ရက်စက်လွန်းသော အတိတ်ကာလ
Vol. 82 Ch. 855
ထန်ထျန်း၏ မေးခွန်းကို ရင်ဆိုင်ရချိန်၌ လင်းရင်က သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မျက်နှာတွင် အလွန်အမင်း ရုန်းကန်နေရသည့် အရိပ်အယောင်များ ပေါ်ပေါက်နေ၏။
အမှန်တရားကို ထုတ်ပြောရမည်လား၊ မပြောရဘူးလား ဆိုသည်ကို ဇဝေဇဝါ ဖြစ်နေပုံရချေသည်။
ဤသည်ကို မြင်သောအခါ ထန်ထျန်းက အသာအယာ သက်ပြင်းချလိုက်၏။
"အခုလို အချိန်မျိုးအထိ ရောက်နေပြီပဲ၊ ဖုံးကွယ်ထားဖို့ လိုအပ်ပါဦးမလား"
"ငါတို့က တစ်ဖက်တည်း ရပ်တည်နေကြသူတွေလို့ မင်းအရင်က ပြောခဲ့ဖူးတယ်"
"အခုက နောက်ဆုံးအခွင့်အရေးပဲ"
" မင်းသာ အမှန်အတိုင်း မပြောဘူးဆိုရင် မင်းမှာ ဘယ်လိုအစီအစဉ်ပဲရှိရှိ ဘာအဓိပ္ပာယ်မှ ရှိတော့မှာ မဟုတ်ဘူး"
ထန်ထျန်း၏ စကားကြောင့် လင်းရင်က နောက်ထပ် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြန်သည်။
နောက်ဆုံးတွင်မူ သူမက လေးလံစွာ သက်ပြင်းချလိုက်၏။
"တကယ်တော့... မပြောပြနိုင်စရာတော့ မရှိပါဘူး"
"ကျွန်မက အဲ့ဒီအမှန်တရားတွေကို ရင်မဆိုင်ချင်ရုံသက်သက်ပါပဲ..."
သူမက ခေါင်းမော့ကာ ထန်ထျန်းကို ကြည့်လိုက်သည်။
"ကျွန်မက ကျွင်းချန်ချင်းရဲ့ သမီးပါ"
"သူ့ရဲ့ အရင်းခေါက်ခေါက် သမီးအရင်းပေါ့"
ထန်ထျန်း၏ မျက်ခုံးများ ပင့်တက်သွားချေသည်။
သမီး လား
"ကျွင်းချန်ချင်းမှာ သမီးတစ်ယောက် ရှိတယ်လို့ ငါ... မကြားဖူးပါဘူး"
ထန်ထျန်းက ပြောလိုက်၏။
ကျွင်းချန်ချင်းဆိုသည်မှာ ကမ္ဘာ့အရှင်နှင့် အလားတူသော သမိုင်းတစ်လျှောက် ထိပ်တန်းပုဂ္ဂိုလ်ကြီး ဖြစ်ခြင်းကြောင့် သူ့ကို ရင်ဆိုင်နိုင်ရန် နေနတ်ဘုရားတို့တစ်စုက ကျွင်းချန်ချင်း၏ အကြောင်းစုံကို နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းထားပြီးသား ဖြစ်ပေသည်။
သို့သော် ကျွင်းချန်ချင်းတွင် သမီးရှိသည်ဟူသော သတင်းကို တစ်ခါမျှ မကြားဖူးခဲ့ချေ။
လူအများ ပြောဆိုနေကြသည်မှာ ကျွင်းချန်ချင်းသည် ကျင့်ကြံခြင်းစတင်ကတည်းက တစ်ကိုယ်တည်းဖြစ်ပြီး တာအိုလမ်းစဉ်နောက်သို့သာ စူးစူးစိုက်စိုက် လိုက်ခဲ့သူဟု ဖြစ်၏။
မည်သည့် လောကီအနှောင်အဖွဲ့ကမျှ သူ၏ အထွတ်အထိပ်သို့ တက်လှမ်းမည့် ခြေလှမ်းများကို မတားဆီးနိုင်ခဲ့ပေ။
သို့သော် ယခုအခါတွင်မူ ရုတ်တရက် သမီးတစ်ယောက် ပေါ်လာခြင်းမှာ အမှန်တကယ်ပင် အံ့အားသင့်စရာ ကောင်းလှပေသည်။
လင်းရင်ကမူ ခါးသီးစွာ ပြုံးလိုက်၏။
"ရှင်တို့ မသိတာ မဆန်းပါဘူး"
သူမက ဆက်ပြောသည်။ "ဘာလို့လဲဆိုတော့ သူ နာမည်မကျော်ခင်ကတည်းက ကျွန်မနဲ့ ကျွန်မအမေက သေဆုံးသွားခဲ့လို့ပဲ"
"သူ့လက်နဲ့ကိုယ်တိုင် သေတဲ့အထိ ချုပ်နှောင် ခံခဲ့ရတာ"
ထန်ထျန်းမှာ ဆွံ့အသွားရချေသည်။
ဤကဲ့သို့သော ကိစ္စမျိုးအထိ ဖြစ်ပျက်ခဲ့ပါသလော။
လင်းရင်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူမ၏ ရင်ထဲမှ ဒေါသနှင့် မုန်းတီးမှုများကို ခေတ္တမျှ ထိန်းချုပ်လိုက်၏။
"အဲ့ဒီတုန်းက သူက သေမျိုး အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ ရှိသေးတာ"
"ကျင့်ကြံရင်းနဲ့ သူက ကျွန်မအမေကို တိုက်တိုက်ဆိုင်ဆိုင် ကယ်ခဲ့မိတယ်၊ အဲ့ဒီကနေ ခံစားချက် တွေဖြစ်ပြီး တာအိုလက်တွဲဖော် တွေ ဖြစ်လာခဲ့ကြတာပေါ့"
"ကျွန်မကိုလည်း အဲ့ဒီအချိန်မှာ မွေးဖွားခဲ့တာ"
" ကျင့်ကြံခြင်းလောကမှာ တာအိုလက်တွဲဖော်ဆိုတာ ရှားပါးတယ်၊ မူလကတော့ ကျွန်မတို့မှာ အလွန်လှပတဲ့ မိသားစုတစ်ခု ရှိသင့်တာပေါ့။ ကျွင်းချန်ချင်းနဲ့ ကျွန်မအမေကလည်း လူတိုင်းအားကျရတဲ့ နတ်သက်ကြွေ စုံတွဲ တွေ ဖြစ်လာမှာပဲ"
"ဒါပေမဲ့ ကျွင်းချန်ချင်းရဲ့ ကမ္ဘာထဲမှာတော့ ကျင့်ကြံခြင်းကလွဲလို့ ကျွန်မနဲ့ ကျွန်မအမေအတွက် နေရာဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး"
"ဒါတောင်မှ ကျွန်မအမေက သူကျင့်ကြံတဲ့ လမ်းမှာ ပိုဝေးဝေးရောက်နိုင်ဖို့ အစွမ်းကုန် ကူညီပေးခဲ့သေးတယ်။ ဒါပေမဲ့ သူ့ရဲ့ ပါရမီက အကန့်အသတ်ရှိနေတော့ ကျော်ဖြတ်ရခက်တဲ့ အတားအဆီးတစ်ခုနဲ့ တွေ့ခဲ့ရတယ်"
"အဲ့ဒီအချိန်မှာ ကျွင်းချန်ချင်းသာ ကံကြမ္မာကို လက်ခံပြီး ရပ်တန့်လိုက်မယ်ဆိုရင် ကျွန်မတို့တွေ ပျော်ပျော်ရွှင်ရွှင် ဆက်နေသွားလို့ ရဦးမှာ"
" ဒါပေမဲ့ သူက ဘယ်လိုမှ မကျေနပ်နိုင်ခဲ့ဘူး"
"နည်းလမ်းပေါင်းစုံကို စမ်းသပ်ပြီးတဲ့နောက်မှာတော့ နောက်ဆုံးမှာ သူက မိစ္ဆာလမ်းစဉ် ထဲကို ခြေစုံပစ် ဝင်လိုက်တော့တာပဲ"
ပြောရင်းနှင့် လင်းရင်က သွားကို တင်းတင်းကြိတ်ထားပြီး မျက်နှာတွင် အငြိုးအတေးများ ပြည့်နှက်နေချေသည်။
"အဲ့ဒီညကို ကျွန်မ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး"
"သူက အိမ်ကို အေးအေးဆေးဆေး ပြန်လာခဲ့တယ်။ ကျွန်မအမေက သူ့ကို စိုးရိမ်တကြီးနဲ့ ကြည့်နေတုန်းမှာပဲ သူက ဓားကို ဆွဲထုတ်ပြီး အမေ့ရဲ့ နှလုံးသားတည့်တည့်ကို အေးအေးဆေးဆေးပဲ ထိုးစိုက်လိုက်တယ်"
"အဲ့ဒီနောက်မှာ ထမင်းစားပွဲမှာ သူ့ကို ထိုင်စောင့်နေတဲ့ ကျွန်မဆီကို လျှောက်လာပြီး ဓားနဲ့ပဲ ကျွန်မနှလုံးသားကို အေးအေးဆေးဆေး ထိုးလိုက်ပြန်တယ်"
" အစကနေ အဆုံးအထိ သူ့ဆီမှာ ဘယ်လိုခံစားချက်မှ မရှိဘူး၊ သူသတ်လိုက်တာက သူ့ရဲ့ မိန်းမနဲ့ သမီးမဟုတ်ဘဲ သစ်သားရုပ်နှစ်ရုပ်ကို သတ်လိုက်သလိုပဲ"
"အဲ့ဒီအချိန်ကျမှ ကျွန်မ နားလည်သွားတာ၊ သူ့ကိုယ်ပေါ်မှာ သက်ရှိတွေမှာရှိတဲ့ ခံစားချက်ဆိုတာ အစကတည်းက မရှိခဲ့ဘူးဆိုတာပဲ"
လင်းရင်က အံကြိတ်၍ ပြောလိုက်၏။
ဤသည်ကို ကြားပြီးနောက် ထန်ထျန်းပင် ကြက်သီးတဖြန်းဖြန်း ထသွားရချေသည်။
အစပိုင်းတွင် သူ၏ စိတ်ထဲ၌ ကျွင်းချန်ချင်းဆိုသည်မှာ အစွန်းရောက်အောင် သန်မာပြီး တာအိုနှလုံးသား အလွန်ခိုင်မာသောသူဟုသာ မြင်ခဲ့၏။
သို့သော် ကျွင်းချန်ချင်း၏ တာအိုနှလုံးသားက ဤမျှအထိ သွေဖည်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
သူ့ ဇနီးနှင့် သမီးကို ကိုယ်တိုင် သတ်ပစ်သည်အထိ ဖြစ်နေပေသည်။
"အဲ့ဒီနောက်မှာ... သူ အောင်မြင်သွားလား"
ထန်ထျန်းက မေးလိုက်၏။
လင်းရင်က မျက်လုံးများကို မှိတ်ကာ ခေါင်းညိတ်လိုက်သည်။
ပြန်ဖွင့်လိုက်သည့် အခါတွင်မူ ထိုမုန်းတီးမှုများကို ထပ်မံ၍ ထိန်းချုပ်လိုက်ပြန်၏။
"သူလျှောက်တဲ့ လမ်းစဉ်က တားမြစ် တာအို ပဲ"
"အရာအားလုံးကို ချုပ်နှောင်ဖို့ပေါ့"
"ဒါကြောင့် ဒီလမ်းစဉ်ကို အပြည့်အဝ နားလည်နိုင်ဖို့အတွက် ကျွန်မနဲ့ အမေ့ကို လုံးဝ သေသွားအောင် မလုပ်ခဲ့ဘူး။ ကျွန်မတို့ရဲ့ ဝိညာဉ်တွေကို ချန်ထားပြီးတော့... ဆက်ပြီး ချုပ်နှောင်ထားခဲ့တယ်"
"နေ့တိုင်း နေ့တိုင်း အေးစက်ပြီး ဘာခံစားချက်မှ မရှိတဲ့ သူ့ရဲ့ အကြည့်တွေက လှောင်အိမ်အပြင်ဘက်ကနေ ကျွန်မတို့ကို စိုက်ကြည့်နေတာကို မြင်နေရတယ်"
" ကျွန်မအမေကတော့ သေချင်လှပြီ၊ ဒါပေမဲ့ သူက ကျွန်မတို့ကို အဲ့ဒီလို သေခွင့်မပေးခဲ့ဘူး၊ ဘာလို့လဲဆိုတော့ သူက တားမြစ် တာအိုကို ဆက်ပြီး လေ့လာနေလို့ပဲ"
"နောက်ဆုံးမှာ သူ အဲ့ဒီလမ်းစဉ်ကို အောင်မြင်သွားတော့မှ ကျွန်မအမေရဲ့ ဝိညာဉ်ကို ပျက်စီးသွားခွင့် ပေးခဲ့တယ်"
" ကျွန်မရဲ့ ကိုယ်ထဲမှာ သူ့ရဲ့ သွေးတွေ စီးဆင်းနေလို့လားတော့ မသိဘူး၊ ကျွန်မရဲ့ ဝိညာဉ်ကိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီတဲ့ အထိ သူ ချန်ထားခဲ့တယ်"
ဤအကြောင်းကို ပြောနေချိန်၌ လင်းရင်၏ လက်များမှာ အလိုအလျောက် တင်းတင်းဆုပ်ထားမိပြီး တစ်ကိုယ်လုံး တုန်ရင်နေချေသည်။
နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီ ဖြစ်သော်လည်း ဤမှတ်ဉာဏ်များက သူမကို အရိုးကွဲမတတ် နာကျင်စေဆဲပင် ဖြစ်ပေသည်။
သူမတင်မကဘဲ ဤစကားကို နားထောင်နေသည့် ထန်ထျန်းပင်လျှင် ကျောချမ်းသွားရ၏။
ဤသည်မှာ လူလုပ်နိုင်သည့် ကိစ္စမျိုး ဟုတ်ပါသလော။
ဇနီးနှင့် သမီးကို သတ်ရုံတင်မကဘဲ ၎င်းတို့၏ ဝိညာဉ်များကိုပါ ချုပ်နှောင်ပြီး ထိုနာကျင်မှုများမှတစ်ဆင့် သူ့ ကျင့်ကြံခြင်းကို အောင်မြင်အောင် လုပ်သည်မှာ...
မိစ္ဆာလမ်းစဉ်ထက်ပင် ပို၍ ဆိုးဝါးလှပေသည်။
ထန်ထျန်းအနေဖြင့်မူ ဤလုပ်ရပ်ကို မည်သို့မျှ နားမလည်နိုင်ချေ။
လင်းရင်၏ စိတ်အခြေအနေ ပြန်လည်တည်ငြိမ်လာသည်အထိ စောင့်ဆိုင်းပြီးနောက် သူက စကားစလိုက်၏။ "ကျွင်းချန်ချင်းက တာအိုအရှင်အဆင့် ကို တက်လှမ်းတဲ့အချိန်မှာ တားမြစ် နိယာမကို အပြည့်အဝ နားလည်သွားတယ်လို့ ငါ ကြားဖူးတယ်"
" အဲ့ဒီအချိန်ကစပြီး သူက ပြိုင်ဘက်ကင်း လမ်းပေါ်ကို ရောက်ခဲ့တာပဲ"
"ဒါပေမဲ့ သူက သေမျိုး အဆင့် ကတည်းက ဒီလမ်းစဉ်ကို လျှောက်ခဲ့မယ်လို့ ငါ မထင်ထားခဲ့ဘူး"
လင်းရင်က ခါးခါးသီးသီး ရယ်လိုက်၏။
"လောကလူသားတွေက သူ့ရဲ့ ဂုဏ်ဒြပ်တွေကိုပဲ မှတ်မိကြတာလေ၊ ဒီဂုဏ်ဒြပ်တွေရဲ့ နောက်ကွယ်မှာ ဘယ်လောက် ကြောက်စရာကောင်းတဲ့ အရာတွေ ဖုံးကွယ်နေလဲဆိုတာ ဘယ်သူက ဂရုစိုက်မှာလဲ"
"သူက သက်ရှိဧကရာဇ်နန်းတော် ကို တည်ထောင်ပြီး လောကသားတွေရဲ့ ကိုးကွယ်မှုကို ခံနေရတဲ့အချိန်မှာ ကျွန်မကတော့ ရယ်ပဲရယ်ချင်မိတယ်"
" သူ့ကို အဲ့ဒီ နတ်ဘုရားစင်မြင့်ပေါ်ကနေ ပြုတ်ကျပြီး လူအများရဲ့ ရွံရှာစက်ဆုပ်မှုကို ခံရတာပဲ ကျွန်မ မြင်ချင်တယ်"
ထန်ထျန်းက စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်၏။
ကျင့်ကြံသူတစ်ယောက်အနေဖြင့် ကြည့်မည်ဆိုလျှင် ကျွင်းချန်ချင်းက သူ့ ရည်မှန်းချက်အတွက် မည်သည့်အရာကိုမဆို စတေးဝံ့သည့် စံပြပုဂ္ဂိုလ်တစ်ယောက်ဟု ဆိုနိုင်ပေသည်။
သို့သော် လင်းရင်၏ အမြင်အရမူ ဤလူက အလွန်တရာ ယုတ်မာလှသော မိစ္ဆာတစ်ကောင်သာ ဖြစ်ချေသည်။
"ဒါကြောင့်... မင်း သူ့ကို မုန်းတာပေါ့"
"အခုအချိန်မှာတောင် သူ အထွတ်အထိပ်ကို ပြန်ရောက်သွားမှာကို မင်း မလိုလားဘူး"
" ဒါကြောင့်ပဲ ငါတို့က တစ်ဖက်တည်း ရပ်တည်နေကြတာလို့ မင်းပြောခဲ့တာပဲ"
ထန်ထျန်းက လင်းရင်၏ အရင်က စကားများကို ဖြည်းဖြည်းချင်း နားလည်လာခဲ့၏။
လင်းရင်၏ အကြည့်များမှာ ဝေဝါးသွားပြီး အဝေးရှိ ဟင်းလင်းပြင်ဆီသို့ ကြည့်လိုက်သည်။
"ကမ္ဘာ့အရှင် ပေါ်လာတဲ့အချိန်မှာ ကျွန်မရဲ့ ဆန္ဒတွေ ပြည့်တော့မယ်လို့ ထင်ခဲ့တာ"
"ဒါပေမဲ့ ကျွန်မ ဘယ်လိုမှ မထင်ထားခဲ့ဘူး..."
"ကမ္ဘာ့အရှင်က... အဲ့ဒီမိစ္ဆာနဲ့ သဘောတူညီချက် လုပ်လိမ့်မယ်လို့လေ ..."