← Chapters

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

Chapter 27: ဆန်းကြယ်စစ်မှန်ကျင့်စဥ်ကို ကျင့်ကြံခြင်း။

မသေမျိုးမျိုးစေ့တောင်ကြားမှမထွက်ခွာမှီ ကျင့်ကြံရေးစစ်ဆေးမှုတစ်ခုရှိလိမ့်မည်ဖြစ်ရာ သူ၏ကျင့်ကြံဆင့်ကို မြင့်တင်ပေးနိုင်သော ဆန်းကြယ်စစ်မှန်ကျင့်စဥ်ကို အရင်လေ့ကျင့်ရပေမည်။

ဝင်ခွင့်အဆင့်: အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရောက်ရန် ၁၀ရာခိုင်နှုန်းတိုးမြင့်ပေးသည်။

အခြေခံနားလည်မှုအဆင့်: အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရောက်ရန် ၂၀ရာခိုင်နှုန်းတိုးမြင့်ပေးသည်။

အနိမ့်စားအောင်မြင်မှုအဆင့်: အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရောက်ရန် ၃၀ရာခိုင်နှုန်းတိုးမြင့်ပေးပြီး ယွင်းမှားကျောရိုးအဆင့်ရောက်ရန် ၂၀ရာခိုင်နှုန်းတိုးမြင့်ပေးသည်။

ပင်မအောင်မြင်မှုအဆင့်: အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရောက်ရန် ငါးဆယ်ရာခိုင်နှုန်းတိုးမြင့်ပေးပြီး ယွင်းမှားကျောရိုးအဆင့်ရောက်ရန် ၃၀ရာခိုင်နှုန်းနှင့် စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်ရောက်ရန် ၁၀ရာခိုင်နှုန်းတိုးမြင့်ပေးသည်။

ဤမန္တန်ဟာ အနိမ့်စားဝိညာဥ်ရင်းမြစ်သာ ရှိသောစုယွမ်အတွက်တော့ အလွန်အသုံးဝင်လှသည်။

အဆင့်တက်ရန် အခက်အခဲများကို ကျော်လွှားရာတွင် အခြားသူများထက် သူ၏အနိမ့်စားသုံးခုစပ်ဝိညာဥ်ရင်းမြစ်မှာ ပို၍ခက်ခဲပေ၏။ သို့လင့်စကား ဤမန္တန်နှင့်သာဆိုလျှင် အခက်အခဲများကိုကျော်လွှားခြင်းမှာ ပို၍လွယ်ကူသွားချေမည်။

သို့သော် ဆန်းကြယ်စစ်မှန်ကျင့်စဥ်က မလေ့လာခင် သူ စာကြည့်တိုက်နှင့် ကျမ်းဂန်းခန်းမတွင်နားထောင်ခဲ့သည့်သင်ခန်းစာများကို အရင်ချေဖြတ်ရပေမည်။ ထိုအရာများကိုသာ အကုန်နားလည်သွားပါက ဆန်းကြယ်စစ်မှန်ကျင့်စဥ်ကို နားလည်ရန်မှာ နှစ်ဆပိုသက်သာသွားလိမ့်မည်ပင်။

ဤသို့ဖြင့် စုယွမ်လည်း တံခါးပေါ်တွင် မနှောင့်ယှက်ရသင်္ကေတကိုချိတ်ဆွဲပြီး ပါရမီစွမ်းရည်ကို အသက်သွင်းလိုက်၏။

【အသက်သွင်းလိုက်သော ပါရမီစွမ်းရည်: အလုပ်နှင့်နားနေဖလှယ်မှု】

နားနေချိန် ၇၂ရက်နှင့်၈နာရီက စနစ်မျက်နှာပြင်ပေါ်မှ ပျောက်ကွယ်သွား၏။

တစ်ခဏချင်းတွင်း စုယွမ်၏စိတ်အစုံမှာလည်း အဆပေါင်းများစွာ ပို၍ရှင်းလာသည်။

ဓာတ်ပုံမှတ်ဥာဏ်၊ လျင်မြန်သောအချက်အလက်များနှင့် သူ၏နားလည်နိုင်စွမ်းတို့က မိုးထိတိုင် ထိုးတက်လာ၏။

တစ်ချိန်တည်းမှာပင် မီးသစ်သားဝိညာဉ်စုစည်းကျင့်စဥ်က အလိုအလျောက်လှုပ်ရှားလာ၏။ ၈၁မျှင်သော ဝိညာဉ်ချီမျှင်တို့က လှုပ်ရှားလာပြီး သုံးရောင်ခြယ်မြွေကြီးအသွင်ပြောင်းကာ မရီဒျာန်များအတွင်း ဝင်ရောက်လှည့်ပတ်နေ၏။ ကောင်းကင်နှင့်မြေကြီးရှိချီစွမ်းအင်တို့ကလည်း စုယွမ်၏ခန္ဓာကိုယ်ထဲသို့ အရှိန်ပြင်းစွာ တိုးဝင်လာကြသည်။

စုယွမ်လည်း ထိုအရာများကို လျစ်လျူရှုထားလိုက်သည်။ သူ၏အဓိကအာရုံစိုက်နေရာမှာ အသိပညာများကို သေချာနားလည်သွားဖို့သာ။ စာကြည့်တိုက်အတွင်း သူဖတ်ခဲ့သောစာအုပ်များမှာ တစ်ခုပြီးတစ်ခု ရှင်းလင်းစွာ ပြန်ပေါ်လာပြီး တစ်ခုချင်းစီ မှတ်သား၊ နားလည်အောင်လုပ်လျက် ကိုယ်ပိုင်အသိဥာဏ်အဖြစ် သိမ်းဆည်းလိုက်တော့သည်။

စုယွမ်သည် အသိပညာတို့အတွက်ဆိုလျှင် အကန့်အသတ်မထား၊ မည်မျှများပါစေ ဦးနှောက်ထဲသို့ ကျင့်ကြံရေးဆိုင်ရာ ဗဟုသုတများ၊ ကျင့်ကြရေးအပင်များ၊ ဆေးဝါးများ၊ သတ္ထုများ၊ ကျင့်စဥ်များ၏အသေးစိတ်ရှင်းလင်းချက်များအားလုံးကို ဆင်စဥ်မပြတ်ဖြည့်သွင်းနေလိုက်သည်။ တစ်ခဏအတွင်း တစ်ခုပြီးတစ်ခုမှ စုယွမ်၏ဦးနှောက်ထဲ အသေမှတ်သားခံလိုက်ရပေသည်။

တစ်ပါးတည်း စုယွမ်၏ကျင့်ကြံရေးလောကအပေါ်နားလည်မှုနှင့် သူ၏အသိပညာတို့ကလျင်မြန်စွာ တိုးပွားလာတော့၏။

၆ရက်ဟူသော အချိန်မှာ ဖြေးညင်းစွာကုန်ဆုံးသွားသည်။

စုယွမ် မျက်လုံးတဖန် ပြန်ဖွင့်လာသည်၊ သူ၏မျက်ဝန်းများထဲ ပင်ပန်းနေမှုသည်မရှိ၊ ရှင်းလင်းစွာ တောက်ပနေဆဲဖြစ်သည်။ ထို့အပြင် အားလုံးသော စာအုပ်ပေါင်း ၁သိန်း၈သောင်းကျော်ကလည်း စုယွမ်အကုန် မှတ်မိသွားပြီပင်။

ထို့အပြင် သူ ကျမ်းဂန်ခန်းမတွင် နားထောင်ခဲ့သော သင်ခန်းစာ၂၈၀ကိုလည်း နားလည်သွားပေပြီ။

တိုးတက်မှုများက စုယွမ်မှန်းထားသည်ထက် သာလွန်နေသည်။ ထိုအချိန်တွင် သူသည် သူ၏အခြေခံအသိပညာက မယုံနိုင်လောက်အောင် သန်မာနေပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။ အကြမ်းအားဖြင့်ပြောရလျှင် သူ့အတွက် ချီစုဆောင်းခြင်းအဆင့်နှင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရောက်ရန်မှာ သံသယမရှိတော့။ ထိုအစား သူ ယွင်းမှားကျောရိုးအဆင့်ရောက်ရန်ကို ဦးတည်နေပေသည်။

စုယွမ် ခပ်ဖွဖွက သက်ပြင်းချလိုက်၏၊ သူ အပျင်းကြောဆန့်လိုက်ပြီးနောက် ပေါ်ကူဆေးလုံးကို သောက်လိုက်သည်။

သူ နောက်ဆုံးတော့ ဆန်းကြယ်စစ်မှန်ကျင့်စဥ်ကို ကျင့်တော့ပေမည်။

“ထင်ထားတဲ့အတိုင်း တော်တော်လေးခက်တာပဲ။ ဝင်ခွင့်အဆင့်ကိုတောင် ချီစုဆောင်းခြင်းနဲ့ပတ်သတ်ပြီး တော်တော်လေးနားလည်မှရတာ။ ဒီလိုခက်ခဲမှုမျိုးက သာမန်တပည့်တွေ ဘယ်လိုလုပ်ကျင့်ကြံနိုင်မှာလဲ။”

စုယွမ်မှာ အတော်ထိတ်လန့်သွားရ၏၊ ခက်ခဲမှုက ဤမျှအထိ မြင့်မည်မှန်း မထင်ထားခဲ့မိပါပေ။

ကျန်းဟယ်က ဘယ်လိုရည်ရွယ်ချက်နှင့်များ သူ့ကို မန္တန်ကို မိတ်ဆက်ပေးခဲ့ရပါသနည်း။

စုယွမ်ခေါင်းခါလိုက်၏။ ကျန်းဟယ်က မည်သို့ရည်ရွယ်ချက်ရှိပါစေ၊ ဤမန္တန်မှာ သူနှင့်အလွန်ကိုက်ညီ၏။

သူ မျက်လုံးပိတ်လိုက်ပြီး ဆန်းကြယ်စစ်မှန်ကျင့်စဥ်ကို ပို၍နားလည်အောင် ကြိုးစားလိုက်၏။

တစ်နာရီမျှကြာသွားပြီးနောက်တွင် သူလည်း ဝင်ခွင့်အဆင့်လောက်ကို နားလည်သွားသည့်အတွက် စတင်ကျင့်ကြံတော့သည်။

သူ ဒန်ထျန်ထဲသို့ တစ်ချက်စစ်လိုက်သည်။

ယခုအခါတွင် သူ၏ဒန်ထျန်ထဲ၌ ဝိညာဥ်ချီမျှင်ပေါင်း ၁၁၂၈၉၈မျှင်တောင် ရှိနေချေပြီ။

အမှန်တကယ်တွင် ပထမငါးရက်က စုယွမ်မှ ဘာမှအာရုံစိုက်မထားဘဲ ထားသည်တောင်မှ သူ့အလိုလိုသာပြည့်တင်းလာပြီး ၁၁၀၀၀၀မျှင်ထိတက်လာတာဖြစ်သည်။

ဤမျှသော တိုးတက်မှုက စုယွမ်ကို ထိတ်လန့်သွားစေခဲ့သည်။

စုယွမ် မြန်မြန်ပြန်၍ စိတ်ကိုစုစည်းလိုက်ပြီး ဝိညာဉ်စွမ်းအင်များကို ဝင်ထိန်းချုပ်ကာ ဆန်းကြယ်စစ်မှန်ကျင့်စဥ်ကိုလိုက်၍ သုံးဖက်မြင်အဆောင်တစ်ခုကို တည်ဆောက်ရန်ကြိုးစားလိုက်သည်။ ဤသုံးဖက်မြင်အဆောင်တံဆိပ်မှာ အလွန်ကိုအနုစိတ်ကျလှ၏၊ ယင်းကိုတည်ဆောက်ရာတွင် အခြေခံအသိဥာဏ်များ၊ အဆောင်တံဆိပ်ဆိုင်ရာအသိ၊ ဝိညာဉ်စွမ်းအင်အမျိုးမျိုး၊ ဝိညာဉ်စွမ်းအင်ပေါင်းစပ်ခြင်း၊ ထိန်းချုပ်ခြင်းအစရှိသဖြင့် အချက်အလက်ပေါင်းများစွာကို ဆက်စပ်ပေါင်းထည့်ရန်လိုအပ်ရာ စုယွမ်၏ပထမဆုံးကြိုးစားမှုမှာ အံ့သြစွာမရှိအောင် ကျရှုံးသွားရသည်။

“ကျစ်ကျစ်။ ဒီခက်ခဲမှုနှုန်းတားက တော်တော်မြင့်တာပဲ။”

စုယွမ်မှာ တစ်ခါထပ်ပြီး ခက်ခဲမှုကို ညီးညူးမိပြန်၏။ သာမန်မန္တန်များ၏ အဆောင်တံဆိပ်များမှာ ဆွဲချက်များစွာ လိုအပ်သော်လည်း ပြားချပ်ပြီး နှစ်ဖက်မြင်သာဖြစ်သည့်အတွက် လွန်စွာမခက်ခဲလှ။ သို့သော် ဤဆန်းကြယ်စစ်မှန်ကျင့်စဥ်၏အဆောင်တံဆိပ်သည်ကား အတိုင်းထက်အလွန်ခက်ခဲလှ၏၊ အစိတ်အပိုင်းပေါင်း ၁၀၈ပိုင်းဖြင့်ဖွဲ့စည်းထားပြီး ဝိညာဉ်ချီမျှင် ၁၀၈မျှင်ကိုလည်း လိုအပ်ပေသည်။ အကယ်၍သာ တည်ဆောက်ရန် ကျရှုံးသွားပါကလည်း အသုံးပြုထားသော ဝိညာဉ်ချီမျှင် ၁၀၈မျှင်မှာ အလဟသဖြစ်သွားမည်ဖြစ်ပေသည်။

အမည်မသိအားတို့က သူ၏ဒန်ထျန်ထဲမှ ဝိညာဉ်ချီမျှင် ၁၀၈မျှင်ကို ဆွဲနှုတ်သွားသည့်အတိုင်းပင်။

ဤမန္တန်မှာကား ဝင်ခွင့်အဆင့်မှာတင် အမှန်တကယ်ကို ကောင်းကင်နှင့်မြေကြီးနှင့် ဆက်စပ်နေပေ၏။

ကျင့်ကြံသူတစ်ဦးက ယင်းကို ကျရှုံးလေတိုင်း များစွာဆုံးရှုံးရပေလိမ့်မည်။ ချီစုဆောင်းခြင်းအဆင့်တွင်ရောက်ရှိနေသော ကျင့်ကြံသူတစ်ဦးအတွက်မူ ဝိညာဉ်ချီမျှင်၁၀၈မျှင်ဆိုသည်ကား အသဲနှလုံးကြေကွဲဖွယ်ရာပင်၊ လူတိုင်းက ဤအရာကိုတောင့်ခံနိုင်မည်မဟုတ်။

ထို့ကြောင့် ဤမန္တန်မှာ အများနှင့်မတူ အလွန်ခက်ခဲရသည်ဟု ဆိုရခြင်းပေ။

သို့သော်ငြား စုယွမ်အတွက်ကတော့ ဝိညာဉ်ချီမျှင်၁၀၈မျှင်ဆိုသည်မှာ ဘာမှတောင်မဟုတ်လှပေ။

စုယွမ်ကတော့ ကျရှုံးသွားလည်း တည်တည်ငြိမ်ငြိမ်သာ။ သူ တစ်ခါတည်းနှင့် ကိုးကြိမ်တောင် ကြိုးစားကြည့်ခဲ့ပြီး အခေါက်တိုင်းကလည်း ကျရှုံးခဲ့၏။ သို့သော် အခေါက်တိုင်းတွင်လည်း သုံးဖက်မြင်အဆောင်တံဆိပ်၏ပုံစံမှာ စိတ်မှန်းဖြင့် နည်းနည်းစီ ပို၍ပုံပေါ်လာခဲ့သည်။

အလုပ်နှင့်နားနေဖလှယ်မှု၏သက်ရောက်မှုကြောင့် စုယွမ်ဟာ တစ်ခါကျရှုံးတိုင်း ကျရှုံးရသည့်အကြောင်းအရင်းများကို သိနေခဲ့၏။

ဤသို့ဖြင့် ယင်းအကြောင်းအရင်းများကို တစ်ခါစီပြင်၍ ဆယ်ကြိမ်မြောက်တွင်မူ သူ အောင်မြင်သွားခဲ့ချေပြီ။

Chapter 28

ပြီးပြည့်စုံစွာ ပြည့်စုံစေသော သုံးဖက်မြင်အဆောင်တံဆိပ်တစ်ခုမှာ စုယွမ်၏ဒန်ထျန်အတွင်းတွင် ပေါ်လာခဲ့လေသည်။

ထို့ကြောင့် စုယွမ်လည်း ချက်ချင်း ယင်းအဆောင်ကို အသက်သွင်းလိုက်၏။

အဆောင်မှ များပြားလှသောဝိညာဉ်စွမ်းအင်တစ်ဟုန်က ပေါက်ထွက်လာပြီး ထို့နောက် ဆန်းကြယ်ပကတိချီစွမ်းအင်းတို့အသွင် ပြောင်းလဲသွားကြသည်။ ဝိညာဉ်ချီမျှင်၂ခုလျှင် ဆန်းကြယ်ပကတိချီစွမ်းအင်၁မျှင်အဖြစ် ကူးပြောင်းသွားခြင်းဖြစ်သည်။ တစ်ကြိမ်လျှင် ဆန်းကြယ်ပကတိချီစွမ်းအင်၉မျှင်ကို ကူးပြောင်းနိုင်ပြီး အချိန်အားဖြင့် မိနစ်၅၀ကြာမြင့်၏။

“မန္တန်ရဲ့အစွမ်းကို တစ်ချက်ကြည့်ကြတာပေါ့။”

အတွေးတစ်ချက်ဖြင့်ပင် ဆန်းကြယ်ပကတိချီစွမ်းအင်တို့က သူ၏မရီဒျာန်အတွင်းစီးဝင်သွားလျက် လက်ချောင်းထိပ်သို့ရောက်ရှိပြီး အပြင်သို့ စီးဖြာသွားကြသည်။ စုယွမ်၏ထိန်းချုပ်မှုအောက်တွင် ၎င်းစွမ်းအင်တို့က သုံးရောင်ခြယ်အကာကွယ်တစ်ခုအဖြစ် သူ့အပေါ်ဖုံးအုပ်လာကြသည်။

စုယွမ်လည်း ယင်းအကာအကွယ်ကို သူ၏ခန္ဓာကိုယ်ထက် ရစ်ပတ်စေလျက် ခိုင်မြဲလိုက်စေ၏။

စုယွမ် ပကတိချီစွမ်းအင်နောက်တစ်သုတ်ကို လွှတ်ထုတ်လိုက်သည်။ လက်ချောင်းထိပ်မှတဆင့် အပြင်သို့ သုံးခြယ်အလွှာပါးအဖြစ် ရောက်ရှိသွားလေသည်။ အစိမ်းရောင်အဖြစ် သစ်သားစွမ်းအင်က အခြေ၊ အဝါရောင်အဖြစ် သတ္ထုစွမ်းအင်က ထိပ်အချွန်နှင့်အတူ အနီရောင်အဖြစ်မီးစွမ်းအင်တို့က ကိုယ်ထည်စသည်ဖြင့် နေရာအသီးသီးယူကာ မီးလျှံလှံတံတစ်ခုအသွင်ပုံပေါ်လာရပြီး ဘေးပတ်လည်တွင်လည်း စွမ်းအင်းလှိုင်းဂယှက်များစွာ ဖြစ်ပေါ်လာရသည်။

သို့သော် ဤသေးငယ်လှသော ကျင့်ကြံရေးခန်းလေးမှာ ဤမျှသောစွမ်းအင်းပေါက်ကွဲမှုကို ခံနိုင်ရည်ရှိမရှိကို မသေချာလှပေ။ ထို့ကြောင့် စုယွမ်လည်း လက်ကိုဝှေ့လိုက်ရာ လှံတံမှာ သုံးရောင်စွမ်းအင်အဖြစ် ပြိုကွဲကာ ပျောက်ကွယ်သွားတော့သည်။

“ဒီပကတိချီစွမ်းအင်က တော်တော်အသုံးဝင်တာပဲ။ သူက ပစ္စည်းပုံစံတွေတောင် ပုံဖော်လို့ရတယ်။”

စုယွမ် မှတ်ချက်ပြုလိုက်သည်။

ဆန်းကြယ်ပကတိချီစွမ်းအင်ကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ခြင်းဆိုသည်မှာလည်း သေချာပေါက်ကို မလွယ်ကူပေ။ ယင်းတွင် ဝိညာဉ်စွမ်းအင်ကူးပြောင်းမှု၊ ကောင်းကင်နှင့်မြေကြီး၏နိယာမများ၊ စွမ်းရည်ပြောင်းလဲမှုများ၊ အခြေခံမန္တန်များနှင့် အမျိုးမျိုးသောဗဟုသုတများနားလည်တတ်ကျွမ်းရန် လိုအပ်ပေသည်။ စုယွမ်တွင် များပြားလှသော ဗဟုသုတတို့ရှိပြီး ပါရမီစွမ်းရည်၏စိတ်ကိုရှင်းလင်ပေးမှုကို ထပ်ဆောင်းပေါင်းဖြည့်ထားသောကြောင့် အကာအကွယ်နှင့်လှံတံကဲ့သို့သော ပစ္စည်းများကို အချိန်ခဏအတွင်း ပုံဖော်နိုင်ခဲ့ခြင်းဖြစ်သည်။

စုယွမ်မှာ အလွန်ပျော်ရွှင်နေ၏။ သူ၏ခွန်အားမှာ ရုတ်ချည်း ခုန်တက်ကာ တိုးမြင့်သွားရချေပြီ။ ယခုဆိုလျှင် သူက ကိုယ်ခံပညာသုံး၍သာ ရန်ပွဲများကိုရင်ဆိုင်စရာမရှိတော့၊ ဝိညာဉ်စွမ်းအင်ကိုအမှန်တကယ်အသုံးပြုကာ တိုက်ခိုက်နိုင်သော စစ်မှန်သည့်ကျင့်ကြံသူဖြစ်သွားချေပြီ။

ဤသုံးဖက်မြင်အဆောင်တံဆိပ်တစ်ခုတည်းက သေချာပေါက်ကို စုယွမ်ကို မတင်းတိမ်နိုင်စေရာ သူ ချက်ချင်း နောက်ထပ်တစ်ခု ဖွဲ့စည်းရန်ပြင်လိုက်သည်။

ဒုတိယမြောက်တစ်ခုကို တည်ဆောက်နေစဥ်အတွင်း စုယွမ်မှာ ပထမတစ်ခုထံမှ ရုန်းကန်အားတစ်ခုကို ခံစားလိုက်ရပြီး ယင်းအားကလည်း ဒုတိယတစ်ခုကို တည်ဆောက်ရန် အခက်အခဲကို တိုးမြင့်သွားစေသည်။

စုယွမ်မှာလည်း နှစ်ခါတိတိကျရှုံးပြီးတော့မှသာ အဆောင်တံဆိပ်နောက်တစ်ခုကို တည်ဆောက်နိုင်သွားခဲ့သည်။ ထိုသို့ ဒုတိယတစ်ခုကို တည်ဆောက်နိုင်ခြင်းက ဆန်းကြယ်ပကတိချီစွမ်းအင်ပြောင်းလဲမှုနှုန်းကို ပို၍မြန်မလာစေသော်ငြား အဆောင်တံဆိပ်၂ခုကြားတွင် အားငယ်သော ဆက်နွယ်မှုတစ်ခုဖြစ်ပေါ်လာစေ၏။

စုယွမ်လည်း တတိယအဆောင်တံဆိပ်ကို တည်ဆောက်ရန်ပြင်လိုက်သော်လည်း တွန်းကန်အားမှာ သိသိသာသာကို ပို၍မြင့်တက်လာခဲ့သည်။

စုယွမ်မှာ ၁၃ကြိမ်တောင်ကျရှုံးပြီးမှသာ အောင်မြင်ခဲ့သည်။

တတိယမြောက်အဆောင်တံဆိပ်ကဖွဲ့စည်းပြီးသည်နှင့် အလိုအလျောက်ကိုပင် ယခင်နှစ်ခုနှင့် ချိတ်ဆက်သွားတော့၏။

စုယွမ်လည်း ၎င်းတို့သုံးခုကို ထိန်းချုပ်လျက် ရှုပ်ထွေးသောနည်းလမ်းတစ်ခုကိုသုံးကာ သုံးခုကိုပေါင်း၍ အဆောင်တံဆိပ်အကြီးတစ်ခုကို တည်ဆောက်သည်။

ဤသို့ဖြင့် ဆန်းကြယ်ပကတိချီစွမ်းအင်အဖြစ် ကူးပြောင်းနှုန်းမှာ ယခင်ကထက် ၉ဆတက်လာတော့သည်။

စုယွမ်လည်း ၄ခုမြောက်အဆောင်ကို တည်ဆောက်ရန် ကြိုးစားစားလင့်ကစား ၉၉ကြိမ်တိုင်တိုင်မအောင်မြင်နိုင်သေး။

ထို့ကြောင့် လေးခုမြောက်အဆောင်တံဆိပ်ဆိုသည်မှာ သူ၏လက်ရှိကျင့်ကြံဆင့်နှင့် မရနိုင်သေးသောအရာဖြစ်မည်ဟု ယူဆ၍ သူလည်း ထပ်ဖိအားမပေးတော့ပေ။

ထို့နောက်တွင် သူ၏အတွေးတစ်ချက်ကြောင့် သုံးခုစပ်အဆောင်တံဆိပ်ဟာ သူ၏ဒန်ထျန်အတွင်းမှတဆင့် မရီဒျာန်ထဲ့သို့ဖြတ်ကာ ဝိညာဉ်သွေးကြောများထဲဝင်လျက် အလယ်ခေါင်တွင် နေရာဝင်ယူသွားသည်။

ဝိညာဉ်စွမ်းအင်တို့က ဝိညာဉ်ချီမျှင်များထဲမှ တိုးထွက်လာ၏။ ယင်းဝိညာဉ်စွမ်းအင်တို့ကလည်း အဆောင်တံဆိပ်ကြောင့် ဆန်းကြယ်ပကတိချီစွမ်းအင်အဖြစ် ပြောင်းလဲသွားကြသညင။ ဤသို့ဖြင့် အနာဂတ်တွင် သူ၏သွေးကြောများထဲ အလိုအလျောက်ပြည့်တင်းလာသော ဝိညာဉ်စွမ်းအင်တို့မှာ ဆန်းကြယ်ပကတိချီစွမ်းအင်အဖြစ် တိုက်ရိုက်ကူးပြောင်းနိုင်သွားတော့မှာ ဖြစ်ပေသည်။

စုယွမ်လည်း ယင်းဖြစ်ရပ်ကို ပိုမိုအားဖြည့်လျက် အပြန်အလှန်အားဖြင့် ရရှိလာသောဝိညာဥ်စွမ်းအင်တို့ကို အဆောင်တံဆိပ်များကို ထပ်မံတည်ဆောက်ရန် လမ်းကြောင်းလိုက်ပြီး ထပ်မံဖြစ်ပေါ်လာသော အဆောင်တံဆိပ်များကို သွေးကြောတစ်ခုချင်းစီအနီး ထားလိုက်သည်။

ဤသို့အဆောင်တံဆိပ်များဖွဲ့စည်းနေသောဖြစ်စဥ်တွင်ပင် စုယွမ်တွင် ဝိညာဉ်သွေးကြော ၇ခုလောက်အထိ တည်ဆောက်နိုင်သွားခဲ့ရာ သူ၏ကျင့်ကြံဆင့်မှာလည်း ချီစုဆောင်းခြင်းအဆင့်သုံးအထိ မြင့်တက်သွားခဲ့သည်။

ဤသို့အဆင့်တက်သွားခြင်းကလည်း ဝိညာဉ်ချီမျှင်၆ထောင်သာ ကုန်ဆုံးသွားခဲ့၏။

သူ၏ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်ချီမျှင်၁၀၀၀၀၀၀ကျန်ရှိနေသေးရာ စုယွမ်လည်း ယင်းတို့ကို ဆန်းကြယ်စစ်မှန်ကျင့်စဥ်ကိုသုံး၍ ဆန်းကြယ်ပကတိချီစွမ်းအင်အဖြစ် ပြောင်းလဲစေသည်။

တစ်ချိန်တည်းတွင်ပင် စုယွမ်က ဆန်းကြယ်ပကတိချီစွမ်းအင်ကို ပိုထိန်းချုပ်နိုင်ရန် လေ့ကျင့်နေ၏၊ တစ်ခါလေ့ကျင့်တိုင်းတွင်လည်း ချီစွမ်းအင် မြောက်များစွာ ကုန်ကျပေသည်။

အခြားသူများသာ ထိုသို့ဖြစ်ပါက စိတ်ဓာတ်ကျမည်ဖြစ်သော်ငြား စုယွမ်ကတော့ ချီစွမ်းအင်ကုန်ဆုံးခြင်းကို နည်းနည်းလောက်မှ အာရုံမထားပေ။

ပါရမီစွမ်းရည်ပြီးဆုံးသည့်အချိန်တွင် စုယွမ်၏ကိုယ်ထဲတွင် ပကတိချီစွမ်းအင် ၇၀၀၀မျှင်သာကျန်ရှိတော့သည်။ သို့သော်ငြား သူ၏စွမ်းအင်အပေါ်ထိန်းချုပ်နိုင်စွမ်းကတော့ အထွဋ်အထိပ်သို့ရောက်သွားချေပြီ။

ဤသို့ဖြင့် ကျင့်ကြံရေးက တစ်ခန်းရပ်သွား၏။

စုယွမ်လည်း အိပ်ရာပေါ်သို့ ပြိုလဲကျလျက် ချက်ချင်း အိပ်မောကျသွားတော့သည်။

ဒုန်း ဒုန်း ဒုန်း။

“စုယွမ်။”

“စုယွမ်။”

စုယွမ်လည်း တံခါးခေါက်သံကြောင့် ပြန်နိုးလာခဲ့သည်။

သူလည်း အကျယ်ကြီးသမ်းဝေလိုက်ပြီး ပြတင်းပေါက်ကိုဖွင့်၍ တံခါးဘက်ကို ကြည့်လိုက်သည်။

သူ ကျန်းဝေနှင့် ကျိုးဝူယိုတို့သည်ကား သူတို့၏ခေါင်းများကို တံခါးနားကပ်လျက် အထဲသို့ ချောင်းကြည့်ချင်နေကြတာကို မြင်လိုက်ရ၏။

စုယွမ်လည်း လှမ်းအော်လိုက်သည်။

“ဘာကိစ္စလဲ။”

ကျန်းဝေ့က ပျော်ရွှင်စွာ ပြောလာသည်။

“မင်းနောက်ဆုံးတော့ နိုးပြီပဲ။ ဒီနေ့က မတ်လရဲ့နောက်ဆုံးရက်လေ။ နောက်ဆုံးစစ်ဆေးမှုက စတော့မှာ၊ ငါတို့လည်း မသေမျိုးမျိုးစေ့တောင်ကြားက ထွက်ရတော့မှာလေ။”

စုယွမ်လည်းနားလည်သွားရသည်။

“အချိန်ကျပြီပဲ။ ငါ့ကို ခဏစောင့်။”

သန့်စင်ပြင်ဆင်ပြီးနောက် စုယွမ် တံခါးဖွင့်ပေးလိုက်သည်။

“သွားကြမယ်။ သွားကြမယ်။ သွားကြမယ်။”

ကျန်းဝေ့က စုယွမ်ကိုဆွဲကာ စစ်ဆေးမည့်ယခင်နေရာဆီသို့ သွားတော့သည်။

စုယွမ်လည်း သူ့ကို စိုက်ကြည့်နေသော ကျိုးဝူယိုကို စိတ်ချစေရန် အကြည့်တစ်ခုပေးလိုက်၏။

ထိုအချိန်မှ ကျိုးဝူယို၏မျက်နှာမှာ သက်သာရာရသွားပြီး စုယွမ်တို့နောက် လိုက်လာတော့သည်။

မသေမျိုးမျိုးစေ့တောင်ကြားရှိခြံဝန်းအားလုံးမှ တပည့်များက စိတ်လှုပ်ရှားမှု၊ စိုးရိမ်မှု၊ ကြောက်ရွံ့မှုအစရှိသဖြင့် ခံစားချက်အမျိုးမျိုးမျိုးစုံဖြင့် လျှောက်ထွက်လာလျက် ကွင်းပြင်ဆီသို့ ဦးတည်နေကြသည်။

ဤစစ်ဆေးပွဲတွင် မည်သည့်အဆင့်ကိုရကြစေကာမူ သူတို့သည် ဤမသေမျိုးမျိုးစေ့တောင်ကြားမှထွက်ကာ ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းသို့ တရားဝင်ဝင်ရောက်ပြီး ဂိုဏ်းသားအဖြစ် ဘဝစတင်ရတော့ချေမည်သာ ဖြစ်ကြပေ၏။

All Chapters