အခန်း (၈၃၃-၈၃၅)
Vol. 56 Ch. 833-835
အခန်း ၈၃၃ - အပ်စိုက်မှတ်များအား ပိတ်ဆို့ခြင်း
ဂလက်ဆီ၏ ဝန်းရံခြင်းကို ခံလိုက်ရသောအခါ ယီယွင်သည် သူ၏ ကိုယ်လက်အင်္ဂါများနှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှေးဉီးဖေး စွမ်းအင်များ တရဟော စီးဆင်းနေသည်ကို ခံစားလိုက်ရသည်။
ဤစွမ်းအင်မှာ အလွန်ပင် ရှေးကျလွန်းလှသည်။ ၎င်းတွင် ရှေးဉီးဖေး၏ ဆန္ဒ၊ မူလဆန်သော ရိုးရှင်းမှုနှင့် ရက်စက်ကြမ်းတမ်းသော လွင်တီးခေါင်ဆန်မှုကို သယ်ဆောင်ထားသည်။ စွမ်းအင်များ ယီယွင်၏ ကိုယ်ထဲသို့ ဝင်ရောက်လာသောအခါ သူ၏ အရှိန်အဝါမှာ အနည်းငယ် ပြောင်းလဲသွားသည်ကို ခံစားမိသည်။ သူသည် ဤကမ္ဘာကြီးနှင့်အတူ ထာဝရ တည်ရှိနေရသကဲ့သို့ ခံစားလာရသည်။
ဤခံစားချက်မှာ စိတ်ထဲတွင် စွဲမြဲသွားပါက ယီယွင်၏ စိတ်စွမ်းအားမှာ တဖြည်းဖြည်းချင်း ပေါင်းစပ်ပျောက်ကွယ်သွားပေလိမ့်မည်။ သူ၏ ခန္ဓာကိုယ်မှာလည်း ပုပ်သိုးပျက်စီးသွားပြီး ထိုအရှိန်အဝါ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သွားပေလိမ့်မည်။
ဤအချက်ကို သတိပြုမိလိုက်သောအခါ ယီယွင်၏ နှလုံးသားမှာ ကြုံလှီသွားပြီး အလွန်ပင် သတိဝီရိယ ရှိသွားတော့သည်။ ရှေးဉီးဖေး အရိုး၏ စွမ်းအားမှာ သူ ထင်ထားသည်ထက် ပိုမို အစွမ်းထက်နေသည်။ သူသာ ၎င်းကို သန့်စင်အောင် မစုပ်ယူနိုင်ပါက တဖြည်းဖြည်းချင်း အစားထိုး သိမ်းပိုက်ခြင်း ခံရပေလိမ့်မည်။
နှစ်ပေါင်း ဘီလီယံနှင့်ချီ၍ သေဆုံးနေပြီဖြစ်သော အရိုးတစ်စက အသက်ရှင်သူတစ်ဦးကို သိမ်းပိုက်လိုက်ခြင်းမှာ မယုံနိုင်စရာ ဖြစ်သော်လည်း ယီယွင် ကြုံတွေ့နေရသည်မှာ ဤအချက်ပင် ဖြစ်သည်။
ယီယွင်သာ ထိုအခြေအနေမှ ရုန်းထွက်လိုက်လျှင် အန္တရာယ် မရှိသော်လည်း ရှေးဉီးဖေး စွမ်းအင်၏ ၁ ရာခိုင်နှုန်းခန့်ကိုသာ စုပ်ယူနိုင်တော့မည် ဖြစ်သည်။ ထိုသို့ဆိုလျှင် တစ်လအတွင်း သူ မည်မျှ တိုးတက်နိုင်ပါမည်နည်း ၎င်းမှာ အလွန်ပင် နှေးကွေးလွန်းလှသည်။
ထို့ပြင် စုပ်ယူရန် ပျက်ကွက်သော စွမ်းအင်များမှာ ကောင်းကင်နှင့် မြေကြီးထဲသို့ ပြန့်ကျဲသွားကာ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
ယီယွင်သည် ဤသို့သော ဖြုန်းတီးမှုကို ငေးကြည့်မနေနိုင်ပေ။ သူသည် ရှေးဉီးဖေး စွမ်းအင်အားလုံးကို စုပ်ယူကာ သူ၏ ခန္ဓာကိုယ်ထဲသို့ အတင်းအကျပ် ပေါင်းစပ်လိုက်ရန် ဆုံးဖြတ်လိုက်သည်။
လူသားတစ်ယောက်၏ ခန္ဓာကိုယ်ဖြင့် ရှေးဉီးဖေး၏ စွမ်းအားကို လွှမ်းမိုးခြင်းမှာ စိတ်ကူးယဉ်ဆန်လှသော်လည်း ယီယွင်တွင် ခရမ်းရောင် သလင်းကျောက်ရှိနေသည်။ ၎င်းရှေ့တွင် မည်သည့်ပြဿနာမျှ မရှိနိုင်ပေ။
ရှေးဉီးဖေး အရိုး၏ စွမ်းအားမှာ မည်မျှပင် ပြင်းထန်ပါစေ၊ ၎င်းမှာ သေဆုံးနေသူ၏ စွမ်းအင်သာ ဖြစ်သည်။ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုသော သဘာဝမှာ အလိုအလျောက် ဖြစ်ပေါ်ခြင်းသာ ဖြစ်ရာ ခရမ်းရောင် သလင်းကျောက်၏ ဖိအားအောက်တွင်မူ မည်သည့်လှိုင်းမျှ မထနိုင်ပေ။ ခရမ်းရောင် သလင်းကျောက်အတွက်မူ ဤစွမ်းအင်ကို ထိန်းချုပ်ခြင်းမှာ အလွန်ပင် လွယ်ကူလှသည်။
"စုစည်း"
ယီယွင်၏ စိတ်အလိုနှင့်အတူ ခရမ်းရောင် သလင်းကျောက်မှ စွမ်းအားများမှာ အပြင်ဘက်သို့ ပြန့်ထွက်သွားသည်။ ပြန့်ကျဲသွားတော့မည့် စွမ်းအင်များအားလုံးကို ယီယွင်၏ ရာသီလမ်းကြောင်းများ အတွင်းသို့ ပြန်လည် ဆွဲသွင်းလိုက်သည်။ ထို့နောက် ကြီးမားလှသော ရှေးဉီး စွမ်းအင်များကို သလင်းကျောက်၏ ဖိအားဖြင့် အတင်းအကျပ် ဖိသိပ်လိုက်သည်။
ယီယွင်သည် ရှေးဉီးဖေး၏ အရိပ်ယောင်တစ်ခု ပေါ်ထွက်လာသည်ကို မြင်လိုက်ရသော်လည်း သလင်းကျောက်၏ ဖိအားအောက်တွင် ရုန်းကန်နေရသည်ကို တွေ့ရသည်။ ယီယွင်သည် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အပ်စိုက်မှတ် ၃၆၀ ကို ပိတ်ဆို့ရန် ဆုံးဖြတ်လိုက်သည်။
ရာသီလမ်းကြောင်းများထဲတွင် စွမ်းအင်များကို ပိတ်လှောင်ထားခြင်းဖြင့် ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း စုပ်ယူနိုင်စေရန် လုပ်ဆောင်ခြင်းပင်။
ခရမ်းရောင် သလင်းကျောက်၏ အကာအကွယ်ဖြင့် ယီယွင်သည် ခန္ဓာကိုယ် သိမ်းပိုက်ခံရမည်ကို စိုးရိမ်စရာ မလိုတော့ပေ။ ယခုအခါ ရှေးဉီးဖေး စွမ်းအင်မှာ သူ၏ သွေးကြောများထဲသို့သာ ပေါင်းစပ်ရန် လမ်းကြောင်း ရှိတော့သည်။ စွမ်းအင်များမှာ ယီယွင်၏ ရာသီလမ်းကြောင်းများထဲတွင် ပြင်းထန်စွာ လှည့်ပတ်နေပြီး ခန္ဓာကိုယ်ရှိ အသားအရေနှင့် သွေးကြောများက စတင် စုပ်ယူတော့သည်။
စွမ်းအင်အချို့က ခန္ဓာကိုယ်ပြင်ပသို့ ထွက်ခွာရန် ကြိုးစားသော်လည်း ပိတ်ဆို့ထားသည့် အပ်စိုက်မှတ်များကြောင့် ပြန်လှည့်လာရသည်။ ယီယွင်၏ ကိုယ်ထဲတွင် စွမ်းအင်များ ပိုမို စုပြုံလာတော့သည်။
ဘုန်း ဘုန်း ဘုန်း......
ယီယွင်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ စွမ်းအင်များမှာ ထွက်ပေါက်မရှိသဖြင့် ခန္ဓာကိုယ် အတွင်းပိုင်းတွင် လှည့်ပတ်ကာ ကိုယ်ခန္ဓာကို အကြိမ်ကြိမ် ရိုက်ခတ်နေသည်။ ယီယွင်၏ အရေပြားမှာလည်း အရည်ပျော်နေသော သံရည်ကဲ့သို့ နီရဲလာသည်။ ရာသီလမ်းကြောင်းများနှင့် အရိုးဆစ်များထဲသို့ စွမ်းအင်များ ထိုးဖောက်ဝင်ရောက်သွားသဖြင့် အရိုးများ ကျိုးအက်သံကိုပါ ကြားနေရသည်။
"အို"
ကန်းမန်သည် မျက်လုံးဖွင့်ကာ အောက်ဘက်သို့ ကြည့်လိုက်သည်။ အခြား ကျင့်ကြံသူများမှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို သတိပြုမိသွားကြသည်။
"ဘာဖြစ်တာလဲ"
"ယီယွင်က စွမ်းအင်အားလုံးကို အတင်းအကျပ် စုပ်ယူဖို့ ကြိုးစားနေတာလား"
လီယာသည်လည်း အံ့အားသင့်စွာဖြင့် ကြည့်လိုက်မိပြီးနောက် မယုံနိုင်စရာ မျက်နှာပေးဖြင့် ဆိုလိုက်သည်။ "ဒီကောင် စိတ်ရူးပေါက်နေတာလား ဗိုက်က ခံနိုင်ရည် မရှိဘဲ တစ်လုတ်တည်းနဲ့ အကုန်မျိုချဖို့ ကြိုးစားနေတာ။ သူကိုယ်သူ ပေါက်ကွဲသေအောင် လုပ်နေတာပဲ"
ရှေးဉီးဖေး အရိုးကို အတင်းအကျပ် စုပ်ယူခြင်းသည် သိမ်းပိုက်ခံရခြင်း သို့မဟုတ် ကိုယ်ခန္ဓာ ပေါက်ကွဲခြင်း နှစ်မျိုးသာ ရှိသည်။
"ဒီလို ရူးမိုက်မှုနဲ့တော့ သူ သေရလိမ့်မယ်"
ကျင့်ကြံသူများမှာ မယုံနိုင်အောင် ဖြစ်နေကြသည်။ အချို့ စွမ်းအင်များ လွင့်စင်ပျောက်ကွယ်သွားခြင်းမှာ သဘာဝဖြစ်သော်လည်း ယီယွင်ကမူ တစ်ခါတည်း အကုန်ရရန် ကြိုးစားရင်း ကိုယ်ခန္ဓာကို ဖျက်ဆီးနေခြင်းပင်။
ကန်းမန်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ယီယွင်ကို သူ သိပ်ပြီး သဘောမကျသေးသော်လည်း ကျင့်ကြံခြင်း လမ်းကြောင်းမှာ တရားမျှတမှု မရှိကြောင်းကိုမူ သူ သိသည်။ သို့သော်လည်း ယီယွင်က ဤမျှအထိ အန္တရာယ်ကြီးမားသော နည်းလမ်းကို ရွေးချယ်လိမ့်မည်ဟု မထင်ခဲ့ပေ။
ကန်းမန်က ဝင်ရောက် မစွက်ဖက်ပေ။ တောင်တန်းပေါ်တွင် သူသည် သက်သေအဖြစ်သာ ရှိနေခြင်း ဖြစ်သည်။ စမ်းသပ်မှုများကို မျိုးနွယ်စု တပည့်များ ကိုယ်တိုင်သာ ပြီးမြောက်အောင် လုပ်ဆောင်ရမည်။ ကန်းမန် ဝင်မစွက်ဖက်သည်ကို မြင်သောအခါ လီယာနှင့် ရန်ယွီတို့မှာ ယီယွင်၏ ကံဆိုးမှုကို ငေးကြည့်ရင်း ပျော်ရွှင်နေကြသည်။
ယီယွင်၏ အရေပြားမှာ မီးဖိုထဲရှိ သံရည်ကဲ့သို့ နီရဲလာပြီး အပ်စိုက်မှတ်များသာမက ချွေးပေါက်များအားလုံးကိုပါ ပိတ်ဆို့ထားသည်။ ချွေးပေါက်များမှတစ်ဆင့် စွမ်းအင် အနည်းငယ်မျှပင် ထွက်မလာပေ။ ယီယွင်၏ ကိုယ်မှာလည်း ဖောင်းကားလာပြီး အရေပြားအောက်ရှိ သွေးကြောများမှာ အထင်းသား ပေါ်လာသည်။ သူဝတ်ထားသော အဝတ်အစားများမှာ မှော်ဝင်ပစ္စည်း မဟုတ်ပါက မီးလောင်ကျွမ်းသွားလောက်ပြီ ဖြစ်သည်။
"ဟေ့၊ ဒီကောင် ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ လောင်းကစားကြမလား" လီယာက ရုတ်တရက် စိတ်ကူးပေါက်ကာ မေးလိုက်သည်။
အခန်း ၈၃၄ - ကြားခံဝိညာဉ် သွေးမြွေ
"လောင်းကြမလား"
မီးလျှံတိမ်တိုက်ပြည်နယ် တပည့်များသည် ချက်ချင်းပင် စိတ်ဝင်စားသွားကြသည်။ လေနက်ချိုင့်ဝှမ်း စမ်းသပ်မှုမှာ တစ်လလုံး ကြာမြင့်မည်ဖြစ်ရာ ဝါးမျိုခြင်းနှင့် သတ်ဖြတ်ခြင်းများ၏ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော အချိန်များကြားတွင် ပြပွဲတစ်ခုကို ကြည့်ရင်း အပန်းဖြေစရာ ရှာတွေ့ခြင်းကို သူတို့ ငြင်းပယ်ကြမည် မဟုတ်ပေ။
သို့သော် ထိုအချိန်တွင် သူတို့၏ အထက် ကောင်းကင်ယံ၌ ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။
လိပ်တက်နေသော တိမ်တိုက်များမှာ ကွဲထွက်သွားပြီး ဝိညာဉ်ပျံသင်္ဘောတစ်စင်း ရုတ်တရက် ပေါ်လာသည်။ ၎င်းသည် အောက်သို့ ဆင်းသက်လာပြီး လေနက်ချိုင့်ဝှမ်း၏ အထက်တွင် ရပ်တန့်သွားခဲ့သည်။
သင်္ဘောဦးတွင် ကန်းမန် ရပ်နေသည်ကို လူတိုင်း မြင်လိုက်ရသည်။
ကန်းမန် နှစ်ယောက်လား သူတို့၏ အမြင်အာရုံဖြင့် ကြည့်လျှင် ယခင်ရှိနေသော ကန်းမန်နှင့် အသစ်ရောက်လာသော ကန်းမန်ကြားတွင် ကွာခြားချက်ကို မပြောနိုင်ကြပေ။ ရုပ်ရည်ရော အရှိန်အဝါပါ ထပ်တူကျနေသည်။
သို့သော် အောက်တွင်ရှိသော အခြားကန်းမန်က မတ်တပ်ရပ်လိုက်သည့်အခါ သင်္ဘောဦးရှိ "ကန်းမန်" မှာ မြွေလေးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကန်းမန်၏ လက်အင်္ကျီအတွင်းသို့ လျှပ်ခနဲ တိုးဝင်သွားတော့သည်။
"ဒါ စီနီယာ ကန်းမန်ရဲ့ ကိုယ်ပွားပဲ"
တပည့်များမှာ ဤသည်ကို မြင်သောအခါ တိတ်တဆိတ် အံ့ဩသွားကြသည်။ ၎င်းမှာ ကျင့်စဉ်တစ်ခု မဟုတ်ဘဲ ကန်းမန်၏ ပါရမီတစ်ခု ဖြစ်သည်။ သူ၏ ကိုယ်ပေါ်တွင် မြွေမည်မျှ ဖုံးကွယ်ထားသည်ကို မသိနိုင်သလို မြွေတိုင်းမှာလည်း သူ၏ ကိုယ်ပွား ဖြစ်လာနိုင်သည်။
"ဒါ ဖီးနစ်ပြည်နယ်က လူတွေပဲ။ သူတို့လည်း ရှေးဉီးဖေးနန်းတော်ရဲ့ စမ်းသပ်မှုတွေ ပြီးလို့ ဒီကို လာကြတာပဲ" ဖီးနစ်ပြည်နယ် တပည့်များမှာ သင်္ဘောပေါ်မှ ဆင်းလာသည်ကို မီးလျှံတိမ်တိုက်ပြည်နယ် တပည့်များက ချက်ချင်း သတိပြုမိလိုက်ကြသည်။
လော့မျိုးနွယ်၏ ပြည်နယ် ၁၀၀ ကျော်တွင် လော့နတ်ဘုရားခန်းမ စမ်းသပ်ပွဲ၌ ပါဝင်မည့် ပြည်နယ်တိုင်းမှ တပည့်များသည် သင်တန်းပုံစံ အမျိုးမျိုးကို ဖြတ်ကျော်ရသည်။
မီးလျှံတိမ်တိုက်ပြည်နယ်နှင့် ဖီးနစ်ပြည်နယ်မှာ အိမ်နီးချင်းဖြစ်ပြီး ကန်းမန်၏ ကြီးကြပ်မှုအောက်တွင် ရှိနေသဖြင့် သူတို့၏ စမ်းသပ်မှုနှင့် သင်တန်းများမှာ အတူတူပင် ဖြစ်သည်။
ရှေးဉီးဖေးနန်းတော်တွင် စမ်းသပ်ချိန် အနည်းငယ် ကွာခြားခဲ့သော်လည်း လေနက်ချိုင့်ဝှမ်း စမ်းသပ်မှုမှာ တစ်လလုံး ကြာမြင့်မည်ဖြစ်ရာ ပြည်နယ်နှစ်ခုမှ တပည့်များမှာ အချိန်အများစုကို အတူတူ လေ့ကျင့်ရင်း ကုန်ဆုံးရမည် ဖြစ်သည်။
ပြည်နယ်တစ်ခုတည်းမှ တပည့်များကြားတွင်ပင် ပြင်းထန်သော ပြိုင်ဆိုင်မှုများ ရှိနေပြီးဖြစ်ရာ မတူညီသော ပြည်နယ်များကြားတွင်မူ ပြိုင်ဆိုင်မှုက ပို၍ပင် ပြင်းထန်လှသည်။
ဖီးနစ်ပြည်နယ် တပည့်များ ရောက်လာသည်ကို မြင်သောအခါ မီးလျှံတိမ်တိုက်ပြည်နယ် တပည့်များသည် ယီယွင်ကို အာရုံမစိုက်တော့ဘဲ တစ်ဦးချင်းစီ၏ မျက်နှာများမှာ တည်တင်းသွားကြသည်။
"အခုအချိန်ကစပြီး မီးလျှံတိမ်တိုက်ပြည်နယ်နဲ့ ဖီးနစ်ပြည်နယ်က ကျင့်ကြံသူတွေ လေနက်ချိုင့်ဝှမ်းမှာ အတူတူ လေ့ကျင့်ရမယ်။ အကဲဖြတ်မယ့် စံနှုန်းက အတူတူပဲ။ တစ်လအကြာမှာ ပဉ္စမအဆင့်ကို ရောက်တဲ့သူကို အောင်မြင်တယ်လို့ သတ်မှတ်မယ်။ မရောက်တဲ့သူတွေကတော့ ငါတို့ လော့မျိုးနွယ်ရဲ့ အရင်းအမြစ်တွေကို မဖြုန်းတီးဖို့ လော့နတ်ဘုရားခန်းမ စမ်းသပ်ပွဲကို မသွားတာ အကောင်းဆုံးပဲ။
ရှေးဉီးဖေးနန်းတော်မှာ ပြည်နယ်နှစ်ခုလုံးရဲ့ စုစုပေါင်းရလဒ်က အတူတူလောက်ပဲ ရှိတယ်။ အခုတော့ လေနက်ချိုင့်ဝှမ်း သင်တန်းရဲ့ ရလဒ်အပေါ်မှာပဲ မူတည်တော့မယ်" ကန်းမန်၏ အေးစက်သော အသံမှာ ပျံ့လွင့်လာသည်။
ဤစကားကို ကြားသောအခါ မီးလျှံတိမ်တိုက်ပြည်နယ် တပည့်များမှာ မျက်နှာပျက်သွားကြသည်။
ရလဒ်မှာ အတူတူပင်ဟု ဆိုသော်လည်း ယီယွင် တစ်ယောက်တည်းကပင် မီးလျှံတိမ်တိုက်ပြည်နယ်အတွက် အမှတ်အများကြီး ရအောင် လုပ်ပေးခဲ့ခြင်း ဖြစ်သည်ကို လူတိုင်း သိကြသည်။
အကယ်၍ သူတို့၏ စုစုပေါင်းရလဒ်က ဖီးနစ်ပြည်နယ်ထက် သာလွန်နေပါက ၎င်းမှာ သဘာဝကျသော်လည်း အတူတူပင်ဟု ဆိုခြင်းမှာ ယီယွင်နှင့် ကုလော့၏ ထူးကဲသော ရလဒ်များမှလွဲ၍ ကျန်တပည့်များ၏ ရလဒ်မှာ ဖီးနစ်ပြည်နယ်ထက် ညံ့ဖျင်းနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထိုသို့မဟုတ်လျှင် မည်သို့ အတူတူပင် ဖြစ်နိုင်ပါမည်နည်း။
"စီနီယာ ကန်းမန် ပြောတာက ကျွန်တော့်ကို အရှက်ရဆုံး ဖြစ်စေပါတယ်"
ရန်ယွီသည် သူ၏ လက်သီးကို တိတ်တဆိတ် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ရှေးဉီးဖေးနန်းတော်တွင် သူ၏ ရလဒ်မှာ စိတ်တိုင်းကျစရာ မရှိခဲ့ပေ။ သူသည် ယီယွင်နှင့် ကုလော့အောက်တွင် ရှိနေခဲ့သည်။ ထို့အပြင် သူသည် လော့ထျန်ကိုလည်း မကျော်ဖြတ်နိုင်ခဲ့သည်မှာ သေချာသည်။
လေနက်ချိုင့်ဝှမ်းမှာမူ သူ၏ ကျွမ်းကျင်သော နယ်မြေ ဖြစ်သဖြင့် သူ ထပ်ပြီး အရှုံးမပေးနိုင်တော့ပေ။
ပြည်နယ်နှစ်ခုမှ တပည့်များ၏ သင်တန်းကို ကန်းမန်က စီစဉ်ခြင်း ဖြစ်သည်။ ပြည်နယ်နှစ်ခုလုံးကို အတူတူ ထားရှိကာ ထိုကဲ့သို့သော စကားများဖြင့် လှုံ့ဆော်ခြင်းမှာ ဤတပည့်များကြားတွင် တစ်ဦးနှင့်တစ်ဦး အသေအလဲ ပြိုင်ဆိုင်လာစေရန်ပင် ဖြစ်သည်။
သို့သော်လည်း ကိုယ်ခံပညာ လမ်းကြောင်းဆိုသည်မှာ အမြဲတမ်း အခြားသူများကို နင်း၍ အထက်သို့ တက်လှမ်းရခြင်း ဖြစ်သည်။ သင်သည် ထောင်ပေါင်းများစွာသော လူများကို နင်း၍ ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်သူ ဖြစ်ရမည်၊ သို့မဟုတ်ပါက အခြားသူများ၏ ခြေထောက်အောက်တွင် နင်းချေဖျက်ဆီးခြင်း ခံရပေလိမ့်မည်။
ထို့ကြောင့် ကန်းမန်၏ စကားကို ကြားသောအခါ မီးလျှံတိမ်တိုက်ပြည်နယ် တပည့်များရော လော့ထျန် ဦးဆောင်သော ဖီးနစ်ပြည်နယ် တပည့်များပါ တိုက်ခိုက်လိုစိတ်များ ပြင်းထန်နေကြသည်။
လော့ထျန်အတွက်မူ ရှေးဉီးဖေးနန်းတော်မှ သူ၏ ရလဒ်မှာ အမှန်တကယ်ပင် ထူးချွန်လှသည်။ သို့သော် ယီယွင်၏ အောင်မြင်မှုများက သူ၏ ရှေ့တွင် ရှိနေသဖြင့် သူ၏ ရလဒ်မှာ ရှိသင့်သလောက် အံ့ဩစရာ မကောင်းသကဲ့သို့ ဖြစ်နေခဲ့သည်။
လေနက်ချိုင့်ဝှမ်းသို့ လာရာလမ်းတွင် လော့ထျန်သည် မိမိကိုယ်ကို အားပေးလာခဲ့သည်။ ကန်းမန် ဘာမှ မပြောလျှင်ပင် သူသည် ရန်ယွီ၊ ကုလော့နှင့် ယီယွင်တို့ကို သူ၏ ခြေဖဝါးအောက်တွင် ရက်ရက်စက်စက် နင်းချေပစ်ရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
ထိုအချိန်တွင် လေနက်ချိုင့်ဝှမ်း အနက်ပိုင်းမှ စူးရှသော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ လူတိုင်း ထိတ်လန့်သွားပြီး အောက်ဘက်သို့ အမြန် ငုံ့ကြည့်လိုက်ကြသည်။
"ဘာ ဆူညံသံလဲ"
လေနက်ချိုင့်ဝှမ်းအတွင်းရှိ မြူနက်များမှာ ဒီရေတက်လာသကဲ့သို့ တလိပ်လိပ် တက်လာပြီး ဆူနာမီလှိုင်းသံကဲ့သို့ အသံများ ထွက်ပေါ်လာသည်။
ဤတပည့်များသည် ထိုအသံကို ကြားရသောအခါ တုန်လှုပ်သွားကြသည်။
မျိုးဗီဇပြောင်း သွေးနဂါးမှာ သေဆုံးသွားခဲ့ပြီဖြစ်ပြီး လေနက်ချိုင့်ဝှမ်းမှာ ၎င်း၏ အလောင်း ပုပ်သိုးပြီးနောက် ဖြစ်တည်လာသော နေရာတစ်ခု ဖြစ်သည်။ သို့သော် ယခု ဆူညံသံမှာ နဂါးစစ်စစ် တစ်ကောင် ပြန်လည် နိုးထလာသကဲ့သို့ပင်။
"မင်းတို့ ကံမဆိုးဘူးလို့ ပြောရမယ်" ကန်းမန်က ရုတ်တရက် ဆိုလိုက်သည်။
"အို စီနီယာ ကန်းမန် ဘာကို ဆိုလိုတာလဲ"
"မင်းတို့ ကံမကောင်းရင် လေနက်ချိုင့်ဝှမ်း အနက်ပိုင်းအထိ ရောက်ရင်တောင် ဒါကို တွေ့ဖို့ အခွင့်အရေး ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ မင်းတို့ သူ့ရဲ့ မျက်နှာစစ်ကို မြင်ရတော့မယ်။ လေနက်ချိုင့်ဝှမ်းမှာ ဖုံးကွယ်ထားတဲ့ အခွင့်အရေးအစစ်က ဘာလဲဆိုတာ မင်းတို့ မသိချင်ကြဘူးလား ဒါပဲပေါ့" ဟု ကန်းမန်က ဆိုသည်။
ကန်းမန်၏ စကားကို ကြားရသောအခါ လူတိုင်းမှာ အလွန်ပင် စိတ်ဝင်စားသွားကြသည်။
ဤဆူညံသံက... လေနက်ချိုင့်ဝှမ်း၏ အခွင့်အရေးလား
ထိုအခိုက်တွင် မြူနက်များမှာ ပို၍ လှုပ်ရှားလာပြီး စူးရှသော ဟိန်းဟောက်သံမှာ သူတို့ဆီသို့ ပို၍ နီးကပ်လာသည်။
ဘုန်းခနဲ အသံနှင့်အတူ သိပ်သည်းလှသော မြူနက်များမှာ ကွဲထွက်သွားပြီး သွေးပတ္တမြားကဲ့သို့ ကြည်လင်နေသော မြွေနီတစ်ကောင် ၎င်းထဲတွင် ကူးခတ်နေသည်ကို တွေ့လိုက်ရသည်။ မြွေ၏ ခေါင်းပေါ်တွင် ဦးချိုတစ်ခု ပါရှိပြီး ၎င်းပေါ်လာသည်နှင့် လူတိုင်းမှာ ကြက်သီးဖြန်းဖြန်း ထသွားရသည်။
ပြင်းထန်လှသော သွေးညှီနံ့ အရှိန်အဝါပါတကား
"ဒါက ကြားခံဝိညာဉ် သွေးမြွေ ပဲ။ ဒါက လေနက်ချိုင့်ဝှမ်းက သွေးနဂါး မြူနက်တွေထဲကနေ သဘာဝအတိုင်း ဖြစ်တည်လာတာ။ ဒါက လေနက်ချိုင့်ဝှမ်းရဲ့ ထူးခြားတဲ့ ရတနာတစ်ခုလို့ သတ်မှတ်လို့ ရတယ်။ ဒါက သက်ရှိတော့ မဟုတ်ဘူး၊ ဒါပေမဲ့ အလွန် အသိဉာဏ် ရှိတယ်။
များသောအားဖြင့် သတ္တမအဆင့် အောက်မှာပဲ နေတတ်ပြီး အပြင်ကို ထွက်လာခဲတယ်" ဟု ကန်းမန်က ရှင်းပြသည်။
လေနက်ချိုင့်ဝှမ်း၏ ရတနာ....
"ဟဲဟဲ၊ ဒါကို စားတာက သွေးနဂါး မြူနက်တွေကို သုံးနှစ်တိတိ စုပ်ယူတာနဲ့ ညီမျှတယ်။ ဒါ့အပြင် ဒါ့ထဲမှာ မျိုးဗီဇပြောင်း သွေးနဂါးရဲ့ အငွေ့အသက် တစ်မျှင်လည်း ပါဝင်နေတယ်။ ဒါပေမဲ့ ဒီလို အရာမျိုးကို ပုံမှန်အားဖြင့်တော့ စားဖို့အတွက် အသုံးမပြုကြဘူး" ဟု ကန်းမန်က တိုက်ရိုက် ဆိုလိုက်သည်။
ရှူး.......
ကြားခံဝိညာဉ် သွေးမြွေထဲတွင် မျိုးဗီဇပြောင်း သွေးနဂါး၏ အငွေ့အသက် ပါဝင်သည်ဟု ကြားသောအခါ တပည့်များစွာမှာ အသက်ရှူမှားသွားကြသည်။
၎င်းမှာ နဂါးစစ်စစ်၏ သွေးမျိုးဆက် ဖြစ်သည်။ အလွန် သေးငယ်သော အမျှင်လေး တစ်မျှင်မျှ ဖြစ်နေသည့်တိုင် ၎င်းမှာ အံ့ဩစရာ ကောင်းနေဆဲ ဖြစ်သည်။
လော့ထျန်နှင့် ရန်ယွီကဲ့သို့သော သူများ၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။
ကုလော့ကဲ့သို့သော သူ၏ မျက်လုံးထဲတွင်ပင် ထူးဆန်းသော အရောင်အဝါတစ်ခု ထွက်ပေါ်လာသည်။
လီယာနှင့် အပေါင်းအဖော်များမှာမူ မနာလိုသော အကြည့်များဖြင့် ကြည့်နေကြပြီးနောက် သူတို့၏ မျက်နှာများမှာ ညှိုးငယ်သွားကာ ခေါင်းခါလိုက်ကြသည်။
ဒါ ဘယ်လို ကံကောင်းမှုမျိုးလဲ လော့ထျန်တို့ မရှိလျှင်ပင် သူတို့အတွက် သတ္တမအဆင့်အထိ ရောက်ရန်မှာ မဖြစ်နိုင်ပေ။ ကြားခံဝိညာဉ် သွေးမြွေကို ဖမ်းယူနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်သော အရာပင်။
အကယ်၍ လူတိုင်း မလုပ်နိုင်ပါက ကိစ္စမရှိသော်လည်း လော့ထျန်တို့မှာ သတ္တမအဆင့်နှင့် အောက်ဘက်အထိ ရောက်နိုင်ရန် အလွန် ဖြစ်နိုင်ခြေ ရှိနေသည်။
ထိုမမျှတမှုနှင့် ကွာခြားချက်မှာ ဤတပည့်များ၏ ရင်ထဲတွင် ခါးသီးသော ခံစားချက်ကို ဖြစ်ပေါ်စေတော့သည်။
အခန်း ၈၃၅ - အပြစ်အနာအဆာကင်းသော ခန္ဓာကိုယ်
"ကြားခံဝိညာဉ် သွေးမြွေ..."
ရန်ယွီ၏ မျက်လုံးများတွင် လိုချင်တပ်မက်မှုနှင့် လောဘအရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။
ယခင်က သူသည် ရှေးဉီးဖေးအရိုးကို ရယူရန် ပျက်ကွက်ခဲ့သည်။ ထို့ကြောင့် ယခုအခါတွင်မူ သူသည် ကြားခံဝိညာဉ် သွေးမြွေကို မည်သည့်တန်ဖိုးပေးရပါစေ ရရှိအောင် လုပ်ရမည်။
သို့သော် သူ၏ ရန်သူများမှာ ယီယွင်မှသည် လော့ထျန်နှင့် ကုလော့တို့အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဒါက အကွက်အဆင်ပြေလှသည်။ လော့ထျန်နှင့် ကုလော့တို့မှာ အစွမ်းအစအစစ်အမှန်ရှိသော နာမည်ကြီး ပြိုင်ဘက်များ ဖြစ်ကြသည်။ ထိုကဲ့သို့သော ရန်သူများနှင့် ယှဉ်ပြိုင်ရခြင်းက ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသည်။
ယီယွင်နှင့် မတူပေ... သူကတော့ ဘယ်ကမှန်းမသိသော လူသားကောင်လေးတစ်ယောက်သာ ဖြစ်သည်။ သူ့ကို အနိုင်ရခြင်းက မည်သည့်ဂုဏ်သိက္ခာမျှ မရရှိသော်လည်း ရှေးဉီးဖေးနန်းတော်မှာတုန်းကလို တစ်ခါ ရှုံးနိမ့်သွားလျှင်မူ...
ထိုခံစားချက်က အလွန်ပင် အရှက်ရစရာ ကောင်းလှသဖြင့် ကိုယ့်ကိုယ်ကိုယ် ချက်ချင်း သတ်သေချင်စိတ်ပင် ပေါက်သွားစေသည်။
ကြားခံဝိညာဉ် သွေးမြွေသည် ခေါင်းပြရုံသာ ပြပြီးနောက် လိပ်တက်နေသော မြူနက်များထဲသို့ ပြန်လည် ကူးခတ်သွားတော့သည်။
"ကဲ၊ စကြတော့"
ကန်းမန်က ခပ်အေးအေး ဆိုလိုက်သည်။
"ဟားဟား၊ ဒါဆိုရင် ကျွန်တော်ကပဲ စလိုက်တော့မယ်"
လော့ထျန်သည် သူ၏ နောက်မြီးကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီးနောက် သွေးနဂါးမြူနက်များထဲသို့ ခုန်ဆင်းသွားတော့သည်။
" မင်းတို့တစ်သိုက်က ဒီကို တစ်ရက်စောရောက်နေတာတောင် အများစုက ဒုတိယအဆင့်မှာပဲ ရှိနေကြသေးတာလား။ တကယ်ကို အားနည်းတဲ့ကောင်တွေပဲ"
လော့ထျန်သည် ဆင်းသွားသည့် ခဏမှာပင် သူ၏ လှောင်ပြောင်မှုကို အစွမ်းကုန် ထုတ်ပြလိုက်သည်။ ၎င်းကို ကြားသောအခါ မီးလျှံတိမ်တိုက်ပြည်နယ် တပည့်များမှာ မျက်နှာပျက်သွားကြသည်။
သို့သော် လော့ထျန်မှာ အမှန်တကယ်ပင် အစွမ်းထက်သည်ဟု ဆိုရပေမည်။
လော့ထျန်သည် မျောက်တစ်ကောင်ကဲ့သို့ ဖျတ်လတ်လှသည်။ သွေးနဂါးမြူနက်များမှ ထွက်ပေါ်လာသော ညစ်ညမ်းသည့် အရှိန်အဝါများမှာ သူ့ဆီသို့ တိုးဝင်လာသော်လည်း သူ၏ ရှည်လျားသော အမြီးကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ၎င်းတို့ကို အမြီးက အကုန်လုံး စုပ်ယူသွားခဲ့သည်။
၎င်းမှာ ကစားနေရသကဲ့သို့ပင် အလွန် လွယ်ကူလှသည်။
ဒါကတော့ ပထမနှင့် ဒုတိယအဆင့်မှာမို့လို့သာ ဖြစ်သည်။ လော့ထျန်ပင်လျှင် ပို၍ နက်ရှိုင်းသော နေရာများသို့ ဆင်းသွားပါက ဤမျှအထိ သက်တောင့်သက်သာ ရှိမည် မဟုတ်ပေ။
"ကုလော့ ရန်ယွီ" လော့ထျန်သည် သူ၏ အောက်တွင် ရှိနေသော ကုလော့နှင့် ရန်ယွီတို့ကို တစ်ချက် ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက အာရုံစိုက်လိုက်သော်လည်း ထို့နောက်တွင် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း အနည်းငယ် အံ့အားသင့်သွားသည်။
"ဘာလို့ ယီယွင်ကို မတွေ့ရတာလဲ"
လော့ထျန်သည် လေနက်ချိုင့်ဝှမ်းထဲသို့ တိုက်ခိုက်လိုစိတ် အပြည့်ဖြင့် ခုန်ဆင်းလာခြင်း ဖြစ်သော်လည်း ယီယွင်၏ အရိပ်အယောင်ကို မတွေ့ရပေ။
သို့သော် သူ၏ အာရုံခံစားမှုဖြင့် ရှာဖွေကြည့်သောအခါ ယီယွင်ကို ပထမအဆင့်တွင် တွေ့လိုက်ရသည်။ ထိုအချိန်တွင် ယီယွင်မှာ လိုဏ်ဂူတစ်ခုထဲ၌ ထိုင်နေသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ အရေပြားမှာ ကင်ထားသကဲ့သို့ ဖြစ်နေပြီး သူ၏ ကိုယ်တွင်း နက်ရှိုင်းသော နေရာမှ လေမှုတ်အိတ်တစ်ခုကဲ့သို့သော ဟိန်းဟောက်သံများ ထွက်ပေါ်နေသည်။
"ယီယွင် ဘာလုပ်နေတာလဲ"
လော့ထျန် ခဏမျှ မှင်တက်သွားသည်။
"အို ရှေးဉီးဖေးရဲ့ အရှိန်အဝါလား သူ့ရဲ့ အပ်စိုက်မှတ်တွေ အကုန်လုံးကို ပိတ်ထားတာလား" ယီယွင်၏ အခြေအနေမှာ ပုံမှန်မဟုတ်ကြောင်း လော့ထျန် သတိထားမိလိုက်သည်။
ယီယွင်သည် သူ၏ နားနှင့် နှလုံးသားရှိ အပ်စိုက်မှတ်များကိုပင် ပိတ်ထားသဖြင့် ပြင်ပကမ္ဘာမှ မည်သည့်အသံကိုမျှ မကြားနိုင်တော့ပေ။
"သူက... သူက ဒီနေရာမှာ ရှေးဉီးဖေးအရိုးကို စုပ်ယူဖို့ ကြိုးစားနေတာလား" လော့ထျန် အလွန်ပင် အံ့အားသင့်သွားသည်။
ယီယွင်က အူကြောင်ကြောင်နိုင်လှချည်လား။ လေနက်ချိုင့်ဝှမ်း စမ်းသပ်မှုက တစ်လပဲ ကြာတာ။ သူ၏ ကျင့်ကြံမှုအဆင့်ကလည်း အလွန် အားနည်းနေသေးတာကို ဤနေရာမှာ ရှေးဉီးဖေးအရိုးကို စုပ်ယူနေတယ် ဟုတ်လား။
"အံ့ဩစရာ ဘာရှိလို့လဲ။ လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်က အားနည်းတာပဲ။ ယီယွင်ရဲ့ အားကောင်းတဲ့ နိယာမသိမြင်မှုတွေက ဒီမှာ အသုံးမဝင်ဘူး။ သူ ပဉ္စမအဆင့်ကိုတောင် အောင်မှာ မဟုတ်ဘူး။
အကျိုးဆက်ကတော့ သူ လော့နတ်ဘုရားခန်းမ စမ်းသပ်ပွဲကို တက်ခွင့်ရမှာ မဟုတ်တော့ဘူးပေါ့" ရန်ယွီက လေနက်ချိုင့်ဝှမ်း၏ ပဉ္စမအဆင့်မှနေ၍ ခပ်အေးအေး ပြောလိုက်သည်။ သူ၏ အသံမှာ မြူနက်များကို ဖြတ်ကျော်၍ လူတိုင်း၏ နားထဲသို့ ရောက်သွားခဲ့သည်။
"အားနည်းတဲ့ သွေးမျိုးဆက်... လူသားတွေရဲ့ သွေးမျိုးဆက်က တကယ်ကို အားနည်းတာပဲ... ဒါပေမဲ့ လေနက်ချိုင့်ဝှမ်းကို အောင်ဖို့အတွက် ရှေးဉီးဖေးအရိုးကို အခုမှ ကမန်းကတန်း စုပ်ယူဖို့ ကြိုးစားတာကတော့ တကယ်ကို ကလေးကလားနိုင်လွန်းတယ်" လော့ထျန်သည် ယီယွင် ဘာကြောင့် ဤမျှ မိုက်မဲရသလဲဆိုသည်ကို နားမလည်နိုင်ပေ။ ဒါပေမဲ့ ကောင်းပါသည်။
ယခင်က သူသည် ယီယွင်၏ ခြေနင်းခြင်းကို ခံခဲ့ရသဖြင့် ရင်ထဲမှာ အစာမကြေဖြစ်နေခဲ့သည်။ ယခု ယီယွင် ကိုယ့်သင်္ချိုင်းကိုယ် တူးနေသည်ကို မြင်ရသောအခါ သူလည်း စိတ်ပေါ့ပါးသွားတော့သည်။
"နည်းလမ်း မရှိတော့လို့ အတင်းကြိုးစားနေတာပဲ။ ဒီလိုမှ မလုပ်ရင် သူ လော့နတ်ဘုရားခန်းမ စမ်းသပ်ပွဲကို မဝင်နိုင်တော့ဘူးလေ"
ရန်ယွီက ခပ်အေးအေးပင် ဆိုရင်း လော့ထျန်ကို တစ်ချက် ကြည့်လိုက်သည်။
"သူ့ကို ထားလိုက်စမ်းပါ၊ ငါက မင်းရဲ့ ပြိုင်ဘက်ပဲ"
ထိုသို့ ပြောလိုက်သည်နှင့် ရန်ယွီ၏ အရှိန်အဝါမှာ ပေါက်ကွဲထွက်သွားပြီး ပန်းကန်လုံးတစ်လုံးစာခန့် ထူသော မြူနက်မြွေတစ်ကောင်ကို သူ၏ သွေးစွမ်းအားပါသော လက်သီးဖြင့် ရိုက်ခွဲလိုက်သည်။ ထို့နောက် ၎င်းကို ချက်ချင်း ဝါးမျိုလိုက်တော့သည်။
"ဟားဟားဟား၊ ရန်ယွီ... မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ။ မင်းက ငါ့ရဲ့ ပြိုင်ဘက် ဖြစ်ထိုက်တယ်လို့ ထင်နေတာလား"
လော့ထျန်သည် ရုတ်တရက် အောက်သို့ တန်းစီဆင်းသွားတော့သည်။
တတိယအဆင့်၊ စတုတ္ထအဆင့်၊ ပဉ္စမအဆင့်
လော့ထျန်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ရန်ယွီရှိနေသော ပဉ္စမအဆင့်သို့ ရောက်သွားခဲ့သည်။
ရန်ယွီ၏ မျက်လုံးများက အာရုံစိုက်လိုက်ပြီး သူ၏ သွေးစွမ်းအားများ ပေါက်ကွဲထွက်လာသည်။
သူ၏ နိယာမသိမြင်မှုမှာ လော့ထျန်ထက် အားနည်းသော်လည်း လေနက်ချိုင့်ဝှမ်း၏ သွေးမျိုးဆက် စမ်းသပ်မှုမှာ သူ၏ အားသာချက် ဖြစ်သည်။ သူ ကြားခံဝိညာဉ် သွေးမြွေကို ရရှိအောင် လုပ်ရမည်။
"ရန်ယွီက ဆဋ္ဌမအဆင့်ကို သွားဖို့ ပြင်နေပြီ"
"လော့ထျန်က ရန်ယွီကို ဖိအားပေးလိုက်ပုံပဲ။ သူက ဆဋ္ဌမအဆင့်ကို အလျင်စလို ဆင်းဖို့ ကြိုးစားနေပြီ"
"မလောနဲ့ဦး။ ဆဋ္ဌမအဆင့်ကို ဆင်းဖို့က အဲလောက် မလွယ်ဘူး။ ရန်ယွီကို ကြည့်ပါဦး၊ သူက စမ်းသပ်ကြည့်နေရုံပဲ ရှိသေးတာ"
ရန်ယွီ ကိုယ်တိုင် မလှုပ်ရှားသေးသော်လည်း သူ၏ နောက်ကွယ်ရှိ ရန်ယီငါး ပုံရိပ်ယောင်မှာ ဆဋ္ဌမအဆင့်သို့ စတင် ကူးခတ်သွားတော့သည်။
သို့သော် ၎င်းသည် ဆဋ္ဌမအဆင့်သို့ ရောက်သည်နှင့် သိပ်သည်းသော မြူနက်များ တက်လာပြီး ၎င်းထဲတွင် လူပုံသဏ္ဍာန် အရိပ်တစ်ခု ပါရှိသည်။
ထိုလူပုံသဏ္ဍာန် အရိပ်သည် ဓားရှည်တစ်လက်ကို ကိုင်ထားပြီး ၎င်းကို ဝှေ့ယမ်းကာ ရှုထောင့်ပုံရိပ် ခုတ်ပိုင်းလိုက်သည်။
ရန်ယွီသည် ချက်ချင်းပင် ကြက်သီးဖြန်းဖြန်း ထသွားရပြီး ရန်ယီငါး ရှုထောင့်ပုံရိပ် အမြန် ရှောင်တိမ်းစေကာ အမြီးဖြင့် ထိုဓားကို ပြန်လည် ရိုက်ထုတ်လိုက်သည်။
ဗြုန်း...........
ကျယ်လောင်သော အသံနှင့်အတူ အရိပ်ဓားမှာ လွင့်ထွက်သွားသည်။ သို့သော် ရန်ယီငါးသည်လည်း ဆဋ္ဌမအဆင့်မှ နောက်သို့ ဆုတ်လာခဲ့ရသည်။ လူပုံသဏ္ဍာန် အရိပ်သည်လည်း မြူနက်များထဲသို့ ပြန်လည် ပျောက်ကွယ်သွားတော့သည်။
"အဲဒီ လူပုံသဏ္ဍာန် မြူနက်က အရင်တုန်းက စစ်သည်တစ်ယောက်ကို ဝါးမျိုခဲ့ဖူးတာလား။ သူ့မှာ အသိဉာဏ် အချို့ ရှိနေပုံပဲ၊ ကျင့်စဉ်တွေကိုတောင် သုံးနိုင်နေတာ"
ရန်ယွီ၏ မျက်နှာက တည်တင်းသွားသည်။ မျိုးဗီဇပြောင်း သွေးနဂါး၏ သွေးမှာ အလွန် ထူးဆန်းလှသည်။ မျိုးဗီဇပြောင်း သွေးနဂါးမှာ အစကတည်းက သက်ရှိ ထောင်ပေါင်းများစွာကို ဝါးမျိုခဲ့ခြင်း ဖြစ်ရာ ၎င်းချန်ထားခဲ့သော သွေးများက ဖေးမျိုးနွယ်ဝင် စစ်သည်များကို ဝါးမျိုကာ မိမိကိုယ်ကို သန်မာအောင် လုပ်ဆောင်ခြင်းမှာ သဘာဝကျလှသည်။
အခြားတပည့်များမှာ ဤမြင်ကွင်းကို မြင်သောအခါ တုန်လှုပ်သွားကြသည်။
မြူနက်များမှာ အစကတည်းက ကြောက်စရာ ကောင်းသည်။ အကယ်၍ ၎င်းသည် ဖေးမျိုးနွယ်၏ အသိဉာဏ်အချို့ကို အမွေဆက်ခံနိုင်ပါက ရင်ဆိုင်ရန် ပို၍ ခက်ခဲပေလိမ့်မည်။
မြူနက်များထဲတွင် လူပုံသဏ္ဍာန် အရိပ်များစွာ ဖုံးကွယ်နေသည်ကိုလည်း သူတို့ မြင်တွေ့ခဲ့ရသည်။ အကယ်၍ ရန်ယွီသာ ဆဋ္ဌမအဆင့်သို့ အမှန်တကယ် ဆင်းသွားပါက ချက်ချင်း ဝိုင်းရံတိုက်ခိုက်ခံရပေလိမ့်မည်။
အကယ်၍ ဆဋ္ဌမအဆင့်မှာပင် ဤမျှ ခက်ခဲပါက သတ္တမအဆင့်မှာ ပို၍ ကြောက်စရာ ကောင်းမည်မှာ အသေအချာပင်။
သို့သော် ပဉ္စမအဆင့်အောက်ရှိ အဆင့်များမှာ အစွမ်းထက်သော ထူးချွန်သူများအတွက်သာ ဖြစ်သည်။ သူတို့ကတော့ ပဉ္စမအဆင့်သို့ ရောက်ရန်သာ လိုအပ်သည်။
လူတိုင်း စတင် ကြိုးစားကြတော့သည်။ ရန်ယွီကဲ့သို့သော ထူးချွန်သူများနှင့် မယှဉ်နိုင်သော်လည်း အနည်းဆုံးတော့ အခြားသူများကို မရှုံးနိမ့်ချင်ကြပေ။
ချက်ချင်းပင် လူတိုင်းသည် မြူနက်များကို မဝါးမျိုမီ မြူနက်ဖေးများကို တိုက်ခိုက်ရန် အစွမ်းကုန် ကြိုးစားကြတော့သည်။ ကျန်ရှိသော ဖီးနစ်ပြည်နယ် တပည့်များလည်း ပထမအဆင့်မှ စတင်ခဲ့ကြသည်။
ဤမြင်ကွင်းများ ဖြစ်ပျက်နေစဉ် လိုဏ်ဂူထဲတွင် ရှိနေဆဲဖြစ်သော ယီယွင်မှာမူ ကွဲပြားသော မြင်ကွင်းတစ်ခုကို ကြုံတွေ့နေရသည်။
ရှူး... ရှူး...
ယီယွင်၏ မျက်ခုံးအစပ်မှာ မြင့်တက်လာပြီး အပ်စိုက်မှတ်တိုင်းနှင့် ရာသီလမ်းကြောင်းတိုင်းတွင် စွမ်းအင်များ ပြည့်နှက်နေသည်။
စွမ်းအင်များမှာ ပြင်းထန်သော်လည်း ခရမ်းရောင်သလင်းကျောက်၏ အကူအညီဖြင့် ယီယွင်သည် ထိုစွမ်းအင်များကို ခန္ဓာကိုယ်၏ အသေးငယ်ဆုံးသော နေရာအနှံ့အပြားသို့ ညီမျှစွာ ခွဲဝေပေးနိုင်ခဲ့သည်။ သူသည် သူ၏ ဆဲလ်တိုင်းကို စွမ်းအင်များဖြင့် ဝန်းရံထားပြီး မည်သည့်ယိုစိမ့်မှုမျှ မရှိစေရန် ကာကွယ်ထားသည်။
ပုံမှန်အားဖြင့် လူသားများ၊ ဖေးမျိုးနွယ်ဝင်များပင်လျှင် ခန္ဓာကိုယ် ကျင့်ကြံရာတွင် အမြဲတမ်း ယိုစိမ့်မှုများ ရှိတတ်သည်။ အချို့သော ကြွက်သားများနှင့် သွေးကြောများကို ကျင့်ကြံရန် ခက်ခဲလှသဖြင့် အကောင်းဆုံး ကျင့်စဉ်များပင်လျှင် ယိုစိမ့်မှုများ ရှိတတ်သည်။
ထိုယိုစိမ့်မှု ဖြစ်သော နေရာများသည် နောင်တွင် စစ်သည်၏ အားနည်းချက်များ ဖြစ်လာတတ်သည်။ သူတို့၏ အစွမ်းမှာ နောက်ထပ် အဆင့်တစ်ခုသို့ ရောက်ရှိလာသည်နှင့်အမျှ ထိုနေရာများသည် အဟန့်အတားများ ဖြစ်လာကာ တိုးတက်မှုကို ပိတ်ဆို့စေတတ်သည်။
ယခုမူ ခရမ်းရောင်သလင်းကျောက်နှင့် ရှေးဉီးဖေးအရိုးကို အမှီပြု၍ ယီယွင်သည် သူ၏ ခန္ဓာကိုယ်၏ အသေးငယ်ဆုံး အစိတ်အပိုင်းတိုင်းကို မသိမသာ ကျင့်ကြံနေခြင်း ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ယီယွင်သည် အပြစ်အနာအဆာကင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်လာပေလိမ့်မည်။ အမှန်တကယ်တော့ သူသည် အစပျိုးရုံသာ ရှိသေးပြီး သွားရမည့် လမ်းမှာ အဝေးကြီး ကျန်သေးသည်။
သူသည် အသက်ရှူသွင်း ရှူထုတ်လုပ်နေစဉ် ယီယွင်သည် ကောင်းကင်နှင့် မြေကြီးနှင့် တစ်သားတည်း ဖြစ်သွားပုံရသည်။
သူ၏ အသား၊ သွေး၊ ရာသီလမ်းကြောင်းများနှင့် အင်္ဂါအစိတ်အပိုင်းများမှာ အကြိမ်ကြိမ် အရိုက်ခံနေရသော သံတုံးတစ်တုံးကဲ့သို့ပင်။ ၎င်းမှာ ပြင်းထန်စွာ ကျင့်ကြံခံနေရသဖြင့် နီရဲတောက်နေသော အရောင်အထိ အပူပေးခံထားရသည်။
ဤကျင့်ကြံခြင်း လုပ်ငန်းစဉ်အတွင်း အညစ်အကြေးများမှာ ဖယ်ရှားခြင်း ခံရပြီး ပိုမို ကြည်လင်ကာ ခိုင်မာသော အစိတ်အပိုင်းများသာ ကျန်ရစ်တော့သည်။