← Chapters

အိစန်းကိုယ်ပွား... ထွက်ပေါ်လာစမ်း

Vol. 61 Ch. 846

အိစန်းကိုယ်ပွား... ထွက်ပေါ်လာစမ်း

Vol. 61 Ch. 846

"ဒါက ထိရောက်မှု ရှိနေမှတော့... ထိပ်ပြောင်ကြိုးကြာ၊ မင်း ငါ့အတွက် အများကြီး လုပ်ပေးခဲ့ပြီးပြီပဲ။ ဒီနေ့တော့... ငါ မင်းကို ပြန်ကူညီရမှာပေါ့" အနောက်ငွေ့ရည်တိမ်တိုက်ရဲ့ သီးခြားနယ်မြေ အပြင်ဘက်တွင် ရပ်နေရင်း စုမင်က တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ၏ မျက်ဝန်းအတွင်း၌ ပြတ်သားသော အမူအရာတစ်ခု ပေါ်လာ၏။ သူသည် ထိပ်ပြောင်ကြိုးကြာနှင့် မင်နက်ရောင်ဂြိုဟ်အကြား ဆက်နွှယ်မှုကို လိုက်လံ ရှာဖွေရန် မရွေးချယ်ခဲ့ပေ။

​မည်သို့ဆိုစေ ၎င်းတို့အကြား ဆက်နွှယ်မှု ရှိနေနိုင်သည်မှာ သေချာသလောက် ရှိသော်လည်း အမှန်တကယ်တွင်မူ ၎င်းသည် တိုက်ဆိုင်မှုတစ်ခုလည်း ဖြစ်နေနိုင်သလို ထိုဂြိုဟ်ဆီသို့ သွားရမည့် ခရီးမှာလည်း အလွန်ဝေးကွာလှသည်။ အခြေအနေက အလွန်အမင်း အကျပ်အတည်း မဖြစ်မချင်း စုမင် ထိုနေရာသို့ သွားရန် ရွေးချယ်မည် မဟုတ်ချေ။

​ထို့ပြင် သူ့ရှေ့မှောက်၌ ထိပ်ပြောင်ကြိုးကြာကို ကုသပေးနိုင်မည့် နောက်ထပ် လမ်းစတစ်စ ရှိနေသေးသည်။ ၎င်းမှာ ကုန်းဟွမ်းကို ထိုငှက်မွေး ပေးခဲ့သည့်လူအား လိုက်လံ ရှာဖွေခြင်းပင်။ ထိုသူက မည်သို့သော အကြံအစည်မျိုး ကြံစည်နေပါစေ စုမင် ဂရုမစိုက်ပေ။ စုမင် လိုအပ်သည်မှာ ထိုသူကို ရှာတွေ့ရန်၊ ထိုသူ၏ အကြံအစည်ကို ချေမှုန်းရန်နှင့် ထိပ်ပြောင်ကြိုးကြာ ပိုင်ဆိုင်သော အရာများအား ပြန်လည် သိမ်းပိုက်ရန်သာ ဖြစ်သည်။

​ဤလမ်းစဉ်မှာ အလွန်ပင် အန္တရာယ်ကြီးမားလှ၏။ အဘယ်ကြောင့်ဆိုသော် နတ္ထိနယ်မြေများကို စောင့်ကြည့်နေသော မဟာ လောကကြီး လေးခုမှ အင်အားစုများ၏ ကာကွယ်ရေးနှင့် အင်အားကြီး ကျင့်ကြံသူ အရေအတွက်မှာ စုမင်၏ လမ်းခရီးတွင် အမြဲတမ်း အဟန့်အတား ဖြစ်နေမည် ဖြစ်သောကြောင့်ပင်။

​ထို့ပြင် မဟာ လောကကြီး လေးခု၏ အင်အားစုများထဲတွင် သေချာပေါက် မိစ္ဆာအိုကြီး အချို့ ရှိနေပေလိမ့်မည်။ ၎င်းကို လွန်ခဲ့သော နှစ်ပေါင်းများစွာက စုမင်၏ အသက်ကို လာရောက် ယူဆောင်သူများထဲတွင် နေကပ်ဘေး နယ်ပယ်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သော အင်အားကြီး ကျင့်ကြံသူ နှစ်ဦး ပါဝင်ခဲ့ခြင်းဖြင့် သိနိုင်ပေသည်။

​‘ငါ ဒီကိစ္စကို မြန်မြန်ဆန်ဆန် လုပ်ရမယ်၊ တိုက်ပွဲကို အချိန်မဆွဲရဘူး။ ငါ ဖြစ်နိုင်သမျှ အမြန်ဆုံးနှုန်းနဲ့ အတင်းဝင်တိုက်မယ်။ အဲဒီလူကို ရှာမယ်၊ ပြီးရင် ငါလိုချင်တာကို လုယူမယ်။ ငါသာ အရာအားလုံးကို အမြန်ဆုံး လုပ်နိုင်မယ်ဆိုရင်... ဒီကိစ္စမှာ ငါ အောင်မြင်နိုင်မယ့် အခွင့်အရေး ရှိတယ်’

​ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်သည် စုမင်၏ မျက်ဝန်းအတွင်းရှိ အလင်းတန်းများအား မြင်ရသလို သူ၏ စိတ်ထဲရှိ ရူးသွပ်မှုကိုလည်း ခံစားမိသည်။ စုမင်သည် မင်နက်ရောင်ဂြိုဟ်သို့ သွားရန် ဝေခွဲမရ ဖြစ်နေသည်ဟု သူ အစက ထင်ခဲ့သော်လည်း ထိုအခိုက်၌ စုမင်က သူ၏ မျက်လုံးများကို လျင်မြန်စွာ မှိတ်လိုက်တော့သည်။

​သူ မျက်လုံးမှိတ်လိုက်သည့် ခဏမှာပင် သူ၏ အိစန်းကိုယ်ပွားမှာ သူ၏ မျက်လုံးများကို တဖြည်းဖြည်း ဖွင့်လိုက်တော့၏။

​ထိုအခိုက်၌ပင် ပြင်းထန်လှသော နတ်ဘုရား အနှစ်သာရ စွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာသည်။ သူသည် တဖြည်းဖြည်း ထရပ်လိုက်ပြီး ဟင်းလင်းပြင်အတွင်းသို့ ခြေတစ်လှမ်း လှမ်းလိုက်တော့၏။

​ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် နဂါးငွေ့တန်းမှာ ဟိန်းဟောက်သွားသည်။ နောက်ထပ် ခြေတစ်လှမ်းတွင် ကျောက်တိုင်တစ်သိန်းရှိသော ကမ္ဘာကြီးမှာ ပျက်စီးတော့မည့်နှယ် ရှိနေတော့သည်။ ခရမ်းရောင် ကျောက်တိုင်များ အတွင်းရှိ လူပေါင်း ရာချီသာမက စုမင်က ထိုနယ်မြေထဲသို့ အတင်းအကျပ် ဝင်ခိုင်းလိုက်သော အနက်ရောင် ဝတ်စုံဝတ် ကျင့်ကြံသူများပါ သတိလစ်သွားကြတော့၏။

​သူတို့၏ ကျောက်တိုင်များပေါ်ရှိ ခရမ်းရောင် အလင်းတန်းများမှာ မှေးမှိန်သွားပြီး နောက်ဆုံးတွင် မည်သည့် အလင်းမျှ မကျန်တော့ချေ။ ၎င်းမှာ ထိုအခိုက်အတန့်၌ အလင်းအားလုံး စုပ်ယူခံလိုက်ရသည့်နှယ် ဖြစ်နေတော့သည်။

​သူ နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သောအခါ နတ်ဆိုး နတ္ထိနယ်မြေများအတွင်း၊ အနောက်ငွေ့ရည်တိမ်တိုက်၏ သီးခြားနယ်မြေ အပြင်ဘက်တွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုပုံရိပ်မှာ ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များ ရှိ၏။ သူ၏ ရုပ်သွင်မှာ စုမင်နှင့် ဆင်တူသော်လည်း ပို၍ ရှေးကျသောအသွင် ရှိသည်။ သူသည် ထိုနေရာ၌ ငြိမ်သက်စွာ ရပ်နေသော်လည်း သူ ပေါ်ထွက်လာသည့် ခဏ၌ အနောက်ငွေ့ရည်တိမ်တိုက်အတွင်းရှိ ဧရိယာ အတော်များများမှာ တုန်ခါသွားတော့၏။

​၎င်းမှာ မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသော တုန်ခါသံဖြစ်ပြီး နဂါးငွေ့တန်းတစ်ခုလုံးကို တုန်ရင်သွားစေသော အသံမျိုးပင်။ နဂါးငွေ့တန်းအတွင်း၌ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပေါ်ပေါက်လာပြီး ထိုဟိန်းဟောက်သံမှာ ဟင်းလင်းပြင်အတွင်း ပဲ့တင်ထပ်သွားသည်နှင့်အမျှ အနောက်ငွေ့ရည်တိမ်တိုက်အတွင်းရှိ နိယာမများနှင့် စည်းမျဉ်းများမှာ ထိုအခိုက်အတန့်၌ ကမောက်ကမဖြစ်သွားပြီး တစ်ခုနှင့်တစ်ခု ရောထွေးသွားပုံရသည်။

​ဂြိုဟ်များမှာ ဝင်းလက်လာသည်။ ဥက္ကာခဲများမှာ ရွေ့လျားမှု ရပ်တန့်သွားသည်။ ကြယ်အလင်းတန်းများမှာ ပုံပျက်သွားပြီး အဆုံးမဲ့လှသော လှိုင်းအလင်းများ ပျံ့နှံ့သွားကာ အနောက်ငွေ့ရည်တိမ်တိုက် တစ်ခုလုံးမှာ ကြီးမားလှသော ရှုပ်ထွေးမှုများအတွင်းသို့ ကျရောက်သွားတော့သည်။

​၎င်းမှာ စုမင်၏ အိစန်းကိုယ်ပွား ပေါ်ထွက်လာခြင်းက ဤနဂါးငွေ့တန်းကို သတိထားမိစေပြီး သူ၏ တည်ရှိမှုကို အလွန်အမင်း ရွံရှာသွားစေသကဲ့သို့ပင်။ နဂါးငွေ့တန်း၌ စိတ်ဆန္ဒတစ်ခု ရှိနေသကဲ့သို့ ဖြစ်ပြီး ထိုအခိုက်၌ ၎င်းသည် ဒေါသတကြီး ဖြစ်နေသလို စိုးရိမ်ပူပန်နေသည့် အခြေအနေတွင်လည်း ရှိနေ၏။

​ဟင်းလင်းပြင် အတွင်းမှ အဖြူရောင် လျှပ်စီးတန်းများမှာ ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ ဆင်းသက်လာပြီး စုမင်၏ အိစန်းကိုယ်ပွား ပတ်ဝန်းကျင်၌ ချက်ချင်း ပြည့်နှက်သွားတော့သည်။ ၎င်းတို့သည် အရပ်မျက်နှာ အသီးသီးသို့ ပြင်းထန်စွာ ပျံ့နှံ့သွားရာ ဤနဂါးငွေ့တန်းအတွင်းရှိ ကျယ်ပြောလှသော ဧရိယာမှာ လျှပ်စီးအိုင်ကြီး တစ်အိုင်အသွင် ချက်ချင်း ပြောင်းလဲသွားတော့၏။

​ထိုလျှပ်စီးတန်းများမှာ အကျဉ်းထောင် တစ်ထောင်ကဲ့သို့ ဖြစ်နေပြီး စုမင်၏ အိစန်းကိုယ်ပွား အပြင်သို့ မထွက်နိုင်အောင် နဂါးငွေ့တန်းမှ ဖန်တီးလိုက်ခြင်း ဖြစ်ပုံရသည်။

​သို့သော် ဤအရာအားလုံးကို ပုံရိပ်ဝါးမြိုခြင်း ပညာရပ်အား ကျင့်ကြံထားသော စုမင်၏ ကိုယ်ပွားက လုံးဝ လျစ်လျူရှုထား၏။ သူသည် မျက်လုံးများကို မှိတ်ထားဆဲ ဖြစ်သော်လည်း သူ၏ ရှေ့မှောက်ရှိ ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်၏ မျက်နှာမှာမူ တစ်ခါမျှ မမြင်ဖူးလောက်အောင် ပြင်းထန်စွာ ပြောင်းလဲသွားတော့သည်။ သူသည် အလိုအလျောက်ပင် ပေပေါင်း ထောင်နှင့်ချီ၍ နောက်သို့ ဆုတ်လိုက်ပြီး အဖြူရောင် လျှပ်စီးအိုင်အတွင်းရှိ ခရမ်းရောင် ပုံရိပ်အား မှင်သက်စွာ စိုက်ကြည့်နေမိသည်။ အလွန်အမင်း ထိတ်လန့်မှုမှ ပေါက်ဖွားလာသော ရိုသေလေးစားမှုမှာ သူ၏ ဝိညာဉ်အတွင်းမှ မထိန်းချုပ်နိုင်ဘဲ ထွက်ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်မှာ တုန်ရင်နေပြီး သူ၏ ဝိညာဉ်မှာပင် ပြိုကွဲတော့မည့်နှယ် ရှိနေတော့သည်။

​‘ဘယ်သူလဲ... ဒါက ဘယ်သူလဲ။ ဒီလို အင်အားမျိုးက... ဒါက... ဒါက...’

​ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်မှာ သူ၏ စိတ်အာရုံများ ရှုပ်ထွေးသွားသကဲ့သို့ ဖြစ်နေ၏။ မယုံကြည်နိုင်လောက်အောင် တုန်လှုပ်မှုများမှာ သူ၏ မျက်နှာထက်၌ ပေါ်လာသည်။ နဂါးငွေ့တန်း၏ နိယာမနှင့် စည်းမျဉ်းများက ထိုနေရာ၌ ပြည့်နှက်နေပုံနှင့် နဂါးငွေ့တန်းက ဤလူကို မည်မျှ ရွံရှာနေသည်အား သူ မြင်နေရ၏။ နဂါးငွေ့တန်း၏ ငြင်းပယ်ခြင်းကို ခံရသော လူတစ်ယောက်မှာ မည်မျှအထိ သန်မာနိုင်သနည်းဆိုသည်ကို သူ စိတ်ကူးပင် မယဉ်နိုင်တော့ချေ။ ဤသည်မှာ နဂါးငွေ့တန်းတစ်ခုလုံးက သတိထားနေရသော အင်အားမျိုးပင်။

​"မင်းက ပျက်စီးနေတဲ့ နဂါးငွေ့တန်း တစ်ခုပဲ။ ငါ့ကို အပြင်မထွက်အောင် တားဆီးဖို့ ဘယ်လောက်တောင် သတ္တိရှိနေတာလဲ" စုမင် အိစန်းကိုယ်ပွား၏ ခရမ်းရောင် ဆံပင်များမှာ ဟင်းလင်းပြင်၌ လွင့်ပျံနေသည်။ သူက တည်ငြိမ်စွာ ပြောလိုက်ရင်း သူ၏ လက်ယာဘက် လက်ကို မြှောက်ကာ ရှေ့သို့ ဝှေ့ယမ်းလိုက်၏။

​ထိုအခါ သူ၏ ပတ်ဝန်းကျင်ရှိ အဖြူရောင် လျှပ်စီးတန်း အားလုံးမှာ လူတိုင်း၏ မျက်စိရှေ့မှောက်မှာပင် ခရမ်းရောင်အဖြစ် ပြောင်းလဲသွားတော့သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ဤနေရာမှာ... ခရမ်းရောင် လျှပ်စီးအိုင်ကြီး ဖြစ်သွားတော့၏။

​ပို၍ အရေးကြီးသည်မှာ ထိုအခိုက်အတန့်၌ပင် သူ မျက်နှာကို ရှင်းလင်းစွာ မမြင်ရသော ခရမ်းရောင် ပုံရိပ်ထံမှ ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်အား အသက်ရှူကျပ်စေသော စိတ်ဆန္ဒတစ်ခု ပေါက်ကွဲထွက်လာခြင်းပင်။ ထိုစိတ်ဆန္ဒမှာ အပြင်သို့ ပျံ့နှံ့သွားသည်နှင့်အမျှ ထိုစိတ်ဆန္ဒ ဖြတ်သန်းသွားသော နဂါးငွေ့တန်းရှိ နေရာမှန်သမျှမှာ နဂါးငွေ့တန်းနှင့် မသက်ဆိုင်တော့ဘဲ... ဤလူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားတော့သည်။

​ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်သည် ဤလူ၏ စိတ်ဆန္ဒ ထိတွေ့သမျှ နေရာတိုင်းရှိ နဂါးငွေ့တန်း၏ နိယာမနှင့် စည်းမျဉ်းများမှာ အတင်းအကျပ် ဖျက်ဆီးခံလိုက်ရပြီး နိယာမအသစ်များဖြင့် အစားထိုးခံလိုက်ရသည်ကို ဝေဝါးစွာ မြင်နေရ၏။

​နဂါးငွေ့တန်း၏ ခုခံမှုမှာလည်း အခြားသူများအား ဖိနှိပ်နိုင်သော စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဤလူ၏ စိတ်ဆန္ဒ အပြင်သို့ မပျံ့နှံ့သွားအောင် တားဆီးရန် ကြိုးစားနေသည်ကိုလည်း သူ မြင်နေရသည်။ ဤသည်မှာ ကျင့်ကြံသူ တစ်ဦး လုပ်ဆောင်နိုင်သော အရာမျိုး မဟုတ်တော့ချေ။ ၎င်းမှာ နဂါးငွေ့တန်း တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေသကဲ့သို့ စကြဝဠာ တစ်ခုနှင့်တစ်ခု အားပြိုင်နေသကဲ့သို့ပင် ဖြစ်နေ၏။

​ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်မှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေရင်း တိုးတိုးလေး ရေရွတ်နေမိသည်။ “ဒါက... ဘယ်သူလဲ...”

​ဤကဲ့သို့သော နတ်ဘုရား စွမ်းရည်သည် ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်၏ စိတ်ကူးစိတ်သန်းများကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိတော့၏။ ၎င်းမှာ ထွက်ပြေးရန်ပင်။ သူသည် စုမင်၏ ပုံရိပ်ဝါးမြိုခြင်း ကိုယ်ပွားကို လှမ်းအော်လိုက်ပြီး ၎င်းအား ခေါ်ဆောင်သွားရန် ပြင်လိုက်စဉ်မှာပင် သူ တုန်လှုပ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူ့အား ထိတ်လန့်စေသော ထိုစိတ်ဆန္ဒမှာ စုမင်၏ ကိုယ်ပွားကိုပါ လွှမ်းခြုံထားသောကြောင့် ဖြစ်၏။

​ထိုအခိုက်၌ တိုးညှင်းသော အသံတစ်သံမှာ လေထုအတွင်း ပဲ့တင်ထပ်သွားသည်။

​"ပျက်စီးနေတဲ့ နဂါးငွေ့တန်း... မင်းက သက်ရှိအမျိုးမျိုးကို ဖျက်ဆီးနိုင်ပေမဲ့ ငါ့ကိုတော့ ဖျက်ဆီးလို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ မင်းနဲ့ ငါဟာ တူညီတဲ့ တည်ရှိမှုမျိုးတွေ ဖြစ်လို့ပဲ" ဤစကားများကို ပြောလိုက်သည့် ခဏ၌ ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်သည် သူ၏ ဘဝတွင် တစ်ခါမျှ မမေ့နိုင်တော့မည့်၊ ထာဝရ တုန်လှုပ်သွားစေမည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရတော့၏။

​ထိုအချိန်၌ သူသည် မျက်နှာကို ရှင်းလင်းစွာ မမြင်ရသော ထိုခရမ်းရောင် ပုံရိပ်၏ နောက်ကွယ်၌ ကောင်းကင်ဘုံအထိ မြင့်မားလှပြီး အရွယ်အစားအား ဖော်ပြရန်ပင် ခက်ခဲလှသည့် ကြီးမားလှသော ခရမ်းရောင် သစ်ပင်ကြီး တစ်ပင် ပေါ်ထွက်လာသည်ကို မြင်လိုက်ရခြင်းပင်။

​ထိုသစ်ပင်ကြီးသည် နဂါးငွေ့တန်းကို မြေကြီးအဖြစ် အသုံးပြုကာ အမြစ်တွယ်ထားပြီး အာဟာရများ စုပ်ယူနေ၏။ ထိုသစ်ပင်ကြီး၏ အတွင်းမှ နှလုံးခုန်သံနှင့် ဆင်တူသော အသံတစ်သံလည်း ထွက်ပေါ်နေသည်။ ထိုအသံ မြည်ဟည်းလိုက်တိုင်း နဂါးငွေ့တန်းမှာ တုန်ခါသွားရ၏။ ထိုသစ်ပင်ကြီး ပေါ်ထွက်လာသည့် ခဏ၌ ၎င်းသည် အဆုံးမရှိသော ဧရိယာကို သိမ်းပိုက်လိုက်ရာ အနောက်ငွေ့ရည်တိမ်တိုက်အတွင်းရှိ နိယာမနှင့် စည်းမျဉ်းများမှာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲတော့မည့် အခြေအနေသို့ ရောက်သွားတော့သည်။

​သူ၏ စိတ်ဆန္ဒမှာ ထပ်မံ ပျံ့နှံ့သွားပြီး ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင် ရှိနေသော နေရာကိုပါ လွှမ်းခြုံသွားတော့၏။ သူသည် မျှော်လင့်ချက်မဲ့သွားသော်လည်း သူ့ထံသို့ သေခြင်းတရား ရောက်ရှိမလာသည်ကို သတိပြုမိလိုက်သဖြင့် ခဏမျှ မှင်သက်သွားသည်။

​သေခြင်းတရားကို မခံစားရရုံသာမက ထိုစိတ်ဆန္ဒအတွင်း၌ သူသည် မယုံကြည်နိုင်လောက်အောင်ပင် ရင်းနှီးသော အငွေ့အသက် တစ်ခုကိုပါ တွေ့ရှိလိုက်ရခြင်းပင်။

​"ပျက်စီးနေတဲ့ နဂါးငွေ့တန်း... မင်း ငါ့ကို တားလို့ မရသလို ဖျက်ဆီးလို့လည်း မရဘူး... ဒီနေ့ ငါ့ရဲ့ နေရပ်ကနေ ထွက်လာတာက မင်းကို ဖျက်ဆီးဖို့ မဟုတ်ဘဲ မင်းရဲ့ နဂါးငွေ့တန်းဆီက လီတစ်သိန်းစာ နေရာကို ခဏ ငှားရမ်းဖို့ပဲ။ ငါ့ကို... တားဖို့ မကြိုးစားပါနဲ့"

​ဤစကားများကို ပြောလိုက်သည့် ခဏ၌ စုမင်၏ အိစန်းကိုယ်ပွား ပတ်ဝန်းကျင်ရှိ ခရမ်းရောင် လျှပ်စီးတန်းများမှာ ပြန့်ကားသွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် စုမင်၏ စိတ်ဆန္ဒရှိရာ နေရာအားလုံးကို လွှမ်းခြုံသွားတော့၏။ ၎င်းမှာ... လီတစ်သိန်းအထိ ကျယ်ပြောလှသော နဂါးငွေ့တန်း ဧရိယာပင် ဖြစ်သည်။

​ခရမ်းရောင် လျှပ်စီးတန်းများဖြင့် ပြည့်နှက်နေသော လီတစ်သိန်းစာ နဂါးငွေ့တန်း ဧရိယာမှာ စုမင်၏ အိစန်းကိုယ်ပွား ပိုင်ဆိုင်သော နဂါးငွေ့တန်း ဖြစ်လာလေတော့သည်။

​ဤနဂါးငွေ့တန်း ဧရိယာမှာ သီးခြားနယ်မြေအတွင်းရှိ ခရမ်းရောင် အိစန်း ပိုင်ဆိုင်သော နေရပ်နှင့် နှိုင်းယှဉ်လျှင် မကြီးမားလှသော်လည်း ဤနေရာမှာ သီးခြားနယ်မြေ မဟုတ်ဘဲ အပြင်လောက ဖြစ်နေ၏။ ဤနေရာ၌ စကြဝဠာ၏ စိတ်ဆန္ဒ ရှိနေသော်လည်း သူသည် ဤကဲ့သို့ လုပ်ဆောင်နိုင်ခြင်းဖြင့် ကျင့်ကြံသူ တစ်ဦး၏ ကန့်သတ်ချက်များကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

​စုမင်၏ အိစန်းကိုယ်ပွားက စကားပြောနေစဉ် ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်က သူ့ကို မှင်သက်စွာ ကြည့်နေမိသည်။ အနောက်ငွေ့ရည်တိမ်တိုက်မှ ငြင်းပယ်မှုများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ၎င်းမှာ လုံးဝ ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ သူ့ကို ဆက်လက် စောင့်ကြည့်နေဆဲ ဖြစ်နိုင်သော်လည်း ဤသည်မှာ လိုက်လျောမှုတစ်ခုပင် ဖြစ်ပြီး ထိုခရမ်းရောင် ပုံရိပ်မှာ နဂါးငွေ့တန်းနှင့် တန်းတူ အခြေအနေတွင် ရှိနေသည်ဟု ဆိုလိုခြင်းပင်။

​ထို့နောက် ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်သည် သူ့စိတ်ကို ဗလာဖြစ်သွားစေသော မြင်ကွင်းတစ်ခုအား မြင်လိုက်ရပြန်သည်။ သူသည် စုမင်က သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး ထိုခရမ်းရောင် ပုံရိပ်ထံသို့ တဖြည်းဖြည်း လျှောက်လှမ်းသွားကာ နှစ်ဦးစလုံးမှာ တဖြည်းဖြည်းနှင့် ပေါင်းစပ်သွားသည်အား မြင်လိုက်ရခြင်း ဖြစ်၏။

​၎င်းမှာ အသူရာ ဖန်ဆင်းရှင်းများ၏ ပေါင်းစပ်ခြင်းမျိုး မဟုတ်ဘဲ တစ်ခုတည်းသော အစိတ်အပိုင်းအဖြစ် ပေါင်းစည်းသွားခြင်း ဖြစ်သည်။

​အကယ်၍ ထိုအခိုက်၌ပင် ကြက်သွေးရောင် မီးလျှံဂြိုဟ်သခင်က မည်သည်များ ဖြစ်နေကြောင်းကို နားမလည်ခဲ့လျှင် သူ၏ သက်တမ်းတစ်လျှောက် ရှင်သန်လာခဲ့သမျှမှာ အလကား ဖြစ်ပေလိမ့်မည်။ သို့သော် သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေဆဲပင်။ သူသည် မှင်သက်နေသော အကြည့်ဖြင့် ခရမ်းရောင် စုမင်က သူ့ထံသို့ လျှောက်လှမ်းလာပြီး သူ့ရှေ့တွင် ရပ်နေသည်ကို ကြည့်နေမိသည်။ ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်၏ အကြည့်က အိစန်းကိုယ်ပွား၏ အကြည့်နှင့် ဆုံမိသည့် ခဏ၌ သူ၏ ဝိညာဉ်မှာပင် တုန်ရင်လာပြီး သူသည် ခေါင်းကို တဖြည်းဖြည်း ငုံ့ကာ လက်နှစ်ဖက်အား စုလျက် စုမင်ကို ဦးညွှတ်လိုက်တော့သည်။

​သူသည် ဦးညွှတ်ခြင်းကို မပြီးဆုံးသေးမီမှာပင် သူ၏ ပတ်ဝန်းကျင်ရှိ ကြီးမားလှသော ဖိအားများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။

​"စီနီယာ... ခင်ဗျား ဒီလို လုပ်ဖို့ မလိုပါဘူး။ ဒါက ကျွန်တော့်ရဲ့ ကိုယ်ပွား ပထမဆုံးအကြိမ် ထွက်ပေါ်လာတာဆိုတော့ ကျွန်တော် ကောင်းကောင်း မထိန်းချုပ်နိုင်သေးဘူး။ ခုနက ခင်ဗျားကို စော်ကားမိသလို ဖြစ်သွားခဲ့ရင် စိတ်ထဲ မထားပါနဲ့" စုမင်က ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်ကို ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

​သူက ဤစကားများကို ပြောလိုက်သော်လည်း ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်၏ တုန်လှုပ်မှုမှာမူ စကားတစ်ခွန်းတည်းဖြင့် ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ချေ။ သူသည် စုမင်ကို မိန်းမောစွာ ကြည့်နေမိပြီး ပထမဦးဆုံးအကြိမ်အဖြစ် သူ၏ စိတ်ထဲ၌ ပြင်းထန်လှသော ရိုသေလေးစားမှုများ ပေါ်ပေါက်လာတော့သည်။ ဤကဲ့သို့သော လေးစားမှုမျိုးမှာ သူ စုမင်အပေါ် တစ်ခါမျှ မခံစားခဲ့ဖူးသော အရာဖြစ်ပြီး စုမင်ကို အသုံးချချင်သော သူ၏ ဆန္ဒကြောင့် ဖြစ်ပေါ်ခဲ့သော ဆက်နွှယ်မှုမှာလည်း ထိုအခိုက်၌ ချက်ချင်း ပြောင်းလဲသွားတော့၏။

​ယခု အခြေအနေကို အသာထား... အတိတ်က သူ ကျင့်ကြံခြင်း အထွတ်အထိပ်သို့ ရောက်နေစဉ် အချိန်၌ပင်လျှင် ဤကဲ့သို့သော လူမျိုးနှင့် တည်ရှိမှုမျိုးကို သူ စော်ကားဝံ့လိမ့်မည် မဟုတ်ချေ။ အမှန်တကယ်တွင် စုမင်သည် သူတို့၏ ပဉ္စမမြောက် မဟာလောကကို ပြန်လည် တိုးတက်စေမည့် အရှင်သခင်အသစ် ဖြစ်နိုင်သည်ဟုပင် သူ ခံစားလိုက်ရတော့၏။

​ဤအတွေးမှာ သူ့စိတ်ထဲ၌ အမြစ်တွယ်သွားသည်နှင့်အမျှ သူ့ဝိညာဉ်အတွင်း၌ လျင်မြန်စွာ ကြီးထွားလာပြီး မျက်နှာထက်၌ ရိုသေလေးစားမှုနှင့် စိတ်လှုပ်ရှားမှုများ ပေါ်ပေါက်လာတော့သည်။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး စုမင်ကို နောက်တစ်ကြိမ် ထပ်မံ ဦးညွှတ်လိုက်ပြန်သည်။

​"ကျွန်တော့်ကို စီနီယာလို့ ခေါ်ဖို့ မထိုက်တန်ပါဘူး။ အရင်က ကျွန်တော် သခင်လေးကို အသုံးချဖို့ ရည်ရွယ်ချက်နဲ့ ချဉ်းကပ်ခဲ့တာပါ၊ အဲဒီအတွက် ခွင့်လွှတ်ပေးပါ။ သခင်လေး... အခုကစပြီး ပဉ္စမမြောက် မဟာလောကရဲ့ ဂုဏ်သိက္ခာကို ပြန်လည် ထူထောင်နိုင်ဖို့အတွက် ကျွန်တော် အစွမ်းကုန် ကူညီပါ့မယ်" ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်သည် သူ၏ စိတ်ရင်းအမှန်အတိုင်း အလွန်ပင် ရိုသေစွာ ဦးညွှတ်လိုက်သည်။ ထိုအခိုက်အတန့်၌ပင် သူသည် စုမင်ကို သူ၏ သခင်လေးအဖြစ် အမှန်တကယ် သတ်မှတ်လိုက်ပြီး သူ့ဘဝတွင် မည်သည့်အခါမျှ သစ္စာဖောက်မည် မဟုတ်ကြောင်း ဆုံးဖြတ်လိုက်တော့၏။

​"ဒါပေမဲ့ ကျွန်တော့်ကို တစ်ခုလောက် ပြောခွင့်ပြုပါ သခင်လေး။ သခင်လေးရဲ့ ဒီကိုယ်ပွားက နဂါးငွေ့တန်းကိုတောင် ယှဉ်နိုင်လောက်အောင် အင်အားကြီးပေမဲ့ ဒီလောကကြီးထဲမှာ သခင်လေးကို သတ်နိုင်တဲ့ မိစ္ဆာအိုကြီး အချို့ ရှိနေပါသေးတယ်။ ဒါကြောင့် ဒီကိုယ်ပွားကို အပြင်မှာ အကြာကြီး မထားပါနဲ့။ အဲဒါကို သီးခြားနယ်မြေထဲမှာပဲ ထားတာက ပိုကောင်းပါလိမ့်မယ်" ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

​"ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ တချို့ကိစ္စတွေက အန္တရာယ်ရှိတယ်ဆိုတာ သိနေရင်တောင်... ကျွန်တော် လုပ်ကို လုပ်ရမှာပါ" စုမင်က ခေါင်းခါလိုက်ပြီး သူ၏ စိတ်ထဲ၌ ထိပ်ပြောင်ကြိုးကြာ၏ ဂုဏ်ယူဝင့်ကြွားနေသော မျက်နှာထား ပေါ်လာသည်။ သူ၏ မျက်နှာထက်၌ အပြုံးအရိပ်အယောင်လေး တစ်ခု ပေါ်လာ၏။ "သွားကြစို့။ ကျွန်တော်တို့ ဒီနေရာကို စောင့်ကြည့်နေတဲ့ မဟာ လောကကြီး လေးခုရဲ့ ပင်မစခန်းဆီကို သွားကြမယ်"

​စုမင်၏ မျက်ဝန်းအတွင်း၌ အေးစက်လှသော အကြည့်တစ်ခု ပေါ်လာသည်။ သူသည် ဟင်းလင်းပြင်အတွင်းသို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ ခရမ်းရောင် လျှပ်စီးတန်းများမှာ ကျယ်လောင်စွာ မြည်ဟည်းသွားတော့၏။ လျှပ်စီးပင်လယ်ကြီးတစ်ခုကဲ့သို့ပင် သူသည် နဂါးငွေ့တန်းကို ဖြတ်ကျော်ကာ အဝေးသို့ တစ်ဟုန်ထိုး တိုးဝင်သွားလေတော့သည်။

​သူ ရောက်သွားသည့် နေရာတိုင်း၌ နဂါးငွေ့တန်းမှာ တုန်ခါသွားရပြီး တွေ့မြင်သူတိုင်းမှာလည်း အံ့အားသင့် ထိတ်လန့်သွားကြရတော့၏။

All Chapters