← Chapters

လေလွင့်ကျင်ကြံသူ

Vol. 111 Ch. 1101

လေလွင့်ကျင်ကြံသူ

Vol. 111 Ch. 1101

"ပိုပိုပြီး စိတ်ဝင်စားစရာကောင်းလာပြီ။" ဝူရှန်းက ဖြည်းညှင်းစွာ လမ်းလျှောက်ရပ်လိုက်ပြီး လက်ပိုက်လိုက်၏။ "ဒီပုဂ္ဂိုလ်မျိုးကိုဘယ်သူကများ လွှဲပြောင်းပေးခိုင်းနိုင်လဲဆိုတာ ငါ တကယ် ကြည့်ချင်လှတယ်။"

ဘုန်းကြီးအိုက ပြုံးလျက်တုံ့ပြန်လိုက်ပြီး ရှေ့သို့ လက်ကို အနည်းငယ် ဆန့်တန်းလိုက်သည်။ "သခင်ကြီး၊ ကျေးဇူးပြုပြီး ကြည့်လိုက်ပါ။"

လူသူကင်းမဲ့သော တောင်တန်း၏အဝေးတစ်နေရာ၊ လေပြင်းနှင့် သဲမုန်တိုင်းများကြားတွင် အရပ်ရှည်ပြီး ပိန်သွယ်သောသံချပ်ကာဝတ် လူရိပ်တစ်ခုက လူတိုင်းကိုကျောခိုင်း၍ ရပ်နေ၏။ သူ၏ ပခုံးပေါ်တွင် ယန်ယွဲ့ဓားမကြီးတစ်လက်ကို စောင်းလျက်ထမ်းထားပြီး သူ၏သံချပ်ကာဖုံးကွယ်မထားသော နေရာများတွင် မီးခိုးရောင်အမွေးအမှင်များ ထူထပ်စွာ ပေါက်ရောက်နေသည်။

၎င်းက ခေါင်းကိုဖြည်းညှင်းစွာ လှည့်လိုက်ရာ ချောမောသော ဝံပုလွေနတ်ဆိုးခေါင်းတစ်ခု ပေါ်လာ၏။ "ငါ စမ်းကြည့်ချင်တာ။"

"သူက အရင်တုန်းက တောင်ပိုင်းအင်ပါယာ နတ်ဆိုးကြီးရဲ့လက်အောက်က စစ်သူကြီးဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ ကံကောင်းထောက်မစွာနဲ့ ငါတို့ဂိုဏ်းရဲ့ စစ်မှန်တဲ့ကျမ်းစာကို ရရှိခဲ့တဲ့အတွက် အဲဒီအချိန်ကစပြီး စိတ်သဘောထားလုံးဝ ပြောင်းလဲသွားကာရဟန်းဘဝကို ကူးပြောင်းဖို့ ဆန္ဒရှိခဲ့ခြင်း ဖြစ်၏။"

"ငါရဲ့အရှင်ဗုဒ္ဓက ကရုဏာတော်ကြီးမားလှတဲ့အတွက် သူ့ကို ငါ၏ အဆုံးအမတွေကို ကိုးကွယ်ပြီး တစ်သက်လုံး ဗုဒ္ဓကို အလုပ်အကျွေးပြုဖို့ အခွင့်အရေးတစ်ခု ပေးဖို့ စီစဉ်ထားခြင်း ဖြစ်၏။"

"သူ့ရဲ့ နားလည်နိုင်စွမ်းက မဆိုးလှဘဲ၊ အသီးအပွင့်အဆင့်ရဲ့ သိမြင်နားလည်မှုကို ကိုယ်တိုင် ကျင့်ကြံနိုင်ရုံသာမက အဲဒီကနေတစ်ဆင့် သင်္ကေတလေးပါးဓားသိုင်းကိုပါ ဆင့်ပွားထုတ်ယူနိုင်ခဲ့ပြီး ကြီးမြတ်တဲ့ အာဟတ်နယ်ပယ်ကို တက်လှမ်းနိုင်ခဲ့တယ်။"

ဘုန်းကြီးအိုက ဝူရှန်းကိုအလျင်စလိုမရှိဘဲ မိတ်ဆက်ပေးလိုက်၏။

သို့သော် တောင်ပိုင်းအင်ပါယာအကြောင်း ပြောလိုက်ချိန်တွင် ဤဝတုတ်တုတ်နှင့် ခိုင်ခံ့သော လူကြီး၏မျက်နှာတစ်ပြင်လုံး၌ ဝမ်းသာခြင်း သို့မဟုတ် ဝမ်းနည်းခြင်းတစ်စုံတစ်ရာကင်းမဲ့သွားကြောင်းကို သူ သတိမထားမိခဲ့ပေ။

ဝူရှန်းက တစ်စုံတစ်ခုကိုပြောချင်ခဲ့သော်လည်း ပါးစပ်ဟလိုက်ပြီးနောက် စကားမပြောနိုင်ဖြစ်နေကြောင်းကို သူကိုယ်တိုင်တွေ့လိုက်ရ၏။

အဝမ်းနည်းရဆုံးသောရန်ငြိုးမှာ ရန်သူ... မဟုတ်ပေ။ ရန်သူ့လက်အောက်က တပ်သားများပင် ထို အသေးအဖွဲကိစ္စလေးကို မေ့သွားလောက်ပြီဖြစ်ခြင်းပင်။

ကောင်းကင်တာအိုတွင် အမှန်တကယ်ပင် ၎င်း၏ သံသရာလှည်ပတ်မှုများရှိနေနိုင်သည်။

ကြည့်စမ်း၊အဲဒီတုန်းက သတိမထားမိလိုက်ဘဲ အမြစ်ပြတ်သုတ်သင်မှုကနေ အသက်ရှင်ကျန်ရစ်သူတစ်ဦးတည်းသောသူက အခုသူတို့ရှေ့ကို နောက်တစ်ကြိမ်ရောက်လာခဲ့ပြီး အခြားသူတွေအတွက် ပြဿနာရဲ့အမြစ်ကို ဖယ်ရှားဖို့ အဆင်ပြေသွားစေခဲ့ပြီ။

သူ့အလှည့် ရောက်လာပြီဖြစ်ရာ ဘာများ လုပ်နိုင်ပါတော့မည်နည်း။

"ဟူး။" ဝူရှန်းက ကံကြမ္မာကို လက်ခံလိုက်သည့်အလားသက်ပြင်းချလိုက်ပြီး သူ၏အင်္ကျီလက်များကိုလေးနက်စွာ ခေါက်တင်လိုက်၏။

မည်သို့ပင်ဖြစ်စေ အဆုံးသတ်က တူညီနေမှာဖြစ်သည့်အတွက် တခြားသူများက ဝူရှန်းကိုသတ္တိကြောင်သည့် ဘဝနှင့် ခိုးကြောင်ခိုးဝှက် အသက်ရှင်နေသည်ဟာ မထင်ရအောင် ဤနှစ်များအတွင်း သူ၏တိုးတက်လာမှုကို ထိုရန်သူတော်ကို ပြသလိုက်ခြင်းက ပိုကောင်းလိမ့်မည်။

သူက ခေါင်းကိုမော့ကာ စကားပြောရန်ကြိုးစားလိုက်လေ၏။

သို့သော် ရုတ်တရက်တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို သူသတိထားမိလိုက်သည်။

ဧကရာဇ်ချီအလွန်၊ကြည်လင်ပြီး နက်ရှိုင်းသော ပြာလွင့်နေသော မိုးပြာရောင်ကောင်းကင်ယံ နေရာတွင် အနည်းငယ်လိမ်ကောက်သွားခဲ့၏။

ဝူရှန်း အံများကိုအားကုန်ကြိတ်ထားလိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးတင်းမာသွားကာ ခေါင်းကို မသိမသာခါယမ်းလိုက်ပြီး တစ်ဖက်လူကို မဆင်မခြင်မလုပ်ဆောင်ရန် အချက်ပြလိုက်သည်။

သူ၏အမြင်အာရုံနှင့်ဆိုလျှင် ဤအရာက ထိုက်ရွှီ တာအိုအသီးအပွင့်၏အရိပ်အယောင်ဖြစ်ကြောင်း သူ အသေအချာမြင်တွေ့နေရ၏။

ဤမိုးပြာရောင်ကောင်းကင်ယံ၏နောက်ကွယ်တွင် တစ်စုံတစ်ယောက် ပုန်းအောင်းနေ၏။

သို့သော် မည်သူပင်ဖြစ်စေ၊ ယဲ့လန် ဖြစ်စေ ရှန်းယီ ဖြစ်စေ၊သူတို့က လက်ရှိ အခြေအနေအပေါ် မည်သည့် သက်ရောက်မှုမျှရှိလာနိုင်စွမ်း မရှိကြောင်း သိနေသည်။

ထို့အပြင် ဝူရှန်းအမှန်တကယ် အရှုံးပေးလိုက်ရသည့် အဓိကအကြောင်းရင်းမှာ ထိုဘုန်းကြီးပို၏စကားများကြောင့်ပင်။

၎င်းကပို့ဆောင်သူဖြစ်နေရာ တခြားသူများဆီပြန်တင်ပြရမှာမဟုတ်လားဟု တွေးမိ၏။

ယနေ့ရောက်လာသူများမှာ သူ၏ရှေ့ရှိသူများသာ မဟုတ်ကြောင်း အနည်းငယ် အသိဉာဏ်ရှိသူ မည်သူမဆို လက်တစ်ထောင်ဗောဓိသတ္တမှာ အနီးအနားတွင် စောင့်ကြည့်နေရမှာ ဖြစ်ကြောင်း သိထားကြ၏။

အင်ပါယာခုံရုံးနှင့် ဝေးကွာလှသော ဤကဲ့သို့သော နေရာတွင် အမည်ခံစစ်သူကြီးကို မဆိုထားနှင့်၊ တောင်ပိုင်းကာကွယ်ရေး စစ်သူကြီးချုပ် ကိုယ်တိုင် တစ်ယောက်တည်း ရောက်လာလျှင်ပင် အဆုံးသတ်ကောင်းနိုင်စွမ်း မရှိကြောင်း သေချာပါသည်။

"ထွက်သွားကြ။" ဝူရှန်း၏အတွင်းစိတ်ထဲတွင် မီးလောင်နေသကဲ့သို့ စိုးရိမ်ပူပန်နေသော်လည်း အပြင်ပန်းတွင်မူ အခြားသူများအား တစ်စုံတစ်ရာ ရိပ်မိသွားခြင်းမှ ကာကွယ်ရန်တည်ငြိမ်မှုကို ထိန်းသိမ်းထားရ၏။

ဤအချက်ကို တွေးမိပြီးနောက် နောက်ဆုံးတွင် သူက ထပ်မံတုံ့ဆိုင်းမနေတော့ဘဲ သူ၏လက်ဝါးများကြားမှကောင်းကင်သို့ ထိုးတက်သွားသော မသေမျိုးအလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာကာ ခန္ဓာကိုယ်တစ်ခုလုံးသို့ လျင်မြန်စွာပျံ့နှံ့သွားပြီး ရှေ့သို့ ထိုးဖောက်ဝင်ရောက်သွား၏။

သူကိုယ်တိုင်က တောင်တစ်လုံးကဲ့သို့ ဖြစ်နေပြီး ခြေလှမ်းတိုင်းကမြေကြီးကို တုန်ခါသွားစေကာ တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ ဖုန်မှုန့်များ တပြိုင်နက် ထောင်းထောင်းထသွားစေသည်။

ဤတားဆီး၍မရနိုင်သော တိုက်ခိုက်မှုရှေ့တွင် ဝံပုလွေနတ်ဆိုး၏မျက်လုံးအိမ်များမှာ လှုပ်ရှားမှုကင်းမဲ့နေကာ ရှေးဟောင်းရေတွင်းများကဲ့သို့ တည်ငြိမ်နေပြီး ၎င်း၏လက်ချောင်းများကသာ ဓားရိုးကိုဖြည်းညှင်းစွာ တင်းကြပ်စွာဆုပ်ကိုင်ထား၏။

မျက်စိတစ်မှိတ်အတွင်း ဓားသွားကပြင်းထန်သော ရေလွှမ်းမိုးမှုတစ်ခုကဲ့သို့ လှိုင်းထနေသော မသေမျိုးအလင်းတန်းကိုဖြတ်တောက်သွားခဲ့၏။

ရွှီး...ဟူသော အသံနှင့်အတူ ၎င်းက မြေကြီးထဲသို့ စိုက်ဝင်သွားပါသည်။

ဓားမကြီး၏ရှေ့ လက်မအနည်းငယ်အကွာတွင် ဝူရှန်း၏ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး လက်သီးထိုးမည့် ကိုယ်ဟန်အနေအထားကို ထိန်းသိမ်းထားကာ သူ၏မျက်နှာအရေပြားပင် အနည်းငယ်လှုပ်ခတ်သွားသည်။

ဒဏ်ရာရထားသဖြင့် သူ၏ခွန်အား လေးဆယ်ရာခိုင်နှုန်းကိုပင် အသုံးမပြုနိုင်ရာ ထိုဝံပုလွေမျက်လုံးများ၏အကြည့်အောက်တွင် နေရာတိုင်း၌ချို့ယွင်းချက်များ ပြည့်နှက်နေကာ ၎င်းကသွေးဆူမှုသက်သက်ဖြင့် အစားထိုး၍ရနိုင်သော အရာမျိုးမဟုတ်ကြောင်း ထင်ရှားနေ၏။

ပွင့်ပွင့်လင်းလင်းပြောရလျှင် ယခုလေးတင် တိုက်ခိုက်မှုမှာ ဝံပုလွေနတ်ဆိုးသာ ဆန္ဒရှိပါက သူ့ကိုအကြီးအကျယ်ဆုံးရှုံးမှုများ ပေးစွမ်းနိုင်စွမ်း ရှိ၏။

သို့သော်ပြိုင်ဘက်က မြေကြီးကိုသာ တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။

ဤအရာက ဖုံးကွယ်မထားသော အထင်အမြင်သေးမှု တစ်ခုပင်။

မီးခိုးရောင်ဝံပုလွေက အောက်ဘက်ရှိ လူဝကြီးကို တည်ငြိမ်စွာ ငုံ့ကြည့်နေပြီး အချိန်အတော်ကြာပြီးနောက် ၎င်း၏ပါးစပ်မှ စကားလုံး နှစ်လုံးကို ပေါ့ပေါ့ပါးပါးပြောထွက်လာသည်။

"လေလွင့်ကျင့်ကြံသူ။" သူတို့မှာ တူညီသော စတုတ္ထအဆင့်နယ်ပယ်တွင်ရှိနေသော်ငြား အခြားတစ်ဖက်လူမှာအရေးမပါသော လေလွင့်ကျင့်ကြံသူတစ်ဦးမျှသာဖြစ်လေ၏။

၎င်းကိုယ်တိုင်အတွက်မူ ယခုအခါကြီးမြတ်သော အာဟတ်တစ်ပါးအဖြစ် ဂုဏ်ပြုခံထားရပြီဖြစ်ပါသည်။

All Chapters