ရှုပ်ထွေးလာသောအခြေအနေများ
Vol. 111 Ch. 1108
အမည်ခံစစ်သူကြီးများစွာက သူ၏ကြိုးပမ်းအားထုတ်မှုများကိုကျော်ဖြတ်သွားသော ရှန်းယီ၏သာမန်ကာရံစကားကို နားထောင်ပြီးနောက် အားလုံး၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာကြ၏။
သူ၏လုပ်ဖော်ကိုင်ဖက်များအတွက် စိုးရိမ်ပူပန်ကာ နတ်ဘုရားမင်းဆက်မှ တစ်ယောက်တည်းထွက်ခွာသွားခဲ့ပြီး စတုတ္ထအဆင့်ကျွမ်းကျင်သူနှစ်ဦးနှင့် နောက်ဆုံး သေရေးရှင်ရေးတိုက်ပွဲတွင် သူကတည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ကာ အင်ပါယာခုံရုံးအတွက် ထိုက်ယီအစစ်အမှန်မသေမျိုးတစ်ပါးကို အောင်မြင်စွာကယ်တင်နိုင်မည့် အခွင့်အရေးကိုအရယူနိုင်ခဲ့သည်မှာ ရှင်းလင်းလှသည်။
သူ့တွင် ရဲစွမ်းသတ္တိနှင့် မဟာဗျူဟာရှိပြီး ဗောဓိဂိုဏ်း၏တုတ်အစီအရင်ကို ချိုးဖျက်နိုင်ရာ ခွန်အားလည်း မလျော့နည်းပေ။
သို့သော် သူ၏အပြောတွင်မူ ၎င်းက ကံကောင်းခြင်းသက်သက်သာ ဖြစ်ပုံရလေသည်။
"သူ... သူ သေသွားပြီလား" ဝူရှန်းက ရုတ်တရက် သူ၏လက်သီးများကို တင်းကျပ်စွာဆုပ်လိုက်၏။ အခြားသူများအဖို့ သူက ဘုန်းကြီးအိုကိုကံကောင်းထောက်မစွာသတ်ဖြတ်နိုင်ခဲ့ခြင်းအတွက် အံ့အားသင့်နေပုံရသော်လည်း ရှန်းယီ၏စကားများက ဘာကို ရည်ညွှန်းနေကြောင်းကို သူကိုယ်တိုင်သာသိရှိသည်။
သူ သတိမလစ်မီက ဗောဓိသတ္တရောက်ရှိနေပြီဖြစ်ပြီး ထိုအချိန်တွင်... ဘုန်းကြီးအိုမသေသေးသည်ကို သဇင်မမေ့ထားသင့်ပေ။
ဘာတွေဖြစ်ခဲ့သည်ကို ဖုံးကွယ်ထားခြင်းက ပြဿနာမဟုတ်ပေ။ မည်သို့ပင်ဆိုစေ တမင်သက်သက်ချန်ရစ်ထားခဲ့သော ဝံပုလွေနတ်ဆိုး၊ ဘုန်းကြီးအို သို့မဟုတ် တုတ်တစ်သောင်း မဟာအစီအရင်ကြီးက သူ့အတွက်မဟုတ်ဘဲ ရှန်းယီ တစ်ယောက်တည်းကိုသာ ရည်ရွယ်ထားခြင်း ဖြစ်သည်။
သူ ကြိုက်သလို ပြောနိုင်ပါသည်။
သို့သော် ဤကိစ္စကတော့ ကွာခြားသွား၏။
ဘုန်းကြီးအိုက အမည်မသိလူမိုက်တစ်ဦး မဟုတ်ဘဲ မဟာအာဟတ်တစ်ပါးပင်။ အကယ်၍ သူသာ မသေဆုံးခဲ့လျှင် တစ်ဖက်လူပြန်ပေါ်လာသည့် အခိုက်အတန့်တွင် ယနေ့ဖြစ်ရပ်များက ရှင်းပြ၍မရနိုင်လောက်အောင် ဖြစ်သွားပါလိမ့်မည်။
ထို့သို့ဆိုလျှင် တစ်ဖက်လူက လက်တစ်ထောင် ဗောဓိသတ္တ၏စောင့်ကြည့်မှုအောက်မှာပင် အစောင့်အရှောက်အာဟတ်ကို တကယ် သတ်နိုင်ခဲ့သည်လော။
"မင်းရဲ့အသက်က တကယ်ကို ပြင်းတာပဲ" အမည်ခံစစ်သူကြီးတစ်ဦးက ဝူရှန်းကို ကြည့်ကာ နှုတ်ခမ်းစုပ်သပ်လိုက်၏။
သေရေးရှင်ရေးတိုက်ပွဲတစ်ခုတွင် ဤကဲ့သို့သော နောက်ဆုံးတိုက်ခိုက်မှုမျိုးအောက် ဘုန်းကြီးအို အသက်ရှူနေသရွေ့ သူ၏လုပ်ဖော်ကိုင်ဖက်ကပြန်လာရန်တွေးတောနိုင်မည် မဟုတ်ပါ။
"အင်း... ကံကောင်းလို့ပါ၊ ကံကောင်းသွားတာပါ" ဝူရှန်းက အနေရခက်စွာဖြင့်လက်ကို ဝှေ့ယမ်းလိုက်သည်။ ကံကောင်းသည်ဆိုခြင်းမှာ အဓိပ္ပါယ်မရှိသောစကားသာဖြစ်ပြီး သူ၏အသက်ရှင်သန်မှုသည် စစ်သူကြီးနန်ယန်၏ကြီးမားလှသော လက်သီးအပေါ်လုံးဝ မူတည်နေ၏။
လူအနည်းငယ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကြပြီး တိတ်ဆိတ်စွာအချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။
နန်ယန်ပြောသည့်စကားမှာ ဖြစ်နိုင်ချေရှိပုံရသော်လည်း အသေအချာစစ်ဆေးကြည့်ပါက ယုတ္တိမတန်လှပေ။
ဗောဓိဂိုဏ်းက ထိုက်ယီအစစ်အမှန်မသေမျိုးတစ်ပါးကိုလုပ်ကြံရန်ပြင်ဆင်ထားခြင်းကဲ့သို့သော ကြီးလေးသည့်ကိစ္စရပ်မျိုးတွင် သူတို့ကအနည်းငယ် ဤကဲ့သို့သောအစီအရင်တစ်ခုကိုသာ ပြင်ဆင်ထားခဲ့သည်လော။
အကယ်၍ ဝူရှန်း၏ကံက အနည်းငယ် ပိုကောင်းပြီး ထိုအာဟတ်ကိုသတ်ဖြတ်နိုင်ခဲ့မည်ဆိုလျှင် နန်ယန်မရှိဘဲနှင့်ပင် စတုတ္ထအဆင့်ကျင့်ကြံသူတစ်ဦးအနေဖြင့် အသက်ချင်းလဲလှယ်သည့်သူတို့၏အစီအစဉ်က မည်သည့်အရာဖြစ်နေသနည်း။
သို့သော် ဆန့်ကျင်ဘက်အနေဖြင့် နန်ယန်က သူ၏အောင်မြင်မှုများကို ဖုံးကွယ်ထားရန် မည်သည့် အကြောင်းပြချက်ရှိသနည်း။ သူက ဧကရာဇ်ချီကို အလိုအပ်ဆုံးအဆင့်တွင်ရောက်ရှိနေသူ ဖြစ်သည်။
နားလည်ရခက်ပေ၏။
"အရင်ဆုံးကုသဖို့ကိုပဲ အာရုံစိုက်ပါ" ယန်လန်ထင်က ဝူရှန်းကိုခေါင်းညိတ်ပြလိုက်ပြီးနောက် အိမ်အပြင်သို့ လှမ်းထွက်သွားခဲ့သည်။
၎င်းကိုမြင်လိုက်ရသောအခါ ရန်မင်လီက သူ၏လက်ချောင်းများကို အနည်းငယ်ဆုပ်လိုက်ပြီး အပြင်သို့ မထွက်ခွာမီ ရှန်းယီနှင့် ဝူရှန်းကို နက်ရှိုင်းသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်၏။
ရှန်းယီ လူတိုင်း၏အနောက်မှ တိတ်ဆိတ်စွာ လိုက်ပါသွားပြီး အခန်းထဲမှထွက်လာခဲ့သည်။
ဤလူများက သူ့ကိုယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ သူ တကယ်ဂရုမစိုက်ပါ။ သူ လိုအပ်သည်မှာဖြစ်နိုင်ချေရှိသော အကြောင်းပြချက်တစ်ခုသာဖြစ်သည်။
လမ်းစဉ်သုံးသွယ်နှင့် အင်ပါယာခုံရုံး နှစ်ခုစလုံးတွင်ပါဝင်ပတ်သက်ပြီးနောက် လက်ရှိ ရှန်းယီက နတ်ဆိုးသုတ်သင်ရေးဌာနကိုသာ အားကိုးရသည့် သီးသန့်ကျင့်ကြံသူမဟုတ်တော့ပေ။
ရွေးချယ်စရာများပိုမိုများပြားလာသည်နှင့်အမျှ သူ၏ယုံကြည်မှုကလည်း ကြီးထွားလာခဲ့၏။
သို့သော် သူတို့အုပ်စုအစိုးရရုံးမှ မထွက်ခွာရသေးမီမှာပင် ကောင်းကင်ယံမှအလင်းတန်းတစ်ခု ကျဆင်းလာခဲ့သည်။
ဗောဓိဂိုဏ်း၏သမားရိုးကျမဟုတ်သော လုပ်ရပ်များက နတ်ဆိုးသုတ်သင်ရေးဌာန၏ဒေါသကို ရှင်းလင်းစွာနှိုးဆွပေးခဲ့ပြီး အင်ပါယာခုံရုံး၏ နယ်မြေအတွင်းကျန်ရှိနေသေးသော ဘုန်းကြီးများကိုစုံစမ်းစစ်ဆေးကာ ဖမ်းဆီးရန် ယုတ္တိတန်သော ခြေလှမ်းတစ်ခု ဖြစ်လာခဲ့၏။
သို့သော် ဤကိစ္စအတွက် တာဝန်ရှိသော အမည်ခံစစ်သူကြီးဆင်းသက်လာချိန်တွင် သူ၏အမူအရာမှာ အနည်းငယ် ကြမ်းတမ်းနေပါသည်။
"သခင်သုံးယောက်ကို အစီရင်ခံပါတယ်၊ အခုလေးတင် သတင်းရခဲ့ပါတယ်..."
"ပြောပါ" ရန်မင်လီက သူ၏ခေါင်းကိုညိတ်လိုက်၏။ မျောက်နတ်ဆိုး ဖြစ်ရပ်မှစ၍ မဟာတောင်ပိုင်းတိုက်ကြီး၏အခြေအနေ တစ်ခုလုံးသည် အဆက်မပြတ်ဆိုးရွားလာခဲ့သည်။
လမ်းစဉ်သုံးသွယ်က အပေါ်ယံ ယဉ်ကျေးမှုများကိုပင်ဆက်လက် မထိန်းသိမ်းတော့ဘဲ ပိုမိုရမ်းကားလာကြရာ ဤထက်ပိုကောင်းသော သတင်းများကို ရရှိရန်ခက်ခဲလိမ့်မည်ဟု သူ ခံစားခဲ့ရသည်။
"ကျွန်တော့် လက်အောက်ငယ်သားက ဆုတ်ခွာဖို့ ရည်ရွယ်နေတဲ့ ပဉ္စမအဆင့်အာဟတ်တစ်ပါးကို နတ်ဘုရားမင်းဆက်ရဲ့အစွန်အဖျားမှာ အခုလေးတင် ဖမ်းဆီးထိန်းသိမ်းထားပါတယ်"
"သူက ဗောဓိသတ္တရဲ့အသံကို တိုက်ဆိုင်စွာ ကြားလိုက်ရပါတယ်"
အမည်ခံစစ်သူကြီးက နှုတ်ခမ်းကိုတင်းကျပ်စွာ စေ့လိုက်ပြီး သက်ပြင်းချကာပြောလိုက်၏။ "အဲဒါက ကျားနဂါးဖိနှိပ်ခြင်း မဟာအလင်းဘုရင်ကို ကြေညာတဲ့ ဗောဓိသတ္တရဲ့အမိန့်တော်ဖြစ်ပြီး မိုးမြေကို တိုက်ရိုက်ကြေညာခဲ့တာပါ"
"ဆက်ပြောပါ" ဖုန်းရှီက နားလည်ရခက်စွာဖြင့် မျက်ခုံးပင့်လိုက်၏။ ဗောဓိဂိုဏ်းတွင် နောက်ထပ် အလင်းဘုရင်တစ်ပါး ရှိလာခြင်းက နတ်ဘုရားမင်းဆက်အတွက် မကောင်းသော်လည်း ဤကဲ့သို့သောအမူအရာမျိုးတော့ မဖြစ်ပေါ်စေသင့်ပေ။
"လွန်ခဲ့တဲ့အချိန်က မသေမျိုးသုံးပါးဂိုဏ်းက ထိုက်ရွှီဆေးဧကရာဇ်ကိုမှတ်မိကြသေးလား။ ပြီးတော့ ကျောက်စိမ်းရေကန်မသေမျိုးဂိုဏ်းက ထျန်းတုံး နတ်သမီးလည်း တောင်ပေါ်ကနေဆင်းလာခဲ့တယ်"
"ဒီချီသန့်စင်ခြင်းပါရမီရှင်တွေ တစ်ယောက်ပြီးတစ်ယောက်ပေါ်ထွက်လာတော့ ဗောဓိဂိုဏ်းလည်း ဂနာမငြိမ်ဖြစ်လာမှာပေါ့"
အမည်ခံစစ်သူကြီးက ခါးသီးသောအပြုံးတစ်ခုကို ထုတ်ဖော်ကာ သူ၏နှုတ်ခမ်းထောင့်ကို ဆွဲလိုက်၏။ "အဲဒီ အလင်းဘုရင်က ကပ်ဘေး သုံးထောင်ပါ"
ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏မျက်နှာတွင် သွေးဆုတ်သွားပြီး ရန်မင်လီ၏နားထင်ကြောပင် နှစ်ချက်ခန့်တုန်ခါသွားခဲ့၏။
တစ်ချိန်က ပြိုင်ဘက်ကင်းခဲ့သော ထျန်းဝူချင်းလွမ်တွင်ပင် ကပ်ဘေး နှစ်ထောင့်ခုနစ်ရာသာ ရှိခဲ့ကြောင်းသိထားကြသည်။ ကပ်ဘေး သုံးထောင်အပြည့်ဆိုသည်မှာ စတုတ္ထအဆင့်ကန့်သတ်ချက်သို့ ချဉ်းကပ်နေပြီဖြစ်လေ၏။
သေချာသည်မှာ သုံးထောင်ဖြစ်စေ ရှစ်ထောင်ဖြစ်စေ အစစ်အမှန်တတိယအဆင့်ကျင့်ကြံသူတစ်ဦးအတွက် ခြိမ်းခြောက်မှု မဖြစ်စေနိုင်ပါ။
သို့သော် ဤကဲ့သို့သော ဗုဒ္ဓ၏သားတော်အဆင့် ပါရမီရှင်တစ်ဦးကို လူသိရှင်ကြားထုတ်ဖော်ပြသလိုက်ခြင်းက မသေမျိုးသုံးပါးဂိုဏ်းကိုသာ အာရုံစိုက်မှုအားလုံးမရသွားစေရန် ရှင်းလင်းစွာ လုပ်ဆောင်ခြင်းဖြစ်သည်။
၎င်းက လမ်းစဉ်သုံးသွယ်က သူတို့၏ရုန်းကန်တိုက်ခိုက်မှုများကို စတင်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ညွှန်ပြနေပါသည်။
သူတို့ ဘာအတွက် ရုန်းကန်တိုက်ခိုက်နေသနည်း ဆိုသည်နှင့်ပတ်သက်၍ ရန်မင်လီ ကောင်းကင်ယံတွင် ပြန့်နှံ့နေသော လူသားဧကရာဇ်ချီဆီသို့ မျက်လုံးများကိုပင့်လိုက်ရာ အဖြေမှာ ရှင်းလင်းလွန်းလှသည်။
"စာရင်းထဲကို ဝင်လာပြီ" သူက ကောင်းကင်ယံကို စိုက်ကြည့်ရင်း ပြောလိုက်၏။
"အဲဒါက... ထိပ်ဆုံးငါးယောက်လား" အမည်ခံစစ်သူကြီးက တစ်ခဏမျှတုံ့ဆိုင်းသွားခဲ့သည်။
အမှန်တကယ်ပင် မဟာကပ်ဘေးကြီးတစ်ခု ပေါ်ပေါက်လာတော့မည်ဖြစ်ပြီး မသေမျိုးစာရင်း တည်ထောင်ကတည်းက ဤကဲ့သို့သော သိသာထင်ရှားသည့်အပြောင်းအလဲမျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။
"အဲဒီ ထိုက်ရွှီဆေးဧကရာဇ်နဲ့အတူ ပထမအဆင့်ပေါ့၊သတင်းအချက်အလက်ပိုရလာမှပဲ ငါတို့ထပ်ဆွေးနွေးကြတာပေါ့" ရန်မင်လီက ခေါင်းညိတ်လိုက်သည်။
"စာရင်းထဲဝင်တဲ့ကိစ္စကို ခင်ဗျား ပြောလာမှ" အမည်ခံစစ်သူကြီးကလည်း ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
"ထျန်းဝူချင်းလွမ်ဟာ တစ်ချိန်က မသေမျိုးခုံရုံးရဲ့စတုတ္ထအဆင့် စစ်သူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သူသေဆုံးပြီးနောက် အဲဒီနေရာမှာ အသစ်ခန့်အပ်မှုရှိလာပုံရတယ်။ ကောလာဟလတွေအရနေရာအသစ်ရတဲ့သူက ကမ္မကုသိုလ်မသေမျိုးနောက်ခံကနေလာပြီး နာမည်က ချန်ချင်း တဲ့... ဒီလူက သတ္တမအဆင့် မြင်းထိန်းရာထူးကနေ စတင်ခဲ့ပြီးနှစ်အနည်းငယ်အတွင်းမှာတင် ကြီးမြတ်တဲ့မသေမျိုးစစ်သူကြီးရာထူးကို ရောက်ရှိလာတာ၊ အရှိန်အဟုန်ကတုန်လှုပ်ချောက်ချားစရာ ကောင်းလောက်အောင် မြန်ဆန်လွန်းတယ်"