← Chapters

လင်းရင်၏ သရုပ်မှန်

Vol. 82 Ch. 854

လင်းရင်၏ သရုပ်မှန်

Vol. 82 Ch. 854

​တစ်လကြာပြီးနောက်

​ထန်ထျန်း၏ စီစဉ်မှုအောက်တွင် တစ်ကမ္ဘာလုံးက လှုပ်ရှားလာကြသည်။

စကြာဝဠာအတွင်းရှိ မြင့်မြတ်နယ်မြေအားလုံးနီးပါးက တစ်ချိန်တည်းမှာပင် အပြင်လူများအတွက် တံခါးများကို အတိုင်းအတာတစ်ခုအထိ ဖွင့်လှစ်ပေးလိုက်ကြ၏။

​ယခင်က မြင့်မြတ်နယ်မြေတစ်ခုသို့ ဝင်ရောက်ရန်မှာ အလွန်ခက်ခဲသော ကိစ္စဖြစ်သော်လည်း ယခုအခါ၌မူ ထိုအခက်အခဲမှာ အလွန်ပင် လျော့ပါးသွားခဲ့ချေသည်။

၎င်းတို့က အပြင်ဘက်မှ လူများကိုပင် တက်ကြွစွာ စုပ်ယူနေကြသော်လည်း သတ်မှတ်ထားသည့် စံနှုန်းများမှာမူ တစ်ခုနှင့်တစ်ခု မတူညီကြပေ။

​အချို့က အသက်အရွယ်အရ၊ အချို့က ပါရမီအရ၊ အချို့ကမူ ခွန်အား အပေါ် မူတည်၍ ရွေးချယ်ကြသည်။

ထို့ပြင် ဆွေမျိုးသားချင်းနှင့် မိတ်ဆွေသူငယ်ချင်း စသည့် ပတ်သက်မှုများအပေါ် အခြေခံ၍ ရွေးချယ်မှုများလည်း ရှိနေ၏။

​မြင့်မြတ်နယ်မြေတစ်ခုစီက သူတို့နှင့် ကိုက်ညီမည့် စည်းမျဉ်းများကိုသာ အသုံးပြုကြခြင်း ဖြစ်ပေသည်။

ဤသည်မှာ ထန်ထျန်းကိုယ်တိုင်လည်း ထိန်းချုပ်၍ မရနိုင်သော ကိစ္စပင် ဖြစ်၏။ သူက မြင့်မြတ်နယ်မြေအားလုံးကို စည်းမျဉ်းတစ်ခုတည်း သတ်မှတ်၍ အတင်းအကျပ် ခိုင်းစေရန် မဖြစ်နိုင်ခြင်းကြောင့် ၎င်းတို့၏ အခြေအနေအရသာ အစီအစဉ်များ ဆွဲခိုင်းခဲ့ပေသည်။

​မည်သို့ပင် ဖြစ်စေကာမူ လူနည်းစုသာ မြင့်မြတ်နယ်မြေအတွင်းသို့ ဝင်ခွင့်ရရှိကြပြီး လူအများစုမှာမူ စွန့်ပစ်ခံရသူများအဖြစ် ကျန်ရှိနေရသည်။

သို့သော်လည်း အခြားနည်းလမ်းမရှိခြင်းကြောင့် ဤသို့သာ လုပ်ရချေသည်။

​လွန်ခဲ့သော လဝက်ခန့်က ထန်ထျန်းသည် ချန်ဝူဟွေ့ကို ကျိကျွင်းအဆင့်သို့ တက်လှမ်းနိုင်ရန် ကူညီပေးခဲ့၏။

ချန်ဝူဟွေ့က သူ၏ ပါရမီကို အလဟဿ မဖြစ်စေခဲ့ဘဲ ကျိကျွင်း ဖြစ်လာပြီးနောက်၌ သူ၏ ခွန်အားက ရှို့ကျွင်းကျိကျွင်းနှင့် ယိရှန်းကဲ့သို့သော ကျိကျွင်းဟောင်းကြီးများပြီးလျှင် ထိပ်တန်းအဆင့်တွင် ရောက်ရှိသွားခဲ့ပေသည်။

​ဤအခြေအနေကို မြင်သောအခါ ထန်ထျန်းလည်း ပို၍ စိတ်အေးသွားရ၏။

ချန်ဝူဟွေ့ ရှိနေသရွေ့ သူ ပြန်မလာနိုင်ခဲ့လျှင်ပင် မြင့်မြတ်နယ်မြေက အချိန်အတိုင်းအတာတစ်ခုအထိ အေးအေးချမ်းချမ်း တည်ရှိနေနိုင်မည် ဖြစ်သည်။

​ထို့နောက် သူက တခြားသော မြင့်မြတ်နယ်မြေများ၏ ကိစ္စများကိုပါ ချန်ဝူဟွေ့အား စီမံခန့်ခွဲရန် လွှဲအပ်လိုက်၏။

ဤကိစ္စမှာ ထိုက်ယိ မြင့်မြတ်နယ်မြေထက်ပင် ပို၍ ရှုပ်ထွေးလှပေသည်။

အကျိုးအမြတ် ခွဲဝေမှုများနှင့် ပတ်သက်၍ ထန်ထျန်း တွေးကြည့်ရုံနှင့်ပင် ခေါင်းခဲလှခြင်းကြောင့် ချန်ဝူဟွေ့ကဲ့သို့ ကျွမ်းကျင်သူကိုသာ လွှဲပေးလိုက်ခြင်း ဖြစ်၏။

အနာဂတ်တွင် မည်သို့ဖြစ်လာမည်နည်း ဆိုသည်မှာမူ သူ အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီ ဖြစ်ပေသည်။

​အရာအားလုံး လမ်းကြောင်းမှန်ပေါ် ရောက်သွားချိန်တွင် နောက်ဆုံးကိစ္စတစ်ခုသာ ကျန်ရှိပါတော့သည်။

ထန်ထျန်းက သူ၏ အကြည့်ကို ဂျင်ဂိုကမ္ဘာအတွင်းသို့ ပို့လိုက်၏။

​ကုရှောင်းရွှယ်က သစ်ပင်အိမ်လေးအတွင်း၌ စာအုပ်များ ဝန်းရံလျက် ငြိမ်သက်စွာ ထိုင်နေသည်။

ဤအတောအတွင်း သူမက စာဖတ်ခြင်းကို ရုတ်တရက် ဝါသနာပါလာပုံရ၏။

သူမ၏ ကိုယ်ပေါ်တွင်မူ သဘာဝမျိုးစေ့၏ ကမ္မကြိုးများက ခရစ်စတယ် ခေါင်းတလားနှင့် တင်းကျပ်စွာ ဆက်နွှယ်နေဆဲပင် ဖြစ်ပေသည်။

​ကမ္ဘာသစ်တစ်ခု ဖြစ်ပေါ်လာရန်အတွက် သဘာဝမျိုးစေ့ လိုအပ်သည်။

သို့သော် ထန်ထျန်းက ကုရှောင်းရွှယ်ကို စတေး ခံသူအဖြစ် အဖြစ်ခံမည် မဟုတ်ပေ။

သူက သဘာဝမျိုးစေ့ ကို တခြားသော သက်ရှိတစ်ခုထံသို့ ပြောင်းရွှေ့ပေးရန် လိုအပ်၏။

​ဤပြဿနာကို သူ အချိန်အတော်ကြာ စဉ်းစားခဲ့ရသည်။

ယခင်က ဤကမ္ဘာ၏ အမှန်တရားကို မသိရှိခြင်းကြောင့် သင့်တော်သော ကြားခံနယ်တစ်ခုကို မရှာတွေ့နိုင်ခဲ့ချေ။

သို့သော် ယခုမူ သူက အရာအားလုံးကို သိရှိသွား ကြောင့် ကြားခံနယ် ရွေးချယ်ခြင်းမှာ မခက်ခဲတော့ပေ။ မည်သည့်သက်ရှိမဆို ဖြစ်နိုင်သည်။

​သို့သော် ထန်ထျန်းတွင် ပို၍ သင့်တော်သော ရွေးချယ်မှုတစ်ခု ရှိနေ၏။

​သူက လက်ညှိုးကို ဆန့်ထုတ်လိုက်ရာ အိပ်မောကျနေသော အမျိုးသမီးတစ်ဦးက သူ၏ ရှေ့မှောက်၌ ပေါ်လာသည်။

သူမမှာ လင်းယွင်တောင်တန်းတွင် ရှိစဉ်က ဟင်းလင်းပြင်ရွှံ့နွံ ဖြင့် သူ ဖမ်းဆီးခဲ့သော အမျိုးသမီး 'လင်းရင်' ပင် ဖြစ်သည်။

​ထိုစဉ်က လင်းရင်သည် ထန်ထျန်းကို အသုံးချ၍ ဝိညာဉ်​ရေကန် အတွင်းသို့ ဝင်ရောက်ကာ သူမ၏ မသိနားမလည်နိုင်သော ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် ကြိုးစားခဲ့၏။

သို့သော် သူမ၏ အကြံအစည်ကို ထန်ထျန်းက ရိပ်မိသွားကာ သူမကို ချိပ်ပိတ် ၍ သူ၏ ကိုယ်ပိုင်နေရာလွတ် အတွင်း၌ ပိတ်လှောင်ထားခဲ့ခြင်း ဖြစ်ပေသည်။

​သူမက အလွန်ကောင်းမွန်သော ကြားခံနယ်တစ်ခု ဖြစ်လာနိုင်၏။

အဘယ်ကြောင့်ဆိုသော် လင်းရင်နှင့် ကျွင်းချန်ချင်းတို့၏ ပတ်သက်မှုမှာ မရိုးရှင်းခြင်းကြောင့် မထင်မှတ်ထားသော ရလဒ်အချို့ကို ဖြစ်ပေါ်စေနိုင်သောကြောင့်ပင် ဖြစ်သည်။

​သို့သော် ဤအရာကို မလုပ်မီ သူ လုပ်ရမည့် တခြားကိစ္စတစ်ခု ရှိသေး၏။

သူက နောက်ထပ် လင်းရင်တစ်ယောက်နှင့် တွေ့ရန် လိုအပ်သည်။

​ယခင်က ဝူယွဲ့ ချောက်ကမ်းပါး တွင် သူနှင့် လင်းရင်တို့ ရှည်လျားသော စကားဝိုင်းတစ်ခု ရှိခဲ့ဖူး၏။

ထိုစကားဝိုင်းအတွင်း၌ မထင်မှတ်ထားသော အခြေအနေတစ်ခု ဖြစ်ပေါ်ခဲ့သည်။

နောက်ထပ် လင်းရင်တစ်ယောက်၏ စိတ်ဆန္ဒက ယခုရှိနေသော လင်းရင်၏ ကိုယ်ပေါ်သို့ သက်ဆင်းလာကာ ဝှက်ထား သော လျှို့ဝှက်ချက်အချို့ကို ပြောပြခဲ့၏။ ဥပမာအားဖြင့် လနတ်သမီးက သစ္စာဖောက်ဖြစ်ကြောင်း အရိပ်အမြွက် ပြောခဲ့ခြင်းမျိုးပင် ဖြစ်သည်။

​နှမြောစရာကောင်းသည်မှာ ထိုစဉ်က ထန်ထျန်းအနေဖြင့် သူမ၏ စကားများကို နားမလည်ခဲ့ခြင်းပင်။

ထိုလင်းရင်က ရှေ့မှ လင်းရင်နှင့် မတူဘဲ သူမက ကျွင်းချန်ချင်းနှင့် တစ်ဖက်တည်း မဟုတ်ပုံရပေသည်။

​သူမ၏ ရပ်တည်မှုမှာ မည်သို့ရှိသည်ကို ထန်ထျန်း မသိသော်လည်း သူမတွင် မည်သည့်ရည်ရွယ်ချက် ရှိရှိ၊ ယခုအခါ၌မူ သူမ ပေါ်လာသင့်ပြီ ဖြစ်သည်။

မဟုတ်လျှင် အရာအားလုံး နောက်ကျသွားလိမ့်မည် ဖြစ်၏။

​အိပ်မောကျနေသော လင်းရင်ကို ကြည့်ရင်း ထန်ထျန်းက သူ၏ စိတ်ဝိညာဉ်အာရုံကို လွှတ်ထုတ်၍ သူမ၏ ဝိညာဉ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လိုက်သည်။

ထင်သည့်အတိုင်းပင်၊ လင်းရင်၏ ဝိညာဉ်အနက်ရှိုင်းဆုံးနေရာ၌ နောက်ထပ် ဝိညာဉ်အမှတ်အသားတစ်ခုကို သူ ရှာတွေ့ခဲ့၏။

​ထိုအမှတ်အသားမှာ အလွန်ပင် ဝေဝါးလှပြီး လက်ရှိ လင်းရင်နှင့်လည်း ထပ်တူနီးပါး တူညီနေသည်။

ယခုကဲ့သို့ အစွမ်းထက်နေသော ထန်ထျန်းပင် လျှော့တွက်မိပါက သတိမထားမိနိုင်လောက်အောင် ဖြစ်၏။ နေနတ်ဘုရား ကဲ့သို့သော အဆင့်မျိုးပင် ရှာတွေ့နိုင်မည် မဟုတ်ပေ။

သူမအနေဖြင့် ကျွင်းချန်ချင်း၏ မျက်စိကို ဖုံးကွယ်နိုင်ခဲ့ခြင်းမှာ မဆန်းတော့ချေ။

​ထန်ထျန်းက ခဏမျှ စဉ်းစားပြီးနောက် ထိုဝိညာဉ်အမှတ်အသားကို တိုက်ရိုက် လောင်မြိုက်စေလိုက်သည်။

​"မင်းမှာ ပြောချင်တာရှိရင် အခုပဲ ပြောဖို့ အချိန်ရှိတော့တယ်"

​ထန်ထျန်းက လောင်မြိုက်နေသော ဝိညာဉ်အမှတ်အသားမှတစ်ဆင့် သူ၏ စိတ်ဆန္ဒကို ပေးပို့လိုက်၏။

အချိန်အနည်းငယ် ကြာပြီးနောက် ဝိညာဉ်အမှတ်အသား လောင်ကျွမ်းလုနီးပါး အချိန်၌ ရင်းနှီးသော စိတ်ဆန္ဒတစ်ခုက အဝေးတစ်နေရာမှ လင်းရင်၏ ကိုယ်ပေါ်သို့ သက်ဆင်းလာချေသည်။

​ထို့နောက် လင်းရင်က သူမ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။

​"မင်း တကယ်ပဲ ရောက်လာတာပဲ"

​ထန်ထျန်းက အသာအယာ ပြုံးလိုက်သည်။

လင်းရင် မတ်တတ်ရပ်လိုက်ချိန်၌ သူမ၏ ကိုယ်မှ ထွက်ပေါ်လာသော အော်ရာ မှာ ယခင် လင်းရင်နှင့် လုံးဝ ကွာခြားလှပေသည်။

​သူမက ထန်ထျန်းကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်လိုက်၏။

​"ကိစ္စတွေက ဒီလိုမျိုး ဖြစ်သွားလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး"

​"အရာအားလုံးက မြန်ဆန်လွန်းတော့ ကျွန်မ ဘာအစီအစဉ်မှ မဆွဲနိုင်ခဲ့ဘူး"

" ရှင်က ကျွန်မ ချန်ထားခဲ့တဲ့ အမှတ်အသားကို လောင်မြိုက်အောင် မလုပ်ခဲ့ရင် ကျွန်မ ထွက်လာဖို့တောင် မဖြစ်နိုင်ဘူး"

​"ကျွင်းချန်ချင်းက... ကျွန်မကို အမြဲ စောင့်ကြည့်နေတာ"

​လင်းရင်က ပြောလိုက်သည်။

သူမ၏ စကားကို ထန်ထျန်းက အထူးတလည် တုံ့ပြန်ခြင်း မရှိဘဲ ခေါင်းကိုသာ အသာအယာ ညိတ်လိုက်၏။

​"မင်း အရင်က ပြောခဲ့တယ်၊ ငါနဲ့ ကျွင်းချန်ချင်းက ကံပါလာတဲ့ ပြိုင်ဘက်တွေဆို"

​"အရင်က ငါ ဒါကို နားမလည်ခဲ့ပေမဲ့ အခုတော့ ဖြည်းဖြည်းချင်း နားလည်လာပြီ"

" မင်းပြောတာ တကယ်ပဲ မှားတာ မရှိပါဘူး"

​ထန်ထျန်းက ပြောလိုက်၏။

လင်းရင်၏ မျက်လုံးများ လှုပ်ရှားသွားသည်။

​"ရှင် ကောင်းကင်ဝါးမြိုနတ်ဆိုး အကြောင်း သိသွားပြီလား"

​ထန်ထျန်းက အင်းဟု တစ်ချက်ဆိုလိုက်သည်။

​"ဟုတ်တယ်၊ ငါ သိသွားပြီ"

" ကောင်းကင်ဝါးမြိုနတ်ဆိုးဆိုတာ ကမ္ဘာ့အရှင်နဲ့ ကျွင်းချန်ချင်းကြားက သဘောတူညီချက်တစ်ခုဆိုတာလည်း ငါ သိတယ်။ အဲ့ဒါက ကမ္ဘာ့အရှင်က ကျွင်းချန်ချင်းကို လက်ဆောင်ပေးခဲ့တာပဲ"

​"ဒါပေမဲ့... "

"အဲ့ဒီအရာက ငါ့ဆီမှာ ရှိနေတာကို မင်း ဘယ်လို သိတာလဲ"

​လင်းရင်၏ မျက်နှာတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ပေါ်လာ၏။

​"ကျွင်းချန်ချင်းက ကျွန်မကို ပြောပြတာပါ"

​ဤအဖြေမှာ ထန်ထျန်း၏ ထင်မြင်ချက်ထက် ကျော်လွန်မသွားပေ။

ကောင်းကင်ဝါးမြိုနတ်ဆိုး ရှိနေခြင်းကို ကမ္ဘာ့အရှင်၊ ကျွင်းချန်ချင်း၊ လနတ်သမီးနှင့် သဘာဝမိခင်တို့သာ သိရှိကြသည်။

ယခုအခါ၌မူ ကျွင်းချန်ချင်း တစ်ယောက်သာ ကျန်ရှိတော့၏။

ကောင်းကင်ဝါးမြိုနတ်ဆိုးက သူ၏ ကိုယ်ပေါ်တွင် ရှိနေကြောင်း ခွဲခြမ်းစိတ်ဖြာနိုင်သူမှာ ကျွင်းချန်ချင်းသာ ဖြစ်ပေသည်။

​"တကယ်တော့ ငါ နည်းနည်း သိချင်နေမိတယ်"

​ထန်ထျန်းက အေးအေးလူလူပင် ဆက်ပြောလိုက်၏။ "ကောင်းကင်ဝါးမြိုနတ်ဆိုး ဆိုတာ ကျွင်းချန်ချင်းအတွက်တောင်မှ အလွန်အရေးကြီးတဲ့ တည်ရှိမှုတစ်ခုပဲ"

" အလွန်အမင်း အရေးပါလှတယ်လို့ ပြောရင်တောင် မမှားဘူး"

​"သူက ဒီကိစ္စကို မင်းကို ဘာလို့ ပြောပြရတာလဲ"

​"မင်းက... တကယ်တော့ ဘယ်သူလဲ"

All Chapters