← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

Chapter 23: မန္တန်ရွေးချယ်ခြင်း။

“ဒီအဖြေက ... ငါရှင်းပြတာထက်တောင် ပိုကောင်းနေသေးတယ်။”

ကျူးကောကျန့် တိတ်တိတ်လေးရေရွတ်လိုက်၏။

“ဒီအဖြေတွေက ငါသင်လိုက်တာကိုအခြေခံပြီး သေချာထပ်ချဲ့ရှင်းထားတာ။ ငါတောင် ဒီနိယာမတွေကို နားလည်ပေမဲ့ ဒီလောက်ထိတော့ ရှင်းအောင် မပြောနိုင်ဘူး။”

သူ့အကြည့်ကို စာရွက်ပေါ်မှရုတ်သိမ်းလိုက်ပြီး အခန်းကိုဝေ့ကြည့်လိုက်လျက် လူတစ်ဦးအပေါ်အကြည့်စိုက်သွား၏၊ ထိုသူက ခေါင်းကိုအနည်းငယ်ငုံ့ထားလျက် ဘာမှထူးထူးခြားခြားလုပ်နေဟန် မပေါ်။ သူ ဤတပည့်ကို ထူးထူးခြားခြားမှတ်မိမနေပေရာ ချက်ချင်း ကျမ်းဂန်ခန်းမ၏အပြင်တွင်ရှိနေသော အစေခံတပည့်ထံ အချက်အလက်များစုံစမ်းရန် တိတ်တဆိတ်အသံလွှင့်လိုက်သည်။ ထိုမှတဆင့် သူ အနှီလူ၏အမည်က စုယွမ်ဖြစ်ကြောင်း သိလိုက်ရ၏။

ထို့နောက် ကျူးကောကျန့်လည်း အပြုံးတစ်ခုဖြင့် လူတိုင်းကိုပြောလိုက်သည်။

“ငါတော်တော်လေး အားရတယ်။ တပည့်ငါးယောက်က မေးခွန်းအကုန်မှန်ခဲ့တယ်၊ ယဲ့ပိဖန်၊ လျှိုမူဝမ်၊ ကျန့်ဟယ်၊ လျှိုမြောင်ဝမ်နဲ့ ... စုယွမ်တို့ပဲ။”

ကျူးကောကျန့်က စုယွမ်ဟူသောနောက်ဆုံးအမည်ကို မပြောခင် ခဏရပ်တန့်လိုက်သေးသည်။

တပည့်များက အစတွင်တော့ အာရုံသိပ်မစိုက်ကြပေ။ ယဲ့ပိဖန်နှင့် လျှိုမူဝမ်က အစကတည်းက ထိပ်ဆုံးအဆင့်တွေဖြစ်ကြပြီး ကျန့်ဟယ်နှင့် လျှိုမြောင်ဝမ်ကလည်း အဆင့်မြင့်ဝိညာဉ်ရင်းမြစ်ပိုင်ရှင်များသာ ဖြစ်ကြရာ ထိုသူတို့အားလုံးမှာ အနေအထားတစ်ခုအထိ ကြားဖူးနားဝရှိကာ ကျော်ကြားပြီးသားပင်။

သို့သော် စုယွမ်၏အမည်ထွက်လာတော့ လူတိုင်း၏မျက်နှာတွင် ရှုပ်ထွေးမှုများပြည့်သွားရ၏။

ဒါဘယ်သူလဲဟ။

ဘာလို့ ဒီနာမည်က ရင်းနှီးနေတာလဲ။

လူစုက တီးတိုးပြောလျက် ထောင့်တွင်ထိုင်နေသော စုယွမ်ဆီ အကြည့်များရောက်လာကြသည်။

“ဒါက အဆင့်နိမ့်ဝိညာဥ်ရင်းမြစ်ရှိပေမဲ့ ဝိညာဉ်သွေးကြော၂ခုတည်ဆောက်နိုင်ခဲ့တဲ့တစ်ယောက် မဟုတ်လား။ သူ့နာမည်က စုယွမ်ပဲလေ။”

“ဟုတ်တယ်၊ သူပဲ။ ကြားဖူးနေတာ မဆန်းတော့ပါဘူး။”

“သူ တကယ်ကြီး ငါးခုလုံးကိုမှန်သွားတာလား။ အံ့သြစရာပဲ။”

“သေချာပြန်တွေးကြည့်လိုက်ရင် မထူးဆန်းတော့ပါဘူး။ သူ့မှာ အဆင့်နိမ့်ဝိညာဥ်ရင်းမြစ်ရှိပေမဲ့ သွေးကြော၂ခုတောင် တည်ဆောက်နိုင်ခဲ့သေးတာပဲ။ အဲ့ဒီကတည်းက သူ့ရဲ့နားလည်နိုင်စွမ်းက ခပ်ပေါပေါမဟုတ်ဘူးဆိုတာ သိသာနေတာပဲလေ။”

“ဟုတ်သား။ အဲ့ဒါဆို ဒါကရော ပါရမီတစ်မျိုးပဲလား။”

တပည့်များက စုယွမ်၏ရလဒ်အကြောင်း ပြန်ပြောနေကြ၏။ ဤအချင်းအရာမှာ မနေ့ကတင်ဖြစ်ပျက်ခဲ့သည်ဖြစ်ရာ သူတို့ နည်းနည်းတွေးလိုက်ရုံနှင့် မှတ်မိနေသေးသည်။ လက်ရှိအခြေအနေအရဆိုလျှင် လူတိုင်းက စုယွမ်၏ဝိညာဉ်အရင်းအမြစ်မှာ သာမန်သာဖြစ်သော်ငြား နားလည်နိုင်စွမ်းကတော့ မခေလှကြောင်း သတ်မှတ်လိုက်ကြသည်။

ယဲ့ပိဖန်၏မျက်ဝန်းထဲ အံ့ဩမှုတစ်ရပ်ဖြတ်ပြေးသွား၏။ ဤနာမည်၊ စုယွမ်ဟူသော နာမည်မှာ သူ့နားထဲ ထပ်ကြားရလာပြန်ပြီ။ ထို့အပြင် ယင်းနာမည်က သူနှင့်တစ်တန်းတည်းတောင် ဖြစ်နေသေးသည်။ ဤအချင်းအရာက သူ စုယွမ်ကို နည်းနည်းလောက်လှည့်ကြည့်မိစေသည်၊ သို့သော် ထိုထက်ဘာမှမပို။

လျှိုမူဝမ်လည်း အတွေးနက်နေသည်။ သူမ ဂိုဏ်းတူအစ်ကိုကျုးကောကျန့်က နောက်ဆုံးစာရွက်၌ အနည်းငယ်ရပ်၍ မျက်မှောင်ကြုတ်သွားကြောင်း မြင်လိုက်သည်။

အဲ့ဒီစာရွက်က ဂိုဏ်းတူအစ်ကိုကျူးကောကျန့်ကိုတောင် တွေဝေသွားစေတာလား။ ဘယ်သူ့စာရွက်များလဲ။

လျှိုမူဝမ်ကတော့ ယင်းကို စုယွမ်ဖြစ်ရမည်ဟုသာ သတ်မှတ်၏၊ အကြောင်းအရင်းကတော့ ဂိုဏ်းတူအစ်ကိုကျူးကောကျန့်က နာမည်များကို အစဥ်လိုက်ပြောလာတာဖြစ်နိုင်သောကြောင့်ပင်။

ကျူးကောကျန့်ကတော့ ဆွေးနွေးနေသံများကို ဂရုမစိုက်ပါချေ၊ ဆက်လက်သာ ပြောလာ၏။

“ငါမင်းတို့ကို ဆုအဖြစ် ကျမ်းဂန်နန်းဆောင်မှာ မန္တန်တစ်ခုကို အလကားရွေးချယ်ခွင့်ကိုပေးမယ်။ ဒါပေမဲ့လည်း အကြံပေးချင်တာကတော့ ဒီမသေမျိုးမျိုးစေ့တောင်ကြားထဲမှာ အခြားအရာတွေထက် ကျင်ကြံဆင့်ကို ပိုအလေးထားဖို့ပြောချင်တယ်။ ဝမရှိဘဲ ဝိမလုပ်နဲ့ပေါ့။ မန္တန်ဘာညာဆိုတာ မင်းတို့ တရားဝင်ဂိုဏ်းထဲဝင်မှ ကျင့်လည်းအဆင်ပြေတာမို့။”

တပည့်များက စုယွမ်ကို ကွက်ကြည့်ကွက်ကြည့်လုပ်လာကြသည်။ ကျန်လူလေးယောက်က အတွင်းဆောင်ကိုဝင်ရန် သေချာသောကြောင့် ဤစီနီယာအစ်ကိုမှာ သိသိသာသာကို စုယွမ်ကို သတိပေးနေသည်သာ။

“ကောင်းပြီ။ စစ်ဆေးတာပြီးသွားပြီ။ အခု သေချာနားထောင်တော့။ ဒီတစ်ခေါက်သင်ခန်းစာမှာ ချီစွမ်းအင်ဖိသိပ်ခြင်းနဲ့ ချီစွမ်းအင်နဲ့အမြူတေကိို ပေါင်းစပ်နည်းကိုပြောမယ် ... “

ကျူးကောကျန့်၏အသံက ဖြေးညင်းစွာ ပျံ့လွှင့်လာသည်။ ခန်းမတစ်ခုလုံးချက်ချင်းတိတ်ကျသွားလျက်၊ လူတိုင်းက စောစောကအဖြစ်အပျက်ကို စိတ်ထဲတွင်သာသိမ်းထားလိုက်ပြီး သင်ခန်းစာကိုသာ သေချာနားထောင်တော့၏။

စုယွမ် သူ၏ခေါင်းကိုနည်းနည်းမြှောက်ကာ မေးစေ့ကိုကုတ်လိုက်သည်။ ထို့နောက် သူ စနစ်မြည်သံကို ကြားလိုက်ရပါ၏။

【ဒင်၊ ကျော်ကြားမှုအမှတ်+ 1】

【ဒင်၊ ကျော်ကြားမှုအမှတ် + 2】

【ဒင်၊ ကျော်ကြားမှုအမှတ် + 3】

【ဒင်၊ ကျော်ကြားမှုအမှတ် + 4】

【ဒင်၊ ကျော်ကြားမှုအမှတ်+ 5】

【ဒင်၊ ကျော်ကြားမှုအမှတ် + 10】

အသိပေးသံ၇ခုက ဆက်တိုက်ထွက်ပေါ်လာရာ စုယွမ်ကို အံ့သြသွားစေသည်။

ဤတစ်ကြိမ်တွင် သူ၏ကျော်ကြားမှုအမှတ်မှာ ယခင်ကထက် တိုးမြင့်မှုပိုမြန်လာပြန်ပြီ။

တစ်ခါတည်းနှင့် ၂၅မှတ်ရသွားခြင်းပေ။

မူလရှိသည့် ၂၄မှတ်နှင့်ဆိုပါက စုစုပေါင်း ၄၉မှတ်တောင်ဖြစ်သွားချေပြီ။

သူ၏ကျော်ကြားမှုအမှတ်မှာ ထက်ဝက်ချိုးသွားချေပြီ။

၁၀မှတ်တန်အမှတ်က ကျူးကောကျန့်ဆီကလာတာဖြစ်ရမည်၊ သို့သော် ကျူးကောကျန့်၏ကျင့်ကြံဆင့်မှာ ချီစုဆောင်းခြင်းအဆင့်ကိုးသာရှိသေး၏။ ယင်းမှာ သေချာပေါက် တောင်သခင်ထက် နိမ့်မှာပင်။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် တောင်သခင်ထံမှရသည့်အမှတ်ထက် ပိုများနေရနည်း။

စုယွမ်လည်း မတွေးတတ်တော့၊ သို့သော် ယင်းမှာ သိပ်တော့ အရေးမကြီးလှပါချေ။

အရေးကြီးသည်မှာ သူက မန္တန်တစ်ခုကို ရွေးချယ်ခွင့်ရသွားခြင်းပေ။

ဤသည်မှာ သူ့ကို အလွန်စိတ်လှုပ်ရှားစေ၏၊ သူ မန္တန်သွားရွေးဖို့ မစောင့်နိုင်တော့ပါပေ။ သူ ဘယ်လိုအမျိုးအစားမန္တန်ကို ရွေးချယ်မလဲဆိုတာကိုတောင် တွေးနေမိပြီးပင်။

သင်ခန်းစာအတွင်းတွင် ကျူးကောကျန့်က မကြာခဏ စုယွမ်ဘက်ကို လှည့်ကြည့်မိသည်။ သို့သော် သူ စုယွမ်ကို ကြည့်လိုက်ချိန်တိုင်း စုယွမ်က စိတ်လွှင့်နေသည့်ပုံဖြစ်နေရာ သူ့စိတ်ထဲ သံသယတစ်ခု ဝင်ရောက်လာတော့၏။ သူရဲ့သင်ခန်းစာက မကောင်းလို့လား။ ဒါမှမဟုတ် သူက သင်ပြီးသားဖြစ်နေလို့လား။

သူ ယဲ့ပိဖန်နှင့် လျှိုမူဝမ်က တတ်တတ်ကြွကြွကို နားထောင်နေတာတွေ့ပါ၏၊ သို့ဆိုလျှင် စုယွမ်ကတော့ ဘာကြောင့်များ ထိုသို့ပြုမူနေပါသနည်း။

ကျူးကောကျန့်၏စုယွမ်အပေါ် ကနေဦးအထင်ကြီးမှု တစ်ဖြည်းဖြည်းလျော့ကျသွားရပြီး စူးစမ်းလိုစိတ်ကလည်း ချက်ချင်းလွှင့်ပြယ်သွားရတော့၏။

သင်ခန်းစာမှာ တစ်နာရီခွဲကြာမြင့်ခဲ့၏။

စုယွမ်လည်း လူစုနှင့်အတူ ထွက်လာခဲ့လိုက်သည်။

သူလည်း ကျမ်းဂန်နန်းဆောင်ဆီသို့ လျှောက်သွားလိုက်သည်။

လူစုက နည်းပါးသွားသည်နှင့် စုယွမ်လည်း သူ၏အရှေ့တွင် သူနှင့် လားရာတူတူကို သွားနေသောတပည့်လေးဦးရှိသည်ကိုတွေ့လိုက်ရသည်။

ယဲ့ပိဖန်၊ လျှိုမူဝမ်၊ ကျန့်ဟယ်နှင့် လျှိုမြောင်ဝမ်တို့ပင်။

ဤလူလေးယောက်မှာ သူ့ကဲ့သို့ မန္တန်တစ်ခုရွေးချယ်ခွင့်ရရှိသောလူများပင် ဖြစ်၏။

Chapter 24

ကျမ်းဂန်နန်းဆောင်က ကျမ်းဂန်ခန်းမနှင့် သိပ်၍မဝေးပေ။ ယဲ့ပိဖန်နှင့်အခြားသူများသွားရာ စုယွမ်လည်း အနောက်မှကပ်လိုက်လာခဲ့သည်။

ကြည့်ရသည်မှာ ကျမ်းဂန်နန်းဆောင်ရှိအစောင့်မှာ ခဏလေးကမှထွက်သွားသည့်ပုံပေ၊ သူတို့အားလုံးက ရှေ့တွင်ရပ်စောင့်နေကြ၏။

အကျိုးဆက်အားဖြင့် စုယွမ်၏ရောက်ရှိလာမှုက ကျန်လေးယောက်၏အကြည့်များကို ဆွဲဆောင်မိတော့သည်။

စုယွမ်လည်း အတိတ်ကိုသတိတစ်ချက်ပြန်ရသွားရ၏၊ သူ့ပုံစံမှာ ထိပ်တန်းကျောင်းသားများကြားရောက်နေသော စာညံ့သည့်ကျောင်းသားအတိုင်းဖြစ်နေရာ အနည်းငယ် မသက်မသာဖြစ်လာရတော့၏။

ကျန့်ဟယ်က ပျော်ရွှင်စွာ ပြုံးရွှင်နေပြီး လျှိုမြောင်ဝမ်က တည်တန့်နေသည်။ ယဲ့ပိဖန်ကတော့ ရေကဲ့သို့တည်ငြိမ်နေလျက်၊ လျှိုမူဝမ်သည်ကား နူံးညံ့သောအပြုံးတစ်ခု ချိတ်ဆွဲထားသည်။

လေးယောက်လုံးမှာ အမူအရာအမျိုးမျိုးချိတ်ဆွဲထားကြသော်ငြား တစ်ယောက်မှ စကားပြောရန်ရည်ရွယ်ချက်ရှိပုံမပေါ်ပေ။

စုယွမ်လည်း နှုတ်ဆက်သည့်အနေဖြင့် အပြုံးဖွဖွလေးပြုံးပြလိုက်သည်။

ကျမ်းဂန်နန်းဆောင်၏တံခါးမှာ ပွင့်ဟလာ၏။

လူအိုကြီးတစ်ဦးမှာ လမ်းလျှောက်ထွက်လာသည်။

သူက အပြုံးတစ်ခုနှင့်ဆိုလာ၏။

"မင်းတို့ကို ကျူးကောကျန့်လွှတ်လိုက်တာမလား။ အတည်ပြုဖို့ တပည့်ကတ်ပြားတွေပြကြ။"

"ဟုတ်ကဲ့ပါ၊ အကြီးအကဲ။"

ယဲ့ပိဖန်သည်ကား ပထမဆုံး သူ၏တပည့်ကတ်ပြားကို ထုတ်လိုက်သူ ဖြစ်သည်။

"မဆိုးဘူး။"

လူအိုကြီးက ကတ်ပြားပေါ်ရှိ ၁ ဟူသောစာလုံးကို မြင်တော့ ကြင်နာစွာ ပြုံးပြလာသည်။

ဒုတိယအနေဖြင့် လျှိုမူဝမ်၏ကတ်ပေါ်တွင် ၂ဟူရေးထွင်းထားသည်။

သူမနောက်ရှိ ကျန့်ဟယ်နှင့် လျှိုမြောင်ဝမ်တို့တွင်မူ ၃နှင့် ၄ဟူ၍ အသီးသီးရေးထိုးထားပေသည်။

လူအိုကြီးလည်း စုယွမ်အလှည့်ရောက်လာတော့ တစ်ခဏမျှအေးခဲသွားတော့သည်။

သူ မျှော်လင့်ထားသော ၅ဟူသော စာလုံးရှိမနေ၊ ထိုအစား ၂၉၉ ဟူသော စာလုံးကသာ နေရာယူထားရာ လူအိုကြီး၏အမူအရာမှာ ထူးဆန်းသွားတော့၏။ သူလည်း ကတ်ပြားကို ဟိုဖက်ဒီဖတ်လှန်ကြည့်ကာ သူသိရှိထားသည့်အမည်နှင့်ကိုက်ညီကြောင်း အတည်ပြုပြီးမှ ပြန်ပေးလိုက်သည်။

"ကျစ်၊ကျစ်။ စုယွမ်မလား။ ဒီလူအိုကြီးကတော့ ဒီနေ့ တကယ်တော့ ကိစ္စကြီးကို မြင်ရတာပဲ။"

【ဒင်၊ ကျော်ကြားမှုအမှတ်+ 5】

စုယွမ်လည်း ကြောင်အသွားပြီး မြန်မြန်ပြန်ပြောလိုက်သည်။

"စုယွမ် အကြီးအကဲကို ဂါဝရပြုပါတယ်။"

"ဟုတ်ပြီ။ အထဲဝင်ကြတော့။ မင်းတို့တွေ မန္တန်တစ်ခုစီကိုရွေးနိုင်တယ်။ ကျင့်ကြံဆင့်တွေဘာတွေကန့်သတ်မထားဘူး။ မင်းတို့ရွေးပြီးတာနဲ့ ငါ့ဆီသာ စာရင်းမှတ်ဖို့ လာပြကြ။"

"ဟုတ်ကဲ့ပါ။"

ငါးယောက်လုံးဦးညွတ်ကာ ကျမ်းဂန်နန်းဆောင်အတွင်းသို့ ဝင်သွားလိုက်ကြသည်။

ယဲ့ပိဖန်က သေချာစွာ ဆုံးဖြတ်ထားပြီးသားပင်၊ ထို့အတွက် သူက အထဲသို့ တည့်တည့်မတ်မတ်ပင် ဝင်ရောက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။

လျှိုမူဝမ်ကလည်း တစ်ခဏအတွင်းပျောက်ကွယ်သွားလျက်၊ သူမဘယ်ရောက်သွားလဲ မသိရပါချေ။

လျှိုမြောင်ဝမ်ကတော့ နံရံတစ်ခုစီသွားကာ လေ့လာကြည့်နေသည်။

ကျန့်ဟယ်က နေရာတွင်သာရှိသေးပြီး စုယွမ်နှင့် ရယ်ရယ်မောမောစကားပြောလာသည်။

"ဂိုဏ်းတူညီလေး စုယွမ်၊ မင်းက တကယ်အထင်ကြီးစရာကောင်းတာပဲ။"

ကျန့်ဟယ်က ပြုံး၍ ဆိုလာသည်။

"ဂိုဏ်းတူအစ်ကိုကျန့်က နောက်နေပြန်ပြီ။ မင်းကမှ တကယ်အထင်ကြီးစရာကောင်းတာပါ။"

စုယွမ်လည်း ပြုံး၍ပြန်ပြောလိုက်သည်။

"ငါ့မှာက အမြင့်တန်းသီးခြားဝိညာဥ်ရင်းမြစ်ဆိုတဲ့ အားသာချက်ပဲရှိတာပါကွာ။ အရမ်းကြီးမဟုတ်ပါဘူး။"

ကျန့်ဟယ်က ခပ်ရေးရေးပြုံးလာသည်။

"ဂိုဏ်းတူညီလေးကတော့ မတူဘူး။ အနိမ့်စားဝိညာဥ်ရင်းမြစ်ရှိပေမဲ့ နားလည်နိုင်စွမ်းက အလန်းစားပဲ။ မင်းရဲ့ပါရမီကလည်း ငါ့အောက်လျော့မနေပါဘူး။"

"ဂိုဏ်းတူအစ်ကို တကယ်ကို မြောက်ပင့်နေပါပြီ။"

"ငါ လျှောက်မြောက်နေတာ မဟုတ်ပါဘူး။"

ကျန့်ဟယ်လည်း ဤအကြောင်းကို ဆက်မပြောဘဲ ပြောင်းပြောလာသည်။

"မင်းလို ဥာဏ်ကြီးရှင်တစ်ယောက်အနေနဲ့က သာမန်မန္တန်ကိုရွေးတာက အဆင်ပြေမဘူး။ ငါမင်းကို ထူးခြားတဲ့မန္တန်တစ်ခုအကြောင်းပြောပြမယ်။"

"ဘာမန္တန်လဲ။"

စုယွမ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ သူ့တွင် မန္တန်အတွက်အထူးတလည်ဆုံးဖြတ်ထားတာမရှိရာ ကျန့်ဟယ်ညွှန်းဆိုပေးမည်ကို စိတ်ဝင်စားသွားရသည်။

"ဆန်းကြယ်စစ်မှန်ကျင့်စဥ်လို့ခေါ်တယ်။ အဲ့ဒါကိုသာ ကျွမ်းသွားရင် မင်းဝိညာဉ်စွမ်းအင်ကို တကယ့်နက်နဲတဲ့ချီစွမ်းအင်အဖြစ် ပြောင်းလို့ရသွားပြီ။ အဲ့ဒီလိုသာဆိုရင် မင်းရဲ့ချီစုဆောင်းတာကပိုအဆင်ပြေလာနိုင်တယ်။ အဲ့ဒါအပြင် သူက တိုက်ခိုက်တာ၊ ခုခံတာနဲ့ အမြန်နှုန်းအတွက်လည်း အားသားချက်တွေရှိသေးတယ်။ အထူးသဖြင့် သူက ကျင့်ကြံဆင့်မြင့်ဖို့ကို အားပေးယ်။ မင်းသာ ပိုနားလည်လေလေ၊ ကိုယ့်ကျင့်ကြံဆင့်မြင့်ဖို့ ပိုလွယ်သွားလေပဲ။"

မန္တန်အညွှန်းများကို ဖတ်နေသော လျှိုမြောင်ဝမ်က မျက်ခုံးပင့်သွားသည်။ သူ၏မျက်ဝန်းထဲ အထင်သေးမှုတစ်ရပ် ဖြတ်ပြေးသွားရ၏။ သူ စုယွမ်ကို အထင်သေးနေရခြင်းမဟုတ်ပါချေ၊ ထိုအစား ကျန့်ဟယ်ကို အထင်သေးသွားရခြင်းဖြစ်၏။

သူ ဆန်းကြယ်စစ်မှန်ကျင့်စဥ်အကြောင်း သိပေ၏။ ယင်းကျင့်စဥ်သည်ကား ဝင်ခွင့်အဆင့်ရောက်ရန်တောင် အလွန်ခက်ခဲ၏။ အဆင့်မြင့်ဝိညာဉ်ရင်းမြစ်ပိုင်ရှင်များတောင်မှ မရွေးချယ်မီ များစွာစဥ်းစားရသည်။ အကယ်၍ ယင်းကိုအဆင့်မြင့်မြင့်ထိ ကျွမ်းကျင်အောင် မကျင့်ကြံနိုင်ပါက အချိန်ဖြုန်းခြင်းသာ ဖြစ်သွားပေမည်။ အခက်အခဲဆုံးအပိုင်းမှာလည်း ကျွမ်းကျင်အောင်ကျင့်ကြံရန် ခက်ခဲခြင်းပေ။

ခန္ဓာကိုယ်ထဲဝိညာဉ်စွမ်းအင်ကို နက်နဲပကတိချီစွမ်းအင်အဖြစ်ကူးပြောင်းနိုင်လိမ့်မည်။ ကျန့်ဟယ်ပြောခဲ့သော အကျိုးကျေးဇူးများက တကယ်ရှိသည်၊ သို့သော် ယင်းအတွက်လိုအပ်သော ဝိညာဉ်စွမ်းအင်ကား အလွန်များ၏။ နက်နဲပကတိချီစွမ်းအင်အဖြစ်ကူးပြောင်းပြီးနောက်တွင်လည်း ဤမျှတင်မပြီးသေး၊ များစွာသော ဝိညာဉ်စွမ်းအင်တို့ထပ်လိုလာမည်သာ။ ယင်းမန္တန်က ကျင့်ကြံဆင့်ကို တိုးမြင့်ပေးလျှင်တောင်မှ အနိမ့်တန်းဝိညာဥ်ရင်းမြစ်ပိုင်ရှင်တစ်ဦးက ဘဝတစ်သက်တာတွင် ချီစုဆောင်းခြင်းအဆင့်ထက် ကျော်လွန်နိုင်ခဲ့သည်မျိုး မရှိဖူးပေ။

ပြောရလျှင် ဤသည်မှာ ထောင်ချောက်သာဖြစ်ပေသည်။

လျှိုမြောင်ဝမ် ကျန့်ဟယ်ကို တော်တော်လေးအထင်သေးသွားရ၏။

ဤလူမှာ ကြည့်လိုက်လျှင်တော့ ဖော်ရွေနွေးထေးပုံနှင့် အတွင်းတွင် အကောက်ကြံနေခြင်းသာ။

စုယွမ်လည်း ဤသည်ကို ကြားတော့ တော်တော်လေးစိတ်လှုပ်ရှားသွား၏။

"အဲ့ဒီလောက်ကောင်းတာရှိသေးတယ်လား။"

"ဒါပေါ့။ မင်း ၉၉တန်းမြောက်ရဲ့နောက်ဆုံးစင်ကိုသွားကြည့်လိုက်။ အဲ့ဒီမှာပြောထားတဲ့အညွှန်းက ငါပြောတာနဲ့တထပ်တည်းပဲ။ ဒါပေမဲ့ ငါမင်းကိုသတိပေးချင်တာက အဲ့ဒီမန္တန်က ဝင်ခွင့်အဆင့်ရောက်အောင်တောင် ကျင့်ဖို့ကတော့တော်လေးခက်တာ။ မင်းတကယ်လိုချင်တယ်ဆို သေချာစဥ်းစားမှဖြစ်မယ်။"

"ဟုတ်လား။ ပြောပြပေးတာ ကျေးဇူးပါပဲ၊ ဂိုဏ်းတူအစ်ကိုကျန့်။"

စုယွမ်လည်း အပြုံးတစ်ပွင့်ဖြင့် ပြန်ပြောလိုက်သည်။

ကျန့်ဟယ်က ကြင်နာသည့်ပုံဖြင့်သာ ခေါင်းညိတ်လျက်၊ ထို့နောက် အထဲသို့ဝင်ရောက်သွားပြီး မြင်ကွင်းမှပျောက်ကွယ်သွားတော့သည်။

စုယွမ်လည်း နံရံများထက်က မန္တန်များကို တစ်ခုပြီးတစ်ခုကြည့်နေသည်။

အချို့က တိုက်ခိုက်ရေးမန္တန်၊ အချို့က ခုခံရေးမန္တန်နှင့် အမြန်နှုန်းမြင့်မန္တန်များအပြင် အမျိုးမျိုးသော မန္တန်ပေါင်းစုံရှိပေသည်။ သို့သော် ဤမန္တန်များက လုပ်ဆောင်ချက်တစ်ခုတည်းသာရှိလေရာ စုယွမ်မှာ တစ်ခုပြတ်ပြတ်သားသားရွေးရန်အတွက် တွေဝေနေမိသည်။

ဤသို့ဖြင့် သူ ကျန့်ဟယ်ပြောလိုက်သော နေရာသို့ရောက်ရှိလာသည်။

သူ ဆန်းကြယ်စစ်မှန်ကျင့်စဥ်ဆိုတာကို မြင်လိုက်ရ၏။

ယင်းကျင့်စဥ်ကား အခြားမန္တန်တို့နှင့်မတူသည်က အရေအတွက်တစ်ခုသာရှိနေခြင်းဖြစ်သည်။

【ဒီမန္တန်တွင် တိုက်ခံ၊ခုခံ၊ အမြန်နှုန်းနှင့် ကိုယ်ခံအား အစရှိသဖြင့် အသုံးများစွာဝင်၏။ ဝိညာဉ်စွမ်းအင်ကို နက်နဲပကတိစွမ်းအင်အဖြစ် ကူးပြောင်းပေးနိုင်သည်။ အနိမ့်စားအောင်မြင်မှုအဆင့်ရောက်ရှိပါက ကျင့်ကြံဆင့်ကို အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရောက်ရှိရန် ၁၀ရာခိုင်နှုန်းမြှင့်တင်ပေးသည်။ သာလွန်အဆင့် ကတော့ ယွင်းမှားကျောရိုးတည်ဆောက်ခြင်းအဆင့်ကို ၂၀ရာခိုင်းနှုန်းတိုးမြင့်ပေး၏။ ပင်မအောင်မြင်မှုအဆင့်ရောက်လျှင် စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်ကိုရောက်ရန် ၁၀ရာခိုင်နှုန်းတိုးမြင့်စေသည်။ ဤမန္တန်က ကျင့်ကြံရန်ခက်ခဲပြီး ချီစုဆောင်းခြင်းအစပိုင်းအဆင့်ရောက်မှသာ စတင်ကျင့်ကြံနိုင်လိမ့်မည်။ ခက်ခဲမှုနှုန်းက အလွန်မြင့်၏။ သေချာစဥ်းစားပြီးမှ ရွေးချယ်ပါရန်။ သေချာစဥ်းစားပြီးမှ ရွေးချယ်ပါရန်။】

"မိုက်လိုက်တာ။"

စုယွမ် မျက်လုံးများကျယ်သွားရသည်။

စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်ရောက်နိုင်ချေကို မြှင့်တင်ပေးကြောင်းကို မြင်တော့ သူ ချက်ချင်းကို အလိုရှိသွားရသည်။ ဤမန္တန်က အလွန်အစွမ်းထက်လွန်း၏။ သူ ရွေးချယ်မှဖြစ်ပေမည်။

သူ အနီးသို့သွားလိုက်ချိန်မှ ယဲ့ပိဖန်က ထောင့်တွင်ရပ်လျက် ဆန်းကြယ်စစ်မှန်ကျင့်စဥ်ကို စိုက်ကြည့်နေကြောင်းကိုတွေ့လိုက်ရသည်။

စုယွမ်၏ချဥ်းကပ်လာမှုက ယဲ့ပိဖန်ကို ရုတ်တရက်လန့်နိုးသွားစေသည်။

သူက စုယွမ်ကိုတစ်ချက်ကြည့်လာသည်၊ ထို့နောက် ဆန်းကြယ်စစ်မှန်ကျင့်စဥ်ကို နောက်ဆုံးတစ်ချက် စိုက်ကြည့်ပြီး လှည့်ထွက်သွားလေသည်။

စုယွမ်လည်း အနည်းငယ်အံ့သြသွားရသည်။ ဒီလူက လိုချင်တာလား၊ မလိုချင်တာလား။

ကြည့်ရသည်မှာ ဤမန္တန်က တကယ်ကို အလွန်ခက်ခဲသည့်ဟန်ပင်၊ သို့သော် စုယွမ်ကတော့ စနစ်ရှိသောကြောင့် နည်းနည်းလေးမှ မကြောက်ပါပေ။

စုယွမ်လည်း ယင်းမန္တန်ကိုယူ၍ အပေါက်ဝရှိအကြီးအကဲထံကို ပြန်သွားလိုက်သည်။

သိပ်၍မကြာခင် လျှိုမူဝမ်က ယင်းနေရာကိုရောက်ရှိလာသည်။ ယင်းမန္တန်ရှိရမည့်နေရာတွင် အလွတ်ဖြစ်နေသည်ကိုတွေ့တော့ သူမလည်း အံ့သြသွားရ၏။

"ဘယ်သူက ဆန်းကြယ်စစ်မှန်ကျင့်စဥ်ကို ယူသွားတာလဲ။ ယဲ့ပိဖန်များလား။"

လျှိုမူဝမ် တော်တော်လေးအံ့သြသွားရ၏။

"တစ်ယောက်ယောက်ယူသွားပြီဆိုမှတော့ ငါလည်း အတွေးလွန်နေစရာမလိုတော့ဘူး။"

လျှိုမူဝမ်မှာ စိတ်သက်သာရာရသွားပြီး ပြန်လှည့်ထွက်သွား၏။

ပြီးလျှင် ခဏအကြာတွင် ယဲ့ပိဖန်က စိတ်ကိုပြင်ဆင်ပြီးပုံဖြင့် ပြန်ရောက်လာခဲ့သည်။ သို့သော် နေရာလွတ်ကိုသာ တွေ့လိုက်ရ၍ မျက်နှာမှာ မဲမှောင်သွားတော့၏။ သူ လေထုထဲရှိ ရင်းနှီးနေသောအငွေ့အသက်ကို အာရုံခံလိုက်မိ၏။

ယဲ့ပိဖန် ရေရွတ်လိုက်သည်။

"ငါ မင်းက ဒီလောက်ရဲတင်းလိမ့်မယ်လို့ထင်မထားခဲ့ဘူး။ တကယ်ကို အထင်မှားမိသွားတာပဲ။"

အခြားသောမန္တန်များတွင် မိတ္တူအပွားများရှိသေး၏။ သို့သော် ဤမန္တန်သည်ကတော့ မရှိရာ မသေမျိုးမျိုးစေ့တောင်ကြား၏မျိုးဆက်တစ်ခုတွင် တစ်ဦးသာသင်ယူနိုင်ခြင်းဖြစ်သည်။

ဤသည်ကို သူက လွဲချော်သွားခဲ့၏။

ယဲ့ပိဖန် ခေါင်းသာခါလိုက်သည်။

"ဒီမန္တန်မပါလည်း ငါက စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်ကိုရောက်နိုင်တာပဲ။"

သူ၏အကြည့်မှာပို၍ပြတ်သားလာလျက် သူလည်း အခြားအစွမ်းထက်သည့်မန္တန်တစ်ခုကိုရွေး၍ ထွကလာခဲ့လိုက်သည်။

All Chapters