း ၎င်း၏ တန်ဖိုးမှာ ပဉ္စမတွဲကို ကျော်လွန်မှသာ စတင်မြင့်တက်လာခြင်း ဖြစ်သည်။ အဋ္ဌမတွဲသို့ ရောက်လျှင်မူ လော့မျိုးနွယ်စု၏ ကြီးမားသော ရတနာတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ ဒဏ္ဍာရီလာ နဝမတွဲမှာမူ ပျောက်ဆုံးနေပြီဟု ယူဆကြသည်။ အကယ်၍ နဝမတွဲသာ ပေါ်လာပါက ဖေးတစ်သောင်း ကောင်းကင်ဘုံ တစ်ခုလုံး သွေးချောင်းစီး တိုက်ပွဲများ ဖြစ်ပေါ်လာမည်မှာ သေချာလှသည်။

ကိုယ်ခံပညာလောကတွင် မိမိရရှိထားသော ကျင့်စဉ်ကို မိတ္တူပွားရန်အတွက် ကျင့်ကြံသူသည် ထိုကျင့်စဉ်ကို ဦးစွာ တတ်မြောက်ထားရန် လိုအပ်သည်။ မည်သည့်အဆင့်အထိ တတ်မြောက်သနည်းပေါ် မူတည်၍ ထိုအဆင့်အထိသာ မိတ္တူပွားနိုင်သည်။

သို့မဟုတ်ပါက ထိုနက်နဲလှသော ဥပဒေသများနှင့် စွမ်းအင်စီးဆင်းမှု လမ်းကြောင်းများကို ဖော်ပြရန် မဖြစ်နိုင်ပေ။

"ကိုးပါးသော ကောင်းကင်ဝင်ရိုး" ၏ ပထမတွဲအချို့မှာ ကျင့်ကြံရန် လွယ်ကူသဖြင့် မိတ္တူများစွာ ရှိနေသည်။

ယခင်က လှုပ်ရှားခြင်း အဆင့်ကို မနည်းရရှိခဲ့သော အမည်မသိ လော့မျိုးနွယ်စု တပည့်လေးမှာလည်း ဤအတွဲများကိုပင် ရရှိခဲ့ရာ ယီယွင် ရရှိသော ဆုလာဘ်မှာ ထိုတပည့်နှင့် အတူတူပင် ဖြစ်နေသည်။

၎င်းက လီယာကို ကျေနပ်သွားစေပြီး သူက ပြောလိုက်သည် "ဒါက လှုပ်ရှားခြင်း အဆင့် ရခဲ့လို့ပဲလေ။ ကိုးပါးသော ကောင်းကင်ဝင်ရိုး ကတော့ မဆိုးပါဘူး၊ ကမ္ဘာဦးကျောက်တုံးတွေထက် အများကြီး သာပါတယ်။ ဒါပေမဲ့ လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့တော့ ကိုးပါးသော ကောင်းကင်ဝင်ရိုး ကို ကျင့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..."

ရှေးဉီးဖေး အဆောက်အအုံမှ ပေးအပ်သော အခွင့်အရေးများသည် တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ ဤနတ်ဘုရား ကျောက်တိုင် ၁၂ တိုင်မှာ အလွန်ရှည်လျားသော ကာလပတ်လုံး တည်ရှိခဲ့ခြင်းဖြစ်ပြီး ကျောက်တိုင်တစ်ခုစီ၏ စွမ်းအားမှာ နက်နဲလှသဖြင့် ၎င်းတို့တွင် ကိုယ်ပိုင် အသိစိတ်ဓာတ်ကလေးများ ရှိနေသကဲ့သို့ပင်။ ၎င်းတို့တွင် ထူးခြားသော ဆုံးဖြတ်ချက်ချသည့် နည်းလမ်းရှိရာ ပေးအပ်သော ဆုလာဘ်များသည် ကျင့်ကြံသူနှင့် အသင့်တော်ဆုံး ဖြစ်လေ့ရှိသည်။

ဥပမာအားဖြင့် ရန်ယွီနှင့် ကုလော့တို့မှာ ဥပဒေသပိုင်းတွင် အားနည်းသဖြင့် ကြားခံဝိညာဉ်ပုလဲ များကို ရရှိခဲ့ကြသည်။

သို့သော် ယီယွင်က "ကိုးပါးသော ကောင်းကင်ဝင်ရိုး" ကို ရသည်လား။

၎င်းက လူအများအား စိတ်ဝင်စားသွားစေသည်။ လူသားများသည် ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် မလုပ်နိုင်ကြကြောင်း လူသိများလှရာ ရှေးဉီးဖေး အဆောက်အအုံက ယီယွင်ကို ဤကျင့်စဉ် ပေးလိုက်ခြင်းမှာ ယီယွင်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင် ဖြစ်နေသည်။

"ကြည့်ရတာ ဂျူနီယာညီလေး ယီရဲ့ ခန္ဓာကိုယ်က သိပ်ကို အားနည်းနေပုံရတယ်၊ အဲဒါကြောင့် ရှေးဉီးဖေး အဆောက်အအုံက အားနည်းချက်ကို ဖြည့်ဖို့ ခန္ဓာကိုယ်ကြံ့ခိုင်ရေး ကျင့်စဉ်ကို ပေးလိုက်တာထင်တယ်။ ဂျူနီယာညီလေး ယီသာ ယုံကြည်ချက်ရှိရင် ကျင့်ကြည့်ပေါ့" ဟု ရန်ယွီက မပြုံးချင်ဘဲ ပြုံးရင်း ပြောလိုက်သည်။

ငယ်ရွယ်သော ကျင့်ကြံသူများအတွက် အချိန်မှာ အလွန်တန်ဖိုးရှိလှသည်။ အကယ်၍ ယီယွင်က မာန်မာနရှေ့ထားပြီး ခန္ဓာကိုယ်ကြံ့ခိုင်ရေးကို မရမက ကြိုးစားကျင့်ကြံမည်ဆိုပါက သူ၏ အချိန်များစွာ ဖြုန်းတီးပစ်ရာ ရောက်မည်ဖြစ်သည်။ ၎င်းမှာ ရန်ယွီ အလွန် မြင်ချင်နေသော ရလဒ်ပင် ဖြစ်သည်။

"ဂျူနီယာမောင်လေး ယီ... သူ့စကားကို နားမယောင်ပါနဲ့။ ဥပဒေသပိုင်းမှာပဲ အာရုံစိုက်ပြီး ကျင့်ကြံတာ အကောင်းဆုံးပဲ။ ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆိုတာ လူသားတွေ လုပ်လို့မရတာ မဟုတ်ပေမယ့် အဲဒီအတွက် ရင်းနှီးရတဲ့ အားစိုက်မှုနဲ့ အရင်းအမြစ်တွေက ပြန်ရတဲ့ ရလဒ်နဲ့ မတန်ဘူး။ အရှုံးပဲ ပိုများလိမ့်မယ်"

လော့ဖုန်းလင်သည် ယီယွင်က ငယ်သွေးကြွပြီး လမ်းမှားသို့ ရောက်သွားမည်ကို စိုးရိမ်နေမိသည်။

"အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်မ လော့... ကျွန်တော် မှတ်ထားပါ့မယ်"

ယီယွင်သည် "ကိုးပါးသော ကောင်းကင်ဝင်ရိုး" ကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်သည်။

ရန်ယွီက သူ့ကို တမင် နှိမ့်ချပြောဆိုနေသော်လည်း သူပြောသည်မှာ အမှန်တရားပင် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာ သန့်စင် ယန်ခန္ဓာကိုယ် ဖြစ်ပြီး ၎င်းမှာ ဥပဒေသပိုင်းသို့သာ ဦးတည်သည်။

ခန္ဓာကိုယ်ကြံ့ခိုင်ရေး ကျင့်စဉ်များမှာမူ အရိုး၊ သွေး၊ ကြွက်သားနှင့် အကြောများ သန်မာရေးကို ဦးတည်ခြင်းဖြစ်ရာ သန့်စင် ယန်ခန္ဓာကိုယ် နှင့် မသက်ဆိုင်ပေ။

သို့သော် ယီယွင်တွင် ခရမ်းရောင်သလင်းကျောက် ရှိသည်။ အကယ်၍ သူသာ ခန္ဓာကိုယ်ကြံ့ခိုင်ရေးကို တကယ် ကျင့်ကြံမည်ဆိုပါက ခန္ဓာကိုယ် ဖွဲ့စည်းပုံ မပြည့်စုံလျှင်ပင် ခရမ်းရောင်သလင်းကျောက်ကို အသုံးပြု၍ စွမ်းအင် အမြောက်အမြား စုပ်ယူကာ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်နိုင်သည်။ သို့သော် လော့ဖုန်းလင် ပြောသကဲ့သို့ပင် ရင်းနှီးရမှုနှင့် ရလဒ်မှာ မထိုက်တန်သဖြင့် လုပ်ဆောင်ရန် မလိုဟု သူ ယူဆလိုက်သည်။

ယီယွင်သည် ပထမဆုံး ဆုလာဘ်ကို သိပ်ပြီး ဂရုမစိုက်ပေ။ ၎င်းမှာ ခုနစ်ရောင်ခြယ် ဖီးနစ်ကျောက်တိုင်မှ ပေးအပ်ခြင်း ဖြစ်ပြီး သူကလည်း အဆင့်မမြင့်သဖြင့် ရလဒ်မှာ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။

ထို့နောက်တွင်မူ...

ရှူး....

နောက်ထပ် အလင်းတန်းတစ်ခု ချောက်နက်ထဲမှ ထွက်ပေါ်လာပြီး ယီယွင်ထံသို့ တည့်တည့်မတ်မတ် ပျံသန်းလာပြန်သည်။

ခုနစ်ရောင်ခြယ် ဖီးနစ် ကျောက်တိုင်ပြီးလျှင် မြေကမ္ဘာနတ်ဘုရားသစ်ပင် နှင့် စူးရှသောအစွန်းရောက် ယန်အလင်း တို့ ရှိနေသည်။ ယီယွင်သည် ထိုကျောက်တိုင် နှစ်တိုင်လုံးတွင် ဆောင်းခိုရာမှနိုးထခြင်း အဆင့်ကို ရရှိထားခြင်း ဖြစ်သည်။

"ပထမဆုံး ဆုလာဘ်က ယီယွင်ရဲ့ ကျင့်ကြံမှု လမ်းစဉ်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်။ ဒုတိယတစ်ခုက ဘာဖြစ်မလဲဆိုတာ ကြည့်ရတာ စိတ်ဝင်စားဖို့ ကောင်းမယ်။ အကယ်၍ နောက်တစ်ခုကလည်း သူ့လမ်းစဉ်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေရင်တော့ ဟားဟား... ရယ်စရာကြီးပဲ" ဟု ရန်ယွီက ရယ်မောရင်း ပြောလိုက်သည်။

ယီယွင်၏ ဥပဒေသ အသိအမြင်များမှာ ကောင်းမွန်ကြောင်း သူ ဝန်ခံသော်လည်း ယီယွင်၏ နောက်ခံနှင့် သွေးမျိုးနွယ်စုကိုမူ သူက အထင်သေးနေဆဲ ဖြစ်သည်။ ဆောင်းခိုနိုးထခြင်း အဆင့် ရရှိထားသော်လည်း နတ်ဘုရားကျောက်တိုင် ၁၂ တိုင်မှ ပေးအပ်သော အခွင့်အရေးများကို သူ အပြည့်အဝ အသုံးချနိုင်မည် မဟုတ်ဟု ရန်ယွီက ယူဆထားသည်။

ယီယွင်၏ ခန္ဓာကိုယ်နှင့် ကျင့်ကြံမှု အဆင့်မှာ နိမ့်ကျနေသည်။ အကယ်၍ သူရရှိသော ပစ္စည်းသည် သူ၏ ခွန်အားကို ချက်ချင်း တိုးတက်အောင် မလုပ်ပေးနိုင်ပါက လော့နတ်ဘုရားခန်းမ စမ်းသပ်မှု တွင်လည်း အကူအညီ ဖြစ်မည် မဟုတ်ပေ။

လော့နတ်ဘုရားခန်းမ စမ်းသပ်မှု တွင် ဥပဒေသပိုင်း၌ မည်မျှပင် ထူးချွန်ပါစေ ခွန်အားမရှိလျှင် အလကားပင် ဖြစ်သည်။ ခွန်အားသာလျှင် အရာရာ ဖြစ်သည်။

"ရှေးဉီးဖေး ကျောက်တိုင် ၁၂ တိုင်မှာ ငါ မင်းကို မနိုင်ရင်တောင် လော့နတ်ဘုရားခန်းမ စမ်းသပ်မှု ကမှ တကယ့် အဆုံးအဖြတ်ပဲ။ အဲဒီမှာ ငါ မင်းကို ကျော်ဖြတ်ပြမယ်" ဟု ရန်ယွီက စိတ်ထဲမှ ကြုံးဝါးလိုက်သည်။

ထိုအချိန်တွင် အလင်းတန်းမှာ ယီယွင်၏ လက်ဖဝါးပေါ်သို့ ကျရောက်လာသည်။

၎င်းမှာ လေးထောင့်ကျကျ ကျောက်သေတ္တာတစ်လုံးပင် ဖြစ်သည်။

ဤကျောက်သေတ္တာမှာ သာမန်ကာလျှံကာနှင့် ကြမ်းတမ်းသော ပုံစံရှိလှသည်။

သို့သော် မည်သူမျှ ထိုသေတ္တာကို အထင်မသေးရဲကြပေ။ လူအများစုမှာ ရန်ယွီကဲ့သို့ပင် ယီယွင်၏ ကျင့်ကြံမှု အဆင့်နိမ့်သဖြင့် မည်မျှပင် ကောင်းသော ပစ္စည်းရစေကာမူ လောလောဆယ်တွင် အသုံးမဝင်နိုင်ဟု တွေးနေကြသော်လည်း သူ ရရှိထားသော အခွင့်အရေးမှာ မညံ့နိုင်ကြောင်းကိုမူ သိထားကြသည်။

ဤသည်မှာ ဆောင်းခိုရာမှနိုးထခြင်း အဆင့်အတွက် ပေးအပ်သော ဆုလာဘ် မဟုတ်ပါလော။

ယီယွင်သည် သူ၏လက်ထဲရှိ ကျောက်သေတ္တာကို ကြည့်လိုက်သည်။ ၎င်းမှာ လက်တစ်ဆစ်ခန့် အရှည်ရှိပြီး ရိုးရှင်းလှသည်။ လက်ထဲတွင် ကိုင်ထားစဉ်တွင်လည်း ထူးခြားမှု မရှိဘဲ အတွင်းမှ အငွေ့အသက်များကိုလည်း လုံးဝ ပိတ်ဆို့ထားသဖြင့် ဘာမှန်း မသိနိုင်ပေ။

အခန်း ၈၂၅ - ရှေးဉီး တိမ်လွှာနဂါး

ယီယွင်သည် အခြားသူများ၏ အကြည့်များကို ဂရုမစိုက်ဘဲ ကျောက်သေတ္တာကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

ကျောက်သေတ္တာ ပွင့်သွားသည်နှင့် တစ်ပြိုင်နက် အလွန်အေးစက်သော အငွေ့အသက်တစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။ ထိုအငွေ့အသက်မှာ ရေလှိုင်းတစ်ခုကဲ့သို့ တစ်နယ်တစ်ခွင်လုံးသို့ ချက်ချင်း ပျံ့နှံ့သွားတော့သည်။

လူတိုင်းမှာ ထိုအငွေ့အသက်ထဲတွင် နစ်မြုပ်နေကြစဉ် မသိစိတ်ဖြင့် တုန်ရင်သွားကြသည်။ သူတို့သည် ဖော်ပြမရနိုင်သော ဖိအားတစ်ခုကို ခံစားလိုက်ရပြီး မတ်တတ်ရပ်ရန်ပင် ခက်ခဲသွားကြသည်။

ဒါ ဘယ်လို အငွေ့အသက်မျိုးလဲ......

လူတိုင်း ထိတ်လန့်သွားကြသည်။ သူတို့ မတ်တတ်မရပ်နိုင်ခြင်းမှာ အငွေ့အသက်က ပြင်းထန်လွန်း၍ မဟုတ်ဘဲ ထိုအရာမှ ထွက်ပေါ်လာသော ဖိအား ကြောင့်သာ ဖြစ်သည်။

"ဒါ ဘာကြီးလဲ"

"အခုနက အငွေ့အသက်က တော်တော် ထူးဆန်းတယ်"

အငွေ့အသက်များ သူတို့အနားမှ ဖြတ်သန်းသွားသောအခါ သူတို့၏ ခန္ဓာကိုယ်များ အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ဤကျောက်သေတ္တာထဲမှာ ဘာတွေ ထည့်ထားတာလဲ......

ယီယွင်သည် ကျောက်သေတ္တာကို အကုန်အစင် ဖွင့်လိုက်ရာ သူ၏ မျက်လုံးများတွင်လည်း မျှော်လင့်ချက်များဖြင့် တောက်ပနေသည်။

သူသည် လော့နတ်ဘုရားခန်းမ စမ်းသပ်မှု တွင် ပါဝင်ရန် အမှန်တကယ်ပင် ငယ်ရွယ်လွန်းလှသည်။ ထို့ကြောင့်ပင် သူသည် မိမိ၏ ခွန်အားကို မြှင့်တင်နိုင်မည့် အခွင့်အရေးတိုင်းကို အရယူရန် လိုအပ်နေခြင်း ဖြစ်သည်။ သို့မှသာ လာမည့် စမ်းသပ်မှုတွင် ယုံကြည်မှု ပိုရှိလာမည် ဖြစ်သည်။

ယီယွင်သည် လင်ရှင်းထုံ ကို ရှာဖွေလိုသည်။ အကယ်၍ သူသာ စမ်းသပ်မှုမှတစ်ဆင့် သူ၏ ခွန်အားကို အဆမတန် မြှင့်တင်နိုင်ခဲ့ပါက နောင်တွင် ဖေးတစ်သောင်း ကောင်းကင်ဘုံ ကို ဖြတ်သန်းသွားလာရန် ပို၍ လွယ်ကူသွားပေလိမ့်မည်။

ကျောက်သေတ္တာ ပွင့်သွားသောအခါ အတွင်း၌ ရှိနေသော အရာမှာ အေးစက်ကြမ်းတမ်းသော အငွေ့အသက်များနှင့် ယှဉ်လျှင် သိပ်ပြီး ထူးခြားပုံမရပေ။

၎င်းမှာ ကျောက်စိမ်းကဲ့သို့ ကြည်လင်နေသော အဖြူရောင် အရိုးတစ်ဆစ် ဖြစ်ပြီး မှိန်ပျပျ အလင်းတန်းများ ဖြာထွက်နေသည်။

လော့မျိုးနွယ်စု တပည့်များသည် ထိုအရိုးကို မြင်သောအခါ ဘာမှမထူးခြားသကဲ့သို့ ရှိနေကြသော်လည်း ကောင်းကင်တွင် တရားထိုင်နေသော အရှင်ကန်းမန်မှာမူ ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။ သူ၏ ကိုယ်ပေါ်တွင် ရစ်ပတ်ထားသော မြွေကြီးပင် ခေါင်းထောင်လာခဲ့သည်။

"ဒါ... ဒါက ရှေးဉီးဖေးအရိုးပဲ"

အရှင်ကန်းမန်ပင်လျှင် ထိုအရိုးကို ကြည့်ရင်း တည်ငြိမ်မှုကို မထိန်းနိုင်တော့ပေ။

"ရှေးဉီးဖေးအရိုး ဟုတ်လား"

အရှင်ကန်းမန်၏ အသံကို ကျင့်ကြံသူအားလုံး ကြားလိုက်ရသည်။

ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော ထိုအရိုးထဲတွင် ဝိညာဉ်တစ်ခု ရှိနေသကဲ့သို့ ပုံရိပ်ယောင်လေးတစ်ခုက ဝဲပျံနေသည်။

ဤကျင့်ကြံသူများမှာ ဖေးမျိုးနွယ်ဝင်များ ဖြစ်ကြရာ ရှေးဉီးဖေးအရိုး အကြောင်းကို မကြားဖူးသူ မရှိပေ။ သို့သော် အပြင်မှာ မြင်ဖူးဖို့ဆိုလျှင် ရန်ယွီပင် ပထမဆုံးအကြိမ် ဖြစ်နေပြီး မျိုးနွယ်စုငယ်များမှ တပည့်များအဖို့ဆိုလျှင် ပြောနေရန်ပင် မလိုတော့ပေ။

"ရှေးဉီးဖေးအရိုး... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ယီယွင်သည် ရှေးဉီးဖေးအရိုးကို ရရှိခဲ့သည်ဟူသော အရှင်ကန်းမန်၏ အာမေဍိတ်သံကြောင့် ရန်ယွီ၏ မျက်နှာမှာ ဖြူလျော်သွားသည်။ သူသည် ထိုအရိုးကို ကြည့်ရင်း လက်သီးကို တင်းတင်းဆုပ်ထားရာ လက်များပင် တုန်ရင်နေတော့သည်။

"တကယ်ပဲ ရှေးဉီးဖေးအရိုးပဲ ရှေးဉီးဖေး အဆောက်အအုံရဲ့ နတ်ဘုရားကျောက်တိုင် ၁၂ တိုင်က လူသားတစ်ယောက်အတွက် ရှေးဉီးဖေးအရိုးကို ပြင်ဆင်ပေးထားတယ်ပေါ့"

ဖေးတစ်သောင်း ကောင်းကင်ဘုံ တွင် ဖေးမျိုးနွယ်ကြီး သုံးမျိုး ရှိသည် ကောင်းကင်ဖေး ၊ မြေကမ္ဘာဖေး နှင့် ရှေးဉီးဖေး တို့ ဖြစ်ကြသည်။

ရန်ယွီသည် ကောင်းကင်ဖေး ဖြစ်ပြီး ထူးချွန်သော ပါရမီရှင်ဟု သတ်မှတ်ခံရသည်။ ကောင်းကင်ဖေးများ အစွမ်းထက်ရခြင်းမှာ သူတို့၏ ဘိုးဘေးများကြောင့် ဖြစ်သည်။ သူတို့သည် ရှေးဉီးဖေးများမှ ခွဲထွက်လာကြသူများဖြစ်ပြီး ရှေးဉီးဖေး၏ သွေးမျိုးဆက်ကို ဆက်ခံထားကြသူများ ဖြစ်သည်။

ရှေးဉီးဖေး ဆိုသည်မှာ အဘယ်နည်း ဖေးနတ်ဘုရား ၁၂ ပါး ဖြစ်သော ကောင်းကင်မှ နဂါးနှင့် ဖီးနစ်၊ ပင်လယ်မှ ကွန်ပန်း တို့အပြင် ကမ္ဘာဦးအစမှ ရွှေကျီးကန်း ၊ ချီလင် ၊ တိမ်လွှာနဂါး ၊ ဘာရှား ၊ ကြက်သွေးရောင်ငှက် နှင့် ကျားဖြူ တို့ အားလုံးမှာ ရှေးဉီးဖေးများ ဖြစ်ကြသည်။

ဤရှေးဉီးဖေးများသည် အလွန်တရာ အစွမ်းထက်ကြပြီး ဖေးတစ်သောင်း ကောင်းကင်ဘုံ ၏ ရှေးဦးနတ်ဘုရားသားရဲကြီးများ ဖြစ်ကြသည်။

အမှန်စင်စစ် ရှေးဉီးဖေးများကြားတွင်လည်း အဆင့်အတန်း ကွာခြားချက် ရှိသည်။ သွေးစစ်သော နဂါးစစ် တစ်ကောင်သည် သွေးနှောနေသော တိမ်လွှာနဂါးပျံ ထက် အဆပေါင်း ထောင်ချီ၍ အစွမ်းထက်သည်။

သို့သော် တိမ်လွှာနဂါးပျံတစ်ကောင်၏ အရိုးမှာပင် အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိလှသည်။ အကြောင်းမှာ ထိုအရိုးများထဲတွင် အရိုးသင်္ကေတများ နှင့် ရိုးတွင်းခြင်ဆီ များ ပါရှိနေသောကြောင့် ဖြစ်သည်။

ရှေးဉီးဖေးများ သေဆုံးသွားသောအခါ သူတို့၏ အသွေးအသားများမှာ ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိသွားသော်လည်း အရိုးများသာ ကျန်ရစ်ခဲ့သည်။ အရိုးများအတွင်းရှိ သင်္ကေတများမှာ ထိုရှေးဉီးဖေး သက်ရှိထင်ရှားရှိစဉ်က ကျင့်ကြံခဲ့သော ဥပဒေသများကို ထွင်းထုထားခြင်း ဖြစ်သည်။

ရိုးတွင်းခြင်ဆီမှာမူ ရှေးဉီးဖေး သွေးမျိုးဆက်၏ ကြီးမားသော စွမ်းအားများ ကိန်းအောင်းရာ နေရာဖြစ်သည်။ ထိုရိုးတွင်းခြင်ဆီကို ကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ထည့်သွင်းနိုင်ပြီး ခန္ဓာကိုယ် ဖွဲ့စည်းပုံကို အကြီးအကျယ် ပြောင်းလဲပစ်နိုင်သည်။ ၎င်းသည် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို သန်မာစေပြီး ခွန်အားကို အဆမတန် ခုန်တက်သွားစေမည် ဖြစ်သည်။

ထို့ကြောင့်ပင် လော့မျိုးနွယ်စုမှ ပျက်စီးခြင်းကောင်းကင်သခင်များသည် ရှေးဉီးဖေးအရိုးများကို ဆေးလုံးအဖြစ် ဖော်စပ်ပစ်ခြင်းမှာ နှမြောစရာကောင်းသည်ဟု ယူဆကြပြီး လျှို့ဝှက်နည်းစနစ်များကို အသုံးပြုကာ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် စုပ်ယူစေကြခြင်း ဖြစ်သည်။

ကောင်းကင်ဖေးများသည် အဘယ်ကြောင့် မွေးရာပါ အထက်စီးဆန်သော စိတ်ဓာတ် ရှိကြသနည်း အကြောင်းမှာ သူတို့ မွေးဖွားလာစဉ်ကတည်းက ရှေးဉီးဖေး၏ သွေးမျိုးဆက်ကို ဆက်ခံထားသောကြောင့် ခန္ဓာကိုယ်များ သန်မာနေကြခြင်း ဖြစ်သည်။

ဥပမာအားဖြင့် ရွှီရွှေ ရန် မျိုးနွယ်စု၏ ဘိုးဘေးများသည် "ရန်ယီငါး" ၏ သွေးမျိုးဆက်ကို ဆက်ခံထားကြသည်။

"ရန်ယီငါး" မှာ ရှေးဉီးဖေး အမျိုးအစား တစ်မျိုးဖြစ်သည်။ တောင်နှင့်ပင်လယ် ဖေးတစ်သောင်း ကျမ်းစာ အရ ရန်ယီငါးသည် ငါးကိုယ်လုံးနှင့် မြွေခေါင်း ရှိသည်။ ခြေထောက် ခြောက်ချောင်း ပါရှိပြီး မြင်းမျက်လုံးများ ရှိသည်။ ရန်ယီငါး၏ အကြေးခွံတစ်ခုကို ရရှိထားသော ကျင့်ကြံသူသည် အိပ်မက်ဆိုးများနှင့် ကင်းဝေးစေပြီး စိတ်မိစ္ဆာများကို ဖယ်ရှားပေးနိုင်သည်ဟု ဆိုသည်။

ရန်မျိုးနွယ်စုသည် ရန်ယီငါး၏ သွေးမျိုးဆက်ကို ဆက်ခံထားသော်လည်း ၎င်း၏ သိပ်သည်းဆမှာ သိပ်မမြင့်လှပေ။ မျိုးနွယ်စုအတွင်းရှိ ပါရမီရှင်တစ်ဦးသည် ရှေးဉီးသွေးမျိုးဆက်ကို နိုးထစေပြီး အကြေးခွံတစ်ခု ရရှိနိုင်သော်လည်း ရန်ယွီအတွက်မူ ထိုအဆင့်သို့ ရောက်ရန် အလှမ်းဝေးနေဆဲ ဖြစ်သည်။

အကယ်၍ ရန်ယွီသာ ရန်ယီငါး၏ အရိုးတစ်ဆစ်ကို ရရှိပြီး စုပ်ယူနိုင်ခဲ့ပါက သူ၏ သွေးမျိုးဆက် သိပ်သည်းဆမှာ အဆင့်သစ်တစ်ခုသို့ တိုးတက်သွားမည်ဖြစ်ပြီး ရှေးဉီးသွေးမျိုးဆက်ကို နိုးထစေရန် ပို၍ ဖြစ်နိုင်ခြေ ရှိသွားမည် ဖြစ်သည်။

သို့သော် ရှေးဉီးဖေးအရိုးများမှာ အလွန်ပင် တန်ဖိုးကြီးလှသည်။ ရန်မျိုးနွယ်စုတွင် ရန်ယီငါး၏ အရိုးအကြွင်းအကျန်အချို့ ရှိသော်လည်း ၎င်းတို့မှာ မျိုးနွယ်စု၏ အခြေခံ ရတနာများ ဖြစ်သဖြင့် ရန်ယွီကို အလွယ်တကူ ပေးသုံးရန်မှာ မဖြစ်နိုင်ပေ။

ရန်ယွီသည် မျိုးနွယ်စုရှိ ထိုအရိုးများကို မျက်စိကျနေသည်မှာ ကြာပြီဖြစ်သော်လည်း တစ်ခါမျှ မရရှိခဲ့ဖူးပေ။ သို့သော် ယခုအခါ ယီယွင်က ရှေးဉီးဖေးအရိုး တစ်ဆစ်ကို ရရှိသွားပြီ ဖြစ်သည်။

ဒါကို သူ ဘယ်လိုမှ မနာလိုဘဲ နေနိုင်ပါမည်နည်း။

လူသားများသည် ဥပဒေသပိုင်းတွင် အမြင်စူးရှသော်လည်း ခန္ဓာကိုယ် ခွန်အားမှာ ညံ့ဖျင်းလှသည်။ သို့သော် အကယ်၍ ရှေးဉီးဖေးအရိုးမှ ရိုးတွင်းခြင်ဆီများကို အသုံးပြု၍ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်နိုင်မည် ဆိုပါက...

သူ "ကိုးပါးသော ကောင်းကင်ဝင်ရိုး" ကို ကျင့်ကြံဖို့ဆိုတာ မဖြစ်နိုင်တော့တဲ့ အရာ မဟုတ်တော့ဘူး

ယခင်က ရန်ယွီနှင့် လီယာတို့သည် ယီယွင်၏ အားနည်းသော ခန္ဓာကိုယ်ကို လှောင်ပြောင်ခဲ့ကြပြီး နတ်ဘုရားကျောက်တိုင်များက ယီယွင် အသုံးမပြုနိုင်သော ခန္ဓာကိုယ်ကြံ့ခိုင်ရေး ကျင့်စဉ်ကို ပေးအပ်ခဲ့သည်ဟု ဆိုခဲ့ကြသည်။

သို့သော် သူတို့ ကြာကြာ မရယ်လိုက်ရခင်မှာပင် ရှေးဉီး နတ်ဘုရားကျောက်တိုင်များက ယီယွင်အတွက် ရှေးဉီးဖေးအရိုးကို ပြင်ဆင်ပေးလိုက်ပြန်သဖြင့် သူတို့မှာ သွေးအန်ချင်စတောင် ဖြစ်သွားကြသည်။

ယီယွင်၏ အားနည်းသော ခန္ဓာကိုယ်ကို ရှေးဉီးဖေးအရိုးဖြင့် အစားထိုး ဖြည့်ဆည်းပေးနိုင်ပြီ မဟုတ်ပါလော။

"ဘာလို့ ရှေးဉီးဖေး အဆောက်အအုံက ဒီကောင့်ကို ဒီလောက်အထိ မျက်နှာသာ ပေးနေရတာလဲ အားနည်းလှတဲ့ လူသားတစ်ယောက်ကို ရှေးဉီးဖေးအရိုး ပေးလိုက်တာက ကောင်းကင်ဘုံက ရတနာကို ဖြုန်းတီးပစ်တာပဲ။ ငါ့ကိုသာ ပေးမယ်ဆိုရင် ငါ ရန်ယီငါး သွေးမျိုးဆက်ကိုတောင် နိုးထစေနိုင်မှာ"

ယီယွင်၏ လက်ထဲရှိ ကျောက်သေတ္တာကို ကြည့်ရင်း ရန်ယွီမှာ ရင်ထဲတွင် ဗြောင်းဆန်နေတော့သည်။

သူ တည်ငြိမ်မှု ပြန်ရခဲ့ခြင်းမှာ ဖေးမျိုးနွယ်ဖြစ်သည့် သူ၏ ခန္ဓာကိုယ်မှာ ယီယွင်ထက် ပိုသန်မာသည်ဟူသော အချက်ကြောင့် ဖြစ်သည်။ သို့သော် ယခုအခါ ယီယွင်၏ ခန္ဓာကိုယ် အခြေအနေမှာလည်း သူ့ကို အမီလိုက်လာတော့မည် ဖြစ်သည်။

ရန်ယွီသည် တွေးလေလေ ပို၍ မနာလိုဖြစ်လေလေ ဖြစ်လာပြီး မသိလိုက်ဘဲ သူ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာသည်။

ထိုအချိန်တွင် အေးစက်သော အကြည့်တစ်ခုက ရန်ယွီထံသို့ ကျရောက်လာရာ သူ လန့်နိုးသွားသည်။ ခေါင်းလှည့်ကြည့်လိုက်သောအခါ အရှင်ကန်းမန်၏ ဘေးရှိ မြွေကြီးမှာ သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

အကယ်၍ ရန်ယွီသာ မာန်ကို မချနိုင်ဘဲ တစ်ခုခု လုပ်မိပါက ထိုမြွေကြီး၏ တိုက်ခိုက်ခြင်းကို ချက်ချင်း ခံရမည်မှာ သေချာလှသည်။

ရန်ယွီသည် အသက်ပြင်းပြင်း တစ်ချက်ရှူကာ တိတ်ဆိတ်စွာပင် နေလိုက်တော့သည်။

ထိုအချိန်တွင် အရှင်ကန်းမန်က ယီယွင်ကို ပြောလိုက်သည် "မင်းရဲ့ လက်ထဲမှာ ရှိနေတဲ့ ရှေးဉီးဖေးအရိုးဟာ ရှေးဉီး ကောင်းကင်မျို တိမ်လွှာနဂါးပျံ ရဲ့ အမြီးရိုးပဲ။ ကောင်းကင်မျို တိမ်လွှာနဂါးပျံဟာ ရှေးဉီးဖေးတွေထဲမှာ အစွမ်းအထက်ဆုံးလို့ မဆိုနိုင်ပေမဲ့ ဒီအရိုးတစ်ဆစ်ဟာ ဖေးတစ်သောင်း ကောင်းကင်ဘုံ တစ်ခုလုံးမှာ အတော်လေး တန်ဖိုးရှိတဲ့ အရာပဲ။

ကောင်းကင်မျို တိမ်လွှာနဂါးပျံရဲ့ အမြီးရိုးဟာ မင်းရဲ့ ကျင့်ကြံမှု အဆင့်မှာရှိတဲ့ ကျင့်ကြံသူတွေအတွက် အသင့်တော်ဆုံးပဲ။ ကျင့်ကြံမှု အဆင့် ပိုမြင့်သွားရင်တော့ ၎င်းရဲ့ အာနိသင်က တဖြည်းဖြည်း လျော့နည်းသွားလိမ့်မယ်။ ဒါက မင်းအတွက် အခွင့်အရေးကြီး တစ်ခုပဲ၊ အဲဒါကို အကျိုးရှိရှိ အသုံးချဖို့ ကြိုးစားပါ"

အခန်း ၈၂၆ - အကာအကွယ်အဆောင်

အရှင်ကန်းမန်ကိုယ်တိုင်ကပင် ထိုသို့ပြောလိုက်ရာ အခြားသော မီးလျှံတိမ်တိုက်ပြည်နယ် တပည့်များသည် ယီယွင်ကို ပိုမိုမနာလိုဖြစ်စွာ စိုက်ကြည့်နေကြတော့သည်။

ဤသည်မှာ ရှေးဉီးဖေးအရိုး တစ်ဆစ်ပင် ဖြစ်သည်။

"ယီယွင်လို လူမျိုးကို ဒီဖေးအရိုး ပေးလိုက်တာက ရတနာကို ဖြုန်းတီးပစ်တာပဲ။ လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ ရှေးဉီးဖေးအရိုးကို စုပ်ယူဖို့ ကြိုးစားရင် အများကြီး အလဟဿ ဖြစ်ကုန်လိမ့်မယ်။

ငါတို့သာ ရခဲ့ရင်တော့ အပြည့်အဝ အသုံးချနိုင်မှာပဲ။ နှမြောစရာကြီး" ဟု တစ်စုံတစ်ဦးက အံကြိတ်၍ ပြောလိုက်သည်။ သူပြောပြီးသည်နှင့် နောက်ထပ် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြန်သည်။

"အဲဒါက စူးရှသောအစွန်းရောက် ယန်အလင်း နတ်ဘုရားကျောက်တိုင်ကနေ ထွက်လာတာပဲ"

"ရှိသေးတယ်လား"

ယီယွင် လက်ကိုဆန့်ထုတ်၍ ထိုအလင်းတန်းကို ဖမ်းယူလိုက်သည်ကို လူတိုင်း စောင့်ကြည့်နေကြသည်။

အလင်းတန်းသည် ယီယွင်၏လက်ထဲသို့ ရောက်ရှိလာသောအခါ ၎င်းတွင် ဝိညာဉ်အသိစိတ်ရှိသကဲ့သို့ပင်။ ၎င်းမှာ ပေါက်ကွဲထွက်သွားပြီး ရွှေရောင်တောက်နေသော မီးလျှံတောင်ပံငယ်လေးတစ်ခု ပေါ်လာသည်။

ထိုမီးလျှံကို မြင်လိုက်ရသည့်အခါ အနီးဆုံးတွင်ရှိနေသော ရန်ယွီမှာ ဦးရေပြားများ ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရပြီး ရှောင်တိမ်းလိုစိတ်ကို မနည်းထိန်းကာ အသက်ပြင်းပြင်း ရှူလိုက်ရသည်။

အခြားသော ကျင့်ကြံသူများသည်လည်း မျက်နှာပျက်သွားကြပြီး အကြည့်များကို လွှဲလိုက်ကြရသည်။ အဘယ်ကြောင့် ထိုမီးလျှံငယ်မှာ ရွှေကျီးကန်းလေး နှင့် တူနေရသနည်း ၎င်းကို တည့်တည့်စိုက်ကြည့်ခြင်းက သူတို့၏ မျက်လုံးများကို နာကျင်စေသည်။

မြေကမ္ဘာနတ်ဘုရားသစ်ပင် တံတားနှင့် အဝေးဆုံးတွင် ရှိနေသော သူများပင်လျှင် သူတို့၏ ကိုယ်ပေါ်ရှိ အမွှေးအမျှင်များမှာ အပူရှိန်ကြောင့် လောင်ကျွမ်းတော့မတတ် ခံစားလိုက်ရသည်။

ရွှေကျီးကန်းပုံရိပ်မှာ ခဏမျှသာ ပေါ်လာပြီးနောက် ပျောက်ကွယ်သွားကာ အဆောင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ဤအဆောင်မှာ သာမန်ကာလျှံကာ ပုံစံရှိသော်လည်း အစောပိုင်းက မြင်တွေ့ခဲ့ရသော မြင်ကွင်းကြောင့် ထိုစွမ်းအင်အားလုံးမှာ ဤအဆောင်ပါးလေးထဲတွင် ကိန်းအောင်းနေကြောင်း လူတိုင်း သိလိုက်ကြရာ အန္တရာယ်ရှိသော အငွေ့အသက်များ ခံစားလိုက်ရသည်။

ယီယွင်သည်လည်း အဆောင်တစ်ခု ရရှိခဲ့သည်လား။

ရန်ယွီ၏ လက်သီးမှာ ပို၍ တင်းတင်းဆုပ်သွားတော့သည်။ သူတို့နှစ်ဦးလုံး အဆောင်များ ရရှိခဲ့ကြသော်လည်း ယီယွင်၏ အဆောင်မှာ သူ့ထက် အဆင့်အတန်း ပိုမြင့်ကြောင်း ထင်ရှားလှသည်။

ယခင်က အဆောင်ရခဲ့သဖြင့် ရန်ယွီ စိတ်သက်သာရာ ရခဲ့သော်လည်း ယခုအခါ ယီယွင် ရရှိထားသော အဆောင်နှင့် ယှဉ်ပြိုင်ရန် မဖြစ်နိုင်တော့ပေ။

ဤသည်မှာ အကာအကွယ်အဆောင် ဖြစ်ဖို့ များလှသည်။ ရှေးဉီးဖေး အဆောက်အအုံက အကာအကွယ်အဆောင် ပေးရခြင်းမှာ ပါရမီရှင်တစ်ဦးသည် အချိန်မတိုင်မီ သေဆုံးသွားခြင်းမှ ကာကွယ်ရန် ဖြစ်သည်။ ခန္ဓာကိုယ်ကြံ့ခိုင်ရေး ကျင့်စဉ်၊ ရှေးဉီးဖေးအရိုး၊ ယခုအခါ အကာအကွယ်အဆောင်... ယီယွင်အပေါ် ထားရှိသော ထိုကျောက်တိုင်ကြီးများ၏ စောင့်ရှောက်မှုမှာ အလွန်ပင် စေ့စပ်သေချာလှသည်။

"ဒီယီယွင်က သူ့ရဲ့ ခွန်အားနဲ့ လုံးဝမလိုက်ဖက်တဲ့ ပစ္စည်းတွေကိုပဲ အမြဲရနေတာပဲ" ဟု ရန်ယွီက စိတ်ထဲမှ မကျေမချမ်း ရေရွတ်လိုက်သည်။

ထိုအချိန်တွင် ယီယွင်သည် ရန်ယွီကို တစ်ချက် ကြည့်လိုက်သည်။ ရန်ယွီ၏ အတွေးများကို သိမြင်နေသကဲ့သို့ သူက ပြုံး၍ ပြောလိုက်သည်။

"စီနီယာအစ်ကို ရန်... ကျွန်တော့်ရဲ့ ကံတရားကလည်း သိပ်မဆိုးဘူး ထင်တယ်နော်"

ရန်ယွီမှာ ရင်ထဲတွင် မွန်းကြပ်သွားသကဲ့သို့ ခံစားလိုက်ရပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်သည် ။

"မင်းရဲ့ ကံတရားက ကောင်းပါလိမ့်မယ်၊ ဒါပေမဲ့ ဒီရတနာတွေအတွက်တော့ နှမြောစရာပဲ"

ယီယွင်၏ ကျင့်ကြံမှုအဆင့်နှင့် လူသားခန္ဓာကိုယ်ဖြင့် ရှေးဉီးဖေးအရိုးကို မည်မျှအထိ စုပ်ယူနိုင်မည်နည်း လူသားများအတွက် ဖေးအရိုးကို စုပ်ယူရန်မှာ ဖေးမျိုးနွယ်စုများထက် ပို၍ ခက်ခဲလှသည်။ ဆိုလိုသည်မှာ အရိုးထဲရှိ အာနိသင် အမြောက်အမြားမှာ အလဟဿ ဖြစ်သွားမည် ဖြစ်သည်။

သာမန် ဆေးဖက်ဝင် ပစ္စည်းများ ဖြုန်းတီးပစ်လျှင် အကြောင်းမဟုတ်သော်လည်း ရှေးဉီးဖေးအရိုးကို ဖြုန်းတီးမိလျှင်မူ အလွန်ပင် နှမြောစရာ ကောင်းလှသည် မဟုတ်ပါလော။

ထိုအဆောင်နှင့် ပတ်သက်၍လည်း ၎င်းကို အသက်သွင်းရန်အတွက် ကျင့်ကြံသူ၏ ယွမ်ချီ စွမ်းအား လိုအပ်သည်။ ကျင့်ကြံသူက ပို၍ အစွမ်းထက်လေ အဆောင်၏ အစွမ်းမှာ ပိုထွက်လေ ဖြစ်သည်။ အကယ်၍ ကျင့်ကြံသူက အားနည်းပါက အဆောင်၏ အကျိုးသက်ရောက်မှုမှာလည်း လျော့နည်းသွားမည် ဖြစ်သည်။

ကျင့်ကြံမှုအဆင့်နှင့် ခန္ဓာကိုယ် သန်မာမှုပိုင်းတွင် ယီယွင်မှာ အများကြီး နိမ့်ကျနေဆဲပင်။

ဤသည်မှာ ရန်ယွီ၏ အတွေးသာမက အခြားသော မီးလျှံတိမ်တိုက်ပြည်နယ် တပည့်များ၏ အတွေးလည်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ယီယွင်သည် သူ၏ ခန္ဓာကိုယ်ကို မြှင့်တင်နိုင်လျှင်ပင် ကန့်သတ်ချက်များစွာ ရှိနေဦးမည် ဖြစ်သည်။ ဖေးမျိုးနွယ်စုဝင်များ၏ ခန္ဓာကိုယ်နှင့် ယှဉ်ရန်မှာ မဖြစ်နိုင်သေးပေ။

ကုလော့သည် သူ၏ တစ်ဖက်တည်းသော မျက်လုံးကို ဖွင့်ကာ ယီယွင်ကို အဆက်မပြတ် စိုက်ကြည့်နေပြီး ယီယွင်က သူ၏ အသက်မဲ့သော အကြည့်ကို သတိပြုမိသည့်အခါမှသာ ခေါင်းကို ပြန်လွှဲသွားခဲ့သည်။

အရှင်ကန်းမန်သည် ကျောက်တံတားပေါ်ရှိ ကျင့်ကြံသူများကို ပြုံးသော အမူအရာဖြင့် ကြည့်လိုက်သည်။ ယီယွင်၏ ဥပဒေသ ပါရမီမှာ အမှန်တကယ်ပင် အံ့သြစရာ ကောင်းလှသည်။ အတူတူ လေ့ကျင့်ရာတွင် ယီယွင်သည် အဆင့်မြင့် ရမှတ်များ ရရှိခဲ့ရုံသာမက သူရရှိသော အခွင့်အရေးများမှာလည်း အလွန်ကောင်းမွန်လှသည်။

ထို့အပြင် သူ၏ ခွန်အားနှင့် အသက်မှာ အခြားတပည့်များကြားတွင် အနိမ့်ဆုံး ဖြစ်နေသည်။ ထိုအခါ မိမိကိုယ်ကိုယ် အမြဲ အထင်ကြီးနေတတ်ကြသော အခြားတပည့်များမှာ မည်သို့လျှင် တည်ငြိမ်စွာ နေနိုင်ပါမည်နည်း။

ဤကိစ္စအပေါ် မနာလိုဖြစ်ခြင်းနှင့် စိတ်မသက်မသာ ဖြစ်ခြင်းမှာ သဘာဝပင် ဖြစ်သည်။ ၎င်းအတွက် အရှင်ကန်းမန်က ဝင်ရောက် မစွက်ဖက်ပေ၊ အကြောင်းမှာ လော့နတ်ဘုရားခန်းမ စမ်းသပ်မှု ဆိုသည်မှာလည်း ထိုကဲ့သို့သော ပြိုင်ဆိုင်မှုများကို ခွင့်ပြုထားသောကြောင့် ဖြစ်သည်။

ပါရမီရှင်များမှာ ရှားပါးလှသည်မဟုတ်သလို သေဆုံးသွားသော ပါရမီရှင်များလည်း ဒုနဲ့ဒေးပင်။ အမှန်တကယ် ရင့်ကျက်လာနိုင်သော ပါရမီရှင်သာလျှင် ပျိုးထောင်ပေးရန်နှင့် တန်ဖိုးထားရန် ထိုက်တန်ပေသည်။

သို့သော် ယီယွင်မှာ ငယ်ရွယ်လွန်းပြီး ကျင့်ကြံမှုအဆင့်မှာ နိမ့်လွန်းနေသည်မှာ အမှန်ပင်။ သူရရှိထားသော ပစ္စည်းများမှာ ကောင်းမွန်သော်လည်း သူနှင့် လောလောဆယ် မကိုက်ညီသေးပေ။

ဥပမာအားဖြင့် ယီယွင်သည် ရှေးဉီးဖေးအရိုးကို ကောင်းကင်တက်လှမ်းခြင်း နယ်ပယ်သို့ ရောက်မှ စုပ်ယူမည်ဆိုပါက ယခုစုပ်ယူသည်ထက် ရလဒ်များစွာ ပိုကောင်းလိမ့်မည်။ သို့သော် ကောင်းကင်တက်လှမ်းခြင်း နယ်ပယ်သို့ ရောက်သည့်တိုင်အောင်ပင် ကောင်းကင်ဖေး တစ်ဦး စုပ်ယူသည့် အကျိုးသက်ရောက်မှုကိုမူ မှီမည်မဟုတ်ပေ။

သို့သော် သူသည် ကောင်းကင်တက်လှမ်းခြင်း နယ်ပယ်အထိ စောင့်ဆိုင်းနေပါမည်လား ထိုအချိန်ရောက်လျှင် ယီယွင်မှာ လော့နတ်ဘုရားခန်းမ စမ်းသပ်မှုမှ ဖယ်ရှားခံရပြီး ဖြစ်နိုင်သလို သေတောင် သေသွားနိုင်သည် မဟုတ်ပါလော။

၎င်းကို တွေးမိသည့်အခါ အရှင်ကန်းမန်၏ အကြည့်မှာ ရန်ယွီထံသို့ တစ်ဖန် ရောက်ရှိသွားသည်။ ယီယွင်သည် နာမည်ကျော်ကြားမှုကို ရယူနိုင်ခဲ့သော်လည်း လာမည့်ရက်များတွင် သူ၏ လမ်းစဉ်မှာ လွယ်ကူမည် မဟုတ်ပေ။

ယီယွင်ပြီးနောက် အခြားသူများ ရရှိသော အခွင့်အရေးများကို မည်သူမျှ စိတ်မဝင်စားကြတော့ပေ။ မကြာမီပင် နတ်ဘုရားကျောက်တိုင် ၁၂ တိုင်မှ ဆုလာဘ်များ အားလုံးမှာ ကျင့်ကြံသူများ၏ လက်ထဲသို့ ရောက်ရှိသွားသည်။ ထိုအခါ အောက်ခြေရှိ ချောက်နက်ကြီးထဲမှ ဆူနာမီလှိုင်းလုံးကြီး တစ်ခုကဲ့သို့သော အသံကြီးကို ကြားလိုက်ရသည်။

ယီယွင်မှာ လန့်သွားပြီးမှ ထိုအောက်ခြေမှာ အဆုံးမဲ့ ပင်လယ်ပြင်ကြီး၏ အပြာရောင်တွင်းနက် ဖြစ်ကြောင်း သတိရသွားသည်။ အဘယ်ကဲ့သို့သော သတ္တဝါကြီးက ထိုအသံကို ထွက်ပေါ်စေခဲ့သနည်း ဆိုသည်ကိုမူ မသိနိုင်ပေ။

"အခု ထွက်သွားလို့ ရပြီ" ဟု အရှင်ကန်းမန်က ပြောလိုက်သည်။

ဟင်းလင်းပြင်ထဲမှ ထွက်လာပြီးနောက် ဘိုင်ချန် သည် လျှောက်လာခဲ့သည်။

သူ၏ မျက်နှာမှာ သိပ်မကောင်းလှပေ။ သူနှင့်အတူ လိုက်ပါလာသော ကျင့်ကြံသူများ အားလုံးမှာ ဟင်းလင်းပြင်ထဲသို့ ဝင်ခွင့်ရခဲ့ကြသော်လည်း သူတစ်ဦးတည်းသာ အပြင်မှာ စောင့်နေခဲ့ရသဖြင့် သူ၏ ရင်ထဲတွင် ခါးသီးမှုများ ရှိနေသည်မှာ သဘာဝပင်။

ဘိုင်ချန်သည် အဝေးမှ ယီယွင်ကို မြင်လိုက်ရပြီး လော့ဖုန်းလင်ထံသို့ လျှောက်သွားကာ မေးလိုက်သည်။

"ဂျူနီယာညီမလေး ဖုန်းလင်... မင်းနဲ့ ဂျူနီယာညီလေး ယီယွင်တို့ ဘာအခွင့်အရေးတွေ ရခဲ့ကြလဲ"

လော့ဖုန်းလင်၏ မျက်နှာတွင် မနာလိုဟန် ပေါ်နေပြီး သူမက ပြောလိုက်သည် ။

"ကျွန်မ ရခဲ့တာကတော့ ပြောပလောက်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဂျူနီယာမောင်လေး ယီယွင်အတွက်ကတော့... သူ ရှေးဉီးဖေးအရိုးကို ရခဲ့တယ်..."

"ဘာ ရှေးဉီးဖေးအရိုး ဟုတ်လား"

လော့ဖုန်းလင်၏ ဖော်ပြချက်ကို ကြားပြီးနောက် ဘိုင်ချန်မှာ သူကြားလိုက်ရသည်မှာ မှားနေသလားဟု ထင်မှတ်လိုက်ရသည်။ သို့သော် လော့ဖုန်းလင် အပါအဝင် အခြားသော မီးလျှံတိမ်တိုက်ပြည်နယ် တပည့်များ၏ အမူအရာမှာ တိတ်ဆိတ်စွာပင် ဝန်ခံနေကြသည်ကို မြင်လိုက်ရသည့်အခါ ဘိုင်ချန်မှာ အမှန်တကယ်ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်တော့သည်။ သူသည် ငိုချင်သော်လည်း မရယ်ဘဲ မနေနိုင်သည့် မျက်နှာပေးမျိုးဖြင့် ပြောလိုက်သည် ။

"ဂျူနီယာညီလေး ယီယွင်ကို ဂုဏ်ပြုပါတယ်"

ထွက်လာကြသော ကျင့်ကြံသူများ အားလုံးမှာ တမင်တကာ ဖြစ်စေ၊ မသိလိုက်ဘဲ ဖြစ်စေ ယီယွင်ကိုသာ စိုက်ကြည့်နေကြသည်ကို ဘိုင်ချန် သတိပြုမိသည်။ ယခုအချိန်တွင် ယီယွင်မှာ လူတိုင်း၏ အာရုံစိုက်ရာ ဖြစ်နေသည်။

"တကယ်ကို အများကြီး နောက်ကျကျန်ခဲ့ပြီပဲ..."

ဘိုင်ချန်သည် ခေါင်းခါလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။ သူသည် ယီယွင်၏ ဘေးတွင် ရပ်နေခြင်းက သူ့ကို စိတ်မသက်မသာ ဖြစ်စေသဖြင့် တစ်ဖက်သို့ ရှောင်ထွက်သွားခဲ့သည်။

လော့ဖုန်းလင်တွင်လည်း ရှုပ်ထွေးသော ခံစားချက်များ ရှိနေသည်။ သူမသည် ယီယွင်ထံသို့ လျှောက်သွားရန် ပြင်နေစဉ်မှာပင် ယီယွင်က သူမထံသို့ ဦးစွာ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

"ဂျူနီယာမောင်လေး ယီယွင်..."

လော့ဖုန်းလင်သည် ယီယွင်ကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ ယခင်က သူမသည် ဟင်းလင်းပြင်ထဲမှ ယီယွင်ကို ကယ်ထုတ်လာခဲ့စဉ်က ယီယွင်ကို အလုပ်အကျွေးပြု တပည့်တစ်ဦးအဖြစ်သာ သတ်မှတ်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။

သူမသည် ယီယွင်ကို သိပ်ပြီး အာရုံမစိုက်ခဲ့သော်လည်း ယခုကဲ့သို့ တိုတောင်းလှသော ကာလအတွင်းမှာပင် ယီယွင်သည် သူမကို အဝေးကြီးသို့ ချန်ထားခဲ့နိုင်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

သို့သော် လော့ဖုန်းလင်သည် သူမ၏ ကိုယ်ပိုင်လမ်းစဉ်တွင် ခိုင်မာသူ ဖြစ်သည်။ သူမသည် ရှေးဉီးဖေး အဆောက်အအုံတွင် ရှုံးနိမ့်ခဲ့သည်ဟု ဆိုနိုင်သလို အခြားသော ကျင့်ကြံသူများကြားတွင်လည်း ပျမ်းမျှအောက်သာ ရှိနေသော်လည်း အစစ်အမှန် လော့နတ်ဘုရားခန်းမ စမ်းသပ်မှု တွင်မူ သူမ အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဟု ဆုံးဖြတ်ထားသည်။

All Chapters