← Chapters

မူလစွမ်းအားကို ထုတ်ယူခြင်း

Vol. 82 Ch. 862

မူလစွမ်းအားကို ထုတ်ယူခြင်း

Vol. 82 Ch. 862

​ထာဝရစွမ်းအားကို မရရှိထားသည့် အခြေအနေမျိုးတွင် ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအားက လုံးဝ ဖြေရှင်း၍မရသော တည်ရှိမှုမျိုး ဖြစ်သည်။

​၎င်းက မင်းရဲ့ မည်သည့် နည်းလမ်း၊ မည်သည့် တာအိုကျင့်စဉ်နှင့် မည်မျှပင် သန်မာသော ခန္ဓာကိုယ်ကိုမဆို လျစ်လျူရှုနိုင်သည်။

၎င်းနှင့် ထိတွေ့မိသည်နှင့် ကြေမွပျက်စီးခြင်းမှလွဲ၍ အခြား ရလဒ်မရှိပေ။

​ယခင် အချိန်မြစ်အတွင်းကလည်း ထန်ထျန်းသည် ယခုကဲ့သို့ပင် မည်သည့် တန်ပြန်တိုက်ခိုက်မှုမျိုးမှ မလုပ်နိုင်ခဲ့ချေ။

သို့သော် ထိုစဉ်က ထန်ထျန်းသည် ဂျင်ဂိုကမ္ဘာ၏ အဆုံးမဲ့ အားဖြည့်မှုများကို အသုံးချကာ ကျွင်းချန်ချင်း ပိုင်ဆိုင်ထားသော ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအားများကို အကုန်အစင် ကုန်ဆုံးသွားအောင် တိုက်ခိုက်နိုင်ခဲ့သဖြင့် နောက်ဆုံးတွင် အသာစီး ရရှိခဲ့ခြင်း ဖြစ်သည်။

​သို့သော် နောက်ပိုင်းတွင် ကြောင်ကလေး ပေါ်လာပြီး ထန်ထျန်း၏ အာရုံကို နှောင့်ယှက်ခဲ့သောကြောင့်သာ တိုက်ပွဲက ဆက်မဖြစ်ခဲ့ခြင်း ဖြစ်၏။

ယခုတစ်ကြိမ်တွင်မူ ထန်ထျန်းက လုံးဝ ရပ်တန့်သွားမည် မဟုတ်ချေ။

​ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအားက ထန်ထျန်း၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ဖျက်ဆီးနေသော်လည်း နောက်တစ်ခဏ၌ ထန်ထျန်းက ပြန်လည် ပေါ်ပေါက်လာပြီး ကျွင်းချန်ချင်းကို ပြင်းထန်စွာ တိုက်ခိုက်လေသည်။

တိုက်ခိုက်မှုများက ထိရောက်မှု မရှိသော်လည်း ကျွင်းချန်ချင်း၏ လက်ဝယ်ရှိ ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအားကို တတ်နိုင်သမျှ ကုန်ဆုံးအောင် လုပ်နေခြင်း ဖြစ်၏။

​သို့သော် ဤသို့ အချိန်အတော်ကြာ တိုက်ခိုက်ပြီးနောက် ထန်ထျန်း မျက်မှောင်ကြုတ်လိုက်မိသည်။

ကျွင်းချန်ချင်း၏ ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအားမှာ ယခင်တစ်ခေါက်ကကဲ့သို့ ကုန်ခမ်းသွားခြင်း မရှိသည့်အပြင် အနည်းငယ်မျှ လျော့ပါးသွားသည့် အရိပ်အယောင်ပင် မရှိချေ။

​သူက အမြဲတမ်း တည်ငြိမ်နေပြီး နှုတ်ခမ်းဖျားတွင် အပြုံးလေးတစ်ခုပင် ဆင်မြန်းထားကာ စိတ်ဝင်စားစရာကောင်းသော ပြဇာတ်တစ်ခုကို ကြည့်နေသကဲ့သို့ ရှိနေ၏။

သံသယဖြစ်စရာမလိုဘဲ ထန်ထျန်းမှာ ထိုပြဇာတ်၏ ဇာတ်လိုက် ဖြစ်နေသည်။

​နောက်ဆုံးတွင် ထန်ထျန်းက ထိုအင်အားချင်း အသာစီးယူသော တိုက်ပွဲကို ခေတ္တ ရပ်နားလိုက်ရတော့သည်။

​"နောက်ဆုံးတော့ သတိထားမိသွားပြီလား"

ကျွင်းချန်ချင်းက ပြုံးလျက် အေးဆေးစွာ ပြောလိုက်သည်။

​ထန်ထျန်း မျက်မှောင်ကြုတ်လိုက်သည်။

"ဒါ မဖြစ်နိုင်ဘူး..."

" မင်း ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအားကို အပြည့်အဝ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး"

​ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအားက အခြားသော အဆင့်တစ်ခုမှ စွမ်းအားဖြစ်ပြီး ၎င်း၏ အနှစ်သာရမှာ ထာဝရစွမ်းအားနှင့် မတူညီချေ။

အကယ်၍ ထာဝရနယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လျှင် ထာဝရစွမ်းအားကို ဝိညာဉ်စွမ်းအား၊ နတ်ဘုရားစွမ်းအား သို့မဟုတ် နိယာမစွမ်းအားများကဲ့သို့ပင် စိတ်ကြိုက် ထိန်းချုပ်နိုင်ပေလိမ့်မည်။

​သို့သော် ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအားမှာမူ အကန့်အသတ် ရှိသည်။

ထာဝရနယ်ပယ်သို့ ရောက်လျှင်ပင် ၎င်းကို အပြည့်အဝ မထိန်းချုပ်နိုင်ချေ။

ဤကိစ္စကို ကမ္ဘာ့အရှင်ကိုယ်တိုင်ပင် မလုပ်ဆောင်နိုင်ရာ ကျွင်းချန်ချင်းအနေဖြင့်လည်း လုပ်နိုင်ရန် မဖြစ်နိုင်ပေ။

​ထန်ထျန်း၏ သံသယကို ကျွင်းချန်ချင်းက ပြုံးလျက် ပြန်ဖြေလိုက်၏။

​"ငါတို့ အခု ရောက်နေတဲ့ နေရာကို မင်း မေ့နေပုံပဲ"

​ထန်ထျန်း ချက်ချင်းပင် သတိဝင်လာသည်။

ဟုတ်ပေသည်။

ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအားက ဘယ်ကလာသနည်း။

​ဖန်ဆင်းရှင် ကောင်းကင်တိုင် ဆီမှပင်။

​လင်းရင်၏ ပြောပြချက်အရ ဖန်ဆင်းရှင် ကောင်းကင်တိုင်အတွင်းရှိ ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအားများကို ကျွင်းချန်ချင်းက အကုန်ယူဆောင်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် ၎င်းမှာ ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအားများ လုံးဝ ကွယ်ပျောက်သွားသည်ဟု မဆိုလိုပေ။

ထန်ထျန်းက ဖန်ဆင်းရှင် ကောင်းကင်တိုင်သို့ ပထမဆုံးအကြိမ် ရောက်ရှိဖူးခြင်း ဖြစ်ရာ ၎င်းမှာ မည်ကဲ့သို့သော တည်ရှိမှုမျိုးလဲ၊ ၎င်း၏ အနှစ်သာရမှာ ဘာလဲဆိုသည်ကို မသိရှိချေ။

​ထို့ကြောင့် ဖြစ်နိုင်ခြေတစ်ခုမှာ ဖန်ဆင်းရှင် ကောင်းကင်တိုင်ပေါ်တွင် ရှိနေသရွေ့ ကျွင်းချန်ချင်း၏ ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအားမှာ မကုန်ခမ်းနိုင်သော စမ်းရေတွင်းကဲ့သို့ပင် ဖြစ်နေပေလိမ့်မည်။

အခြေအနေအရ ဤသည်မှာ အမှန်တရား ဖြစ်နိုင်ခြေ အလွန်များနေသည်။

​"အကယ်၍ အပြင်လောကမှာဆိုရင်တော့ မင်း အရင်တစ်ခေါက် အချိန်မြစ်ထဲမှာလို ငါနဲ့ အချိန်ဆွဲ တိုက်ခိုက်နိုင်မှာပေါ့"

" ဒါပေမဲ့ အခုက မင်း ငါ့ရဲ့ နယ်မြေထဲကို ရောက်နေတာ"

ကျွင်းချန်ချင်းက ပြော၏ ။

​ထန်ထျန်း၏ မျက်နှာမှာ တဖြည်းဖြည်း မည်းမှောင်လာခဲ့သည်။

အကယ်၍ ဤအတိုင်းသာဆိုလျှင် အမှန်တကယ်ပင် လက်ဝင်လှပေသည်။

မတရားဘူးဟု အော်ဟစ်ကာ ကျွင်းချန်ချင်းကို ဖန်ဆင်းရှင် ကောင်းကင်တိုင်မှ ထွက်လာပြီး "တရားမျှတသော" တိုက်ပွဲကို တိုက်ရန် မျှော်လင့်၍လည်း မရနိုင်ချေ။

ထို့ပြင် ကျွင်းချန်ချင်းကို ဤနေရာတွင် ထာဝရ ပိတ်လှောင်ထားရန် ဖန်ဆင်းရှင် ကောင်းကင်တိုင် အပြင်ဘက်၌ စောင့်နေခြင်းမှာလည်း အဓိပ္ပာယ် မရှိပေ။

သူ၏ ရည်ရွယ်ချက်မှာ ကျွင်းချန်ချင်းကို အပြတ်ရှင်းရန်သာ ဖြစ်သည်။

​"လက်လျှော့လိုက်ပါ..."

" မင်း ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအားကို ဘယ်လိုမှ မယှဉ်နိုင်ဘူး"

" ငါ လိုချင်တာတွေကို ထုတ်ပေးလိုက်ရင် မင်း သိချင်နေတာ အားလုံးကို ငါ ပြောပြပေးမယ်"

ကျွင်းချန်ချင်းက ပြောလိုက်သည်။

​ထန်ထျန်း မျက်လုံးကို အသာအယာ မှေးလိုက်မိ၏။

​လင်းရင်မှာ ခရစ်စတယ် ခေါင်းတလားအတွင်း၌ အသင့်အနေအထား ရှိနေခဲ့သည်မှာ ကြာပြီဖြစ်သည်။

သို့သော် ပြီးပြည့်စုံ ဆုံး အကျိုးသက်ရောက်မှု ရရှိရန်အတွက် အကောင်းဆုံး အခွင့်အရေးကို ရှာဖွေရမည် ဖြစ်သည်။

ထန်ထျန်းအနေဖြင့် ယခုအချိန်မှာ ထိုအချိန်မဟုတ်သေးဟု ယူဆသည်။

သူက ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအားကို တောင့်ခံနိုင်မည့် နည်းလမ်းတစ်ခုခုကို ရှာဖွေရမည်။

​ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအားကို မည်သို့မျှ တန်ပြန်၍ မရနိုင်သေးသော်လည်း ခွန်အား တိုးတက်လာပြီးနောက် ထိုစွမ်းအားက သူ့ကို သတ်ဖြတ်နိုင်သည့် အရှိန်မှာ နှေးကွေးလာကြောင်း ထန်ထျန်း ခံစားမိသည်။

အကယ်၍ ခွန်အားကို ဆက်လက် မြှင့်တင်နိုင်မည်ဆိုပါက...

​ထန်ထျန်း၏ တုံ့ပြန်မှုကို ကြည့်ကာ ကျွင်းချန်ချင်းက သက်ပြင်းတစ်ချက် ချလိုက်သည်။

​"မင်း လက်မလျှော့သေးဘူးပေါ့"

​ထန်ထျန်းက ခေါင်းမော့ကာ အေးစက်စွာ ပြုံးလိုက်သည်။

"ငါ့ရဲ့ အဘိဓာန်မှာ လက်လျှော့တယ်ဆိုတဲ့ စကားလုံး မရှိဘူး"

" ဟုတ်တယ်... ငါ ဖန်ဆင်းရှင် ကောင်းကင်တိုင်အကြောင်း မသိခဲ့တာ ငါ့အမှားပဲ"

"ဒါပေမဲ့ မင်းကကော ငါ့အကြောင်းကို တကယ် သိလို့လား"

" ငါ့ရဲ့ စွမ်းအားတွေ ဘယ်ကလာသလဲဆိုတာ မင်း တကယ် သိရဲ့လား"

​ထန်ထျန်း၏ စကားအဆုံးတွင် မမြင်ရသော လက်တံများစွာမှာ ကမ္ဘာလောက၏ ထောင့်အသီးသီးတွင် ပေါ်ထွက်လာခဲ့သည်။

၎င်းတို့က လုံးဝ ပျက်စီးနေသော ကမ္ဘာငယ်လေးများ၏ အထက်တွင် ဝဲပျံနေပြီးနောက် ရုတ်တရက်ပင် အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားကြသည်။

​ကောင်းကင်ဝါးမြိုနတ်ဆိုး ၏ သဘောသဘာဝ ကို သိနားလည်ပြီးနောက် ထန်ထျန်းက ၎င်း၏ လုပ်ဆောင်ပုံကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

ယခုအခါ သူက ကောင်းကင်ဝါးမြိုနတ်ဆိုး ကို စိတ်ကြိုက် စေခိုင်းကာ ကမ္ဘာများဆီမှ မူလစွမ်းအားများကို ကိုယ်တိုင် ထုတ်ယူနိုင်ပြီ ဖြစ်၏။

​ကောင်းကင်ဝါးမြိုနတ်ဆိုး ၏ မညှာမတာ ဝါးမြို မှုအောက်တွင် ထိုပျက်စီးနေသော ကမ္ဘာငယ်လေးများမှာ လျင်မြန်စွာ ပြိုကွဲကုန်ကြသည်။

မရေမတွက်နိုင်သော မူလစွမ်းအားများသည် ထိုမမြင်ရသော လက်တံများမှတစ်ဆင့် ထန်ထျန်း၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားခဲ့သည်။

သူ၏ ခွန်အားမှာ နောက်တစ်ကြိမ် ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိုးတက်လာခဲ့ပြန်သည်။

​ထန်ထျန်း၏ အော်ရာ ရုတ်တရက် ပြောင်းလဲသွားသည်ကို ခံစားမိပြီးနောက် ကျွင်းချန်ချင်းက မျက်ခုံးပင့်လိုက်သည်။

​"တကယ်ကို ဆန်းကြယ်လှချေလား"

" ကမ္ဘာ့အရှင်က မင်းလို တည်ရှိမှုမျိုးကို ဘယ်နေရာကနေ ရှာတွေ့ခဲ့တာလဲဆိုတာ ငါ တကယ် သိချင်မိတယ်"

​သူ၏ လေသံမှာ အံ့ဩသွားပုံရသော်လည်း ပျာယာခတ်ခြင်း မရှိဘဲ တည်ငြိမ်နေဆဲပင် ဖြစ်သည်။

​"မင်း မသိသေးတာတွေ အများကြီး ရှိပါသေးတယ်"

ထန်ထျန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း "ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအားဆိုတာ ဘာများမို့လို့လဲ"

" ငါ အနိုင်ယူပြမယ်"

​ပြောပြီးသည်နှင့် သူက အရင်ကထက် ပို၍ အစွမ်းထက်သော ခွန်အားအားလုံးကို ထုတ်ဖော်ကာ ကျွင်းချန်ချင်းထံသို့ တိုက်ခိုက်လိုက်ပြန်သည်။

ကျွင်းချန်ချင်းက ခေါင်းကို အသာအယာ ခါလိုက်ပြီး ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအားကို ထပ်မံ စေလွှတ်လိုက်၏။

​ထန်ထျန်း၏ ခွန်အားမှာ အဆပေါင်းများစွာ တိုးတက်လာခဲ့သော်လည်း ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအား ရှေ့မှောက်တွင်မူ အားနည်းနေဆဲပင် ဖြစ်သည်။

တိုက်ခိုက်မှုများမှာ မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားပြီး ထန်ထျန်း၏ ခန္ဓာကိုယ်မှာလည်း ယခင်အတိုင်းပင် ကြေမွပျက်စီးသွားခဲ့ရသည်။

​သို့သော် ထန်ထျန်း နောက်တစ်ကြိမ် ပြန်လည် ပေါ်ပေါက်လာသည့်အခါ သူ၏ မျက်ဝန်းများမှာ ယခင်ကထက် ပို၍ ယုံကြည်မှု ပြည့်ဝနေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ယခုတစ်ကြိမ်တွင် သူ သေဆုံးရသည့် အမြန်နှုန်း မှာ သိသိသာသာ နှေးကွေးသွားခဲ့သောကြောင့် ဖြစ်သည်။

သူ၏ တွက်ဆချက်မှာ မှန်ကန်ပေသည်။

​ဖန်ဆင်းရှင် နတ်ဘုရား စွမ်းအားမှာ ယှဉ်ရန် ခက်ခဲသော်လည်း လုံးဝ အားနည်းချက် မရှိသည်တော့ မဟုတ်ပေ။

သူ၏ ခွန်အားကသာ ဆက်လက် မြှင့်တင်နိုင်မည်ဆိုပါက တစ်နေ့တွင် ထိုစွမ်းအားနှင့် ညီမျှသော အခြေအနေသို့ ရောက်ရှိလာပြီး နောက်ဆုံးတွင် အနိုင်ယူနိုင်ပေလိမ့်မည်။

အရေအတွက် တိုးလာခြင်းက အရည်အသွေး ပြောင်းလဲခြင်း ကို ဖြစ်ပေါ်စေသည် မဟုတ်ပါလော

​သို့သော် ခုနက ကောင်းကင်ဝါးမြိုနတ်ဆိုး ကို အသုံးချလိုက်ပြီးနောက် ပျက်စီးနေသော ကမ္ဘာငယ်လေး အားလုံးနီးပါးကို သူ ဝါးမျိုပြီးသွားခဲ့ပြီ ဖြစ်သည်။

အကယ်၍ ကမ္ဘာကြီး ထံမှ စွမ်းအားများကို ထုတ်ယူမည်ဆိုလျှင် သက်ရှိများစွာ၏ ရှင်သန်မှုကို ထိခိုက်စေပေလိမ့်မည်။

ကမ္ဘာကြီး စောစီးစွာ ပျက်စီးသွားခြင်းမှာလည်း ဖြစ်နိုင်သည့် ကိစ္စဖြစ်ရာ သူက ကမ္ဘာကြီးထံမှ စွမ်းအားများကို မထုတ်ယူချင်ပေ။

​ထန်ထျန်း ခေတ္တ စဉ်းစားလိုက်ပြီးနောက် သူ၏ အကြည့်မှာ ပျက်စီးနေသော အခြားသော ကမ္ဘာတစ်ခုပေါ်သို့ ကျရောက်သွားခဲ့သည်။

​ကြယ် ကမ္ဘာ

​၎င်းက ကမ္ဘာကြီး၏ အပြင်ဘက်တွင် သီးခြား တည်ရှိနေသော်လည်း ၎င်းပိုင်ဆိုင်ထားသော မူလစွမ်းအားမှာ... အလွန်ပင် ကြီးမားလှပေသည်။

ကောင်းကင်ဝါးမြိုနတ်ဆိုး သည်လည်း ထိုကမ္ဘာကို ဝါးမျိုရန် အသင့်ဖြစ်နေခဲ့ချေပြီ။

All Chapters